အပိုင်း(၁)
"ဟေး ကျီလီ မင်းအဆင်ပြေရဲ့လား အိမ်သာထဲမှာ ဘယ်လိုဖြစ်ပြီး သတိလစ်နေရတာလဲ"
ကျီလီသည် သူ၏အခြေအနေအား ငုံ့ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။ သူ၏အဝတ်များမှာ စိုစွတ်နေပြီး သူ၏ခြေထောက်နားတွင် ရေပုံးတစ်ပုံးမှာ မှောက်လျှက်ရှိနေကာ ချောမွတ်နေသော ကြမ်းပြင်မှာ ရေများဖုံးလွှမ်းနေ၏။ သူ၏ဦးခေါင်းနောက်ဖက်တွင် စူးရှရှနာကျင်မှုလေးရှိနေသည်။ ၎င်းမှာ သူကြမ်းပြင်ပေါ်လဲကျသွားချိန်က ယောင်ရမ်းသွားခြင်းဖြစ်နိုင်ပေသည်။
"အခုက အသံတိတ်နေရမဲ့အချိန်လား မင်းအဆင်ပြေလား"
တစ်ဖက်လူက စိုးရိမ်ခြင်းအလျှင်းမရှိဘဲ သာမန်ကာလျှံကာမေးလာသည်။
ကျီလီသည် သူ၏အကြည့်အားပင့်လိုက်ပြီး သူ့ရှေ့ရှိလူအား လေ့လာလိုက်သည်။ ထို့နောက် နာမည်တစ်ခုမှာ သူ၏စိတ်ထဲပေါ်လာခဲ့သည် : "...လင်းချောင်?"
"ကြည့်ရတာတော့ မင်းရဲ့ဦးနှောက်က ပျက်စီးမသွားသေးပုံပဲ ငါတို့ကို မင်းအတွက် လူနာတင်ကားခေါ်ပေးရတော့မဲ့ ဒုက္ခကနေ ကယ်တင်ပေးလိုက်တာပေါ့" လင်းချောင်သည် မျက်ခုံးအနည်းငယ်ပင့်ကာ အိမ်သာအပြင်ဘက်တွင်စောင့်ဆိုင်းနေသော သူ၏အဖော်များကို တစ်ချက်ကြည့်လိုက်သည်။
ဒီတောသားမြို့ရောက်ရဲ့ ဘဝက တကယ့်ကိုနိမ့်ကျပြီး ခက်ခဲတာပဲ။
အပြင်ဘက်မှ လှောင်ပြောင်သံများအား ရှင်းရှင်းလင်းလင်းကြားနေရသည်။ သူတို့အားလုံးသည် လင်းချောင်၏အကြည့်မှ အရိပ်အမြွက်ကို နားလည်ကြပုံရသည်။ ကျီလီသည် ထိုအသံတို့ကို ကြားလိုက်ပြီး အပြင်ဘက်ရှိ လူငယ်အချို့၏ မျက်နှာများကို စိုက်ကြည့်လိုက်သည်။ ခြွင်းချက်မရှိ သူတိူ့အားလုံး၏မျက်နှာပေါ်တွင် လှောင်ပြောင်လိုသောအမူအယာများ ရှိနေခဲ့သည်။
လင်းချောင်သည် သူ၏အကြည့်အား ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးပြောလာသည် : "အိမ်သာသွားတာတောင် မင်းကိုယ်မင်းသတိလစ်သွားအောင်လုပ်နိုင်တုန်းပဲလား လူတစ်ယောက်ကံမကောင်းရင် ရေသောက်တာတောင် သွားကြားညှပ်တတ်တယ်လို့ပြောကြတာ အံ့သြစရာမရှိတော့ဘူး"
"ချောင်ကော ဘာလို့သူ့ကို စိတ်ရှုပ်ခံပြီး သွားပြောနေရတာလဲ ဒီကံဆိုးခြင်းနတ်ဘုရားဆီက ကံဆိုးမှုတွေရောက်လာလိမ့်ဦးမယ် ဂရုစိုက်ဦး" တစ်စုံတစ်ယောက်က မလိုမုန်းထားသည့်စိတ်ဖြင့် တုံ့ပြန်လာကာ ရယ်မောသံများ ထွက်လာစေခဲ့သည်။
သူတို့အားလုံးသည် အိပ်မက်မီဒီယာ၏ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား သင်တန်းသားများဖြစ်ကြပြီး ကျီလီလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ သူသည် ကျေးလက်ဒေသမှ လာခဲ့သူဖြစ်ပြီး သူ၏ကြည့်ကောင်းသောအသွင်အပြင်ကြောင့် ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့သည်။
ကျီလီ၏အသွင်အပြင်နှင့် သူ၏စိတ်နေသဘောထားမှာ လုံးဝခြားနားသောအစွန်းနှစ်ဖက်ဖြစ်နေသည်မှာ သနားစရာပင်။ သူသည် သစ်သားတုံးကဲ့သို့ ထိုင်းမှိုင်းကာ အနိုင်ကျင့်ခံရချိန်တွင်လည်း အသံမထွက်တတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သင်တန်းသားများသည်လည်း သူ့အား အလေးအနက်မထားကြတော့ပေ။
ပျော့ညံ့သူကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု ဆိုကြသည်။ သူတို့၏ သင်တန်းသားဘဝမှာ ငြီးငွေ့စရာကောင်းပြီး ရှည်လျားသည့်အတွက် လူတိုင်းသည် 'ကျီလီ့အပေါ် အပျော်အပျက်နောက်ပြောင်ခြင်း'အား မကြာခဏပြုလုပ်လေ့ရှိကြသည်။
လွန်ခဲ့သော ဆယ်မိနစ်ခန့်က ထိုသို့ထပ်ကစားခဲ့ကြပြီး တံခါးအထက်တွင် မိလ္လာပုံးတစ်ပုံးအား တင်ထားခဲ့ကြသည်။ ထိုလှည့်ကွက်သည် ခေတ်နောက်ကျနေသော်လည်း ကျီလီမှာ တုံးအသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် လေးလံသောရေပုံးမှာ သူ၏ဦးခေါင်းပေါ်ကျလာပြီး ရေအိုင်ထဲလဲကျသွားကာ အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှုမရှိဘဲ သတိလစ်သွားခဲ့သည်။
သင်တန်းသားတွေရဲ့ ခေါင်းဆောင်အနေဖြင့် လင်းချောင်သည် ရှင်းလင်းရန်မလွယ်ကူသော ကြီးမားလှသည့်အရှုပ်အထွေးအား ကြောက်တာကြောင့် စိုးရိမ်နေဟန်ဖြင့် စကားအချို့ကို ဟန်ဆောင်ပြောလာခဲ့ခြင်းဖြစ်သည်။
ဆင်းရဲသားများ၏ဘဝမှာ ခက်ခဲကြမ်းတမ်းလှသည်ဟု ဆိုကြသည်။ ဒီလူက သတိရလာပြီးနောက် ဘာမှမလုပ်ဘဲ သစ်သားတိုင်ကြီးကဲ့သို့သာ တုံးတုံးအအဖြင့် မတ်တပ်ရပ်နေခဲ့သည်။
သူ၏အရှေ့ဆံမြိတ်ဆံပင်ရှည်များမှာလည်း စိုစွတ်ညစ်ပတ်နေပြီး ကျီလီ၏ မျက်လုံးများတွင် ကပ်ငြိနေခဲ့သည်။ သူ၏မြင်နေရသောမျက်နှာမှာ မွဲခြောက်ဖြူဖျော့နေကာ အတိတ်တစ်ချိန်က ရှိခဲ့သော လန်းဆန်းတက်ကြွမှုတို့ကို မမြင်နိုင်တော့ပေ။
သုံးလလောက် အနိုင်ကျင့် လှည့်စားမှုများက ထိုလူငယ်လေး၏နှလုံးသားအား လုံးဝပိတ်လှောင်သွားစေခဲ့သည်။ ယခုလက်ရှိတွင် သူသည် ထိုင်းမှိုင်းသည့် အအတစ်ယောက်သာ ဖြစ်၏။
ထိုကဲ့သို့လူမျိုးသည် ဖျော်ဖြေရေးလောကထဲ ဝင်ထိုက်ပါသလား။
လင်းချောင်သည် တစ်ဖက်လူ၏ ဖြူဖျော့ကာစုတ်ပြတ်နေသော လက်ရှိအသွင်အပြင်အား အလွန်ကျေနပ်အားရနေကာ နှုတ်ခမ်းများကို မပင့်တင်ဘဲ မနေနိုင်ခဲ့ပေ။ သူသည် ခြေတစ်လှမ်းတိုးကာ ကျီလီ၏ပခုံးကိုပုတ်လိုက်ပြီး : "ကျီလီ မင်းပြန်သွားပြီး အဝတ်လဲချင်လား ဘယ်လိုပဲဖြစ်ဖြစ် မင်းက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဌာနရဲ့ သင်တန်းသားတစ်ယောက်ပဲကို အခုလို ညစ်ပတ်နေတာ သိပ်တော့မကောင်းဘူး..."
မမျှော်လင့်ထားစွာပင် ငကြောက်လေးကျီလီမှာ သူ၏လက်မောင်းအား ဖမ်းဆုပ်လိုက်သည်။ လင်းချောင်းသည် ထိုလူ၏လက်မှ ခွန်အားကို ခံစားမိလိုက်ပြီး လန့်သွားခဲ့သည်။
"...မင်း ဒီလိုမျိုးလုပ်တာတွေကို ရှောင်သင့်တယ်" ကျီလီသည် ပြတ်ပြတ်သားသားတစ်ချက်ကြည့်ကာ သူ၏နှလုံးသားမှာလည်း မှန်တစ်ချပ်ကဲ့သို့ကြည်လင်နေပြီး : "နေ့တိုင်းပဲ မင်း ဒီလိုအနိုင်ကျင့်တဲ့လှည့်ကွက်တွေကို လုပ်ဖို့ တခြားသူတွေကို ညွှန်ကြားတယ် သုံးနှစ်သားလေးတောင် မင်းထက်ပိုရင့်ကျက်အုံးမယ်"
သူစကားပြောနေစဥ် သူ၏အကြည့်တို့က လင်းချောင်၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ သူ၏အပြောအဆိုနှင့် လုပ်ရပ်များသည် ပေါ့ပါးပြီး အတက်အကျမရှိသော်လည်း လင်းချောင်ကမူ နားလည်ရခက်စွာ တစ်ဖက်လူမှ လှောင်ပြောင်နေသကဲသို့ ခံစားရလေသည်။
ကြည့်ကောင်းလှသော အသွင်အပြင်ကြောင့် ကုမ္ပဏီသို့ဝင်ရောက်နိုင်ခဲ့သော ကျီလီနှင့်ယှဥ်လျှင် လင်းချောင်၏အသွင်အပြင်မှာ သင်တန်းသားများကြား ထူးခြားနေခြင်းမရှိပေ။ သူ့မိသားစု၏ငွေကြေးကြောင့်သာ သင်တန်းသားများကြား အမိန့်ပေးနိုင်နေခြင်းဖြစ်သည်။
လင်းချောင်သည် သူ့အား ချုပ်ထားသော လက်ကိုခါချလိုက်ပြီး ဒေါသတကြီးဖြင့် လက်သီးဝှေ့ယမ်းလိုက်သည် : "ကျီလီ! မင်း ဘာပြောလိုက်တာလဲ မင်းက ကျောထောက်နောက်ခံမရှိတဲ့ ငကြောက်တစ်ယောက်ပဲ! ငါ - "
ရှုတ်ချသောစကားများ မပြောနိုင်ခင်ပင် ကျီလီသည် ဘေးသို့လှည့်ကာ ရှောင်လိုက်သည်။ ထိုမျှမကသေးပေ။ သူသည် အခြားသူများမမြင်နိုင်သော နေရာအကွယ်တစ်ခု၌ ရှိနေရာ ရိုးရိုးလေးပင် ပြန်တွန်းလိုက်ပေသည်။
သူနှင့်ကစားရန်အတွက် လင်းချောင်သည် အလွန်ငယ်နေသေးသည်။ ကြမ်းပြင်ရှိရေများသည် မခြောက်သေးပေ။ လင်းချောင်လည်း ချော်သွားပြီး ကျယ်လောင်သော အသံတစ်ခုဖြင့် ကြမ်းပြင်ပေါ်လဲကျသွားတော့သည်။ "အား!"
မျက်စိတစ်မှိတ်အတွင်း အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်။ လူအုပ်ကြီး၏ မျက်လုံးများမှာ အပြန်ပြန်အလှန်လှန် ကြည့်နေခဲ့ကြသော်လည်း ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမတွေ့ခဲ့ရပေ - နေပါဦး ချောင်ကောက ကျီလီကို သင်ခန်းစာပေးရမှာမဟုတ်ဘူးလား။ ဘာလို့သူကိုယ်တိုင် လဲကျနေရတာလဲ။
၎င်းတို့ မတုံ့ပြန်နိုင်ခင် အနောက်ဘက်မှ ခပ်မာမာအသံတစ်ခု ထွက်ပေါ်လာသည် : "မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ အကဲဖြတ်မှုမှာ မပါဝင်ချင်ကြတော့ဘူးလား ဒါရိုက်တာဝမ်လည်းရောက်နေပြီ မင်းတို့လူသစ်လေးတွေကိုစောင့်နေရတာနဲ့ သူ့အချိန်တွေကို ဖြုန်းစေချင်လို့လား မြန်မြန် လေ့ကျင့်တဲ့အခန်းကိုပြန်သွားကြတော့ ငါးမိနစ်အတွင်း အကဲဖြတ်မှုအတွက် ပြင်ဆင်ထားကြ"
"ဘာမှမဖြစ်ပါဘူး လောင်ရှီး စိတ်မပူပါနဲ့ ကျွန်တော်တို့ ချက်ချင်းပြန်သွားလိုက်ပါ့မယ်" အပြင်ဘက်မှ တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။
"ချောင်ကော အကဲဖြတ်မှုက အရေးကြီးတယ် ကျွန်တော်တို့အဝတ်တွေလဲဖို့ အရင်ပြန်သွားကြရအောင်" တစ်စုံတစ်ယောက်သည် လင်းချောင်အား ကူညီရန်ပြေးလာပြီး 'ပြဿနာရှာသော'ကျီလီအား စိုက်ကြည့်လိုက်သည်။ "အကဲဖြတ်မှုပြီးသွားတော့မှ ဒီမကောင်းတဲ့အရာကို ရှင်းကြတာပေါ့!"
"ချောင်ကော စိတ်အေးအေးထားပါ" ဘေးနားရှိတစ်ယောက်က သူ့အား ဖျောင်းဖျရန်ကြိုးစားနေသည်။ သူတို့သည် ကျီလီ၏လုပ်ရပ်ကို မမြင်လိုက်ဘဲ လင်းချောင်က သူ့ဘာသာသူ မတော်တဆ လဲကျခဲ့သည်ဟု ထင်နေခဲ့ကြ၏။
လင်းချောင်၏ရင်ဘတ်မှာ ဒေါသအားဖိနှိပ်ထားခြင်းကြောင့် တက်လိုက် ကျလိုက်ဖြစ်နေသည်။ သူ ထိုအကဲဖြတ်မှု၏အရေးပါပုံကို သိပေသည်။ တစ်ကြိမ်အောင်မြင်လိုက်သည်နှင့် ကုမ္ပဏီဘက်မှ ၎င်းတို့အား အရင်းအမြစ်များပေးကာ တရားဝင်စမ်းသပ်ပွဲဦးထွက်စေလိမ့်မည်ဖြစ်သည်။
လင်းမိသားစုသည် ချမ်းသာသော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် လုံးဝပါဝင်ပတ်သက်မှုမရှိပေ။ ထိုသို့မဟုတ်လျှင် လင်းချောင်မှာ သင်တန်းသားတစ်ယောက်အဖြစ်မှ စတင်ရန်အတွက် ထိုမျှစိတ်ရှည်နေမည်မဟုတ်။
"ကျီလီ မင်းစောင့်နေလိုက် နောက်ထပ်မထောင်လွှားနိုင်တော့အောင်ထိ ငါလုပ်ပေးမယ်" လင်းချောင်သည် လူငယ်လေးအား အကြည့်စူးစူးတစ်ချက်ပေးလိုက်ပြီး သူ၏ကျောမှာ ယခုထက်တိုင် ပြင်းထန်စွာနာကျင်နေဆဲဖြစ်သည်။
ကျီလီ၏အမူအယာသည် ပြောင်းလဲမသွားခဲ့ပေ။ သူသည် တစ်ဖက်လူ၏ ခြိမ်းခြောက်မှုအား လုံးဝစိတ်ထဲမထည့်ထားခဲ့။
ထိုလူအုပ်ကြီး ထွက်သွားချိန်မှသာ ကျီလီသည် လှည့်လာပြီး ဘေစင်နား ချဥ်းကပ်သွားလိုက်သည်။ သူသည် ဆံမြိတ်အား သပ်တင်လိုက်ပြီး မှန်ထဲမှ သူစိမ်းဆန်သော်လည်း နူးညံ့သောမျက်နှာအား စိုက်ကြည့်နေခဲ့သည်။ သူသက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
သူ ဝန်မခံချင်သော်လည်း စာအုပ်တစ်အုပ်အတွင်းကူးပြောင်းလာပုံရပေသည်။
••••••••••••
အပိုင္း(၁)
"ေဟး က်ီလီ မင္းအဆင္ေျပရဲ႕လား အိမ္သာထဲမွာ ဘယ္လိုျဖစ္ၿပီး သတိလစ္ေနရတာလဲ"
က်ီလီသည္ သူ၏အေျခအေနအား ငုံ႔ၾကည့္ကာ တိတ္ဆိတ္ေနခဲ့သည္။ သူ၏အဝတ္မ်ားမွာ စိုစြတ္ေနၿပီး သူ၏ေျခေထာက္နားတြင္ ေရပုံးတစ္ပုံးမွာ ေမွာက္လွ်က္ရွိေနကာ ေခ်ာမြတ္ေနေသာ ၾကမ္းျပင္မွာ ေရမ်ားဖုံးလႊမ္းေန၏။ သူ၏ဦးေခါင္းေနာက္ဖက္တြင္ စူးရွရွနာက်င္မႈေလးရွိေနသည္။ ၎မွာ သူၾကမ္းျပင္ေပၚလဲက်သြားခ်ိန္က ေယာင္ရမ္းသြားျခင္းျဖစ္ႏိုင္ေပသည္။
"အခုက အသံတိတ္ေနရမဲ့အခ်ိန္လား မင္းအဆင္ေျပလား"
တစ္ဖက္လူက စိုးရိမ္ျခင္းအလွ်င္းမရွိဘဲ သာမန္ကာလွ်ံကာေမးလာသည္။
က်ီလီသည္ သူ၏အၾကည့္အားပင့္လိုက္ၿပီး သူ႔ေရွ႕ရွိလူအား ေလ့လာလိုက္သည္။ ထို႔ေနာက္ နာမည္တစ္ခုမွာ သူ၏စိတ္ထဲေပၚလာခဲ့သည္ : "...လင္းေခ်ာင္?"
"ၾကည့္ရတာေတာ့ မင္းရဲ႕ဦးေႏွာက္က ပ်က္စီးမသြားေသးပုံပဲ ငါတို႔ကို မင္းအတြက္ လူနာတင္ကားေခၚေပးရေတာ့မဲ့ ဒုကၡကေန ကယ္တင္ေပးလိုက္တာေပါ့" လင္းေခ်ာင္သည္ မ်က္ခုံးအနည္းငယ္ပင့္ကာ အိမ္သာအျပင္ဘက္တြင္ေစာင့္ဆိုင္းေနေသာ သူ၏အေဖာ္မ်ားကို တစ္ခ်က္ၾကည့္လိုက္သည္။
ဒီေတာသားၿမိဳ႕ေရာက္ရဲ႕ ဘဝက တကယ့္ကိုနိမ့္က်ၿပီး ခက္ခဲတာပဲ။
အျပင္ဘက္မွ ေလွာင္ေျပာင္သံမ်ားအား ရွင္းရွင္းလင္းလင္းၾကားေနရသည္။ သူတို႔အားလုံးသည္ လင္းေခ်ာင္၏အၾကည့္မွ အရိပ္အႁမြက္ကို နားလည္ၾကပုံရသည္။ က်ီလီသည္ ထိုအသံတို႔ကို ၾကားလိုက္ၿပီး အျပင္ဘက္ရွိ လူငယ္အခ်ိဳ႕၏ မ်က္ႏွာမ်ားကို စိုက္ၾကည့္လိုက္သည္။ ႁခြင္းခ်က္မရွိ သူတိူ႔အားလုံး၏မ်က္ႏွာေပၚတြင္ ေလွာင္ေျပာင္လိုေသာအမူအယာမ်ား ရွိေနခဲ့သည္။
လင္းေခ်ာင္သည္ သူ၏အၾကည့္အား ဂ႐ုမစိုက္ဘဲ ေပါ့ေပါ့ပါးပါးေျပာလာသည္ : "အိမ္သာသြားတာေတာင္ မင္းကိုယ္မင္းသတိလစ္သြားေအာင္လုပ္ႏိုင္တုန္းပဲလား လူတစ္ေယာက္ကံမေကာင္းရင္ ေရေသာက္တာေတာင္ သြားၾကားညႇပ္တတ္တယ္လို႔ေျပာၾကတာ အံ့ၾသစရာမရွိေတာ့ဘူး"
"ေခ်ာင္ေကာ ဘာလို႔သူ႔ကို စိတ္ရႈပ္ခံၿပီး သြားေျပာေနရတာလဲ ဒီကံဆိုးျခင္းနတ္ဘုရားဆီက ကံဆိုးမႈေတြေရာက္လာလိမ့္ဦးမယ္ ဂ႐ုစိုက္ဦး" တစ္စုံတစ္ေယာက္က မလိုမုန္းထားသည့္စိတ္ျဖင့္ တုံ႔ျပန္လာကာ ရယ္ေမာသံမ်ား ထြက္လာေစခဲ့သည္။
သူတို႔အားလုံးသည္ အိပ္မက္မီဒီယာ၏ ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကား သင္တန္းသားမ်ားျဖစ္ၾကၿပီး က်ီလီလည္း တစ္ေယာက္အပါအဝင္ျဖစ္သည္။ သူသည္ ေက်းလက္ေဒသမွ လာခဲ့သူျဖစ္ၿပီး သူ၏ၾကည့္ေကာင္းေသာအသြင္အျပင္ေၾကာင့္ ကုမၸဏီႏွင့္ လက္မွတ္ေရးထိုးခဲ့သည္။
က်ီလီ၏အသြင္အျပင္ႏွင့္ သူ၏စိတ္ေနသေဘာထားမွာ လုံးဝျခားနားေသာအစြန္းႏွစ္ဖက္ျဖစ္ေနသည္မွာ သနားစရာပင္။ သူသည္ သစ္သားတုံးကဲ့သို႔ ထိုင္းမႈိင္းကာ အႏိုင္က်င့္ခံရခ်ိန္တြင္လည္း အသံမထြက္တတ္ေပ။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် သင္တန္းသားမ်ားသည္လည္း သူ႔အား အေလးအနက္မထားၾကေတာ့ေပ။
ေပ်ာ့ညံ့သူကို အႏိုင္က်င့္ရန္ လြယ္ကူသည္ဟု ဆိုၾကသည္။ သူတို႔၏ သင္တန္းသားဘဝမွာ ၿငီးေငြ႕စရာေကာင္းၿပီး ရွည္လ်ားသည့္အတြက္ လူတိုင္းသည္ 'က်ီလီ့အေပၚ အေပ်ာ္အပ်က္ေနာက္ေျပာင္ျခင္း'အား မၾကာခဏျပဳလုပ္ေလ့ရွိၾကသည္။
လြန္ခဲ့ေသာ ဆယ္မိနစ္ခန္႔က ထိုသို႔ထပ္ကစားခဲ့ၾကၿပီး တံခါးအထက္တြင္ မိလႅာပုံးတစ္ပုံးအား တင္ထားခဲ့ၾကသည္။ ထိုလွည့္ကြက္သည္ ေခတ္ေနာက္က်ေနေသာ္လည္း က်ီလီမွာ တုံးအသူတစ္ေယာက္ျဖစ္၏။ ထို႔ေၾကာင့္ ေလးလံေသာေရပုံးမွာ သူ၏ဦးေခါင္းေပၚက်လာၿပီး ေရအိုင္ထဲလဲက်သြားကာ အခ်ိန္အေတာ္ၾကာသည္အထိ တုံ႔ျပန္မႈမရွိဘဲ သတိလစ္သြားခဲ့သည္။
သင္တန္းသားေတြရဲ႕ ေခါင္းေဆာင္အေနျဖင့္ လင္းေခ်ာင္သည္ ရွင္းလင္းရန္မလြယ္ကူေသာ ႀကီးမားလွသည့္အရႈပ္အေထြးအား ေၾကာက္တာေၾကာင့္ စိုးရိမ္ေနဟန္ျဖင့္ စကားအခ်ိဳ႕ကို ဟန္ေဆာင္ေျပာလာခဲ့ျခင္းျဖစ္သည္။
ဆင္းရဲသားမ်ား၏ဘဝမွာ ခက္ခဲၾကမ္းတမ္းလွသည္ဟု ဆိုၾကသည္။ ဒီလူက သတိရလာၿပီးေနာက္ ဘာမွမလုပ္ဘဲ သစ္သားတိုင္ႀကီးကဲ့သို႔သာ တုံးတုံးအအျဖင့္ မတ္တပ္ရပ္ေနခဲ့သည္။
သူ၏အေရွ႕ဆံၿမိတ္ဆံပင္ရွည္မ်ားမွာလည္း စိုစြတ္ညစ္ပတ္ေနၿပီး က်ီလီ၏ မ်က္လုံးမ်ားတြင္ ကပ္ၿငိေနခဲ့သည္။ သူ၏ျမင္ေနရေသာမ်က္ႏွာမွာ မြဲေျခာက္ျဖဴေဖ်ာ့ေနကာ အတိတ္တစ္ခ်ိန္က ရွိခဲ့ေသာ လန္းဆန္းတက္ႂကြမႈတို႔ကို မျမင္ႏိုင္ေတာ့ေပ။
သုံးလေလာက္ အႏိုင္က်င့္ လွည့္စားမႈမ်ားက ထိုလူငယ္ေလး၏ႏွလုံးသားအား လုံးဝပိတ္ေလွာင္သြားေစခဲ့သည္။ ယခုလက္ရွိတြင္ သူသည္ ထိုင္းမႈိင္းသည့္ အအတစ္ေယာက္သာ ျဖစ္၏။
ထိုကဲ့သို႔လူမ်ိဳးသည္ ေဖ်ာ္ေျဖေရးေလာကထဲ ဝင္ထိုက္ပါသလား။
လင္းေခ်ာင္သည္ တစ္ဖက္လူ၏ ျဖဴေဖ်ာ့ကာစုတ္ျပတ္ေနေသာ လက္ရွိအသြင္အျပင္အား အလြန္ေက်နပ္အားရေနကာ ႏႈတ္ခမ္းမ်ားကို မပင့္တင္ဘဲ မေနႏိုင္ခဲ့ေပ။ သူသည္ ေျခတစ္လွမ္းတိုးကာ က်ီလီ၏ပခုံးကိုပုတ္လိုက္ၿပီး : "က်ီလီ မင္းျပန္သြားၿပီး အဝတ္လဲခ်င္လား ဘယ္လိုပဲျဖစ္ျဖစ္ မင္းက ႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကားဌာနရဲ႕ သင္တန္းသားတစ္ေယာက္ပဲကို အခုလို ညစ္ပတ္ေနတာ သိပ္ေတာ့မေကာင္းဘူး..."
မေမွ်ာ္လင့္ထားစြာပင္ ငေၾကာက္ေလးက်ီလီမွာ သူ၏လက္ေမာင္းအား ဖမ္းဆုပ္လိုက္သည္။ လင္းေခ်ာင္းသည္ ထိုလူ၏လက္မွ ခြန္အားကို ခံစားမိလိုက္ၿပီး လန္႔သြားခဲ့သည္။
"...မင္း ဒီလိုမ်ိဳးလုပ္တာေတြကို ေရွာင္သင့္တယ္" က်ီလီသည္ ျပတ္ျပတ္သားသားတစ္ခ်က္ၾကည့္ကာ သူ၏ႏွလုံးသားမွာလည္း မွန္တစ္ခ်ပ္ကဲ့သို႔ၾကည္လင္ေနၿပီး : "ေန႔တိုင္းပဲ မင္း ဒီလိုအႏိုင္က်င့္တဲ့လွည့္ကြက္ေတြကို လုပ္ဖို႔ တျခားသူေတြကို ၫႊန္ၾကားတယ္ သုံးႏွစ္သားေလးေတာင္ မင္းထက္ပိုရင့္က်က္အုံးမယ္"
သူစကားေျပာေနစဥ္ သူ၏အၾကည့္တို႔က လင္းေခ်ာင္၏မ်က္ႏွာေပၚသို႔ က်ေရာက္လာသည္။ သူ၏အေျပာအဆိုႏွင့္ လုပ္ရပ္မ်ားသည္ ေပါ့ပါးၿပီး အတက္အက်မရွိေသာ္လည္း လင္းေခ်ာင္ကမူ နားလည္ရခက္စြာ တစ္ဖက္လူမွ ေလွာင္ေျပာင္ေနသကဲသို႔ ခံစားရေလသည္။
ၾကည့္ေကာင္းလွေသာ အသြင္အျပင္ေၾကာင့္ ကုမၸဏီသို႔ဝင္ေရာက္ႏိုင္ခဲ့ေသာ က်ီလီႏွင့္ယွဥ္လွ်င္ လင္းေခ်ာင္၏အသြင္အျပင္မွာ သင္တန္းသားမ်ားၾကား ထူးျခားေနျခင္းမရွိေပ။ သူ႔မိသားစု၏ေငြေၾကးေၾကာင့္သာ သင္တန္းသားမ်ားၾကား အမိန္႔ေပးႏိုင္ေနျခင္းျဖစ္သည္။
လင္းေခ်ာင္သည္ သူ႔အား ခ်ဳပ္ထားေသာ လက္ကိုခါခ်လိုက္ၿပီး ေဒါသတႀကီးျဖင့္ လက္သီးေဝွ႔ယမ္းလိုက္သည္ : "က်ီလီ! မင္း ဘာေျပာလိုက္တာလဲ မင္းက ေက်ာေထာက္ေနာက္ခံမရွိတဲ့ ငေၾကာက္တစ္ေယာက္ပဲ! ငါ - "
ရႈတ္ခ်ေသာစကားမ်ား မေျပာႏိုင္ခင္ပင္ က်ီလီသည္ ေဘးသို႔လွည့္ကာ ေရွာင္လိုက္သည္။ ထိုမွ်မကေသးေပ။ သူသည္ အျခားသူမ်ားမျမင္ႏိုင္ေသာ ေနရာအကြယ္တစ္ခု၌ ရွိေနရာ ႐ိုး႐ိုးေလးပင္ ျပန္တြန္းလိုက္ေပသည္။
သူႏွင့္ကစားရန္အတြက္ လင္းေခ်ာင္သည္ အလြန္ငယ္ေနေသးသည္။ ၾကမ္းျပင္ရွိေရမ်ားသည္ မေျခာက္ေသးေပ။ လင္းေခ်ာင္လည္း ေခ်ာ္သြားၿပီး က်ယ္ေလာင္ေသာ အသံတစ္ခုျဖင့္ ၾကမ္းျပင္ေပၚလဲက်သြားေတာ့သည္။ "အား!"
မ်က္စိတစ္မွိတ္အတြင္း အေျခအေနမွာ ေျပာင္းျပန္ျဖစ္သြားသည္။ လူအုပ္ႀကီး၏ မ်က္လုံးမ်ားမွာ အျပန္ျပန္အလွန္လွန္ ၾကည့္ေနခဲ့ၾကေသာ္လည္း ျဖစ္ပ်က္ခဲ့သည္ကို ရွင္းရွင္းလင္းလင္းမေတြ႕ခဲ့ရေပ - ေနပါဦး ေခ်ာင္ေကာက က်ီလီကို သင္ခန္းစာေပးရမွာမဟုတ္ဘူးလား။ ဘာလို႔သူကိုယ္တိုင္ လဲက်ေနရတာလဲ။
၎တို႔ မတုံ႔ျပန္ႏိုင္ခင္ အေနာက္ဘက္မွ ခပ္မာမာအသံတစ္ခု ထြက္ေပၚလာသည္ : "မင္းတို႔အားလုံး ဘာလုပ္ေနၾကတာလဲ အကဲျဖတ္မႈမွာ မပါဝင္ခ်င္ၾကေတာ့ဘူးလား ဒါ႐ိုက္တာဝမ္လည္းေရာက္ေနၿပီ မင္းတို႔လူသစ္ေလးေတြကိုေစာင့္ေနရတာနဲ႔ သူ႔အခ်ိန္ေတြကို ျဖဳန္းေစခ်င္လို႔လား ျမန္ျမန္ ေလ့က်င့္တဲ့အခန္းကိုျပန္သြားၾကေတာ့ ငါးမိနစ္အတြင္း အကဲျဖတ္မႈအတြက္ ျပင္ဆင္ထားၾက"
"ဘာမွမျဖစ္ပါဘူး ေလာင္ရွီး စိတ္မပူပါနဲ႔ ကြၽန္ေတာ္တို႔ ခ်က္ခ်င္းျပန္သြားလိုက္ပါ့မယ္" အျပင္ဘက္မွ တစ္စုံတစ္ေယာက္က ျပန္ေျဖလိုက္သည္။
"ေခ်ာင္ေကာ အကဲျဖတ္မႈက အေရးႀကီးတယ္ ကြၽန္ေတာ္တို႔အဝတ္ေတြလဲဖို႔ အရင္ျပန္သြားၾကရေအာင္" တစ္စုံတစ္ေယာက္သည္ လင္းေခ်ာင္အား ကူညီရန္ေျပးလာၿပီး 'ျပႆနာရွာေသာ'က်ီလီအား စိုက္ၾကည့္လိုက္သည္။ "အကဲျဖတ္မႈၿပီးသြားေတာ့မွ ဒီမေကာင္းတဲ့အရာကို ရွင္းၾကတာေပါ့!"
"ေခ်ာင္ေကာ စိတ္ေအးေအးထားပါ" ေဘးနားရွိတစ္ေယာက္က သူ႔အား ေဖ်ာင္းဖ်ရန္ႀကိဳးစားေနသည္။ သူတို႔သည္ က်ီလီ၏လုပ္ရပ္ကို မျမင္လိုက္ဘဲ လင္းေခ်ာင္က သူ႔ဘာသာသူ မေတာ္တဆ လဲက်ခဲ့သည္ဟု ထင္ေနခဲ့ၾက၏။
လင္းေခ်ာင္၏ရင္ဘတ္မွာ ေဒါသအားဖိႏွိပ္ထားျခင္းေၾကာင့္ တက္လိုက္ က်လိုက္ျဖစ္ေနသည္။ သူ ထိုအကဲျဖတ္မႈ၏အေရးပါပုံကို သိေပသည္။ တစ္ႀကိမ္ေအာင္ျမင္လိုက္သည္ႏွင့္ ကုမၸဏီဘက္မွ ၎တို႔အား အရင္းအျမစ္မ်ားေပးကာ တရားဝင္စမ္းသပ္ပြဲဦးထြက္ေစလိမ့္မည္ျဖစ္သည္။
လင္းမိသားစုသည္ ခ်မ္းသာေသာ္လည္း ေဖ်ာ္ေျဖေရးနယ္ပယ္တြင္ လုံးဝပါဝင္ပတ္သက္မႈမရွိေပ။ ထိုသို႔မဟုတ္လွ်င္ လင္းေခ်ာင္မွာ သင္တန္းသားတစ္ေယာက္အျဖစ္မွ စတင္ရန္အတြက္ ထိုမွ်စိတ္ရွည္ေနမည္မဟုတ္။
"က်ီလီ မင္းေစာင့္ေနလိုက္ ေနာက္ထပ္မေထာင္လႊားႏိုင္ေတာ့ေအာင္ထိ ငါလုပ္ေပးမယ္" လင္းေခ်ာင္သည္ လူငယ္ေလးအား အၾကည့္စူးစူးတစ္ခ်က္ေပးလိုက္ၿပီး သူ၏ေက်ာမွာ ယခုထက္တိုင္ ျပင္းထန္စြာနာက်င္ေနဆဲျဖစ္သည္။
က်ီလီ၏အမူအယာသည္ ေျပာင္းလဲမသြားခဲ့ေပ။ သူသည္ တစ္ဖက္လူ၏ ၿခိမ္းေျခာက္မႈအား လုံးဝစိတ္ထဲမထည့္ထားခဲ့။
ထိုလူအုပ္ႀကီး ထြက္သြားခ်ိန္မွသာ က်ီလီသည္ လွည့္လာၿပီး ေဘစင္နား ခ်ဥ္းကပ္သြားလိုက္သည္။ သူသည္ ဆံၿမိတ္အား သပ္တင္လိုက္ၿပီး မွန္ထဲမွ သူစိမ္းဆန္ေသာ္လည္း ႏူးညံ့ေသာမ်က္ႏွာအား စိုက္ၾကည့္ေနခဲ့သည္။ သူသက္ျပင္းမခ်ဘဲ မေနႏိုင္ခဲ့ေပ။
သူ ဝန္မခံခ်င္ေသာ္လည္း စာအုပ္တစ္အုပ္အတြင္းကူးေျပာင္းလာပုံရေပသည္။
•••••••••••
Miracle Team.