သစ်လွင် - ''ညီမလေးဘာလို့နောက်ကျနေတာလဲ...ကားသံလည်းမကြားရဘူး''
အိမ်ထဲ၀င်လာသောရွှေဘုံ့အားကိုသစ်မှဆူနေခြင်းဖြစ်သည်။ရွှေဘုံကိုသစ်ရှိရာဧည့်ခန်းထဲသို့၀င်လာရင်း''ဘုံ့လမ်းမှာကားပျက်သွားလို့နောက်ကျသွားတာကိုသစ်..''
သစ်လွင် - ''ဟာ!!!ကားပျက်တာကိုဘာလို့ကိုသစ်ကိုဖုန်းမဆက်တာလဲ..လမ်းမှာတစ်ခုခုဖြစ်သွားသေးလား..ညီမလေးကိုဘယ်သူနှောင့်ယှက်လိုက်သေးလဲ...''
ရွှေဘုံ - ''ကိုသစ်ကိုအဲဒီအကြောင်းပြောမလို့စောင့်နေတာ...ညီမလေးလမ်းမှာကားပျက်နေတုန်းငမူးသမား၄ယောက်ညီမလေးကိုလာနှောင့်ယှက်တယ်လေ..''
သစ်လွင် - ''ညီမလေးကိုသူတို့ဘာလုပ်လိုက်သေးလဲ...''
သစ်လွင်မှာစိုးရိမ်မှုကြီးစွာမေးလိုက်လေသည်။
ရွှေဘုံ - ''ဘုံကတော့လက်သံပြောင်''နဲ့ပါးရိုက်လိုက်တာပေါ့...''
သစ်လွင် - ''ညီမလေးကိုသူတို့ဘာပြန်လုပ်လိုက်လဲ...''
ရွှေဘုံ - ''သူတို့ညီမလေးကိုရိုက်ဖို့လက်ရွယ်လိုက်ချိန်မှာလူတစ်ယောက်ရောက်လာတယ်လေ..ညီမလေးကိုငမူးသမားလက်ထဲကနေကယ်တင်ပေးခဲ့တာလေ''
သစ်လွင် - ''ဘယ်သူလဲညီမလေး''
ရွှေဘုံ - ''သူကအရမ်းချောပြီးယောကျာ်းပီသတယ်ကိုကြီးတကိုယ်လုံးမှာလည်းတက်တူးတွေကြီးဘဲ...အားညီမလေးတွေးနေရင်းတောင်ရင်တွေခုန်နေပြီး...''
သစ်လွင် - ''သူ့နာမည်ကိုညီမလေးသိလား..''
ရွှေဘုံ - ''သိတာပေါ့သူလည်းဒီရွာမှာနေတာဘဲတဲ့...နာမည်ကတိမ်စိုင်..''
သစ်လွင် - ''ဘာ!!!တိမ်စိုင်...ညီမလေးနင်သူ့နဲ့တကယ်တွေ့ခဲ့တာလား..ဟုတ်လား''
သစ်လွင်မှာရွှေဘုံပုခုံးလှုပ်ကာမေးနေလေသည်။
ရွှေဘုံ - ''ကိုသစ်သူ့ကိုသိလို့လား..''
သစ်လွင် - ''ငါသိရုံတင်မဟုတ်ဘူးသူနဲ့ငါကညီအကိုလိုခင်တဲ့မိတ်ဆွေတွေရှင်းရှင်းပြောရရင်လွန်ခဲ့တဲ့၁၀နှစ်ကသူ့ငါ့ဆီမှာအလုပ်''ခဲ့တဲ့ကောင်လေးဘဲ...''
ရွှေဘုံ - ''လွန်ခဲ့တဲ့၁၀နစ်ဘာကိုလဲကိုသစ်ဘုံနားမလည်ဘူး..''
သစ်လွင် - ''ဟုတ်တယ်၁၀နှစ်ဆိုတာတိမ်စိုင်လူသတ်မှုနဲ့ထောင်ကျသွားခဲ့တယ်လေ..''
ရွှေဘုံ - ''မဖြစ်နိုင်တာသူကလူကောင်းလေဘယ်လိုလုပ်ထောင်ကျမှာလဲ...''
သစ်လွင် - ''လွန်ခဲ့တဲ့၁၀နှစ်တုန်းကရွှေပြည်သာရွာသူကြီးသားကိုဓားထိုးမှုနဲ့ထောင်ကျသွားတယ်..ရွာသူကြီးသားလည်းနေရာမှာတသ်ပွဲချင်းပြီးဆုံးသွားတာ..''
ရွှေဘုံ - ''ဘာလို့သူအဲလိုလုပ်ခဲ့တာလဲ..''
သစ်လွင် - ''အတိတ်ကနားကျည်းချက်တွေနဲ့လက်စားပြန်ချေတဲ့သဘောပေါ့..တိမ်စိုင့်အကိုသေဆုံးသွားတာဟာရွာသူကြီးသားရဲ့သွေးထိုးစကားတွေကြောင့်ဘဲ...မဖြစ်သင့်ဘဲဖြစ်သွားခဲ့ရတာ...ကျော်စိုင်းကလူမိုက်ဆိုပေမယ့်မယုတ်မာတတ်ဘူး...ရွာတောင်ပိုင်းကအောင်ခင်ညီမကိုခန့်မောင်တို့အုပ်စု၀ိုင်းပြီးမုဒိန်းကျင့်ပြီးသတ်ပစ်ခဲ့တာကိုကျော်စိုင်းလုပ်တယ်ဆိုပြီးအောင်ခင်ကိုသွေးထိုးစကားပြောခဲ့တယ်လေ..အဲဒီမှာကိုအောင်ခင်ကသူ့ညီမကိုဖျက်ဆီပြီးသတ်ရလားဆိုပြီးဓားဆွဲပြီးကျော်စိုင်းဆီကိုလာခဲ့တယ်လေ...ကျော်စိုင်းခဗျာသူမလုပ်ပါဘဲနဲ့အသက်ပေးခဲ့ရတယ်လေ''
ရွှေဘုံ - ''အော်အဲကြောင့်တိမ်စိုင်ကသူကြီးသားခန့်မောင်ကိုမကျေမနပ်နဲ့သတ်ပစ်ခဲ့တာပေါ့..''
သစ်လွင် - ''မဟုတ်ဘူးညီမလေးတိမ်စိုင်ကခန့်မောင်ကိုမုန်းတီးနေတာမှန်တယ်သူ့အကိုသေရတာခန့်မောင်ကြောင့်ဆိုတာတိမ်စိုင်သိပေမယ့်သူကြီးသားမို့လို့ဘာမှမလုပ်နိုင်ခဲ့ဘူး...ဒါပေမယ့်တိမ်စိုင်အမေဒေါ်ခင်နှင်းကိုခန့်မောင်တို့အုပ်စု၀ိုင်းရိုက်နှက်ခဲ့တဲ့အတွက်ကြောင့်တိမ်စိုင်လုံး၀ခွင်မလွှတ်နိုင်တော့ဘူးလေ..တိမ်စိုင်သူကြီအိမ်ကိုဓားဆွဲပြီးထွက်သွားတာကိုသစ်လည်းတားဖို့အနောက်ကနေပြေးလိုက်သွားပေမယ့်မမှိတော့သူခန့်မောင်ကိုဓားနဲ့အကြိမ်ပေါင်းများစွာထိုးသတ်လိုက်တယ်...အဲဒီလူသတ်မှုနဲ့ဘဲထောင်၁၀နှစ်ကျသွားတယ်လေ...''
ရွှေဘုံ - '' တိမ်စိုင့်ဘ၀ကသနားစရာကောင်းခဲ့ပါလား...ညီမလေးနဲ့သူဆုံတုန်းကအဲဒါသူထောင်ကနေလွတ်လာတာလားကိုသစ်..''
သစ်လွင် - ''အင်းသူထောင်ကနေလွတ်လာပြီး...''
ရွှေဘုံ - ''တိမ်စိုင်ကထောင်ထွက်ဆိုပေမယ့်သူလူကောင်းဆိုတာဘုံသိတယ်...ကိုသစ်ဘုံလေသူ့ကိုမြင်''ချင်းသဘောကျမိသွားပြီးသိလား''
သစ်လွင် - ''အမလေးဗျာမလုပ်ပါနဲ့မချောရယ်...တိမ်စိုင်ကလူပျိုတစ်ယောက်မဟုတ်ဘူး..သူမှာဇနီးနဲ့ကလေးနဲ့ဟ...''
ရွှေဘုံ - ''ဘာ!!ကလေးနဲ့ဇနီးရှိနေခဲ့တာလား...သူ့ဇနီးကဘယ်သူလဲ...''
သစ်လွင် - ''သူ့ဇနီးဆိုပေမယ့်သူတို့ကလက်မထပ်ထားရသေးဘူးညီမလေးရဲ့..သူ့ဇနီးဆိုတာကတခြားသူမဟုတ်ဘူးသူကြီးသမီးငှက်ခါးဘဲ...တိမ်စိုင်နဲ့ငှက်ခါးလက်မထပ်ရသေးဘဲအတူအိပ်မိသွားတယ်လေ...တိမ်စိုင်ထောင်ကျပြီးမကြာဘူးငှက်ခါးမှာတိမ်စိုင်နဲ့ရတဲ့ကိုယ်၀န်ရှိလာခဲ့တယ်လေ...တိမ်စိုင်ကညီမလေးထင်သလိုယောကျာ်းတစ်ယောက်တော့မဟုတ်ဘူးနော်...မိန်းကလေးကနေယောကျာ်းပုံပြောင်းထားတဲ့transman''
ရွှေဘုံ - ''အခုခေတ်ကမိန်းကလေးကနေယောကျာ်းပုံပြောင်းလဲတာကအရမ်းလွယ်ကူတဲ့ခေတ်ကြီးလေဘုံမအံ့သြပါဘူး..ဒါပေမယ့်သူ့ဆီမှာမိန်းမနဲ့ကလေးရှိတယ်ဆိုအသံကြားရတော့ရင်ထဲအရမ်းနာကျင်တာဘဲကိုသစ်ရယ်...''
သစ်လွင် - ''ညီမလေးကိုတိမ်စိုင်ကလူပျိုမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောပြလိုက်တာပါ...''
ရွှေဘုံ - ''ကိုသစ်ကညီမလေးကိုတိမ်စိုင်နဲ့မပတ်စက်ဖို့နောက်ဆုတ်စေချင်တဲ့သဘောလား...အဲဒါဆိုရင်တော့ဆောရီးဘဲကိုသစ်ဘုံ့တိမ်စိုင့်ကိုမြင်''ချင်းချစ်မိသွားခဲ့ပြီး..''
သစ်လွင် - ''ညီမလေးသူကလူပျိုမဟုတ်ဘူးနော်...သူ့မှာသားနဲ့မယားနဲ့..ငါ့ညီမကိုတော့သူများမယားငယ်မဖြစ်စေချင်ဘူး..ညီမလေးတိမ်စိုင့်ကိုလက်လျော့လိုက်ပါ...''
ရွှေဘုံ - ''ဘုံပြောပြီးသားစကားပြန်ရုတ်သိမ်းလေ့မရှိဘူးနော်ကိုသစ်...ဘုံတိမ်စိုင့်ကိုသူ့မိန်းမလက်ထဲကနေမရရတဲ့နည်းနဲ့ရအောင်ယူပြမယ်..ဘုံကတော့တိမ်စိုင့်ကိုမှမရရင်ဒီရွာကနေထွက်သွားမှာမဟုတ်ဘူး...''
သစ်လွင်လည်းအရမ်းဆိုးသွမ်းသောညီမဖြစ်သူကိုပြောမရတာကြောင့်စိတ်ပျက်လက်ပျက်နဲ့အိမ်ပေါ်သို့တက်သွားလေသည်။
ရွှေဘုံ - ''တိမ်စိုင်တို့မင်းနဲ့နောက်တခါထပ်ဆုံချင်သေးတယ်...''
တိမ်စိုင်ရေမိုးချိုးပြီးအိပ်ခန်းထဲ၀င်လာတော့ငှက်ခါးကသူ၀တ်ဖို့အ၀တ်စားတွေထုတ်ပေးနေလေသည်။ကုတင်ပေါ်အကြည့်ရောက်သွားတော့ကောင်လေးတစ်ယောက်ကုတင်ပေါ်တွင်အိပ်နေသည်ကိုတွေ့ရလေသည်။
တိမ်စိုင် - ''ဒါဘယ်ကကလေးလဲငှက်ခါး..မင်းရဲ့အရှုပ်ထုတ်တွေကိုငါ့အခန်းထဲမခေါ်လာနဲ့..''
ဒေါ်ခင်နှင်းအိပ်ခန်းထဲ၀င်လာပြီး''သားအဲကလေးကသားနဲ့ငှက်ခါးရဲ့ကလေးလေ..ဘယ်လိုပြောနေတာလဲကွယ်..''
တိမ်စိုင် - ''ကျနော့်မှာသားမရှိဘူးမယားလည်းမရှိဘူး...ငှက်ခါးမင်းအဲကလေးကိုအခုချက်ချင်းငါ့အိပ်ခန်းထဲကနေခေါ်ထုတ်သွား..''
ငှက်ခါး - ''နင်ငါ့ကိုမုန်းနေတယ်ဆိုတာငါသိပါတယ်တိမ်စိုင်ရယ်..ဘာလို့..ဘာလို့သားလေးကိုနင်မုန်းနေရတာလဲသားလေးကနင့်သားလေနင်နဲ့ငါ့ရဲ့သားလေးလေ..နင်အခုလိုတော့မနှင်သင့်ပါဘူးဟာ...''
ငှက်ခါးမှာငိုယိုပြီးပြောနေလေသည်။တိမ်စိုင်ကတော့စိတ်ရှုပ်စွာပင်ဘာမှဆက်မပြောတော့ဘဲအခန်းပြင်ကိုထွက်သွားလေသည်။
################################