Welcome တွင်
မေမီက စတိုင်ပန်နဲ့ကုတ်အကျီကိုတွဲဝတ်ထားပီး
မြတ်ကတော့ မြန်မာဝမ်းဆက်အပန်းရောင်ကလေးနှင့် လှချင်တိုင်းလှနေတော့သည်
စိုင်းကတော့သူ့ရိုးရာဝတ်စုံလေးနဲ့ပင်
အားလုံးထင်ထားသည့်အတိုင်း မြတ်ကတော့Queen ပေါ့
စိုင်းကလဲking
သူတို့နှစ်ယောင်လုံး စတိတ်စင်ပေါ်တက်သွားပီတရာမများနဲ့ အလုပ်ရှုပ်နေကြတာနဲ့
မေမီကနဂိုကတည်းက အခြားသူတွေနဲ့ရောနှော
မနေတတ်သူမို့ ထောင့်ကျတဲ့နေရာမှာ
တစ်ယောင်ထဲ ဖုန်းကြည့်နေတာပေါ့
ကြည့်နေသည်မှာတခြားမဟုတ်
Friend မဖြစ်သေးတဲ့ Nannဆိုတဲ့ acc
တစ်နည်းအားဖြင့်သူမ သိပ်မြတ်နိုးရတဲ့အမျိုးသမီး နန်းခိုင်သက်လျာလေးပေါ့
ထိုစဉ်----------
"ဟိတ် တစ်ယောက်ထဲထိုင်နေတာလား'
မေမီမော့ကြည့်လိုက်တော့ မေမီနဲ့ရွယ်တူကောင်မလေးတစ်ယောက်ပင်
"အင်း"
မေမီတိုတိုပြတ်ပြတ်ပဲေဖြပီးဖုန်းဆက်ကြည့်နေလိုက်တယ်
သူက ထပ်ပီးစကားစလာပြန်တယ်
"မေမီမောင်မောင် "
ထိုမိန်းကလေးက မေမီနာမည်ကိုသိနေတာလား
မေမီမှ
"ငါ့နာမည်ပါသိနေတာလား"
"အွန် သိတာကြာပေါ့ ဟီး"
သူမ မေမီကိုရီပြရင်းပြန်ဖြေတယ်
မေမီသေချာကြည့်လိုက်တော့ ထိုမိန်းကလေးကတော်တော်လှတဲ့ထဲပါတယ် ပြုံးလိုက်ရင်ချစ်ဖို့ကောင်းသား ဒါပေမယ့် မောင့်အသက်ကလေးရဲ့အပြုံးလောက်တော့ မောင့်ကိုမဆွဲဆောင်နိုင်ပါ
"အော် မင်းကိုတော့မမြငိဖူးဘူးလားလို့ပါ"
မေမီပြောလိုက်တော့မှ
"ဟုတ်တယ် ငါက Mathကလေ"
" အော် "
ထိုမိန်းကလေးမှထပ်ပီး
" ငါ့နာမည်က ရောင်စဉ်သွန်းတဲ့
သွန်းလို့ပဲခေါ်ပါ "
"အွန်"
"ဒီကိုဘာလာလုက်တာတုန်း နင်က"
ဟုမေမီမေးလိုက်တော့
"မတော်ရသေးတဲ့ ကြင်သူကိုလာကြည့်တာ"
"ဟင်"
"ဟုတ်တယ်"
ထိုစဉ် အတန်းထဲမှ ကောင်မလေးတစ်ယောက်က
"သွန်း ငါကတော့ရှာလိုက်ရတာဟယ်"
"လာပါပီဟ"
ပြောပီး မေမီ့ဘင်လှည့်ကာ
"ငါတို့ သူငယ်ချင်းဖြစ်သွားကြပီနော်
နောက်တွေ့ရင်ခေါ်ဦး ခနခနတွေ့ရတော့မာမလို့"
"အွန့်ပါ နောက်မှတွေ့ကြတာပေါ့"
"သွားပီနော် မောင်"
"အွန်"
မေမီ့စိတ်ထဲတစ်မျိုးဖြစ်သွားတယ် ထိုနာမ်စားကို
အသက်ခေါ်တုန်းက ရင်တွေပေါက်ထွက်မတတ်ခုန်ခဲ့ပေမယ့် ထိုမိန်းကလေးကခေါ်တာကိုတော့
မေမီနဲနဲလေးမှမကြိုက် ဘဝင်လဲမကျပေ
" ဟူး စိတ်ရှုပ်လိုက်တာ"
ဟုတစ်ယောက်ထဲရေရွတ်ပီး ခိုးsaveထားတဲ့ ချစ်ရသူရဲ့ပုံလေးတွေကို။ ကြည့်လိုက်တော့ အလိုလိုကို စိတ်ထဲနွေးထွေးသွားရတယ်
ထိုစဉ် စိုင်းခန့်တို့ပြန်ရောက်လာပီး
"မေမီ ဘာတွေပြုံးနေတာလဲ"
ဟုဆိုကာမေမီ့ဖုန်းကို မြတ်ကယူကြည့်ပီး
"မေးမနေနဲ့စိုင်းရေ ဒီမာကြည့်လိုက်"
မေမီကြည့်နေသော ပုံအားစိုင်းကိုပြလိုက်တော့
စိုင်းမှ
"အမလေးနော် ပျော်ရမယ့်ပွဲကို
တစ်ယောက်ထဲထိုင်ပီး ဖွန်ကြောင်နေတာပေါ့ဟုတ်လား မေမီမ"
"မကြောင်ပါဘူးဟာ ငါကချစ်တာဟချစ်တာ"
ပြောရင်းစိုင်းလက်ထဲမှ ဖုန်းကိုလုယူပီးဘောင်းဘီအိတ်ကပ်ထည့်လိုက်သည်
ပွဲပီးလာတော့မေမီတို့လုပ်စရာရှိတာလုပ်ကူ
သိမ်းကူပီး အိမ်ပဲတန်းပြန်ခဲ့ကြတယ်
အိမ်ရောက်တော့
ဧည့်ခန်းထဲတွင် မေမီ့ရဲနှစ်ယောက်မရှိသောဦးငယ်က ထိုင်ပီးသတင်းစာဖတ်နေတာကိုတွေ့တော့ မေမီလဲဦးငယ်ဘေးနားကပ်လိုက်ပီး
"မေမီ ကလွမ်းနေတာ"
ပြောပြီးဦးငယ်ပခုံးပေါ်မှိထားလိုက်သည်
ဦးငယ်မှ
"ဦးငယ်လဲသိပ်လွမ်းတာပေါ့ သမီးလေးရယ်"
ဟုပြောပီး မေမီပါးအားခပ်ဖွဖွလေး ဆွဲလိုက်သည် ဦးငယ်က မေမီ့အတွက်ေတာ့ အဖေကော
အမေကောဟုတ်သလို ဦးလေးတစ်ယောက်လဲဟုတ်သည်
ဦးငယ်မှ
"ဦးငယ် သမီးလေးကခန့်လာလိုက်တာ
ကြည့်ဦး အရပ်ကြီးလဲရှည်လို့ "
"ဦးငယခနဲ့တူတာနေမှာပေါ့"
မေမီပြောလိုက်တော့ ဦးငယ်ကမေမီဆံပင်တိုတိုတွေကို ထိုးဖွပစ်တော့သည်
ထိုစဉ် ဖွားဖွားကရောက်လာပီး
"အမယ် တူရီးတွေအချစ်စမ်းနေကြတာလား"
"ဟုတ်ပ့ မေမေရယ် ဒါနဲ့ သမီးလေးတောင်တော်တော်အရွယ်ရောက်လာပီနော်"
"အွန် သားငယ်တူမက သားငယ်အတိုင်းပဲ
အရပ်ကြီးကမိုးထိုးနေပီ"
ဖွားကပြောတော့ ဦးငယ်ကသဘောကျစွာရီရင်း
"တူမာပေါ့ မေမေရဲ့ သားရဲ့သမီးလေးပဲကို
ဟုတ်တယ်မလား သမီးလေး"
မေမီမှကြားထဲကနေပီး
"ဒါပေါ့ဦးငယ်ရဲ့"
ဖွားမှ
"မြေးလေးအဝတ်စားလဲချည်ဦး ရေလဲအကြာကြီးမချိုးနဲ့ ဖျားမယ်"
"ဟုတ်ဖွား"
မေမီအပေါ်ရောက်သည်အထိ ဦးငယ်ကလှမ်းကြည့်ရင်းပြုံးနေတယ်
ဦးငယ်ဟာလေ ငယ်ရွယ်တုန်းကလဲ
အိမ်ထောင်မပြုပဲ မိဘမဲ့လေးဖြစ်သွားတဲ့မေမီကို
အကောင်းဆုံးပျိုးထောင်ပေးခဲ့တယ် ဦးငယ်ရဲ့အရာရာဟာ မေမီဖြစ်ခဲ့တယ် အလုပ်လဲသိပ်ကြိုးစားတာ မေမီမေးလိုက်တိုင်း
"ဦးငယ်ရဲ့သမီးလေးမပင်ပန်းရအောင် ဦးငယ်ကကြိုးစားပေးနေတာပါ" တဲ့လေ မေမီအတွက်တော့ ဦးငယ်လိုဦးလေးရှိတာ ကံကောင်းခြင်းတစ်မျိုးပါပဲ
နောက်နေ့တွင် ကျောင်းရောက်တော့
မြတ်မှ
"မေမီ နင်မဖွင့်ပြောသေးလူးလား
သူများနောက်ပါသွားမယ်နော်"
ဟုပြောတော့
စိုင်းကခေါင်းတညိမ့်ညိမ့်ဖြင့်ထောက်ခံရင်
"ငါလဲသိချင်နေတာ"ဟုဝင်ပြောတော့
"ငါလဲဖွင့်ပြောချင်ပါတယ် ဒါမယ့်လက်ရှိအခြေနေလေး ဆုံးရှုးသွားရင်ကော"
စိုင်းမှ
"တွေးမနေနဲ့ ဖွင့်ပြောလိုက် အနည်းဆုံးတော့
နင်ချစ်တာ သိသွားတာပေါ့ဟ"
မြတ်ကလဲ
"ဟုတ်တယ်နော် မေမီ နင်အတွေးမမှားနဲ့ "
"အွန် ငါသတ္တိမွေးကြည့်လိုက်မယ်"
စိုင်းမှ
"သတ္တိမွေးကြည့်မယ်လုပ်မနေနဲ့
လကုန်ခါနီး တီလေးမွေးနေ့ပွဲရှိတယ်
အ့တာ နင့်အတွက်အခွင့်အရေးပဲ"
မြတ်ကလဲ
" နင်အတွေးမှားမနေနဲ့ မေမီ
နောက်ကောက်ကျန်ခဲ့မယ်"
"အွန့်ပါ"
ပြောသာပြောလိုက်တယ်မေမီ ကြောက်နေတုန်းပင်
နေ့လည် ကန်တင်းတွင် မေမီတို့စားပွဲရှိရာသို့
ကောင်မလေးတစ်ယောက်ရောက်လာပီး
"ဒီမှာထိုင်လို့ရမလားမောင်"
မေမီကြည့်လိုက်တော့ ဟိုနေ့ကတစ်ယောက်ပင်
စိုင်းတို့ကဘယ်သူလဲဆိုတဲ့ အကြည့်နဲ့မေမီ့ကိုကြည့်နေကြတယ် မေမီလဲ
"ထိုင်လို့တော့ရပါတယ် ဒါပေမယ့်မောင်လို့တော့ခေါ်လို့မရဘူး အဲ့နာမ်စားကတစ်ယောက်သောအတွက်မလို့" ဆိုတော့
"မောင်ကလဲတွန့်တိုနေလိုက်တာ အသားပဲ့ပါသွားတာကြနေတာပဲ"
"အသားပဲ့မပါသွားလဲ ပိုင်ရှင်ရှိသားနာမ်စားဖြစ်နေလို့ စိတ်မရှိပါနဲ့"
အခြေနေမဟန်တာကြောင့်မြတ်မှ
"မေမီ ငါတို့နဲ့လဲမိတ်ဆက်ပေးဦးလေ"
ရောင်စဉ်သွန်းကပဲ
"ရောင်စဉ်သွန်းပါ Math ကပါရှင့်
သွန်းလို့ပဲခေါ်လဲရတယ်"
စိုင်းမှ
"မေမီနဲ့အသိတွေလားညီမက"
မေမီကပဲ
"ဆိုပါတော့"
သွန်းကတော့မေမီ့ကိုသာကြည့်နေတော့တယ်
မြတ်က
" တစ်ခုခုမှာလေ ညီမ "
"ရပါပီ မောင့်ကိုတွေ့လို့ဝင်လာတာ
ဟိဖက်မာသူငယ်ချင်းတွေပါတယ်"
မေမီမှ
" မှာလေတစ်ခုခု အားမနာပါနဲ့"
မေမီပြောလိုက်မှ
"အ့ဆိုလဲ codeပဲသောက်တော့မယ်"
စိုင်းကသွားမှာပေးပီး
မေမီမှ
"တခြားမှာဦးလေ"
" တခြားလား"
မေမီမှ သွန်းကိုတစ်ချက်ကြည့်လိုက်ပီး
"မှာပါ ဘာဖြစ်ဖြစ်ရပါတယ်
မေမီကျွေးမှာပါ အားမနာပါနဲ့"
ထိုချိန် စိုင်းကcodeဗူးယူလာပီး
သွန်းကိုပေးလိုက်တော့
"ကျန်းမာရေစဂရုစိုက် ပီးတော့
သွန်းကိုပဲ စောင့်နေပေးပါ"
ပြောပီးသူ့သူငယ်ချင်းတွေ ရှိရာဝိုင်းကိုထသွားလိုက်သည်
မေမီတို့လဲ ကြောင်တောင်တောင်လေး ကျန်ခဲ့တယ် ဘားမမသိလိုက်စိုင်းက
"မေမီ ဘာတွေလဲ"
ဆိုတော့
မေမီမှပြာပြာသလဲထပီး
"ငါလဲမသိဘူးနော် welcome နေ့ကသူ့သူလာမိတ်ဆက်တာ ပီးတော့ဒီနေ့ နှစ်ခါပဲမြင်ဖူးတာ"
မြတ်ကလဲ
"ကြည့်ရတာ ငါတို့မေမီကိုကြွေနေပုံပဲ"
မြတ်ပြောတော့စိုင်းက
"ငါ့တီလေးကကော"
"ဟာ စိုင်းကလဲ ငါချစ်သူအသက်
အယ် နင့်တီလေးတစ်ယောက်ထဲပါဟ"
"ပီးရော ညနေတီလေးလာကြိုမာ"
မေမီပျော်သွားကာ
"ငါကလွမ်းနေရတာ"
ဟုဆိုကာစိုင်းကိုရီပြလိုက်တော့တယ်