It's you
By Rockeain
4.7K 263 25
မတူညီတဲ့အချိုးအကွေ့တွေမှာ မတူညီတဲ့ဘဝတွေတည်ရှိပြန်တယ်။ တချို့ကအချစ်ကို အမုန်းလို့ခေါင်းစဥ်တပ်ကြသလို.. တချို့ကအ... More
par(1)❤uni
par(1)❤Zawgyi
par(2)uni
par(2)Zawgyi
par(3)uni
par(3)Zawgyi
par(4)uni
par(4)Zawgyi
par(5)uni
par(6)
par(7)
par(8)
par(9)
par(10)
par(11)
par(12)
par(13)
95 2 0
By Rockeain
မနက်မိုးသောက်ချိန်တွင်အိပ်စက်နေကြသည့်ဝမ်စုံတွဲမှာ အိပ်မက်ကမ္ဘာထဲတွင် ပျော်ရွှင်နေကြပေမဲ့ ဝမ်ရိပေါ်ရဲ့ဖုန်းသံက အခန်းထဲတွင် ဆူညံစွာထွက်ပေါ်လာတော့သည်။
📞..📞...📞
''လောင်ဝမ် ဖုန်းလာနေတယ်...''
ရှောင်းကျန့်ရဲ့အသိပေးတဲ့စကားကြောင့်
ဝမ်ရိပေါ်မှာ ရင်ခွင်ထဲမှချစ်ရသူအားခပ်တင်းတင်းဖက်ရင်းနဲ့ပဲ ကုတင်ဘေးကဖုန်းတင်ထားသည့်နေရာအားဖုန်းကို လက်ပြန်စမ်းယူ၍ ဖြေဆိုလာတော့တယ်။
.📞''.hello...''📞..
တဖက်မှ..
📞..''မင်းရဲ့ကလေးကို အသက်ရှင်ရက်ပြန်လိုချင်ရင် ငါခိုင်းတာလုပ်ပေးရမယ်
ဝမ်ရိပေါ်။''
''ဘာပြောတယ်... ခင်ဗျားကအရူးလား
ကျုပ်သားကို ခေါ်သွားရအောင် ကျုပ်ကအနုံငအမဟုတ်ဘူး။ခင်ဗျား ကလေးမှားနေပြီထင်တယ် ကျုပ်သားကအိပ်နေတာများသိုးလို့။''
''မနေ့က မုန့်ဆိုင်မှာငါမင်းကလေးကို လဲယူလာခဲ့တာ ဝမ်ရိပေါ်ရ။ဟားဟားဟား။''
ဝမ်ရိပေါ်လည်း အိပ်နေရာမှအမြန်ထကာ
သူ့ကလေးအိပ်ပုခက်နားရောက်သွားတော့တယ်။
ပုခက်ထဲက ယွင်ဝမ်လေးမှာချိုလိမ်လေးနဲ့
ကောင်းမွန်စွာ အိပ်စက်နေလေရဲ့။
'ငါ့ကလေးကရှိနေပါတယ် ဒါဘယ်ကောင်လက်ကမြင်းပြီးငါ့ဆီဖုန်းဆက်နေပါလိမ့်။
တောက်စ်..'
''လောင်ဝမ်...ဘာဖြစ်လို့လဲ''
အိပ်ချင်မူးတူးနဲ့ ရှောင်းကျန့်မှာ ဝမ်ရိပေါ်ကိုကြည့်ရင်းမေးလာသည်မို့..
''ဘာမှမဟုတ်ဘူးကျန့်..ပြန်အိပ်ကြစို့။''
''အင်း''
ယူဘင်းနဲ့ယူရှောင်း မောင်နှမနှစ်ယောက်မှာ ပြန်ဆုံကြတာမကြာသေးပေမဲ့ ဒီမနက်ခင်းမှာပဲ ဝမ်စုံတွဲအား ဖုန်းဖြင့်စနောက်ခဲ့ပြီး ကျိတ်ခွီးနေကြသည်မှာ အူနာမတက်။
''ဖွီး...''
''ဖူး...''
''ကောကလည်း ညီမလေးကိုကော်ဖီတွေစင်ကုန်ပြီ ညစ်ပတ်အိုးကြီး။''
''ငါ့မျက်နှာကရော မပေလို့လား သွားမတိုက်ရသေးတဲ့နင့်ရဲ့အာပုပ်နံ့တွေက ​​​ေထာင်းခနဲပဲ မူးပြီးမသေတာ ငါအတော်ကံကောင်းနေပြီ အရူးမ။''
''ကောနော်...ညီမလေးမားနဲ့ပြန်တိုင်မှာ''
''ငါကမကြောက်တာ နင့်ကိုလင်ပေးစားပစ်မယ် တိုင်ရဲရင်တိုင်လိုက်လေ။''
''ဟာ..ဒါတော့များသွားပြီ ညီမလေးက မမရှစ်အယ်ကိုပဲယူမှာ ကိုကိုကသာ မမကိုရန်လိုက်စမနေနဲ့။''
''နေပါ...ဟိုကနင့်ကိုသိတောင်မသိတာ
သနားစရာကလေးမလေးက ရူးနေပြန်ပြီ။''
''ဟွန့်...ညီမလေးက မမရှစ်အယ်ကိုရအောင်လက်ထပ်ပြမယ် ကိုကိုသာလင်မရပါစေနဲ့။''
''ဒီကောင်မလေး...ငါ့ကိုပြောသွားတယ်။''
''ဟဲဟဲ ကိုကိုသာလင်ကောင်းသားကောင်းရပါစေ ဟီး..ပြန်တော့မယ် မှားလို့ မမရှစ်အယ်ကိုသွားချောင်းလိုက်ဦးမယ်။''
''နှာဗူးမလေး..ယူရှောင်း။''
''ခပ်ဗူးဗူးပဲ..ဟွန့်။
သူတောင်ဗူးစရာလူမရှိပဲနဲ့ သနားစရာလူပျိုသိုးကြီးယူဘင်း ခွီးး...''
''ယူရှောင်း...သေဖို့သာပြင်ထား''
''ဘလာဘလာဘလာ...ေဝါ့..''
''လင်လေးဘာလေးရှာအုံး ဒီအတိုင်းအရိုးမထုတ်လိုက်နဲ့ကောကော။
ခွီးးးး''
''လွတ်အောင်ပြေးထား...ယူရှောင်းမ
နင်အသေပဲမှတ်။''
''ဟားဟားဟား''
စောစောစီးစီးမှာပဲ ယူ မောင်နှမနှစ်ယောက် စိန်ပြေးလိုက်တမ်းကစားနေကြပြန်သည်။
✴✴✴✴✴✴✴✴✴✴✴✴✴✴
''ဟင့်..ပါးပါး..''
စျေးဝယ်စင်တာထဲတွင် ကလေးငိုသံလေးက ခပ်ဆူဆူ။
ရှောင်းကျန့်ကဟင်းသီးဟင်းရွက်တန်းဘက်တွင် ဝယ်စရာများကိုရွေးနေသည်မို့
ဝမ်ရိပေါ်နဲ့သာ သားဖြစ်သူကိုအတူချန်ထားခဲ့မိလေခြင်း။
ယခုမူ ကလေးရဲ့ငိုသံကိုကြားပြီး သူအတော်လေးလန့်သွားရတယ်။
''ပါးပါးကစျေးဝယ်နေတယ်သားရဲ့
မငိုရဘူးနော် ဒယ်ဒီဝမ်ရှိတယ်လေ..
သားသားဗိုက်ဆာနေလို့လား။''
''အု..ပါးပါး..ပါးပါး။''
''ကောင်းပြီ မင်းပါးပါးဆီ
ဒယ်ဒီလိုက်ပို့ပေးမယ်မဆိုးရဘူးယွင်ဝမ်။''
သူထိုသို့ပြောလိုက်တော့မှ ယွင်ဝမ်လေးက
အသံတိတ်ကျသွားတော့တယ်။
ကြည့်ပါလားသူ့ပါးပါးကသာအသက်ရှိတာ သူကအသက်မရှိတာကျနေတာပဲယွင်ဝမ်လေးကတခါတလေမှာအဲ့လိုဂျီတာရှိသေးတယ်။ရှောင်းကျန့်ကိုတွေ့တာနဲ့ တခစ်ခစ်ပြုံးပြီး သူ့ကိုချီခိုင်းနေပြန်တဲ့သားဖြစ်သူကိုဝမ်ရိပေါ် အူယားပြီးသူ့အင်ကျီဂျာကင်ထဲထည့်ကာ ဇစ်ကိုပိတ်လိုက်လေတယ်။
''လောင်ဝမ် ဒါဘာလုပ်တာလဲ..''
ယွင်ဝမ်မှာသူ့ပါးပါးဆီမသွားရတော့ မျက်လုံးဝိုင်းကြီးတွေထဲမျက်ရည်များကပြည့်လျှံစပြုလာတော့သည်။သို့သော်ငိုသံမကြားရပဲ မျက်ရည်တွေကပါးပြင်နုနုလေးဆီသို့လှိမ့်၍လှိမ့်၍စီးလာတော့တယ်။
''မင်းငါ့သားကိုငိုအောင်လုပ်နေတာလားဝမ်ရိပေါ် ကလေးငိုနေပြီအရူးကောင်ရဲ့ပေးငါ့သားကိုငါ့ဆီ။မကောင်းတဲ့ကောင်..ငါ့ပေါင်ပေ့လေးဝမ်းနည်းနေပြီအရမ်း..ကြည့်စမ်း ငိုနေတာကအစအသံတိတ်လို့။မင်းကမကောင်းတဲ့အဖေပဲ အရူးကောင်ရ။''
''ကျန့်ကလည်း ဝမ်ကသားကိုစလိုက်တာကို
သားကအခုလိုငိုလွယ်မယ်လို့ဘယ်ထင်မှာလဲ ဝမ်ပဲမှားတာပါ တောင်းပန်တယ်နော်
ဒယ်ဒီရဲ့အစားပုပ်လေး။မွ..ဒယ်ဒီကိုစိတ်မဆိုးနဲ့တော့ သားပါးပါးဆီသွားချင်တယ်မဟုတ်လား..''
ရှောင်းကျန့်ရင်ခွင်ထဲရောက်တာနဲ့အငိုရပ်ပြီးဝမ်ရိပေါ်ရဲ့ဆံပင်ကိုလက်သေးသေးလေးနဲ့အမိအရဖမ်းဆွဲပြီးလက်စားချေတဲ့ဝမ်ပေါက်စနလေးကြောင့် ရှောင်းကျန့်ပင်ကြောင်အသွားရသည်အထိ။
''အာ့..သားကအတည်ကြီးစိတ်ဆိုးနေတာပဲလောင်ဖောရေ..ဝမ်ကိုကယ်ပါဦး။''
''ဟားဟား..
ခံလိုက်..မင်းအပြစ်နဲ့မင်းပဲဝမ်ရိပေါ်
နာနာသာဆွဲ ပါးရဲ့ ပေါင်ပေ့လေး။လုပ်ထားစမ်း ခပ်မြန်မြန် ဟီးဟီး။''
ရှောင်းကျန့်ရဲ့စကားကိုကြားပြီး ယွင်ဝမ်လေးမှာ ဝမ်ရိပေါ်ကိုဆက်ပြီးအနိုင်ကျင့်တော့သည်။
''အာ့..သားကအတည်ကြီးကျန့်ကောရဲ့စကားကိုနားထောင်တာပဲ။''
''ဝမ်လေးခေါင်းမွှေးတွေပြောင်တော့မယ်ဗျ။''
''ဒါမှ ပါးပါးရဲ့ပေါင်ပေ့လေး..မွစ့်..တော်သင့်ပြီနော် သားရဲ့ဒယ်ဒီဝမ်ကပါးပါးကိုအနိုင်မကျင့်ရဲတော့ဘူး''ဟုဆိုကာ ယွင်ဝမ်လေးရဲ့လက်ကို ရိပေါ်ရဲ့ဆံပင်တွေအားလွှတ်ခိုင်းရတဲ့သူ။
''ပါးပါး.. နာ..''
''ပါးပါးကမနာဘူးအခုမင်းရဲ့ဒယ်ဒီဝမ်ကနာနေရတာသိရဲ့လားယွင်ဝမ်လေး။''
''ဝူ..ဝူ..ခစ်ခစ်ခစ်။ ပါးပါး..နာ..နာ''
ဝမ်ရိပေါ်မှာ သူ့သားရဲ့စကားတတ်နေမှု့ကြီးအားကြည့်ကာ ပြုံးနေပြန်ရဲ့။
''ကျန့်ကော သားကအရမ်းတတ်ပဲ သူလေးကအရမ်းတတ်လွယ်တယ်နော်။''
''ဟုတ်တယ်ဝမ်။''
''အဲ့ဒါဝမ်နဲ့တူလို့ဖြစ်မယ်။''
''လိပ်ကြီးဝမ်ရိပေါ်...''
''ဟားဟားဟား... ကျန့်ကောကတော့ပြောပြန်ပြီ။''
''မဟုတ်လို့လား။ပြန်ကြမယ် ပစ္စည်းတွေအစုံပါပြီမဟုတ်လားဝမ်။''
''စုံတယ်ကျန့်ကော..''
''အင်း။''
ထို့နောက်သူတို့မိသားစုလေးဟာ ပျော်ပျော်ကြီး အိမ်သို့ထွက်ခွာလာတော့တယ်။
ညနေစောင်းအချိန်တွင်တော့..ဝမ်ရိပေါ်ရဲ့ဝမ်အိမ်တော်ရှိရာဆီသူတို့ထပ်ထွက်လာပြန်တယ်။
ကားပေါ်တွင်..ရှောင်းကျန့်ဟာသားဖြစ်သူကိုစကားတွေပြောနေပြန်ပြီး။
''မိသားစုတွေဆီအလည်သွားကြမယ်နော်
ယွင်ဝမ်လေးပျော်ရဲ့လား။''
''ဝူ..yes..yes.''...'' ဘူ''
ပထမစကားတွေပြန်ပြောနေတဲ့သားဖြစ်သူကြောင့် ရှောင်းကျန့်ပြုံးနေမိလေတယ်။
သို့သော် ယွင်ဝမ်ရဲ့အီးပေါက်သံကိုကြားပြီး ရှောင်းကျန့်မှာအားပါးတရအော်ရယ်မိတော့သည်အထိ။
''ဟားဟားဟား.. ခစ်ခစ်ခစ်။''(သားဖနှစ်ယောက်ရဲ့ရယ်သံ)
''လောင်ဝမ်..သားက ဟားဟား..ဘူတဲ့
သူလေးအပျော်လွန်နေတာ အသိသာကြီးပဲ။''
''ကျန့်ကောရဲ့ သားက အီးပေါက်တာ
မဟုတ်လား။သားဖနှစ်ယောက်အီးအပြိုင်ပေါက်တာတော့မဟုတ်ဘူးမဟုတ်လား။
အနံ့ကကားထဲမှာ အတော်အခြေအနေဆိုးတယ်။''
''ခစ်ခစ်ခစ်..ပါး..ပါး..ဘူ..''
''လောင်ဝမ်သားကမင်းကို ကျန်းမာရေးကောင်းအောင်စမ်းသပ်နေတာ ကျေးဇူးတောင်တင်သင့်တယ်။ဟားဟား..ဘာတဲ့
အီးရှုတဲ့နှာခေါင်းကျန်းမာရေးကောင်းဆိုတာလေ..ဟားဟား''
''ဝမ်တကယ်မနိုင်တော့ဘူး ကျန့်ကောတို့သားဖကို။''
''မနေ့ကသားက ပဲတွေစားထားလို့နေမယ်လောင်ဝမ် သူ လေလည်နေတာအရမ်းပဲ။''
''ပါးပါး..ဘူး''
''ဘူ''
''ယွင်ဝမ် ပါးစပ်ကဘူးပြီးအောက်ကပါ
ဘူနေ မင်းရဲ့ဒယ်ဒီဝမ်အီးမိုင်းမိပြီး မျက်နှာကြီးမှောင်နေပြီ ဟားဟား။''
''ပါးပါး..ပြွတ်စ့်..ပြွတ်စ့်..။''
''နို့တောင်းတတ်တယ်ပေါ့ ဖင်ကအီးပေါက်ရလွန်းလို့ ဝမ်းဟာသွားပြီလား ယွင်ဝမ်
ငါ့လင်လင်ရဲ့နို့ကိုစို့ပြီးငါ့ကိုနှိပ်စက်တဲ့အတွက် မင်းကိုမင်းရဲ့ဘွားဘွားကြီးနဲ့ထားခဲ့မှာနော်။''
''ဝူ..ဒယ်ဒယ်..no.''
''ဒါကျမရဘူးလား..ခွေးကောင်လေး
မင်းအီးထပ်ပေါက်ကြည့် အတည်ထားခဲ့မှာ။''
''no''
''ဘူ''
''ဟားဟားဟား''
ကားလေးထဲမှာရယ်သံများကဖုံးလွှမ်းသွားပြီးအီးနံ့လေးများကလှိုင်နေတော့သည်။
✴✴✴✴✴✴✴✴✴✴✴✴✴✴
လက်ကျန်စာရင်းတွေကို စီစစ်နေတဲ့ရှစ်အယ်တစ်ယောက် သူ့ကိုချောင်းကြည့်နေတဲ့မျက်ဝန်းလေးများကိုသတိမထားမိပေ။
လုပ်စရာများအားအပြီးသတ်ပြီး သူမရဲ့ဆာလောင်လာမှု့ကိုဖြည့်ရန်အတွက် company ရဲ့ကန်တင်းသို့ထွက်လာလေတယ်။
သူထွက်လာပြီးမကြာဘူးသူ့နောက်မှလိုက်လာတဲ့အရိပ်လေးမှာ ကန်တင်းရှိရာဆီတည့်တည့်မတ်မတ်။
ယူရှောင်းကန်တင်းကိုရောက်ချိန်မှာတော့
ဒေါင့်ဆုံးခုံတွင် ခေါက်ဆွဲပြုတ်ပူပူလောင်လောင်ကို စားနေတဲ့ရှစ်အယ်ကိုတွေ့ရပြန်တယ်။
'ဟီး...ရှစ်အယ်ကျဲကအရမ်းချစ်ဖို့ကောင်းတာပဲ။'
ယူရှောင်းကြုံရာစားစရာကိုကောက်ထည့်ယူလိုက်ပြီး ရှစ်အယ်ရဲ့ခုံနံဘေးတွင်ထိုင်လိုက်ပြီးသူမရဲ့စားစရာများကိုစတင်စားလေတယ်။
ရှစ်အယ်ကိုငေးရင်းစားလိုက်မိသည်ကစပ်လွန်းတဲ့ငရုတ်သီးကြီးဖြစ်နေတယ်။
''အာ့...စပ်တယ်။''
သူမရဲ့မျက်နှာလေးမှာအစပ်အရှိန်ကြောင့်
နီရဲလာကာ..တဟူးဟူးတရှဲရှဲနဲ့အသံစုံနေလေရဲ့။
ရှစ်အယ်ထိုအသံများကြောင့်ထိုအသံလာရာဆီသို့လှမ်းကြည့်မိလေသည်။
ကောင်မလေးတစ်ယောက် အစပ်လွန်နေတာကိုတွေ့ပြီးသူမရဲ့ဖျော်ရည်ဘူးလေးအားကမ်းပေးမိရှာတယ်။
''သောက်လိုက်...မင်းအရမ်းစပ်နေတယ်။''
''ဟုတ်ကဲ့..ကျဲ ကျေးဇူးပဲ။''
''ရတယ်...''
ရှစ်အယ်ထိုသို့ပြောပြီးထွက်လာတာကြောင့် ယူရှောင်းမှာလက်ထဲမှအချိုရည်ဘူးလေးကိုကြည့်ပြီးမသောက်ရက်ပေမဲ့သူမအရမ်းစပ်နေတာကြောင့်ဖောက်သောက်မိတော့တယ်။
''ဂလုဂလုဂလု..အား ခုမှပဲအစပ်ပြေသွားတော့တယ်။''
သူမလှည့်ကြည့်မိလေတော့ ရှစ်အယ်ကထိုနေရာကနေထွက်ခွာသွားပြီဖြစ်တယ်။
ယူရှောင်းလည်းပဲသူမလက်ထဲကဖျော်ရည်ဘူးလေးကိုကြည့်ပြီးနောက်နေ့တွေမှာ ရှစ်အယ်ကိုဘယ်လိုချဥ်းကပ်ရမည်ကို စဥ်းစားနေပြန်တယ်။
သူမကိုသူအရမ်းသဘောကျတယ် ဒါကြောင့်မနက်ဖြန်ကစပြီး ရှစ်အယ်ကိုမရရအောင်လိုက်တော့မှာ။
'ငါသိပြီ...'
✴✴✴✴✴✴✴✴✴✴✴✴✴✴
စိတ္တဇဆေးရုံတွင် အော်ဟစ်သောင်းကျန်းနေတဲ့ အဖွဲ့ကို မေ့ဆေးငွေ့ပေးကာ ဟောင်မင်လုပ်လိုက်ရတယ်။
''ဂျီ...ခေါင်းဆောင်ကိုဖုန်းဆက်ပေးဦး။''
''ok..ခုဆက်ပေးမယ်။''
ဖိုင်တွဲတချို့ကိုစစ်ပြီးတာနဲ့ ဂျီဆိုသူက
သူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကိုယူလိုက်တော့သည်။
ထို့နောက်မှာတော့လိုရာကို ခေါ်ဆိုမှု့လုပ်ပြီးဖုန်းရဲ့စပီကာကိုပါဖွင့်ထားပြန်သည်။
တဖက်မှ..
''ဘာပြောမလို့လဲ ဂျီ...''
''ခေါင်းဆောင် ကုန်ကြမ်းတွေကိုဘယ်နေ့ပို့ပေးရမလဲဗျ သူတို့တွေကိုဒီမှာဆက်ထားလို့မရတော့ဘူး bossက သူတို့ကိုမမြင်ချင်တော့ဘူးလို့ပြောထားတယ်။''
''ခဏနေရင်ငါ့ဘက်က ကားလွှတ်ပေးလိုက်မယ်ဂျီ ဆိပ်ကမ်းငါးကိုမင်းတို့လာခဲ့ကြ ငါစောင့်နေမယ်။''
''ဟုတ်ကဲ့ခေါင်းဆောင်''
''အင်း''
ဖုန်းကျသွားတာနဲ့ ဂျီနဲ့ဟောင်မင်မှာ တစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ကာ နက်နက်ရှိုင်းရှိုင်းကိုနမ်းရှိုက်ခဲ့ကြသည်။
''အွမ့် ..ပြွတ်စ့်''
''ဒီနိုင်ငံနဲ့ဝေးရာကိုသွားရတော့မယ် ကိုယ့်အချစ်ရေ မင်းလေးပျော်ရဲ့လားဂျီ။''
''ပျော်တယ်ဟောင်မင်.. မင်းနဲ့ဆိုရင်ဘယ်နေရာဖြစ်ဖြစ်ပေါ့။''
''အတတ်လေး မင်းကအရမ်းဆိုးတာပဲကွာ''ထိုသို့ပြောကာ ဂျီရဲ့အဝတ်တွေကိုချွတ်ဖို့ကြံရွယ်နေတဲ့ဟောင်မင်ကြောင့်...
''ဟေး...အခုမရဘူးနော် ငါတို့ခရီးထွက်ရမှာ စိတ်ထိန်းဦးနော် ဟောင်မင်''
''sorry.. ကိုယ်စိတ်နည်းနည်းလွတ်သွားလို့ ဂျီ''
''ငါကရတယ် လိုအပ်တာတွေအားလုံးမင်းသိမ်းထားပြီးပြီလားဟောင်မင်''
''အင်း..ပြီးပြီ ကိုယ်ကျောပိုးအိတ်ထဲကိုအကုန်ထည့်ထားလိုက်ပြီဂျီ။''
''ကောင်းပြီ ''
သူတို့နှစ်ယောက်အခန်းတစ်ခုထဲသို့ဝင်ပြီး
ဆေးထိုးအပ်ကိုယ်စီကိုင်ဆောင်လိုက်ကြတယ်။
မျက်နှာတွင်တော့ ကျေနပ်ခြင်းအပြုံးတို့ရှိ၍နေသည်။
''နေရာမှန်ကိုပို့ပေးကြရအောင်...ready baby.''
''yes..dady.''
ထို့နောက်ကားနက်ကြီးတစ်စီးရောက်လာပြီးနောက် ထိုနေရာကနေ သူတို့တွေချိန်းထားတဲ့နေရာဆီထွက်ခွာလာကြသည်။
Mp Rockeain 🍁
☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
hello.. oct 5 ရောက်ပြန်ပြီ ကိုကို့ရဲ့မွေးနေ့လေးနောက်တစ်ပြန်ရောက်ပြန်ပြီ။
ချစ်တဲ့ယုန်ကြီးရေ ပျော်ရွှင်ဖွယ်အချိန်ကောင်းလေးများ နေ့စဥ်ပိုင်ဆိုင်ပါစေနော်။ချစ်တဲ့ဝမ်နဲ့လည်းထာဝရလက်တွဲနိုင်ပါစေရှင်..aini gege.💞
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
.....
.''.hello...''..
တဖက်မှ..
ဝမ်ရိပေါ်။''
တောက်စ်..'
''အင်း''
''ဖွီး...''
''ဖူး...''
''ငါ့မျက်နှာကရော မပေလို့လား သွားမတိုက်ရသေးတဲ့နင့်ရဲ့အာပုပ်နံ့တွေက ထောငျးခနဲပဲ မူးပြီးမသေတာ ငါအတော်ကံကောင်းနေပြီ အရူးမ။''
''နှာဗူးမလေး..ယူရှောင်း။''
''ခပ်ဗူးဗူးပဲ..ဟွန့်။
''ဘလာဘလာဘလာ...ဝေါ့..''
ခွီးးးး''
နင်အသေပဲမှတ်။''
''ဟားဟားဟား''
''ဟင့်..ပါးပါး..''
ဈေးဝယ်စင်တာထဲတွင် ကလေးငိုသံလေးက ခပ်ဆူဆူ။
''ပါးပါးကဈေးဝယ်နေတယ်သားရဲ့
''အု..ပါးပါး..ပါးပါး။''
''ဟားဟား..
''ပါးပါး.. နာ..''
''ဝူ..ဝူ..ခစ်ခစ်ခစ်။ ပါးပါး..နာ..နာ''
''ဟုတ်တယ်ဝမ်။''
''လိပ်ကြီးဝမ်ရိပေါ်...''
''စုံတယ်ကျန့်ကော..''
''အင်း။''
''ဝူ..yes..yes.''...'' ဘူ''
''ခစ်ခစ်ခစ်..ပါး..ပါး..ဘူ..''
''ပါးပါး..ဘူး''
''ဘူ''
''ဝူ..ဒယ်ဒယ်..no.''
''no''
''ဘူ''
''ဟားဟားဟား''
''အာ့...စပ်တယ်။''
''ဟုတ်ကဲ့..ကျဲ ကျေးဇူးပဲ။''
''ရတယ်...''
'ငါသိပြီ...'
''ok..ခုဆက်ပေးမယ်။''
တဖက်မှ..
''ဘာပြောမလို့လဲ ဂျီ...''
''ဟုတ်ကဲ့ခေါင်းဆောင်''
''အင်း''
''အွမ့် ..ပြွတ်စ့်''
''ကောင်းပြီ ''
''yes..dady.''
Mp Rockeain
Continue Reading
You'll Also Like
928K 9.7K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...
13.7K 763 2
42.6K 2.3K 12
[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 ] လူရှိုင်း x ရှေးရိုးစံ ကိုယ်စောင့်နတ်တောင် မသတီလို့ ကိုယ့်အနားမနေတာ ဒီကောင်လေးက သိပ်ကပ်တွယ်လွန်းတယ်။ (Z) လူရှိုင်း x ရှေးရိုးစံ...
7.3K 278 17
Tác giả:南风 Đề cử: Tô Mộc Di Editor: Hướng ngoại hay ngại Giới thiệu ___________ Để tránh quả bóng rổ đang lao tới, tôi đặt mông ngồi vào lòng trùm tr...