ရှင်းရှင်းတစ်ယောက်ကတော့ သစ်ပင်နောက်မှာကျန်နေခဲ့ပြီး အိမ်ထဲကိုရုတ်တရက်ထွက်ပြေးသွားတဲ့လူကြောင့် ကြောင်သွားခဲ့လေသည်။
ဘာလည်းဟ!! ဘာလို့ထွက်ပြေးသွားတာလဲ ဒီမှာလူရှိနေမှန်းရိပ်မိပြီးအိမ်ထဲက ရှောင်းကျန့်တို့ကိုသွားပြောတာလား!....ရှင်းရှင်းတွေးမိကာကြောက်ကြောက်နဲ့ဘဲ သတိလည်းထားရင်းသစ်ပင်နောက်ကနေခဏလောက်ဆက်ပြီးအခြေအနေကိုစောင့်ကြည့်နေပြန်တော့လည်း အိမ်ကတိတ်ဆိတ်နေကာ ဘာလှုပ်ရှားမူအသံမျိုးမှမကြားရပေ...
ဒါကြောင့်ရှင်းရှင်းလဲ သူ့ကိစ္စအမြန်ပြီးစေချင်တာကြောင့် သတ္တိမွေးကာ အသက်ပြင်းပြင်းတစ်ချက်ရူလိုက်ပြီးသစ်ပင်နောက်ကထွက်လိုက်ကာ သူယူလာတဲ့လွယ်အိတ်ထဲက ပေါက်တူးအသေးနှင့်တခြားကိရိယာလေးတွေကိုပါအမြန်ထုတ်လိုက်လေသည်။
ထို့နောက် ဒူးထောက်ပြီးထို စားပွဲအောက်ကိုခန္တကိုယ်ကိုညွတ်လိုက်ပြီး သူလက်နဲ့မြေကြီး အပေါ်နားကကျောက်စရစ်ခဲလေးတွေကို အရင်ဖယ်ထုတ်လေသည်။
အ့!!
ရှင်းရှင်းအမြန်ဖယ်နေတုန်း ကျောက်စရစ်ခဲလေးတွေကကြမ်းတာကြောင့်ရယ် သူကလည်းမြန်မြန်ဖယ်နေတော့ကျောက်စရစ်ခဲတစ်ချို့က မတော်တဆသူ့လက်ဖဝါးကို ခြစ်မိကာ သူ့လက်ဖဝါးမှာသွေးထွက်လာရလေသည်။
ဒါပင်မဲ့ရှင်းရှင်းသူ့လက်ဖဝါးကိုတစ်ချက်သာကြည့်လိုက်ပြီး အာရုံမထားနိုင်စွာဘဲ ဆက်ပြီးမြန်မြန်ဖယ်ထုတ်လေသည်။
တော်တော်များများဖယ်ထုတ်ပြီးချိန် မြေသားပေါ်လာချိန်မှာတော့ သူယူလာတဲ့ပေါက်တူးကိုကိုင်ကာ မြေကြီးသားကိုစပြီးတူးဖော်လေတော့သည်။ တူးနေရင်းကအိမ်ရဲ့အခြေအနေကိုလည်း ကြည့်နေရသေးလေသည်။ တော်သေးသည်က ခုနကလူလည်းပြန်ထွက်မလာသလို အိမ်ကလည်းတိတ်ဆိတ်နေကာဘာလှုပ်ရှားမူအသံမျိူးမှမကြားရပေ...
သူမြန်မြန်တူးလိုက်ရင်း သူ့ပစ္စည်းတွေကိုမြုပ်ဖို့အဆင်ပြေလောက်တဲ့အနေအထား လောက်ရောက်တော့တူးထားတဲ့ကြွင်းထဲကို သူယူလာတဲ့အဓိကအစီအရင်ဖြစ်တဲ့အင်းနဲ့ဖယောင်းတိုင်ကိုအမြန်ထည့်မြုပ်လိုက်ကာအပေါ်ကနေခုနကတူးထုတ်ထားတဲ့ မြေကြီးသားတွေကိုတော့သူ့လက်နှင့်ဘဲပြန်ဖို့လိုက်လေသည်။ ထို့နောက်အပေါ်မှာခုနကကျောက်စရစ်ခဲလေးတွေကို လက်နှင့်သေချာလေးမသိသာအောင်ပြန်ဖြန့်ခင်းလိုက်လေသည်။ အခုလောက်ဆိုရင်ဘယ်သူဘဲကြည့်ကြည့်ဒီနေရာမှာမြုပ်ထားသည်ဟုထင်မှာမဟုတ်ပေ..
ရှင်းရှင်းအားလုံးပြီးတော့တစ်ချက်ပြုံးလိုက်ကာ ပြန်ထဖို့ပြင်တော့သည်။
အ့!!!
သူခန္တကိုယ်ကိုစားပွဲအောက်ကနေပြန်ထတဲ့အချိန်မှာတော့ သူ့ခေါင်းပေါ်က ကျွန်းစားပွဲနှင့် သူ့ခေါင်းကမမျှော်လင့်ဘဲတိုက်မိသွားရကာ အသံနဲနဲကျယ်ကျယ်ထွက်သွားရလေသည်။
ရှင်းရှင်းချက်ခြင်းဘဲ သူ့ပါးစပ်ကိုလက်နှင့်ပိတ်လိုက်ကာ အိမ်ဖက်ကိုအခြေအနေကြည့်မိလေသည်။ တော်သေးသည်..အိမ်ဖက်ကဘာအသံမှမကြားရပေ..ဒါမှဘဲရှင်းရှင်းအသက်ကိုဝဝရူရဲကာ သူ့ယူလာတဲ့ပစ္စည်းတွေကိုအိတ်ထဲအမြန်ပြန်ထည့်ကာ အိမ်ထဲကအမြန်ပြန်ထွက်ဖို့ပြင်တော့သည်။
သူခုနကတက်လာခဲ့တဲ့အုတ်တံတိုင်းအနားကိုဘဲပြန်သွားလိုက်ပြီး အပြင်မှာကျန်ခဲ့တဲ့ကြယ်စင်ကိုခပ်တိုးတိုးခေါ်လိုက်လေသည်။
"ကြယ်စင် နင်ရှိလား ကြယ်စင် "
"ဟမ်! ရှင်းရှင်း နင်လား "
"အေး ဟုတ်တယ်ငါ့ကိုအပြင်ထွက်နိုင်ဖို့ကူညီပေးပါအုံး "
"အေးအေး "
ကြယ်စင်ရဲ့ပြန်ဖြေသံအဆုံးမှာတော့ ရှင်းရှင်းကအားသုံးပြီးတစ်ချက်ခုန်လိုက်ကာ အုတ်တံတိုင်းပေါ်ကိုအားနှင့်ကုတ်တက်လေသည်။ အပြင်ဖက်က ကြယ်စင်ကလည်းတက်လာတဲ့ရှင်းရှင်းရဲ့လက်ကိုအပြင်ဖက်ကနေဆွဲပေးကာ အပြင်ပြန်ရောက်နိုင်ဖို့ကူညီပေးလေသည်။
ဒီလိုနဲ့ခက်ခက်ခဲခဲကြိုးစားတက်လာပြီး နောက်ဆုံးမှာတော့ ရှင်းရှင်းအပြင်ကိုပြန်ရောက်ခဲ့လေသည်။
"အဆင်ပြေခဲ့လား ရှင်းရှင်း"
"ပြေတယ် အကြောင်းစုံကိုနောက်မှပြောပြမယ် ဒီမှာကြာကြာနေလို့မကောင်းဘူး သွားရအောင်"
"အေးအေး "
ဒီလိုနှင့်သူငယ်ချင်းနှစ်ယောက်ပြန်ကြလေသည်။ရှင်းရှင်းကတော့ သူ့အစီအရင်ကိုကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ထင်သည့်အတွက် အပျော်ကြီးပျော်နေခဲ့လေသည်။ သူသေချာမသိလိုက်သည်က ရှောင်းကျန့်ကိုကျွေးဖို့ဆရာဆိုသူကပေးလိုက်သည့်ဆေးတစ်ထုတ်လုံးသည် ရှောင်းကျန့်တစ်ယောက်ထဲကဆေးတစ်ထုတ်လုံးကိုအကုန်စားလိုက်ရသည် မဟုတ်သည်ပင်....
.......................................
"မင်းကဒီနေ့ပြန်တော့မှာပေါ့ ကျန်းချန်"
ရိပေါ်ကမေးလေသည်။
"အေးဟုတ်တယ် ငါ့အဒေါ်ပြန်ရောက်လာပြီလေ ငါပြန်ရတော့မယ်"
"အေးပါကွာ မနေ့ကဗိုက်အောင့်သေးလား"
"အေးအောင့်တယ် ငါဘာဖြစ်မှန်းမသိပါဘူးကွာ မနေ့ကဗိုက်အောင့်တာတခြားနေ့တွေနဲ့မတူဘူး တစ်ချက်တစ်ချက်ထိုးထိုးအောင့်တာ ခေါင်းတွေလည်းအရမ်းကိုက်တယ် မအိပ်ဘဲထိုင်နေရင်မကိုက်ဘူး အိပ်ဖို့ပြင်လိုက်ပြီဆိုတာနဲ့ခေါင်းတွေထိုးကိုက်တာဘာဖြစ်မှန်းမသိပါဘူးကွာ..မင်းတို့ကိုနိုးရမှာလည်းအားနာတာနဲ့ငါလာမပြောတော့တော့..."
"ဟမ်! ဟုတ်လား မနေ့ညကရှောင်းကျန့်လည်းအဲ့လိုဖြစ်နေတာကွ ငါတို့မနေ့ကအိပ်ကြတာ ရှောင်းကျန့်ကအိပ်လိုက်တာနဲ့ခေါင်းကထိုးကိုက်လာတယ်တဲ့ မနေ့ကငါသူကိုဆေးတွေဘာတွေတောင်ထတိုက်သေးတယ် သူထထိုင်နေရင်ဘာမှမဖြစ်ဘူးတဲ့အိပ်လိုက်တာနဲ့ခေါင်းထိုးကိုက်လို့တဲ့ မနေ့ညကသူမအိပ်ဘဲထိုင်နေတာ ငါလည်းဘာလုပ်ပေးလို့လုပ်ပေးရမလည်းမသိဘူး ဒီနေ့မနက်မိုးလင်းခါနီးလေးမှသူအိပ်ပျော်သွားတာ "
"ဟမ် ဟုတ်လား ဘယ်လိုဖြစ်တာလည်းငါလည်းအဲ့လိုဖြစ်နေတာမနေ့ညက အိပ်မရဘူး"
ရိပေါ်ခေါင်းထဲတွေးစရာတွေဖြစ်သွားရလေသည်။ ဒီလိုဖြစ်နေတာမနေ့ကရှောင်းကျန့်တစ်ယောက်ထဲဖြစ်တာမဟုတ်ဘူး ကျန်းချန်ပါဖြစ်နေတာတဲ့ ထူးဆန်းနေမှန်းတော့ရိပေါ်သတိထားမိလေသည်။ ပြီးတော့မနေ့ကကြက်သားစွပ်ပြုတ်ကိစ္စကိုလည်းသူစုံစမ်းရအုံးမည်။
........................
"ငါပြန်တော့မယ် ရိပေါ်"
"အေးအေး သတိထားပြန် ငါတို့အိမ်လည်းမကြာမကြာလာလည်အုံး"
"အေးပါ"
"ပြန်တော့မှာလား ဦးဦးကျန်းချန်"
ဝမ်ကျန့်လေးကပါ လာမေးလေသည်။
"ဟုတ်တယ်သားလေးရဲ့ လိမ်လိမ်မာမာနေနော် နောက်မှမင်းဒယ်ဒီရယ်ပါပါးရယ်နဲ့တူတူဦးဦးအိမ်လာလည်အုံးဟုတ်ပြီလား"
"ဟုတ် ဦးဦးကျန်းချန် ဖြေးဖြေးပြန်ပါဗျ"
"ဟုတ်ကဲ့ပါဗျ"
ပြောပြီး ကျန်းချန်ဝမ်ကျန့်လေးရဲ့ပါးတစ်ဖက်ကိုဖွဖွဆွဲပြီးပြုံးပြလိုက်လေသည်။
"ဒါနဲ့ ရှောင်းကျန့်ရော ခေါင်းကိုက်နေတုန်းလားရိပေါ်"
"အခုထိတော့အိပ်နေသေးတယ်ကွ မနေ့ကအိပ်မရတော့အခုမှအိပ်မောကျနေတာ"
"အေးပါ မင်းယောကျာ်းကိုဂရုစိုက်လိုက်အုံး ပြီးတော့ငါကနှုတ်ဆက်သွားတယ်လို့ပြောပေး အဲ့တာဆိုငါပြန်ပြီနော်"
"အေးအေးဖြေးဖြေးပြန် မသေစေနဲ့"
ရိပေါ်ပြောလိုက်တော့ ကျန်းချန်ရဲ့မျက်စောင်းကြီးကရိပေါ်ထံရောက်လာကာ ပါးစပ်ကလည်းအသံမထွက်အောင်ဆဲသွားသေးလေသည်။
ဟားးဟားးဟားးး
ရိပေါ်ရီလိုက်ပြီး ကျန်းချန်အိမ်ပြင်ထွက်သွားတဲ့အထိလိုက်ကြည့်ပြီးမှ အိမ်ထဲပြန်ဝင်ကာ ရှောင်းကျန့်ကိုသွားကြည့်ဖို့ပြင်လေတော့သည်။
ရိပေါ်အခန်းထဲဝင်လာတဲ့အချိန်မှာတော့ ရှောင်းကျန့်ကနိုးနေပြီဖြစ်သည်။
"ဟင်! နိုးနေပြီလားရှောင်းကျန့် ကျွန်တော်ကစိတ်ပူနေတာ ခေါင်းကိုက်သက်သာလား"
" အင်း သက်သာတယ်"
ရှောင်းကျန့်အဲ့တာဘဲပြောသွားကာ ရိပေါ်ကိုဆက်မကြည့်ဘဲအခန်းပြင်ထွက်သွားလေသည်။
ရိပေါ်လည်းရှောင်းကျန့်ရဲ့အပြုအမူကြောင့်ကြောင်သွားလေသည်။ ရှောင်းကျန့်ကသူ့ကိုလျှစ်လျူရူ့တဲ့ပုံစံမျိုးတစ်ချက်ကြည့်ကာ မဖြေချင်ဖြေချင်နဲ့ဖြေပြီး ထွက်သွားလေသည်။
ရိပေါ်လည်းကြောင်နေခဲ့ပြီး ရှောင်းကျန့်အနောက်ကိုလိုက်သွားလေသည်။
ရှောင်းကျန့်ဝင်သွားတာက မီးဖိုချောင်ထဲဖြစ်လေသည်။
"ဗိုက်ဆာနေပြီလား ရှောင်းကျန့်"
"အင်း ဆာတယ်"
"ဒါဆိုခဏနော် ကျွန်တော်လုပ်ပေးမယ်"
ပြောပြီးရိပေါ်ကရှောင်းကျန့်အတွက်မှာထားပေးတဲ့ခေါက်ဆွဲကြော်ကိုပြန်နွေးပြီးချပေးလိုက်လေသည်။
"ဒီမှာခေါက်ဆွဲကြော်ရပါပြီခင်ဗျာ ကျွန်တော့်အချစ်တွေလိုဘဲပူပူနွေးနွေးလေးစားပါခင်ဗျ....ခင်ဗျားကခေါက်ဆွဲကြော်ကြိုက်တယ်မလားရှောင်းကျန့် စားလေ"
"ငါခေါက်ဆွဲကြော်မစားချင်ဘူးရိပေါ်"
ရိပေါ်ကတော့အားတက်တရောစားစေချင်လို့ပြောနေသလောက် ရှောင်းကျန့်ကတော့မျက်နှာဆူပုတ်ပုတ်နဲ့ပြန်ပြောလေသည်။ရိပေါ်ရဲ့စိတ်ထဲမှာတစ်မျိုးတော့ဖြစ်သွားလေသည်။
"ခင်ဗျားအရင်ကအရမ်းကြိုက်တဲ့ခေါက်ဆွဲကြော်လေရှောင်းကျန့် ကျွန်တော်အဲ့ဆိုင်ကဘဲမှာထားပေးတာ...ခင်ဗျားအရင်ကအရမ်းကြိုက်..."
"ကျစ်!! လူဆိုတာအကြိုက်ပြောင်းလဲတက်တယ်ရိပေါ် ငါအခုမစားချင်ဘူး ခေါက်ဆွဲကြော်လည်းမကြိုက်တော့ဘူး ငါပြောတာရှင်းရှင်းလေး ခေါက်ဆွဲကြော်မစားချင်ဘူး"
"........"
ခင်ဗျားဘာဖြစ်နေတာလည်း ရှောင်းကျန့်...
"ငါဘာမှမဖြစ်ဘူး တော်ပြီ! ငါမင်းနဲ့စကားမပြောချင်တော့ဘူး ခေါင်းပိုကိုက်တယ်"
ပြောပြီးတာနဲ့ရှောင်းကျန့်ကရိပေါ်ကိုမကြည့်ဘဲ မီးဖိုခန်းထဲကထွက်သွားလေသည်။
ကျန်ခဲ့တဲ့ရိပေါ်ရင်ထဲတစ်ခါမှမခံစားဖူးတဲ့ခံစားမူမျိုးက ဝင်လာလေသည်။ ရှောင်းကျန့်ဘာဖြစ်နေမှန်းသူတကယ်မသိပေ..အခုသူသိတာကသူ့ရင်ထဲမှာတော့ခံစားနေရလေသည်။
..............................
"သားမနက်စာ စားပြီးပြီလားဝမ်ကျန့်"
ရှောင်းကျန့်မီးဖိုထဲကထွက်လာပြီး အပြင်မှာဆော့နေတဲ့ဝမ်ကျန့်လေးကိုမေးလိုက်လေသည်။
"အယ် ပါပါးနိုးပြီလား သားကစားပြီးပြီဒယ်ဒီကျွေးတယ် ပါးပါးရောစားပြီးပြီလား"
"မစားရသေးဘူး လာပါပါးနဲ့အတူအပြင်မှာသွားစားရအောင်"
"ဟင်! ပါပါးအတွက်ဒယ်ဒီခေါက်ဆွဲဲဲကြော်မှာထားပေးတယ်လေ"
"ပါပါးမစားချင်ဘူး ပါပါးတို့အပြင်ထွက်စားရအောင်ပြီးရင်သွားလည်ကြမယ် သားဒီနေ့ကျောင်းပိတ်တယ်မဟုတ်လား"
"ဟင်! တကယ်ပြောတာလား ပါပါး"
"တကယ်ပေါ့ဗျာ သွားအဝတ်သွားလဲ"
"ဟုတ်ကဲ့ဗျ"
ဝမ်ကျန့်လေးကလည်ရမယ်လည်းဆိုရောပျော်ပျော်ရွှင်ရွှင်နဲ့ အဝတ်လဲဖို့သွားလေသည်။
......................
"ဘယ်သွားမလို့လည်း ဝမ်ကျန့်"
ဝမ်ကျန့်လေးအခန်းထဲကအဝတ်လဲပြီးပြန်ထွက်လာတော့ အခန်းပြင်မှာ သူ့ဒယ်ဒီရိပေါ်နှင့်တိုးလေသည်။
"ဒယ်ဒီကခုထိအဝတ်မလဲသေးဘူးလား သားတို့အပြင်သွားလည်ကြမလို့လေ "
"ဟင်! ဘယ်ကိုသွားလည်မှာလည်း"
"သားသိဘူးလေ ပါပါးပြောတာသွားလည်ကြမယ်တဲ့"
သားဖြေပြီးတာနဲ့ ချက်ခြင်းဘဲရိပေါ် အပြင်ထွက်လာကာရှောင်းကျန့်ကိုမေးလေတော့သည် ။
"ဘယ်သွားမလို့လည်း ရှောင်းကျန့်"
"ငါနဲ့သားအပြင်သွားလည်မလို့လေ"
"ကျွန်တော်လည်းလိုက်မယ်"
"မလိုက်နဲ့ ငါကသားနဲ့နှစ်ယောက်ထဲသွားချင်တာ ငါတို့သားအဖနှစ်ယောက်ထဲ"
"ကျစ်! ခင်ဗျားတကယ်ဘာဖြစ်နေတာလည်းရှောင်းကျန့် မကျေနပ်တာရှိရင်ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြော"
"မင်းငါ့ကိုလာအော်မနေနဲ့ရိပေါ် ငါပြောပြီးပြီငါသားနဲ့နှစ်ယောက်ထဲသွားမှာလူပိုမခေါ်ဘူး"
ဘာ!!!!!
လူပိုဟုတ်လား ရှောင်းကျန့် ဒါဆိုကျွန်တော်ကလူပိုပေါ့ဟုတ်လား ရှောင်းကျန့်!!
ရှောင်းကျန့်ပြောလိုက်တဲ့စကားကြောင့် ရိပေါ်စိတ်တိုသွားရကာ ရှောင်းကျန့်ရဲ့လက်မောင်းသားနှစ်ဖက်ကိုကိုင်ပြီး အသံကျယ်ကျယ်နှင့်အော်မိလေသည်။
"ဟီးဟီး ဟင့်! ဟီးးးး"
သားကပါအခြေအနေမဟန်မှန်းသိတော့ ထငိုလေတော့သည်။
"ငါ့ကိုလွှတ်စမ်းရိပေါ် မင်းကြောင့်ငါ့သားငိုနေပြီ ငါငါ့သားနဲ့သွားမယ် မင်းလွှတ်စမ်း"
ရှောင်းကျန့်ပြောလည်းပြောရုန်းလည်းရုန့်းကာ ရိပေါ်ကိုတွန်းဖယ်ပြစ်လိုက်လေသည်။
ထို့နောက်ငိုနေတဲ့သားကိုပွေ့ကာ အိမ်ပြင်ထွက်သွားလေတော့သည်။
ကျန်နေခဲ့တဲ့ရိပေါ်မှာတော့ ခေါင်းတွေရှုပ်သွားရကာ ဆံပင်တွေကြားထဲလက်နှင့်ထိုးဖွပြီး တောက်စ်တစ်ချက်ခေါက်လိုက်လေသည်။ ရှောင်းကျန့်ကဘာဖြစ်ချင်နေတာလည်း ဘာဖြစ်နေတာလည်း သူဘာအမှားလုပ်မိလို့လည်း ရိပေါ်တွေးရင်းခေါင်းရူပ်လာရတော့သည်။
..........................
"ဟီးး ဟင့်! ဟီးဟီး "
သားကထွက်လာကတည်းကငိုနေတာ အခုထိကိုမရပ်သေးပေ....
"ငိုတာတော်တော့ ဝမ်ကျန့် ပါပါးကိုစိတ်ရှုပ်အောင်မလုပ်နဲ့"
"ဟီးဟီး ဟီးးး ဟင့်!"
ပါးပါးဘာလို့ ဒယ်ဒီကိုမခေါ်တာလည်း ဟီးး ဟင့်!!
"ဘာမှမမေးတော့နဲ့ ပါပါးတို့မနက်စာအရင်ဝင်စားကြမယ်"
ရှောင်းကျန့်ပြောပြောဆိုဆိုနှင့် သားကိုချီထားကာ ဆိုင်တစ်ဆိုင်ဝင်ပြီးမနက်စာစားဖို့ပြင်လေတော့သည်။
ဆိုင်ထဲရောက်တော့ သားကိုခုံတစ်ခုံပေါ်မှာချလိုက်ပြီး သူကဘေးမှာထိုင်လေသည်။
ရုတ်တရက်ရှောင်းကျန့်ခေါင်းတွေကိုက်လာရကာ ခေါင်းတွေလည်းရူပ်လာရလေသည်။
သူခုနကဘာလို့ ရိပေါ်ကိုအဲ့လိုဆက်ဆံလိုက်ရတာလည်း သူကိုယ်တိုင်လည်းမသိတော့ပေ..သူပြန်တွေးနေမိလေသည်။..သူရိပေါ်ကိုပြန်တောင်းပန်ရမည်...ဘာတွေဘယ်လိုဖြစ်ကုန်တာလည်းသူကိုယ်တိုင်ပင်နားမလည်တော့ပေ... အခုသူစိတ်ထဲမှာခံစားချက်တွေကရှုပ်ထွေးနေလေသည်။ ပြောချင်တဲ့စကားနှင့်ပြောထွက်လာတဲ့စကားကပြောင်းပြန်ထွက်လာကာ သူစိတ်ကိုပိုရှုပ်စေလေသည်။
ဟူးးး!!
သူသက်ပြင်းတစ်ချက်ချလိုက်လေသည်။
အခုလက်ရှိသူစိတ်ထဲကဖြစ်ပေါ်လာသည့်စိတ်ခံစားချက်ကိုပြောပါဆိုလျှင်...
"သူရိပေါ်ကိုပြန်တောင်းပန်ရမည် "
TBC.......
ဖတ်ပေးကြတဲ့သူတွေVote ပေးကြတဲ့သူတွေအားလုံးတစ်ယောက်စီတိုင်းကျေးဇူးပါရှင့်❤
comments လေးတွေရေးပြီးဝေဖန်ပေးလို့ရပါတယ်နော် အားလုံးကိုချစ်ပါတယ်❤
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
Zawgyi.......
ရွင္းရွင္းတစ္ေယာက္ကေတာ့ သစ္ပင္ေနာက္မွာက်န္ေနခဲ့ၿပီး အိမ္ထဲကို႐ုတ္တရက္ထြက္ေျပးသြားတဲ့လူေၾကာင့္ ေၾကာင္သြားခဲ့ေလသည္။
ဘာလည္းဟ!! ဘာလို႔ထြက္ေျပးသြားတာလဲ ဒီမွာလူရွိေနမွန္းရိပ္မိၿပီးအိမ္ထဲက ေရွာင္းက်န့္တို႔ကိုသြားေျပာတာလား!....ရွင္းရွင္းေတြးမိကာေၾကာက္ေၾကာက္နဲ႕ဘဲ သတိလည္းထားရင္းသစ္ပင္ေနာက္ကေနခဏေလာက္ဆက္ၿပီးအေျခအေနကိုေစာင့္ၾကည့္ေနျပန္ေတာ့လည္း အိမ္ကတိတ္ဆိတ္ေနကာ ဘာလႈပ္ရွားမူအသံမ်ိဳးမွမၾကားရေပ...
ဒါေၾကာင့္ရွင္းရွင္းလဲ သူ႕ကိစၥအျမန္ၿပီးေစခ်င္တာေၾကာင့္ သတၱိေမြးကာ အသက္ျပင္းျပင္းတစ္ခ်က္႐ူလိုက္ၿပီးသစ္ပင္ေနာက္ကထြက္လိုက္ကာ သူယူလာတဲ့လြယ္အိတ္ထဲက ေပါက္တူးအေသးႏွင့္တျခားကိရိယာေလးေတြကိုပါအျမန္ထုတ္လိုက္ေလသည္။
ထို႔ေနာက္ ဒူးေထာက္ၿပီးထို စားပြဲေအာက္ကိုခႏၱကိုယ္ကိုၫြတ္လိုက္ၿပီး သူလက္နဲ႕ေျမႀကီး အေပၚနားကေက်ာက္စရစ္ခဲေလးေတြကို အရင္ဖယ္ထုတ္ေလသည္။
အ့!!
ရွင္းရွင္းအျမန္ဖယ္ေနတုန္း ေက်ာက္စရစ္ခဲေလးေတြကၾကမ္းတာေၾကာင့္ရယ္ သူကလည္းျမန္ျမန္ဖယ္ေနေတာ့ေက်ာက္စရစ္ခဲတစ္ခ်ိဳ႕က မေတာ္တဆသူ႕လက္ဖဝါးကို ျခစ္မိကာ သူ႕လက္ဖဝါးမွာေသြးထြက္လာရေလသည္။
ဒါပင္မဲ့ရွင္းရွင္းသူ႕လက္ဖဝါးကိုတစ္ခ်က္သာၾကည့္လိုက္ၿပီး အာ႐ုံမထားနိုင္စြာဘဲ ဆက္ၿပီးျမန္ျမန္ဖယ္ထုတ္ေလသည္။
ေတာ္ေတာ္မ်ားမ်ားဖယ္ထုတ္ၿပီးခ်ိန္ ေျမသားေပၚလာခ်ိန္မွာေတာ့ သူယူလာတဲ့ေပါက္တူးကိုကိုင္ကာ ေျမႀကီးသားကိုစၿပီးတူးေဖာ္ေလေတာ့သည္။ တူးေနရင္းကအိမ္ရဲ႕အေျခအေနကိုလည္း ၾကည့္ေနရေသးေလသည္။ ေတာ္ေသးသည္က ခုနကလူလည္းျပန္ထြက္မလာသလို အိမ္ကလည္းတိတ္ဆိတ္ေနကာဘာလႈပ္ရွားမူအသံမ်ိဴးမွမၾကားရေပ...
သူျမန္ျမန္တူးလိုက္ရင္း သူ႕ပစၥည္းေတြကိုျမဳပ္ဖို႔အဆင္ေျပေလာက္တဲ့အေနအထား ေလာက္ေရာက္ေတာ့တူးထားတဲ့ႂကြင္းထဲကို သူယူလာတဲ့အဓိကအစီအရင္ျဖစ္တဲ့အင္းနဲ႕ဖေယာင္းတိုင္ကိုအျမန္ထည့္ျမဳပ္လိုက္ကာအေပၚကေနခုနကတူးထုတ္ထားတဲ့ ေျမႀကီးသားေတြကိုေတာ့သူ႕လက္ႏွင့္ဘဲျပန္ဖို႔လိုက္ေလသည္။ ထို႔ေနာက္အေပၚမွာခုနကေက်ာက္စရစ္ခဲေလးေတြကို လက္ႏွင့္ေသခ်ာေလးမသိသာေအာင္ျပန္ျဖန့္ခင္းလိုက္ေလသည္။ အခုေလာက္ဆိုရင္ဘယ္သူဘဲၾကည့္ၾကည့္ဒီေနရာမွာျမဳပ္ထားသည္ဟုထင္မွာမဟုတ္ေပ..
ရွင္းရွင္းအားလုံးၿပီးေတာ့တစ္ခ်က္ၿပဳံးလိုက္ကာ ျပန္ထဖို႔ျပင္ေတာ့သည္။
အ့!!!
သူခႏၱကိုယ္ကိုစားပြဲေအာက္ကေနျပန္ထတဲ့အခ်ိန္မွာေတာ့ သူ႕ေခါင္းေပၚက ကြၽန္းစားပြဲႏွင့္ သူ႕ေခါင္းကမေမွ်ာ္လင့္ဘဲတိုက္မိသြားရကာ အသံနဲနဲက်ယ္က်ယ္ထြက္သြားရေလသည္။
ရွင္းရွင္းခ်က္ျခင္းဘဲ သူ႕ပါးစပ္ကိုလက္ႏွင့္ပိတ္လိုက္ကာ အိမ္ဖက္ကိုအေျခအေနၾကည့္မိေလသည္။ ေတာ္ေသးသည္..အိမ္ဖက္ကဘာအသံမွမၾကားရေပ..ဒါမွဘဲရွင္းရွင္းအသက္ကိုဝဝ႐ူရဲကာ သူ႕ယူလာတဲ့ပစၥည္းေတြကိုအိတ္ထဲအျမန္ျပန္ထည့္ကာ အိမ္ထဲကအျမန္ျပန္ထြက္ဖို႔ျပင္ေတာ့သည္။
သူခုနကတက္လာခဲ့တဲ့အုတ္တံတိုင္းအနားကိုဘဲျပန္သြားလိုက္ၿပီး အျပင္မွာက်န္ခဲ့တဲ့ၾကယ္စင္ကိုခပ္တိုးတိုးေခၚလိုက္ေလသည္။
"ၾကယ္စင္ နင္ရွိလား ၾကယ္စင္ "
"ဟမ္! ရွင္းရွင္း နင္လား "
"ေအး ဟုတ္တယ္ငါ့ကိုအျပင္ထြက္နိုင္ဖို႔ကူညီေပးပါအုံး "
"ေအးေအး "
ၾကယ္စင္ရဲ႕ျပန္ေျဖသံအဆုံးမွာေတာ့ ရွင္းရွင္းကအားသုံးၿပီးတစ္ခ်က္ခုန္လိုက္ကာ အုတ္တံတိုင္းေပၚကိုအားႏွင့္ကုတ္တက္ေလသည္။ အျပင္ဖက္က ၾကယ္စင္ကလည္းတက္လာတဲ့ရွင္းရွင္းရဲ႕လက္ကိုအျပင္ဖက္ကေနဆြဲေပးကာ အျပင္ျပန္ေရာက္နိုင္ဖို႔ကူညီေပးေလသည္။
ဒီလိုနဲ႕ခက္ခက္ခဲခဲႀကိဳးစားတက္လာၿပီး ေနာက္ဆုံးမွာေတာ့ ရွင္းရွင္းအျပင္ကိုျပန္ေရာက္ခဲ့ေလသည္။
"အဆင္ေျပခဲ့လား ရွင္းရွင္း"
"ေျပတယ္ အေၾကာင္းစုံကိုေနာက္မွေျပာျပမယ္ ဒီမွာၾကာၾကာေနလို႔မေကာင္းဘူး သြားရေအာင္"
"ေအးေအး "
ဒီလိုႏွင့္သူငယ္ခ်င္းႏွစ္ေယာက္ျပန္ၾကေလသည္။ရွင္းရွင္းကေတာ့ သူ႕အစီအရင္ကိုေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္လို႔ထင္သည့္အတြက္ အေပ်ာ္ႀကီးေပ်ာ္ေနခဲ့ေလသည္။ သူေသခ်ာမသိလိုက္သည္က ေရွာင္းက်န့္ကိုေကြၽးဖို႔ဆရာဆိုသူကေပးလိုက္သည့္ေဆးတစ္ထုတ္လုံးသည္ ေရွာင္းက်န့္တစ္ေယာက္ထဲကေဆးတစ္ထုတ္လုံးကိုအကုန္စားလိုက္ရသည္ မဟုတ္သည္ပင္....
.......................................
"မင္းကဒီေန႕ျပန္ေတာ့မွာေပါ့ က်န္းခ်န္"
ရိေပၚကေမးေလသည္။
"ေအးဟုတ္တယ္ ငါ့အေဒၚျပန္ေရာက္လာၿပီေလ ငါျပန္ရေတာ့မယ္"
"ေအးပါကြာ မေန႕ကဗိုက္ေအာင့္ေသးလား"
"ေအးေအာင့္တယ္ ငါဘာျဖစ္မွန္းမသိပါဘူးကြာ မေန႕ကဗိုက္ေအာင့္တာတျခားေန႕ေတြနဲ႕မတူဘူး တစ္ခ်က္တစ္ခ်က္ထိုးထိုးေအာင့္တာ ေခါင္းေတြလည္းအရမ္းကိုက္တယ္ မအိပ္ဘဲထိုင္ေနရင္မကိုက္ဘူး အိပ္ဖို႔ျပင္လိုက္ၿပီဆိုတာနဲ႕ေခါင္းေတြထိုးကိုက္တာဘာျဖစ္မွန္းမသိပါဘူးကြာ..မင္းတို႔ကိုနိုးရမွာလည္းအားနာတာနဲ႕ငါလာမေျပာေတာ့ေတာ့..."
"ဟမ္! ဟုတ္လား မေန႕ညကေရွာင္းက်န့္လည္းအဲ့လိုျဖစ္ေနတာကြ ငါတို႔မေန႕ကအိပ္ၾကတာ ေရွာင္းက်န့္ကအိပ္လိုက္တာနဲ႕ေခါင္းကထိုးကိုက္လာတယ္တဲ့ မေန႕ကငါသူကိုေဆးေတြဘာေတြေတာင္ထတိုက္ေသးတယ္ သူထထိုင္ေနရင္ဘာမွမျဖစ္ဘူးတဲ့အိပ္လိုက္တာနဲ႕ေခါင္းထိုးကိုက္လို႔တဲ့ မေန႕ညကသူမအိပ္ဘဲထိုင္ေနတာ ငါလည္းဘာလုပ္ေပးလို႔လုပ္ေပးရမလည္းမသိဘူး ဒီေန႕မနက္မိုးလင္းခါနီးေလးမွသူအိပ္ေပ်ာ္သြားတာ "
"ဟမ္ ဟုတ္လား ဘယ္လိုျဖစ္တာလည္းငါလည္းအဲ့လိုျဖစ္ေနတာမေန႕ညက အိပ္မရဘူး"
ရိေပၚေခါင္းထဲေတြးစရာေတြျဖစ္သြားရေလသည္။ ဒီလိုျဖစ္ေနတာမေန႕ကေရွာင္းက်န့္တစ္ေယာက္ထဲျဖစ္တာမဟုတ္ဘူး က်န္းခ်န္ပါျဖစ္ေနတာတဲ့ ထူးဆန္းေနမွန္းေတာ့ရိေပၚသတိထားမိေလသည္။ ၿပီးေတာ့မေန႕ကၾကက္သားစြပ္ျပဳတ္ကိစၥကိုလည္းသူစုံစမ္းရအုံးမည္။
........................
"ငါျပန္ေတာ့မယ္ ရိေပၚ"
"ေအးေအး သတိထားျပန္ ငါတို႔အိမ္လည္းမၾကာမၾကာလာလည္အုံး"
"ေအးပါ"
"ျပန္ေတာ့မွာလား ဦးဦးက်န္းခ်န္"
ဝမ္က်န့္ေလးကပါ လာေမးေလသည္။
"ဟုတ္တယ္သားေလးရဲ႕ လိမ္လိမ္မာမာေနေနာ္ ေနာက္မွမင္းဒယ္ဒီရယ္ပါပါးရယ္နဲ႕တူတူဦးဦးအိမ္လာလည္အုံးဟုတ္ၿပီလား"
"ဟုတ္ ဦးဦးက်န္းခ်န္ ေျဖးေျဖးျပန္ပါဗ်"
"ဟုတ္ကဲ့ပါဗ်"
ေျပာၿပီး က်န္းခ်န္ဝမ္က်န့္ေလးရဲ႕ပါးတစ္ဖက္ကိုဖြဖြဆြဲၿပီးၿပဳံးျပလိုက္ေလသည္။
"ဒါနဲ႕ ေရွာင္းက်န့္ေရာ ေခါင္းကိုက္ေနတုန္းလားရိေပၚ"
"အခုထိေတာ့အိပ္ေနေသးတယ္ကြ မေန႕ကအိပ္မရေတာ့အခုမွအိပ္ေမာက်ေနတာ"
"ေအးပါ မင္းေယာက်ာ္းကိုဂ႐ုစိုက္လိုက္အုံး ၿပီးေတာ့ငါကႏႈတ္ဆက္သြားတယ္လို႔ေျပာေပး အဲ့တာဆိုငါျပန္ၿပီေနာ္"
"ေအးေအးေျဖးေျဖးျပန္ မေသေစနဲ႕"
ရိေပၚေျပာလိုက္ေတာ့ က်န္းခ်န္ရဲ႕မ်က္ေစာင္းႀကီးကရိေပၚထံေရာက္လာကာ ပါးစပ္ကလည္းအသံမထြက္ေအာင္ဆဲသြားေသးေလသည္။
ဟားးဟားးဟားးး
ရိေပၚရီလိုက္ၿပီး က်န္းခ်န္အိမ္ျပင္ထြက္သြားတဲ့အထိလိုက္ၾကည့္ၿပီးမွ အိမ္ထဲျပန္ဝင္ကာ ေရွာင္းက်န့္ကိုသြားၾကည့္ဖို႔ျပင္ေလေတာ့သည္။
ရိေပၚအခန္းထဲဝင္လာတဲ့အခ်ိန္မွာေတာ့ ေရွာင္းက်န့္ကနိုးေနၿပီျဖစ္သည္။
"ဟင္! နိုးေနၿပီလားေရွာင္းက်န့္ ကြၽန္ေတာ္ကစိတ္ပူေနတာ ေခါင္းကိုက္သက္သာလား"
" အင္း သက္သာတယ္"
ေရွာင္းက်န့္အဲ့တာဘဲေျပာသြားကာ ရိေပၚကိုဆက္မၾကည့္ဘဲအခန္းျပင္ထြက္သြားေလသည္။
ရိေပၚလည္းေရွာင္းက်န့္ရဲ႕အျပဳအမူေၾကာင့္ေၾကာင္သြားေလသည္။ ေရွာင္းက်န့္ကသူ႕ကိုလွ်စ္လ်ဴ႐ူ႕တဲ့ပုံစံမ်ိဳးတစ္ခ်က္ၾကည့္ကာ မေျဖခ်င္ေျဖခ်င္နဲ႕ေျဖၿပီး ထြက္သြားေလသည္။
ရိေပၚလည္းေၾကာင္ေနခဲ့ၿပီး ေရွာင္းက်န့္အေနာက္ကိုလိုက္သြားေလသည္။
ေရွာင္းက်န့္ဝင္သြားတာက မီးဖိုေခ်ာင္ထဲျဖစ္ေလသည္။
"ဗိုက္ဆာေနၿပီလား ေရွာင္းက်န့္"
"အင္း ဆာတယ္"
"ဒါဆိုခဏေနာ္ ကြၽန္ေတာ္လုပ္ေပးမယ္"
ေျပာၿပီးရိေပၚကေရွာင္းက်န့္အတြက္မွာထားေပးတဲ့ေခါက္ဆြဲေၾကာ္ကိုျပန္ႏြေးၿပီးခ်ေပးလိုက္ေလသည္။
"ဒီမွာေခါက္ဆြဲေၾကာ္ရပါၿပီခင္ဗ်ာ ကြၽန္ေတာ့္အခ်စ္ေတြလိုဘဲပူပူႏြေးႏြေးေလးစားပါခင္ဗ်....ခင္ဗ်ားကေခါက္ဆြဲေၾကာ္ႀကိဳက္တယ္မလားေရွာင္းက်န့္ စားေလ"
" ငါေခါက္ဆြဲေၾကာ္မစားခ်င္ဘူးရိေပၚ"
ရိေပၚကေတာ့အားတက္တေရာစားေစခ်င္လို႔ေျပာေနသေလာက္ ေရွာင္းက်န့္ကေတာ့မ်က္ႏွာဆူပုတ္ပုတ္နဲ႕ျပန္ေျပာေလသည္။ရိေပၚရဲ႕စိတ္ထဲမွာတစ္မ်ိဳးေတာ့ျဖစ္သြားေလသည္။
"ခင္ဗ်ားအရင္ကအရမ္းႀကိဳက္တဲ့ေခါက္ဆြဲေၾကာ္ေလေရွာင္းက်န့္ ကြၽန္ေတာ္အဲ့ဆိုင္ကဘဲမွာထားေပးတာ...ခင္ဗ်ားအရင္ကအရမ္းႀကိဳက္..."
"က်စ္!! လူဆိုတာအႀကိဳက္ေျပာင္းလဲတက္တယ္ရိေပၚ ငါအခုမစားခ်င္ဘူး ေခါက္ဆြဲေၾကာ္လည္းမႀကိဳက္ေတာ့ဘူး ငါေျပာတာရွင္းရွင္းေလး ေခါက္ဆြဲေၾကာ္မစားခ်င္ဘူး"
"........"
ခင္ဗ်ားဘာျဖစ္ေနတာလည္း ေရွာင္းက်န့္...
"ငါဘာမွမျဖစ္ဘူး ေတာ္ၿပီ! ငါမင္းနဲ႕စကားမေျပာခ်င္ေတာ့ဘူး ေခါင္းပိုကိုက္တယ္"
ေျပာၿပီးတာနဲ႕ေရွာင္းက်န့္ကရိေပၚကိုမၾကည့္ဘဲ မီးဖိုခန္းထဲကထြက္သြားေလသည္။
က်န္ခဲ့တဲ့ရိေပၚရင္ထဲတစ္ခါမွမခံစားဖူးတဲ့ခံစားမူမ်ိဳးက ဝင္လာေလသည္။ ေရွာင္းက်န့္ဘာျဖစ္ေနမွန္းသူတကယ္မသိေပ..အခုသူသိတာကသူ႕ရင္ထဲမွာေတာ့ခံစားေနရေလသည္။
..............................
"သားမနက္စာ စားၿပီးၿပီလားဝမ္က်န့္"
ေရွာင္းက်န့္မီးဖိုထဲကထြက္လာၿပီး အျပင္မွာေဆာ့ေနတဲ့ဝမ္က်န့္ေလးကိုေမးလိုက္ေလသည္။
"အယ္ ပါပါးနိုးၿပီလား သားကစားၿပီးၿပီဒယ္ဒီေကြၽးတယ္ ပါးပါးေရာစားၿပီးၿပီလား"
"မစားရေသးဘူး လာပါပါးနဲ႕အတူအျပင္မွာသြားစားရေအာင္"
"ဟင္! ပါပါးအတြက္ဒယ္ဒီေခါက္ဆြဲဲဲေၾကာ္မွာထားေပးတယ္ေလ"
"ပါပါးမစားခ်င္ဘူး ပါပါးတို႔အျပင္ထြက္စားရေအာင္ၿပီးရင္သြားလည္ၾကမယ္ သားဒီေန႕ေက်ာင္းပိတ္တယ္မဟုတ္လား"
"ဟင္! တကယ္ေျပာတာလား ပါပါး"
"တကယ္ေပါ့ဗ်ာ သြားအဝတ္သြားလဲ"
"ဟုတ္ကဲ့ဗ်"
ဝမ္က်န့္ေလးကလည္ရမယ္လည္းဆိုေရာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ အဝတ္လဲဖို႔သြားေလသည္။
......................
"ဘယ္သြားမလို႔လည္း ဝမ္က်န့္"
ဝမ္က်န့္ေလးအခန္းထဲကအဝတ္လဲၿပီးျပန္ထြက္လာေတာ့ အခန္းျပင္မွာ သူ႕ဒယ္ဒီရိေပၚႏွင့္တိုးေလသည္။
"ဒယ္ဒီကခုထိအဝတ္မလဲေသးဘူးလား သားတို႔အျပင္သြားလည္ၾကမလို႔ေလ "
"ဟင္! ဘယ္ကိုသြားလည္မွာလည္း"
"သားသိဘူးေလ ပါပါးေျပာတာသြားလည္ၾကမယ္တဲ့"
သားေျဖၿပီးတာနဲ႕ ခ်က္ျခင္းဘဲရိေပၚ အျပင္ထြက္လာကာေရွာင္းက်န့္ကိုေမးေလေတာ့သည္ ။
"ဘယ္သြားမလို႔လည္း ေရွာင္းက်န့္"
"ငါနဲ႕သားအျပင္သြားလည္မလို႔ေလ"
"ကြၽန္ေတာ္လည္းလိုက္မယ္"
"မလိုက္နဲ႕ ငါကသားနဲ႕ႏွစ္ေယာက္ထဲသြားခ်င္တာ ငါတို႔သားအဖႏွစ္ေယာက္ထဲ"
"က်စ္! ခင္ဗ်ားတကယ္ဘာျဖစ္ေနတာလည္းေရွာင္းက်န့္ မေက်နပ္တာရွိရင္ကြၽန္ေတာ့္ကိုပြင့္ပြင့္လင္းလင္းေျပာ"
"မင္းငါ့ကိုလာေအာ္မေနနဲ႕ရိေပၚ ငါေျပာၿပီးၿပီငါသားနဲ႕ႏွစ္ေယာက္ထဲသြားမွာလူပိုမေခၚဘူး"
ဘာ!!!!!
လူပိုဟုတ္လား ေရွာင္းက်န့္ ဒါဆိုကြၽန္ေတာ္ကလူပိုေပါ့ဟုတ္လား ေရွာင္းက်န့္!!
ေရွာင္းက်န့္ေျပာလိုက္တဲ့စကားေၾကာင့္ ရိေပၚစိတ္တိုသြားရကာ ေရွာင္းက်န့္ရဲ႕လက္ေမာင္းသားႏွစ္ဖက္ကိုကိုင္ၿပီး အသံက်ယ္က်ယ္ႏွင့္ေအာ္မိေလသည္။
"ဟီးဟီး ဟင့္! ဟီးးးး"
သားကပါအေျခအေနမဟန္မွန္းသိေတာ့ ထငိုေလေတာ့သည္။
"ငါ့ကိုလႊတ္စမ္းရိေပၚ မင္းေၾကာင့္ငါ့သားငိုေနၿပီ ငါငါ့သားနဲ႕သြားမယ္ မင္းလႊတ္စမ္း"
ေရွာင္းက်န့္ေျပာလည္းေျပာ႐ုန္းလည္း႐ုန႔္းကာ ရိေပၚကိုတြန္းဖယ္ျပစ္လိုက္ေလသည္။
ထို႔ေနာက္ငိုေနတဲ့သားကိုေပြ႕ကာ အိမ္ျပင္ထြက္သြားေလေတာ့သည္။
က်န္ေနခဲ့တဲ့ရိေပၚမွာေတာ့ ေခါင္းေတြရႈပ္သြားရကာ ဆံပင္ေတြၾကားထဲလက္ႏွင့္ထိုးဖြၿပီး ေတာက္စ္တစ္ခ်က္ေခါက္လိုက္ေလသည္။ ေရွာင္းက်န့္ကဘာျဖစ္ခ်င္ေနတာလည္း ဘာျဖစ္ေနတာလည္း သူဘာအမွားလုပ္မိလို႔လည္း ရိေပၚေတြးရင္းေခါင္း႐ူပ္လာရေတာ့သည္။
..........................
"ဟီးး ဟင့္! ဟီးဟီး "
သားကထြက္လာကတည္းကငိုေနတာ အခုထိကိုမရပ္ေသးေပ....
"ငိုတာေတာ္ေတာ့ ဝမ္က်န့္ ပါပါးကိုစိတ္ရႈပ္ေအာင္မလုပ္နဲ႕"
"ဟီးဟီး ဟီးးး ဟင့္!"
ပါးပါးဘာလို႔ ဒယ္ဒီကိုမေခၚတာလည္း ဟီးး ဟင့္!!
"ဘာမွမေမးေတာ့နဲ႕ ပါပါးတို႔မနက္စာအရင္ဝင္စားၾကမယ္"
ေရွာင္းက်န့္ေျပာေျပာဆိုဆိုႏွင့္ သားကိုခ်ီထားကာ ဆိုင္တစ္ဆိုင္ဝင္ၿပီးမနက္စာစားဖို႔ျပင္ေလေတာ့သည္။
ဆိုင္ထဲေရာက္ေတာ့ သားကိုခုံတစ္ခုံေပၚမွာခ်လိဳက္ၿပီး သူကေဘးမွာထိုင္ေလသည္။
႐ုတ္တရက္ေရွာင္းက်န့္ေခါင္းေတြကိုက္လာရကာ ေခါင္းေတြလည္း႐ူပ္လာရေလသည္။
သူခုနကဘာလို႔ ရိေပၚကိုအဲ့လိုဆက္ဆံလိုက္ရတာလည္း သူကိုယ္တိုင္လည္းမသိေတာ့ေပ..သူျပန္ေတြးေနမိေလသည္။..သူရိေပၚကိုျပန္ေတာင္းပန္ရမည္...ဘာေတြဘယ္လိုျဖစ္ကုန္တာလည္းသူကိုယ္တိုင္ပင္နားမလည္ေတာ့ေပ... အခုသူစိတ္ထဲမွာခံစားခ်က္ေတြကရႈပ္ေထြးေနေလသည္။ ေျပာခ်င္တဲ့စကားႏွင့္ေျပာထြက္လာတဲ့စကားကေျပာင္းျပန္ထြက္လာကာ သူစိတ္ကိုပိုရႈပ္ေစေလသည္။
ဟူးးး!!
သူသက္ျပင္းတစ္ခ်က္ခ်လိဳက္ေလသည္။
အခုလက္ရွိသူစိတ္ထဲကျဖစ္ေပၚလာသည့္စိတ္ခံစားခ်က္ကိုေျပာပါဆိုလွ်င္...
"သူရိေပၚကိုျပန္ေတာင္းပန္ရမည္ "
TBC.......
ဖတ္ေပးၾကတဲ့သူေတြVote ေပးၾကတဲ့သူေတြအားလုံးတစ္ေယာက္စီတိုင္းေက်းဇူးပါရွင့္❤
comments ေလးေတြေရးၿပီးေဝဖန္ေပးလို႔ရပါတယ္ေနာ္ အားလုံးကိုခ်စ္ပါတယ္❤
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫