ခပ်နွေးနွေးအထိအတွေ့လေးတစ်ခုမျက်နှာပေါ်ကျလာသည်မို့ မိုးလင်းနေပြီဖြစ်သည်ဟုသူမသိလိုက်သည်
တစ်ဆက်တည်းမနေ့ညကအကြောင်းတွေပြန်တွေးမိတော့ မောင့်အားဘယ်လိုပင်ကြည့်ရမည်ပင်မသိတော့ချေ
ရင်ခွင်ကျယ်ကြီးထဲရောက်နေသည်မို့ အနည်းငယ်ခေါင်းမော့ကြည့်လိုက်သည့်အခါ
မောင့်ရဲ့မျက်နှာခပ်ချောချောကိုတွေ့လိုက်ရသည်မို့ သူမနှစ်သက်စွာပြုံးမိသေးသည်
ထို့နောက် မောင့်ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းကိုကြည့်ကာ လက်ညိုးလေးနဲ့ထိလိုက်တို့လိုက်လုပ်နေမိသည်
............
ရင်ခွင်ထဲကပိစိလေးကအလှုပ်အရွဖြစ်လာတာမို့ နိုးနေမှန်းသိလိုက်သည်
ကိုယ့်မျက်နှာကိုထိလိုက်တို့လိုက်နဲ့ဆော့ကစားနဲ့အကောင်ပေါက်ကို မြင်ချင်တာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့
ဆက်ခနဲတွန့်သွားတဲ့လက်လေးရယ်
သူလန့်သွားပါတယ်ဆိုတဲ့ပုံလေးနဲ့ မျက်လုံးလေးကလယ်ကာကြည့်သည်မို့ အသည်းယားလာတာကြောင့် ရွှတ်ခနဲ ပါးပြင်ကိုအနမ်းခြွေလိုက်သည်
'မောင်ကဆော့လို့ကောင်းလား'
'မ မဟုတ်ပါဘူး '
'စီးလို့ရောကောင်းလား'
'ဟင်'
'မနေ့ညကလေ......မင်းပဲမောင့်ပေါ်......'
'မောင်...မောင် ဘာတွေပြောနေတာလဲ'
'အဟက်!'
'ထတော့မယ်'
'ထနိုင်လို့လား'
မောင်ပြောတော့မှသတိရမိသည် သူမဘယ်ထနိုင်မလဲ
ဒါပေမဲ့လဲရှက်စိတ်ကမွှန်နေသည်မို့
'ထ....ထနိုင်တယ်'
မောင်က 'ရရင်ထလေ' ဆိုတဲ့သဘောနဲ့ မေးဆတ်ပြသည်
'အ့.....'
ဆတ်ခနဲ ဒူးအောက်ကနေ ပွေ့ချီခံလိုက်ရတာကြောင့် သူမရဲ့လက်တွေကမောင့်ရဲ့လည်ဂုတ်ပေါ်အသင့်တွယ်ထားပြီးသား
....................................
'မောင်တို့ ဒီမနက်အပြင်မှာပဲစားရအောင်လေ'
'ဟုတ် မောင့်သဘောပါ'
ပြောပြီးသည်နှင့် ဆက်ခနဲ ထပ်ချီလာပြန်တာကြောင့် သူမလန့်သွားရသည်
'ဘာလုပ်မလို့လဲ'
'လမ်းမလျှောက်နိုင်ဘူးမလား မောင်ပဲချီမယ်'
'ရ...ရပါတယ် သူများတွေမြင်......'
'မြင်ပစေလေ ကိုယ့်မိန်းမ ကိုယ်ချီတာဘယ်သူ့ကြည့်နေရမတုန်း'
A/N:အခုကြည့်နေတဲ့သူလဲ မရှိရင် ကိုယ့်ဟာကိုလမ်းလျှောက်
စားသောက်ဆိုင်သို့ရောက်သည့်အခါ မောင်ကသူမအကြိုက်မှာပေးသည်
မောင်ဘယ်လိုများသူမအကြိုက်တွေသိနေပါလိမ့် သူမ ဖြင့်မပြောမိပါဘူး
'မောင်မင်းအကြောင်းအကုန်သိပါတယ်'
Jk ကအကြားအမြင်ရနေသလားထင်ရလောက်အောင်အထိ သူမစိတ်ထဲဘာတွေတွေးနေလဲဆိုတာကိုပင်သိနေသည်
'ဟီး....မောင်ကတော်လိုက်တာ'
'မင်းယောကျ်ားပါကွ အလကားမဟုတ်ဘူး'
................
'မိုချီလေးရာ စိတ်မကောက်နဲ့လေ'
'ကောက်နေတာလို့ဘယ်သူပြောလဲ'
'မကောက်ရင်စကားကိုကန့်လန့်မပြောနဲ့လေကွယ်'
'အို...မသိဘူး မသိဘူး ကိုယ့်ဟာကိုပြောချင်သလိုပြောမှာပေါ့'
အကြောင်းကား........
မိုချီလုံးလေးကိုကျောင်းသွားကြိုချိန်မို့ သူမထွက်လာလိုက်သည်
အနည်းငယ်စောရောက်နေတာကြောင့် သူမကားပေါ်ကဆင်းကာ ကားတံခါးကိုမှီလျက် ဖုန်းသုံးနေလိုက်သည်
'မေဘယ်လ်!'
'အာ....အကို'
'အမှတ်မထင်တွေ့ကြပြန်ပြီ မေဘယ်လ်'
'ဟက် ဟုတ်ပါရဲ့'
'ဒါနဲ့ ဘာကိစ္စရှိလို့လဲ'
'အာ....ညီမလေးတစ်ယောက်ကိုလာကြိုတာပါ'
'ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ အကိုလဲ ချစ်သူကိုလာကြိုတာပါ'
'အာ....ဟုတ်'
'ဒါနဲ့ကြုံတုန်းပြောမလို့ဗျ'
'ပြောပါ'
'နောက်လဆို အကို့ချစ်သူနဲ့လက်ထပ်တော့မယ် ဖိတ်စာတော့မပို့တော့ပါဘူးနော်'
'ရပါတယ် Congratulation ပါအကို'
'ဟုတ်ကဲ့ဗျ ဒါနဲ့မေဘယ်လ်လဲ ချစ်သူတော့ထားသင့်ပြီထင်ပါရဲ့'
'စိတ်မဝင်စားသေးပါဘူးအကို'
'ဟား....ဟုတ်ပါပြီ ဟိုမှာအကို့ကောင်မလေးလာနေပြီ ခွင့်ပြုအုံးနော်'
'ဟုတ်ကဲ့'
အကိုဆိုသောသူသည် သူမရဲ့ ရည်းစားဟောင်းဖြစ်ကာ အင်မတန်မှ ကြွားလုံးထုတ်သောကောင်ဖြစ်သည်
ရည်းစားကိုပါကြွားလုံးထုတ်သောကြောင့် အနေအေးတဲ့မေဘယ်လ်အတွက်အဆင်မပြေသည်မို့ လမ်းခွဲခဲ့ကြခြင်း
အခုလဲ ကြုံတုန်းကြုံခိုက်တောင် ကြွားလုံးထုတ်ကာ သူမကိုလဲရည်းစားမရသေးဟုဆိုကာ လှောင်ချင်သေးသည်
သတောင်းစား!
'မမ!'
'အော် မိုချီလေး ကြာလိုက်တာ'
'ဟုတ် နည်းနည်းကြာသွားတယ်ဟီး....'
'အို.....ဒီက မေဘယ်လ်ညီမလေးလား'
ဟယ်တော် ဒီကောင် ပြန်လှည့်လာပြီး စပ်စုတာလား
'ဟုတ်ပါတယ် ညီမလေးပါ အကိုကမပြန်သေးဘူးလား'
'ပြန်မှာပါ ကောင်မလေးက shopping ထွက်ချင်တယ်ဆိုလို့ လိုချင်တာလေးတွေဝယ်ပေးမလို့ သွားခွင့်ပြုပါအုံး'
'ဟုတ်ကဲ့'
ဘေးကိုကြည့်လိုက်တော့ သူမအားမကြည့်ပဲ အခြားဘက်ကိုမျက်နှာမူကာ နှုတ်ခမ်းကတစ်တောင်လောက်ထွက်နေသည့် မိုချီလုံးလေးကိုတွေ့လိုက်ရသည်မို့ ရီမိပါသည်
ဒီကလေးနှယ့် စိတ်ကောက်ပြန်ပြီလား.......
..................
'ကဲပြော....ဘာကိုစိတ်ဆိုးတာတုန်း'
'မပြောဘူး'
'ပြောပါ'
'ပြောရင် မမကငြိုငြင်မှာ'
'မငြိုငြင်ရက်ပါဘူးကွယ် ကတိပေးတယ်'
ဟုဆိုကာ လက်သန်းလေးကိုရှေ့ထုတ်ပေးလိုက်သည်
ဒီကလေးနဲ့မှအနေအေးတဲ့သူမလဲ ကလေးကလားလုပ်နေရရှာရော
'သမီးက မမညီမလေးမလုပ်ချင်တာကို မမက ညီမလေးလို့ပြောတယ်လေ'
'ဘာလုပ်ချင်လို့လဲ မိုချီလေးက'
'ဟို......'
'ဟင်'
'ဟို.....မမ ရဲ့ကောင်မလေး'
'ဟမ်.....'
'တောင်း....တောင်းပန်ပါတယ်မမ'
ပြောချင်တာပြောပြီး မျက်နှာငယ်နဲ့တောင်းပန်လာတဲ့သူမကြောင့် အခက်သား
'မနောက်စမ်းပါနဲ့'
'တ...တကယ်ပြောတာပါ အဟင့်'
'ဟိတ် ဟိတ်မငိုနဲ့လေ'
'အင့်.... ငိုတာမဟုတ်ဘူး သူ့ဟာသူကျလာတာ အူဝါး.... မမစိတ်ဆိုးနေပြီ'
'စိတ်မဆိုးပါဘူး'
'ဒါဆိုမမရဲ့ကောင်မလေးလုပ်ရမှာလားဟင်'
'ဟင် မ....မဖြစ်ပါဘူး မမတို့က မိန်ုးကလေးအချင်း.....'
'ဟင့်.....အူဝါး.......'
'မ....မငိုပါနဲ့တော့ မ...မ စဥ်းစားပါအုံးမယ်'
'ဟင့် တ....တကယ်လား'
'တကယ်'
'ဟင့်........ဘယ်လောက်စောင့်ရရ အဆင်ပြေတယ်'
'ဟင်'
'စဥ်းစားချင်သလောက်စဥ်းစားလို့'
'အမ် အင်းအင်း.....အခုမငိုနဲ့တော့နော် ထမင်းစားရအောင်'
'ဟုတ်'
မေဘယ်လ်သည် အသက် 32 နှစ်ရှိသော်လည်း ခေတ်လူငယ်တွေအကြောင်းသိပါသည်
ဒါမျိုးတွေဆိုတာလဲ သူမ မရွံရှာသလို စိတ်လဲမပျက်မိပါ
ဒါပေမဲ့ ကိုယ်တိုင်ကြုံလာရတဲ့အခါမှာတော့ ဆုံးဖြတ်ရခက်သည်
ခက်ပါချည်ရဲ့.......
အကြာကြီးပစ်ထားမိတာ
Reading list တွေထဲအများကြီးထည့်ထားတာမြင်တော့ လာ up ပေးတာ😁
ဒါလေးကပြီးတော့မယ်နော်
ကြားထဲပိစိလေး လေပြင်းတိုက်အုံးမယ်
ပျင်းနေမှာဆိုးလို့ပါ......