ကျုပ်အပိုင်{ Complete✓ }

By DayMaharMyat

229K 8.3K 614

ဒီ ficလေးကိုကြိုတောင်းပန်ချင်တာက စိတ်လွတ်ကိုယ်လွတ်ရေးသားထားတာမို့တောင်းပန်ပါတယ် အဆင်မပြေဘူးလို့ထင်ရင် လုံးဝမဖ... More

Intro
1❗
2.
3❗
4.
Hey! Hi My Readers
5❗
6.
7
8.❗
9.❗
10.
11.
12.
13.❗
14.
15.
16.{ final }
Extra.1
Extra - 2❗
Extra-3 End

Present For My Panda ♡.

3.4K 155 19
By DayMaharMyat

Unicode...

{ လက်ဆောင်ပေးတာမို့ အခန်းငယ်လေးတွေပါဗျ #ခြားထားတာ မတူညီလို့ပါ }

" အချစ်ကဘာနဲ့စတယ်ထင်လဲ ဒယ်ဒီ "

" ကိုကိုနဲ့စတယ် "

" သားကတော့ငယ်နဲ့စတာ "

အိမ်ကိုခနအလည်လာသည့် သားဖြစ်သူသည် ဖခင်နှင့်အပြိုင် စကားနိုင်လုနေလေသည်။မီးဖိုချောင်ထဲတွင်တော့ ရှောင်းကျန့်၏ချစ်သော ကိုကိုနှင့် ရိလင်၏ချစ်သော ငယ်ပင်။

" ရှောင်းကျန့်ရေ လာဦး "

" မောင်လို့မခေါ်ရင် မလာနိုင်ဘူး "

" ရိလင်ရေ ခန "

" မရဘူးနော် ကိုကိုလို့မှမခေါ်ရင်လာမခိုင်းနဲ့ "

သားဖနှစ်ယောက် အတိုင်အဖောက် သိပ်ညီလှပါသည်။ စိတ်မရှည်တတ်သူပီပီ မီးဖိုချောင်မှ ဗန်းကိုင်လျက် ရိပေါ်ထွက်လာလေသည်။ ရှောင်းကျန့် ခေါင်းကြိမ်းသွားရ၏။ ရိလင်သည်လည်း နည်းတူစွာပင်။ ရိပေါ် လင်ဗန်းနှင့် ဆော်တော့မည်ကို သိနေသည်မို့ ဆိုဖာမှ ထကာ သားအဖနှစ်ယောက် ဆိုဖာနောက်ရောက်သွားလေသည်။

ဒွန်းလေးသည် ရိပေါ်အား နောက်မှဆွဲကာတားနေလေသည်။

" ပါးပါး စိတ်လျှော့ပါ ဒွန်းလုပ်ပေးပါ့မယ် "

" သားငယ်က ဟိုးအစောကြီးထဲက ပါးပါးကို ကူနေတာလေ ဒင်းတို့နှစ်ကောင်ကိုက အလိုက်မသိလို့ "

" ကိုကို လွန်မယ်နော် လင်ဗန်းကြီးအရင်ချပြီးမှ သေချာဆွေးနွေးကြမယ် "

" ဟုတ်တယ် ဒယ်ဒီမှန်တယ် ပါး လင်ဗန်းကြီး အောက်ချလိုက်ဗျာ "

ဆိုဖာနောက်မှ သားအဖ‌နှစ်ယောက်ထံ လင်ဗန်းအား ဝဲချလိုက်သည့် ရိပေါ်သည် မြန်သော်လည်း သားအဖနှစ်ယောက်၏ အရှောင်ကျွမ်းမှုကြောင့် လင်ဗန်းဟာ နောက်ခန်းစီးဘက်သို့ ပြုတ်ကျသွားလေသည်။

" ကြက်သွန်လှီးဖို့ပြင် ရှောင်းကျန့် ရိလင် သား မင်းက အခုဆို ဒွန်းလေးရဲ့ အုပ်ထိန်းသူနေရာနော် နေရာတကာ ကလေးမဆန်နဲ့ "

" ကိုကိုဗျာ သားကို မဆူစမ်းနဲ့ "

" ရှောင်းကျန့် မင်းညကို အခန်းထဲ မအိပ်ချင်ရင် "

စကားတောင်မဆုံးသေး မီးဖိုချောင်ထဲသို့ ပြေးဝင်သွားသည့် ရှောင်းကျန့်ကြောင့် ရိပေါ်က ဟွန့်ဟူသည့် အသံလေးနှင့်အတူ လက်ပိုက်ကာရယ်လိုက်သည်။

" ဒယ်ဒီကညစာငတ်မှာကို အသေကြောက်တုန်းနော် ပါး နေ့တိုင်းကျွေးနေတာလား "

" အဲ့တာမင်းမေးစရာလား "

ဒေါက်!

ရိပေါ်သည် အရင်နှင့်မတူစွာ လက်သန်အရမ်းပြောင်လာလေသည်။

" အာ့ ပါးဗျာ ကျွန်တော်တောင် ငယ့်ကိုအမြဲလုပ်တယ် နော့် ငယ် "

အာ့

ရိလင်သည် မျက်နှာလေးတွေ ရဲတက်သွားပြီး ရိလင်၏ဗိုက်အား လှမ်းရိုက်လေသည်။

" ငယ်ကလည်းကွာ "

" ဒယ်ဒီ့ကိုလုပ်ကူလိုက် ကိုကို သွား "

ရိလင်အား ဒွန်းသည် တွန်းကာ မီးဖိုချောင်ထဲသို့ထည့်လေသည်။ ရိပေါ်တို့မိသားစုလေးသည် သိပ်ကိုပျော်စရာကောင်းနေဆဲပင်။ ဒွန်းလေး၏ မိခင်ဖြစ်သူကိုတော့ Switzerland နိုင်ငံသို့ အလည်အပတ်သွားရန် ရှောင်းကျန့်တို့ဘက်မှ စီစဉ်ပေးခဲ့သည်။

##########

Xiaozhan နှင့် ရိလင်တို့ သားအဖသည် Company တစ်ခုတည်းတွင် အလုပ်လုပ်နေကြသည်။ သားအဖနှစ်ယောက်၏ အရှိန်အဝါကြောင့် မည်သည့် အခက်အခဲကိုမဆို ခနလေးနှင့် ဖြေရှင်းနိုင်ကြသည့်အပြင် နာမည်ပျက်ပက်မရှိပဲ ကျော်ကြားခဲ့သည်။ သားဖနှစ်ယောက်လုံးသည် လက်ထက်ပြီးသော်လည်း ယခုချိန်ထိ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေဆဲပင်ဖြစ်သည်။ အမြဲရှောင်းကျန့်နှင့် ရိလင်ကို ကြူးချင်သူများမှာ ပုံလျက်။

" ရှောင်းကျန့် နဲ့ ရိလင်ဆိုတာလားရှင့် "

" သိသိရက်နဲ့ မေးပြီး ဘာလုပ်မလို့တုန်း "

ရိလင်သည် မျက်မှောင်များအား စုကြုံ့လျက် ပြန်ဖြေသည်။ ရှောင်းကျန့်ကတော့ မျက်နှာထား တည်လျက်ပင်။

" အာ ဟီး ဟို ဒီလိုပါ "

" ကျစ်! "

ပြောမယ့်စကားဟာ လိုရင်းမရောက်သည်မို့ ရှောင်းကျန့်နှင့် ရိလင် အပြိုင် စုပ်သတ်မိသည်။ ထိုမိန်းကလေးကလည်း လန့်သွားသည်ထင် မျက်လုံးများပွင့်လိုက်ပိတ်လိုက်နှင့် ထပ်ပြောလာလေသည်။

" ကျွန်မက Lu Group ကပါ ကျွန်မတို့ သူဌေးက သူနဲ့ ပူးပေါင်းမလားလို့ အတည်ပြုခိုင်းလိုက်လို့ပါ "

" အငြင်းကို နှစ်ခါမဆိုတတ်ဘူး "

ရှောင်းကျန့်ဟာ မျက်မှန်ကိုင်းအား ပင့်တင်လျက် ဆိုလာသည်။ ထိုမိန်းကလေးသည်လည်း ခေါင်းငုံ့လျက် ထပ်မံအရဲစွန့်ကာ ပြောလာပြန်သည်။

" ဒီမှာဗျ ခင်ဗျားတို့ သူဌေး Miss-Lu ကို ပြောလိုက်ပါ ကျွန်တော်တို့ XZ Companyရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရှောင်းဥက္ကဌနဲ့ ဒုဥက္ကဌက လင်ရှိကြတယ်လို့ အကယ်၍ လင်မရှိရင်တောင် ခင်ဗျားတို့လို မိန်းမတေကြည့်အုပ်ချုပ်တဲ့ Company နဲ့လက်မတွဲနိုင်ပါဘူး ပြီးတော့ နောက်ကို ဖော်မယ်ဆို ရင်ဘက်ပဲ မဖော်နဲ့ အင်္ကျီပါ ဝတ်မလာနဲ့ ကျွန်တော်တို့ သားအဖက ကျွန်တော်တို့ ဆိုင်သူမဟုတ်ရင် ရင်မခုန်ဘူး "

အဟွန်း!

ရိလင်သည် ပြောပြီး မောသွားဟန် ရှေ့ရှိ ရေအား ကောက်သောက်လိုက်သည်။ ရှောင်းကျန့်ကတော့ ခပ်ဟဟရယ်လာသည်။ သားဖြစ်သူက သူ့ထက်ပို တည့်တိုးဆန်နေသည်မို့ သဘောတကျဖြစ်နေလေသည်။ သူ၏ကိုကိုက သူ့ရဲ့အမွေကို ဆပ်ခံနိုင်ဖို့ သင်ယူစရာမလိုပဲကို တော်နေသည့် သားဖြစ်သူကို မွေးပေးသည် ကိုကို့ကို ပိုတိုးလို့ ချစ်ရပါသည်။

" ရှင်တို့ "

ဖိုင်တွဲနှင့် အိတ်အား ကောက်ယူကာ ဘာစကားမှ မဆိုနိုင်ပဲ ထွက်သွားသည့် ကောင်မလေးအား ကြည့်ကာ ရိလင်က နှုတ်ခမ်းမဲ့သည်။ ထိုကောင်မလေး စကားဆက်မပြောတော့သည်က ရှောင်းကျန့်၏ အကြည့်တစ်ချက်ကြောင့်ပင်။ XZ Company ရဲ့ ရှောင်းဥက္ကဌအကြည့်တစ်ချက်ကို လွန်ဆန်သူတိုင်း ဒေဝါလီခံရတတ်သည်မို့ပင်ဖြစ်သည်။

" ဖေ့သားက တော်ချက်ကွာ "

မျက်ခုံးပင့်ကာ ဒါပဲလေ ဆိုသည့် မျက်နှာပေးနှင့် သားဖြစ်သူကိုကြည့်ကာ ရှောင်းကျန့်က ခေါင်းခါရမ်းလျက် သဘောကျလျက်။

Lu Company ရဲ့ ဥက္ကဌ Miss-Luက အရင်ကတည်းက ရှောင်းကျန့်အပေါ် မရိုးသားသည့် စိတ်များရှိနေခဲ့သည်ကို ရိလင်ကော ရှောင်းကျန့်ပါသိသည်။ ရိပေါ်သည်လည်း Lu Company နဲ့ မပတ်သတ်ရန် သားအဖနှစ်ယောက်အား ရာဇသံပေးထားလေသည်။ မိန်းမများသာလုပ်ရန် ဥက္ကဌက အမိန့်ထုတ်ထားသည် ဟူသည့်အကြောင်းပြချက်နှင့် မိန်းမများသာရှိသည့် ထိုကုမ္ပဏီနှင့် ရှောင်းကျန့်ကိုယ်တိုင်လည်း အလုပ်တွဲမလုပ်နိုင်ပေ။ ပွတ်သည်းပွတ်သပ်တွေ ရှောင်းကျန့် လုံးဝသဘောမကျ။

##########

ရှောင်းကျန့်တို့သားအဖနှစ်ယောက် အတိုင်အဖောက်ညီစွာ အရက်‌ပြိုင်သောက်ကြလေသည်။ သားအဖနှစ်ယောက်သည် သူငယ်ချင်းအတိုင်း အရက်စုသောက်နေကြသည်။

" ရှောင်ရှောင်းကျန့် ၊ ရှောင်းကျန့်ရိ ခုထစမ်း! "

တုတ်နှင့် ရောက်ချလာသူက ရိပေါ်ပင်ဖြစ်သည်။ သားဖနှစ်ယောက်စလုံး အမူးပါပြေသွားရသည်။

ရှောင်းကျန့်သည် ညစာငတ်မည့်အရေးမြင်နေရသည်မို့ ချက်ချင်း ဒူးထောက်ချလေတော့သည်။

" ကိုကို ဟိုဟာ "

" ဘာမှမဟာနဲ့ မင်းတို့ တစ်ပတ်တိတိ အိမ်မပြန်လာနဲ့ လမ်းဘေးအိပ် "

ရိပေါ်သည် တုတ်အားပစ်ချကာ မျက်နှာငယ်လေးဖြစ်နေသည့် Don‌အား ဆွဲခေါ်ကာ ထွက်သွားလေသည်။ ကျန်ခဲ့သည့်နှစ်ယောက်မှာလည်း တကယ်ကို တစ်ပတ်တိတိ ဟော်တည်သွားအိပ်လိုက်ရသည်။

သံဝေဂရသွားပြီး တစ်ပတ်လောက် အစာငတ်လိုက်ကြသူ သားအဖနှစ်ယောက်မှာ အရက်ကို ဖျက်ခိုင်းစရာမလိုပဲကို ပျက်သွားကြလေသည်။

##########

Bedroom...

" ရှောင်းကျန့် "

" ပြော "

" ဟော မင်းနော် သေချာထူး "

" သေချာထူး‌စေချင်ရင် သေချာခေါ်လေ "

ရိပေါ်က နှုတ်ခမ်းဆူကာ ပြောလာသည်က ချစ်စရာအတိ။

" လိပ်ကြီး "

" ဒီလိပ်ကြီးက ခင်ဗျားမူပိုင်လေ "

အိပ်ယာထဲတွင် ဖြစ်သည်မို့ ရှောင်းကျန့် ရိပေါ်အား ငုံ့ကာ မျက်ခုံးပင့်လျက်ပြောလိုက်သည်။ရှက်သွားသည့် ရိပေါ်မှာ မျက်နှာလေးရဲလျက် ရှောင်းကျန့်၏ ခါးအား တင်းကြပ်စွာ ဖက်လိုက်သည်။

" မောင်ကကွာ "

" ခေါ်ပါအုံး မောင်လို့ "

" မောင် "

" ထပ်ခေါ်အုံး "

" မောင် "

" မောင် ကိုကို့ကိုချစ်လိုက်ရတာဗျာ "

ရှောင်းကျန့်သည် ရိပေါ်အား သူ၏ရင်ခွင်ထဲသို့ တိုးဝင်စေပြီး သူပါအိပ်စက်လိုက်သည်။

တစ်ဖက်ခန်းတွင်~~~

" ငယ်ကကိုကို့ ကမ္ဘာငယ်လေး "

" ဟာ ကိုကိုကလည်း "

ဒွန်းသည် ရင်ခွင်၏ ဗိုက်လေးအား ခပ်ဖွဖွလိမ်လိုက်သည်။

" ကိုကို့ ကောင်းကင်ငယ်လေး "

" နာမည်တေများလိုက်တာ "

" ဒါတောင်အများကြီး ကျန်သေးတယ် ကိုကိုမင်းကိုအရမ်းချစ်တယ် ငယ် "

" ငါကောပါ ကိုကို "

ဒွန်းသည် ရိလင်အား ပိုတိုးလို့ဖက်လိုက်သည်။ ဒွန်းလေး၏ ခေါင်းအား ခပ်ဖွဖွပွတ်လျက် ဒွန်းလေးအား ရိလင်ချော့သိပ်လေသည်။

သူတို့မိသားစုလေးဟာ အမြဲတမ်းအတွက် ပျော်စရာများသာ စုနေမည်မှာ အသေအချာပင်ဖြစ်သည်။ ဘယ်သူမှမခွဲနိုင်သလို ၊ ဘယ်သူမှလည်း ကြားမဝင်နိုင်ပေ။

အမုန်းမှစခဲ့သော်လည်း ထိုအချစ်သည် ထာဝရထိတိုင် တည်မြဲနေလိမ့်မည်။

#Day

Thank For 100K Views ♡.

Thank For your Vote & Ment♡.

20.9.2023

Zawgyi...



" ကိုကိုနဲ့စတယ် "

" သားကတော့ငယ်နဲ့စတာ "


" ရှောင်းကျန့်ရေ လာဦး "


" ရိလင်ရေ ခန "














" အဲ့တာမင်းမေးစရာလား "

ဒေါက်!



အာ့


" ငယ်ကလည်းကွာ "



##########





" အာ ဟီး ဟို ဒီလိုပါ "

" ကျစ်! "






အဟွန်း!


" ရှင်တို့ "


" ဖေ့သားက တော်ချက်ကွာ "



##########





" ကိုကို ဟိုဟာ "




##########

Bedroom...

" ရှောင်းကျန့် "

" ပြော "

" ဟော မင်းနော် သေချာထူး "



" လိပ်ကြီး "



" မောင်ကကွာ "

" ခေါ်ပါအုံး မောင်လို့ "

" မောင် "

" ထပ်ခေါ်အုံး "

" မောင် "



တစ်ဖက်ခန်းတွင်~~~


" ဟာ ကိုကိုကလည်း "



" နာမည်တေများလိုက်တာ "


" ငါကောပါ ကိုကို "




#Day

Thank For 100K Views ♡.


20.9.2023

Continue Reading

You'll Also Like

129K 1.6K 50
She's new to the house, moved in after a messy breakup with a fellow 'Tik-Tok StAr'. She isn't shy, and enjoys a good time, but easily irritated. She...
7.5K 76 9
𝐞𝐮𝐩𝐡𝐨𝐫𝐢𝐚 ,, : a feeling of intense excitement and happiness . mature content warning ! smuts&&fluffs . TW : drug abuse , alcohol , mature sce...
584K 13.1K 40
In wich a one night stand turns out to be a lot more than that.
1.1M 44.6K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...