အပိုင်း ( 1847 )
"လူသားအင်မော်တယ် ဒုတိယအဆင့်လား"
ချူးယွန်ရဲ့ မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားပါတယ်။ နယ်ပယ်အသစ်တွေရဲ့ သတ်မှတ်ပုံကို သူမသိသေးဘူး။
"နယ်ပယ်တွေက လူသားအင်မော်တယ်၊ မြေကမ္ဘာအင်မော်တယ်၊ ကောင်းကင်အင်မော်တယ်လို့ ရှိပြီး နယ်ပယ်တစ်ခုစီမှာ အဆင့်ကိုးခု ရှိတယ်။ ဒါပေါ့၊ နောက်မှာ အခြားနယ်ပယ်တွေလည်း ရှိသေးတယ်။ ဒါပေမဲ့ ငါတို့အဆင့်နဲ့ အများကြီးသိထားရင်တောင် အသုံးမဝင်ဘူး"
လူငယ်က ချူးယွန်ကို အသေးစိတ်ရှင်းပြလိုက်ပါတယ်။
"ငါ့နာမည်က မောက်မင်ပါ၊ မင်း စိတ်မရှိရင် ငါ့ကို အစ်ကိုမောက်လို့ ခေါ်နိုင်တယ်"
"အစ်ကိုမောက်၊ ငါ နားမလည်တာတစ်ခု ရှိနေတုန်းပဲ"
ချူးယွန်က အနည်းငယ်ပြုံးပြီး ပြောလိုက်တယ်။
"ကြယ်ကောင်းကင်ကနေ အင်မော်တယ်နယ်မြေကြီးကိုတက်လာဖို့ ဒီလိုရင်ပြင်တောင်မှ ရှိတယ်ဆိုရင် စည်းမျဉ်းတွေနဲ့ ဘာဖြစ်လို့ ကန်သတ်ထားရတာလဲ"
မောက်မင်က ခါးသက်သက်နဲ့ ပြုံးလိုက်ပါတယ်။ သူက ခေါင်းကိုခါယမ်းပြီး ပြောလိုက်တယ်။
"အခု မင်းကလည်း အင်မော်တယ်ဖြစ်တာကြောင့် ငါတို့တွေ တန်းတူရည်တူ ပြောဆိုဆက်ဆံနိုင်ပါတယ်၊ ငါ မင်းဆီမှာ ဘာကိုမှ ဖုံးကွယ်မထားဘဲ ပြောနိုင်တယ်။ တကယ်တော့ အင်မော်တယ်ကမ္ဘာဆိုတာ အဆုံးမဲ့ ကြယ်ပြောတဲ့ ကမ္ဘာကြီးတစ်ခုပဲ။ ဒါက ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။ အတိုချုပ်ပြောရမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ မြိုတွေ၊ တိုင်းပြည်တွေ၊ ဂိုဏ်းတွေ မရေမတွက်နိုင်အောင် ရှိတယ်၊ သူတို့တွေမှာ မှီတင်းနေထိုင်တဲ့ အင်မော်တယ်တွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။ ဒီလောက်များပြားတဲ့ အင်မော်တယ်တွေ နေထိုင်ကြတဲ့နေရာမှာ မင်းလို အင်မော်တယ်အသစ်လေးတစ်ယောက်ကို တကူးတက လက်ခံပြီး လမ်းညွှန်ပြသမဲ့သူ ရှိနေမယ်လို့ ထင်လို့လား"
"ဒါဆိုရင် ဒါဆိုရင် အရင်းအမြစ်အတွက်လား"
ချူးယွန်က ရေရွတ်လိုက်ပြီးနောက် မောက်မင်ကိုကြည့်ကာ ပြောလိုက်တယ်။
"ဒါပေမဲ့ အင်မော်တယ်တွေက ကြယ်ကောင်းကင်ကြီးကို တိရစ္ဆာန်မွေးမြူဖို့ လှောင်အိမ်တစ်ခုအနေနဲ့ မမှတ်ထားဘူးလား။ သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ဖို့ ခွန်အားယူတာမျိုးပေါ့"
"မင်းရဲ့ အတွေးတွေကို ဘယ်လိုပြောရမလဲ ငါမသိဘူး။ ဒီလိုဖြစ်စဉ်တွေ ရှိတာကတော့ ရှိပါတယ်၊ ဒါပေမဲ့ ဒါက လူတိုင်းလုပ်နိုင်မယ်လို့ ထင်လို့လား။ အင်မတန် အစွမ်းထက်တဲ့ တည်ရှိမှုတွေကပဲ ကြယ်ကောင်းကင်ရဲ့ နိယာမတွေကို ထိန်းချုပ်ထားနိုင်တာ။ ငါလို အင်မော်တယ်လေးအတွက်ကတော့ သိမ်းပိုက်ချင်ရင်တောင် အခွင့်အရေးမရှိဘူး"
မောက်မင်က ခါးသက်သက်နဲ့ ပြုံးပြီး ပြောလိုက်တယ်။
"ကြယ်ကောင်းကင်က ရှားပါးအရင်းအမြစ်တွေရှိတဲ့ နေရာဖြစ်ရင်တောင် အထွတ်အထိပ်တည်ရှိမှုတွေပဲ လက်ဝယ်ပိုင်ဆိုင်ထားဖို့ အရည်အချင်းပြည့်မီတယ်"
ချူးယွန် အံ့ဩသွားပါတယ်။ အမှန်တရားက အရင် သူသိထားတာနဲ့ အနည်းငယ် ကွဲပြားတယ်။
ဒီလိုဆိုရင် ချူးမူကျစ်ကို ခေါ်သွားတဲ့သူရဲ့ အထောက်အထားက အရမ်းထူးခြားနေတာလား။
မေ့လိုက်ပါ၊ မင်းရဲ့အဆင့်အတန်းကို ငါဂရုမစိုက်ဘူး။
ငါ မူကျစ်ကို အနှေးနဲ့အမြန် ပြန်ခေါ်လာလိမ့်မယ်။
မင်းကိုသတ်ဖို့လည်း ငါအစွမ်းကုန်ကြိုးစားမယ်။
"နောက်ပြီးတော့ အင်မော်တယ်ကမ္ဘာရဲ့ ဟင်းလင်းပြင်က အရမ်းတည်ငြိမ်သလို ကန့်သတ်ချက်တွေ ကြီးမားတယ်။ ဒါကို မင်းလည်း ခံစားမိတယ် မဟုတ်လား။ ဒီနေရာမှာ ဖိအားက ကြီးမားလွန်းတာကြောင့် အင်မော်တယ်အဆင့်ကိုရောက်မှ လေထဲမှာ ပျံသန်းနိုင်တယ်။ မဟုတ်လို့ကတော့ မင်းခြေထောက်ကိုပဲ အားကိုးနိုင်လိမ့်မယ်"
မောက်မင်က အကူအညီမဲ့ဟန်နဲ့ လက်ဝါးဖြန့်ပြလိုက်ပါတယ်။
"အစ်ကိုမောက်၊ ဒီအင်မော်တယ်ကမ္ဘာရဲ့ အင်အားစုတွေအကြောင်း ငါ့ကို အကျဉ်းချုပ် ပြောပြပေးလို့ရမလား"
ချူးယွန်ဟာ လူသစ်ဖြစ်တာကြောင့် စူးစမ်းလိုစိတ်တို့ သဘာဝအတိုင်း ရှိနေခဲ့ပါတယ်။
"အင်အားစုလား၊ ငါ့ကိုမေးရင်တော့ မင်း လူရွေးမှားသွားပြီ။ ငါက လူသားအင်မော်တယ် ဒုတိယအဆင့်ပဲလေ။ တိုက်ခိုက်နိုင်စွမ်းဆိုရင်လည်း ငါက မင်းထက်တောင် မသန်မာဘူး။ ဒီအင်မော်တယ်ကမ္ဘာမှာ ငါဟာ အနိမ့်ဆုံး တည်ရှိမှုတွေထဲက တစ်ခုပါပဲ။ ငါသိတဲ့ အင်အားကြီးဆိုလို့ အနီးအနားမှာတော့ စန်းလော့မြို့လို့ခေါ်တဲ့ မြို့တစ်မြို့ ရှိတယ်။ ဒီနေရာကလည်း စန်းလော့မြို့ကို အမှီပြုပြီး တည်ဆောက်ထားခဲ့တာပဲလေ။ အဲဒီမှာ အင်မော်တယ်တွေနဲ့ သန်းချီပြီး ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတွေလည်း ရှိတယ်"
"စန်းလော့မြို့အပြင် အခြား ဘာမှငါမသိဘူး။ နောက်ဆုံးမှာတော့ ငါ့အချိန်က အကန့်အသတ်ရှိတယ်လေ၊ ဒီကနေ ထွက်သွားဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ပိုသိချင်ရင် ကိုယ့်ကိုကိုယ် အားကိုးရလိမ့်မယ်... "
မောက်မင်ရဲ့မျက်နှာက နီရဲသွားပါတယ်။ နောက်ဆုံးမှာတော့ သူဟာ အဆင့်အနိမ့်ဆုံး တည်ရှိမှုပါပဲ။ မဟုတ်ရင် ဒီလိုနေရာကို စောင့်ကြပ်ဖို့အတွက် စေလွှတ်ခံခဲ့ရမှာ မဟုတ်ဘူး။
"ဒါဆို စန်းလော့မြို့မှာ ငါ အရင်ဆုံး အခြေချသင့်တယ် မဟုတ်လား"
ချူးယွန် ခေါင်းညိတ်လိုက်ပါတယ်။
"အင်း၊ စန်းလော့မြို့က အရမ်းကြီးမားပါတယ်။ ဒါကြောင့် မင်း လျှို့ဝှက်နေနိုင်တယ်၊ တကယ်လို့ မင်းက အောက်ကနေတက်လာတဲ့သူဆိုတာကို မဖော်ပြရင်တော့ အကောင်းဆုံးပဲ။ မဟုတ်ရင် အောက်ကမ္ဘာရဲ့ လူတွေကို တိရစ္ဆာန်တွေလို့ သတ်မှတ်ထားတဲ့ အင်မော်တယ်တွေက မင်းကို လိုလားကြမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့အခြေအနေက အရမ်းအန္တရာယ်များလိမ့်မယ်"
မောက်မင်က အလွန်ကြင်နာတတ်ဟန်နဲ့ ချူးယွန်ကို သတိပေးလိုက်ပါတယ်။
ချူးယွန်လည်း လက်ယှက်ပြီးတော့ ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် အစ်ကိုမောက်"
"ဒါ့အပြင် အင်မော်တယ်ကမ္ဘာမှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေက အရေးကြီးဆုံးမို့ ဘုံငွေကြေးက အင်မော်တယ်ကျောက်ပဲ။ ဒါက အဆင့်နိမ့်၊ အလယ်လတ်အဆင့်နဲ့ အဆင့်မြင့် အင်မော်တယ်ကျောက်ဆိုပြီး ရှိတယ်။ မင်းလိုချင်တာကို ဒါတွေနဲ့ပဲ ဝယ်ယူသုံးစွဲရမှာ၊ ငါ့မှာတော့ နည်းနည်းရှိပါတယ်။ အခု လောလောဆယ် မင်း ယူထားလိုက်ချေ"
မောက်မင်က သိုလှောင်လက်စွပ်အတွင်းမှ အဆင့်နိမ့် အင်မော်တယ်ကျောက်တချိုကို ထုတ်ပေးလိုက်ပါတယ်။
ချူးယွန်လည်း မူလက ငြင်းဆန်ချင်ပေမဲ့ ဒီအင်မော်တယ်ကမ္ဘာမှာ ငွေမရှိရင် သူရှေ့ဆက်ဖို့ ခက်ခဲမယ်လို့ တွေးမိတာကြောင့် နောက်ဆုံးမှာတော့ လက်ခံလိုက်ပါတော့တယ်။
"ကျေးဇူးတင်ပါတယ် အစ်ကိုမောက်၊ အင်မော်တယ်ကျောက်တွေကို ဘယ်လိုရှာမလဲပြောပါ၊ ငါ မင်းကို သေချာပေါက် ပြန်ပေးဆပ်မယ်"
မောက်မင်က ပြုံးပြီးပြောလိုက်ပါတယ်။
"ညီလေး၊ ငါမင်းကို အထင်သေးတာတော့ မဟုတ်ပါဘူး။ တကယ်လို့ အင်မော်တယ်ကျောက် ရှာချင်တယ်ဆိုရင် မိုင်းတွင်းမှာ မိုင်းသွားတူးတာက ပိုကောင်းတယ်။ နတ်ဆိုးသားရဲတွေကိုလည်း အမဲလိုက်လို့ရပါတယ်၊ ဒါပေမဲ့ မိုင်းတူးတာကတော့ အလုံခြုံဆုံးနည်းလမ်းပဲ။ မင်းကြိုးစားမယ်ဆိုရင် နှစ်အနည်းငယ်အတွင်း အင်မော်တယ်ကျောက် နည်းနည်းရဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး။ နတ်ဆိုးသားရဲတွေကို လိုက်ဖမ်းရင် ချမ်းသာဖို့လွယ်ပေမဲ့ အန္တရာယ်များလွန်းတယ်။ ပြီးခဲ့တဲ့အချိန်တုန်းက ငါကိုယ်တိုင်လည်း နတ်ဆိုးသားရဲတွေကို အမဲလိုက်ရအောင် အဖွဲ့တစ်ဖွဲ့နဲ့ လိုက်သွားဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သုံးယောက်ပဲ အသက်ရှင်လျက် ပြန်ရောက်လာခဲ့တယ်။ ငါက အဲဒီလူသုံးယောက်ထဲက တစ်ယောက်ပေါ့"
စကားဆုံးတဲ့အခါ မောက်မင် သက်ပြင်းချလိုက်ပါတယ်။ ဒီလိုအခြေအနေကနေ လွတ်မြောက်ဖို့အတွက် သူ့မှာရှိသမျှ ရင်းနှီးခဲ့ရတယ်။
"နတ်ဆိုးသားရဲတွေကို အမဲလိုက်တာလား"
ချူးယွန်ရဲ့ မျက်လုံးတွေက အလင်းရောင်တစ်ခု တောက်ပသွားပါတယ်။
"ကောင်းပြီ၊ အစ်ကိုမောက်... ငါ့ကို စန်းလော့မြို့ထဲ ခေါ်သွားပေးပါ။ အမဲလိုက်အဖွဲ့တစ်ခုထဲကို ငါဝင်ချင်တယ်"
ဟုတ်တာပေါ့၊ သူက သေချာစဉ်းစားပြီးမှ ပြောတာပါ။
နတ်ဆိုးသားရဲတွေကို အမဲလိုက်တာက ငွေရလွယ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် သန်မာအောင်လည်း လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။
နောက်ပြီးတော့ ဒီလို အမဲလိုက်အဖွဲ့တွေက အများအားဖြင့် လူစုံတာကြောင့် သူတို့နဲ့နေရင် ပိုပြီးသိရနိုင်မှာပါ။
"အာ... ကောင်းပြီလေ၊ မင်းက လူသားအင်မော်တယ် ဒုတိယအဆင့်အထွတ်အထိပ်ရဲ့ အင်အားရှိတယ်။ စဦးမှာတောင် ဒီအတင့် အင်အားရှိတာကိုကြည့်ရင် မင်းက ပါရမီရှင်တစ်ဦး ဖြစ်ကောင်းဖြစ်မှာပါ။ တခြားသူတွေ မလုပ်နိုင်တဲ့ အရာတွေကို မင်းလုပ်နိုင်လိမ့်မယ်"
ချူးယွန်က ဆုံးဖြတ်ထားပုံရတာကြောင့် မောက်မင် နောက်ထပ်စည်းရုံးဖို့ စိတ်ကူးမရှိတော့ပါ။
သူက ချူးယွန်ကို စန်းလော့မြို့ဆီ ခေါ်သွားလိုက်ပါတယ်။ ဒါက နယ်နိမိတ်မရှိသလောက် ကြီးမားလွန်းတဲ့ မြို့ကြီးတစ်ခုပါ။
လူတွေလည်း သွားလာလှုပ်ရှားနေတာကြောင့် အတော်လေး စည်ကားသက်ဝင်ခဲ့ပါတယ်။
ချူးယွန် အံ့အားသင့်သွားခဲ့ပါပြီ။
ဒါက အင်မော်တယ်နယ်မြေကြီးရဲ့ ထောင့်စွန်းလေးတစ်ခုပဲ ရှိသေးတာပါ။ ဒါပေမဲ့ ဒီနေရာမှာတင် ကြောက်စရာကောင်းတဲ့ အနေအထားမျိုး ရှိနေခဲ့ပါတယ်။
ဒီလိုပတ်ဝန်းကျင်မှာ အဆင်ပြေပြေနေချင်ရင် ပိုသန်မာလာအောင် ကြိုးစားဖို့အပြင် အခြားနည်းလမ်း မရှိပါဘူး။
မောက်မင်ရဲ့ ဦးဆောင်မှုနဲ့ ချူးယွန်ဟာ စားသောက်ဆိုင်တစ်ခုကို ရောက်လာခဲ့ပါတယ်။
စားသောက်ဆိုင်ထဲမှာတော့ လူများစွာတို့ ရှိနေကြလို့ပါ။ သူတို့ဆီကနေ သွေးအငွေ့အသက်နဲ့ ကြောက်စရောင်းတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေခဲ့ကြပါတယ်။
"ဟင်၊ အဲဒါ မောက်မင်မဟုတ်လား။ သူက ငှက်တွေတောင်မနားတဲ့ နေရာကို စောင့်နေရတဲ့သူလေ၊ ဒီကိုလာရအောင် ဘယ်အချိန်အားသွားခဲ့တာလဲ"
မောက်မင် ဝင်လာတာနဲ့ လူတစ်ယောက်က ပုခုံးကိုပုတ်ပြီး ပြောလိုက်ပါတယ်။
မောက်မင်က ပြုံးရွှင်စွာနဲ့ ဦးညွတ်ကာ ပြောလိုက်တယ်။
"အစ်ကိုချန်ပဲ၊ ဒီညီလေးက အစ်ကိုချန်အတွက် ကြေးစားရှာလာခဲ့... မဟုတ်သေးဘူး၊ အစ်ကိုချန်မှာ လူလိုသေးလား။ ဒီညီငယ်လေးက အရမ်းအစွမ်းထက်ပါတယ်၊ သူက လူသားအင်မော်တယ် တတိယအဆင့်ကို ရောက်တော့မယ်"
လူထွားကြီးက ချူးယွန်ကို စူးစူးစိုက်စိုက်ကြည့်ပြီး နှုတ်ခမ်းကိုတွန့်ကွေးကာ ပြောလိုက်တယ်။
"သူက လူသားအင်မော်တယ် ဒုတိယအဆင့်ပဲလေ။ တကယ်လို့ လူသားအင်မော်တယ် တတိယအဆင့်ဆိုရင်တောင် ဘာဖြစ်သေးသလဲ။ ငါ့ဆီမှာ အားအနည်းဆုံးကတောင် လူသားအင်မော်တယ် တတိယအဆင့်မှာရှိတယ်။ သူ့အဆင့်နဲ့ ဒီကိုလာတာက သေချင်နေတာပဲ မဟုတ်လား"
ချူးယွန်ရဲ့မျက်လုံးက အရောင်လက်သွားခဲ့ပါတယ်။
"မင်္ဂလာပါ အစ်ကိုချန်၊ မင်းရဲ့အဖွဲ့မှာ လူနည်းနေတယ်ဆိုရင် ငါ့ကို ခေါ်သွားလို့ရပါတယ်။ ဒီအတွက် အာမခံကြေး ပေးစရာ မလိုဘူး၊ ငါ့ရဲ့ စွမ်းဆောင်မှုကိုကြည့်ပြီးမှ အင်မော်တယ်ကျောက်တွေ ပေးလို့ရတယ်"
အစ်ကိုချန်ဆိုသူက တစ်ချက်ပြုံးပြီး ပြောလိုက်တယ်။
"အာမခံကြေးမလိုချင်ဘူးပေါ့၊ ဒါဆိုရင် ငါက မင်းကို ငါးစာအဖြစ် သုံးမယ်ဆိုရင် မင်း သဘောတူနိုင်မှာလား"
မောက်မင်ရဲ့ အမူအရာက ပြောင်းလဲသွားကာ ပြောလိုက်တယ်။
"မေ့လိုက်ပါ... မေ့လိုက်ပါ၊ ဒါဆိုရင် အစ်ကိုချန်ကို အနှောက်ယှက်တော့ဘူး။ ငါ့ညီလေးကို တခြားနေရာတွေကြည့်ဖို့ ခေါ်သွားလိုက်မယ်..."
"ငါးစာလား၊ ကောင်းပြီ"
ချူးယွန်က မောက်မင်ကိုကြည့်ကာ ရယ်မောပြီးတော့ ပြန်လှည့်ပြောလိုက်တယ်။
"အစ်ကိုချန်က ငါ့ကို ငါးစာအဖြစ် သုံးချင်တယ်ဆိုရင်တောင် ရပါတယ်။ နောင်အခါ ငါ့စွမ်းရည်ကိုကြည့်ပြီး အင်မော်တယ်ကျောက် ပေးနေသရွေ့ ငါ လက်ခံနိုင်တယ်"
"တကယ်ကို အကြောက်တရားကင်းမဲ့တဲ့ ကောင်လေးပဲ"
အစ်ကိုချန်ဆိုသူက ရယ်မောပြီးတော့ ပြောလိုက်တယ်။
"ကောင်းပြီ၊ မင်းပြောတဲ့အတိုင်းပဲ။ တစ်နာရီကြာရင် ငါ့ရဲ့ ကြေးစားအဖွဲ့က နတ်ဆိုးသားရဲတွေကို အမဲလိုက်လိမ်မယ်။ မင်း ငါတို့နဲ့လိုက်ခဲ့ပါ"
"ကျေးဇူးတင်ပါတယ် အစ်ကိုချန်"
ချူးယွန် ခေါင်းညိတ်လိုက်ပါတယ်။
အစ်ကိုချန် ထွက်သွားတာကိုကြည့်ရင်း မောက်မင် စိုးရိမ်တကြီး ဖြစ်သွားခဲ့ပါတယ်။
"မင်း သူ့တောင်းဆိုချက်ကို ဘာဖြစ်လို့ သဘောတူခဲ့တာလဲ။ သူ့အဖွဲ့မှာ အားအနည်းဆုံးက လူသားအင်မော်တယ် တတိယအဆင့်တဲ့။ တကယ်လို့ အချိန်တန်တဲ့အခါ မင်းကို ငါးစာအဖြစ်သုံးရင် အရမ်း အန္တရာယ်များလိမ့်မယ်"
"စိတ်မပူပါနဲ့ အစ်ကိုမောက်၊ ငါဘာလုပ်နေလဲ သိပါတယ်"
ချူးယွန် ပြုံးလိုက်တယ်။ သူက လူသားအင်မော်တယ် ဒုတိယအဆင့်ဖြစ်ပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းအရ လူသားအင်မော်တယ် တတိယအဆင့်နဲ့ ရင်ဆိုင်ဖို့အတွက် ယုံကြည်မှုရှိပါတယ်။
နောက်ပြီးတော့ အစ်ကိုချန်ဆိုသူက လူသားအင်မော်တယ် စတုတ္တအဆင့်မှာ ဖြစ်နိုင်တယ်။
သာမန်ကြေးစားတွေကြားမှာတော့ ဒါက အတော်ကောင်းတဲ့အဖွဲ့လို့ ပြောလို့ရပါတယ်။
မဟုတ်ရင်လည်း သူတို့ထက်ပိုသန်မာတဲ့ အဖွဲ့တွေက အဆင့်နိမ့်လွန်းသူကို ခေါ်ယူချင်ကြမှာ မဟုတ်ဘူး။
"ဟင်း၊ ဒီလိုဆိုမှတော့ မင်းပြန်လာနိုင်ဖို့ပဲ ငါ မျှော်လင့်ရတော့မယ်"
မောက်မင်က အရက်တစ်ခွက်ကို မော့သောက်လိုက်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာ အချိန်တိုတိုလေးဖြစ်ပေမဲ့ ချူးယွန်ကို သူငယ်ချင်းအရင်းကြီးလို သူဆက်ဆံခဲ့တယ်။ ဒါကြောင့် ဒီအခြေအနေကို ရင်ဆိုင်ရတဲ့အခါ သူနဲ့သိပ်မဆိုင်ပေမဲ့ အနည်းငယ် စိတ်လှုပ်ရှားနေပြီး စိုးရိမ်နေမိပါသေးတယ်။
တစ်နာရီလောက်ကြာတော့ အစ်ကိုချန်ဆိုသူက ထိုင်နေရာမှ ထရပ်ပြီးတော့ အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
"ကိုင်း၊ ကောင်လေးတွေ... ဒီဖေဖေသွားတော့မယ်"
ချက်ချင်းပင်၊ ဒါဇင်ချီတဲ့ အခြားသူတွေလည်း စိတ်လှုပ်ရှားစွာနဲ့ ထရပ်လိုက်ကြပါတယ်။
ချူးယွန်လည်း မောက်မင်ကို နှုတ်ဆက်ပြီး သူနောက်ကို လိုက်သွားပါတော့တယ်။
အပိုင္း ( 1847 )
"လူသားအင္ေမာ္တယ္ ဒုတိယအဆင့္လား"
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက အနည္းငယ္ က်ဥ္းေျမာင္းသြားပါတယ္။ နယ္ပယ္အသစ္ေတြရဲ႕ သတ္မွတ္ပုံကို သူမသိေသးဘူး။
"နယ္ပယ္ေတြက လူသားအင္ေမာ္တယ္၊ ေျမကမ႓ာအင္ေမာ္တယ္၊ ေကာင္းကင္အင္ေမာ္တယ္လို႔ ႐ွိၿပီး နယ္ပယ္တစ္ခုစီမွာ အဆင့္ကိုးခု ႐ွိတယ္။ ဒါေပါ့၊ ေနာက္မွာ အျခားနယ္ပယ္ေတြလည္း ႐ွိေသးတယ္။ ဒါေပမဲ့ ငါတို႔အဆင့္နဲ႔ အမ်ားႀကီးသိထားရင္ေတာင္ အသုံးမဝင္ဘူး"
လူငယ္က ခ်ဴးယြန္ကို အေသးစိတ္႐ွင္းျပလိုက္ပါတယ္။
"ငါ့နာမည္က ေမာက္မင္ပါ၊ မင္း စိတ္မ႐ွိရင္ ငါ့ကို အစ္ကိုေမာက္လို႔ ေခၚႏိုင္တယ္"
"အစ္ကိုေမာက္၊ ငါ နားမလည္တာတစ္ခု ႐ွိေနတုန္းပဲ"
ခ်ဴးယြန္က အနည္းငယ္ျပဳံးၿပီး ေျပာလိုက္တယ္။
"ၾကယ္ေကာင္းကင္ကေန အင္ေမာ္တယ္နယ္ေျမႀကီးကိုတက္လာဖို႔ ဒီလိုရင္ျပင္ေတာင္မွ ႐ွိတယ္ဆိုရင္ စည္းမ်ဥ္းေတြနဲ႔ ဘာျဖစ္လို႔ ကန္သတ္ထားရတာလဲ"
ေမာက္မင္က ခါးသက္သက္နဲ႔ ျပဳံးလိုက္ပါတယ္။ သူက ေခါင္းကိုခါယမ္းၿပီး ေျပာလိုက္တယ္။
"အခု မင္းကလည္း အင္ေမာ္တယ္ျဖစ္တာေၾကာင့္ ငါတို႔ေတြ တန္းတူရည္တူ ေျပာဆိုဆက္ဆံႏိုင္ပါတယ္၊ ငါ မင္းဆီမွာ ဘာကိုမွ ဖုံးကြယ္မထားဘဲ ေျပာႏိုင္တယ္။ တကယ္ေတာ့ အင္ေမာ္တယ္ကမ႓ာဆိုတာ အဆုံးမဲ့ ၾကယ္ေျပာတဲ့ ကမ႓ာႀကီးတစ္ခုပဲ။ ဒါက ဘယ္ေလာက္ထိ ႀကီးမားတယ္ဆိုတာ ဘယ္သူမွ အတိအက် မသိႏိုင္ဘူး။ အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ ဒီကမ႓ာႀကီးမွာ ၿမိဳေတြ၊ တိုင္းျပည္ေတြ၊ ဂိုဏ္းေတြ မေရမတြက္ႏိုင္ေအာင္ ႐ွိတယ္၊ သူတို႔ေတြမွာ မွီတင္းေနထိုင္တဲ့ အင္ေမာ္တယ္ေတြကလည္း မေရမတြက္ႏိုင္ေအာင္ပါပဲ။ ဒီေလာက္မ်ားျပားတဲ့ အင္ေမာ္တယ္ေတြ ေနထိုင္ၾကတဲ့ေနရာမွာ မင္းလို အင္ေမာ္တယ္အသစ္ေလးတစ္ေယာက္ကို တကူးတက လက္ခံၿပီး လမ္းၫႊန္ျပသမဲ့သူ ႐ွိေနမယ္လို႔ ထင္လို႔လား"
"ဒါဆိုရင္ ဒါဆိုရင္ အရင္းအျမစ္အတြက္လား"
ခ်ဴးယြန္က ေရ႐ြတ္လိုက္ၿပီးေနာက္ ေမာက္မင္ကိုၾကည့္ကာ ေျပာလိုက္တယ္။
"ဒါေပမဲ့ အင္ေမာ္တယ္ေတြက ၾကယ္ေကာင္းကင္ႀကီးကို တိရစၧာန္ေမြးျမဴဖို႔ ေလွာင္အိမ္တစ္ခုအေနနဲ႔ မမွတ္ထားဘူးလား။ သူတို႔ကိုယ္သူတို႔ တိုးတက္ေအာင္လုပ္ဖို႔ ခြန္အားယူတာမ်ိဳးေပါ့"
"မင္းရဲ႕ အေတြးေတြကို ဘယ္လိုေျပာရမလဲ ငါမသိဘူး။ ဒီလိုျဖစ္စဥ္ေတြ ႐ွိတာကေတာ့ ႐ွိပါတယ္၊ ဒါေပမဲ့ ဒါက လူတိုင္းလုပ္ႏိုင္မယ္လို႔ ထင္လို႔လား။ အင္မတန္ အစြမ္းထက္တဲ့ တည္႐ွိမႈေတြကပဲ ၾကယ္ေကာင္းကင္ရဲ႕ နိယာမေတြကို ထိန္းခ်ဳပ္ထားႏိုင္တာ။ ငါလို အင္ေမာ္တယ္ေလးအတြက္ကေတာ့ သိမ္းပိုက္ခ်င္ရင္ေတာင္ အခြင့္အေရးမ႐ွိဘူး"
ေမာက္မင္က ခါးသက္သက္နဲ႔ ျပဳံးၿပီး ေျပာလိုက္တယ္။
"ၾကယ္ေကာင္းကင္က ႐ွားပါးအရင္းအျမစ္ေတြ႐ွိတဲ့ ေနရာျဖစ္ရင္ေတာင္ အထြတ္အထိပ္တည္႐ွိမႈေတြပဲ လက္ဝယ္ပိုင္ဆိုင္ထားဖို႔ အရည္အခ်င္းျပည့္မီတယ္"
ခ်ဴးယြန္ အံ့ဩသြားပါတယ္။ အမွန္တရားက အရင္ သူသိထားတာနဲ႔ အနည္းငယ္ ကြဲျပားတယ္။
ဒီလိုဆိုရင္ ခ်ဴးမူက်စ္ကို ေခၚသြားတဲ့သူရဲ႕ အေထာက္အထားက အရမ္းထူးျခားေနတာလား။
ေမ့လိုက္ပါ၊ မင္းရဲ႕အဆင့္အတန္းကို ငါဂ႐ုမစိုက္ဘူး။
ငါ မူက်စ္ကို အေႏွးနဲ႔အျမန္ ျပန္ေခၚလာလိမ့္မယ္။
မင္းကိုသတ္ဖို႔လည္း ငါအစြမ္းကုန္ႀကိဳးစားမယ္။
"ေနာက္ၿပီးေတာ့ အင္ေမာ္တယ္ကမ႓ာရဲ႕ ဟင္းလင္းျပင္က အရမ္းတည္ၿငိမ္သလို ကန္႔သတ္ခ်က္ေတြ ႀကီးမားတယ္။ ဒါကို မင္းလည္း ခံစားမိတယ္ မဟုတ္လား။ ဒီေနရာမွာ ဖိအားက ႀကီးမားလြန္းတာေၾကာင့္ အင္ေမာ္တယ္အဆင့္ကိုေရာက္မွ ေလထဲမွာ ပ်ံသန္းႏိုင္တယ္။ မဟုတ္လို႔ကေတာ့ မင္းေျခေထာက္ကိုပဲ အားကိုးႏိုင္လိမ့္မယ္"
ေမာက္မင္က အကူအညီမဲ့ဟန္နဲ႔ လက္ဝါးျဖန္႔ျပလိုက္ပါတယ္။
"အစ္ကိုေမာက္၊ ဒီအင္ေမာ္တယ္ကမ႓ာရဲ႕ အင္အားစုေတြအေၾကာင္း ငါ့ကို အက်ဥ္းခ်ဳပ္ ေျပာျပေပးလို႔ရမလား"
ခ်ဴးယြန္ဟာ လူသစ္ျဖစ္တာေၾကာင့္ စူးစမ္းလိုစိတ္တို႔ သဘာဝအတိုင္း ႐ွိေနခဲ့ပါတယ္။
"အင္အားစုလား၊ ငါ့ကိုေမးရင္ေတာ့ မင္း လူေ႐ြးမွားသြားၿပီ။ ငါက လူသားအင္ေမာ္တယ္ ဒုတိယအဆင့္ပဲေလ။ တိုက္ခိုက္ႏိုင္စြမ္းဆိုရင္လည္း ငါက မင္းထက္ေတာင္ မသန္မာဘူး။ ဒီအင္ေမာ္တယ္ကမ႓ာမွာ ငါဟာ အနိမ့္ဆုံး တည္႐ွိမႈေတြထဲက တစ္ခုပါပဲ။ ငါသိတဲ့ အင္အားႀကီးဆိုလို႔ အနီးအနားမွာေတာ့ စန္းေလာ့ၿမိဳ႕လို႔ေခၚတဲ့ ၿမိဳ႕တစ္ၿမိဳ႕ ႐ွိတယ္။ ဒီေနရာကလည္း စန္းေလာ့ၿမိဳ႕ကို အမွီျပဳၿပီး တည္ေဆာက္ထားခဲ့တာပဲေလ။ အဲဒီမွာ အင္ေမာ္တယ္ေတြနဲ႔ သန္းခ်ီၿပီး ေကာင္းကင္အင္ေမာ္တယ္နယ္ပယ္ ကြၽမ္းက်င္သူေတြလည္း ႐ွိတယ္"
"စန္းေလာ့ၿမိဳ႕အျပင္ အျခား ဘာမွငါမသိဘူး။ ေနာက္ဆုံးမွာေတာ့ ငါ့အခ်ိန္က အကန္႔အသတ္႐ွိတယ္ေလ၊ ဒီကေန ထြက္သြားဖို႔ မျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္ ပိုသိခ်င္ရင္ ကိုယ့္ကိုကိုယ္ အားကိုးရလိမ့္မယ္... "
ေမာက္မင္ရဲ႕မ်က္ႏွာက နီရဲသြားပါတယ္။ ေနာက္ဆုံးမွာေတာ့ သူဟာ အဆင့္အနိမ့္ဆုံး တည္႐ွိမႈပါပဲ။ မဟုတ္ရင္ ဒီလိုေနရာကို ေစာင့္ၾကပ္ဖို႔အတြက္ ေစလႊတ္ခံခဲ့ရမွာ မဟုတ္ဘူး။
"ဒါဆို စန္းေလာ့ၿမိဳ႕မွာ ငါ အရင္ဆုံး အေျခခ်သင့္တယ္ မဟုတ္လား"
ခ်ဴးယြန္ ေခါင္းညိတ္လိုက္ပါတယ္။
"အင္း၊ စန္းေလာ့ၿမိဳ႕က အရမ္းႀကီးမားပါတယ္။ ဒါေၾကာင့္ မင္း လွ်ိဳ႕ဝွက္ေနႏိုင္တယ္၊ တကယ္လို႔ မင္းက ေအာက္ကေနတက္လာတဲ့သူဆိုတာကို မေဖာ္ျပရင္ေတာ့ အေကာင္းဆုံးပဲ။ မဟုတ္ရင္ ေအာက္ကမ႓ာရဲ႕ လူေတြကို တိရစၧာန္ေတြလို႔ သတ္မွတ္ထားတဲ့ အင္ေမာ္တယ္ေတြက မင္းကို လိုလားၾကမွာ မဟုတ္ဘူး။ ဒါေၾကာင့္ မင္းရဲ႕အေျခအေနက အရမ္းအႏၲရာယ္မ်ားလိမ့္မယ္"
ေမာက္မင္က အလြန္ၾကင္နာတတ္ဟန္နဲ႔ ခ်ဴးယြန္ကို သတိေပးလိုက္ပါတယ္။
ခ်ဴးယြန္လည္း လက္ယွက္ၿပီးေတာ့ ေျပာလိုက္တယ္။
"ေက်းဇူးတင္ပါတယ္ အစ္ကိုေမာက္"
"ဒါ့အျပင္ အင္ေမာ္တယ္ကမ႓ာမွာ က်င့္ၾကံျခင္း အရင္းအျမစ္ေတြက အေရးႀကီးဆုံးမို႔ ဘုံေငြေၾကးက အင္ေမာ္တယ္ေက်ာက္ပဲ။ ဒါက အဆင့္နိမ့္၊ အလယ္လတ္အဆင့္နဲ႔ အဆင့္ျမင့္ အင္ေမာ္တယ္ေက်ာက္ဆိုၿပီး ႐ွိတယ္။ မင္းလိုခ်င္တာကို ဒါေတြနဲ႔ပဲ ဝယ္ယူသုံးစြဲရမွာ၊ ငါ့မွာေတာ့ နည္းနည္း႐ွိပါတယ္။ အခု ေလာေလာဆယ္ မင္း ယူထားလိုက္ေခ်"
ေမာက္မင္က သိုေလွာင္လက္စြပ္အတြင္းမွ အဆင့္နိမ့္ အင္ေမာ္တယ္ေက်ာက္တခ်ိဳကို ထုတ္ေပးလိုက္ပါတယ္။
ခ်ဴးယြန္လည္း မူလက ျငင္းဆန္ခ်င္ေပမဲ့ ဒီအင္ေမာ္တယ္ကမ႓ာမွာ ေငြမ႐ွိရင္ သူေ႐ွ႕ဆက္ဖို႔ ခက္ခဲမယ္လို႔ ေတြးမိတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ လက္ခံလိုက္ပါေတာ့တယ္။
"ေက်းဇူးတင္ပါတယ္ အစ္ကိုေမာက္၊ အင္ေမာ္တယ္ေက်ာက္ေတြကို ဘယ္လို႐ွာမလဲေျပာပါ၊ ငါ မင္းကို ေသခ်ာေပါက္ ျပန္ေပးဆပ္မယ္"
ေမာက္မင္က ျပဳံးၿပီးေျပာလိုက္ပါတယ္။
"ညီေလး၊ ငါမင္းကို အထင္ေသးတာေတာ့ မဟုတ္ပါဘူး။ တကယ္လို႔ အင္ေမာ္တယ္ေက်ာက္ ႐ွာခ်င္တယ္ဆိုရင္ မိုင္းတြင္းမွာ မိုင္းသြားတူးတာက ပိုေကာင္းတယ္။ နတ္ဆိုးသားရဲေတြကိုလည္း အမဲလိုက္လို႔ရပါတယ္၊ ဒါေပမဲ့ မိုင္းတူးတာကေတာ့ အလုံျခဳံဆုံးနည္းလမ္းပဲ။ မင္းႀကိဳးစားမယ္ဆိုရင္ ႏွစ္အနည္းငယ္အတြင္း အင္ေမာ္တယ္ေက်ာက္ နည္းနည္းရဖို႔ မျဖစ္ႏိုင္တာ မဟုတ္ဘူး။ နတ္ဆိုးသားရဲေတြကို လိုက္ဖမ္းရင္ ခ်မ္းသာဖို႔လြယ္ေပမဲ့ အႏၲရာယ္မ်ားလြန္းတယ္။ ၿပီးခဲ့တဲ့အခ်ိန္တုန္းက ငါကိုယ္တိုင္လည္း နတ္ဆိုးသားရဲေတြကို အမဲလိုက္ရေအာင္ အဖြဲ႕တစ္ဖြဲ႕နဲ႔ လိုက္သြားဖူးပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ သုံးေယာက္ပဲ အသက္႐ွင္လ်က္ ျပန္ေရာက္လာခဲ့တယ္။ ငါက အဲဒီလူသုံးေယာက္ထဲက တစ္ေယာက္ေပါ့"
စကားဆုံးတဲ့အခါ ေမာက္မင္ သက္ျပင္းခ်လိုက္ပါတယ္။ ဒီလိုအေျခအေနကေန လြတ္ေျမာက္ဖို႔အတြက္ သူ႕မွာ႐ွိသမွ် ရင္းႏွီးခဲ့ရတယ္။
"နတ္ဆိုးသားရဲေတြကို အမဲလိုက္တာလား"
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက အလင္းေရာင္တစ္ခု ေတာက္ပသြားပါတယ္။
"ေကာင္းၿပီ၊ အစ္ကိုေမာက္... ငါ့ကို စန္းေလာ့ၿမိဳ႕ထဲ ေခၚသြားေပးပါ။ အမဲလိုက္အဖြဲ႕တစ္ခုထဲကို ငါဝင္ခ်င္တယ္"
ဟုတ္တာေပါ့၊ သူက ေသခ်ာစဥ္းစားၿပီးမွ ေျပာတာပါ။
နတ္ဆိုးသားရဲေတြကို အမဲလိုက္တာက ေငြရလြယ္တဲ့အျပင္ ကိုယ့္ကိုယ္ကိုယ္ သန္မာေအာင္လည္း ေလ့က်င့္ၿပီးသား ျဖစ္ေစပါတယ္။
ေနာက္ၿပီးေတာ့ ဒီလို အမဲလိုက္အဖြဲ႕ေတြက အမ်ားအားျဖင့္ လူစုံတာေၾကာင့္ သူတို႔နဲ႔ေနရင္ ပိုၿပီးသိရႏိုင္မွာပါ။
"အာ... ေကာင္းၿပီေလ၊ မင္းက လူသားအင္ေမာ္တယ္ ဒုတိယအဆင့္အထြတ္အထိပ္ရဲ႕ အင္အား႐ွိတယ္။ စဦးမွာေတာင္ ဒီအတင့္ အင္အား႐ွိတာကိုၾကည့္ရင္ မင္းက ပါရမီ႐ွင္တစ္ဦး ျဖစ္ေကာင္းျဖစ္မွာပါ။ တျခားသူေတြ မလုပ္ႏိုင္တဲ့ အရာေတြကို မင္းလုပ္ႏိုင္လိမ့္မယ္"
ခ်ဴးယြန္က ဆုံးျဖတ္ထားပုံရတာေၾကာင့္ ေမာက္မင္ ေနာက္ထပ္စည္း႐ုံးဖို႔ စိတ္ကူးမ႐ွိေတာ့ပါ။
သူက ခ်ဴးယြန္ကို စန္းေလာ့ၿမိဳ႕ဆီ ေခၚသြားလိုက္ပါတယ္။ ဒါက နယ္နိမိတ္မ႐ွိသေလာက္ ႀကီးမားလြန္းတဲ့ ၿမိဳ႕ႀကီးတစ္ခုပါ။
လူေတြလည္း သြားလာလႈပ္႐ွားေနတာေၾကာင့္ အေတာ္ေလး စည္ကားသက္ဝင္ခဲ့ပါတယ္။
ခ်ဴးယြန္ အံ့အားသင့္သြားခဲ့ပါၿပီ။
ဒါက အင္ေမာ္တယ္နယ္ေျမႀကီးရဲ႕ ေထာင့္စြန္းေလးတစ္ခုပဲ ႐ွိေသးတာပါ။ ဒါေပမဲ့ ဒီေနရာမွာတင္ ေၾကာက္စရာေကာင္းတဲ့ အေနအထားမ်ိဳး ႐ွိေနခဲ့ပါတယ္။
ဒီလိုပတ္ဝန္းက်င္မွာ အဆင္ေျပေျပေနခ်င္ရင္ ပိုသန္မာလာေအာင္ ႀကိဳးစားဖို႔အျပင္ အျခားနည္းလမ္း မ႐ွိပါဘူး။
ေမာက္မင္ရဲ႕ ဦးေဆာင္မႈနဲ႔ ခ်ဴးယြန္ဟာ စားေသာက္ဆိုင္တစ္ခုကို ေရာက္လာခဲ့ပါတယ္။
စားေသာက္ဆိုင္ထဲမွာေတာ့ လူမ်ားစြာတို႔ ႐ွိေနၾကလို႔ပါ။ သူတို႔ဆီကေန ေသြးအေငြ႕အသက္နဲ႔ ေၾကာက္စေရာင္းတဲ့ အ႐ွိန္အဝါေတြ ထြက္ေပၚေနခဲ့ၾကပါတယ္။
"ဟင္၊ အဲဒါ ေမာက္မင္မဟုတ္လား။ သူက ငွက္ေတြေတာင္မနားတဲ့ ေနရာကို ေစာင့္ေနရတဲ့သူေလ၊ ဒီကိုလာရေအာင္ ဘယ္အခ်ိန္အားသြားခဲ့တာလဲ"
ေမာက္မင္ ဝင္လာတာနဲ႔ လူတစ္ေယာက္က ပုခုံးကိုပုတ္ၿပီး ေျပာလိုက္ပါတယ္။
ေမာက္မင္က ျပဳံး႐ႊင္စြာနဲ႔ ဦးၫြတ္ကာ ေျပာလိုက္တယ္။
"အစ္ကိုခ်န္ပဲ၊ ဒီညီေလးက အစ္ကိုခ်န္အတြက္ ေၾကးစား႐ွာလာခဲ့... မဟုတ္ေသးဘူး၊ အစ္ကိုခ်န္မွာ လူလိုေသးလား။ ဒီညီငယ္ေလးက အရမ္းအစြမ္းထက္ပါတယ္၊ သူက လူသားအင္ေမာ္တယ္ တတိယအဆင့္ကို ေရာက္ေတာ့မယ္"
လူထြားႀကီးက ခ်ဴးယြန္ကို စူးစူးစိုက္စိုက္ၾကည့္ၿပီး ႏႈတ္ခမ္းကိုတြန္႔ေကြးကာ ေျပာလိုက္တယ္။
"သူက လူသားအင္ေမာ္တယ္ ဒုတိယအဆင့္ပဲေလ။ တကယ္လို႔ လူသားအင္ေမာ္တယ္ တတိယအဆင့္ဆိုရင္ေတာင္ ဘာျဖစ္ေသးသလဲ။ ငါ့ဆီမွာ အားအနည္းဆုံးကေတာင္ လူသားအင္ေမာ္တယ္ တတိယအဆင့္မွာ႐ွိတယ္။ သူ႕အဆင့္နဲ႔ ဒီကိုလာတာက ေသခ်င္ေနတာပဲ မဟုတ္လား"
ခ်ဴးယြန္ရဲ႕မ်က္လုံးက အေရာင္လက္သြားခဲ့ပါတယ္။
"မဂၤလာပါ အစ္ကိုခ်န္၊ မင္းရဲ႕အဖြဲ႕မွာ လူနည္းေနတယ္ဆိုရင္ ငါ့ကို ေခၚသြားလို႔ရပါတယ္။ ဒီအတြက္ အာမခံေၾကး ေပးစရာ မလိုဘူး၊ ငါ့ရဲ႕ စြမ္းေဆာင္မႈကိုၾကည့္ၿပီးမွ အင္ေမာ္တယ္ေက်ာက္ေတြ ေပးလို႔ရတယ္"
အစ္ကိုခ်န္ဆိုသူက တစ္ခ်က္ျပဳံးၿပီး ေျပာလိုက္တယ္။
"အာမခံေၾကးမလိုခ်င္ဘူးေပါ့၊ ဒါဆိုရင္ ငါက မင္းကို ငါးစာအျဖစ္ သုံးမယ္ဆိုရင္ မင္း သေဘာတူႏိုင္မွာလား"
ေမာက္မင္ရဲ႕ အမူအရာက ေျပာင္းလဲသြားကာ ေျပာလိုက္တယ္။
"ေမ့လိုက္ပါ... ေမ့လိုက္ပါ၊ ဒါဆိုရင္ အစ္ကိုခ်န္ကို အေႏွာက္ယွက္ေတာ့ဘူး။ ငါ့ညီေလးကို တျခားေနရာေတြၾကည့္ဖို႔ ေခၚသြားလိုက္မယ္..."
"ငါးစာလား၊ ေကာင္းၿပီ"
ခ်ဴးယြန္က ေမာက္မင္ကိုၾကည့္ကာ ရယ္ေမာၿပီးေတာ့ ျပန္လွည့္ေျပာလိုက္တယ္။
"အစ္ကိုခ်န္က ငါ့ကို ငါးစာအျဖစ္ သုံးခ်င္တယ္ဆိုရင္ေတာင္ ရပါတယ္။ ေနာင္အခါ ငါ့စြမ္းရည္ကိုၾကည့္ၿပီး အင္ေမာ္တယ္ေက်ာက္ ေပးေနသေ႐ြ႕ ငါ လက္ခံႏိုင္တယ္"
"တကယ္ကို အေၾကာက္တရားကင္းမဲ့တဲ့ ေကာင္ေလးပဲ"
အစ္ကိုခ်န္ဆိုသူက ရယ္ေမာၿပီးေတာ့ ေျပာလိုက္တယ္။
"ေကာင္းၿပီ၊ မင္းေျပာတဲ့အတိုင္းပဲ။ တစ္နာရီၾကာရင္ ငါ့ရဲ႕ ေၾကးစားအဖြဲ႕က နတ္ဆိုးသားရဲေတြကို အမဲလိုက္လိမ္မယ္။ မင္း ငါတို႔နဲ႔လိုက္ခဲ့ပါ"
"ေက်းဇူးတင္ပါတယ္ အစ္ကိုခ်န္"
ခ်ဴးယြန္ ေခါင္းညိတ္လိုက္ပါတယ္။
အစ္ကိုခ်န္ ထြက္သြားတာကိုၾကည့္ရင္း ေမာက္မင္ စိုးရိမ္တႀကီး ျဖစ္သြားခဲ့ပါတယ္။
"မင္း သူ႕ေတာင္းဆိုခ်က္ကို ဘာျဖစ္လို႔ သေဘာတူခဲ့တာလဲ။ သူ႕အဖြဲ႕မွာ အားအနည္းဆုံးက လူသားအင္ေမာ္တယ္ တတိယအဆင့္တဲ့။ တကယ္လို႔ အခ်ိန္တန္တဲ့အခါ မင္းကို ငါးစာအျဖစ္သုံးရင္ အရမ္း အႏၲရာယ္မ်ားလိမ့္မယ္"
"စိတ္မပူပါနဲ႔ အစ္ကိုေမာက္၊ ငါဘာလုပ္ေနလဲ သိပါတယ္"
ခ်ဴးယြန္ ျပဳံးလိုက္တယ္။ သူက လူသားအင္ေမာ္တယ္ ဒုတိယအဆင့္ျဖစ္ေပမဲ့ သူ႕ရဲ႕ တိုက္ခိုက္ႏိုင္စြမ္းအရ လူသားအင္ေမာ္တယ္ တတိယအဆင့္နဲ႔ ရင္ဆိုင္ဖို႔အတြက္ ယုံၾကည္မႈ႐ွိပါတယ္။
ေနာက္ၿပီးေတာ့ အစ္ကိုခ်န္ဆိုသူက လူသားအင္ေမာ္တယ္ စတုတၱအဆင့္မွာ ျဖစ္ႏိုင္တယ္။
သာမန္ေၾကးစားေတြၾကားမွာေတာ့ ဒါက အေတာ္ေကာင္းတဲ့အဖြဲ႕လို႔ ေျပာလို႔ရပါတယ္။
မဟုတ္ရင္လည္း သူတို႔ထက္ပိုသန္မာတဲ့ အဖြဲ႕ေတြက အဆင့္နိမ့္လြန္းသူကို ေခၚယူခ်င္ၾကမွာ မဟုတ္ဘူး။
"ဟင္း၊ ဒီလိုဆိုမွေတာ့ မင္းျပန္လာႏိုင္ဖို႔ပဲ ငါ ေမွ်ာ္လင့္ရေတာ့မယ္"
ေမာက္မင္က အရက္တစ္ခြက္ကို ေမာ့ေသာက္လိုက္ပါတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ သိခဲ့ၾကတာ အခ်ိန္တိုတိုေလးျဖစ္ေပမဲ့ ခ်ဴးယြန္ကို သူငယ္ခ်င္းအရင္းႀကီးလို သူဆက္ဆံခဲ့တယ္။ ဒါေၾကာင့္ ဒီအေျခအေနကို ရင္ဆိုင္ရတဲ့အခါ သူနဲ႔သိပ္မဆိုင္ေပမဲ့ အနည္းငယ္ စိတ္လႈပ္႐ွားေနၿပီး စိုးရိမ္ေနမိပါေသးတယ္။
တစ္နာရီေလာက္ၾကာေတာ့ အစ္ကိုခ်န္ဆိုသူက ထိုင္ေနရာမွ ထရပ္ၿပီးေတာ့ အသံက်ယ္က်ယ္နဲ႔ ေျပာလိုက္တယ္။
"ကိုင္း၊ ေကာင္ေလးေတြ... ဒီေဖေဖသြားေတာ့မယ္"
ခ်က္ခ်င္းပင္၊ ဒါဇင္ခ်ီတဲ့ အျခားသူေတြလည္း စိတ္လႈပ္႐ွားစြာနဲ႔ ထရပ္လိုက္ၾကပါတယ္။
ခ်ဴးယြန္လည္း ေမာက္မင္ကို ႏႈတ္ဆက္ၿပီး သူေနာက္ကို လိုက္သြားပါေတာ့တယ္။