ထီးနန်းမလုအောင် ခွေးရူးကို ယဥ...

By PannKhattWaiio

44.9K 4.8K 309

translation crd cover photo,I took this from pinterest Fake name More

အမွာစာ အမှာစာ
ေဖာ္ျပခ်က္ ဖော်ပြချက်
၅......အဆက်
၆အဆက်
၁၀
၁၁
၁၂
.
၁၃
၁၄ တင်မို့
၁၄+၁၅
Gp?
၁၆
၁၈+၁၉
၂၀
၂၁
၂၂ ...၂၃

၁၇

784 124 2
By PannKhattWaiio

အပိုင်း ၁၇

ဧကရာဇ်က ဒီလောက်ပိန်ပြီး ဒီလောက်ကျန်းမာရေးညံ့နေတာ ကလေးတောင် ရနိုင်ပါ့မလား … ဟု တွေးတောနေလိုက်၏။

ရွှယ်ယွမ်က ထိုသို့တွေးမိသည့်နောက်တွင် ရယ်လိုက်သည်။

ဒါက မေးခွန်းကောင်းပဲ။

ကျန်းမာရေးမကောင်းတဲ့ဧကရာဇ်က အမျိုးသမီးတစ်ယောက်ရပြီး ဆက်ခံသူသာ မမွေးနိုင်ရင် သူက ကံဆိုးလွန်းရာ မကျဘူးလား။

တိုင်းပြည်ကို အခြားသူတွေက ကြိုးကိုင်မယ်၊ အနောက်နန်းဆောင်မှာလည်း ဘာကိုယ်လုပ်တော်မှ ရှိမနေဘူး၊ ဒီဧကရာဇ်ငယ်လေးက အာဏာအရ လက်ထပ်ပွဲမျိုးကိုတောင် မကျင်းပထားနိုင်ဘူး၊ သူ တစ်ယောက်တည်းပဲ၊ ကြီးကြီးမားမားရှိနေတယ်၊ နောက်ပြီး သူ့ရဲ့ခြေထောက်ကိုတောင် နောက်ဆွဲစေမယ့် ခန္ဓာကိုယ်မျိုးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။

ငယ်စဉ်ကတည်းက စစ်တပ်ထဲတွင် နေထိုင်ခဲ့သောရွှယ်ယွမ်က တိုက်ပွဲနယ်မြေသို့ ဆယ်ကြိမ်ထက်မနည်း ရောက်ခဲ့ဖူးသည်။ သူကလည်းသိထားသည်။ သူကလည်း အမျိုးသားနှင့်မြင်းများကို နာခံအောင် လုပ်နည်းကိုသိထားသလို သေမည့်အရေးကို အကြောက်အလန့်မဲ့လျက် ဦးဆောင်ကာ စစ်ချီတက်နိုင်ခဲ့သည်။ ရွှယ်ယွမ်က မြို့တော်တွင် ရူးနေသလိုပြုမူနေခဲ့သော်လည်း သူက တိုက်ပွဲနယ်မြေတွင်ပို၍ပင် ရူးသေးသည်။ ရန်သူများကို ရဲရင့်စွာသတ်နေရသည့်အခါ သူ၏သွေးများက စိတ်လှုပ်ရှားလွန်းသောကြောင့် ဆူပွက်လျက်သီဆိုချင်နေခဲ့သည်။

သူက တိုက်ပွဲများကို ပျော်မွေ့ပြီး သွေးဆာတတ်သည်။ သူက တပ်ဖွဲ့များနှင့်မြင်းများကို ထိန်းချုပ်နိုင်သည်။ ထိုတပ်ဖွဲ့နှင့်မြင်းများကို ထိန်းချုပ်မှုအောက်သို့ ရောက်စေပြီးနောက် သူ၏အရှေ့မှကိစ္စကြီးများကို ကိုင်တွယ်နိုင်သည့်စွမ်းရည်က ပိုကြီးလာပေလိမ့်မည်။

ကုယွမ့်ပိုင်က သူ၏ကျောက်စိမ်းဖြူတူများကို အသာချပြီး ငုံ့ကြည့်လိုက်သောအခါ ရွှယ်ယွမ်၏ရည်မှန်းချက်ကြီးသော မျက်ဝန်းများနှင့်ဆုံသွားသည်။

ရွှယ်ယွမ်၏အမူအရာက မပြောင်းလဲချေ။ သူက ရိုကျိုးစွာဖြင့်ထရပ်လိုက်ပြီး သူ၏ထက်ရှသောအစွယ်များနှင့် တောက်ပနေသောမျက်ဝန်းစိမ်းများကို ဝှက်လျက် ဧကရာဇ်ကို ရေနွေးကြမ်းခွက်ဖြင့် ကမ်းလှမ်းလိုက်သည်။

ကုယွမ့်ပိုင်၏မျက်ဝန်းများက ကြည်လင်သည်။ သူက ရွှယ်ယွမ်ကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်၏။ ထို့နောက် ရုတ်တရက် နှုတ်ခမ်းများက ကော့တက်သွားပြီး အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးလိုက်သည်။

ညီအစ်ကို ငါ သေသွားရင်တောင်မှ … မင်းက ဘုရင်ခံဖြစ်လာရင်တောင်မှ … မင်း ဘယ်တော့မှ ပလ္လင်ပေါ်မထိုင်နိုင်စေရဘူး။

မင်းက အဲ့ဒါကို မျှော်လင့်နေတာမဟုတ်လား ဟမ်။

အနာဂါတ်မှာ မင်းက ချူဝေ့နဲ့ညီအစ်ကိုရေးရာ ဆက်ဆံရေးကောင်းအောင် ကြိုးစားလာလိမ့်မယ်။

အဲ့ဒီအခါ ဆက်ခံသူမဲ့တဲ့ ဘုရင်ခံတစ်ယောက်က သွားမရှိတဲ့ကျားတစ်ကောင်လိုပဲ။

အနာဂါတ်ဧကရာဇ်က မင်းကို အနှေးနဲ့အမြန်ဝါးမြိုသွားတာကိုပဲ စောင့်နေလိုက်။

စားသောက်ပြီးနောက် ကုယွမ့်ပိုင်က သူ၏အိပ်ခန်းသို့ပြန်ကာအနားယူသည်။

နန်းတွင်းမှလူတစ်ယောက်က သူ၏ဝတ်စုံများကိုလာပို့သည်။ နှစ်နာရီခန့်ကြာပြီး သည့်တိုင်အောင် ပြင်းထန်လွန်းသောမိုးက အနည်းငယ်မျှပင် မလျော့ကျသွားသေးချေ။ ဧကရာဇ်က အအေးမိသည့်အရေးကိုလည်း လူတိုင်းကစိုးရိမ်ကြလေသည်။ ထို့ကြောင့် နန်းတွင်းမှ ငယ်ရွယ်သောသမားတော်နှစ်ယောက်ကိုပင် ပို့လာသေးသည်။

တော်ဝင်သမားတော်က သူ၏သွေးကြောကိုစမ်းပြီးနောက် ကုယွမ့်ပိုင်က ရေပူဖြင့် ချိုးလိုက်သည်။ အိပ်ယာပေါ်သို့ရောက်သောအခါ ခေါင်းက ခေါင်းအုံးကို ထိလိုက်သည့်အချိန်တွင်ပင် တန်း၍အိပ်မောကျသွားသည်။ သူက ထိုညတွင် ကောင်းကောင်းအိပ်နိုင်ခဲ့သည်။ အိပ်ယာစောစောဝင်သောကြောင့် သူက စောစောနိုးလာသည်။ သူ နိုးလာသောအခါ ကောင်းကင်က မှောင်နေသေးသည်။ သူ၏အိပ်ယာကို စောင့်ကြည့်နေခဲ့သော အစောင့်ကပင် ငိုက်မြည်းနေသည်။

ကုယွမ့်ပိုင်က ဝေဝါးနေသော မျက်လုံးကို တဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ ထို့နောက် တိတ်တဆိတ်ထထိုင်လိုက်ရင်း ဝတ်ရုံကိုခြုံသည်။ ထိုသို့ဖြင့် တံခါးကိုကျော်ဖြတ်လျက် တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်။

တံခါးအပြင်ဘက်မှ အစောင့်က ခပ်တိုးတိုးစကားပြောနေကြသည်။ ထို့ကြောင့် ကုယွမ့်ပိုင် ထွက်လာကြောင်းမြင်သောအခါ ကြောင်အသွား၏။ ထို့နောက် အလျင်စလို ဂါရဝပြုလိုက်ကြလေသည်။

“အရှင်မင်းကြီး ဘာဖြစ်လို့ပါလဲ”

“ကျန်း နိုးလာတာ”

ကုယွမ့်ပိုင်က ခပ်တိုးတိုးပြောသည်။

“ကျန်း ခြံဝန်းထဲက မထွက်ဘဲ ဒီနားဝန်းကျင် လမ်းလျှောက်လိုက်အုံးမယ်၊ ဒါကြောင့် ဒီနားကပဲ စောင့်ကြည့်နေပါ”

ရှေးခေတ်ကာလမှကောင်းကင်က ကြယ်များပြည့်နေသည်။ မနေ့ကလေးတင် သည်းထန်စွာ ရွာခဲ့သောမိုးက ယခုမူရပ်သွားပြီဖြစ်သည်။ ကုယွမ့်ပိုင်က တဖြည်းဖြည်းချင်း ခြေလှမ်းအနည်းငယ် စလှမ်းလိုက်သည်။ ရုတ်တရက် မြက်ခင်းထဲမှ လာသော လှုပ်ရှားသံရေးရေးကိုကြားလိုက်ရသည်။ ကုယွမ့်ပိုင်က မျက်မှောင်ကြုတ် လိုက်သည်။ ချက်ချင်းဆိုသလို သူက သတိအပြည့်ဖြင့်ဖြစ်သွား၏။ သူက တဖြည်းဖြည်းချင်း ခြေတစ်လှမ်းကို အနောက်ဘက်ထောင့်တစ်နေရာနားကို ဆုတ်လိုက်ပြီးသောအခါ မြက်ခင်းထဲမှအရာကို မြင်လိုက်ရသည်။

ကတ္တီပါရောင်ပြောင်လက်နေသော အနက်ရောင်အမွှေးရှည်များ … တောက်ပနေသည့် အစိမ်းရောင်မျက်ဝန်းများ … ထင်းထွက်နေသောအစွယ်များ … ထိုနေရာတွင် အရွယ်ရောက် ဝံပုလွေနှစ်ကောင်ရှိနေသည်။

ကုယွမ့်ပိုင်၏နှလုံးသားက လည်ပင်းထဲမှ ထွက်မတတ်ဖြစ်သွားသည်။

ထိုဝံပုလွေနှစ်ကောင်က မြင်ခင်းထဲတွင် ဆူညံစွာဖြင့်ရပ်နေသည်။ ကုယွမ့်ပိုင်ကလည်း မနေ့က ထိုနေရာတွင် သမင်သွေးများဖိတ်ထားကြောင်း သတိရသေးသည်။ လျှောက်လမ်းမှသွေးများကိုမိုးက ဆေးသွားခဲ့သော်လည်း မြက်ခင်းထဲမှ သွေးများကမူ ကျန်ခဲ့ပုံရသည်။

ဆိုတော့ ရွှယ်မိသားစုက ဝံပုလွေတွေတောင်မွေးထားတာပဲ။

ကုယွမ့်ပိုင်၏တက်ကြွနေသောစိတ်က အစာအိမ်အောက်သို့မြုပ်သွားသည်။ တဖြည်းဖြည်းချင်း သူက ဝံပုလွေများနှင့်ဝေးအောင် နောက်သို့ဆုတ်သည်။ အစောင့်များက ကုယွမ့်ပိုင်နှင့်အကွာအဝေးတစ်ခုတွင် ရှိနေသေးသည်။ ဝံပုလွေ၏အမွှေးများက အမှောင်ထဲတွင် ပုန်းနေသောကြောင့် အစောင့်များက မမြင်နိုင်ချေ။

ကုယွမ့်ပိုင်ကလည်း မြက်ခင်းထဲတွင်ရှိနေသော သွေးများက သူတို့ကို အချိန်တစ်ခုကြာလျက်နေရန် လုံလောက်အောင်မျှော်လင့်မိသည်။ သို့သော် သူ၏ဆုတောင်းကို မည်သူမျှမကြားသွားခဲ့ချေ။

မြက်ခင်းထဲတွင်မြုပ်နေသော ဝံပုလွေနှစ်ကောင်၏ခေါင်းများက လှုပ်သွားပြီး သူ၏အသံကိုကြားကာ ချက်ချင်းဆိုသလို သူတို့၏ခေါင်းများက မော့လာပြီး ကုယွမ့်ပိုင်ကို မျက်လုံးစိမ်းများဖြင့် စိုက်ကြည့်လာသည်။

သူတို့၏ထက်ရှသောသွားများအောက်သို့ သွားရည်များက စီးကျနေသေးသည်။ ထိုထဲမှ တစ်ကောင်က တက်ကြွစွာဖြင့် သူ့ထံချဉ်းကပ်လာနေသည်။

ဝံပုလွေများက အကင်းပါးလွန်းသည်။ သူတို့၏အရှေ့တွင် တစ်ယောက်ယောက်က ကြောက်လန့်မှုကိုပြလိုက်လျှင် ချက်ချင်းဆိုသလိုတိုက်ခိုက်ပေလိမ့်မည်။ ကုယွမ့်ပိုင်က သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းထားသည်။ သူ့ကိုတွေ့သွားပြီဆိုကတည်းက သူက နောက်သို့ဆုတ်နေခြင်းကို ရပ်လိုက်သည်။ ထို့အစား ဝံပုလွေနှစ်ကောင်ကို စူးစိုက်ကြည့်လိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူတို့ကိုတိုက်ခိုက်ရန် တစ်စုံတစ်ရာကို ကောက်နိုင်ရန်မျှော်လင့်နေသည်။

တစ်ဖက်မှ ကြောက်မက်ဖွယ်ကောင်းသောဝံပုလွေများကလည်း အမြင်စူးရှလွန်းသည်။ သို့သော် သူတို့က နောက်သို့ဆုတ်သွားရမည့်အစား နောက်ထပ် ရှေ့တိုးလာသည်။

သေလိုက်ပါတော့။

တိရိစ္ဆာန်တွေက တစ်ချက်ကြည့်ရုံနဲ့ ဒီခန္ဓာကိုယ်ရဲ့အားနည်းချက်ကို ရှာတွေ့သွားတာပဲလား။

အနောက်မှအစောင့်များက တစ်စုံတစ်ရာမှားယွင်းနေကြောင်း သိလိုက်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလို လှမ်းအော်ပြီးပြေးလာသည်။

“အရှင်မင်းကြီး”

ကုယွမ့်ပိုင်၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

ခန့်မှန်းထားသည့်အတိုင်း ဝံပုလွေများထံမှ အူသံများက ထွက်လာသည်။ သူတို့က သွားများကိုဖြဲပြီး ကုယွမ့်ပိုင်ထံ အပြေးခုန်ဝင်လာကြသည်။ ကုယွမ့်ပိုင်က ခန္ဓာကိုယ်ကိုလှိမ့်လိုက်ပြီး ဝံပုလွေ၏ခုန်အုပ်မှုကို ရှောင်လိုက်သည်။ အခြားတစ်ကောင်က သူ့ထံခုန်အုပ်လာတော့မည့်အချိန်တွင် ရုတ်တရက် အနောက်ဘက်မှလာသော ခပ်အုပ်အုပ်နှင့်ဖြတ်ရိုက်သံကို ကြားလိုက်ရသည်။

ကုယွမ့်ပိုင်၏ခေါင်းက ချက်ချင်းဆိုသလို တစ်ဖက်သို့လှည့်ကာကြည့်လိုက်သည်။ ထိုအခါ ဝံပုလွေနှစ်ကောင်၏ခေါင်းကို အလွန်လေးလံကာ ထူထဲလွန်းလောက်မည့် တုတ်တစ်ချောင်းနှင့် ဖြတ်ရိုက်လိုက်သည့်ရွှယ်ယွမ်ကို မြင်လိုက်ရသည်။

ရွှယ်ယွမ်၏အမူအရာက ကြောက်စရာကောင်းနေသည်။ သူက တည်ငြိမ်သည်။ သို့သော် မျက်ဝန်းများကမူ ရန်လိုမှုအပြည့်ရှိနေပြီး ဝံပုလွေနှစ်ကောင်၏ ကိုယ်ကိုစိုက်ကြည့်နေသည်။ တစ်ခဏခန့်ကြာပြီးနောက် ရွှယ်ယွမ်က သွေးများစွန်းပေနေသောတုတ်ကို ဘေးသို့ပစ်ထုတ်လိုက်ပြီး ဧကရာဇ်၏အနားတွင် ဒူးထောက်ချလိုက်သည်။

“အရှင်မင်းကြီး ဒဏ်ရာရသွားပါသေးသလား”

“အရှင်မင်းကြီး”

အစောင့်များက ကုယွမ့်ပိုင်၏အနားသို့အပြေးလာသည်။ သူတို့၏ ဘေးနားမြေပြင်တွင် လဲသေနေသော ဝံပုလွေနှစ်ကောင်၏အလောင်းကိုမြင်သောအခါ သူတို့၏မျက်နှာက မဲမှောင်သွားသည်။

ကုယွမ့်ပိုင်မျက်နှာက ဖြူဖျော့နေသည်။ သူ၏မြန်ဆန်နေသည့် အသက်ရှူသံကို ထိန်းလိုက်ပြီးနောက် ပြောလိုက်သည်။

“ကျန်း ခြေထောက်ကြွက်တက်သွားတယ်”

အစောင့်များ၏မျက်နှာအမူအရာက ပြောင်းသွားသည်။ တစ်ယောက်က တော်ဝင်သမားတော်ရှာရန် ထွက်သွားသည်။ အခြားတစ်ယောက်ကမူ ဝံပုလွေအလောင်းများကို ရင်ဆိုင်မည်ဖြစ်သည်။ ကုယွမ့်ပိုင်က အစောင့်ခေါင်းဆောင်၏ ကမ်းပေးနေသည့်လက်ကို တစ်ချက်ရမ်းလျက် ငြင်းဆန်လိုက်သည်။ ထို့နောက် သူက ရွှယ်ယွမ်ကို အေးစက်စွာကြည့်ပြီး အမိန့်ပေးလိုက်သည်။

“ရွှယ်ယွမ် ကျန်းကို သယ်ပွေ့လိုက်ပါ”

သူ၏ခန္ဓာကိုယ်က အလွန်အမင်းနူးညံ့နေကတည်းက ကုယွမ့်ပိုင်ကလည်း သူ၏ခြေမျက်စိတစ်ခုလုံးက ရောင်ကိုင်းနေလောက်ကြောင်းသိလိုက်သည်။ သူက ထိုခြေထောက်ပေါ် အားမသုံးနိုင်သလို မည်သည့်အင်အားကိုမျှ ထုတ်မသုံးနိုင်လောက် ချေ။ ထို့ကြောင့် တစ်ယောက်ယောက်က သယ်မပေးသွားရန်လိုအပ်သည်။

သမင်သွေး … ကြမ်းတမ်းတဲ့ဝံပုလွေတွေ … ရွှယ်ယွမ်

ကုယွမ့်ပိုင်၏မျက်နှာက မုန်တိုင်းထန်နေခြင်း သို့မဟုတ် ငြိမ်းချမ်းနေခြင်းကို ပြောရန်ခက်ခဲလာသည်။ သူ၏စိတ်ထဲမှ ရစ်ဆိုင်းလာသော ဒေါသများက သူ၏မျက်နှာကို ပို၍ပင်တင်းမာသွားစေသည်။

စိတ်အခြေအနေမကောင်းသောရွှယ်ယွမ်ကလည်း သူ၏သန်မာသောလက်များနှင့် ဧကရာဇ်၏ခါးနှင့် ဒူးခေါင်းအောက်တွင် လက်ထည့်ပြီး တဖြောင့်တည်းပြန်ရပ် လိုက်သည်။ သည်နည်းအားဖြင့် ကုယွမ့်ပိုင်ကို လက်မောင်းထဲတွင် သယ်ပွေ့လိုက်သည်။

သူ၏လက်ဖဝါးများက ဧကရာဇ်၏ခါးကို တင်းကြပ်စွာထိန်းထားနိုင်သည်။ သို့သော် သူတို့နှစ်ယောက်လုံး၏မျက်နှာအမူအရာကမူ မသာယာချေ။ ရွှယ်ယွမ်က အေးနက်သောလေသံဖြင့်ပြောသည်။

“ရွှယ်စံအိမ်မှာ ဝံပုလွေတွေ မွေးထားတာမှန်ပေမယ့်လည်း အရှင်မင်းကြီး ကြွချီလာကြောင်းသိတာနဲ့ သခင်မက သူတို့အားလုံးကို သော့ခတ်ထားပြီးသားပါ၊ ဒါကြောင့် အရှင်မင်းကြီးရဲ့ထက်မြက်လွန်းတဲ့ နားလည်နိုင်စွမ်းအားအတွက် တောင်းပန်ပါတယ်”

ကုယွမ့်ပိုင်ကပြောသည်။

“ကျန်း သေချာစစ်ဆေးမှာပါ”

ဧကရာဇ်ကလည်း သူ၏လေသံထဲမှ သံသယကို မဖုံးကွယ်ထားခဲ့ချေ။ ရွှယ်ယွမ်က လက်သီးကိုသာ ဆုပ်လိုက်နိုင်သည်။

“ကျန်းကိုလွှတ်”

ကုယွမ့်ပိုင်က အမိန့်ပေးသည်။

“ထိကိုင်မှုကိုဖျော့ပြီး ခိုင်ခိုင်မြဲမြဲထိန်းထား၊ နောက်ပြီး တဖြည်းဖြည်းချင်းဆီလျှောက် မင်းက လမ်းဘယ်လိုလျှောက်ရမလဲမသိရင် ဒူးထောက်ပြီး ကျန်းကိုသယ်လို့ ဒရွတ်တိုက်သွားနိုင်တယ်”

ရွှယ်ယွမ်၏မျက်ဝန်းက အနည်းငယ်ပြောင်းလဲသွားသည်။ ထိုတစ်ခဏတွင် သူ ကြောက်လန့်မိသည်မှာ ဧကရာဇ်၏အမြင်တွင် သူက မြင်းကဲ့သို့ တိရိစ္ဆာန်တစ်ကောင်နှင့် မခြားနိုင်ခြင်းဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူက ထိုအကောင်များလောက်ပင် လုပ်နိုင်စွမ်းအား မရှိလောက်ချေ။

သူက လက်ဝါးကိုဖြန့်ပြီး ပြောသည့်အတိုင်းလုပ်သည်။ ဧကရာဇ်၏အလေးချိန်က အလွန်အမင်း ပေါ့ကြောင်းကိုလည်း သတိထားလိုက်မိ၏။ လက်ဝါးအောက်မှ အသားအရေက နူးညံ့လွန်းနေသည်။ ပိုးသားအဝတ်အထည်ကို ဝတ်ဆင်ထားခြင်း ဖြစ်သည့်တိုင်အောင် ရွှယ်ယွမ်၏လက်ငါးချောင်းက အသားထဲသို့ မြုပ်သွားတော့မတတ် အိစက်နေသည်။

သူက အရာရာတိုင်းကို အာရုံစိုက်ပြီး ခွန်အားကို ထိန်းထားရန်လိုအပ်သည်။ ထို့ကြောင့် ဒုက္ခအလွန်များသည်။

ကုယွမ့်ပိုင်လေသံက အေးစက်နေသည်။

“ကျန်း မိန့်ထားတယ်၊ ဖြည်းဖြည်း”

ရွှယ်ယွမ်က ရုတ်ချည်းရပ်လိုက်ပြီး အသက်အနည်းငယ်ရှူပြီးနောက် တဖြည်းဖြည်းချင်း စလျှောက်သည်။

သူက သူ၏လက်မောင်းထဲမှ ဧကရာဇ်ကို ငုံ့ကြည့်လိုက်သည်။ ရွှယ်ယွမ်၏မျက်ဝန်းနောက်တွင် ခွေးရူးတစ်ကောင်က ပုန်းနေ၏။ ထိုခွေးရူးက သူ၏သဘာဝကို မတိုက်ခိုက်နိုင်ချေ။ ထို့ကြောင့် ကုယွမ့်ပိုင်ကိုလှောင်ရယ်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး ဒီနှေးကွေးမှုက လုံလောက်ပါရဲ့လား”

“လုံလောက်တယ်”

ကုယွမ့်ပိုင်ကလည်း လှောင်ပြန်သည်။

“ဒါပေမယ့် အခု ကျန်းက မင်းကို အရှိန်မြှင့်စေချင်တယ်”


အပိုင္း ၁၇

ဧကရာဇ္က ဒီေလာက္ပိန္ၿပီး ဒီေလာက္က်န္းမာေရးညံ့ေနတာ ကေလးေတာင္ ရနိုင္ပါ့မလား … ဟု ေတြးေတာေနလိုက္၏။

႐ႊယ္ယြမ္က ထိုသို႔ေတြးမိသည့္ေနာက္တြင္ ရယ္လိုက္သည္။

ဒါက ေမးခြန္းေကာင္းပဲ။

က်န္းမာေရးမေကာင္းတဲ့ဧကရာဇ္က အမ်ိဳးသမီးတစ္ေယာက္ရၿပီး ဆက္ခံသူသာ မေမြးနိုင္ရင္ သူက ကံဆိုးလြန္းရာ မက်ဘဴးလား။

တိုင္းျပည္ကို အျခားသူေတြက ႀကိဳးကိုင္မယ္၊ အေနာက္နန္းေဆာင္မွာလည္း ဘာကိုယ္လုပ္ေတာ္မွ ရွိမေနဘူး၊ ဒီဧကရာဇ္ငယ္ေလးက အာဏာအရ လက္ထပ္ပြဲမ်ိဳးကိုေတာင္ မက်င္းပထားနိုင္ဘူး၊ သူ တစ္ေယာက္တည္းပဲ၊ ႀကီးႀကီးမားမားရွိေနတယ္၊ ေနာက္ၿပီး သူ႕ရဲ႕ေျခေထာက္ကိုေတာင္ ေနာက္ဆြဲေစမယ့္ ခႏၶာကိုယ္မ်ိဳးကိုလည္း ပိုင္ဆိုင္ထားေသးတယ္။

ငယ္စဥ္ကတည္းက စစ္တပ္ထဲတြင္ ေနထိုင္ခဲ့ေသာ႐ႊယ္ယြမ္က တိုက္ပြဲနယ္ေျမသို႔ ဆယ္ႀကိမ္ထက္မနည္း ေရာက္ခဲ့ဖူးသည္။ သူကလည္းသိထားသည္။ သူကလည္း အမ်ိဳးသားႏွင့္ျမင္းမ်ားကို နာခံေအာင္ လုပ္နည္းကိုသိထားသလို ေသမည့္အေရးကို အေၾကာက္အလန႔္မဲ့လ်က္ ဦးေဆာင္ကာ စစ္ခ်ီတက္နိုင္ခဲ့သည္။ ႐ႊယ္ယြမ္က ၿမိဳ႕ေတာ္တြင္ ႐ူးေနသလိုျပဳမူေနခဲ့ေသာ္လည္း သူက တိုက္ပြဲနယ္ေျမတြင္ပို၍ပင္ ႐ူးေသးသည္။ ရန္သူမ်ားကို ရဲရင့္စြာသတ္ေနရသည့္အခါ သူ၏ေသြးမ်ားက စိတ္လႈပ္ရွားလြန္းေသာေၾကာင့္ ဆူပြက္လ်က္သီဆိုခ်င္ေနခဲ့သည္။

သူက တိုက္ပြဲမ်ားကို ေပ်ာ္ေမြ႕ၿပီး ေသြးဆာတတ္သည္။ သူက တပ္ဖြဲ႕မ်ားႏွင့္ျမင္းမ်ားကို ထိန္းခ်ဳပ္နိုင္သည္။ ထိုတပ္ဖြဲ႕ႏွင့္ျမင္းမ်ားကို ထိန္းခ်ဳပ္မႈေအာက္သို႔ ေရာက္ေစၿပီးေနာက္ သူ၏အေရွ႕မွကိစၥႀကီးမ်ားကို ကိုင္တြယ္နိုင္သည့္စြမ္းရည္က ပိုႀကီးလာေပလိမ့္မည္။

ကုယြမ့္ပိုင္က သူ၏ေက်ာက္စိမ္းျဖဴတူမ်ားကို အသာခ်ၿပီး ငုံ႕ၾကည့္လိုက္ေသာအခါ ႐ႊယ္ယြမ္၏ရည္မွန္းခ်က္ႀကီးေသာ မ်က္ဝန္းမ်ားႏွင့္ဆုံသြားသည္။

႐ႊယ္ယြမ္၏အမူအရာက မေျပာင္းလဲေခ်။ သူက ရိုက်ိဳးစြာျဖင့္ထရပ္လိုက္ၿပီး သူ၏ထက္ရွေသာအစြယ္မ်ားႏွင့္ ေတာက္ပေနေသာမ်က္ဝန္းစိမ္းမ်ားကို ဝွက္လ်က္ ဧကရာဇ္ကို ေရေႏြးၾကမ္းခြက္ျဖင့္ ကမ္းလွမ္းလိုက္သည္။

ကုယြမ့္ပိုင္၏မ်က္ဝန္းမ်ားက ၾကည္လင္သည္။ သူက ႐ႊယ္ယြမ္ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနလိုက္၏။ ထို႔ေနာက္ ႐ုတ္တရက္ ႏႈတ္ခမ္းမ်ားက ေကာ့တက္သြားၿပီး အဓိပၸါယ္အျပည့္ျဖင့္ ၿပဳံးလိုက္သည္။

ညီအစ္ကို ငါ ေသသြားရင္ေတာင္မွ … မင္းက ဘုရင္ခံျဖစ္လာရင္ေတာင္မွ … မင္း ဘယ္ေတာ့မွ ပလႅင္ေပၚမထိုင္နိုင္ေစရဘူး။

မင္းက အဲ့ဒါကို ေမွ်ာ္လင့္ေနတာမဟုတ္လား ဟမ္။

အနာဂါတ္မွာ မင္းက ခ်ဴေဝ့နဲ႕ညီအစ္ကိုေရးရာ ဆက္ဆံေရးေကာင္းေအာင္ ႀကိဳးစားလာလိမ့္မယ္။

အဲ့ဒီအခါ ဆက္ခံသူမဲ့တဲ့ ဘုရင္ခံတစ္ေယာက္က သြားမရွိတဲ့က်ားတစ္ေကာင္လိုပဲ။

အနာဂါတ္ဧကရာဇ္က မင္းကို အေႏွးနဲ႕အျမန္ဝါးၿမိဳသြားတာကိုပဲ ေစာင့္ေနလိုက္။

စားေသာက္ၿပီးေနာက္ ကုယြမ့္ပိုင္က သူ၏အိပ္ခန္းသို႔ျပန္ကာအနားယူသည္။

နန္းတြင္းမွလူတစ္ေယာက္က သူ၏ဝတ္စုံမ်ားကိုလာပို႔သည္။ ႏွစ္နာရီခန႔္ၾကာၿပီး သည့္တိုင္ေအာင္ ျပင္းထန္လြန္းေသာမိုးက အနည္းငယ္မွ်ပင္ မေလ်ာ့က်သြားေသးေခ်။ ဧကရာဇ္က အေအးမိသည့္အေရးကိုလည္း လူတိုင္းကစိုးရိမ္ၾကေလသည္။ ထို႔ေၾကာင့္ နန္းတြင္းမွ ငယ္႐ြယ္ေသာသမားေတာ္ႏွစ္ေယာက္ကိုပင္ ပို႔လာေသးသည္။

ေတာ္ဝင္သမားေတာ္က သူ၏ေသြးေၾကာကိုစမ္းၿပီးေနာက္ ကုယြမ့္ပိုင္က ေရပူျဖင့္ ခ်ိဳးလိုက္သည္။ အိပ္ယာေပၚသို႔ေရာက္ေသာအခါ ေခါင္းက ေခါင္းအုံးကို ထိလိုက္သည့္အခ်ိန္တြင္ပင္ တန္း၍အိပ္ေမာက်သြားသည္။ သူက ထိုညတြင္ ေကာင္းေကာင္းအိပ္နိုင္ခဲ့သည္။ အိပ္ယာေစာေစာဝင္ေသာေၾကာင့္ သူက ေစာေစာနိုးလာသည္။ သူ နိုးလာေသာအခါ ေကာင္းကင္က ေမွာင္ေနေသးသည္။ သူ၏အိပ္ယာကို ေစာင့္ၾကည့္ေနခဲ့ေသာ အေစာင့္ကပင္ ငိုက္ျမည္းေနသည္။

ကုယြမ့္ပိုင္က ေဝဝါးေနေသာ မ်က္လုံးကို တျဖည္းျဖည္းခ်င္းဖြင့္လိုက္သည္။ ထို႔ေနာက္ တိတ္တဆိတ္ထထိုင္လိုက္ရင္း ဝတ္႐ုံကိုၿခဳံသည္။ ထိုသို႔ျဖင့္ တံခါးကိုေက်ာ္ျဖတ္လ်က္ တိတ္တဆိတ္ထြက္လာခဲ့လိုက္သည္။

တံခါးအျပင္ဘက္မွ အေစာင့္က ခပ္တိုးတိုးစကားေျပာေနၾကသည္။ ထို႔ေၾကာင့္ ကုယြမ့္ပိုင္ ထြက္လာေၾကာင္းျမင္ေသာအခါ ေၾကာင္အသြား၏။ ထို႔ေနာက္ အလ်င္စလို ဂါရဝျပဳလိုက္ၾကေလသည္။

“အရွင္မင္းႀကီး ဘာျဖစ္လို႔ပါလဲ”

“က်န္း နိုးလာတာ”

ကုယြမ့္ပိုင္က ခပ္တိုးတိုးေျပာသည္။

“က်န္း ၿခံဝန္းထဲက မထြက္ဘဲ ဒီနားဝန္းက်င္ လမ္းေလွ်ာက္လိုက္အုံးမယ္၊ ဒါေၾကာင့္ ဒီနားကပဲ ေစာင့္ၾကည့္ေနပါ”

ေရွးေခတ္ကာလမွေကာင္းကင္က ၾကယ္မ်ားျပည့္ေနသည္။ မေန႕ကေလးတင္ သည္းထန္စြာ ႐ြာခဲ့ေသာမိုးက ယခုမူရပ္သြားၿပီျဖစ္သည္။ ကုယြမ့္ပိုင္က တျဖည္းျဖည္းခ်င္း ေျခလွမ္းအနည္းငယ္ စလွမ္းလိုက္သည္။ ႐ုတ္တရက္ ျမက္ခင္းထဲမွ လာေသာ လႈပ္ရွားသံေရးေရးကိုၾကားလိုက္ရသည္။ ကုယြမ့္ပိုင္က မ်က္ေမွာင္ၾကဳတ္ လိုက္သည္။ ခ်က္ခ်င္းဆိုသလို သူက သတိအျပည့္ျဖင့္ျဖစ္သြား၏။ သူက တျဖည္းျဖည္းခ်င္း ေျခတစ္လွမ္းကို အေနာက္ဘက္ေထာင့္တစ္ေနရာနားကို ဆုတ္လိုက္ၿပီးေသာအခါ ျမက္ခင္းထဲမွအရာကို ျမင္လိုက္ရသည္။

ကတၱီပါေရာင္ေျပာင္လက္ေနေသာ အနက္ေရာင္အေမႊးရွည္မ်ား … ေတာက္ပေနသည့္ အစိမ္းေရာင္မ်က္ဝန္းမ်ား … ထင္းထြက္ေနေသာအစြယ္မ်ား … ထိုေနရာတြင္ အ႐ြယ္ေရာက္ ဝံပုေလြႏွစ္ေကာင္ရွိေနသည္။

ကုယြမ့္ပိုင္၏ႏွလုံးသားက လည္ပင္းထဲမွ ထြက္မတတ္ျဖစ္သြားသည္။

ထိုဝံပုေလြႏွစ္ေကာင္က ျမင္ခင္းထဲတြင္ ဆူညံစြာျဖင့္ရပ္ေနသည္။ ကုယြမ့္ပိုင္ကလည္း မေန႕က ထိုေနရာတြင္ သမင္ေသြးမ်ားဖိတ္ထားေၾကာင္း သတိရေသးသည္။ ေလွ်ာက္လမ္းမွေသြးမ်ားကိုမိုးက ေဆးသြားခဲ့ေသာ္လည္း ျမက္ခင္းထဲမွ ေသြးမ်ားကမူ က်န္ခဲ့ပုံရသည္။

ဆိုေတာ့ ႐ႊယ္မိသားစုက ဝံပုေလြေတြေတာင္ေမြးထားတာပဲ။

ကုယြမ့္ပိုင္၏တက္ႂကြေနေသာစိတ္က အစာအိမ္ေအာက္သို႔ျမဳပ္သြားသည္။ တျဖည္းျဖည္းခ်င္း သူက ဝံပုေလြမ်ားႏွင့္ေဝးေအာင္ ေနာက္သို႔ဆုတ္သည္။ အေစာင့္မ်ားက ကုယြမ့္ပိုင္ႏွင့္အကြာအေဝးတစ္ခုတြင္ ရွိေနေသးသည္။ ဝံပုေလြ၏အေမႊးမ်ားက အေမွာင္ထဲတြင္ ပုန္းေနေသာေၾကာင့္ အေစာင့္မ်ားက မျမင္နိုင္ေခ်။

ကုယြမ့္ပိုင္ကလည္း ျမက္ခင္းထဲတြင္ရွိေနေသာ ေသြးမ်ားက သူတို႔ကို အခ်ိန္တစ္ခုၾကာလ်က္ေနရန္ လုံေလာက္ေအာင္ေမွ်ာ္လင့္မိသည္။ သို႔ေသာ္ သူ၏ဆုေတာင္းကို မည္သူမွ်မၾကားသြားခဲ့ေခ်။

ျမက္ခင္းထဲတြင္ျမဳပ္ေနေသာ ဝံပုေလြႏွစ္ေကာင္၏ေခါင္းမ်ားက လႈပ္သြားၿပီး သူ၏အသံကိုၾကားကာ ခ်က္ခ်င္းဆိုသလို သူတို႔၏ေခါင္းမ်ားက ေမာ့လာၿပီး ကုယြမ့္ပိုင္ကို မ်က္လုံးစိမ္းမ်ားျဖင့္ စိုက္ၾကည့္လာသည္။

သူတို႔၏ထက္ရွေသာသြားမ်ားေအာက္သို႔ သြားရည္မ်ားက စီးက်ေနေသးသည္။ ထိုထဲမွ တစ္ေကာင္က တက္ႂကြစြာျဖင့္ သူ႕ထံခ်ဥ္းကပ္လာေနသည္။

ဝံပုေလြမ်ားက အကင္းပါးလြန္းသည္။ သူတို႔၏အေရွ႕တြင္ တစ္ေယာက္ေယာက္က ေၾကာက္လန႔္မႈကိုျပလိုက္လွ်င္ ခ်က္ခ်င္းဆိုသလိုတိုက္ခိုက္ေပလိမ့္မည္။ ကုယြမ့္ပိုင္က သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ထိန္းထားသည္။ သူ႕ကိုေတြ႕သြားၿပီဆိုကတည္းက သူက ေနာက္သို႔ဆုတ္ေနျခင္းကို ရပ္လိုက္သည္။ ထို႔အစား ဝံပုေလြႏွစ္ေကာင္ကို စူးစိုက္ၾကည့္လိုက္ၿပီး ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။ သူတို႔ကိုတိုက္ခိုက္ရန္ တစ္စုံတစ္ရာကို ေကာက္နိုင္ရန္ေမွ်ာ္လင့္ေနသည္။

တစ္ဖက္မွ ေၾကာက္မက္ဖြယ္ေကာင္းေသာဝံပုေလြမ်ားကလည္း အျမင္စူးရွလြန္းသည္။ သို႔ေသာ္ သူတို႔က ေနာက္သို႔ဆုတ္သြားရမည့္အစား ေနာက္ထပ္ ေရွ႕တိုးလာသည္။

ေသလိုက္ပါေတာ့။

တိရိစာၦန္ေတြက တစ္ခ်က္ၾကည့္႐ုံနဲ႕ ဒီခႏၶာကိုယ္ရဲ႕အားနည္းခ်က္ကို ရွာေတြ႕သြားတာပဲလား။

အေနာက္မွအေစာင့္မ်ားက တစ္စုံတစ္ရာမွားယြင္းေနေၾကာင္း သိလိုက္သည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းဆိုသလို လွမ္းေအာ္ၿပီးေျပးလာသည္။

“အရွင္မင္းႀကီး”

ကုယြမ့္ပိုင္၏မ်က္ႏွာအမူအရာက ေျပာင္းလဲသြားသည္။

ခန႔္မွန္းထားသည့္အတိုင္း ဝံပုေလြမ်ားထံမွ အူသံမ်ားက ထြက္လာသည္။ သူတို႔က သြားမ်ားကိုၿဖဲၿပီး ကုယြမ့္ပိုင္ထံ အေျပးခုန္ဝင္လာၾကသည္။ ကုယြမ့္ပိုင္က ခႏၶာကိုယ္ကိုလွိမ့္လိုက္ၿပီး ဝံပုေလြ၏ခုန္အုပ္မႈကို ေရွာင္လိုက္သည္။ အျခားတစ္ေကာင္က သူ႕ထံခုန္အုပ္လာေတာ့မည့္အခ်ိန္တြင္ ႐ုတ္တရက္ အေနာက္ဘက္မွလာေသာ ခပ္အုပ္အုပ္ႏွင့္ျဖတ္ရိုက္သံကို ၾကားလိုက္ရသည္။

ကုယြမ့္ပိုင္၏ေခါင္းက ခ်က္ခ်င္းဆိုသလို တစ္ဖက္သို႔လွည့္ကာၾကည့္လိုက္သည္။ ထိုအခါ ဝံပုေလြႏွစ္ေကာင္၏ေခါင္းကို အလြန္ေလးလံကာ ထူထဲလြန္းေလာက္မည့္ တုတ္တစ္ေခ်ာင္းႏွင့္ ျဖတ္ရိုက္လိုက္သည့္႐ႊယ္ယြမ္ကို ျမင္လိုက္ရသည္။

႐ႊယ္ယြမ္၏အမူအရာက ေၾကာက္စရာေကာင္းေနသည္။ သူက တည္ၿငိမ္သည္။ သို႔ေသာ္ မ်က္ဝန္းမ်ားကမူ ရန္လိုမႈအျပည့္ရွိေနၿပီး ဝံပုေလြႏွစ္ေကာင္၏ ကိုယ္ကိုစိုက္ၾကည့္ေနသည္။ တစ္ခဏခန႔္ၾကာၿပီးေနာက္ ႐ႊယ္ယြမ္က ေသြးမ်ားစြန္းေပေနေသာတုတ္ကို ေဘးသို႔ပစ္ထုတ္လိုက္ၿပီး ဧကရာဇ္၏အနားတြင္ ဒူးေထာက္ခ်လိဳက္သည္။

“အရွင္မင္းႀကီး ဒဏ္ရာရသြားပါေသးသလား”

“အရွင္မင္းႀကီး”

အေစာင့္မ်ားက ကုယြမ့္ပိုင္၏အနားသို႔အေျပးလာသည္။ သူတို႔၏ ေဘးနားေျမျပင္တြင္ လဲေသေနေသာ ဝံပုေလြႏွစ္ေကာင္၏အေလာင္းကိုျမင္ေသာအခါ သူတို႔၏မ်က္ႏွာက မဲေမွာင္သြားသည္။

ကုယြမ့္ပိုင္မ်က္ႏွာက ျဖဴေဖ်ာ့ေနသည္။ သူ၏ျမန္ဆန္ေနသည့္ အသက္ရႉသံကို ထိန္းလိုက္ၿပီးေနာက္ ေျပာလိုက္သည္။

“က်န္း ေျခေထာက္ႂကြက္တက္သြားတယ္”

အေစာင့္မ်ား၏မ်က္ႏွာအမူအရာက ေျပာင္းသြားသည္။ တစ္ေယာက္က ေတာ္ဝင္သမားေတာ္ရွာရန္ ထြက္သြားသည္။ အျခားတစ္ေယာက္ကမူ ဝံပုေလြအေလာင္းမ်ားကို ရင္ဆိုင္မည္ျဖစ္သည္။ ကုယြမ့္ပိုင္က အေစာင့္ေခါင္းေဆာင္၏ ကမ္းေပးေနသည့္လက္ကို တစ္ခ်က္ရမ္းလ်က္ ျငင္းဆန္လိုက္သည္။ ထို႔ေနာက္ သူက ႐ႊယ္ယြမ္ကို ေအးစက္စြာၾကည့္ၿပီး အမိန႔္ေပးလိုက္သည္။

“႐ႊယ္ယြမ္ က်န္းကို သယ္ေပြ႕လိုက္ပါ”

သူ၏ခႏၶာကိုယ္က အလြန္အမင္းႏူးညံ့ေနကတည္းက ကုယြမ့္ပိုင္ကလည္း သူ၏ေျခမ်က္စိတစ္ခုလုံးက ေရာင္ကိုင္းေနေလာက္ေၾကာင္းသိလိုက္သည္။ သူက ထိုေျခေထာက္ေပၚ အားမသုံးနိုင္သလို မည္သည့္အင္အားကိုမွ် ထုတ္မသုံးနိုင္ေလာက္ ေခ်။ ထို႔ေၾကာင့္ တစ္ေယာက္ေယာက္က သယ္မေပးသြားရန္လိုအပ္သည္။

သမင္ေသြး … ၾကမ္းတမ္းတဲ့ဝံပုေလြေတြ … ႐ႊယ္ယြမ္

ကုယြမ့္ပိုင္၏မ်က္ႏွာက မုန္တိုင္းထန္ေနျခင္း သို႔မဟုတ္ ၿငိမ္းခ်မ္းေနျခင္းကို ေျပာရန္ခက္ခဲလာသည္။ သူ၏စိတ္ထဲမွ ရစ္ဆိုင္းလာေသာ ေဒါသမ်ားက သူ၏မ်က္ႏွာကို ပို၍ပင္တင္းမာသြားေစသည္။

စိတ္အေျခအေနမေကာင္းေသာ႐ႊယ္ယြမ္ကလည္း သူ၏သန္မာေသာလက္မ်ားႏွင့္ ဧကရာဇ္၏ခါးႏွင့္ ဒူးေခါင္းေအာက္တြင္ လက္ထည့္ၿပီး တေျဖာင့္တည္းျပန္ရပ္ လိုက္သည္။ သည္နည္းအားျဖင့္ ကုယြမ့္ပိုင္ကို လက္ေမာင္းထဲတြင္ သယ္ေပြ႕လိုက္သည္။

သူ၏လက္ဖဝါးမ်ားက ဧကရာဇ္၏ခါးကို တင္းၾကပ္စြာထိန္းထားနိုင္သည္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံး၏မ်က္ႏွာအမူအရာကမူ မသာယာေခ်။ ႐ႊယ္ယြမ္က ေအးနက္ေသာေလသံျဖင့္ေျပာသည္။

“႐ႊယ္စံအိမ္မွာ ဝံပုေလြေတြ ေမြးထားတာမွန္ေပမယ့္လည္း အရွင္မင္းႀကီး ႂကြခ်ီလာေၾကာင္းသိတာနဲ႕ သခင္မက သူတို႔အားလုံးကို ေသာ့ခတ္ထားၿပီးသားပါ၊ ဒါေၾကာင့္ အရွင္မင္းႀကီးရဲ႕ထက္ျမက္လြန္းတဲ့ နားလည္နိုင္စြမ္းအားအတြက္ ေတာင္းပန္ပါတယ္”

ကုယြမ့္ပိုင္ကေျပာသည္။

“က်န္း ေသခ်ာစစ္ေဆးမွာပါ”

ဧကရာဇ္ကလည္း သူ၏ေလသံထဲမွ သံသယကို မဖုံးကြယ္ထားခဲ့ေခ်။ ႐ႊယ္ယြမ္က လက္သီးကိုသာ ဆုပ္လိုက္နိုင္သည္။

“က်န္းကိုလႊတ္”

ကုယြမ့္ပိုင္က အမိန႔္ေပးသည္။

“ထိကိုင္မႈကိုေဖ်ာ့ၿပီး ခိုင္ခိုင္ၿမဲၿမဲထိန္းထား၊ ေနာက္ၿပီး တျဖည္းျဖည္းခ်င္းဆီေလွ်ာက္ မင္းက လမ္းဘယ္လိုေလွ်ာက္ရမလဲမသိရင္ ဒူးေထာက္ၿပီး က်န္းကိုသယ္လို႔ ဒ႐ြတ္တိုက္သြားနိုင္တယ္”

႐ႊယ္ယြမ္၏မ်က္ဝန္းက အနည္းငယ္ေျပာင္းလဲသြားသည္။ ထိုတစ္ခဏတြင္ သူ ေၾကာက္လန႔္မိသည္မွာ ဧကရာဇ္၏အျမင္တြင္ သူက ျမင္းကဲ့သို႔ တိရိစာၦန္တစ္ေကာင္ႏွင့္ မျခားနိုင္ျခင္းျဖစ္သည္။ ျဖစ္နိုင္သည္မွာ သူက ထိုအေကာင္မ်ားေလာက္ပင္ လုပ္နိုင္စြမ္းအား မရွိေလာက္ေခ်။

သူက လက္ဝါးကိုျဖန႔္ၿပီး ေျပာသည့္အတိုင္းလုပ္သည္။ ဧကရာဇ္၏အေလးခ်ိန္က အလြန္အမင္း ေပါ့ေၾကာင္းကိုလည္း သတိထားလိုက္မိ၏။ လက္ဝါးေအာက္မွ အသားအေရက ႏူးညံ့လြန္းေနသည္။ ပိုးသားအဝတ္အထည္ကို ဝတ္ဆင္ထားျခင္း ျဖစ္သည့္တိုင္ေအာင္ ႐ႊယ္ယြမ္၏လက္ငါးေခ်ာင္းက အသားထဲသို႔ ျမဳပ္သြားေတာ့မတတ္ အိစက္ေနသည္။

သူက အရာရာတိုင္းကို အာ႐ုံစိုက္ၿပီး ခြန္အားကို ထိန္းထားရန္လိုအပ္သည္။ ထို႔ေၾကာင့္ ဒုကၡအလြန္မ်ားသည္။

ကုယြမ့္ပိုင္ေလသံက ေအးစက္ေနသည္။

“က်န္း မိန႔္ထားတယ္၊ ျဖည္းျဖည္း”

႐ႊယ္ယြမ္က ႐ုတ္ခ်ည္းရပ္လိုက္ၿပီး အသက္အနည္းငယ္ရႉၿပီးေနာက္ တျဖည္းျဖည္းခ်င္း စေလွ်ာက္သည္။

သူက သူ၏လက္ေမာင္းထဲမွ ဧကရာဇ္ကို ငုံ႕ၾကည့္လိုက္သည္။ ႐ႊယ္ယြမ္၏မ်က္ဝန္းေနာက္တြင္ ေခြး႐ူးတစ္ေကာင္က ပုန္းေန၏။ ထိုေခြး႐ူးက သူ၏သဘာဝကို မတိုက္ခိုက္နိုင္ေခ်။ ထို႔ေၾကာင့္ ကုယြမ့္ပိုင္ကိုေလွာင္ရယ္ကာ ေျပာလိုက္သည္။

“အရွင္မင္းႀကီး ဒီေႏွးေကြးမႈက လုံေလာက္ပါရဲ႕လား”

“လုံေလာက္တယ္”

ကုယြမ့္ပိုင္ကလည္း ေလွာင္ျပန္သည္။

“ဒါေပမယ့္ အခု က်န္းက မင္းကို အရွိန္ျမႇင့္ေစခ်င္တယ္”

Continue Reading

You'll Also Like

223K 5K 37
𝑇ℎ𝑒 𝑤𝑎𝑦 𝑜𝑓 𝑡ℎ𝑒 𝑤𝑎𝑡𝑒𝑟 𝑐𝑜𝑛𝑛𝑒𝑐𝑡𝑠 𝑢𝑠 𝑎𝑙𝑙 𝗧𝗵𝗲 𝗺𝗶𝗱𝗱𝗹𝗲 𝗖𝗵𝗶𝗹𝗱 𝗼𝗳 𝘁𝗵𝗲 𝗦𝘂𝗹𝗹𝘆 𝗳𝗮𝗺𝗶𝗹𝘆 𝗴𝗿𝗼𝘄𝘀 𝗤𝘂𝗶�...
24.2K 3.8K 10
Original Title_杀手他失业了 Author_Bailu Wei Shuang [白露未霜] Total Chapters_9. •This is Myanmar Translation and I don't own the story. •All credits to respec...
322K 21.2K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
5.3M 350K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...