My Harukyu, My OTP( one shot...

By Meh_jane

3K 277 44

Harukyu one shot collection More

Yes to Heaven
Be Mine
Wanna live 24/7 with KOKO
You Da One
My protector "Kim Junkyu"
Sunflower
I'm willing to be by your side
ကြော်ညာ

I'm in love with hyper boy

359 39 4
By Meh_jane

Unicode....

"တော်ပါတော့!!"

ဂျွန်ဂယူအသံပြာမတက်အော်လိုက်တော့ တဖက်လူကိုဆက်တိုက်ထိုးကြိတ်နေခဲ့တဲ့ဟာရုတိုရဲ့လက်တွေကရပ်တန့်သွားတော့တယ်။

ထိုင်ရက်သားနဲ့အော်လိုက်တဲ့ဂျွန်ဂယူဘက်ကိုလှည့်ကြည့်လာပြီး တဖက်လူအားထိုးကြိတ်နေရာမှရပ်တန့်သွားကာအခုမှအသိစိတ်ကပ်သွားဟန်။

အနားကိုခြေလှမ်းကြဲတွေနဲ့လျှောက်လာတော့နှာခေါင်းဝထဲတိုးဝင်လာတဲ့သူ့ဆီကသွေးညှီနံ့ကြောင့် ပျို့တက်ချင်စိတ်ကိုမနည်းထိန်းလိုက်ကာ မျက်နှာကိုလွှဲလိုက်ရတော့တယ်။

"မင်းခြေထောက်မှာထိထားတာလား"

သူ့ခြေထောက်ကိုသွေးပေနေတဲ့လက်တဖက်ဖြင့်လှမ်းထိဖို့လုပ်နေတာမို့ဂျွန်ဂယူရှောင်လိုက်တော့တယ်။ထိုတော့မှသူ့လက်ကသွေးတွေကိုဘောင်းဘီမှာပွတ်သပ်နေတယ်။

အခုဘယ်သူကဘယ်သူ့ကိုလာစိတ်ပူပေးနေတာလဲ။ခြေခေါက်လဲတဲ့ဂျွန်ဂယူကသေသွားနိုင်တဲ့အနေအထားမှမဟုတ်တာ။

"မင်း မင်းရူးနေလား!!!"

သူအော်လိုက်တော့မထင်မှတ်ထားတဲ့ဟာရုတိုကအနည်းငယ်တွန့်သွားပုံရသည်။လက်တွေကိုဂျွန်ဂယူ့ခြေထောက်ဆီမှဖယ်ခွါသွားလေတော့သည်။

"ငါ့ကိုမေးမဲ့အစားကိုယ့်ကိုကိုယ်ဂရုစိုက်လိုက်ပါတော့လားလို့!!!!!"

"ငါ..."

"ထွက်သွား ငါမင်းမျက်နှာကိုမတွေ့ချင်ဖူး!!"

"ငါဘာအမှားလုပ်မိလို့မင်းကငါ့ကိုနှင်ထုတ်နေတာလဲ"

ရုပ်တည်ကြီးနဲ့ဘာအမှားလုပ်မိလို့လဲဆိုပြီး သူ့ကိုတောင်အပြစ်ပုံချင်နေသေးတဲ့ ဟာရုတိုကြောင့် အနီးကပ်တွေ့နေရတဲ့မျက်နှာကိုသာဆွဲထိုးပစ်ချင်သည်။

"မင်းဘာလို့သူများကိုသွားထိုးတာလဲ!!"

"လက်အားနေလို့"

မေးတော့လဲ ချက်ချင်းပြန်ဖြေလာတဲ့ပုံကရိုက်သတ်ချင်စရာ။

"ငါအကောင်းပြောနေတာဟာရုတို မင်းအခုလိုလုပ်တာအခက်မသင့်ရင်ပြသနာတက်နိုင်..."

"မင်းကိုထိနေတာငါကဒီအတိုင်းငြိမ်ခံနေရမှာလား"

စကားကိုဖြတ်ပြောလာတဲ့သူက အနည်းငယ်စိတ်မရှည်တော့တဲ့ဟန်။

"ငါ့ကိုဘာလုပ်နေလို့မင်းကအသားလွတ်သွားထိုးရတာလဲ!"

"မင်းဆီကအဖြေတောင်းနေတာကိုငါမှမကြိုက်တာ"

"မကြိုက်ရအောင်မင်းနဲ့ငါကဘာဆိုင်လို့လဲ"

"ငါမင်းကိုကြိုက်လို့ပေါ့~အရူးရဲ့!!"

ဆက်ပြောစရာစကားပျောက်သွားတဲ့ဂျွန်ဂယူက ပါးစပ်အဟောင်းသား။

"ဟိုတနေ့ကလဲ ငါကားမောင်းပြိုင်စရာရှိလို့အဆောင်ကနေထွက်သွားတာကိုမင်းက တကူးတကကောင်မလေးနဲ့သွားဒိတ်လိုက်သေးတယ် အာ့လောက်တောင်ရည်းစားလိုချင်တာလား"

"အာ့~အာ့တာကငါလဲတခါတလေတယောက်ထဲကြီးပဲမနေချင်ဖူးလေ"

သူ့ကိုဆူသလိုပြောနေတဲ့ဟာရုတိုကြောင့်စိတ်တိုနေတာတွေပျောက်သွားကာရုတ်တရက်အပြစ်ရှိသလိုခံစားရလို့ လက်ဖဝါးတွေကိုယှက်ထားရင်းဆင်ခြေပေးမိသည်။

"တယောက်ထဲမနေချင်လို့?ကောင်းပြီလေ ဒီနေ့ကစပြီးငါမင်းရည်းစားလုပ်ပေးမယ် နောက်ထပ်ဒိတ်တာတွေလုပ်လို့ကတော့မင်းအသေပဲ"

ဒါကိုဟာရုတိုလို့ခေါ်တယ်။သူ့ဘာသာသူအဖက်ဖက်မှာဘယ်လိုထူးချွန်နေပါစေ။ရိုဆန်နိုင်မှုကဘိတ်ချေးအဆင့်။

"မဟုတ်သေးဖူးလေကွာ မင်းပြောတော့ကောင်မလေးတွေကိုပဲကြိုက်တာဆို"

"အာ့စကားကမင်းကိုမချစ်မိခင်အထိတော့ဟုတ်သေးတယ်"

သူ့စကားကြောင့်ဂျွန်ဂယူ့မျက်နှာဘယ်နားသွားထားရမှန်းမသိတော့။နီရဲလာတဲ့မျက်နှာနဲ့ခုန်နေတဲ့ရင်ဘတ်ထဲကအသံ။သူရိပ်မိသွားမှာစိုးတာမို့ ထိုနေရာကနေအသဲအသန်ပြေးထွက်လာခဲ့တော့သည်။

ထိုအခါ အနောက်မှာကျန်ခဲ့တဲ့ဟာရုတိုကအောက်မှာကျနေတဲ့ဂျွန်ဂယူနဲ့သူ့လွယ်အိတ်ကိုသယ်လာခဲ့ပြီး ခပ်ပြုံးပြုံးမျက်နှာထားနဲ့ကျောင်းနောက်ဖေးခြံကနေအေးဆေးထွက်လာခဲ့တော့သည်။

ကင်မ်ဂျွန်ဂယူရှက်သွားပေမဲ့လဲမတတ်နိုင်။အရိပ်ပြလဲအကောင်မမြင်တဲ့ငတုံးလေးအတွက်ဒီတနည်းကသာ ဟာရုတိုရဲ့အချစ်တွေကိုမြင်နိုင်တော့မှာမလား။

"ဒီနေ့လဲမင်းကြောင့်နဲ့ ပြိုင်ပွဲကထွက်ခဲ့ရပြန်ပြီ"

****************************************

"မင်းငါ့ကိုတကယ်ချစ်တာလား"

အဆောင်ထဲဝင်လာတဲ့ဟာရုတိုကတဖက်ကုတင်ဘေးက စားပွဲမှာထိုင်ကာ စာအုပ်တွေထုတ်ပြီးနောက် ဘောပင်တချောင်းနဲ့စာတွေထိုင်ရေးနေသည်။

ဂျွန်ဂယူပြောနေတာကိုအဖတ်မလုပ်ပဲစာထိုင်ရေးနေတာမို့အဖြေပေးရမဲ့ဂျွန်ဂယူ့မယ်ရှက်တောင်ရှက်မိတယ်။

"ဟေ့ကောင် ငါပြောနေတာမကြားဖူးလား!!"

"ဒါမင်းစာအုပ်"

စာရေးနေတာကိုလက်စသတ်လိုက်ပြီး သူ့ဘက်လှည့်ကြည့်လာတဲ့ဟာရုတိုက လက်ထဲကစာအုပ်ကိုဂျွန်ဂယူ့မျက်နှာရှေ့ထောင်ပြလာသည်။

ကင်မ်ဂျွန်ဂယူဆိုတဲ့နာမည်နဲ့အပြာရောင်စာအုပ်ကလေး။

ဒီစာအုပ်ကိုဒီနေ့ပဲဆရာ့ဆီတင်ပြီးခဲ့တာလေ။

"ဘာလို့မင်းဆီရောက်နေ..."

"မင်းတော်တော်စာညံ့တာပဲ ကြည့်စမ်း!!မင်းစာတမ်းကအကုန်တလွဲချည်းပဲ မင်းအာ့လိုပုံမျိုးနဲ့စာတင်ရင်ဇီးရိုးတောင်ကွဲမှာမဟုတ်ဖူး"

သူ့အား ညံ့တယ်ဆိုပြီးနှိပ်ကွပ်နေတဲ့သကောင့်သားရဲ့ဖင်အားဆောင့်ကန်ပစ်ချင်သည်။

"မင်းဘာလို့ယူလာသေးလဲ!!"

"မသိဖူးလေ မင်းနာမည်နဲ့စာအုပ်ကိုဆရာ့စားပွဲမှာတွေ့တာနဲ့ ဒီအသုံးမကျတဲ့လက်တွေကယူလာလိုက်မိတာ အခုတော့စာထိုင်ပြင်နေရပြီ"

ဂျွန်ဂယူ ရန်တွေ့ဖို့ကိုမေ့နေပြီး သူ့ဘာသူအသုံးမကျကြောင်းရေရွတ်နေတဲ့ဟာရုတိုအားကြောင်ကြည့်နေမိတော့တယ်။

"အလေလိုက်နေမဲ့အစား ငါနဲ့အတူတူစာလာလုပ်ပါလား! အနည်းဆုံးတော့ငါကြိုက်တဲ့လူကဘဲဉကွဲသင့်တယ်"

အာ့တော့ သူကြိုက်တာခံရတဲ့ကိုယ်ကပဲသူ့လိုမျိုးတတန်းလုံးရဲ့ဟိုက်ပါဖြစ်အောင်အထိစာကြိုးစားပေးရမလိုလို။

"ဝါး အံ့ဩလိုက်တာ!!တကယ်ထူးဆန်းတယ်~တကယ်ပါပဲ!!"

စာလုပ်ရမှာစိုးလို့အပြင်ပြေးထွက်သွားတဲ့ဂျွန်ဂယူ့မှာအနွေးထည်တောင်မပါ။အဆောင်ရှေ့ကပုခတ်ပေါ်မှာအချိန်အတော်ကြာတဲ့အထိအေးခဲအောင်ထိုင်နေပြီး အတော်လေးနေလို့ထိုင်လို့မကောင်းတော့မှအဆောင်ထဲပြန်ဝင်လာဖြစ်တော့တယ်။

အခုချိန်အထိစားပွဲကမထသေးတဲ့ဟာရုတိုကြောင့် ကိုယ့်ကိုကိုယ်တောင်သိမ်ငယ်လာမိတယ်။

*ငါတကယ်ပဲစာတအားညံ့နေတာလား*

စာအမှားများလို့အခုချိန်အထိထိုင်ပြင်နေတာလားဆိုတဲ့အတွေးနဲ့သိမ်ငယ်သွားပေမဲ့လူကနုံးလာတာမို့ကိုယ့်ကုတင်ပေါ်ကိုတက်လှဲနေကာ စောင်ခြုံပြီးကွေးနေလိုက်တော့တယ်။

တဖြည်းဖြည်းခေါင်းတွေကိုက်လာပြီး နှာခေါင်းတွေပိတ်လာတာမို့နေမကောင်းဖြစ်နေပြီမှန်းသိလိုက်ရသည်။

"ဟင်း ဟင်း"

တဟင်းဟင်းငြီးနေတဲ့ဂျွန်ဂယူကြောင့်စာအုပ်တွေသိမ်းနေတဲ့ဟာရုတိုမှာ တဖက်ကုတင်ကိုလှည့်ကြည့်လာသည်။
စောင်ကိုခြုံရင်းတဟင်းဟင်းနဲ့ကွေးနေတဲ့ဂျွန်ဂယူ။ခုနတုန်းကအပြင်မှာအကြာကြီးသွားနေလို့အအေးပတ်တာဖြစ်မယ်လို့တွေးလိုက်ကာ ကုတင်အနားအလျင်စလိုလျှောက်သွားသည်။

"ဟေ့ ဂျွန်ဂယူ ဂျွန်ဂယူ"

ပါးဖောင်းဖောင်းလေးအားအသာအယာလက်ဖျားနဲ့လှုပ်နှိုးတော့ မျက်လုံးမပွင့်ပဲထူးရှာတယ်။

"ငါ့ကိုအလုပ်ပေးပြန်ပြီ ကင်မ်ဂျွန်ဂယူ"

ချက်ချင်းအသိဆရာဝန်တယောက်ကိုဖုန်းဆက်ပြီးလာခိုင်းရတော့တယ်။ကိုယ့်သူငယ်ချင်းဖြစ်နေတာမို့ညတွင်းချင်းအဆောင်ကိုလာခိုင်းနေတဲ့ကိုယ့်အားဆဲဆိုနေတော့တာ။

နောက်တော့လဲ အဆောင်ကိုရောက်လာပြီး ဂျွန်ဂယူအား ဆေးထိုးပေးကာ သောက်ဆေးတွေပေးသွားခဲ့သည်။

အားလုံးပြီးသွားလို့ပြန်တော့မယ်လုပ်တော့ ဟာရုတိုမှာအခြေအနေဘာမှန်းမသိသေးတာမို့မပြန်ခိုင်းပဲဒီမှာပဲညအိပ်ဖို့အတင်းတွေပူနေတာမို့ ဆရာဝန်တဖြစ်လဲ ဂျီဟွန်းဆဲဆိုနေရတော့တယ်။

"ခွေးကောင် အရင်ကဖြင့်ငါလာမှာစိုးလို့တောင်အခန်းသော့နံပါတ်ပြောင်းထား..."

"ရှုး မနက်မှသာပြောတော့ သူအိပ်ပါစေ"

ရင်ထဲကနေလာတဲ့အပြစ်တင်စကားတွေအားသိမ်းဆည်းလိုက်ရင်း တဖက်လွတ်နေတဲ့ကုတင်ပေါ်မှာဆောင့်ကြီးအောင့်ကြီးလှဲချလိုက်တော့တယ်။

တကယ်တည်း။သူ့ကောင်လေးနိုးမှာစိုးလို့ဆိုပြီး အသက်လေးပြင်းပြင်းရှုမိရင်တောင်မျက်လုံးကြီးကိုပြူးပြူးပြပြီးတိတ်တိတ်နေဖို့အချက်ပြနေတာ။

တော်တော်ကဲတဲ့ကောင်။မချစ်ဖူးမှန်းသိသာတယ်။

***************************************

"နိုးပြီလား ကောင်လေး"

"ကောင်လေးမဟုတ်ဖူး ရွယ်တူပဲ"

သူ့အရှေ့မှာရန်ဖြစ်နေတဲ့နှစ်ယောက်သားကြောင့်ဂျွန်ဂယူအိပ်ရာထဲကနေကြောင်တောင်တောင်လေးကြည့်နေမိတယ်။

"ဟေ့ ဒီမှာ!နောက်တခါထပ်မဖျားစေနဲ့ မဟုတ်ရင်အာ့ကောင်ငါ့ကိုဒီတသက်ဒီအဆောင်ကနေထွက်ခွင့်ပေးမှာမဟုတ်တော့ဖူး"

"ပြောလို့ပြီးပြီလား ပြီးရင်လဲထွက်သွားတော့"

"ခွေးကောင်"

သူ့ကိုဆဲပြီးအခန်းထဲကထွက်သွားတဲ့ဂျီဟွန်းအား အဖက်မလုပ်။နေမကောင်းဖြစ်နေတဲ့ဂျွန်ဂယူ့ကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်ရင်း လက်ထဲကရေသန့်ဗူးကိုအဖုံးဖွင့်လိုက်တော့သည်။

"တရက်လောက်ကိုယ်လက်မသန့်စင်လဲရတယ်မလား ရော့ရေအရင်သောက်လိုက်"

သူ့ဆီကမ်းလာတဲ့ရေဗူးကိုယူလိုက်ကာ မော့သောက်လိုက်တော့အာခံတွင်းစိုစွတ်သွားတော့တယ်။ပြန်ပေးတော့လဲအသာတကြည်လက်ထဲကဆွဲယူပြီးစားပွဲပေါ်တင်ထားသည်။

"ဘယ်လိုနေသေးလဲ"

ဟာရုတိုပြောသမျှစကားထဲမှာအနူးညံ့ဆုံးဖြစ်တာမို့ ဂျွန်ဂယူမျက်လုံးလေးတွေဝိုင်းစက်ကာငြိမ်ပြီးနားထောက်နေမိသည်။

"ဗိုက်ဆာနေပြီလား ဆန်ပြုတ်မှာထားတာရောက်တော့မယ်"

ဟာရုတို ဂျွန်ဂယူနှဖူးလေးကိုလက်ဖဝါးနဲ့အုပ်ကာတိုင်းတော့ အလုပ်ရှုပ်သွားတဲ့ဂျွန်ဂယူရဲ့မျက်လုံးလေးတွေ။
အဖျားကျသွားပြီမို့သက်ပြင်းအသာချနေတဲ့ဟာရုတိုကတော့ဂျွန်ဂယူဘာဖြစ်သွားသလဲမသိလိုက်။

"နောက်ထပ်မဖျားနဲ့တော့"

"ငါအိပ်ရေးပျက်တယ်"

တညလုံး ဖုတ်ပူမီးတိုက်အလုပ်ရှုပ်နေခဲ့တာမို့အိပ်ရေးပျက်ရတာကိုအပြစ်ပြောချင်တာမဟုတ်။ဂျွန်ဂယူနေမကောင်းထပ်ဖြစ်မှာကိုသဘောမကျတာကြောင့်ဖြစ်သည်။

ဒါပေမဲ့ သူကဘယ်သူမို့လို့လဲ။ဟာရုတိုပဲလေ။သေချာပေါက်ရိုဆန်နိုင်မှုကဘိတ်ချေးအဆင့်။

****************************************

"ပါးစပ်ကနေချစ်တယ်လို့ပြောဖို့အာ့လောက်ခက်နေလား"

ဂျွန်ဂယူ့စကားဆုံးတော့ ဒိုယောင်းကအူတူတူလေးလှည့်ကြည့်လာတယ်။

"ဘာကိုလဲ"

"အော် ဒီလိုလေ ငါ့ကိုချစ်တယ်လို့မပြောပဲနဲ့အဖြေကျလိုက်တောင်းနေတာ အာ့တော့ငါ့ဘက်ကအဖြေပေးလိုက်ရင်တဖက်လူဘယ်လိုထင်မလဲ"

"ဘာထင်ရမှာလဲ ချစ်ရင်ချစ်တယ် မချစ်ရင်မချစ်ဖူး နှစ်ခုထဲကတခုကိုရွေးရင်ပြီးပြီမဟုတ်ဖူးလား"

ဒိုယောင်းပြောတော့လဲ နှုတ်ခမ်းကြီးကိုစူပြီးခေါင်းကုတ်ကာစဉ်းစားခန်းဝင်နေပြန်သည်။

ဟာရုတိုကိုအဖြေပေးဖို့အတွက်အာ့သလောက်ထိစဉ်းစားခန်းဝင်ဖို့လိုလား။ကြိုက်နေရဲ့သားနဲ့မူနေချက်ကတော့ လက်ဖျားတောင်ခါတယ်။

အခုလဲဟာရုတိုကသူတို့မျက်နှာချင်းဆိုင်ကနေထွက်လာပြီး ဂျွန်ဂယူကိုမြင်သွားပြီ။

ဂျွန်ဂယူကလဲရုပ်တည်ကြီးနဲ့သူတို့ဆီလျှောက်လာတဲ့ဟာရုတိုကိုမြင်တော့အနောက်ပြန်လှည့်ပြီး အတန်းထဲပြန်ဝင်သွားတယ်။

တယောက်ကမပွင့်လင်း၊တယောက်ကမူပိုနေတာနဲ့ပဲ နှစ်ယောက်သားအကြီးကြီးလွဲကြတော့မှာပါလားနော်။

**************************************

ရေချိုးခန်းထဲကထွက်လာကာရေသုတ်ဖို့လုပ်တော့သူ့လက်အားဆွဲကာ နံရံမှာဖိကပ်ပစ်လိုက်တဲ့ဟာရုတို။

"အ့ နာတယ်ကွ!!"

"ငါ့ကိုဘာလို့ရှောင်နေတာလဲ!"

သူ့ကိုတကယ်ကြီးစိတ်ဆိုးနေသလားဆိုတာမသဲကွဲ။ဘာလို့ဆိုတချိန်လုံးမျက်နှာထားတည်တည်ကြီးဆိုတော့ စိတ်ဆိုးလဲဒီရုပ်၊ပျော်နေလဲဒီရုပ်၊ဝမ်းနည်းလဲဒီရုပ်ပဲမြင်နေရတာလေ။

"ငါ့ဘာငါဘယ်လိုနေနေလေ"

"မင်းငါ့ကိုလာကစားနေတာလား ဂျွန်ဂယူ!!!!"

"လာမအော်နဲ့ ငါ့ကို!!!"

"..."

"ချစ်လားလို့မေးတော့လဲဘာမှမပြောဖူး ငါတယောက်ထဲကပဲမင်းကိုသဝန်တိုရ၊အရူးလိုမျိုးစိတ်ဆိုးရနဲ့ ငါပင်ပမ်းတာမင်းသိလား!!!"

သူ့ကိုလာအော်နေတဲ့ဟာရုတိုအား သူ့ရင်ထဲကခံစားနေရတာတွေကိုထုတ်ပြောတော့ဒေါသအရှိန်ပြေသွားတဲ့ဟာရုတိုရဲ့မျက်လုံးတွေကနီရဲမနေတော့။

"ငါမင်းကိုချစ်တယ်ဂျွန်ဂယူ ဒါပေမဲ့ငါပါးစပ်ကပြောရတာထက်လက်တွေ့ကိုပိုသဘောကျတယ်"

သူ့လက်ကိုဖမ်းဆုတ်ထားတဲ့ဟာရုတိုရဲ့လက်တွေကတင်းကျပ်လာကာ မျက်နှာခပ်ချောချောကသူ့ဆီတိုးကပ်လာသည်။

ဆံပင်အရှည်နဲ့ဟာရုတိုကမျက်မှန်မတပ်ထားတဲ့အခုလိုအချိန်မျိုးမှာဆို အရမ်းကြည့်လို့ကောင်းလွန်းသည်။

တဒုန်းဒုန်းခုန်ပေါက်လာတဲ့အလိုက်ကမ်းဆိုးမသိ ရင်ဘတ်ထဲကအသံအား ဟာရုတိုမကြားသွားဖို့ဆုတောင်းနေရင်းမျက်လုံးကိုမှိတ်ထားလိုက်သည်။

နူးညံ့တယ်လဲမဟုတ်တဲ့အနမ်းတွေကရမက်မပါပေမဲ့ ခပ်ကြမ်းကြမ်းဖြစ်နေတာမို့ပိုမိုကျယ်လောင်လာတဲ့အသက်ရှုသံတွေနဲ့အတူ စက္ကန့်အတော်ကြာမြင့်သွားခဲ့သည်။

"ချစ်တယ် ဂျွန်ဂယူ ငါမင်းကိုအရမ်းချစ်တာမို့ ငါ့အပေါ်မှာထပ်မဆိုးနဲ့တော့"

ထိုတော့မှသဘောကျသွားတဲ့ဂျွန်ဂယူကဟာရုတိုရဲ့ရင်ခွင်ထဲတိုးဝင်လိုက်ပြီး နှလုံးသားလို့ယူဆရတဲ့နေရာမှာခေါင်းကိုတင်ထားရင်း သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ရင်ခုန်သံအားနားထောင်နေမိတယ်။

ဘယ်သူကထင်မှာလဲ ကျောင်းရဲ့ဟိုက်ပါကြီးနဲ့ဂျွန်ဂယူတို့ရည်းစားဖြစ်သွားကြမယ်လို့။

****************************************

"Happy Birthday to you!!"

ဂျွန်ဂယူရဲ့မွေးနေ့ကိုဟာရုတိုနဲ့နှစ်ယောက်ထဲလုပ်ချင်တာမို့ အဆောင်ခန်းထဲမှာနှစ်ယောက်သား မွေးနေ့ကိတ်အပြင် ဆိုဂျု၂ပုလင်းဖြင့်ပွဲခံနေကြတော့တယ်။

တကယ်တော့ဂျွန်ဂယူ့မှာအစီအစဉ်တခုရှိနေသည်။အာ့တာကဟာရုတိုကိုအရက်မူးနေအောင်တိုက်ပြီး စကားတွေအများကြီးပြောခိုင်းမယ်လို့။

ဟာရုတိုကဆိုဂျုကို၆ခွက်ထက်ပိုပြီးမသောက်နိုင်တဲ့အကြောင်းကိုဂျီဟွန်းဆီကနေအတိအကျသိထားတာမို့ သူ့ရဲ့အစီအစဉ်ကိုအကောင်အထည်ဖော်တဲ့အနေနဲ့ဆိုဂျုကိုပါ မွေးနေ့ပါတီထဲတမင်ထည့်လိုက်တာဖြစ်သည်။

"မင်းလဲသောက်ရမယ်ဟာရုတို ငါ့ခွက်ထဲပဲမထည့်နဲ့"

လူလည်ကောင်က ဂျွန်ဂယူခွက်ထဲကိုပဲဆိုဂျုတွေဆက်တိုက်ထည့်ပြီး သူကျအခုထိ၂ခွက်သာသောက်ရသေးတယ်ရယ်။

"မရဖူးထည့်ပြီးသောက် တပုလင်းကငါ့ကြောင့်နဲ့ကုန်တော့မယ်"

ပွစိပွစိပြောပြီးသူ့ခွက်ထဲထည့်ပေးတော့မငြင်းပဲချက်ချင်းသောက်ရှာတယ်။စိတ်ထဲကနေကြိတ်ရီနေရင်းနောက်တခွက်ထည့်ပေးလိုက်တော့လဲ တကျိုက်ထဲသောက်ချပစ်သည်။

တဖြည်းဖြည်းနဲ့ နောက်တခွက်၊ပြီးတော့ နောက်တခွက်.......။

"ဟာရုတို"

"ဟင်"

၆ခွက်မြောက်မှာယိုင်တိုင်တိုင်ဖြစ်နေတဲ့ဟာရုတိုက ဂျွန်ဂယူခေါ်သံကြားတော့ အသံခပ်လေးလေးဖြင့်ထူးရှာသည်။

"မင်းငါ့ကိုချစ်လား"

"ချစ်တယ် မင်းကိုအရမ်းချစ်တာ"

"ဟုတ်လို့လားကွာ မင်းကအားနေစာလုပ်လိုက်၊ကားracingပြိုင်လိုက်နဲ့အလုပ်ရှုပ်နေပြီးတော့များ"

ဂျွန်ဂယူက တမင်ကျပ်ပေးလိုက်တော့ ဟာရုတိုကခေါင်းတခါခါ...။

"အာ့တာတွေကမင်းလောက်အရေးမပါဖူး မင်းအတွက်ဆိုရင်ငါကအကုန်လုံးကိုတောင်ပစ်ထားရဲတယ်"

မူးနေတော့ သူ့ရင်ထဲကမပြောဖြစ်ပဲသိမ်းထားတဲ့စကားသံတွေကိုအာလေးလျှာလေးကြီးနဲ့အကုန်ဖွင့်ချနေတော့တာပဲ။

ဂျွန်ဂယူကြိတ်ရီလိုက်ရင်း အမူးသမားအားမေးထောက်ကာထိုင်ကြည့်နေလိုက်သည်။

"မင်းကကောငါ့ကိုယုံလား"

ဟော~ဒီတခါတော့သူ့ဘက်ကိုပြန်ပြီးမေးခွန်းထုတ်လာတဲ့အမူးသမားလေး။

"ဘာလို့မေးတာလဲ"

"ငါသိချင်တယ်~မင်းရဲ့စိတ်ထဲမှာငါ့ကိုဘယ်လိုမြင်နေလဲဆိုတာသိချင်တယ် ငါမင်းအနားတလှမ်းတိုးဖို့ကြိုးစားတိုင်းမင်းကငါ့ကိုပြသနာရှာပြီးရှောင်ထွက်ဖို့လုပ်တယ် ငါဒေါသထွက်ရတယ် မင်းကိုချစ်တယ်လို့ဒီလောက်ပြောနေတာတောင်မင်းကမယုံဖူး"

မျက်မှောင်ကြီးကျုံ့ပြီးသူအလိုမကျတဲ့အကြောင်းတွေကိုအသေးစိတ်အာလေးလေးကြီးနဲ့ရှင်းပြနေတာမို့ ဂျွန်ဂယူရီတောင်မရီနိုင်တော့ပေ။

ဟာရုတိုရဲ့နီရဲနေတဲ့ပါးပြင်ကိုလက်ဖဝါးနဲ့အုပ်မိုးကာအနမ်းပေးလိုက်တော့လဲ လိုလိုလားလားနဲ့လက်ခံရှာတယ်။

"ငါယုံတယ်ဟာရုတို ငါလဲမင်းကိုချစ်တယ်နော်"

ခေါင်းတငြိမ့်ငြိမ့်နဲ့ငြိမ်သက်သွားတဲ့ဟာရုတိုကြောင့်နောက်တခွက်ထပ်တိုက်ဖို့လုပ်တော့...။

"စာသွားလုပ်တော့"

"ဟာ~မွေးနေ့တောင်စာလုပ်ခိုင်းတာပဲလား"

ဂျွန်ဂယူခြေထောက်နှစ်ချောင်းကိုဆင်းကာတမင်ကလေးတွေဂျီကျသလိုမျိုးပွတ်တိုက်နေလိုက်တော့သည်။အမှန်တော့သူကိုယ်တိုင်လဲအရည်ကလေးဝင်ထားတော့အာသွက်လျှာသွက်ပြီးလက်ရဲဇာတ်ရဲဖြစ်နေတာ။

"မနက်ဖြန်မှစာလုပ်မယ်လေ အခုတော့အိပ်ရအောင်နော်"

"အင်း"

ဂျွန်ဂယူတယိမ်းတယိုင်မတ်တပ်ထရပ်လိုက်ပြီး ခေါင်းငိုက်စိုက်နဲ့ထိုင်နေတဲ့ဟာရုတိုရဲ့လက်မောင်းကနေအသာဆွဲထူလိုက်တော့ လေးနစ်နေတဲ့ကိုယ်လုံးကြီးကသူ့ကိုယ်ပေါ်ကိုမတရားမှီချလာတော့တယ်။

အိပ်ရာပေါ်တင်ပေးလိုက်တော့ခြေကားယားလက်ကားယားကြီးနဲ့။အိပ်ပျော်သွားသလားမသိသေးတာမို့ဂျွန်ဂယူ သူ့လက်မောင်းတွေကိုလှုပ်နှိုးကြည့်လိုက်တော့....။

"ဟာရုတို"

"ဟင်"

"ငါ့ကိုဘယ်လောက်အထိချစ်လဲ"

"မင်းထင်ထားတာထက်ပိုချစ်တယ်"

လူကမလှုပ်နိုင်ပေမဲ့ပါးစပ်ကတော့ မေးသမျှဖြေနိုင်သေးသည်။ဂျွန်ဂယူတဟီးဟီးနဲ့ကြိတ်ရီကာ ဟာရုတိုအားဆက်တိုက်မေးခွန်းတွေမေးတော့သည်။ဟာရုတိုကလဲမရပ်မနားပဲဆက်တိုက်ပြန်ဖြေပေးသည်။

"ငါ့ကို၃မိနစ်လောက်ရရင်ဘာလုပ်ချင်လဲ"

"ညတိုင်းမင်းကိုဖက်ထားပြီးမင်းဆံပင်တွေကိုသပ်တင်ပေးမယ် နားမလည်တဲ့စာတွေကိုရှင်းပြပေးမယ် မင်းလက်ကလေးတွေကိုနမ်းချင်တယ်"

သိလိုက်ရတာတခုကဟာရုတိုအရက်မူးရင် ဘာမေးမေးအကုန်အမှန်တိုင်းဖြေပေးတယ်ဟူ၍သာ။

"အိပ်သွားပြီလား ဟေ့ ဟာရုတို"

"ထပ်မေးရင်မင်းကိုကုတင်ပေါ်က ကန်ချမယ်"

နိုးသွားတာလားဆိုတဲ့အသိနဲ့ရင်ခွင်ထဲကနေအလန့်တကြားလှမ်းမော့ကြည့်တော့မျက်လုံးမပွင့်ပဲအိပ်နေတဲ့ဟာရုတို။

ဆက်မမေးတော့ဖို့ဆုံးဖြတ်လိုက်ရင်း ဟာရုတိုရဲ့လက်မောင်းကြားမှာပဲအိပ်စက်ဖို့ကြိုးစားလိုက်ရတော့တယ်။

တကယ်ကိုကမောက်ကမနိုင်တဲ့ ဂျွန်ဂယူ့ရဲ့မွေးနေ့လေးပါပဲ။
သို့ပေမဲ့ ဟာရုတိုရဲ့စိတ်ရင်းအမှန်တွေကိုသိရတဲ့အခါမှာရရှိတဲ့အပျော်ကသိပ်ကိုကျေနပ်စရာကောင်းတာမို့ဂျွန်ဂယူ့အတွက်အဖိုးတန်နေ့ရက်အဖြစ်မှတ်တမ်းဝင်နေမှာသေချာသည်။

နောက်ထပ်ရီစရာကောင်းတဲ့အချက်ကတော့ သူ့ကိုချစ်ကြောင်းရှင်းပြနေတဲ့ဟာရုတိုရဲ့အားပါမှုက ဘယ်လောက်တောင်ပြင်းလဲဆို မွေးနေ့ကိတ်ပေါ်ကလက်ဖဝါးအရာကြီးကသက်သေဖြစ်ကြောင်း...။

**************************************

The End...

Happiest Birthday everပါ ကင်မ်ဂျွန်ဂယူလေးရေ။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့စိတ်တိုင်းကျတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေ။
ရည်းစားလေးနဲ့လဲအပြင်ထွက်လည်ပေးလိုက်ပါအုံးနော်။🥺

ဒါလေးကအရှည်အနေနဲ့ရေးမလို့ကို bdအမှီမို့တပိုင်းစာပဲဒိတ်လိုက်ပါတယ်။အချိန်ရရင်ကိုယ်ရေးခဲ့တဲ့ one shotတိုင်းကိုအရှည်တွေရေးသွားပေးမှာပါ။ခုထိဖတ်ပေးနေကြလို့ကျေးဇူးအများကြီးတင်ပါတယ်။🥺🤍

Zawgyi....

"ေတာ္ပါေတာ့!!"

ဂြၽန္ဂယူအသံျပာမတက္ေအာ္လိုက္ေတာ့ တဖက္လူကိုဆက္တိုက္ထိုးႀကိတ္ေနခဲ့တဲ့ဟာ႐ုတိုရဲ႕လက္ေတြကရပ္တန့္သြားေတာ့တယ္။

ထိုင္ရက္သားနဲ႕ေအာ္လိုက္တဲ့ဂြၽန္ဂယူဘက္ကိုလွည့္ၾကည့္လာၿပီး တဖက္လူအားထိုးႀကိတ္ေနရာမွရပ္တန့္သြားကာအခုမွအသိစိတ္ကပ္သြားဟန္။

အနားကိုေျခလွမ္းႀကဲေတြနဲ႕ေလွ်ာက္လာေတာ့ႏွာေခါင္းဝထဲတိုးဝင္လာတဲ့သူ႕ဆီကေသြးညွီနံ႕ေၾကာင့္ ပ်ိဳ႕တက္ခ်င္စိတ္ကိုမနည္းထိန္းလိုက္ကာ မ်က္ႏွာကိုလႊဲလိုက္ရေတာ့တယ္။

"မင္းေျခေထာက္မွာထိထားတာလား"

သူ႕ေျခေထာက္ကိုေသြးေပေနတဲ့လက္တဖက္ျဖင့္လွမ္းထိဖို႔လုပ္ေနတာမို႔ဂြၽန္ဂယူေရွာင္လိုက္ေတာ့တယ္။ထိုေတာ့မွသူ႕လက္ကေသြးေတြကိုေဘာင္းဘီမွာပြတ္သပ္ေနတယ္။

အခုဘယ္သူကဘယ္သူ႕ကိုလာစိတ္ပူေပးေနတာလဲ။ေျခေခါက္လဲတဲ့ဂြၽန္ဂယူကေသသြားနိုင္တဲ့အေနအထားမွမဟုတ္တာ။

"မင္း မင္း႐ူးေနလား!!!"

သူေအာ္လိုက္ေတာ့မထင္မွတ္ထားတဲ့ဟာ႐ုတိုကအနည္းငယ္တြန့္သြားပုံရသည္။လက္ေတြကိုဂြၽန္ဂယူ႕ေျခေထာက္ဆီမွဖယ္ခြါသြားေလေတာ့သည္။

"ငါ့ကိုေမးမဲ့အစားကိုယ့္ကိုကိုယ္ဂ႐ုစိုက္လိုက္ပါေတာ့လားလို႔!!!!!"

"ငါ..."

"ထြက္သြား ငါမင္းမ်က္ႏွာကိုမေတြ႕ခ်င္ဖူး!!"

"ငါဘာအမွားလုပ္မိလို႔မင္းကငါ့ကိုႏွင္ထုတ္ေနတာလဲ"

႐ုပ္တည္ႀကီးနဲ႕ဘာအမွားလုပ္မိလို႔လဲဆိုၿပီး သူ႕ကိုေတာင္အျပစ္ပုံခ်င္ေနေသးတဲ့ ဟာ႐ုတိုေၾကာင့္ အနီးကပ္ေတြ႕ေနရတဲ့မ်က္ႏွာကိုသာဆြဲထိုးပစ္ခ်င္သည္။

"မင္းဘာလို႔သူမ်ားကိုသြားထိုးတာလဲ!!"

"လက္အားေနလို႔"

ေမးေတာ့လဲ ခ်က္ခ်င္းျပန္ေျဖလာတဲ့ပုံကရိုက္သတ္ခ်င္စရာ။

"ငါအေကာင္းေျပာေနတာဟာ႐ုတို မင္းအခုလိုလုပ္တာအခက္မသင့္ရင္ျပသနာတက္နိုင္..."

"မင္းကိုထိေနတာငါကဒီအတိုင္းၿငိမ္ခံေနရမွာလား"

စကားကိုျဖတ္ေျပာလာတဲ့သူက အနည္းငယ္စိတ္မရွည္ေတာ့တဲ့ဟန္။

"ငါ့ကိုဘာလုပ္ေနလို႔မင္းကအသားလြတ္သြားထိုးရတာလဲ!"

"မင္းဆီကအေျဖေတာင္းေနတာကိုငါမွမႀကိဳက္တာ"

"မႀကိဳက္ရေအာင္မင္းနဲ႕ငါကဘာဆိုင္လို႔လဲ"

"ငါမင္းကိုႀကိဳက္လို႔ေပါ့~အ႐ူးရဲ႕!!"

ဆက္ေျပာစရာစကားေပ်ာက္သြားတဲ့ဂြၽန္ဂယူက ပါးစပ္အေဟာင္းသား။

"ဟိုတေန႕ကလဲ ငါကားေမာင္းၿပိဳင္စရာရွိလို႔အေဆာင္ကေနထြက္သြားတာကိုမင္းက တကူးတကေကာင္မေလးနဲ႕သြားဒိတ္လိုက္ေသးတယ္ အာ့ေလာက္ေတာင္ရည္းစားလိုခ်င္တာလား"

"အာ့~အာ့တာကငါလဲတခါတေလတေယာက္ထဲႀကီးပဲမေနခ်င္ဖူးေလ"

သူ႕ကိုဆူသလိုေျပာေနတဲ့ဟာ႐ုတိုေၾကာင့္စိတ္တိုေနတာေတြေပ်ာက္သြားကာ႐ုတ္တရက္အျပစ္ရွိသလိုခံစားရလို႔ လက္ဖဝါးေတြကိုယွက္ထားရင္းဆင္ေျခေပးမိသည္။

"တေယာက္ထဲမေနခ်င္လို႔?ေကာင္းၿပီေလ ဒီေန႕ကစၿပီးငါမင္းရည္းစားလုပ္ေပးမယ္ ေနာက္ထပ္ဒိတ္တာေတြလုပ္လို႔ကေတာ့မင္းအေသပဲ"

ဒါကိုဟာ႐ုတိုလို႔ေခၚတယ္။သူ႕ဘာသာသူအဖက္ဖက္မွာဘယ္လိုထူးခြၽန္ေနပါေစ။ရိုဆန္နိုင္မႈကဘိတ္ေခ်းအဆင့္။

"မဟုတ္ေသးဖူးေလကြာ မင္းေျပာေတာ့ေကာင္မေလးေတြကိုပဲႀကိဳက္တာဆို"

"အာ့စကားကမင္းကိုမခ်စ္မိခင္အထိေတာ့ဟုတ္ေသးတယ္"

သူ႕စကားေၾကာင့္ဂြၽန္ဂယူ႕မ်က္ႏွာဘယ္နားသြားထားရမွန္းမသိေတာ့။နီရဲလာတဲ့မ်က္ႏွာနဲ႕ခုန္ေနတဲ့ရင္ဘတ္ထဲကအသံ။သူရိပ္မိသြားမွာစိုးတာမို႔ ထိုေနရာကေနအသဲအသန္ေျပးထြက္လာခဲ့ေတာ့သည္။

ထိုအခါ အေနာက္မွာက်န္ခဲ့တဲ့ဟာ႐ုတိုကေအာက္မွာက်ေနတဲ့ဂြၽန္ဂယူနဲ႕သူ႕လြယ္အိတ္ကိုသယ္လာခဲ့ၿပီး ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႕ေက်ာင္းေနာက္ေဖးၿခံကေနေအးေဆးထြက္လာခဲ့ေတာ့သည္။

ကင္မ္ဂြၽန္ဂယူရွက္သြားေပမဲ့လဲမတတ္နိုင္။အရိပ္ျပလဲအေကာင္မျမင္တဲ့ငတုံးေလးအတြက္ဒီတနည္းကသာ ဟာ႐ုတိုရဲ႕အခ်စ္ေတြကိုျမင္နိုင္ေတာ့မွာမလား။

"ဒီေန႕လဲမင္းေၾကာင့္နဲ႕ ၿပိဳင္ပြဲကထြက္ခဲ့ရျပန္ၿပီ"

****************************************

"မင္းငါ့ကိုတကယ္ခ်စ္တာလား"

အေဆာင္ထဲဝင္လာတဲ့ဟာ႐ုတိုကတဖက္ကုတင္ေဘးက စားပြဲမွာထိုင္ကာ စာအုပ္ေတြထုတ္ၿပီးေနာက္ ေဘာပင္တေခ်ာင္းနဲ႕စာေတြထိုင္ေရးေနသည္။

ဂြၽန္ဂယူေျပာေနတာကိုအဖတ္မလုပ္ပဲစာထိုင္ေရးေနတာမို႔အေျဖေပးရမဲ့ဂြၽန္ဂယူ႕မယ္ရွက္ေတာင္ရွက္မိတယ္။

"ေဟ့ေကာင္ ငါေျပာေနတာမၾကားဖူးလား!!"

"ဒါမင္းစာအုပ္"

စာေရးေနတာကိုလက္စသတ္လိုက္ၿပီး သူ႕ဘက္လွည့္ၾကည့္လာတဲ့ဟာ႐ုတိုက လက္ထဲကစာအုပ္ကိုဂြၽန္ဂယူ႕မ်က္ႏွာေရွ႕ေထာင္ျပလာသည္။

ကင္မ္ဂြၽန္ဂယူဆိုတဲ့နာမည္နဲ႕အျပာေရာင္စာအုပ္ကေလး။

ဒီစာအုပ္ကိုဒီေန႕ပဲဆရာ့ဆီတင္ၿပီးခဲ့တာေလ။

"ဘာလို႔မင္းဆီေရာက္ေန..."

"မင္းေတာ္ေတာ္စာညံ့တာပဲ ၾကည့္စမ္း!!မင္းစာတမ္းကအကုန္တလြဲခ်ည္းပဲ မင္းအာ့လိုပုံမ်ိဳးနဲ႕စာတင္ရင္ဇီးရိုးေတာင္ကြဲမွာမဟုတ္ဖူး"

သူ႕အား ညံ့တယ္ဆိုၿပီးႏွိပ္ကြပ္ေနတဲ့သေကာင့္သားရဲ႕ဖင္အားေဆာင့္ကန္ပစ္ခ်င္သည္။

"မင္းဘာလို႔ယူလာေသးလဲ!!"

"မသိဖူးေလ မင္းနာမည္နဲ႕စာအုပ္ကိုဆရာ့စားပြဲမွာေတြ႕တာနဲ႕ ဒီအသုံးမက်တဲ့လက္ေတြကယူလာလိုက္မိတာ အခုေတာ့စာထိုင္ျပင္ေနရၿပီ"

ဂြၽန္ဂယူ ရန္ေတြ႕ဖို႔ကိုေမ့ေနၿပီး သူ႕ဘာသူအသုံးမက်ေၾကာင္းေရ႐ြတ္ေနတဲ့ဟာ႐ုတိုအားေၾကာင္ၾကည့္ေနမိေတာ့တယ္။

"အေလလိုက္ေနမဲ့အစား ငါနဲ႕အတူတူစာလာလုပ္ပါလား! အနည္းဆုံးေတာ့ငါႀကိဳက္တဲ့လူကဘဲဉကြဲသင့္တယ္"

အာ့ေတာ့ သူႀကိဳက္တာခံရတဲ့ကိုယ္ကပဲသူ႕လိုမ်ိဳးတတန္းလုံးရဲ႕ဟိုက္ပါျဖစ္ေအာင္အထိစာႀကိဳးစားေပးရမလိုလို။

"ဝါး အံ့ဩလိုက္တာ!!တကယ္ထူးဆန္းတယ္~တကယ္ပါပဲ!!"

စာလုပ္ရမွာစိုးလို႔အျပင္ေျပးထြက္သြားတဲ့ဂြၽန္ဂယူ႕မွာအေႏြးထည္ေတာင္မပါ။အေဆာင္ေရွ႕ကပုခတ္ေပၚမွာအခ်ိန္အေတာ္ၾကာတဲ့အထိေအးခဲေအာင္ထိုင္ေနၿပီး အေတာ္ေလးေနလို႔ထိုင္လို႔မေကာင္းေတာ့မွအေဆာင္ထဲျပန္ဝင္လာျဖစ္ေတာ့တယ္။

အခုခ်ိန္အထိစားပြဲကမထေသးတဲ့ဟာ႐ုတိုေၾကာင့္ ကိုယ့္ကိုကိုယ္ေတာင္သိမ္ငယ္လာမိတယ္။

*ငါတကယ္ပဲစာတအားညံ့ေနတာလား*

စာအမွားမ်ားလို႔အခုခ်ိန္အထိထိုင္ျပင္ေနတာလားဆိုတဲ့အေတြးနဲ႕သိမ္ငယ္သြားေပမဲ့လူကႏုံးလာတာမို႔ကိုယ့္ကုတင္ေပၚကိုတက္လွဲေနကာ ေစာင္ၿခဳံၿပီးေကြးေနလိုက္ေတာ့တယ္။

တျဖည္းျဖည္းေခါင္းေတြကိုက္လာၿပီး ႏွာေခါင္းေတြပိတ္လာတာမို႔ေနမေကာင္းျဖစ္ေနၿပီမွန္းသိလိုက္ရသည္။

"ဟင္း ဟင္း"

တဟင္းဟင္းၿငီးေနတဲ့ဂြၽန္ဂယူေၾကာင့္စာအုပ္ေတြသိမ္းေနတဲ့ဟာ႐ုတိုမွာ တဖက္ကုတင္ကိုလွည့္ၾကည့္လာသည္။
ေစာင္ကိုၿခဳံရင္းတဟင္းဟင္းနဲ႕ေကြးေနတဲ့ဂြၽန္ဂယူ။ခုနတုန္းကအျပင္မွာအၾကာႀကီးသြားေနလို႔အေအးပတ္တာျဖစ္မယ္လို႔ေတြးလိုက္ကာ ကုတင္အနားအလ်င္စလိုေလွ်ာက္သြားသည္။

"ေဟ့ ဂြၽန္ဂယူ ဂြၽန္ဂယူ"

ပါးေဖာင္းေဖာင္းေလးအားအသာအယာလက္ဖ်ားနဲ႕လႈပ္ႏွိုးေတာ့ မ်က္လုံးမပြင့္ပဲထူးရွာတယ္။

"ငါ့ကိုအလုပ္ေပးျပန္ၿပီ ကင္မ္ဂြၽန္ဂယူ"

ခ်က္ခ်င္းအသိဆရာဝန္တေယာက္ကိုဖုန္းဆက္ၿပီးလာခိုင္းရေတာ့တယ္။ကိုယ့္သူငယ္ခ်င္းျဖစ္ေနတာမို႔ညတြင္းခ်င္းအေဆာင္ကိုလာခိုင္းေနတဲ့ကိုယ့္အားဆဲဆိုေနေတာ့တာ။

ေနာက္ေတာ့လဲ အေဆာင္ကိုေရာက္လာၿပီး ဂြၽန္ဂယူအား ေဆးထိုးေပးကာ ေသာက္ေဆးေတြေပးသြားခဲ့သည္။

အားလုံးၿပီးသြားလို႔ျပန္ေတာ့မယ္လုပ္ေတာ့ ဟာ႐ုတိုမွာအေျခအေနဘာမွန္းမသိေသးတာမို႔မျပန္ခိုင္းပဲဒီမွာပဲညအိပ္ဖို႔အတင္းေတြပူေနတာမို႔ ဆရာဝန္တျဖစ္လဲ ဂ်ီဟြန္းဆဲဆိုေနရေတာ့တယ္။

"ေခြးေကာင္ အရင္ကျဖင့္ငါလာမွာစိုးလို႔ေတာင္အခန္းေသာ့နံပါတ္ေျပာင္းထား..."

"ရႈး မနက္မွသာေျပာေတာ့ သူအိပ္ပါေစ"

ရင္ထဲကေနလာတဲ့အျပစ္တင္စကားေတြအားသိမ္းဆည္းလိုက္ရင္း တဖက္လြတ္ေနတဲ့ကုတင္ေပၚမွာေဆာင့္ႀကီးေအာင့္ႀကီးလွဲခ်လိဳက္ေတာ့တယ္။

တကယ္တည္း။သူ႕ေကာင္ေလးနိုးမွာစိုးလို႔ဆိုၿပီး အသက္ေလးျပင္းျပင္းရႈမိရင္ေတာင္မ်က္လုံးႀကီးကိုျပဴးျပဴးျပၿပီးတိတ္တိတ္ေနဖို႔အခ်က္ျပေနတာ။

ေတာ္ေတာ္ကဲတဲ့ေကာင္။မခ်စ္ဖူးမွန္းသိသာတယ္။

***************************************

"နိုးၿပီလား ေကာင္ေလး"

"ေကာင္ေလးမဟုတ္ဖူး ႐ြယ္တူပဲ"

သူ႕အေရွ႕မွာရန္ျဖစ္ေနတဲ့ႏွစ္ေယာက္သားေၾကာင့္ဂြၽန္ဂယူအိပ္ရာထဲကေနေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနမိတယ္။

"ေဟ့ ဒီမွာ!ေနာက္တခါထပ္မဖ်ားေစနဲ႕ မဟုတ္ရင္အာ့ေကာင္ငါ့ကိုဒီတသက္ဒီအေဆာင္ကေနထြက္ခြင့္ေပးမွာမဟုတ္ေတာ့ဖူး"

"ေျပာလို႔ၿပီးၿပီလား ၿပီးရင္လဲထြက္သြားေတာ့"

"ေခြးေကာင္"

သူ႕ကိုဆဲၿပီးအခန္းထဲကထြက္သြားတဲ့ဂ်ီဟြန္းအား အဖက္မလုပ္။ေနမေကာင္းျဖစ္ေနတဲ့ဂြၽန္ဂယူ႕ကုတင္ေဘးကခုံမွာဝင္ထိုင္လိုက္ရင္း လက္ထဲကေရသန့္ဗူးကိုအဖုံးဖြင့္လိုက္ေတာ့သည္။

"တရက္ေလာက္ကိုယ္လက္မသန့္စင္လဲရတယ္မလား ေရာ့ေရအရင္ေသာက္လိုက္"

သူ႕ဆီကမ္းလာတဲ့ေရဗူးကိုယူလိုက္ကာ ေမာ့ေသာက္လိုက္ေတာ့အာခံတြင္းစိုစြတ္သြားေတာ့တယ္။ျပန္ေပးေတာ့လဲအသာတၾကည္လက္ထဲကဆြဲယူၿပီးစားပြဲေပၚတင္ထားသည္။

"ဘယ္လိုေနေသးလဲ"

ဟာ႐ုတိုေျပာသမွ်စကားထဲမွာအႏူးညံ့ဆုံးျဖစ္တာမို႔ ဂြၽန္ဂယူမ်က္လုံးေလးေတြဝိုင္းစက္ကာၿငိမ္ၿပီးနားေထာက္ေနမိသည္။

"ဗိုက္ဆာေနၿပီလား ဆန္ျပဳတ္မွာထားတာေရာက္ေတာ့မယ္"

ဟာ႐ုတို ဂြၽန္ဂယူႏွဖူးေလးကိုလက္ဖဝါးနဲ႕အုပ္ကာတိုင္းေတာ့ အလုပ္ရႈပ္သြားတဲ့ဂြၽန္ဂယူရဲ႕မ်က္လုံးေလးေတြ။
အဖ်ားက်သြားၿပီမို႔သက္ျပင္းအသာခ်ေနတဲ့ဟာ႐ုတိုကေတာ့ဂြၽန္ဂယူဘာျဖစ္သြားသလဲမသိလိုက္။

"ေနာက္ထပ္မဖ်ားနဲ႕ေတာ့"

"ငါအိပ္ေရးပ်က္တယ္"

တညလုံး ဖုတ္ပူမီးတိုက္အလုပ္ရႈပ္ေနခဲ့တာမို႔အိပ္ေရးပ်က္ရတာကိုအျပစ္ေျပာခ်င္တာမဟုတ္။ဂြၽန္ဂယူေနမေကာင္းထပ္ျဖစ္မွာကိုသေဘာမက်တာေၾကာင့္ျဖစ္သည္။

ဒါေပမဲ့ သူကဘယ္သူမို႔လို႔လဲ။ဟာ႐ုတိုပဲေလ။ေသခ်ာေပါက္ရိုဆန္နိုင္မႈကဘိတ္ေခ်းအဆင့္။

****************************************

"ပါးစပ္ကေနခ်စ္တယ္လို႔ေျပာဖို႔အာ့ေလာက္ခက္ေနလား"

ဂြၽန္ဂယူ႕စကားဆုံးေတာ့ ဒိုေယာင္းကအူတူတူေလးလွည့္ၾကည့္လာတယ္။

"ဘာကိုလဲ"

"ေအာ္ ဒီလိုေလ ငါ့ကိုခ်စ္တယ္လို႔မေျပာပဲနဲ႕အေျဖက်လိဳက္ေတာင္းေနတာ အာ့ေတာ့ငါ့ဘက္ကအေျဖေပးလိုက္ရင္တဖက္လူဘယ္လိုထင္မလဲ"

"ဘာထင္ရမွာလဲ ခ်စ္ရင္ခ်စ္တယ္ မခ်စ္ရင္မခ်စ္ဖူး ႏွစ္ခုထဲကတခုကိုေ႐ြးရင္ၿပီးၿပီမဟုတ္ဖူးလား"

ဒိုေယာင္းေျပာေတာ့လဲ ႏႈတ္ခမ္းႀကီးကိုစူၿပီးေခါင္းကုတ္ကာစဥ္းစားခန္းဝင္ေနျပန္သည္။

ဟာ႐ုတိုကိုအေျဖေပးဖို႔အတြက္အာ့သေလာက္ထိစဥ္းစားခန္းဝင္ဖို႔လိုလား။ႀကိဳက္ေနရဲ႕သားနဲ႕မူေနခ်က္ကေတာ့ လက္ဖ်ားေတာင္ခါတယ္။

အခုလဲဟာ႐ုတိုကသူတို႔မ်က္ႏွာခ်င္းဆိုင္ကေနထြက္လာၿပီး ဂြၽန္ဂယူကိုျမင္သြားၿပီ။

ဂြၽန္ဂယူကလဲ႐ုပ္တည္ႀကီးနဲ႕သူတို႔ဆီေလွ်ာက္လာတဲ့ဟာ႐ုတိုကိုျမင္ေတာ့အေနာက္ျပန္လွည့္ၿပီး အတန္းထဲျပန္ဝင္သြားတယ္။

တေယာက္ကမပြင့္လင္း၊တေယာက္ကမူပိုေနတာနဲ႕ပဲ ႏွစ္ေယာက္သားအႀကီးႀကီးလြဲၾကေတာ့မွာပါလားေနာ္။

**************************************

ေရခ်ိဳးခန္းထဲကထြက္လာကာေရသုတ္ဖို႔လုပ္ေတာ့သူ႕လက္အားဆြဲကာ နံရံမွာဖိကပ္ပစ္လိုက္တဲ့ဟာ႐ုတို။

"အ့ နာတယ္ကြ!!"

"ငါ့ကိုဘာလို႔ေရွာင္ေနတာလဲ!"

သူ႕ကိုတကယ္ႀကီးစိတ္ဆိုးေနသလားဆိုတာမသဲကြဲ။ဘာလို႔ဆိုတခ်ိန္လုံးမ်က္ႏွာထားတည္တည္ႀကီးဆိုေတာ့ စိတ္ဆိုးလဲဒီ႐ုပ္၊ေပ်ာ္ေနလဲဒီ႐ုပ္၊ဝမ္းနည္းလဲဒီ႐ုပ္ပဲျမင္ေနရတာေလ။

"ငါ့ဘာငါဘယ္လိုေနေနေလ"

"မင္းငါ့ကိုလာကစားေနတာလား ဂြၽန္ဂယူ!!!!"

"လာမေအာ္နဲ႕ ငါ့ကို!!!"

"..."

"ခ်စ္လားလို႔ေမးေတာ့လဲဘာမွမေျပာဖူး ငါတေယာက္ထဲကပဲမင္းကိုသဝန္တိုရ၊အ႐ူးလိုမ်ိဳးစိတ္ဆိုးရနဲ႕ ငါပင္ပမ္းတာမင္းသိလား!!!"

သူ႕ကိုလာေအာ္ေနတဲ့ဟာ႐ုတိုအား သူ႕ရင္ထဲကခံစားေနရတာေတြကိုထုတ္ေျပာေတာ့ေဒါသအရွိန္ေျပသြားတဲ့ဟာ႐ုတိုရဲ႕မ်က္လုံးေတြကနီရဲမေနေတာ့။

"ငါမင္းကိုခ်စ္တယ္ဂြၽန္ဂယူ ဒါေပမဲ့ငါပါးစပ္ကေျပာရတာထက္လက္ေတြ႕ကိုပိုသေဘာက်တယ္"

သူ႕လက္ကိုဖမ္းဆုတ္ထားတဲ့ဟာ႐ုတိုရဲ႕လက္ေတြကတင္းက်ပ္လာကာ မ်က္ႏွာခပ္ေခ်ာေခ်ာကသူ႕ဆီတိုးကပ္လာသည္။

ဆံပင္အရွည္နဲ႕ဟာ႐ုတိုကမ်က္မွန္မတပ္ထားတဲ့အခုလိုအခ်ိန္မ်ိဳးမွာဆို အရမ္းၾကည့္လို႔ေကာင္းလြန္းသည္။

တဒုန္းဒုန္းခုန္ေပါက္လာတဲ့အလိုက္ကမ္းဆိုးမသိ ရင္ဘတ္ထဲကအသံအား ဟာ႐ုတိုမၾကားသြားဖို႔ဆုေတာင္းေနရင္းမ်က္လုံးကိုမွိတ္ထားလိုက္သည္။

ႏူးညံ့တယ္လဲမဟုတ္တဲ့အနမ္းေတြကရမက္မပါေပမဲ့ ခပ္ၾကမ္းၾကမ္းျဖစ္ေနတာမို႔ပိုမိုက်ယ္ေလာင္လာတဲ့အသက္ရႈသံေတြနဲ႕အတူ စကၠန့္အေတာ္ၾကာျမင့္သြားခဲ့သည္။

"ခ်စ္တယ္ ဂြၽန္ဂယူ ငါမင္းကိုအရမ္းခ်စ္တာမို႔ ငါ့အေပၚမွာထပ္မဆိုးနဲ႕ေတာ့"

ထိုေတာ့မွသေဘာက်သြားတဲ့ဂြၽန္ဂယူကဟာ႐ုတိုရဲ႕ရင္ခြင္ထဲတိုးဝင္လိုက္ၿပီး ႏွလုံးသားလို႔ယူဆရတဲ့ေနရာမွာေခါင္းကိုတင္ထားရင္း သူ႕ေၾကာင့္ျဖစ္ေပၚလာတဲ့ရင္ခုန္သံအားနားေထာင္ေနမိတယ္။

ဘယ္သူကထင္မွာလဲ ေက်ာင္းရဲ႕ဟိုက္ပါႀကီးနဲ႕ဂြၽန္ဂယူတို႔ရည္းစားျဖစ္သြားၾကမယ္လို႔။

****************************************

"Happy Birthday to you!!"

ဂြၽန္ဂယူရဲ႕ေမြးေန႕ကိုဟာ႐ုတိုနဲ႕ႏွစ္ေယာက္ထဲလုပ္ခ်င္တာမို႔ အေဆာင္ခန္းထဲမွာႏွစ္ေယာက္သား ေမြးေန႕ကိတ္အျပင္ ဆိုဂ်ဳ၂ပုလင္းျဖင့္ပြဲခံေနၾကေတာ့တယ္။

တကယ္ေတာ့ဂြၽန္ဂယူ႕မွာအစီအစဥ္တခုရွိေနသည္။အာ့တာကဟာ႐ုတိုကိုအရက္မူးေနေအာင္တိုက္ၿပီး စကားေတြအမ်ားႀကီးေျပာခိုင္းမယ္လို႔။

ဟာ႐ုတိုကဆိုဂ်ဳကို၆ခြက္ထက္ပိုၿပီးမေသာက္နိုင္တဲ့အေၾကာင္းကိုဂ်ီဟြန္းဆီကေနအတိအက်သိထားတာမို႔ သူ႕ရဲ႕အစီအစဥ္ကိုအေကာင္အထည္ေဖာ္တဲ့အေနနဲ႕ဆိုဂ်ဳကိုပါ ေမြးေန႕ပါတီထဲတမင္ထည့္လိုက္တာျဖစ္သည္။

"မင္းလဲေသာက္ရမယ္ဟာ႐ုတို ငါ့ခြက္ထဲပဲမထည့္နဲ႕"

လူလည္ေကာင္က ဂြၽန္ဂယူခြက္ထဲကိုပဲဆိုဂ်ဳေတြဆက္တိုက္ထည့္ၿပီး သူက်အခုထိ၂ခြက္သာေသာက္ရေသးတယ္ရယ္။

"မရဖူးထည့္ၿပီးေသာက္ တပုလင္းကငါ့ေၾကာင့္နဲ႕ကုန္ေတာ့မယ္"

ပြစိပြစိေျပာၿပီးသူ႕ခြက္ထဲထည့္ေပးေတာ့မျငင္းပဲခ်က္ခ်င္းေသာက္ရွာတယ္။စိတ္ထဲကေနႀကိတ္ရီေနရင္းေနာက္တခြက္ထည့္ေပးလိုက္ေတာ့လဲ တက်ိဳက္ထဲေသာက္ခ်ပစ္သည္။

တျဖည္းျဖည္းနဲ႕ ေနာက္တခြက္၊ၿပီးေတာ့ ေနာက္တခြက္.......။

"ဟာ႐ုတို"

"ဟင္"

၆ခြက္ေျမာက္မွာယိုင္တိုင္တိုင္ျဖစ္ေနတဲ့ဟာ႐ုတိုက ဂြၽန္ဂယူေခၚသံၾကားေတာ့ အသံခပ္ေလးေလးျဖင့္ထူးရွာသည္။

"မင္းငါ့ကိုခ်စ္လား"

"ခ်စ္တယ္ မင္းကိုအရမ္းခ်စ္တာ"

"ဟုတ္လို႔လားကြာ မင္းကအားေနစာလုပ္လိုက္၊ကားracingၿပိဳင္လိုက္နဲ႕အလုပ္ရႈပ္ေနၿပီးေတာ့မ်ား"

ဂြၽန္ဂယူက တမင္က်ပ္ေပးလိုက္ေတာ့ ဟာ႐ုတိုကေခါင္းတခါခါ...။

"အာ့တာေတြကမင္းေလာက္အေရးမပါဖူး မင္းအတြက္ဆိုရင္ငါကအကုန္လုံးကိုေတာင္ပစ္ထားရဲတယ္"

မူးေနေတာ့ သူ႕ရင္ထဲကမေျပာျဖစ္ပဲသိမ္းထားတဲ့စကားသံေတြကိုအာေလးလွ်ာေလးႀကီးနဲ႕အကုန္ဖြင့္ခ်ေနေတာ့တာပဲ။

ဂြၽန္ဂယူႀကိတ္ရီလိုက္ရင္း အမူးသမားအားေမးေထာက္ကာထိုင္ၾကည့္ေနလိုက္သည္။

"မင္းကေကာငါ့ကိုယုံလား"

ေဟာ~ဒီတခါေတာ့သူ႕ဘက္ကိုျပန္ၿပီးေမးခြန္းထုတ္လာတဲ့အမူးသမားေလး။

"ဘာလို႔ေမးတာလဲ"

"ငါသိခ်င္တယ္~မင္းရဲ႕စိတ္ထဲမွာငါ့ကိုဘယ္လိုျမင္ေနလဲဆိုတာသိခ်င္တယ္ ငါမင္းအနားတလွမ္းတိုးဖို႔ႀကိဳးစားတိုင္းမင္းကငါ့ကိုျပသနာရွာၿပီးေရွာင္ထြက္ဖို႔လုပ္တယ္ ငါေဒါသထြက္ရတယ္ မင္းကိုခ်စ္တယ္လို႔ဒီေလာက္ေျပာေနတာေတာင္မင္းကမယုံဖူး"

မ်က္ေမွာင္ႀကီးက်ဳံ႕ၿပီးသူအလိုမက်တဲ့အေၾကာင္းေတြကိုအေသးစိတ္အာေလးေလးႀကီးနဲ႕ရွင္းျပေနတာမို႔ ဂြၽန္ဂယူရီေတာင္မရီနိုင္ေတာ့ေပ။

ဟာ႐ုတိုရဲ႕နီရဲေနတဲ့ပါးျပင္ကိုလက္ဖဝါးနဲ႕အုပ္မိုးကာအနမ္းေပးလိုက္ေတာ့လဲ လိုလိုလားလားနဲ႕လက္ခံရွာတယ္။

"ငါယုံတယ္ဟာ႐ုတို ငါလဲမင္းကိုခ်စ္တယ္ေနာ္"

ေခါင္းတၿငိမ့္ၿငိမ့္နဲ႕ၿငိမ္သက္သြားတဲ့ဟာ႐ုတိုေၾကာင့္ေနာက္တခြက္ထပ္တိုက္ဖို႔လုပ္ေတာ့...။

"စာသြားလုပ္ေတာ့"

"ဟာ~ေမြးေန႕ေတာင္စာလုပ္ခိုင္းတာပဲလား"

ဂြၽန္ဂယူေျခေထာက္ႏွစ္ေခ်ာင္းကိုဆင္းကာတမင္ကေလးေတြဂ်ီက်သလိုမ်ိဳးပြတ္တိုက္ေနလိုက္ေတာ့သည္။အမွန္ေတာ့သူကိုယ္တိုင္လဲအရည္ကေလးဝင္ထားေတာ့အာသြက္လွ်ာသြက္ၿပီးလက္ရဲဇာတ္ရဲျဖစ္ေနတာ။

"မနက္ျဖန္မွစာလုပ္မယ္ေလ အခုေတာ့အိပ္ရေအာင္ေနာ္"

"အင္း"

ဂြၽန္ဂယူတယိမ္းတယိုင္မတ္တပ္ထရပ္လိုက္ၿပီး ေခါင္းငိုက္စိုက္နဲ႕ထိုင္ေနတဲ့ဟာ႐ုတိုရဲ႕လက္ေမာင္းကေနအသာဆြဲထူလိုက္ေတာ့ ေလးနစ္ေနတဲ့ကိုယ္လုံးႀကီးကသူ႕ကိုယ္ေပၚကိုမတရားမွီခ်လာေတာ့တယ္။

အိပ္ရာေပၚတင္ေပးလိုက္ေတာ့ေျခကားယားလက္ကားယားႀကီးနဲ႕။အိပ္ေပ်ာ္သြားသလားမသိေသးတာမို႔ဂြၽန္ဂယူ သူ႕လက္ေမာင္းေတြကိုလႈပ္ႏွိုးၾကည့္လိုက္ေတာ့....။

"ဟာ႐ုတို"

"ဟင္"

"ငါ့ကိုဘယ္ေလာက္အထိခ်စ္လဲ"

"မင္းထင္ထားတာထက္ပိုခ်စ္တယ္"

လူကမလႈပ္နိုင္ေပမဲ့ပါးစပ္ကေတာ့ ေမးသမွ်ေျဖနိုင္ေသးသည္။ဂြၽန္ဂယူတဟီးဟီးနဲ႕ႀကိတ္ရီကာ ဟာ႐ုတိုအားဆက္တိုက္ေမးခြန္းေတြေမးေတာ့သည္။ဟာ႐ုတိုကလဲမရပ္မနားပဲဆက္တိုက္ျပန္ေျဖေပးသည္။

"ငါ့ကို၃မိနစ္ေလာက္ရရင္ဘာလုပ္ခ်င္လဲ"

"ညတိုင္းမင္းကိုဖက္ထားၿပီးမင္းဆံပင္ေတြကိုသပ္တင္ေပးမယ္ နားမလည္တဲ့စာေတြကိုရွင္းျပေပးမယ္ မင္းလက္ကေလးေတြကိုနမ္းခ်င္တယ္"

သိလိုက္ရတာတခုကဟာ႐ုတိုအရက္မူးရင္ ဘာေမးေမးအကုန္အမွန္တိုင္းေျဖေပးတယ္ဟူ၍သာ။

"အိပ္သြားၿပီလား ေဟ့ ဟာ႐ုတို"

"ထပ္ေမးရင္မင္းကိုကုတင္ေပၚက ကန္ခ်မယ္"

နိုးသြားတာလားဆိုတဲ့အသိနဲ႕ရင္ခြင္ထဲကေနအလန့္တၾကားလွမ္းေမာ့ၾကည့္ေတာ့မ်က္လုံးမပြင့္ပဲအိပ္ေနတဲ့ဟာ႐ုတို။

ဆက္မေမးေတာ့ဖို႔ဆုံးျဖတ္လိုက္ရင္း ဟာ႐ုတိုရဲ႕လက္ေမာင္းၾကားမွာပဲအိပ္စက္ဖို႔ႀကိဳးစားလိုက္ရေတာ့တယ္။

တကယ္ကိုကေမာက္ကမနိုင္တဲ့ ဂြၽန္ဂယူ႕ရဲ႕ေမြးေန႕ေလးပါပဲ။
သို႔ေပမဲ့ ဟာ႐ုတိုရဲ႕စိတ္ရင္းအမွန္ေတြကိုသိရတဲ့အခါမွာရရွိတဲ့အေပ်ာ္ကသိပ္ကိုေက်နပ္စရာေကာင္းတာမို႔ဂြၽန္ဂယူ႕အတြက္အဖိုးတန္ေန႕ရက္အျဖစ္မွတ္တမ္းဝင္ေနမွာေသခ်ာသည္။

ေနာက္ထပ္ရီစရာေကာင္းတဲ့အခ်က္ကေတာ့ သူ႕ကိုခ်စ္ေၾကာင္းရွင္းျပေနတဲ့ဟာ႐ုတိုရဲ႕အားပါမႈက ဘယ္ေလာက္ေတာင္ျပင္းလဲဆို ေမြးေန႕ကိတ္ေပၚကလက္ဖဝါးအရာႀကီးကသက္ေသျဖစ္ေၾကာင္း...။

**************************************

The End...

Happiest Birthday everပါ ကင္မ္ဂြၽန္ဂယူေလးေရ။အၿမဲတမ္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕စိတ္တိုင္းက်တဲ့ဘဝတစ္ခုကိုပိုင္ဆိုင္နိုင္ပါေစ။
ရည္းစားေလးနဲ႕လဲအျပင္ထြက္လည္ေပးလိုက္ပါအုံးေနာ္။🥺

ဒါေလးကအရွည္အေနနဲ႕ေရးမလို႔ကို bdအမွီမို႔တပိုင္းစာပဲဒိတ္လိုက္ပါတယ္။အခ်ိန္ရရင္ကိုယ္ေရးခဲ့တဲ့ one shotတိုင္းကိုအရွည္ေတြေရးသြားေပးမွာပါ။ခုထိဖတ္ေပးေနၾကလို႔ေက်းဇူးအမ်ားႀကီးတင္ပါတယ္။🥺🤍

Continue Reading

You'll Also Like

945K 21.7K 49
In wich a one night stand turns out to be a lot more than that.
160K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
173K 4.6K 39
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
76K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...