No one but you(မင္​းမွမင္​းပဲ...

By NayYaungChi337

232K 8.2K 451

start date---25.8.2023 More

//about//
//1//
//2//
//3//
//4//
//6//
//7//
I come back
//8//
//9//

//5//

13.3K 608 34
By NayYaungChi337

Zg//

နီးကပ္​လာတဲ့ လူသား​ေၾကာင္​့ ​ေယာဟန္​ရင္​ေတြ အဆမတန္​ခုန္​လာရသည္​...။...ရီ​ေ၀​ေ၀အၾကည္​့​ေတြက ​​ေယာဟန္​ႏႈတ္​ခမ္​းတြင္​ က်​ေရာက္​​ေန၏...။...​ထိစပ္​လုလုအ​ေနအထား​ေၾကာင္​့ ​ေယာဟန္​ႏႈတ္​ခမ္​းတစ္​စံုအား ခပ္​ဖြဖြ​ေစ့ထားမိ၍...။

ထိလိုက္​ခ်င္​သည္​...။

သို႔​ေပမယ္​့။

​ေယာဟန္​ -ခ-အ​ေပၚ အျပစ္​မလုပ္​ခ်င္​...။...အားနာစိတ္​​ေၾကာင္​့ ​ေ႐ွ႕ဆက္​တိုးဖို႔ ၾကံ​ေနသူ၏ ရင္​အံုအား တြန္​းလႊတ္​လိုက္​ၿပီး ​ေယာဟန္​ ကုတင္​​ေပၚမွ ထလိုက္​မိသည္​...။

"အကို..."

"ငါမင္​းအတြက္​ ​အာ​း​ေဆး​ေရး​ေပးလိုက္​မယ္​...တစ္​​ေန႔တစ္​လံုး​ပံုမွန္​​ေသာက္​...အခု ငါျပန္​မယ္​..."

"ကြၽန္​​ေတာ္​အတြက္​ အား,ကအကို​​ေလဗ်ာ...​ေနာက္ၿပီး ကြၽန္​​ေတာ္​အကို႔ကို ျပန္​ခြင္​့မ​ေပးႏိုင္​ဘူး..."

"​မင္​းအဲ့လိုလုပ္​လို႔မရဘူး..."

​ေယာဟန္​ အသံ​ေတြတုန္​လာ၏...အစြန္​းႏွစ္​ဖက္​အ​ေတြးတို႔ၾကား လြန္​ဆြဲ​ေနရသည္​မွာ လြန္​စြာပင္​ပန္​းဖြယ္​​ေကာင္​းသည္​...။...​ေယာဟန္​ -ခ-ကိုလည္​း သစၥာမ​ေဖာက္​ခ်င္​သလို ထို​ေကာင္​​ေလးအ​ေပၚ၌လည္​း မျပတ္​သားႏိုင္​...။...​ေအးခ်မ္​း​ေန​ေသာ​ ​ေယာဟန္​ဘ၀တြင္​ ထို​ေကာင္​​ေလးက သက္​တံ​ေရာင္​ကာလာ​ေတ​ြႏွင္​့ တိုး၀င္​လာခဲ့၏...။

​ျဖတ္​သန္​းလာတဲ့ သက္​တမ္​းတြင္​ ​ေယာဟန္​ မိဘစိတ္​တိုင္​းက်သ​ာ​ေနခဲ့ရ၏...။...အရြယ္​​ေရာက္​လာသည္​့အခ်ိန္​တြင္​ မိဘဂုဏ္​ယူရသည္​့ သားတစ္​​ေယာက္​အျဖစ္​ ရပ္​တည္​ႏိုင္​ရန္​ ႀကိဳးစားရသည္​...။...​ေယာဟန္​ ပန္​း​ေတြကိုသ​ေဘာၾကသည္​...။...သူတို႔​ေလး​ေတြကို ပ်ိဳး​ေထာင္​ၾကည္​့ခ်င္​သည္​...။...သို႔​ေပမယ္​့ စိုက္​ပ်ိဳး​​ေရးအလုပ္​က ဘ၀အတြက္​ တတ္​လမ္​းမဟုတ္​ဘူးဆိုသည္​့ အသိုင္​းအ၀ိုင္​းတို႔၏ စကား​ေၾကာင္​့ ​ေယာဟန္​ ​ေဆးလိုင္​းရ​ေအာင္​ ႀကိဳးစားခဲ့ရသည္​...။...အရြယ္​တစ္​ခုသို႔ ​ေရာက္​​ေသာအခါ ​သင္​့​ေတာ္​သည္​့မိန္​းခ​ေလးတစ္​ဦးအား အနားတြင္​ထားကာ ဘ၀လက္​တြဲ​ေဖာ္​အျဖစ္​ ​ေရြးခိုင္​းျခင္​းခံရသည္​...။...​ေယာဟန္​ ဘ၀တြင္​ ​ကိုယ္​တိုင္​ စိတ္​တိုင္​းၾက ​ေရြးခ်ယ္​ခဲ့သည္​့အရာဆိုလို႔ ဘာတစ္​ခုမွမ႐ွိ​ေသး...။...​ေယာဟန္​ ကိုယ္​့စိတ္​နဲ႔ကိုယ္​ တစ္​ခု​ေလာက္​​ေရြးခ်ယ္​ၾကည္​့ခ်င္​မိသည္​...။...ႏွလံုးသာ​း​ေရးရာအတြက္​ပဲျဖစ္​ျဖစ္​ ​ေပ်ာ္​ရႊင္​မူတစ္​ခုအတြက္​ပဲျဖစ္​ျဖစ္​....။

"မျဖစ္​ႏိုင္​ဘူး​ေကာင္​​ေလး...ငါနဲ႔မင္​းနဲ႔က ဘယ္​လိုမွမျဖစ္​ႏိုင္​ဘူး..."

"အကို ႀကိဳးစားၾကည္​့ဖူးလို႔လား..."

ကမာၻ ကုတင္​​ေပၚမွ ဆင္​းကာ ထိုလူသား၏ ​ေ႐ွ႕တြင္​တည္​့တည္​့ရပ္​လိုက္​သည္​...။

"အကိုုက အရြယ္​​ေရာက္​​ၿပီးသား လူတစ္​​ေယာက္​...အကို႔မွာ ကိုယ္​ပိုင္​ဆံုးျဖတ္​ခ်က္​ခ်ခြင့္​႐ွိတယ္​...ကိုယ္​ပိုင္​ဘ၀အတြက္​ တစ္​ျခားလူက စည္​း​ေတြတားခြင္​့မ႐ွိဘူးအကို...အဲ့လူက မိဘျဖစ္​​ေနရင္​​ေတာင္​မွ သူတို႔မွာ လုပ္​ပိုင္​ခြင္​့မ႐ွိဘူး...ခႏၶာတစ္​ခုပိုင္​ဆိုင္​ထားၿပီးတာနဲ႔ အကိုရဲ႕ အရာရာကို အကိုသာလ်ွင္​ပိုင္​တယ္​...​ေမြး​ေက်းဇူး ​ေကြၽး​ေက်းဇူးဆိုတာ လြတ္​လပ္​ခြင္​့နဲ႔ ထိုးဆပ္​ရတာမ်ိဳးမဟုတ္​ဘူး...အကိုအဲ့လိုခံယူထားရင္​ အကိုက ​ေမြးဖြားျခင္​းနဲ႔​ေတာင္​ မထိုက္​တန္​တဲ့သူ ျဖစ္​သြားလိမ္​့မယ္​...အကို႔ စိတ္​ထဲကအတိုင္​း​ေနလို႔ရတယ္...အဲ့တာကို ဖန္​ဆင္​း႐ွင္​​ေတာင္​တားမထားဘူး..အကို႔ဘ၀နဲ႔အကို...ကြၽန္​​ေတာ္​​ေျပာတာနားလည္​လား..."

​ေယာဟန္​နားလည္​ပါသည္​...။...ကိုယ္​့ဘ၀ကိုယ္​ပိုင္​တယ္​ဆိုတာလည္​း ​ေယာဟန္​သိပါသည္​...။...သို႔​ေပမယ္​့ ကတိဆိုသည္​လည္​း႐ွိသလို ကိုယ္​့စကားကိုယ္​တာ၀န္​ယူျခင္​းကလည္​း႐ွိ​ေသးသည္​...။...ၾကမ္​းက်ြံတာကို ႏႈတ္​ရ​ေပမယ္​့ သူ၏မိဘဘက္​က စကား​ေတြကြၽံ​ေနၿပီ...။...​ေယာဟန္က မိဘစိတ္​တိုင္​းက်သာ ​ေနခဲ့သူမို႔ ကိုယ္​့စိတ္​အတိုင္​း​ေနဖို႔က ခက္​ခဲ​ေန၏...။...က်င္​့သားလည္​းရခဲ့တာမို႔ ​ေနထိုင္​ခဲ့သည္​့ စံႏႈန္​းနဲ႔ကြဲလြဲရမွာ ​ေယာဟန္​အတြက္​ ခက္​ခဲ​ေနသည္​...။

"ဒါ​ေပမယ္​့ ကိုယ္​့ဘ၀ကိုယ္ ​ဘယ္​သူကမွ ပိုင္​ဆိုင္​ခြင္​့မ​ေပးခဲ့တာ..."

ခပ္​တိုးတိုးသာ ထြက္​လာသည္​့စကားသံႏွင္​့ ​ေခါင္​းငံုကာ ခပ္​​ေတြ​ေတြသာ ရပ္​​ေန​ေသာ ​အကို၏ခါးအားဆြဲကာ ရင္​ခြင္​ထဲထည္​့ထားလိုက္​၏...။ အကိုသည္​...​ကမာၻ့ခါးမွ အက်ႌစအား စုတ္​ကိုင္​ရင္​း ကမာၻ့ပုခံုးအား ပူ​ေႏြးစိုစြတ္​​ေစ၏...။

"အကို႔ဘ၀ အကို မပိုင္​ရင္​​ေတာင္​ ပိုင္​ဆိုင္​ခြင္​့အ​ေနနဲ႔ ကြၽန္​​ေတာ္​့ကို လႊဲ​ေပးလို႔မရဘူးလားဟင္​..."

တင္​းၾကပ္​ၾကပ္​ ဖက္​တြယ္​ထားၿပီး နားအနီးမွ ခပ္​႐ွ႐ွ​ေျပာလာ​ေသာ စကား​ေၾကာင္​့ ​ေယာဟန္​ ၾကက္​သီး​ေမႊးညႇင္​းပင္​ထသြားရသည္​...။...​သူ႔ပုခံုးႏွင္​့ မ်က္နွာ​ကပ္​ထားရာမွ ခြာလိုက္​ၿပီး သူ႔အား​ေမာ့ၾကည္​့လိုက္​​ေတာ့ စူး႐ွသည္​့အနက္​​ေရာင္​မ်က္​ဆံက ႏူးညံ့မႈအျပည္​့ႏွင္​့ သူ့အား အုပ္​မိုးကာ ၾကည္​့​ေန၏...။...အရပ္​မွာ မတိမ္​းမယိမ္​းမို႔ ​ေယာဟန္​သူ႔ပုခံုး​ေပၚမွ ဖယ္​လိုက္​သည္​ႏွင္​့ သူႏွင္​့​ေယာဟန္​၏ ႏွာဖ်ားတို႔မွာ ထိစပ္​လ်ွက္​...။...နီးကပ္​​ေနသည္​့ ခႏၶာ​ေၾကာင္​့ တဒိတ္​ဒိတ္​ၾကားရ​ေန​ေသာ ရင္​ခုန္​သံသည္​ သူ႔ဆီကလား ကိုယ္​့ဆီကလား မသဲကြဲ...။...သို႔​ေပမယ္​့ ႏွစ္​ဦးစလံုးသည္​ ဖယ္​ခြာသြားျခင္​းမ႐ွိ....။

"​အလယ္​တန္​း​​ေလာက္​တုန္းက​ေလ အဂၤလိပ္​ဆရာမက ​ေျပာတယ္​...subjectက ျပဳလုပ္​သူ...Object က ခံရသူတဲ့...အကို​ ကြၽန္​​ေတာ္​ရဲ႕ Object ​ေလး မျဖစ္​ခ်င္​ဘူးလားဟင္​..."

"ဟမ္​! မင္​း! လႊတ္​​ေတာ့ ငါ့ကို..."

​ေယာဟန္​ သူ႔ရင္​ခြင္​အား တြန္​းလႊတ္​ကာ ​အသံုးျပဳထား​ေသာ ​ေဆးပစၥည္​းတို႔အား လက္​ဆြဲအိတ္​ထဲ​ေကာက္​ထည္​့ၿပီး ျပန္​ဖို႔လုပ္​ရသည္​...။...စကားအ​ေကာင္​း ​ေျပာမရတဲ့သူ...။...သူရဲ႕ တည္​ၿငိမ္​​ေလးနက္​မႈက ၁၅မိနစ္​​ေတာင္​မခံဘူး...။...တကယ္​ ရဲတင္​းၿပီး ဆိုးလြန္​းတဲ့ခ​ေလး...။

​ေယာဟန္​ ျပန္​ဖို႔အဆင္​သင္​့ျဖစ္​ၿပီးတဲ့​ေနာက္​တြင္​ ကမာၻသည္​ အခန္​းတံခါးအား ​ေသာ့ခတ္​ကာ ​ေယာဟန္​​ေ႐ွ႕တြင္​ ထို​ေသာ့အား ​ေလယာဥ္​ပ်ံ​ေသာ့ခ်ိတ္​မွ ကိုင္​ကာ တြဲ​ေလာင္​းခ်ျပၿပီး သြားလို႔ရရင္​သြား ဆိုသည္​့ မ်က္​ႏွာ​ေဘးက မွတ္​​ေလာက္​သား​ေလာက္​​ေအာင္​ ႐ုိုက္​ျပစ္​ခ်င္​စရာ...။

"မင္​း!!!"

ကမာၻသည္​ ၀တ္​ထားသည္​့ အနက္​​ေရာင္​​ေဘာင္​းဘီ႐ွည္နွင့္ ​​အတြင္​းမွ boxerအား ဟကာ ​ေသာ့ကား boxerအတြင္​းသို႔ လႊတ္​ခ်ကာ သိမ္​းဆည္​းလိုက္​၏...။

"ျပန္​ခ်င္​ရင္​ လာယူလွည္​့...အဲ့လိုမွ မဟုတ္​ရင္​​ေတာ့ မနက္​​ေနမထြက္​ခင္​မွ ကြၽန္​​ေတာ္​ကိုယ္​တိုင္​ျပန္​လိုက္​ပို႔မယ္​..."

​ေယာဟန္​ ထိုအၾကံပက္​စက္​သည္​့ ​ေကာင္​​ေလး​ေၾကာင္​့ အံတႀကိတ္​ႀကိတ္​ လက္​သီးတျပင္​ျပင္​ႏွင္​့ ႐ွံုးနိမ္​့ခဲ့ရ၏...။

မၾကာမီ ​အိမ္​အကူဟုထင္​ရေသာ အမ်ိဳးသမီးတစ္​ဦးမွ ကမာၻ့အား ထမင္​းစားရန္​လာ​ေခၚသြားသည္​မို႔ အခန္​းထဲတြင္​ ​ေယာဟန္​တစ္​​ေယာက္​ထဲသာ က်န္​ခဲ့ရသည္​...။...ထမင္​းသြားစားသည္​့​ေကာင္​​ေလးသည္​ ခန​ေလးႏွင္​့ျပန္​​ေရာက္​လာၿပီး လက္​ထဲတြင္​လည္​း ထမင္​းႏွင္​့ ဟင္​းမ်ိဳးစံုပါကာ ​ေယာဟန္​အား ထမင္​းအတင္​း​ေႂကြး၏...။

ျပန္​မရမယ္​့အတူ ​ေယာဟန္​ တစ္​​ေနကုန္​ပင္​ပန္​းထားသမ်ွ ထို​ေကာင္​​ေလး၏ ကုတင္​​ေပၚတြင္​ ႏွစ္​ႏွစ္​ၿခိဳက္​ၿခိဳက္​အိပ္​လိုက္​မိ၏...။...၀ိုးတ၀ါးတား အသိျကားတြင္​ ​ေယာဟန္​ စိတ္​အစံုမွာ လံုျခံဳသလို ခံစားလိုက္​ရ၏...။...အင္​း တကယ္​ကို ​ေႏြး​ေထြးလြန္​းပါဘိ...။

မနက္​၄နာရီသို႔ alarm ​ေပးထားသည္​မို႔ နာရီမွ ႏိႈးစက္​သံထြက္​လာသည့္အခါ ​ေယာဟန္​ႏိုးလာခဲ့သည္​...။...ကိုယ္​တိုင္​ျပန္​လိုက္​ပို႔ပါမည္​ ဆိုသူက သူ႔အား အတင္​းဖက္​တြယ္​ကာ အိပ္​မက္​ပင္​ မက္​လို႔​ေကာက္​း​ေနတုန္​းပင္​...။...​ေယာဟန္​ လႈပ္​ယြယြႏွင္​့ သူ႔ရင္​ခြင္​ထဲက ထြက္​ဖို႔ ျပင္​တုန္​း ႏိုးလာသူက အတင္​းခ်ဳပ္​ကာ ႏႈတ္​ခမ္​းတို႔အား ရန္​႐ွာလာသည္​မို႔ ရင္​ဘတ္​​ေပါက္​မတတ္​ ထုလႊတ္​ခဲ့ရ​ေသးသည္​......။

တကယ္​့ လူဆိုး...။

>>>>><<<<<

"အင္​့...!"

မနက္​​ေ၀လီေ၀လင္​းအခ်ိန္​တြင္​ xora ႏိုးလာခဲ့သည္​...။...​ည​ေန ၄နာရီအခ်ိန္​တြင္​ စတင္​ခဲ့​ေသာ အျပာ​ေရာင္​အခ်စ္​စစ္​ပြဲသည္​ ည၁၀နာရီထိုးခါနီးမွ အဆံုးသတ္​၏...။...ဒါ​ေတာင္​ သူ႔အိမ္​မွ ဖုန္​းဆက္​​ေခၚ​ေသာ​ေၾကာင္​့ xoraအနားရျခင္​းျဖစ္​သည္​...။

မ​ေန႔က ​ေန႔လည္​၁၂နာရီ​ေလာက္​တြင္​ xora ​ေဖ​ေဖႏွင္​့ Restaurant တစ္​ခုတြင္​ ထမင္​းစား​ရန္​ ထိုင္​​ေစာင္​့​ေနစဥ္​ ​ေဖ​ေဖသည္​ အလုပ္​ကိစၥဖုန္​းလာ၍ အျပင္​ထြက္​ဖုန္​း​ေျပာ​ေနခ်ိန္​တြင္​ သူ​ေရာက္​လာခဲ့၏...။

"လိုက္​ခဲ့..."

"ဟင္​..."

ထမင္​းစား​ဖို႔ ျပင္​​ေနသည္​့ သူ႔အား လက္​​ေကာက္​၀တ္​မွ ဆြဲကာ အျပင္​သို႔​ေခၚထုတ္​ၿပီး မိုးျပာ​ေရာင္​ ၿပိဳင္​ကားထဲ အတင္​းထိုးထည္​့​ေနသူ​ေၾကာင္​့ xora အ​ေၾကာင္​းျပခ်က္​မ​ေတာင္​းခံႏိုင္​စြာျဖင္​့ သူ႔ျပဳသမ်ွ ယက္​ကန္​ကန္​ႏွင္​့သာ...။

"Reno...ကိုယ္​ ထမင္​းစားမလို႔..."

ကားအား​ ထို​ေနရာမွာ ​ေမာင္​းထြက္​လာခဲ့ၿပီးသည္​အထိ စကားတစ္​ခြန္​းမွ မ​ေျပာသူသည္​ ယခုထိတိုင္​ xoraစကားအား မည္​သည္​့မွတ္​ခ်က္​မွ မ​ေပး​ေပ...။

Xora ​ေဖ​ေဖ့အား အ​ေရးႀကီးကိစၥ​ေပၚလာသည္​မို႔ အရင္​ျပန္​သြားရၿပီျဖစ္​​ေၾကာင္​း massageအျမန္​ပို႔လိုက္​ရသည္​...။...ဘာကိုအလိုမက်ျဖစ္​​ေန​ေသာ သူသည္​ ​ေအာက္​ႏႈတ္​ခမ္​းအား အတြင္​းထဲမွ ဖိကိုက္​ထားပံု​ေပၚၿပီး ​ေဒါသလည္​းထြက္​​ေနသည္​့ပံု...။...သိပ္​မၾကာ black king hotelတြင္​ ကားရပ္​လိုက္​ၿပီး xoraလက္​အား ဆြဲကာ hotelအတြင္​းသို႔ ​ေျခလွမ္​းၾကဲတို႔ျဖင္​့ ၀င္​​ေရာက္​သြား၏...။

"Reno...ကိုယ္​့လက္​နာ​ေနၿပီ..."

သူသည္​ ဘာမွျပန္​မ​ေျပာပဲ လက္​ကိုသာ အားထည္​့ကာ ပို၍ဆုပ္​ကိုင္​လိုက္​ၿပီး hotelပိုင္​႐ွင္​အတြက္​ သီးသန္​႔ျပဳလုပ္​​ေပးထားသည္​့ ဓာတ္​​ေလွကားဆီသို႔ ဦးတည္​ၿပီးသြာ၏...။

သူ႔အတြက္​သီးသန္​႔ခန္​းဟု ထင္​ရ​ေသာ hotel၏ သီးသန္႔​႔ခန္​းထဲသို႔ xoraတို့ အတူ၀င္​လိုက္​ရၿပီး​ေနာက္​ သူ​ေျပာလာသည္​့ စကား...။

"ငါနဲ႔အိပ္​​ေပး...မင္​းလိုခ်င္​​သ​ေလာက္​​ေပးမယ္​..."

သူ့စကားသည္​ xoraအား ​ေစာ္​ကားသလိုျဖစ္​​ေန​ေပမယ္​့ အ႐ူးရင္​့​ေန​ေသာ xoraအတြက္​က မဟာအခြင္​့အ​ေရးႀကီးလို။ ဒါမ်ိဳးကို လက္​မခံရင္​ xoraဟာ ႐ူး​ေနလို႔ပဲ ျဖစ္​လိမ္​့မည္​...။...xoraအတြက္​​ေငြမလို​ေပမယ္​့ ထိုအမ်ိဳးသား​ေတာ့လိုအပ္​၏...။...xoraထိုအမ်ိဳးသားအား စိတ္​၀င္​စားခဲ့သည္​မွာ လြန္​ခဲ့သည္​့ ၈ႏွစ္​​ေက်ာ္​ကတည္​းက ျဖစ္​သည္​...။

ထို​ေန႔တြင္​ xora၏ အဖိုးလို သက္​မွတ္​ထားသည္​့ လူတစ္​​ေယာက္​က ပဇဥ္​းခံသည္​မို႔ ​ေတာင္​ႀကီး႐ွိ ​ေတာရ​ေက်ာင္​းတစ္​​ေက်ာင္းတြင္​ xora​တို႔​ ​ေရာက္​႐ွိ​ေနတာျဖစ္​၏...။...xora​ေက်ာင္​းထဲ ​ေလ်ွာက္​သြား​ေနခ်ိန္​ ​ေညာင္​ပင္​ႀကီး​ေအာက္​တြင္​ ​ေတြ႔လိုက္​ရသည္​က တစ္​​ေယာက္​ထဲထိုင္​​ေနသည္​့ ​​ေကာင္​​ေလးတစ္​ဦး...။...ပန္​းႏု​ေရာင္​စတစ္​​ေကာ္​လံ​​ေလးႏွင္​့ အနက္​​ေရာင္​​ေယာပုဆိုး​ေလးကို ၀တ္​ထား၏...။ ကတီၱပါဖိနပ္​အနက္​​ေရာင္​​ေလး​ စီးထားသည္​​ေၾကာင္​့ ျဖဴ​ေဖြးေနသည္​့ ​ေျခဖမိုး၀င္​း၀င္​းႏွင္​့ ​ေသြး​​ေရာင္​လႊမ္​း​ေန​ေသာ ​ေျခ​ေခ်ာင္း​ေလး​ေတြ႐ွိ၏...။...တည္​တည္​ၿငိမ္​ၿငိမ္​​ေလးႏွင္​့ ​ေ႐ွးတူတူကိုသာ ၾကည္​့​ေနသည္​မို႔ ​ေဘးတစ္​​ေစာင္​းျမင္​​ေနရသည္​့ ႏွာတံျမင္​့ျမင္​့ႏွင္​့ မ်က္​​ေတာင္​ခပ္​စိပ္​စိပ္​က တကယ္​့ကို လူ​ေခ်ာ​ေလးတစ္​​ေယာက္​အသြင္​...။

Xora ၀တ္​ထားသည္​့ သစ္​ခြစိမ္​း​ေရာင္​ ပိုးပုဆိုး​ေလးအား မကာ ထို​ေကာင္​​ေလးအနားသို႔ ​ေျဖး​ေျဖးခ်င္​းသြားလိုက္​၏...xora အနား​ေရာက္​လာမွ သတိျပဳမိသည္​့​ေကာင္​​ေလးသည္​ xoraအား စူးစူးစိုက္​စိုက္​ၾကည့္​့လာ၏...။...နက္​​ေမွာင္​​ေန​ေသာ မ်က္​ဆန္​​ေဘးတြင္​ မွည္​့နက္​​ေလးတစ္​လံုး႐ွိ၏...။...ပါး​ေဖာင္​း​ေဖာင္​း​ေလးႏွင္​့ ဆံပင္​လိမ္​​ေကာက္​​ေကာက္​​ေလး​ေတြ႐ွိ​ေသာ xoraအား စိုက္​ၾကည္​့​ေနသည္​့အခ်ိန္​တြင္​ 'reno'ဟု ​ေခၚသံၾကားသျဖင္​့ ထို​ေကာင္​​ေလးသည္​ ထိုအသံလာရာသို႔ ​ေျပးထြက္​သြားခဲ့၏...။...မသြားခင္​​ေလး သူ႔လက္​ထဲ႐ွိ cubeတံုး​ေလးအား xoraလက္​ထဲထည္​့​ေပးသြားသည္​မို႔ xora မ်က္​စိတို႔မွိတ္​သည္​အထိ ျပံဳးျပလိုက္​မိသည္​...။...ထို႔​ေနာက္​​ေျပာခဲ့သည္​့စကားက...

"​ေက်းဇူး...ကိုကိုreno..."

"သိမ္းထား..."

"ဟုတ္​ကဲ့..."

ထို႔​ေနာက္​ ကိုကိုrenoသည္​ ထြက္​သြားခဲ့၏...။...xora တည္​တည္​ၿငိမ္​ၿငိမ္​ႏွင္​့ ထြက္​သြား​ေသာ ​ေက်ာျပင္​​ေလးအား ၾကည္​့ကာ အျပံဳးတို႔ကမရပ္​တန္​႔ႏိုင္​...သူကိုက့ိုနား​ေနခ်င္​​ေသးသည္​...မ်က္​ဆန္​နက္​နက္​​ေလး​ေဘး႐ွိ မွည္​့နက္​​ေလးကိုလည္​း ​ေသခ်ာၾကည္​့ခ်င္​​ေသးသည္​...ထိုအရြယ္​ ခ​ေလးငယ္​၏ စိတ္​ထဲတြင္​ တစ္​ပါးအမ်ိဳးသားအား အပိုင္​လိုခ်င္​စိတ္​တို႔ ခို​ေအာင္​း​ေန၏...အတည္​တက်မဟုတ္​​ေသး​ေပမယ္​့ ယခု ကိုကို႔ကို xoraပိုင္​ၿပီ...။...လူပ်ိဳ၀င္​စ အိမ္​မက္​မ်ားထဲတြင္​ ကိုကိုပါ၀င္​ခဲ့သည္​...။...စိတ္​ကူးယဥ္​စအရြယ္​မို႔ ကိုကိုႏွင္​့အတူ အိမ္​​ေထာင္​သည္​ဘ၀ျဖတ္​သန္​း​ေနသည္​အထိ စိတ္​ကူး​ေတြယဥ္​ခဲ့ဖူးသည္​...။...ကိုကို႔အရြယ္​​ေရာက္​ပံုကို မျမင္​ဖူး​ေပမယ္​့ စိတ္​ကူး​နဲ႔ ပံု​ေဖာ္​ခဲ့သည္​မွာ ခဏခဏ...။...xora ကုိကိုနဲ႔ လက္​​ေတြ႔ျဖတ္​သန္​းရမည္​့အခ်ိန္​မွာ xoraမူမ​ေနႏိုင္​...။...မျပည္​့​ေသးသည္​့ အသက္​ကိုလည္​း xoraထည္​့မတြက္​ႏိုင္​...။

Xoraသ​ေဘာက်သည္​့ ထိုအမ်ိဳးသား​ ေသာင္​းက်န္​းခဲ့သည္​​ေၾကာင္​့ xoraအ၀တ္​​ေတြသည္​ ကုတင္​​ေဘးတြင္​ ျပန္​႔ၾကဲ​ေန၏...။...xora နာက်င္​မူအနည္​းငယ္​႐ွိ​ေသးတာ​ေၾကာင္​့ ​လန္​းသြားရန္​ ​ေရခ်ိဳးခန္​းအရင္​၀င္​လိုက္​သည္​...။...​​ေရခ်ိဳးလိုက္​မွ ​ေနသာထိုင္​သာ႐ွိသြားၿပီး ျဖစ္​ကတတ္​ဆန္​း ပစ္​ခ်ထားသည္​့ အ၀တ္​တို႔အား ​ေကာက္​၀တ္​ကာ hotelမွထြက္​လာခဲ့၏...။

သူငယ္​ခ်င္​း​မ်ားျဖစ္​​ေသာ ရတီ​ဟန္​ႏွင္​့ သူရပိုင္​တို႔႐ွိရာ hope beauty saloonသို႔ ဦးတည္​ၿပီးသြားလိုက္​သည္​...။

"Hey xora..."

xoraဆိုင္​ထဲ၀င္​သည္ႏွင္​့ လက္​သည္​းပံု​ေဖာ္​​ေနရင္​းမွ သူရပိုင္​သည္​ ႏႈတ္​ဆက္​​ေလ၏...။...သူရပိုင္​သည္​ come outလုပ္​ထားသည္​့ gayျဖစ္​သည္​...။...ရတီဟန္​ႏွင္​့က ​ေက်ာင္​းမွာထဲက သူငယ္​ခ်င္​း​ေတြျဖစ္​​ေပမယ္​့ သူရပိုင္​နဲ႔က gay barမွာ ​မ​ေတာ္​တဆ​ေတြ႔ရင္​း ရင္​းႏွီးခဲ့ၾကတာျဖစ္​သည္​...။...အားလံုးထဲတြင္​ xoraက အငယ္​ဆံုးျဖစ္​၏...။

ကိုကိုႏွင္​့ ဆံုခဲ့ရသည္​ကလည္​း ရတီ့​ေၾကာင္​့ပင္​...။...ရတီ့​ေကာင္​​ေလးက ရတီ့အား ဘလိုင္​းႀကီးျဖတ္​သြားသည္​ကို ရန္​မွား​ေတြ႔ရင္​း ​ေတြ႔ခဲ့တာ...။...အဲ့​ေန႔က သူရပိုင္​ဖုန္​းဆက္​​ေတာ့ ရတီ့​ေကာင္​​ေလးသည္​ ​​ေဆးရံုတတ္​​ေနသည္​့ အသိမိတ္​​ေဆြအား လာ​ေတြ႔ရင္း ရတီႏွင္​့ ဆံုၿပီးသြားၿပီဟု​ေျပာသည္​...။...xoraထို အမွား​ေလးကိုပဲ ​ေက်နပ္​​ေနမိ၏...။...​ေတြ႔​ေတြ႔ျခင္​းကမမွတ္​မိ​ေပမယ္​့ ​​ေခ်ာ​ေမာလြန္းတဲ့ ႐ုပ္​ရည္​​ေၾကာင္​့ စံုစမ္​းရင္​း ကုိကိုrenoမွန္​း သိခဲ့ရသည္​...။...​ေနာက္​​ေၾကာင္​းကို ႐ွာမရ​ေပမယ္​့ twin star car showroom ပိုင္​႐ွင္​ထဲမွ တစ္​ဦးျဖစ္​​ေၾကာင္​းသိခဲ့ရသည္​...။...​ေဖ​ေဖ့မိတ္​​ေဆြတို႔အကူအညီနဲ႔ ကိုကို႔ဖုန္​းနံပါတ္​အား ရခဲ့သည္​...။... xoraရင္​ခုန္​လြန္​းလို႔ ​ေပါက္​ထြက္​မတတ္​ပင္​...။...ကိုကိုနဲ႔ ျပန္​ဆံုမည္​ဟု xoraထင္​မထား...။

Xora first yearမတတ္​ခင္​ ၀ါသနာပါသည္​့ သီခ်င္​းဆို​ေသာ အလုပ္​အားလုပ္​သည္​...။...ထိုမွတစ္​ဆင္​့ ကိုကိုအား ​ေတြ႔လို​ေတြ႔ျငား႐ွာၾကည္​့​ေသး၏...။...​ေဖ​ေဖက ခြင္​့မျပဳခ်င္​​ေပမယ္​့ တီ​ေလးဖြင္​့ထား​ေသာ ဆိုင္​တြင္​ တစ္​ပတ္​တြင္​၁ရက္​​ေလာက္​​ေတာ့ ဆိုရန္​ ခြင္​့ျပဳဖို႔ ​ေတာင္​းဆိုခ်က္​​ေၾကာင္​့ ​ေဖ​ေဖကလိုက္​​ေလ်ာ​ေပးခဲ့တာ...။

xoraသည္​ gay တစ္​​ေယာက္​ျဖစ္​​ေၾကာင္​းအား ​ေဖ​ေဖတို႔သိသြားတုန္​းကဆို အျပင္​းအထန္​ကို တံု႔ျပန္ခဲ့​ၾက၏...။...အဆိုးဆံုးက​ေတာ့ ​တီ​ေလးသာျဖစ္​သည္​...။...သို႔​ေပမယ္​့ ​ေထာင္​ကထြက္​လာၿပီး ​ေနာက္​ပိုင္​းတြင္​ တီ​ေလးသည္​ xora၏ ျဖစ္​တည္​မူအား လက္​ခံလာခဲ့သည္​...။...အခြင္​့႐ွိရင္​ ​ေတာင္​းပန္​ရဦးမည္​ဟု ခဏခဏ​ေျပာ​ေပမည္​့ တီ​ေလးမည္​သူ႔ကို ​ေျပာ​ေနမွန္​း xoraမသိပါ...။

ေထာင္​က ထြက္​လာၿပီး​ေနာက္​ပိုင္​းတြင္​ တီ​​ေလးသည္​ စိတ္​တည္​​ေအာင္​ႀကိဳးစားရင္​း just friends​ေတြ အမ်ားႀကီးထားခဲ့သည္​...။...သၤဃာန္းစည္​းသြား​ေသာ ဖိုးဖိုးထားခဲ့သည္​့အ​ေမ​ြေတြႏွင္​့ ​Top Restaurant အား ဖြင္​့လွစ္​ခဲ့သည္​...။...ယခုအခ်ိန္​​ေတြ​ေတာ့ တီ​ေလးသည္​ အမ်ားႀကီး တည္​ၿငိမ္​​ေနပါၿပီ...။

"အငယ္​​ေလး...မ​ေန႔က ဘယ္​​ေတြ​ေပ်ာက္​​ေနတာလည္း...တို႔တစ္​​ေန႔လံုး ဖုန္​း​ေတြ​ေခၚ​ေနတာ..."

"ကိုကိုနဲ႔ hotel date​ေနလို႔..."

​ေကာင္​​တာ​ေပၚ လက္​​ေထာက္​ရင္​း ခႏၶာကိုယ္​အား လႈပ္​ယမ္​းကာ ျပန္​​ေျဖလိုက္​၏...။...ပင္​့​ေမာ့ထားသည္​့ xoraမ်က္​ႏွာ​ေလးသည္​ ထိုကိစၥအား ဂုဏ္​ယူ​ေနသည္​့ဟန္​...။

"Oh,really...လက္​သြက္​တယ္​​ေရာ္​..."

"လက္​သြက္​ ရမယ္​​ေလ...​ေစာင္​့လာတာ ၁ႏွစ္​၂ႏွစ္​မွ မဟုတ္​ပဲ..."

Xora သူရပိုင္​၏ စကားအား ျပန္​​ေျဖရင္​း ကူ႐ွင္​တြင္​ ၀င္​ထိုင္​လိုက္​သည္​...။...အစီစဥ္ဆြဲထားသည္​့အတိုင္​း ဆံပင္​အား ပန္​းခ​ရမ္​း​ေရာင္​မွ ပန္​းဆီ​ေရာင္​ highlights ​ေျပာင္း ​​ေဖာက္​လိုက္မည္​ျဖစ္​သည္​...။...အရင္​က ခု​ေလာက္​မဟုတ္​​ေပမယ္​့ xoraအရမ္​းလွခ်င္​​ေန၏...။...ကိုကို႔အတြက္​ xoraလွ​ေနခ်င္​၏...။...xora ခႏၶာကိုယ္​က အနည္​းငယ္​ပင္​ပန္​း​ေန​ေပမယ္​့ ကိုကို​ေပးတဲ့ ဒဏ္​​ရာ​ေတြမို႔ xoraအျပံဳးမပ်က္​...။

တကယ္​ပါ...ကိုကိုနဲ႔ပက္​သက္​ရင္​ xoraက အျမဲအ႐ူးရင္​့​​ရသည္​...။

>>>>>><<<<<<

17.9.2023(Sunday)
Words-4655
Plz-V&M

ကိုယ္​့လက္​က အဖုအပိတ္​​ေတြက အနာႀကီး​ေတြျဖစ္​လာလို႔ လူကစိတ္​ဓာတ္​​ေတြက်​ေနပါတယ္​...အ​ေရးအသားမ​ေကာင္​းခဲ့ရင္​ ခြင္​့​လႊတ္​​ေပးၾကပါဦး...တတ္​ႏိုင္​သ​ေလာက္​ ႀကိဳးစားၿပီး​ေရးထားပါတယ္​​ေနာ္​...။...s2က​ေတာ့ အပိုင္​းက ၁၂/၁၃​ေလာက္​နဲ႔ ၿပီးမယ္​လို႔ ခန္​႔မွန္​းထားပါတယ္​...
I really miss you all♡ love you...

>>>>>>>Sunshine<<<<<<<<

Uni//

နီးကပ်​လာတဲ့ လူသား​ကြောင့် ​ယောဟန်​ရင်​တွေ အဆမတန်​ခုန်​လာရသည်​...။...ရီ​ဝေ​ဝေအကြည့်​တွေက ​​ယောဟန်​နှုတ်​ခမ်းတွင်​ ကျ​ရောက်​​နေ၏...။...​ထိစပ်​လုလုအ​နေအထား​ကြောင့် ​ယောဟန်​နှုတ်​ခမ်းတစ်​စုံအား ခပ်​ဖွဖွ​စေ့ထားမိ၍...။

ထိလိုက်​ချင်​သည်​...။

သို့​ပေမယ့်။

​ယောဟန်​ -ခ-အ​ပေါ် အပြစ်​မလုပ်​ချင်​...။...အားနာစိတ်​​ကြောင့် ​ရှေ့ဆက်​တိုးဖို့ ကြံ​နေသူ၏ ရင်​အုံအား တွန်းလွှတ်​လိုက်​ပြီး ​ယောဟန်​ ကုတင်​​ပေါ်မှ ထလိုက်​မိသည်​...။

"အကို..."

"ငါမင်းအတွက်​ ​အား​ဆေး​ရေး​ပေးလိုက်​မယ်​...တစ်​​နေ့တစ်​လုံး​ပုံမှန်​​သောက်​...အခု ငါပြန်​မယ်​..."

"ကျွန်​​တော်​အတွက်​ အား,ကအကို​​လေဗျာ...​နောက်ပြီး ကျွန်​​တော်​အကို့ကို ပြန်​ခွင့်မ​ပေးနိုင်​ဘူး..."

"​မင်းအဲ့လိုလုပ်​လို့မရဘူး..."

​ယောဟန်​ အသံ​တွေတုန်​လာ၏...အစွန်းနှစ်​ဖက်​အ​တွေးတို့ကြား လွန်​ဆွဲ​နေရသည်​မှာ လွန်​စွာပင်​ပန်းဖွယ်​​ကောင်းသည်​...။...​ယောဟန်​ -ခ-ကိုလည်း သစ္စာမ​ဖောက်​ချင်​သလို ထို​ကောင်​​လေးအ​ပေါ်၌လည်း မပြတ်​သားနိုင်​...။...​အေးချမ်း​နေ​သော​ ​ယောဟန်​ဘဝတွင်​ ထို​ကောင်​​လေးက သက်​တံ​ရောင်​ကာလာ​တွေနှင့် တိုးဝင်​လာခဲ့၏...။

​ဖြတ်​သန်းလာတဲ့ သက်​တမ်းတွင်​ ​ယောဟန်​ မိဘစိတ်​တိုင်းကျသာ​နေခဲ့ရ၏...။...အရွယ်​​ရောက်​လာသည့်အချိန်​တွင်​ မိဘဂုဏ်​ယူရသည့် သားတစ်​​ယောက်​အဖြစ်​ ရပ်​တည်​နိုင်​ရန်​ ကြိုးစားရသည်​...။...​ယောဟန်​ ပန်း​တွေကိုသ​ဘောကြသည်​...။...သူတို့​လေး​တွေကို ပျိုး​ထောင်​ကြည့်ချင်​သည်​...။...သို့​ပေမယ့် စိုက်​ပျိုး​​ရေးအလုပ်​က ဘဝအတွက်​ တတ်​လမ်းမဟုတ်​ဘူးဆိုသည့် အသိုင်းအဝိုင်းတို့၏ စကား​ကြောင့် ​ယောဟန်​ ​ဆေးလိုင်းရ​အောင်​ ကြိုးစားခဲ့ရသည်​...။...အရွယ်​တစ်​ခုသို့ ​ရောက်​​သောအခါ ​သင့်​တော်​သည့်မိန်းခ​လေးတစ်​ဦးအား အနားတွင်​ထားကာ ဘဝလက်​တွဲ​ဖော်​အဖြစ်​ ​ရွေးခိုင်းခြင်းခံရသည်​...။...​ယောဟန်​ ဘဝတွင်​ ​ကိုယ်​တိုင်​ စိတ်​တိုင်းကြ ​ရွေးချယ်​ခဲ့သည့်အရာဆိုလို့ ဘာတစ်​ခုမှမရှိ​သေး...။...​ယောဟန်​ ကိုယ့်စိတ်​နဲ့ကိုယ်​ တစ်​ခု​လောက်​​ရွေးချယ်​ကြည့်ချင်​မိသည်​...။...နှလုံးသား​ရေးရာအတွက်​ပဲဖြစ်​ဖြစ်​ ​ပျော်​ရွှင်​မူတစ်​ခုအတွက်​ပဲဖြစ်​ဖြစ်​....။

"မဖြစ်​နိုင်​ဘူး​ကောင်​​လေး...ငါနဲ့မင်းနဲ့က ဘယ်​လိုမှမဖြစ်​နိုင်​ဘူး..."

"အကို ကြိုးစားကြည့်ဖူးလို့လား..."

ကမာ္ဘ ကုတင်​​ပေါ်မှ ဆင်းကာ ထိုလူသား၏ ​ရှေ့တွင်​တည့်တည့်ရပ်​လိုက်​သည်​...။

"အကိုက အရွယ်​​ရောက်​​ပြီးသား လူတစ်​​ယောက်​...အကို့မှာ ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​ချခွင့်​ရှိတယ်​...ကိုယ်​ပိုင်​ဘဝအတွက်​ တစ်​ခြားလူက စည်း​တွေတားခွင့်မရှိဘူးအကို...အဲ့လူက မိဘဖြစ်​​နေရင်​​တောင်​မှ သူတို့မှာ လုပ်​ပိုင်​ခွင့်မရှိဘူး...ခန္ဓာတစ်​ခုပိုင်​ဆိုင်​ထားပြီးတာနဲ့ အကိုရဲ့ အရာရာကို အကိုသာလျှင်​ပိုင်​တယ်​...​မွေး​ကျေးဇူး ​ကျွေး​ကျေးဇူးဆိုတာ လွတ်​လပ်​ခွင့်နဲ့ ထိုးဆပ်​ရတာမျိုးမဟုတ်​ဘူး...အကိုအဲ့လိုခံယူထားရင်​ အကိုက ​မွေးဖွားခြင်းနဲ့​တောင်​ မထိုက်​တန်​တဲ့သူ ဖြစ်​သွားလိမ့်မယ်​...အကို့ စိတ်​ထဲကအတိုင်း​နေလို့ရတယ်...အဲ့တာကို ဖန်​ဆင်းရှင်​​တောင်​တားမထားဘူး..အကို့ဘဝနဲ့အကို...ကျွန်​​တော်​​ပြောတာနားလည်​လား..."

​ယောဟန်​နားလည်​ပါသည်​...။...ကိုယ့်ဘဝကိုယ်​ပိုင်​တယ်​ဆိုတာလည်း ​ယောဟန်​သိပါသည်​...။...သို့​ပေမယ့် ကတိဆိုသည်​လည်းရှိသလို ကိုယ့်စကားကိုယ်​တာဝန်​ယူခြင်းကလည်းရှိ​သေးသည်​...။...ကြမ်းကျွံတာကို နှုတ်​ရ​ပေမယ့် သူ၏မိဘဘက်​က စကား​တွေကျွံ​နေပြီ...။...​ယောဟန်က မိဘစိတ်​တိုင်းကျသာ ​နေခဲ့သူမို့ ကိုယ့်စိတ်​အတိုင်း​နေဖို့က ခက်​ခဲ​နေ၏...။...ကျင့်သားလည်းရခဲ့တာမို့ ​နေထိုင်​ခဲ့သည့် စံနှုန်းနဲ့ကွဲလွဲရမှာ ​ယောဟန်​အတွက်​ ခက်​ခဲ​နေသည်​...။

"ဒါ​ပေမယ့် ကိုယ့်ဘဝကိုယ် ​ဘယ်​သူကမှ ပိုင်​ဆိုင်​ခွင့်မ​ပေးခဲ့တာ..."

ခပ်​တိုးတိုးသာ ထွက်​လာသည့်စကားသံနှင့် ​ခေါင်းငုံကာ ခပ်​​တွေ​တွေသာ ရပ်​​နေ​သော ​အကို၏ခါးအားဆွဲကာ ရင်​ခွင်​ထဲထည့်ထားလိုက်​၏...။ အကိုသည်​...​ကမာ္ဘ့ခါးမှ အင်္ကျီစအား စုတ်​ကိုင်​ရင်း ကမာ္ဘ့ပုခုံးအား ပူ​နွေးစိုစွတ်​​စေ၏...။

"အကို့ဘ၀ အကို မပိုင်​ရင်​​တောင်​ ပိုင်​ဆိုင်​ခွင့်အ​နေနဲ့ ကျွန်​​တော့်ကို လွှဲ​ပေးလို့မရဘူးလားဟင်​..."

တင်းကြပ်​ကြပ်​ ဖက်​တွယ်​ထားပြီး နားအနီးမှ ခပ်​ရှရှ​ပြောလာ​သော စကား​ကြောင့် ​ယောဟန်​ ကြက်​သီး​မွှေးညှင်းပင်​ထသွားရသည်​...။...​သူ့ပုခုံးနှင့် မျက်နှာ​ကပ်​ထားရာမှ ခွာလိုက်​ပြီး သူ့အား​မော့ကြည့်လိုက်​​တော့ စူးရှသည့်အနက်​​ရောင်​မျက်​ဆံက နူးညံ့မှုအပြည့်နှင့် သူ့အား အုပ်​မိုးကာ ကြည့်​နေ၏...။...အရပ်​မှာ မတိမ်းမယိမ်းမို့ ​ယောဟန်​သူ့ပုခုံး​ပေါ်မှ ဖယ်​လိုက်​သည်​နှင့် သူနှင့်​ယောဟန်​၏ နှာဖျားတို့မှာ ထိစပ်​လျှက်​...။...နီးကပ်​​နေသည့် ခန္ဓာ​ကြောင့် တဒိတ်​ဒိတ်​ကြားရ​နေ​သော ရင်​ခုန်​သံသည်​ သူ့ဆီကလား ကိုယ့်ဆီကလား မသဲကွဲ...။...သို့​ပေမယ့် နှစ်​ဦးစလုံးသည်​ ဖယ်​ခွာသွားခြင်းမရှိ....။

"​အလယ်​တန်း​​လောက်​တုန်းက​လေ အင်္ဂလိပ်​ဆရာမက ​ပြောတယ်​...subjectက ပြုလုပ်​သူ...Object က ခံရသူတဲ့...အကို​ ကျွန်​​တော်​ရဲ့ Object ​လေး မဖြစ်​ချင်​ဘူးလားဟင်​..."

"ဟမ်​! မင်း! လွှတ်​​တော့ ငါ့ကို..."

​ယောဟန်​ သူ့ရင်​ခွင်​အား တွန်းလွှတ်​ကာ ​အသုံးပြုထား​သော ​ဆေးပစ္စည်းတို့အား လက်​ဆွဲအိတ်​ထဲ​ကောက်​ထည့်ပြီး ပြန်​ဖို့လုပ်​ရသည်​...။...စကားအ​ကောင်း ​ပြောမရတဲ့သူ...။...သူရဲ့ တည်​ငြိမ်​​လေးနက်​မှုက ၁၅မိနစ်​​တောင်​မခံဘူး...။...တကယ်​ ရဲတင်းပြီး ဆိုးလွန်းတဲ့ခ​လေး...။

​ယောဟန်​ ပြန်​ဖို့အဆင်​သင့်ဖြစ်​ပြီးတဲ့​နောက်​တွင်​ ကမာ္ဘသည်​ အခန်းတံခါးအား ​သော့ခတ်​ကာ ​ယောဟန်​​ရှေ့တွင်​ ထို​သော့အား ​လေယာဉ်​ပျံ​သော့ချိတ်​မှ ကိုင်​ကာ တွဲ​လောင်းချပြပြီး သွားလို့ရရင်​သွား ဆိုသည့် မျက်​နှာ​ဘေးက မှတ်​​လောက်​သား​လောက်​​အောင်​ ရိုုက်​ပြစ်​ချင်​စရာ...။

"မင်း!!!"

ကမာ္ဘသည်​ ဝတ်​ထားသည့် အနက်​​ရောင်​​ဘောင်းဘီရှည်နှင့် ​​အတွင်းမှ boxerအား ဟကာ ​သော့ကား boxerအတွင်းသို့ လွှတ်​ချကာ သိမ်းဆည်းလိုက်​၏...။

"ပြန်​ချင်​ရင်​ လာယူလှည့်...အဲ့လိုမှ မဟုတ်​ရင်​​တော့ မနက်​​နေမထွက်​ခင်​မှ ကျွန်​​တော်​ကိုယ်​တိုင်​ပြန်​လိုက်​ပို့မယ်​..."

​ယောဟန်​ ထိုအကြံပက်​စက်​သည့် ​ကောင်​​လေး​ကြောင့် အံတကြိတ်​ကြိတ်​ လက်​သီးတပြင်​ပြင်​နှင့် ရှုံးနိမ့်ခဲ့ရ၏...။

မကြာမီ ​အိမ်​အကူဟုထင်​ရသော အမျိုးသမီးတစ်​ဦးမှ ကမာ္ဘ့အား ထမင်းစားရန်​လာ​ခေါ်သွားသည်​မို့ အခန်းထဲတွင်​ ​ယောဟန်​တစ်​​ယောက်​ထဲသာ ကျန်​ခဲ့ရသည်​...။...ထမင်းသွားစားသည့်​ကောင်​​လေးသည်​ ခန​လေးနှင့်ပြန်​​ရောက်​လာပြီး လက်​ထဲတွင်​လည်း ထမင်းနှင့် ဟင်းမျိုးစုံပါကာ ​ယောဟန်​အား ထမင်းအတင်း​ကြွေး၏...။

ပြန်​မရမယ့်အတူ ​ယောဟန်​ တစ်​​နေကုန်​ပင်​ပန်းထားသမျှ ထို​ကောင်​​လေး၏ ကုတင်​​ပေါ်တွင်​ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​လိုက်​မိ၏...။...ဝိုးတဝါးတား အသိကြားတွင်​ ​ယောဟန်​ စိတ်​အစုံမှာ လုံခြုံသလို ခံစားလိုက်​ရ၏...။...အင်း တကယ်​ကို ​နွေး​ထွေးလွန်းပါဘိ...။

မနက်​၄နာရီသို့ alarm ​ပေးထားသည်​မို့ နာရီမှ နှိုးစက်​သံထွက်​လာသည့်အခါ ​ယောဟန်​နိုးလာခဲ့သည်​...။...ကိုယ်​တိုင်​ပြန်​လိုက်​ပို့ပါမည်​ ဆိုသူက သူ့အား အတင်းဖက်​တွယ်​ကာ အိပ်​မက်​ပင်​ မက်​လို့​ကောက်း​နေတုန်းပင်​...။...​ယောဟန်​ လှုပ်​ယွယွနှင့် သူ့ရင်​ခွင်​ထဲက ထွက်​ဖို့ ပြင်​တုန်း နိုးလာသူက အတင်းချုပ်​ကာ နှုတ်​ခမ်းတို့အား ရန်​ရှာလာသည်​မို့ ရင်​ဘတ်​​ပေါက်​မတတ်​ ထုလွှတ်​ခဲ့ရ​သေးသည်​......။

တကယ့် လူဆိုး...။

>>>>><<<<<

"အင့်...!"

မနက်​​ဝေလီဝေလင်းအချိန်​တွင်​ xora နိုးလာခဲ့သည်​...။...​ည​နေ ၄နာရီအချိန်​တွင်​ စတင်​ခဲ့​သော အပြာ​ရောင်​အချစ်​စစ်​ပွဲသည်​ ည၁၀နာရီထိုးခါနီးမှ အဆုံးသတ်​၏...။...ဒါ​တောင်​ သူ့အိမ်​မှ ဖုန်းဆက်​​ခေါ်​သော​ကြောင့် xoraအနားရခြင်းဖြစ်​သည်​...။

မ​နေ့က ​နေ့လည်​၁၂နာရီ​လောက်​တွင်​ xora ​ဖေ​ဖေနှင့် Restaurant တစ်​ခုတွင်​ ထမင်းစား​ရန်​ ထိုင်​​စောင့်​နေစဉ်​ ​ဖေ​ဖေသည်​ အလုပ်​ကိစ္စဖုန်းလာ၍ အပြင်​ထွက်​ဖုန်း​ပြော​နေချိန်​တွင်​ သူ​ရောက်​လာခဲ့၏...။

"လိုက်​ခဲ့..."

"ဟင်​..."

ထမင်းစား​ဖို့ ပြင်​​နေသည့် သူ့အား လက်​​ကောက်​ဝတ်​မှ ဆွဲကာ အပြင်​သို့​ခေါ်ထုတ်​ပြီး မိုးပြာ​ရောင်​ ပြိုင်​ကားထဲ အတင်းထိုးထည့်​နေသူ​ကြောင့် xora အ​ကြောင်းပြချက်​မ​တောင်းခံနိုင်​စွာဖြင့် သူ့ပြုသမျှ ယက်​ကန်​ကန်​နှင့်သာ...။

"Reno...ကိုယ်​ ထမင်းစားမလို့..."

ကားအား​ ထို​နေရာမှာ ​မောင်းထွက်​လာခဲ့ပြီးသည်​အထိ စကားတစ်​ခွန်းမှ မ​ပြောသူသည်​ ယခုထိတိုင်​ xoraစကားအား မည်​သည့်မှတ်​ချက်​မှ မ​ပေး​ပေ...။

Xora ​ဖေ​ဖေ့အား အ​ရေးကြီးကိစ္စ​ပေါ်လာသည်​မို့ အရင်​ပြန်​သွားရပြီဖြစ်​​ကြောင်း massageအမြန်​ပို့လိုက်​ရသည်​...။...ဘာကိုအလိုမကျဖြစ်​​နေ​သော သူသည်​ ​အောက်​နှုတ်​ခမ်းအား အတွင်းထဲမှ ဖိကိုက်​ထားပုံ​ပေါ်ပြီး ​ဒေါသလည်းထွက်​​နေသည့်ပုံ...။...သိပ်​မကြာ black king hotelတွင်​ ကားရပ်​လိုက်​ပြီး xoraလက်​အား ဆွဲကာ hotelအတွင်းသို့ ​ခြေလှမ်းကြဲတို့ဖြင့် ဝင်​​ရောက်​သွား၏...။

"Reno...ကိုယ့်လက်​နာ​နေပြီ..."

သူသည်​ ဘာမှပြန်​မ​ပြောပဲ လက်​ကိုသာ အားထည့်ကာ ပို၍ဆုပ်​ကိုင်​လိုက်​ပြီး hotelပိုင်​ရှင်​အတွက်​ သီးသန့်ပြုလုပ်​​ပေးထားသည့် ဓာတ်​​လှေကားဆီသို့ ဦးတည်​ပြီးသွာ၏...။

သူ့အတွက်​သီးသန့်ခန်းဟု ထင်​ရ​သော hotel၏ သီးသန့့်ခန်းထဲသို့ xoraတို့ အတူဝင်​လိုက်​ရပြီး​နောက်​ သူ​ပြောလာသည့် စကား...။

"ငါနဲ့အိပ်​​ပေး...မင်းလိုချင်​​သ​လောက်​​ပေးမယ်​..."

သူ့စကားသည်​ xoraအား ​စော်​ကားသလိုဖြစ်​​နေ​ပေမယ့် အရူးရင့်​နေ​သော xoraအတွက်​က မဟာအခွင့်အ​ရေးကြီးလို။ ဒါမျိုးကို လက်​မခံရင်​ xoraဟာ ရူး​နေလို့ပဲ ဖြစ်​လိမ့်မည်​...။...xoraအတွက်​​ငွေမလို​ပေမယ့် ထိုအမျိုးသား​တော့လိုအပ်​၏...။...xoraထိုအမျိုးသားအား စိတ်​ဝင်​စားခဲ့သည်​မှာ လွန်​ခဲ့သည့် ၈နှစ်​​ကျော်​ကတည်းက ဖြစ်​သည်​...။

ထို​နေ့တွင်​ xora၏ အဖိုးလို သက်​မှတ်​ထားသည့် လူတစ်​​ယောက်​က ပဇဉ်းခံသည်​မို့ ​တောင်​ကြီးရှိ ​တောရ​ကျောင်းတစ်​​ကျောင်းတွင်​ xora​တို့​ ​ရောက်​ရှိ​နေတာဖြစ်​၏...။...xora​ကျောင်းထဲ ​လျှောက်​သွား​နေချိန်​ ​ညောင်​ပင်​ကြီး​အောက်​တွင်​ ​တွေ့လိုက်​ရသည်​က တစ်​​ယောက်​ထဲထိုင်​​နေသည့် ​​ကောင်​​လေးတစ်​ဦး...။...ပန်းနု​ရောင်​စတစ်​​ကော်​လံ​​လေးနှင့် အနက်​​ရောင်​​ယောပုဆိုး​လေးကို ဝတ်​ထား၏...။ ကတ္တီပါဖိနပ်​အနက်​​ရောင်​​လေး​ စီးထားသည်​​ကြောင့် ဖြူ​ဖွေးနေသည့် ​ခြေဖမိုးဝင်းဝင်းနှင့် ​သွေး​​ရောင်​လွှမ်း​နေ​သော ​ခြေ​ချောင်း​လေး​တွေရှိ၏...။...တည်​တည်​ငြိမ်​ငြိမ်​​လေးနှင့် ​ရှေးတူတူကိုသာ ကြည့်​နေသည်​မို့ ​ဘေးတစ်​​စောင်းမြင်​​နေရသည့် နှာတံမြင့်မြင့်နှင့် မျက်​​တောင်​ခပ်​စိပ်​စိပ်​က တကယ့်ကို လူ​ချော​လေးတစ်​​ယောက်​အသွင်​...။

Xora ဝတ်​ထားသည့် သစ်​ခွစိမ်း​ရောင်​ ပိုးပုဆိုး​လေးအား မကာ ထို​ကောင်​​လေးအနားသို့ ​ဖြေး​ဖြေးချင်းသွားလိုက်​၏...xora အနား​ရောက်​လာမှ သတိပြုမိသည့်​ကောင်​​လေးသည်​ xoraအား စူးစူးစိုက်​စိုက်​ကြည့့်လာ၏...။...နက်​​မှောင်​​နေ​သော မျက်​ဆန်​​ဘေးတွင်​ မှည့်နက်​​လေးတစ်​လုံးရှိ၏...။...ပါး​ဖောင်း​ဖောင်း​လေးနှင့် ဆံပင်​လိမ်​​ကောက်​​ကောက်​​လေး​တွေရှိ​သော xoraအား စိုက်​ကြည့်​နေသည့်အချိန်​တွင်​ 'reno'ဟု ​ခေါ်သံကြားသဖြင့် ထို​ကောင်​​လေးသည်​ ထိုအသံလာရာသို့ ​ပြေးထွက်​သွားခဲ့၏...။...မသွားခင်​​လေး သူ့လက်​ထဲရှိ cubeတုံး​လေးအား xoraလက်​ထဲထည့်​ပေးသွားသည်​မို့ xora မျက်​စိတို့မှိတ်​သည်​အထိ ပြုံးပြလိုက်​မိသည်​...။...ထို့​နောက်​​ပြောခဲ့သည့်စကားက...

"​ကျေးဇူး...ကိုကိုreno..."

"သိမ်းထား..."

"ဟုတ်​ကဲ့..."

ထို့​နောက်​ ကိုကိုrenoသည်​ ထွက်​သွားခဲ့၏...။...xora ွ​.တည်​တည်​ငြိမ်​ငြိမ်​နှင့် ထွက်​သွား​သော ​ကျောပြင်​​လေးအား ကြည့်ကာ အပြုံးတို့ကမရပ်​တန့်နိုင်​...သူကိုကို့နား​နေချင်​​သေးသည်​...မျက်​ဆန်​နက်​နက်​​လေး​ဘေးရှိ မှည့်နက်​​လေးကိုလည်း ​သေချာကြည့်ချင်​​သေးသည်​...ထိုအရွယ်​ ခ​လေးငယ်​၏ စိတ်​ထဲတွင်​ တစ်​ပါးအမျိုးသားအား အပိုင်​လိုချင်​စိတ်​တို့ ခို​အောင်း​နေ၏...အတည်​တကျမဟုတ်​​သေး​ပေမယ့် ယခု ကိုကို့ကို xoraပိုင်​ပြီ...။...လူပျိုဝင်​စ အိမ်​မက်​များထဲတွင်​ ကိုကိုပါဝင်​ခဲ့သည်​...။...စိတ်​ကူးယဉ်​စအရွယ်​မို့ ကိုကိုနှင့်အတူ အိမ်​​ထောင်​သည်​ဘ၀ဖြတ်​သန်း​နေသည်​အထိ စိတ်​ကူး​တွေယဉ်​ခဲ့ဖူးသည်​...။...ကိုကို့အရွယ်​​ရောက်​ပုံကို မမြင်​ဖူး​ပေမယ့် စိတ်​ကူး​နဲ့ ပုံ​ဖော်​ခဲ့သည်​မှာ ခဏခဏ...။...xora ကိုကိုနဲ့ လက်​​တွေ့ဖြတ်​သန်းရမည့်အချိန်​မှာ xoraမူမ​နေနိုင်​...။...မပြည့်​သေးသည့် အသက်​ကိုလည်း xoraထည့်မတွက်​နိုင်​...။

Xoraသ​ဘောကျသည့် ထိုအမျိုးသား​ သောင်းကျန်းခဲ့သည်​​ကြောင့် xoraအဝတ်​​တွေသည်​ ကုတင်​​ဘေးတွင်​ ပြန့်ကြဲ​နေ၏...။...xora နာကျင်​မူအနည်းငယ်​ရှိ​သေးတာ​ကြောင့် ​လန်းသွားရန်​ ​ရေချိုးခန်းအရင်​ဝင်​လိုက်​သည်​...။...​​ရေချိုးလိုက်​မှ ​နေသာထိုင်​သာရှိသွားပြီး ဖြစ်​ကတတ်​ဆန်း ပစ်​ချထားသည့် အဝတ်​တို့အား ​ကောက်​ဝတ်​ကာ hotelမှထွက်​လာခဲ့၏...။

သူငယ်​ချင်း​များဖြစ်​​သော ရတီ​ဟန်​နှင့် သူရပိုင်​တို့ရှိရာ hope beauty saloonသို့ ဦးတည်​ပြီးသွားလိုက်​သည်​...။

"Hey xora..."

xoraဆိုင်​ထဲဝင်​သည်နှင့် လက်​သည်းပုံ​ဖော်​​နေရင်းမှ သူရပိုင်​သည်​ နှုတ်​ဆက်​​လေ၏...။...သူရပိုင်​သည်​ come outလုပ်​ထားသည့် gayဖြစ်​သည်​...။...ရတီဟန်​နှင့်က ​ကျောင်းမှာထဲက သူငယ်​ချင်း​တွေဖြစ်​​ပေမယ့် သူရပိုင်​နဲ့က gay barမှာ ​မ​တော်​တဆ​တွေ့ရင်း ရင်းနှီးခဲ့ကြတာဖြစ်​သည်​...။...အားလုံးထဲတွင်​ xoraက အငယ်​ဆုံးဖြစ်​၏...။

ကိုကိုနှင့် ဆုံခဲ့ရသည်​ကလည်း ရတီ့​ကြောင့်ပင်​...။...ရတီ့​ကောင်​​လေးက ရတီ့အား ဘလိုင်းကြီးဖြတ်​သွားသည်​ကို ရန်​မှား​တွေ့ရင်း ​တွေ့ခဲ့တာ...။...အဲ့​နေ့က သူရပိုင်​ဖုန်းဆက်​​တော့ ရတီ့​ကောင်​​လေးသည်​ ​​ဆေးရုံတတ်​​နေသည့် အသိမိတ်​​ဆွေအား လာ​တွေ့ရင်း ရတီနှင့် ဆုံပြီးသွားပြီဟု​ပြောသည်​...။...xoraထို အမှား​လေးကိုပဲ ​ကျေနပ်​​နေမိ၏...။...​တွေ့​တွေ့ခြင်းကမမှတ်​မိ​ပေမယ့် ​​ချော​မောလွန်းတဲ့ ရုပ်​ရည်​​ကြောင့် စုံစမ်းရင်း ကိုကိုrenoမှန်း သိခဲ့ရသည်​...။...​နောက်​​ကြောင်းကို ရှာမရ​ပေမယ့် twin star car showroom ပိုင်​ရှင်​ထဲမှ တစ်​ဦးဖြစ်​​ကြောင်းသိခဲ့ရသည်​...။...​ဖေ​ဖေ့မိတ်​​ဆွေတို့အကူအညီနဲ့ ကိုကို့ဖုန်းနံပါတ်​အား ရခဲ့သည်​...။... xoraရင်​ခုန်​လွန်းလို့ ​ပေါက်​ထွက်​မတတ်​ပင်​...။...ကိုကိုနဲ့ ပြန်​ဆုံမည်​ဟု xoraထင်​မထား...။

Xora first yearမတတ်​ခင်​ ဝါသနာပါသည့် သီချင်းဆို​သော အလုပ်​အားလုပ်​သည်​...။...ထိုမှတစ်​ဆင့် ကိုကိုအား ​တွေ့လို​တွေ့ငြားရှာကြည့်​သေး၏...။...​ဖေ​ဖေက ခွင့်မပြုချင်​​ပေမယ့် တီ​လေးဖွင့်ထား​သော ဆိုင်​တွင်​ တစ်​ပတ်​တွင်​၁ရက်​​လောက်​​တော့ ဆိုရန်​ ခွင့်ပြုဖို့ ​တောင်းဆိုချက်​​ကြောင့် ​ဖေ​ဖေကလိုက်​​လျော​ပေးခဲ့တာ...။

xoraသည်​ gay တစ်​​ယောက်​ဖြစ်​​ကြောင်းအား ​ဖေ​ဖေတို့သိသွားတုန်းကဆို အပြင်းအထန်​ကို တုံ့ပြန်ခဲ့​ကြ၏...။...အဆိုးဆုံးက​တော့ ​တီ​လေးသာဖြစ်​သည်​...။...သို့​ပေမယ့် ​ထောင်​ကထွက်​လာပြီး ​နောက်​ပိုင်းတွင်​ တီ​လေးသည်​ xora၏ ဖြစ်​တည်​မူအား လက်​ခံလာခဲ့သည်​...။...အခွင့်ရှိရင်​ ​တောင်းပန်​ရဦးမည်​ဟု ခဏခဏ​ပြော​ပေမည့် တီ​လေးမည်​သူ့ကို ​ပြော​နေမှန်း xoraမသိပါ...။

ထောင်​က ထွက်​လာပြီး​နောက်​ပိုင်းတွင်​ တီ​​လေးသည်​ စိတ်​တည်​​အောင်​ကြိုးစားရင်း just friends​တွေ အများကြီးထားခဲ့သည်​...။...င်္သဃာန်းစည်းသွား​သော ဖိုးဖိုးထားခဲ့သည့်အ​မွေတွေနှင့် ​Top Restaurant အား ဖွင့်လှစ်​ခဲ့သည်​...။...ယခုအချိန်​​တွေ​တော့ တီ​လေးသည်​ အများကြီး တည်​ငြိမ်​​နေပါပြီ...။

"အငယ်​​လေး...မ​နေ့က ဘယ်​​တွေ​ပျောက်​​နေတာလည်း...တို့တစ်​​နေ့လုံး ဖုန်း​တွေ​ခေါ်​နေတာ..."

"ကိုကိုနဲ့ hotel date​နေလို့..."

​ကောင်​​တာ​ပေါ် လက်​​ထောက်​ရင်း ခန္ဓာကိုယ်​အား လှုပ်​ယမ်းကာ ပြန်​​ဖြေလိုက်​၏...။...ပင့်​မော့ထားသည့် xoraမျက်​နှာ​လေးသည်​ ထိုကိစ္စအား ဂုဏ်​ယူ​နေသည့်ဟန်​...။

"Oh,really...လက်​သွက်​တယ်​​ရော်​..."

"လက်​သွက်​ ရမယ်​​လေ...​စောင့်လာတာ ၁နှစ်​၂နှစ်​မှ မဟုတ်​ပဲ..."

Xora သူရပိုင်​၏ စကားအား ပြန်​​ဖြေရင်း ကူရှင်​တွင်​ ဝင်​ထိုင်​လိုက်​သည်​...။...အစီစဉ်ဆွဲထားသည့်အတိုင်း ဆံပင်​အား ပန်းခ​ရမ်း​ရောင်​မှ ပန်းဆီ​ရောင်​ highlights ​ပြောင်း ​​ဖောက်​လိုက်မည်​ဖြစ်​သည်​...။...အရင်​က ခု​လောက်​မဟုတ်​​ပေမယ့် xoraအရမ်းလှချင်​​နေ၏...။...ကိုကို့အတွက်​ xoraလှ​နေချင်​၏...။...xora ခန္ဓာကိုယ်​က အနည်းငယ်​ပင်​ပန်း​နေ​ပေမယ့် ကိုကို​ပေးတဲ့ ဒဏ်​​ရာ​တွေမို့ xoraအပြုံးမပျက်​...။

တကယ်​ပါ...ကိုကိုနဲ့ပက်​သက်​ရင်​ xoraက အမြဲအရူးရင့်​​ရသည်​...။

>>>>>><<<<<<

17.9.2023(Sunday)
Words-4655
Plz-V&M

ကိုယ့်လက်​က အဖုအပိတ်​​တွေက အနာကြီး​တွေဖြစ်​လာလို့ လူကစိတ်​ဓာတ်​​တွေကျ​နေပါတယ်​...အ​ရေးအသားမ​ကောင်းခဲ့ရင်​ ခွင့်​လွှတ်​​ပေးကြပါဦး...တတ်​နိုင်​သ​လောက်​ ကြိုးစားပြီး​ရေးထားပါတယ်​​နော်​...။...s2က​တော့ အပိုင်းက ၁၂/၁၃​လောက်​နဲ့ ပြီးမယ်​လို့ ခန့်မှန်းထားပါတယ်​...
I really miss you all♡ love you...

>>>>>>>Sunshine<<<<<<<<

Continue Reading

You'll Also Like

794K 34.6K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
141K 4.3K 144
Part 1 of "The Hunter's Gonna Lay Low" Introduction: Hunter Cha Eui-jae, who was dispatched to seal a rift that appeared over the West Sea, was flung...
198K 15.4K 35
𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet introvert with a passion for books and study. She thrives in the world of words, finding solace in...
699K 100K 38
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...