အရန်ဇာတ်ဆောင်ဖြစ်ပြီးနောက်ထင်...

Door Miracle-101

1.4K 111 8

Short Title : IBHPABCFS Alternate Title : 穿成炮灰明星后我爆红了 Status : 143 Chapters + 7 Extra (Completed) Author : 惗肆... Meer

Description
1.1

1.2

159 28 2
Door Miracle-101

၎င်းမှာ သူအိမ်၌ရှိ​နေစဥ်က ​ပေါ့​ပေါ့ပါးပါးလှန်​လှော​နေခဲ့​သော အမိုက်စား​ဖျော်​ဖြေ​ရေးနယ်ပယ်ဝတ္တုတစ်ပုဒ်ဖြစ်ပေသည်။ သူ ရှင်ရှင်းလင်းလင်းမှတ်မိ​နေရသည့် အ​ကြောင်းအရင်းမှာ သူ၏အမည်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်အမည်နှင့် နီးပါးတူ​သော​ကြောင့်ပင်ဖြစ်သည်။ 

သူ့စိတ်ထဲရှိ မှတ်ဥာဏ်များသည် ရှုပ်ပွ​နေပြီး ကျီလီသည် ၎င်းတို့အားခွဲထုတ်ရန် အချိန်အနည်းငယ်သုံးလိုက်သည်။ မူလကိုယ်တွင် အားကိုး၍မရ​သောမိခင်တစ်ဦးရှိပြီး သူ့အား​မွေးပြီးပြီးချင်း ​ကျေးလက်တောရွာရှိ သူမ၏မွေးရပ်​မြေသို့ပြန်ပို့ခဲ့သည်။ ထို့နောက် ပျောက်ကွယ်သွားပြီး နှစ်​ပေါင်းများစွာကြာသည်အထိ ပြန်မ​ပေါ်လာခဲ့​ပေ။ 

မူလကိုယ်ကို သူ့ဦး​လေးမှ ပြုစုပျိုး​ထောင်ပေးခဲ့သည်။ သူသည် ငယ်စဥ်ကတည်းက နာခံမှုရှိပြီး အကျင့်စာရိတ္တ​ကောင်းမွန်​သူဖြစ်သည်။ သူ၏ ပင်ကိုယ်အသွင်အပြင်နှင့် ​ပေါင်းစပ်လိုက်သောအခါ အိမ်နီးချင်းများကလည်း သူ့အား အထူးဂရုစိုက်ကြ​ပေသည်။ 

မူလကိုယ်၏အ​ဒေါ်သည် လူ​ကောင်းတစ်​ယောက်မဟုတ်သည်မှာ သနားစရာပင်။

လွန်ခဲ့​သောသုံးလခန့်က သူမသည် တစ်​နေရာရာမှ သတင်းကြားလာပြီး သူမ၏သားအတွက် ကျူရှင်ခများ​ပေးရန် ဘွဲ့ရခါစ မူလကိုယ်အား ယခုကုမ္ပဏီသို့​ခေါ်သွားကာ သင်တန်းသားစာချုပ်တွင် အတင်းအကြပ်လက်မှတ်​ရေးထိုး​စေခဲ့သည်။ 

ထိုမျှသာမက လက်မှတ်ထိုးခနှင့် မူလကိုယ်၏လခများအားလုံးကိုပါ ယူသွားခဲ့​လေသည်။ စာချုပ်ဖျက်သိမ်းမှု ဆုံးရှုံးမှုအတွက် လျော်ကြေးမှာ တစ်သန်းအပြည့်ရှိပြီး ၎င်းမှာ မူလကိုယ်အတွက် ​ကောင်းကင်ကြီး​လောက်မြင့်​သော တန်​ကြေးဖြစ်​ပေသည်။

သူသည် ကူကယ်ရာမဲ့စွာဖြင့် ကုမ္ပဏီ၌ ​လေ့ကျင့်ရေးအတွက် ​နေခဲ့ရ​ပေသည်။ ဤနည်းဖြင့် လင်း​ချောင်တို့အုပ်စု၏ အာရုံစိုက်စရာဖြစ်လာပြီး ၎င်းတို့သည် သူ့အား နေ့တိုင်း ​စ​နောက်ကြလေသည်။ ဥပမာအားဖြင့် ​စော​စောက 'နောက်ပြောင်မှု'မျိုးပင်။

ကျီလီသည် သူ၏​ယောင်ရမ်း​နေ​​သောဦး​ခေါင်းအား ပွတ်သပ်ကာ အမူအယာမှာ အနည်းငယ်ရုပ်ဆိုးလာခဲ့သည်။

သူမှတ်မိတာမှန်ခဲ့လျှင် ထိုအမိုက်စားဝတ္တုတွင် မူလကိုယ်မှာ အခန်းသုံးခန်းသာပါဝင်​သော သိပ်မကျော်ကြားသည့် အနုပညာရှင် အ​မြောက်စာဇာတ်​ကောင်တစ်​ယောက်သာဖြစ်​ပေသည်။ 

မူလကိုယ်တွင် ​ကောင်းမွန်​သောအသွင်အပြင်ရှိ​၏။ ကုမ္ပဏီနှင့် လျင်မြန်စွာစာချုပ်ချုပ်ပြီး​နောက် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်း​တော်​​တော်များများတွင် ပါဝင်ခဲ့သည်။ သို့​သော် သူ၏ သရုပ်​ဆောင်စွမ်းရည်မှာ အလွန်ဆိုးရွားပြီး သူ့အပေါ် သစ္စာရှိ​သောပရိတ်သတ်အား ထိန်းသိမ်းထားရန်အတွက်လည်း သူ၏ကိုယ်ရည်ကိုယ်သွေးမှာ ထုံထိုင်းလွန်းလှ​ပေသည်။ သူသည် လျှင်မြန်စွာ​ပြောင်းလဲ​နေ​သော ​​​ဖျော်ဖြေ​ရေးလောကထဲတွင် အများကြီး မထိုးဖောက်နိုင်ခဲ့​ပေ။

မူလကိုယ်၏ ​အေးဂျင့်သည် အ​နောက်​တံခါးမှ ​လျှောက်​လေ့ရှိ​သောသူတစ်​ယောက်ဖြစ်​လေသည်။ သူသည် မူလကိုယ် ကုမ္ပဏီမှ စွန့်ပစ်ခံရလုနီးပါးဖြစ်​နေချိန်တွင် သူ့အား အရင်းအမြစ်များနှင့် လဲလှယ်ရန်အတွက် 'အထူး'ပါတီတွင် ပါဝင်​စေရန် တိတ်တဆိတ် တွန်းအား​ပေးခဲ့သည်။ 

၎င်းပါတီ၌ မူလကိုယ်သည် မ​တော်တဆ မျက်နှာထိခိုက်သွားခဲ့ရပြီး သူ၏ကြယ်ပွင့်ခရီးစဥ်မှာ လုံးဝအဆုံးသတ်ခဲ့ရသည်။

.....

အသက် ၁၆နှစ်အရွယ်မှစ၍ အနုပညာလမ်း​ကြောင်းထဲဝင်ကာ ​နောက်ပိုင်းတွင် ရုပ်ရှင်ဧကရာဇ်ဖြစ်လာချိန်ထိ ကျီလီသည် နှစ်၂၀နီးပါး ​ဖျော်​ဖြေ​ရေးနယ်ပယ်ထဲ ရုန်းကန်ခဲ့ရပြီး အမြဲတမ်း ခွန်အားလမ်း​ကြောင်းကိုသာ လျှောက်လှမ်းခဲ့သူဖြစ်​လေသည်။ 

သူထိုစာပိုဒ်အား ပထမဆုံးအကြိမ်ဖတ်ချိန်က သူ၏စိတ်ထဲ ညည်းညူ​နေခဲ့မိသည်။ 'ဘာအ​နောက်တံခါးလဲ? မင်းစိတ်တွေရှုပ်​ထွေး​နေတာပဲ! မင်းမှာ ​ကောင်းကင်ဘုံက​နေလက်​ဆောင်​ပေးလိုက်တဲ့ လှပတဲ့မျက်နှာ​​လေးရှိတယ်လေ မင်းရဲ့သရုပ်​ဆောင်စွမ်းရည်ကို တိုးတက်​အောင် အလုပ်ကြိုးစားလိုက်တာ ပိုမ​ကောင်းဘူးလား'

ထိုသို့တွေးပြီးနောက် ကျီလီမှာ စိတ်မ​ကောင်းဖြစ်ခဲ့ရသည်။ ​​နောက်ဆုံးတွင်တော့ မူလကိုယ်မှာ ကမ္ဘာ​ကြီးအား  လုံးဝမမြင်ဖူးသေး​သော က​လေးတစ်​ယောက်သာဖြစ်​ပေသည်။ သူ၏စိတ်နေသ​ဘောထား အ​ကြောင်းအရင်းများနှင့်​ ပေါင်းစပ်လိုက်သောအခါ သူကိုယ်တိုင် တစ်လှမ်းချင်း လမ်းမှား​လျှောက်​နေသည်ကိုသာ မတတ်သာဘဲ ကြည့်​နေခဲ့တာ ဖြစ်နိုင်​​ပေသည်။ 

​နောက်ဆုံးအခိုက်အတန့်လေးမှာ သူမျှော်လင့်ချက်တွေ ပျောက်ဆုံးသွားမှာပဲ ဟုတ်တယ်မလား?။

မ​မျှော်လင့်ထားစွာ မ​ထင်မှတ်ထား​သော အဖြစ်အပျက်များ​ကြောင့် သူ၏ အစီအစဥ်တို့မှာ လွဲချော်သွားရလေသည်။

​ရုပ်ရှင်တို့၏ သမိုင်းကြောင်းတစ်လျှောက် ရုပ်ရှင်ဧကရာဇ်တို့၏ ထိပ်ဆုံးတွင် သရဖူ​​ဆောင်းထားခဲ့​သော ကျီလီသည် အရွယ်ကောင်းသေးချိန်၌ပင် ထိုရုပ်ရှင်​လောကမှ အနားယူ​ကြောင်း ​ကြေညာခဲ့​လေသည်။ သူ၏​နေ့ရက်များအား ​အေး​အေးလူလူ ​ရေ​​နွေးကြမ်း​လေး​သောက်၊ ​သူ၏​ကြောင်​လေးအားစ​နောက်ကျီစယ်ရင်း ချစ်ရမည့်တစ်စုံတစ်​ယောက်အားမရှာရ​သေးခင်မှာပင် ဤ​နေရာ၌ နိုးထလာခဲ့သည် - ။

သူ ​ဖျော်​ဖြေ​ရေးနယ်ပယ်၏​အောက်​ခြေသို့ ပြန်လည်​ရောက်ရှိလာခဲ့သည်လား။ ၎င်းမှာ လူတိုင်းနင်းချသွားနိုင်သည့် သင်တန်းသားတစ်​ယောက်သာဖြစ်သည်လား။ သူ့တွင် ထိုကဲ့သို့အရာမျိုးကို လက်မခံနိုင်ပေ။

ကျီလီသည် ထဆဲလိုစိတ်အား မြိုသိပ်လိုက်သည်။ ထို့နောက် တစ်သျှူးအားထုတ်ကာ သူ၏ဆံပင်​​နှင့် ပါးပြင်ပေါ်ရှိ ​ရေများကို သုတ်လိုက်သည်။ 

အရိုးသားဆုံး​ပြောရလျှင် မူလကိုယ်၏အသွင်အပြင်မှာ 'နတ်ဘုရားမျက်နှာ'ဟူသော တင်စားမှုနှင့် ထိုက်တန်​ပေသည်။ သူ၏ သူရဲ​ဘော​ကြောင်​သောစရိုက်သည်သာ သူ၏ပုံစံအား သက်​ရောက်ခြင်းဖြစ်သည်။ သူ၏ အဆီအ​ငေါ်မတည့်​သောဝတ်စားပုံနှင့် ဖြူ​ဖျော့​သောအသားအ​ရေတို့​ပေါင်းစပ်မှုက သူ၏အသွင်အပြင်အား ​တော်​တော်​လေး ​လျော့ကျသွား​စေသည်။

သို့​​သော် အုတ်မြစ်​ကောင်းတစ်ခုရှိ​နေမှတော့ အခြားအရာအားလုံးမှာ အ​သေးအဖွဲ့ကိစ္စသာဖြစ်​ပေသည်။

ကြမ်းပြင်​ပေါ် သို့ ဒေါက်ဖိနပ်နင်းလျှောက်သံတို့က ကျီလီ၏အ​တွေးများကို ​နှောင့်ယှက်လိုက်သည်။ သူ တ​စောင်းလှည့်ကြည့်လိုက်ရာ တံခါး၌ရပ်​နေ​သော ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦးအား ​တွေ့လိုက်ရသည်။

တစ်ဖက်လူသည်လည်း သူ့အား​ အ​ပေါ်​အောက် စုန်ချည်ဆန်ချည်ကြည့်ပြီး မျက်​မှောင်ကြုတ်ကာ ​မေးလိုက်သည် : "မင်း ဘယ်လိုလုပ် အခုလိုဖြစ်ရတာလဲ မကြာခင်ပဲ အကဲဖြတ်မှုအတွက် မင်းအလှည့်​ရောက်​တော့မှာ မသွား​သေးဘူးလား"

"အစ်မစုန့်လန်" ကျီလီသည် သူ၏မှတ်ဥာဏ်များထဲမှ သက်ဆိုင်ရာ နာမည်အားရှာ​ဖွေ​လိုက်ရာ တစ်ဖက်လူသည် ကုမ္ပဏီအနုပညာရှင်များ၏ ညွှန်ကြားသူဖြစ်ပြီး ယခုကာလ၏ သင်တန်းသားများအတွက် အ​ထွေ​ထွေဒါရိုက်တာလည်း ဖြစ်သည်။ 

စုန့်လန်သည် ခဏတာ​တွေး​တော​နေပြီး ဖြစ်ပျက်ခဲ့သည်တို့ကို ခန့်မှန်းလိုက်နိုင်သည်။ သူမသည် ​ခေါင်းခါလျှက် ​ပြောလာ၏ : "ကျီလီ မင်း ​ရှေ့တုန်းက အကဲဖြတ်မှုနှစ်ကြိမ်ကျရှုံးထားတာကို ပြန်သတိ​ပေးတဲ့အတွက် ငါ့ကို​တော့ အပြစ်မမြင်နဲ့ ဒီတစ်ခါလည်းကျဦးမယ်ဆိုရင်​တော့ မင်းအတွက် ခက်ခဲလိမ့်မယ်​နော်"

အံဝင်ခွင်ကျရှင်သန်နိုင်ရေးသည် ​ဖျော်​ဖြေ​ရေးနယ်ပယ်၏ သံမဏိစည်းမျဥ်းဖြစ်သည်။ အိပ်မက်မီဒီယာ၏ အကဲဖြတ်မှုစနစ်သည် အမျိုးအစားတူကုမ္ပဏီများကြား ​လျော့​ပေါ့သည်ဟု သတ်မှတ်နိုင်ပြီး သင်တန်းသားများအ​ပေါ်ဆက်ဆံ​မှုက အလွန်​ကောင်းမွန်​ပေသည်။

သို့​သော်လည်း ကုမ္ပဏီသည် အလှူလုပ်​နေခြင်းမဟုတ်​သည့်အတွက် မတိုးတက်လာ​သောသင်တန်းသားများကို ဆက်လက်ထိန်းသိမ်းထားမည်မဟုတ်​ပေ။ ကျီလီလိုလူစားမျိုးသည် ပြတ်ပြတ်သားသားစွန့်ပစ်ကာ စင်နောက်မရောက်သွားခင် ပိုက်ဆံမြန်မြန်ဆန်ဆန်ရနိုင်မည့် အလုပ်များကို လုပ်ခိုင်းခံရပေလိမ့်မည်။

"အစ်မစုန့်လန် သတိ​ပေးတဲ့အတွက်​ကျေးဇူးတင်ပါတယ် ကျွန်​တော် ကြိုးစားပါ့မယ်" ကျီလီသည် ယဥ်ယဥ်​ကျေး​ကျေးပြန်​ပြောလိုက်သည်။ သူ ဒီ​နေရာမှာ ​ရောက်ရှိ​နေပြီဆိုမှတော့ မူလကိုယ်အတွက် ဒီလမ်းကို ဆက်လျှောက်ပေးရတော့မှာပေါ့။

"သွားပြီး အဝတ်လဲလိုက် ငါ ဒါရိုက်တာဝမ်ကို ရှင်းပြထားပြီး နည်းနည်း​လောက်ထပ်​​စောင့်ခိုင်းထားလိုက်မယ်" စုန့်လန်၏အသံမှာ အနည်းငယ်ပျော့သွားသည်။ သူမ ဒီလူငယ်အား ထိုကဲ့သို့ဆိုးဝါး​​သောအသွင်အပြင်ဖြင့် ဒါရိုက်တာနှင့် ​တွေ့ခွင့်မ​ပေးနိုင်ပေ။ 

မူလက သူ၏သရုပ်​ဆောင်စွမ်းရည်မှာ လုံ​လောက်မှုမရှိရာ ပုံပန်းအသွင်အပြင်နှင့် အမှတ်များထပ်​လျော့ခံရ၍ မဖြစ်​။ 

"မဟုတ်ဘူး ကျွန်​တော်ဒီတိုင်းသွားလိုက်မယ် စစ်​​ဆေးမှာက သရုပ်​​ဆောင်စွမ်းရည်ပဲ ကျွန်​တော့်ရဲ့ ပြင်ပအသွင်အပြင်မှမဟုတ်ပဲ​လေ" ကျီလီသည် သူ၏အ​တွေးများကို ထိန်းချုပ်ကာ ​ရေချိုးခန်းဆီမြန်မြန်​လျှောက်သွားလိုက်သည်။ : "ကျွန်​​တော် ဒါရိုက်တာဝမ်ကို အကြာကြီး​စောင့်ခိုင်းထားလို့မဖြစ်ဘူး​မဟုတ်လာ အဲ့တာက မယဥ်​ကျေးရာ​ရောက်သွားလိမ့်မယ်"

ထို့အပြင် ၎င်းသည် 'မထင်မှတ်ထားသောကောင်းချီး'လည်း ဖြစ်နိုင်​ပေသည်။ ဒီပုံစံနဲ့ အကဲဖြတ်မှုခံယူလိုက်တာက ပို​ကောင်းသွားတာလည်း ဖြစ်နိုင်​တာပဲ။

စုန့်လန်သည် သူ၏နားလည်ရခက်ကာ ​ချော​မောလှသည့် ​ကျောဘက်အား စိုက်ကြည့်​နေပြီး နားမလည်နိုင်စွာ ​ခေါင်းခါလိုက်မိသည်။

​မေ့လိုက်​တော့။ ဒါက ​နဂိုကတည်းက မျှော်လင့်ချက်မရှိတဲ့ကိစ္စပဲကို။ ထပ်​ပြော​နေလည်း အသုံးဝင်တာမှ မဟုတ်တာ။

.....

ကျီလီသည် ​လေ့ကျင့်​ရေးခန်းထဲဝင်လိုက်ရာ ရယ်သံများသည် ဘက်ပေါင်းစုံမှ ထွက်​ပေါ်လာခဲ့သည်။ ဒါရိုက်တာ ဝမ်ကျန်းသည် ထိုလူ၏အဝတ်အစားများအားမြင်လိုက်​သောအခါ မျက်​မှောင်ကြုတ်လိုက်၏။ 

ဘာ​တွေဖြစ်​နေတာလဲ။ အရမ်း ဖြစ်ကတတ်ဆန်းနိုင်လွန်းတယ်။

"​ချောင်​ကော ကြည့်လိုက်ပါဦး အဲ့ဒီ​တောသားငနုံငအ​လေးက တကယ်အဝတ်မလဲဘဲ လာခဲ့တာပဲ! သူ့မျက်နှာပျက်သွားပြီ!" တစ်စုံတစ်​ယောက်သည် လင်း​ချောင်အား ကြည့်ကာ : "ဒါရိုက်တာဝမ်ကျန်းရဲ့ အမူအယာနဲ့ သူ့ရဲ့သစ်သားတုံးလိုသရုပ်​ဆောင်စွမ်းရည်​နဲ့ကို ကြည့်လိုက်ရင် သူအ​ကဲဖြတ်မှုကို​အောင်သွားရင်ကိုပဲ ထူးဆန်း​နေမှာ!"

"အမှန်ပဲ! သူက ဘယ်လိုလုပ် ​ချောင်​ကောနဲ့ ယှဥ်လို့ရမှာလဲ" နောက်တစ်ယောက်မှ ပြန်​ပြောလိုက်သည်။

လင်း​ချောင်သည် ထိုသို့ မြှောက်ပင့်စကားများကိုကြား​သော် ​နှာရှုံ့လိုက်၏။ သူ ​စော​စောကမှ အကဲဖြတ်မှုပြီးဆုံးသွားပြီး ရရှိခဲ့​သော ရလဒ်များမှာလည်း အ​တော်​လေး​​ကျေနပ်စရာ​ကောင်း​ပေသည်။ ဒါရိုက်တာဝမ်ကျန်းသည်လည်း သူ့အား အလွန်စိတ်ကျေနပ်ပုံရ​သည်။ 

"မင်းက ကျီလီလား" ဝမ်ကျန်းသည် သင်တန်းသားကိုယ်​ရေးအကျဥ်းအား ငုံ့ကြည့်ကာ ​မေးလိုက်သည်။

"ဟုတ်ပါတယ် မင်္ဂလာပါ ဒါရိုက်တာကြီး ကျွန်​တော်​ချော်လဲလာလို့ ​နောက်ကျသွားတယ် ​တောင်းပန်ပါတယ်" ကျီလီသည် ​စော​စောကအဖြစ်အပျက်အား ပုံပြင်တစ်ပုဒ်နှယ် သနားခံရန်မ​ရောင်းစားခဲ့ဘဲ နှိမ့်ချ​ပြောလိုက်​လေသည်။

"​ကောင်းပြီ မင်းက ​နောက်ဆုံးကျန်တဲ့သူပဲ မဲနှိုက်ပြီး အကဲဖြတ်မှုအတွက် ပြင်ဆင်​တော့" ဝမ်​ကျန်းသည် တင်းမာ​သောအမူအယာဖြင့် ​ခေါင်းညိတ်လိုက်သည်။ အမှန်မှာ သူစိတ်မရှည်​နေခဲ့​ပေ။ 

သူသည် ဤနေရာသို့ အကဲဖြတ်မှုနည်းပြအဖြစ်လာရန် သူ၏ဦး​ခေါင်းအား မြည်းကန်ခံရ၍သာ အိပ်မက်မီဒီယာ၏ သူ​ဌေးအား သ​ဘောတူခဲ့ခြင်းဖြစ်​လောက်သည်။ 

သူ့အနေနဲ့ ဒီသင်တန်းသားအသုတ်မှ အမှန်တကယ်ထူးချွန်​သူများကို ရှာနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သူမထင်ထားမိတာက သူတို့အားလုံး ကိုယ်တိုင်မူရင်းသရုပ်ဆောင်မှုတွေကို မရှာဖွေ မကြိုးစားကြည့်ဘဲ အစမ်းလေ့ကျင့်ရတဲ့ ရုပ်ရှင်အပိုင်းတိုလေးထဲက မူရင်းသရုပ်ဆောင်တွေအတိုင်း တစ်လွဲမသွေကူးချလာကြတာပဲ။ သရုပ်ဆောင်တဲ့အခါမှာ ကိုယ်ပိုင်အငွေ့အသက်လုံးဝရှိမနေဘူး!

သင်တန်းသားများ ​ကောင်း​ကောင်း​လေ့ကျင့်သင်ယူနိုင်စေရန်အလို့ငှာ အကဲဖြတ်မှုအတွက် မဲလိပ်ထဲရှိ ဗီဒီယိုကလစ်အားလုံးကို ကြိုတင်ပြင်ဆင်ထားကြခြင်းဖြစ်​လေသည်။ 

သူသည် အကဲဖြတ်ရန်အတွက်သာ လှုပ်ရှားမှုများကို ကြည့်နေရသည်ဖြစ်သောကြောင့် ဝမ်ကျန်းသည် သူ၏ အစစ်အမှန်ထင်မြင်ချက်များကို ပေးရန် စိတ်မ၀င်စား​ပေ။ သူသည် စိတ်ရှည်ရှည်နှင့် နာရီဝက်ခန့် စောင့်ကြည့်ခဲ့ပေးပြီးပြီ။ ဒီနောက်ဆုံးတစ်​ယောက်ကိုသာ သည်းခံပြီးလျှင် ထွက်သွားနိုင်​တော့မည်ဖြစ်သည်။ 

​​သရုပ်​​ဆောင်စွမ်းရည်တို့ကို နေ့စဥ်လမ်းညွှန်မှုပေးရန် တာဝန်ယူထားရသော ကျောက်ကျင်းဖုန်းသည် တစ်ဖက်တွင်ထိုင်ကာ မဲ​သေတ္တာကို ညွှန်ပြလိုက်သည် : "ကျီလီ မြန်မြန် မင်းရဲ့အကဲဖြတ်ကလစ်ကို မဲနှိုက်လိုက်​တော့"

သူပြောပြီး​​နောက် လူအုပ်ထဲရှိ လင်း​ချောင်နှင့် အကြည့်ချင်းဖလှယ်လိုက်​သည်။

ကျီလီသည် ထိုတို​တောင်း​သောမြင်ကွင်းအား သူ၏မျက်လုံး​ထောင့်မှ သတိထားမိလိုက်၏။ သူ​ရှေ့သို့လှမ်းလိုက်ပြီး ကလစ်အားနှိုက်လိုက်သည်။ ​သေတ္တာလွတ်ထဲတွင် ကတ်တစ်ခုသာကျန်​ပေသည်။

ကျီလီသည် ​၎င်းအား ​ကျောက်ကျင်းဖုန်းထံ လှမ်း​ပေးလိုက်သည်။ သူ ထိုကတ်အား လက်ခံယူလိုက်ချိန်တွင် သူ၏မျက်လုံးထဲ၌ မကောင်းသော​အရိပ်အ​ယောင်များ ​ပေါ်လာသည်။ ကျီလီ ထိုအရာအားရိပ်မိပြီးနောက် လက်များအား ဆုပ်မထားဘဲ မ​နေနိုင်ခဲ့​ပေ။ ပြင်းထန်​သော ခံစားမှုတစ်ခုက သူ၏စိတ်အား လွှမ်းခြုံသွားခဲ့သည်။ ထိုလူ အကဲဖြတ်မှုအ​ကြောင်းအရာကို ​ပြောင်းလဲလိုက်မည်လား။

​ကျောက်ကျင်းဖုန်းသည် သူ ကဒ်အား မလွှတ်သည်ကို မြင်လိုက်​သော် ​မေးလာသည် : "ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး ဒုက္ခ​ပေးမိပါပြီ" ကျီလီသည် သူ့စိတ်ထဲရှိ အတက်အကျများကို ဖိနှိပ်ကာ အမူအယာမ​ပြောင်းလဲဘဲ မူလ​နေရာသို့ ပြန်သွားလိုက်သည်။

မကြာမီ ​​ကျောက်ကျင်းဖုန်းသည် အကဲဖြတ်မှုကလစ်အား ဖွင့်ပြလာသည်။

စခရင်​ပေါ်ရှိ ထိုဗီဒီယိုထဲမှ ဇာတ်​ကောင်​ပေါ်လာ​သောအခိုက်အတန့်တွင် အခန်းထဲ၌ အာမေဋိတ်သံများ ​ပေါက်ကွဲထွက်လာခဲ့သည်။ စိတ်ဝင်စားမှုမရှိ​သော ဒါရိုက်တာဝမ်​ကျန်းပင်လျှင် ချက်ချင်း မတ်မတ်ထိုင်လိုက်၏။

စုန့်လန်သည် တံခါး၌ရပ်​နေပြီး မျက်ခုံးများ မြင့်တက်သွားသည်။ သူမ သ​ဘော​ပေါက်လိုက်သည် - ။

ထိုဗီဒီယိုကလစ်မှာ သူတို့ဌာနမှ ကြိုတင်ပြင်ဆင်ထား​သည့်ထဲ မပါခဲ့​ပေ! တစ်စုံတစ်​ယောက်က အကဲဖြတ်မှုကလစ်ကို လဲလိုက်သည်လား။

••••••••••••

၎မွာ သူအိမ္၌ရွိ​ေနစဥ္က ​ေပါ့​ေပါ့ပါးပါးလွန္​ေလွာ​ေနခဲ့​ေသာ အမိုက္စား​ေဖ်ာ္​ေျဖ​ေရးနယ္ပယ္ဝတၱဳတစ္ပုဒ္ျဖစ္ေပသည္။ သူ ရွင္ရွင္းလင္းလင္းမွတ္မိ​ေနရသည့္ အ​ေၾကာင္းအရင္းမွာ သူ၏အမည္မွာ မူလခႏၶာကိုယ္ပိုင္ရွင္အမည္ႏွင့္ နီးပါးတူ​ေသာ​ေၾကာင့္ပင္ျဖစ္သည္။ 

သူ႔စိတ္ထဲရွိ မွတ္ဥာဏ္မ်ားသည္ ရႈပ္ပြ​ေနၿပီး က်ီလီသည္ ၎တို႔အားခြဲထုတ္ရန္ အခ်ိန္အနည္းငယ္သုံးလိုက္သည္။ မူလကိုယ္တြင္ အားကိုး၍မရ​ေသာမိခင္တစ္ဦးရွိၿပီး သူ႔အား​ေမြးၿပီးၿပီးခ်င္း ​ေက်းလက္ေတာ႐ြာရွိ သူမ၏ေမြးရပ္​ေျမသို႔ျပန္ပို႔ခဲ့သည္။ ထို႔ေနာက္ ေပ်ာက္ကြယ္သြားၿပီး ႏွစ္​ေပါင္းမ်ားစြာၾကာသည္အထိ ျပန္မ​ေပၚလာခဲ့​ေပ။ 

မူလကိုယ္ကို သူ႔ဦး​ေလးမွ ျပဳစုပ်ိဳး​ေထာင္ေပးခဲ့သည္။ သူသည္ ငယ္စဥ္ကတည္းက နာခံမႈရွိၿပီး အက်င့္စာရိတၱ​ေကာင္းမြန္​သူျဖစ္သည္။ သူ၏ ပင္ကိုယ္အသြင္အျပင္ႏွင့္ ​ေပါင္းစပ္လိုက္ေသာအခါ အိမ္နီးခ်င္းမ်ားကလည္း သူ႔အား အထူးဂ႐ုစိုက္ၾက​ေပသည္။ 

မူလကိုယ္၏အ​ေဒၚသည္ လူ​ေကာင္းတစ္​ေယာက္မဟုတ္သည္မွာ သနားစရာပင္။

လြန္ခဲ့​ေသာသုံးလခန္႔က သူမသည္ တစ္​ေနရာရာမွ သတင္းၾကားလာၿပီး သူမ၏သားအတြက္ က်ဴရွင္ခမ်ား​ေပးရန္ ဘြဲ႕ရခါစ မူလကိုယ္အား ယခုကုမၸဏီသို႔​ေခၚသြားကာ သင္တန္းသားစာခ်ဳပ္တြင္ အတင္းအၾကပ္လက္မွတ္​ေရးထိုး​ေစခဲ့သည္။ 

ထိုမွ်သာမက လက္မွတ္ထိုးခႏွင့္ မူလကိုယ္၏လခမ်ားအားလုံးကိုပါ ယူသြားခဲ့​ေလသည္။ စာခ်ဳပ္ဖ်က္သိမ္းမႈ ဆုံးရႈံးမႈအတြက္ ေလ်ာ္ေၾကးမွာ တစ္သန္းအျပည့္ရွိၿပီး ၎မွာ မူလကိုယ္အတြက္ ​ေကာင္းကင္ႀကီး​ေလာက္ျမင့္​ေသာ တန္​ေၾကးျဖစ္​ေပသည္။

သူသည္ ကူကယ္ရာမဲ့စြာျဖင့္ ကုမၸဏီ၌ ​ေလ့က်င့္ေရးအတြက္ ​ေနခဲ့ရ​ေပသည္။ ဤနည္းျဖင့္ လင္း​ေခ်ာင္တို႔အုပ္စု၏ အာ႐ုံစိုက္စရာျဖစ္လာၿပီး ၎တို႔သည္ သူ႔အား ေန႔တိုင္း ​စ​ေနာက္ၾကေလသည္။ ဥပမာအားျဖင့္ ​ေစာ​ေစာက 'ေနာက္ေျပာင္မႈ'မ်ိဳးပင္။

က်ီလီသည္ သူ၏​ေယာင္ရမ္း​ေန​​ေသာဦး​ေခါင္းအား ပြတ္သပ္ကာ အမူအယာမွာ အနည္းငယ္႐ုပ္ဆိုးလာခဲ့သည္။

သူမွတ္မိတာမွန္ခဲ့လွ်င္ ထိုအမိုက္စားဝတၱဳတြင္ မူလကိုယ္မွာ အခန္းသုံးခန္းသာပါဝင္​ေသာ သိပ္မေက်ာ္ၾကားသည့္ အႏုပညာရွင္ အ​ေျမာက္စာဇာတ္​ေကာင္တစ္​ေယာက္သာျဖစ္​ေပသည္။ 

မူလကိုယ္တြင္ ​ေကာင္းမြန္​ေသာအသြင္အျပင္ရွိ​၏။ ကုမၸဏီႏွင့္ လ်င္ျမန္စြာစာခ်ဳပ္ခ်ဳပ္ၿပီး​ေနာက္ ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားဇာတ္လမ္း​ေတာ္​​ေတာ္မ်ားမ်ားတြင္ ပါဝင္ခဲ့သည္။ သို႔​ေသာ္ သူ၏ သ႐ုပ္​ေဆာင္စြမ္းရည္မွာ အလြန္ဆိုး႐ြားၿပီး သူ႔အေပၚ သစၥာရွိ​ေသာပရိတ္သတ္အား ထိန္းသိမ္းထားရန္အတြက္လည္း သူ၏ကိုယ္ရည္ကိုယ္ေသြးမွာ ထုံထိုင္းလြန္းလွ​ေပသည္။ သူသည္ လွ်င္ျမန္စြာ​ေျပာင္းလဲ​ေန​ေသာ ​​​ေဖ်ာ္ေျဖ​ေရးေလာကထဲတြင္ အမ်ားႀကီး မထိုးေဖာက္ႏိုင္ခဲ့​ေပ။

မူလကိုယ္၏ ​ေအးဂ်င့္သည္ အ​ေနာက္​တံခါးမွ ​ေလွ်ာက္​ေလ့ရွိ​ေသာသူတစ္​ေယာက္ျဖစ္​ေလသည္။ သူသည္ မူလကိုယ္ ကုမၸဏီမွ စြန္႔ပစ္ခံရလုနီးပါးျဖစ္​ေနခ်ိန္တြင္ သူ႔အား အရင္းအျမစ္မ်ားႏွင့္ လဲလွယ္ရန္အတြက္ 'အထူး'ပါတီတြင္ ပါဝင္​ေစရန္ တိတ္တဆိတ္ တြန္းအား​ေပးခဲ့သည္။ 

၎ပါတီ၌ မူလကိုယ္သည္ မ​ေတာ္တဆ မ်က္ႏွာထိခိုက္သြားခဲ့ရၿပီး သူ၏ၾကယ္ပြင့္ခရီးစဥ္မွာ လုံးဝအဆုံးသတ္ခဲ့ရသည္။

.....

အသက္ ၁၆ႏွစ္အ႐ြယ္မွစ၍ အႏုပညာလမ္း​ေၾကာင္းထဲဝင္ကာ ​ေနာက္ပိုင္းတြင္ ႐ုပ္ရွင္ဧကရာဇ္ျဖစ္လာခ်ိန္ထိ က်ီလီသည္ ႏွစ္၂၀နီးပါး ​ေဖ်ာ္​ေျဖ​ေရးနယ္ပယ္ထဲ ႐ုန္းကန္ခဲ့ရၿပီး အၿမဲတမ္း ခြန္အားလမ္း​ေၾကာင္းကိုသာ ေလွ်ာက္လွမ္းခဲ့သူျဖစ္​ေလသည္။ 

သူထိုစာပိုဒ္အား ပထမဆုံးအႀကိမ္ဖတ္ခ်ိန္က သူ၏စိတ္ထဲ ညည္းညဴ​ေနခဲ့မိသည္။ 'ဘာအ​ေနာက္တံခါးလဲ? မင္းစိတ္ေတြရႈပ္​ေထြး​ေနတာပဲ! မင္းမွာ ​ေကာင္းကင္ဘုံက​ေနလက္​ေဆာင္​ေပးလိုက္တဲ့ လွပတဲ့မ်က္ႏွာ​​ေလးရွိတယ္ေလ မင္းရဲ႕သ႐ုပ္​ေဆာင္စြမ္းရည္ကို တိုးတက္​ေအာင္ အလုပ္ႀကိဳးစားလိုက္တာ ပိုမ​ေကာင္းဘူးလား'

ထိုသို႔ေတြးၿပီးေနာက္ က်ီလီမွာ စိတ္မ​ေကာင္းျဖစ္ခဲ့ရသည္။ ​​ေနာက္ဆုံးတြင္ေတာ့ မူလကိုယ္မွာ ကမာၻ​ႀကီးအား  လုံးဝမျမင္ဖူးေသး​ေသာ က​ေလးတစ္​ေယာက္သာျဖစ္​ေပသည္။ သူ၏စိတ္ေနသ​ေဘာထား အ​ေၾကာင္းအရင္းမ်ားႏွင့္​ ေပါင္းစပ္လိုက္ေသာအခါ သူကိုယ္တိုင္ တစ္လွမ္းခ်င္း လမ္းမွား​ေလွ်ာက္​ေနသည္ကိုသာ မတတ္သာဘဲ ၾကည့္​ေနခဲ့တာ ျဖစ္ႏိုင္​​ေပသည္။ 

​ေနာက္ဆုံးအခိုက္အတန္႔ေလးမွာ သူေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ဆုံးသြားမွာပဲ ဟုတ္တယ္မလား?။

မ​ေမွ်ာ္လင့္ထားစြာ မ​ထင္မွတ္ထား​ေသာ အျဖစ္အပ်က္မ်ား​ေၾကာင့္ သူ၏ အစီအစဥ္တို႔မွာ လြဲေခ်ာ္သြားရေလသည္။

​႐ုပ္ရွင္တို႔၏ သမိုင္းေၾကာင္းတစ္ေလွ်ာက္ ႐ုပ္ရွင္ဧကရာဇ္တို႔၏ ထိပ္ဆုံးတြင္ သရဖူ​​ေဆာင္းထားခဲ့​ေသာ က်ီလီသည္ အ႐ြယ္ေကာင္းေသးခ်ိန္၌ပင္ ထို႐ုပ္ရွင္​ေလာကမွ အနားယူ​ေၾကာင္း ​ေၾကညာခဲ့​ေလသည္။ သူ၏​ေန႔ရက္မ်ားအား ​ေအး​ေအးလူလူ ​ေရ​​ေႏြးၾကမ္း​ေလး​ေသာက္၊ ​သူ၏​ေၾကာင္​ေလးအားစ​ေနာက္က်ီစယ္ရင္း ခ်စ္ရမည့္တစ္စုံတစ္​ေယာက္အားမရွာရ​ေသးခင္မွာပင္ ဤ​ေနရာ၌ ႏိုးထလာခဲ့သည္ - ။

သူ ​ေဖ်ာ္​ေျဖ​ေရးနယ္ပယ္၏​ေအာက္​ေျခသို႔ ျပန္လည္​ေရာက္ရွိလာခဲ့သည္လား။ ၎မွာ လူတိုင္းနင္းခ်သြားႏိုင္သည့္ သင္တန္းသားတစ္​ေယာက္သာျဖစ္သည္လား။ သူ႔တြင္ ထိုကဲ့သို႔အရာမ်ိဳးကို လက္မခံႏိုင္ေပ။

က်ီလီသည္ ထဆဲလိုစိတ္အား ၿမိဳသိပ္လိုက္သည္။ ထို႔ေနာက္ တစ္သွ်ဴးအားထုတ္ကာ သူ၏ဆံပင္​​ႏွင့္ ပါးျပင္ေပၚရွိ ​ေရမ်ားကို သုတ္လိုက္သည္။ 

အ႐ိုးသားဆုံး​ေျပာရလွ်င္ မူလကိုယ္၏အသြင္အျပင္မွာ 'နတ္ဘုရားမ်က္ႏွာ'ဟူေသာ တင္စားမႈႏွင့္ ထိုက္တန္​ေပသည္။ သူ၏ သူရဲ​ေဘာ​ေၾကာင္​ေသာစ႐ိုက္သည္သာ သူ၏ပုံစံအား သက္​ေရာက္ျခင္းျဖစ္သည္။ သူ၏ အဆီအ​ေငၚမတည့္​ေသာဝတ္စားပုံႏွင့္ ျဖဴ​ေဖ်ာ့​ေသာအသားအ​ေရတို႔​ေပါင္းစပ္မႈက သူ၏အသြင္အျပင္အား ​ေတာ္​ေတာ္​ေလး ​ေလ်ာ့က်သြား​ေစသည္။

သို႔​​ေသာ္ အုတ္ျမစ္​ေကာင္းတစ္ခုရွိ​ေနမွေတာ့ အျခားအရာအားလုံးမွာ အ​ေသးအဖြဲ႕ကိစၥသာျဖစ္​ေပသည္။

ၾကမ္းျပင္​ေပၚ သို႔ ေဒါက္ဖိနပ္နင္းေလွ်ာက္သံတို႔က က်ီလီ၏အ​ေတြးမ်ားကို ​ေႏွာင့္ယွက္လိုက္သည္။ သူ တ​ေစာင္းလွည့္ၾကည့္လိုက္ရာ တံခါး၌ရပ္​ေန​ေသာ ဆံပင္ရွည္ရွည္ႏွင့္ အမ်ိဳးသမီးတစ္ဦးအား ​ေတြ႕လိုက္ရသည္။

တစ္ဖက္လူသည္လည္း သူ႔အား​ အ​ေပၚ​ေအာက္ စုန္ခ်ည္ဆန္ခ်ည္ၾကည့္ၿပီး မ်က္​ေမွာင္ၾကဳတ္ကာ ​ေမးလိုက္သည္ : "မင္း ဘယ္လိုလုပ္ အခုလိုျဖစ္ရတာလဲ မၾကာခင္ပဲ အကဲျဖတ္မႈအတြက္ မင္းအလွည့္​ေရာက္​ေတာ့မွာ မသြား​ေသးဘူးလား"

"အစ္မစုန္႔လန္" က်ီလီသည္ သူ၏မွတ္ဥာဏ္မ်ားထဲမွ သက္ဆိုင္ရာ နာမည္အားရွာ​ေဖြ​လိုက္ရာ တစ္ဖက္လူသည္ ကုမၸဏီအႏုပညာရွင္မ်ား၏ ၫႊန္ၾကားသူျဖစ္ၿပီး ယခုကာလ၏ သင္တန္းသားမ်ားအတြက္ အ​ေထြ​ေထြဒါ႐ိုက္တာလည္း ျဖစ္သည္။ 

စုန္႔လန္သည္ ခဏတာ​ေတြး​ေတာ​ေနၿပီး ျဖစ္ပ်က္ခဲ့သည္တို႔ကို ခန္႔မွန္းလိုက္ႏိုင္သည္။ သူမသည္ ​ေခါင္းခါလွ်က္ ​ေျပာလာ၏ : "က်ီလီ မင္း ​ေရွ႕တုန္းက အကဲျဖတ္မႈႏွစ္ႀကိမ္က်ရႈံးထားတာကို ျပန္သတိ​ေပးတဲ့အတြက္ ငါ့ကို​ေတာ့ အျပစ္မျမင္နဲ႔ ဒီတစ္ခါလည္းက်ဦးမယ္ဆိုရင္​ေတာ့ မင္းအတြက္ ခက္ခဲလိမ့္မယ္​ေနာ္"

အံဝင္ခြင္က်ရွင္သန္ႏိုင္ေရးသည္ ​ေဖ်ာ္​ေျဖ​ေရးနယ္ပယ္၏ သံမဏိစည္းမ်ဥ္းျဖစ္သည္။ အိပ္မက္မီဒီယာ၏ အကဲျဖတ္မႈစနစ္သည္ အမ်ိဳးအစားတူကုမၸဏီမ်ားၾကား ​ေလ်ာ့​ေပါ့သည္ဟု သတ္မွတ္ႏိုင္ၿပီး သင္တန္းသားမ်ားအ​ေပၚဆက္ဆံ​မႈက အလြန္​ေကာင္းမြန္​ေပသည္။

သို႔​ေသာ္လည္း ကုမၸဏီသည္ အလႉလုပ္​ေနျခင္းမဟုတ္​သည့္အတြက္ မတိုးတက္လာ​ေသာသင္တန္းသားမ်ားကို ဆက္လက္ထိန္းသိမ္းထားမည္မဟုတ္​ေပ။ က်ီလီလိုလူစားမ်ိဳးသည္ ျပတ္ျပတ္သားသားစြန္႔ပစ္ကာ စင္ေနာက္မေရာက္သြားခင္ ပိုက္ဆံျမန္ျမန္ဆန္ဆန္ရႏိုင္မည့္ အလုပ္မ်ားကို လုပ္ခိုင္းခံရေပလိမ့္မည္။

"အစ္မစုန္႔လန္ သတိ​ေပးတဲ့အတြက္​ေက်းဇူးတင္ပါတယ္ ကြၽန္​ေတာ္ ႀကိဳးစားပါ့မယ္" က်ီလီသည္ ယဥ္ယဥ္​ေက်း​ေက်းျပန္​ေျပာလိုက္သည္။ သူ ဒီ​ေနရာမွာ ​ေရာက္ရွိ​ေနၿပီဆိုမွေတာ့ မူလကိုယ္အတြက္ ဒီလမ္းကို ဆက္ေလွ်ာက္ေပးရေတာ့မွာေပါ့။

"သြားၿပီး အဝတ္လဲလိုက္ ငါ ဒါ႐ိုက္တာဝမ္ကို ရွင္းျပထားၿပီး နည္းနည္း​ေလာက္ထပ္​​ေစာင့္ခိုင္းထားလိုက္မယ္" စုန္႔လန္၏အသံမွာ အနည္းငယ္ေပ်ာ့သြားသည္။ သူမ ဒီလူငယ္အား ထိုကဲ့သို႔ဆိုးဝါး​​ေသာအသြင္အျပင္ျဖင့္ ဒါ႐ိုက္တာႏွင့္ ​ေတြ႕ခြင့္မ​ေပးႏိုင္ေပ။ 

မူလက သူ၏သ႐ုပ္​ေဆာင္စြမ္းရည္မွာ လုံ​ေလာက္မႈမရွိရာ ပုံပန္းအသြင္အျပင္ႏွင့္ အမွတ္မ်ားထပ္​ေလ်ာ့ခံရ၍ မျဖစ္​။ 

"မဟုတ္ဘူး ကြၽန္​ေတာ္ဒီတိုင္းသြားလိုက္မယ္ စစ္​​ေဆးမွာက သ႐ုပ္​​ေဆာင္စြမ္းရည္ပဲ ကြၽန္​ေတာ့္ရဲ႕ ျပင္ပအသြင္အျပင္မွမဟုတ္ပဲ​ေလ" က်ီလီသည္ သူ၏အ​ေတြးမ်ားကို ထိန္းခ်ဳပ္ကာ ​ေရခ်ိဳးခန္းဆီျမန္ျမန္​ေလွ်ာက္သြားလိုက္သည္။ : "ကြၽန္​​ေတာ္ ဒါ႐ိုက္တာဝမ္ကို အၾကာႀကီး​ေစာင့္ခိုင္းထားလို႔မျဖစ္ဘူး​မဟုတ္လာ အဲ့တာက မယဥ္​ေက်းရာ​ေရာက္သြားလိမ့္မယ္"

ထို႔အျပင္ ၎သည္ 'မထင္မွတ္ထားေသာေကာင္းခ်ီး'လည္း ျဖစ္ႏိုင္​ေပသည္။ ဒီပုံစံနဲ႔ အကဲျဖတ္မႈခံယူလိုက္တာက ပို​ေကာင္းသြားတာလည္း ျဖစ္ႏိုင္​တာပဲ။

စုန္႔လန္သည္ သူ၏နားလည္ရခက္ကာ ​ေခ်ာ​ေမာလွသည့္ ​ေက်ာဘက္အား စိုက္ၾကည့္​ေနၿပီး နားမလည္ႏိုင္စြာ ​ေခါင္းခါလိုက္မိသည္။

​ေမ့လိုက္​ေတာ့။ ဒါက ​နဂိုကတည္းက ေမွ်ာ္လင့္ခ်က္မရွိတဲ့ကိစၥပဲကို။ ထပ္​ေျပာ​ေနလည္း အသုံးဝင္တာမွ မဟုတ္တာ။

 

.....

က်ီလီသည္ ​ေလ့က်င့္​ေရးခန္းထဲဝင္လိုက္ရာ ရယ္သံမ်ားသည္ ဘက္ေပါင္းစုံမွ ထြက္​ေပၚလာခဲ့သည္။ ဒါ႐ိုက္တာ ဝမ္က်န္းသည္ ထိုလူ၏အဝတ္အစားမ်ားအားျမင္လိုက္​ေသာအခါ မ်က္​ေမွာင္ၾကဳတ္လိုက္၏။ 

ဘာ​ေတြျဖစ္​ေနတာလဲ။ အရမ္း ျဖစ္ကတတ္ဆန္းႏိုင္လြန္းတယ္။

"​ေခ်ာင္​ေကာ ၾကည့္လိုက္ပါဦး အဲ့ဒီ​ေတာသားငႏုံငအ​ေလးက တကယ္အဝတ္မလဲဘဲ လာခဲ့တာပဲ! သူ႔မ်က္ႏွာပ်က္သြားၿပီ!" တစ္စုံတစ္​ေယာက္သည္ လင္း​ေခ်ာင္အား ၾကည့္ကာ : "ဒါ႐ိုက္တာဝမ္က်န္းရဲ႕ အမူအယာနဲ႔ သူ႔ရဲ႕သစ္သားတုံးလိုသ႐ုပ္​ေဆာင္စြမ္းရည္​နဲ႔ကို ၾကည့္လိုက္ရင္ သူအ​ကဲျဖတ္မႈကို​ေအာင္သြားရင္ကိုပဲ ထူးဆန္း​ေနမွာ!"

"အမွန္ပဲ! သူက ဘယ္လိုလုပ္ ​ေခ်ာင္​ေကာနဲ႔ ယွဥ္လို႔ရမွာလဲ" ေနာက္တစ္ေယာက္မွ ျပန္​ေျပာလိုက္သည္။

လင္း​ေခ်ာင္သည္ ထိုသို႔ ေျမႇာက္ပင့္စကားမ်ားကိုၾကား​ေသာ္ ​ႏွာရႈံ႕လိုက္၏။ သူ ​ေစာ​ေစာကမွ အကဲျဖတ္မႈၿပီးဆုံးသြားၿပီး ရရွိခဲ့​ေသာ ရလဒ္မ်ားမွာလည္း အ​ေတာ္​ေလး​​ေက်နပ္စရာ​ေကာင္း​ေပသည္။ ဒါ႐ိုက္တာဝမ္က်န္းသည္လည္း သူ႔အား အလြန္စိတ္ေက်နပ္ပုံရ​သည္။ 

"မင္းက က်ီလီလား" ဝမ္က်န္းသည္ သင္တန္းသားကိုယ္​ေရးအက်ဥ္းအား ငုံ႔ၾကည့္ကာ ​ေမးလိုက္သည္။

"ဟုတ္ပါတယ္ မဂၤလာပါ ဒါ႐ိုက္တာႀကီး ကြၽန္​ေတာ္​ေခ်ာ္လဲလာလို႔ ​ေနာက္က်သြားတယ္ ​ေတာင္းပန္ပါတယ္" က်ီလီသည္ ​ေစာ​ေစာကအျဖစ္အပ်က္အား ပုံျပင္တစ္ပုဒ္ႏွယ္ သနားခံရန္မ​ေရာင္းစားခဲ့ဘဲ ႏွိမ့္ခ်​ေျပာလိုက္​ေလသည္။

"​ေကာင္းၿပီ မင္းက ​ေနာက္ဆုံးက်န္တဲ့သူပဲ မဲႏႈိက္ၿပီး အကဲျဖတ္မႈအတြက္ ျပင္ဆင္​ေတာ့" ဝမ္​က်န္းသည္ တင္းမာ​ေသာအမူအယာျဖင့္ ​ေခါင္းညိတ္လိုက္သည္။ အမွန္မွာ သူစိတ္မရွည္​ေနခဲ့​ေပ။ 

သူသည္ ဤေနရာသို႔ အကဲျဖတ္မႈနည္းျပအျဖစ္လာရန္ သူ၏ဦး​ေခါင္းအား ျမည္းကန္ခံရ၍သာ အိပ္မက္မီဒီယာ၏ သူ​ေဌးအား သ​ေဘာတူခဲ့ျခင္းျဖစ္​ေလာက္သည္။ 

သူ႔အေနနဲ႔ ဒီသင္တန္းသားအသုတ္မွ အမွန္တကယ္ထူးခြၽန္​သူမ်ားကို ရွာႏိုင္လိမ့္မည္ဟု ထင္ထားခဲ့သည္။ သူမထင္ထားမိတာက သူတို႔အားလုံး ကိုယ္တိုင္မူရင္းသ႐ုပ္ေဆာင္မႈေတြကို မရွာေဖြ မႀကိဳးစားၾကည့္ဘဲ အစမ္းေလ့က်င့္ရတဲ့ ႐ုပ္ရွင္အပိုင္းတိုေလးထဲက မူရင္းသ႐ုပ္ေဆာင္ေတြအတိုင္း တစ္လြဲမေသြကူးခ်လာၾကတာပဲ။ သ႐ုပ္ေဆာင္တဲ့အခါမွာ ကိုယ္ပိုင္အေငြ႕အသက္လုံးဝရွိမေနဘူး!

သင္တန္းသားမ်ား ​ေကာင္း​ေကာင္း​ေလ့က်င့္သင္ယူႏိုင္ေစရန္အလို႔ငွာ အကဲျဖတ္မႈအတြက္ မဲလိပ္ထဲရွိ ဗီဒီယိုကလစ္အားလုံးကို ႀကိဳတင္ျပင္ဆင္ထားၾကျခင္းျဖစ္​ေလသည္။ 

သူသည္ အကဲျဖတ္ရန္အတြက္သာ လႈပ္ရွားမႈမ်ားကို ၾကည့္ေနရသည္ျဖစ္ေသာေၾကာင့္ ဝမ္က်န္းသည္ သူ၏ အစစ္အမွန္ထင္ျမင္ခ်က္မ်ားကို ေပးရန္ စိတ္မ၀င္စား​ေပ။ သူသည္ စိတ္ရွည္ရွည္ႏွင့္ နာရီဝက္ခန္႔ ေစာင့္ၾကည့္ခဲ့ေပးၿပီးၿပီ။ ဒီေနာက္ဆုံးတစ္​ေယာက္ကိုသာ သည္းခံၿပီးလွ်င္ ထြက္သြားႏိုင္​ေတာ့မည္ျဖစ္သည္။ 

​​သ႐ုပ္​​ေဆာင္စြမ္းရည္တို႔ကို ေန႔စဥ္လမ္းၫႊန္မႈေပးရန္ တာဝန္ယူထားရေသာ ေက်ာက္က်င္းဖုန္းသည္ တစ္ဖက္တြင္ထိုင္ကာ မဲ​ေသတၱာကို ၫႊန္ျပလိုက္သည္ : "က်ီလီ ျမန္ျမန္ မင္းရဲ႕အကဲျဖတ္ကလစ္ကို မဲႏႈိက္လိုက္​ေတာ့"

သူေျပာၿပီး​​ေနာက္ လူအုပ္ထဲရွိ လင္း​ေခ်ာင္ႏွင့္ အၾကည့္ခ်င္းဖလွယ္လိုက္​သည္။

က်ီလီသည္ ထိုတို​ေတာင္း​ေသာျမင္ကြင္းအား သူ၏မ်က္လုံး​ေထာင့္မွ သတိထားမိလိုက္၏။ သူ​ေရွ႕သို႔လွမ္းလိုက္ၿပီး ကလစ္အားႏႈိက္လိုက္သည္။ ​ေသတၱာလြတ္ထဲတြင္ ကတ္တစ္ခုသာက်န္​ေပသည္။

က်ီလီသည္ ​၎အား ​ေက်ာက္က်င္းဖုန္းထံ လွမ္း​ေပးလိုက္သည္။ သူ ထိုကတ္အား လက္ခံယူလိုက္ခ်ိန္တြင္ သူ၏မ်က္လုံးထဲ၌ မေကာင္းေသာ​အရိပ္အ​ေယာင္မ်ား ​ေပၚလာသည္။ က်ီလီ ထိုအရာအားရိပ္မိၿပီးေနာက္ လက္မ်ားအား ဆုပ္မထားဘဲ မ​ေနႏိုင္ခဲ့​ေပ။ ျပင္းထန္​ေသာ ခံစားမႈတစ္ခုက သူ၏စိတ္အား လႊမ္းၿခဳံသြားခဲ့သည္။ ထိုလူ အကဲျဖတ္မႈအ​ေၾကာင္းအရာကို ​ေျပာင္းလဲလိုက္မည္လား။

​ေက်ာက္က်င္းဖုန္းသည္ သူ ကဒ္အား မလႊတ္သည္ကို ျမင္လိုက္​ေသာ္ ​ေမးလာသည္ : "ဘာျဖစ္လို႔လဲ"

"ဘာမွမဟုတ္ပါဘူး ဒုကၡ​ေပးမိပါၿပီ" က်ီလီသည္ သူ႔စိတ္ထဲရွိ အတက္အက်မ်ားကို ဖိႏွိပ္ကာ အမူအယာမ​ေျပာင္းလဲဘဲ မူလ​ေနရာသို႔ ျပန္သြားလိုက္သည္။

မၾကာမီ ​​ေက်ာက္က်င္းဖုန္းသည္ အကဲျဖတ္မႈကလစ္အား ဖြင့္ျပလာသည္။

စခရင္​ေပၚရွိ ထိုဗီဒီယိုထဲမွ ဇာတ္​ေကာင္​ေပၚလာ​ေသာအခိုက္အတန္႔တြင္ အခန္းထဲ၌ အာေမဋိတ္သံမ်ား ​ေပါက္ကြဲထြက္လာခဲ့သည္။ စိတ္ဝင္စားမႈမရွိ​ေသာ ဒါ႐ိုက္တာဝမ္​က်န္းပင္လွ်င္ ခ်က္ခ်င္း မတ္မတ္ထိုင္လိုက္၏။

စုန္႔လန္သည္ တံခါး၌ရပ္​ေနၿပီး မ်က္ခုံးမ်ား ျမင့္တက္သြားသည္။ သူမ သ​ေဘာ​ေပါက္လိုက္သည္ - ။

ထိုဗီဒီယိုကလစ္မွာ သူတို႔ဌာနမွ ႀကိဳတင္ျပင္ဆင္ထား​သည့္ထဲ မပါခဲ့​ေပ! တစ္စုံတစ္​ေယာက္က အကဲျဖတ္မႈကလစ္ကို လဲလိုက္သည္လား။

••••••••••••
Miracle Team.

Ga verder met lezen

Dit interesseert je vast

312K 25.3K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
1.7M 95.1K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.1M 253K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
611K 63.9K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...