(၅၂) အကွာအဝေး (ပထမပိုင်း)
May 7, 2023 by Jinnie Grace
Burmese Translation of “After Marrying The Male God”.
---------------
ငါ့မှာမိသားစုရှိတယ်။
---------------
ချီပိုင်ချာလှမ်းကြည့်လိုက်တော့ ဖြူဖျော့ဖျော့အသားအရည်၊ နှာတံမြင့်မြင့်၊ နီစွေးစွေး နှုတ်ခမ်းနှင့်မျက်လုံးများနှင့် အလွန်ကြည့်လို့ကောင်းသော အမျိုးသားတစ်ယောက်လာနေတာကို တွေ့လိုက်ရ၏။
သေချာပေါက်ကြည့်လို့ကောင်းမှာပေါ့။ ရုပ်ဆိုးတဲ့ နတ်သူငယ်တွေ၊ သွေးစုပ်ဖုတ်ကောင်တွေဆိုတာမှမရှိတာ။
ဒီလူက သွေးစုပ်ဖုတ်ကောင်ဆိုတာ ပြောစရတာတောင်မလို။
သူ့ကံကလည်းကောင်းတာလား ဆိုးတာလားကိုမသိ။ ကောင်းတာကတော့ သူမေးစရာလူတစ်ယောက် ရောက်လာချေပြီ။ မကောင်းသည်ကတော့ ထိုသူမှာ နတ်သူငယ်လည်းမဟုတ်သလို နတ်သူငယ်များ၏အဖော်ဖြစ်သူ လူပုလေးလဲမဟုတ်ဘဲ ရန်သူတော် vampireကြီးဖြစ်လို့နေသည်။
သို့သော်ပြဿနာအများကြီးတော့မရှိ။ နတ်သူငယ်တွေက သွေးစုပ်ကောင်များ၏
အစာများဖြစ်သော်လည်း သူတစ်ခုတည်းရှိတာတော့မဟုတ်။ နတ်ဘုရားလေးပါးပျောက်ကွယ်မသွားသေးခင် နတ်သူငယ်တို့၏ နတ်ဘုရားအရှင်က ထိုမျိုးနွယ်စုနှစ်ခု မဆုံစေရန် စည်းတစ်ခုချထားခဲ့သည်။ သွေးစုပ်ကောင်တို့၏အရှင်ကလည်း နတ်သူငယ်တို့၏သွေးကိုမသောက်သုံးရန် အမိန့်တစ်ခုချခဲ့၏။
ထိုကာကွယ်ခြင်းနှစ်ခုဖြင့် မျိုးနွယ်စုနှစ်ခုမှာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာဖြင့် အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ နတ်ဘုရားများပျောက်ကွယ်သွားချိန်မှာတော့ အဆိုပါ အရံအတားများလည်း တစ်ဖြည်းဖြည်း အားလျော့လာပြီး သွေးစုပ်ကောင်များကလည်း ပိုအတင့်ရဲလာကြသည်။
တကယ်တော့ သူတို့က သွေးစုပ်ဖုတ်ကောင်အရှင်သခင်ကြီးကိုတော့ လေးစားကြသည်။ နတ်သူငယ်များ၏သွေးက အရသာရှိကြောင်း သူတို့သိရှိသွားကြသည့်အခါတွင်တော့ သူတို့ကို အမဲလိုက်တာ သတ်ဖြတ်တာမျိုးတွေ မလုပ်ရဲတော့ပေ။ ထိုအစား နတ်သူငယ်အနည်းငယ်ကို ဖမ်းကာ ရဲတိုက်သို့ခေါ်သွားပြီး သွေးကို လိုသည့်အချိန်တွင် ရယူနိုင်ဖို့သာ လုပ်ကြတော့သည်။ ဒယ်နီရယ်လို စောက်ရူးကောင်မျိုးကသာ နတ်သူငယ်တွေကို အကြိမ်တိုင်းသွေးခန်းတဲ့အထိ စုပ်ခြင်းဖြစ်သည်။
ထို့ကြောင့် ပုံမှန်အားဖြင့်တော့ နတ်သူငယ်တစ်ယောက်က သွေးစုပ်ကောင်တစ်ယောက်နှင့်တွေ့လျှင် အသက်အန္တရာယ်က သိပ်မစိုးရိမ်ရပေ။
ထို့အပြင်ချီပိုင်ချာက သာမန်နတ်သူငယ်မဟုတ်ပေ။ သူ့သွေးကိုစုပ်လျှင် သူကပြန်လည်တိုက်ခိုက်မည်။ သူက သူ့ကို ယဉ်ကျေးစွာမမေးလျှင် သူကလည်း ကြမ်းတမ်းစွာပြန်တုံ့ပြန်ရလိမ့်မည်။
ဖူမင်ယယ်က ချီပိုင်ချာ အနားကနေဖြတ်သွားသည်။
သူက အေးအေးဆေးဆေး သာသာယာယာ ဖြတ်သွားခြင်းဖြစ်သည်။
မသိလျှင် ပယ်ရီကိုသတ်တာ သူမဟုတ်သလိုလို။ သူသာ လူသတ်သမားမဟုတ်လျှင် သူအသက်ရှင်နေတာကိုမြင်ရတာ အတော်လေးအံ့သြပေလိမ့်မည်။
ချီပိုင်ချာ ယုတ္တိကျကျတွေးလိုက်သည်။
အကယ်၍ သူသာ ရန်လိုတတ်သောသွေးစုပ်ကောင်မဟုတ်ပါက သူနှင့်စကားပြောလို့ ရနိုင်လောက်သည်။ တကယ်တော့လည်း နှင်းနတ်ဘုရားက အကြမ်းဖက်မှုကိုမနှစ်သက်၊ ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးသူမို့
အကြမ်းနည်းသုံးပြီး ပြဿနာရှင်းရတာကိုလည်းမကြိုက်ပေ။
ကျောက်တုံးပေါ်တွင်ထိုင်နေသော သိမ်မွေ့နူးညံ့သည့် လှပသောနှင်းနတ်သူငယ်လေးကနေရာမှထလာကာ ယဉ်ကျေးစွာမေးလိုက်၏။ “ကျွန်တော် ဒီတောထဲမှာလမ်းပျောက်နေလို့ ကျွန်တော့်ကို ခေါ်သွားပေးလို့ ရမလား?”
ဖူမင်ယယ်အနောက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်သည်။
သူလည်းလမ်းပျောက်နေတာလား?
ဒါဆို အသုံးမဝင်ဘူးပေါ့။
ထို့ကြောင့် ချီပိုင်ချာခမျာ သူ့ထံသို့တည့်တည့်လာနေသည့်သူက ဘာမှမကြားခဲ့သလို လမ်းကြောင်းပြောင်းသွားတာကို သူ ကြည့်နေရတော့သည်။
သူလုံးဝကို လျစ်လျူရှုခံလိုက်ရပြီ။
ချီပိုင်ချာ: “…..”
သူ ချက်ချင်းထလိုက်သွား၏။
တစ်ခြားတစ်ယောက်နောက်ကို လိုက်ရသည်က ဦးတည်ချက်မရှိလျှောက်သွားနေရတာထက်တော့ သာသည် မဟုတ်ပါလား။
နောက်ထပ်ဖြတ်သွားဖြတ်လာတစ်ယောက်ကို စောင့်ဖို့ ချီပိုင်ချာတွင် အချိန်မရှိတော့ပေ။ သူ့ကိုစိတ်အပူရစေဆုံးက ကမ္ဘာနှစ်ခု၏ မတူညီသော အချိန်စီးကြောင်းဖြစ်ကာ
ဘယ်လိုအချိုးကျလဲဆိုတာကိုလည်းသူမသိ။ ဥပမာ သူဒီကမ္ဘာပေါ်တွင် တစ်မိနစ်နေခြင်းက သူ့ကမ္ဘာတွင် အချိန်တစ်နှစ်နှင့်ညီမျှနေပါက သူပြန်ရောက်သည့်အခါ ဖူမင်ယယ်၏ဇာပနကိုတောင် မမှီဘဲ ဖြစ်သွားလိမ့်မည်။
သူပြန်ချင်သည်ဆိုပါက ဒီကမ္ဘာ၏ အက်ကြောင်းကို ရှာရလိမ့်မည်။ သို့သော်ဒီကမ္ဘာက အတော်လေးကြီးသည်မို့ အပြောထက်အလုပ်ခက်သည်။ ဒီကမ္ဘာ၏မြေပုံတောင်သူ့ဆီမရှိပေ။ သူ့နောက်တွင်နတ်သူငယ်လိုက်လာသည်ကို ဖူမင်ယယ်သိသွားတော့ သူ ခြေလှမ်းအနည်းငယ်ကို နောက်ဆုတ်လိုက်သည်။
နောက်ကလိုက်ခံရတာကို မကြိုက်တာမို့ သူနောက်လှည့်ပြီးအေးစက်စွာပြောလိုက်၏။ “ငါ့နောက်က မလိုက်နဲ့”
နှင်းနတ်သူငယ်ကပြောသည်။ “ကျွန်တော်တို့က သွားမယ့်နေရာတူတယ်လေ”
သွေးစုပ်ကောင်က ငေါ့၏။ “မင်းက လမ်းပျောက်နေတဲ့ နတ်သူငယ်လေ။ ဘယ်လိုလုပ် လမ်းတူမှာလဲ။” …ခင်ဗျားမှာ ကိုယ်ချင်းစာစိတ်လေးများ မရှိဘူးလား?”
“မင်းရဲ့သွေးကို မသောက်တာက သွေးစုပ်ကောင်တစ်ကောင်ရဲ့ အကြီးမားဆုံးစာနာစိတ်ပဲ” နှင်းနတ်သူငယ်က နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ့မျက်လုံးတွေက ကြည်စင်တောက်ပနေ၏။
သွေးစုပ်ကောင်က ခပ်ကြမ်းကြမ်းပြောလိုက်သည်။ “မင်းက မင်းအမေဆီပြန်ဖို့ လမ်းရှာမတွေ့လို့ငိုတော့မလို့လား”
ဒီနတ်သူငယ်လေးကိုခြောက်တာက အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မည်။ ချာချာကလွဲပြီးတခြားမည်သို့သော သတ္တဝါမျိုးနှင့်မှ သူရှိမနေချင်။
ဆိုးယုတ်ခြင်းနတ်ဘုရားတွင် ဘယ်လိုကြင်နာမှုမျိုးမှမရှိ။
“ကျွန်တော်အိမ်ပြန်ချင်ပေမယ့် အိမ်ပြန်လို့ရတဲ့လမ်းကိုမသိဘူး။” နတ်သူငယ်က ဝမ်းနည်းစွာဆိုသည်။ “ကျွန်တော့်ယောကျာ်းက ကျွန်တော့်ကိုစောင့်နေမှာ။ ကျွန်တော်ပြန်မသွားနိုင်လို့ ကျွန်တော့်ကို သူရှာမတွေ့ရင် သူသေချာပေါက် စိတ်ပူနေမှာ။”
နတ်သူငယ်က လက်တောင်ထပ်ပြီးပြီတဲ့လား?
“အော်” သွေးစုပ်ကောင်တွင် အကြင်နာတရားမရှိပေ။ “အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ?”
နတ်သူငယ်က သူ့ကို မျက်မှောင်လေးကျုံ့ကာ မော့ကြည့်၏။ သူ့မျက်ဝန်းတွင်စိုးရိမ်မှုတို့က အထင်းသား။
ထိုအကြည့်က ဖူမင်ယယ်ကို heartထိသွားစေသည်။
သူတကယ်စိတ်ပူနေတာပဲ။
ချာချာကို သူမရှာနိုင်လျှင် ဖူမင်ယယ်လည်းစိတ်ပူလို့သေလိမ့်မည်။
ချာချာလည်း သူ့လိုဖြစ်နေမှာလား? သူလာခေါ်မှာကိုစောင့်နေပြီး အိမ်ပြန်ချင်နေမလား။ I နှလုံးသားချင်းနားလည်ပြီးနောက်တွင် တစ်ဖက်လူ၏စိတ်ကိုဖူမင်ယယ်အနည်းငယ်စာနာသွားသည်။
သူအနည်းငယ် လျှော့လိုက်၏။ “ငါ့နောက်ကနေ သုံးမီတာ အကွာကလိုက်ခဲ့။ ဒီနည်းဖြင့် နတ်သူငယ်လေးကို သူ့နောက်မှ လိုက်စေလိုက်တော့သည်။
သုံးမီတာက လုံလောက်သော အကွာအဝေးဖြစ်သည်။ ချာချာကိုယ်တိုင်လည်း တခြားသတ္တဝါအနားကပ်ရတာမကြိုက်သလိုဖူမင်ယယ်ကလည်းမကြိုက်ပေ။
နှင်းနတ်သူငယ်က ကျေးဇူးတင်စွာဆိုလိုက်သည်။ “ကျေးဇူးပဲ”
“ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး။ငါလည်းဘယ်သွားလို့ သွားရမယ်မှန်းမသိဘူး” သွေးစုပ်ကောင်ကလှည့်တောင်မကြည့်ပေ။ “တကယ်က ငါလည်းလမ်းရှာနေတာပဲ”
ချီပိုင်ချာ : “...”
အဆိုပါသွေးစုပ်ကောင်၏သောက်ခွက်ကို သူ့အတောင်ပံတွေနှင့် ရိုက်ချင်မိသွားသည်။
အချိန်အတော်ကြာသည်အထိ နှစ်ယောက်လုံးဘယ်ကိုသွားရမယ်မှန်းမသိကြပေ။
သို့သော် နှစ်ယောက်ပိတ်မိနေတာကလည်းတစ်ခုကောင်းသည်။ သူတို့လာခဲ့သည့်လမ်းတွေကိုစစ်ထုတ်လို့ရသည်မဟုတ်ပါလား။
“ကျွန်တော် ခုနက ဒီလမ်းက လာခဲ့တာ။ အဲ့လမ်းက ဘယ်ကိုမှ မပေါက်ဘူး” နှင်း နတ်သူငယ်ကဆိုလိုက်သည်။
သွားစရာလမ်းတွေက အများကြီးရှိသည်မို့ နှစ်ယောက်သား အဆင်ပြေသလိုလျှောက်သွားနေကြရသည်။ ဖူမင်ယယ်က မျက်နှာသေကြီးနှင့်ရပ်လိုက်ကာ “တအားစိတ်ရှုပ်ဖို့ကောင်းတာပဲ” သူဒီတောထဲက ထွက်တဲ့လမ်းတောင်မရှာနိုင်တာ ဒီလောက်ကြီးတဲ့ကမ္ဘာကြီးထဲမှာ ချာချာ့ကို ဘယ်လိုရှာမလဲ။ ကောက်ရိုးပုံထဲအပ်ပျောက်ရှာနေသလိုဖြစ်နေမှာပဲလေ။
သူထိုစကားကိုပြောလိုက်တော့ ချီပိုင်ချာကသူ့ကိုလှမ်းကြည့်လာသည်။ သူပထမဆုံးအနေနှင့် ဖူမင်ယယ်ကို ဒိတ်လုပ်ရန်စတင်ကမ်းလှမ်းတုန်းက နေရာကို သူရွေးလိုက်တာဖြစ်သည်။ သို့သော် သူရောက်သည်အထိ ဖူမင်ယယ်ရောက်မလာပေ။
အချိန်မတိကျတာကို သူမကြိုက်တာမို့ တစ်ဖက်ကို သူဖုန်းခေါ်ခဲ့သည်။ တစ်ဖက်က အတန်ကြာသည်အထိ နှုတ်ဆိတ်နေပြီးမှ ငြီးငြူသည့်လေသံနှင့်ဆိုလာခဲ့သည်။
“ကိုယ်လမ်းပျောက်နေတာ”
ချီပိုင်ချာအတွက် ထိုအဖြေက မျှော်လင့်မထားပေ။
သူပြောလိုက်၏။ “naviကို ဖွင့်ထားလိုက်လေ။
“ကိုယ်ဖွင့်ထားပြီးသား အခုလည်း သူပြောတဲ့အတိုင်းလိုက်လာတာ” ဖူမင်ယယ်က
စိတ်ဓာတ်ကျစွာဆိုလိုက်သည်။ “အခုလည်းသူကတစ်မီတာလောက်မောင်းပြီးရင်ရောက်ပြီလို့ပြနေတယ်။
“ဒါဆိုလည်း အဲ့အတိုင်းလိုက်ခဲ့လိုက်လေ”
“ဒါပေမယ့် ကိုယ့်ရှေ့မှာ မြစ်ကြီးပဲရှိတော့တယ်။” ဖူမင်ယယ်က ပြန်ပြောသည်။။
“ကိုယ်က
မြစ်ထဲခုန်ဆင်းပြီး ပင်လယ်စာတွေ စားရမှာလား”
ချီပိုင်ချာတွေးလိုက်သည်။ “လမ်းကြောင်းပြောင်းလိုက်။ မြေပုံက အခုမှဖောက်ထားတဲ့လမ်းတွေကို မထည့်ရသေးလို့နေမှာ။”
“တအားစိတ်ရှုပ်ဖို့ကောင်းတာပဲ” တစ်ဖက်ဖုန်းက အမျိုးသားက စိတ်ကောက်နေလေပြီ။ “ငတုံးnaviလို့ခေါ်ရမယ်” အခုမှ မစ္စတာချာက ပထမဆုံး ညစာဒိတ်ဖို့ခေါ်ပါတယ်ဆို။
သူတစ်နာရီလောက်စောထွက်လာခဲ့တာတောင် အစုတ်အပြတ်စနစ်ကြောင့် သူနောက်ကျသွားပြီ။ ထို့အပြင် သူလမ်းပျောက်နေတာကိုလည်း မစ္စတာချီသိသွားလို့ရှက်နေလေပြီ။
ဆိုးဝါးလွန်းလို့ သူသေအောင်စိတ်ရှုပ်နေလေပြီ။
တော်လွန်းလှတဲ့ သူဌေးကြီးလမ်းပျောက်ပုံကလည်း ချစ်စရာကြီးပါလား။
ထိုအဖြစ်အပျက်က ဖူမင်ယယ်၏ ဩဇာတိက္ကမကြီးမားလှသော ပုံရိပ်ကို ပြောင်းပြန်လှန်ပစ်လိုက်ကာ သူ့အပေါ်ချီပိုင်ချာ၏အမြင်ကိုလည်း ပြောင်းလဲသွားစေခဲ့သည်။
အခုတော့ သွေးစုပ်ကောင်က တစ်ပုံစံတည်းတူသော လေသံ နောက်ဆုံးစကားလုံးကို ဆွဲပြောလိုက်တာတွေကအစ တူညီစွာပြောလာတော့ ချီပိုင်ချာ အနည်းငယ်တော့ကြောင်သွားသည်။ သူတကယ်လည်းစိတ်ပူပင်လှပြီ။သူအကြာကြီးထွက်လာတာတောင် အခုချိန်ထိ မစ္စတာဖူအကြောင်းကိုတွေးနေမိသည်။ အခုလည်းသွေးစုပ်ကောင်ပြောသော စကားသုံးလုံးကိုကြားတော့ ဖူမင်ယယ်ကို သတိရသွားပြန်သည်။
မစ္စတာဖူက ဘယ်လိုလုပ်ဒီမှာရှိနေမှာလဲ? သူက ဟိုဖက်ကမ္ဘာမှာ သူအိမ်ပြန်အလာကိုစောင့်နေမှာ။ “ဟေး”
သွေးစုပ်ကောင်၏မျက်လုံးအေးစက်စက်တွေက သူ့အပေါ်ကိုကျရောက်လာသည်။
“ဟင်?”
“မင်းကို သုံးမီတာအကွာမှာပဲနေဖို့ပြောထားတယ်နော်” တစ်ဖက်လူက သူ့ကိုသတိပေး၏။
ချီပိုင်ချာက ခေါင်းကိုငုံ့ကာကြည့်လိုက်သည်။ သူခုနက အတွေးများနေသည်မို့ ခြေနှစ်လှမ်းရှေ့ရောက်နေသည်ကို သတိမထားမိပေ။
သူအနောက်ကို ပြန်ဆုတ်လိုက်သည်။ “ဘာတွေအဲ့လောက် ဇီဇာကြောင်နေတာလဲ?”
“ငါ့အနားကနေသာ ဝေးဝေးနေစမ်းပါ။” သွေးစုပ်ကောင်က ခပ်ချေချေဆိုသည်။ “ငါ့မှာမိသားစုရှိတယ်”
ချီပိုင်ချာ : “ဟင်”
သူ့မှာရှိသလို ငါ့မှာလည်းရှိတယ်လေ။ အဲ့ဒါကို သူက ဘာတွေဖြစ်။ ဘယ်သူကရော သူ့ကို လက်ထပ်မထားတဲ့လူလို့ ထင်လို့လဲ?
“ခင်ဗျားအတွေးလွန်နေပြီ” ချီပိုင်ချာက စိတ်ရင်းနှင့်ပြောလိုက်သည်။ မစ္စတာဖူမှလွဲ၍ ဘယ်သတ္တဝါကိုမှ သူမကြိုက်။
သွေးစုပ်ကောင်က ငေါ့၏။ “မင်းငါ့ကို ခုနက ကြည့်နေတာ ငါမမြင်ဖူးများမှတ်နေလား? ငါကအရမ်းသောက်ချောကြီးဖြစ်နေရင်တောင် ငါ့ယောကျာ်းရဲ့ခြေဖျားကို တစ်ထောင်ပုံ ပုံလို့မှ မမှီတဲ့မင်းလို နတ်သူငယ်ရုပ်ရည်မျိုးကို ငါက ရင်ကိုမခုန်တာ။ အဲ့ကျ လက်လျှော့လိုက်။”
သူ၏မူလကမ္ဘာတွင် ဖူမင်ယယ်၏ရုပ်ရည်က လက်ထပ်ပြီးသားမိန်းမ အများစုကိုတောင် ချစ်ကျွမ်းဝင်သွားစေနိုင်သည်။ ပွဲတွေအများကြီးတက်နေစဉ်မှာတောင် သူ့ရင်ခွင်ထဲခိုလှုံချင်သူက အများသား။ အရင်ကတည်းက “ချွေးသိပ်တတ်သည့် အကျင့်ကို သူရထားခဲ့သည်။
ခုနက မစ္စတာဖူကိုတွေးနေသည်မို့ သူကြောင်အနေခြင်းဖြစ်သည်။ ဒီသွေးစုပ်ကောင်က ဘာတွေအဲ့လောက် ဘဝင်ကိုင်နေတာလဲ?
ထို့အပြင်နှင်းနတ်သူငယ်၏ပုံပန်းသွင်ပြင်ကလည်း ချစ်စရာကောင်းစွာချောမောသည်။ ကြည့်ရတာ သူ့မိန်းမကလည်း နတ်သမီးလို လှလို့များလား?
“ကျွန်တော်က လက်ထပ်ထားပြီးသား”
ချီပိုင်ချာက စာလုံးကိုဖိပြောလိုက်၏။ “ကျွန်တော့်အမျိုးသားကိုရှာချင်လို့ အိမ်ကိုပြန်ချင်တာ။”
“အကောင်းဆုံးပေါ့” သွေးစုပ်ကောင်က ထေ့ငေါ့ပြန်သည်။ “ငါက ငါ့မိန်းမကိုရှာပြီး
မင်းက မင်းယောကျာ်းကိုရှာချင်တယ်။ မတူဘူး”
ချီပိုင်ချာက မေးလိုက်သည်။ “ခင်ဗျားရဲ့မိန်းမကရော ပျောက်နေတာလား?” သွေးစုပ်ကောင်အရှိုက်ထိသွားပုံပေါ်သည်။ မျက်နှာကြီးမဲသွား၏။
သူမပြောခင်ခဏတော့နှုတ်ဆိတ်သွားသေးသည်။ “မဟုတ်ဘူး ငါကပျောက်နေတာ။ ငါ့ရဲ့ဖြစ်တည်မှုကလည်းမင်းလိုပဲ ပျောက်ဆုံးနေတာ”
လူတွေနှင့် တူညီစွာကွဲကွာရသည့် ကံကြမ္မာကို ခံစားရတာဘယ်လိုမျိုးများလဲ?
သူတို့နှစ်ဦးသားငြိမ်သက်နေကြချိန်တွင် မြေပြင်ပေါ်ကသစ်ရွက်ကြွေတွေက ရုတ်တရက်လှုပ်ရှားသွား၏။ လူပုလေးတစ်ယောက်က သစ်ရွက်တွေဖုံးထားသည့်မြေပြင်ကို လက်ဖြင့်ဖယ်ကာ တွင်းထဲမှ တက်လာခဲ့သည်။
သူထွက်လာလာချင်းမှာပင်နှင်းနတ်သူငယ်နှင့် သွေးစုပ်ကောင်က အောက်ကို ငုံ့ကြည့်နေကြ၏။
နတ်သူငယ်နဲ့ သွေးစုပ်ကောင်က အတူတူရှိနေကြတာတဲ့လား?
လူပုလေးပထမဆုံးထင်လိုက်သည်က နှင်းနတ်သူငယ်ကို သွေးစုပ်ကောင်က ဖမ်းထားသည်ဟူ၍။ အဲ့ဒီရွံစရာသွေးစုပ်ကောင်တွေက နတ်သူငယ်တွေဖမ်းရတာကို အတော်နှစ်သက်ကြပြီး နတ်သူငယ်တွေကို ကာကွယ်ဖို့ဆိုတာ လူပုတိုင်း၏တာဝန်ဖြစ်သည်။
သူချက်ချင်းပဲသူ့ကိုယ်လုံးသေးသေးလေးကို ချီပိုင်ချာရှေ့ပစ်ဝင်ကာပြောလိုက်သည်။ “ဟေ့ကောင် ” သွေးစုပ်ကောင် မင်းရဲတိုက်မင်းပြန်ကွာ။ နှင်းနတ်သူငယ်လေးကိုဖမ်းသွားဖို့စိတ်တောင်မကူးနဲ့။”
ဖူမင်ယယ်မျက်ခုံးတစ်ဖက်မြင့်တက်သွားသည်။ “ရဲတိုက်က ဘယ်မလဲ?”
“ဟိုမှာလေ” လူပုလေးက တုန့်ဆိုင်းခြင်းမရှိစွာဖြင့် ဗန်ပိုင်းယားရဲတိုက်ကြီးကိုထိုးပြလိုက်သည်။ ဖူမင်ယယ်ကနှစ်ခါတောင်ပြန်စဉ်းစားမနေဘဲ ထွက်သွားတော့၏။
ဒီနှင်းနတ်သူငယ်က ပိန်းတဲ့ပုံပဲ။ သူ့အခြေစိုက်စခန်းကိုပြန်မှပဲ သတင်းအစအနရတော့မှာ။
လူပုလေးကတော့ကြောင်နေရစ်ခဲ့သည်။
ဒီလိုကြီးထွက်သွားတာတဲ့လား? ဘာလက်နက်မှမရွယ်ပဲနဲ့လေ?
မြင်ဖူးသမျှထဲ ဒီကောင်ထိန်းသိမ်းရအလွယ်ဆုံးဖြစ်လိမ့်မည်။
ဒါနဲ့ ဘာလို့ ဗန်ပိုင်းယားက ဗန်ပိုင်းယားရဲတိုက်ဘယ်နားရှိလဲလို့ မေးတာလဲ? လူပုလေး အများကြီးစဉ်းစားမနေတော့ပေ။ သူ့ဘေးက နတ်သူငယ်ကို စိုးရိမ်စွာဖြင့်မေးလိုက်တော့သည်။
“လန့်သွားသေးလား”
“ကောင်းတယ်။ ဒါဆို မင်းကို နတ်သူငယ်တောအုပ်ထဲပို့ပေးမယ်လေ” လူပုလေးက စိတ်အားထက်သန်စွာဖြေသည်။ “မဟုတ်လည်း ငါက လက်နက်လုပ်ဖို့သလင်းမှုန်တွေကို နတ်သူငယ်တွေဆီက သွားယူချင်နေတာ”
နတ်သူငယ်တွေအတွက် အပြင်ထွက်ဖို့ဆိုတာ အန္တရာယ်များလွန်းလှသည်မို့
သလင်းမှုန်တွေ၏သယ်ယူပို့ဆောင်ရေးကို လူပုလေးတွေကပဲ တာဝန်ယူရသည်။ လူပုတွေ၏သွေးက သွေးစုပ်ကောင်တွေအတွက် အဆိပ်ဖြစ်စေသည်မို့ သူတို့က အပြင်ထွက်လည်းလုံခြုံသည်။
ချီပိုင်ချာက တဖြည်းဖြည်းပျောက်ကွယ်သွားသော သွေးစုပ်ကောင်၏နောက်ကျောကို ကြည့်ကာ ခေါင်းကိုငြိမ့်လိုက်တော့သည်။
လူပုလေးက သူနှင့်စကားပြော၏။ “မင်း ဒယ်နီရယ်နဲ့တွေ့ခဲ့တာပဲ။ ငါသာနည်းနည်းနောက်ကျသွားရင်မင်းသေပြီ။ အဲ့ကောင်က အတော်ရက်စက်တာ”
“မပြောတတ်ဘူး” ကျန်တာမသိပေမင့် ဘဝင်ကတော့ အတော်လေးကိုင်သည်။
“မင်းကလည်း အရန်ကော။ မင်းလို နတ်သူငယ်သေးသေးလေးက အပြင်မှာလျှောက်ပြေးမနေရဘူးကွ။ အန္တရာယ်များတယ်။”
“ဒီမှာ အန္တရာယ်များတဲ့နေရာတွေရှိသေးလား” ချီပိုင်ချာက လေသံကိုမပြောင်းဘဲမေးသည်။
ပုံမှန်ဆိုရင်တော့ ယိုပေါက်အက်ကြောင်းတွေက ထူးဆန်းသောဖြစ်ရပ်များနှင့်ပူးတွဲဖြစ်တည်လာလေ့ရှိသည်။
ဥပမာ လေထုညစ်ညမ်းမှု၊ သမုဒ္ဒရာဝဲ စသဖြင့်။ ဒီကမ္ဘာ၏ ပုံမှန်မဟုတ်သော နေရာများကိုရှာနိုင်ခြင်းသည် ယိုပေါက်ရှာတွေ့ခြင်းနှင့် အတူတူပင်ဖြစ်သည်။
“ သွေးစုပ်ကောင်တွေနဲ့တင် မလုံလောက်သေးဘူးလား?”
“ကျွန်တော်ပြောချင်တာက တခြားရှိသေးလားလို့ပါ”
“တခြားလား?မပြောတတ်ဘူး။ မြေအောက်ကမ္ဘာက အတော်လေးလုံခြုံတယ်လေ။ ဒါပေမယ့် သိပ်မကြာသေးခင်ကတော့ သမုဒ္ဒရာကြမ်းပြင်မှာ အတွင်းပိုင်းပဋိပက္ခတွေတော့ဖြစ်သွားတယ်။ ဒါပေမယ့်ဘယ်သူဂရုစိုက်မှာလဲ? သူတို့ရန်ဖြစ်ကြတာကောင်းတာပေါ့။
ဒါမှကမ္ဘာကြီးကိုပတ်သိမ်းဖို့အတွေးတွေတစ်နေကုန်မတွေးနိုင်မှာ။ ဘာပဲဖြစ်ဖြစ်ပါ။ နတ်ဘုရားတွေပျောက်ကွယ်သွားကတည်းက နေရတာ မလုံခြုံတော့ဘူး။
သမုဒ္ဒရာအောက်ခြေ.....
ကမ္ဘာ၄၉၃တွင် ရေအောက်ကမ္ဘာရှိပြီး အက်ကြောင်းရာတွေကမြေပေါ်မှာထက် ရေအောက်ကြမ်းပြင်တွင်ပိုကြီးမားသည်။
“နတ်ဘုရားတွေက ဘယ်လိုပျောက်ကွယ်သွားတာလဲ။”
ဒီကမ္ဘာ၏မျိုးစိတ်တွေအကုန်လုံး နတ်ဘုရားတွေအကြောင်းကို သိကြသည်။
စုန်းမPradaဟု အမည်ရသော Singer-backer systemတစ်ခုအကြောင်းကို သူမှတ်မိသည်။ ထိုအချိန်တုန်းက ကမ္ဘာ၄၉၃၏ကိစ္စမို့ ကမ္ဘာနတ်ဘုရားများထံ သူစာပို့ခဲ့သော်လည်း ဘယ်သူကမှမတုန့်ပြန်ကြပေ။ ပင်လယ်နတ်ဘုရားကလည်း အလှမ်းဝေးလှသည်။
“ဟင် မင်းအဲ့အကြောင်းကိုမသိဘူးလား?” လူပုလေးက တအံ့တသြမေးသည်။ “မင်းက ဒီကမ္ဘာမှာ
အခုမှမွေးခါစနေမှာ”
“သေချာတာပေါ့” နှစ်သန်းပေါင်းများစွာ ရှင်သန်လာသည့် နှင်းနတ်ဘုရားက မျက်တောင်တစ်ချက်မှ မခတ်ဘဲ ဆိုလိုက်သည်။
“ဒီလိုကွာ………” လူပုလေးက ကမ္ဘာ၄၉၃အကြောင်းကို အသေးစိတ်ရှင်းပြသည်။
ဇာတ်လမ်းဆုံးတော့ နတ်သူငယ်တောအုပ်ကိုပင် ရောက်နေလေပြီ။
Zawgyi
(၅၂) အကြာအေဝး (ပထမပိုင္း)
May 7, 2023 by Jinnie Grace
Burmese Translation of “After Marrying The Male God”.
---------------
ငါ့မွာမိသားစုရွိတယ္။
---------------
ခ်ီပိုင္ခ်ာလွမ္းၾကည့္လိုက္ေတာ့ ျဖဴေဖ်ာ့ေဖ်ာ့အသားအရည္၊ ႏွာတံျမင့္ျမင့္၊ နီေစြးေစြး ႏႈတ္ခမ္းႏွင့္မ်က္လုံးမ်ားႏွင့္ အလြန္ၾကည့္လို႔ေကာင္းေသာ အမ်ိဳးသားတစ္ေယာက္လာေနတာကို ေတြ႕လိုက္ရ၏။
ေသခ်ာေပါက္ၾကည့္လို႔ေကာင္းမွာေပါ့။ ႐ုပ္ဆိုးတဲ့ နတ္သူငယ္ေတြ၊ ေသြးစုပ္ဖုတ္ေကာင္ေတြဆိုတာမွမရွိတာ။
ဒီလူက ေသြးစုပ္ဖုတ္ေကာင္ဆိုတာ ေျပာစရတာေတာင္မလို။
သူ႔ကံကလည္းေကာင္းတာလား ဆိုးတာလားကိုမသိ။ ေကာင္းတာကေတာ့ သူေမးစရာလူတစ္ေယာက္ ေရာက္လာေခ်ၿပီ။ မေကာင္းသည္ကေတာ့ ထိုသူမွာ နတ္သူငယ္လည္းမဟုတ္သလို နတ္သူငယ္မ်ား၏အေဖာ္ျဖစ္သူ လူပုေလးလဲမဟုတ္ဘဲ ရန္သူေတာ္ vampireႀကီးျဖစ္လို႔ေနသည္။
သို႔ေသာ္ျပႆနာအမ်ားႀကီးေတာ့မရွိ။ နတ္သူငယ္ေတြက ေသြးစုပ္ေကာင္မ်ား၏
အစာမ်ားျဖစ္ေသာ္လည္း သူတစ္ခုတည္းရွိတာေတာ့မဟုတ္။ နတ္ဘုရားေလးပါးေပ်ာက္ကြယ္မသြားေသးခင္ နတ္သူငယ္တို႔၏ နတ္ဘုရားအရွင္က ထိုမ်ိဳးႏြယ္စုႏွစ္ခု မဆုံေစရန္ စည္းတစ္ခုခ်ထားခဲ့သည္။ ေသြးစုပ္ေကာင္တို႔၏အရွင္ကလည္း နတ္သူငယ္တို႔၏ေသြးကိုမေသာက္သုံးရန္ အမိန႔္တစ္ခုခ်ခဲ့၏။
ထိုကာကြယ္ျခင္းႏွစ္ခုျဖင့္ မ်ိဳးႏြယ္စုႏွစ္ခုမွာ ႏွစ္ေပါင္းမ်ားစြာ ၿငိမ္းခ်မ္းစြာျဖင့္ အတူယွဥ္တြဲေနထိုင္ခဲ့ၾကသည္။ နတ္ဘုရားမ်ားေပ်ာက္ကြယ္သြားခ်ိန္မွာေတာ့ အဆိုပါ အရံအတားမ်ားလည္း တစ္ျဖည္းျဖည္း အားေလ်ာ့လာၿပီး ေသြးစုပ္ေကာင္မ်ားကလည္း ပိုအတင့္ရဲလာၾကသည္။
တကယ္ေတာ့ သူတို႔က ေသြးစုပ္ဖုတ္ေကာင္အရွင္သခင္ႀကီးကိုေတာ့ ေလးစားၾကသည္။ နတ္သူငယ္မ်ား၏ေသြးက အရသာရွိေၾကာင္း သူတို႔သိရွိသြားၾကသည့္အခါတြင္ေတာ့ သူတို႔ကို အမဲလိုက္တာ သတ္ျဖတ္တာမ်ိဳးေတြ မလုပ္ရဲေတာ့ေပ။ ထိုအစား နတ္သူငယ္အနည္းငယ္ကို ဖမ္းကာ ရဲတိုက္သို႔ေခၚသြားၿပီး ေသြးကို လိုသည့္အခ်ိန္တြင္ ရယူႏိုင္ဖို႔သာ လုပ္ၾကေတာ့သည္။ ဒယ္နီရယ္လို ေစာက္႐ူးေကာင္မ်ိဳးကသာ နတ္သူငယ္ေတြကို အႀကိမ္တိုင္းေသြးခန္းတဲ့အထိ စုပ္ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ပုံမွန္အားျဖင့္ေတာ့ နတ္သူငယ္တစ္ေယာက္က ေသြးစုပ္ေကာင္တစ္ေယာက္ႏွင့္ေတြ႕လွ်င္ အသက္အႏၲရာယ္က သိပ္မစိုးရိမ္ရေပ။
ထို႔အျပင္ခ်ီပိုင္ခ်ာက သာမန္နတ္သူငယ္မဟုတ္ေပ။ သူ႔ေသြးကိုစုပ္လွ်င္ သူကျပန္လည္တိုက္ခိုက္မည္။ သူက သူ႔ကို ယဥ္ေက်းစြာမေမးလွ်င္ သူကလည္း ၾကမ္းတမ္းစြာျပန္တုံ႔ျပန္ရလိမ့္မည္။
ဖူမင္ယယ္က ခ်ီပိုင္ခ်ာ အနားကေနျဖတ္သြားသည္။
သူက ေအးေအးေဆးေဆး သာသာယာယာ ျဖတ္သြားျခင္းျဖစ္သည္။
မသိလွ်င္ ပယ္ရီကိုသတ္တာ သူမဟုတ္သလိုလို။ သူသာ လူသတ္သမားမဟုတ္လွ်င္ သူအသက္ရွင္ေနတာကိုျမင္ရတာ အေတာ္ေလးအံ့ၾသေပလိမ့္မည္။
ခ်ီပိုင္ခ်ာ ယုတၱိက်က်ေတြးလိုက္သည္။
အကယ္၍ သူသာ ရန္လိုတတ္ေသာေသြးစုပ္ေကာင္မဟုတ္ပါက သူႏွင့္စကားေျပာလို႔ ရႏိုင္ေလာက္သည္။ တကယ္ေတာ့လည္း ႏွင္းနတ္ဘုရားက အၾကမ္းဖက္မႈကိုမႏွစ္သက္၊ ၿငိမ္းခ်မ္းမႈကို ခ်စ္ျမတ္ႏိုးသူမို႔
အၾကမ္းနည္းသုံးၿပီး ျပႆနာရွင္းရတာကိုလည္းမႀကိဳက္ေပ။
ေက်ာက္တုံးေပၚတြင္ထိုင္ေနေသာ သိမ္ေမြ႕ႏူးညံ့သည့္ လွပေသာႏွင္းနတ္သူငယ္ေလးကေနရာမွထလာကာ ယဥ္ေက်းစြာေမးလိုက္၏။ “ကြၽန္ေတာ္ ဒီေတာထဲမွာလမ္းေပ်ာက္ေနလို႔ ကြၽန္ေတာ့္ကို ေခၚသြားေပးလို႔ ရမလား?”
ဖူမင္ယယ္အေနာက္သို႔ ႐ုတ္တရက္လွည့္ၾကည့္လိုက္သည္။
သူလည္းလမ္းေပ်ာက္ေနတာလား?
ဒါဆို အသုံးမဝင္ဘူးေပါ့။
ထို႔ေၾကာင့္ ခ်ီပိုင္ခ်ာခမ်ာ သူ႔ထံသို႔တည့္တည့္လာေနသည့္သူက ဘာမွမၾကားခဲ့သလို လမ္းေၾကာင္းေျပာင္းသြားတာကို သူ ၾကည့္ေနရေတာ့သည္။
သူလုံးဝကို လ်စ္လ်ဴရႈခံလိုက္ရၿပီ။
ခ်ီပိုင္ခ်ာ: “…..”
သူ ခ်က္ခ်င္းထလိုက္သြား၏။
တစ္ျခားတစ္ေယာက္ေနာက္ကို လိုက္ရသည္က ဦးတည္ခ်က္မရွိေလွ်ာက္သြားေနရတာထက္ေတာ့ သာသည္ မဟုတ္ပါလား။
ေနာက္ထပ္ျဖတ္သြားျဖတ္လာတစ္ေယာက္ကို ေစာင့္ဖို႔ ခ်ီပိုင္ခ်ာတြင္ အခ်ိန္မရွိေတာ့ေပ။ သူ႔ကိုစိတ္အပူရေစဆုံးက ကမာၻႏွစ္ခု၏ မတူညီေသာ အခ်ိန္စီးေၾကာင္းျဖစ္ကာ
ဘယ္လိုအခ်ိဳးက်လဲဆိုတာကိုလည္းသူမသိ။ ဥပမာ သူဒီကမာၻေပၚတြင္ တစ္မိနစ္ေနျခင္းက သူ႔ကမာၻတြင္ အခ်ိန္တစ္ႏွစ္ႏွင့္ညီမွ်ေနပါက သူျပန္ေရာက္သည့္အခါ ဖူမင္ယယ္၏ဇာပနကိုေတာင္ မမွီဘဲ ျဖစ္သြားလိမ့္မည္။
သူျပန္ခ်င္သည္ဆိုပါက ဒီကမာၻ၏ အက္ေၾကာင္းကို ရွာရလိမ့္မည္။ သို႔ေသာ္ဒီကမာၻက အေတာ္ေလးႀကီးသည္မို႔ အေျပာထက္အလုပ္ခက္သည္။ ဒီကမာၻ၏ေျမပုံေတာင္သူ႔ဆီမရွိေပ။ သူ႔ေနာက္တြင္နတ္သူငယ္လိုက္လာသည္ကို ဖူမင္ယယ္သိသြားေတာ့ သူ ေျခလွမ္းအနည္းငယ္ကို ေနာက္ဆုတ္လိုက္သည္။
ေနာက္ကလိုက္ခံရတာကို မႀကိဳက္တာမို႔ သူေနာက္လွည့္ၿပီးေအးစက္စြာေျပာလိုက္၏။ “ငါ့ေနာက္က မလိုက္နဲ႔”
ႏွင္းနတ္သူငယ္ကေျပာသည္။ “ကြၽန္ေတာ္တို႔က သြားမယ့္ေနရာတူတယ္ေလ”
ေသြးစုပ္ေကာင္က ေငါ့၏။ “မင္းက လမ္းေပ်ာက္ေနတဲ့ နတ္သူငယ္ေလ။ ဘယ္လိုလုပ္ လမ္းတူမွာလဲ။” …ခင္ဗ်ားမွာ ကိုယ္ခ်င္းစာစိတ္ေလးမ်ား မရွိဘူးလား?”
“မင္းရဲ႕ေသြးကို မေသာက္တာက ေသြးစုပ္ေကာင္တစ္ေကာင္ရဲ႕ အႀကီးမားဆုံးစာနာစိတ္ပဲ” ႏွင္းနတ္သူငယ္က ႏႈတ္ခမ္းကို ကိုက္လိုက္သည္။ သူ႔မ်က္လုံးေတြက ၾကည္စင္ေတာက္ပေန၏။
ေသြးစုပ္ေကာင္က ခပ္ၾကမ္းၾကမ္းေျပာလိုက္သည္။ “မင္းက မင္းအေမဆီျပန္ဖို႔ လမ္းရွာမေတြ႕လို႔ငိုေတာ့မလို႔လား”
ဒီနတ္သူငယ္ေလးကိုေျခာက္တာက အေကာင္းဆုံးနည္းလမ္းျဖစ္လိမ့္မည္။ ခ်ာခ်ာကလြဲၿပီးတျခားမည္သို႔ေသာ သတၱဝါမ်ိဳးႏွင့္မွ သူရွိမေနခ်င္။
ဆိုးယုတ္ျခင္းနတ္ဘုရားတြင္ ဘယ္လိုၾကင္နာမႈမ်ိဳးမွမရွိ။
“ကြၽန္ေတာ္အိမ္ျပန္ခ်င္ေပမယ့္ အိမ္ျပန္လို႔ရတဲ့လမ္းကိုမသိဘူး။” နတ္သူငယ္က ဝမ္းနည္းစြာဆိုသည္။ “ကြၽန္ေတာ့္ေယာက်ာ္းက ကြၽန္ေတာ့္ကိုေစာင့္ေနမွာ။ ကြၽန္ေတာ္ျပန္မသြားႏိုင္လို႔ ကြၽန္ေတာ့္ကို သူရွာမေတြ႕ရင္ သူေသခ်ာေပါက္ စိတ္ပူေနမွာ။”
နတ္သူငယ္က လက္ေတာင္ထပ္ၿပီးၿပီတဲ့လား?
“ေအာ္” ေသြးစုပ္ေကာင္တြင္ အၾကင္နာတရားမရွိေပ။ “အဲ့ဒါငါနဲ႔ဘာဆိုင္လို႔လဲ?”
နတ္သူငယ္က သူ႔ကို မ်က္ေမွာင္ေလးက်ဳံ႕ကာ ေမာ့ၾကည့္၏။ သူ႔မ်က္ဝန္းတြင္စိုးရိမ္မႈတို႔က အထင္းသား။
ထိုအၾကည့္က ဖူမင္ယယ္ကို heartထိသြားေစသည္။
သူတကယ္စိတ္ပူေနတာပဲ။
ခ်ာခ်ာကို သူမရွာႏိုင္လွ်င္ ဖူမင္ယယ္လည္းစိတ္ပူလို႔ေသလိမ့္မည္။
ခ်ာခ်ာလည္း သူ႔လိုျဖစ္ေနမွာလား? သူလာေခၚမွာကိုေစာင့္ေနၿပီး အိမ္ျပန္ခ်င္ေနမလား။ I ႏွလုံးသားခ်င္းနားလည္ၿပီးေနာက္တြင္ တစ္ဖက္လူ၏စိတ္ကိုဖူမင္ယယ္အနည္းငယ္စာနာသြားသည္။
သူအနည္းငယ္ ေလွ်ာ့လိုက္၏။ “ငါ့ေနာက္ကေန သုံးမီတာ အကြာကလိုက္ခဲ့။ ဒီနည္းျဖင့္ နတ္သူငယ္ေလးကို သူ႔ေနာက္မွ လိုက္ေစလိုက္ေတာ့သည္။
သုံးမီတာက လုံေလာက္ေသာ အကြာအေဝးျဖစ္သည္။ ခ်ာခ်ာကိုယ္တိုင္လည္း တျခားသတၱဝါအနားကပ္ရတာမႀကိဳက္သလိုဖူမင္ယယ္ကလည္းမႀကိဳက္ေပ။
ႏွင္းနတ္သူငယ္က ေက်းဇူးတင္စြာဆိုလိုက္သည္။ “ေက်းဇူးပဲ”
“ငါ့ကိုေက်းဇူးတင္ဖို႔မလိုပါဘူး။ငါလည္းဘယ္သြားလို႔ သြားရမယ္မွန္းမသိဘူး” ေသြးစုပ္ေကာင္ကလွည့္ေတာင္မၾကည့္ေပ။ “တကယ္က ငါလည္းလမ္းရွာေနတာပဲ”
ခ်ီပိုင္ခ်ာ : “...”
အဆိုပါေသြးစုပ္ေကာင္၏ေသာက္ခြက္ကို သူ႔အေတာင္ပံေတြႏွင့္ ႐ိုက္ခ်င္မိသြားသည္။
အခ်ိန္အေတာ္ၾကာသည္အထိ ႏွစ္ေယာက္လုံးဘယ္ကိုသြားရမယ္မွန္းမသိၾကေပ။
သို႔ေသာ္ ႏွစ္ေယာက္ပိတ္မိေနတာကလည္းတစ္ခုေကာင္းသည္။ သူတို႔လာခဲ့သည့္လမ္းေတြကိုစစ္ထုတ္လို႔ရသည္မဟုတ္ပါလား။
“ကြၽန္ေတာ္ ခုနက ဒီလမ္းက လာခဲ့တာ။ အဲ့လမ္းက ဘယ္ကိုမွ မေပါက္ဘူး” ႏွင္း နတ္သူငယ္ကဆိုလိုက္သည္။
သြားစရာလမ္းေတြက အမ်ားႀကီးရွိသည္မို႔ ႏွစ္ေယာက္သား အဆင္ေျပသလိုေလွ်ာက္သြားေနၾကရသည္။ ဖူမင္ယယ္က မ်က္ႏွာေသႀကီးႏွင့္ရပ္လိုက္ကာ “တအားစိတ္ရႈပ္ဖို႔ေကာင္းတာပဲ” သူဒီေတာထဲက ထြက္တဲ့လမ္းေတာင္မရွာႏိုင္တာ ဒီေလာက္ႀကီးတဲ့ကမာၻႀကီးထဲမွာ ခ်ာခ်ာ့ကို ဘယ္လိုရွာမလဲ။ ေကာက္႐ိုးပုံထဲအပ္ေပ်ာက္ရွာေနသလိုျဖစ္ေနမွာပဲေလ။
သူထိုစကားကိုေျပာလိုက္ေတာ့ ခ်ီပိုင္ခ်ာကသူ႔ကိုလွမ္းၾကည့္လာသည္။ သူပထမဆုံးအေနႏွင့္ ဖူမင္ယယ္ကို ဒိတ္လုပ္ရန္စတင္ကမ္းလွမ္းတုန္းက ေနရာကို သူေ႐ြးလိုက္တာျဖစ္သည္။ သို႔ေသာ္ သူေရာက္သည္အထိ ဖူမင္ယယ္ေရာက္မလာေပ။
အခ်ိန္မတိက်တာကို သူမႀကိဳက္တာမို႔ တစ္ဖက္ကို သူဖုန္းေခၚခဲ့သည္။ တစ္ဖက္က အတန္ၾကာသည္အထိ ႏႈတ္ဆိတ္ေနၿပီးမွ ၿငီးျငဴသည့္ေလသံႏွင့္ဆိုလာခဲ့သည္။
“ကိုယ္လမ္းေပ်ာက္ေနတာ”
ခ်ီပိုင္ခ်ာအတြက္ ထိုအေျဖက ေမွ်ာ္လင့္မထားေပ။
သူေျပာလိုက္၏။ “naviကို ဖြင့္ထားလိုက္ေလ။
“ကိုယ္ဖြင့္ထားၿပီးသား အခုလည္း သူေျပာတဲ့အတိုင္းလိုက္လာတာ” ဖူမင္ယယ္က
စိတ္ဓာတ္က်စြာဆိုလိုက္သည္။ “အခုလည္းသူကတစ္မီတာေလာက္ေမာင္းၿပီးရင္ေရာက္ၿပီလို႔ျပေနတယ္။
“ဒါဆိုလည္း အဲ့အတိုင္းလိုက္ခဲ့လိုက္ေလ”
“ဒါေပမယ့္ ကိုယ့္ေရွ႕မွာ ျမစ္ႀကီးပဲရွိေတာ့တယ္။” ဖူမင္ယယ္က ျပန္ေျပာသည္။။
“ကိုယ္က
ျမစ္ထဲခုန္ဆင္းၿပီး ပင္လယ္စာေတြ စားရမွာလား”
ခ်ီပိုင္ခ်ာေတြးလိုက္သည္။ “လမ္းေၾကာင္းေျပာင္းလိုက္။ ေျမပုံက အခုမွေဖာက္ထားတဲ့လမ္းေတြကို မထည့္ရေသးလို႔ေနမွာ။”
“တအားစိတ္ရႈပ္ဖို႔ေကာင္းတာပဲ” တစ္ဖက္ဖုန္းက အမ်ိဳးသားက စိတ္ေကာက္ေနေလၿပီ။ “ငတုံးnaviလို႔ေခၚရမယ္” အခုမွ မစၥတာခ်ာက ပထမဆုံး ညစာဒိတ္ဖို႔ေခၚပါတယ္ဆို။
သူတစ္နာရီေလာက္ေစာထြက္လာခဲ့တာေတာင္ အစုတ္အျပတ္စနစ္ေၾကာင့္ သူေနာက္က်သြားၿပီ။ ထို႔အျပင္ သူလမ္းေပ်ာက္ေနတာကိုလည္း မစၥတာခ်ီသိသြားလို႔ရွက္ေနေလၿပီ။
ဆိုးဝါးလြန္းလို႔ သူေသေအာင္စိတ္ရႈပ္ေနေလၿပီ။
ေတာ္လြန္းလွတဲ့ သူေဌးႀကီးလမ္းေပ်ာက္ပုံကလည္း ခ်စ္စရာႀကီးပါလား။
ထိုအျဖစ္အပ်က္က ဖူမင္ယယ္၏ ဩဇာတိကၠမႀကီးမားလွေသာ ပုံရိပ္ကို ေျပာင္းျပန္လွန္ပစ္လိုက္ကာ သူ႔အေပၚခ်ီပိုင္ခ်ာ၏အျမင္ကိုလည္း ေျပာင္းလဲသြားေစခဲ့သည္။
အခုေတာ့ ေသြးစုပ္ေကာင္က တစ္ပုံစံတည္းတူေသာ ေလသံ ေနာက္ဆုံးစကားလုံးကို ဆြဲေျပာလိုက္တာေတြကအစ တူညီစြာေျပာလာေတာ့ ခ်ီပိုင္ခ်ာ အနည္းငယ္ေတာ့ေၾကာင္သြားသည္။ သူတကယ္လည္းစိတ္ပူပင္လွၿပီ။သူအၾကာႀကီးထြက္လာတာေတာင္ အခုခ်ိန္ထိ မစၥတာဖူအေၾကာင္းကိုေတြးေနမိသည္။ အခုလည္းေသြးစုပ္ေကာင္ေျပာေသာ စကားသုံးလုံးကိုၾကားေတာ့ ဖူမင္ယယ္ကို သတိရသြားျပန္သည္။
မစၥတာဖူက ဘယ္လိုလုပ္ဒီမွာရွိေနမွာလဲ? သူက ဟိုဖက္ကမာၻမွာ သူအိမ္ျပန္အလာကိုေစာင့္ေနမွာ။ “ေဟး”
ေသြးစုပ္ေကာင္၏မ်က္လုံးေအးစက္စက္ေတြက သူ႔အေပၚကိုက်ေရာက္လာသည္။
“ဟင္?”
“မင္းကို သုံးမီတာအကြာမွာပဲေနဖို႔ေျပာထားတယ္ေနာ္” တစ္ဖက္လူက သူ႔ကိုသတိေပး၏။
ခ်ီပိုင္ခ်ာက ေခါင္းကိုငုံ႔ကာၾကည့္လိုက္သည္။ သူခုနက အေတြးမ်ားေနသည္မို႔ ေျခႏွစ္လွမ္းေရွ႕ေရာက္ေနသည္ကို သတိမထားမိေပ။
သူအေနာက္ကို ျပန္ဆုတ္လိုက္သည္။ “ဘာေတြအဲ့ေလာက္ ဇီဇာေၾကာင္ေနတာလဲ?”
“ငါ့အနားကေနသာ ေဝးေဝးေနစမ္းပါ။” ေသြးစုပ္ေကာင္က ခပ္ေခ်ေခ်ဆိုသည္။ “ငါ့မွာမိသားစုရွိတယ္”
ခ်ီပိုင္ခ်ာ : “ဟင္”
သူ႔မွာရွိသလို ငါ့မွာလည္းရွိတယ္ေလ။ အဲ့ဒါကို သူက ဘာေတြျဖစ္။ ဘယ္သူကေရာ သူ႔ကို လက္ထပ္မထားတဲ့လူလို႔ ထင္လို႔လဲ?
“ခင္ဗ်ားအေတြးလြန္ေနၿပီ” ခ်ီပိုင္ခ်ာက စိတ္ရင္းႏွင့္ေျပာလိုက္သည္။ မစၥတာဖူမွလြဲ၍ ဘယ္သတၱဝါကိုမွ သူမႀကိဳက္။
ေသြးစုပ္ေကာင္က ေငါ့၏။ “မင္းငါ့ကို ခုနက ၾကည့္ေနတာ ငါမျမင္ဖူးမ်ားမွတ္ေနလား? ငါကအရမ္းေသာက္ေခ်ာႀကီးျဖစ္ေနရင္ေတာင္ ငါ့ေယာက်ာ္းရဲ႕ေျခဖ်ားကို တစ္ေထာင္ပုံ ပုံလို႔မွ မမွီတဲ့မင္းလို နတ္သူငယ္႐ုပ္ရည္မ်ိဳးကို ငါက ရင္ကိုမခုန္တာ။ အဲ့က် လက္ေလွ်ာ့လိုက္။”
သူ၏မူလကမာၻတြင္ ဖူမင္ယယ္၏႐ုပ္ရည္က လက္ထပ္ၿပီးသားမိန္းမ အမ်ားစုကိုေတာင္ ခ်စ္ကြၽမ္းဝင္သြားေစႏိုင္သည္။ ပြဲေတြအမ်ားႀကီးတက္ေနစဥ္မွာေတာင္ သူ႔ရင္ခြင္ထဲခိုလႈံခ်င္သူက အမ်ားသား။ အရင္ကတည္းက “ေခြၽးသိပ္တတ္သည့္ အက်င့္ကို သူရထားခဲ့သည္။
ခုနက မစၥတာဖူကိုေတြးေနသည္မို႔ သူေၾကာင္အေနျခင္းျဖစ္သည္။ ဒီေသြးစုပ္ေကာင္က ဘာေတြအဲ့ေလာက္ ဘဝင္ကိုင္ေနတာလဲ?
ထို႔အျပင္ႏွင္းနတ္သူငယ္၏ပုံပန္းသြင္ျပင္ကလည္း ခ်စ္စရာေကာင္းစြာေခ်ာေမာသည္။ ၾကည့္ရတာ သူ႔မိန္းမကလည္း နတ္သမီးလို လွလို႔မ်ားလား?
“ကြၽန္ေတာ္က လက္ထပ္ထားၿပီးသား”
ခ်ီပိုင္ခ်ာက စာလုံးကိုဖိေျပာလိုက္၏။ “ကြၽန္ေတာ့္အမ်ိဳးသားကိုရွာခ်င္လို႔ အိမ္ကိုျပန္ခ်င္တာ။”
“အေကာင္းဆုံးေပါ့” ေသြးစုပ္ေကာင္က ေထ့ေငါ့ျပန္သည္။ “ငါက ငါ့မိန္းမကိုရွာၿပီး
မင္းက မင္းေယာက်ာ္းကိုရွာခ်င္တယ္။ မတူဘူး”
ခ်ီပိုင္ခ်ာက ေမးလိုက္သည္။ “ခင္ဗ်ားရဲ႕မိန္းမကေရာ ေပ်ာက္ေနတာလား?” ေသြးစုပ္ေကာင္အရႈိက္ထိသြားပုံေပၚသည္။ မ်က္ႏွာႀကီးမဲသြား၏။
သူမေျပာခင္ခဏေတာ့ႏႈတ္ဆိတ္သြားေသးသည္။ “မဟုတ္ဘူး ငါကေပ်ာက္ေနတာ။ ငါ့ရဲ႕ျဖစ္တည္မႈကလည္းမင္းလိုပဲ ေပ်ာက္ဆုံးေနတာ”
လူေတြႏွင့္ တူညီစြာကြဲကြာရသည့္ ကံၾကမၼာကို ခံစားရတာဘယ္လိုမ်ိဳးမ်ားလဲ?
သူတို႔ႏွစ္ဦးသားၿငိမ္သက္ေနၾကခ်ိန္တြင္ ေျမျပင္ေပၚကသစ္႐ြက္ေႂကြေတြက ႐ုတ္တရက္လႈပ္ရွားသြား၏။ လူပုေလးတစ္ေယာက္က သစ္႐ြက္ေတြဖုံးထားသည့္ေျမျပင္ကို လက္ျဖင့္ဖယ္ကာ တြင္းထဲမွ တက္လာခဲ့သည္။
သူထြက္လာလာခ်င္းမွာပင္ႏွင္းနတ္သူငယ္ႏွင့္ ေသြးစုပ္ေကာင္က ေအာက္ကို ငုံ႔ၾကည့္ေနၾက၏။
နတ္သူငယ္နဲ႔ ေသြးစုပ္ေကာင္က အတူတူရွိေနၾကတာတဲ့လား?
လူပုေလးပထမဆုံးထင္လိုက္သည္က ႏွင္းနတ္သူငယ္ကို ေသြးစုပ္ေကာင္က ဖမ္းထားသည္ဟူ၍။ အဲ့ဒီ႐ြံစရာေသြးစုပ္ေကာင္ေတြက နတ္သူငယ္ေတြဖမ္းရတာကို အေတာ္ႏွစ္သက္ၾကၿပီး နတ္သူငယ္ေတြကို ကာကြယ္ဖို႔ဆိုတာ လူပုတိုင္း၏တာဝန္ျဖစ္သည္။
သူခ်က္ခ်င္းပဲသူ႔ကိုယ္လုံးေသးေသးေလးကို ခ်ီပိုင္ခ်ာေရွ႕ပစ္ဝင္ကာေျပာလိုက္သည္။ “ေဟ့ေကာင္ ” ေသြးစုပ္ေကာင္ မင္းရဲတိုက္မင္းျပန္ကြာ။ ႏွင္းနတ္သူငယ္ေလးကိုဖမ္းသြားဖို႔စိတ္ေတာင္မကူးနဲ႔။”
ဖူမင္ယယ္မ်က္ခုံးတစ္ဖက္ျမင့္တက္သြားသည္။ “ရဲတိုက္က ဘယ္မလဲ?”
“ဟိုမွာေလ” လူပုေလးက တုန႔္ဆိုင္းျခင္းမရွိစြာျဖင့္ ဗန္ပိုင္းယားရဲတိုက္ႀကီးကိုထိုးျပလိုက္သည္။ ဖူမင္ယယ္ကႏွစ္ခါေတာင္ျပန္စဥ္းစားမေနဘဲ ထြက္သြားေတာ့၏။
ဒီႏွင္းနတ္သူငယ္က ပိန္းတဲ့ပုံပဲ။ သူ႔အေျခစိုက္စခန္းကိုျပန္မွပဲ သတင္းအစအနရေတာ့မွာ။
လူပုေလးကေတာ့ေၾကာင္ေနရစ္ခဲ့သည္။
ဒီလိုႀကီးထြက္သြားတာတဲ့လား? ဘာလက္နက္မွမ႐ြယ္ပဲနဲ႔ေလ?
ျမင္ဖူးသမွ်ထဲ ဒီေကာင္ထိန္းသိမ္းရအလြယ္ဆုံးျဖစ္လိမ့္မည္။
ဒါနဲ႔ ဘာလို႔ ဗန္ပိုင္းယားက ဗန္ပိုင္းယားရဲတိုက္ဘယ္နားရွိလဲလို႔ ေမးတာလဲ? လူပုေလး အမ်ားႀကီးစဥ္းစားမေနေတာ့ေပ။ သူ႔ေဘးက နတ္သူငယ္ကို စိုးရိမ္စြာျဖင့္ေမးလိုက္ေတာ့သည္။
“လန႔္သြားေသးလား”
“ေကာင္းတယ္။ ဒါဆို မင္းကို နတ္သူငယ္ေတာအုပ္ထဲပို႔ေပးမယ္ေလ” လူပုေလးက စိတ္အားထက္သန္စြာေျဖသည္။ “မဟုတ္လည္း ငါက လက္နက္လုပ္ဖို႔သလင္းမႈန္ေတြကို နတ္သူငယ္ေတြဆီက သြားယူခ်င္ေနတာ”
နတ္သူငယ္ေတြအတြက္ အျပင္ထြက္ဖို႔ဆိုတာ အႏၲရာယ္မ်ားလြန္းလွသည္မို႔
သလင္းမႈန္ေတြ၏သယ္ယူပို႔ေဆာင္ေရးကို လူပုေလးေတြကပဲ တာဝန္ယူရသည္။ လူပုေတြ၏ေသြးက ေသြးစုပ္ေကာင္ေတြအတြက္ အဆိပ္ျဖစ္ေစသည္မို႔ သူတို႔က အျပင္ထြက္လည္းလုံၿခဳံသည္။
ခ်ီပိုင္ခ်ာက တျဖည္းျဖည္းေပ်ာက္ကြယ္သြားေသာ ေသြးစုပ္ေကာင္၏ေနာက္ေက်ာကို ၾကည့္ကာ ေခါင္းကိုၿငိမ့္လိုက္ေတာ့သည္။
လူပုေလးက သူႏွင့္စကားေျပာ၏။ “မင္း ဒယ္နီရယ္နဲ႔ေတြ႕ခဲ့တာပဲ။ ငါသာနည္းနည္းေနာက္က်သြားရင္မင္းေသၿပီ။ အဲ့ေကာင္က အေတာ္ရက္စက္တာ”
“မေျပာတတ္ဘူး” က်န္တာမသိေပမင့္ ဘဝင္ကေတာ့ အေတာ္ေလးကိုင္သည္။
“မင္းကလည္း အရန္ေကာ။ မင္းလို နတ္သူငယ္ေသးေသးေလးက အျပင္မွာေလွ်ာက္ေျပးမေနရဘူးကြ။ အႏၲရာယ္မ်ားတယ္။”
“ဒီမွာ အႏၲရာယ္မ်ားတဲ့ေနရာေတြရွိေသးလား” ခ်ီပိုင္ခ်ာက ေလသံကိုမေျပာင္းဘဲေမးသည္။
ပုံမွန္ဆိုရင္ေတာ့ ယိုေပါက္အက္ေၾကာင္းေတြက ထူးဆန္းေသာျဖစ္ရပ္မ်ားႏွင့္ပူးတြဲျဖစ္တည္လာေလ့ရွိသည္။
ဥပမာ ေလထုညစ္ညမ္းမႈ၊ သမုဒၵရာဝဲ စသျဖင့္။ ဒီကမာၻ၏ ပုံမွန္မဟုတ္ေသာ ေနရာမ်ားကိုရွာႏိုင္ျခင္းသည္ ယိုေပါက္ရွာေတြ႕ျခင္းႏွင့္ အတူတူပင္ျဖစ္သည္။
“ ေသြးစုပ္ေကာင္ေတြနဲ႔တင္ မလုံေလာက္ေသးဘူးလား?”
“ကြၽန္ေတာ္ေျပာခ်င္တာက တျခားရွိေသးလားလို႔ပါ”
“တျခားလား?မေျပာတတ္ဘူး။ ေျမေအာက္ကမာၻက အေတာ္ေလးလုံၿခဳံတယ္ေလ။ ဒါေပမယ့္ သိပ္မၾကာေသးခင္ကေတာ့ သမုဒၵရာၾကမ္းျပင္မွာ အတြင္းပိုင္းပဋိပကၡေတြေတာ့ျဖစ္သြားတယ္။ ဒါေပမယ့္ဘယ္သူဂ႐ုစိုက္မွာလဲ? သူတို႔ရန္ျဖစ္ၾကတာေကာင္းတာေပါ့။
ဒါမွကမာၻႀကီးကိုပတ္သိမ္းဖို႔အေတြးေတြတစ္ေနကုန္မေတြးႏိုင္မွာ။ ဘာပဲျဖစ္ျဖစ္ပါ။ နတ္ဘုရားေတြေပ်ာက္ကြယ္သြားကတည္းက ေနရတာ မလုံၿခဳံေတာ့ဘူး။
သမုဒၵရာေအာက္ေျခ.....
ကမာၻ၄၉၃တြင္ ေရေအာက္ကမာၻရွိၿပီး အက္ေၾကာင္းရာေတြကေျမေပၚမွာထက္ ေရေအာက္ၾကမ္းျပင္တြင္ပိုႀကီးမားသည္။
“နတ္ဘုရားေတြက ဘယ္လိုေပ်ာက္ကြယ္သြားတာလဲ။”
ဒီကမာၻ၏မ်ိဳးစိတ္ေတြအကုန္လုံး နတ္ဘုရားေတြအေၾကာင္းကို သိၾကသည္။
စုန္းမPradaဟု အမည္ရေသာ Singer-backer systemတစ္ခုအေၾကာင္းကို သူမွတ္မိသည္။ ထိုအခ်ိန္တုန္းက ကမာၻ၄၉၃၏ကိစၥမို႔ ကမာၻနတ္ဘုရားမ်ားထံ သူစာပို႔ခဲ့ေသာ္လည္း ဘယ္သူကမွမတုန႔္ျပန္ၾကေပ။ ပင္လယ္နတ္ဘုရားကလည္း အလွမ္းေဝးလွသည္။
“ဟင္ မင္းအဲ့အေၾကာင္းကိုမသိဘူးလား?” လူပုေလးက တအံ့တၾသေမးသည္။ “မင္းက ဒီကမာၻမွာ
အခုမွေမြးခါစေနမွာ”
“ေသခ်ာတာေပါ့” ႏွစ္သန္းေပါင္းမ်ားစြာ ရွင္သန္လာသည့္ ႏွင္းနတ္ဘုရားက မ်က္ေတာင္တစ္ခ်က္မွ မခတ္ဘဲ ဆိုလိုက္သည္။
“ဒီလိုကြာ………” လူပုေလးက ကမာၻ၄၉၃အေၾကာင္းကို အေသးစိတ္ရွင္းျပသည္။
ဇာတ္လမ္းဆုံးေတာ့ နတ္သူငယ္ေတာအုပ္ကိုပင္ ေရာက္ေနေလၿပီ။