Unicode;
တိတ်ဆိတ်ငြိမ်သက်နေတဲ့မြို့...
မော်တော်ကားသံ ဆိုင်ကယ်သံတွေကျယ်လောင်တာမျိုးမရှိဘူး...
စျေးကြီးတဲ့ Taxi အနည်းငယ်.. အသံမထွက်တဲ့လျပ်စစ်ရထားငယ်တွေ တိတ်ဆိတ်တဲ့ အများသုံးယာဥ်တွေ.. စက်ဘီးတွေနဲ့ လမ်းတိုင်းနီးပါးမှာ ခြေလျင်လျောက်နေကြတဲ့ အေးချမ်းတဲ့လူတွေပဲရှိတယ်...
ဒီတိုက်ခန်းလေးထဲမှာနေထိုင်တဲ့အကို့ရဲ့ဘဝဟာ ဘယ်လောက်တောင်တိတ်ဆိတ်ပြီးအေးချမ်းသလဲ...
စာကြည့်စားပွဲတစ်ဝှိုက်က နံရံဟာစာအုပ်တွေအပြည့်အနှက်ဖြစ်ပြီး စားပွဲပေါ်မှာလည်း စာရွက်တွေအထပ်လိုက်...
ညီညာရှင်းလင်းနေတဲ့မီးဖိုချောင်သုံးပစ္စည်းတွေ... ပြန့်ပြူးနေတဲ့အကို့ရဲ့အိပ်ရာနဲ့ သပ်သပ်ရပ်ရပ်အစီအရီရှိနေတဲ့ အဝတ်ဗီရိုကအဝတ်တွေ...
ဖုန်းထဲကနေ သူ့ရဲ့အသက်ရှုသံကို နားထောင်နေနိုင်တဲ့အကို့ကို မြင်ယောင်မိတယ်...
"အရမ်းအထီးကျန်မှာပဲ..."
သူ ဒီလိုမနေနိုင်ဘူး...
ထမင်းစားစားပွဲပေါ်မှာ အကိုချက်ပေးခဲ့တဲ့အစားအသောက်တွေရှိတယ်... ပန်ကိတ်ရယ်... အာလူးရယ် ချိစ်ဆော့ရယ် အသီးဖျော်ရည်တစ်ခွက်ရယ်...
ဒီကအစားအသောက်တွေက အသားမကျပေမဲ့ အဆင်ပြေပါတယ်...
အစားစားပြီး သူ့မှာလုပ်စရာမရှိတော့ဘူး...
TV ဖွင့်ကြည့်တော့ လာသမျှလိုင်းဟာသူနားမလည်တဲ့ဘာသာစကားတွေနဲ့ ရုပ်သံလိုင်းတွေဖြစ်ပြီး Music player သုံးဖို့ရာကျတော့လည်း သူနားထောင်တက်တဲ့ သီချင်းအမျိုးအစားခွေတွေမရှိ... ဂိမ်းစက်ဆိုတာ ဝေလာဝေး..
အင်တာနက်လည်း သုံးချင်စိတ်မရှိတာမို့ အကို့စာအုပ်တွေကိုပဲမွှေရမလား....
နောက်ဆုံးတော့ အကို့အိပ်ခန်းထဲပဲရောက်သွားပြီးအဝတ်ဗီရိုဖွင့်လို့ အကို့အဝတ်တွေကိုတစ်ထည်ပြီးတစ်ထည်ထုတ်ကာ မွေးကြူတယ်...
အကို့ရဲ့အနံအသက်တွေ...
ပြန့်ပြူးနေတဲ့အိပ်ရာပေါ်တက်လို့ စောင်တွေအိပ်ရာခင်းတွေကို လုံးကြေနေအောင်လိမ့်လို့ တိုးဝှေ့ကစားတယ်...
ဒီနေရာက အကိုအမြဲရှိတဲ့အငွေ့အသက်တွေပေါ့...
သဘောကျလိုက်တာ...
စောင်လုံးကြားထဲက ပြန်ထွက်ကာ ကုတင်ဘေးကစာပွဲအံဆွဲကိုဖွင့်လို့ သူ့ဓာတ်ပုံတွေကို တတိယအကြိမ်ကြည့်ပြန်တယ်...
အိပ်ရာပေါ်လှဲလျောင်းရင်း တစ်ပုံချင်းရဲ့အချိန်ကာလတွေ အခိုက်အတန့်တွေကိုပြန်စဥ်းစားတယ်....
အကိုကအရမ်းဟန်ဆောင်ကောင်းတာပဲ...
ညကျမှ အတင်းဇွတ်မေးပြီးစနောက်ဖို့ သူစိတ်ကူးတယ်...
Album ကိုရင်ဘတ်မှာပွေ့ပိုက်လို့ ဖြူလွလွမျက်နှာကျက်ကိုကြည့်ရင်း သူမျက်လုံးတွေမှေးစင်းလာတယ်...
ပတ်ဝန်းကျင်တစ်ခုလုံးဖြူလွလို့ အဲ့ဒီအဖြူရောင်တွေကြားထဲကနေ အကိုက သူ့ဆီကိုပြေးလို့လာနေတယ်...
အကိုက အဖြူရောင်Suit ကိုဝတ်ထားပြီး ရင်ညွှန့်မှာနေကြာပန်းရင်ထိုးကို ထိုးထားတယ်...
သူ့လက်မှာလက်စွပ်တစ်ကွင်းရှိနေပြီး အကိုက အဲ့ဒီလက်စွပ်ကို အနမ်းပေးရင်း ကိုယ်တို့မခွဲတော့ဘူးလို့ပြောတယ်...
သူသိပ်ပျော်လိုက်တာလေ...
ကျွန်တော်လေ... အကို့ကို သိပ်ချစ်ရတာပဲ....
.
.
တစ်အိမ်လုံးတိတ်ဆိတ်နေလို့ပဲ...
"ရိပေါ်.."
လှုပ်ရှားမှုမရှိ... ပြန်ဖြေသံမကြားရ...
သူခေါင်းနပန်းကြီးသွားကာ လက်ကပစ္စည်းတွေကြုံရာချလို့ ရိပေါ်ကိုရှာရတယ်...
ဧည့်ခန်းထဲမရှိ... Video player စက်နားမှာတော့ သီချင်းCD ချပ်တွေပြန့်ကျဲနေတာတွေ့ရတယ်...
မီးဖိုခန်းကစားပွဲပေါ်မှာ မနက်က သူပြင်ဆင်ပေးခဲ့တဲ့အစားအသောက်တွေဟာ အကုန်ပြောင်စင်နေရဲ့...
အိပ်ခန်းတံခါးဖွင့်လိုက်တော့ တွေ့ပါပြီ...
ကုတင်ပေါ်မှာ ခြေလက်ဆန့်လို့အိပ်မောကျနေတဲ့ကောင်ကလေး...
ရိပေါ်ဘေးမှာသူ့အဝတ်အစားတွေရှုပ်ပွနေပြီး ကန်ချခံထားပုံရတဲ့စောင်ဟာ ကုတင်အောက်မှာပုံကျလျက် လက်တစ်ဖက်ကတော့ ဓာတ်ပုံAlbum လေးကို မလွတ်တမ်းပွေ့ဖက်ထားလေရဲ့...
ရိပေါ်ကိုမြင်မှ ပင်ပန်းလာသမျှပြေပျောက်သွားပြီး ပူပန်နေတဲ့စိတ်တွေအေးချမ်းသွားတော့တာရယ်...
ဘေးနားထိုင်လို့ ဆံစပြာပြာလေးတွေကိုပွတ်သပ်မိတော့ အိပ်ပျော်နေရင်းမှပင် ကြောင်ကလေးလိုသူ့လက်ဆီတိုးဝှေ့သေးတာ...
"အင်း... စားကောင်းတယ်.."
တိုးတိုးဖျဖျရေရွတ်ရင်း ပါးစပ်တစ်ပြင်ပြင်နဲ့ ပြုံးပါပြုံးလာသေးတာမို့ ဘယ်လိုအိပ်မက်ကောင်းလေးမက်နေလဲလို့ စိတ်ဝင်စားမိတယ်...
အိပ်မက်နတ်သားလေး Sandy က ဒီကလေးလေးကို အိပ်မက်လှလှလေးပေးနေတာဖြစ်မယ်...
သူ စောင်သေချာပြန်ခြုံပေးလိုက်ပြီး အပြင်ထွက်လာကာ ညစာချက်ပြုတ်ဖို့ပြင်ရတယ်...
ဒီနေ့တော့ ထမင်းပဲချက်ဖို့စိတ်ကူးတယ်...
ရိပေါ်က ဒေသအစားအသောက်တွေကြိုက်တာကြောင့် အခုလိုပြည်ပရောက်နေတဲ့အချိန်မှာ ခံတွင်းမတွေ့ပဲ အစားအသောက်ပျက်မှာစိတ်ပူရတယ်...
ထမင်းနဲ့ ဝက်သားကင်အချိုနှပ်ပြီး ကညွတ်ကြော်ပေးလိုက်မယ်.. ဟင်းချိုတစ်ခွက်ဆိုရင် လုံလောက်ပါပြီ...
သူ့အတွေးနဲ့သူ အလှုပ်ရှုပ်နေရင်း မနေ့ကလိုပဲ အနွေးဓာတ်ကလေးက သူ့ကျောဘက်ဆီလာထိကပ်လာရဲ့...
"အင်း... နိုးပြီလား.."
"ဘယ်အချိန်ကတည်းက ပြန်ရောက်နေတာလဲ.."
ပြောရင်းသူ့ပုခုံးဆီတိုးလာတဲ့ပါးကလေးက အိအိစက်စက်လေးနဲ့ ရဲရဲတွတ်တွတ်လေးဆိုတာ ဆိုတာမျက်လုံးထောင့်ကအမြင်နဲ့တင် သေချာနေပြီ...
ဒီကောင်လေးက ဒီလိုနောက်ကျောကဖက်တာကို သဘောကျသတဲ့လား...
"နည်းနည်းကြာပြီ.."
"နိုးလည်းမနိုးဘူး... တစ်နေကုန်စောင့်နေရတာကို..."
"မင်းအိပ်ရေးမဝမှာစိုးလို့ပါ.."
"အိပ်ရလွန်းလို့ မျက်နှာတွေဖောင်းနေပြီ.."
မျက်နှာဖောင်းဖောင်းလေးကိုမြင်ယောင်မိတော့ အတွေးနဲ့တင် သူပြုံးမိနေပါပြီ...
"ဖောင်းတော့ ချစ်စရာလေးပေါ့.."
"ဘာကိုချစ်စရာ..."
"ဝမ်ရိပေါ်လေ.."
အဲ့ဒီအခါ ဟမ့်ဆိုကာတုန့်ပြန်လို့ ဖက်ထားတာကိုလွတ်ပြီး Kitchen ကောင်တာကိုမှီကာ သူ့ကိုစိုက်ကြည့်နေတော့တာ...
"ဘာဖြစ်တာလဲ.."
တကယ့်ကို ပါးကလေးလုံးပြီး မျက်အိမ်ကဖောင်းမို့နေတာရယ်... အဟုတ် လုံးတုံးတုံးလေးဖြစ်နေတာ...
ဆံပင်ရှည်သာမဟုတ်ရင် ဘယ်လောက်တောင် ကလေးလေးလိုဖြစ်နေလိမ့်မလဲ...
"ကျွန်တော်ကလေးမဟုတ်တော့ဘူး... M A N မန်းဆိုတဲ့ လူကြီးဖြစ်နေပြီ"
ဝက်သားကို ပဲငံပြာရည်စိမ်ရင်း ရိပေါ်ကို တစ်ချက်ပင့်ကြည့်တယ်..
"အဲ့ဒီတော့ ကျွန်တော့ကို ချစ်စရာလေးလို့ ခဏခဏမပြောပါနဲ့လား.."
"တကယ်ချစ်စရာကောင်းနေတာကို ဘယ်လိုလုပ်ရမှာ"
"မသိဘူး"
ပြောရင်းဘောက်ဆတ်ဘောက်ဆတ်နဲ့ ဆိုဖာမှာသွားထိုင်နေတဲ့ပုံစံက တကယ်ချစ်စရာလေးပါဆိုနေ...
ကလေးဆန်ဆန်အပြုအမူလေးတွေနဲ့ ကလေးငယ်က သူ့ကိုကလေးလိုဆက်ဆံတာမကြိုက်ဘူးတဲ့...
ဘယ်လိုလေးလဲ...
.
.
"ဒါက ဘယ်တုန်းကလဲ.."
"ဒါက မင်း.. အထက်တန်းစတက်ပြီး ကိုယ်စာလာပြတဲ့ ဒုတိယအကြိမ်..."
စာကြည့်စားပွဲရှေ့ အထိုင်လိုက်အိပ်ငိုက်နေတဲ့ ဝမ်ရိပေါ်ပုံက ရှောင်းကျန့်ရင်ကိုလှုပ်ခတ်သွားစေခဲ့တဲ့ အခိုက်အတန့်တွေထဲကတစ်ခုပေါ့...
"ဒါကရော.."
"ဒါက... မင်းမားမားနဲ့စိတ်ဆိုးပြီး အိမ်ရှေ့မှာ စိတ်ကောက်နေတာလေ..."
ဝမ်ရိပေါ်က ရှောင်းကျန့်ရင်ကိုကျောမှီလို့ ဆိုဖာမှာအတူထိုင်ရင် Album ကြည့်နေကြတာဖြစ်တယ်...
ညစာစားပြီးကတည်းက ဒီ Album နဲ့ပတ်သတ်ပြီး ရစ်နေတာရယ်ကြောင့် သူပြန်ရှင်းပြနေရတာရယ်..
"ဒါက... အကို့အိမ်မှာမလား.."
"အင်း.. ကိုယ့်အိမ်လာလည်ပြီး စတော်ဘယ်ရီတွေအကုန်စားသွားတဲ့ကောင်လေးပေါ့.."
"ဘာလဲ... အဲ့တာ အားရီကျွေးတာပါ"
စတော်ဘယ်ရီကို အရည်တစ်ရွှမ်းရွှမ်းနဲ့ သဘောတကျစားနေတဲ့ပုံစံလေးက ရှောင်းကျန့်အမြဲသတိရမိတဲ့ အခိုက်အတန့်လေး...
"ဒီအချိန်တုန်းက ကျွန်တော်အသက် ၁၃ ပဲရှိသေးတာ..."
ရိပေါ်အလယ်တန်း... သူတို့စဆုံပြီးလပိုင်းအကြာမှာပထမဆုံးရိုက်ဖြစ်တဲ့ပုံလေးပေါ့...
ကျောင်းမုန့်ဆိုင်မှာ အတင်းတိုးပြီးမုန့်ဝယ်နေတဲ့ ဆံပင်တိုတိတိနဲ့ လုံးတုံးတုံးကလေးလေး...
"အင်း... အဲ့တာ ကိုယ်ဓာတ်ပုံကလပ်ဝင်စဆိုတော့ မြင်သမျှရိုက်ခဲ့တာလေ... အဲ့တုန်းကရိုက်ခဲ့တဲ့ပုံတွေထဲမှာ ဒီပုံက အသက်အဝင်ဆုံးပဲ..."
အဲ့ဒီအချိန်ကစလို့ သူ့မျက်လုံးထဲမှာ ရိပေါ်ဟာထူးခြားတဲ့ကလေးတစ်ယောက်အဖြစ်တည်ရှိခဲ့ပြီး ရိပေါ်ပုံတွေရိုက်ရတာကို သူစတင်နှစ်သက်ခဲ့တာ...
ရိပေါ်က သူ့ဘက်လှည့်လာပြီး ပြုံးစစနဲ့ကြည့်တယ်...
"ဒီအတိုင်းဆို အကိုက ကျွန်တော့ကို အရင်စကြိုက်တာမလား.."
"အင်း..."
ရှောင်းကျန့်က မျက်လုံးကိုတောင်လည်မြောက်လည်နဲ့ အင်တင်တင်လုပ်တယ်...
"အဲ့တာကိုပဲ... ကျွန်တော်ကပဲ တစ်ဖက်သတ်ဖြစ်သလိုနဲ့ ငြင်းလည်းငြင်းခံရပြီး ငိုလည်းငိုရတယ်.. ရှက်လည်းရှက်ခဲ့ရတယ်... ကျွန်တော်ပဲမှားယွင်းနေသလိုနဲ့ ပူလောင်နေခဲ့ရပြီး... တစ်ယောက်တည်း ရအောင်မုန်းဖို့ကြိုးစားပြီး ခံစားခဲ့ရတာ..."
ရှောင်းကျန့်ရင်ထဲအပြစ်မကင်းစိတ်ကတိုးဝင်လာပြန်ကာ ရိပေါ်ကိုခပ်တင်းတင်းပွေ့ဖက်လို့ လည်ဂုတ်ထက်မျက်နှာအပ်ရင်း သက်ပြင်းချမိတယ်...
"ကိုယ့်အတွက်အကြီးမားဆုံးနောင်တပါပဲ... "
"..."
"မင်းအတွက် ကိုယ်က မထိုက်တန်ပါဘူး... မင်းက မင်းသားလေးဖြစ်ပြီး ကိုယ်က သာမန်ဖြစ်တည်မှုတစ်ခု.... အဲ့တုန်းက ကိုယ် မင်းကိုမျော်မှန်းဖို့အထိ သတ္တိမရှိခဲ့ဘူး... ကိုယ့်ကိုရွေးချယ်မိလို့ မင်းနောင်တရသွားမှာကို ကိုယ်သိပ်ကြောက်ခဲ့တာ.."
ရိပေါ်က သူ့ဘက်ကိုပြန်လှည့်လာကာ သူ့ပါးကိုတစ်ချက်နမ်းတယ်...
"အခုတော့ အားလုံးပြီးသွားပါပြီ... ကျွန်တော်လေ... အကိုနဲ့ပတ်သတ်ပြီးဘယ်တုန်းကမှနောင်တမရဖူးဘူး... အဲ့ဒီလိုရှိလာမှာလည်းမဟုတ်ဘူး... လောကမှာကျွန်တော့အတွက်အထိုက်တန်ဆုံးက အကိုကလွဲပြီးမရှိဘူး... "
ရှောင်းကျန့်က မျက်ရည်သိပ်လွယ်တဲ့သူထင်ပါရဲ့...
ရိပေါ်နဲ့ပတ်သတ်သမျှတိုင်း သူ့မှာမျက်ရည်နဲ့ဖြတ်သန်းရတဲ့အထိ ဒီကောင်လေးကို သူ အလေးအနက်မြတ်နိုးရပါတယ်...
"ကျေးဇူးတင်ပါတယ်... ကိုယ့်ကို ဒီလိုနားလည်ပေးလို့..."
"ဘာလို့ ဒီလိုတွေပြောနေတာလဲ.."
"သတ္တိမရှိတဲ့ ကိုယ်က မင်းကိုလုံးဝလက်မလွတ်နိုင်ဘူးလေ... မင်းကကိုယ့်ကိုယုံကြည်ပြီး လက်တွဲပြီး ဒီအထိလိုက်လာပေးလို့ ကိုယ်အရမ်းကျေးဇူးတင်တယ်..."
"အကိုကကွာ..."
ဒီမျက်ဝန်းကြည်ကြည်တွေက မျက်ရည်ကြည်တွေပြိုဆင်းပြန်ပြီ... မျက်ရည်စတွေကို သုတ်ပေးရင်း ပါးပြင်ကိုပွတ်သပ်လိုနှစ်သိမ့်တော့ အကိုက အငိုမျက်လုံးနဲ့ ပြုံးလို့သူ့လက်တွေကို တစ်ရှုံ့ရှုံ့အနမ်းပေးတယ်...
အိပ်မက်ထဲကလို....
မဟုတ်ဘူး.... အိပ်မက်ထဲကထက်တောင် ကြည်နူးရပါသောအခိုက်အတန့်လေး....
.
.
သောကြာနေ့....
အချိန်တိကျတဲ့ ဆွစ်ဇာလန်ရထားတွေကတစ်စက္ကန့်တောင် နောက်ကျလို့မရဘူးရယ်...
ညကအိပ်တာနောက်ကျလို့ အိပ်ရာထနောက်ကျတဲ့ရှောင်းကျန့်က ရှားရှားပါးပါးအကျင့်ဖောက်ကာ အလုပ်ကို အလောပြေးဖို့ပြင်ရတယ်...
ရိပေါ်ဟာလည်းအငြိမ်မနေရ... ဒီနေ့တော့မနက်စာမပြင်ပေးနိုင်တဲ့ရှောင်းကျန့်ကို သူကပဲ နွားနို့နဲ့ကွတ်ကီးဖျော်ပြီးအတင်းတိုက်ရတယ်။
"သွားတော့မယ်ရိပေါ်... ကိုယ်ဘာမှမလုပ်ပေးခဲ့ရဘူး... ဖြစ်တာသေချာလား..."
"ရတယ်... စိတ်အေးအေးသွား.."
"တစ်ခုခုဆို ဖုန်းဆက်နော်..."
"စောစောပြန်လာနော်..."
လောနေတဲ့ရှောင်းကျန့်ဟာ သူ့ပါးကိုတစ်ချက်နမ်းဖို့တော့မမေ့....
ဒီလိုနဲ့အကျင့်ပါတော့မှာပဲ...
ဒီကနေ သူပြန်သွားတဲ့အခါ ဘယ်လိုလုပ်ရပ....
ရှောင်းကျန့်ထွက်သွားပြီး တစ်ဖန်တိတ်ဆိတ်သွားပြန်တဲ့တိုက်ခန်းလေးက သူ့ကိုလှောင်ပြောင်နေသလိုလို...
ဒီနေ့တော့ အိပ်နေလို့မဖြစ်တော့...
အကိုက အလုပ်သွားပြီး သူ့ကိုချက်ပြုတ်ကျွေးတာလည်းလုပ်ပေးတယ်..
ဒါမဖြစ်သင့်ဘူးလို့ယူဆတယ်...
ဒီမနက်တော့ သူ့ဘာသာချက်စားမယ်...
နည်းနည်းပါးပါးလှန်လှောရှာကြည့်လိုက်တော့ ချက်ပြုတ်စရာလေးတွေများများစားစားရှိနေပါတယ်...
အသင့်စားခေါက်ဆွဲထုတ်ကလေးတွေလည်းတွေ့တယ်... ရတယ် မနက်စာကတော့ ဒါနဲ့ဖြေရှင်းလို့ရတယ်...
ရေချိုး.. မနက်စာစားပြီးနောက် အကို့ laptop ဖွင့်ကာ ဆိုင်ကယ်ပြိုင်ပွဲတစ်ခုကိုကြည့်တယ်...
အကိုဝယ်ပေးထားတဲ့မုန်တွေထိုင်စားရင်း Soul ဆိုတဲ့ကာတွန်းကားလေးကြည့်ရင်းနဲ့ အိပ်ငိုက်လာပြန်တယ်...
သူဖျတ်ကနဲလန့်နိုးလာချိန်မှာ laptop က အားကုန်သွားကာ Shutdowm ဖြစ်နေပြီ...
နေရောင်က အနောက်ဘက်ကိုလွန်လို့ စောင်းတောင်စောင်းလုပြီ...
ညနေအထိအိပ်ပျော်သွားပြန်တာပဲ...
ဒီမှာသာတစ်ယောက်တည်းကြာကြာနေရရင် စားလိုက်အိပ်လိုက်နဲ့ သူအဝလွန်လာတော့မှာ...
မတ်တပ်ရပ်ပြီးဗိုက်ကိုစမ်းကြည့်တော့ နည်းနည်းတောင်ပူလာသလိုပဲ...
ညနေစာချက်ရမယ်...
ဒါမှ အကိုမောမောနဲ့ပြန်လာရင် ဘာမှလုပ်စရာမလိုတော့ပဲ စိတ်ချမ်းသာမှာ...
သူချက်ကျွေးတဲ့ညစာကို အကိုအားပါးတရစားတာကိုမြင်ယောင်ရင်းကြည်နူးလို့လာတယ်...
အကိုနဲ့ညစာတူတူစားပြီးရင်ရော ဘာလုပ်ရင်ကောင်းမလဲ...
အတွေးနဲ့တင်ပျော်မြူးလို့ သူလုပ်ငန်းစဖို့ပြင်တယ်...
ဘာရှိလဲ...
Sausage၊ ကြက်ဥရယ်၊ သခွားသီး နဲ့ ပန်းသီး..
ဒီအတိုင်းကြော်ရုံပဲကို... သခွားသီးကို salad လုပ်လိုက်မယ်..
လွယ်ပါတယ်...
.
.
ရှောင်းကျန့်ပြန်ရောက်လာချိန်မှာ တစ်အိမ်လုံးညော်နံ့တွေဟောင်လို့နေတယ်...
တစ်ခါထပ်ပြီးလက်ထဲကပစ္စည်းတွေကြုံရာချလို့ ပြာရပြန်တယ်...
ရှာတော့မရှာလိုက်ရ...
မီးဖိုချောင်ထဲမှာ ငူငူငိုင်ငိုင်ရပ်နေတဲ့ကောင်လေးကို တွေ့လိုက်ရတာမို့...
"ဘာဖြစ်တာလဲ... ရိပေါ်.."
ရိပေါ်ရပ်နေတဲ့ဘေးမှာ ကြက်ဥတွေကကွဲကြေလို့ပြန့်ကျဲနေတယ်... စားပွဲပေါ်ကပန်းကန်ထဲမှာတော့ မဲတူးနေတဲ့ကြက်ဥကြော်လေး....
Kitchen ကောင်တာမှာ ကြေမွရှုပ်ပွနေတဲ့သခွားသီးတွေလည်းရှိတယ်...
လဲကျနေတဲ့ ငံပြာရည်ဗူးရောပဲ...
အဲ.... Sausage တွေက ရေထဲမှာ...
"ရိပေါ်...."
"တောင်းပန်ပါတယ်... အကိုပြန်လာရင် အလုပ်ရှုပ်မှာစိုးလို့ ကျွန်တော်ညစာချက်ပေးချင်ပေမဲ့ အကုန်ရှုပ်ကုန်ပြီ..."
ရိပေါ်ကိုကြည့်လိုက်တော့ ပေပွနေကာ မျက်နှာမှာလဲအဆီတွေပြန်နေတာပဲ...
"ဒါက ဘာဖြစ်တာလဲ.."
အလန့်တကြားလက်ကိုဆွဲယူကြည့်တော့ လက်ဖြူဖြူဥဥလေးက နီနီရဲရဲ ဆီပူရာတွေနဲ့ရယ်...
"ပူသွားလို့နောက်ဆုတ်လိုက်ပေမဲ့ ကြက်ဥကတူးသွားတယ်... ကျန်တာတွေက တိုက်မိပြီး ကျကွဲကုန်တယ်... တောင်းပန်ပါတယ်.."
"အဲ့တာက အရေးကြီးလို့လား..!"
"...."
မျက်ခုံးတွေတွန့်ချိုးသွားကာ ကောင်လေးမျက်နှာကိုကြည့်မိတော့ မျက်နှာငယ်လေးနဲ့..
"လာခဲ့.."
ဆီပူရာက လက်နှစ်ဖက်လုံးမှာရယ်...
ဒီလက်ဖြူဖြူလေးက အခုတော့ အနီရဲရဲအစက်အပျောက်တွေနဲ့...
ဘယ်လောက်တောင်ပူစပ်နေမလဲ...
ဆေးကိုအသာအယာထည့်ပေးပြီး အနာမဆွမိအောင် ပတ်တီးပါးပါးလေးပတ်ပေးလိုက်တော့ ရိပေါ်လက်နှစ်ဖက်ဟာ ပတ်တီးဖြူဖြူလေးအလှဆင်လို့...
"မင်းဘာမှလုပ်စရာမလိုဘူး... ကိုယ်အားလုံးလုပ်နိုင်တယ်..."
"တောင်းပန်ပါတယ်... ကျွန်တော်က ကူညီချင်ရုံ..."
"ငြိမ်ငြိမ်လေးနေတာက ကိုယ့်ကိုကူညီတာပဲ.."
"ကျွန်တော် အရမ်းပျင်းနေလို့... "
မျက်နှာငယ်လေးနဲ့ရိပေါ်က ခေါင်းလေးကလဲငုံ့ထားသေးတယ်...
"အကိုကလဲမရှိဘူး... ဒီနေရာမှာ ဘယ်မှလည်းမသွားတက်ဘူး... စကားပြောလည်းနားမှမလည်တာကို တစ်နေကုန်ထိုင်ပဲထိုင်နေရမှာလား"
ဒီလိုကြားရတော့လည်း စိတ်မကောင်း...
ရှောင်းကျန့်က ရိပေါ်လက်ကို ခပ်ဖွဖွကိုင်လို့ ပွတ်သပ်တယ်..
"မင်းဒီလိုရှုပ်ဖွထားလို့ ကိုယ် စိတ်ဆိုးနေတယ်ထင်လို့လား..."
"...."
"ဒီမှာမင်းထိခိုက်သွားတယ်လေ... ဒါကိုစိတ်ဆိုးတာ... ဒီလိုထိခိုက်သွားတာတောင် ဒီအတိုင်းရပ်နေပြီး ကြက်ဥကွဲကုန်တာကိုပိုစိတ်ပူနေတယ်... ထိခိုက်သွားရင် ဆေးထလိမ်းရမှာမဟုတ်ဘူးလား..."
"ကျွန်တော်က အကိုပြန်လာရင် ပျော်သွားစေချင်တာ..."
ရှောင်းကျန့်က သက်ပြင်းချလိုက်ရင်း...
"မင်းဘာမှမထိခိုက်ပဲရှိနေတာကိုမြင်ရတာက ကိုယ့်ရဲ့ပျော်ရွှင်မှုပဲ..."
"..."
ရိပေါ်က သူ့ကို ငိုတော့မဲ့မျက်လုံးတွေနဲ့ကြည့်လို့လာရဲ့...
"ဟုတ်ပြီလား..."
"ဟုတ်.."
"ဘာမှမဖြစ်ဘူး... ကိုယ်သန့်ရှင်းလိုက်မယ်... မင်းက ဒီအတိုင်းကိုယ့်ကိုပဲကြည့်နေပေး..."
"အွန်း.."
"လိမ္မာတယ်.."
ရိပေါ်ကိုချော့လို့ သူ့မှာ သန့်ရှင်းရေးစလုပ်ရတယ်..
တကယ့်ကို မနိုင်စိန်လေးပါပဲ...
အခုကျတော့လည်း တုတ်တုတ်ကိုမလှုပ်ပဲထိုင်နေလိုက်တာ...
တကယ့်ကလေးလေး...
-------------------------------
Zawgyi;
တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ၿမိဳ႕...
ေမာ္ေတာ္ကားသံ ဆိုင္ကယ္သံေတြက်ယ္ေလာင္တာမ်ိဳးမရွိဘူး...
ေစ်းႀကီးတဲ့ Taxi အနည္းငယ္.. အသံမထြက္တဲ့လ်ပ္စစ္ရထားငယ္ေတြ တိတ္ဆိတ္တဲ့ အမ်ားသုံးယာဥ္ေတြ.. စက္ဘီးေတြနဲ႕ လမ္းတိုင္းနီးပါးမွာ ေျခလ်င္ေလ်ာက္ေနၾကတဲ့ ေအးခ်မ္းတဲ့လူေတြပဲရွိတယ္...
ဒီတိုက္ခန္းေလးထဲမွာေနထိုင္တဲ့အကို႔ရဲ႕ဘဝဟာ ဘယ္ေလာက္ေတာင္တိတ္ဆိတ္ၿပီးေအးခ်မ္းသလဲ...
စာၾကည့္စားပြဲတစ္ဝွိုက္က နံရံဟာစာအုပ္ေတြအျပည့္အႏွက္ျဖစ္ၿပီး စားပြဲေပၚမွာလည္း စာ႐ြက္ေတြအထပ္လိုက္...
ညီညာရွင္းလင္းေနတဲ့မီးဖိုေခ်ာင္သုံးပစၥည္းေတြ... ျပန့္ျပဴးေနတဲ့အကို႔ရဲ႕အိပ္ရာနဲ႕ သပ္သပ္ရပ္ရပ္အစီအရီရွိေနတဲ့ အဝတ္ဗီရိုကအဝတ္ေတြ...
ဖုန္းထဲကေန သူ႕ရဲ႕အသက္ရႈသံကို နားေထာင္ေနနိုင္တဲ့အကို႔ကို ျမင္ေယာင္မိတယ္...
"အရမ္းအထီးက်န္မွာပဲ..."
သူ ဒီလိုမေနနိုင္ဘူး...
ထမင္းစားစားပြဲေပၚမွာ အကိုခ်က္ေပးခဲ့တဲ့အစားအေသာက္ေတြရွိတယ္... ပန္ကိတ္ရယ္... အာလူးရယ္ ခ်ိစ္ေဆာ့ရယ္ အသီးေဖ်ာ္ရည္တစ္ခြက္ရယ္...
ဒီကအစားအေသာက္ေတြက အသားမက်ေပမဲ့ အဆင္ေျပပါတယ္...
အစားစားၿပီး သူ႕မွာလုပ္စရာမရွိေတာ့ဘူး...
TV ဖြင့္ၾကည့္ေတာ့ လာသမွ်လိုင္းဟာသူနားမလည္တဲ့ဘာသာစကားေတြနဲ႕ ႐ုပ္သံလိုင္းေတြျဖစ္ၿပီး Music player သုံးဖို႔ရာက်ေတာ့လည္း သူနားေထာင္တက္တဲ့ သီခ်င္းအမ်ိဳးအစားေခြေတြမရွိ... ဂိမ္းစက္ဆိုတာ ေဝလာေဝး..
အင္တာနက္လည္း သုံးခ်င္စိတ္မရွိတာမို႔ အကို႔စာအုပ္ေတြကိုပဲေမႊရမလား....
ေနာက္ဆုံးေတာ့ အကို႔အိပ္ခန္းထဲပဲေရာက္သြားၿပီးအဝတ္ဗီရိုဖြင့္လို႔ အကို႔အဝတ္ေတြကိုတစ္ထည္ၿပီးတစ္ထည္ထုတ္ကာ ေမြးၾကဴတယ္...
အကို႔ရဲ႕အနံအသက္ေတြ...
ျပန့္ျပဴးေနတဲ့အိပ္ရာေပၚတက္လို႔ ေစာင္ေတြအိပ္ရာခင္းေတြကို လုံးေၾကေနေအာင္လိမ့္လို႔ တိုးေဝွ႕ကစားတယ္...
ဒီေနရာက အကိုအၿမဲရွိတဲ့အေငြ႕အသက္ေတြေပါ့...
သေဘာက်လိဳက္တာ...
ေစာင္လုံးၾကားထဲက ျပန္ထြက္ကာ ကုတင္ေဘးကစာပြဲအံဆြဲကိုဖြင့္လို႔ သူ႕ဓာတ္ပုံေတြကို တတိယအႀကိမ္ၾကည့္ျပန္တယ္...
အိပ္ရာေပၚလွဲေလ်ာင္းရင္း တစ္ပုံခ်င္းရဲ႕အခ်ိန္ကာလေတြ အခိုက္အတန့္ေတြကိုျပန္စဥ္းစားတယ္....
အကိုကအရမ္းဟန္ေဆာင္ေကာင္းတာပဲ...
ညက်မွ အတင္းဇြတ္ေမးၿပီးစေနာက္ဖို႔ သူစိတ္ကူးတယ္...
Album ကိုရင္ဘတ္မွာေပြ႕ပိုက္လို႔ ျဖဴလြလြမ်က္ႏွာက်က္ကိုၾကည့္ရင္း သူမ်က္လုံးေတြေမွးစင္းလာတယ္...
ပတ္ဝန္းက်င္တစ္ခုလုံးျဖဴလြလို႔ အဲ့ဒီအျဖဴေရာင္ေတြၾကားထဲကေန အကိုက သူ႕ဆီကိုေျပးလို႔လာေနတယ္...
အကိုက အျဖဴေရာင္Suit ကိုဝတ္ထားၿပီး ရင္ၫႊန့္မွာေနၾကာပန္းရင္ထိုးကို ထိုးထားတယ္...
သူ႕လက္မွာလက္စြပ္တစ္ကြင္းရွိေနၿပီး အကိုက အဲ့ဒီလက္စြပ္ကို အနမ္းေပးရင္း ကိုယ္တို႔မခြဲေတာ့ဘူးလို႔ေျပာတယ္...
သူသိပ္ေပ်ာ္လိုက္တာေလ...
ကြၽန္ေတာ္ေလ... အကို႔ကို သိပ္ခ်စ္ရတာပဲ....
.
.
တစ္အိမ္လုံးတိတ္ဆိတ္ေနလို႔ပဲ...
"ရိေပၚ.."
လႈပ္ရွားမႈမရွိ... ျပန္ေျဖသံမၾကားရ...
သူေခါင္းနပန္းႀကီးသြားကာ လက္ကပစၥည္းေတြႀကဳံရာခ်လိဳ႕ ရိေပၚကိုရွာရတယ္...
ဧည့္ခန္းထဲမရွိ... Video player စက္နားမွာေတာ့ သီခ်င္းCD ခ်ပ္ေတြျပန့္က်ဲေနတာေတြ႕ရတယ္...
မီးဖိုခန္းကစားပြဲေပၚမွာ မနက္က သူျပင္ဆင္ေပးခဲ့တဲ့အစားအေသာက္ေတြဟာ အကုန္ေျပာင္စင္ေနရဲ႕...
အိပ္ခန္းတံခါးဖြင့္လိုက္ေတာ့ ေတြ႕ပါၿပီ...
ကုတင္ေပၚမွာ ေျခလက္ဆန့္လို႔အိပ္ေမာက်ေနတဲ့ေကာင္ကေလး...
ရိေပၚေဘးမွာသူ႕အဝတ္အစားေတြရႈပ္ပြေနၿပီး ကန္ခ်ခံထားပုံရတဲ့ေစာင္ဟာ ကုတင္ေအာက္မွာပုံက်လ်က္ လက္တစ္ဖက္ကေတာ့ ဓာတ္ပုံAlbum ေလးကို မလြတ္တမ္းေပြ႕ဖက္ထားေလရဲ႕...
ရိေပၚကိုျမင္မွ ပင္ပန္းလာသမွ်ေျပေပ်ာက္သြားၿပီး ပူပန္ေနတဲ့စိတ္ေတြေအးခ်မ္းသြားေတာ့တာရယ္...
ေဘးနားထိုင္လို႔ ဆံစျပာျပာေလးေတြကိုပြတ္သပ္မိေတာ့ အိပ္ေပ်ာ္ေနရင္းမွပင္ ေၾကာင္ကေလးလိုသူ႕လက္ဆီတိုးေဝွ႕ေသးတာ...
"အင္း... စားေကာင္းတယ္.."
တိုးတိုးဖ်ဖ်ေရ႐ြတ္ရင္း ပါးစပ္တစ္ျပင္ျပင္နဲ႕ ၿပဳံးပါၿပဳံးလာေသးတာမို႔ ဘယ္လိုအိပ္မက္ေကာင္းေလးမက္ေနလဲလို႔ စိတ္ဝင္စားမိတယ္...
အိပ္မက္နတ္သားေလး Sandy က ဒီကေလးေလးကို အိပ္မက္လွလွေလးေပးေနတာျဖစ္မယ္...
သူ ေစာင္ေသခ်ာျပန္ၿခဳံေပးလိုက္ၿပီး အျပင္ထြက္လာကာ ညစာခ်က္ျပဳတ္ဖို႔ျပင္ရတယ္...
ဒီေန႕ေတာ့ ထမင္းပဲခ်က္ဖို႔စိတ္ကူးတယ္...
ရိေပၚက ေဒသအစားအေသာက္ေတြႀကိဳက္တာေၾကာင့္ အခုလိုျပည္ပေရာက္ေနတဲ့အခ်ိန္မွာ ခံတြင္းမေတြ႕ပဲ အစားအေသာက္ပ်က္မွာစိတ္ပူရတယ္...
ထမင္းနဲ႕ ဝက္သားကင္အခ်ိဳႏွပ္ၿပီး ကၫြတ္ေၾကာ္ေပးလိုက္မယ္.. ဟင္းခ်ိဳတစ္ခြက္ဆိုရင္ လုံေလာက္ပါၿပီ...
သူ႕အေတြးနဲ႕သူ အလႈပ္ရႈပ္ေနရင္း မေန႕ကလိုပဲ အေႏြးဓာတ္ကေလးက သူ႕ေက်ာဘက္ဆီလာထိကပ္လာရဲ႕...
"အင္း... နိုးၿပီလား.."
"ဘယ္အခ်ိန္ကတည္းက ျပန္ေရာက္ေနတာလဲ.."
ေျပာရင္းသူ႕ပုခုံးဆီတိုးလာတဲ့ပါးကေလးက အိအိစက္စက္ေလးနဲ႕ ရဲရဲတြတ္တြတ္ေလးဆိုတာ ဆိုတာမ်က္လုံးေထာင့္ကအျမင္နဲ႕တင္ ေသခ်ာေနၿပီ...
ဒီေကာင္ေလးက ဒီလိုေနာက္ေက်ာကဖက္တာကို သေဘာက်သတဲ့လား...
"နည္းနည္းၾကာၿပီ.."
"နိုးလည္းမနိုးဘူး... တစ္ေနကုန္ေစာင့္ေနရတာကို..."
"မင္းအိပ္ေရးမဝမွာစိုးလို႔ပါ.."
"အိပ္ရလြန္းလို႔ မ်က္ႏွာေတြေဖာင္းေနၿပီ.."
မ်က္ႏွာေဖာင္းေဖာင္းေလးကိုျမင္ေယာင္မိေတာ့ အေတြးနဲ႕တင္ သူၿပဳံးမိေနပါၿပီ...
"ေဖာင္းေတာ့ ခ်စ္စရာေလးေပါ့.."
"ဘာကိုခ်စ္စရာ..."
"ဝမ္ရိေပၚေလ.."
အဲ့ဒီအခါ ဟမ့္ဆိုကာတုန့္ျပန္လို႔ ဖက္ထားတာကိုလြတ္ၿပီး Kitchen ေကာင္တာကိုမွီကာ သူ႕ကိုစိုက္ၾကည့္ေနေတာ့တာ...
"ဘာျဖစ္တာလဲ.."
တကယ့္ကို ပါးကေလးလုံးၿပီး မ်က္အိမ္ကေဖာင္းမို႔ေနတာရယ္... အဟုတ္ လုံးတုံးတုံးေလးျဖစ္ေနတာ...
ဆံပင္ရွည္သာမဟုတ္ရင္ ဘယ္ေလာက္ေတာင္ ကေလးေလးလိုျဖစ္ေနလိမ့္မလဲ...
"ကြၽန္ေတာ္ကေလးမဟုတ္ေတာ့ဘူး... M A N မန္းဆိုတဲ့ လူႀကီးျဖစ္ေနၿပီ"
ဝက္သားကို ပဲငံျပာရည္စိမ္ရင္း ရိေပၚကို တစ္ခ်က္ပင့္ၾကည့္တယ္..
"အဲ့ဒီေတာ့ ကြၽန္ေတာ့ကို ခ်စ္စရာေလးလို႔ ခဏခဏမေျပာပါနဲ႕လား.."
"တကယ္ခ်စ္စရာေကာင္းေနတာကို ဘယ္လိုလုပ္ရမွာ"
"မသိဘူး"
ေျပာရင္းေဘာက္ဆတ္ေဘာက္ဆတ္နဲ႕ ဆိုဖာမွာသြားထိုင္ေနတဲ့ပုံစံက တကယ္ခ်စ္စရာေလးပါဆိုေန...
ကေလးဆန္ဆန္အျပဳအမူေလးေတြနဲ႕ ကေလးငယ္က သူ႕ကိုကေလးလိုဆက္ဆံတာမႀကိဳက္ဘူးတဲ့...
ဘယ္လိုေလးလဲ...
.
.
"ဒါက ဘယ္တုန္းကလဲ.."
"ဒါက မင္း.. အထက္တန္းစတက္ၿပီး ကိုယ္စာလာျပတဲ့ ဒုတိယအႀကိမ္..."
စာၾကည့္စားပြဲေရွ႕ အထိုင္လိုက္အိပ္ငိုက္ေနတဲ့ ဝမ္ရိေပၚပုံက ေရွာင္းက်န့္ရင္ကိုလႈပ္ခတ္သြားေစခဲ့တဲ့ အခိုက္အတန့္ေတြထဲကတစ္ခုေပါ့...
"ဒါကေရာ.."
"ဒါက... မင္းမားမားနဲ႕စိတ္ဆိုးၿပီး အိမ္ေရွ႕မွာ စိတ္ေကာက္ေနတာေလ..."
ဝမ္ရိေပၚက ေရွာင္းက်န့္ရင္ကိုေက်ာမွီလို႔ ဆိုဖာမွာအတူထိုင္ရင္ Album ၾကည့္ေနၾကတာျဖစ္တယ္...
ညစာစားၿပီးကတည္းက ဒီ Album နဲ႕ပတ္သတ္ၿပီး ရစ္ေနတာရယ္ေၾကာင့္ သူျပန္ရွင္းျပေနရတာရယ္..
"ဒါက... အကို႔အိမ္မွာမလား.."
"အင္း.. ကိုယ့္အိမ္လာလည္ၿပီး စေတာ္ဘယ္ရီေတြအကုန္စားသြားတဲ့ေကာင္ေလးေပါ့.."
"ဘာလဲ... အဲ့တာ အားရီေကြၽးတာပါ"
စေတာ္ဘယ္ရီကို အရည္တစ္႐ႊမ္း႐ႊမ္းနဲ႕ သေဘာတက်စားေနတဲ့ပုံစံေလးက ေရွာင္းက်န့္အၿမဲသတိရမိတဲ့ အခိုက္အတန့္ေလး...
"ဒီအခ်ိန္တုန္းက ကြၽန္ေတာ္အသက္ ၁၃ ပဲရွိေသးတာ..."
ရိေပၚအလယ္တန္း... သူတို႔စဆုံၿပီးလပိုင္းအၾကာမွာပထမဆုံးရိုက္ျဖစ္တဲ့ပုံေလးေပါ့...
ေက်ာင္းမုန့္ဆိုင္မွာ အတင္းတိုးၿပီးမုန့္ဝယ္ေနတဲ့ ဆံပင္တိုတိတိနဲ႕ လုံးတုံးတုံးကေလးေလး...
"အင္း... အဲ့တာ ကိုယ္ဓာတ္ပုံကလပ္ဝင္စဆိုေတာ့ ျမင္သမွ်ရိုက္ခဲ့တာေလ... အဲ့တုန္းကရိုက္ခဲ့တဲ့ပုံေတြထဲမွာ ဒီပုံက အသက္အဝင္ဆုံးပဲ..."
အဲ့ဒီအခ်ိန္ကစလို႔ သူ႕မ်က္လုံးထဲမွာ ရိေပၚဟာထူးျခားတဲ့ကေလးတစ္ေယာက္အျဖစ္တည္ရွိခဲ့ၿပီး ရိေပၚပုံေတြရိုက္ရတာကို သူစတင္ႏွစ္သက္ခဲ့တာ...
ရိေပၚက သူ႕ဘက္လွည့္လာၿပီး ၿပဳံးစစနဲ႕ၾကည့္တယ္...
"ဒီအတိုင္းဆို အကိုက ကြၽန္ေတာ့ကို အရင္စႀကိဳက္တာမလား.."
"အင္း..."
ေရွာင္းက်န့္က မ်က္လုံးကိုေတာင္လည္ေျမာက္လည္နဲ႕ အင္တင္တင္လုပ္တယ္...
"အဲ့တာကိုပဲ... ကြၽန္ေတာ္ကပဲ တစ္ဖက္သတ္ျဖစ္သလိုနဲ႕ ျငင္းလည္းျငင္းခံရၿပီး ငိုလည္းငိုရတယ္.. ရွက္လည္းရွက္ခဲ့ရတယ္... ကြၽန္ေတာ္ပဲမွားယြင္းေနသလိုနဲ႕ ပူေလာင္ေနခဲ့ရၿပီး... တစ္ေယာက္တည္း ရေအာင္မုန္းဖို႔ႀကိဳးစားၿပီး ခံစားခဲ့ရတာ..."
ေရွာင္းက်န့္ရင္ထဲအျပစ္မကင္းစိတ္ကတိုးဝင္လာျပန္ကာ ရိေပၚကိုခပ္တင္းတင္းေပြ႕ဖက္လို႔ လည္ဂုတ္ထက္မ်က္ႏွာအပ္ရင္း သက္ျပင္းခ်မိတယ္...
"ကိုယ့္အတြက္အႀကီးမားဆုံးေနာင္တပါပဲ... "
"..."
"မင္းအတြက္ ကိုယ္က မထိုက္တန္ပါဘူး... မင္းက မင္းသားေလးျဖစ္ၿပီး ကိုယ္က သာမန္ျဖစ္တည္မႈတစ္ခု.... အဲ့တုန္းက ကိုယ္ မင္းကိုေမ်ာ္မွန္းဖို႔အထိ သတၱိမရွိခဲ့ဘူး... ကိုယ့္ကိုေ႐ြးခ်ယ္မိလို႔ မင္းေနာင္တရသြားမွာကို ကိုယ္သိပ္ေၾကာက္ခဲ့တာ.."
ရိေပၚက သူ႕ဘက္ကိုျပန္လွည့္လာကာ သူ႕ပါးကိုတစ္ခ်က္နမ္းတယ္...
"အခုေတာ့ အားလုံးၿပီးသြားပါၿပီ... ကြၽန္ေတာ္ေလ... အကိုနဲ႕ပတ္သတ္ၿပီးဘယ္တုန္းကမွေနာင္တမရဖူးဘူး... အဲ့ဒီလိုရွိလာမွာလည္းမဟုတ္ဘူး... ေလာကမွာကြၽန္ေတာ့အတြက္အထိုက္တန္ဆုံးက အကိုကလြဲၿပီးမရွိဘူး... "
ေရွာင္းက်န့္က မ်က္ရည္သိပ္လြယ္တဲ့သူထင္ပါရဲ႕...
ရိေပၚနဲ႕ပတ္သတ္သမွ်တိုင္း သူ႕မွာမ်က္ရည္နဲ႕ျဖတ္သန္းရတဲ့အထိ ဒီေကာင္ေလးကို သူ အေလးအနက္ျမတ္နိုးရပါတယ္...
"ေက်းဇူးတင္ပါတယ္... ကိုယ့္ကို ဒီလိုနားလည္ေပးလို႔..."
"ဘာလို႔ ဒီလိုေတြေျပာေနတာလဲ.."
"သတၱိမရွိတဲ့ ကိုယ္က မင္းကိုလုံးဝလက္မလြတ္နိုင္ဘူးေလ... မင္းကကိုယ့္ကိုယုံၾကည္ၿပီး လက္တြဲၿပီး ဒီအထိလိုက္လာေပးလို႔ ကိုယ္အရမ္းေက်းဇူးတင္တယ္..."
"အကိုကကြာ..."
ဒီမ်က္ဝန္းၾကည္ၾကည္ေတြက မ်က္ရည္ၾကည္ေတြၿပိဳဆင္းျပန္ၿပီ... မ်က္ရည္စေတြကို သုတ္ေပးရင္း ပါးျပင္ကိုပြတ္သပ္လိုႏွစ္သိမ့္ေတာ့ အကိုက အငိုမ်က္လုံးနဲ႕ ၿပဳံးလို႔သူ႕လက္ေတြကို တစ္ရႈံ႕ရႈံ႕အနမ္းေပးတယ္...
အိပ္မက္ထဲကလို....
မဟုတ္ဘူး.... အိပ္မက္ထဲကထက္ေတာင္ ၾကည္ႏူးရပါေသာအခိုက္အတန့္ေလး....
.
.
ေသာၾကာေန႕....
အခ်ိန္တိက်တဲ့ ဆြစ္ဇာလန္ရထားေတြကတစ္စကၠန့္ေတာင္ ေနာက္က်လိဳ႕မရဘူးရယ္...
ညကအိပ္တာေနာက္က်လိဳ႕ အိပ္ရာထေနာက္က်တဲ့ေရွာင္းက်န့္က ရွားရွားပါးပါးအက်င့္ေဖာက္ကာ အလုပ္ကို အေလာေျပးဖို႔ျပင္ရတယ္...
ရိေပၚဟာလည္းအၿငိမ္မေနရ... ဒီေန႕ေတာ့မနက္စာမျပင္ေပးနိုင္တဲ့ေရွာင္းက်န့္ကို သူကပဲ ႏြားနို႔နဲ႕ကြတ္ကီးေဖ်ာ္ၿပီးအတင္းတိုက္ရတယ္။
"သြားေတာ့မယ္ရိေပၚ... ကိုယ္ဘာမွမလုပ္ေပးခဲ့ရဘူး... ျဖစ္တာေသခ်ာလား..."
"ရတယ္... စိတ္ေအးေအးသြား.."
"တစ္ခုခုဆို ဖုန္းဆက္ေနာ္..."
"ေစာေစာျပန္လာေနာ္..."
ေလာေနတဲ့ေရွာင္းက်န့္ဟာ သူ႕ပါးကိုတစ္ခ်က္နမ္းဖို႔ေတာ့မေမ့....
ဒီလိုနဲ႕အက်င့္ပါေတာ့မွာပဲ...
ဒီကေန သူျပန္သြားတဲ့အခါ ဘယ္လိုလုပ္ရပ....
ေရွာင္းက်န့္ထြက္သြားၿပီး တစ္ဖန္တိတ္ဆိတ္သြားျပန္တဲ့တိုက္ခန္းေလးက သူ႕ကိုေလွာင္ေျပာင္ေနသလိုလို...
ဒီေန႕ေတာ့ အိပ္ေနလို႔မျဖစ္ေတာ့...
အကိုက အလုပ္သြားၿပီး သူ႕ကိုခ်က္ျပဳတ္ေကြၽးတာလည္းလုပ္ေပးတယ္..
ဒါမျဖစ္သင့္ဘူးလို႔ယူဆတယ္...
ဒီမနက္ေတာ့ သူ႕ဘာသာခ်က္စားမယ္...
နည္းနည္းပါးပါးလွန္ေလွာရွာၾကည့္လိုက္ေတာ့ ခ်က္ျပဳတ္စရာေလးေတြမ်ားမ်ားစားစားရွိေနပါတယ္...
အသင့္စားေခါက္ဆြဲထုတ္ကေလးေတြလည္းေတြ႕တယ္... ရတယ္ မနက္စာကေတာ့ ဒါနဲ႕ေျဖရွင္းလို႔ရတယ္...
ေရခ်ိဳး.. မနက္စာစားၿပီးေနာက္ အကို႔ laptop ဖြင့္ကာ ဆိုင္ကယ္ၿပိဳင္ပြဲတစ္ခုကိုၾကည့္တယ္...
အကိုဝယ္ေပးထားတဲ့မုန္ေတြထိုင္စားရင္း Soul ဆိုတဲ့ကာတြန္းကားေလးၾကည့္ရင္းနဲ႕ အိပ္ငိုက္လာျပန္တယ္...
သူဖ်တ္ကနဲလန့္နိုးလာခ်ိန္မွာ laptop က အားကုန္သြားကာ Shutdowm ျဖစ္ေနၿပီ...
ေနေရာင္က အေနာက္ဘက္ကိုလြန္လို႔ ေစာင္းေတာင္ေစာင္းလုၿပီ...
ညေနအထိအိပ္ေပ်ာ္သြားျပန္တာပဲ...
ဒီမွာသာတစ္ေယာက္တည္းၾကာၾကာေနရရင္ စားလိုက္အိပ္လိုက္နဲ႕ သူအဝလြန္လာေတာ့မွာ...
မတ္တပ္ရပ္ၿပီးဗိုက္ကိုစမ္းၾကည့္ေတာ့ နည္းနည္းေတာင္ပူလာသလိုပဲ...
ညေနစာခ်က္ရမယ္...
ဒါမွ အကိုေမာေမာနဲ႕ျပန္လာရင္ ဘာမွလုပ္စရာမလိုေတာ့ပဲ စိတ္ခ်မ္းသာမွာ...
သူခ်က္ေကြၽးတဲ့ညစာကို အကိုအားပါးတရစားတာကိုျမင္ေယာင္ရင္းၾကည္ႏူးလို႔လာတယ္...
အကိုနဲ႕ညစာတူတူစားၿပီးရင္ေရာ ဘာလုပ္ရင္ေကာင္းမလဲ...
အေတြးနဲ႕တင္ေပ်ာ္ျမဴးလို႔ သူလုပ္ငန္းစဖို႔ျပင္တယ္...
ဘာရွိလဲ...
Sausage၊ ၾကက္ဥရယ္၊ သခြားသီး နဲ႕ ပန္းသီး..
ဒီအတိုင္းေၾကာ္႐ုံပဲကို... သခြားသီးကို salad လုပ္လိုက္မယ္..
လြယ္ပါတယ္...
.
.
ေရွာင္းက်န့္ျပန္ေရာက္လာခ်ိန္မွာ တစ္အိမ္လုံးေညာ္နံ႕ေတြေဟာင္လို႔ေနတယ္...
တစ္ခါထပ္ၿပီးလက္ထဲကပစၥည္းေတြႀကဳံရာခ်လိဳ႕ ျပာရျပန္တယ္...
ရွာေတာ့မရွာလိုက္ရ...
မီးဖိုေခ်ာင္ထဲမွာ ငူငူငိုင္ငိုင္ရပ္ေနတဲ့ေကာင္ေလးကို ေတြ႕လိုက္ရတာမို႔...
"ဘာျဖစ္တာလဲ... ရိေပၚ.."
ရိေပၚရပ္ေနတဲ့ေဘးမွာ ၾကက္ဥေတြကကြဲေၾကလို႔ျပန့္က်ဲေနတယ္... စားပြဲေပၚကပန္းကန္ထဲမွာေတာ့ မဲတူးေနတဲ့ၾကက္ဥေၾကာ္ေလး....
Kitchen ေကာင္တာမွာ ေၾကမြရႈပ္ပြေနတဲ့သခြားသီးေတြလည္းရွိတယ္...
လဲက်ေနတဲ့ ငံျပာရည္ဗူးေရာပဲ...
အဲ.... Sausage ေတြက ေရထဲမွာ...
"ရိေပၚ...."
"ေတာင္းပန္ပါတယ္... အကိုျပန္လာရင္ အလုပ္ရႈပ္မွာစိုးလို႔ ကြၽန္ေတာ္ညစာခ်က္ေပးခ်င္ေပမဲ့ အကုန္ရႈပ္ကုန္ၿပီ..."
ရိေပၚကိုၾကည့္လိုက္ေတာ့ ေပပြေနကာ မ်က္ႏွာမွာလဲအဆီေတြျပန္ေနတာပဲ...
"ဒါက ဘာျဖစ္တာလဲ.."
အလန့္တၾကားလက္ကိုဆြဲယူၾကည့္ေတာ့ လက္ျဖဴျဖဴဥဥေလးက နီနီရဲရဲ ဆီပူရာေတြနဲ႕ရယ္...
"ပူသြားလို႔ေနာက္ဆုတ္လိုက္ေပမဲ့ ၾကက္ဥကတူးသြားတယ္... က်န္တာေတြက တိုက္မိၿပီး က်ကြဲကုန္တယ္... ေတာင္းပန္ပါတယ္.."
"အဲ့တာက အေရးႀကီးလို႔လား..!"
"...."
မ်က္ခုံးေတြတြန့္ခ်ိဳးသြားကာ ေကာင္ေလးမ်က္ႏွာကိုၾကည့္မိေတာ့ မ်က္ႏွာငယ္ေလးနဲ႕..
"လာခဲ့.."
ဆီပူရာက လက္ႏွစ္ဖက္လုံးမွာရယ္...
ဒီလက္ျဖဴျဖဴေလးက အခုေတာ့ အနီရဲရဲအစက္အေပ်ာက္ေတြနဲ႕...
ဘယ္ေလာက္ေတာင္ပူစပ္ေနမလဲ...
ေဆးကိုအသာအယာထည့္ေပးၿပီး အနာမဆြမိေအာင္ ပတ္တီးပါးပါးေလးပတ္ေပးလိုက္ေတာ့ ရိေပၚလက္ႏွစ္ဖက္ဟာ ပတ္တီးျဖဴျဖဴေလးအလွဆင္လို႔...
"မင္းဘာမွလုပ္စရာမလိုဘူး... ကိုယ္အားလုံးလုပ္နိုင္တယ္..."
"ေတာင္းပန္ပါတယ္... ကြၽန္ေတာ္က ကူညီခ်င္႐ုံ..."
"ၿငိမ္ၿငိမ္ေလးေနတာက ကိုယ့္ကိုကူညီတာပဲ.."
"ကြၽန္ေတာ္ အရမ္းပ်င္းေနလို႔... "
မ်က္ႏွာငယ္ေလးနဲ႕ရိေပၚက ေခါင္းေလးကလဲငုံ႕ထားေသးတယ္...
"အကိုကလဲမရွိဘူး... ဒီေနရာမွာ ဘယ္မွလည္းမသြားတက္ဘူး... စကားေျပာလည္းနားမွမလည္တာကို တစ္ေနကုန္ထိုင္ပဲထိုင္ေနရမွာလား"
ဒီလိုၾကားရေတာ့လည္း စိတ္မေကာင္း...
ေရွာင္းက်န့္က ရိေပၚလက္ကို ခပ္ဖြဖြကိုင္လို႔ ပြတ္သပ္တယ္..
"မင္းဒီလိုရႈပ္ဖြထားလို႔ ကိုယ္ စိတ္ဆိုးေနတယ္ထင္လို႔လား..."
"...."
"ဒီမွာမင္းထိခိုက္သြားတယ္ေလ... ဒါကိုစိတ္ဆိုးတာ... ဒီလိုထိခိုက္သြားတာေတာင္ ဒီအတိုင္းရပ္ေနၿပီး ၾကက္ဥကြဲကုန္တာကိုပိုစိတ္ပူေနတယ္... ထိခိုက္သြားရင္ ေဆးထလိမ္းရမွာမဟုတ္ဘူးလား..."
"ကြၽန္ေတာ္က အကိုျပန္လာရင္ ေပ်ာ္သြားေစခ်င္တာ..."
ေရွာင္းက်န့္က သက္ျပင္းခ်လိဳက္ရင္း...
"မင္းဘာမွမထိခိုက္ပဲရွိေနတာကိုျမင္ရတာက ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈပဲ..."
"..."
ရိေပၚက သူ႕ကို ငိုေတာ့မဲ့မ်က္လုံးေတြနဲ႕ၾကည့္လို႔လာရဲ႕...
"ဟုတ္ၿပီလား..."
"ဟုတ္.."
"ဘာမွမျဖစ္ဘူး... ကိုယ္သန့္ရွင္းလိုက္မယ္... မင္းက ဒီအတိုင္းကိုယ့္ကိုပဲၾကည့္ေနေပး..."
"အြန္း.."
"လိမၼာတယ္.."
ရိေပၚကိုေခ်ာ့လို႔ သူ႕မွာ သန့္ရွင္းေရးစလုပ္ရတယ္..
တကယ့္ကို မနိုင္စိန္ေလးပါပဲ...
အခုက်ေတာ့လည္း တုတ္တုတ္ကိုမလႈပ္ပဲထိုင္ေနလိုက္တာ...
တကယ့္ကေလးေလး...
-------------------------------