မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...
By Moesattkha
138K 16K 262
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More
Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (38)
1.9K 254 0
By Moesattkha
Unicode
ဓာတ်ပုံကို တင်ပြီးနောက်မှာတော့ အာရုံစိုက်မှု အများအပြားရရှိခဲ့တယ်။
[ Wow! မိန်းမလှလေးနဲ့လူချောလေး တကယ်ကို လိုက်ဖက်တာပဲ! ]
[ ရွှမ်းရွှမ်းက အချစ်စစ်ကို ရှာတွေ့သွားပြီလား? အိုး! သူတို့က အရမ်းရင်းနှီးတာဘဲ! ]
[ ဒီလူနှစ်ယောက်က အရမ်းကြည့်ကောင်းတယ်! သူတို့နှစ်ယောက်က ကောင်းကင်ဘုံကလိုက်ဖက်ညီတဲ့အတွဲပဲ! တီဗီစီးရီးကို မကြာခင် ထုတ်လွှင့်တော့မယ်လို့ မျှော်လင့်တယ် ]
[ မုရှင်းယုက အမျိုးသားဇာတ်ပို့ဇာတ်ရုပ်ကို ဘာလို့သရုပ်ဆောင်ရတာလဲ? သူအမျိုးသမီး ဇာတ်ဆောင်နဲ့ ဘာဖြစ်မလဲဆိုတာ ငါတကယ်ကြည့်ချင်နေပြီး! ! ]
အင်တာနက်ပေါ်ရှိ မှတ်ချက်များကိုကြည့်ရင်း မုရှင်းယုသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
" အစ်ကိုရှင်းယု မင်းနဲ့ ကျိုးရုရွှမ်း ပတ်သက်တဲ့ ကောလာဟလတွေ ပြန့်နေပြီ ငါတို့ ဘာလုပ်သင့်လဲ? "
" ဒီပုံတွေက ဖြတ်ထုတ်ထားတာသေချာတယ်။ တစ်ယောက်ယောက်က ကောလဟာလတွေကို တမင်တကာဖြန့်နေတာ။ ဒါပေမယ့် ကျိုးရုရွှမ်းကိုယ်တိုင်က ပါဝင်နေသလား ဆိုတာမသေချာဘူး "
မုရှင်းယုသည် ကျိုးရုရွှမ်းနဲ့ခပ်ခွာခွာနေခဲ့သော်လည် အရှုပ်အရှင်းတွေဖြစ်လာမယ်လို့မမျှော်လင့်ထားဘူး။
ထိုအချိန်တွင် ကုယွမ်ကျိုး၏အသံသည် ဖုန်းထဲမှထွက်လာသည် " လန်ယင်းကို ဒီအရှုပ်တော်ပုံ အမြန်ဖြေရှင်းခိုင်း! "
မုရှင်းယုက တုန်လှုပ်သွားတယ်။ သူက ဗီဒီယိုကော ပြောနေခဲ့တာကိုရုတ်တရက် သတိရသွားတယ်။ သူနဲ့ ရှောင်ဝမ်းတို့ စကားစမြည်ပြောနေတာကို ကုယွမ်ကျိုးက အားလုံးကြားလိုက်ရတယ်။
ရှောင်ဝမ်းသည် ထိတ်လန့်သောအကြည့်ကို ပြသခဲ့သည်။ မုရှင်းယုနှင့် ကုယွမ်ကျိုးတို့သည် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နေမှန် မသိသောကြောင့် သူစကားပြောသောအခါတွင် စိုးရိမ်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။
အခု ကုယွမ်ကျိုး နားလည်မှုလွဲသွားမှာကို စိုးရိမ်တာကြောင့် " အစ်ကိုရှင်းယု ကျွန်တော် မစ္စတာကုကို ရှင်းပြရမလာ..."
" မလိုဘူး အစ်မလန်ကို အွန်လိုင်းကိစ္စတွေကို ကိုင်တွယ်ခွင့်ပြုလိုက်လို့ရတယ် "
" ကောင်းပြီ ကျတော် ချက်ချင်းလုပ်လိုက်မယ် " ရှောင်ဝမ်း ထွက်သွားပြီးနောက် မုရှင်းယုက သူ့လက်ကိုင်ဖုန်းနဲ့ ဆိုဖာပေါ်မှာ ထိုင်ကာ ကင်မရာထဲကနေ မပျော်မရွှင်ဖြစ်နေသော ကုယွမ်ကျိုးကို ကြည့်ပြီး မရယ်ဘဲမနေနိုင်တော့ပေ။
" မစ္စတာကု ခင်ဗျား သဝန်တိုနေလား? "
" သဝန်တိုတယ်? ကိုယ့်ခေါင်းပေါ်မှာ အရောင်တွေရှိနေမှာကိုသာ စိတ်ပူတာ " ကုယွမ်ကျိုးက အေးတိ အေးစက်ပြောသည်။
မုရှင်းယုက အနည်းငယ် အံ့အားသင့်သွားသည်။ " ဒီစကားလုံးကို ဘယ်က သင်ခဲ့တာလဲ? "
ကုယွမ်ကျိုးက တင်းမာသောမျက်နှာထားဖြင့် " မစ္စတာမု မင်းက ရုပ်ရှင်ရိုက်ဖို့သွားတာ တစ်ပတ်ကျော်ပဲရှိသေးတယ် ကိုယ့်အတွက် အရှုပ်အရှက်တွေ ဖြစ်အောင် လုပ်ပြီးပြီး။ နောင်အနာဂတ်မှာ မင်းရုပ်ရှင်ထွက်ရိုက်ရင် မင်းကိုဘယ်လိုစိတ်ချနိုင်မလဲ? "
" သတင်းတွေအကုန်လုံးက အတုတွေပါ အင်တာနက်ပေါ်က ကောလဟာလတွေက မယုံရဘူး "
မုရှင်းယုက လန်ယင်း ဖုန်းဆက်လာတာကြောင့် ကုယွမ်ကျိုးနဲ့ ဗီဒီယိုကိုအဆုံးသတ်ခဲ့ရတယ်။
" အစ်မလန်ခေါ်တယ် မနက်ဖြန်မှဆက်ပြီ စကားပြောရအောင် "
ဖုန်းကို ဖြေဆိုပြီးနောက် လန်ယင်က မေးလာတယ်။ " ကျိုးရုရွှမ်းက မင်းကို မကြာခဏ ရှာတာလား? "
" ဟုတ်တယ် "
အဖွဲ့ထဲတွင် သရုပ်ဆောင်များစွာထဲမှမှ ကျိုးရုရွှမ်က သူ့ကိုလာရှာတဲ့အကြိမ်အရေအတွက်သည် အမျိုးသားဇာတ်လိုက် ကျန်းကျိတုန်ကိုရှာတဲ့ အကြိမ်ရေထက်ပင်ပိုများသည်။
" သူမ ကိုယ်တိုင်လား? "
" သူမရဲ့ကျော်ကြားမှုက ရှုပ်ယှက်ခက်နေတဲ့ အတင်းအဖျင်းတွေကနေဘဲ။ တခြားအချိန်မှာတော့ သူမကတစ်ကြိမ် တစ်ခါသာ ပေါ်လာတာ။ သူမရဲ အရှုပ်တော်ပုံအများစုက အတင်အဖျင်းထဲက ချစ်သူတွေ နာမည်ကျော်မင်းသားတွေ ဒါ့ပြင် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲက မဟုတ်တဲ့ လူချမ်းသာတွေပဲ။ ဂုဏ်ယူပါတယ် မင်းက သူမရဲ့ ပန်းတိုင်အသစ် ဖြစ်လာပြီး "
" အစ်မလန် ရယ်မနေနဲ့တော့။ ကျတော် သူမနဲ့ ခပ်ကင်းကင်းနေပေမယ့် မမျှော်လင့်ထားဘူး... "
" မင်းသူမနဲ့ ခပ်ဝေးဝေးမှာနေတာကြောင့် မင်းရဲ့ပိုလျှံနေတဲ့တန်ဖိုးကို ညှစ်ထုတ်ချင်နေတာ "
" ဒါဆို ကျတော်အခုဘာလုပ်ရမလဲ? အရှုပ်တော်ပုံတွေကို ရှင်းလိုက်ရမလာ? " မုရှင်းယုက ကျိုးရုရွှမ်နဲ့ ဆက်ဆံရေးကို အမြန်ရှင်းလိုက်ချင်သည်။
" ရှင်းမပြနဲ့ မင်းဘယ်လိုပဲရှင်းနေပါစေ သူမရဲ့ စိတ်အားထက်သန်မှုကို တိုးစေလိမ့်မယ်။ မင်းစောစောအိပ်ရာဝင် အရှုပ်အရှင်းကို ငါဖြေရှင်းလိုက်မယ် "
မုရှင်းယုက လန်ယင်သည် အရှုပ်တော်ပုံကို ကောင်းစွာကိုင်တွယ်နိုင်မယ်လို့ ယုံကြည်တယ်။
သေချာတာပေါ့ နောက်တစ်နေ့မနက်မှာ သူနိုးလာပြီး အင်တာနက်ပေါ်က သတင်းတွေကို စစ်ကြည့်လိုက်တော့ သူနဲ့ ကျိုးရုရွှမ်နဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံတွေက လူတွေရဲ့အမြင်မှာ ပျောက်ကွယ်သွားခဲ့တယ်။
ရှောင်ဝမ်း ရောက်လာသောအခါ သူက မေးလိုက်တယ် " အစ်မလန် ကိစ္စတွေကို ဘယ်လိုကိုင်တွယ်လိုက်တာလဲ? "
" အစ်မလန်က ကျိုးရုရွှမ်ရဲ့မန်နေဂျာကို ဆက်သွယ်ပြီး သတင်းတွေကို ရပ်ခိုင်းလိုက်တယ် "
" ဒါက ဒီလိုပေါ့ " မုရှင်းယုက မပြုံးဘဲမနေနိုင်ဘူ ဒီလှည့်ကွက်က အရမ်းထိရောက်တယ်။ အတင်း အဖျင်းတွေက လောလောဆယ်မှာ ငြိမ်သွားပေမယ့် နောက်မှာ ထပ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ? သူ အရမ်းစိုးရိမ်နေတယ်။
ဒါကို ရှောင်ဝမ်းက သိပြီးနောက် သူကရှင်းပြတယ်။ " အစ်ကိုရှင်းယု အစ်မလန်က အခြေအနေတစ်ခုရှာပြီး ရုရွှမ်ကို သူ့ဟာသူရှင်းပြခိုင်မယ်လို့ပြောတယ် "
" ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ်ငါ့ကိုအသိပေးပါ "
မုရှင်းယုက လန်ယင်းရဲ့စွမ်ဆောင်ရည်ကို ယုံကြည်ပြီး သူကအရှုပ်တော်ပုံအကြောင်မပြောတော့ဘဲ နောက်ဆုံးတော့ အဝတ်စားလဲကာ မနက်စာစားရန် ထွက်လာသည်။
ရလဒ်အနေနဲ့ မမျော်လင့်ဘဲ စားသောက်ဆိုင် အဝင်ဝတွင် ကျိုးရုရွှမ်က သူ့​ဆီကို ပြေးလာတယ်။
" ရှင်းယု စိတ်မကောင်းပါဘူ။ ငါ့ မန်နေဂျာက ငါတို့ကိုနှိုးဆွဖို့ အသုံးချလိုက်မယ်လို့ ငါမထင်ခဲ့ဘူး " ကျိုရုရွှမ်းက အလွန်တရာ အပြစ်ကင်းတဲ့ အကြည့်နဲ့ ညှိုးငယ်နေတဲ့ အသွင်ကိုပြသလာတယ်။
သို့သော်လည်း ကျိုးရုရွှမ်းသည် သူအား တမင်တကာ နှောင့်ယှက်နေမှန်း မုရှင်းယုသိပြီးနောက် ကျိုးရုရွှမ်းကို လုံးဝမနှစ်သက်တော့ပေ။
" အစ်မ တကယ်စိတ်မကောင်းဖြစ်ရင် ကျတော်တို့ရဲ့ အတင်းအဖျင်းတွေကိုရှင်းဖို့ အစပြုလုပ်ဆောင်လိုက်ပါ " ပြောပြီးနောက် မုရှင်းယုက ကျိုးရုရွှမ်းကို ဖြတ်ကျော်ကာ စားသောက်ဆိုင်ထဲကို ၀င်သွားခဲ့တယ်။
ကျိုးရုရွှမ်သည် မူလက စကားများစွာကို ပြင်ဆင်ထားသော်လည်း မုရှင်းယုသည် သူမအား လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုကာ ချန်ရစ်ခဲ့တယ်။
လန်ယင်သည် မနေ့ညက အလွန်အမင်း တင်းမာကာ သူမ၏ အေးဂျင့်ထံသို့ တိုက်ရိုက်သွားပြီး အတင်းအဖျင်းများကို မရပ်တန့်ပါက သူတို့အရင်က လုပ်ခဲ့တဲ့အရှုပ်တော်ပုံတွေကို ဖြန့်မည်ဟု ပြောခဲ့သည်။
နာမည်ကြီးများအတွက် အလယ် အလတ် အတင်းအဖျင်းများသည် ကျော်ကြားမှုအတွက် အထောက် အကူဖြစ်သော်လည်း အလွန်များလွန်းသွားရင် ကျိုးရုရွှမ်းသည် "စွဲလန်းဖွယ်ကောင်းသူ" မှ " အကြံအစည်များတဲ့မြေခွေမ" အဖြစ်သို့ မပြောင်းလဲချင်ပေ။
သူမနှင့် သူမ၏ အေးဂျင့်နှစ်ဦးစလုံးသည် သူတို့က အရှုပ်တော်ပုံများဖြစ်စေကြောင်းကို အခိုင်အမာငြင်းဆိုခဲ့ကြသော်လည်း လန်ယင်သည် အရာအားလုံးကိုသိရှိပြီး သူတို့၏ စကားလုံးများကို လုံးဝမယုံကြည်ခဲ့ပေ။
ထို့ကြောင့် သူမသည် မုရှင်းယုကို အောင်မြင်မှုတစ်ခုအဖြစ် အသုံးချရန် မျှော်လင့်ကာ နံနက်စောစောတွင် မုရှင်းယုထံသို့ ရောက်လာခဲ့သည်။
သူမက မုရှင်းယုကို ပထမဆုံးမြင်လိုက်သောအခါက မုရှင်းယု၏ အသွင်အပြင်အပြင်ကြောင့် မှင်သပ်သွားတယ်။ ထို့ပြင် မုရှင်းယု၏ ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးနှင့် တောင့်တင်သော မိသားစုနောက်ခံကြောင့် သူမသည် ချမ်းသာသော မိသားစုတွင် လက်ထပ်ရန်စိတ်ကူးရှိခဲ့သည်။
ထို့ကြောင့် သူမသည် မုရှင်းယုထံချည်ကပ်ကာ မုရှင်းယုသို့၏ အာရုံကို ဆွဲဆောင်ရန် ကြိုးစားခဲ့သော်လည်း မုရှင်းယုသည် သူမနှင့် အကွာအဝေးကို အလွန်ထိန်သိမ်းနေသောကြောင့် သူမသည် မုရှင်းယုနှင့် အတင်းအဖျင်းထွက်ရန်လုပ်လိုက်သည်။
သို့သော် မုရှင်းယု၏ အေးဂျင့်သည် အလွန်အစွမ်းထက်ပြီး သူမ၏ အရင်အရှုပ်တော်ပုံများ၏ သက်သေ အထောက် အထားများကို တွေ့ရှိခဲ့သောကြောင့် မုရှင်းယုထံသို့လာပြီး အပြန်အလှန် အကျိုးအမြတ်နှင့် ရလဒ်များရရှိရန် မုရှင်းယု​နှင့် အရှုပ်တော်ပုံအား ရှင်းလင်းရန်ရောက်လာခဲ့သည်။
သို့သော် ယခုမူ မုရှင်းယု၏ စရိုက်လက္ခဏာသည် သူ့ကို မစော်ကားသရွေ့ အခြေခံကောင်းဖြစ်သည်ကို သူမ သဘောပေါက်သွားပြီး သူမ၏ အတင်အဖျင်းများက မုရှင်းယုကို ထိခိုက်စေခဲ့သည်မှာ သိသာထင်ရှားပါသည်။ သူမ၏ အကြံအစည်ကို မပြရသေးမီတွင် မုရှင်းယုသည် သူမ၏ စကားများကိုပြန်၍ ပိတ်ပင်ခဲ့သည်။
နှစ်ဘက်စလုံး သဘောတူပါက စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးနိုင်သော်လည်း သူမတစ်ယောက်တည်း တုံ့ပြန်ခဲ့ပါက သူမကိုယ်တိုင် အတင်အဖျင်းများကို သံသယဖြစ်စေနိုင်သည်။
ကျိုးရုရွှမ်းသည် ဘေးကင်းသောဖြေရှင်းချက်ကိုရှာရန် သူမ၏ အေးဂျင့်ကို ဖုန်းခေါ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
စားသောက်ဆိုင်ထဲမှာ ရှောင်ဝမ်က နွားနို့သောက်နေပြီး " အစ်ကိုရှင်းယု ခုနက မင်ကအရမ်းမိုက်တယ်။ အကြံ အစည်များတဲ့ မြေခွေးလို သူမနဲ့ မပတ်သက်နဲ့ "
ရှောင်ဝမ်းက ကျိုးရုရွမ်းကို အရမ်းကြိုက်ခဲ့ဖူးတယ်။ ဒါပေမယ့် အခု သူ့မှာ ကျိုးရုရွှမ်အတွက် ကောင်းမွန်တဲ့ ခံစားချက်တွေ မရှိတော့ဘူး။
" တော်ပြီး သူမအကြောင်း​မပြောနဲ့တော့ နောက်ငါးရက်ပြီးရင် ငါအနားယူဖို့ တစ်ရက်ခွဲလောက်ရလိမ့် ပြီးရင် **ကို ပြန်သွားမယ် "
ရှောင်ဝမ်းက အရမ်းအံ့သြသွားတယ်။ " အစ်ကိုရှင်းယု! အဲ့တာကတကယ်ဘဲ တစ်ယောက်နဲ့တစ်ယောက်မတွေ့တာ နေ့တိုင်းနေ့တိုင်း က ဆောင်းဦး သုံးရာသီလို ဖြစ်နေတာလာ? မင်းပြန်ဖို့ မစောင့်နိုင်တော့ဘူးလား?"
" မင်းက မပြန်ဘူးလား? " မုရှင်းယုက ပြန်မေးတယ်။
" ပြန်မယ်! ဘာလို့မပြန်ရမှာလဲ? " ရှောင်ဝမ်းက မေးတယ်။
" ကောင်းပြီ၊ ဒါ သဘောတူညီချက်ပဲ " မုရှင်းယုက ပြုံးလိုက်သည်။
အချိန်ဇယား တစ်ခုရှိသော်လည်း မုရှင်းယုသည် သူအလိုရှိသည့်အတိုင်း ရိုက်ကူးခဲ့သည်။ သို့သော် ကျိုးရုရွှမ်းသည် စိတ်လွင့်နေ၍ ကြားတွင် ရိုက်ကူးရေးကို အကြိမ်အနည်းငယ်ပြန်လည်ရိုက်ကူးခဲ့ရသည်။
ညဘက်တွင် ကျိုးရုရွှမ်းသည် အရှုပ်တော်ပုံအား မရှင်းလင်းသေးပေ။
ကုယွမ်ကျိုးနှင့် ဗီဒီယိုခေါ်ဆိုမှုအတွင်း ကုယွမ်ကျိုးမှ " မနက်ဖြန်တွင် သူမရှင်းလင်းဖို့ထွက် လာလိမ့်မည် " ဟု ပြောလာတယ်။
" ခင်ဗျားဘယ်လိုသိလဲ? " မုရှင်းယုက သိချင်စိတ် ပြင်းပြစွာ မေးတယ်။
" စိတ်အား ထက်သန့်နေတဲ့ လူအတွက် သဘာဝအတိုင်း ကိုယ် သူမကို သင်ခန်းစာတစ်ခု သင်ပေးရမယ် "
" ခင်ဗျားဘာလုပ်လိုက်တာလဲ? " မုရှင်းယုက စိတ်အားထက်သန်စွာနဲ့စူးစမ်းနေမိတယ်။
" ဒါက ဘာမှမဟုတ်ပါဘူး၊ အဲ့ဒါက သူမအတွက် ဖိအားတွေ ဖန်တီးတာဘဲ " ကုယွမ်ကျိုးက ပေါ့ပေါ့ပါးပါးပြောခဲ့သည်။
တကယ်တော့ သူသည် ကျိုးရုရွှမ်ကို အဖွဲ့ထဲမှ ထုတ်ပယ်ရန် စီစဉ်ထားသော်လည်း အကယ်၍ သူသာ ပြုလုပ်ခဲ့မည်ဆိုလျှင် မုရှင်းယုသည် ရိုက်ကွင်းများစွာကို ပြန်လည်ရိုက်ကူးရပေလိမ့်မည်၊ နောက်ဆုံးတွင် သူသည် ဤအစီအစဥ်ကို စွန့်လွှတ်ခဲ့သည်။
မုရှင်းယုသည် ကျိုးရုရွှမ်းအတွက် ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရတယ်။ ကုယွမ်ကျိုးသည် ဖုန်ဇီအန်၏ နာမည်ကို ပျက်စီးစေကာ ကွမ်ဟူ အိမ်ခြံမြေကို ဖိနှိပ်ခဲ့သည်။ ဒီတစ်ခါ ကုယွမ်ကျိုးသည် ကျိုးရုရွှမ်ကို ဖိအားပေးခဲ့ပေမဲ့ ဒါက ဘယ်လိုဖိအားမျိုးလဲဆိုတာ သူမသိဘူး။ ထိုကဲ့သို့ သိချင်စိတ်ဖြင့် မုရှင်းယုက အိပ်ပျော်သွားသည်။
နောက်တစ်နေ့တွင် သူသည် ရိုက်ကူးရေး အဖွဲ့ဆီသွားတဲ့အခါ ရှောင်ဝမ်းက မုရှင်းယုကို စိတ်လှုပ်ရှားစွာနဲ့ " အစ်ကိုရှင်းယု ငါမင်းအတွက် သတင်းကောင်းရှိတယ်။ ကျိုရုရွှမ်က *ကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်ထောက်ခံချက်ကို ဆုံးရှုံးသွားတယ်။ ပြီးတော့ ရုပ်ရှင်အဖွဲ့တစ်ခုက မူလက သူမကို ဇာတ်လိုက်မင်းသမီးအနေနဲ့ ထောက်ခံခဲ့တယ်။ ဒါပေမယ့် အခု သူမ မလုပ်နိုင်တော့ဘူး "
(*global ambassador)
" ဒီသတင်းကို ဘယ်ကကြားတာလဲ? "
" အစ်မလန်က ကျွန်တော့်ကိုပြောပြတာ။ ဒါပေမယ့် မစ္စတာကုကိုကျေးဇူးတင်ရမယ်။ အားလုံးကသူ့ကြောင့်ဘဲ " ရှောင်ဝမ်းက လေးစားမှုနဲ့ ပြောတယ်။
" ဒါကိုမပြန့်စေနဲ့၊ အခု ငါနဲ့သူမက တူညီတဲ့ ရိုက်ကူးရေးအဖွဲ့ထဲမှာ "
ရှောင်ဝမ်းက " ကျတော်နားလည်​ပါတယ်​ "
အဖွဲ့ဆီ ရောက်​လာသောအခါ
မုရှင်းယုက ပုံမှန်​အတိုင်း ရိုက်​ကူး​ခဲ့တယ်​။ ဒီ​နေ့ သူသည် ကျန်းကျိတုန်နှင့် ကျိုးရုရွှမ်းတို့ကြားက ပြကွက်အချို့ကို ရိုက်ကူးရမှာဖြစ်သော်လည်း ကျိုးရုရွှမ်းသည် အခြေအနေမကောင်းဘဲ သုံးကြိမ်ဆက်တိုက် NG ဖြစ်ပြီးနောက်မှာတော့ ဒါရိုက်တာကျန်းရဲ့ မျက်နှာကို အလွန်ရုပ်ဆိုးစေခဲ့သည်။
ကျန်ကျိတုန်ကလည်း မျက်မှောက်ကြုတ်ကာ ကျိုးရုရွှမ်ကို အလွန်မကျေမနပ်ဖြစ်လာသည်။
"ဒါရိုက်တာကျန် တောင်းပန်ပါတယ် ကျွန်မ..."
" နောက်ထပ်ရိုက်မယ့် ဇာတ်ကွက်ကို အရင်ရိုက်မယ် ပြီးရင် မင်းပြင်ဆင်ထားပါ " လို့ ဒါရိုက်တာကျန်းက ပြောတယ်။
ကျိုးရုရွှမ်းက ခေါင်းညိတ်ပြရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ဘဲ သူမ၏ လက်ထောက်နှင့်အတူ ထောင့်နားသို့သွားကာ လက်ထောက်ကို လှည့်ပတ်ကြည့်ရှုခိုင်းပြီး သူမ၏ အေးဂျင့်ဆီကို ဖုန်းခေါ်လိုက်သည်။
" ထောက်ခံမှုသုံးခု ဆုံးရှုံးသွားတယ်လို့ပြောတာလာ? အဲဒါတွေအားလုံးက နာမည်ကြီးအမှတ်တံဆိပ်တွေကြီးပဲ? " ကျိုူရုရွှမ်းက မေးသည်။
" ဟုတ်တယ် အခု ငါ Brand နဲ့ ညှိနှိုင်းနေတယ်။ GenUine ကတခြားပြောရေးဆိုခွင့်ရှိသူကို ရွေးမယ်လို့ ပြောနေတယ်။ ကျန်နှစ်ခုက လည်း မင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါကတွေက အဓိကမဟုတ်ပါဘူး။ အဓိကက ဒါရိုက်တာစုန်းရဲ ဇာတ်လမ်းအသစ်အတွက် အမျိုးသမီးခေါင်းဆောင်ကို နောက်ဆုံးမှာ ခက်ခက်ခဲခဲဆုံးဖြတ်ပြီးပြီး အဲ့တာ တုန်းလင်လင်။ သူမက မင်းရဲ့ပြိုင်ဘက်ဘဲ "
" တစ်စုံတစ်ယောက်က ငါ့ကိုပစ်မှတ်ထားနေတာလာ? "
" မုရှင်းယုက အဲဒါကိုလုပ်ခဲ့တာလို့ ငါသံသယရှိတယ်? "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? " ကျိုးရုရွှမ်းက အံ့သြစွာပြောလိုက်ပြီး သူမရဲ့ အသံက အရမ်းကျယ်နေတာကို သိလိုက်တော့ သူမက အသံကို အလျင်စလို နှိမ့်လိုက်ပြီး " သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒါရိုက်တာစုန်းကို သုံးဖို့ဆိုတာမဖြစ်နိုင်ဘူး။ လန်ယင်က ဘယ်လောက်ပဲ အဆက်အသွယ်ကောင်းနေပါစေ GenUINE နဲ့ ဒါရိုက်တာစုန်းကို အဆက်အသွယ်မရှိနိုင်ဘူး "
" လန်ယင်းပြောတာကို မေ့သွားပြီလား? "
ကျိုးရုရွှမ်ရော သူမရဲ့ မန်နေဂျာရောက ဒီခြိမ်းခြောက်တဲ့ စကားလုံးကို နှလုံးသားထဲ ထည့်မထားခဲ့ကြပေမယ့် အခုတော့လန်ယင်ရဲ့ စကားတွေကို အာရုံစိုက်နေကြပါပြီ။
" မုရှင်းယု တကယ်လုပ်ခဲ့တာလား? သူတို့တွေ ဒီလောက်ကြီးမားတဲ့ စွမ်းအားကို ဘယ်လိုရနိုင်တာလဲ? " ကျိုးရုရွှမ်က သူမရဲ့ စိတ်ရှုပ်ထွေးမှုကို ထုတ်ဖော်ခဲ့တယ်။
အေးဂျင့်က "ဒါက မုမိသားစုကြောင့်လည်း ဖြစ်နိုင်တယ်။ မုမိသားစုက ချမ်းသာတဲ့ မိသားစုတစ်ခုဖြစ်ပြီး သူတို့မှာ အဆက်အသွယ်တွေ အများကြီးရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ Weibo ကို ငါသုံးပြီး ရှင်းလင်းလိုက်မယ်၊ ပြီးတော့ မင်းလည်း မုရှင်းယုကို တောင်းပန်လိုက် "
" ကောင်းပြီး၊ ငါသိပြီး " ဖုန်းပြောပြီးနောက် ကျိုးရုရွှမ်းသည် ကျန်းကျိတုန်နှင့် ရိုက်ကူးရေး လုပ်နေသော မုရှင်းယုကိုကြည့်ကာ ပို၍ ပို၍ ကြောက်ရွံ့လာသည်။ အကယ်၍ သူမသည် ဤမျှလောက် ဒုက္ခရောက်မည်ကို သိခဲ့လျှင် မုရှင်းယုကို ချဉ်ကပ်မည်မဟုတ်ပေ။
***************************************
Zawgyi
" ဟုတ်တယ် "
" သူမ ကိုယ်တိုင်လား? "
" အစ်မ တကယ်စိတ်မကောင်းဖြစ်ရင် ကျတော်တို့ရဲ့ အတင်းအဖျင်းတွေကိုရှင်းဖို့ အစပြုလုပ်ဆောင်လိုက်ပါ " ပြောပြီးနောက် မုရှင်းယုက ကျိုးရုရွှမ်းကို ဖြတ်ကျော်ကာ စားသောက်ဆိုင်ထဲကို ၀ငျသှားခဲ့တယျ။
(*global ambassador)
***************************************
Continue Reading
You'll Also Like
4.5M 281K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
133K 27.1K 80
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
8.5K 302 21
I thought I'd had crushes before There was Carson, who smiled at me in bio There was Isabell, with the beautiful eyes But this girl God, it's like it...
6.6K 187 20
"𝖨'𝗆 𝗌𝗈 𝗂𝗇 𝗅𝗈𝗏𝖾 𝗐𝗂𝗍𝗁 𝗒𝗈𝗎"