𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕�...

By JeonTae__Gic

9.4K 777 47

Kim Taehyung ဆိုတဲ့ဂနာမငြိမ်စွာတေးလန်တစ်ယောက် မိဘတွေရဲ့သဘောတူညီမှုတစ်ခုကြောင့် သူတစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက... More

{1}
{2}
{3}
{4}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23}
{24}
Final

{5}

352 33 1
By JeonTae__Gic

" လိုရင်းကတော့...သခင်လေးကို မင်းကြီးက မိဘုရားနေရာ တင်မြှောက်ရန် နန်းတော်သို့ စေလွှတ်ခိုင်းလိုက်ကြောင်းပါ.. "

" ဘာ!! "

ကျွန်တော် ဆိုဟွန်းပြောတာကြားပြီးပြီးချင်း ကိုယ့်နားတောင်ကိုယ်မယုံနိုင်..။ ဘာတဲ့...ကျွန်တော်ကို မိဘုရားနေရာတင်မြှောက်မယ်တဲ့လား...။

" မင်း...မင်းလျှောက်မပြောနဲ့နော်...ငါကယောကျာ်းလေးလေ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. "

ကျွန်တော်ပြောတော့ ဆိုဟွန်းကလည်း မျက်နှာငယ်လေးနဲ့...

" ကျွန်တော်လဲမလွန်ဆန်နိုင်ပါဘူး...မင်းကြီးရဲ့အမိန့်ဖြစ်တဲ့ အတွက်ကြောင့်... "

ကျွန်တော် ဒီနေရာမှာတင် ငိုချင်လာသည်။ ဟိုဘ၀မှာတုန်းက လက်မထက်ချင်လို့ ဒီဘ၀ရောက်လာတော့လည်း မင်းကြီးတော်ကောက်တာ ခံရအုန်းမှာတဲ့လား...။ ဘယ်လိုတွေတောင်လဲ...

" ငါနန်းတော်ထဲကို မသွားချင်ဘူးဆိုဟွန်း....မင်းကြီးကိုလည်းမယူချင်ဘူး... "

" သခင်လေး...မင်းကြီးအမိန့်ကိုလက်မခံလို့မရပါဘူး... "

" ဘာလို့လက်မခံလို့ မရ ရမှာလည်း...လက်မခံတော့ငါချောသွားမှာမို့လို့လား... "

" မင်းကြီးအမိန့်ကို လက်မခံသူတိုင်း ခေါင်းဖြတ် သုတ်သင်ကြောင်းပါသခင်လေး "

ဆိုဟွန်းစကားကြောင့် ကျွန်တော် လည်ပင်းတောင် ယားလာသလို...။ ထပ်ပြောရင်လည်း ခေါင်းပြတ်ပြီး အနိစ္စရောက်နေမှဖြင့် ။

" သခင်လေး..နန်းတော်ကနေ လှည်းယဥ်တစ်စီး စေလွှတ်လိုက်ပါတယ်..သခင်လေးနန်းတော်ကိုကြွချီတော်မူပါတော့မလား.. "

စိတ်ညစ်ရတဲ့ထဲ ကျွန်တော်ကိုခေါ်ဖို့နန်းတော်ကလှည်းပါ ပို့ပေးလိုက်တယ်ဆိုတော့ ဒါသက်သက်ကျွန်တော့်ကိုရွဲ့တာ..။ ဒီအရှုပ်ထုပ်နန်းတော်ထဲ တကယ်မသွားချင်ဘူး......တကယ်ကိုပဲ....။

ကျွန်တော် အသက်မရှိတော့သလို ကုတင်ပေါ် ဆောင့်ဆောင့်ထိုင်ချလိုက်သည်။ နန်းတွင်းကားတွေထဲကလို ရုပ်ဆိုးဆိုးမင်းကြီးကို ကျွန်တော်ယူရတော့မှာလား..။ မဖြစ်ဘူးတစ်ခုခုကြံမှ...။

ကျွန်တော် ဟိုကြည့်ဒီကြည့်အကြံထုတ်နေတုန်း အိမ်နောက်ဘေးမှတံခါးတစ်ခုပွင့်နေတာကို တွေ့သွားသည်။
အာ...အကြံရပြီ...အဲ့တံခါးကနေ ဘယ်သူမှမသိအောင် ထွက်ပြေးရမယ်.. ဟုတ်တယ်..

ကျွန်တော်လည်း ဟိုကောင်ဆိုဟွန်းကို အာရုံပြောင်းရန် ကြံရတော့သည်။

" ဆိုဟွန်း...ငါအ၀တ်လဲမလို့ အပြင်ခဏလောက်ထွက်နေ... "

" ကောင်းပါပြီသခင်လေး.. "

ဆိုဟွန်းလည်း ကျွန်တော်ကိုအရိုအသေပေးပြီး အိမ်ထဲကထွက်သွားတော့သည်။ အဲ့တာကျွန်တော့်အတွက် ဂွင်ပဲလေ...။
ကျွန်တော်လည်း ကုတင်ဘေးကခုံပေါ်မှာ တင်ထားတဲ့ အိတ်သေးသေးလေးကိုယူလိုက်သည်။ ဒါ အသပြာထည့်ထားတဲ့ အိတ်ပဲဖြစ်ရမယ်။ ထွက်ပြေးမှာဆိုတော့ လမ်းမှာ ဗိုက်ဆာရင် စားဖို့ မန်းနီးလိုတယ်လေ..။

ကျွန်တော်လည်း ထိုအိတ်သေးသေးလေးကိုဆွဲကာ ထိုတံခါးကိုဖြတ်ကျော်ပြီး အပြင်သို့ထွက်လာခဲ့သည်။ အပြင်ကိုရောက်ရောက်ချင်းပဲ...ဆိုဟွန်းရဲ့ " သခင်လေး " ဆိုတဲ့အသံနဲ့ ကျွန်တော့်အနောက်ကို လိုက်လာတဲ့အသံ ကြားလိုက်တာမလို့ ကျွန်တော်လည်း ခြေဦးတည့်ရာကို ခွေးပြေး၀က်ပြေး ပြေးရတော့တယ်။

ကျွန်တော်ပြေးရင်း ပြေးရင်းနဲ့ တောအုပ်တစ်ခုထဲရောက်လာခဲ့တယ်။ လူမရှိ သူမရှိ သစ်ပင်တွေနဲ့အုံ့ဆိုင်း နေတဲ့တောအုပ်နက်ထဲကို...။ ကျွန်တော်လျှောက်ကြည့်ကာငေးမောနေတုန်း ခပ်မာမာတစ်ခုနဲ့ အုန်း ကနဲတိုက်မိကာ ဖင်ထိုင်ရက်လဲကြသွားတော့တယ်။
အားလားလား...ဖင်တစ်ခုလုံးအီဆိမ့်သွားတာပဲ...

ကျွန်တော်လည်း နာနေတဲ့ ခါးအောက်ကနေရာကိုပွတ်ကာ ထိုင်နေရာမှ ထလိုက်သည်။ ကျွန်တော်ကို ၀င်တိုက်တဲ့ အရာကိုကြည့်လိုက်တော့......အရာမဟုတ်ဘူး လူပဲ။
ထိုလူက ဟောင်းနွမ်းတဲ့အ၀တ်အစားတွေ၀တ်ထားတယ်။ ဒါပေမဲ့ ထိုလူရဲ့မျက်နှာကတော့ မင်းသားတွေငိုရလောက်အောင်ချောတာဗျာ...။ ဒါပေမဲ့ကျွန်တော်လောက်တော့ဘယ်ဟုတ်ပါ့မလဲ.. ။

" ခင်ဗျားလူတစ်ယောက်လုံး လာနေတာကိုတောင် မမြင်ဘူးလား "

" မင်းကဘယ်သူလဲ.. "

အေးစက်စက်အသံက ထိုလူဆီမှထွက်ပေါ်လာသည်။ ဘာလား....ကျွန်တော်ကိုမသိဘူးတဲ့လား...။ တိုင်ပြည်တစ်ခွင်ချောမောမှုကြောင့် ကျော်ကြားတဲ့ ကျွန်တော့်ကိုလေ...။

" ကျွန်တော်ကိုတကယ်မသိတာလား...အဲ့တာဆိုပြောပြမယ်..ကျွန်တော်က.... "

" သခင်လေး...သခင်လေး... "

ကျွန်တော်ပြောဖို့ပြင်လိုက်ချိန် ဆိုဟွန်းရဲ့ ခေါ်သံကိုအ၀ေးမှ ကျွန်တော်ကြားလိုက်ရသည်။ ကျွန်တော်လည်း အမိတော့အမခံနိုင်ဘူး ဖြစ်ချင်တာဖြစ် ဆိုပြီး အရှေ့ကလူလက်ကိုဆွဲကာ ဘေးကခြုံပုပ်ကြီးထဲ၀င်ပုန်းရန်ပြင်လိုက်ချိန် ကျွန်တော်ခြေချော်ကာ ကျွန်တော်တို့နှစ်ယောက်စလုံး လဲကျသွားပါတော့တယ်..။

" အ့....သေပါပြီ "

ကျွန်တော်ခြေထောက် ထပ်နာသွားရပြန်သည်။ ကျွန်တော်ဒီနေ့ တော်တော်ဒဏ်ရာ ရတာဗျ......

" မင်းဘာလုပ်တာလဲ....ငါ့အပေါ်ကဆင်းစမ်း "

ထိုလူပြောမှသတိထားမိတယ်..။ အခုကျွန်တော်က ထိုလူရဲ့အပေါ်မှာ။ ထိုလူက ကျွန်တော်ရဲ့အောက်မှာ။
အခု ကျွန်တော် ထိုလူရဲ့ တောင့်တင်းနေတဲ့ ရင်ဘက်အကျယ်ကြီးပေါ်မှ လက်ထောက်ထားတာ။ နောက်ပြီး ထိုလူနဲ့ ကျွန်တော်မျက်နှာက အရမ်းနီးကပ်လွန်းတဲ့အခြေအနေကြီး....။

ကျွန်တော်ထဖို့လုပ်လိုက်ချိန်မှာပဲ ဆိုဟွန်းရဲ့ " သခင်လေး " ဆိုတဲ့အသံက ပိုနီးလာသည်မလို့ ကျွန်တော်လည်းမထတော့ဘဲ ဒီအတိုင်းနေလိုက်သည်။ ကျွန်တော်တို့ဘေးမှာ ခြုံပုပ်တွေကွယ်ထားတာမလို့ ဆိုဟွန်းအ၀ေးကကြည့်ရင် မြင်ရမှာမဟုတ်ဘူး။ ထလိုက်မှ ကွက်ကွက်ကွင်းကွင်းမြင်ရမှာ...

" မင်း......!! "

" ရှူးးးးးတိုးတိုးနေ "

ကျွန်တော့်အောက်ကနေ စူးရဲစွာစိုက်ကြည့် ကာပွစိပွစိ လုပ်နေသောထိုလူအား အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။ ကျွန်တော်နဲ့ ထိုလူရဲ့မျက်နှာက တော်တော်နီးကပ်နေပြီဖြစ်သော်လည်း ကျွန်တော်ထလိုက်ရင် ဆိုဟွန်းတွေ့သွားပြီး ကွိုင်တတ်သွားနိုင်တယ်လေ။ အဲ့တော့ ကျွန်တော်လည်း အသံမထွက်ပဲ ငြိမ်ငြိမ်လေးနေ နေလိုက်တယ်။

အခုမှ ကျွန်တော်ထိုလူမျက်နှာကိုသေချာ ကြည့်မိတယ်။ ထိုလူရဲ့မျက်လုံးတွေက အနည်းအငယ်၀ိုင်းစက်နေပြီး ပါးပေါ်မှာလည်း အမာရွတ်သေးသေးလေးနဲ့။ နောက်ပြီး နှုတ်ခမ်းအောက်မှာလည်း မှဲ့သေးသေးလေးရှိတယ်။ တော်တော်ချောတာပဲ..။
အား...ကျွန်တော်ဘာတွေတွေးနေမိတာလဲ..ကျွန်တော်ကပိုချောတာ...ဟုတ်တယ်..

ခဏလောက်ကြာတော့ ဆိုဟွန်းခေါ်သံမကြားရတော့ပေ။ ကျွန်တော်လည်း ထိုလူအပေါ်မှာ ထလိုက်သည်။
ကျွန်တော်ထလိုက်တော့ ထိုလူလဲထလာကာ အကျီပေါ်မှာတင်နေတဲ့ ဖုန်တွေကိုခါချ နေတော့တယ်။
နောက်တော့ ထိုလူက ကျွန်တော်ကို စေ့စေ့ကြည့်တယ်။ ကျွန်တော်ကချောနေတော့လဲ....။

" မင်းက ဓားမြလား... "

What...!!! ကျွန်တော့်လိုချောချောလေးကို ဓားမြတဲ့လား.. ။ ဒီလူတော့...

" ဘာ!! ဒီလောက်ချောတာ ဓားမြဖြစ်နိုင်ပါ့မလား...စဥ်းစားလေ... "

" မင်းကဘယ်သူလဲ... "

ဒီလူ တကယ်မသိတော့လည်း အချောလေးကျွန်တော်ကပြောပြရတာပေါ့..။

" ကျွန်တော်နာမည်က ကင်မ်ထယ်ယောင်း...အမတ် ကင်မ်ရဲ့သား..တိုင်းပြည်တစ်ခွင် ချောမော လှပ သိမ်မွေ့ခြင်းတို့နဲ့ ကျော်ကြားတဲ့သူပေါ့ကွာ "

ကျွန်တော် ပြောနေရင်း လူက လေပေါ်ရောက်သွားသလိုသည်။ ဒီလောက်ဆို ထိုလူလည်း သိရောပေါ့.. ။

" ဒါနဲ့ ခင်ဗျားနာမည်ကရော ဘယ်လိုခေါ်လဲ "

ကျွန်တော်မေးတော့ ထိုလူက နည်းနည်းတွေ၀ေသွားဟန်နဲ့...။ နာမည်လေးပြောတာကိုများ တော်တော်စဥ်းစားနေရတယ်လို့...။ ဒီလူက တကယ့်လူဂွစား..။

ထိုလူဘာမှမပြောပဲ ကျွန်တော်ကိုကြည့်နေတာကြာလှပြီ။ ကျွန်တော်လဲမတ်တပ်ရပ်နေရတာညောင်းနေပြီဗျာ။ ပြောမယ်ဆိုလဲပြောတော့လေ...

" ဒီမှာ ခင်ဗျားမပြောချင်လည်းနေတော့...သွားပြီ.. "

ကျွန်တော် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ချိန် ထိုလူမှ ကျွန်တော့်လက်ကိုလှမ်းဆွဲလိုက်ကာ.. ။

" ငါ့နာမည်က ဂျွန် ဂျောင် ကု... "


_______________________

Happy birthday Jin hyung🎊
Jin Liveမှီကြလား၀ေ့...ကိုယ်တော့မှီလိုက်တယ် ခိခိ...
ဒါနဲ့လေ ဒီ Ficလေးကိုမကြိုက်ကြဘူးထင်တယ်..အူး၀ါးး(ㄒoㄒ)

---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎ 𝐽𝑒𝑜𝑛𝑇𝑎𝑒𝑇𝑎𝑒
---------------------


Zawgi

" လိုရင္းကေတာ့...သခင္ေလးကို မင္းႀကီးက မိဘုရားေနရာ တင္ေျမႇာက္ရန္ နန္းေတာ္သို႔ ေစလႊတ္ခိုင္းလိုက္ေၾကာင္းပါ.. "

" ဘာ!! "

ကြၽန္ေတာ္ ဆိုဟြန္းေျပာတာၾကားၿပီးၿပီးခ်င္း ကိုယ့္နားေတာင္ကိုယ္မယံုႏိုင္..။ ဘာတဲ့...ကြၽန္ေတာ္ကို မိဘုရားေနရာတင္ေျမႇာက္မယ္တဲ့လား...။

" မင္း...မင္းေလ်ွာက္မေျပာနဲ႔ေနာ္...ငါကေယာက်ာ္းေလးေလ...ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ.. "

ကြၽန္ေတာ္ေျပာေတာ့ ဆိုဟြန္းကလည္း မ်က္ႏွာငယ္ေလးနဲ႔...

" ကြၽန္ေတာ္လဲမလြန္ဆန္ႏိုင္ပါဘူး...မင္းႀကီးရဲ့အမိန္႔ျဖစ္တဲ့ အတြက္ေၾကာင့္... "

ကြၽန္ေတာ္ ဒီေနရာမွာတင္ ငိုခ်င္လာသည္။ ဟိုဘ၀မွာတုန္းက လက္မထက္ခ်င္လို႔ ဒီဘ၀ေရာက္လာေတာ့လည္း မင္းႀကီးေတာ္ေကာက္တာ ခံရအုန္းမွာတဲ့လား...။ ဘယ္လိုေတြေတာင္လဲ...

" ငါနန္းေတာ္ထဲကို မသြားခ်င္ဘူးဆိုဟြန္း....မင္းႀကီးကိုလည္းမယူခ်င္ဘူး... "

" သခင္ေလး...မင္းႀကီးအမိန္႔ကိုလက္မခံလို႔မရပါဘူး... "

" ဘာလို႔လက္မခံလို႔ မရ ရမွာလည္း...လက္မခံေတာ့ငါေခ်ာသြားမွာမို႔လို႔လား... "

" မင္းႀကီးအမိန္႔ကို လက္မခံသူတိုင္း ေခါင္းျဖတ္ သုတ္သင္ေၾကာင္းပါသခင္ေလး "

ဆိုဟြန္းစကားေၾကာင့္ ကြၽန္ေတာ္ လည္ပင္းေတာင္ ယားလာသလို...။ ထပ္ေျပာရင္လည္း ေခါင္းျပတ္ၿပီး အနိစၥေရာက္ေနမျွဖင့္ ။

" သခင္ေလး..နန္းေတာ္ကေန လွည္းယဥ္တစ္စီး ေစလႊတ္လိုက္ပါတယ္..သခင္ေလးနန္းေတာ္ကိုႂကြခ်ီေတာ္မူပါေတာ့မလား.. "

စိတ္ညစ္ရတဲ့ထဲ ကြၽန္ေတာ္ကိုေခၚဖို႔နန္းေတာ္ကလွည္းပါ ပို႔ေပးလိုက္တယ္ဆိုေတာ့ ဒါသက္သက္ကြၽန္ေတာ့္ကိုရြဲ႔တာ..။ ဒီအရႈပ္ထုပ္နန္းေတာ္ထဲ တကယ္မသြားခ်င္ဘူး......တကယ္ကိုပဲ....။

ကြၽန္ေတာ္ အသက္မရိွေတာ့သလို ကုတင္ေပၚ ေဆာင့္ေဆာင့္ထိုင္ခ်လိုက္သည္။ နန္းတြင္းကားေတြထဲကလို ရုပ္ဆိုးဆိုးမင္းႀကီးကို ကြၽန္ေတာ္ယူရေတာ့မွာလား..။ မျဖစ္ဘူးတစ္ခုခုႀကံမွ...။

ကြၽန္ေတာ္ ဟိုၾကည့္ဒီၾကည့္အႀကံထုတ္ေနတုန္း အိမ္ေနာက္ေဘးမွတံခါးတစ္ခုပြင့္ေနတာကို ေတြ့သြားသည္။
အာ...အႀကံရၿပီ...အဲ့တံခါးကေန ဘယ္သူမွမသိေအာင္ ထြက္ေျပးရမယ္.. ဟုတ္တယ္..

ကြၽန္ေတာ္လည္း ဟိုေကာင္ဆိုဟြန္းကို အာရံုေျပာင္းရန္ ႀကံရေတာ့သည္။

" ဆိုဟြန္း...ငါအ၀တ္လဲမလို႔ အျပင္ခဏေလာက္ထြက္ေန... "

" ေကာင္းပါၿပီသခင္ေလး.. "

ဆိုဟြန္းလည္း ကြၽန္ေတာ္ကိုအရိုအေသေပးၿပီး အိမ္ထဲကထြက္သြားေတာ့သည္။ အဲ့တာကြၽန္ေတာ့္အတြက္ ဂြင္ပဲေလ...။
ကြၽန္ေတာ္လည္း ကုတင္ေဘးကခံုေပၚမွာ တင္ထားတဲ့ အိတ္ေသးေသးေလးကိုယူလိုက္သည္။ ဒါ အသျပာထည့္ထားတဲ့ အိတ္ပဲျဖစ္ရမယ္။ ထြက္ေျပးမွာဆိုေတာ့ လမ္းမွာ ဗိုက္ဆာရင္ စားဖို႔ မန္းနီးလိုတယ္ေလ..။

ကြၽန္ေတာ္လည္း ထိုအိတ္ေသးေသးေလးကိုဆြဲကာ ထိုတံခါးကိုျဖတ္ေက်ာ္ၿပီး အျပင္သို႔ထြက္လာခဲ့သည္။ အျပင္ကိုေရာက္ေရာက္ခ်င္းပဲ...ဆိုဟြန္းရဲ့ " သခင္ေလး " ဆိုတဲ့အသံနဲ႔ ကြၽန္ေတာ့္အေနာက္ကို လိုက္လာတဲ့အသံ ၾကားလိုက္တာမလို႔ ကြၽန္ေတာ္လည္း ေျခၪီးတည့္ရာကို ေခြးေျပး၀က္ေျပး ေျပးရေတာ့တယ္။

ကြၽန္ေတာ္ေျပးရင္း ေျပးရင္းနဲ႔ ေတာအုပ္တစ္ခုထဲေရာက္လာခဲ့တယ္။ လူမရိွ သူမရိွ သစ္ပင္ေတြနဲ႔အံု႔ဆိုင္း ေနတဲ့ေတာအုပ္နက္ထဲကို...။ ကြၽန္ေတာ္ေလ်ွာက္ၾကည့္ကာေငးေမာေနတုန္း ခပ္မာမာတစ္ခုနဲ႔ အုန္း ကနဲတိုက္မိကာ ဖင္ထိုင္ရက္လဲၾကသြားေတာ့တယ္။
အားလားလား...ဖင္တစ္ခုလံုးအီဆိမ့္သြားတာပဲ...

ကြၽန္ေတာ္လည္း နာေနတဲ့ ခါးေအာက္ကေနရာကိုပြတ္ကာ ထိုင္ေနရာမွ ထလိုက္သည္။ ကြၽန္ေတာ္ကို ၀င္တိုက္တဲ့ အရာကိုၾကည့္လိုက္ေတာ့......အရာမဟုတ္ဘူး လူပဲ။
ထိုလူက ေဟာင္းႏြမ္းတဲ့အ၀တ္အစားေတြ၀တ္ထားတယ္။ ဒါေပမဲ့ ထိုလူရဲ့မ်က္ႏွာကေတာ့ မင္းသားေတြငိုရေလာက္ေအာင္ေခ်ာတာဗ်ာ...။ ဒါေပမဲ့ကြၽန္ေတာ္ေလာက္ေတာ့ဘယ္ဟုတ္ပါ့မလဲ.. ။

" ခင္ဗ်ားလူတစ္ေယာက္လံုး လာေနတာကိုေတာင္ မျမင္ဘူးလား "

" မင္းကဘယ္သူလဲ.. "

ေအးစက္စက္အသံက ထိုလူဆီမွထြက္ေပၚလာသည္။ ဘာလား....ကြၽန္ေတာ္ကိုမသိဘူးတဲ့လား...။ တိုင္ျပည္တစ္ခြင္ေခ်ာေမာမႈေၾကာင့္ ေက်ာ္ၾကားတဲ့ ကြၽန္ေတာ့္ကိုေလ...။

" ကြၽန္ေတာ္ကိုတကယ္မသိတာလား...အဲ့တာဆိုေျပာျပမယ္..ကြၽန္ေတာ္က.... "

" သခင္ေလး...သခင္ေလး... "

ကြၽန္ေတာ္ေျပာဖို႔ျပင္လိုက္ခ်ိန္ ဆိုဟြန္းရဲ့ ေခၚသံကိုအဝေးမွ ကြၽန္ေတာ္ၾကားလိုက္ရသည္။ ကြၽန္ေတာ္လည္း အမိေတာ့အမခံႏိုင္ဘူး ျဖစ္ခ်င္တာျဖစ္ ဆိုၿပီး အေရ႔ွကလူလက္ကိုဆြဲကာ ေဘးကၿခံဳပုပ္ႀကီးထဲ၀င္ပုန္းရန္ျပင္လိုက္ခ်ိန္ ကြၽန္ေတာ္ေျခေခ်ာ္ကာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလံုး လဲက်သြားပါေတာ့တယ္..။

" အ့....ေသပါၿပီ "

ကြၽန္ေတာ္ေျခေထာက္ ထပ္နာသြားရျပန္သည္။ ကြၽန္ေတာ္ဒီေန့ ေတာ္ေတာ္ဒဏ္ရာ ရတာဗ်......

" မင္းဘာလုပ္တာလဲ....ငါ့အေပၚကဆင္းစမ္း "

ထိုလူေျပာမွသတိထားမိတယ္..။ အခုကြၽန္ေတာ္က ထိုလူရဲ့အေပၚမွာ။ ထိုလူက ကြၽန္ေတာ္ရဲ့ေအာက္မွာ။
အခု ကြၽန္ေတာ္ ထိုလူရဲ့ ေတာင့္တင္းေနတဲ့ ရင္ဘက္အက်ယ္ႀကီးေပၚမွ လက္ေထာက္ထားတာ။ ေနာက္ၿပီး ထိုလူနဲ႔ ကြၽန္ေတာ္မ်က္ႏွာက အရမ္းနီးကပ္လြန္းတဲ့အေျခအေနႀကီး....။

ကြၽန္ေတာ္ထဖို႔လုပ္လိုက္ခ်ိန္မွာပဲ ဆိုဟြန္းရဲ့ " သခင္ေလး " ဆိုတဲ့အသံက ပိုနီးလာသည္မလို႔ ကြၽန္ေတာ္လည္းမထေတာ့ဘဲ ဒီအတိုင္းေနလိုက္သည္။ ကြၽန္ေတာ္တို႔ေဘးမွာ ၿခံဳပုပ္ေတြကြယ္ထားတာမလို႔ ဆိုဟြန္းအဝေးကၾကည့္ရင္ ျမင္ရမွာမဟုတ္ဘူး။ ထလိုက္မွ ကြက္ကြက္ကြင္းကြင္းျမင္ရမွာ...

" မင္း......!! "

" ရႉးးးးးတိုးတိုးေန "

ကြၽန္ေတာ့္ေအာက္ကေန စူးရဲစြာစိုက္ၾကည့္ ကာပြစိပြစိ လုပ္ေနေသာထိုလူအား အသံတိုးတိုးေလးျဖင့္ေျပာလိုက္သည္။ ကြၽန္ေတာ္နဲ႔ ထိုလူရဲ့မ်က္ႏွာက ေတာ္ေတာ္နီးကပ္ေနၿပီျဖစ္ေသာ္လည္း ကြၽန္ေတာ္ထလိုက္ရင္ ဆိုဟြန္းေတြ့သြားၿပီး ကြိုင္တတ္သြားႏိုင္တယ္ေလ။ အဲ့ေတာ့ ကြၽန္ေတာ္လည္း အသံမထြက္ပဲ ၿငိမ္ၿငိမ္ေလးေန ေနလိုက္တယ္။

အခုမွ ကြၽန္ေတာ္ထိုလူမ်က္ႏွာကိုေသခ်ာ ၾကည့္မိတယ္။ ထိုလူရဲ့မ်က္လံုးေတြက အနည္းအငယ္ဝိုင္းစက္ေနၿပီး ပါးေပၚမွာလည္း အမာရြတ္ေသးေသးေလးနဲ႔။ ေနာက္ၿပီး ႏႈတ္ခမ္းေအာက္မွာလည္း မွဲ႔ေသးေသးေလးရိွတယ္။ ေတာ္ေတာ္ေခ်ာတာပဲ..။
အား...ကြၽန္ေတာ္ဘာေတြေတြးေနမိတာလဲ..ကြၽန္ေတာ္ကပိုေခ်ာတာ...ဟုတ္တယ္..

ခဏေလာက္ၾကာေတာ့ ဆိုဟြန္းေခၚသံမၾကားရေတာ့ေပ။ ကြၽန္ေတာ္လည္း ထိုလူအေပၚမွာ ထလိုက္သည္။
ကြၽန္ေတာ္ထလိုက္ေတာ့ ထိုလူလဲထလာကာ အက်ီေပၚမွာတင္ေနတဲ့ ဖုန္ေတြကိုခါခ် ေနေတာ့တယ္။
ေနာက္ေတာ့ ထိုလူက ကြၽန္ေတာ္ကို ေစ့ေစ့ၾကည့္တယ္။ ကြၽန္ေတာ္ကေခ်ာေနေတာ့လဲ....။

" မင္းက ဓားျမလား... "

What...!!! ကြၽန္ေတာ့္လိုေခ်ာေခ်ာေလးကို ဓားျမတဲ့လား.. ။ ဒီလူေတာ့...

" ဘာ!! ဒီေလာက္ေခ်ာတာ ဓားျမျဖစ္ႏိုင္ပါ့မလား...စဥ္းစားေလ... "

" မင္းကဘယ္သူလဲ... "

ဒီလူ တကယ္မသိေတာ့လည္း အေခ်ာေလးကြၽန္ေတာ္ကေျပာျပရတာေပါ့..။

" ကြၽန္ေတာ္နာမည္က ကင္မ္ထယ္ေယာင္း...အမတ္ ကင္မ္ရဲ့သား..တိုင္းျပည္တစ္ခြင္ ေခ်ာေမာ လွပ သိမ္ေမြ့ျခင္းတို႔နဲ႔ ေက်ာ္ၾကားတဲ့သူေပါ့ကြာ "

ကြၽန္ေတာ္ ေျပာေနရင္း လူက ေလေပၚေရာက္သြားသလိုသည္။ ဒီေလာက္ဆို ထိုလူလည္း သိေရာေပါ့.. ။

" ဒါနဲ႔ ခင္ဗ်ားနာမည္ကေရာ ဘယ္လိုေခၚလဲ "

ကြၽန္ေတာ္ေမးေတာ့ ထိုလူက နည္းနည္းေတြ၀ေသြားဟန္နဲ႔...။ နာမည္ေလးေျပာတာကိုမ်ား ေတာ္ေတာ္စဥ္းစားေနရတယ္လို႔...။ ဒီလူက တကယ့္လူဂြစား..။

ထိုလူဘာမွမေျပာပဲ ကြၽန္ေတာ္ကိုၾကည့္ေနတာၾကာလွၿပီ။ ကြၽန္ေတာ္လဲမတ္တပ္ရပ္ေနရတာေညာင္းေနၿပီဗ်ာ။ ေျပာမယ္ဆိုလဲေျပာေတာ့ေလ...

" ဒီမွာ ခင္ဗ်ားမေျပာခ်င္လည္းေနေတာ့...သြားၿပီ.. "

ကြၽန္ေတာ္ ေျခလွမ္းတစ္လွမ္း လွမ္းလိုက္ခ်ိန္ ထိုလူမွ ကြၽန္ေတာ့္လက္ကိုလွမ္းဆြဲလိုက္ကာ.. ။

" ငါ့နာမည္က ဂြၽန္ ေဂ်ာင္ ကု... "


_______________________

Happy birthday Jin hyung🎊
Jin Liveမွီၾကလားဝေ့...ကိုယ္ေတာ့မွီလိုက္တယ္ ခိခိ...
ဒါနဲ႔ေလ ဒီ Ficေလးကိုမႀကိဳက္ၾကဘူးထင္တယ္..အူးဝါးး(ㄒoㄒ)

---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎ 𝐽𝑒𝑜𝑛𝑇𝑎𝑒𝑇𝑎𝑒
---------------------

Continue Reading

You'll Also Like

470K 31.7K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
8.6K 302 6
ပေါ့ပေါ့ပါးပါး လေးပဲ ရေးမှာပါနော် sweetတွေပဲရေးမှာပါရှင့် taekook🐯🐰
16.1K 1.6K 11
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ခ်ာတိတ္က ကိုယ့္အတြက္ ျပည့္စံုတဲ့လူသားေလး ။ ချာတိတ်က ကိုယ့်အတွက် ပြည့်စုံတဲ့လူသားလေး ။
673K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...