"ဖုန်းကိုင်ဖို့ ဘာလို့ကြာနေတာလဲ "
ပျိုး စခရင်ထဲမှ သူ့ရဲ့ မကြည်မချမ်းမျက်နှာကို ကြည့်လိုက်ရင်း ခုတင်ပေါ်မှာထိုင်လိုက်သည်။
သူလဲ ခုတင်ပေါ်မှာထိုင်ပြီး ဖုန်းကို ခုတင်ဘေးကစားပွဲပေါ်မှာ တင်ထားပုံရသည်။သည်နေ့ည သူဝတ်ထားသည့် အင်္ကျီက စတစ်ကော်လံနှင့် ချည်သားအင်္ကျီပုံစံမျိုးအဖြူရောင်ဖြစ်သည်။အင်္ကျီက လက်တိုမို့ သူရဲ့လက်မောင်းသားကျစ်ကျစ်တွေပေါ်နေကာ သူနှင့် သိပ်လိုက်ဖက်သည်။လူငယ်ပိုဆန်သည်။အင်း...သူကအမြဲလူငယ်ဆန်ဆန်နေတာပါလေ။ကိုယ်ကသာ သူနဲ့ယှဥ်လျှင် ပုံတုံးနေတာ။
ပျိုးကတော့ ညဘက်ဝတ်နေကျ ပိုးသား Pajamas နှင့်သာ...
"ခုန မျက်နှာသစ်နေလို့လေ "
"ဟုတ်လို့လား"သူက မျက်မှောင်ကြုတ်လျက်...
"သြော်...တကယ်ပါဆို "
မင်းညီလာမောင်က ခေါင်းညိတ်လိုက်သည်။ ကိုယ်မှ မမြင်ရတာ ပြောတာပဲယုံရမှာပေါ့။
"မောင်လွမ်းနေတာ...ကလေးရဲ့"
Ig မှာ Face Chat ပြောနေရင်း ဆွေးဆွေးမြေ့မြေ့ပြောလိုက်သော မင်းညီလာ၏ စကားကြောင့် ပျိုးမျက်နှာပြင်ပေါ်သို့ ပန်းရောင်ကလေးပြေးသွားကာ ပျိုး ဟိုပြောရမလို သည်ပြောရမလိုနှင့် ဖြစ်သွားရသည်။စခရင်ထဲမှ သူ့မျက်နှာကို မချင့်မရဲပြန်ကြည့်လိုက်တော့သူ့ရဲ့နွေးထွေးတဲ့ မျက်ဝန်းထဲမှာ အတိုင်းသားမြင်နေရတဲ့ အလွမ်းရိပ်တွေ။
ပြီးတော့ ပျိုး ဖုန်းScreenထဲမှ သူ့မျက်နှာကိုပြန်ကြည့်လိုက်သည်။သူက ပျိုးရဲ့ ရယ်ရွှန်းနူးညံ့နေတဲ့ မျက်နှာလေးကိုသာ တစိုက်မက်မက်ကြည့်နေ၏။
"အလုပ်ရော အဆင်ပြေရဲ့လား"
ကိုယ်လွမ်းကြောင်းပြောမှ အလုပ်အကြောင်းထပြောတာကြောင့် မင်းညီလာ မျက်နှာအနည်းငယ်အုံ့မှိုင်းသွားသည်။
"ပြေတယ်"
ဘာလဲ ကိုယ်တစ်ဖက်တည်းကပဲ လွမ်းနေတာလား။ သူများတွေလို 'လွမ်းတယ်' လို့ပြောရင် 'ပိုလွမ်းပါတယ်' လို့မပြောတောင် 'ငါလဲအတူတူပါပဲ' ဘာညာတော့ ပြောသင့်တာပေါ့။ကိုယ့်မှာ သူနဲ့
Face Chat လုပ်ရဖို့ကို နာရီ တကြည့်ကြည့်နဲ့ မျှော်နေရတာ။
"ဒီနေ့ ချောင်းသာမှာ မိုးရွာလားဟင်"
ပျိုး တကယ်တော့ ခုလို သူအဝေးကိုရောက်နေတဲ့အချိန်မှာ ဘာပြောရမှန်းမသိတာကြောင့်ရယ် ၊ နေ့လယ်က မိုးသည်းသည်းမည်းမည်း ရွာချိန် သူ့ကိုသတိရတာရယ်ကြောင့် မေးလိုက်ခြင်းဖြစ်သည်။
"နည်းနည်းပါ အဲ့မှာရော"
"အင်း...တော်တော်ရွာတယ်။ မင်းအိပ်ရေးဝအောင်အိပ်နော် ညစာရော"
"စားပြီးပါပြီ အိပ်ရေးလဲဝအောင်အိပ်တယ် အိပ်မပျော်ခင်တော့ တော်တော်ဒုက္ခရောက်တယ်သိလား"
ပျိုး သူ့ရဲ့ ဒုက္ခဆိုတဲ့စကားကြောင့် မျက်ခုံးတန်းလေးတွေ ချက်ချင်းစုကျုံ့သွားကာ..
"ဘာဖြစ်လို့လဲ "
မင်းညီလာက စားပွဲပေါ်ကဖုန်းကိုယူလိုက်ပြီး ခန္ဓာကိုယ်ကို အိပ်ရာပေါ်လှဲချကာ အိပ်ရာပေါ်မှ ဖက်ခေါင်းကို ဖက်လိုက်၏။
" ဖက်အိပ်ရမယ့်မင်း မရှိလို့လေ မောင်တကယ်မအိပ်တတ်ဘူးသိလား အရမ်းဒုက္ခရောက်တာပဲ "
မင်းညီလာတို့က စကားပြောဖို့ သင်တန်းတွေယူထားသလားလို့တောင်ထင်ရသည်။
"မင်း ငါ့ကို ညုကလီးယားတွေ လာပြောမနေနဲ့"
မင်းညီလာက ပျိုး ပြောသည့် ညုကလီးယား ဆိုတာကို စဥ်းစားသွားဟန်နဲ့ မျက်နှာကို ခပ်တွေတွေလုပ်လိုက်သည်။
"နျူကလီးယားပဲ ကြားဖူးပါတယ် ဘာလဲညုကလီးယား"
သူ့ပြောသည့်ပုံစံနှင့် စကားကြောင့် ပျိုးခပ်ဖွဖွပြုံးလိုက်ပြီး...
"မင်းက ငါ့ကို လာညုနေတာကို အဲ့တာကြောင့် ညုကလီးယား လို့ပြောတာလေ"
မင်းညီလာက သည်တော့မှ သွားပေါ်အောင်ထိရယ်လိုက်ကာ သူ့နှာဖူးကိုသူ လက်ဖြင့် ရိုက်လိုက်သည်။
"မောင်အခုပရောဂျက်ပြီးရင် အေးဆေးမောင်တို့အတူ ဒီကိုလာရအောင် ၊ မင်းချောင်းသာရောက်ဖူးလား"
"ဆယ်တန်းပြီးတော့ သူငယ်ချင်းတွေနဲ့ရောက်ဖူးတယ်၊ ငါကခရီးသွားရတာသိပ်ဝါသနာမပါတော့ သိပ်မရောက်ဖြစ်ဘူး။အဲ့ဒီတစ်ခါပဲ "
"အခုမောင့်အပန်းဖြေစခန်းက မင်းလောက်မဟုတ်ပေမယ့် သိပ်လှတယ်သိလား ။ မင်းသဘောကျမှာ"
ဒီတစ်ယောက်နဲ့တော့ ခက်ပါတယ်။
"ဆယ်တစ်နာရီခွဲတော့မှာ အိပ်ကြမယ်လေ"
"အလွမ်းတောင်မပြေသေးဘူးကွာ"
ဟွန်း! အလွမ်းက မပြေမပြေနိုင်လွန်းတယ်။အိပ်ရာနိုးရင် တစ်ခါဖုန်းခေါ်တယ်၊ နေ့လယ်ကျရင်တစ်ခါ အခု လို ညရောက်ရင်တစ်ခါ။သွားတဲ့နေ့ကစပြီး တစ်ရက်မှ လပ်သွားတယ်မရှိ။
သူပြောသည့်ပုံက ကလေးတစ်ယောက်ဂျီကျသည့်နှယ်မို့ ပျိုး မျက်နှာထားကို ခပ်တည်တည်လေးလုပ်ပြီး လက်ညှိုးထိုးကာ...
"မနက်ကို နှစ်ယောက်လုံး အလုပ်ရှိတယ် ခုအိပ်ရမယ်"
"အဲ့တာဆို လွမ်းတယ်ပြော"
" အိပ်ဆိုအိပ် စကားမရှည်ရဘူး"
ပျိုး ပြောသည့်ပုံစံက မိဘတစ်ယောက် ကိုယ့်ကလေးကို 'နင်အိပ်မှာလား မအိပ်ရင်အရိုက်ခံရမယ်'ဆိုတဲ့ အမိန့်ဆန်ဆန်ပုံစံမျိုး။
ပြောပြီး သူ့ဘက်ကအဖြေကို စောင့်မနေတော့ဘဲ ပျိုး Call end လုပ်လိုက်သည်။မဟုတ်ရင် မင်းညီလာက တကယ့်မူလီ ဟိုဘက်က လှည့်ရစ် ဒီဘက်ကလိုက်ရစ်နဲ့ သူအိပ်ဖြစ်မှာကိုမဟုတ်တော့ဘူး။သူ့ကြည့်ရတာ မျက်တွင်းကကျကျ ဒီကလူက စိတ်မချမ်းသာရဘူး တကတည်း။
ပျိုးလဲ ဖုန်းချလိုက်ပြီး သူ့ရဲ့ instargram Story ကို နှိပ်ကြည့်လိုက်သည်။
သူတင်ထားတာကတော့ Background အနက်ရောင်နှင့် 'Miss You My's Baby ' တဲ့။
ပျိုးလဲ ရင်ထဲကြည်နူးရိပ်ကလေးက တသိမ့်သိမ့်လှိုက်ဖိုလျက်...Story မှာ စာလေးတစ်ကြောင်း ရေးတင်လိုက်၏။
'Morethan'
ထိုညအိပ်စက်မှုက နှစ်ယောက်လုံးအတွက် အိပ်မက်ဆန်းဆန်းကလေး မက်ကြပေ လိမ့်မည်။
______။
"ကိုခန့်မင်း ရောက်နေပြီBoss"
ကိုညီက အနားရောက်ပြီးပြောသည်မို့ပျိုး မူးနောက်နောက်ဖြစ်နေတဲ့ခေါင်းကို အာရုံမှခဏမေ့ထားလိုက်ရသည်။ဒီရက်ထဲ အိပ်လို့လုံးဝမရသည်ကြောင့်လားတော့ မသိပါ နေရတာလဲ မအီမသာ၊လန်းလန်းဆန်းဆန်းလဲ ရှိမနေဘဲ ခေါင်းထဲမှာလဲ အမြဲနောက်ကျိနေတတ်သည်။
"ဝင်လာခိုင်းလိုက် ကိုညီ"
ပျိုး စားပြဲကို လက်ဖြင့်အားပြု ထောက်ကာ ခန္ဓာကိုယ်ကို ခပ်ဖြည်းဖြည်း ထပြီး ရုံးခန်းအတွင်းမှ ဆိုဖာစားပွဲဝိုင်းဆီသို့ အရင်သွားထိုင်လိုက်သည်။ခဏကြာတော့ CEO ဟောင်း ကိုခန့်မင်းနှင့်အတူ ကိုညီတို့ဝင်လာကြသည်။ကိုခန့်မင်းက ပါးမြိုင်းမွှေး(ပသိုင်းမွှေး)တွေနှင့်မို့ ရှိရင်းစွဲအသက်ထက် အနည်းငယ်ပိုရင့်ကာ မျက်နှာထား ခပ်တင်းတင်းဖြင့် ပျိုးနှင့် ဖန်စားပွဲတစ်ခြား ပျိုးရှေ့ဆိုဖာမှာဝင်ထိုင်တော့ ကိုညီက ပျိုးအနားမှာ မတ်တတ်ရပ်လျက်။
ပျိုးက မျက်နှာကို ဒေါသရိပ်မထင်သည့် ခပ်တည်တည်မျက်နှာဖြင့်....
"ပေးထားတဲ့ အချိန်လဲ ပြည့်ပြီဆိုတော့ ကိုခန့်မင်း ကျွန်တော်အများကြီးတော့ ပြောစရာလိုမယ်မထင်ပါဘူး၊လိုအပ်တဲ့စကားတွေကို ကျွန်တော်ပြောပြီးပြီထင်တာပါပဲ"
ကိုခန့်မင်းက ပျိုးစကားကြောင့် မျက်နှာထားတစ်ချက်ပျက်ယွင်းသွားသည်။
ပြီးတော့ ကိုယ်ရုံးကိုဝင်လာချိန် ဝန်ထမ်းတွေကြည့်တဲ့ အကြည့်တွေကလဲ ခုထိအာရုံထဲမှာမထွက်။ဒီမလောက်လေးမလောက်စားနဲ့မှကွာ။
ကိုယ့်မွေးမှ ကိုယ့်သားလောက်ရှိတဲ့ကောင်က အထက်စီးဆန်နေတာကို ကိုခန့်မင်း ခံရခက်စွာနှင့်....
"ကိုယ့်ဘက်က အချိန်နည်းနည်း...."
"မရဘူး ကိုခန့်မင်း သံုးလဆိုတဲ့အချိန်က ခင်ဗျားအတွက် လုံလောက်တဲ့အချိန်ပမာဏပါပဲ ၊ တန်ဖိုးကြီးကားတွေချည်း သီးသန့် Showroom ကိုတောင် သုံးလအတွင်း ဖွင့်နိုင်ခဲ့တာမဟုတ်လား အဲ့ဒီတော့ငွေတွေကိုလဲ သုံး လအတွင်းပြန်ပေးနိုင်ရမှာပေါ့"
မီလီယံ ချီတန်တဲ့ကားတွေချည်း သီးသန့်ကို ရန်ကုန်မှာမဖွင့်ဘဲ နေပြည်တော်မှာ သွားဖွင့်ထားသည့်ကိစ္စသာမက ပရောဂျက် ဘတ်ဂျက်ငွေတွေ ဖြောင်ထားတဲ့ ဂဏန်းတစ်လုံးချင်းစီအထိ သူ့အတွင်းရေးမှုဆီက နောင်နောင့်အကူအညီဖြင့် အာလုံးသိနှင့်ပြီးသားမို့ သူ့မှာမငြင်းနိုင်ခဲ့ ။
"ငါ မင်းအမေနဲ့ကတည်းက အလုပ်လုပ်လာတာပျိုးဥယျာဉ် မင်းလေးစားသမှုဆိုတာရှိသင့်တယ်"
ပျိုး ခနဲ့တဲ့တဲ့ အပြုံးကို တစ်ချက်ပြုံးကာ...
" ရုံးကလုံခြုံရေးဝန်ထမ်း၊သန့်ရှင်းဝန်ထမ်းထိ မှန်မှန်ကန်ကန် အလုပ်လုပ်နေတဲ့လူတိုင်းကို ကျွန်တော် လေးစားပါတယ် ကိုခန့်မင်း "
ပြောသည့်သဘောက အဲ့ဒီဝန်ထမ်းတွေလောက်တောင် ဘောင်မဝင်တော့သည့်အထှာနှင့်။
ကိုခန့်မင်း မျက်နှာတင်းသည်ထက်ပို၍ တင်းမာလာသည်။ပျိုးကတော့ တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိ တည်ကြည်အေးစက်နေဆဲ။
"မင်းအမေနဲ့တွေ့ချင်တယ်"
ထိုအခါ ပျိုးက တစ်ချက်ပြုံးပါသည်။
"မေမေနဲ့မိတ်ဆွေအတိုင်းအတာ ခင်မင်မှုအရတွေ့မယ်ဆိုရင်welcomeပါ၊၊ဒါပေမယ့် ဒီကိစ္စ ဆိုရင်တော့ မစဉ်းစားပါနဲ့ ခင်ဗျားပဲအလုပ်ပိုမှာ။ ကျွန်တော်လုပ်နေတဲ့အလုပ်မှာ မေမေက ခင်ဗျားကိုအားနာသမှုနဲ့လျှော်ပေးပါဆိုရင်တောင် ကျွန်တော်က လျှော်ပေးမှာမဟုတ်ဘူး "
ပျိုးဥယျာဥ် ဆိုတဲ့ ငချွတ်လေးက ထင်သလောက်တော့ ပါ့မွှားမဟုတ်ဘူးဘဲ။
"ယောကျ်ားချင်းယူပြီး ခံနေတဲ့ကောင်ကများကွာ"
"ခင်ဗျား!..."
"ကိုညီ"
ပျိုးက သည်နေရာမှာ သည်းခံနိုင်စွမ်းကိုထုတ်သုံးထားပေမယ့် ကိုညီကတော့ အနေကသာခပ်အေးအေး စိတ်မြန်လက်မြန်သူမှန်း ပျိုးက သိသူမို့ ကိုညီ့ကိုဟန့်လိုက်ရသည်။
ကိုညီညီအဖို့တော့ ကိုယ့်ရှေ့မှာ သူခိုးသာသာလူက ကိုယ့်သူဌေးကို ထိပါးစော်ကားနေတာမျိုးကို စိတ်ငြိမ်ငြိမ်နဲ့ကြည့်မနေနိုင်။
ဒါပေမယ့် Bossက တားသည်မို့ ကိုညီမျက်နှာတင်းတင်းနဲ့သာ ငြိမ်နေလိုက်ရသည်။
"ကိုခန့်မင်းကို ကျွန်တော်နားလည်ပါတယ် ။ သူခိုးဆိုတာ လူမိရင်ရှက်မယ်၊ရှက်တော့ရမ်းမယ် ဒါသဘာဝပါပဲ ။ခင်ဗျားက သဘာဝနဲ့လိုက်လျောညီထွေနေတတ်သားနော်"
ကိုခန့်မင်းက ကိုယ့်ကိုသူခိုးလို့သွယ်ဝိုက်နည်းထက်ပိုသော စွပ်စွဲချက်ကို ပေါ်ပေါ်တင်တင် ပြောလိုက်တာမို့ ဒေါသစိတ်က ငယ်ထိပ်ပေါက်ကာ ထိုင်နေရာမှ ချက်ချင်းထရပ်ပြီး ဝတ ကုတ်အင်္ကျီကိုနောက်သို့ခါလိုက်ပြီး ခါးထောက်ကာ ပျိုးကို သတ်ဖြတ်တော့မည့်အလား စူးစူးရဲရဲကြည့်သည်။ဒီလိုကောင်ဆီမှာ ခုလို ချိုးချိုးနှိမ်နှိမ်အပြောခံနေဖို့ မတန်ဘူး။
"တောက်!မင်းလို အခြောက်ကများငါ့ကို...."
!ခွပ်..ခွပ်!
ပျိုးရဲ့အိမ်ထောင်ရေးကို ရှုံ့ချသော ကိုခန့်မင်းရဲ့စကားဆုံးအောင်ပင် မပြောလိုက်ရဘဲ ဆိုဖာပေါ်သို့ ခန္ဓာကိုယ်လဲကျသွား၏။ထိုလဲကျသွားသောလူကို ထပ်မံလက်ရွယ်လိုက်ချိန်မှာတော့...
"တော်တော့... ကိုညီ မလုပ်နဲ့"
ပျိုး ရုတ်တရက်ထရပ်လိုက်စဉ် ခေါင်းထဲမိုက်ခနဲ ဖြစ်သွားသည်။ကိုညီရဲ့ လျှပ်စီးလိုမြန်ဆန်ပြင်းထန်သော လုပ်ဆောင်ချက်ကို ပျိုးမတားဆီးနိုင်လိုက်ပါ။ထပ်ထိုးဖို့ ရွယ်နေသော လက်ကိုသာဖမ်း
"မလုပ်နဲ့ ကိုညီ"
ကိုညီက ပျိုးကို ပြန်တောင်မကြည့် ကွဲသွားတဲ့ နှုတ်ခမ်းထောင့်က သွေးစတွေကို ဖိသုတ်ပြီး မကျေနပ်ခြင်းတို့ ပြည့်နက်နေသည့် အကြည့်ဖြင့် ပြန်မော့ကြည့်နေသော ကိုခန့်မင်းကိုသာ စက်ဆုပ်သလိုကြည့်နေ၏။
"သူ့ပါးစပ်ကို စကားမပြောနိုင်လောက်အောင် ထိုးရမှာBoss ဒါမှ အဆင့်မရှိတဲ့စကားတွေမိထပ်မထွက်နိုင်မှာ"
"တော်...တော်တော့ ကိုညီ"
"ဟင်...Boss Boss"
ပြာဝေလာတဲ့ မျက်လုံးအကြည့်တွေကို ဆက်အားတင်းမထားနိုင်တော့ဘဲ လျှော့ချလိုက်ချိန်မှာတော့ ပျော့ခွေကာ ပုံကျတော့မည့် ခန္ဓာကိုယ်အား ညီညီ အချိန်မှီ လက်ဖြင့်ထိန်းလိုက်သည်။
"Boss... Boss"
သို့သော် Bossရဲ့ မျက်လွှာက ပိတ်ချထားလျှက်။
>>>>
ပျိုး မျက်ခွံတွေကို အားယူပြီး ဖွင့်လိုက်ပေမယ့်အမြင်အာရုံတွေက မရှင်းလင်းသေးပါ။ထို့ကြောင့် မျက်တောင်ကို သုံးလေးချက် ပုတ်ခတ်ပြီးတော့မှ ထပ်မံ အားယူကာဘေးဘီကိုဝေ့ကြည့်သည်။ပျိုး ရောက်နေတာက ဆေးရုံသီးသန့်ခန်းတစ်ခု။
ပျိုး လဲလျောင်းနေသော ခုတင်ဘေးမှာတော့ နောင်နောင်နှင့် ကိုညီ ကို အတူတွေ့ရသည်။
"သတိရလာပြီလား "
"သတိရလာပြီလား Boss"
ပျိုး သူတို့နှစ်ယောက် လုံးကို ပျိုးဘာမှ ပြန်မဖြေနိုင်သေးဘဲ ထိုအခြေအနေမဖြစ်ခင် အခိုက်အတန့်ကို ပြန်စဥ်းစားကြည့်ရသည်။
ခဏ လောက်ငြိမ်သက်ကာ စဥ်းစားပြီးတော့မှ...
"နောင်နောင် မင်းရောက်လာတာလား"
နောင်နောင့်ကိုပြောရင်း ပျိုးထထိုင်ဖို့ကြိုးစားတော့ ...
"ဖြည်းဖြည်း ဥယျာဥ်"
ပျိုးထိုင်ဖို့အတွက် နောင်နောင်က ကူညီပေးသည်။နောင်နောင် ထိုသို့ကူညီပေးတဲ့အချိန်မှာ ဘာကြောင့်မှန်းမသိ အားငယ်သလို ဝမ်းနည်းသလို ခံစားချက်နှင့်အတူ အခုအချိန်မှာအဝေးရောက်နေသည့်သူ့ကို တမ်းတမ်းတတကိုလိုအပ်နေမိသည်။နောင်နောင့်နေရာမှာ ရှိနေစေချင်သည့် သူ့ကိုရှိနေစေချင်သည်၊ ကိုယ့်မျက်လုံးထဲမှာ သူ့ကိုမြင်ချင်သည်၊ သူ့ဆီက ကြင်နာယုယမှုတို့ကို
လဲ ရင်ထဲမှလှိုက်လှိုက်လှဲလှဲကို လိုချင်နေမိသည်။
"သက်သာလား"
"အင်း သက်သာပါတယ်၊မင်းဘယ်လို လုပ်ရောက်လာတာလဲ"
ကိုညီကတော့ ေနာင်နောင်နှင့် စကားပြောနေတော့ ပျိုးကို ခေါင်းတစ်ချက်ငဲ့ပြီး အပြင်သို့ထွက်သွား၏။
"လာတုန်းကတော့ မင်းဆီနေ့လယ်စာစားဖို့ဝင်ခေါ်တာပဲ "
နေ့လယ်စာ၊ နေ့လယ်စာ စားချိန်ဆိုတော့ မင်းညီလာဖုန်းဆက်မည့်အချိန်ပဲမဟုတ်လား။ပျိုး ဖုန်းကို ဟိုဟိုသည်သည် ကြည့်ကာရှာတော့ နောင်နောင်က သဘောပေါက်သွားသည်ထင်ပါရဲ့...
"ဖုန်းလား"
"အင်း မင်းယူလာလားဟင်"
"ဒီမှာ "
နောင်နောင် သူဝတ်ထားသည့် ကုတ်အင်္ကျီအတွင်းအိတ်ထဲက ပျိုးရဲ့ ဖုန်းကိုထုတ်ပေးသည်။
"ကျေဇူးပဲကွာ"
ပျိုး မျက်ခွံတွေက အနည်းငယ် လေးလံနေဆဲ ရင်ထဲမှာလဲ ပြည့်အင့်နေသလို။သို့ပေမယ့် ထိုဝေဒနါတွေကိုမမှုနိုင်သေး ပါဝါပိတ်ထားသည့်ဖုန်းကိုသာ အလောတကြီးဖွင့်နေပုံကို နောင်နောင်ကဘေးမှကြည့်နေသည်။ပြီးတော့ မျက်နှာက အနည်းညှိုးလျော်လျော်ဖြစ်သွားသည်။
ကိုယ်က ပါဝါပိတ်ချင်လို့ပိတ်ထားတာတော့မဟုတ်။ ညီလာတောက်လျှောက်ခေါ်နေတာ ကိုယ်ကကိုင်ပြီး ဖြေလိုက်ရင် စိတ်ခုသွားမှာဆိုးလို့သာ ပါဝါကိုပိတ်ထားလိုက်ရတာ။
ထင်တဲ့ အတိုင်းပဲ အချိန်က ညနေသုံးနာရီ ဆယ့်နှစ်မိနစ် သူခေါ်ထားတဲ့အရေအတွက်က နှစ်ဆယ်ကျော်၊နောက်ပိုင်း လက်ခံမရရှိသည့်အရေအတွက်က ရာကျော် နောက်ဆုံးခေါ်သည့်အချိန်က သုံးနာရီဆယ်မိနစ်။ပျိုး ကိုခန့်မင်းနဲ့စကားပြောတုန်းက ဆယ့်တစ်နာရီလောက်ပဲ ရှိသေးတာပါ။ဒါဆို ပျိုးလေးနာရီလောက်ထိ အိပ်ပျော်နေခဲ့တာပေါ့။
ပျိုး သူ့ကိုဖုန်းပြန်ခေါ်ဖို့ လုပ်နေစဥ်အတွင်း သူ့ဆီက ဖုန်းထပ်မံဝင်လာခဲ့သည်။ပျိုး ဖုန်းကိုချက်ချင်းကိုင်လိုက်ပြီး...
"Hello!"
တော်သေးတာပေါ့ ဒီနေ့အဖို့ဖုန်းကိုင်သေးလို့။ဒီမှာဘယ်လောက်ထိ စိတ်ပူနေရသလဲဆိုတာသိတောင်သိရဲ့လား။ဖုန်းခေါ်နေလို့မကိုင်တဲ့ကြား စက်ပါပိတ်သွားလိုက်သေး၏။ မင်းညီလာ ဆောက်လုပ်ရေးထဲမှာမို့ အပြင်ဘက်သို့ထွက်လာသည်။
ပင်လယ်ကမ်းခြေမှ ဖြတ်တိုက်လာသော လေက မင်းညီလာဝတ်ထားသော ဟာဝေယံရှပ်အင်္ကျီကို တဖျက်ဖျက် လှုပ်ခတ်စေသည်။အောက်မှ ဝတ်ထားသော Short Pantအိတ်ထဲကို လက်ထည့်လိုက်ပြီး....
"ဘာလို့ ဖုန်းကိုမကိုင်တဲ့အပြင် စက်ပါပိတ်လိုက်ရတာလဲ"
သူ့အသံက ခပ်ဆတ်ဆတ်မို့ ပျိုးခဏတော့ ဘာဖြေရမှန်းမသိ။ဆေးခန်းရောက်နေပါတယ် လို့အမှန်းအတိုင်း ပြောပြသင့်ရဲ့လား။
"ဟို..."
"ငါအပြင် ခဏထွက်ဦးမယ် ဥယျာဥ်"
ပျိုး နောင်နောင့်ကို ခေါင်းညိတ်ပြတော့ နောင်နောင်က ထွက်သွားသည်။
ဖုန်းထဲမှ ကြားရသော နောက်ဘက်က ကိုနောင့်အသံကြောင့် စိတ်ကဖျင်းခနဲ ဖြစ်သွားရသည်။ဖုန်းကျ မကိုင်ဘဲ ကိုနောင်နဲ့ကျအတူရှိနေတာပေါ့။
မင်းညီလာ တစ်ခုခုပြောဖို့ဟန်အပြင်မှ နောက်ထပ်တစ်ယောက်ရဲ့ အသံက ထပ်မံကြားရပြန်သည်။
"နိုးနေပြီလား..."
ဂျူတီကုတ် နှင့် ကိုကောင်းမြတ်က တံခါးကိုဖွင့်ပြီး ပျိုးခုတင်ဆီလျှောက်လာသည်။
ပျိုး အသံကို နှိမ့်ပြီး...
"ခဏ ကိုင်ထားဦးနော်"ထိုသို့ပြောပြီး ပျိုး ဖုန်းကိုဘေးမှာ ချလိုက်သည်။
"ကိုကောင်း "
မင်းညီလာ ဘာထင်ကြေးမှ ထပ်မတွေးနေတော့ဘဲ သူ့ဘက်က အခြေအနေကိုနားထောင်နေလိုက်သည်။
ကိုကောင်းမြတ်က ခုတင်ဘေးကခုံမှာ ခပ်သာသာထိုင်ပြီး ပျိုးကို အဓိပ္ပါယ်ပါပါကြည့်သည်။
"ဥယျာဥ် မင်းနားချိန်ပိုယူပါ ပိုပြီးအားရှိအောင်နေပါ ခုလိုထပ်ဖြစ်လို့မကောင်းဘူး"
ထိုစကားကြောင့် မင်းညီလာ ထိုင်ရမလို ထရမလို နှင့် ကသောကမျောဖြစ်သွားရသည်။သူဘာဖြစ်တာလဲ။
"ဟုတ်ကဲ့ ကိုညီ ဒီရက်ထဲအလုပ်နည်းနည်း များနေတာကြောင့်ပါ"
"အင်း..."
ကိုကောင်းမြတ်ကို ကြည့်ရတာ တစ်ခုခုကိုပြောဖို့ ဝန်လေးနေသည့်ဟန်။ဂနာမငြိမ်သည့် မျက်လုံးတွေကိုကြည့်ရုံဖြင့်ပျိုးသိသည်။
"တစ်ခုခုပြောစရာရှိတယ်မလား ကိုကောင်း"
ကိုကောင်းမြတ်က ခေါင်းညိတ်သည်။
"မင်းအတွက် ဝမ်းသာစရာဖြစ်မလား၊စိတ်ရှုပ်စရာဖြစ်မလားတော့ မသိဘူး ဥယျာဥ်"
ကိုကောင်းမြတ်က စကားကို ပလ္လင်ခံနေတာမို့ ပျိုး စိတ်ထဲလေးလံလာသည်။ကိုယ့်မှာ ဆိုးရွားတဲ့ဝေဒနါများရှိနေသလား။
"ပြောပါ ကိုကောင်း"
"မင်းမှာ ကိုယ်ဝန်ရှိနေတယ်"
"ဗျာ...ဘယ်လို မဖြစ်...မဖြစ်နိုင်တာ" ပျိုး ခန္ဓာကိုယ်အတွင်းက သွေးလွှတ်ကြောတွေအားလုံးပြောင်းပြန် စီးဆင်းသွားသလိုပါပဲ။
ကိုယ်ဝန် တဲ့။ပျိုးက ယောကျ်ားစင်စစ်ဖြစ်ပါလျက် ဘယ်လိုလုပ်ပြီး။
"မင်း မဖြစ်နိုင်ဘူးထင်သလို ကိုယ်လဲထင်လို့ သေချာစစ်ကြည့်ပြီးပါပြီ မင်းမှာ ကိုယ်ဝန်ရှိနေတယ်၊ သဘာဝလွန်ဖြစ်ရပ်လိုမျိုးပဲ မင်းရဲ့ခန္ဓာကိုယ်က မ ဟော်မုန်းပိုများတာကြောင့်ဖြစ်နိုင်တယ်၊ နောက်ထပ်က သားအိမ်ပါတယ် ဒါပေမယ့် မွေးလမ်းကြောင်း..."
"တော်... တော်ပါတော့ ကိုကောင်း" ပျိုး ဘယ်လိုမှ မတွေးတော မလှုပ်ရှားနိုင်လောက်ပင် ရှေ့ာရသွားခဲ့သည်။
ပြီးတော့မှ သတိရတာက စောနက ပြောလက်စဖုန်းထဲက သူ။သူကြားသွားပြီပေါ့ ပျိုးဖုန်းကို ကောက်ယူပြီး ချပစ်လိုက်မိသည်။ဘာကြောင့်ချမိလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ်လဲမသိ။ယောကျ်ားဖြစ်ပြီး ကိုယ်ဝန်ရှိတဲ့ထိ ဖြစ်ခဲ့တဲ့ ကိုယ့်အသွေးအသားကိုလဲ ကိုယ်နားမလည်။
ကိုယ့်ခန္ဓာကိုယ်ထဲမှာ သန္ဓေတည်နေတဲ့ သူ့အသွေးအသားနှင့် ကိုယ့်အသွေးအသားပေါင်းစပ်မှုရဲ့ ပြရုပ် ကလေး ရှိနေခဲ့ပြီတဲ့လေ။
ပျိုး အတွက်ထိုအရာကို လက်ခံဖို့ခက်ခဲလိုက်လေခြင်း။
ပျိုး ထပ်မံဝင်လာတဲ့ ဖုန်းCallတွေကို မကိုင်ဘဲ ပါဝါခလုတ်ကိုသာ အကြောင်းအရင်းမဲ့စွာ ဖိထားလိုက်လေတော့ ဖုန်းကစက်ပိတ်သွားသဖြင့် ဖုန်းမြည်သံဟာလဲ ရပ်တန့်သွားခဲ့သည်။
သည် ဖုန်းမြည်သံရပ်တန့်သွားသလို ပျိုးရဲ့ နှလုံးခုန်သံတွေ၊ သွေးခုန်နှုန်းတွေ ၊ ခံစားချက်တွေ ရပ်တန့်သွားခဲ့ရင်.....။
________။
Part-29....
Ts🖤