"သဘော မတူဖူး ထပ်မပြောနဲ့ နီနီ"
တစ်ခါထဲ ငြင်းလွတ်တဲ့အမေနှင့် အဒေါ်များကြား နီနီ မျက်နှာငယ်လေးနှင့် ။
"တောကြားအုံကြားရေမျှော်ကမ်းတင် ဆွေမရှိမျိုးမရှိလားမသိ ဇစ်မြစ်မသိတဲ့လူကို ညည်းမို့ လက်ခံစဥ်းစားတာ အံ့သြလို့မဆုံးဖူး"
"ဟုတ်သားပဲ နီနီရယ် ... သမီးက ဒီအသိုင်းအဝိုင်းမှာ စိတ်ချမ်းသာနေနေရတာ ဘာလို့ အာ့လိုလူမျိုးကို တွဲနေရအုံးမှာလဲ"
"ဟုတ်တယ် တစ်ခါထဲဖြတ်လိုက် နီနီ ပေး ဖုန်း အာ့ကဒ်ထုတ်ပြစ်လိုက်မယ်"
နီနီသွေးအောင် ဖုန်းကို လာယူတဲ့သူက ယူနှင့် ။ ချစ်သူရည်းစားထားလို့ ဖွင့်ပြောမိပါရဲ့ ပျားအုံ့တုပ်နှင့်ထိုးသလို တဝီဝီအော်ပြီး စိတ်ရှုပ်အောင်လုပ်နေကြသည်မို့ နီနီ နားထင်ကိုဖိရင်း
"နီနီလမ်းကို ဘာလို့ပိတ်ဖို့ပဲကြိုးစားနေကြတာလဲ"
"လမ်းပိတ်တယ်ဟုတ်လား ဒီကောင်မ ငါလုပ်မိတော့မယ်"
"မကြီးသန္တာမလုပ်နဲ့ ဟုတ်သားပဲ အတင်းမလုပ်ကြနဲ့ နီနီရယ် ဒေါ်လေးတို့က မဖြစ်သင့်တာမဖြစ်အောင်ပြောနေရတာလေ"
လေပြေသွေးသူ မုန်တိုင်းတိုက်သူ မျက်ရည်ခံထိုးသူ ပုံစံအမျိုးမျိုးနှင့် လူကုံထံမိသားစုဝင်များကြား နီနီ တကယ်ကို စိတ်ရှုပ်နေရပါသည် ။ ချစ်သူက တစ်နယ်တစ်ကြေးက ကိုယ့်ထက်လဲငယ်ပြီး တောအရပ်ကမို့ အသိုင်းအဝိုင်းက လုံးဝမကြည်ဖြူ ။
"ဖြတ်လိုက်နော် နီနီ မဟုတ်ရင် ညည်းအမေ စိတ်ဆင်းရဲပြီး သေလိုက်မယ် "
နီနီ အမေ့မျက်နှာကိုပြန်ကြည့်တော့ မျက်နှာလေးငယ်လို့ ။ လူတစ်ယောက်ကို စိတ်ချလက်ချမချစ်နိုင်လောက်အောင် နီနီ့ဘဝက လွတ်လပ်မှု့မရှိ ။ ပျော်ပျော်ရွှင်ရွှင်တစ်ဥိးကိုတစ်ဥိးချစ်နေကြတဲ့ Rsများကို မြင်လျှင် နီနီသိပ်အားကျမိသည် ။ အခုတော့ အကြီးဆုံးသမီး မိသားစုဂုဏ် ထိမ်းသိမ်းရမယ့် ဝတ္တရားတွေနှင့် နီနီပခုံးပေါ်က သမိုင်းပေးတာဝန်တွေ။
"သမီးမှာ စဥ်းစားဆုံးဖြတ်တက်တဲ့ ဦးနှောက်နဲ့ အသက်အရွယ်လဲ ရှိပီးသားပါ နေရာတကာ လိုက်ပြီး ပြောမနေကြပါနဲ့တော့"
နီနီက ၂၅ နှစ်နီးပါးရှိပြီး ဘွဲ့လဲ ရပြီးနေပြီ ။ အလုပ်အကိုင်အတည်တကျနှင့် အိမ်ထောင်ပြုစင့်တဲ့အရွယ်ပါပဲ ။ ဒါကို ဘာအကြောင်းတွေကြောင့်လိုက်ချုပ်ကိုင်ချင်နေကြမှန်းမသိ။
"ဟဲလို "
"မောင် ဖုန်းခေါ်နေတာကြာပြီလေကွာ ... ဘာလုပ်နေလို့မကိုင်တာလဲ ဟင် ... "
မောင့်အသံက သောက်လို့မဝတဲ့ Coffeeထက် ပိုစွဲမက်စရာကောင်းတယ် ရှူလို့ မဝတဲ့ စာအုပ်အသစ်အနံ့ထက် ပိုပြီး သဘောကျချင်စရာကောင်းလို့ ရှုပ်နေတဲ့ စိတ်တွေပြန်ကြည်လာတယ် ။ အလိုမကျရင် တွန့်ချိုးတက်တဲ့ မျက်ခုံးနက်နက်တွေ မြင်ယောင်မိပြီး ပြုံးမိတာပေါ့။
"အမေနဲ့စကားပြောနေတာ ... မောင်နဲ့ကိုယ့်အကြောင်းလေ"
"ဟုတ်လား ...အွန်း ... ယောက္ခမက ဘာပြောလဲ "
"ဘာပြောရမှာလဲ ကြိမ်းသေပေါက် သဘောမတူဖူးပေါ့ "
"ဟင် ... ဘာကြောင့်လဲ "
"ငယ်လို့တဲ့ "
"ဒီစောက် ...."
ဒေါသထွက်ပြီး ဆဲသံပါမလိုဖြစ်သွားပေမယ့် မောင်က အရှိန်မြန်စွာ ပြန်ထိန်းရင်း
"အသက်ငယ်တာ အဓိကမှ မဟုတ်တာလေကွာ အဓိက က ချစ်ဖို့ပဲမဟုတ်လား ... အာ့တော့ ဘာဆက်လုပ်မှာလဲ "
မောင်က လမ်းခွဲရမှာ သိပ်ကြောက်တယ် ။ ကိုယ့်ကိုသိပ်ချစ်တယ် ။ အခုချိန်မှာတော့ မောင်က ကိုယ့်အပေါ်သိပ်ကောင်းတဲ့ လူမျိုးပါပဲ ။
"သူတို့က ဖြတ်လိုက်လို့ပြောတယ်"
"ဒါကြောင့် အာပေတူးက ဘာဆက်လုပ်မလဲလို့ မောင်မေးနေတာလေ"
"ကိုယ်ကချစ်တယ်လေ ဖြတ်လိုက်ဆိုတိုင်း ပြတ်စရာလား "
မောင်က အခုမှသက်ပြင်းချလိုက်ပုံရသည်။ အသက်ရှူသံ ခပ်သဲ့သဲ့ကြောင့် နီနီပြုံးလိုက်မိသည် ။
"မောင်နောက်လိုက်ခဲ့မလား အာပေတူး"
"ရှင်"
"လိုက်ခဲ့ပါလား မောင် မင်းနဲ့မခွဲနိုင်ဖူး"
မောင် မူးမြန်းနေသလားလို့ တွေးမိသွားသည် ။ တွေ့တာ ၁ လ ရည်းစားဖြစ်တာ ၁ လ စုစုပေါင်းမှ ၂ လလေ ။ ခိုးရာလိုက်ဖို့အချိန်က တိုမနေဖူးလားလို့ ။
"မောင် "
"ဗျာ ... လိုက်ခဲ့မယ်မလား ဟင် မောင့်ကို ချစ်ရင် လိုက်ခဲ့ပါလား"
"ချစ်တော့ချစ်တယ် မလိုက်ချင်ဖူး မောင်"
"သိတယ် မင်းမလိုက်မှာသိတယ် မောင်က ဆင်းရဲလို့ ဆင်းရဲတွင်းထဲ မဆင်းရဲတာ မောင်သိတယ် ချစ်တယ်ဆိုတာ အလကားပါကွာ"
"မောင် ... မင်း ငါ့ကို အာ့လိုမပြောနဲ့နော် မဆိုင်တာတွေထည့်မပြောနဲ့ ငါငွေမက်နေတာ မဟုတ်ဖူး ငါ့ရည်မှန်းချက်ရှိသေးလို့မလိုက်ချင်ဖူးပြောတာ"
"အေးပါ ... မလိုက်တာက မလိုက်တာပါပဲ ...မောင်က မင်းနဲ့အတူနေချင်ရုံ မင်းကိုလိုချင်ရုံ မင်းကို ချစ်နေချင်ရုံပါ ... ဘာအပြစ်မှလဲ မပြောချင်ပါဖူး ...ဒါပေမယ့် အာပေတူး တစ်ခုသိထားရမယ်နော် ... မောင်ကလွဲပြီး အခြားသူကိုရွေးရင် မင်းရော အာ့လူရော တစ်မျိုးလုံးရော လွတ်မယ်မထင်နဲ့"
"မောင် ..."
"ပြော"
"မင်း ငါ့ကို အာ့လိုစကားတွေမပြောနဲ့ ခြိမ်းခြောက်တာ မကြိုက်ဖူးလို့ပြောထားတယ်လေ"
"မောင့်ကို မင်းလို့ မခေါ်နဲ့ အာပေတူး မောင်မကြိုက်တာ သိတယ်နော် ... ခြိမ်းခြောက်နေတာ မဟုတ်ဖူး မောင်အတည်ပြောနေတာ"
မောင်က အချစ်လဲကြီးသလို အမျက်လဲကြီးတယ်။ နှစ်ယောက်လုံးက မိန်းကလေးတွေပေမယ့် မောင်က ယောကျ်ားလေးဆန်သော မိန်းကလေး ။ အရပ်အရှည်ကြီးနဲ့အသားကလဲညိုသည် ။ ကျစ်လစ်သော ကိုယ်ဟန်နှင့် ခပ်တိုတိုဆံပင်နက်နက်တွေနှင့် မသိတဲ့လူက မောင့်ကို ကောင်လေးလို့ထင်ကြသည် ။နီနီက ဘွဲ့ရပြီးပြီ မောင်က အခုမှ တက္ကသိုလ်တက်မှာ။ အာ့တော့ မိဘတွေ သဘောမကျတာလဲ မဆန်း။
အိမ်က လူတွေက အချိန်ပြည့်စောင့်ကြည့်နေကြသည် ။ ဘယ်သွားသွား အဖော်နှင့် ။ ယခု လက်ရှိလုပ်နေသော Clerk အလုပ်က ထွက်ခိုင်းပြီး အိမ်မှာသာ နေခိုင်းသည် ။ဖုန်းကိုင်တာကိုပါစောင့်ကြည့်နေသည် ။ အဆက်အသွယ်ပျက်နေတာကြောင့် မောင်ဒေါသကတော့ ဘယ်နေရာ ဘယ်လိုလှောင်နေပြီလဲ မသိ။
"အမေ သမီး ရွာထိပ်အကြော်သွားဝယ်မလို့ "
ညနေခင်းတစ်ခုမှာ မီးဖိုချောင်ထဲအလုပ်ရှုပ်နေသော အမေ့ကို နီနီကပ်ပြောလိုက်၏။
"နင့်မောင်လေး ပြန်လာမှ သွားဝယ်လေ"
"ဟာ အမေကလဲ ဆိုင်ပိတ်သွားမှာပေါ့"
"အာ့တာဆိုလဲ မစားနဲ့ပေါ့အေ နောက်နေ့မှ စား အခု အမေ နီနီကြိုက်တဲ့ အသဲအမြစ်မဆလာအုပ်လေးချက်ထားတယ် အာ့တာနဲ့စားလိုက်နော်"
နီနီနှုတ်ခမ်းပုံ့ပုံ့လေးစူထော်ကာ ခုံမှာ ဝင်ထိုင်လိုက်ပြီး ရွှေဝါလေးကို ကောက်ပွေ့ကာ အပြင်က စံပယ်ရုံကို ငေးနေလိုက်သည်။
"ရင်ထဲ လစ်ဟာနေတာပါပဲ မြန်မာနိုင်ငံတစ်ခုထဲမှာတောင်တွေ့ခွင့်မရှိ ... အခုချိန်ဆို စိတ်တိုတက်တဲ့မောင်က တခုခုကို ရိုက်ခွဲနေပြီလား ဒါမှမဟုတ် မူးပြီး မှောက်နေပြီလား ဆေးလိပ်တွေသောက်နေလား နေမကောင်းဖြစ်နေလား"
စသဖြင့် အတွေးတွေ ဖြန့်ကြန့်လို့ ။ သူငယ်ချင်းတွေလဲ အခုရက်ပိုင်းအိမ်မလာကြ ။ မောင့်သတင်းတစ်စွန်းတစ်စက ဘယ်သူ့ဆီကမှ မကြားရ ။ ပြစ်ထားလိုက်တာဗျာဆိုပြီး နှုတ်ခမ်းဆူပြီး စိတ်ကောက်တက်တဲ့ လူဆိုးကြီးကို သတိရလှပေါ့။
ဒီလိုနဲ့ ရက်ကိုလစား လကို နှစ်တွေ စားသွားတယ် ။ နေသားကျတဲ့ ရက်တွေအတွင်း စဥ်းစားမိတာ မောင် တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်သွားပြီလား မချစ်တော့ဖူးလား စသဖြင့် ။ အိမ်က လူတွေရဲ့ ချုပ်ချယ်မှု့တွေပြေလျော့စပြုလာပါပြီ ။ စက်ရုံတစ်ခုမှ ကွန်ပျူတာပိုင်းနဲ့ဝင်လျှောက်ဖို့ သင်တန်းတွေလဲတက် တစ်ယောက်ထဲ စက်ဘီးနဲ့လဲ လွတ်နေပါပြီ။
တစ်ခုသော မိုးရာသီရဲ့ ညနေခင်းတစ်ခုမှာပေါ့....
KMD Computer Centerရဲ့ တံဆပ်မြိတ်အောက်မှာ အပြန်ကို စောင့်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ် ။ အနက်ကွက် ဖလန်ထည်လက်ရှည် ဂျင်းအနက်နဲ့ ဦးထုပ်အနက် နားမှာ ခပ်သေးသေးနားကွင်းလေးနဲ့ အသားညိုညို လူတစ်ယောက် ။ ဆိုက်ကြည့်လာသော ခပ်ထူထူမျက်ခုံးအောက် မျက်ဝန်းနက်နက်တစ်စုံ တင်းတင်းစေ့ထားသော နှုတ်ခမ်းလွှာ အညိုရောင်။
"ရောင်စဥ်"
တစ်ချိန်က ချစ်ခဲ့ဖူးသော မောင် ဟူသော နာမ်စားလေးပါ ။ မောင်က လက်ကြားထဲက ဆေးလိပ်ကို ကတ္တရာပေါ်ပြစ်ချ ဖိနပ်ဦးနဲ့ နင်းချလိုက်ပြီး နီနီ့ဆီ လျှောက်လာတယ် ။
နီနီ လက်ကောက်ဝတ်သွယ်သွယ်ကို သူ့လက်နှင့် လှမ်းဆွဲရင်း ရင်ခွင်ထဲ သိုင်းဖက်ထားလိုက်တယ်။
"ရောင်စဥ် ဘာလုပ်တာ လဲ "
"မောင်က မ ဆီကို လာပြီး ဒီလိုဖက်ထားချင်ခဲ့တာလေ"
နားစည်ဖျားက လွင့်လာတဲ့ အသံတိုးတိုးရယ် စီးကရက်နံ့နဲ့လွင့်လာတဲ့ မောင့်ကိုယ်သင်းနံ့ရယ် မဝင်ဖြစ်တာကြာပြီ ဖြစ်တဲ့ မောင့်ရင်ခွင်နွေးနွေးရယ် ။ မောင့်နောက်ကျောပြန်ကို သိမ်းဖက်ပြီး မောင်ပခုံးကို စိုအောင် ငိုမိပြန်တယ် ။
"ဘာလို့ ငိုရတာလဲ မောင့်ရဲ့ခလေးမလေးရဲ့ ... ဟင် လူကို အကြာကြီး ပြစ်ထားပြီး မဆူရသေးဖူး ငိုရသလားလို့ "
မောင်က ငါးလက်မကွာတဲ့ နီနီ့မျက်နှာလေးကို ငုံ့ကြည့်ပြီး နီနီ့မျက်ရည်တွေကို သုပ်ပေးရင်း နဖူးလေးကို နမ်းကာဆိုလာပြန်တယ် ။
"မငိုနဲ့ အာပေတူး တိတ်တော့ ... မောင်ရှိတယ်နော် "
"မောင့်ကို မောင့်ကို သိပ်လွမ်းနေခဲ့တာ "
ငိုချင်ရက်လက်တို့ အကဲပိုတဲ့ နီနီက မောင့်ရင်ခွင်ထဲ ဝင်တိုးပြီး ထပ်ငိုပြန်ရော ။ ဝေးကွာနေတာကြာပြီ ဖြစ်တဲ့ ရင်ခွင်နှစ်စုံဟာ ချစ်ခြင်းမေတ္တာတွေကြောင့်အကြားအလပ်မရှိ။ မောင်က နီနီ့ကို ရင်ခွင်ထဲ မြှုပ်နေအောင်ဖက်ထားရင်း မငိုဖို့ အကြိမ်ကြိမ် နှစ်သိမ့်နေပါတော့သည် ။
"ချစ်တယ် မ ရာ ... ထပ်မခွဲချင်တော့ဖူး မောင်နောက်လိုက်ခဲ့ပါတော့"
"ဟင့်အင်း ... ကိုယ် မလိုက်ချင်ဖူး"
မောင်က သက်ပြင်းချလိုက်ပြီး
"မောင် အာပေတူးအတွက် Bubble tea ဝယ်လာတယ် အာ့တာလေး သောက်ရင်း စကားခဏပြောပြီး ပြန်ပေါ့နော် "
"အွန်း ... ဘယ်မှာပြောမှာလဲ "
"ဒီနားမှာ မောင့်သူငယ်ချင်းအိမ်ရှိတယ် ... မောင် စက်ဘီးနင်းမယ် မောင့်ခါးကိုဖက်ပြီး နောက်က ထိုင်လိုက် နော်"
"အွန်း ပြီးရော "
မောင်က ရှေ့က စက်ဘီးနင်းရင်း နီနီကနောက်က လိုက်သည် ။ ၅မိနစ်တောင်မကြာလိုက် ၁၅ ထဲက ပျဥ်ထောင်အိမ်လေးဆီရောက်သည်။
"လာ မ ... ဟေ့ကောင် သီဟ ငါတို့ လာပြီ"
မောင်က နီနီ လက်ဖဝါးကို ကိုင်ပြီး အိမ်ပေါ်တက်တော့ မောင့်သူငယ်ချင်းက အိမ်ထဲက ပြေးထွက်လာပြီး ရယ်ပြကာ အိမ်ပေါ်တက်ဖို့ခေါ်သည်။
"အစ်မ လာ ... အိမ်က နဲနဲတော့ရှုပ်တယ် ဟီး "
"နဲနဲမဟုတ်ပေါင်ကွာ လောက်တက်တော့မှာ မင်းအိမ်က "
မောင်တို့ သူငယ်ချင်းနှစ်ယောက်စကားအချေအတင်ပြောတာ နားထောင်ပြီး နီနီ ပြုံးနေမိ၏။ မောင်က ဒီလို အနီးကပ်မမြင်ရတာ ကြာနေပြီလေ။ မောင် က နီနီနားကပ်ထိုင်ပြီး Bubble tea ကို ဖောက်ကာ ကမ်းပေးသည် ။
"ကြိုက်တယ်ဆိုတာသိလို့ ဝယ်ထားတာ သွားကိုက်ရင်တော့ မောင့်ကို ရန်မလုပ်ရဖူးနော်"
သွားစွယ်လေးတွေပေါ်အောင် ရယ်မောနေသော မောင်က အရင်ကထက်တောင် ပိုပြီး ချောလာသေးသည် ။
"မ နဲ့ မတွေ့ရတော့ ရက်တွေ မောင် ဘယ်လိုနေရသလဲ အာ့ကောင်တွေ အသိဆုံး ... အရက်တွေ မူးအောင်သောက်လဲ မူးလေသတိရလေပဲ ... စိတ်ရှုပ်လို့ ဂိမ်းဆော့လဲ အဆင်မပြေဖူး ... ဘာလုပ်လုပ် အာပေတူးကိုပဲ သတိရနေရတာ သိရဲ့လား "
"မောင်က အာပေတူးနဲ့ အနီးတစ်ဝိုက်မှာပဲ ရှိနေတာ အမြဲစောင့်ကြည့်နေခဲ့တာ ... တွေ့နေရလဲ အနီးကပ်မမြင်ရ စကားမပြောရတော့လွမ်းတာပါပဲကွာ "
"မောင် အခုအဝေးသင်တက်ပြီး အလုပ်လုပ်နေတာ သိလား အာပေတူး မောင် ရည်းစားလဲမရှုပ်ဖူး"
မောင့်မျက်နှာကို ငေးကြည့်ရင်း မောင့်စကားတွေ နားထောင်ရင်း Bubble tea သောက်နေရာက မျက်ခွံတွေက လေးလာသည်။ မောင်မျက်နှာက ဝေးသွားလိုက် နီးလာလိုက် ဝါးသွားလိုက်နှင့် ။
"မောင် "
"ဗျာ "
"အချစ် အိပ်ချင်လာပြီ"
"မောင် ပခုံးပေါ် မှီအိပ်လေ အာပေတူး မောင် ဖက်ထားပေးမယ်"
ပခုံးပေါ် အိကျလာသော ဦးခေါင်းလေးကြောင့် ရောင်စဥ်နှုတ်ခမ်းဖျားတွေကော့တက်အောင် ပြုံးလိုက်သည် ။ ပါးဖောင်းဖောင်းကို လက်ဖျားနဲ့ မနာအောင် ဖြစ်လိုက်ရင်း
"မောင်က မ ကို ရအောင် ယူမှာလို့ ပြောခဲ့သားပဲ အရမ်းချစ်တယ်"
မ ရဲ့ ခန္ဓာကိုယ်လေးက တကယ်ကို သေးသေးလေး ။ ခါးလေးက ကျဥ်းကျဥ်းလေး ပေါင်၁၀၀တောင်မပြည့်တဲ့ ကိုယ်လုံးကို ရောင်စဥ်ပွေ့ချီလိုက်ရင်း အခန်းထဲက ခုတင်ပေါ်ကို ငြင်ငြင်သာသာ ချကာ သက်တောင်သက်သာ အိပ်လို့ရအောင် ပြင်ဆင်ပေးလိုက်သည် ။ ပြီးနောက် ခုတင်စောင်းမှာထိုင်ရင်း သနပ်ခါးဝါဝါကွက်လေးထင်းနေသေးသည့် ပါးမို့မို့ကို အမြတ်တနိုးနမ်းရှိုက်လိုက်လေသည်။
"အခုချိန်က စပြီး မ ကို မောင် ပိုင်ဆိုင်သွားပြီနော်"
စလင်းဘတ်အိတ်ထဲက အပြာရောင်ဖုန်းလေးကို ထုတ်ကာ စက်ပိတ်ပြစ်လိုက်သည် ။ မ ကလွဲရင် ဘယ်သူ့ကိုမှ ညှာတာလိုစိတ်သူ့မှာမရှိ။ မ နဲ့ သူ့ကြားက ဘယ်လိုအတားအဆီးမဆို ရက်ရက်စက်စက်ဖြတ်ထုတ်ပြစ်ဖို့ နှစ်ခါပြန်မတွေးလို။
"ရောင်စဥ် ကားရောက်နေပြီ အခု ထွက်မှာလား "
အခန်းဝက သီဟကြောင့် ရောင်စဥ်နှုတ်ခမ်းဖျားပေါ်လက်ညှိုးကန့်လန့်တင်ရင်း မ ကို ပြန်လှည့်ကြည့်ကာ
"တိုးတိုး သူငယ်ချင်းရ နိုးသွားမယ် ... အခုထွက်မယ် ဒီရန်ကုန်မှာ တစ်မိနစ်တောင်မနေချင်ဖူး"
အနဲငယ်မှောင်နေပြီဖြစ်သော အပြင်ကိုကြည့်ပြီး သူသဘောတွေကြနေသည် ။ ခပ်ထားသော ဆေးအစွမ်းက မနက်မှ မ နိုးလာဖို့ရှိသည် ။ အပြစ်တော်တင်မယ်ဆိုလဲ နိုးလာရင် ကြိုက်သလောက်အပြစ်ပေးပါ မ ။ အခုတော့ မောင်က ခေါ်ပြီး ဒီနေရာရဲ့ အဝေးဆုံးကို ထွက်သွားပါရစေ။
အနက်ရောင် ပရိုဘောက် မှန်ကလဲ အနက် သူငယ်ချင်းကလဲ အလိုက်တသိစီစဥ်ပေးတက်သည် ။ အိပ်ပျော်နေသော မ ကို ရင်ခွင်ထဲ ပွေ့ပြီး အိမ်ပြန်ရသော အခိုက်အတန့်လေးသည် ဒီကမ္ဘာပေါ်မှာ အပျော်ဆုံးအချိန်သာ ဖြစ်သည် ။
~~~~
နာရီသည် တဖျတ်ဖျတ်ပြေးလွှားရင်း ၇ နာရီသို့ရောက်ပြီ ။ နီယွန်မီးသီးတွေနှင့် Tv မှာ လာသော Tv 4 ဇာတ်လမ်းတွဲသံကို စိတ်မဝင်စားနိုင် ။ အခုချိန်ထိ ပြန်ရောက်ရှိမလာသော နီနီသွေးအောင်ကို စောင့်နေကြသော မိဘများ ။ ဆိုင််တစ်စီးက အိမ်ထဲ ထိုးဝင်လာသည် ။
"ဘာတဲ့လဲ ဘာပြောလိုက်လဲဟင် "
နီနီရဲ့အဒေါ်လတ် မစိုးစိုးက ခဲအိုဖြစ်သူကို အလောသုံးဆယ်မေးလိုက်သည် ။ ခဲအို ဖြစ်သူ မျက်နှာအပျက်ပျက်
"နီနီ့ကို သူ့ချစ်သူကောင်လေး လာခေါ်သွားတာတဲ့"
"ဟာ "
"လုပ်ကြပါအုံး ဟဲ့ သတိလစ်သွားပြီ "
အားလုံးဆူဆူညံညံဖြစ်သွား၏။ သတိလစ်သူက နှစ်ယောက် နီနီရဲ့ အမေ ဒေါ်သက်သက်အောင်နှင့် နီနီရဲ့ကြီးကြီး ဒေါ်မေသန့်ဇင်။
"လုပ်ရက်လိုက်တာ နီနီရာ ... အတန်တန်တားနေတဲ့ကြားက "
မျက်ရည်တွေနှင့် ဒီညတော့ ဘယ်သူမှအိပ်ပျော်မယ်မထင်ပါ။ အဖေရော ဦးလေးတွေရော လက်သီးတွေ ကျစ်ကျစ်ပါအောင်ဆုပ်လို့ အံတကြိတ်ကြိတ်နဲ့ .....။
~~~~
ကြက်တွန်သံလိုဘာလိုလိုက နားထဲနီးနီးကပ်ကပ် ဘယ်က ကြက်လာအော်နေလဲ မသိ။
"အမေ .... အငယ်ကောင် ကြက်တွန်သံ Alarm ထည့်ထားထားတာ ပိတ်ပေးလို့ "
မျက်လုံးမဖွင့်သေးပဲ ထအော်သော အာပေတူးကြောင့် ရောင်စဥ် လန့်နိုးသွား၏။ နှုတ်ခမ်းစူစူလေးက ကိုက်ဖောက်ချင်စရာ မျက်မှောင်က ကြုံ့ထားသေး ဘေးမှာ တံတောင်ထောက်ရင်း မျက်လုံးတွေမှိတ်ထားသော အာပေတူးကို ငေးကြည့်ရင်း ပြုံးနေမိသည်။
"ဒီကြက်ကကွာ ဘာလို့ သူများအိပ်တဲ့ နား လာအော်နေရတာလဲ "
အလိုမကျသံလေးနှင့် ပျင်းကြောဆွဲရင်း သူ့ဘက်မျက်နှာမူလှည့်ရင်း သူ့ခါးပေါ်လက်ရောက်လာသည် ။ အက်မယ် မျက်မှောင်တွေ ပုံအမျိုးမျိုးချိုးရင်း သူ့ခါးပေါ်လက်က ဟိုဟိုသည်သည် ရွေ့ရင်း မျက်ဝန်းတွေ ဖျတ်ခနဲ ပွင့်လာသည် ။ မျက်ဝန်းတွေက သူ့ကို စိုက်ကြည့်နေရင်း ပြန်ပိတ်သွားသည်။ နောက်တစ်ခါထပ်ဖွင့်ကြည့်သည်။
"အိပ်မက် ... အိပ်မက်က ဘာကိစ္စဒီလူ့မျက်နှာကြီးလဲ "
"ဘာအိပ်မက်လဲ အာပေတူး အိပ်ပုတ်ထတော့ "
"အား .... ခင်ဗျား ခင်ဗျား ဘာလို့ သူများနဲ့ကပ်အိပ်နေတာတုန်း"
အလန့်တကြားထအော်ပြီး ပြေးဖို့လုပ်သော အာပေတူးကို ခါးကနေ အတင်းဆွဲဖက်ထားရင်း
"ဘယ်ကိုပြေးမှာလဲ ... တိတ်တိတ်နေမအော်နဲ့လေ"
"လွှတ် .... ခင်ဗျား ဘာလို့ သူများအခန်းထဲ "
နီနီ့ မျက်လုံးတွေ လှည့်ပတ်ကစရင်း ရောင်စဥ့်ပိုတစ်လှည့် အခန်းဖွဲ့စည်းပုံတစ်လှည့်ကြည့်ရင်း
"ဒါ ဘယ်နေရာကြီးလဲ ငါအိပ်မက်မက်နေတာ မဟုတ်ဖူးလား "
"ရွှတ်"
ပါးပေါ် စိုစွတ်သောနှုတ်ခမ်းတစ်စုံ။
"ဟာ ... ခင်ဗျား"
"အိပ်မက်လား တကယ်လား အာပေတူး မခွဲတက်လို့ လက်တွေပြတာလေ "
"မဟုတ်မှ ခိုး ခိုး ခိုးပြေး.."
"ဟုတ်ပါ့ဗျာ ... ခိုးပြေးလာတာအမှန်ပဲ"
"ဟာ ... ပြန်မယ် အခု ပြန်ပို့ .... အာ့လိုလုပ်လို့ရမလား "
အခန်းထဲက ပြေးထွက်ဖို့ပြင်သော အာပေတူးကို ရောင်စဥ်ခါးကနေ ပြေးဖက်ပြီး ခုတင်ပေါ်လှဲကြကာ အပေါ်က ဖိထားရင်း
"ပို့ဖို့ခေါ်လာတယ် မဟုတ်ဖူး အပြီးခေါ်ထားဖို့ ခေါ်လာတယ် မောင့်ဒေါသကို သိပါတယ်နော် ငြိမ်ငြိမ်နေ ချက်ချင်း ဒီခုတင်ပေါ်မှာ ပွဲဖြစ်သွားမယ်"
"ရောင်စဥ်"
"ပြန်ခေါ် ဘယ်လိုခေါ်လိုက်တာလဲ အခုပြန်ခေါ်"
"မခေါ်ဖူး အနိုင်မကျင့်နဲ့ ဖယ် "
"ပြန်ခေါ်စမ်း အာပေတူး မောင်စိတ်တိုလာပြီနော်"
"မောင် "
ချုပ်ကိုင်ထားသော အားတွေ ဖြေလျော့သွားပြီး နဖူးပေါ်နမ်းရှိုက်လိုက်လေ၏။
"မောင့်ကို ဒေါသမဆွနဲ့ အာပေတူး အရမ်းချစ်တယ်"
"အိမ်ကိုအကြောင်းလှမ်းကြားဖူးလား မောင် စိတ်ပူနေကြလိမ့်မယ် "
"Omm အမေတို့ ဖုန်းဆက်ပြီး ပြောပေးထားတယ် "
ငြိမ်ပြီး ခုတင်ပေါ်ကုပ်ကုပ်လေးထိုင်နေသော အာပေတူးကြောင့် ရောင်စဥ်ရင်ထဲ သနားသွားရသည် ။
"မ "
"..."
"မ "
မျက်ဝန်းတွေရွေ့လျားပြီး သူ့ကိုကြည့်သည်။
"မ .... မောင်ခေါ်နေတယ်လေ "
"ရှင့် "
"ချစ်လိုက်ရတာ ... မောင့်ကို စိတ်ဆိုးနေလားဟင် "
အမြဲဖက်ထားချင်တဲ့ခါးလေးကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း မေးတော့
"မဆိုးတော့ပါဖူး "
"မောင်ကလေ မနဲ့ အတူနေချင်လို့ မ ကို ချစ်လို့ ခိုးပြေးမိတာပါ "
နီနီ သက်ပြင်းချရင်း မောင့်ဆံပင်တွေကို လက်ဖြင့်သပ်ပေးရင်း
"တစ်ကိုယ်လုံး ငြီစီနေတယ် ရေချိုးချင်တယ် "
"ရေချိုးချင်လို့လား ... ခဏနေအုံး မောင် ပြန်လာခဲ့မယ်"
မောင်က အခန်းထဲက ပြေးထွက်သွားလေ၏။ အိတ်ထဲ ဘာဖုန်းမှ လဲ မတွေ့ရ ။ သူသိမ်းထားပုံရသည် ။ မောင့်အခန်းထဲက ပြတင်းပေါက်နားရပ်ပြီး ခြံထဲကြည့်တော့ အနောက်ဘက်လယ်ကွင်းစိမ်းစိမ်းတွေနဲ့ ရန်ကုန်မြင်ကွင်းနဲ့ ကွာဟသော နယ်မြေသစ်တစ်ခု။
"အခုမှ လှသွားတာကွာ မောင်တော်တယ်မလား "
ဘယ်အချိန်ထဲက ဝယ်ထားလဲမသိ အတွင်းခံကအစ ကွက်တိဖြစ်နေသော အခါ သူ့မှာ သဘောတွေကျလို့ ။ ထမိန်အရောင်နုနုနဲ့ လိုက်မယ့် ရယ်ဒီမိတ်အင်္ကျီနှင့် သူသွေးပေးတဲ့ သနပ်ခါးတွေ လှနေသော နီနီ့ကိုကြည့်ရင်း ရောင်စဥ်မျက်နှာ အပြုံးတွေဝေလို့။ ရောင်စဥ့်အမေက ရောင်စဥ်ကို မျက်စောင်းကြီးခဲလို့
"ငါတို့နဲ့ကြ အာဌာဝက လားမှတ်ရတယ် ချွေးမနဲ့ကြ သောက်ခွက်ကတမျိုး"
ဆိုတော့ ရောင်စဥ်ကလေ
"အမေကလဲ ချစ်တာကိုးဗျ " တဲ့ ။
#ဆက်ရန် >>>>