တိမ်စိုင်ကိုသစ်လွင်ဆီကအလုပ်ထွက်ပြီးတစ်ပတ်အကြာမှာအလုပ်အသစ်တစ်ခုထပ်ရလေသည်။
မြသွေးအကိုသက်ဖေလုပ်တဲ့စက်ရုံမှာပင်..
မြသွေးအကိုသက်ဖေကတိမ်စိုင်နဲ့ညီအကိုလိုခင်ရတဲ့သူပင်...
တိမ်စိုင်အလုပ်လုပ်နေရင်းဖုန်း၀င်လာတော့ကိုင်လိုက်တော့ငှက်ခါးဆီကပင်..
ငှက်ခါး - ''ကိုအလုပ်လုပ်ရတာအဆင်ပြေလား..''
တိမ်စိုင် - ''ကိုအဆင်ပြေပါတယ်မိန်းမ...''
ငှက်ခါး - ''ကိုထမင်းစားချိန်ကျရင်ငှက်ခါးထမင်းချိုင့်လာပို့ပေးမယ်နော်..''
တိမ်စိုင် - ''ဟာ!!အလုပ်ရှုပ်တယ်မပို့နဲ့ကိုအပြင်မှာဘဲ၀ယ်စားလိုက်မယ်...''
ငှက်ခါး - ''မိန်းမပို့ချင်လို့ပါဆို..''
တိမ်စိုင် - ''မင်းမှာမပေါ့မပါးနဲ့ကွာအိမ်မှာဘဲအေးဆေးနေစမ်းပါငှက်ခါးရာ...ကိုအတွက်စိတ်မပူပါနဲ့ကိုထမင်းစားချိန်ရောက်ရင်ကိုတင်ဖေနဲ့အတူသွားစားမှာပါ..''
ငှက်ခါး - ''အဲဆိုလဲပြီးရော..အလုပ်လုပ်နေတယ်မလားဒါဘဲ..''
တိမ်စိုင် - ''ကိုကမိန်းမပင်ပန်းမှာစိုးလို့ပါစိတ်တော့မကောက်ပါနဲ့နော်..ကိုညနေပြန်လာရင်မိန်းမကြိုက်တတ်တဲ့ခေါက်ဆွဲကြော်၀ယ်လာခဲ့မယ်နော်ဒါပဲနော်ချစ်ညနေကျတွေ့မယ်...''
တိမ်စိုင်ဖုန်းပြောပြီးဖုန်းချလိုက်တော့တင်ဖေက''မိန်းမကစိတ်မချလို့ဖုန်းဆက်တာလား..''
တိမ်စိုင် - ''ဟူတ်တာပေါ့ကိုဖေရာ...ကျနော်လိုလူချောတစ်ယောက်ကိုစိတ်မချတာဆန်းသလား..''
တင်ဖေ - ''ဟားဟားဟုတ်ပါပြီးကွာဒါလက်စသတ်ပြီးရင်ငါတို့ထမင်းသွားစားကြမယ်ကွာ..''
တိမ်စိုင် - ''ကောင်းပြီဗျာ..''
..........
ည၉နာရီ
ခွမ်း!!!
အမလေး!!!သူဌေးကယ်ပါအုန်း..သူဌေးမမလေးမမလေး..
ဦးရွှေမောင်အိမ်စေပြောတာကိုမစောင့်တော့ဘဲသမီးရှိရာအိပ်ခန်းဆီသို့ပြေးလာခဲ့လေသည်။အိပ်ခန်းတံခါးကိုဖွင့်လိုက်တော့သမီးဖြစ်သူမှာကြမ်းပြင်ပေါ်တွင်လဲကျနေပြီးလက်ကောက်၀တ်ကိုလည်းလှီးဖြတ်ထားတာကိုတွေ့ရလေသည်။
ဦးရွှေ - ''သမီးလေး..မြန်မြန်လူနာတင်ယာဥ်ခေါ်..''
ရွှေဘုံနန်းထက်တစ်ယောက်မှာတော့ဒီအခန်းထဲမလွတ်မြောက်နိုင်မှန်းသိတော့ကိုယ့်ကိုကိုယ့်အဆုံးစီရင်ခဲ့လေသည်။သို့သော်ကံကောင်ထောက်မစွာနဲ့ပင်အသက်မသေဘဲဆေးရုံသို့အချိန်မှီရောက်သွားခဲ့လေသည်။
ရွှေဘုံသတိရလာတော့ဘေးနားမှာအဖေကဘုံလက်ကလေးကိုဖွဖွလေးဆုတ်ကိုင်ထားလေသည်။
ဦးရွှေ - ''သမီးသတိရလာပြီးလား..''
ရွှေဘုံ - ''ဘုံသေချင်တာကိုဘာလို့ပေးမသေခဲ့တာလဲဒယ်ဒီ...''
ဦးရွှေ - ''သမီးလေးဒယ်ဒီသမီးလေး...သမီးကိုတော့ဒယ်ဒီအဆုံးရှုံးမခံနိုင်ဘူး..''
ရွှေဘုံကတော့ဖခင်ဖြစ်သူအားမကြည့်ဘဲတစ်ဖက်သို့လှည့်အိပ်သွားလေသည်။
ဦးရွှေ - ''သမီးလေးဘာလိူချင်လဲလိုချင်တာရှိရင်ဒယ်ဒီကိုပြောလေဒယ်ဒီဖြ်ည့ဆည်းပေးမယ်..''
ရွှေဘုံ - ''တကယ်ပြောတာလားလိုချင်တာကိုပြောရမှာလားဒယ်ဒီ...''
ဦးရွှေ - ''သမီးလိုချင်ဒယ်ဒီအကုန်ဖြည့်ဆည်းပေမယ်..''
ရွှေဘုံ - ''တိမ်စိုင်ကိုလိုချင်တယ်''
ဦးရွှေမောင်း - ''ဒါတော့..''
ရွှေဘုံ - ''တိမ်စိုင့်ကိုသမီးချစ်တယ်သမီးသူ့ကိုဘဲလက်ထပ်မယ်ဒယ်ဒီ..နေလက္ခယာကိုသမီးမချစ်ဘူး''
ဦးရွှေ - ''ခက်ပါလားငါ့သမီးရယ်..သမီးနေလက္ခယာကိုလက်မထပ်ချင်ရင်ဒယ်ဒီအတင်းမတောင်းဆိုဘူးဒါမယ့်တိမ်စိုင်နဲ့တော့သမီးထပ်ပြီးမပတ်သက်ပါနဲ့တော့...တိမ်စိုင်လူလွတ်တစ်ယောက်မဟုတ်တာသမီးလည်းသိနေရက်သားနဲ့ဘာလို့ခေါင်းမာနေရတာလဲ...''
ရွှေဘုံ - ''တိမ်စိူင်လူလွတ်တစ်ယောက်မဟူတ်လို့သမီးချစ်လို့မရဘူးဒယ်ဒီပြောချင်တာပေါ့..အဲဆိုလည်းဒယ်ဒီသူ့မိန်းမငှက်ခါးကိုသမီူအတွက်ရှင်းပေးလိုက်လေ..အဲဒါဆိုသမီးနဲ့တိမ်စိုင်လည်းအတူလက်ထပ်ပေါင်းသင်းလို့ရပြီးပေါ့...ဒယ်ဒီလုပ်ပေးနိုင်လား..''
ဦးရွှေ - ''တိတ်စမ်း!!!ရွှေဘုံနန်းထက်နင့်ကိုပညာသင်ထားပေးတာအခုလိုတွေယုတ်မာခိုင်းဖို့မဟုတ်ဘူး...ငါကဘာလို့သူများမိသားစုကိုဖျက်ဆီးပေးရမှာလဲ..နင်အခုထိအသိတရားမရှိသေးဘူးဘဲတောက်!!!ငါနင့်ကိုအရမ်းစိတ်ပျက်တာဘဲရွှေဘုံနန်းထက်''
ဦးရွှေမောင်းမှာသမီးဖြစ်သူရဲ့စကားကြောင့်စိတ်ဆိုးကာတောက်ခေါက်ပြီးအခန်းထဲမှာထွက်သွားလေသည်။
ရွှေဘုံ - ''ဘုံသိပါတယ်ဒယ်ဒီဘုံပြောတာကိုလက်မခံနိုင်ဘူးဆိုတာ..ဒယ်ဒီမလုပ်လည်းကိစ္စမရှိပါဘူးဘုံဘာသာဘဲငှက်ခါးကိုရှင်းပစ်ရမှာပေါ့..စိုင်မကြာခင်တို့တွေပြန်ဆုံကြမယ်နော်...''
ငှက်ခါး - ''သားလေးမေမေဟိုဘက်ခနသွားမယ်သားဒီမှာနေခဲ့..''
ငှက်ခါးဟိုဘက်ကိုကူးသွားချိန်းတစ်ဖက်ကလာတဲ့ကားဟာငှက်ခါးကို၀င်တိုက်သွားလေသည်။
ကျွီ!!!ဒုန်း!!!
အားငှက်ခါးးး
တိမ်စိူင်အိပ်ရာကနေအလန့်တကြားနိုးလာခဲ့လေသည်။
ငှက်ခါးလည်းတိမ်စိုင့်အသံကြောင့်လန့်နိုးလာခဲ့သည်။
ငှက်ခါး - ''ကို..ကိုဘာဖြစ်လို့လဲ..ကို..''
တိမ်စိူင် - ''ငှက်ခါး..မင်းမသေဘူးနော်''
ငှက်ခါး - ''ကိုဘာတွေပြောနေတာလဲ..''
တိမ်စိုင် - ''ကိုအိပ်မက်မက်တယ်အိမ်မက်ထဲမှာမင်းကိုကားတစ်စီးက၀င်တိုက်သွားတာ..ကိုမင်းသေပြီးထင်သွားတာ..''
ပြောရင်းငိုနေသောတိမ်စိုင်ကြောင့်ငှက်ခါးမှာတိမ်စိုင့်အားရင်ခွင်ထဲထွေးပွေ့ကာ''ဘာမဖြစ်ဘူးနော်..ငှက်ခါးမသေဘူးငှက်ခါးကိုနဲ့သားလေးအနားမှာဘဲတစ်သက်လုံးအတူနေသွားမယ်နော်''
တိမ်စိုင် လည်းတဖြည်းဖြည်းနဲ့ငှက်ခါးရင်ခွင်ထဲမှာအိပ်ပျော်သွားလေသည်။
တိမ်စိူင်ကျောလေးကိုပွတ်ပေးနေရင်တိမ်စိုင်ခေါင်းပေါ်သူမမှီကာအိပ်ပျော်သွားလေသည်။
################################