လှပတဲ့ပန်းခင်းကြီးရဲ့အလယ် တစ်စုံတစ်ယောက်က ကိုယ့်ကို စောင့်နေတယ်ဆိုတဲ့ခံစားချက်၊ကိုယ်ချစ်တဲ့သူက ကိုယ့်အတွက် ဒီအရာကို ဖန်တီးထားတယ်ဆိုတဲ့ခံစားချက် ကိုယ့်အပေါ် အလေးထားတဲ့တဲ့ လူတစ်ယောက်ရဲ့တန်ဖိုးထားမှုကို ပိုင်ဆိုင်ရတာကလည်း ကံကောင်းမှုတစ်ခုပါပဲ။
သူပြောတဲ့surpriseက လက်ထပ်ခွင့်တောင်းတာဖြစ်လိမ့်မယ်လို့ အစကတည်းကထင်ထားခဲ့ပေမဲ့ ဒီလောက်ထိ ပြင်ဆင်ထားလိမ့်လို့တော့ တကယ်ကို မတွေးထားခဲ့တာပါ။ကျွန်တော့်ရဲ့ရှေ့မှာရပ်နေတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော် ပြောစရာစကားတွေ ပျောက်ဆုံးသွားခဲ့တယ်။ဝမ်းသာမျက်ရည်တွေကလည်ူ မကုန်နိုင်မခမ်းနိုင် စီးကျနေပြန်တော့ သူများအမြင်မှာ အပျော်မျက်ရည်ဖြစ်နိုင်ပေမဲ့ ကျွန်တော့်ကိုဆို အကောင်းမမြင်တတ်တဲ့ သူမျက်စိထဲမှာ အပိုတွေလို့ ထင်နေပြန်ပါအုံးမယ်။
သူ့ဆီလှမ်းသွားတဲ့ ကျွန်တော့်ရဲ့ခြေေထာက်ေတွကလည်း ကမ္ဘာမြေဆွဲအားများသွားလားမသိဘူး။ခြေလှမ်းတွေက ပုံမှန်ထက် နှေးကွေးနေသလို ခံစားရတယ်။ဖြစ်နိုင်ရင် စူပါမင်းလို ရွှီးကတည်းတာ ရောက်သွားလိုက်ချင်တော့တယ်။သူပေးထားတဲ့ ပန်းစည်းတွေကိုကလည်း ကိုင်ထားရသေးတယ်။ဘာလို့များ အများကြီးပေးရလဲမသိဘူး။တစ်စည်းတည်းဆိုတော်ပြီလေ။တော်ကြာ လက်ထပ်ခွင့်တောင် မတောင်းခံလိုက်ရဘဲ ပန်းစည်းဖိပြီး သေသွားတဲ့ သတို့သားလောင်းလေးဆိုပြီး လိုင်းပေါ် နာမည်ကြီးနေပြန်ရင် ဒုက္ခဖြစ်နေအုံးမယ်။(ချစ်ရင်ထူး)
ကျွန်တော့်ဆီ လျှောက်လှမ်းလာတဲ့သူက အရမ်းပျော်ရွှင်နေတဲ့ သတို့သားလောင်းလေးပေါ့။ခင်ဗျားတို့ အဲ့လို့ထင်နေရင်တော့ မှားသွားလိမ့်မယ်။သူ့မျက်နှာမှာသာ ပြုံးနေပေမဲ့ သူ့စိတ်ထဲမှာ ကျွန်တော့်ကို ဘယ်လောက်ကျိန်ဆဲနေမလဲဆိုတာ သူကိုယ်တိုင်ပဲသိမှာ။သူ တကယ်ပျော်ရွှင်ရတယ်ဆိုရင်တော့ ကျွန်တော် ဝမ်းသာပါတယ်။မင့်ရဲ့အနာဂါတ်မှာ ကိုယ်ပေးတဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေမှာပါ။
"အရူးကောင်"
လာလာချင်း အဆဲသံကို အရင်ကြားရပါပြီဗျာ။
"ဘာကို အရူးကောင်လဲ"
"ဘာလို့ ဒီလောက်ထိ လုပ်ထားရတာလဲ"
"မင်းကို ပျော်စေချင်လို့လေ။မကြိုက်ဘူးလား"
"ဟို...ပြောရမယ်ဆိုရင်တော့ ကြိုက်ပါတယ်"
"မူနေသေးတယ်"(မင်းသန့်)
"ခွေးကောင် မင်းသန့်။မင်းတို့၂ကောင်ကော ပါလာတယ်ပေါ့လေ"
"ငါတို့ သူငယ်ချင်းတစ်ယောက်လုံး လင်ရတော့မဲ့ကိစ္စ ငါတို့မပါလို့ ဘယ်ဖြစ်မလဲကွ"(ဇေယျာ)
"မင်းတို့ အားလုံး သိပြီး ငါတစ်ယောက်တည်း မသိတာပေါ့လေ!!!"(ချစ်ရင်ထူး)
"ဖြေးဖြေး သူငယ်ချင်း ညကျရင် အော်ဖို့ အားချန်ထားအုံး"(မင်းသန့်)
"အား...!ခွေးကောင်တွေ"
ဟား..ဟား..ဟား...ဟား...
"မင်းက ဘာမှ မပြောဘဲ နားထောင်နေတော့မှာလား"(ချစ်ရင်ထူး)
"ကိုယ်က ဘာပြောရမှာလဲ"
"မမ ကျွန်တော့်ကို ဒီကောင်တွေ စနေကြတယ်။ကူပါအုံး"
(မမ=ဒေါ်ခင်မမ=ချစ်စမ်းမောင်အမေ)
"သားတို့ကလည်း ကလေးကို မစကြပါနဲ့။လုပ်စရာရှိတာ လုပ်ကြတော့"
"ကျွန်တော်တို့က မစပါဘူး မေမေရဲ့"(ချစ်စမ်းမောင်)
"သားတို့ စကြတော့လေ"(ဦီးကျော်ဦး=ချစ်စမ်းမောင်အဖေ)
စတော့ဆိုတော့ တန်းစလိုက်တဲ့ ချစ်စမ်းမောင်က ချစ်ရင်ထူးရှေ့နား တိုးသွားတယ်ဆိုရင်ပဲ ကျန်လူအားလုံး စင်ပေါ်မှ ဆင်းသွားကြတယ်။
ချစ်ရင်ထူးကိုင်ထားတဲ့ ဒုဓလီပန်းစည်းကိုယူလိုက်တယ်။
"ဒီဒုဓလီပန်းရဲ့အဓီပ္ပာယ်က ကိုယ့်အချစ်တွေအားလုံး မင့်ကို ပေးအပ်ပါတယ်တဲ့
ဒီကျူးလစ်ပန်းခရမ်းရောင်က မင်းက ကိုယ့်ရဲ့ ထာဝရအချစ်ပဲတဲ့
ကျူးလစ်လိမ္မော်ရောင်က မင်းက ကိုယ့်ကို အမြဲစိတ်အားထက်သန်စေတယ်တဲ့
ကျူးလစ်အပြာရောင်ကတော့ မင်းက ကိုယ့်အတွက် ထူးခြားတဲ့ ဆုလာဘ်လေးပါတဲ့။
ကိုယ် မင့်ကို ပေးတဲ့ပန်းတွေအားလုံးကတော့ အဓိပ္ပာယ်ကိုယ်စီရှိတဲ့ပန်းတွေပါ။
အနီရောင်နှင်းဆီကတော့ မင်းသိပြီးသားဆိုပေမဲ့ ကိုယ်မင်းကို အရမ်းချစ်တယ်လို့ပြောပါရစေ"
"အဟင့်...အဟင့်...ဟီး... မင်းပေးတဲ့ ပန်းတွေက ဒီလို အဓိပ္ပယ်တွေနဲ့ ပြည့်နေလိမ့်မယ်လို့ ငါ့မထင်ထားခဲ့ဘူး ဟီး...."
"ဘာလို့ ငိုနေတာလဲကွာ။ကလေးလေးကျလို့"
"ငါ့ကို မတားပါနဲ့။ဒီနေ့တော့ ငါ ဝအောင် ငိုပါရစေ"
"အရမ်းမငိုပါနဲ့အုံး။ကိုယ့်ဆီမှာ မင့်ကို ပေးဖို့ ပန်းတစ်မျိုးရှိသေးတယ်"
"ဘာပန်းလဲ"
"ဂွေးပန်း"
"အာ...ဟမ်!...ဘာပန်းလို့ ပြောလိုက်တာ"
"ဂွေးပန်း"
"ခွေးကောင် ရူးနေတာလား။အကောင်းမှတ်လို့ နားထောင်နေတာကို"
"အရင် စိတ်မဆိုးပါနဲ့အုံး သူ့ဆီမှာလည်း အဓိပ္ပာယ်ရှိပါတယ်"
"တလွှဲတွေတော့ မထွက်လာနဲ့နော် ချစ်စမ်းမောင်"
"ဂွေးပန်းရဲ့ အဓိပ္ပာယ်က ကိုယ်ချစ်တဲ့သူအတွက်သာ ပေးဆပ်ခြင်းပါတဲ့။ကဲ ကျေနပ်ပြီးလာ"
"တစ်ခါမှ မကြားဖူးဘူး"
"အခုကြားဖူးပြီ မဟုတ်လား"
စင်ပေါ်မှာ ဖြစ်ပျက်သမျှကို အောက်ကလူတွေမှာလည်း နားထောင်ပြီ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရီရမလိုငိုရမလိုဖြစ်နေကြသည်။
"ပြစမ်းပါအုံး အဲ့ဂွေးပန်းကို ကြည့်ချင်လွန်းလို့"
"မျက်စိ အရင်မှိတ်ထားပေး"
"ရှုပ်ကို ရှုပ်လွန်းတယ်"
ချစ်ရင်ထူး မျက်လုံးမှိတ်တယ်ဆိုရင်ပဲ ချစ်စမ်းမောင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး အင်္ကျီအိတ်ကပ်ထဲမှ စိန်လက်စွပ်ကို ထုတ်ပြီး ချစ်ရင်ထူးလက်မှာ စွပ်ပေးလိုက်တယ်။
"ဖွင့်လို့ရပြီ"
"ကြည့်လိုက်ပါအုံးမယ်"
ဟာ!
"ဘယ်လိုလဲ ကြိုက်လား"
"ဒီလို ဂွေးပန်းကြီးကိုတော့ ကြိုက်တယ်"
"ကိုယ် ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ။ဟော့ဒီက ဒီဇိုင်နာလေးကိုတော့ မမှီပါဘူး"
"ငါ အရမ်းကြိုက်တယ်"
"ကိုယ့်ကိုလည်း ဝတ်ပေးအုံး"
"ငါ့လက်ထဲကပန်းတွေကို ဘယ်လို လုပ်မှာလဲ"
"ဘေးနားချထားလိုက်လေ"
"ဘယ်မှာလဲ လက်စွပ်"
"ဒီမှာ"
"မင်းနဲ့ ငါ ဆင်တူ ဖြစ်သွားပြီ"
"ကိုယ်တို့တွေ အိုမင်းသည်အထိ အတူတူနေသွားကြမယ်နော်"
"အွန်း"
နမ်းပါ...နမ်းပါ...နမ်းပါ
အားလုံးရဲ့ အော်သံတွေကြား ၂ယောက်သား မွတ်မွတ်သိပ်သိပ် နမ်းရှိုက်လိုက်ကြတယ် နှုတ်ခမ်းချင်း။
ပြွတ်စ်....ပြွတ်စ်...ပြွတ်စ်
"ကိုယ်မင်းကို အမြဲတမ်း ပျော်ရွှင်အောင် ထားမှာပါ"
"ချစ်လည်း ကိုယ့်ဘေးမှာပဲ အမြဲတမ်းနေသွားမယ်"
"အရမ်းချစ်တယ်"
"ချစ်လည်း အရမ်းချစ်တယ်"
***
***
***
အိမ်ထောင်ကျခြင်းဟာ ထောင်ကျခြင်းတစ်မျိုးပါပဲ။
***
***
Author -loonpoelwar 🍓