စွယ်စုံကျမ်း အရှင်သခင် - A Va...

By Azure5549

54.3K 4K 21

စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြ... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151- 155
156 - 160
161 - 165
166 - 170
171 - 175
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925

176 - 180

290 26 0
By Azure5549

A Valiant Life 176
အပိုင်း  ( ၁၇၆ )   သေတဲ့ အထိတိုက်ခိုက်မယ်

ဘာသာပြန် = စနိုးဝှိုက်

ပရိတ်သတ် တွေ အကုန်လုံးဟာ အံ့သြသွားကြပါပြီ။

မာစတာ လင်းက ဘာလုပ်ဖို့ ကြံစည်နေတာလဲ..သူရူးများ ရူးသွားတာလား...

ကျောက်ကျန်းယန်ဟာ  ဝိုက်ဘိုက ပိုစ့်ကိုမြင်ပြီး ပြောလိုက်တယ်။

"မာစတာ လင်းက တကယ်ကြမ်းတမ်းတာပဲ"

ဝူယူလန် လဲ လင်းဖန် ရေးထားတာကို ဖတ်ပြီး ရယ်မောလိုက်ပါတယ်။ဒီတစ်ကြိမ်မှာလည်း ပျော် တတ်တဲ့လူတွေဟာ မာစတာ လင်းဖက်က ရပ်တည်ကြဦးမှာပါ။

ဝိုက်ဘိုပေါ်တွင်။

ဝမ်းနည်းနေတဲ့ မယ်လိုဒီ  :   666.....မာစတာ လင်းက သဘာဝကို တောင် ဆန့်ကျင်နိုင်တဲ့ ပါဝါတွေ ရှိနေပြီ ထင်တယ်.။

ကျို့ရှိီယန်  :  မာစတာ လင်းက တကယ် ရယ်စရာကောင်းတာပဲ..ငါ့ရဲ့ အကြွေးဝယ်ကတ်ကို လိုချင်နေတာများလား"

ဆန်းပြားတဲ့ ခရမ်းရောင်ဝိုင်  :  လေးစားပါတယ် မာစတာ လင်းရေ။

...

လင်းဖန် သူတို့ကို ဖျက်ဆီးဖို့ နည်းလမ်းကောင်းကို မသုံးနေချင်တော့ပါဘူး။ထပ်ပြောရရင် သူ့မှာ သက်သေအထောက်အထားတွေ မရှိပေမယ့် လည်း ဒီလူတွေက လူ့တိရစ္ဆာန်တွေ ဆိုတာ သူသေချာပါတယ်။

သူလုံးဝ ဒီတိုင်း လွှတ်မပေးလိုက်ချင်ပါဘူး။

အစက တော့ သူအကုန်လုံးကို သူ့ပိုစ်ကို ပြန်တင်ခိုင်းခဲ့ ပေမယ့် လည်း အခုတော့ လုပ်လို့ မရတော့ပေ။

ငါသာ နင်တို့နဲ့ သေအောင် မတိုက်ခိုက်နိုင်ရင်..ငါ့မျိုးရိုးနာမည်က လင်း မဟုတ်တော့ဘူး။

ကျောင်းလီ နဲ့ ချန်ဂျန် တို့ကတော့ လုံးဝ စိတ်မပူကြပေ..ဒီကိစ္စက ဒီမှာတင် ပြီးဆုံးသွားခဲ့ပါပြီ။

သို့ပေမယ့် သူတို့ ဝိုက်ဘိုပေါ်က ပို့စ်ကို မြင်တဲ့ အချိန်မှာ ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။

ဒီအကောင်က ဘယ်လိုဟာလဲ....

အခြေအနေတွေက ထိန်းချုပ်လို့ မရဖြစ်နေပြီး ဒီအကောင်က သူတို့ကို ဆက်တိုက် ကျိန်ဆဲနေပါတယ်။ဒီမာစတာ လင်းက တစ်ခုခုတော့ တစ်ခုခုပါပဲ။

ဦးနှောက်လွှတ်နေတာ များလား...

ကျောင်းလီ :  ကျေးဇူးပြုပြီး မာစတာ လင်း ဝိုက်ဘိုပေါ်က ပို့စ်ကို  ဖျက်ပေးလို့ ရမလား..မဟုတ်ရင် တကယ် တရားစွဲတော့မှာနော်"

သူဒီလို လူနဲ့ တကယ်ရန်ထပ်မဖြစ်ချင်တော့ပါဘူး။ထပ်ပြောရရင် ဒီလို အခြေအနေကြောင့်လည်း မူလ အရင်းအမြစ်ဟာ ဖုံးကွယ်နေခဲ့ပြီး..အထောက်အထားလည်း မရှိပြန်တဲ့ အတွက် သူ့ကို တိုက်ခိုက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အရာပါ။

မာစတာ လင်းက ခွေးရူးလို ကိုက်ပြီး မလွှတ်တော့ပေမယ့်လည်း သူတို့ လုံးဝ မကြောက်တော့ပေ။

လင်းဖန်ကတော့ သူ့စိတ်ထဲမှာ ဒီလူတွေကို သင်ခန်းစာ ပေးချင်နေတာပဲ ရှိပါတယ်။

သူကျောင်းလီရဲ့ စာကို မြင်တာနဲ့ ပြန်ပြောလိုက်တယ်။

"@ ကျောင်းလီ  @ ချန်ဂျန်  ငါ့ကို ကျက်သရေလာလာတုန်းနေတဲ့ နှစ်ကောင်..မင်းတို့ကတော့ ငါ့အတွက်သေလူပဲ။တရားစွဲချင်ရင် စွဲလိုက်..ငါစောင့်နေမယ် မဟုတ်ရင်တော့ မင်းတို့က အရှုံးသမားတွေပဲ.."

"မာစတာ လင်းက သူတို့နှစ်ယောက်ကို အရှက်ခွဲနေတာပဲ"

"မာစတာ လင်းရေ လေးစားပါတယ်..ဒါပေမယ့် တစ်ခြားစိတ်တော့ မရှိဘူးနော်"

"ဟုတ်တယ်..မတော်တဆ မူက အဖြေထွက်ပြီးသွားပြီလေ..မာစတာ လင်း ဒီလိုလုပ်နေလည်း အပိုပဲ"

"ဟေး..ဒါက အကျိုးမရှိဘူးဆိုရင်တောင် ငါကတော့ ထောက်ခံပေးဦးမယ်ကွာ"

...

သူဒီလို လုပ်နေတာ တွေဟာ ဒီနှစ်ယောက်ကို ဘာမှ မဖြစ်စေဘူးဆိုတာ လင်းဖန် သိပါတယ်။သို့ပေမယ့် သူ အခုလို လုပ်နေတာက ဒေါသထွက်လွန်းလို့ပါ။

ကြယ်အလင်းကျောင်း။

ကျောင်းလီ ဟာ ဒေါသထွက်နေခဲ့ပါတယ်..မာစတာ လင်းဆိုတာ ဘယ်ကကောင်လဲ သူသိတောင် မသိပါဘူး။

သို့ပေမယ့် ဒီကောင်က ခွေးရူးတစ်ကောင်လိုပဲ လုံးဝ လွှတ်ပေးမယ့်ပုံ မရှိပေ။

သူဖုန်းခေါ်လိုက်တယ်။

"မာစတာ လင်းရဲ့ ဝိုက်ဘိုက ကျုပ်နဲ့ ချန်ဂျန်ကို ဆဲဆိုနေတယ်..ခင်ဗျား ဘန်းပေးမယ်လို့  မျှော်လင့်ပါတယ်"

"ပရော်ဖက်ဆာ ကျောင်း..ကျွန်တော် တို့ ဝိုက်ဘိုက လွတ်လပ်စွာပြောဆိုခွင့် ပေးထားတယ်လေ..သူဒီလို ပြောနေတာနဲ့ သူ့ကို သွားဘန်းလို့ မဖြစ်နိုင်ဘူး..တကယ်လို့ အဲဒါကို မကျေနပ်ရင် ခင်ဗျား တရားစွဲလို့ပဲ ရမယ်"

ကျောင်းလီ  :  ..........

ချန်ဂျန်ဟာ ပြောလိုက်တယ်။

"နင် ဝိုက်ဘို ပေါ်က ကိစ္စကို ထည့်တွက်မနေနဲ့တော့ ..ပြသနာက အဖြေထွက်ပြီးသွားပြီး ဝိုက်ဘိုကလည်း ဆွေးနွေးထားတဲ့ ပို့စ်တွေကို ဖယ်ရှားပြီးပြီလေ..သူ ဒီလိုလုပ်နေရင်တောင်  ဘာပြသနာ မှရှိနိုင်မှာ မဟုတ်ဘူး"

ကျောင်းလီဟာ မပျော်မရွှင်ပြောလိုက်တယ်။

"ဒါဆို နင်က သူ့ကို တရားမစွဲတော့ဘူးလား"

ချန်ဂျန်ဟာ ပြုံးလိုက်တယ်။

"အင်း ..ဒါပေမယ့် အခုမဟုတ်သေးဘူး။သူက အခုငါတို့ကို ဆဲဆိုရတာကို သဘောကျနေတာလေ .မဟုတ်ဘူးလား။ငါ အင်တာနက် ထရိုးတစ်ယောက်ကို သူ့ပို့ကို ပြန်တင်ပေးဖို့ စီစဥ်လိုက်မယ်။ဒါက လုံလောက်တဲ့ အထိကြီးသွားပြီ ဆိုမှ တရားစွဲကြတာပေါ့"

ကျောင်းလီဟာ သူ့ပေါင်ကို ရိုက်လိုက်ပြီး ယုတ်မာတဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်။

"အကြံကောင်းပဲ..သူဆက်ပြီး ပြစ်တင် ဆဲဆိုပါစေ"

....

ညအချိန်။

ဆိုင်လေးဟာ ပိတ်သွားပြီး ..လူတိုင်းဟာ ကူကယ်ရာ မဲ့နေခဲ့ပါတယ်။

အခုအခြေအနေက နှသ်ဖက်စလုံးဟာ ဆိုးရွားနေပြီး..ဒီကိစ္စကို ပြန်အဖော်ဖို့တောင် အခွင့်အ​ေ မရကြတော့ပါဘူး။

သူတို့ တံခါးပိတ်ခါနီး အချိန်မှာပဲ အကြီးအကဲ ခွေးနီကိုးလပ်ဟာ ဆိုင်ထဲကို ဖြည့်းညှင်းစွာ ဝင်လိုက်ပါတယ်။

လူလိမ် ထျန်ဟာ ပြောလိုက်တယ်။

"ဒေါသမထွက်နဲ့တော့..အကောင်းဆုံးကြိုးစားခဲ့ကြတာပဲ"

ဝူယူလန်ဟာလည်း ခေါင်းညိမ့်လိုက်တယ်..မာစတာ လင်းက ဒီလို လူမျိုးတွေကို ထိပ်တိုက်ရင်ဆိုင်ပေးတဲ့ လူကောင်း တစ်ယောက်ပါ။

လင်းဖန် ပြုံးလိုက်တယ်။

"ကျွန်တော် စိတ်မတိုပါဘူ..ဒီကိစ္စကို ဖြေရှင်းဖို့ အဖြေတစ်ခုတော့ ရှိမှာပါ။တရားမျှတမူက အိပ်ပျော်နေတာ ဖြစ်လိမ့်မယ်..စောင့်ကြည့်ကြရအောင်"

"ဟားဟား"

လူတိုင်းဟာ ရယ်မောလိုက်ပြီး လင်းဖန် ပြောတာနဲ့ သဘောတူလိုက်ကြတယ်။

လင်းဖန်ဟာ လက်ဝေ့ယမ်းလိုက်ပြီး..

"ကောင်းပြီ..ကျွန်တော် သွားတော့မယ်"

ဒါပေါ့ တရားမျှတမူက သူ့အလိုလို ရောက်မလာနိုင်ဘူး ဆိုတာ လင်းဖန် သိပြီးသားပါ..တစ်ယောက်ယောက်ကတော့  နောက်ကနေ တွန်းအားပေးမှ ရမှာပါ။

ဒါပေမဲ့ သူလည်း ဘယ်လို တွန်းအားပေးရမလဲ မသိထားပါဘူး ..လက်ရှိအခြေအနေက ကိုင်တွယ်ရခက်ခဲပါတယ်။

ကားထဲတွင်။
ဝမ်မင်ယန်ဟာ လင်းဖန်ကို ဖုန်းခေါ်လာခဲ့ပါတယ်။

လင်းဖန် ဖုန်းကိုင်တဲ့ အချိန်မှာ ဝမ်မင်ယန်ဟာ ရယ်မောလိုက်ပြီး...

"ငါတစ်နေ့လုံး ဝိုက်ဘိုကို စောင့်ကြည့်နေတာ..မင်းက တကယ်ကြမ်းတမ်းတာပဲ"

လင်းဖန် ပြုံးလိုက်တယ်။

"အဲလောက်လဲ မဟုတ်ပါဘူး..ကျုပ်သူတို့ကို ဆဲဆိုလို့ပဲ ရတယ်..သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

ဝမ်မင်ယန်ဟာ ပြောလိုက်တယ်။

"အရမ်းကြီးလည်း တာဝန်တစ်ခုလို မတွေး ထားပါနဲ့..မင်းလညိး အကောင်းဆုံးကြိုးစား ပေးပြီးသွားပြီလေ..ဒါက လက်ရှိ နိုင်ငံရဲ့ အသွားအလာပဲ။တသ်ခါတစ်လေမှာ.အင်အားမရှိရင် ဘာမှလုပ်လို့မရဘူး။ထပ်ပြောရရင် ကြယ်အလင်း​ကျောင်းကလည်း မရိုးရှင်းဘူး..သူတို့ကို ကြည့်ပေးနေတဲ့ အကြီးပိုင်းတွေ ရှိလိမ့်မယ်"

"ကောင်းပြီ သူတို့အကြောင်းတော့  မပြောပါနဲ့တော့..အခု သက်သေ မရှိသေးပေမယ့်လည်း..နောက်ဆုံး ဘယ်လို အဆုံးသတ်မလဲ ဆိုတာ ပြောဖို့ ခက်ခဲသေးတယ်။သူတို့က အပြစ်ကင်းချင်ယောင် ဆောင်နေပေမယ့် သိုးရေခြုံတဲ့ ဝံပူလွေတွေပဲ..ရှုပ်ထွေးတာက အတော်ရှုပ်ထွေးတယ်"

လင်းဖန် ဆက်ပြောလိုက်တယ်။

"စိတ်မပူနဲ့ ကျုပ်သူတို့ ရဲ့ ကံကြမ္မာကို ဖတ်ပြီးသွားပြီး..သူတို့မှာ ဘာကောင်းတဲ့ အရာမှ မရှိဘူး"

ဝမ်မင်ယန်ဟာ အံ့သြသွားခဲ့တယ်

"မင်းသူတို့ရဲ့ ကံကြမ္မာကို ဖတ်နိုင်တာလား"

"ခင်ဗျား ဘယ်လိုထင်လို့လဲ..ကောင်းပြီ မပြောနဲ့တော့ ကျုပ်အခုကားမောင်းနေတာ"

"ကောင်းပြီလေ"

လင်းဖန်  အိမ်ကို ပြန်ရောက်တဲ့ အချိန်မှာ..TV ကို ဖွင့်လိုက်ပါတယ်။

သူအနည်းငယ် ပင်ပန်းသလို ခံစားရတဲ့ အတွက် ရေချိုးလိုက်ပြီး  ဆိုဖာပေါ်မှာထိုင်ကာ TV ကြည့်လိုက်တယ်။

ချန်နယ် အသစ်။

"ဒီနေ့မှာတော့ ကောင်းကင် မြေခွေး အမည်ရှိ ဟတ်ကာတစ်ဦးကို  အချက်အလက်တွေ ခိုးယူမူနဲ့ ဖမ်းမိခဲ့ပါတယ်။ဒီနေ့ သတင်းတွေကတော့ အောက်ပါအတိုင်းပါ"

လင်းဖန် မျက်လုံးမှေးပြီး အိပ်ဖို့ လုပ်နေရာကနေ ဒီသတင်းကြောင့် အံ့သြသွားခဲ့ရပါတယ်။

ချီးပဲ ဟတ်ကာတွေက ဒီလောက်တောင် ကြောက်စရာ ကောင်းလို့လား...

သူ သတင်းကို သေချာကြည့်လိုက်ပေမယ့်လည်း နောက်ခံ အကြောင်းအရာကိုသေချာရှင်းမပြထားပါဘူး။သို့ပေမယ့် သူဖုန်းကတဆင့် အင်တာနက်မှာ ရှာလိုက်တဲ့ အချိန်မှာတော့ အကုန်သိလိုက်ရပါတယ်။

ဒီ ကောင်းကင် မြေခွေး က အတော်အံ့သြဖို့ ကောင်းတာပါ။သူက တစ်ခြားလူတွေရဲ့ သတင်းအချက်အလက်ကို ခိုးယူယုံတင်မကပဲ..သူဟာ ကင်မရာတွေကို ထိန်းချုပ်ပြီး .jနစ်နာသူတွေရဲ့ ပုံရိပ်ကို ဖမ်းယူဖို့ပါ ကြိုးစားခဲ့ပါတယ်။

သို့ပေမယ့် ဒီဟတ်ကာက တကယ် သနားဖို့ ကောင်းတာပါ။အွန်လိုင်းပေါ်က သတင်းအရတော့ .ဟတ်ကာဟာ သူချစ်တဲ့  မိန်းကလေး အိုင်ဒေါရဲ့ အကောင့်ကို ဟတ်ခဲ့ပါတယ်။

သူ ကင်မရာကို အသက်သွင်တဲ့ အချိန်မှာ မိန်းကလေး အိုင်ဒေါဟာ အဝတ်လဲ နေတာဖြစ်ပြီး..ရဲတွေရဲ့ ထောင်ချောက်တစ်ခုဖြစ်နေခဲ့တာပါ။

သူ့ကို  အင်တာနက် ရဲ့အရာရှိတွေ ခြေရာခံနေတာ သတိမထားမိပဲ ..သူ့ရဲ့ အိုင်ဒီကနေ တဆင့် အဖမ်းခံလိုက်ရပါတော့တယ်။

ဒါက ကောင်းကင် မြေခွေးဟာ ပရိုဟတ်ကာ တစ်ယောက် ဖြစ်ပေမယ့်လည်း..သူ့ကိုသူ မကာကွယ်နိုင်လိုက်ဘူး ဆိုတာ ပြသနေခဲ့ပါတယ်။

ဒါပေါ့ ဒါက ခန့်မှန်းယုံ သက်သက်ပါ ဘယ်သူမှ သေချာတဲ့ အခြေအနေကို မသိကြပါဘူး။

* ဖတ်  *

လင်းဖန် သူ့ပေါင်သူ ရိုက်လိုက်တယ် .သူ့မှာ စွယ်စုံကျမ်း ရှိပြီး အဲ့ထဲက ကျွမ်းကျင်မူတွေထဲမှာ ဟတ်ကာ နည်းပညာလည်း ပါဝင်ပါတယ်။

ယင်းနောက် သူ စွယ်စုံကျမ်းကနေ တဆင့် ဟတ် ကာ စာမျက်နှာကို ကြည့်လိုက်တဲ့ အချိန်မှာတော့ အံ့သြသွားခဲ့ပါပြီ။

စွယ်စုံ အမှတ်လိုအပ်ချက်က အတော်များတော့ သူလိုက်လို့ မမှီနိုင်ပါဘူး။

ဒီ ဟတ်ကာ ပေ့ချ် မှာ အကိုင်းအခွဲ တောင် မရှိပဲ မူရင်း စာမျက်နှာ တစ်ခုပဲ ရှိပါတယ်။

ဒီပေ့ချ်ကို ဖွင့်ဖို့ လိုအပ်တဲ့ စွယ်စုံအမှတ်အရေအတွက်က တစ်ထောင်ပါ။

အကူညီမဲ့ပြီ...

သို့ပေမယ့် ခနအကြာမှာ သူတွေးနေသလို မဟုတ်ဘူးဆိုတာ လင်းဖန် သတိထားမိလိုက်ပါတယ်။

စွယ်စုံကျမ်းက  လူသားဆန်မူ အနည်းငယ်တော့ ရှိပါသေးတယ်။

#

A Valiant Life 177
အပိုင်း  (  ၁၇၇ )  မင်းတို့ အကုန်လုံးက ငါ့မြေး
                          လေးတွေ အဆင့်ပဲ ရှိသေးတယ်

ဘာသာပြန်  =  စနိုးဝှိုက်

အင်တာနက် ဟတ်ကာ ပညာရပ်ကို ချေးငှားတာဟာ စွယ်စုံအမှတ် တစ်ရာကုန်ကျ စေမှာပါ။စွယ်စုံကျမ်းက  ဒီအတွက် စမ်းသပ်ချက် မပေးထားပါဘူး။

လင်းဖန် ဒီစာကြောင်းကို ဖတ်မိလိူက်တဲ့ အချိန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့တယ်။

အင်တာနက် ဟတ်ကာ ပညာရပ်ကို ချေးငှားပေးတယ် ဆိုတာက စွယ်စုံကျမ်းရဲ့ ကြင်နာမူတစ်ခုဖြစ်ပြီး ကန့်သတ်ချက်တွေ အများကြီး ပါဝင့်ပါတယ်။

စွယ်စုံ အမှတ် ၁၀၀ ဆိုတဲ့ ပမာဏက သူ့မှာ ရှိတဲ့ အမှတ်အကုန်နီးပါးပါပဲ..သူ့မှာ စုစုပေါင်းမှ ၁၁၈ မှတ်ပဲ ရှိတာပါ။

သူနဲ့ လားလားမှ မဆိုင်တဲ့ ကိစ္စတစ်ခုအတွက်နဲ့ စွယ်စုံအမှတ် ၁၀၀  တောင် ထုတ်သုံးလိုက်ဖို့ ထိုက်တန်ရဲ့လား...

တစ်ချို့ လူတွေဆိုရင် သူတို့ရဲ့ လက်တွေကို ခါပြီး သာသာယာယာ ထွက်သွားကြမှာပါ..ဘာလို့လဲ ဆိုတော့ ဒီကိစ္စက သူ့တို့နဲ့ ဘာမှ မဆိုင်ပါဘူး။

စကားပုံတွေထဲကအတိုင်း  ဓာတစ်ချောင်းက မင်းဗိုက်ကို  လာမထိုးသ၍  မင်းမပူ ဘာတစ်ခုမှ မပါပါဘူး။

သို့ပေမယ့် လင်းဖန် ရဲ့ အကျင့်က သူ့ရှေ့မှာ မမျှတ မူတွေ ဖြစ်နေပြီ ဆိုကတည်းက မျှတမူကို ဆောင်ယူပေးမှ နေသာထိုင်သာ ရှိတာပါ။

ဟတ်ကာ ပညာရပ်က  ဥပဒေကို  ချိုးဖောက်တယ် ဆိုပေမယ့်လည်း..သူ အခြေအနေ ကို ဖြေရှင်းဖို့ အသုံးပြုရပါဦးမယ်။

လင်းဖန် တွေဝေမနေတော့ပဲ စွယ်စုံအမှတ်တွေကို သုံးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်..စွယ်စုံအမှတ်တစ်ရာ က မိန်းကလေးကို တရားမျှတမူရှာဖွေပေးဖို့ တကယ်ထိုက်တန်ပါတယ်။

စွယ်စုံကျမ်း အမှတ်တွေက ပြန်ပြီးတော့.စုဆောင်းလို့ရပါတယ်.  ဒါပေမယ့် အခုကတော့ အမှန်တရားကို လုပ်ဆောင်ရမယ့် အချိန်ပါပဲ။

သူ အိမ်ကို ငှားတော့ အိမ်ပိုင်ရှင်က ဟောင်းနွမ်းနေတဲ့ ကွန်ပြူတာ တစ်လုံးကိုလည်း ထားပေးခဲ့ပြီး..ဒါက အနည်းငယ် ဒိတ်အောက်နေပေမယ့် လည်း သုံလို့ ရပါသေးတယ်။

လင်းဖန်ဟာ ကွန်ပြူတာ ရှေ့မှာ ထိုင်ပြီး စွယ်စုံအမှတ် ၁၀၀နဲ့ အပေးအယူ လုပ်လိုက်ပြီး..ကျောင်းလီ ..ချန်ဂျန် တို့ကို ဟတ်ဖို့ စိတ်ထဲက တွေးလိုက်ပါတယ်။

* ကလစ်  ကလစ်  *

လင်းဖန်ဟာ ကွန်ပြူတာ ရှေ့မှာ ထိုင်နေခဲ့တယ်..သူ ဟတ်ကာ နည်းစနစ်တွေ အကြောင်းဘာမှ မသိပေမယ့်လည်း သူ့လက်ချောင်းတွေကတော့ ကီးဘုတ်ပေါ်မှာ အလိုလို ရွှေ့နေခဲ့လို့ပါ။

စခရင် ပေါ်မှာ ပေါ်နေတဲ့ အရာတွေဟာ ပြောင်းလဲ နေပေမယ့်လည်း သူ တစ်လုံးမှ နားမလည်ခဲ့ပါဘူး။

အနည်းဆုံးတော့ စခရင် ပေါ်မှာ အဂ်လိပ် စာလုံးတွေ ရေးထားပါသေးတယ်..သို့ပေမယ့် လင်းဖန်ဟာ အဂ်လိပ်စာကို 3B အထိတောင်  မတက်ခဲ့တော့ ဘာမှ နားမလည်ခဲ့ပေ။

ဘာပဲ ဖြစ်ဖြစ် သူ့ကိုယ်သူတော့ ဂုဏ်ယူမိပါသေးတယ်။

စခရင်ပေါ်မှာတော့ တံခါးတွေ တစ်ခုပြီး တစ်ခု ဖြတ်သနိး ဝင်ရောက်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲ ကွန်ပြူတာ မှ ဆူညံ့သံ တစ်ချို့ကို ကြားလိုက်ရသည်။

ကြည့်ရတာ ကွန်ပြူတာဟာ အသုံးများသလို ဖြစ်နေပြီး..ဒီဆက်တိုက် အလုပ်လူပ်နေတဲ့..အချက်အလက်တွေကို လိုက်မမှီနိုင်မှာ လင်းဖန် စိုးရိမ်လိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ  မော်နီတာမှာ  အိမ်တစ်လုံးရဲ့ ပုံစံပေါ်လာခဲ့ပြီး..ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် စကားပြောနေတဲ့ အသံကို ကြားနေရတယ်။

သူတို့ပြောနေတဲ့ စကားတွေက ပုံမှန်အကြောင်းအရာတွေ ဖြစ်ပြီး ဘာမှ အရေးကြီး တာတွေ မပါပါဘူး။

လင်းဖန် အချိန်တစ်နာရီလောက် နားထောင် နေခဲ့ပေမယ့်လည်း ဘာမှ ထူးခြားတာ မတွေ့ရပေ။

ဒါကြောင့် သူ အိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူ ကွန်ပြူတာ နားမှာ တစ်ချိန်လုံးရှိ နေဖို့ မလိုပါဘူး။

သူ စွယ်စုံအမှတ် ၁၀၀ တောင် ကုန်ထားမှတော့ သူ့အလိုလို ပြန်ပြတဲ့ စနစ်တွေပါဝင်ပြီးသားပါ။

ဒီကိစ္စက ကောက်ရိုးပုံထဲ အပ်ပျောက်နေသလို ဖြစ်ပြီး..အပ် ပြန်တွေမှသာ ဒီပြသနာ ကဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

နောက်တစ်ရက်။
လင်းဖန်ဟာ မနက်အစောပြီး နိုးလာခဲ့တယ်။

စခရင်ကို သူကြည့်လိုက်တဲ့ အချိန်မှာ ဘာမှ မပေါ်ပေမယ့်လည်း..အသက်ရူသံတွေကို ကြားနေရပြီး.အသံဖမ်းနေခဲ့သလိုပါပဲ။

သူ အချိန်အတော်ကြာအောင် ပြန်ရစ်ကြည့်လိုက်ပေမယ့် လည်း ဘာမှ အသုံးဝင်တာ မတွေ့ရပါဘူး။ဒါကြောင့် သူဒီတိုင်း ထားခဲ့ပြီး ဆိုင်ကို သွားဖို့သာ တတ်နိုင်ပါတော့တယ်။

ရင်းနှီးမြုတ်နှံမူဟာ လက်ရှိ ရွှေ့လျားနေဆဲ ဖြစ်ပြီး အချိန်ဘယ်လောက်ထိ ကြာမလဲ ဆိုတာတော့ သူကိုယ်တိုင်လည်း မသိပါဘူး။

ဒီကြားထဲမှာ သူတစ်နေ့တစ်နေ့.. ဝိုက်ဘိုပေါ်မှာ ပို့စ်တင်ပြီး..ရန်စဖို့သာ တတ်နိုင်ပါတယ်။

တိမ်ဖြူလမ်း။

လင်းဖန် ဆိုင်ကို ရောက်ပြီးတဲ့ နောက်မှ လုပ်နေကြ အလုပ်ကို လုပ်ပြီး ပန်ကိတ် ဆယ်လုံးပြီးတဲ့အချိန်မှာတော့ အနားယူလိုက်ပါတယ်။

ကျောင်းလီ နဲ့ ချန်ဂျန်ဟာ ပို့စ်အနည်းငယ်ကို တင်ထားကြပေမယ့်လည်း..ဒါက သူတို့ ရဲ့အပြစ်တွေကို ကာကွယ်ပြီး ဖြူစင်ကြောင်းပြတဲ့ သာမန်ပို့စ်လေးတွေပါ။

လင်းဖန်ကို  အံ့သြသင့်စေတာက..ကျောင်းလီ နဲ့ချန်ဂျန် တို့ရဲ့ ပို့စ်တွေ  အောက်မှာတောင်..သူ
အရင်နေ့က တင်ထားတဲ့ ပို့စ်ကို ပြန်ပြီး တင်နေကြတာပါ။

တစ်ချိန်တည်း မှာပဲ မနေ့က လင်းဖန် ဆဲဆိုပြီး တင်ထားတဲ့ ပို့စ်ကို ရှဲလ် ကြတဲ့ လူတွေ အများကြီး ရှိပါတယ်။

ကြည့်ရတာ ဒီလူတွေက အုပ်စုလိုက်ဖြစ်ပြီး..တစ်ခုခု လုပ်ဖို့ ကြံစည်နေကြတဲ့ ပုံပါပဲ။သို့ပေမဲ့လင်းဖန်ဟာ သူတို့လုပ်ချင်တာကို လုပ်ခွင့်ပြုထားပြီး  ဂရုမစိုက်တော့ပေ။

လင်းဖန် ရဲ့အနားမှာတော့ အကြီးအကဲ ခွေး နီကိုးလပ်ဟာ အမူအရာမဲ့စွာ လှဲနေခဲ့ပါတယ်..သူ့ပုံစံက မသိရင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ လူလိုပါပဲ။

ဝူယူလန်ဟာ သူ့ဖုန်ကို ကြည့်နေရင်းကနေ အံ့သြသွားခဲ့ပြီး..

"မာစတာ လင်း..ဝိုက်ဘိုအကောင့်ကို တစ်ချက်ကြည့်လိုက်ဦး..ဒီမှာ ဆယ်လီတွေက.ပြစ်တင်ပြောဆိုနေကြပြီ"

လင်းဖန်ဟာ ဝူယူလန် ပြောတာကို သိပ်ဂရုမစိုက်ပဲ ဖုန်းကိုဖွင့်ကာ ဝိုက်ဘို အကောင့်ကို ကြည့်လိုက်တယ်။

လူအများကြီးဟာ သူ့ကို .ပြစ်တင်ပြောဆိုထားကြပေမယ့် လည်း..လင်းဖန် ဆယ်လီ တွေရဲ့ ပို့စ်ကိုသာ ရှာလိုက်ကြည့်လိုက်ပါတယ်။

သူသာ သေချာ ရှာမကြည့်ဘူးဆိုရင်  ဒါတွေ ရှိနေမှန်းတောင် သတိထားမိမှာမဟုတ်ပါဘူး။ဆယ်လီတွေ အများကြီးက သူ့ကို ဆွမ်းကြီး ဝိုင်းလောင်း ထားကြတာပါ။

ဒီဆယ်လီ တွေထဲမှာမှ ယန်ယွဲ့ချန် ..ရဲ့ ပို့စ်ဟာအတော် ဟော့ဖြစ်နေခဲ့ပြီး..သူမကိုယ်တိုင်ကလည်း..အောင်မြင်နေတဲ့  ပြဇာတ် မင်းသမီး တလက်ပါ။

သူမဟာ ပရိတ်သတ်တွေ အများကြီး ရှိပြီး....အတော်ကျော်ကြားလှပါတယ်။ဒါကြောင့် သူမရဲ့ ပို့စ်ဟာ ​လူတွေကြားထဲ ရောက်သွားတာ သိပ်တော့ မထူးဆန်းပါဘူး။

ယန်ယွဲ့ချန်  ::  ပရော်ဖက်ဆာ ချန်ဂျန် ဆိုတာက ကျွန်မလေးစားရတဲ့..ဆရာမ တစ်ယောက်ပါ။ကျွန်မဟာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက..အဲ့ကျောင်းက ဘွဲ့ရလာခဲ့တာပါ။သူမက ဒီလို နိမ့်ကျတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။သူမမှာ တပည့် တွေအပေါ်သေချာ သင်ကြားပေးနိုင်တဲ့ အရည်အချင်းတွေရှိပြီး..ကိုယ်ကျင့်သီလ တွေလည်း ရှိတဲ့ လူတစ်ယောက်ပါ။ကျွန်မ ရဲ့ နာမည်ကို ရင်းပြီး တော့ သူမရဲ့ ကိုယ်ကျင့်တရားကို ထောက်ခံရဲပါတယ်။တစ်ချိန်တည်းမှာပဲ မာစတာ လင်း ဆိုတဲ့ လူကို လည်း ပရော်ဖက်ဆာ ချန်ဂျန်ကို အသုံးပြုပြီး..လူစိတ်ဝင်စားခံ ချင်နေတာ ရပ်လိုက်ဖို့ ပြောချင်ပါတယ်။ကိုယ့်အရည်အချင်းနဲ့ ကိုယ်သာ ရပ်တည်ပါ။ဒါပေမဲ့ ရှင့်ရဲ့ ဝိုက်ဘိုကို ကြည့်ရတာတော့ ဗေဒင်ဟောစားတဲ့ ပုံပဲ..ဒါကို ကြည့်ကတည်းက ရှင်က ကိုယ်ကျိုးကိုပဲ ကြည့်တဲ့ လူဆိုတာ သိသာတယ်။ဒီနေ့လို သိပ္ပံခေတ်ကြီးမှာ ဘယ်သူမှ မယုံကြည်ကြတော့ဘူး။ရှင်ကိုယ့်နေရာကိုယ်သိပြီး..အင်တာနက် ကို ဆက်ပြီး အသုံးမချဖို့ ​မျှော်လင့်ပါတယ်"

"ပြောတာ ကောင်းတယ်..ငါလည်းအဲ့ကောင်ကို မကြိုက်တာ ကြာပြီ..နေရာတကာ ပါတဲ့ကောင်"

"အမှန်ပဲ အဲ့ကောင်က သက်သေမရှိပဲ ဘာတွေ ဖင်ယားနေတာလဲ..ဦးနှောက်လည်း ရှိမယ့်ပုံမပေါ်ဘူး။သူ့ကိုယ်သူ သိလိမ့်မယ်လို့ပဲ မျှော်လင့်မိတယ်"

"ဒီကောင်က ဘာကို ဗေဒင်ဆရာလဲ..အလကား အလိမ်အညာပဲ ဖြစ်မယ်။လူတိုင်းပဲ သူ့ရဲ့ အလိမ်အညာကို မခံရစေနဲ့..ငါကတော့ ပရော်ဖက်ဆာ ချန်ဂျန်ကို ယုံတယ်"

"ခွေးသားတွေ မင်းတို့ မာစတာ လင်းကို ဘာစကားပြောတာလဲ။သူက အမှန်တကယ် အရည်အချင်းရှိတဲ့ လူပဲ..မင်းတို့ အာချောင်နေသလို မဟုတ်ဘူး"

"အပေါ်ကကောင် အသုံးမကျတဲ့ ခွေး..အားလုံးပဲ သတိထားကြ"

ယန်ယွဲ့ချန် ပို့စ်တင်အပြီး မှာပဲ ဒေါသထွက်လွယ်တဲ့..လူတွေဟာ မှတ်ချက်တွေ ဝင်မန့်လိုက်ကြပါတယ်။

ကျောင်းချန်းယုက တော့ ဆယ်လီတွေထဲမှာ ဒေါသအထွက်ဆုံးလူတစ်ယောက်ပါပဲ။သူဟာ အောင်မြင်တဲ့ ဇာတ်ကား များစွာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား တစ်ယောက်ပါ။

ကျောင်းချန်းယု  :  အရင်တုန်းက ငါ့ရဲ့ ရလာဒ်တွေက မကောင်းပဲ..တစ်ယောက်ထဲ သီးသန့် နေတတ်တဲ့ လူတစ်ယောက်။ဒီလို အကျင့်နဲ့ ဆိုရင် ငါဒီလောက မှာ လုံးဝ တောင့်ခံနိုင်မှာမဟုတ်ဘူး။ဒါပေမယ့် ဆရာ ကျောင်းက ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲ ပေးခဲ့တယ်..ပြီးတော့ ငါ့ကို လည်း   လူတွေနဲ့ ပေါင်းသင်း တတ်အောင် အများကြီး ကူညီ ပေးခဲ့သေးတယ်။ဆရာကျောင်းက တကယ့် လူကောင်းတစ်ယောက်ပဲ။ကျေးဇူးပြုပြီး သူ့ရဲ့ ဂုဏ်သရေကို မဖျက်စီးကြပါနဲ့။မာစတာ လင်း ဆိုတဲ့ လူအတွက်ကတော့..ကျွန်တော် ပရိတ်သတ်နဲ့ အင်တာနက် သုံးစွဲသူတွေကို  ဘွိုင်းကော့  လုပ်ကြဖို့.တိုက်တွန်းပြီး သူ့ကို အပြစ်ပေးကြစေချင်ပါတယ်"

"သဘောတူတယ်"

"ငါလည်း မင်းပြောတာကို  ထောက်ခံတယ်"

"ငါအခုပဲ အဲ့ကောာင်ကို သွားဆဲတော့မယ်"

.....

လင်းဖန် ရဲ့ အောင်မြင်မူနှုန်း နဲ့ ပရိတ်သတ် အင်အားက ဆယ်လီ တွေနဲ့ ယှဥ်ရင် နိမ့်ကျနေပါသေးတယ်။သူ သွားယှဥ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး..အခုတော့ သူတို့ ပရိတ်သတ်တွေရဲ့ တိုက်ခိုက် မူကို ခံနေကြရပါပြီ။

လင်းဖန်ကို အရင်တုန်းက အားပေးနေကြတဲ့ လူတစ်ချို့ကတောင်..အခု တစ်ခြားလူတွေနဲ့ ပေါင်းပြီး သူ့ကို အပြစ်တင်နေကြပါတယ်။

"ပြီးခဲ့တဲ့ ညကို တွေးရရင် ငါမာစတာ လင်းရဲ့ အလိမ်အညာကို  ခံခဲ့ရသလိုပဲ။ပြီးတော့  ခံခဲ့ရတဲ့ ကောင်မလေး တွေနဲ့လည်း..ဘယ်သူမှ သေချာ သိကြတာမဟုတ်ဘူး။သူက ဒီပြသနာကို အခြေခံပြီး  တစ်ခုခု လုပ်ချင်နေတဲ့ ပုံပဲ။တစ်ခြားလူတွေ အလိမ်မခံရဖို့ ငါမျှော်လင့်တယ်"

"ဒီခွေးသားကို ဘလော့ထားကြ"

"ဟီးဟီး..မာစတာ လင်း ဘာတွေ လုပ်ထားလဲ တောင် မသိရသေးဘူး ..ငါက ဘာလို့ ဘလော့ရမှာလဲ .."

"ဖော်လိုဖြုတ်ထားကြ..အမှန်တရားက ပေါ်လာပြီး သွားပြီလေ..သူက ဘာတွေထပ်ဖြစ်ချင်နေတာလဲ။တစ်ခြားလူတွေကို အလကားပတ်ဆဲနေတယ်"

"ငါကတော့ မာစတာ လင်းကို ထောက်ခံတယ်"

"အပေါ်ကစောက်ပေါ..ကိုယ့်သေတွင်းကို တူးချင်နေတာလား"

........

လင်းဖန် ဒီစကားတွေကို နှလုံးသားထဲကနေ..ခံစားမနေတော့ပါဘူး။သူ ဝိုက်ဘို ပို့စ်တွေသာ ထပ်တင်ပေးလိုက်ပါတယ်။

လင်းဖန်  :  @ ကျောင်းလီ  @  ယန်ယွဲ့ချန်  @ ချန်ဂျန်  @  ကျောင်းချန်းယု။ မအိန်လုံး တစ်သိုက် မင်းတို့ ခွေးတွေနဲ့ ငါ့ကို လာမကိုက်ခိုင်းနဲ့.."

ဝူယူလန် ဟာခေါင်းကို မော့ပြီး မာစတာ လင်းကို ကြည့်လိုက်တယ်။

"မာစတာ လင်း.. အကုန်လုံးနဲ့ စစ်ပွဲ ဖြစ် ချင်နေတာလား.."

လင်းဖန် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ရယ်မောလိုက်တယ်။

ယန်ယွဲ့ချန်..ကျောက်ချန်းယု နဲ့ တခြား လူတွေဟာ ဒါကို မြင်တဲ့ အချိန်မှာတော့ ဒေါသထွက်သွားကြပြီး  တရားစွဲမယ်လို့ အသီးသီး ပို့စ်တွေ တင်ကာ ပြောလာခဲ့ကြပါတယ်။

လင်းဖန်  :   ငါ့ကို တရားစွဲချင်တာလား..မင်းတို့တွေ အကုန်လုံးက ငါ့မြေးလေးတွေ အဆင့်ပဲ ရှိပါသေးတယ်ကွာ။

ယန်ယွဲ့ချန်  :  .......

ကျောက်ချန်းယု : .......

မြို့သားများ  :   ........

#

မင်မင်  ဒီရက်ပိုင်း  ဥပုသ်စောင့်နေလို့ page မှာ ပိုစ့်တင်တာ မမှန်ဖြစ်နေတာပါရှင့်...🙏🙏🙏

Like  200  ရရင် နောက်နှစ်ပိုင်း  တင်ပေးပါ့မယ်😍😍😍

A Valiant Life 178
အပိုင်း   (  ၁၇၈ )   ဒေါသထွက်နေတဲ့ သားရဲ

ဘာသာပြန်  =  စနိုဝှိုက်

လင်းဖန် ရဲ့ လုပ်ဆောင်ချက်တွေက လူများစွာကို ဒေါသထွက်စေခဲ့ပါတယ်။ဆယ်လီ ဖြစ်နေတဲ့ လူတိုင်းဟာ ဒါမျိုးမ လုပ်ရဲကြပါဘူး။

သူတို့ မလုပ်ရဲ့တော့ ဘာဖြစ်လဲ...

လင်းဖန်ကတော့ တစ်ခြားဟာတွေကို တစ်ခုမှ ဂရုမစိုက်ပေ။

လူတိုင်းငါ့ကို အပြစ်တင်ကြပါစေ...လူများလေကောင်းလေပဲ..နောက်ဆုံးပြမှ သိကြမယ်။

အခုလောလောဆယ်ကတော့ သူက မီးအိမ်ထဲကို လောင်စာ လောင်းထည့်ပေးနေခဲ့တာပါ။

ဒီကိစ္စဟာ အရမ်းကို တိုက်ဆိုင်လွန်းတာတွေလည်း ရှိနေပါတယ်..ဝိုက်ဘိုက ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖယ်ရှားလိုက်တဲ့ တစ်ချိန်တည်းမှာပဲ ..ကြယ်အလင်း​ကျောင်းရဲ့ ဖြေရှင်းချက်ဟာ ထွက်ပေါ်လာခဲ့တာပါ။

ဖြေရှင်းချက်ကတော့ ကျောင်းသူလေးမှာ စိတ်ကျန်းမာရေး အခြေအနေရှိနေပြီး..သူတို့ ကျောင်းကို မတော်တဆ သိက္ခာချမိသွားတယ် ဆိုတာပါပဲ။

တကယ်လို့ လင်းဖန် သာ ဒီလိုတွေ လိုက်လုပ်ပြီး လူအာရုံစိုက်အောင် မလုပ်ရင်..ဒီကိစ္စက တစ်ရက် နှစ်ရက်  အတွင်းမှာ အမှန်တကယ် ပျောက်ကွယ်သွားတော့မှာပါ။

ဘယ်သူမှာ အာရုံ မစိုက်ကြတော့ရင် ..လေထဲက ဆေးလိပ်ငွေ့လိုပဲ တဖြည်းဖြည်း လွင့်ပျယ်သွားမှာပါ။

လင်းဖန်ဟာ ဝိုက်ဘိုပေါ်က အခြေအနေကို တစ်ချက်ကြည့်လိုက်တယ်..ဒါက မလုံလောက်သေးပါဘူး။

ကြယ်အလင်းကျောင်းက ဘွဲ့ရခဲ့တဲ့ ဘယ်သူပဲ ဖြစ်ဖြစ် သူ့တားဂတ် ထဲမှာ ပါဝင်ရမှာပါ။

မန်တိန်ချောင်က  ကျော်ကြားတဲ့ စတား တစ်ယောက်ပါ။သူက အောင်မြင်တဲ့ ရုပ်ရှင်ကားကြီး တွေမှာ သရုပ်ဆောင်ခဲ့ပြီး ဆုတွေလည်း ရခဲ့ပါတယ်။

သူဟာ အသက်လေးဆယ်နားနီး နေပြီဆိုပေမယ့်လည်း..များပြားလှတဲ့ မိန်းမငယ်လေးတွေက သူ့ကို နံပါတ် ၁ ယောက်ျားလေး စတား အဖြစ်သတ်မှတ်ထားဆဲ ဖြစ်သည်။

လင်းဖန်  :   @ မန်တိန်ချောင်..မင်းက အဲ့ခွေးသားနှစ်ကောင်ရဲ့ ကျောင်းသားဖြစ်ခဲ့တာလား..ငါမင်းကို တကယ် အထင်သေးမိသွားပြီကွာ။

မန်တိန်ချောင်ဟာ လက်ရှိ သူ့ရုပ်ရှင်ကို ကြော်ငြာနေခဲ့တာ ဖြစ်ပြီး  သူ့ဝိုက်ဘိူကို ကြည့်လိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့ပါတယ်။

ဒီကောင်လေးက ဘာလဲဟ....သူ ဘာပြောချင်တာလဲ..

သူ အချိန်အတော်ကြာ ရှာလိုက်ပြီး တဲ့နောက်မှာ မာစတာ လင်းက..ကျောင်းလီ နဲ့ ချန်ဂျန် တို့ရဲ့..ရန်သူတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရပါတယ်။

သူက ကြယ်အလင်းကျောင်းကနေ ဘွဲ့ရခဲ့တယ် ဆိုပေမယ့် လည်း  ကြယ်အလင်းကျောင်းနဲ့ ဘာအဆက်အသွယ်မှ   ရှိတဲ့ လူတစ်ယောက်မဟုတ်ပါဘူး။

မန်တိန်ချောင်  :: မင်းဘာတွေ ပြောနေတာတုန်း။

သူ လင်းဖန်  ဘာကို ပြောချင်တာလဲ ဆိုတာကို သိချင်နေခဲ့ပေမယ့် လင်းဖန်ကတော့  ဒါပြောပြီးသူ့ကို အဖတ်တောင် မလုပ်တော့ပါဘူး။

သူက တစ်ခြား ဆယ်လီ တွေကိုသာ လိုက်ရှာပြီး ပို့်စ်တင်နေခဲ့ပါတယ်။

လင်းဖန်  :  @နွေရာသီ ပန်းပွင့်လေး..မင်းလည်း အဲ့ခွေးသား နှစ်ကောင်ကို ထောက်ခံနေတာလား။ငါတကယ် အထင်သေးမိသွားပြီ။

နွေရာသီ ပန်းပွင့်လေး..အောင်မြင်နေတဲ့ မိန်းကလေး သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး..အရမ်းလည်း လှပပါတယ်။သူမကို အားပေးနေတဲ့ ပရိတ်သတ်တွေဟာလည်း အများကြီးပါပဲ။

သူမဟာ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ရဲ့ ရုတ်တရက် အပြစ်တင်ချင်းကို ခံလိုက်ရတဲ့ အချိန်မှာ ဆွံ့အသွားပါတော့တယ်။

ဒီကောင်လေးက ဘာဖြစ်ချင်နေတာလဲ..ဦးနှောက်မရှိတဲ့ အင်တာနက် ထရိုး တစ်ယောက်များလား....

ငါ ဒီနှစ်ယောက်ကို ဘယ်တုန်းက ထောက်ခံလိုက်မိလို့လဲ...

လင်းဖန်ဟာ ဆယ်လီ ဆယ်ယောက်ထက်မက ရှာလိုက်ပြီး ဒီနှစ်ယောက်ကို ထောက်ခံခံ မခံခံ ပို့စ်တင်ပြီး ဝေဖန်လိုက်ပါတယ်။

ဒါတွေလုပ်ပြီး တဲ့ နောက်မှာတော့ လင်းဖန်ဟာ သူတို့ ဖန်တွေ ရဲ့ ဝိုင်းကိုက် ခြင်းကို  ခံနေရပါပြီ။

သူ့ ဝိုက်ဘိုမှာလဲ ပရိတ်သတ် သန်းချီ ရှိပေမဲ့ ဒါက အသုံးမဝင်ပါဘူး။လင်းဖန်က တစ်ခြားဆယ်လီ တွေကို ဒေါသထွက်အောင် လုပ်ထားတော့ သူတို့လည်း ထွက်မလာရဲကြတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

လင်းဖန်ဟာ ဝိုက်ဘို ဆော့ဝဲကို တစ်ချက်ကြည့်လိုက်ပြီး ထပ်မကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူ့ကို လာတိုက်ခိုက်နေကြတဲ့ လူတွေက များလွန်းလို့ သူဘာပြန်ပြောရမှန်းတောင် မသိတော့ပေ။

ကြယ်အလင်း ကျောင်းက လူတွေက သတင်းတွေ တည်ငြိမ်သွားပြီး  သူတို့ အဖြစ်အပျက်ပျောက်ကွယ်သွားစေချင်ပေမယ့် လင်းဖန် ဒီလို အခွင့်အရေးမျိုး ပေးမှာမဟုတ်ပေ။

မာစတာ လင်းရဲ့ ဖန်တွေ အတွက်ကတော့..သူတို့တောင် အနည်းငယ် လန့်နေခဲ့ပါတယ်။

ကျောင်းလီ နဲ့ ချန်ဂျန် တို့ဟာ ဝိုက်ဘိူပေါ်က အခြေအနေကို မြင်ပြီး ရယ်မောလိုက်ကြပါတယ်...ဒီလူက တကယ်ကို စောက်ရူးပါ။

ဒီကိစ္စကို သူတို့ ပြန်ပြောစရာ တောင်မလိုတော့ ပါဘူး..အခုတိုက်ခိုက် နေကြတဲ့ ပရိတ်သတိတွေနဲ့တင် လွတ်ပေးထားလို့ရနေပါပြီ။

ဝူယူလန်ဟာ ကြောင်အနေခဲ့ပြီး ပြောလိုက်တယ်။

"မာစတာ လင်း..ရှင် ဒီတစ်ခါတော့ ဒေါသထွက်နေတဲ့ သားရဲ တစ်ကောင်နဲ့ တူနေသလိုပဲ။ဆိုးရွားတာတော့ မဖြစ်လောက်ပါဘူးနော်"

လင်းဖန် ရယ်မောလိုက်တယ်။

"ဒါက ငါလိုချင်တဲ့ အခြေအနေပဲလေ"

ဝူတန်ဟီဟာ ရယ်မောလိုက်တယ်။

"တစ်ခါတစ်လေ ဘာမှ မရှိတဲ့ အချိန်ကြရင်..လက်ထဲကို ရောက်လာအောင် ဖန်တီးတတ်ရတယ်။မာစတာ လင်း သက်သေ ရထားပြီးတာတာ့ မဟုတ်ပါဘူးနော်"

လင်းဖန်  ခေါင်းကို ခါယမ်းလိုက်တယ်။

"အချိန်မကျသေးဘူး.."

လင်းဖန်  ဆယ်လီ တွေကို အပြစ်တင်ပြီးတဲ့ နောက်မှာတော့   သူ့ဝိုက်ဘို အကောင့်ဟာ စစ်မြေပြင် ဖြစ်နေခဲ့ပါပြီ။

ဒါကြောင့် သူ ဆယ်လီ တွေကို အပြစ်တင်ပြီးတာနဲ့ ဖုန်း ကို ပိတ်ထားလိုက်တယ်..နောက်ဆက်တွဲ တွေကို သူထိုင်ကြည့်နေလို့လဲ ဘာမှ ထူးမှာ မဟုတ်ပါဘူး။

သူ့ အိမ်က ကွန်ပြူတာမှာ  ဘယ်လို အခြေအနေရှိနေပြီလည်း ဆိုတာ သူမသိထားပဲ..အသုံးဝင်တဲ့ အထောက်အထား ရနေပြီလား ဆိုတာလည်း မသိသေးပါဘူး။

ညအချိန်။

လင်းဖန် အိမ်ကို ပြန်ရောက်တာနဲ့  ကွန်ပြူတာ ရှေ့ကို သွားလိုက်တယ် .သူ့စိတ်ထဲမှာတော့ အသုံးဝင်တဲ့.သက်သေ အထောက်အထား ရှိပါစေဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပါ။

သူ စခရင်ကို မြင်လိုက်တဲ့ အချိန်မှာပဲ ကြောင်အသွားခဲ့ရပါတယ်။စခရင် အပေါ်က အရာတွေ အကုန်လုံးဟာ ပျောက်ကွယ်နေပြီး  မူလနေရာကို ပြန်ရောက်နေခဲ့တာပါ။.ကြည့်ရတာ ကွန်ပြူတာက ပရိုဂရမ်တွေကို မထိန်းနိုင်တဲ့ ပုံပါပဲ။

ဒါက..စွယ်စုံအမှတ် ၁၀၀ ကို အိမ်သာထဲ ပစ်ချလိုက်သလိုပါပဲ..သက်သေ မရှိပဲနဲ့..ဒီအခြေအနေကို ပြောင်းလဲ ဖို့ သုည ရာခိုင်နှုန်းပဲ ရှိပါတယ်။

"ဟင် "

လင်းဖန် စိတ်ပျက်နေတုန်းမှာပဲ  စခရင် ပေါ်က ဖိုင် အသစ်နှစ်ခုကို  တွေ့လိုက်ရတယ်။ဒီ ဖိုင်တွေကို နာမည်တွေတောင် ပေးထားလိုက်ပါသေးတယ်။

ကျောင်းလီ !

ချန်ဂျန်  !

သူ စိတ်လှုပ်ရှားသွားပြီး..အမြန်ထိုင်ကာ. ဖိုင်တွေကို ဖွင့်လိုက်တယ်။

ဗီဒီယို ဖိုင်တစ်ခု ဟာ ပေါ်လာပြီး..ကြာချိန်က ဆယ်မိနစ်လောက်ရှိပါတယ်..ဘာအကြောင်းအရာလဲ ဆိုတာတော့ သူလည်း မသိသေးပါဘူး။

စခရင် ပေါ်မှာတော့...ရုံးခန် တစ်ခန်းထဲက ပုံရိပ်တွေပါ။ကြည့်ရတာ ကျောင်းလီ ရဲ့ ဖုန်းဟာ ဟတ်ခံထားရပြီး..ချန်ဂျန်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေခဲ့ပါတယ်။

ချန်ဂျန်  ::  ကြယ်အလင်းကျောင်းက ငါတို့ကို ကူညီပြီးသွားပြီ..ဒီလူတွေက ဘာလုပ်နိုင်မှာ မို့လို့လဲ..။

ကျောင်းလီ   ::  မီဒီယာ တွေ တစ်ယောက်မှ ဒီကိစ္စကို ဟရဲတာ မဟုတ်ဘူး။ပရိတ်သတ် အနည်းငယ် ရှိတဲ့ ဝိုက်ဘိုက ကောင်လေးက ငါတို့ကို ချဲလန့်လာခေါ်ချင်နေတယ်။ဒီကောင် ဘယ်က သတ္တိတွေ ရလာလဲ ဆိုတာ မစဥ်းစားနိုင်တော့ဘူး။

ချန်ဂျန်  :  ရှောင်ရီမိုရဲ့ အဖေက ငါတို့ရဲ့ ကမ်းလှမ်းမူကို လက်ခံပြီး သူမသမီး ဒီပရက်ရှင် ရှိနေတာကို ဝန်ခံပေးလိမ့်မယ်။နင်တကယ် သူမကို ကျောင်းကို ပြန်လာခိုင်းမလို့လား။

ကျောင်းလီ  :: နင်က ဒါကို ဖြစ်နိုင်မယ်ထင်လို့လား။သူတို့ အတွက်နောက်ကျသွားပြီ..အရင်ကလည်း တစ်ခါမှ ပြန်မခေါ်ဖူးဘူး။သူမကို ပြန်ခေါ်တာက ဘယ်နည်းနဲ့မှ မကောင်းနိုင်ဘူး။

ချန်ဂျန်ဟာ ရယ်မောလိုက်ပြီး..ခနအကြာမှာ ခက်ထန်တဲ့ မျက်နှာ အဖြစ်ပြောင်းလဲ သွားပြီး..

"အကြီးအကဲ ကျောင်း..နင် ဒီလို မကောင်းတဲ့ အရာတွေကို အနာဂတ်မှာ လျော့လုပ်သင့်တယ်။ဒီတစ်ကြိမ် နင်သေမှာတောင် မကြောက်တဲ့ တစ်ယောက်နဲ့  တွေ့ခဲ့တယ်လေ .တကယ်လို့  အထူးအကြောင်းပြချက်ကြောင့် သာမဟုတ်ရင်..တစ်ခုခု ဖြစ်သွားနိုင်တယ်"

"အေးဆေးပါ..ဘာဖြစ်နိုင်မှာ မို့လို့လဲ..သူတို့ ဒီအထိလာပြီးတော့ ပြသနာ မရှာရဲကြပါဘူး"

......

ဗီဒီယိုကို ကြည့်ပြီးတဲ့ နောက်မှာ လင်းဖန်ဟာ ဒေါသထွက်လာခဲ့ပါတယ်။နောက်ဆုံးတော့ သူ့မှာ သက်သေအထောက် အထား ရှိလာခဲ့ပါပြီ။

စွယ်စုံကျမ်းက နောက်စရာ မဟုတ်ပါဘူး...ဒီလို မျိုး နှစ်ယောက်စလုံးကို ဆွဲချလို့ရမယ့် ဗီဒီယို ဖိုင်ကို ထုတ်ပေးထားခဲ့တာပါ။

ထပ်ပြောရရင် ဗီဒီယို မှာ ဒေါသထွက်စရာ ကိစ္စတွေနဲ့လည်း ကြုံရပါသေးတယ်။ဒီလို အဖြစ်အပျက်တွေ ကြုံပြီးနောက်မှာတောင်..ဒီကောင်က ကျောင်းသူတစ်ယောက်နဲ့.. အခန်းယူ ခဲ့တာပါ။

ဒါပေမဲ့ စွယ်စုံကျမ်းဟာ  ကျောင်းသူလေးရဲ့ မျက်နှာကို ဝေဝါးထားပြီး အခွင့်အရေး ပေးထားပါသေးတယ်။

နောက်ထပ် ဗီဒီယို တစ်ခုက ချန်ဂျန်ဟာ ညစာစားပွဲတစ်ခုကို  တက်ရောက်ခဲ့တာပါ..ညစာစားပွဲ
ပြီးတဲ့ နောက်မှာ သူတို့ဟာ ရှက်စရာ အပြုအမူကို လုပ်ခဲ့ပါတယ်။

ဒီဗီဒီယို တွေဟာ အကောင်းဆုံ သက်သေ အထောက်အထား တွေဖြစ်ပြီး သူတို့ကို ဆွဲချဖို့အတွက်လုံလောက်တာ ထက်တောင် ပိုနေပါပြီ။

ဒါနဲ့ သာ အလုပ်မဖြစ်သေးဘူးဆိုရင် သူလုပ်နိုင်တာ ဘာမှ မရှိတော့ပါဘူး။

လင်းဖန် ဗီဒီယိုကို ဒေါင်းလော့ ဆွဲလိုက်ပြီး..ဖုန်းထဲကို ပြောင်းထည့်လိုက်တယ်..မနက်ဖြန်ကျရင်ဒါတွေကို ဖော်ထုတ်တော့မှာပါ။

နောက်ဆုံးမှာတော့ သူစိတ်သက်သာရာ ရသွားခဲ့ပါပြီ။

သူ ဒီကိစ္စကို  ဝင်ပတ်သက်လို့ နောင်တ မရမိသလို ကြောက်လည်း မကြောက်ပါဘူး။ဒီလူတွေ သူ့ဆီလာနိုင်ရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပေ။

သူ့ရဲ့ စွမ်းအားရှစ်မျိုး လက်သီးသိုင်းက ဟာသ မဟုတ်ပါဘူး။

ဒါပေါ့ ဒါက သူ့ရဲ့ အတွေးတွေပါ...သူတည်တည်ငြိမ်ငြိမ် တွေးတောဖို့လိုပါတယ်။

ဗီိဒီယို တွေကို သူဘယ်က ရတယ်လို့ ပြောရမလဲ...

ဟုတ်တာပေါ့  သူ  ဗီဒီယိုကို ဇာတ်ကားတွေ ဒေါင်းလော့ဆွဲရင်း တွေ့ခဲ့တာလို့ ဖြေရမှာပါ။

ဘယ်ကောင်က ဒီလို အရာကို လိုင်းပေါ်တင်လိုက်မှန်း  ငါက ဘယ်လို သိမှာလဲ....

အချိန်အကြာကြီးတွေးတော ပြီးတဲ့နောက်မှာ သူ ဇာတ်ကားတွေ ဒေါင်းလော့ဆွဲရင် တွေ့တယ်လို့ ပြောဖို့သာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါကြောင့် သူ ကွန်ပြူတာကနေ တဆင့် ဇာတ်ကား အနည်းငယ် ဒေါင်းလော့ ဆွဲလိုက်တယ်။

ဇာတ်ကား နာမည်တွေအတွက်ကတော့... သူ​တို့တွေက ကြည့်ဖို့မသင့်တော် တဲ့ဇာတ်ကားတွေပါ။

#

Like 200  ရရင်  နောက်တစ်ပိုင်း တင်ပေးပါ့မယ်ရှင့်😍

A Valiant Life  179
အပိုင်း  ( ၁၇၉ )  အရာရာတိုင်းက သူ့ရဲ့ လုပ်နိုင်
                           စွမ်း အတွင်းမှာပဲ

ဘာသာပြန်  =  စနိုးဝှိုက်

မနက်ခင်းလေထုဟာ လတ်ဆတ်နေခဲ့တယ်။

လင်းဖန် ရဲ့ အခြေအနေတွေကတော့  သူ အပြစ်တင်ခဲ့တဲ့ ဆယ်လီ တွေရဲ့ ဒေါသထွက်မူကို ခံနေရပါတယ်။

"666 .. မာစတာ လင်းက ဘယ်သူလဲ။သူဒါမျိုးလုပ်တယ်ဆိုတော့..သတ္တိတွေ ဘယ်ကရလာတာလဲ"

"သူက တကယ်ကို သောက်ရူးပဲ..ဒီလိူအရာမျိုး ဖြစ်လာလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့မိဘူး"

"မာစတာ လင်း ပြောပြောနေတဲ့ ခွေးသား နှစ်ကောင် ဆိုတာ ဘယ်သူတုန်း"

"အပေါ်ကကောင်..အင်တာနက်ပေါ်မှာသာ ရှာကြည့်လိုက် မင်းတွေ့လိမ့်မယ်..တစ်ချို့ ဝက်ဆိုဒ်တွေမှာ သူတို့အကြောင်းတွေ ရှိတုန်းပဲ"

"ငါတကယ် မယုံနိုင်ဘူး..ငါအခုမှ ရှာကြည့်လိုက်တာ ဒီလိုအရာမျိုး ဖြစ်သွားမှန်းတောင် မသိလိုက်ဘူး"

"ဒီ မအိမ်လုံးတွေက ခွေးသားတွေပဲ ထားဦး..ဒါက ဆယ်လီ တွေနဲ့ ဆိုင်လို့တုန်း"

....

အကြောင်းအရာဟာ ပြောင်းလဲ သွားခဲ့ပါပြီ..ဒါက ကြယ်အလင်းကျောင်းနဲ့ မဆိုင်တော့ပါဘူး။ခွေးသားနှစ်ကောင်  ဘယ်သူလဲ ဆိုတာပဲ တစ်ချို့ လူတွေဟာ သိချင်နေကြပါတယ်။

သတင်ချန်နယ် တွေကို သူတို့ လိုက်ကြည့်တဲ့ အချိန်ကြမှသာ တစ်ချို့ မသိသေးတဲ့ လူတွေဟာ ဒီခွေးသား နှစ်ယောက်ကို နားလည် လိုက်ကြပါသည်။

သူတို့က ဒီကိစ္စတွေ နောက်ကွယ်က အမှန်တရားကို မသိကြသေးပါဘူး။သို့ပေမယ့်..တစ်ချို့လူတွေဟာ ကြယ်အလင်းကျောင်း ဘက်ကပဲ ရပ်တည်ပေးကြပါသေးတယ်။

အနည်းဆုံး ကြယ်အလင်းကျောင်းမှာက  ရှောင်ရီမို ရဲ့ စိတ်ကျရောဂါနဲ့ ပတ်သက်ပြီး သက်သေရှိနေခဲ့ပါတယ်။

ကျောင်းလီဟာ ရှောင်ရီမို ရဲ့အဖေ ဝန်ခံတဲ့ ဗီဒီယို ဖိုင်ကို ထုတ်ဖော်လိုက်တဲ့ နောက်မှာတော့ လူတိုင်းဟာ ​ကြယ်အလင်းကျောင်းကို ယုံကြည်သွားကြပြီး..မာစတာ လင်းကတော့ သောက်ရူးကြီး တစ်ယောက်ပါ။

ဆယ်လီ တွေဆိုတာ ကောင်ကင်မှာ ရှိနေကြတဲ့ လူတွေ ဖြစ်ကြပြီး..ဒါတောင် ဒီလူက အလကားနေရင်း အပြစ်တင် ချင်နေပါသေးတယ်။

ဒါက ပရိတ်သတ် အများစုကို ဒေါသထွက်စေခဲ့ပါတယ်။

"မင်းတို့ မနေ့က ဘာဖြစ်သွားလဲ သိကြလား..လင်းဖန်က တကယ်ကို သေချင်နေတာပဲ"

"ဟီးဟီး ဒီကောင်က ရူးချင်တိုင်း ရူးနေတော့တာပဲ။သူက ကြယ်အလင်းကျောင်းကိုတောင်..ပထွေးမုန်းမုန်းနေလိုက်သေးတယ်။အမှန်တရား ထွက်လာပြန်တော့လည်း လက်မခံချင်ပြန်ဘူး။ဆယ်လီတွေကိုပါ အပြစ်တင်နေတာကတော့ ရူးနေတာ သေချာသွားပြီ"

"ငါ ဒီနောက်ပိုင်း လူတွေ အများကြီး မြင်ဖူးတယ်..နာမည်ကြီး ချင်ပြီဆိုရင် သူတို့ မလုပ်ရဲတာ ဘာမှ မရှိတော့ဘူး"

"အခု ဆယ်လီ တွေက တရားစွဲဖို့ ပြင်နေကြပြီ..သူ့ကို သေတဲ့ အထိတရားစွဲရင်တော့ အကောင်းဆုံးပဲ..ဒါမှ သူ အင်တာနက်ပေါ်ပြန်မလာနိုင်တော့မှာ"

"ထောက်ခံတယ်"

တိမ်ဖြူလမ်း။
ကလေးမလေး တစ်ယောက်လက်ကို ဆွဲထားတဲ့ အမျိူးသမီး ဆိုင်ပိုင်ရှင် တစ်ယောက်ဟာ ရောက်လာခဲ့ပါတယ်။

"သူဌေးလေး  ရှင်ဒီကိစ္စကို ဒီထက်ပိုပြီ  ဆက်မပြောတော့ရင် ကောင်းမယ်ထင်တယ်နော်"

လင်းဖန် ရယ်မောလိုက်တယ်။

"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ..ကျွန်တော် အခြေအနေကို ကိုင်တွယ်နိုင်ပါတယ်"

လူလိမ်ထျန်ဟာ ပြုံးလိုက်ပြီး..

"မိန်းကလေး  မင်းရဲ့ သမီးလေးက တကယ်ချစ်ဖို့ကောင်းတာပဲ"

သူဌေးမလေး ရဲ့ နောက်မှာ ရှိနေတဲလ ကလေးမလေးဟာ ဆိုင်ထဲကို လှမ်းကြည့်လိုက်ပါတယ်..ပြီးတဲ့ နောက်မှာ သူ့အမေနောက်ကို သွားကာ ပြန်ပုန်းနေလိုက်တယ်။

ဆိုင်ပိုင်ရှင် အမျိူးသမီးဟာ ..နှုတ်ခမ်းကို ကိုက်လိုက်ပြီး..

"ကျွန်မ ရှင့်ထက်ကြီးတယ်..အစ်မဟောင်လို့ ခေါ်သင့်တယ်နော်."

လူလိမ် ထျန်ဟာ ရယ်မောလိုက်ပြီး..ကလေးလေးကို ကြည့်ကာ..

"ကလေး ဒီကိုလာပါဦး"

လင်းဖန် စနောက်လိုက်တယ်။

"ခင်ဗျားက အရမ်းကြောက်ဖို့ကောင်းနေလို့ဖြစ်မယ်..ကလေးက အနားတောင် မကပ်ရဲ့တော့ဘူး"

အစ်မဟောင်ဟာ ပြောလိုက်တယ်။

"ငါသွားတော့မယ် ..ကလေးကျောင်းပို့ ရဦးမှာ ဆိုတော့"

အစ်မဟောင် ထွက်ခွာသွားပြီး နောက်မှာ လူလိမ် ထျန်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။

"အစ်မလေးဟောင်က တကယ်စွမ်းဆောင်နိုင်စွမ်းရှိတာပဲ..သူမက အသက်ကြီးနေတာတောင် နောက်ထပ် ကိုယ်ဝန်တစ်ခု ယူနိုင်.သေးတယ်"

လင်းဖန် ရယ်မောလိုက်ပြီး..ဝိုက်ဘိုကို စစ်ဆေးဖို့ လုပ်လိုက်တယ်။

သူ့ဝိုက်ဘိုမှာ တိုက်ခိုက်မူတွေ နဲ့ ပြည့်နေပြီး..ပို့စ်တိုင်း လိုလို မှာ အပြစ်တင်မူတွေ ရှိနေခဲ့ပါတယ်။

အရင်နေ့က ဆယ်လီတွေကို..သူအပြစ်တင်ခဲ့တာက..လူတွေ များစွာကို စိတ်ဆိုးစေခဲ့မယ့် သူလိုချင်တဲ့ အတိုင်းတော့ ဖြစ်မြောက်ခဲ့ပါတယိ။

အခုသူလိုအပ်တာက  အကုန်လုံးကို ရိုက်ချဖို့ အချိန်တစ်ခုကို စောင့်ယုံပါပဲ။

တစ်ချိန်တွးမှာပဲ ကျောင်းလီရဲ့ ပို့စ်တစ်ခုဟာ တင်လာခဲ့တယ်။

ကျောင်းလီ  ::  မာစတာ လင်းဆိုတဲ့ လူကို ကြည့်ရသလောက်တော့ သူ့က သူ့ရဲ့ စကားတွေကို တာဝန်ယူနိင်တဲ့ ပုံစံ မပေါ်ဘူး။သူက ပရော်ဖက်ဆာ ချန်ဂျန် ရဲ့ ဂုဏ်သတင်းကိုလည်း  ဖျက်ဆီးသေးတယ်။ဒါကြောင့် ငါတို့ဟာ သက်သေ အထောက်အထားတွေနဲ့ အတူ ဥပဒေကြောင်း အရ အမူဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။

"ကောင်းတယိ..ငါ ပရော်ဖက်ဆာ ကျောင်းနဲ့.ရပ်တည်မယ်"

"ဒီလို လူတွေ ကိုယ်လုပ်တာ ကိုယ်ပြန်ခံရသင့်တယ်။ဒီလို လူတွေက အင်တာနက်ပေါ်မှာ အမှိုက်တွေလိုပဲ"

"ထောက်ခံတယ်"

"ပရော်ဖက်ဆာ ကျောင်း နဲ့ ပရော်ဖက်ဆာ ချန်ဂျန်က ကိုယ်ကျင့်တရားရှိပြီး..လေးစားရတဲ့ လူတွေပဲ"

"နာမည်ကြီးချင်တဲ့ လူတွေ အများကြီး ရှိပေမယ့်ဒီလူကတော့ တကယ်ကို စောက်ရှက်မရှိဘူး"

တစ်ချိန်တည်းမှာပဲ ဆယ်လီ အများစုဟာ ကျောင်းလီ ရဲ့ ပို့စ်ကို ပြန်တင်ပြီး သူတို့ရဲ့ ရပ်တည်ချက်ကို ပြကြပါတယ်။

ဒီအကြောင်းအရာဟာ ပိုပိုကျယ်ပြန့်လာပြီး လူပြောများတဲ့ ကိစ္စ ဖြစ်လာခဲ့ပါပြီ။

ဆယ်လီ ယန်ယွဲ့ချန်ဟာလည်း ပရော်ဖက်ဆာ ကျောင်းနဲ့ ပရော်ဖက်ဆာ ချန်ဂျန်ကို ထောက်ခံကြောင်း ​ပိုစ့်တင်လိုက်ပါတယ်။

လူအများစုဟာ ကျောင်းလီ ဘက်ကရပ်တည်လို့ပါ။

အဲ့အချိန်မှာ လင်းဖန် ရဲ့ ဘက်ကတော့ အခြေအနေ မကောင်းပါဘူး။

"ငါ မာစတာ လင်းကို ဖော်လို မလုပ်တော့ဘူး..သူက စွမ်းဆောင် နိုင်စွမ်းတွေ ရှိပါတယ်။ဒါပေမယ့် ဘာမှန်း ညာမှန်းမသိပဲ  ပြသနာ လျောက်ရှာနေတယ်"

"ငါလည်း ဖော်လို ဖြုတ်လိုက်ပြီ..သူ့ဟာသူ ဖြေရှင်းပစေတော့..ဘယ်သူမှ ဂရုမစိုက်တော့ဘူး"

"ဟီးဟီး  ပျော်ဖို့ကောင်းတယ်နော်..သူက နာမည်ကြီးချင်နေတာလား မသိဘူး"

"သူ အရင်က လူပ်ခဲ့တာတွေကလည်း  နာမည်ကြီးချင်လို့ ပူးပေါင်းထားတာ ပဲဖြစ်မယ်"

"ကောင်လေးတို့ အဲလို မလုပ်ကြနဲ့ မာစတာ လင်းက အဲလို လူမျိုးမဟုတ်ဘူး"

"သူက ဒီလို လူမျိုးမဟုတ်ရင် ဘယ်လို လူမျိုးလဲ"

"ငါတကယ် စိတ်ပျက်သွားပြီ..မာစတာ လင်း ဒီလို ပြောင်းလဲ သွားမယ်လို့ မထင်ထားခဲ့ဘူး"

......

လင်းဖန် သူ့ကို ဝိုင်းပြီး ဆဲဆို ပြစ်တင်နေကြတဲ့ လူတွေကို သိပ်ပြီး ဂရုမစိုက်ပါဘူး။အခု ချိန်မှာ သူ နည်းနည်းထပ်စောင့် ဖို့ လိုနေပါသေးတယ်။

ချီရီ ဝိုက်ဘို။

"မာစတာ လင်းက လူအများကြီးကို စော်ကားထားတယ် ..သူ့ ဝိုက်ဘို အကောင့်ကို  ကျွန်တော်တို့ဘန်းသင့်လား"

သူတို့ ခေါင်းဆောင်ဟာ ပြန်ပြောလိုက်တယ်။

"မင်းကို ငါ ဒီကုမ္ပဏီကနေ ဘမ်းပေးရမလား..သူ့အကောင့်ကို သွားမထိနဲ့"

ဝိုက်ဘို ကုမ္ပဏီမှာ ရှိနေတဲ့ အလုပ်သမားတိုင်း ဒါကို  ကြားပြီး ဆွံ့အသွားခဲ့ပါတယ်။ဒီလောက်ထိ ပြသနာရှာတဲ့ လူမျိုး သူတို့ လုပ်သက်မှာ မတွေ့ဖူးကြသေးပါဘူး။

ဒီလို အဖြစ်အပျက်မျို့ အရင်က မဖြစ်ဖူးတာတော့ မဟုတ်ပါဘူး..ဒါပေမဲ့ အဲလို ပြသနာရှာတဲ့ လူကို တန်းပြီး ဘမ်းပစ်ခဲ့ပါတယ်။

နေ့လည်။

လင်းဖန် ဝိုက်ဘို ပေါ်မှာ ဘာပို့စ်မှ မတင်သေးပေ။လူတိုင်းဟာ လင်းဖန်ကို ဝိုက်ဘိုက သတိပေးထားတယ် ထင်နေကြပြီး...တစ်ချို့ လူတွေကတော့ လင်းဖန် ကြောက်လို့ ပုန်းနေတယ် လို့ ထင်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဆယ်လီတွေက  တရားစွဲဆိုဖို့ ပြင်ဆင်နေကြပါပြီ။ဒီလို တရားစွဲခံရရင် အာချောင်နေလို့ မထူးတော့ပါဘူး။

လင်းဖန် ရဲ့ အကောင့် မှာရှိတဲ့ ပရိတ်သတ် အရည်အတွက်ဟာလည်း အပြောင်းအလဲ မြန်လွန်းလှပါတယ်..နာရီပိုင်းအတွင်းမှာတင်..လူနှစ်သိန်းလောက် ထွက်သွားကြပါပြီ။

တစ်ခြားလူတွေကတော့ အခုလို ဖော်လို လျော့ကျသွားရင် အလျင်အမြန်ဖြေရှင်း တတ်ကြပါတယ်။

ဒါပေမယ့် လင်းဖန်ကတော့ ဒီလို မတွေးပါဘူး။သူ့ဆီမှာ စစ်မှန်တဲ့ ပရိတ်သတ်တွေ ကျန်တာက များပြားလှတဲ့ ပရိတ်သတ်တွေ ရှိနေတာထက်ပိုပြီး ကောင်းပါတယ်။

ဝူယူလန်ဟာ စိုးရိမ်စွာပြောလိုက်တယ်။

"မာစတာ လင်း တကယ်စိတ်မပူဘူးလား"

လင်းဖန် နာရီကို ကြည့်လိုက်ပြီး..

"ဘာတွေ စိတ်ပူစရာ လိုလို့ လဲ အခုမှ အစပဲ ရှိသေးတာ..ဒါပေမဲ့ ခနကြာရင် ငါ့ရဲ့ ဝှက်ဖဲ ဖော်ထုတ်တော့မယ်"

အဲ့အချိန်မှာပဲ..နောက်ထပ် နာရီ အနည်းငယ်လောက်အကြာမှ လင်းဖန်ရဲ့ ပို့စ့် တက်လာပါတော့တယ်။

"မနေ့ညက ငါ ဗီဒီယို နှစ်ခု ဒေါင်းလော့ ဆွဲလာတယ်။ဒါက နည်းနည်းတော့ ဆက်ဆီကျတယ်နော် ဒါပေမယ့် ငါကတော့ အဲ့တာကို......"

ဝိုက်ဘို ပို့စ်မှာ ဗီဒီယို နှစ်ပုဒ်ပါဝင်နေခဲ့ပါတယ်။

ဒီပို့စ်အပြီးမှာတော့  မှတ်ချက်တွေ ပလူပျံ လာခဲ့ပါပြီ။

"အရူးတွေ..အရူးတွေ"

"မာစတာ လင်း..ကျွန်တော်တို့ ခင်ဗျားကို အထင်လွဲမိသွားပြီ"

ဆွေးနွေးမူတွေဟာ မြင်တက်လာခဲ့ပါတယ်။

ရုတ်တရက် ခနအကြာမှာပဲ..မှတ်ချက်တွေဟာ ကြိုတင်စီစဥ်ထားသလို ရပ်တန့်သွားခဲ့တယ်။

ဒါကို လူတိုင်းပျောက်ကွယ်သွားသလိုပါပဲ။

လင်းဖန် အတွက်ကတော့ သူလုပ်နိုင်သလောက် အဆုံးအထိ လုပ်ပေးပြီးပါပြီ..နောက်ပိုင်း ဖြစ်လာတဲ့ အရာတွေက သူနဲ့ မဆိုင်တော့ပါဘူး။

ဆိုင်ထဲတွင်။

ဝူယူလန်ဟာ  ဗီဒီယိုကို ဖွင့်ကြည့်လိုက်ပြီး သူ့မရဲ့ အမူအရာဟာ ပြောင်းလဲ သွားခဲ့ပါတယ်။

#

နောက်တစ်ပိုင်း  တင်ပေးလိုက်ပါပြီရှင့်😍

A Valiant Life 180
အပိုင်း  ( ၁၈၀ ) ပြောင်းလဲသွားတဲ့ အခြေအနေ

ဘာသာပြန်  =  စနိုးဝှိုက်

ကျောင်းလီဟာ ရုံးခန်းထံမှာ ဇိမ်ကျကျ နဲ့ လဘက်ရည်သောက်နေခဲ့ပြီး..သူ့ရဲ့ ကွန်ပြူတာကို ကြည့်နေခဲ့ပါတယ်။

လတ်တဘော သူ့ဘဝက နည်းနည်း  ကျပ်တည်းနေခဲ့တာပါ..ဒါပေမဲ့ အဲ့ခွေးရူးကို အခုရပ်တန့်ဖို့အချိန်ရောက်ပါပြီ။

သူဒီအကောင်ကိုသာ သင်ခန်းစာမပေးရဘူးဆိုရင်  နေရထိုင်ရတာ အဆင်ပြေမှာမဟုတ်ပါဘူး။

သူ့ကွန်ပြုတာ စခရင်မှာတော့ ကျောင်းသူလေးတွေရဲ့ နာမည်စာရင်းတွေ တန်းစီနေခဲ့ပါတယ်။သူ့ပုံစံကို ကြည့်ရင် အလုပ်လုပ် နေတယ်လို့ ထင်ရပေမယ့်လည်း...ကျောင်းလီ ဟာ အမှန်တကယ်တော့ လူရွေးရခက်နေခဲ့တာပါ။

ဒီတစ်ယောက်က မဆိုးဘူး..ဒါပေမဲ့ သူမရဲ့ မျက်နှာမှာ.ဝက်ခြံနည်းနည်း ပေါက်နေတယ်..

ဒီတစ်ယောက်က အရပ်ရှည်ပြီး..ရုပ်ချောတော့ သူ့ကိုပဲ ရွေးလိုက်ရင် ကောင်းမလား...

...

အဲ့အချိန်မှာပဲ သူ့ဖုန်းလေးဟာ မြည်လာခဲ့ပြီး ကြည့်လိုက်တဲ့ အချိန်မှာ ချန်ဂျန် ဆက်တာမှန်း သိလိုက်ပါတယ်။

ကျောင်းလီ ခေါင်းယမ်းလိုက်တယ်..ဒီအမျိူးသမီး ကတကယ် စိုးရိမ်တတ်တာပါ။

ဘာတွေ များစိုးရိမ်စရာ ရှိလို့လဲ..အခြေအနေကဖြင့် အကုန် အဆင်ပြေနေပြီ ဘာမှ စိုးရိမ်စရာ မရှိဘူး။

တကယ်လို့ စိုးရိမ်ရမယ် ဆိုရင်တောင်...သူတို့မဟုတ်ပါဘူး။ဟိုခွေးရူးကသာ စိုးရိမ်သင့်တဲ့ လူပါ။

သူ ဖုန်းကိုင်လိုက်တဲ့ အချိန်မှာပဲ အလျင်စလို ဖြစ်နေတဲ့..ချန်ဂျန်ရဲ့ အသံကို ကြားလိုက်ရပါတယ်။

"မြန်မြန်လုပ် ဝိုက်ဘိုကို ကြည့်လိုက်..အဲ့ခွေးသားက ဗီဒီယို နှစ်ခုတင်ထားတယ်။ဘာတွေ ဖြစ်နေတာလဲ ငါ့ကို ပြောစမ်းပါ...ဗီဒီယိုကို နင်ရိုက်ထားတာလား..မဟုတ်ဘူး..ငါ့ဗီဒီယို လည်း အဲ့မှာ ရှိနေသေးတယ်. ဘယ်သူလုပ်တာလဲ"

ကျောင်းလီ မျက်မှောင်ကျုတ်လိုက်တယ်...သူ ဘာတွေပြော နေတာလဲ။

သူ့မက စကားကို ဗလုံးဗထွေးနဲ့ ပြောနေပြီး သူ တစ်ခုမှ နားမလည်ပါဘူး။

"ဘာတွေ ဖြစ်နေတာလဲ..ဗီဒီယို တုန်း"

"နင့်ဟာနင် ဗီဒီယို သွားကြည့်လိုက်တော့.."

ချန်ဂျန်ဟာ ဒါကို ပြောပြီးတဲ့နောက်မှာ ဖုန်းချလိုက်ပါတယ်။သူမကြည့်ရတာ..စိတ်ပူပန်နေတဲ့ပုံပါပဲ။

ကျောင်းလီဟာ ခေါင်းခါယမ်းလိုက်ပြီး..ဝိုက်ဘိုကို ဖွင့်လိုက်တယ်..ဒါက မာစတာ လင်းရဲ့ ဝိုက်ဘို အကောင့်မှာပဲ ရှိမှာပါ။

သူမာစတာ လင်းရဲ့ အကောင့်ကို ဝင်ပြီး ပို့စ်ကို မြင်တဲ့ အချိန်မှာ ရယ်မောလိုက်ပါတယ်။

ဒါက အခြေအနေကို ပြောင်းလဲ ပစ်မယ့်အရာလား...နောက်ကျသွားပြီ ကောင်လေး...

ယင်းနောက် သူ ဗီဒီယို တစ်ခုကို ထောက်ကြည့်လိုက်တဲ့ အချိန်မှာတော့  ရင်းနှီးတဲ့ အသံကို ကြားလိုက်ရပါပြီ။

"ဒီကိစ္စက ပြီးပြီးသွားပြီ.."

"မြို့သားတွေက ဘာများ တတ်နိုင်မှာ မို့လို့လဲ.."

ဗီဒီယိုကို ကြည့်ပြီး တဲ့နောက်မှာတော့ ​ကျောင်းလီဟာ ကြောင်အသွားပြီး သူ့လက်ထဲက လဘက်ရည် ခွက်တောင် လွတ်ကျသွားခဲ့ပါတယ်။

ဘယ်လို ဖြစ်နိုင်မှာလဲ....

......

ရှောင်ရီမို တစ်ယောက် အိမ်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့မ အခန်းလေးထဲမှာပဲ နေပြီး ကိုယ့်ကိုကို အကျဥ်းချ ထားခဲ့တာပါ။

သူမဟာ မာစတာ လင်းရဲ့ ဝိုက်ဘိုကို ဖော်လို လုပ်ပြီး စောင့်ကြည့်နေပေမယ့် မာစတာ လင်း လုပ်နေတာတွေကို လုံဝ နားမလည်နိုင်တော့ပါဘူး။

အရင်နေ့တွေတုန်းက  မာစတာ လင်းရဲ့ ပို့စ်တွေဟာ ဘာကို ဆိုလိုချင်မှန်း မသိတော့ပါဘူး။

သူမ ကိုယ့်ကိုကို ပြန်ရယ်မောလိုက်တယ်။

ငါ့ကို ဘာလို့ သူစိမ်းတစ်ယောက်က ကူညီပေးမှာလဲ...

မာစတာ လင်းက ဒီလိုတွေလျောက်လုပ်ပြီး အကြောင်းအရာကို ပြောင်းလဲ ပစ်တာက ပုံမှန်ပါပဲ။

အခုသူတင်ထားတဲ့ ဗီဒိီယိုတွေကိုလည်း သူမ ကြည့်ချင်စိတ် လုံးဝ မရှိပါဘူး...အခုချိန် ရှောင်မြောင် မြောင် တစ်ယောက် ဘာတွေလုပ်နေမလဲ ဆိုတာ ကိုပဲ တွေးနေမိပါတယ်။

သို့ပေမယ့် တစ်ချို့ ခံစားမူတွေကြောင့် သူမ ဗီဒီယို တစ်ခုကို ထောက်ကာ ဖွင့်ကြည့်လိုက်ပါတယ်။

သူမ ဗီဒီယိုကို မြင်တဲ့ အချိန်မှာ အံ့သြလွန်းလို့ အသံတောင် မထွက်နိုင်တော့ပါဘူး။

ကြယ်အလင်း ရုပ်ရှင် ကျောင်း။

ဆရာတစ်ယောက်ဟာ ဝိုက်ဘိုကို ကြည့်နေခဲ့ပါတယ်..လက်ရှိဖြစ်နေတဲ့  အဖြစ်အပျက်တွေက တကယ် သွေးပူစရာပါ။

လူတိုင်းဟာ ဒီဆရာ မာစတာ လင်းကို ယုံကြည်မှန်း သိထားကြပါတယ်။သို့ပေမယ့် မာစတာ လင်းရဲ့ လတ်တလော အပြုအမူတွေ ကြောင့် သူတောင်မှ သံသယ ဖြစ်လာမိပါပြီ။

မာစတာ လင်း ဘာသဘောနဲ့ ဒီလိုတွေ လုပ်နေလည်း သူနားမလည်ပါဘူး။

တစ်ခြားလူတွေ  ပျော်နေသလိုပဲ သူနာမည်ကြီးချင်လို့  လျောက်လုပ်နေတာ ဖြစ်နိုင်မလား...

အဲ့အချိန်မှာပဲ မာစတာ လင်း ဗီဒီယို နှစ်ပုဒ်တင်တာကို တွေ့လိုက်ရပါတယ်...သူ သံသယ ဖြစ်စွာပဲ ဗီဒီယို တစ်ပုဒ်ကို ဖွင့်ကြည့်လိုက်တယ်။

ဗီဒီယို ထဲက လာနေတဲ့ အသံက ကျောင်းလီ နဲ့ ချန်ဂျန် ရဲ့ အသံဖြစ်ပြီး..နည်းနည်း ကျယ်တယ်လို့တောင် ပြောလို့ရပါတယ်။

ဆရာဟာ ကြောင်အသွားခဲ့ပြီး..သူ ရေရွတ်နေကတော့..

"ဒါက တကယ်ကို ကိစ္စကြီးပဲ.."

ဘေးနားက လူတွေဟာ မေးလိုက်ပါတယ်။

"ဘာဖြစ်လို့လဲ..ကိစ္စတုန်း"

"မင်းတို့ဟာမင်းတို့  မာစတာ လင်းရဲ့ ဝိုက်ဘိုကို ကြည့်လိုက်ကြ"

လူတိုင်းဟာ သူတို့ လုပ်လက်စ အလုပ်တွေကို ရပ်ပြီး မာစတာ လင်းရဲ့ ဝိုက်ဘိူကို  ကြည့်လိုက်ကြပါတယ်။

သူတို့ကြည့်ပြီးသွားတဲ့နောက်မှာ တစ်ယောက်ချင်းစီတိုင်းဟာ ဆွံ့အသွားကြပါပြီ။ဒီကိစ္စက အတော်ကြီးတယ် ဆိုတာ သူ့တို့အားလုံး နားလည်လိုက်ကြပါတယ်။

သူတို့ထဲက အချို့ဟာ ချက်ချင်းဖုန်းတွေ ခေါ်လိုက်ကြပြီး..

"ကျောင်းအုပ်..တစ်ခုခု ဖြစ်နေပြီ တစ်ခုခုဖြစ်နေပြီ"

ကျောင်းအုပ်ဟာ ပြန်ပြောလိုက်တယ်။

"ဘာဖြစ်လို့တုန်း"

"မြန်မြန် မာစတာ လင်းရဲ့ဝိုက်ဘိုကို ကြည့်လိုက်။အရော်ဖက်ဆာ ကျောင်းနဲ့ ပရော်ဖက်ဆာ ချန်ဂျန် တို့ဖော်ထုတ်ခံလိုက်ရပြီ..အခုမာစတာလင်းက ဗီဒီယို တင်ထားတယ်"

ဖုန်းကခေါ်နေတုန်း ဖြစ်ပေမယ့်လည်း ပရောဖက်ဆာဟာ ကျောင်းအုပ်ကြီး စားပွဲကို ရိုက်ချလိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။

......

လင်းဖန်ကို ဘယ်သူကမှ သိပ်ပြီး သဘောမတွေ့ကြတော့ပါဘူး..မြို့သားတွေ အများစုက သူနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြပြီး ပါပြီ။

အခုလည်း လင်းဖန်   ဗီဒီယို နှစ်ခု တင်လိုက်တဲ့အချိန်တုန်းက ဘာအရူးထပြန်ပြီလဲ ဆိုတာ သံသယ ရှိကြပါတယ်။

လင်းဖန်သာ ပေါက်ကရ ဗီဒိယို လျောက်တင်ရင် ဒါက ကိုယ့်သေတွင်းကို တူးတာပါပဲ။

သို့ပေမယ့် သူတို့ ဗီဒီယို ကို ဖွင့်ကြည့်လိုက်တဲ့ အချိဖိန်မှာတော့ လုံးဝ အံ့သြသွားကြရပါပြီ။

ဗီဒီယို ထဲမှာ ကျောင်းလီ နဲ့ ချန်ဂျန် တို့ စကားပြောထားကြတာ ဖြစ်ပြီး လက်ရှိ အခြေအနေနဲ့ ပတ်သက်နေပါတယ်။

ဒီမှာ ဟောင်မြောင်မြောင် နဲ့ ရှောင်ရီမို တို့ရဲ့ အကြောင်းပါ ပါဝင်ပြီး.. တစ်ချိန်တည်းမှာပဲ မြို့သားတွေဟာ ကျောင်းလီ ပြောတာနဲ့ ပတ်သက်ပြီး ဒေါသထွက်နေကြလို့ပါ။

"ဒီနေရာမှာတော့  ငါက နတ်ဘုရားပဲ...သူတို့တွေက ဘာတတ်နိုင်မှာမလို့လဲ"

ဗီဒီယို ဆုံးကားနီးမှာ ​ဖြစ်သွားတဲ့အရာတွေက မြို့သူ မြို့သားတွေကို ဒေါသအထွက်ဆုံးပါ။

ဒီမှာ ကျောင်းလီက ကျောင်းသူလေးတစ်ယောက်ကို အခန်းထဲ ခေါ်သွားခဲ့ ပါသေးတယ်..အလားတူစွာပဲ ချန်ဂျန်ဟာ ကျောင်းလီ ရဲ့ အဖေ ဒါရိုက်တာ သဘောကျဖို့ အတွက် ညစာစားပွဲ မှာ မြူဆွယ်ခဲ့တာပါ။

လူတွေဟာ  သူတို့ကို ဒီနှစ်ယောက် ကစားခဲ့မှန်း သေဘာပေါက်လိုက်ကြပါတယ်။

ဒီဗီဒီိယို ကို လင်းဖန်တင်လိုက်ပေမယ့်လည်း ပြန်တင်ကြတဲ့ လူတွေ များလွန်းတာကြောင့် ချက်ချင်းပဲ ပျံ့နှံ့သွားခဲ့ပါတော့တယ်။

ဝိုက်ဘို ကုမ္ပဏီက အလုပ်သမားများဟာ အခြေအနေကို မြင်ပြီး ဆွံ့အသွား ကြပါပြီ။

သူတို့ ဘာလုပ်သင့်လဲ....

ပို့စ်တွေ လိုက်ဖျက် ရမှာလား...

ဒါက ဟာသ မဟုတ်ပါဘူး..အချိန်ခနလေးမှာ ပြန်တင်ကြတဲ့ လူတွေဟာ ခြောက်သန်းလောက်ရှိပြီး .ဆက်လက် မြင့်တက်နေတုန်းပါ။

သူတို့ ဗီဒီယိုကို ဖယ်ရှားလိုက်ရင် လူတွေရဲ့ အပြစ်တင်မူတွေကို  ကြောက်ရပါသေးတယ်။

မီဒီယာ ကုမ္ပဏီ။
အလုပ်သမား :  ကောင်လေးတို့ ဝိုက်ဘို ကို အမြန်ကြည့်လိုက်ကြ..အဲ့မှာ အမှန်တရား ပေါ်နေပြီး"

"မဖြစ်နိုင်တာ ပြောင်းလဲတာကြီးက မြန်လွန်းတယ်"
,
အယ်ဒီတာ ခေါင်းဆောင်ဟာ အလျင်အမြန်ပဲ ညွှန်ကြားလိုက်တယ်။

"မြန်မြန်..ဒီကိစ္စကို ခေါင်းစဥ်တပ်ပြီး သတင်းရေးကြ..ငါ တစ်နာရီ အတွင်းလိုချင်တယ်"

အလုပ်သမား  :  အယ်ဒီတာ ဒီကိစ္စက ကျွန်တော်တို့ ဝင်မပါသင့်ဘူးဆို။

"ဟုတ်တယ်လေ..အဲ့တာက လုံလောက်တဲ့ သက်သေမရှိလို့ ပြောတာ..အခု သက်သေတွေမှ ပေါလွန်းလို့..မြန်မြန်သတင်းရေးကြ"

အလုပ်သမား တွေဟာ အလျင်အမြန်ပဲ သတင်းရေးဖို့ လုပ်လိုက်ကြပြီး..တစ်ချိန်ထဲမှာပဲ သူတို့ သံသယ အနည်းငယ်တော့ ရှိကြပါတယ်။

မာစတာလင်း..သူ ဒီလို အရာတွေကို ဘယ်ကနေ သွားရှာလာတာလဲ...

ဝိုက်ဘိုမှာတင်ထားသလို ဆိုရင် တော့ ဒေါင်းလောဆွဲပြီး ရထားတာပါပဲ။

သူ ဘယ်သူ့ကို အရူးလုပ်ဖို့ပြင်  နေတာလဲ....

တရုတ်ပြည် တစ်ခုလုံးမှာ ဘာလို့ သူတစ်ယောက်ထဲ ဒေါင်းလော့ဆွဲပြီး ဒီဗီဒီယိုကို ရသွားတာလဲ...

အင်တာနက်ပေါ်တွင်။

"ချီးပဲ  ဒီနှစ်ကောင်က တော်တော် စိတ်တိုဖို့ကောင်းတယ်"

"သူတို့က များသွားပြီ  ငါတို့မှာတော့ ယုံလိုက်ရတာ...သူတို့က ဒီလို လုပ်မယ်လို့ မထင်ထားဘူး"

"ငါနားလည်သွားပြီ ဒီ ကိစ္စက ဖုံးလွမ်းနေပြီး ပို့စ်တင်လို့မရတော့ မာစတာ လင်းက ဆယ်လီတွေကို အသုံးချပြီး ဖုံးကွယ်မသွားအောင်လုပ်နေတာ..လုံလောက်အောင် လူတွေ သိသွားကြပြီ ဆိုမှ သူက ဗီဒီယိုကို တင်ပေးလိုက်တယ်"

"အပေါ်ကကောင်..မင်းကဘယ်လိုဖြစ်ပြီး ရုတ်ရက်ကြီး ဥာဏ်ကောင်းသွားရတာလဲ..အရင်တုန်းက မင်းဦးနှောက်ဘယ်ရောက်နေတာလဲ ..မင်းမာစတာ လင်းကို ဆဲနေတာ ငါမှတ်မိသေးတယ်"

"လူတိုင်းပဲ ဝိုက်ဘို ကဖျက်မချခင် ဗီဒီယို ကို  ဒေါင်းလော့ လုပ်ထားကြဟေ့"

"ငါက လုပ်ပြီးသွားပြီ"

.....

ဝိုက်ဘိုက ခေါင်းဆောင်ဟာလည်း ဘာမှ မတတ်နိုင်တော့ပါဘူး..အခု သက်သေက ရှိနေပြီ ဖြစ်ပြီး ဗီဒီယို ကို ဖျကိချတာက သူတို့အတွက်မကောင်းနိုင်ပေ။

အဲ့အချိန်မှာပဲ မာစတာ လင်းရဲ့ ပို့စ်တစ်ခုဟာ ထပ်တက်လာခဲ့ပါတယ်။

"တကယ်တော့ ငါ မနေ့က အတော်ကို ပျင်းနေခဲ့တာ..ငါ အပြင်းပြေ ဇာတ်ကားလေးကြည့်ချင်လို့ ဒေါလော့ ဆွဲတာကို..အခုဒီလို ဟာတွေနဲ့ ဂျင်းထည့်ခံရတော့ တကယ် နာကျင်စေတယ်။ဒါပေမဲ့ ဒီနေ့ကတော့ ရာသီဥတုကောင်းတယ်နော်"

အောက်ဘက်ရှိ မှတ်ချက်များတွင်တော့။

"မာစတာ လင်း ..ကျေးဇူးပြုပြီး မငိုပါနဲ့..ငါမင်းကို Gp 1000 အလကားပေးလို့ရပါတယ်"

"ဘာမှမဖြစ်ပါဘူး..ငါ့မှာ ဇာတ်ကားတွေ တစ်ထောင်လောက်ရှိတဲ့  ဟတ်တစ် ရှိတယ်။ငါမင်းကို အလကားပေးလိုက်လို့ရတယ်နော်"

"မာစတာ လင်း ငါမှားသွားပါတယ်။မင်းကို အပြစ်မတင်ခဲ့သင့်ဘူး"

"ငါ ပြန်ဖော်လို လိုက်ပြီ ..နောက််တစ်ခါ.ငါနဲ့ မာစတာ လင်းကို သွေးမခွဲ ကြပါနဲ့တော့"

"ရဲ့ရင့်တဲ့ စစ်သည်တော် တစ်ယောက်ပဲ"

Continue Reading

You'll Also Like

170K 22.4K 41
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက...
407K 50.8K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
7.3K 564 66
ကံကြမ္မာအလိုကိုဆန့်ကျင်၍ ဤဝတ္ထုသည် သိုင်းပညာကျင့်ကြံရန် မဖြစ်နိုင်သော ပျက်စီးနေသည့် သိုင်းပညာသွေးကြောများနှင့် မွေးဖွားလာသည့် ဒူမိသားစုမှ သခင်လေးဒူရှ...
5K 380 66
Descriptionကို အထဲမှာ ရေးထားပါတယ်ရှင့်