UNSTOPPABLE LOVE {Ongoing}

By May_Soe1

1.1K 76 6

တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးဟာအထင်လွဲမှုတစ်ခုကြောင့်ကွဲကွာသွားကြတဲ့အခါ.... အထင်လွှဲမှုဟာဒီအ... More

UL Intro
Character Intro
1🌷
2🌷
3🌷
4🌷
5🌷
6🌷
8🌷

7🌷

46 2 0
By May_Soe1

Uni

ဟော်တယ်ရဲ့အလုပ်ခန်းထဲတွင်
လင်းကို ရှိနေခြင်းဖြစ်သည်....

”ရဲတွေကဘာလို့များသေနတ်ကိုရှာမတွေ့သွားရတာလဲကွာ....”

လင်းကို တစ်ယောက်ထဲရေရွတ်ရင်းတံခါးခေါက်သံနဲ့အတူဝင်လာတဲ့သူကိုကြည့်လိုက်တော့ လင်းစက်ဖြစ်နေတာကြောင့်....

”လင်းစက် ဘာကိစ္စရှိလို့လဲ...အစ်ကို့ကိုဒီထိလာတွေ့တယ်ဆိုတော့...”

လင်းစက် အစ်ကိုရှိရာဆီလျှောက်သွားလိုက်ကာ....

”ကျွန်တော်က စိတ်ပူလို့ပါ...ဒါမို့ အစ်ကို့ကိုလာကြည့်တာ....”

”သက်သာသွားပါပြီ....လက်ကဘာဖြစ်တာလဲ...”

”အား...ရုတ်တရပ်ဖန်ကွဲစနဲ့လက်နဲ့ခြစ်မိတာ...ဘာမှသိပ်မဖြစ်ပါဘူး...ဒါနဲ့ရဲတွေဆက်သွယ်လာသေးလား...
အစ်မနဒီ အလောင်းကိုဘယ်အချိန်ကတွေ့တာတဲ့လဲ...

”မသိသေးဘူး...”

”ကျွန်တော်လည်း သံသယဝင်နေတာ..အစ်မနဒီတစ်ကယ်ဘဲဘာတွေဖြစ်ခဲ့တာလဲ....”

သူတို့နှစ်ယောက်စကားပြောနေရင်းမှာဘဲတံခါးကိုဖွင့်ကာဝင်လာတဲ့မာန်..

”မောင်..စခန်းကနေပြန်ရောက်လာပြီလား...”

လင်းစက် သူပြောတာကိုလျစ်လျူရှုကာအစ်ကိုဦး ရဲ့အင်္ကျီကိုဆွဲလာတဲ့ မောင့် ကြောင့်တားရတော့သည်...

” ဒီမှာ မောင်...ဘာလုပ်တာလဲ...”

”အစ်ကို အစ်မနဒီကိုသစ္စာဖောက်ခဲ့တာမလား...”

”မင်းဘာတွေလာလျှောက်ပြောနေတာလဲ..”

”အစ်ကို့မှာနောက်မိန်းမရှိနေတာမလား...ဖြေလေ...”

”မောင် အစ်ကို့ကိုအရင်လွှတ်လိုက်ပါဦး....”

”အစ်ကို့နောက်မိန်းမကို အစ်မနဲ့သွားထပ်ရှုပ်ခိုင်းခဲ့တာမလား....အစ်ကိုအဲ့လိုဘဲလွှတ်ပေးလိုက်တယ်ပေါ့...”

”မင်းအရမ်းလွန်နေပြီနော် မျိုးခေတ်..”

လင်းကို သူ့ကိုအတင်းဆွဲကာမေးနေတဲ့မျိုးခေတ်ကြောင့်ဒေါသထွက်လာရသည်.....

”အဲ့ဆိုဖြေလေ....”

”မောင်...တော်တော့...တော်ပါတော့မောင်.....”

မေခတ္တာနဲ့အတူအစ်မနဒီရဲ့အတွင်းရေးမှူးရောက်လာမှပင်မောင့်ကိုဆွဲလို့ရတော့သည်....

”နင်ဘာဖြစ်နေတာလဲ မာန်...ဘာလို့အစ်ကိုလင်းကိုသွားလုပ်ရတာလဲ...”

ခတ္တာ မာန့်ရဲ့လက်ကိုဆွဲလို့တားရင်းမေးမိသည်....

”စိတ်အေးအေးထားလို့မရတော့ဘူးလား...ဘာလို့ကောင်းကောင်းမွန်မွန်မပြောဆိုကြတာလဲ....”

”ကိုကိုကိုယ်တိုင်..ကိုကို့ရဲ့အစ်ကိုကိုမေးကြည့်လိုက်လေ သူအစ်မကိုဖောက်ပြန်ခဲ့လို့ အစ်မဘယ်လောက်တောင်သောကပင်လယ်ဝေခဲ့ရလဲဆိုတာ...”

လင်းစက် မောင့်ရဲ့အပြောကြောင့်အစ်ကိုဦးကိုပြန်လှည့်ကြည့်လိုက်သည်...

”အစ်ကို ဘာမှမလုပ်ထားဘူးနော်
လင်းစက်....”

မာန် သူ့အရှေ့ရှိမျက်နှာပြောင်တိုက်စွာပြောလာတဲ့သူကြောင့်ဒေါသထွက်လာကာပြေးထိုးမည်ပြုတော့ ခတ္တာနဲ့အတူအစ်မနဒီရဲ့အတွင်းရေးမှူးကတားကြတာကြောင့်လိုရာမရောက်လိုက်....

”‌ မောင်...‌ မောင်ကသာနားလည်မှုလွဲနေတာ ကိုယ့်အစ်ကိုကဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး....”

”နင်အရင်ဆုံးအသိစိတ်ကိုကပ်ထားရမယ်နော်....ငါနဲ့လိုက်လာခဲ့....”

ခတ္တာ ပြောရင်းမာန့် ကိုဆွဲထုတ်လာခဲ့တော့သည်....

”ကို လင်းကိုဦး ဘာမှမဖြစ်ဘူးမလား....”

လင်းစက် သူတို့ကိုကူညီပေးခဲ့တဲ့
အစ်မနဒီရဲ့အတွင်းရေးမှူးဖြစ်သူကိုကျေးဇူးတင်စကားဆိုလိုက်သည်....

”ကျေးဇူးပါနော်...”

”ဟုတ်ကဲ့....”
.........
”နင်ဘာဖြစ်တာလဲ...နင်ဘယ်လိုလို့သွားသောင်းကျန်းနိုင်ရတာလဲ မာန်..”

”သူ အစ်မကိုဖောက်ပြန်လို့လေ...”

”နင်ပြောချင်တာက အစ်မနဒီ ကိုယ့်ကိုကိုယ်သတ်သေရတာအဲ့ဒီ့ကိစ္စကြောင့်ပေါ့လေ.....”

”ငါလည်းမသိဘူး....”

”ငါနင့်ကိုနားလည်တယ်နော် မာန်.ဒါပေမယ့်ဘာဘဲဖြစ်ဖြစ်နင်ဒီ့ထက်ပိုပြီးစိတ်အေးအေးထားရမယ် နားလည်လား...အစ်ကိုလင်းက အစ်ကိုလင်းစက်ရဲ့အစ်ကိုနော်....”

မာန် ဖုန်းမှအချက်ပေးသံကြောင်းကြည့်လိုက်တော့ဖုန်းတစ်ခုရဲ့တည်​နေရာပြမှုတစ်ခုဖြစ်သည်....

ဒါကြောင့် ခတ္တာနဲ့စကားဆက်မပြောနိုင်တော့ဘဲထိုနေရာသို့အမြန်လိုက်သွားမိသည်....

”မာန်...မာန် ဘယ်သွားမှာလဲ.....

မယားငယ်မရှိနေသေးတာလား....”

ခတ္တာ တစ်ယောက်ထဲရေရွတ်ရင်းပြောလိုက်သည်....

သူတို့နှစ်ယောက်လုံးသတိမထားမိတာကတော့တစ်နေရာမှရပ်လို့ကြည့်ကာပြန်လှည့်ထွက်သွားခဲ့သော
လင်းစက် ကိုဖြစ်သည်....
......

”ဟွေး...ဘာလုပ်ရမလဲရှာလို့လည်းမတွေ့ဘူး....”

ယုယ onlineပေါ်မှသေနတ်အမျိုးအစားတွေကိုကြည့်ကာပြောလိုက်ခြင်းဖြစ်သည်...

”အခုဘာလဲနင်ကသေနတ်တွေကိုစိတ်ဝင်စားသွားတာလား...”

ယုယ တစ်ယောက်ထဲရှာနေတုန်းဘေးမှပြောလိုက်တဲ့သူကြောင့်လန့်သွားကာဖုန်းကိုမှောက်ချလိုက်သည်...

”မဟုတ်ပါဘူး...ငါ့newsfeedမှာအဲ့တာတွေဘဲတက်နေလို့....”

”တန်းစီနေကြစို့လာ...”

”ပိုကိုပိုတယ်....”
.......
”မျိုးခေတ်...မင်းစိတ်လျှော့သင့်တယ်နော်...ငါတို့မှာဘာသက်သေမှမရှိဘူးနော်....မယားငယ်လို့သွားစွပ်စွဲနေလည်းတရားရင်ဆိုင်ခတွေဘဲကုန်နေမယ်နော်မင်း.....”

”ငါဂရုမစိုက်ဘူး..ဘာဘဲဖြစ်ဖြစ် အဲ့မိန်းမကိုတွေ့အောင်ရှာမယ်...”

မာန်  မင်းထက် ကိုပြောကာစင်တာအနှံ့မှာလိုက်ရှာမိသည်....
ကို လင်းကိုဦးနဲ့ဖောက်ပြန်တဲ့မိန်းမကဒီစင်တာမှာဆိုတာသူ့ရဲ့ဖုန်းမှာတည်နေရာပေါ်လာတာကြောင့်သူလာရှာခြင်းဖြစ်သည်....

သူမသိလိုက်တာကသူတို့နှစ်ယောက်ရဲ့အနောက်မှာလင်းစက် လည်းပါလာခဲ့တယ်ဆိုတာကိုပင်.....

”မဂ်လာပါလူကြီးမင်းတို့ရှင့် စီချာ လက်ကိုင်အိတ်တွေဟာဆိုရင်ရှားပါးပြီးတန်ဖိုးကြီးတဲ့ကြံ့အရည်နဲ့လုပ်ထားတာပါရှင့်...ခဏလောက်နေရင် ကျွန်မတို့တွေ ဂိမ်းတွေလုပ်ပြီးဆုတွေဖောက်ပေးတော့မှာပါရှင့် ဂိမ်းကိုဝင်လာကစားလို့ရပါတယ်ရှင့် ဒီအနောက်ဘက်ကအိတ်တွေကတော့ရောင်းဖို့.....”

ယုယ ပြောရင်း သူ့ဘက်ကိုလမ်းလျှောက်လာနေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်ကြော်ငြာနေတဲ့မိုက်ကိုအလျင်အမြန်ချကာဘေးရှိနောက်တစ်ဦးကိုပြောလိုက်သည်...

”ဟဲ့...ငါအိမ်သာသွားဦးမယ်....”

”အခုမှဘာကိုအိမ်သာသွားမှာလဲနင်....”

အနောက်ကစိတ်တိုသလိုအော်နေတဲ့ကောင်မရဲ့အသံကိုဂရုမစိုက်စွာယုယအမြန်ပြေးမိသည်....

ဒါပေမယ့်လည်းယောက်ျားလေးနှစ်ယောက်ရဲ့အရှိန်ကိုမမှီနိုင်တာကြောင့်သူမိသွားတော့သည်....

”မျိုးခေတ်မာန်ဦး....”

”ကျွန်တော့်ကိုမှတ်မိတယ်ပေါ့လေ...တစ်ခါတည်းတွေ့ဖူးရုံနဲ့ကို...ကျွန်တော်က အစ်မနဒီရဲ့မောင်ဆိုတာခင်ဗျားသိတယ်မလား.....”

”အစ်မခင်ဗျာ ခဏလောက်စကားပြောပါရစေ....”

”ဘာပြောမှာလဲရှင့်...ကျွန်မမှာရှင်တို့နဲ့ပြောစရာဘာမှမရှိဘူး....”

”ဘာဖြစ်လို့ပြောစရာမရှိရတာလဲ...
အစ်မနဒီကိုတော့ခင်ဗျားစကားအရမ်းပြောချင်နေခဲ့တာမဟုတ်လား......
အစ်မနဒီသေခဲ့တဲ့ညက ခင်ဗျား သူ့ကိုသွားတွေ့ခဲ့တယ်မလား....”

ယုယ မျိုးခေတ်မာန်ဦးရဲ့အမေးကြောင့်သူ့ရဲ့အတွေးတွေကလွန်ခဲ့တဲ့တစ်ပတ်ထိုညကိုပြန်ရောက်သွားသည်....

အဲ့ဒီ့နေ့ညကသူထိုအိမ်ရှေ့ကိုရောက်ခဲ့သည်...သို့သော်အစ်ကိုလင်း ကိုဖုန်းဆက်လိုက်တဲ့အခါချက်ချင်းပြန်ထွက်လာခိုင်းတာကြောင့်သူအိမ်ထဲတောင်မဝင်ခဲ့ပေ.....

”ကျွန်တော် ခင်ဗျားကိုမေးနေတယ်လေ....”

မာန် သူမေးတာကိုမဖြေဘဲငြိမ်နေတဲ့သူကြောင့်လက်မောင်းကိုဆွဲကိုင်ကာမေးလိုက်သည်....

”စိတ်လျှော့ မျိုးခေတ်....
အစ်မခင်ဗျာ အစ်မကျွန်တော်တို့ကိုပြောလိုက်ပါဗျ အစ်မနဲ့အစ်ကိုလင်းတို့ကဘာတွေလဲ.....ဒီကိစ္စကတကယ်အရေးကြီးတယ်နော်....”

”ကျွန်မ...ကျွန်မနဲ့အစ်ကိုလင်းတို့က......ကျွန်မက....”

မာန် တစ်ဖက်လူပြောတာကိုဂရုစိုက်နားထောင်နေတုန်းမှာဘဲကြားလိုက်ရတဲ့သူ့နာမည်ခေါ်သံ.....

”မောင်...ဒါဘယ်သူလဲ...”

”ဟာ ဟေ့....”

မာန် ကိုကို့ကိုလှည့်ကြည့်နေတုန်းမှာဘဲမင်းထက်ကိုတွန်းဖယ်ကာထွက်ပြေးသွားတဲ့မိန်းမကြောင့်ပြေးလိုက်ဖို့ပြင်ပေမယ့်အတင်းဆွဲထားတဲ့ကိုကို့ကြောင့်လက်လျှော့လိုက်ရတော့သည်....

”နေဦး...ဘာလို့ အဲ့မိန်းမနောက်ကိုလိုက်နေတာလဲ....”

”အဲ့ဒါ အစ်ကိုဦး ရဲ့မယားငယ်ဘဲ ကိုကို ကိုယ့်ကိုလွှတ်ပါ....”

”ရူးနေလားမောင် ကိုယ့်အစ်ကိုကတစ်ခါမှမယားငယ်မထားဖူးဘူးနော်..”

”နောက်မှပြောမယ် အရင်လွှတ်ပါဦး....”

ထိုမိန်းမနောက်ကိုလိုက်သွားသည့်
မင်းထက်ကလည်းမမှီတော့တာကြောင့်လက်လျှော့ပြန်ခဲ့ရတော့သည်...

”အစ်ကို ကအဲ့လိုလူဆိုတာငါမယုံဘူး..”

”မောင်လည်းမယုံချင်ပါဘူး..ဒါပေမယ့်အစ်မ သေဆုံးတဲ့ညကအဲ့ဒီ့မိန်းမကအစ်မတို့အိမ်ထိတက္ကစီနဲ့တကယ်ရောက်လာခဲ့တာ....”

”အဲ့ဒီ့မိန်းမကအဲ့နားမှာကိစ္စရှိလို့လာတာလည်းဖြစ်နိုင်တာဘဲလေ....
မဟုတ်ရင် မောင်လူမှတ်မှားတာနေမယ်”

”​မင်းထက်က အစ်မနဒီဖုန်းကိုစခန်းကနေယူတောင်းကြည့်ထားတယ်
အစ်မနဒီကိုလိုက်နှောင့်ယှက်နေတဲ့သူတစ်ယောက်ရှိနေတာတကယ်...နောက်ပြီးလပေါင်းချီနေပြီ အကောင့်အတုတွေနဲ့ချည်းဘဲ သူကအစ်ကိုလင်းကိုဦး မယားငယ်ဘဲလို့တော့ကိုယ်ထင်တယ်.....”

”တစ်ခါလာလည်း မယားငယ် နှစ်ခါလာလည်းမယားငယ် အစ်ကို့မှာအဲ့လိုတကယ်လုပ်ခဲ့တာလို့မောင့်မှာသက်သေရှိလို့လား.....”

”ကိုကိုလည်း ကိုယ့်အစ်ကိုဘက်ကိုလိုက်နေတာရပ်လို့ရမလား.....”

”ငါသူ့ဘက်ပါနေတာမဟုတ်ဘူး ဒါပေမယ့်ကိစ္စတစ်ခုကိုအလွယ်စွပ်စွဲလိုက်လို့မရဘူးလေ.....”

”ဟေးးမင်းတို့တွေကလည်းစိတ်အေးအေးထားကြစမ်းပါကွာ...အဲ့မိန်းမနဲ့ပြောကြည့်လိုက်ပြီးအကြောင်းအရင်းတွေပိုသိလာနိုင်ပါတယ် နော် စိတ်လျှော့ကြ.....”

”မောင်..ငါတောင်းပန်ပါတယ် အခုတလော အစ်ကိုဦးကောကိုပြဿနာသွားမရှာလို့ရမလား အခုလောက်နဲ့တင် အစ်ကိုဦး တော်တော်စိတ်ဆင်းရဲပြီးဝမ်းနည်းနေပြီနော်....”

”သူဝမ်းသာနေတာလည်းဖြစ်နိုင်တာဘဲလေ....”

”ဘာကိုဝမ်းသာရမှာလဲ.....မိန်းမဖြစ်သူသေသွားတာကိုဘာလို့ဝမ်းသာနေရမှာလဲ......”

မာန် လည်းထပ်ပြောရင်ရန်ဖြစ်လာမည်စိုးတာကြောင့်ဘာမှပြန်မပြောဖြစ်တော့ပေ......
............

”စုငွေတွေလား အဖေ....”

”ဟုတ်တယ်...ဝင့်နဒီက ဘဏ်အကောင့်ထဲမှာငွေစုပြီးလုပ်ငန်းပေါင်းမျစွာမှာရင်းနှီးမြှုပ်နှံထားတာ...အဲ့ဒါတွေအတွက်အဖေ့ဆီမှာအကြံဉာဏ်တောင်းခဲ့တယ်....ဝင့်နဒီက ထက်မြတ်တဲ့မိန်းမတစ်ယောက်ပါ အသက်ငယ်ငယ်လေးကတည်းကကိုယ့်ကိုကိုယ်ထိန်းကျောင်းနိုင်ခဲ့တယ် ဒီလိုမျိုးဆုံးပါးသွားတော့စိတ်မကောင်းစရာဘဲ...”

”ဒါနဲ့ကလေးတွေဘာတွေမရခဲ့ဘူးလား..”

”သိရသလောက်ကတော့မရှိဘူး....”

ဖေဖေ ပြောပြတာကိုခတ္တာနားလည်သလိုခေါင်းငြိမ့်လိုက်ကာ....

”ဒါဆို အကျိုးအမြတ်အရှိဆုံးကသူ့ယောက်ျားဘဲပေါ့....”

”သမီးကဘာတွေပြောနေတာလဲ.....
ပြောနေတာက လင်းကိုဦး ကငွေမက်လို့ကိုယ့်မိန်းမကိုအကြံနဲ့သတ်လိုက်သလိုဘဲ....”

”မဟုတ်တာ ခတ္တာ အဲ့လိုမျိုးမဆိုလိုပါဘူး ခတ္တာ ကဒီတိုင်းပြောလိုက်ရုံပါ...ခုတလောစုံထောက်ကားတွေအကြည့်များလို့ဘဲနေမယ်.....
ဒါနဲ့ အဖေရော ဘယ်လိုစဥ်းစားမိလဲအစ်မနဒီအစား ဘယ်သူ့ကိုစီအီးအိုအဖြစ်ခန့်မလဲဆိုတာ.....”

ဖေဖေကစဥ်းစားနေတုန်းပုံပေါ်သည်ဘာမှ​ပြန်ပြောမလာပေ....

”မမလေး ကျွန်တော့ကိုမေးစရာရှိတယ်ဆိုတာက....”

”ရှင် အစ်မနဒီဆီမှာအလုပ်လုပ်လာတာကြာနေပြီမလား....”

”တော်တော်ကြာနေပါပြီ.....”

”အစ်မနဒီနဲ့ အစ်ကိုလင်း တို့အိုခေရဲ့လား.......
ကျွန်မကဒီတိုင်းသိချင်ရုံပါ ဘာလို့ဆိုသူတို့မောင်နှမတွေက ကျွန်မသူငယ်ချင်းတွေမလို့....”

”အဲ့ကိစ္စကိုတော့ ကျွန်တော်တကယ်မသိပါဘူး.....”

”ဘာမှမသိသလိုလာဟန်ဆောင်မနေပပါနဲ့...ရှင်မြင်ခဲ့ဖူးလား အစ်ကိုလင်းမှာနောက်မိန်းမရှိနေသေးတာတို့ဘာတို့ပေါ့ အစ်မနဒီအပြင်.....
ကျွန်မကိုဖြေစမ်းပါ ကျွန်မဘယ်သူ့ကိုမှမပြောဘူး....အာမခံနိုင်တယ်....”

>>>>>>>>>
”ခတ္တာ အစ်မနဒီရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေဆီကရလာတာ ဒီထဲသက်သေတွေပါနေတယ် လုံခြုံရေးကင်မရာကရလာတဲ့ကိုယ်ရေးအကျဉ်းတွေကဒီလောက်ဘဲ မျက်လုံးတွေ
အောင့်မတတ်သေချာကြည့်လာပေးတာ....ဒီထဲက ဖိုင်တစ်ခုမှာ
အစ်ကိုလင်းနဲ့အစ်မနဒီ ရန်ဖြစ်နေတာမြင်တယ်....ငါတောင်းပန်ပါတယ်မာန်...ငါလည်းနင့်ကိုယ်ရေးကိုယ်တာကိစ္စတွေထဲဝင်မရှုပ်ချင်ပါဘူး...ဒါပေမယ့်ငါနင်နဲ့အစ်မနဒီကိုသနားတယ်ဟာ.....”

မျိုးခေတ်တော့မသိဘေးကနေကြားနေရတဲမင်းထက်ကတော့မျက်နှာတောင်ရွဲ့မိသည်.....
မပါချင်လို့ဘဲအကုန်သူဘဲသိနေတာ...
သနားတာလားနာမည်ကောင်းဝင်ယူချင်နေတာလားဆိုတာအသံနားထောင်ရုံနဲ့သိတယ်.....

မာန် Laptop ထက်မှCCTVပုံရိပ်တွေကိုကြည့်ပြီးထိုင်ရာကနေမတ်တပ်ထရပ်လိုက်သည်......

”ငါအရင်က မသိခဲ့ဘူး အစ်မ ဘယ်လိုခံစားနေရလဲဆိုတာကို....”

”ဘာဘဲဖြစ်ဖြစ် ငါတို့တွေဖိုင်တွေသိမ်းလိုက်ရအောင် ခတ္တာ..ရဲအရာရှိတွေဆီသက်သေအဖြစ်သွားပေးဖို့....”

”မင်းထက် နင်ထင်နေတာက
အစ်ကိုလင်း ကအစ်မနဒီသေဆုံးမှုနဲ့တစ်ခုခုပတ်သတ်နေတယ်အဲ့လိုလား...
မဟုတ်တာလည်းဖြစ်နိုင်တာဘဲနော် မင်းထက်.... အစ်ကိုလင်း က အစ်မနဒီကိုဒီတိုင်းဖောက်ပြန်တာလောက်ဘဲလားလို့......”

”ငါတို့လည်းမသေချာသေးဘူးခတ္တာ...ဒါပေမယ့်ဖောက်ပြန်တာအပြင်ဘာအရိပ်အယောင်မှမတွေ့ရသေးဘူး..”

ခတ္တာ သက်ပြင်းအသာချလိုက်ရင်းမှတစ်ခုကိုသတိရသွားတာကြောင့် မာန့်ကိုသတိပေးပြောလိုက်သည်....

”မာန် နင်အစ်မနဒီ ရဲ့စုငွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုသေချာစစ်သင့်တယ်နော်...သန်းတော်တော်များတယ်...”

”ဘာပြောတယ်....”

”အစ်မနဒီက ဘဏ်အကောင့်ထဲမှာငွေစုထားတာနောက်ပြီးရင်းနှီးမြှုပ်နှံမှုတွေအများကြီးရှိတယ်.....နေဦးနော်...ဒီကိစ္စသာတကယ်တရားရင်ဆိုင်ရရင်တာဝန်ယူရမယ့်သူကအစ်ကိုလင်း ဘဲ...
ဘာလို့ဆိုအစ်ကိုလင်းကအကျိုးအမြတ်အရှိဆုံးသူမို့.....”

”ဒီကိစ္စကြောင့်များဖြစ်မလား....”

”အရင်ဆုံးရဲတွေစုံစမ်းပေးတာကိုစောင့်ကြည့်လိုက်ပါဦး....မျိုးခေတ် မင်းစိတ်အေးအေးထားစမ်းပါ....”

”ဟုတ်တယ်မာန် နင်အခုဘာမှသိပ်အများကြီးမစဥ်းစားနဲ့ဦး....နောက်မှအခြေအနေတွေရှုပ်ထွေးကုန်မယ်
အခုဆိုအဖေကပါ အစ်ကိုလင်း ကိုအစ်မနဒီရဲ့စီအီးအိုနေရာလွှဲပေးတော့မှာတဲ့....”

”အစ်မရဲ့ စီအီးအိုရာထူးတောင်ရတော့မှာလား......”

မာန် ရင်ထဲတွင်တော့ဒေါသနဲ့အတူအမုန်းတရားကပါအစပျိုးလာလေသည်.......
>>>>>>>>
TBC
Lovely May
Sun,Sep 17
2:09AM
Thanks for reading

Zawgyi









”မသိသေးဘူး...”













”အဲ့ဆိုဖြေလေ....”








လင်းစက်....”







”ကျေးဇူးပါနော်...”

”ဟုတ်ကဲ့....”
.........



”ငါလည်းမသိဘူး....”







လင်းစက် ကိုဖြစ်သည်....
......






”တန်းစီနေကြစို့လာ...”

”ပိုကိုပိုတယ်....”
.......










”မျိုးခေတ်မာန်ဦး....”









”စိတ်လျှော့ မျိုးခေတ်....



”မောင်...ဒါဘယ်သူလဲ...”

”ဟာ ဟေ့....”


















............

”စုငွေတွေလား အဖေ....”











”တော်တော်ကြာနေပါပြီ.....”




>>>>>>>>>





”မင်းထက် နင်ထင်နေတာက




”ဘာပြောတယ်....”






>>>>>>>>
TBC
Lovely May
Sun,Sep 17
2:09AM
Thanks for reading

Continue Reading

You'll Also Like

676K 52.2K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
578K 31.1K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.3M 31K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
15.9K 1.8K 43
**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လ...