ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့က...

By PannKhattWaiio

126K 17.2K 559

fun translation not my own More

မိတ်ဆက် မိတ္ဆက္
၂အဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
သတိပေးချက်
၁၈
၁၉
၂၀
၂၁
tele
၂၂
၂၃
၂၄
Let's try
ss
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂+၃၃
၃၄+၃၅
၃၆
၃၇+၃၈
၃၉+၄၀
၄၁
၄၃
၄၄
၄၅
၄၆+၄၇
၄၈+၄၉
၅၀+၅၁
၅၂..၅၃
၅၄.၅၅.၅၆
၅၇..၅၈
၅၉.၆၀
၆၁ ၆၂

၄၂

1.5K 224 10
By PannKhattWaiio


အပိုင်း ၄၂

ဒီနေ့ ဟော့ချန်းက အပြင်စောစော ထွက်သွားတယ်။ သူရဲ့ ဆဌမအာရုံအရ ပြိုင်ပွဲက ကြမ်းတမ်းသထက် ကြမ်းတမ်းလာမယ်လို့ ပြောနေတယ်။ စောင့်နေရုံနဲ့ မလုံလောက်တော့ဘူး။ လူတိုင်းက လုပ်နိုင်စွမ်းအားတွေ ထုတ်ပြလာကြတော့ အချိန်ကျလာတဲ့အခါ ထိန်းနိုင်တော့မှာ မဟုတ်ဘူး

သူက ကုမ္ပဏီသို့ ရောက်သည်နှင့် လက်ထောက်ကို ပြောလိုက်သည်။
“ ဘယ်သူက ဟင်းချက်အတော်ဆုံးလဲလို့ လိုက်မေးပြီး ဒီနေရာကို လာခိုင်းလိုက်ပါ”

လက်ထောက်က ကြောင်အသွားသည်။

“ ချက်တာလား”

ဟော့ချန်းက အင်းဟု ပြောသည်။ထို့နောက် သူက ဆက်ပြောသည်။
“ ထားလိုက်တော့၊ စားသောက်ဆိုင်တစ်ခုသာ ရှာလိုက်၊ စာဖိုမှူးကို ငါ ကိုယ်တိုင် ဆွေးနွေးမယ်။စားသောက်ဆိုင်က အိမ်ချက်လက်ရာကို အသားပေးရမယ်၊ အရမ်း အဆင့်မမြင့်ရဘူး”

“ လူကြီးမင်းဟော်က ဟင်းချက်သင်ချင်တာလား”

ရသစုံရှိုးအတွက်လေ…

…..

လူတိုင်းက ထွက်သွားကြပြီဖြစ်သည်။ ယန်ကျစ်က မနေ့က ပေးထားသော ကတိကို တည်သည်။သူက ကျိုင်ရှင်းချန်နှင့် ဝမ်နော့ကို ကားပေါ် တက်စေသည်။

ဝမ်နော့အနေနှင့် ယန်ကျစ်၏ ကားကို ပထမဦးဆုံးအကြိမ် စီးဖူးခြင်းဖြစ်သဖြင့် အနည်းငယ် လန့်နေမိသည်။ထိုကြောင့် အနောက်တွင်သာဝင်ထိုင်လိုက်သည်။ ကျိုင်ရှင်းချန်က ယန်ကျစ်၏ ဘေးခုံတွင် ထိုင်သည်။

“ ကောက ကားထဲက ရေမွှေးကို ပြောင်းသုံးထားတာလား”
ကျိုင်ရှင်းချန်က မေးသည်။

ယန်ကျစ်က အင်းဟု ဖြေသည်။

ဒီရေမွှေးအနံ့က တော်တော်ကောင်းတယ်။ စစချင်းတော့ သစ်သားနံ့သင်းသင်းလေးရပြီး နောက်ပိုင်းမှာ ဆေးနံ့ချိုချိုလေးအဖြစ် ပြောင်းသွားတယ်။

မူရင်းဇာတ်ကြောင်းအရ ဒါက ယန်ကျစ်ကြိုက်တဲ့ “ LOEWE after the morning”ဖြစ်ရမယ်။

တချက်ကြည့်ရုံနဲ့တင် ဒီရေမွှေးက ထန်မိသားစုကဆိုတာ သိသာနေတာပဲ
“After the morning” က အေးစက်သော မီးခိုးရောင်နှင့် အနက်ရောင်…. ရိုးရှင်းပြီး လေးထောင့်ပုံစံရှိတယ်။ ဆောင်ပုဒ်ကတော့ [အာရုံတက်တဲ့အထိ ရစ်ဝဲဆွဲငြိနေဦးမယ်]တဲ့( အာ ဒါက မှားကောင်းမှားလောက်တယ်နော ်သေချာ မဖတ်တတ်လို့ အင်္ဂလိပ်လိုကလည်း သေချာ မသိလို့ရယ်)

ကျိုင်ရှင်းချန်ကတော့ ဒါက အရေးကြီးတဲ့ အချက်ပြမှုလို့ထင်တယ်။ ပုံမှန်ယန်ကျစ်က အမြဲတစေ လူကြီးလူကောင်းပုံစံပြုမူတတ်တယ်လေ။ သူရဲ့ကိုယ်ပေါ်က ရေမွှေးနံ့ကတောင် Bvlgari အပြာဆိုတဲ့ သန့်ရှင်းပြီး လန်းဆန်းတဲ့ အနံ့မျိုး… ခြိမ်းခြောက်နိုင်တဲ့ ဘာခံစားချက်မှ မပါဘူး

ဒါကို အခု အနံ့ရတာနဲ့ ချက်ချင်း အိပ်ယာထဲ လိုက်ချင်စေတဲ့ ရေမွှေးကို ပြောင်းလိုက်တယ်ဆိုတော့….ဒီအနံ့ကနေတဆင့် ယန်ကျစ်ကိုတောင်စပိုင်လုပ်လို့ ရလောက်တယ်

မုန်တိုင်းကတော့ တိုက်တော့မယ်

အကွာအဝေးအရဆိုလျင် ကျုံးဝူက စံအိမ်နှင့်ပိုနီးသည်။သို့သော် ဝမ်နော့ကို ဂရုစိုက်ပေးချင်သဖြင့် အလျင် ပို့ခိုင်းလိုက်သည်။

“ ဝမ်နော့ကို အရင်ပို့လိုက်ပါ၊ ကျွန်တော်က အလျင်မလိုပါဘူး”

ယန်ကျစ်ကလည်း ဝမ်နော့ အလုပ်လုပ်သည့် ဆိုင်သို့ လိုက်ပို့သည်။

ဝမ်နော့နှင့်သူငယ်ချင်းများ ဖွင့်ထားသည့် ကိတ်ဆိုင်က ရပ်ကွက်ဟောင်းတစ်ခုတွင် ရှိသည်။ အဓိကလမ်းနှင့် မီတာတစ်ရာကျော ်ဝေးသောကြောင့် တည်နေရာက သိပ်မကောင်းချေ။ လာသော ဧည့်သည်အများစုကလည်း ရပ်ကွက်အနီးအနားမှ လူဟောင်းများ ဖြစ်ကြသည်။ သို့သော် အနီရောင် နံရံနှင့် အနက်ရောင်တိုင်များရှိသော အိမ်ပုံစံက ၁၉၄၀နှင့် ၁၉၅၀ စတိုင်မျိုးဖြစ်နေသည်။ထိုကြောင့် နာမည်သာ ကြီးသွားမည်ဆိုလျင ်အင်တာနက် ဆယ်လီများက စိတ်ဝင်စားလောက်သည်

“ ဒီနေရာကို ရောက်နေမှတော့ ဝင်ကြည့်လိုက်ရအောင်”
ကျိုင်ရှင်းချန်က ရယ်ကာ ပြောသည်။

ယန်ကျစ်နှင့် ကျိုင်ရှင်းချန်က ကားထဲက ထွက်လိုက်ကြသည်။ ကျိုင်ရှင်းချန်က ခေါင်းမော့ကာ ကြည့်သည်။
“ ရီနော့ ချန်ရှင်း အချိုပွဲဆိုင်… ဝိုး နာမည်ကနားထောင် ကောင်းလိုက်တာ”

“ ဆိုင်နာမည်နဲ့ ပက်သတ်ပြီး ကျွန်တော်တို့ အများကြီး ကြိုးစားခဲ့ရတာ။ အချိန်အတော်ကြာတဲ့အထိ ဘာပေးရမှန်း မသိခဲ့ဘူး။နောက်တော့ တစ်ယောက်ဆီက နာမည်တွေ ယူပြီး ပေးလိုက်တာပဲ။ သူ့နာမည်က ကျင်းချန်လေ”

အမြဲတစေ သိုသိုသိပ်သိပ်နေတတ်သည့်ယန်ကျစ်ကပင် ရယ်သည်။
“ နာမည်ကောင်းပဲ”

“ မချမ်းသာဖို့တောင် မဖြစ်နိုင်လောက်ဘူး”
ကျိုင်ရှင်းချန်ကလည်း ရယ်သည်။

သူတို့နှစ်ယောက်က ဆိုင်ထဲဝင်လိုက်ကြသည်။ကျိုင်ရှင်းချန်က ဆိုင်ထဲမှ ကိတ်လေးတစ်ခု ဝယ်သည်။

“ နေ့လည်စာအတွက် သိမ်းထားရမယ်”

ဝမ်နော့က ခံစားသွားရသည်။

ကင်မရာထဲ ပါသွားသည့်အခါ သူတို့၏ ဆိုင်ကို လူသိများလာနိုင်သည်။ထို့အပြင် ဆိုင်နာမည်ကိုလည်း သေချာ ပြောဖြစ်ပြီး ရိုက်ပြလိုက်သည့်အခါ ဧည့်သည်အသစ်များစွာကို ဆွဲဆောင်နိုင်လောက်သည်။

သူက ရှစ်ယောက်ထဲတွင် အနိမ့်ကျဆုံးဖြစ်နေသဖြင့် သူ၏ ဆိုင်အကြောင်းနှင့် ပက်သတ်သည့် အခန်းများအ ဖြတ်ခံရမည့်အရေးကို စိုးရိမ်ခဲ့ရသည်။

ယခုဆိုလျင် ကျိုင်ရှင်းချန်နှင့် ယန်ကျစ်က ရှိနေပြီး အချိန်အတန်ကြာ နေသွားသဖြင့် တည်းဖြတ်သည့်အခါ အခန်းအနည်းငယ်တော့ဖြင့် ပါသွားလောက်သည်။ ကျိုင်ရှင်းချန်က ဂရုစိုက်တတ်လွန်းကြောင်း ပို၍ နားလည်သွားသည်။

ကျိုင်ရှင်းချန်( ကျိုင်ကြယ်စင်) မဟုတ်ဘဲ ကျိုင်နေမင်းပဲ….

သူနဲ့ နီးကပ်သွားတာနဲ့ နွေးထွေးမှုကို ခံစားရလိမ့်မယ်
သူရဲ့နှလုံးသားထဲမှာ ကျိုင်ရှင်းချန်ကို တစ်မှတ် ထပ်ပေးလိုက်ပြီ

ရီနော့ချန်ကျင်း အချိုပွဲဆိုင်မှ ထွက်လာပြီးနောက် ယန်ကျစ်က ကျိုင်ရှင်းချန်ကို ကျောင်းလိုက်ပို့သည်။

ဒီနေ့ ယန်ကျစ်က တော်တော်လေး တိတ်နေတယ်။ သူက ချောမြဲချောဆဲ တောက်ပမြဲ တောက်ပဆဲဆိုပေမယ့်လည်း အရှိန်အဝါအရ ညိုးငယ်သလို ဖြစ်နေတယ်။

ကျောင်းသို့ ရောက်သောအခါ ကျိုင်ရှင်းချန်က ပြောသည်။
“ ကော ဒီနေ့ ကျွန်တော့်ကို လာကြိုဖို့ မလိုတော့ဘူး”

ယန်ကျစ်က အင်းဟု ပြောပြီး ကားအပြင်သို့ ထွက်သည်။ကျိုင်ရှင်းချန်ကိုလည်း အပြင်တွင် စကားဆက်ပြောရန် အမူအယာ ပြသည်။

ကျိုင်ရှင်းချန်က ကားထဲမှ ကင်မရာကို ကြည့်လိုက်ပြီး အပြင်သို့ ထွက်လိုက်သည်။ သူက စိတ်လှုပ်ရှားနေသည်။

သေချာစွာပင် အပြင်သို့ ရောက်သည်နှင့်ယန်ကျစ်က မေးလာသည်။
“ ဟူရင်း မဟုတ်လား”

လျို့ဝှက်ချက်သေးသေးလေး ပေါ်သွားသလိုပုံစံမျိုးနှင့် ကျိုင်ရှင်းချန်က ရှက်ရွံ့စွာ ခေါင်းညိတ်သည်။
“ အင်း”

ယန်ကျစ်က သူ၏နှုတ်ခမ်းပါးကို မဲ့ပြီး အချိန်တစ်ခုကြာ တိတ်ဆိတ်သွားသည်။
“ ဟူရင်းက အရမ်းကောင်းပါတယ်။ ဒါပေမဲ့…. မင်းက လူမှုအသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို တစ်ခါမှ ရောက်ဖူးသေးတာ မဟုတ်ဘူး။ မင်း ချစ်ဖူးသေးရဲ့လား… မင်းက ရိုးရှင်းလွန်းတယ်။ ဒီတော့ မင်း မသိသေးတဲ့ ကိစ္စတွေ အများကြီးရှိတယ်”

ကျိုင်ရှင်းချန်လည်းယန်ကျစ်က သူ့အတွက် ပြောပေးလာမည်ဟု မထင်ထားခဲ့ချေ။ သူ၏ အမူအယာကလည်း လေးနက်သွားသည်။

ယန်ကျစ်၏ အမူအယာက အများကြီး နူးညံ့သွားသည်။
“ဒါက လျန်ကျုံးလေ။ အချို့ဧည့်သည်တွေက ပါဝင်လာတာက ချစ်ကျွမ်းဝင်ဖို့ဖြစ်နိုင်ပေမဲ့အချို့ကတော့ မဟုတ်ဘူး။ နာမည်ကြီးဖို့နဲ့ အခြားအကြောင်းတစ်ခုခုကြောင့်ပေါ့။ဟူရင်းဆိုရင် မီဒီယာနဲ့ ထိတွေ့နေရတဲ့လူ။ သူ့လိုလူက ဒီနေရာမှာ ပါဝင်လာတာက ချစ်ကြိုက်ဖို့ဆိုတာ ခက်ခဲတယ်။ရူးမိုက်ပြီး မင်းရဲ့နှလုံးသားကို အစောကြီး မပေးလိုက်မိစေနဲ့ ဖြေးဖြေးချင်း လေ့လာရှာဖွေကြည့်ပါ”

ကျိုင်ရှင်းချန်က ယန်ကျစ်ကို လှုံ့ဆော်ပြီး သဝန်တိုစေလိုခြင်းဖြစ်သည်။သို့သော် မမျော်လင့်ထားသည်မှာ သူ့အား ထိုသို့သော စကားများကို လာ၍ပြောပြနေခြင်းဖြစ်သည်။

သူနဲ့ ဟူရင်းကို သဝန်မတိုဘဲနဲ့ သူက  ရိုးရှင်းလွန်းလို့ ခံစားသွားရမှာကိုတောင် စိုးရိမ်ပေးနေသေးတယ်

ယန်ကျစ်က ရိုးသားလွန်းပြီး တစ်ကိုယ်ကောင်းဆန်းစိတ ်ကင်းမဲ့သော သူဖြစ်ကြောင်း သိလိုက်ရသည်။

ကျိုင်ရှင်းချန်ကလည်း ဆက်ပြီး သရုပ်ဆောင်ရန် ရှက်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။
“ ကျွန်တော် နားလည်ပါတယ်”
တစ်နေ့လုံး စိတ်ဓာတ်ကျနေခဲ့ပြီးနောက် ယန်ကျစ်က ယာယီအားဖြင့် စိတ်ပြန်အေးသွားသည်။

သူ့လိုလူက မက်မွန်ပန်းတွေပွင့်တာမြင်တဲ့အခါ ကံကောင်းတော့မယ်လို့ တွေးတဲ့လူမျိုး။ သူက လူချမ်းသာ ဒုတိယမျိုးဆက်တွေကြားက နာမည်ကြီး အင်တာနက် ဆယ်လီတစ်ယောက်။သူတကယ် ချစ်သွားနိုင်မလား သူ့အကြောင်း ဖော်မိသွားမလားဆိုတာက တကယ် ပြောရခက်တယ်

သူက ကျိုင်ရှင်းချန်ကို မရနိုင်ရင်တောင် ကျိုင်ရှင်းချန်ကို ရသွားတဲ့လူက ကျိုင်ရှင်းချန်ကို အလေးအနက်ထား မြတ်နိုးပေးတဲ့လူပဲ ဖြစ်စေချင်တယ်။

ငါ သူ့ကို ချစ်လိုု့ … ဘာလို့လဲဆိုရင် သူ့ကို ချစ်နေလို့…. အခြားအကြောင်းပြချက်တွေကြောင့် မဟုတ်ဘူး

အသိုင်းအဝိုင်းကြီးတဲ့လူတွေက တစ်ကိုယ်ကောင်းဆန်တတ်ကြတယ်

“ ဒီရှိုးက စကာစပါ။ မင်း အလျင်လိုစရာမလိုဘူး။လူတိုင်းကို ဖြေးဖြေးချင်း စောင့်ကြည့်နေ၊ဒါပဲ ကိုယ ်သွားတော့မယ်”

ကျိုင်ရှင်းချန်က ရှေ့သို့ နှစ်လမ်းတိုးလိုက်သည်။သို့သော် ရုတ်တရက်ဆိုသလို သူက ဧည့်သည်တစ်ယောက်ကို ခပ်တင်းတင်း ဆက်ဆံလိုက်မိသလို ခံစားလိုက်ရသည်။

သူက ယန်ကျစ်ကို ပြန်လှည့်ကြည့်သည်။ယန်ကျစ်ကေ နရောင်အောက်တွင် တောက်ပနေသည်။သူ၏ မျက်မှန်ကပင် အနီရောင် အလင်းပြန်နေသည်။

ယန်ကျစ်က မျက်မှန်ပြောင်းတပ်ထားတယ်။ အရင်မျက်မှန်က နေရောင်အောက်မှာဆိုရင် ရေခဲပြာရောင် အလင်းပြန်တာ….

ယန်ကျစ်က ဟူရင်းကို တော်တော်လေး အထင်လွဲနေတယ်

တကယ်တော့ သူ့အထင် ဟူရင်းကသာ ဒီရှစ်ယောက်ထဲမှာ အချစ်မိချင်ဆုံးလို့ထင်တယ်။
သူက အချစ်တွေပြည့်နေတဲ့လူလေ..
ဆိုလိုတာက ဟူရင်းက ယန်ကျစ်ကို လိုက်တာကို ယန်ကျစ်ကတော့ ဟူရင်းက သူကလူကြိုက်များနေလို့ လိုက်ကပ်နေတာ.. နာမည်ကြီးချင်လို့ လို့ ထင်နေတာပေါ့

ယန်ကျစ်က အိမ်ပြန်သွားသည်။ သူ မနှစ်က ဝယ်ထားသည့် စံအိမ်ကြီးက နန်ချန်းတွင်ရှိသည်။ ဒါက သူရဲ့ Harley-Davidsonအတွက်ဖြစ်သည်။

သူက ဟာလေး ယဉ်ကျေးမှု၏ ပရိတ်သတ်ဖြစ်ပြီးတစ်သန်းကျော်သော မော်တော်ဆိုင်ကယ်အများအပြားလည်း ဝယ်ထားသေးသည်။သူက မော်တော်ဆိုင်ကယ်စီးတယ်။ ဂိမ်းဆော့တယ်။အဓိကကတော့ သူရဲ့ စိတ်ဆန္ဒတွေကို အမြင့်ဆုံးအထိ မြင့်ချင်လို့ပဲ။ သူက ၁၆နှစ်ထဲက ဟာလေးကို စွဲလန်းခဲ့တာ

သူက ကားပါကင်ထဲဝင်၊ ဦးထုပ်ဆောင်းပြီး ဟာလေးကို စီးကာ  ထွက်လာခဲ့သည်။

“ လိုက်လာချင်တုန်းပဲလား”
သူက ပရိုဂရမ်အဖွဲ့ကို မေးသည်။

အပိုင္း ၄၂

ဒီေန႕ ေဟာ့ခ်န္းက အျပင္ေစာေစာ ထြက္သြားတယ္။ သူရဲ႕ ဆဌမအာ႐ုံအရ ၿပိဳင္ပြဲက ၾကမ္းတမ္းသထက္ ၾကမ္းတမ္းလာမယ္လို႔ ေျပာေနတယ္။ ေစာင့္ေန႐ုံနဲ႕ မလုံေလာက္ေတာ့ဘူး။ လူတိုင္းက လုပ္နိုင္စြမ္းအားေတြ ထုတ္ျပလာၾကေတာ့ အခ်ိန္က်လာတဲ့အခါ ထိန္းနိုင္ေတာ့မွာ မဟုတ္ဘူး

သူက ကုမၸဏီသို႔ ေရာက္သည္ႏွင့္ လက္ေထာက္ကို ေျပာလိုက္သည္။
“ ဘယ္သူက ဟင္းခ်က္အေတာ္ဆုံးလဲလို႔ လိုက္ေမးၿပီး ဒီေနရာကို လာခိုင္းလိုက္ပါ”

လက္ေထာက္က ေၾကာင္အသြားသည္။

“ ခ်က္တာလား”

ေဟာ့ခ်န္းက အင္းဟု ေျပာသည္။ထို႔ေနာက္ သူက ဆက္ေျပာသည္။
“ ထားလိုက္ေတာ့၊ စားေသာက္ဆိုင္တစ္ခုသာ ရွာလိုက္၊ စာဖိုမႉးကို ငါ ကိုယ္တိုင္ ေဆြးေႏြးမယ္။စားေသာက္ဆိုင္က အိမ္ခ်က္လက္ရာကို အသားေပးရမယ္၊ အရမ္း အဆင့္မျမင့္ရဘူး”

“ လူႀကီးမင္းေဟာ္က ဟင္းခ်က္သင္ခ်င္တာလား”

ရသစုံရွိုးအတြက္ေလ…

…..

လူတိုင္းက ထြက္သြားၾကၿပီျဖစ္သည္။ ယန္က်စ္က မေန႕က ေပးထားေသာ ကတိကို တည္သည္။သူက က်ိဳင္ရွင္းခ်န္ႏွင့္ ဝမ္ေနာ့ကို ကားေပၚ တက္ေစသည္။

ဝမ္ေနာ့အေနႏွင့္ ယန္က်စ္၏ ကားကို ပထမဦးဆုံးအႀကိမ္ စီးဖူးျခင္းျဖစ္သျဖင့္ အနည္းငယ္ လန႔္ေနမိသည္။ထိုေၾကာင့္ အေနာက္တြင္သာဝင္ထိုင္လိုက္သည္။ က်ိဳင္ရွင္းခ်န္က ယန္က်စ္၏ ေဘးခုံတြင္ ထိုင္သည္။

“ ေကာက ကားထဲက ေရေမႊးကို ေျပာင္းသုံးထားတာလား”
က်ိဳင္ရွင္းခ်န္က ေမးသည္။

ယန္က်စ္က အင္းဟု ေျဖသည္။

ဒီေရေမႊးအနံ႕က ေတာ္ေတာ္ေကာင္းတယ္။ စစခ်င္းေတာ့ သစ္သားနံ႕သင္းသင္းေလးရၿပီး ေနာက္ပိုင္းမွာ ေဆးနံ႕ခ်ိဳခ်ိဳေလးအျဖစ္ ေျပာင္းသြားတယ္။

မူရင္းဇာတ္ေၾကာင္းအရ ဒါက ယန္က်စ္ႀကိဳက္တဲ့ “ LOEWE after the morning”ျဖစ္ရမယ္။

တခ်က္ၾကည့္႐ုံနဲ႕တင္ ဒီေရေမႊးက ထန္မိသားစုကဆိုတာ သိသာေနတာပဲ
“After the morning” က ေအးစက္ေသာ မီးခိုးေရာင္ႏွင့္ အနက္ေရာင္…. ရိုးရွင္းၿပီး ေလးေထာင့္ပုံစံရွိတယ္။ ေဆာင္ပုဒ္ကေတာ့ [အာ႐ုံတက္တဲ့အထိ ရစ္ဝဲဆြဲၿငိေနဦးမယ္]တဲ့( အာ ဒါက မွားေကာင္းမွားေလာက္တယ္ေနာ ္ေသခ်ာ မဖတ္တတ္လို႔ အဂၤလိပ္လိုကလည္း ေသခ်ာ မသိလို႔ရယ္)

က်ိဳင္ရွင္းခ်န္ကေတာ့ ဒါက အေရးႀကီးတဲ့ အခ်က္ျပမႈလို႔ထင္တယ္။ ပုံမွန္ယန္က်စ္က အၿမဲတေစ လူႀကီးလူေကာင္းပုံစံျပဳမူတတ္တယ္ေလ။ သူရဲ႕ကိုယ္ေပၚက ေရေမႊးနံ႕ကေတာင္ Bvlgari အျပာဆိုတဲ့ သန႔္ရွင္းၿပီး လန္းဆန္းတဲ့ အနံ႕မ်ိဳး… ၿခိမ္းေျခာက္နိုင္တဲ့ ဘာခံစားခ်က္မွ မပါဘူး

ဒါကို အခု အနံ႕ရတာနဲ႕ ခ်က္ခ်င္း အိပ္ယာထဲ လိုက္ခ်င္ေစတဲ့ ေရေမႊးကို ေျပာင္းလိုက္တယ္ဆိုေတာ့….ဒီအနံ႕ကေနတဆင့္ ယန္က်စ္ကိုေတာင္စပိုင္လုပ္လို႔ ရေလာက္တယ္

မုန္တိုင္းကေတာ့ တိုက္ေတာ့မယ္

အကြာအေဝးအရဆိုလ်င္ က်ဳံးဝူက စံအိမ္ႏွင့္ပိုနီးသည္။သို႔ေသာ္ ဝမ္ေနာ့ကို ဂ႐ုစိုက္ေပးခ်င္သျဖင့္ အလ်င္ ပို႔ခိုင္းလိုက္သည္။

“ ဝမ္ေနာ့ကို အရင္ပို႔လိုက္ပါ၊ ကြၽန္ေတာ္က အလ်င္မလိုပါဘူး”

ယန္က်စ္ကလည္း ဝမ္ေနာ့ အလုပ္လုပ္သည့္ ဆိုင္သို႔ လိုက္ပို႔သည္။

ဝမ္ေနာ့ႏွင့္သူငယ္ခ်င္းမ်ား ဖြင့္ထားသည့္ ကိတ္ဆိုင္က ရပ္ကြက္ေဟာင္းတစ္ခုတြင္ ရွိသည္။ အဓိကလမ္းႏွင့္ မီတာတစ္ရာေက်ာ ္ေဝးေသာေၾကာင့္ တည္ေနရာက သိပ္မေကာင္းေခ်။ လာေသာ ဧည့္သည္အမ်ားစုကလည္း ရပ္ကြက္အနီးအနားမွ လူေဟာင္းမ်ား ျဖစ္ၾကသည္။ သို႔ေသာ္ အနီေရာင္ နံရံႏွင့္ အနက္ေရာင္တိုင္မ်ားရွိေသာ အိမ္ပုံစံက ၁၉၄၀ႏွင့္ ၁၉၅၀ စတိုင္မ်ိဳးျဖစ္ေနသည္။ထိုေၾကာင့္ နာမည္သာ ႀကီးသြားမည္ဆိုလ်င ္အင္တာနက္ ဆယ္လီမ်ားက စိတ္ဝင္စားေလာက္သည္

“ ဒီေနရာကို ေရာက္ေနမွေတာ့ ဝင္ၾကည့္လိုက္ရေအာင္”
က်ိဳင္ရွင္းခ်န္က ရယ္ကာ ေျပာသည္။

ယန္က်စ္ႏွင့္ က်ိဳင္ရွင္းခ်န္က ကားထဲက ထြက္လိုက္ၾကသည္။ က်ိဳင္ရွင္းခ်န္က ေခါင္းေမာ့ကာ ၾကည့္သည္။
“ ရီေနာ့ ခ်န္ရွင္း အခ်ိဳပြဲဆိုင္… ဝိုး နာမည္ကနားေထာင္ ေကာင္းလိုက္တာ”

“ ဆိုင္နာမည္နဲ႕ ပက္သတ္ၿပီး ကြၽန္ေတာ္တို႔ အမ်ားႀကီး ႀကိဳးစားခဲ့ရတာ။ အခ်ိန္အေတာ္ၾကာတဲ့အထိ ဘာေပးရမွန္း မသိခဲ့ဘူး။ေနာက္ေတာ့ တစ္ေယာက္ဆီက နာမည္ေတြ ယူၿပီး ေပးလိုက္တာပဲ။ သူ႕နာမည္က က်င္းခ်န္ေလ”

အၿမဲတေစ သိုသိုသိပ္သိပ္ေနတတ္သည့္ယန္က်စ္ကပင္ ရယ္သည္။
“ နာမည္ေကာင္းပဲ”

“ မခ်မ္းသာဖို႔ေတာင္ မျဖစ္နိုင္ေလာက္ဘူး”
က်ိဳင္ရွင္းခ်န္ကလည္း ရယ္သည္။

သူတို႔ႏွစ္ေယာက္က ဆိုင္ထဲဝင္လိုက္ၾကသည္။က်ိဳင္ရွင္းခ်န္က ဆိုင္ထဲမွ ကိတ္ေလးတစ္ခု ဝယ္သည္။

“ ေန႕လည္စာအတြက္ သိမ္းထားရမယ္”

ဝမ္ေနာ့က ခံစားသြားရသည္။

ကင္မရာထဲ ပါသြားသည့္အခါ သူတို႔၏ ဆိုင္ကို လူသိမ်ားလာနိုင္သည္။ထို႔အျပင္ ဆိုင္နာမည္ကိုလည္း ေသခ်ာ ေျပာျဖစ္ၿပီး ရိုက္ျပလိုက္သည့္အခါ ဧည့္သည္အသစ္မ်ားစြာကို ဆြဲေဆာင္နိုင္ေလာက္သည္။

သူက ရွစ္ေယာက္ထဲတြင္ အနိမ့္က်ဆဳံးျဖစ္ေနသျဖင့္ သူ၏ ဆိုင္အေၾကာင္းႏွင့္ ပက္သတ္သည့္ အခန္းမ်ားအ ျဖတ္ခံရမည့္အေရးကို စိုးရိမ္ခဲ့ရသည္။

ယခုဆိုလ်င္ က်ိဳင္ရွင္းခ်န္ႏွင့္ ယန္က်စ္က ရွိေနၿပီး အခ်ိန္အတန္ၾကာ ေနသြားသျဖင့္ တည္းျဖတ္သည့္အခါ အခန္းအနည္းငယ္ေတာ့ျဖင့္ ပါသြားေလာက္သည္။ က်ိဳင္ရွင္းခ်န္က ဂ႐ုစိုက္တတ္လြန္းေၾကာင္း ပို၍ နားလည္သြားသည္။

က်ိဳင္ရွင္းခ်န္( က်ိဳင္ၾကယ္စင္) မဟုတ္ဘဲ က်ိဳင္ေနမင္းပဲ….

သူနဲ႕ နီးကပ္သြားတာနဲ႕ ေႏြးေထြးမႈကို ခံစားရလိမ့္မယ္
သူရဲ႕ႏွလုံးသားထဲမွာ က်ိဳင္ရွင္းခ်န္ကို တစ္မွတ္ ထပ္ေပးလိုက္ၿပီ

ရီေနာ့ခ်န္က်င္း အခ်ိဳပြဲဆိုင္မွ ထြက္လာၿပီးေနာက္ ယန္က်စ္က က်ိဳင္ရွင္းခ်န္ကို ေက်ာင္းလိုက္ပို႔သည္။

ဒီေန႕ ယန္က်စ္က ေတာ္ေတာ္ေလး တိတ္ေနတယ္။ သူက ေခ်ာၿမဲေခ်ာဆဲ ေတာက္ပၿမဲ ေတာက္ပဆဲဆိုေပမယ့္လည္း အရွိန္အဝါအရ ညိုးငယ္သလို ျဖစ္ေနတယ္။

ေက်ာင္းသို႔ ေရာက္ေသာအခါ က်ိဳင္ရွင္းခ်န္က ေျပာသည္။
“ ေကာ ဒီေန႕ ကြၽန္ေတာ့္ကို လာႀကိဳဖို႔ မလိုေတာ့ဘူး”

ယန္က်စ္က အင္းဟု ေျပာၿပီး ကားအျပင္သို႔ ထြက္သည္။က်ိဳင္ရွင္းခ်န္ကိုလည္း အျပင္တြင္ စကားဆက္ေျပာရန္ အမူအယာ ျပသည္။

က်ိဳင္ရွင္းခ်န္က ကားထဲမွ ကင္မရာကို ၾကည့္လိုက္ၿပီး အျပင္သို႔ ထြက္လိုက္သည္။ သူက စိတ္လႈပ္ရွားေနသည္။

ေသခ်ာစြာပင္ အျပင္သို႔ ေရာက္သည္ႏွင့္ယန္က်စ္က ေမးလာသည္။
“ ဟူရင္း မဟုတ္လား”

လ်ိဳ႕ဝွက္ခ်က္ေသးေသးေလး ေပၚသြားသလိုပုံစံမ်ိဳးႏွင့္ က်ိဳင္ရွင္းခ်န္က ရွက္႐ြံ႕စြာ ေခါင္းညိတ္သည္။
“ အင္း”

ယန္က်စ္က သူ၏ႏႈတ္ခမ္းပါးကို မဲ့ၿပီး အခ်ိန္တစ္ခုၾကာ တိတ္ဆိတ္သြားသည္။
“ ဟူရင္းက အရမ္းေကာင္းပါတယ္။ ဒါေပမဲ့…. မင္းက လူမႈအသိုင္းအဝိုင္းရဲ႕ အျပင္ဘက္ကို တစ္ခါမွ ေရာက္ဖူးေသးတာ မဟုတ္ဘူး။ မင္း ခ်စ္ဖူးေသးရဲ႕လား… မင္းက ရိုးရွင္းလြန္းတယ္။ ဒီေတာ့ မင္း မသိေသးတဲ့ ကိစၥေတြ အမ်ားႀကီးရွိတယ္”

က်ိဳင္ရွင္းခ်န္လည္းယန္က်စ္က သူ႕အတြက္ ေျပာေပးလာမည္ဟု မထင္ထားခဲ့ေခ်။ သူ၏ အမူအယာကလည္း ေလးနက္သြားသည္။

ယန္က်စ္၏ အမူအယာက အမ်ားႀကီး ႏူးညံ့သြားသည္။
“ဒါက လ်န္က်ဳံးေလ။ အခ်ိဳ႕ဧည့္သည္ေတြက ပါဝင္လာတာက ခ်စ္ကြၽမ္းဝင္ဖို႔ျဖစ္နိုင္ေပမဲ့အခ်ိဳ႕ကေတာ့ မဟုတ္ဘူး။ နာမည္ႀကီးဖို႔နဲ႕ အျခားအေၾကာင္းတစ္ခုခုေၾကာင့္ေပါ့။ဟူရင္းဆိုရင္ မီဒီယာနဲ႕ ထိေတြ႕ေနရတဲ့လူ။ သူ႕လိုလူက ဒီေနရာမွာ ပါဝင္လာတာက ခ်စ္ႀကိဳက္ဖို႔ဆိုတာ ခက္ခဲတယ္။႐ူးမိုက္ၿပီး မင္းရဲ႕ႏွလုံးသားကို အေစာႀကီး မေပးလိုက္မိေစနဲ႕ ေျဖးေျဖးခ်င္း ေလ့လာရွာေဖြၾကည့္ပါ”

က်ိဳင္ရွင္းခ်န္က ယန္က်စ္ကို လႈံ႕ေဆာ္ၿပီး သဝန္တိုေစလိုျခင္းျဖစ္သည္။သို႔ေသာ္ မေမ်ာ္လင့္ထားသည္မွာ သူ႕အား ထိုသို႔ေသာ စကားမ်ားကို လာ၍ေျပာျပေနျခင္းျဖစ္သည္။

သူနဲ႕ ဟူရင္းကို သဝန္မတိုဘဲနဲ႕ သူက  ရိုးရွင္းလြန္းလို႔ ခံစားသြားရမွာကိုေတာင္ စိုးရိမ္ေပးေနေသးတယ္

ယန္က်စ္က ရိုးသားလြန္းၿပီး တစ္ကိုယ္ေကာင္းဆန္းစိတ ္ကင္းမဲ့ေသာ သူျဖစ္ေၾကာင္း သိလိုက္ရသည္။

က်ိဳင္ရွင္းခ်န္ကလည္း ဆက္ၿပီး သ႐ုပ္ေဆာင္ရန္ ရွက္သြားသျဖင့္ ေခါင္းညိတ္လိုက္သည္။
“ ကြၽန္ေတာ္ နားလည္ပါတယ္”
တစ္ေန႕လုံး စိတ္ဓာတ္က်ေနခဲ့ၿပီးေနာက္ ယန္က်စ္က ယာယီအားျဖင့္ စိတ္ျပန္ေအးသြားသည္။

သူ႕လိုလူက မက္မြန္ပန္းေတြပြင့္တာျမင္တဲ့အခါ ကံေကာင္းေတာ့မယ္လို႔ ေတြးတဲ့လူမ်ိဳး။ သူက လူခ်မ္းသာ ဒုတိယမ်ိဳးဆက္ေတြၾကားက နာမည္ႀကီး အင္တာနက္ ဆယ္လီတစ္ေယာက္။သူတကယ္ ခ်စ္သြားနိုင္မလား သူ႕အေၾကာင္း ေဖာ္မိသြားမလားဆိုတာက တကယ္ ေျပာရခက္တယ္

သူက က်ိဳင္ရွင္းခ်န္ကို မရနိုင္ရင္ေတာင္ က်ိဳင္ရွင္းခ်န္ကို ရသြားတဲ့လူက က်ိဳင္ရွင္းခ်န္ကို အေလးအနက္ထား ျမတ္နိုးေပးတဲ့လူပဲ ျဖစ္ေစခ်င္တယ္။

ငါ သူ႕ကို ခ်စ္လိုု႔ … ဘာလို႔လဲဆိုရင္ သူ႕ကို ခ်စ္ေနလို႔…. အျခားအေၾကာင္းျပခ်က္ေတြေၾကာင့္ မဟုတ္ဘူး

အသိုင္းအဝိုင္းႀကီးတဲ့လူေတြက တစ္ကိုယ္ေကာင္းဆန္တတ္ၾကတယ္

“ ဒီရွိုးက စကာစပါ။ မင္း အလ်င္လိုစရာမလိုဘူး။လူတိုင္းကို ေျဖးေျဖးခ်င္း ေစာင့္ၾကည့္ေန၊ဒါပဲ ကိုယ ္သြားေတာ့မယ္”

က်ိဳင္ရွင္းခ်န္က ေရွ႕သို႔ ႏွစ္လမ္းတိုးလိုက္သည္။သို႔ေသာ္ ႐ုတ္တရက္ဆိုသလို သူက ဧည့္သည္တစ္ေယာက္ကို ခပ္တင္းတင္း ဆက္ဆံလိုက္မိသလို ခံစားလိုက္ရသည္။

သူက ယန္က်စ္ကို ျပန္လွည့္ၾကည့္သည္။ယန္က်စ္ေက နေရာင္ေအာက္တြင္ ေတာက္ပေနသည္။သူ၏ မ်က္မွန္ကပင္ အနီေရာင္ အလင္းျပန္ေနသည္။

ယန္က်စ္က မ်က္မွန္ေျပာင္းတပ္ထားတယ္။ အရင္မ်က္မွန္က ေနေရာင္ေအာက္မွာဆိုရင္ ေရခဲျပာေရာင္ အလင္းျပန္တာ….

ယန္က်စ္က ဟူရင္းကို ေတာ္ေတာ္ေလး အထင္လြဲေနတယ္

တကယ္ေတာ့ သူ႕အထင္ ဟူရင္းကသာ ဒီရွစ္ေယာက္ထဲမွာ အခ်စ္မိခ်င္ဆုံးလို႔ထင္တယ္။
သူက အခ်စ္ေတြျပည့္ေနတဲ့လူေလ..
ဆိုလိုတာက ဟူရင္းက ယန္က်စ္ကို လိုက္တာကို ယန္က်စ္ကေတာ့ ဟူရင္းက သူကလူႀကိဳက္မ်ားေနလို႔ လိုက္ကပ္ေနတာ.. နာမည္ႀကီးခ်င္လို႔ လို႔ ထင္ေနတာေပါ့

ယန္က်စ္က အိမ္ျပန္သြားသည္။ သူ မႏွစ္က ဝယ္ထားသည့္ စံအိမ္ႀကီးက နန္ခ်န္းတြင္ရွိသည္။ ဒါက သူရဲ႕ Harley-Davidsonအတြက္ျဖစ္သည္။

သူက ဟာေလး ယဥ္ေက်းမႈ၏ ပရိတ္သတ္ျဖစ္ၿပီးတစ္သန္းေက်ာ္ေသာ ေမာ္ေတာ္ဆိုင္ကယ္အမ်ားအျပားလည္း ဝယ္ထားေသးသည္။သူက ေမာ္ေတာ္ဆိုင္ကယ္စီးတယ္။ ဂိမ္းေဆာ့တယ္။အဓိကကေတာ့ သူရဲ႕ စိတ္ဆႏၵေတြကို အျမင့္ဆုံးအထိ ျမင့္ခ်င္လို႔ပဲ။ သူက ၁၆ႏွစ္ထဲက ဟာေလးကို စြဲလန္းခဲ့တာ

သူက ကားပါကင္ထဲဝင္၊ ဦးထုပ္ေဆာင္းၿပီး ဟာေလးကို စီးကာ  ထြက္လာခဲ့သည္။

“ လိုက္လာခ်င္တုန္းပဲလား”
သူက ပရိုဂရမ္အဖြဲ႕ကို ေမးသည္။

Continue Reading

You'll Also Like

255K 16.7K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
396K 8.9K 81
NOT MINE ORIGINAL TITLE: 豪门生活观察日志 AUTHOR: 十六月西瓜 In the third year of wearing the book, Su Wan became popular. The reason was that she and her wealthy...
15.2K 551 37
"Who do you think you are to tell me what I am capable of?" Somin raised her voice in annoyance. "Do you think I actually have time to comment on you...
406 108 11
Elizabeth is your cliche meme collecting, stay home nigerian teen who has an unhealthy obsession with hair accessories. She didn't expect her life t...