Lucky no.16 Change to no.6 (...
Від NangKhaingNiTun
3.2K 282 54
just about sweet love between real YiZhan couple❤️💚. Story no. 17 #crd cover photo Більше
Ep - 1
Ep - 2
Ep - 3
Ep - 5
Ep - 6 ( Final )
Ep - 4
447 44 7
Від NangKhaingNiTun
Xiao အိမ်တွင် ...
' ကျန့်ကျန့် ဒီနေ့တော့ မား တို့ရဲ့ ဆိုင်ကို လာမယ်မလား ...။'
' သား အငယ်လေးရဲ့ ဆိုင်ကို သွားပေးရအုံးမယ် မားမား ...။ သူက မီနူး ထပ်ဖြည့်ချင်တယ်တဲ့ ...။'
' သား က နေ့လည် ကျ အငယ်လေးရဲ့ ဆိုင်ကို သွားတယ်။ ည ကျလည်း အကိုကြီးရဲ့ ဆိုင်ကို သွားတယ်။ မားမား တို့ဆီကျ ဘယ်တော့လာမှာလဲ ...။'
' မင်းကလည်း သူ မအားသေးလို့ မလာတာလေ။ မင်းရဲ့ သားငယ်ကို သင်တန်း သွားတက်ခိုင်းဆိုတာကို မင်းပဲ မလွှတ်ချင်နေပြီးတော့ ...။'
ရှောင်မား သူ့ယောကျာ်း ပြောမှ သူ့သားကို ကြည့်လိုက်ပြီး ...
' သားငယ် ကရော သားရဲ့ အာ့ကော လို သင်တန်း သွားတက်ချင်လား ...။'
' မတက်ချင်ဘူး ...။ သား မားမား ကို မခွဲနိုင်ဘူး ...။'
ရှောင်းကျန့် မားမား ဘာမှမပြောခင် သူ့ညီကို စ လိုက်သည်။
' အချွဲလေး ... ပျင်းရင် ပျင်းတယ်ပေါ့ ...။'
' မပျင်းပါဘူး ...။ ကျနော် က မားမား ကို တစ်ယောက်တည်း မထားသွားချင်လို့ပါ ...။'
ရှောင်းကျန့် သူ့ညီလေးရဲ့ ပြန်ပြောလာတဲ့ စကားကြောင့် ပြုံးလိုက်ပြီး ...
' ကော တို့ ၄ ယောက်ထဲမှာ မားမား က မင်းကို အချစ်ဆုံး ဖြစ်နေပါပြီ။ ထပ်ချွဲပြ စရာ မလိုတော့ပါဘူး ...။'
' ချစ်ရမှာပေါ့ ...။ သားငယ်က မရတော့ဘူး ထင်ပြီးမှ ထပ်ရလာတာလေ။ သူ က ဘုရားက ပေးတဲ့ နောက်ဆုံး လက်ဆောင် ပဲ။'
' ချစ်ပါ ... ချစ်ပါ ...။ သား လည်း သားကို ပိုချစ်တဲ့ လူကိုပဲ ရှာလိုက်တော့မယ်။'
' သား မှာ ချစ်ရမယ့် သူ ရှိနေပြီလား ...။'
ရှောင်းကျန့် သူ့ကို မေးလာတဲ့ ပါး ကို ကြည့်လိုက်ပြီး ...
' သား ကတော့ သူ့ကို ချစ်နေပြီ။ သူလည်း သား ကို သဘောကျနေတဲ့ အရိပ်အယောင်တော့ တွေ့ပါတယ်။'
' သား အီတလီ မှာ စားဖိုမှုး သင်တန်း သွားတက်ရင်း တွေ့လာတာလား ...။'
ရှောင်းကျန့် မားမား ကို ခေါင်းခါပြလိုက်ပြီး ...
' မဟုတ်ပါဘူး ...။ သူနဲ့ တွေ့တာ ၃ ခါပဲ ရှိသေးတယ်။'
' ဘယ်လို !!!! ၃ ခါလေးကို သား က သူ့ကို ချစ်နေတယ်။ သူကလည်း သား ကို ပြန်ချစ်နေပြီပေါ့ ...။ ခေတ်ထက်တောင် မြန်နေပါကောလား ...။'
ရှောင်ပါး လည်း သူ့မိန်းမ ပြောတာကို လက်ခံသည်။ အဲ့ဒါကြောင့် ...
' သား သူ့ကို ချစ်နေတယ်ဆိုတာ ဘယ်အတိုင်းအတာထိကို ပြောတာလဲ ...။ ၃ ခါလောက်ပဲ မြင်ဖူးပြီး ချစ်နေပါတယ်ဆိုတာကတော့ ဆုံးဖြတ်ချက် ချတာ အရမ်းမမြန်နေဘူးလား ...။'
' မမြန်ဘူး ဆိုတာက သူကလည်း သား လိုပဲ ယောကျာ်းလေး ဖြစ်နေလို့ပါ။ ဒီခေတ်မှာ ယောကျာ်းလေး အချင်းချင်း ၊ မိန်းကလေး အချင်းချင်း ချစ် ကြိုက်ကြတာ မထူးဆန်းဘူး ဆိုပေမယ့် မြင်မြင်ချင်း ချစ်ကြတာတော့ အဲ့ဒီ တစ်ယောက်ကို တကယ် လက်ခံနိုင်လို့ပဲ လို့တော့ သား ယူဆချင်တယ်။'
' ဒါဆို မားမား တို့ရဲ့ သား သမီး ၄ ယောက်ထဲမှာ ကြားထဲက နှစ်ယောက်ကတော့ ကိုယ်ချစ်တာကို ယူ ကြမယ်ပေါ့။'
ရှောင်မား သူ့သား အလတ် ကို ပြောပြီးမှ ထမင်း စားနေတဲ့ သူ့သားငယ်ကို ကြည့်လိုက်ပြီး ...
' သားငယ် ကရော မားမား ကို ယောကျာ်းလေးပဲ ခေါ်လာပေးအုံးမှာလား။'
' မခေါ်ပါဘူး။ သား က ယောကျာ်းလည်း မယူဘူး။ မိန်းမ လည်း မယူဘူး။ မားမား နားမှာပဲ တစ်သက်လုံး နေမှာ။'
' ပြောသာပဲ ...။'
' မားမား မယုံရင် စောင့်ကြည့်ပေါ့ ...။'
ရှောင်းကျန့် ပါး နဲ့ မားမား ကို သေချာ ထပ်ကြည့်လိုက်ပြီး ...
' ပါး ၊ မားမား ... သား ချစ်နေတယ် ဆိုတဲ့ တစ်ယောက်က သား ထက် ၆ နှစ် ငယ် တယ်။'
ရှောင်မား ဒီတစ်ခါတော့ လက်ထဲက တူကို ချ မိသွားသည်။
ရှောင်ပါး လည်း စားနေတာကို ရပ်သွားတယ်။
' သူ့နာမည်က ဝမ်ရိပေါ်။ Wang Group က ပါ။ ပြီးတော့ သူက အခုမှ တက္ကသိုလ် ကျောင်းသား ပဲ ရှိသေးတယ်။'
' ကျန့်ကျန့် ရယ် ဘယ်လိုလုပ် ကလေး ကို သွားကြိုက်ရတာလဲ ...။ သူက အခုမှ ကျောင်းတက်နေတုန်းဆိုတော့ ကျောင်းမှာဆို ကောင်မလေး ချောချောလေးတွေကို နေ့တိုင်း မြင်မှာပဲ။ အဲ့ဒါကို သား ကို သူက အတည် သဘောကျနေတာလို့ ဘယ်လို သေချာပြောရဲတာလဲ ...။'
' သား ခံစားလို့ ရပါတယ်။ ပြီးတော့ သူက သူ့ ပါး နဲ့ မား နဲ့ သား ကို မိတ်ဆက်ပေးပြီးပြီ။'
ရှောင်မား သူ့သားရဲ့ စကားကြောင့် သူ့ ယောကျာ်းကို ကြည့်လိုက်ပြီး ...
' ယောကျာ်း ရှင် ဘာမှ မပြောတော့ဘူးလား။'
' Wang Group ကဆို ငါ သိတယ်။'
' သိရုံနဲ့ မရတော့ဘူးလေ။ အခု ရှင့်သား က သူများ သား ကို ချစ်နေပြီ။ သူတို့ မိသားစု အကြောင်း ဂဃဏန သိမှ ရတော့မှာ။'
' မားမား ကလည်း ပေါ်တိ က သူ့မှာ ရည်းစား မရှိဘူး လို့ သား ကို ပြောပြီးသားပါ။ ဘာတွေ ထပ်သိရအုံးမှာလဲ ...။ ပြီးတော့ သားတို့က တစ်ယောက်နဲ့ တစ်ယောက် ဖွင့်မပြောသေးတာပဲ ရှိတာ၊ သား သူ့အပေါ် ဘယ်လို ခံစားနေရတယ်၊ သူ သား အပေါ် ဘယ်လို သဘောထားနေတယ် ဆိုတာ သားတို့ချင်း နားလည်နေကြပြီ။'
ထိုစဉ် ...
' ထင်း' ဆိုတဲ့ အသံနဲ့ အတူ ဝင်လာတဲ့ မက်ဆေ့ ကြောင့် ရှောင်းကျန့် မားမား ကို ပြောနေရင်း ရပ်ပြီး ဖုန်းကို ယူကြည့်လိုက်သည်။
📩🦁 ' ကျန့်ကော ဒီနေ့ ဘယ်အချိန် ဆိုင်ကို လာမှာလဲ ...။'
ရှောင်းကျန့် စာကို ဖတ်ရင်း ပြုံးလိုက်ပြီး စာ ပြန်ပို့လိုက်သည်။
~~~~~~~
' ထင်း'
ရိပေါ် ဖုန်းကို ကြည့်နေတာ ဖြစ်တာကြောင့် မက်ဆေ့ ကို တန်းမြင်လိုက်ရတယ်။
📩🐰 'အခု ထမင်း စားပြီးတာနဲ့ ထွက်လာတော့မှာ။'
' ဘာလဲ ... ဘာပြန်ပြောလာတာလဲ ...။'
' အာ ... မား !!!!။'
ရိပေါ် သူ့မှာ ကျန့်ကော ရဲ့ မက်ဆေ့ကို အာရုံ စိုက်မိနေတုန်း ရုတ်တရက် နား နား ကပ်ပြီး မေးလာတဲ့ မား ကြောင့် လန့်သွားရသည်။
ဝမ်မား သူ့အမြင်ကနေ ကွယ်သွားတဲ့ မက်ဆေ့ ကို အတင်းလိုက်ကြည့်သည်။
' ဘာပြောလာတာလဲ လို့ ...။ မား ကိုလည်း ပြအုံးလေ။'
' မား ကလည်း ဘာလို့ အကုန်လုံး လိုက်သိချင်နေတာလဲ ...။ မနေ့ညလည်း သား ဆို ကျန့်ကော နဲ့ စကားကို ကောင်းကောင်း မပြောရဘူး။'
' ဖုန်းနံပတ် ရှိနေတာပဲ ...။ မနေ့ည ပြန်ရောက်တော့ မပြောဘူးလား ...။'
' မပြောရဘူး ...။ ဟိုနှစ်ကောင် video call ခေါ်လာနေတာနဲ့ တစ်ညလုံး ပြီးသွားတာ။ ကျန့်ကော နဲ့ ပြောမယ် လုပ်တော့ ညနက်နေပြီမို့ မခေါ်တော့တာ။'
( အက အကြောင်း ပြောကြတယ်ဆိုတာတော့ ထည့်မပြောတော့ပါ။ မဟုတ်ရင် ကျောင်း စောဆင်းပြီး စောစော အိမ်ပြန်မရောက်တာ ခုလို အက သွားလေ့ကျင့်နေတာလား ဆိုပြီး ရည်းစားလည်း မထားရပဲ လွတ်လပ်ခွင့်ပါ ပိတ်သွားမှာ။)
' အခုက ဘာပြောလာတာလဲ ...။'
' သူ့ကို ဆိုင် ဘယ်အချိန် သွားမလဲ မေးတာ ...။ ထမင်းစားပြီးရင် သွားတော့မှာတဲ့ ...။ အဲ့ဒါကြောင့် သားလည်း သွားတော့မယ်။'
ဝမ်ပါး သူ့သားရဲ့ စကားကြောင့် မျက်လုံး လှန်ကြည့်လိုက်ပြီး ...
' ဝမ်ဝမ် သားကို လွတ်လပ်ခွင့် ပေးထားတယ်ဆိုပေမယ့် ပညာရေးတော့ ထိခိုက်ပါစေဆိုပြီး ခွင့်မပြုပေးထားဘူးနော်။'
' ပါး ကလည်း သား ဘယ်တုန်းက စာမေးပွဲ ကျဖူးလို့လဲ ...။ စိတ်ချပါ ...။ ကျန့်ကော ကလည်း သားကို လမ်းမှားရောက်အောင် ဆွဲချမယ့်သူ မဟုတ်ပါဘူး။'
' သူ က သားနဲ့ အသက် ၆ နှစ်တောင် ကွာတာနော် ...။ သားဘက်က သူ့ကို တကယ်ပဲ အတည် လက်တွဲနိုင်ရဲ့လား ...။'
' ကျန့်ကော က သား ထက် အသက်ပဲ ကြီးတာပါ။ ဒါပေမယ့် ပါး နဲ့ မားတောင် ကျန့်ကော အသက် ၂၆ ဆိုတာ သူ ကိုယ်တိုင် ပြောရင်တောင် မယုံချင် ဖြစ်ကြသေးတယ်မလား။ အသက် ၆ နှစ် ကွာတာက မပြောရင် ဘယ်သူမှ မသိကြပါဘူး။'
ဝမ်မား သူ့ ယောကျာ်းကို အသာနေ ဆိုတဲ့ ပုံစံနဲ့ လေထဲကို လက် တစ်ချက် ပုတ်ပြလိုက်ပြီး ...
' ရှင် က ဘာကို စိတ်ပူနေတာလဲ ... ကျမ တို့ သား အသက်ငယ်နေတာကမှ ဟိုဘက်က မိဘတွေက စိတ်ပူရမှာ မဟုတ်ဘူးလား။ ကျမကတော့ ဘယ်လို ဖြစ်ဖြစ် သဘောတူတယ်။ ဝမ်ဝမ် ထက် အသက်ကြီးတော့ သူ့ကို ထိန်းပေးတဲ့ သူ နောက်တစ်ယောက် ရတာပေါ့။ ကျမ ကတော့ ကျေနပ်တယ်။'
' ငါလည်း သဘောမတူဘူး မပြောပါဘူး။ ငါတို့သား ကိုပဲ စိတ်ပူတာ။ သူ စိတ်ကစားတာ ဖြစ်မှာစိုးလို့။'
' အဲ့ဒါကတော့ ပါး နဲ့ မား စိတ်မပူပါနဲ့။ သားရဲ့ နှလုံးသားက ကျန့်ကော နဲ့ တွေ့မှ ပုံမှန် မဟုတ်တဲ့ နှုန်းနဲ့ ခုန်လာတာ။ အဲ့ဒါကြောင့် သား ရဲ့ ဘဝ လက်တွဲဖော်က ကျန့်ကော ပဲ ဖြစ်ရမယ်။'
' အင်း ...။ သေချာနေပြီ ဆိုလည်း မြန်မြန် ဖွင့်ပြောတော့ ...။ တော်ကြာ သူတို့ဘက် က မိသားစုက ယောကျာ်းလေး အချင်းချင်း မပေးစားနိုင်ဘူး ဆိုပြီး သူတို့ သားကို အတင်း မိန်းမ ပေးစားနေအုံးမယ်။'
ရိပေါ် မား ရဲ့ စကား ကြားပေမယ့် စိတ်မပူပါ။ ဘာလို့ဆို ကျန့်ကော ရဲ့ နှလုံးသား ကလည်း သူ့အတွက်ပဲ ဆိုတာ သေချာနေလို့ပင်။ ပြီးတော့ ကျန့်ကော ရဲ့ ညီမလေးကလည်း မိန်းကလေးချင်း ကြိုက်နေတာပဲမလား ...။
~~~~~~~~
' ဝမ်ရိပေါ် က ဒီနေ့ ဘာလို့ ကျောင်းကို အစောကြီး ရောက်နေတာလဲ ...။ ငါတို့ ဘာစာမှ ကူးစရာ မရှိဘူး မလား။'
ကျင်းရှင်း ခေါင်းခါပြလိုက်ပြီး ...
' မရှိဘူး။ မနေ့ည ဘာမှလည်း မပြောပါဘူး။ သူ့ကို အန်ကယ်က ဆူလိုက်လို့ အိမ်မှာ မနေချင်လို့ အစောကြီး လာလိုက်တာ ဖြစ်မှာပေါ့။'
' အဲ့ဒါဆိုလည်း ဘာလို့ ငါတို့ကို မခေါ်တာလဲ ...။ အဲ့ကောင် တစ်ခုခုတော့ တစ်ခုခုပဲ။ မနေ့ကလည်း သူ အရမ်း ရူးသွပ်တဲ့ အက ကို ဒုတိယ နေရာ ထားသွားတာ။ အခုလည်း မလာစဖူး ကျောင်းကို အစောကြီး ရောက်နေတယ်။'
' ကဲ ... လာပါ။ အတန်းဘက် သွားရအောင်။ ပြီးမှ အဲ့ကောင်ကို ခေါ်ပြီး ကန်တင်း ပြန်လာထိုင်မယ်။'
မင်ရိ ကျင်းရှင်း လည်ပင်းဖက် ခေါ်သွားတာကို ကို့ယို့ ကားရားနဲ့ ပါသွားရသည်။
ဒါပေမယ့် ...
' ဝမ်ရိပေါ် ရော ...။'
ကျင်းရှင်း မင်ရိ ပြောမှ သူလည်း လူ သိပ်မများသေးတဲ့ သူတို့ရဲ့ စာသင်ခန်းထဲမှာ ဝမ်ရိပေါ် လို မျက်နှာနဲ့ နှစ်ယောက် မရှိနိုင်တာကို သေချာ ပြူးပြဲ ရှာကြည့်နေပါတယ်။
' ငါ ထင်တော့ ထင်ပါတယ်။ အဲ့ကောင် ကျောင်းကိုသာ အစောကြီး လာချင် လာမယ်။ အတန်းထဲတော့ ဝင်ထိုင်နေမှာ မဟုတ်ဘူးဆိုတာ ...။'
ကျင်းရှင်း အခု အတန်းထဲမှာ ရိပေါ် ကို မတွေ့တော့မှ လေသံ တစ်မျိုး ထွက်လာတဲ့ မင်ရိ ကို အမြင်ကပ်စွာ ကြည့်လိုက်ပြီး ...
' အဲ့ဒီ ထင်နေတာကို ခုနကတည်းက ထုတ်ပြောရင် ငါတို့ နှစ်ယောက် ကန်တင်း နဲ့ အတန်း နဲ့ ကို နှစ်ခေါက် သွားစရာ မလိုတော့ဘူးပေါ့။'
' အဟီး ...။'
မင်ရိ သွားဖြီးပြရင်း အတန်းထဲ ပြန်ထွက်သွားတဲ့ ကျင်းရှင်း နောက်ကို လိုက်သွားလိုက်သည်။
' ငါ့ကို စောင့်အုံး ...။' လို့ အော် ပြီးတော့ပေါ့ ...။
~~~~~~~~
' အာ့ကော ပြောတဲ့ ဝမ်ရိပေါ် ဆိုတာ အဲ့တစ်ယောက်လား ...။'
ရှောင်းကျန့် သူ့ ညီလေး မေးဆတ်ပြတဲ့ နေရာကို ကြည့်တော့ ဆိုင်ထဲ ဝင်လာပြီး သူ ရှိတဲ့ ကောင်တာ ဘက်ကို ကြည့်နေတဲ့ ပေါ်တိ ကို တွေ့လိုက်ရတယ်။
' အင်း ... ကော သူ့ဆီ သွားလိုက်အုံးမယ်။'
ရိပေါ် မနေ့က သူ ထိုင်တဲ့ နေရာကိုပဲ သွားထိုင်စောင့်လိုက်သည်။
ရှောင်းကျန့် သူ လာနေတာကို သူ့ဆီက အကြည့်မခွါတဲ့ ပေါ်တိ ကြောင့် သူလည်း အကြည့်မလွှဲပဲ ပြန်ကြည့်လိုက်တော့ ကလေး က အကြည့်မခံနိုင်တော့တယ်ထင် အရင် အကြည့်လွှဲ သွားတယ်။
ရှောင်းကျန့် ရှက်သွားတဲ့ ကလေး ကို သူကပဲ အရင် စကား စ လိုက်သည်။
' ပေါ်တိ မနက်စာ စားခဲ့ပြီလား ...၊ ကော ဘာလုပ်ပေးရမလဲ ...။'
' ကျန့်ကော ဆီ မက်ဆေ့ ပို့တုန်းက မား တို့နဲ့ ထမင်း စားနေတာ။'
' ဪ ... အင်းပါ။ ဒါဆို တစ်ခုခု သောက်မလား ...။ ဘာ သောက်မလဲ ...။'
' ကျန့်ကော ကရော ဘာသောက်ရတာ ကြိုက်လဲ ...။'
' ဘာလဲ ... ကော သောက်သလို လိုက်သောက် မလို့လား ...။'
' အင်း ... ကော နဲ့ အကြိုက်တူချင်လို့ ...။'
' wow !!!!.'
ရှောင်းကျန့် ခုကျ ပြောရဲ ဆိုရဲ လာတဲ့ ကလေး ကြောင့် မျက်ခုံးတောင် ပင့်သွားရပြီး အာမေဋိတ်သံ ထွက်သွားရသည်။
' အကြိုက်တူရင် လု နေရမှာပေါ့။'
' လု နေရမှာ စိုးတယ် ဆိုရင်တော့ ...။ အဲ့အတွက်တော့ မပူပါနဲ့ ...။ ကျနော်က ကျန့်ကော လိုအပ်ရင်တောင် မရ ရအောင် ရှာပြီး ဖြည့်ဆည်းပေးမယ့် သူ ပါ။'
' အမယ် !!! စကားတွေ တတ်နေပါလား ...။ ကျောင်းတက်တာ စာ ကော ရရဲ့လား ...။ အဲ့လိုတွေ ပြောတတ်အောင်ပဲ လေ့ကျင့်နေတာလား ...။'
' ကျနော် ဘယ်သူ့ကိုမှ မပြောဖူးဘူး။ ပြောဖို့လည်း စိတ်ကူး မရှိဘူး။ ကျန့်ကော နဲ့ကျ တမင် တကာ စဉ်းစားစရာ မလိုပဲ သူ့ အလိုလို ထွက်လာတဲ့ စကားတွေပါ။'
' အဟင်း ...။'
ရှောင်းကျန့် ကောင်လေး ရဲ့ စကားကြောင့် ရှက်တာတော့ မဟုတ်ပေမယ့် သဘောကျတာကြောင့် တစ်ချက် ရယ်လိုက်ပြီး ...
' ဟုတ်ပါပြီ။ ဒါဆို ကော သောက်နေကျ ကော်ဖီ ကို ဖျော်လာပေးမယ်။ ကော က အခါး ကြိုက်တာနော် ...။ မင်း သောက်တတ်လို့လား ...။'
' ကျနော် ပြောပြီးပြီလေ ...။ ကော နဲ့ အကြိုက်တူချင် ပါတယ်ဆို ...။'
' အိုခေ ... အိုခေ ...။'
ရိပေါ် ကျန့်ကော ထွက်သွားတာနဲ့ သူ့ရဲ့ လိုင်း ဖွင့်ပြီး အကောင့်မှာ
" မွေးကတည်းက ပျောက်ဆုံးနေခဲ့ပြီး စစ်မှန်တဲ့ တစ်ဖက်ခြမ်း ကို ပြန်ရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်မှာ သူ ဟာ ကျနော့် လိုပဲ ယောကျာ်းလေး တစ်ယောက် ..." ဆိုတဲ့ ပိုစ့် တစ်ခု တင်လိုက်သည်။
~~~~~~~~~
ကျောင်းကန်တင်းမှာလည်း တောက် တခေါက် ခေါက် ဖြစ်နေတဲ့ ကောင်လေး တစ်ယောက် ရှိပါသည်။
' အဲ့ဒီ ဝမ်ရိပေါ် တကယ် ပဲ ဘယ်သွားနေတာလဲ ...။ သူ့ကားထဲမှာများ အိပ်နေတာလား ...။'
' မဖြစ်နိုင်ပါဘူး။ ရိပေါ် လား အဲ့လို စတိုင်လ် အပျက် ခံမှာ ...။'
' ဒါဆို ငါ ဖုန်းပဲ ဆက်လိုက်တော့မယ်။'
ကျင်းရှင်း ဖုန်းဆက်မယ် ဆိုတဲ့ မင်ရိ ကြောင့် သူလည်း လိုင်းသုံးဖို့ ဖုန်းထုတ်လိုက်သည်။
မင်ရိ ဖုန်း ခေါ်ပြီး နား နား ကပ်ထားလိုက်တော့ ဖုန်း က ဝင်ပေမယ့် ကိုင်မယ့်သူ မရှိပါ။
ကျင်းရှင်း မြင်လိုက်ရတဲ့ ပိုစ့် တစ်ခုကြောင့် ဖုန်းဆက်နေတဲ့ မင်ရိ ကို လက်တို့ လိုက်ပြီး ဖုန်းကို ထောင်ပြလိုက်သည်။
' ဝမ်ရိပေါ် ဘယ်သူ့ကို ရည်ရွယ်ပြီး တင်ထားတာလဲ ...။'
' ဘယ်သူ ရှိရမှာလဲ။ ရှောင်းကျန့် ကော ကိုပဲပေါ့။'
' ဘာ !!!!!.'
မင်ရိ ကြားလိုက်ရတဲ့ စကားကြောင့် မျက်ဝန်းတွေ ပြူးထွက်လာပြီး ဘာ !!! နေအောင် အော် လိုက်သည်။
' မင်း ဘာလို့ ငါ့ရှေ့မှာ လာ "ဘာ" နေတာလဲ ...။'
' ငါ အံ့ဩ လို့လေ။ ငါ သူ့ရှေ့မှာပဲ ပြောခဲ့ပါတယ်။ ငါ ရှောင်းကျန့် ကော ကို လိုက်မယ်ဆိုတာ ...။ အဲ့ဒါကို သူက ဘယ်လိုလုပ် ကိုယ့် သူငယ်ချင်း အပေါ် ကို လုပ်ရက်တာလဲ ...။'
ကျင်းရှင်း သနား လိုက်တာ ဆိုတဲ့ ပုံစံနဲ့ ခေါင်းကို ခါရမ်းလိုက်ပြီး ...
' လိုက် တိုင်း ရှောင်းကျန့် ကော က မင်း ကို ပြန်ကြိုက်မယ် ထင်လား ...။ စကတည်းက မင်း ထက် ရိပေါ် ကိုပဲ သူ ပိုသတိပြုမိနေတာ။'
မင်ရိ ငိုချင်တဲ့ ရုပ်နဲ့ ကျင်းရှင်း ကို ကြည့်လိုက်ပြီး ...
' အဲ့ဒါကို မင်း က ဘာလို့ ငါ့ကို မပြောတာလဲ ...။ ငါက ရိပေါ် လောက် မချောပေမယ့် တစ်ခြား လူတွေနဲ့ ယှဉ်ရင် ပိုချောတဲ့ စာရင်း ဝင်ပါတယ်။'
' အခု ရှောင်းကျန့် ကော က မင်း ကို ကြည့်ကို မကြည့်တာလေ ...။'
' ချီ ကျင်း ရှင်း !!!!!.'
' ဟာ ... အော် နေလိုက်တာ ...။ မင်း ကန်တင်း ထိုင်မှာလား မထိုင်ဘူးလား။ မင်း မထိုင်လည်း ငါ တော့ ထိုင်မယ်။ မင်း ကြောင့် အာရုံ နောက်သွားပြီ။ ကော်ဖီ နဲ့ ဆေးမှ ရတော့မယ်။'
' သူတောင်းစား !!!! ကိုယ့် သူငယ်ချင်း ကို အားပေးမယ် မရှိဘူး ...။'
မင်ရိ သူ ဘာပြောပြော ဂရုမစိုက်ပဲ နေရာ ရှာပြီး သွားထိုင်နေပြီ ဖြစ်တဲ့ ကျင်းရှင်း ကို ကြည့်ရင်း ပွစိ ပွစိ ပြောပြီး နောက်က လိုက်သွားလိုက်သည်။
~~~~~~~~~
' ရော့ ... ကော်ဖီ ... သောက်ကြည့်အုံး ...။'
ရိပေါ် ကော်ဖီ ခွက်ပေါ်က အမြှုပ်ကို ပန်ဒါ ရုပ် ပုံဖော်ထားတာကို ကြည့်ပြီး ကျန့်ကော ကို သူ့ခံစားချက်ကို သိအောင် ပြောဖို့ တွေးလိုက်သည်။
' ပုံဖော်တာက ဘာလို့ အသဲ ပုံ မဟုတ်ပဲ ပန်ဒါ ပုံလဲ ...။'
ရှောင်းကျန့် သူ့ မျက်နှာကို ကြည့်ရင်း ပြောလာတဲ့ ပေါ်တိ ကို မတည် မပြုံးနဲ့ ပြန်ကြည့်လိုက်ပြီး ...
' အသဲ ပုံက တစ်ထပ်တည်းဆို မလှဘူးလေ။ ဒါပေမယ့် နှစ်ထပ် လုပ်ပေးရအောင် ထပ်တူညီ ပြီလားဆိုတာလည်း မသေချာဘူးလေ။'
' ကျန့်ကော ဘက်က မသေချာတာလား ...။ ကျနော်က ကျန့်ကော ထက် ၆ နှစ်ငယ်နေတော့ စိတ်ကစားတာပဲ ဖြစ်မှာပါ လို့ တွေးပြီးတော့လေ။'
' အဟင်း ...'
ရှောင်းကျန့် သူ့ကို ရည်းစား စကား ပြောတာကလည်း သူ့ဘက် သူ ယက်ပြီး ပြောနေတဲ့ ကောင်လေး ကြောင့် ရယ် လိုက်ရင်း ...
' ပေါ်တိ က အခု ကော ကို ဘာပြောချင်နေတာလဲ ...။'
' ကျန့်ကော ကို ကျနော့် ဘဝရဲ့ လက်တွဲဖော် အဖြစ် အတူ လက်တွဲ သွားချင်တယ်။'
' မင်း ဟာကလဲ ... မင်းရဲ့ အသက်အရွယ် နဲ့ လိုက်ပြီး ရည်းစား စကား ပြောနေသလား အောက်မေ့ ရတယ်။ ကျနော် ကျန့်ကော ကို ချစ်တယ် ဆိုပြီး အရင် လာရမှာ မဟုတ်ဘူးလား ...။'
' ကျနော် ကျန့်ကော ကို ချစ်တာထက် ပိုသေချာနေလို့ပါ ...။'
' အဟွန်း !!!!.'
ရှောင်းကျန့် ဒီတစ်ခါတော့ ပေါ်တိ ရဲ့ စကား တတ်တာကို သဘောကျသွားသည်။
' ကျန့်ကော လည်း ကျနော် နဲ့ ထပ်တူ ခံစားရတယ် မလား ...။'
' ကော က အိမ်ကိုတောင် ပြောထားပြီးပြီ ...။'
ရိပေါ် မျက်နှာ နီရင်းနဲ့ ပြောလာတဲ့ ကျန့်ကော ရဲ့ စကားကြောင့် မြတ်နိုးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြုံးလိုက်သည်။
ဆိုင်ထဲမှာလည်း ဖြစ်ပြီး၊ ကျန့်ကော ရဲ့ ဆိုင် ဖြစ်နေတာကြောင့် မြတ်နိုးတဲ့ အကြည့် ကြည့်ရုံက လွှဲပြီး အဆင့်တော့ မတက်ရဲပါ။
~~~~~~~~
ကျောင်းဆင်းချိန် ရောက်တော့ ကောင်လေး ၃ ယောက် အက လေ့ကျင့်တဲ့ နေရာကို ဆက်သွားကြသည်။ ဒါပေမယ့် ဝမ်ရိပေါ်ကတော့ တစ်ယောက်တည်း မဟုတ်ပဲ သူ့ရဲ့ ချစ်သူကို ခေါ်လာပါတယ်။
' ကျန့်ကော ... လာ ...။'
ရှောင်းကျန့် သူ့ကို လက်ဆွဲဖို့ လက်ကမ်းလာတဲ့ ပေါ်တိ ရဲ့ လက်ထဲကို သူ့လက် ကို ထည့်ပေးလိုက်သည်။
သူတို့ အက လေ့ကျင့်တဲ့ နေရာကို ဝင်လာတော့ အကုန်လုံးရဲ့ မျက်လုံးတွေ သူတို့ နှစ်ယောက်ဆီ စုပြုံကျလာတယ်။
ရှောင်းကျန့် ပေါ်တိ တောင် ဂရုမစိုက်ပဲ သူ့လက်ကို တွဲထားရဲမှတော့ သူလည်း ပေါ်တိ ကိုပဲ ကြည့်ပြီး တစ်ခြား မျက်လုံးတွေကို လျစ်လျူရှုလိုက်သည်။
' ကျန့်ကော ဒီမှာ ထိုင်စောင့်နေ ...။ ကျနော် ဒီနေ့ တစ်ယောက်တည်းပဲ အရင် ကျင့်မယ်ဆိုတာ သူတို့ကို သွားပြောလိုက်အုံးမယ်။'
' အင်း ...။'
~~~~~~~~~~
' ဖြောင်း ... ဖြောင်း ... ဖြောင်း ...။'
ရိပေါ် သူ လက်ခုပ်တီးလိုက်တော့ သူ့ရဲ့ အက လေ့ကျင့်တဲ့ အဖွဲ့ တွေ သူ့ အနား ရောက်လာကြတယ်။
မင်ရိ နဲ့ ကျင်းရှင်း လည်း ဆရာကြီး ဝမ်ရိပေါ် ဘာများ ညွှန်ကြားအုံးမလဲ ဆိုပြီး မင်ရိ ကတော့ သိပ်အမြင် မကြည်တဲ့ မျက်နှာ ရောက်လာတယ်။
' ဒီနေ့တော့ မင်ရိ နဲ့ ကျင်းရှင်း က မင်းတို့နဲ့ အတူ လေ့ကျင့် ပေးလိမ့်မယ်။'
မင်ရိ နဂိုတည်းက မကြည်ပါဘူးဆိုတဲ့ စိတ်က ပေါက်လာပါတော့သည်။
' မင်း ကျ လာပြီး အိပ်နေမလို့လား ...။'
ရိပေါ် မင်ရိ ကို မကြည့်ပဲ သူ့ကို မင်ရိ ကော ပြောသလိုပဲလား ဆိုတဲ့ အမေး မျက်လုံးတွေ ကြည့်လာတဲ့ သူ့အဖွဲ့တွေကို ကြည့်ရင်း ...
' ငါက တစ်ယောက်တည်း ထပ်ဖြည့်မယ့် အကွက် အသစ်ကို အရင် လေ့ကျင့်မှာ။ မင်း နဲ့ ကျင်းရှင်းက ငါတို့ တိုင်ပင်ထားသလို သူတို့နဲ့ အရင် ကျင့်ပေးလိုက်။'
' ရတယ်လေ ...။'
' အိုခေ ...။ ဒါဆို ငါ ထားခဲ့လိုက်တော့မယ်။'
မင်ရိ ထွက်သွားတဲ့ ရိပေါ် ကို ကြည့်ပြီးမှ ကျန်ခဲ့တဲ့ ကျင်းရှင်း ကို စူပုပ် ကြည့်လိုက်ရင်း ...
' ပါးစပ်နဲ့ ထွင် ထားတဲ့ အက ကို "ရ တယ်" ဆိုတဲ့ မင်း ကပဲ သူတို့ကို လေ့ကျင့်ပေးလိုက်။ ငါတော့ မတတ်ဘူး ...။'
ကျင်းရှင်း ဘာမဟုတ်တာကို ကလေး လို စိတ်ကောက်နေတဲ့ မင်ရိ ကို ထားပြီး လေ့ကျင့်ဖို့ ပြင်ဆင်လိုက်သည်။
~~~~~~~~
' ကျန့်ကော ... ပျင်းနေပြီလား ...။'
' မပျင်းပါဘူး။ ပေါ်တိ အက လေ့ကျင့်တာ ကြည့်ရမှာပဲလေ။ ဒါက ဘယ်သူမှ မကြည့်ရခင် ကော ပဲ အရင်ဆုံး ကြည့်ရမှာပေါ့နော် ...။'
' ဟုတ်တယ်။ ပြီးတော့ ဒီနေ့က ကျနော် က ကွက် အသစ် ထွင်ကြည့်မလို့ ...။ ဒါက ဟိုနှစ်ကောင်တောင် မသိသေးဘူး။'
' Wow !!! မိုက်တယ် ...။'
ရိပေါ် သူ့ကို ပြုံးပြပြီး လက်မ နှစ်ဖက် ထောင်ပြလာတဲ့ ကျန့်ကော ကို ကြည့်နေရင်း ကျန့်ကော ရဲ့ နှုတ်ခမ်းကို ထိတွေ့ကြည့်ချင်လာတာကြောင့် ထိုင်ခုံမှာ ထိုင်နေတဲ့ ကျန့်ကော ဆီ သွားပြီး ဘာမှ အချက် မပြပဲ ဘလိုင်းကြီး ခေါင်းစောင်းချရင်း ကျန့်ကော ရဲ့ နှုတ်ခမ်းကို ထိကပ်လိုက်သည်။
ဒါပေမယ့် ထင်ထားသလို ထိကပ်ကြည့်ရုံ ထိပြီး ပြန်ရုတ်မယ်ဆိုတဲ့ အတွေးကို မထိန်းချုပ်နိုင်တော့ပါ။
ရိပေါ် သူ့ကို ပြန်နမ်းလာတဲ့ ကျန့်ကော ကြောင့် ခေါင်းစောင်းချရင်း ဆက်မနမ်းတော့ပဲ ထိုင်နေတဲ့ ကျန့်ကော ကို ဆွဲထူပြီး သူတို့ နှစ်ယောက်လုံးကို မြင်နေရတဲ့ မှန်နားမှာ ကျန့်ကော ကို ကပ်ပစ်ရင်း မက်မက် မောမောနဲ့ အနမ်းတွေ ရှေ့ဆက်လိုက်သည်။
ရှောင်းကျန့် သူ ချစ်တဲ့ သူနဲ့ ဆိုတဲ့ အသိကြောင့်ရော ခုမှ ကြုံဖူးတဲ့ အထိ အတွေ့ကြောင့် သူ ကိုယ်တိုင်လည်း အလိုတူ အလိုပါ ဖြစ်နေပါတယ်။
ရှောင်းကျန့် သူ့ရဲ့ င်္အကျီ အထဲကို လက်လျိုပြီး ပွတ်သပ်လာတဲ့ ပေါ်တိ ကြောင့် သူ က လက်ကို ဖမ်းကိုင်ထားတော့ ပေါ်တိ ကလည်း နမ်းနေတာ ရပ်ပြီး သူ့ကို ကြည့်လာတယ်။
' ကျန့်ကော ... ဘာလို့လဲ?.'
' ဒီထဲမှာ ... ဖြစ်ပါ့မလား ...။'
' ဘာမှမဖြစ်ဘူး။ ကျနော် လောခ့် ချ ထားပြီးသား။'
' အင်း !!!!.'
အပြင်မှာ အဖွဲ့တွေနဲ့ လေ့ကျင့်တဲ့ လူတွေက ချွေးသီးသီး ကျနေသလို ...
အခန်းထဲမှာ တစ်ကိုယ်တော် လေ့ကျင့်မယ်ဆိုတဲ့ ဝမ်ရိပေါ်ကလည်း ချွေး သီးသီး ကျနေပါတယ်။ ဒါပေမယ့် သူ့အတွက် မောပန်းမှုဆိုတာ မရှိပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.09.18 ( Mon )
Zawgyi
Xiao အိမ်တွင် ...
' ပြောသာပဲ ...။'
ထိုစဉ် ...
~~~~~~~
' ထင်း'
' အာ ... မား !!!!။'
' ဘာပြောလာတာလဲ လို့ ...။ မား ကိုလည်း ပြအုံးလေ။'
' အခုက ဘာပြောလာတာလဲ ...။'
~~~~~~~~
ဒါပေမယ့် ...
' ဝမ်ရိပေါ် ရော ...။'
' အဟီး ...။'
~~~~~~~~
' wow !!!!.'
' အဟင်း ...။'
' အိုခေ ... အိုခေ ...။'
~~~~~~~~~
' ဘာ !!!!!.'
' ချီ ကျင်း ရှင်း !!!!!.'
~~~~~~~~~
' အဟင်း ...'
' အဟွန်း !!!!.'
~~~~~~~~
' ကျန့်ကော ... လာ ...။'
' အင်း ...။'
~~~~~~~~~~
' ရတယ်လေ ...။'
~~~~~~~~
' Wow !!! မိုက်တယ် ...။'
' ကျန့်ကော ... ဘာလို့လဲ?.'
' ဒီထဲမှာ ... ဖြစ်ပါ့မလား ...။'
' အင်း !!!!.'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.09.18 ( Mon )
Продовжити читання
Вам також сподобається
2.9K 64 6
Your father died when you were young due to an illness and your mom is a treasure hunter. One day you won a contest to create your own archetype of c...
534K 16.8K 58
Jocelyn Smith, a 32 year old divorced college professor, was married to her high school sweet heart right after college once they realized that she w...
23.5K 2.1K 16
Yizhan Not zhanyi Start date . 14.4.2022 End date....14.7.2022 Photo cover #crd ကိုယ့်ရဲ့စိတ်ကူးယဉ်ကမ္ဘာလေးကို ပုံဖော်မှာမို့ ယုတ်တိမရှိတာတွေ ပါလာတာမ...
10.9K 515 11
ကွဲပြားခြင်းများစွာနဲ့ လူနှစ်ယောက်