" Lavender Blossoms Around Hi...

By Cynthiataehyung

1.4K 142 43

JEON JUNGKOOK X KIM TAEHYUNG Jeonranto X Taevender More

Intro
Lavender ( 1 )
Lavender ( 2 )
Lavender ( 3)
Lavender ( 4 )
Lavender ( 6)
Lavender ( 7)
Lavender ( 8 )
Lavender ( 9)
Lavender ( 10 )

Lavender ( 5)

93 10 3
By Cynthiataehyung

Unicode

Taevender တစ်ယောက်သူတို့အဖွဲ့၏ ပစ္စည်းတွေထားထားသည့် စတိုခန်းထဲသို့ခဏပြန်လာခဲ့တာဖြစ်သည် ။အကြောင်းမှာတော့ ကပြဖျော်ဖြေမည့်ကျောင်းသူလေးများ၏ အလှအပပြင်ဆင်ရာတွင်လိုအပ်သည့် ဆံထိုးများစုထည့်ထားသောအိတ်မှာ စတိုခန်းအတွင်း၌ ကျန်ခဲ့သောကြောင့်ဖြစ်လေသည်.. ကျောင်းသူလေးတစ်ယောက်ကိုယူခိုင်းလိုက်၍ ရသော်လည်း သူကသန့်စင်ခန်းသွားမည်မို့ လမ်းကြုံတာနှင့်သူကဝင်ယူပေးလိုက်တာဖြစ်သည်.. သို့သော် မထင်မှတ်ဘဲ အံ့သြစရာကောင်းလောက်အောင် မောင်နှင့်ရုတ်တရက်တွေ့ဆုံခဲ့တာဖြစ်သည်..ထို့ကြောင့် သူလည်းလာရာကိစ္စကိုမေ့သွားကာ ဝမ်းသာလိုက်တွေးတောလိုက်ဖြင့် ငိုယိုလို့ဝသွားတော့မှသတိပြန်ဝင်လေသည် ။ထိုအခါမှ ဆံထိုးထုပ်ကိုအမြန်ယူကာ အလောတကြီးဖြင့် စင်မြင့်အနာက်ဘက်ရှိ ​နေရာချထားပေးရာနေရာသို့ပြန်လာရလေသည် ..

" hyung လမ်းပျောက်နေတယ်ထင်လို့ ကျနော်အခုဘဲလိုက်ခဲ့တော့မလို့ "

" ငါလည်း ဘယ်လိုလုပ်ကြာသွားမှန်းမသိဘူး တောင်းပန်ပါတယ် "

SeokBin က အခန်းအပြင်အထွက် Taevender ကလည်း တံခါးဖွင့်ပြီးဝင်လာတာဖြစ်သည်မို့ အတော်တောင်အားနာသွားရလေသည်..ထို့ကြောင့် တောင်းပန်စကားဆိုရင်းဖြင့် သူတို့အတန်း၏စီနီယာဆရာမ​ဖြစ်သည့် အစ်မ Junghae ကိုကမ်းပေးလိုက်လေသည်.. ထိုအခါအကအဖွဲ့ထဲမှ သူကိုယ်တိုင်ခေါင်းဆောင်တင်ထားပေးသည့် ထိုကျောင်းသူလေးက ဖျော်ဖြေပွဲအတွက် ကျန်သည့်အဖွဲ့သားတွေကိုပါ သူကိုယ်တိုင်မိတ်ကပ်ကအစ ဆံတုံးထုံးသည်အထိ ဦးဆောင်လုပ်ပေးလေသည် ။စတိုခန်းထဲမှာအဖွဲ့လိုက်ပြင်ဆင်မှုပြီးတော့ ကျန်သည့်ကျောင်းသူလေးတွေကို စင်အနောက်ကအခန်းထဲမှာ အရင်နေရာသွားယူစေသည့် Yumi ကအဝတ်လဲမည်ဟုဆိုပေမဲ့ ဖျော်ဖြေရမည့်ရိုးရာဝတ်စုံ၏စကပ်အပေါ်ခံဇာပါးလေးကျန်ခဲ့သည်မို့ လာလိုက်ပေး၍ အဝတ်လဲသည့်ဆီကိုမရောက်သေး ။ထို့အပြင် အခုလည်း ဆံတုံးပေါ်တွင် ဆံထိုးတန်ဆာဆင်သည်ကအစလုပ်ပေးနေတော့ အဝတ်အစား​လဲဖို့ရန်ပြောမှသာရပါတော့မည်ပင်.. အဖွဲ့ခေါင်းဆောင်လည်းဖြစ် အတန်းထဲအကြီးဆုံးဖြစ်သည်မို့ Yumi ကကျန်သည့်ကျောင်းသူလေးတွေအတွက် အစ်မကြီးတစ်ယောက်လိုပင် အားကိုးရလေသည်.. ထို့အခါ သူမကို သူမ မေ့နေသော Yumi အားသတိပေးဖို့ရန် Taevender မှစကားစရပါတော့သည်..

" Yumi ကအဝတ်အစားသွားလဲလိုက်တော့နော် ။ ဒီမှာ ဆံထုံးအတွက်နည်းနည်းလုပ်ပေးရုံဘဲကျန်တာမဟုတ်လား ။ ထားခဲ့လိုက်တော့နော် ဆရာဘဲဆက်လုပ်ပေးလိုက်တော့မယ် "

" Teacher Tae လုပ်လို့အဆင်ပြေရဲ့လား ။ ပြီးတော့မှာဆိုတော့ Yumi ဘဲဆက်လုပ်လိုက်တော့မယ်လေ "

Yumi က အသံဖျော့ဖျော့ဖြင့် သူ့ကိုခပ်ဖွဖွပြုံးပြကာပြန်ပြောလာလေသည်..Taevender စိတ်ထင်ဘဲလားမသိပေမဲ့ Yumi မျက်နှာက အရောင်ဖျော့ပြီးအားနည်းနေသယောင် ရှိနေလေသည်

" ရပါတယ်ဆို ဆရာ,ဆံတုံးလောက်ကတော့လုပ်ပေးလို့ဖြစ်ပါတယ် ။အဝတ်သွားလဲတော့လေ နောက်ဂမန်းဂတန်းလုပ်နေရမယ် "

သူထိုသို့ပြောလိုက်မှ Yumi က သဘောပေါက်စွာဖြင့် အဝတ်လဲဖို့ မတ်တပ်ထရပ်လေသည်.. ထိုစဥ်တွင် Yumi က ရုတ်တရက်ငိုက်ခနဲပြန်လဲကျလေသည်..

" Yumi အဆင်ပြေရဲ့လား "

Taevender ပခုံးမှကိုင်ကာ ထိန်းထားပေးရင်းပြောလိုက်တော့ Yumi က ဖြည်းညှင်းစွာဖြင့် " အဆင်ပြေပါတယ် " ဟုပြန်ပြောပြီး အခန်းထဲကနေထွက်သွားလေသည်.. Taevender ကြည့်ရတာတော့ Yumi ကလဲကျတော့မည့်လူလို အားနည်းနေတာဖြစ်လေသည်

" အစ်မ JungHae , အနောက်ကနေ လိုက်သွားကြည့်ပေးလိုက်အုံး "

ထိုအခါ Yumi အခန်းထဲမှထွက်သွားတော့ Taevender နှင့် SeokBin သာမက ဆရာမ JungHae ပါ မျက်လုံးချင်းဆုံမိလေသည် ။ပြီးနောက် SeokBin က ကျောင်းသူ Yumi ၏အခြေအနေမဟန်သည်ကိုသိသည်မို့ အစ်မ JungHaeကိုအနောက်ကလိုက်သွားခိုင်းတာဖြစ်လေသည်.. အစ်မ Junghae လိုက်ထွက်သွားတော့မှ Taevender လည်း ဒီဘက်ကကိစ္စတွေကိုအာရုံပြန်စိုက်လို့ရလေသည်.. မိနစ်ပိုင်းလောက်ကြာတော့ ဆံတုံးထုံးရန်ကျန်သည့်ကျောင်းသူငါးဦးလည်း ပြင်ဆင်လို့ပြီးသွားပြီးဖြစ်လေသည်.. ထိုစဥ်တွင် အခန်းအတွင်း ရုတ်တရက်တုန်ခါလာသည့်ဖုန်းသံကြောင့် နားစွင့်လိုက်မိတော့ SeokBin ဆီသို့ အစ်မ JungHae မှ ဆက်သွယ်လာခြင်းဖြစ်လေသည်..အာရုံစိုက်နားထောင်နေရင်းကနေပင် SeokBin ပြောသည့်စကားတို့ကြောင့် Taevender အပါအဝင်အဖွဲ့သားတွေက စိုးရိမ်တကြီးဖြစ်သွားရလေသည်

" အစ်မ JungHae ,ကျနော်လာခဲ့မယ် ဆေးရုံပို့ဖို့ အ​နောက်ပေါက်ကနေကားထုတ်လာခဲ့မှာမို့  ခဏစောင့်နေ "

" ဟုတ်ပြီ, ကျနော်ပြောလိုက်ပါ့မယ် "

ထိုအခါ လိုအပ်တာပြောပြီးနောက် ဖုန်းချပြီးတာနဲ့ SeokBinကိုသူမေးရတော့လေသည်

" ဘာဖြစ်တာလဲ "

" Yumi မေ့လဲသွားလို့တဲ့, တဆက်တည်း အစ်မ Junghae က  ဒီဘက်ကကိစ္စတွေကို hyung ဘဲကြည့်လုပ်လိုက်ဖို့ပါတဲ့ ။ Mc အစ်မကိုလည်းအကျိုးအကြောင်းပြောပြထားပေးအုံး ကျနော်ကအခြေအနေကြည့်ပြီးပြန်လာခဲ့မှာမို့ , ကျနော့်ကျောင်းသားတွေကိုလည်း hyung ဘဲခဏ ဂရုစိုက်ထားပေးပါအုံးနော် ။ ကျနော်လိုက်သွားအုံးမယ် hyung "

" အင်း စိတ်ချနော် Seokbin "

SeokBin လည်း သူ့စကားကိုခေါင်းညိတ်ပြပြီးနောက် ခပ်သုတ်သုတ်ထွက်သွားလေတော့သည် ။ ထိုအခါ Seokbin ထွက်သွားတော့ ကျောင်းသူလေးတစ်ယောက်က " Taecher Tae, အစ်မ Yumi မရှိရင် အစုံလိုက်တန်းစီတဲ့အခါတွေဆို လွတ်နေလိမ့်မယ် " ။ထိုကျောင်းသူလေး၏စကားကိုကြားတော့ Yumi ၏နေရာတွေက အဓိကကျတဲ့အချက်ကိုပြန်စဥ်းစားမိလေသည်.. Yumi လွတ်သွားလျှင် အကုန်လုံးအစီအစဥ်မကျဘဲ အကုန်ဖရိုဖရဲတွေဖြစ်ကုန်မည်ကိုတွေးမိတော့ Taevender ဆုံးဖြတ်ချက်တစ်ခုကိုချရလေသည်။ ထိုသည်က သူ Yumi အစားဝင်ကမှ ဖြစ်မည်ဆိုတာကိုပင်.. ထို့ကြောင့်အချိန်ကလည်း အရမ်းကပ်နေပြီမို့ ကျောင်းသူလေးတစ်ယောက်ကို Yumi၏ ဖျော်ဖြေမည့်ဝတ်စုံအိတ်ကိုသွားယူခိုင်း၍ သူကိုယ်တိုင်ပါဝင်ရတော့လေသည် ။ခပ်မြန်မြန် ရိုးရာဝတ်စုံလဲကာ ဆံတုံးထုံးကာ ပြင်ဆင်ရလေသည်.. ခဏနေဒုတိယပိုင်းစတော့မည်မို့ သူတို့အလှည့်ကလည်းခဏတွင်းချင်းရောက်မည်မို့ မျက်နှာထက် ဘာမှမခြယ်သဖြစ်တော့ပါ..အရာအားလုံးဟာ အစီအစဥ်မကျဖြစ်သွားသည်မို့ သူအပါအဝင် ကျောင်းသူလေးတွေပါ ရင်တလှုပ်လှုပ်ဖြစ်ကြရလေသည်.. ဒီလိုနှင့်ပင် သိပ်မကြာခင်မှာ ဒုတိယပိုင်းစတင်၍ ပထမဆုံးအဖွဲ့အဖြစ် သူတို့ University မှ ဗုံအကဖြင့်ကပြဖျော်ဖြေကြရလေတော့သည်..

" အခုဆိုရင် ယနေ့ပွဲ​အခမ်းအနားရဲ့ ရင်သပ်ရှူမောဖွယ်ကောင်းလှတဲ့ကဏ္ဍလေးကိုရောက်ရှိလာခဲ့ပါပြီရှင်.. အခမ်းအနားရဲ့ဒုတိယပိုင်းမှာတော့ နှစ်နိုင်ငံရဲ့ရိုးရာအကအလှများနှင့် ထူးခြားလှတဲ့တေးဂီတ ဖျော်ဖြေမှုများကို ရှူ့စားခွင့်ရမှာဘဲ ဖြစ်ပါတယ်ရှင် ။ "

" ဒါကြောင့် အချိန်မဆွဲတော့ဘဲ ပထမဦးဆုံး Jangguရိုးရာအက​ဖြင့် ဖျော်ဖြေမည့် Korea International University of Arts မှ ကျောင်းသူလေးများကိုဖိတ်ခေါ်လိုက်ကြရအောင်ပါ "

ပွဲအခမ်းအနား၏ ဒုတိယပိုင်းဖျော်ဖြေရေးအပိုင်းတွင်တော့ နှစ်နိုင်ငံရှိ အနုပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက အဓိကပါဝင်ထားတာဖြစ်လေသည် ..ဤအပိုင်းတွင် နှစ်နိုင်ငံ၏ရိုးရာအက ,တေးဂီတ နှင့် တူရိယာတီးခက်မှုတို့ပါဝင်ကာ Jeonranto တို့အဖို့တော့ စိတ်ဝင်စားစရာကဏ္ဍမဟုတ်သည့်အတွက် တာဝန်အရသာ လက်ခုပ်တီးအားပေးရုံသာဖြစ်လေသည်.. ထိုစဥ် ရိုးရာအကဖျော်ဖြေရန် ပထမဦးဆုံးကိုရီယားအကအဖွဲ့ကို ဖိတ်ခေါ်မှုအပြီးမှာ ရှင်းလင်းနေပြီး အလင်းလျော့ထားသော စင်မြင်ထက်သို့ သဲနာရီပုံစံဗုံမတိုမရှည်လေးကိုလွယ်ပြီး နှဲမှုတ်သံစဥ်နောက်ကနေစီးချက်ချစွာဝင်လာသော ရိုးရာဝတ်စုံနီရဲရဲဖြင့် မိန်းကလေး ။

တာဝန်အရ ကြည့်နေပေမဲ့ သူ့မျက်လုံးတွေပိုပြီးပင့်တက်သွားရသည်က ထိုစင်မြင့်ထက်က တစ်ယောက်မှာမိန်းကလေးမဟုတ်ပါဘဲ ခုနကတွေ့ခဲ့သည့် ဖြူဖြူစွတ်စွတ်လေးဖြစ်နေလို့ပင်.. ထိုလူ၏ ဖြူဖွေးဖွေးအသားရောင်မှာ နီနီရဲရဲရိုးရာဝတ်စုံလေးနှင့်မို့ အတော်လေးထင်းလင်းနေလေသည်.. ဆံပင်ဖြူလျလျတွေကိုတော့ သေသပ်စွာထုံးသင်ထားသည့်အတွက် မျက်နှာအစိတ်အပိုင်းတို့ကရှင်းလင်း၍ အနုစိတ်လေသည် ။ နှဲမှုတ်သံများနှင့်လိုက်၍ အချက်ကျစွာ ခန္ဓာကိုယ်၌ဘေးတစ်စောင်းလွယ်ထားသော ဗုံကို လက်နှင့်တစ်ဖုံ drumstick ဖြင့်တစ်ဖုံနှစ်ဖက်စလုံးဖြင့် တစ်ချက်စီတီးခက်လေသည်.. ပြီးနောက် လက်နှစ်ဖက်စလုံးကိုလေပေါ်တွင် ထောင့်မှန်ကျသည့်ဟန်မြှောက်၍ လက်ဆစ်ချိုး၍ ဖြည်းညှင်းစွာ ကိုယ်လုံးလေးကိုထိုအနေအထားအတိုင်းလှည့်၍ ကလေသည်.. ထို့နောက် နှဲမှုတ်သံ အနည်းငယ်အရှိန်ရလာလျှင် လွယ်ထားသည့်ဗုံကလေးကိုတစ်ချက် တစ်ချက်တီးကာ တစ်ဘက်လည်၍ စင်အလယ်မှ တဖြည်းဖြည်းရွေ့ကာ ကလေသည်.. သိပ်မကြာခင်မှာ ဟိုဟိုဒီဒီလှည့်ပတ် ကနေသူ၏ ဘေးကနေ ဝတ်စုံတူတခြားမိန်းကလေးများပေါ်လာ၍ ပုံစံတူကပြဖျော်ဖြေတော့လေသည်.. သို့ရာတွင် အလင်းမှိန်မှိန်လေးက ဘယ်တစ်ချက် ညာတစ်ချက်ရှိ ကနေသူများကိုထိုးပေးပြီး ထိုတစ်ယောက်ကတော့အလယ်တွင် မီးအလင်းရောင်အောက်​ တစ်ကိုယ်တော်ဖြစ်ကာ ထင်ထင်ရှားရှားဖြစ်နေလေသည်.. မကြာခင်မှာ နှဲမှုတ်သံတွေ , ပိုပြီးကျယ်လောင်လာသည့် ဗုံသံတွေကြားမှာ လက်နှစ်ဖက်ကိုဆန့်တန်းကာမြှောက်၍ ရိုးရာဝတ်စုံတွေကို ခပ်လှလှ ဝိုင်းသွားသည်အထိ လည်ပတ်ကြကာ  ပုံစံမျိုးစုံဖြင့် စီရီကာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့်ဖျော်ဖြေကြလေသည်  ..လက်တွေမြှောက်ကာ ခန္ဓာကိုယ်ကိုလှည့်ပတ်ကာနေရာတွေရွေ့ရင်း ဗုံကိုတီးခက်လိုက်တစ်ချက်ခုံလိုက် ခြေဖျားတွေကိုကစားကာ ရွေ့ရှားသွားလိုက်ဖြင့် မျက်နှာဟန်ပန်ကိုပြုံးထားကာ ဖျော်ဖြေနေသည်မှာ ဆွဲဆောင်မှုရှိလေသည်.. ထိုစဥ်တွင် စူးစိုက်ကြည့်နေမိသည့် Jeonranto ၏ မျက်လုံးတွေနှင့် အကျအန လှလှလေးပြုံးထားသောမျက်နှာပိုင်ရှင်၏ ခရမ်းရောင်လွင်လွင်မျက်ဝန်းတို့က ထိပ်တိုက်ဆုံမိလေသည်.. ထိုအခါ သူကဘယ်လိုမှမနေပေမဲ့ တစ်ဖက်မှမျက်လုံးအိမ်များဟာ မသိမသာဝိုင်းစက်သွားသည့်ဟန် ရှိလေသည် ။ ထို့ကြောင့် စိတ်ညစ်ညူးစွာဖြင့် အကြည့်လွဲလိုက်တော့လေသည် ။ ပလီပလာနှင့် မာယာများပြီး မျက်နှာပြောင်လှသည်မို့ နှာခေါင်းရှုတ်မိလေသည်

ထို့နောက် စင်ပေါ်ကနေ အကြည့်လွှဲလိုက်သည့်သူက စင်အောက်၌ခင်းကျင်းထားသည့် Mc တွေနေရာယူသည့်စားပွဲသို့ ဝတ်စုံပြည့်ဖြင့်အမျိုးသားတစ်ယောက်ရောက်လာလေသည်ကို သွားတွေ့လေသည်..ထိုသည်ကလည်း တစ်ခြားလူမဟုတ်သော Han SeokBin ဆိုသည့်လူပင် ။ကြည့်ရတာ Mc အဖြစ်တာဝန်ယူရသည်ထင်သည်..ဒုတိယပိုင်းအတွက် Mc ကိုအပြောင်းအလဲလုပ်ထားတာဖြစ်မည်.. သို့သော် Han SeokBin ဆိုသည့်လူက ပထမဖျော်ဖြေမှုတစ်ဝက်ကျိုးမှ ဘာကြောင့်ရောက်လာရသနည်း.. သူ  Han SeokBin ဆိုသည့်လူကို သေချာအကဲခက်နေရင်းဖြင့် ထိုလူကအကျအန နေရာယူထိုင်ပြီးတဲ့နောက်မှာ စင်ပေါ်ရှိ ဖျော်ဖြေသည့်လူများကြားထဲသို့ မျက်စိကစားနေဟန် ။ စက္ကန့်ပိုင်းလောက်အကြာမှာ Han SeokBin ဆိုသည့်လူ၏ မျက်လုံးတို့ကတည်နေရာကိုရှာတွေ့သွားသည့်နှယ် ခပ်ပြုံးပြုံးဖြင့် ဟိုဖြူစွတ်စွတ်လူကို ငေးနေတော့သည်..

​အဟွန်း! ! Jeonranto မသိမသာနှာမှုတ်ထုတ်ပြီး လှောင်ပြောင်လိုက်မိလေသည် ။ ဒါလား ရိုးသားတာ ။ ဟိုလူရဲ့ မာယာများပုံနဲ့ Han SeokBin ရဲ့အရည်ပျော်နေပုံက သိပ်ကို အချိုးကျနေတာ လူမြင်လို့တောင်မကောင်းပေ ။ ခင်ဗျားတို့က Jeonranto ရဲ့အစ်မကို ဒီလိုတော့ လာကြောလို့မရဘူး ။မကြာခင် Jeonranto နဲ့တွေ့ကြသေးတာပေါ့ အဟက်
.............................................................................

​ဒေါက် ဒေါက်

ရုံးခန်း၏ တံခါးကိုခေါက်လိုက်ပြီးနောက် သိပ်မကြာ " ဝင်ခဲ့ပါ " ဆိုသည့်အသံကိုကြားရလေသည် ။ ထိုအခါ တံခါးဖွင့်လျက်ဖြင့်

" ပါပါး !! ဘယ်သူပါလာလဲ ကြည့်ပါအုံး "

မမကနေ သူ့ကိုလက်ဆွဲပြီးခေါ်လာကာ ပါပါးအရှေ့တွင်ရပ်စေလျက် စကားဦးသန်းလေသည်.. ထိုအခါ ပါပါးက မမအသံကြားသည်နှင့် စာရွက်တွေထဲ ခေါင်းစိုက်နေရင်းမှ မော့ကြည့်လာကာ သူ့ကိုလည်းတွေ့တော့ ချက်ချင်းနေရာမှထလာလေသည်..

" သားငယ် ! "

" ပါပါး နေကောင်းတယ်နော် "

သူတို့ သားအဖမျက်လုံးခြင်းဆုံပြီးနောက် မကြာခင်မှာဘဲ အချင်းချင်းအားပြင်းပြင်းဖြင့်ပွေ့ဖက်လိုက်တော့လေသည် ။ ထိုအခိုက် ဘေးနားမှာရပ်နေသည့် မမကလည်း မျက်ရည်ဝဲပါသည် ။ ထို့နောက်တွင်တော့ သူတို့သားဖ သုံးယောက်လုံး ပြိုင်တူပွေ့ဖက်ကာ ငိုမိကြလေသည် ။ နှစ်တွေအကြာကြီးနေမှ အခုလိုပြန်ဆုံရတာဖြစ်လေသည်.. ကြားကာလတွေအတွင်းမှာ social media ကနေ ဘယ်လိုဘဲဆက်သွယ်ခဲ့ပါစေ ။ တကယ်တမ်း ပြန်ဆုံကြသည့်အခါမှာတော့ သတိရလွမ်းဆွတ်သည့်စိတ်က ဘယ်လိုမှထိန်းမထားနိုင်ပေ

" ငါတို့သားငယ်တောင် ဒီအရွယ်ရောက်နေပြီ.. မာမားက ကောင်းကောင်းပျိုးထောင်လာတာဘဲ "

ပါပါးက သူ့ကိုတွေ့တော့ မာမားကိုပါ သတိရဟန်ဖြင့် ပြောလာလေသည်.. ဟုတ်သည်လေ မိသားစုသုံးယောက်ဆုံနေမှတော့ မာမားကို သတိရတာဟာ အဆန်းတကြယ်တော့မဟုတ်ပါ ။

" ပါပါး နဲ့ မမ ကို သတိရနေ​တာ "

" ​ငါတို့ Ranto လေးက လူကြီးဖြစ်ပြီးထင်နေတာ ငိုနေတာဘဲ "

" အာ ..မမ !! "

​" မာမားပါလာရင် ပြီးပြည့်စုံပြီကို "

မမက သူ့ကိုလည်းစနောက်ရင်း မာမားကိုလည်းလွမ်းရင်းဖြင့် ငိုလိုက်ရီလိုက်​​ဖြင့် ရှိနေတော့သည် ။ Jeonranto သည်ဘယ်လောက်ပင် ဒေါသကြီးပြီးကြမ်းတမ်းနေပါစေ မိသားစုကိုချစ်သည့်အမျိုးအစားထဲတွင်ပါဝင်လေသည် ။ သူ့မိသားစုက သူ့အတွက် အရေးကြီးပြီး သူကာကွယ့်စောင့်ရှောက်ရမည့် တစ်ခုတည်းသောအရာဖြစ်လေသည် ။ထို့ကြောင့် ဘယ်သူ့ကိုမှ သူ့မိသားစုကိုထပ်​ပြီးထိပါးခွင့်ပေးမည်မဟုတ်ပါ

" ​နေအုံး နေအုံး အခုကဒီလိုနေရမှာမဟုတ်ဘူးဘဲ ။သားငယ်က အချိန်အများကြီးမရဘူးမဟုတ်လား ..အချိန်ရှိတုန်း ပါပါးတို့ညစာအတူစားရင်း စကားတွေအများကြီးပြောကြရအောင်လား  "

ထိုအခါမှ အတွေးများနေသည့်သူသာမက နှာတရှုတ်ရှုတ်ဖြစ်နေသည့် မမပါ ထိုအစီအစဥ်ကိုသတိရကြလေသည်.. ပြီးနောက် သားအဖသုံးယောက်ပခုံးချင်းဖက်ကာဖြင့် ကြိုတင်ဘိုကင်လုပ်ထားသော ****** hotel ၏ Private Room ဖြင့်စားသောက်ခန်းဆီသို့ရောက်လာကြလေသည်..

" Ranto လာမယ်ပြောထားကတည်းက မမ ကဒီနေရာကိုရအောင်ကြိုငှားထားတာနော် "

" မမက ​ဘောစိဘဲလေ..ဒီလောက်တော့လုပ်ပေးရမှာပေါ့ "

" ခုမှ တက်သစ်စ Designer ကို ဘယ်နှယ့်ဘောစိရမှာလဲ "

မမက ထိုသို့နှိပ့်ချပြီးပြောနေ​သော်လည်းတကယ်တမ်း မမက ပွဲဦးထွက်ထားတာမကြာသေးဘဲ ပြည်တွင်းတွင်သာမက ပြည်ပထိပါ မြန်မြန်ဆန်ဆန်နှင့်နာမည်ရပြီး အောင်မြင်မှုရရှိခဲ့သည့် Designer အဖြစ်လည်းလူသိများတာဖြစ်လေသည်..

" သားငယ်.. မာမား အဆုတ်ရောင်တာ ထပ်ဖြစ်သေးလား ။ အလုပ်ဘက်မှာရော သူ့ယောင်းမတွေထပ်နှောင့်ယှက်သေးလား "

လွန်ခဲ့တဲ့ တစ်လက ဖုန်းထဲကနေ မာမား,အဆုတ်ယောင်သည့်အကြောင်းနှင့် မာမား၏ ကျောက်မြတ်ရတနာလုပ်ငန်းတွင် hazuki အမေနှင့် ဟိုအမြွှာကောင်တွေ၏အမေတို့ဝင်နှောင့်ယှက်သည့်အကြောင်းကိုပြောပြထား၍ ပါပါးကမေးလာလေသည် ။

" အဆုတ်ယောင်တာတော့ သက်သာလာပါပြီ ။ ဟိုကိစ္စကလည်း အဘိုးဖြစ်တဲ့ဘုရင်ကြီးနဲ့ဘဲ တိုက်ရိုက်သက်ဆိုင်တာမို့.. ထိပ်တိုက်ဘဲဖြေရှင်းလိုက်တယ်။ အဲ့ဒီလုပ်ငန်းကို ဘုရင်ကြီးက မာမားအတွက်နေရာပေးထားတာပေမဲ့ ဦးလေးတွေရဲ့ရှယ်ယာတချို့လည်းပါနေသေးတယ် ။အဲ့ဒါကြောင့် ကျနော်က လုပ်ငန်းတစ်ခုလုံးကိုပြန်ဝယ်ဖို့ကမ်းလှမ်းတော့ ရှယ်ယာဝင်ထားတဲ့ဦးလေးတွေရဲ့အမျိုးသမီးတွေကလက်မခံဘူးလေ.. ဘာလို့လဲဆို မာမားရဲ့စွမ်းဆောင်ချက်နဲ့ လက်ဝတ်ရတနာဒီဇိုင်းတွေက လုပ်ငန်းတစ်ခုလုံးအတွက် အသက်ဖြစ်နေတော့ သူတို့က မရှူ့စိတ်ဖြစ်ပြီး မာမားကိုအပိုင်မပေးချင်တာ.. ဒါပေမဲ့ နောက်ဆုံးတော့ အဘိုးကိုယ်တို​င်သဘောတူလက်ခံလိုက်ရမှတော့ သူတို့လည်းဘာမှမတက်နိုင်ဘူးလေ ကျနော်က မဖြစ်ဖြစ်အောင်ကို လုပ်မှတော့ "

ထိုလုပ်ငန်းကို အခန့်သာယူပြီးလုပ်ကိုင်နေလို့ရသော်လည်း Jeonranto အနေနဲ့ ထိုအိမ်တော်ကထောက်ပံ့ထားသမျှကို မာနအရလက်မခံချင်ပေ ။ထို့ကြောင့်လည်း သူ့မှာ ငွေအလုံးအရင်းရှိလာသည့်အခါ အကုန်ပြန်အမ်းပစ်ဖို့အစောပိုင်းထဲက ဆုံးဖြတ်ချက်ချထားခဲ့တာဖြစ်လေသည် ..လက်ရှိတွင်လည်း သူ့မှာ ကိုယ်ပိုင်ဝင်ငွေရှိသည်ကတစ်ကြောင်း တစ်ခြားငွေဝင်လမ်းကရှိသည်ကတစ်ကြောင်းကြောင့် ဘယ်သူ့အထောက်အပံ့ ဘယ်သူ့ခြေရာထဲမှာမှ ​ဆက်ပြီး
အနှိမ်မခံနိုင်ပေ ..

" ​ပါပါး နဲ့ မာမားလည်း တစ်ခါလောက်တွေ့လို့ရအောင် လုပ်ပေးလိုက်ပါ Ranto ရယ် ။ မာမား ကိုပါးစပ်ဖျားကနေမချတော့ဘူး ပါပါးက "

မမက ပါပါးကိုလှမ်းစ​လေသည် ။ အကြောင်း
မလှ၍ကွာရှင်းခဲ့ရပြီး နှစ်တွေအကြာကြီးတစ်နိုင်ငံဆီ ခွဲပြီးနေထိုင်ခဲ့ကြရသည့် ပါပါး နှင့် မာမားသည် အတော်လေးအချစ်ကြီးပြီးသစ္စာရှိသည်ဟုဆိုရမည် ..ယခုထက်ထိပင် နှစ်ဦးစလုံးက နောက်အိမ်ထောင်ပြုခြင်းမရှိသလို သူတို့အဆင်ပြေသလိုလေးသာရှေ့ဆက်နေကြလေသည် ။ အရင်က မာမားကို ကွာရှင်းပြီးမကြာခင်မှာပင် ဘုရင်ဆိုသူအဘိုးမှ မြို့တော်ဝန်တွေ, အမတ်တွေဖြင့်နေရာချပေးဖို့ စီစဥ်သေးလေသည်..မာမားသည် ဂျပန်ဧကရာဇ်မျိုးနွယ်စုတစ်လျှောက်လုံးတွင် အလှပဆုံးသောတော်ဝင်မင်းသမီးအဖြစ်မှတ်တမ်းတင်ခံထားရသည့်အပြင် ပညာအရည်အချင်း,အပြုအမူအနေအထိုင်ကအစ ယဥ်ကျေးပြီးအထက်တန်းဆန်သည့်အတွက် ပြည်တွင်းတွင်သာမက ပြည်ပတွင်ထိပါနာမည်ကြီးသတင်းမွှေခဲ့လေသည် ..ထိုအချက်သာမက မာမားအိမ်ထောင်ကျခဲ့သည်ကို နှစ်ဖက်အသိုင်းအဝိုင်းမှအပ မည်သူမှမသိရှိခဲ့သည်ကိုပါ အခွင့်ကောင်းယူ၍ မာမားကိုအိမ်ထောင်ဖက်တွေ့ခိုင်းလေသည် ။ ထိုအခါ မာမားကလည်း Jeonranto လက်ကိုဆွဲကာ အိမ်ထောင်ကျခဲ့သည့်အကြောင်းသာမက သားသမီးနှစ်ယောက်ရှိသည့်အကြောင်းကိုပါ အတိအလင်းကြေညာခဲ့တာဖြစ်လေသည် ။ ထိုအချိန်မှစ၍ မာမားကို သူတို့အရင်လိုလျော့မတွက်ရဲတော့တာဖြစ်လေသည်..ငယ်စဥ်ဘဝကလို ချော့မောပြောလျှင် စကားနားထောင်သည့် သမီးအလိမ္မာမလုပ်နိုင်တော့သည်အထိ မာမားသည် ဖခင်တို့ကိုစိတ်နာသွားခဲ့တာဖြစ်လေသည်..ပါပါးကတော့ စီးပွားရေးကိုတစိုက်မတ်မတ်လုပ်ကာ မမကိုအကောင်းဆုံးပျိုးထောင်၍သာ ဘဝကိုဖြတ်သန်းလေသည် ။သူတို့မိသားစုအရင်လိုပြန်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ..အခုတော့အကြောင်းပြချက်ရယ်လို့ ရေရေရာရာမရှိဘဲသူတို့သားအမိကို ဧကရာဇ်အိမ်တော်အတွင်းပိတ်ထားသည်က စိတ်ပျက်ဖွယ်ကောင်းလွန်းလှလေသည် ။သို့သော် သူကတော့ ထိုအိမ်တော်ကနေ ထွက်ခွာဖို့အတွက် ရရာနည်းလမ်းဖြင့်ဆက်ကြိုးစားနေအုံးမှာဖြစ်လေသည်..

" ဒါက ကျနော့်ရဲ့ပထမဦးဆုံး ပြည်ပခရီးဆိုတော့ နောက်ဆိုရင် မာမားကိုပါခေါ်လာနိုင်တော့မှာပါ "

​" မမ ဘွဲ့ရတုန်းက အတူရှိချင်ခဲ့တာ ဒါ​ပေမဲ့မဖြစ်ခဲ့တော့လည်း Ranto ဘွဲ့ရတဲ့အခါမှ မိသားစုလိုက်ဓာတ်ပုံရိုက်ကြတာပေါ့ "

မမက သူမ ကို သူမနှစ်သိမ့်ရင်း​​ဖြင့် ခပ်ဖွဖွပြုံးရင်းပြောလာလေသည်.. သူအများကြီး ကြိုးစားရမည်ပေ အဘိုးဆိုသူ၏လောင်းရိပ်အောက်ကနေရှုန်းထွက်နိုင်ဖို့အတွက်လေ.. ယခုတောင် နားနေသည့်ဟိုတယ်ကနေ သက်တော်စောင့်တွေကိုမလိမ့်တပတ်လုပ်ကာထွက်လာခဲ့ရသည်မဟုတ်လား

တီ တီ

တွေး​​နေသည်ပင်မဆုံးသေး စားပွဲပေါ်တင်ထားသည့်သူ့ဖုန်းကထမြည်လာလေသည် ..ထို့ကြောင့် မှောက်ထားသည့်ဖုန်းကိုလှန်လိုက်လေကာ ကြည့်လိုက်လေတော့ သက်တော်စောင့် Shitaro ဆီမှဖြစ်သည်.. ခပ်မြန်မြန် စာရိုက်ကာ " မနက်ဖြန်ကိုယ့်အစီအစဥ်ဖြင့်ပြန်လာမည့်အကြောင်းနှင့် သတင်းမဖြစ်စေရဘူး " ဆိုသည့်အကြောင်းကိုပြောလိုက်လေသည်.. ထိုအခါ နောက် မိနစ် ၂၀ဆိုရင် ပါပါးအိမ်တွင်လာရောက်ခေါ်ဆောင်မည်ဟုပြောလာလေသည်.. သူစိတ်မရှည်တော့၍

" မင်းသမီး Anna တို့ဇနီးမောင်နှံပြန်လည်ပေါင်းဖက်နေပါတယ် " ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ သတင်းတက်လာတာမြင်ချင်လာဟုမေးလိုက်တော့ တစ်ဖက်ကနေတိတ်ဆိတ်သွားလေသည်..သို့​သော်နာရီဝက်လောက်ကြာမှ မနက်ဖြန်မနက်အစောပိုင်းလေယာဥ်ဖြင့် ပြန်လာခဲ့ဖို့မှာကြာလေသည် ..ထိုသည်က အဖိုးဆိုသူကိုဆက်သွယ်၍အကြောင်းပြန်ကြားသည့်ပုံပင်.. ထိုကိစ္စကတစ်ခန်းရပ်သွားလေတော့ သူတို့သားအဖတွေလည်း JeonRanto ၏ကျောင်းကိစ္စတွေ, မမ၏အိမ်ထောင်ပြုမည့်ကိစ္စနှင့် မာမား၏စီးပွားရေးအတွက် plan စသည့်အနာဂတ်နှင့်ဆိုင်သည့်အကြောင်းအရာတော်တော်များများကိုပြောဖြစ်ကြရင်းသာ ညစာကိုလက်ဆုံစားဖြစ်ခဲ့လေသည်
..............................................................................

Hotel ကနေ ညစာစားပြီးပြန်လာတော့ မမကသူ့ အတွက်အခန်းပြင်ပေးရလေသည်..အားလုံးကိုယ်စီ ကိုယ်လက်သန့်စင်ပြီးနောက် ဧည့်ခန်းမှာ အသီးစားရင်းဆုံဖြစ်ကြသေးသည် ဟိုဟိုဒီဒီဖြင့်ညနက်သည်အထိနေကြသည်မို့ နောက်ဆုံးတော့ သူနှင့်မမသာ ကျန်ခဲ့ပါတော့သည်.ထိုအခါ Jeonranto သည် မပြောမဖြစ်သည့်အကြောင်းအရာတစ်ခုကိုလည်း ပြောရပြန်လေသည်..

" မမ တကယ်ဘဲ အဲ့ဒီလူကိုလက်ထပ်ဖို့​ဆုံးဖြတ်ထားတာလား "

" ဟမ် ..အာ မမပြောပြထားတယ်လေ, ranto က Seokbin oppa နဲ့ အစ်ကို Tae ကိုအထင်လွဲနေတာပါလို့ "

" မမက ကျနော့်ကိုငတုံးလို့ထင်​နေတာလား ။ ဘယ်ယောင်္ကျားလေးမိတ်ဆွေတွေက သူတို့လိုပုံပျက်ပန်းပျက်ဖြစ်အောင် ကဲသဲနေကြလို့လဲ, အရင်ကတော့ သတင်းအနေနဲ့ဘဲကြားခဲ့ရတာဆိုပေမဲ့ ဒီနေ့မျက်စိနဲ့တပ်အပ်မြင်လာခဲ့တော့မှ သူတို့ဘယ်လောက်ထိခရီးရောက်နေသလဲဆိုတာ သိရတော့တယ် ။ သူတို့ မမကိုရိုက်သွင်းထားတဲ့အတိုင်း ယုံကြည်နေရင်တော့ မမကသူတို့အတွက်ရီစရာကြီးဖြစ်နေလိမ့်မယ် "

Ranto ပြောသည်က သာမန်ဆန်လေသည်.. သို့သော် SeokBin oppa ကသူ့ဘေးနားကလူတိုင်းကိုဂရုတစိုက်ရှိပြီး ကြင်နာတတ်သူမို့ Taevender လိုခိုကိုးရာမရှိသည့်ရိုးရိုးအအလေးကို ပိုပြီးဂရုစိုက်စောင့်ရှောက်ပေးသည်က အထူးအဆန်းတော့မဟုတ်ချေပေ ။ပြီးတော့ Taevender ကိုစတင်ကမ်းလှမ်းခဲ့သူမှာ SeokBin oppa ဖြစ်သည်မို့တခြားလူတွေထက် SeokBin oppa မှာတာဝန်ပိုရှိလေသည်ကတစ်ကြောင်းမဟုတ်လား.. ထိုသည်က Taevender ကို Seokbin oppa သာမက Yuina ပါသိကျွမ်းနေပြီး တခါတရံအကူအညီပေးဖြစ်သည်ဖြစ်ရာ သုံးယောက်လုံးလုံးပွင့်ပွင့်လင်းလင်းသိကျွမ်းနေသည့်ဆက်ဆံရေးမို့ သူမကဘဲစိတ်ရှင်းနေသည်ထင်သည်

" SeokBin oppa ရဲ့ type ကိုက သူ့ဘေးကလူတိုင်းကိုဂရုစိုက်ပြီးကြင်နာတတ်တဲ့ပုံစံမို့ ..အကြောင်းမသိရင် အထင်လွဲနိုင်တာပေါ့.. အဲ့ဒါကြောင့် Ranto ကအမြင်မကြည်ဖြစ်နေတာ ။ပြီးတော့ အစ်ကို Tae နဲ့လည်း မမသိကျွမ်းနေတာ သူကအနေအေးပြီး စိတ်ရင်းလည်းရိုးရိုးလေးရယ် "

မမက Han SeokBin ဆိုသည့်လူကို သိပ်ကိုယုံကြည်လွန်းလေသည်.. သူ့ကိုစတွေ့တဲ့နေ့မှာတင် ညုတုတုလုပ်ပြီးမာယာသုံးသွားသည့် Taevender ဆိုသည့်လူကိုလည်း ရိုးအသည်တဲ့.. ထိုလူများသည် ဘယ်လိုတောင်အယုံသွင်းထားသလဲမဆိုတတ်..မမ၏စကားတွေဟာ ဦးနှောက်အဆေးခံထားရသည့်လူနှယ် ယုံကြည်မှုလွန်ကဲနေလေသည်.. ထို့ကြောင့် ဆက်ပြောနေရင်လည်း မမနှင့်အခြေအတင်ဖြစ်ဖို့သာရှိတော့သည်မို့ အမိအရသက်သေပြနိုင်သည့်အချိန်မှသာ မမကိုဆုံးမအုံးမည်ဟု တေးထားလိုက်လေသည်..

" ​မမက ပြောမရတော့ ဒီစကားကိုဒီမှာတင်ရပ်ထားလိုက်မယ် ။ ဒါပေမဲ့ ကြိုပြောချင်တာက " ယုံကြည်မှုလွန်းကဲနေတဲ့မမစိတ်ကို နည်းနည်းစီ လျော့ထားစေချင်တယ် အရှိန်ပြင်းတာက ပိုပြီးရိုက်ချက်ပြင်းတာမို့လို့လေ  "

သူထိုသို့ တိတိပပပြောလိုက်လေတော့​ မမကမျက်နှာမကောင်းစွာနှင့် စိုးရိမ်တကြီးပြောလာလေသည်

" Ranto မမကို စိတ်ဆိုးသွားတာလား ။ မမက .."

" မဟုတ်ဘူးမမ ။ ကျနော့်အနေနဲ့ တစ်ဖက်လူကိုလုံးဝအယုံအကြည်မရှိတာမို့ မမရဲ့ခံစားချက်တွေကိုအထိအခိုက်ကင်းအောင်လျော့ထားစေချင်ရုံပါ "

" ​ဟုတ်ပါပြီ စိတ်မဆိုးဘူးဆိုရပါပြီ ။ တစ်ခါတလေမှဆုံရတဲ့ မောင်လေးကို မမကတခြားကိစ္စအတွက်နဲ့စိတ်ဆိုးအောင်လုပ်မိသလားလို့ စိတ်ပူသွားတာ "

မမကတော့ စိတ်သက်သာရာရသွားသလို တတွက်တွက်ပြောနေပေမဲ့ Jeonranto မှာတော့ မနက်ဖြန်ညနေစောင်းမှ Tokyo သို့ပြန်ရန်ဆုံးဖြတ်ထားလိုက်ပြီး မနက်ပိုင်းလောက် Han SeokBin ဆိုသည့်လူနှင့်တွေ့ဖို့ရန်ဆုံးဖြတ်ထားလိုက်လေသည် ။
..............................................................................
​တနေ့ကုန်ဟိုကူးဒီကူးဖြင့် သွားလာထားရသည်မို့ Jeonranto တစ်ယောက် အိပ်ရာအပြောင်းအလဲရှိသည်ကိုပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့လေသည်.. သို့သော် နာရီအတော်ကြာ အပူပင်ကင်းကင်းအိပ်စက်ပြီးတဲ့နောက်တွင်တော့ သူ၏စိတ်ဝိဉာည်ဟာ တံခါးပေါက်တစ်ချပ်၏အရှေ့တွင် ရောက်ရှိလေသည်..

ထိုနေရာသည် ပါပါးအိမ်၏အနောက်ဘက်​ ခြံစည်းရိုး၏နယ်နိမိတ်ဖြစ်သည့် တံခါးချပ်တစ်ခု၏ရှေ့တွင် ဖြစ်လေသည်.. ဆူညံသံတချို့ကြားနေရသည့်ထိုတံခါးကိုစူးစမ်လိုစိတ်ဖြင့် ဆွဲဖွင့်လိုက်သည့်အခါတွင်တော့ ရှေးကျသည့်မြို့ဟောင်းတစ်ခုကို မျက်ဝါးထင်ထင်တွေ့ရလေသည်.. ဟောင်းနွမ်းနွမ်းအဝတ်တွေနှင့် အိုဟောင်းဟောင်းအိမ်အပုလေးများ... စျေးတန်းဖြစ်ပုံရသည့်လမ်းပေါ်တွင် စျေးသည်များနှင့် ရိုးရာဝတ်စုံလိုခပ်နွမ်းနွမ်းတွေကိုဝတ်ဆင်ထားသည့်လူများကတစ်ယောက်တစ်ပေါက်အော်ဟစ်စကားပြောကာ ဖြတ်သန်းသွားလာနေကြလေသည်..သူကိုယ်တိုင်ပင် မသိလိုက်ဘဲ နယ်ကျွံမိတဲ့သူ့ခြေရာလှမ်းတွေကြောင့် ထိုအရပ်ဒေသအတွင်းသို့ ရောက်ရှိမိလေသည်

ထိုစဥ်တွင် ပိုးထည်များရောင်းသော အရောင်းဆိုင်အသေးလေးရှိ ဇနီးမောင်နှံကိုတွေ့ရလေသည်.. ထိုဇနီးမောင်နှံကို ကြည့်လိုက်လေတော့ Jeonranto ၏စိတ်ထဲတွင် တစ်မျိုးတစ်မည်ဖြစ်သွားလေသည် ။ သူ၏စိတ်ထဲတွင်  ထိုဇနီးမောင်နှံကိုရင်းနှီးနေသယောင်, မစိမ်းသက်နေသလို ခံစားနေရလေသည်.. ထိုစဥ်တွင်ပင် မြင်းခွာသံများကို ကျယ်ကျယ်လောင်လောင်ကြားလိုက်ရ၍ ထိုအနီးနားပတ်ဝန်းကျင်တခွင်လုံးရှိလူတို့၏မျက်လုံးများသည် အဆောင်အယောင်သားနားလှသည့်အပြင်အဆင်ရှိလှသောမြင်းပေါ်မှလူတစ်စုထံသို့ စုကုန်ကြလေသည်.. ပြီးနောက် ထိုမြင်းပေါ်ရှိလူများမှာ စျေး၏ဆုံချက်မှာရပ်၍ ခေါင်းဆောင်ဖြစ်ဟန်တူသူ အင်္ကျီရင်ဘတ်အတွင်းမှ စာလွှာတစ်ခုကိုထုတ်၍အော်လာလေသည်..

" ​ပြည်သူပြည်သားများထံသို့အသိပေးစာ! ! တိုင်းပြည်အတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စစ်တမ်းကောက်ယူသွားမည်ဖြစ်၍ မနက်ဖြန်ညနေမှ ညသန်းခေါင်ယံအတွင်း မိမိ၏နေအိမ်များတွင်သာ နေထိုင်ပေးရန် အသိပေးအပ်ပါတယ် ။ပုံ - LeeWon မယ်မယ်၏အမိန့်တော် "

​စစ်သူကြီးများဖြစ်ဟန်တူသည့်လူမှ အမှာစာကိုဖတ်ပြကြေညာပြီးနောက် စျေးပတ်ဝန်းကျင်မှလူများဟာတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြလေသည်.. ထိုအချိန်တွင် Jeonranto ၏မျက်လုံးများသည် ပိုးထည်ဆိုင်အတွင်းမှ အမျိုးသမီးဖြစ်သူ၏ အနည်းငယ်ပြည့်ဖောင်းနေသောဗိုက်သားကို အကြည့်ရောက်မိလေသည်..

ထို့နောက်တွင်တော့ နန်းတော်မှစစ်ဆေးရေးတပ်များသည် တိုင်းပြည်အတွင်းရှိအိမ်တိုင်းကို ဝင်ရောက်ကာ ကိုယ်ဝန်ဆောင်များအားစစ်တမ်းကောက်ယူတော့သည်.. ပြီးနောက် Jeonranto သည် ထိုစစ်ဆေးရေးတပ်များနှင့်အတူ နန်းတော်အတွင်းသို့ရောက်သွားရပြန်သည်.. ထည်ဝါပြီးရှေးကျ၍တန်ဖိုးကြီးသောအဆောင်အယောင်များဖြင့် တန်ဆာဆင်ထားသော နန်းတော်ခန်းမအတွင်းသို့ရောက်လာမိလေသည်.. ထိုနေရာတွင် ခုနက စစ်သူကြီးများသည် ကိုရီးယားရိုးရာဝတ်စုံကိုအဆင့်အတန်းမြင့်မြင့်ဝတ်ဆင်ထားသော အမျိုးသမီးအိုထံသို့ စစ်တမ်းကောက်ယူခဲ့သမျှကို ရိုကျိုးစွာလျှောက်တင်နေလေသည်..

" တိုင်းပြည်ရဲ့နယ်နိမိတ်အတွင်းက ​ဒေသအသီးသီးဆီသို့ သွားရောက်စစ်တမ်းကောက်ယူခြင်းအရ တိုင်းပြည်အတွင်း ကိုယ်ဝန်ဆောင်နေသည့်အမျိုးသမီးဦးရေမှာ စုစုပေါင်းအယောက် ၅၀ ရှိပြီး လက်တလော၌မွေးဖွားနိုင်ခြေရှိသည််က ၁၅ယောက် ရှိပြီး , နောက် ၃လအကြာတွင် မွေးဖွားနိုင်ချေရှိသည့်အမျိုးသမီးဦးရေက ၂၅ ယောက် နှင့် ကျန်အမျိုးသမီး ၁၀ ဦးမှာတော့ ကိုယ်ဝန်ဆောင်သည့်ကာလနုသေးသည်ဟု သိရပါတယ် မယ်မယ် "

" ငါနားလည်ပြီ.. မောင်မင်းတို့ကို နောက်ရက်သတ္တပတ်နေမှ တာဝန်တစ်ခုထပ်ပေးမယ် ။အခု တာဝန်ကျေပြီးမို့ ထွက်ခွာနိုင်ပြီ "

မယ်မယ်ဆိုသည့်အမျိုးသမီးအိုက စစ်သူကြီးများထံသို့ အကြွေစေ့များထည့်ထားသည့် ပိုးသားအိတ်ထုတ်လေးကို ပေး၍ပြောလေတော့ စစ်သူကြီးနှင့်မှူးမတ်များက

" ကျေးဇူးကြီးမြတ်လှကြောင်းပါ မယ်မယ် "

ထိုစစ်သူကြီးတပ်ဖွဲ့နန်းတော်ခန်းမဆောင်ထဲမှ ထွက်ခွာသွားပြီးနောက်တွင်တော့ ထိုအသက်၆၀အရွယ်မိဖုရားခေါင်ကြီးဆိုသူမှာ နန်းတော်ပရဝုဏ်အတွင်းမှ နန်းဆောင်များစွာကိုကျော်ဖြတ်ပြီးနောက် သူမ၏နန်းဆောင်သို့ဝင်လေသည်.. ခဏအကြာ မိုးသောက်ရန်အချိန်ရောက်သောအခါ သူမ၏အခြံအရံများကိုထားခဲ့၍ နန်းတော်​၏အနောက်မြောက်ပိုင်းရှိ ယခင်ဘုရင်၏စာဖတ်ဆောင်အလွန်ရှိ လမ်းအဆုံးဖြင့်သည့် ဝါးပင်ရုံများစီတန်းနေ​သောအနောက်အရပ်ကုန်းမြင့်ကိုမျက်နှာမူလိုက်လေသည်.. ထိုကုန်းမြင့်၏ဒေါင်လိုက်ရှိသောမျက်နှာပြင်တွင် ကျောက်ခဲကျောက်သားများဖြင့်ပိတ်ဆို့ထားပြီး အနီရောင်ကြိုးများဖြင့်စည်းနှောင်ထားလေသည်..Jeonranto ရပ်ကြည့်နေမိချိန်တွင်ပင် ထိုအမျိုးသမီးအို၏နှုတ်ဖျားမှ စကားတချို့ထွက်ကျလာလေသည်..

" သားတော် , အချိန်ခဏလေးဘဲ စောင့်ပေးပါ ။မယ်တော်က သားတော်ကိုလွတ်မြှောက်အောင်စွမ်းဆောင်ပေးပါ့မယ် ။ ငါ့သားလေးက ဆက်စပ် နန်းတော်ကိုပြန်လာခဲ့ရမယ် ငါ့သားလေးဒီအမေ့ဆီပြန်လာခဲ့ပါ "

ထိုအမျိုးသမီးအိုက ကုန်း​​မြင့်နံရံမှကျောက်တုံးကျောက်ခဲများကိုထိကိုင်၍ ခပ်ဆွေးဆွေးပြောနေပုံမှာ ထိုကျောက်ခဲနံရံ၏နောက်တွင် လူတစ်ယောက်ယောက်ကပိတ်ခံထားရသည့်နှယ်

​ထိုမှတစ်ဆင့် ရက်သတ္တပတ်အကြာတွင် LeeWonမယ်မယ် သည် တိုင်းပြည်အတွင်းရှိကိုယ်ဝန်ဆောင်များအား ရိက္ခာနှင့်ဆေးဝါးများထောက်ပံ့ပေးသည်ဟူသောအသံကိုပျံ့လွင့်စေသည်.. ထို့နောက် လအနည်းငယ်ထပ်ပြီးကြာမြင့်လာပြန်တော့ နန်းတော်ပြင်ပမှ ဘုရင်၏သာမန်အရပ်သားမိဖုရားဆိုသူ၏မျိိုးဆက်ရှိကြောင်း သတင်းထပ်လွင့်ပြန်လေသည်..ထိုအခြေအနေတွင် နန်းတော်အတွင်းရှိ မိဖုရားခေါင်ကြီး၏အဆောင်အတွင်း၌ နတ်ဆရာမကြီးတစ်ဦး၏ အကြီးအကျယ်ဟောပြောမှုကိုလည်းကြားရလေသည်..

" နောက်သုံးရက်နေရင် နေကြတ်လိမ့်မယ် ။ မွန်းတည့်အချိန် ၁၂ နာရီတိတိမှာ ဖြစ်ပွားလိမ့်မယ်.. အဲ့ဒီအချိန်အတွင်းမှာ ယစ်ပူဇော်ပွဲတစ်ခုကိုကျင်းပရမယ် ။ အဲ့ဒီယစ်ပူဇော်နေတဲ့အချိန်နဲ့ နေကြတ်ချိန်အတွင်းမှာ မွေးဖွားလာမဲ့ ကလေးက ဒီနန်းတော်ရဲ့အစားထိုးဘုရင်ဖြစ်လာလိမ့်မယ် "

​ထိုနတ်ဆရာမကြီး၏ဟောကြားချက်အတိုင်းပင် နောက်သုံးရက်အကြာတွင် နေကြတ်ခြင်းဖြစ်ပွားလေသည်.. ထိုအချိန်တွင် နန်းတော်အတွင်း၌ အကျဥ်းသားစစ်သုံ့ပန်း အယောက် ၃၀ကိုခေါင်းဖြတ်သတ်ဖြတ်ကာ ယစ်ပူဇော်ပွဲကို တိုးတိုးတိတ်တိတ်ကျင်းပလေသည်.. တစ်ဖက်၌လည်း ထိုအချိန်နှင့်တစ်ပြေးညီတွင်ပင် မြေနိမ့်ပိုင်းဒေသ၏အိမ်ကလေးအတွင်း၌ သားယောင်္ကျားလေးတစ်ဦးကို ခက်ခက်ခဲခဲမွေးဖွားခဲ့လေသည်..သို့ဖြစ်၍ တန်ပြန်အကျိုးဆက်မှာ ကလေးမိခင်ဖြစ်သူသည် မွေးဖွားပြီးသည်နှင့်အသက်ဆုံးရှုံးသွားရလေသည်။ ဖြစ်ချင်တော့ ထိုကလေးမွေးဖွားသည့် အမျိုးသမီးမှာတခြားလူမဟုတ်​ဘဲ Jeonranto စျေးထဲတွင်တွေ့ခဲ့သော ပိုးထည်များရောင်းသည့်ဆိုင်မှကိုယ်ဝန်ဆောင်ဖြစ်နေလေသည်..ရုတ်ချည်းဆိုသလို သူ့ရင်ထဲဝမ်းနည်းသွားရသည်မှာ မည်သို့သောဆက်စပ်မှုဖြစ်မည်နည်း

ထိုကလေး မွေးပြီးတဲ့နောက်တွင်တော့ နန်းတော်အတွင်းမှ လူများသည် ထိုကလေးကိုနန်းတော်အတွင်းသို့ခေါ်ဆောင်နိုင်ရန်ကြိုးစားတော့လေသည် ..နန်းတွင်းရှိအပျိုတော်ထိန်းသည့်အမျိုးသမီးနှင့် စစ်သူကြီးများမှ မယ်မယ်၏အမိန့်ဟုဆိုကာ ထိုကလေးကို ဖခင်ထံမှအသာတကြည်တောင်းခံလေသည်.. ထိုတောင်းခံမှုတွင်သေချာပေါက် အဆောင်အယောင် ငွေအင်အား အပေးအယူများစွာပါဝင်လေသည်.. သို့သော် မည်သို့ပင်စည်းရုံးစေကာမူ ဖခင်ဖြစ်သူမှာလက်သင့်မခံသည့်အတွက် နန်းတွင်းမှလူများသည် " မယ်မယ်၏ အဲ့ဒီကလေးကိုမရရတဲ့နည်းနဲ့ ခေါ်လာခဲ့ " ဆိုသည့်အမိန့်စကားကိုလိုက်နာကာ ဖခင်ဖြစ်သူကိုသတ်ဖြတ်၍ ကလေးကိုခေါ်ဆောင်ခဲ့တော့လေသည်..

​ထိုအခါမှစ၍ နှောင်းပိုင်းကာလများ၌ ထိုကလေးသည် နန်းတော်၏ဧခရာဖြစ်လာလေသည် ။ နန်းတော်ထဲ၌ မင်းသားတစ်ပါးလို ပြုစုပျိုးထောင်မှူများဖြင့် ကြီးပြင်းခဲ့ရပြီး အသက်သုံးနှစ်အရွယ်မွေးနေ့အထိန်းအမတ်နေ့တွင် တိုင်းခန်းလှည့်လည်ရာ၌ မယ်မယ်မှ ပြည်သူများထံသို့ ထီးနန်းဆက်ခံသူအဖြစ်ကြေညာအသိပေးခဲ့လေသည် ။ ကွယ်လွန်သွားခဲ့ပြီးဖြစ်သောဘုရင်ဆိုသူ၏ သာမန်အရပ်သားမိဖုရား၏ မြေးအဖြစ် ပြည်သူများကိုသိစေ၍ မင်းသား JeonJungkook က အသက် ၁၂ နှစ်ပြည့်ပါက ထီးနန်းဆက်ဆံရမည်ဟု အတိအလင်းထုတ်ပြန်ထားလေသည်..

အရာအားလုံးသည် လက်ရှိနန်းတွင်း၌အာဏာအရှိဆုံး​​အမျိုးသမီးဖြစ်သည့် ဘုရင် Junshin ၏ မယ်တော်, LeeWon မယ်မယ်၏ လုပ်ကြံဇာတ်လမ်းတစ်ပုဒ်သာသာဖြစ်သည်..

တရွေ့ရွေ့နှင့် သူတလျှောက်လုံးမြင်လာရသည့်ပုံရိပ်ယောင်များသည် မည်မျှခရီးရောက်ခဲ့သလဲဆိုလျှင် မင်းသား Jeon Jungkook သည်ပင် ထီးနန်းအရိုက်အရာကိုဆက်ခံရ၍ ဘုရင် Jeon Jungkook အဖြစ်သို့ရောက်ရှိခဲ့ပြီးဖြစ်သည်.. တိုင်းပြည်တွင်ပွဲတော်တစ်ခုကဲ့သို့ စည်ကားခဲ့သည့် ဘုရင် Jeon ၏ထီးနန်းဆက်ခံသည့်တိုင်းခန်းလှည့်လှည်သည့်အခမ်းအနား.. ဘုရင် မရှိတာကြာခဲ့ပြီးဖြစ်သည့် ဤတိုင်းပြည်တွင် နှစ်တွေအကြာကြီးနေမှ နန်းတက်လာသည့်ဘုရင်မို့ လူတွေကပိုပြီးစိတ်ဝင်စားသည်ကပါလေသည်.. မြင်းနှင့်စစ်မတ်တွေ ကာကွယ်ရေးစစ်သူကြီးတွေရဲ့ကြားမှ အခြံအရံများ ထမ်းပိုးထားသော စီးတော်ယဥ်နှင့်ပုလ္လင်ထက်မှ ပထမဦးဆုံးမျက်နှာပြလာသည့် ဘုရင် Jeon ..စီးတော်ယဥ်၏ အောက်ခြေမှစ၍ မြင်နေရသည်က ကျက်သရေရှိ၍အဆင့်အတန်းမြင့်လှသော အနက်ရောင်ရိုးရာဖိနပ်, ဂုဏ်အရှိန်အဝါအပြည့်ရှိပြီး ခမ်းနားလှသော ရွှေရောင်နဂါးပုံကြွင်းပါသည့် အနီရောင်ပိုးထည်ဝတ်ရုံနှင့် ရွှေရောင်ခါးပတ်, ထိုမှတစ်ဆင့် မြင့်မြတ်ခြင်း၏ထိပ်ခေါင် အနက်ရောင်ဘုရင့်ခေါင်းဆောင်းနှင့်လိုက်ဖက်ညီလှသောမျက်နှာ, ကြည်လင်ပြီးဖြောင့်မတ်သောမျက်လုံးဝိုင်း, နှာတံမြင့်မြင့်လုံးလုံးနှင့် တိကျသေသပ်သော နှုတ်ခမ်းပါးတင်းတင်း ,မေးရိုးထင်းထင်းနှင့်မျက်နှာသွယ်လျလျက ရဲရင့်သောခြင်္သေ့၏အသွင်အပြင်နှင့် ပညာရှိပြီး အေးချမ်းဟန်သင်္ကေတ ဇီးကွက်ဖြူတို့၏အသွင်ကိုပေါင်းစပ်ထားသည့် အရှိန်အဝါမျိုးဖြစ်လေသည်..

Jeonranto သည် ဤမြင်ကွင်းကို ရပ်ကြည့်နေရာကနေရုတ်ချည်းဆိုသလို အံ့သြဘနမ်းဖြစ်ရလေသည်.. အကြောင်းမှာတော့ တလျှောက်လုံးဝိုးတဝါးပုံရိပ်များ၌ တိကျရှင်းလင်းစွာမမြင်ခဲ့ရသော Jeon ဘုရင်၏ မျက်နှာမှာ သူ၏မျက်နှာနှင့် တပုံစံတည်းဖြစ်နေတာကြောင့်ပင်.. ဘယ်လိုလုပ် သူက နှစ်ယောက်ဖြစ်နေရသနည်း ..ဒါမှမဟုတ် သူတစ်ယောက်ထဲလား

သူတို့က ဘယ်လိုဆက်စပ်နေသနည်း.. အိပ်မက်များလား

ဒါမှမဟုတ် တခြားကမ္ဘာများလား...

တရွေ့ရွေ့နှင့် ရှေးဟောင်းလမ်းမကြီးတစ်ခုမှ မှူးမတ်များ၏ကြေညာသံ မြင်းခွာသံတွေ အရပ်သားပြည်သူများ၏ စကားတီးတိုးသံတို့နှင့် ဝေးကွာလာတော့လေသည်..
............................................................................

​" Ranto! ! Ranto "

နားထဲစူးစူးရှရှကြားနေရသည်က မမ၏ ခေါ်သံကျယ်ကျယ်.. မျက်လုံးဖွင့်လိုက်တော့ တကယ်ဘဲ မမက သူ့ကိုခေါ်နှိုးနေတာဖြစ်သည်

" ဘာလဲ မမ "

" မနက်စာစားဖို့လာနှိုးတာ...ဟိုမှာဖုန်းကလည်းမြည်နေတာကြာပြီး ။ ဒါဆိုနှိုးပြီးမဟုတ်လား မမတို့ထမင်းစားခန်းမှာစောင့်နေမယ်နော် ဆင်းလာခဲ့လိုက် "

​ထို့နောက် မမ ထွက်သွားတော့ ဖုန်းကိုကောက်ယူပြီးကြည့်လိုက်လေတော့ ဧကရာဇ်အိမ်တော်က သက်တော်စောင့်၏ခေါ်ဆိုမှုများကိုတွေ့ရလေသည် ။ Private လေယာဥ်ဖြင့်လာကြိုမည်ကိစ္စကြောင့်ထင်သည်.. ထို့ကြောင့် ဖုန်းပြန်ခေါ်၍ ညနေမှလေယာဥ်လွတ်လိုက်ဖို့ပြန်ပြောလိုက်လေသည်.. ပြီးနောက် မျက်နှာသစ် သန့်ရှင်းရေးလုပ်ပြီးတော့ ထမင်းစားခန်းကိုဆင်းပြီးထမင်းစားရလေသည် ။အိမ်အကူရယ်လို့မရှိသည့် ပါပါး၏အိမ်သည် တော်တော်လေးကိုနေလို့ကောင်းလေသည်.. ဟိုအိမ်ကတော့ အိမ်အကူတွေ သက်တော်စောင့်တွေ တခါတလေဝင်ထွက်လေ့ရှိသည့် တော်ဝင်လက်ထောက်တွေ, လုပ်ငန်းအတွက် မန်နေဂျာတွေ စသဖြင့်အမျိုးစုံစွာဖြင့် ရှုတ်ယှက်ခက်နေတော့သည် ။မနက်စာ စားပြီးတော့ မမကသိမ်းဆည်းကာ ဆေးကြောနေချိန်၌ Jeonranto သည် အလုပ်သွားတော့မည့်ပါပါးထံသို့ တစ်စုံတစ်ရာကိုမြန်မြန်ဆန်ဆန်မေးရလေသည်.. အထူးသဖြင့် မမ မသိစေရန်ရည်ရွယ်လေသည်.. ထိုနောက်တွင်တော့ ပါပါးတို့လည်း ကိုယ်စီအလုပ်သို့ထွက်သွားကြပြီဖြစ်သည်..

ထိုအခါမှ Jeonranto သည် အိမ်​ပေါ်ထပ်ရှိပြတင်းပေါက်မှနေ၍ အိမ်အနောက်ဘက်ကိုငေးကြည့်လိုက်လေသည်.. အိမ်အနောက်ဘက်တွင် အရိပ်ရစေရန် ပန်းပင်ကြီးတွေ, မြက်ပင်အခင်းတွေနှင့် အပင်ပုလေးတွေစိုက်ထားပြီး သစ်သား bed chair တို့ကိုအနားယူရန်ထားထားလေသည် ။သို့သော် သူမနေ့ညက တွေ့ခဲ့သလို ထွက်ပေါက်ဖြစ်သည့် တံခါးချပ်လည်းမရှိပေ.. အိပ်မက်တွေကိုအယုံအကြည်မရှိသော်ငြားလည်း ထိုအဖြစ်အပျက်တွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရတော့ တစ်စုံတစ်ဦးကို မုန်းတီးသည်အထိစိတ်နာသလို ဝမ်းနည်းသလိုကို ခံစားချက်တို့ရောထွေးနေလေသည်.. ထိုအိပ်မက်ထဲက ဇာတ်ကောင်ကသူဖြစ်ခဲ့သလို သူကိုယ်တိုင်တခြားကမ္ဘာတစ်ခုမှာရှင်သန်နေခဲ့သလိုကို ခံစားရတာဖြစ်သည်.. ဘာအဓိပ္ပါယ်မှန်းလည်းသူပုံမဖော်နိုင် ..ဒီအတိုင်း ရိုးရိုးအိပ်မက်လို့ယူဆလိုက်ချင်ပေမဲ့ သူ့နှလုံးသားကဘာလို့မပေါ့ပါးရသနည်း..

" ကျစ်! ! မသိတော့ဘူးကွာ "

အဖြေမရှိသည့်​အိပ်မက်တစ်ခုကို သူက ဘာကိစ္စအချိန်ကုန်ခံပြီး ခေါင်းစားနေရမည်နည်း အဓိပ္ပါယ်မရှိလိုက်လေခြင်း

ထို့ကြောင့်​ တခြားကိစ္စတစ်ခုကိုလိုက်ဖို့ရန်သာအာရုံစိုက်လိုက်လေသည် ။ ဒီနေ့ သွားတွေ့စရာလူလည်းရှိသည်မို့ Korea တွင်အသုံးပြုရန်အတွက် US Dollar 3.8 Million ပေးရသော Bugatti ထဲမှ Bugatti Chiron Super Sport တစ်စီးကို ဝယ်ယူလိုက်လေသည် ..

ထို့နောက် ဝတ်စားနေကျပုံစံအတိုင်း ​Gucci Muscle Shirt အနက်နှင့် Jean Pant အရှည်အပွကိုမှ အနက်ရောင်ကိုတွဲဝတ်လိုက်သည်..ပြီးနောက်ခုနကမှ ရောက်လာသည့် မှာထားသော မီးခိုရောင် Bugatti Chiron Super Sport ကားထဲသို့ဝင်၍ မောင်းထွက်လိုက်တော့လေသည်..

Jeonranto မောင်းထွက်သွားသည်ကတခြားတော့မဟုတ်ပေ ..မမ ရည်းစားဆိုသည့် Han SeokBin ၏အိမ်သို့ပင်..  သို့သော် ထိုအိမ်အနားရောက်တော့ ခြံထဲကနေ ဖြူစွတ်စွတ်လူနှင့် တစ်နေရာရာသို့သွားမည့်ဟန်ဖြင့် ကားဖြင့်ထွက်လာကြသည်ကိုတွေ့ရလေသည်.. Han SeokBin ဆိုသည့်လူက ကားကိုခြံပြင်မောင်းထွက်ပြီးတော့ ဟိုတစ်ယောက်က ခြံတံခါးကိုသေချာပိတ်လေသည် ပြီးမှကားပေါ်သို့တက်သွားလေသည်.. ထိုအရှေ့က အနက်ရောင်ကားထွက်သွားသည့်အတိုင်း Jeonranto အနောက်ကနေ လိုက်မောင်းလေသည်..

​ထိုအရှေ့မှကား နောက်ဆုံးဆိုက်ရပ်သွားသည်က ဆေးရုံတစ်ခု၏ရှေ့တွင်ဖြစ်လေသည်..ထိုစဥ် Jeonranto သည် ချက်ချင်းဖုန်းခေါ်လိုက်လေသည်..တစ်ဖက်ကဖုန်းလက်ခံ၍ " ဘယ်သူလဲ " ဟုမေးလာသောအခါ Jeonranto သည်

" Jeonranto ဘဲ! Yuina မှာငယ်ငယ်ထဲကကွဲကွာသွားတဲ့မောင်တစ်ယောက်ရှိတာသိတယ်မဟုတ်လား "

ထိုသို့ပြောရ​ခြင်းမှာ ခုနကပါပါးကိုလိပ်စာမေးရင်း Han SeokBin ဆိုသူကလည်း မမပြောပြထား၍သူ့ကိုသိနေသည်ကိုကြားသိရ၍ဖြစ်သည်.. ​
ခဏကြာတော့တစ်ဖက်ဖုန်းကနေ အသံပြန်ထွက်လာကာ

" ​Yuina ဆီကနေ အစ်ကိုခဏခဏကြားဖူးထားလို့ ညီလေးကိုသိနေပါတယ် "

" ဟုတ်လား ! ဒါဆို ကြုံတုန်းလေး တစ်ခါလောက်မိတ်ဆက်ကြတာပေါ့ ..ဒီဘက်ကအချိန်သိပ်မရလို့ အခုဆိုရင် အဲ့ဒီဘက်ကအဆင်ပြေရဲ့လား "

တစ်ဖက်ကနေ ​အသံတစ်ချက်တိတ်သွားပုံက စဥ်းစားနေသည့်ဟန်ရှိပြီး ကားအပြင်ကိုထွက်သွားပြီးဖြစ်တဲ့ ဟိုဖြူစွတ်စွတ်နဲ့တစ်ယောက်ကို လှမ်းမေးနေသည်ကို အပြင်ကနေမြင်နေရလေသည်.. ပြီးမှ ကားကိုဆေးရုံဝင်းအပြင်ဘက်သို့ပြန်မောင်းထွက်လာလေသည်..

" ​ဒါဆို အစ်ကိုတို့ဘယ်မှာဆုံကြမလဲ "

" ဒီအနီးနားက အဆင်ပြေမဲ့တစ်နေရာကိုရွေးလိုက်ပါ "

ထိုလူက အသံ​ပြန်တိတ်သွားကာ နားမလည်သည့်ဟန်ရှိနေ​လေသည်..ထို့ကြောင့်

" ကျုပ် Han SeokBin ရဲ့ကားအနောက်မှာပါလာတယ် "

ပြောရင်းဆိုရင်းဖြင့်​ နောက်ကနေ ဟွန်းသုံးချက်လောက်တီးပြီး အချက်ပြလိုက်လေသည် ..ထိုလူက Back မှန်ကနေကြည့်လာကာ မျက်လုံးတွေတစ်မျိုးတစ်ဖုံဖြစ်သွားလေသည်.. စိတ်ထဲတစ်မျိုး​ဖြစ်သွားမည်ဆိုပေမဲ့ သူလိုချင်တာလည်းဒါဘဲမဟုတ်လား ။ သူတို့ကိုမလုံမလဲဖြစ်စေချင်တာဖြစ်သည်..

" ဒါဆို အနောက်ကလိုက်ခဲ့လိုက်နော် ညီလေး "

ထိုမောင်းထွက်သွားသည့်ကားက ဆေးရုံ၏တစ်ဖက်လမ်းရှိ Coffee ဆိုင်လေးရှေ့ထိုးရပ်သွားလေသည်.. ထိုအခါ Jeonranto လည်းကားရပ်ပြီးဆင်းသွားလိုက်လေသည်..

သိပ်မကြာခင်မှာ မျက်နှာချင်းဆိုင်အ​နေအထားတစ်ခုကိုရောက်လာလေသည်.. စားပွဲတစ်ခုမှာ အတူတူထိုင်ရင်း မမှိတ်မသုန်အကဲခက်နေမိသည်က Jeonranto တစ်ယောက်ထဲသာဖြစ်သည်.. ထိုလူသည် ဖုန်းထဲမှာမြင်ဖူးနေသလိုပင် ကြည့်ကောင်းသည့်ရုပ်ရည်ရှိပြီး ကြင်နာတတ်သည့်အပြုံးတို့ရှိလေသည်.. အရပ်ကတော့ ၅ ပေ ၁၀ လောက်ရှိကာ ငယ်ရွယ်ချောမောသောကျောင်းဆရာတစ်ယောက်၏အသွင်အပြည့်ရှိလေသည်..စိတ်ပျက်စရာကတော့ ဒီလူသည်မိဘအသိုင်းအဝိုင်း ပညာအရည်အချင်း ရုပ်ရည်အသွင်အပြင် အားလုံးပြည့်စုံနေသော်လည်း ဖောက်ပြန်တတ်ပြီးလှည့်စားတတ်သည့်အောက်တန်းကျသည့်စိတ်ဓာတ်ရှိနေခြင်းပင်

​" အစ်ကို ဟိုနေ့ကပွဲမှာ တွေ့ပေမဲ့ သက်တော်စောင့်တွေလည်းပါတော့ လာမနှုတ်ဆက်တော့တာ ။ အခုမှတရားဝင် မိတ်ဆက်ဖြစ်တော့တယ်.. "

" ကျုပ်လည်း Han SeokBin အကြောင်းတွေစုံစမ်းလာခဲ့ပေမဲ့ အခုမှဘဲ အပြင်မှာတွေ့ခွင့်ရတော့တယ် ။ Han SeokBin ကတော့မိတ်ဆက်တဲ့သဘောပေမဲ့ ကျုပ်ကတော့အသိပေးတဲ့သဘောနဲ့ တွေ့ချင်ခဲ့တာပါ "

" တဆိတ်လောက် အစ်ကို့ကို ပွင့်ပွင့်လင်းလင်းပြောပေးလို့ရမလား "

သူတစ်ချက် နှုတ်ခမ်းတစ်ဖက်ကိုတွန့်ခနဲကွေးလိုက်ကာ​​ဖြင့်

" ပွင့်ပွင့်လင်းလင်းဘဲပြောနေတာပါ,ညီလေးလို့ ခေါ်ရလောက်အောင် ကျုပ်ဘက်ကနေ မမ နဲ့ Han SeokBin ကိုသဘောတူနိုင်တဲ့အနေအထားမဟုတ်ဘူးဆိုတာ သိစေချင်တယ် "

ထိုအခါ Han SeokBin ဆိုသည့်လူက မသိမသာမျက်မှောင်ကြုတ်သွားကာ နားမလည်သလိုကြည့်လာလေသည်မို့

" ​ယောင်္ကျားလှလှလေးတစ်ယောက်နဲ့ မရှင်းမရှင်းဆက်ဆံရေးရှိနေတဲ့ ခင်ဗျားလိုလူကိုဘာတွေယုံကြည်ပြီး ကျုပ့်အစ်မ​ကိုပေးရမှာလဲ ပြောကြည့်လေ "

" ဒီကိစ္စကြောင့်ဆိုရင်တော့ နားလည်မှုလွဲနေတယ်လို့ဘဲ အစ်ကိုပြောပါရစေ ။ Tae hyung နဲ့ အစ်ကိုက ရိုးရိုးမိတ်ဆွေတွေပါ..Tae hyung နဲ့သိကျွမ်းကတည်းကနေ အ​ခြေအနေတစ်ခုကြောင့် အခုအစ်ကို့အိမ်မှာခေါ်ထားတဲ့အထိ Yuina ကအလုံးစုံသိပါတယ်..ပြီးတော့ ကိစ္စအားလုံးကိုအစ်ကိုတစ်ယောက်ထဲဆုံးဖြတ်ပြီး လုပ်နေတာတော့မဟုတ်ဘူး, Yuina ကအစ်ကိုစေ့စပ်ထားတဲ့မိန်းကလေးမို့ သူမ ခွင့်ပြု၏ , မခွင့်ပြု၏ကို အစ်ကိုအမြဲတမ်းခွင့်တောင်းနေကြပါ ။ Yuina ကခွင့်မပြုရင်တောင် အစ်ကိုကသူမစကားကိုအလေးထားမှာပါ ။Yuina နဲ့ Tae hyung တို့ကအချင်းချင်းလည်းရင်းနှီးကြပါတယ် ။ အစ်ကိုတို့အားလုံးက စိတ်ရှင်းကြပါတယ် "

ထိုလူ Han SeokBin ၏ စကားအရှည်ကြီးသည် သူ,မမဆီကနေ အထပ်ထပ်ကြားနေကြစကားတွေပင်ဖြစ်လေသည်မို့ ..Jeonranto နှုတ်ခမ်းထိပ်ကိုလျှာဖြင့်သပ်လိုက်ပြီး စားပွဲပေါ်ရှိ Apple Iced Tea ကို တစ်ငုံမောချလိုက်သည် ..ပြီးမှ​

" ခင်ဗျားပြောနေတာတွေအကုန်လုံးက ကျုပ်သိပြီးသား​​တွေချည်းဘဲလေ ။ ကျုပ်အစ်မကို ဦးနှောက်ဆေးထားတဲ့ အကြောင်းပြချက်လှလှလေးပေါ့ ။ ခင်ဗျားတို့က သာမန်ရင်းနှီးတဲ့မိတ်ဆွေပုံစံမျိုးနဲ့ အယုံစသွင်းတယ် ပြီးတော့ ပိုယုံကြည်အောင် ခင်ဗျားက ဟိုလူကိုရိုးသားဟန်ဆောင်ပြီး ကျုပ်အစ်မကိုရင်းနှီးစေ​ပြီးထပ်လှည့်စားတယ် အဲ့ဒီကနေအဆင့်တက်လာတော့ အိမ်ပေါ်ခေါ်တင်ထားလို့ရအောင်အထိ အခွင့်အရေးယူလာတယ် ! ခင်ဗျားတို့က တရားဝင်ဖောက်ပြန်ခွင့်ရထားသလိုကို ဖြစ်နေကြတာလေ! အခုတောင် ဆေးရုံလာရတဲ့အခြေအနေဆိုတော့ ဘယ်အထိခရီးရောက်နေကြပြီးလဲဆိုတာ မေးစရာတောင်မလိုတော့တဲ့အဆင့် !! ဒါတွေကို ကျုပ်အစ်မကဘာအပြစ်ရှိလို့ ဒီလိုနောက်ကျောဓားနဲ့ထိုးတာကိုခံရမှာလဲ! ! ခင်ဗျားတို့က ဘာမို့လို့လဲ? !?"

Jeonranto ထိုနှစ်ယောက်ကိုအတွဲလိုက် စတွေ့ကတည်းက စိတ်ထဲကလိကလိဖြစ်နေတာဖြစ်သည် ။အခုတော့ ကိုယ့်အစ်မက သူတို့ကလိမ်ကကျစ်ကျသမျှ ခံလာရသည်ကို သူ့ပါးစပ်ကထုတ်ပြောလာရတော့ ထိန်းထားခဲ့တဲ့စိတ်တွေက ငယ်ထိပ်ရောက်ကုန်လေသည် ။ ထိုကနေ တဖြည်းဖြည်းစကားသံတွေကျယ်လာကာ မတ်တပ်ထရပ်လိုက်ရာမှ လစ်ခနဲအရှေ့က Juice ဖန်ခွက်ကိုနံရံတစ်ဖက်သို့ကောက်ပေါက်မိလေသည် ..ကျစ် ဒေါသထွက်မိပြီး !!

ထိုစဥ် မြန်ဆန်လွန်းသည့်သူ့လုပ်ရပ်တွေကြားမှ တစ်ဖက်ကလူသည်လည်း ဒေါသသံခပ်ကြိတိကြိတ်ဖြင့်စကားတို့ကိုဆိုကာ မတ်တပ်ထရပ်လာလေသည်

" တော်တော့..မင်းသိပ်ကိုစော်ကားလွန်းနေပြီး ။ ငါနဲ့ Tae ​hyung ရဲ့သိက္ခာကိုအောက်ဆုံးထိရောက်အောင် ဆွဲချနေတာဘဲ ။ မင်းထင်တိုင်း မြင်တိုင်း စွပ်စွဲပြောဆိုလို့ရတဲ့အထဲမှာ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာမပါဘူး "

" ကျုပ်ကစွပ်စွဲတယ် !! အဲ့ဒီပွဲနေ့က​ ခင်ဗျားရဲ့ချစ်ရည်ရွမ်းနေတဲ့မျက်လုံးတွေနဲ့ ဟိုလူကနေတာကို ငေးနေတဲ့မျက်လုံးတွေ ကျုပ်မျက်လုံးနဲ့တပ်အက်တွေ့ခဲ့တာ! ! ခင်ဗျား ဗြောင်ငြင်းချင်သေးလား! ! "

Han SeokBin ၏ အင်္ကျီလည်ပင်းအစကို ချက်ချင်းဆိုသလိုဆွဲလာ၍ မျက်မှောင်ကြုတ်ထားကာ မျက်လုံးစူးစူးတို့ဖြင့်ကြည့်၍ ပြောလာလေတော့ သူကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်ရလေသည် ။ သူသည် Tae hyung ရိုးရာအကများ ကနေသည့်အချိန်မျိုးတွေဆိုနှစ်နှစ်ခြိုက်ခြိုက်နှင့်သဘောတကျကြည့်တတ်လေသည်.. အဲ့ဒါနှင့်ပင် သူ့မျက်လုံးတွေကချစ်ရည်ရွမ်းသည်ဖြစ်ရရောလားလေ.. ဒါ့အ​ပြင်အမှန်အတိုင်းပြောရလျှင် Tae hyung က ချစ်စရာကောင်းပြီးအကြည်ဓာတ်ရလေသည် ..ထို့ကြောင့် သူသဘောကျလေသည် ဒါကလည်း လှလည်းလှပြီး တမူထူးခြားသည့် အမူအကျင့်လေးတွေရှိသည့် Tae hyung ကိုသိကျွမ်းသည့်လူတိုင်း၏ ဖြစ်နေကျ သာမန်ခံစားချက်လေးတစ်ခုဟုသာ သူထင်လေသည်

" ​အဟွန်းး!  အသံတိတ်သွားပါလား ။ ရှင်းရှင်းပြောမယ် ကျုပ်အစ်မနဲ့ ခင်ဗျားစေ့စပ်ပွဲကို ကျုပ်တို့မိသားစုဘက်က စဖျက်အောင်ကျုပ်လုပ်မယ် !! မမ နဲ့နောက်ထပ်လာမပတ်သတ်နဲဲ့တော့! ! မဟုတ်ရင်တော့ ခင်ဗျားတို့နှစ်ယောက်ကို တွေ့တဲ့နေရာမှာ စောက်ရှက်ခွဲမှာ မယုံမရှိနဲ့ "

ထိုသို့ပြောပြီး​နောက် အင်္ကျီစဆွဲထားသောလက်ဖြင့်အနောက်သို့ဆောင့်တွန်းကာ ထွက်သွားလေသည် ။ထိုစဥ်တွင် သူရပ်ကျန်နေခဲ့တုန်းမှာဘဲ မှန်ထဲကနေမြင်နေရသည့် ဆိုင်အပြင်ဘက်မှ ဒီဘက်သို့လမ်းကူးလာနေသော Tae hyung ကိုတွေ့ရသဖြင့် မျက်လုံးတို့ကအလန့်တကြားဖြစ်သွားလေသည်.. သို့သော် ဆိုင်ပြင်သို့ခပ်မြန်မြန်ထွက်ခဲ့ပေမဲ့ မမှီလိုက်ပေ Tae hyung က Jeonranto နှင့်မျက်နှာချင်းဆိုင်ဖြစ်နေလေပြီဖြစ်သည်..

" မောင် "

​ဆေးရုံဝင်းအရှေ့မှ တစ်ဖက်လမ်းရှိ SeokBin ၏ကားကိုတွေ့ရသဖြင့် လမ်းဖြတ်လာရင်း ပလက်ဖောင်းပေါ်တွင် ခြေလှမ်းကျဲများဖြင့်လမ်းလျှောက်လာသော လူတစ်ယောက်နှင့်တိုက်မိလေသည်..အားပြင်းသလားဆိုရင် Taevender အနောက်သို့အရှိန်နဲ့ပြန်ဆုတ်မိပြီး ဖင်ထိုင်လျက်ပြုတ်ကျသည်အထိပင်.. သို့သော် ထိုင်လျက်သားကနေရုတ်တရက်မော့ကြည့်မိတော့ ဦးထုတ်အနက်ရောင်နဲ့ ဆံနွယ်ခွေခွေ ရှည်ရှည်တွေကြားမှ မျက်နှာက သူ့ကိုပြုံးမိစေလေသည်.. သူ့ရဲ့တစ်ဦးတည်းသော ချစ်ရသူဖြစ်လေသည် ..ဂမန်းကတမ်း ကောက်ကပ်ထလိုက်ရင်း ဝမ်းသာအားရထပ်ခေါ်မိပြန်သည်

" ​မောင် "

" တော်သေးတာပေါ့ ငါတို့ထပ်ဆုံခွင့်ရလို့ ။ငါမနေ့ကစိတ်လှုပ်ရှားနေတာနဲ့မောင်နေတဲ့နေရာမေးမလို့မေ့သွားတာ..အခုလိုမှအကြောင်းမဖန်ရင် ငါ,မောင့်ကို ထပ်ပြီးဘယ်မှာလိုက်ရှာရမှန်းသိမှာမဟုတ်ဘူး ။

Jeonranto ဦးထုပ်လျှာထိုး၏အောက်မှ သူ့ကိုမြင်တာနှင့်တလတ်လတ်ဖြင့်သွားသော ခရမ်းရောင်မျက်လုံးတို့၏ပိုင်ရှင်ကို မျက်လုံးများမှေးစင်းကာကြည့်မိလိုက်လေသည်

" ကျစ် !! ​.."

" ခဏနေအုံး !! " ​

Jeonranto ဟိုလူ့ကို ပစ်ပစ်နစ်နစ်ပြောဖို့ရန်ရှိသေး အနောက်ကနေ Han SeokBin ၏အသံကခပ်ကျယ်ကျယ်ထွက်လာလေသည်.. Jeonranto လှည့်ကြည့်လိုက်တော့ မျက်လုံးတွေက ဂဏာမငြိမ် ဟိုလူကိုတစ်ခုခုပြောလိုက်မှာကိုကြောက်နေသည့်ဟန်

" ​hyung ကိုဆွဲမထည့်နဲ့ ! "

" ​hyung ကားထဲခဏဝင်နေပါ "

ဘာရယ် ဒီတစ်ယောက်ကိုထိမှာ​တော့ နာတတ်တယ်ပေါ့လေ..

" လိပ်စာ​လေး... "

​ Han SeokBin ဆွဲခေါ်နေသည့်ကြားမှ 'လိပ်စာလေး 'ဆိုပြီးလေသံဖြင့်ပြောကာ ဖြတ်ခနဲသူ့အင်္ကျီစကိုပါဆွဲ၍ ပီတီတီလုပ်နေသေးလေသည်..

တောက် 💢

ဒီလူ ဒါတော့မျက်နှာပြောင်လွန်းသွားပြီး ..သူနဲ့လက်ရှိတွဲခုတ်နေတဲ့လူရဲ့အရှေ့မှာပင် နောက်တစ်ယောက်၏လိပ်စာကို တိုးတိုးဖြင့်တောင်းနေတာဖြစ်သည်..ရုတ်ချည်း မွှန်တက်လာသည့်ဒေါသကြောင့် ခြေလှမ်းအနည်းငယ်စာသာဝေးသေးသော HanSeokBin ၏နောက်သို့လိုက်ကာ ထိုဖြူစွတ်စွတ်လူ၏ မေးရိုးတစ်ခုလုံးကို သူ့လက်ဖဝါးဖြင့်ခပ်ကြမ်းကြမ်းဆုပ်ကိုင်လိုက်ရင်း ဆွဲမော့လိုက်လေသည်..

" ကျုပ်ကို ခင်ဗျား​မြူဆွယ်နေကြကောင်တွေလို လာမရိနဲ့! ! ခင်ဗျားလိုဟာမျိုးကို ရွံလွန်းလို့ တစ်လေထဲတောင်မရှူချင်ဘူး !! ကျုပ်အရှေ့ထပ်ပေါ်လာရင် ကျုပ်အကြောင်းခင်ဗျားသိမယ် မှတ်! တောက် "

သွားကြိတ်ထားကာ ဒေါသကိုပြန်ထိန်းချုပ်ရင်းပြောကာ ထွက်သွားသည့် မောင်ကြောင့် Taevender တော်တော်ကိုလန့်သွားလေသည်.. မောင်က သူ့ကိုစကားကြမ်းကြမ်းကြီးတွေနဲ့ပြောသွားကာ ဒေါသလည်းထွက်နေသည်မို့ သူဘာမှနားမလည်နိုင်ဘဲ ငိုချင်လာလေသည်..

​ထို့နောက်လူသွားလျှောက်လမ်းမှာမို့ Han SeokBin သည်ခပ်မြန်မြန်သာ ကားမောင်းကာထွက်ရလေသည်..Jeonranto ကြောင့်ခုနကဆိုင်အထဲတွင်သာမက လမ်းမပေါ်တွင်ပါသူအရှက်မကွဲချင်ပေ ..ခုနကဆိုင်ကဖွင့်ကာစမို့ လူမရှိလို့တော်သေးပေမဲ့ အခုက hyung လည်းပါသည်မို့ရှောင်ထွက်လိုက်တာအကောင်းဆုံးပင်ဖြသ်သည် .ကားစထွက်မှာ သူ Tae hyung ၏အရိပ်အကဲကိုကြည့်ရလေသည်..

" hyung အဆင်ပြေရဲ့လား "

" ​ပြေပါတယ်.. ဟို SeokBin နဲ့ မောင်.. အဲ့ Ranto နဲ့ကပြသာနာတစ်ခုခုရှိလို့လား "

ထိုသို့​မေးရခြင်းမှာ ခုနကသူတွေ့ခဲ့ရသည့်အခြေအနေမှာ မောင်သာမက SeokBin ပါ ဒေါသထွက်နေသည့်ဟန်.. သူ့မှာ မောင်နဲ့ပြန်တွေ့ရလို့ဝမ်းသာနေတုန်းရှိသေး ဒေါသထွက်နေသည့် SeokBin က လာဆွဲခေါ်သဖြင့် ဘာမှပြန်မပြောနိုင်ဘဲ ပါသွားရတာဖြစ်လေသည်

​" ဒီတိုင်းပါဘဲ စိတ်ထဲမထားနဲ့ hyung,  ဒါနဲ့ Tae hyung က Jeonranto နဲ့သိနေတာလား "

ထိုသို့မေးရခြင်းမှာ သူမလှမ်းမကမ်းကနေကြားလိုက်ရသော " မောင် " ဟူသည့်နာမ်စားကြောင့်ဖြစ်လေသည်.. ခုနကလည်း ယောင်ပြီး Tae hyung ကခေါ်သေးသည်မဟုတ်လား.. တကယ်ဘဲ Tae hyung နဲ့ Jeonranto ကဘယ်လိုဆက်ဆံရေးမျိုးပါလိမ့်

" ​အင်း ငါတို့အကြာကြီးသိကျွမ်းခဲ့ကြတာပေါ့.. "

Han SeokBin သူ့ဘေးနားထိုင်၍ ကားလမ်းမကြီးကိုသာငေး၍ ခပ်ဆွေးဆွေးလေးပြောနေသော Tae hyung ကိုကြည့်၍ သူ့ရင်ထဲ တစ်မျိုးတစ်မည်ခံစားလိုက်ရလေသည်.. သူတွေးသည်က Tae hyung နှင့် Jeonranto ကသာမန်ထက်ပိုတဲ့ဆက်ဆံရေးရှိခဲ့သည်ဟုပင်.. ထိုအချက်သာမက မောင် ဟုခေါ်သည့်အချက်ကိုပင် သူဘာကြောင့်ဘဝင်မကျဖြစ်နေရသနည်း သူကိုယ်တိုင်ပင်မသိ..သေချာသည်က ဖြူစင်သည့် Tae hyung ကို Jeonranto လိုခပ်ဆိုးဆိုးလူငယ်နှင့် သဘောမတူနိုင်၍ဘဲဖြစ်မည်ထင်သည်..

" ဒါနဲ့ Yumi က အချိန်ပိုင်းအလုပ်တွေရဲ့ဒဏ်ကြောင့်ပင်ပန်းပြီးအားနည်းတာလောက်ဘဲဖြစ်တာဆိုတော့ ဒီညနေဆေးရုံကဆင်းလောက်မယ်ထင်တယ်.. အကူအညီလိုတယ်ပြောသေးလား hyung "

" နေ့လယ်လောက်ကျရင် သူ့အိမ်ကလာကြိုမယ်ပြောတယ် ။ တော်သေးတာပေါ့ ဒီလောက်ဘဲဆေးရုံမှာနေရလို့ "

Yumi တို့က ရုန်းကန်နေရသည့်လူတွေမို့ မဟုတ်ရင်နှစ်ဆပိုပူရပါလိမ့်မည်..

#Update ​ပေးလိုက်ပြီနော်
အရင်လကလည်း မ Up ဖြစ်လိုက်တဲ့အတွက် စာဖတ်သူတွေကိုအားနာရပါတယ်
အခုတလော မျက်လုံးအ​ခြေအနေကသိပ်မကောင်းလို့ပါ.. ဒါကြောင့် တစ်နေ့နည်းနည်းချင်းစီဘဲရေးခဲ့ရပါတယ် ..
​နောက်အပိုင်းကတော့ အခြေအနေကြည့်ပြီး Up ပေးပါ့မယ်

crd pic

Zawgyi

Taevender တစ္ေယာက္သူတို႔အဖြဲ႕၏ ပစၥည္းေတြထားထားသည့္ စတိုခန္းထဲသို႔ခဏျပန္လာခဲ့တာျဖစ္သည္ ။အေၾကာင္းမွာေတာ့ ကျပေဖ်ာ္ေျဖမည့္ေက်ာင္းသူေလးမ်ား၏ အလွအပျပင္ဆင္ရာတြင္လိုအပ္သည့္ ဆံထိုးမ်ားစုထည့္ထားေသာအိတ္မွာ စတိုခန္းအတြင္း၌ က်န္ခဲ့ေသာေၾကာင့္ျဖစ္ေလသည္.. ေက်ာင္းသူေလးတစ္ေယာက္ကိုယူခိုင္းလိုက္၍ ရေသာ္လည္း သူကသန့္စင္ခန္းသြားမည္မို႔ လမ္းႀကဳံတာႏွင့္သူကဝင္ယူေပးလိုက္တာျဖစ္သည္.. သို႔ေသာ္ မထင္မွတ္ဘဲ အံ့ၾသစရာေကာင္းေလာက္ေအာင္ ေမာင္ႏွင့္႐ုတ္တရက္ေတြ႕ဆုံခဲ့တာျဖစ္သည္..ထို႔ေၾကာင့္ သူလည္းလာရာကိစၥကိုေမ့သြားကာ ဝမ္းသာလိုက္ေတြးေတာလိုက္ျဖင့္ ငိုယိုလို႔ဝသြားေတာ့မွသတိျပန္ဝင္ေလသည္ ။ထိုအခါမွ ဆံထိုးထုပ္ကိုအျမန္ယူကာ အေလာတႀကီးျဖင့္ စင္ျမင့္အနာက္ဘက္ရွိ ​ေနရာခ်ထားေပးရာေနရာသို႔ျပန္လာရေလသည္ ..

" hyung လမ္းေပ်ာက္ေနတယ္ထင္လို႔ က်ေနာ္အခုဘဲလိုက္ခဲ့ေတာ့မလို႔ "

" ငါလည္း ဘယ္လိုလုပ္ၾကာသြားမွန္းမသိဘူး ေတာင္းပန္ပါတယ္ "

SeokBin က အခန္းအျပင္အထြက္ Taevender ကလည္း တံခါးဖြင့္ၿပီးဝင္လာတာျဖစ္သည္မို႔ အေတာ္ေတာင္အားနာသြားရေလသည္..ထို႔ေၾကာင့္ ေတာင္းပန္စကားဆိုရင္းျဖင့္ သူတို႔အတန္း၏စီနီယာဆရာမ​ျဖစ္သည့္ အစ္မ Junghae ကိုကမ္းေပးလိုက္ေလသည္.. ထိုအခါအကအဖြဲ႕ထဲမွ သူကိုယ္တိုင္ေခါင္းေဆာင္တင္ထားေပးသည့္ ထိုေက်ာင္းသူေလးက ေဖ်ာ္ေျဖပြဲအတြက္ က်န္သည့္အဖြဲ႕သားေတြကိုပါ သူကိုယ္တိုင္မိတ္ကပ္ကအစ ဆံတုံးထုံးသည္အထိ ဦးေဆာင္လုပ္ေပးေလသည္ ။စတိုခန္းထဲမွာအဖြဲ႕လိုက္ျပင္ဆင္မႈၿပီးေတာ့ က်န္သည့္ေက်ာင္းသူေလးေတြကို စင္အေနာက္ကအခန္းထဲမွာ အရင္ေနရာသြားယူေစသည့္ Yumi ကအဝတ္လဲမည္ဟုဆိုေပမဲ့ ေဖ်ာ္ေျဖရမည့္ရိုးရာဝတ္စုံ၏စကပ္အေပၚခံဇာပါးေလးက်န္ခဲ့သည္မို႔ လာလိုက္ေပး၍ အဝတ္လဲသည့္ဆီကိုမေရာက္ေသး ။ထို႔အျပင္ အခုလည္း ဆံတုံးေပၚတြင္ ဆံထိုးတန္ဆာဆင္သည္ကအစလုပ္ေပးေနေတာ့ အဝတ္အစား​လဲဖို႔ရန္ေျပာမွသာရပါေတာ့မည္ပင္.. အဖြဲ႕ေခါင္းေဆာင္လည္းျဖစ္ အတန္းထဲအႀကီးဆုံးျဖစ္သည္မို႔ Yumi ကက်န္သည့္ေက်ာင္းသူေလးေတြအတြက္ အစ္မႀကီးတစ္ေယာက္လိုပင္ အားကိုးရေလသည္.. ထို႔အခါ သူမကို သူမ ေမ့ေနေသာ Yumi အားသတိေပးဖို႔ရန္ Taevender မွစကားစရပါေတာ့သည္..

" Yumi ကအဝတ္အစားသြားလဲလိုက္ေတာ့ေနာ္ ။ ဒီမွာ ဆံထုံးအတြက္နည္းနည္းလုပ္ေပး႐ုံဘဲက်န္တာမဟုတ္လား ။ ထားခဲ့လိုက္ေတာ့ေနာ္ ဆရာဘဲဆက္လုပ္ေပးလိုက္ေတာ့မယ္ "

" Teacher Tae လုပ္လို႔အဆင္ေျပရဲ႕လား ။ ၿပီးေတာ့မွာဆိုေတာ့ Yumi ဘဲဆက္လုပ္လိုက္ေတာ့မယ္ေလ "

Yumi က အသံေဖ်ာ့ေဖ်ာ့ျဖင့္ သူ႕ကိုခပ္ဖြဖြၿပဳံးျပကာျပန္ေျပာလာေလသည္..Taevender စိတ္ထင္ဘဲလားမသိေပမဲ့ Yumi မ်က္ႏွာက အေရာင္ေဖ်ာ့ၿပီးအားနည္းေနသေယာင္ ရွိေနေလသည္

" ရပါတယ္ဆို ဆရာ,ဆံတုံးေလာက္ကေတာ့လုပ္ေပးလို႔ျဖစ္ပါတယ္ ။အဝတ္သြားလဲေတာ့ေလ ေနာက္ဂမန္းဂတန္းလုပ္ေနရမယ္ "

သူထိုသို႔ေျပာလိုက္မွ Yumi က သေဘာေပါက္စြာျဖင့္ အဝတ္လဲဖို႔ မတ္တပ္ထရပ္ေလသည္.. ထိုစဥ္တြင္ Yumi က ႐ုတ္တရက္ငိုက္ခနဲျပန္လဲက်ေလသည္..

" Yumi အဆင္ေျပရဲ႕လား "

Taevender ပခုံးမွကိုင္ကာ ထိန္းထားေပးရင္းေျပာလိုက္ေတာ့ Yumi က ျဖည္းညွင္းစြာျဖင့္ " အဆင္ေျပပါတယ္ " ဟုျပန္ေျပာၿပီး အခန္းထဲကေနထြက္သြားေလသည္.. Taevender ၾကည့္ရတာေတာ့ Yumi ကလဲက်ေတာ့မည့္လူလို အားနည္းေနတာျဖစ္ေလသည္

" အစ္မ JungHae , အေနာက္ကေန လိုက္သြားၾကည့္ေပးလိုက္အုံး "

ထိုအခါ Yumi အခန္းထဲမွထြက္သြားေတာ့ Taevender ႏွင့္ SeokBin သာမက ဆရာမ JungHae ပါ မ်က္လုံးခ်င္းဆုံမိေလသည္ ။ၿပီးေနာက္ SeokBin က ေက်ာင္းသူ Yumi ၏အေျခအေနမဟန္သည္ကိုသိသည္မို႔ အစ္မ JungHaeကိုအေနာက္ကလိုက္သြားခိုင္းတာျဖစ္ေလသည္.. အစ္မ Junghae လိုက္ထြက္သြားေတာ့မွ Taevender လည္း ဒီဘက္ကကိစၥေတြကိုအာ႐ုံျပန္စိုက္လို႔ရေလသည္.. မိနစ္ပိုင္းေလာက္ၾကာေတာ့ ဆံတုံးထုံးရန္က်န္သည့္ေက်ာင္းသူငါးဦးလည္း ျပင္ဆင္လို႔ၿပီးသြားၿပီးျဖစ္ေလသည္.. ထိုစဥ္တြင္ အခန္းအတြင္း ႐ုတ္တရက္တုန္ခါလာသည့္ဖုန္းသံေၾကာင့္ နားစြင့္လိုက္မိေတာ့ SeokBin ဆီသို႔ အစ္မ JungHae မွ ဆက္သြယ္လာျခင္းျဖစ္ေလသည္..အာ႐ုံစိုက္နားေထာင္ေနရင္းကေနပင္ SeokBin ေျပာသည့္စကားတို႔ေၾကာင့္ Taevender အပါအဝင္အဖြဲ႕သားေတြက စိုးရိမ္တႀကီးျဖစ္သြားရေလသည္

" အစ္မ JungHae ,က်ေနာ္လာခဲ့မယ္ ေဆး႐ုံပို႔ဖို႔ အ​ေနာက္ေပါက္ကေနကားထုတ္လာခဲ့မွာမို႔  ခဏေစာင့္ေန "

" ဟုတ္ၿပီ, က်ေနာ္ေျပာလိုက္ပါ့မယ္ "

ထိုအခါ လိုအပ္တာေျပာၿပီးေနာက္ ဖုန္းခ်ၿပီးတာနဲ႕ SeokBinကိုသူေမးရေတာ့ေလသည္

" ဘာျဖစ္တာလဲ "

" Yumi ေမ့လဲသြားလို႔တဲ့, တဆက္တည္း အစ္မ Junghae က  ဒီဘက္ကကိစၥေတြကို hyung ဘဲၾကည့္လုပ္လိုက္ဖို႔ပါတဲ့ ။ Mc အစ္မကိုလည္းအက်ိဳးအေၾကာင္းေျပာျပထားေပးအုံး က်ေနာ္ကအေျခအေနၾကည့္ၿပီးျပန္လာခဲ့မွာမို႔ , က်ေနာ့္ေက်ာင္းသားေတြကိုလည္း hyung ဘဲခဏ ဂ႐ုစိုက္ထားေပးပါအုံးေနာ္ ။ က်ေနာ္လိုက္သြားအုံးမယ္ hyung "

" အင္း စိတ္ခ်ေနာ္ Seokbin "

SeokBin လည္း သူ႕စကားကိုေခါင္းညိတ္ျပၿပီးေနာက္ ခပ္သုတ္သုတ္ထြက္သြားေလေတာ့သည္ ။ ထိုအခါ Seokbin ထြက္သြားေတာ့ ေက်ာင္းသူေလးတစ္ေယာက္က " Taecher Tae, အစ္မ Yumi မရွိရင္ အစုံလိုက္တန္းစီတဲ့အခါေတြဆို လြတ္ေနလိမ့္မယ္ " ။ထိုေက်ာင္းသူေလး၏စကားကိုၾကားေတာ့ Yumi ၏ေနရာေတြက အဓိကက်တဲ့အခ်က္ကိုျပန္စဥ္းစားမိေလသည္.. Yumi လြတ္သြားလွ်င္ အကုန္လုံးအစီအစဥ္မက်ဘဲ အကုန္ဖရိုဖရဲေတြျဖစ္ကုန္မည္ကိုေတြးမိေတာ့ Taevender ဆုံးျဖတ္ခ်က္တစ္ခုကိုခ်ရေလသည္။ ထိုသည္က သူ Yumi အစားဝင္ကမွ ျဖစ္မည္ဆိုတာကိုပင္.. ထို႔ေၾကာင့္အခ်ိန္ကလည္း အရမ္းကပ္ေနၿပီမို႔ ေက်ာင္းသူေလးတစ္ေယာက္ကို Yumi၏ ေဖ်ာ္ေျဖမည့္ဝတ္စုံအိတ္ကိုသြားယူခိုင္း၍ သူကိုယ္တိုင္ပါဝင္ရေတာ့ေလသည္ ။ခပ္ျမန္ျမန္ ရိုးရာဝတ္စုံလဲကာ ဆံတုံးထုံးကာ ျပင္ဆင္ရေလသည္.. ခဏေနဒုတိယပိုင္းစေတာ့မည္မို႔ သူတို႔အလွည့္ကလည္းခဏတြင္းခ်င္းေရာက္မည္မို႔ မ်က္ႏွာထက္ ဘာမွမျခယ္သျဖစ္ေတာ့ပါ..အရာအားလုံးဟာ အစီအစဥ္မက်ျဖစ္သြားသည္မို႔ သူအပါအဝင္ ေက်ာင္းသူေလးေတြပါ ရင္တလႈပ္လႈပ္ျဖစ္ၾကရေလသည္.. ဒီလိုႏွင့္ပင္ သိပ္မၾကာခင္မွာ ဒုတိယပိုင္းစတင္၍ ပထမဆုံးအဖြဲ႕အျဖစ္ သူတို႔ University မွ ဗုံအကျဖင့္ကျပေဖ်ာ္ေျဖၾကရေလေတာ့သည္..

" အခုဆိုရင္ ယေန႕ပြဲ​အခမ္းအနားရဲ႕ ရင္သပ္ရႉေမာဖြယ္ေကာင္းလွတဲ့က႑ေလးကိုေရာက္ရွိလာခဲ့ပါၿပီရွင္.. အခမ္းအနားရဲ႕ဒုတိယပိုင္းမွာေတာ့ ႏွစ္နိုင္ငံရဲ႕ရိုးရာအကအလွမ်ားႏွင့္ ထူးျခားလွတဲ့ေတးဂီတ ေဖ်ာ္ေျဖမႈမ်ားကို ရႉ႕စားခြင့္ရမွာဘဲ ျဖစ္ပါတယ္ရွင္ ။ "

" ဒါေၾကာင့္ အခ်ိန္မဆြဲေတာ့ဘဲ ပထမဦးဆုံး Jangguရိုးရာအက​ျဖင့္ ေဖ်ာ္ေျဖမည့္ Korea International University of Arts မွ ေက်ာင္းသူေလးမ်ားကိုဖိတ္ေခၚလိုက္ၾကရေအာင္ပါ "

ပြဲအခမ္းအနား၏ ဒုတိယပိုင္းေဖ်ာ္ေျဖေရးအပိုင္းတြင္ေတာ့ ႏွစ္နိုင္ငံရွိ အႏုပညာေက်ာင္းမ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ားက အဓိကပါဝင္ထားတာျဖစ္ေလသည္ ..ဤအပိုင္းတြင္ ႏွစ္နိုင္ငံ၏ရိုးရာအက ,ေတးဂီတ ႏွင့္ တူရိယာတီးခက္မႈတို႔ပါဝင္ကာ Jeonranto တို႔အဖို႔ေတာ့ စိတ္ဝင္စားစရာက႑မဟုတ္သည့္အတြက္ တာဝန္အရသာ လက္ခုပ္တီးအားေပး႐ုံသာျဖစ္ေလသည္.. ထိုစဥ္ ရိုးရာအကေဖ်ာ္ေျဖရန္ ပထမဦးဆုံးကိုရီယားအကအဖြဲ႕ကို ဖိတ္ေခၚမႈအၿပီးမွာ ရွင္းလင္းေနၿပီး အလင္းေလ်ာ့ထားေသာ စင္ျမင္ထက္သို႔ သဲနာရီပုံစံဗုံမတိုမရွည္ေလးကိုလြယ္ၿပီး ႏွဲမႈတ္သံစဥ္ေနာက္ကေနစီးခ်က္ခ်စြာဝင္လာေသာ ရိုးရာဝတ္စုံနီရဲရဲျဖင့္ မိန္းကေလး ။

တာဝန္အရ ၾကည့္ေနေပမဲ့ သူ႕မ်က္လုံးေတြပိုၿပီးပင့္တက္သြားရသည္က ထိုစင္ျမင့္ထက္က တစ္ေယာက္မွာမိန္းကေလးမဟုတ္ပါဘဲ ခုနကေတြ႕ခဲ့သည့္ ျဖဴျဖဴစြတ္စြတ္ေလးျဖစ္ေနလို႔ပင္.. ထိုလူ၏ ျဖဴေဖြးေဖြးအသားေရာင္မွာ နီနီရဲရဲရိုးရာဝတ္စုံေလးႏွင့္မို႔ အေတာ္ေလးထင္းလင္းေနေလသည္.. ဆံပင္ျဖဴလ်လ်ေတြကိုေတာ့ ေသသပ္စြာထုံးသင္ထားသည့္အတြက္ မ်က္ႏွာအစိတ္အပိုင္းတို႔ကရွင္းလင္း၍ အႏုစိတ္ေလသည္ ။ ႏွဲမႈတ္သံမ်ားႏွင့္လိုက္၍ အခ်က္က်စြာ ခႏၶာကိုယ္၌ေဘးတစ္ေစာင္းလြယ္ထားေသာ ဗုံကို လက္ႏွင့္တစ္ဖုံ drumstick ျဖင့္တစ္ဖုံႏွစ္ဖက္စလုံးျဖင့္ တစ္ခ်က္စီတီးခက္ေလသည္.. ၿပီးေနာက္ လက္ႏွစ္ဖက္စလုံးကိုေလေပၚတြင္ ေထာင့္မွန္က်သည့္ဟန္ျမႇောက္၍ လက္ဆစ္ခ်ိဳး၍ ျဖည္းညွင္းစြာ ကိုယ္လုံးေလးကိုထိုအေနအထားအတိုင္းလွည့္၍ ကေလသည္.. ထို႔ေနာက္ ႏွဲမႈတ္သံ အနည္းငယ္အရွိန္ရလာလွ်င္ လြယ္ထားသည့္ဗုံကေလးကိုတစ္ခ်က္ တစ္ခ်က္တီးကာ တစ္ဘက္လည္၍ စင္အလယ္မွ တျဖည္းျဖည္းေ႐ြ႕ကာ ကေလသည္.. သိပ္မၾကာခင္မွာ ဟိုဟိုဒီဒီလွည့္ပတ္ ကေနသူ၏ ေဘးကေန ဝတ္စုံတူတျခားမိန္းကေလးမ်ားေပၚလာ၍ ပုံစံတူကျပေဖ်ာ္ေျဖေတာ့ေလသည္.. သို႔ရာတြင္ အလင္းမွိန္မွိန္ေလးက ဘယ္တစ္ခ်က္ ညာတစ္ခ်က္ရွိ ကေနသူမ်ားကိုထိုးေပးၿပီး ထိုတစ္ေယာက္ကေတာ့အလယ္တြင္ မီးအလင္းေရာင္ေအာက္​ တစ္ကိုယ္ေတာ္ျဖစ္ကာ ထင္ထင္ရွားရွားျဖစ္ေနေလသည္.. မၾကာခင္မွာ ႏွဲမႈတ္သံေတြ , ပိုၿပီးက်ယ္ေလာင္လာသည့္ ဗုံသံေတြၾကားမွာ လက္ႏွစ္ဖက္ကိုဆန့္တန္းကာျမႇောက္၍ ရိုးရာဝတ္စုံေတြကို ခပ္လွလွ ဝိုင္းသြားသည္အထိ လည္ပတ္ၾကကာ  ပုံစံမ်ိဳးစုံျဖင့္ စီရီကာ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ျဖင့္ေဖ်ာ္ေျဖၾကေလသည္  ..လက္ေတြျမႇောက္ကာ ခႏၶာကိုယ္ကိုလွည့္ပတ္ကာေနရာေတြေ႐ြ႕ရင္း ဗုံကိုတီးခက္လိုက္တစ္ခ်က္ခုံလိုက္ ေျခဖ်ားေတြကိုကစားကာ ေ႐ြ႕ရွားသြားလိုက္ျဖင့္ မ်က္ႏွာဟန္ပန္ကိုၿပဳံးထားကာ ေဖ်ာ္ေျဖေနသည္မွာ ဆြဲေဆာင္မႈရွိေလသည္.. ထိုစဥ္တြင္ စူးစိုက္ၾကည့္ေနမိသည့္ Jeonranto ၏ မ်က္လုံးေတြႏွင့္ အက်အန လွလွေလးၿပဳံးထားေသာမ်က္ႏွာပိုင္ရွင္၏ ခရမ္းေရာင္လြင္လြင္မ်က္ဝန္းတို႔က ထိပ္တိုက္ဆုံမိေလသည္.. ထိုအခါ သူကဘယ္လိုမွမေနေပမဲ့ တစ္ဖက္မွမ်က္လုံးအိမ္မ်ားဟာ မသိမသာဝိုင္းစက္သြားသည့္ဟန္ ရွိေလသည္ ။ ထို႔ေၾကာင့္ စိတ္ညစ္ၫူးစြာျဖင့္ အၾကည့္လြဲလိုက္ေတာ့ေလသည္ ။ ပလီပလာႏွင့္ မာယာမ်ားၿပီး မ်က္ႏွာေျပာင္လွသည္မို႔ ႏွာေခါင္းရႈတ္မိေလသည္

ထို႔ေနာက္ စင္ေပၚကေန အၾကည့္လႊဲလိုက္သည့္သူက စင္ေအာက္၌ခင္းက်င္းထားသည့္ Mc ေတြေနရာယူသည့္စားပြဲသို႔ ဝတ္စုံျပည့္ျဖင့္အမ်ိဳးသားတစ္ေယာက္ေရာက္လာေလသည္ကို သြားေတြ႕ေလသည္..ထိုသည္ကလည္း တစ္ျခားလူမဟုတ္ေသာ Han SeokBin ဆိုသည့္လူပင္ ။ၾကည့္ရတာ Mc အျဖစ္တာဝန္ယူရသည္ထင္သည္..ဒုတိယပိုင္းအတြက္ Mc ကိုအေျပာင္းအလဲလုပ္ထားတာျဖစ္မည္.. သို႔ေသာ္ Han SeokBin ဆိုသည့္လူက ပထမေဖ်ာ္ေျဖမႈတစ္ဝက္က်ိဳးမွ ဘာေၾကာင့္ေရာက္လာရသနည္း.. သူ  Han SeokBin ဆိုသည့္လူကို ေသခ်ာအကဲခက္ေနရင္းျဖင့္ ထိုလူကအက်အန ေနရာယူထိုင္ၿပီးတဲ့ေနာက္မွာ စင္ေပၚရွိ ေဖ်ာ္ေျဖသည့္လူမ်ားၾကားထဲသို႔ မ်က္စိကစားေနဟန္ ။ စကၠန့္ပိုင္းေလာက္အၾကာမွာ Han SeokBin ဆိုသည့္လူ၏ မ်က္လုံးတို႔ကတည္ေနရာကိုရွာေတြ႕သြားသည့္ႏွယ္ ခပ္ၿပဳံးၿပဳံးျဖင့္ ဟိုျဖဴစြတ္စြတ္လူကို ေငးေနေတာ့သည္..

​အဟြန္း! ! Jeonranto မသိမသာႏွာမႈတ္ထုတ္ၿပီး ေလွာင္ေျပာင္လိုက္မိေလသည္ ။ ဒါလား ရိုးသားတာ ။ ဟိုလူရဲ႕ မာယာမ်ားပုံနဲ႕ Han SeokBin ရဲ႕အရည္ေပ်ာ္ေနပုံက သိပ္ကို အခ်ိဳးက်ေနတာ လူျမင္လို႔ေတာင္မေကာင္းေပ ။ ခင္ဗ်ားတို႔က Jeonranto ရဲ႕အစ္မကို ဒီလိုေတာ့ လာေၾကာလို႔မရဘူး ။မၾကာခင္ Jeonranto နဲ႕ေတြ႕ၾကေသးတာေပါ့ အဟက္
.............................................................................

​ေဒါက္ ေဒါက္

႐ုံးခန္း၏ တံခါးကိုေခါက္လိုက္ၿပီးေနာက္ သိပ္မၾကာ " ဝင္ခဲ့ပါ " ဆိုသည့္အသံကိုၾကားရေလသည္ ။ ထိုအခါ တံခါးဖြင့္လ်က္ျဖင့္

" ပါပါး !! ဘယ္သူပါလာလဲ ၾကည့္ပါအုံး "

မမကေန သူ႕ကိုလက္ဆြဲၿပီးေခၚလာကာ ပါပါးအေရွ႕တြင္ရပ္ေစလ်က္ စကားဦးသန္းေလသည္.. ထိုအခါ ပါပါးက မမအသံၾကားသည္ႏွင့္ စာ႐ြက္ေတြထဲ ေခါင္းစိုက္ေနရင္းမွ ေမာ့ၾကည့္လာကာ သူ႕ကိုလည္းေတြ႕ေတာ့ ခ်က္ခ်င္းေနရာမွထလာေလသည္..

" သားငယ္ ! "

" ပါပါး ေနေကာင္းတယ္ေနာ္ "

သူတို႔ သားအဖမ်က္လုံးျခင္းဆုံၿပီးေနာက္ မၾကာခင္မွာဘဲ အခ်င္းခ်င္းအားျပင္းျပင္းျဖင့္ေပြ႕ဖက္လိုက္ေတာ့ေလသည္ ။ ထိုအခိုက္ ေဘးနားမွာရပ္ေနသည့္ မမကလည္း မ်က္ရည္ဝဲပါသည္ ။ ထို႔ေနာက္တြင္ေတာ့ သူတို႔သားဖ သုံးေယာက္လုံး ၿပိဳင္တူေပြ႕ဖက္ကာ ငိုမိၾကေလသည္ ။ ႏွစ္ေတြအၾကာႀကီးေနမွ အခုလိုျပန္ဆုံရတာျဖစ္ေလသည္.. ၾကားကာလေတြအတြင္းမွာ social media ကေန ဘယ္လိုဘဲဆက္သြယ္ခဲ့ပါေစ ။ တကယ္တမ္း ျပန္ဆုံၾကသည့္အခါမွာေတာ့ သတိရလြမ္းဆြတ္သည့္စိတ္က ဘယ္လိုမွထိန္းမထားနိုင္ေပ

" ငါတို႔သားငယ္ေတာင္ ဒီအ႐ြယ္ေရာက္ေနၿပီ.. မာမားက ေကာင္းေကာင္းပ်ိဳးေထာင္လာတာဘဲ "

ပါပါးက သူ႕ကိုေတြ႕ေတာ့ မာမားကိုပါ သတိရဟန္ျဖင့္ ေျပာလာေလသည္.. ဟုတ္သည္ေလ မိသားစုသုံးေယာက္ဆုံေနမွေတာ့ မာမားကို သတိရတာဟာ အဆန္းတၾကယ္ေတာ့မဟုတ္ပါ ။

" ပါပါး နဲ႕ မမ ကို သတိရေန​တာ "

" ​ငါတို႔ Ranto ေလးက လူႀကီးျဖစ္ၿပီးထင္ေနတာ ငိုေနတာဘဲ "

" အာ ..မမ !! "

​" မာမားပါလာရင္ ၿပီးျပည့္စုံၿပီကို "

မမက သူ႕ကိုလည္းစေနာက္ရင္း မာမားကိုလည္းလြမ္းရင္းျဖင့္ ငိုလိုက္ရီလိုက္​​ျဖင့္ ရွိေနေတာ့သည္ ။ Jeonranto သည္ဘယ္ေလာက္ပင္ ေဒါသႀကီးၿပီးၾကမ္းတမ္းေနပါေစ မိသားစုကိုခ်စ္သည့္အမ်ိဳးအစားထဲတြင္ပါဝင္ေလသည္ ။ သူ႕မိသားစုက သူ႕အတြက္ အေရးႀကီးၿပီး သူကာကြယ့္ေစာင့္ေရွာက္ရမည့္ တစ္ခုတည္းေသာအရာျဖစ္ေလသည္ ။ထို႔ေၾကာင့္ ဘယ္သူ႕ကိုမွ သူ႕မိသားစုကိုထပ္​ၿပီးထိပါးခြင့္ေပးမည္မဟုတ္ပါ

" ​ေနအုံး ေနအုံး အခုကဒီလိုေနရမွာမဟုတ္ဘူးဘဲ ။သားငယ္က အခ်ိန္အမ်ားႀကီးမရဘူးမဟုတ္လား ..အခ်ိန္ရွိတုန္း ပါပါးတို႔ညစာအတူစားရင္း စကားေတြအမ်ားႀကီးေျပာၾကရေအာင္လား  "

ထိုအခါမွ အေတြးမ်ားေနသည့္သူသာမက ႏွာတရႈတ္ရႈတ္ျဖစ္ေနသည့္ မမပါ ထိုအစီအစဥ္ကိုသတိရၾကေလသည္.. ၿပီးေနာက္ သားအဖသုံးေယာက္ပခုံးခ်င္းဖက္ကာျဖင့္ ႀကိဳတင္ဘိုကင္လုပ္ထားေသာ ****** hotel ၏ Private Room ျဖင့္စားေသာက္ခန္းဆီသို႔ေရာက္လာၾကေလသည္..

" Ranto လာမယ္ေျပာထားကတည္းက မမ ကဒီေနရာကိုရေအာင္ႀကိဳငွားထားတာေနာ္ "

" မမက ​ေဘာစိဘဲေလ..ဒီေလာက္ေတာ့လုပ္ေပးရမွာေပါ့ "

" ခုမွ တက္သစ္စ Designer ကို ဘယ္ႏွယ့္ေဘာစိရမွာလဲ "

မမက ထိုသို႔ႏွိပ့္ခ်ၿပီးေျပာေန​ေသာ္လည္းတကယ္တမ္း မမက ပြဲဦးထြက္ထားတာမၾကာေသးဘဲ ျပည္တြင္းတြင္သာမက ျပည္ပထိပါ ျမန္ျမန္ဆန္ဆန္ႏွင့္နာမည္ရၿပီး ေအာင္ျမင္မႈရရွိခဲ့သည့္ Designer အျဖစ္လည္းလူသိမ်ားတာျဖစ္ေလသည္..

" သားငယ္.. မာမား အဆုတ္ေရာင္တာ ထပ္ျဖစ္ေသးလား ။ အလုပ္ဘက္မွာေရာ သူ႕ေယာင္းမေတြထပ္ႏွောင့္ယွက္ေသးလား "

လြန္ခဲ့တဲ့ တစ္လက ဖုန္းထဲကေန မာမား,အဆုတ္ေယာင္သည့္အေၾကာင္းႏွင့္ မာမား၏ ေက်ာက္ျမတ္ရတနာလုပ္ငန္းတြင္ hazuki အေမႏွင့္ ဟိုအႁမႊာေကာင္ေတြ၏အေမတို႔ဝင္ႏွောင့္ယွက္သည့္အေၾကာင္းကိုေျပာျပထား၍ ပါပါးကေမးလာေလသည္ ။

" အဆုတ္ေယာင္တာေတာ့ သက္သာလာပါၿပီ ။ ဟိုကိစၥကလည္း အဘိုးျဖစ္တဲ့ဘုရင္ႀကီးနဲ႕ဘဲ တိုက္ရိုက္သက္ဆိုင္တာမို႔.. ထိပ္တိုက္ဘဲေျဖရွင္းလိုက္တယ္။ အဲ့ဒီလုပ္ငန္းကို ဘုရင္ႀကီးက မာမားအတြက္ေနရာေပးထားတာေပမဲ့ ဦးေလးေတြရဲ႕ရွယ္ယာတခ်ိဳ႕လည္းပါေနေသးတယ္ ။အဲ့ဒါေၾကာင့္ က်ေနာ္က လုပ္ငန္းတစ္ခုလုံးကိုျပန္ဝယ္ဖို႔ကမ္းလွမ္းေတာ့ ရွယ္ယာဝင္ထားတဲ့ဦးေလးေတြရဲ႕အမ်ိဳးသမီးေတြကလက္မခံဘူးေလ.. ဘာလို႔လဲဆို မာမားရဲ႕စြမ္းေဆာင္ခ်က္နဲ႕ လက္ဝတ္ရတနာဒီဇိုင္းေတြက လုပ္ငန္းတစ္ခုလုံးအတြက္ အသက္ျဖစ္ေနေတာ့ သူတို႔က မရႉ႕စိတ္ျဖစ္ၿပီး မာမားကိုအပိုင္မေပးခ်င္တာ.. ဒါေပမဲ့ ေနာက္ဆုံးေတာ့ အဘိုးကိုယ္တို​င္သေဘာတူလက္ခံလိုက္ရမွေတာ့ သူတို႔လည္းဘာမွမတက္နိုင္ဘူးေလ က်ေနာ္က မျဖစ္ျဖစ္ေအာင္ကို လုပ္မွေတာ့ "

ထိုလုပ္ငန္းကို အခန့္သာယူၿပီးလုပ္ကိုင္ေနလို႔ရေသာ္လည္း Jeonranto အေနနဲ႕ ထိုအိမ္ေတာ္ကေထာက္ပံ့ထားသမွ်ကို မာနအရလက္မခံခ်င္ေပ ။ထို႔ေၾကာင့္လည္း သူ႕မွာ ေငြအလုံးအရင္းရွိလာသည့္အခါ အကုန္ျပန္အမ္းပစ္ဖို႔အေစာပိုင္းထဲက ဆုံးျဖတ္ခ်က္ခ်ထားခဲ့တာျဖစ္ေလသည္ ..လက္ရွိတြင္လည္း သူ႕မွာ ကိုယ္ပိုင္ဝင္ေငြရွိသည္ကတစ္ေၾကာင္း တစ္ျခားေငြဝင္လမ္းကရွိသည္ကတစ္ေၾကာင္းေၾကာင့္ ဘယ္သူ႕အေထာက္အပံ့ ဘယ္သူ႕ေျခရာထဲမွာမွ ​ဆက္ၿပီး
အႏွိမ္မခံနိုင္ေပ ..

" ​ပါပါး နဲ႕ မာမားလည္း တစ္ခါေလာက္ေတြ႕လို႔ရေအာင္ လုပ္ေပးလိုက္ပါ Ranto ရယ္ ။ မာမား ကိုပါးစပ္ဖ်ားကေနမခ်ေတာ့ဘူး ပါပါးက "

မမက ပါပါးကိုလွမ္းစ​ေလသည္ ။ အေၾကာင္း
မလွ၍ကြာရွင္းခဲ့ရၿပီး ႏွစ္ေတြအၾကာႀကီးတစ္နိုင္ငံဆီ ခြဲၿပီးေနထိုင္ခဲ့ၾကရသည့္ ပါပါး ႏွင့္ မာမားသည္ အေတာ္ေလးအခ်စ္ႀကီးၿပီးသစၥာရွိသည္ဟုဆိုရမည္ ..ယခုထက္ထိပင္ ႏွစ္ဦးစလုံးက ေနာက္အိမ္ေထာင္ျပဳျခင္းမရွိသလို သူတို႔အဆင္ေျပသလိုေလးသာေရွ႕ဆက္ေနၾကေလသည္ ။ အရင္က မာမားကို ကြာရွင္းၿပီးမၾကာခင္မွာပင္ ဘုရင္ဆိုသူအဘိုးမွ ၿမိဳ႕ေတာ္ဝန္ေတြ, အမတ္ေတြျဖင့္ေနရာခ်ေပးဖို႔ စီစဥ္ေသးေလသည္..မာမားသည္ ဂ်ပန္ဧကရာဇ္မ်ိဳးႏြယ္စုတစ္ေလွ်ာက္လုံးတြင္ အလွပဆုံးေသာေတာ္ဝင္မင္းသမီးအျဖစ္မွတ္တမ္းတင္ခံထားရသည့္အျပင္ ပညာအရည္အခ်င္း,အျပဳအမူအေနအထိုင္ကအစ ယဥ္ေက်းၿပီးအထက္တန္းဆန္သည့္အတြက္ ျပည္တြင္းတြင္သာမက ျပည္ပတြင္ထိပါနာမည္ႀကီးသတင္းေမႊခဲ့ေလသည္ ..ထိုအခ်က္သာမက မာမားအိမ္ေထာင္က်ခဲ့သည္ကို ႏွစ္ဖက္အသိုင္းအဝိုင္းမွအပ မည္သူမွမသိရွိခဲ့သည္ကိုပါ အခြင့္ေကာင္းယူ၍ မာမားကိုအိမ္ေထာင္ဖက္ေတြ႕ခိုင္းေလသည္ ။ ထိုအခါ မာမားကလည္း Jeonranto လက္ကိုဆြဲကာ အိမ္ေထာင္က်ခဲ့သည့္အေၾကာင္းသာမက သားသမီးႏွစ္ေယာက္ရွိသည့္အေၾကာင္းကိုပါ အတိအလင္းေၾကညာခဲ့တာျဖစ္ေလသည္ ။ ထိုအခ်ိန္မွစ၍ မာမားကို သူတို႔အရင္လိုေလ်ာ့မတြက္ရဲေတာ့တာျဖစ္ေလသည္..ငယ္စဥ္ဘဝကလို ေခ်ာ့ေမာေျပာလွ်င္ စကားနားေထာင္သည့္ သမီးအလိမၼာမလုပ္နိုင္ေတာ့သည္အထိ မာမားသည္ ဖခင္တို႔ကိုစိတ္နာသြားခဲ့တာျဖစ္ေလသည္..ပါပါးကေတာ့ စီးပြားေရးကိုတစိုက္မတ္မတ္လုပ္ကာ မမကိုအေကာင္းဆုံးပ်ိဳးေထာင္၍သာ ဘဝကိုျဖတ္သန္းေလသည္ ။သူတို႔မိသားစုအရင္လိုျပန္ေနရရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ..အခုေတာ့အေၾကာင္းျပခ်က္ရယ္လို႔ ေရေရရာရာမရွိဘဲသူတို႔သားအမိကို ဧကရာဇ္အိမ္ေတာ္အတြင္းပိတ္ထားသည္က စိတ္ပ်က္ဖြယ္ေကာင္းလြန္းလွေလသည္ ။သို႔ေသာ္ သူကေတာ့ ထိုအိမ္ေတာ္ကေန ထြက္ခြာဖို႔အတြက္ ရရာနည္းလမ္းျဖင့္ဆက္ႀကိဳးစားေနအုံးမွာျဖစ္ေလသည္..

" ဒါက က်ေနာ့္ရဲ႕ပထမဦးဆုံး ျပည္ပခရီးဆိုေတာ့ ေနာက္ဆိုရင္ မာမားကိုပါေခၚလာနိုင္ေတာ့မွာပါ "

​" မမ ဘြဲ႕ရတုန္းက အတူရွိခ်င္ခဲ့တာ ဒါ​ေပမဲ့မျဖစ္ခဲ့ေတာ့လည္း Ranto ဘြဲ႕ရတဲ့အခါမွ မိသားစုလိုက္ဓာတ္ပုံရိုက္ၾကတာေပါ့ "

မမက သူမ ကို သူမႏွစ္သိမ့္ရင္း​​ျဖင့္ ခပ္ဖြဖြၿပဳံးရင္းေျပာလာေလသည္.. သူအမ်ားႀကီး ႀကိဳးစားရမည္ေပ အဘိုးဆိုသူ၏ေလာင္းရိပ္ေအာက္ကေနရႈန္းထြက္နိုင္ဖို႔အတြက္ေလ.. ယခုေတာင္ နားေနသည့္ဟိုတယ္ကေန သက္ေတာ္ေစာင့္ေတြကိုမလိမ့္တပတ္လုပ္ကာထြက္လာခဲ့ရသည္မဟုတ္လား

တီ တီ

ေတြး​​ေနသည္ပင္မဆုံးေသး စားပြဲေပၚတင္ထားသည့္သူ႕ဖုန္းကထျမည္လာေလသည္ ..ထို႔ေၾကာင့္ ေမွာက္ထားသည့္ဖုန္းကိုလွန္လိုက္ေလကာ ၾကည့္လိုက္ေလေတာ့ သက္ေတာ္ေစာင့္ Shitaro ဆီမွျဖစ္သည္.. ခပ္ျမန္ျမန္ စာရိုက္ကာ " မနက္ျဖန္ကိုယ့္အစီအစဥ္ျဖင့္ျပန္လာမည့္အေၾကာင္းႏွင့္ သတင္းမျဖစ္ေစရဘူး " ဆိုသည့္အေၾကာင္းကိုေျပာလိုက္ေလသည္.. ထိုအခါ ေနာက္ မိနစ္ ၂၀ဆိုရင္ ပါပါးအိမ္တြင္လာေရာက္ေခၚေဆာင္မည္ဟုေျပာလာေလသည္.. သူစိတ္မရွည္ေတာ့၍

" မင္းသမီး Anna တို႔ဇနီးေမာင္ႏွံျပန္လည္ေပါင္းဖက္ေနပါတယ္ " ဆိုၿပီး ဓာတ္ပုံေတြနဲ႕တကြ သတင္းတက္လာတာျမင္ခ်င္လာဟုေမးလိုက္ေတာ့ တစ္ဖက္ကေနတိတ္ဆိတ္သြားေလသည္..သို႔​ေသာ္နာရီဝက္ေလာက္ၾကာမွ မနက္ျဖန္မနက္အေစာပိုင္းေလယာဥ္ျဖင့္ ျပန္လာခဲ့ဖို႔မွာၾကာေလသည္ ..ထိုသည္က အဖိုးဆိုသူကိုဆက္သြယ္၍အေၾကာင္းျပန္ၾကားသည့္ပုံပင္.. ထိုကိစၥကတစ္ခန္းရပ္သြားေလေတာ့ သူတို႔သားအဖေတြလည္း JeonRanto ၏ေက်ာင္းကိစၥေတြ, မမ၏အိမ္ေထာင္ျပဳမည့္ကိစၥႏွင့္ မာမား၏စီးပြားေရးအတြက္ plan စသည့္အနာဂတ္ႏွင့္ဆိုင္သည့္အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကိုေျပာျဖစ္ၾကရင္းသာ ညစာကိုလက္ဆုံစားျဖစ္ခဲ့ေလသည္
..............................................................................

Hotel ကေန ညစာစားၿပီးျပန္လာေတာ့ မမကသူ႕ အတြက္အခန္းျပင္ေပးရေလသည္..အားလုံးကိုယ္စီ ကိုယ္လက္သန့္စင္ၿပီးေနာက္ ဧည့္ခန္းမွာ အသီးစားရင္းဆုံျဖစ္ၾကေသးသည္ ဟိုဟိုဒီဒီျဖင့္ညနက္သည္အထိေနၾကသည္မို႔ ေနာက္ဆုံးေတာ့ သူႏွင့္မမသာ က်န္ခဲ့ပါေတာ့သည္.ထိုအခါ Jeonranto သည္ မေျပာမျဖစ္သည့္အေၾကာင္းအရာတစ္ခုကိုလည္း ေျပာရျပန္ေလသည္..

" မမ တကယ္ဘဲ အဲ့ဒီလူကိုလက္ထပ္ဖို႔​ဆုံးျဖတ္ထားတာလား "

" ဟမ္ ..အာ မမေျပာျပထားတယ္ေလ, ranto က Seokbin oppa နဲ႕ အစ္ကို Tae ကိုအထင္လြဲေနတာပါလို႔ "

" မမက က်ေနာ့္ကိုငတုံးလို႔ထင္​ေနတာလား ။ ဘယ္ေယာကၤ်ားေလးမိတ္ေဆြေတြက သူတို႔လိုပုံပ်က္ပန္းပ်က္ျဖစ္ေအာင္ ကဲသဲေနၾကလို႔လဲ, အရင္ကေတာ့ သတင္းအေနနဲ႕ဘဲၾကားခဲ့ရတာဆိုေပမဲ့ ဒီေန႕မ်က္စိနဲ႕တပ္အပ္ျမင္လာခဲ့ေတာ့မွ သူတို႔ဘယ္ေလာက္ထိခရီးေရာက္ေနသလဲဆိုတာ သိရေတာ့တယ္ ။ သူတို႔ မမကိုရိုက္သြင္းထားတဲ့အတိုင္း ယုံၾကည္ေနရင္ေတာ့ မမကသူတို႔အတြက္ရီစရာႀကီးျဖစ္ေနလိမ့္မယ္ "

Ranto ေျပာသည္က သာမန္ဆန္ေလသည္.. သို႔ေသာ္ SeokBin oppa ကသူ႕ေဘးနားကလူတိုင္းကိုဂ႐ုတစိုက္ရွိၿပီး ၾကင္နာတတ္သူမို႔ Taevender လိုခိုကိုးရာမရွိသည့္ရိုးရိုးအအေလးကို ပိုၿပီးဂ႐ုစိုက္ေစာင့္ေရွာက္ေပးသည္က အထူးအဆန္းေတာ့မဟုတ္ေခ်ေပ ။ၿပီးေတာ့ Taevender ကိုစတင္ကမ္းလွမ္းခဲ့သူမွာ SeokBin oppa ျဖစ္သည္မို႔တျခားလူေတြထက္ SeokBin oppa မွာတာဝန္ပိုရွိေလသည္ကတစ္ေၾကာင္းမဟုတ္လား.. ထိုသည္က Taevender ကို Seokbin oppa သာမက Yuina ပါသိကြၽမ္းေနၿပီး တခါတရံအကူအညီေပးျဖစ္သည္ျဖစ္ရာ သုံးေယာက္လုံးလုံးပြင့္ပြင့္လင္းလင္းသိကြၽမ္းေနသည့္ဆက္ဆံေရးမို႔ သူမကဘဲစိတ္ရွင္းေနသည္ထင္သည္

" SeokBin oppa ရဲ႕ type ကိုက သူ႕ေဘးကလူတိုင္းကိုဂ႐ုစိုက္ၿပီးၾကင္နာတတ္တဲ့ပုံစံမို႔ ..အေၾကာင္းမသိရင္ အထင္လြဲနိုင္တာေပါ့.. အဲ့ဒါေၾကာင့္ Ranto ကအျမင္မၾကည္ျဖစ္ေနတာ ။ၿပီးေတာ့ အစ္ကို Tae နဲ႕လည္း မမသိကြၽမ္းေနတာ သူကအေနေအးၿပီး စိတ္ရင္းလည္းရိုးရိုးေလးရယ္ "

မမက Han SeokBin ဆိုသည့္လူကို သိပ္ကိုယုံၾကည္လြန္းေလသည္.. သူ႕ကိုစေတြ႕တဲ့ေန႕မွာတင္ ၫုတုတုလုပ္ၿပီးမာယာသုံးသြားသည့္ Taevender ဆိုသည့္လူကိုလည္း ရိုးအသည္တဲ့.. ထိုလူမ်ားသည္ ဘယ္လိုေတာင္အယုံသြင္းထားသလဲမဆိုတတ္..မမ၏စကားေတြဟာ ဦးႏွောက္အေဆးခံထားရသည့္လူႏွယ္ ယုံၾကည္မႈလြန္ကဲေနေလသည္.. ထို႔ေၾကာင့္ ဆက္ေျပာေနရင္လည္း မမႏွင့္အေျခအတင္ျဖစ္ဖို႔သာရွိေတာ့သည္မို႔ အမိအရသက္ေသျပနိုင္သည့္အခ်ိန္မွသာ မမကိုဆုံးမအုံးမည္ဟု ေတးထားလိုက္ေလသည္..

" ​မမက ေျပာမရေတာ့ ဒီစကားကိုဒီမွာတင္ရပ္ထားလိုက္မယ္ ။ ဒါေပမဲ့ ႀကိဳေျပာခ်င္တာက " ယုံၾကည္မႈလြန္းကဲေနတဲ့မမစိတ္ကို နည္းနည္းစီ ေလ်ာ့ထားေစခ်င္တယ္ အရွိန္ျပင္းတာက ပိုၿပီးရိုက္ခ်က္ျပင္းတာမို႔လို႔ေလ  "

သူထိုသို႔ တိတိပပေျပာလိုက္ေလေတာ့​ မမကမ်က္ႏွာမေကာင္းစြာႏွင့္ စိုးရိမ္တႀကီးေျပာလာေလသည္

" Ranto မမကို စိတ္ဆိုးသြားတာလား ။ မမက .."

" မဟုတ္ဘူးမမ ။ က်ေနာ့္အေနနဲ႕ တစ္ဖက္လူကိုလုံးဝအယုံအၾကည္မရွိတာမို႔ မမရဲ႕ခံစားခ်က္ေတြကိုအထိအခိုက္ကင္းေအာင္ေလ်ာ့ထားေစခ်င္႐ုံပါ "

" ​ဟုတ္ပါၿပီ စိတ္မဆိုးဘူးဆိုရပါၿပီ ။ တစ္ခါတေလမွဆုံရတဲ့ ေမာင္ေလးကို မမကတျခားကိစၥအတြက္နဲ႕စိတ္ဆိုးေအာင္လုပ္မိသလားလို႔ စိတ္ပူသြားတာ "

မမကေတာ့ စိတ္သက္သာရာရသြားသလို တတြက္တြက္ေျပာေနေပမဲ့ Jeonranto မွာေတာ့ မနက္ျဖန္ညေနေစာင္းမွ Tokyo သို႔ျပန္ရန္ဆုံးျဖတ္ထားလိုက္ၿပီး မနက္ပိုင္းေလာက္ Han SeokBin ဆိုသည့္လူႏွင့္ေတြ႕ဖို႔ရန္ဆုံးျဖတ္ထားလိုက္ေလသည္ ။
..............................................................................
​တေန႕ကုန္ဟိုကူးဒီကူးျဖင့္ သြားလာထားရသည္မို႔ Jeonranto တစ္ေယာက္ အိပ္ရာအေျပာင္းအလဲရွိသည္ကိုပင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ခဲ့ေလသည္.. သို႔ေသာ္ နာရီအေတာ္ၾကာ အပူပင္ကင္းကင္းအိပ္စက္ၿပီးတဲ့ေနာက္တြင္ေတာ့ သူ၏စိတ္ဝိဉာည္ဟာ တံခါးေပါက္တစ္ခ်ပ္၏အေရွ႕တြင္ ေရာက္ရွိေလသည္..

ထိုေနရာသည္ ပါပါးအိမ္၏အေနာက္ဘက္​ ၿခံစည္းရိုး၏နယ္နိမိတ္ျဖစ္သည့္ တံခါးခ်ပ္တစ္ခု၏ေရွ႕တြင္ ျဖစ္ေလသည္.. ဆူညံသံတခ်ိဳ႕ၾကားေနရသည့္ထိုတံခါးကိုစူးစမ္လိုစိတ္ျဖင့္ ဆြဲဖြင့္လိုက္သည့္အခါတြင္ေတာ့ ေရွးက်သည့္ၿမိဳ႕ေဟာင္းတစ္ခုကို မ်က္ဝါးထင္ထင္ေတြ႕ရေလသည္.. ေဟာင္းႏြမ္းႏြမ္းအဝတ္ေတြႏွင့္ အိုေဟာင္းေဟာင္းအိမ္အပုေလးမ်ား... ေစ်းတန္းျဖစ္ပုံရသည့္လမ္းေပၚတြင္ ေစ်းသည္မ်ားႏွင့္ ရိုးရာဝတ္စုံလိုခပ္ႏြမ္းႏြမ္းေတြကိုဝတ္ဆင္ထားသည့္လူမ်ားကတစ္ေယာက္တစ္ေပါက္ေအာ္ဟစ္စကားေျပာကာ ျဖတ္သန္းသြားလာေနၾကေလသည္..သူကိုယ္တိုင္ပင္ မသိလိုက္ဘဲ နယ္ကြၽံမိတဲ့သူ႕ေျခရာလွမ္းေတြေၾကာင့္ ထိုအရပ္ေဒသအတြင္းသို႔ ေရာက္ရွိမိေလသည္

ထိုစဥ္တြင္ ပိုးထည္မ်ားေရာင္းေသာ အေရာင္းဆိုင္အေသးေလးရွိ ဇနီးေမာင္ႏွံကိုေတြ႕ရေလသည္.. ထိုဇနီးေမာင္ႏွံကို ၾကည့္လိုက္ေလေတာ့ Jeonranto ၏စိတ္ထဲတြင္ တစ္မ်ိဳးတစ္မည္ျဖစ္သြားေလသည္ ။ သူ၏စိတ္ထဲတြင္  ထိုဇနီးေမာင္ႏွံကိုရင္းႏွီးေနသေယာင္, မစိမ္းသက္ေနသလို ခံစားေနရေလသည္.. ထိုစဥ္တြင္ပင္ ျမင္းခြာသံမ်ားကို က်ယ္က်ယ္ေလာင္ေလာင္ၾကားလိုက္ရ၍ ထိုအနီးနားပတ္ဝန္းက်င္တခြင္လုံးရွိလူတို႔၏မ်က္လုံးမ်ားသည္ အေဆာင္အေယာင္သားနားလွသည့္အျပင္အဆင္ရွိလွေသာျမင္းေပၚမွလူတစ္စုထံသို႔ စုကုန္ၾကေလသည္.. ၿပီးေနာက္ ထိုျမင္းေပၚရွိလူမ်ားမွာ ေစ်း၏ဆုံခ်က္မွာရပ္၍ ေခါင္းေဆာင္ျဖစ္ဟန္တူသူ အကၤ်ီရင္ဘတ္အတြင္းမွ စာလႊာတစ္ခုကိုထုတ္၍ေအာ္လာေလသည္..

" ​ျပည္သူျပည္သားမ်ားထံသို႔အသိေပးစာ! ! တိုင္းျပည္အတြင္းရွိ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအား စစ္တမ္းေကာက္ယူသြားမည္ျဖစ္၍ မနက္ျဖန္ညေနမွ ညသန္းေခါင္ယံအတြင္း မိမိ၏ေနအိမ္မ်ားတြင္သာ ေနထိုင္ေပးရန္ အသိေပးအပ္ပါတယ္ ။ပုံ - LeeWon မယ္မယ္၏အမိန့္ေတာ္ "

​စစ္သူႀကီးမ်ားျဖစ္ဟန္တူသည့္လူမွ အမွာစာကိုဖတ္ျပေၾကညာၿပီးေနာက္ ေစ်းပတ္ဝန္းက်င္မွလူမ်ားဟာတစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္မိၾကေလသည္.. ထိုအခ်ိန္တြင္ Jeonranto ၏မ်က္လုံးမ်ားသည္ ပိုးထည္ဆိုင္အတြင္းမွ အမ်ိဳးသမီးျဖစ္သူ၏ အနည္းငယ္ျပည့္ေဖာင္းေနေသာဗိုက္သားကို အၾကည့္ေရာက္မိေလသည္..

ထို႔ေနာက္တြင္ေတာ့ နန္းေတာ္မွစစ္ေဆးေရးတပ္မ်ားသည္ တိုင္းျပည္အတြင္းရွိအိမ္တိုင္းကို ဝင္ေရာက္ကာ ကိုယ္ဝန္ေဆာင္မ်ားအားစစ္တမ္းေကာက္ယူေတာ့သည္.. ၿပီးေနာက္ Jeonranto သည္ ထိုစစ္ေဆးေရးတပ္မ်ားႏွင့္အတူ နန္းေတာ္အတြင္းသို႔ေရာက္သြားရျပန္သည္.. ထည္ဝါၿပီးေရွးက်၍တန္ဖိုးႀကီးေသာအေဆာင္အေယာင္မ်ားျဖင့္ တန္ဆာဆင္ထားေသာ နန္းေတာ္ခန္းမအတြင္းသို႔ေရာက္လာမိေလသည္.. ထိုေနရာတြင္ ခုနက စစ္သူႀကီးမ်ားသည္ ကိုရီးယားရိုးရာဝတ္စုံကိုအဆင့္အတန္းျမင့္ျမင့္ဝတ္ဆင္ထားေသာ အမ်ိဳးသမီးအိုထံသို႔ စစ္တမ္းေကာက္ယူခဲ့သမွ်ကို ရိုက်ိဳးစြာေလွ်ာက္တင္ေနေလသည္..

" တိုင္းျပည္ရဲ႕နယ္နိမိတ္အတြင္းက ​ေဒသအသီးသီးဆီသို႔ သြားေရာက္စစ္တမ္းေကာက္ယူျခင္းအရ တိုင္းျပည္အတြင္း ကိုယ္ဝန္ေဆာင္ေနသည့္အမ်ိဳးသမီးဦးေရမွာ စုစုေပါင္းအေယာက္ ၅၀ ရွိၿပီး လက္တေလာ၌ေမြးဖြားနိုင္ေျခရွိသည္္က ၁၅ေယာက္ ရွိၿပီး , ေနာက္ ၃လအၾကာတြင္ ေမြးဖြားနိုင္ေခ်ရွိသည့္အမ်ိဳးသမီးဦးေရက ၂၅ ေယာက္ ႏွင့္ က်န္အမ်ိဳးသမီး ၁၀ ဦးမွာေတာ့ ကိုယ္ဝန္ေဆာင္သည့္ကာလႏုေသးသည္ဟု သိရပါတယ္ မယ္မယ္ "

" ငါနားလည္ၿပီ.. ေမာင္မင္းတို႔ကို ေနာက္ရက္သတၱပတ္ေနမွ တာဝန္တစ္ခုထပ္ေပးမယ္ ။အခု တာဝန္ေက်ၿပီးမို႔ ထြက္ခြာနိုင္ၿပီ "

မယ္မယ္ဆိုသည့္အမ်ိဳးသမီးအိုက စစ္သူႀကီးမ်ားထံသို႔ အေႂကြေစ့မ်ားထည့္ထားသည့္ ပိုးသားအိတ္ထုတ္ေလးကို ေပး၍ေျပာေလေတာ့ စစ္သူႀကီးႏွင့္မႉးမတ္မ်ားက

" ေက်းဇူးႀကီးျမတ္လွေၾကာင္းပါ မယ္မယ္ "

ထိုစစ္သူႀကီးတပ္ဖြဲ႕နန္းေတာ္ခန္းမေဆာင္ထဲမွ ထြက္ခြာသြားၿပီးေနာက္တြင္ေတာ့ ထိုအသက္၆၀အ႐ြယ္မိဖုရားေခါင္ႀကီးဆိုသူမွာ နန္းေတာ္ပရဝုဏ္အတြင္းမွ နန္းေဆာင္မ်ားစြာကိုေက်ာ္ျဖတ္ၿပီးေနာက္ သူမ၏နန္းေဆာင္သို႔ဝင္ေလသည္.. ခဏအၾကာ မိုးေသာက္ရန္အခ်ိန္ေရာက္ေသာအခါ သူမ၏အၿခံအရံမ်ားကိုထားခဲ့၍ နန္းေတာ္​၏အေနာက္ေျမာက္ပိုင္းရွိ ယခင္ဘုရင္၏စာဖတ္ေဆာင္အလြန္ရွိ လမ္းအဆုံးျဖင့္သည့္ ဝါးပင္႐ုံမ်ားစီတန္းေန​ေသာအေနာက္အရပ္ကုန္းျမင့္ကိုမ်က္ႏွာမူလိုက္ေလသည္.. ထိုကုန္းျမင့္၏ေဒါင္လိုက္ရွိေသာမ်က္ႏွာျပင္တြင္ ေက်ာက္ခဲေက်ာက္သားမ်ားျဖင့္ပိတ္ဆို႔ထားၿပီး အနီေရာင္ႀကိဳးမ်ားျဖင့္စည္းႏွောင္ထားေလသည္..Jeonranto ရပ္ၾကည့္ေနမိခ်ိန္တြင္ပင္ ထိုအမ်ိဳးသမီးအို၏ႏႈတ္ဖ်ားမွ စကားတခ်ိဳ႕ထြက္က်လာေလသည္..

" သားေတာ္ , အခ်ိန္ခဏေလးဘဲ ေစာင့္ေပးပါ ။မယ္ေတာ္က သားေတာ္ကိုလြတ္ျမႇောက္ေအာင္စြမ္းေဆာင္ေပးပါ့မယ္ ။ ငါ့သားေလးက ဆက္စပ္ နန္းေတာ္ကိုျပန္လာခဲ့ရမယ္ ငါ့သားေလးဒီအေမ့ဆီျပန္လာခဲ့ပါ "

ထိုအမ်ိဳးသမီးအိုက ကုန္း​​ျမင့္နံရံမွေက်ာက္တုံးေက်ာက္ခဲမ်ားကိုထိကိုင္၍ ခပ္ေဆြးေဆြးေျပာေနပုံမွာ ထိုေက်ာက္ခဲနံရံ၏ေနာက္တြင္ လူတစ္ေယာက္ေယာက္ကပိတ္ခံထားရသည့္ႏွယ္

​ထိုမွတစ္ဆင့္ ရက္သတၱပတ္အၾကာတြင္ LeeWonမယ္မယ္ သည္ တိုင္းျပည္အတြင္းရွိကိုယ္ဝန္ေဆာင္မ်ားအား ရိကၡာႏွင့္ေဆးဝါးမ်ားေထာက္ပံ့ေပးသည္ဟူေသာအသံကိုပ်ံ့လြင့္ေစသည္.. ထို႔ေနာက္ လအနည္းငယ္ထပ္ၿပီးၾကာျမင့္လာျပန္ေတာ့ နန္းေတာ္ျပင္ပမွ ဘုရင္၏သာမန္အရပ္သားမိဖုရားဆိုသူ၏မ်ိိုးဆက္ရွိေၾကာင္း သတင္းထပ္လြင့္ျပန္ေလသည္..ထိုအေျခအေနတြင္ နန္းေတာ္အတြင္းရွိ မိဖုရားေခါင္ႀကီး၏အေဆာင္အတြင္း၌ နတ္ဆရာမႀကီးတစ္ဦး၏ အႀကီးအက်ယ္ေဟာေျပာမႈကိုလည္းၾကားရေလသည္..

" ေနာက္သုံးရက္ေနရင္ ေနၾကတ္လိမ့္မယ္ ။ မြန္းတည့္အခ်ိန္ ၁၂ နာရီတိတိမွာ ျဖစ္ပြားလိမ့္မယ္.. အဲ့ဒီအခ်ိန္အတြင္းမွာ ယစ္ပူေဇာ္ပြဲတစ္ခုကိုက်င္းပရမယ္ ။ အဲ့ဒီယစ္ပူေဇာ္ေနတဲ့အခ်ိန္နဲ႕ ေနၾကတ္ခ်ိန္အတြင္းမွာ ေမြးဖြားလာမဲ့ ကေလးက ဒီနန္းေတာ္ရဲ႕အစားထိုးဘုရင္ျဖစ္လာလိမ့္မယ္ "

​ထိုနတ္ဆရာမႀကီး၏ေဟာၾကားခ်က္အတိုင္းပင္ ေနာက္သုံးရက္အၾကာတြင္ ေနၾကတ္ျခင္းျဖစ္ပြားေလသည္.. ထိုအခ်ိန္တြင္ နန္းေတာ္အတြင္း၌ အက်ဥ္းသားစစ္သုံ႕ပန္း အေယာက္ ၃၀ကိုေခါင္းျဖတ္သတ္ျဖတ္ကာ ယစ္ပူေဇာ္ပြဲကို တိုးတိုးတိတ္တိတ္က်င္းပေလသည္.. တစ္ဖက္၌လည္း ထိုအခ်ိန္ႏွင့္တစ္ေျပးညီတြင္ပင္ ေျမနိမ့္ပိုင္းေဒသ၏အိမ္ကေလးအတြင္း၌ သားေယာကၤ်ားေလးတစ္ဦးကို ခက္ခက္ခဲခဲေမြးဖြားခဲ့ေလသည္..သို႔ျဖစ္၍ တန္ျပန္အက်ိဳးဆက္မွာ ကေလးမိခင္ျဖစ္သူသည္ ေမြးဖြားၿပီးသည္ႏွင့္အသက္ဆုံးရႈံးသြားရေလသည္။ ျဖစ္ခ်င္ေတာ့ ထိုကေလးေမြးဖြားသည့္ အမ်ိဳးသမီးမွာတျခားလူမဟုတ္​ဘဲ Jeonranto ေစ်းထဲတြင္ေတြ႕ခဲ့ေသာ ပိုးထည္မ်ားေရာင္းသည့္ဆိုင္မွကိုယ္ဝန္ေဆာင္ျဖစ္ေနေလသည္..႐ုတ္ခ်ည္းဆိုသလို သူ႕ရင္ထဲဝမ္းနည္းသြားရသည္မွာ မည္သို႔ေသာဆက္စပ္မႈျဖစ္မည္နည္း

ထိုကေလး ေမြးၿပီးတဲ့ေနာက္တြင္ေတာ့ နန္းေတာ္အတြင္းမွ လူမ်ားသည္ ထိုကေလးကိုနန္းေတာ္အတြင္းသို႔ေခၚေဆာင္နိုင္ရန္ႀကိဳးစားေတာ့ေလသည္ ..နန္းတြင္းရွိအပ်ိဳေတာ္ထိန္းသည့္အမ်ိဳးသမီးႏွင့္ စစ္သူႀကီးမ်ားမွ မယ္မယ္၏အမိန့္ဟုဆိုကာ ထိုကေလးကို ဖခင္ထံမွအသာတၾကည္ေတာင္းခံေလသည္.. ထိုေတာင္းခံမႈတြင္ေသခ်ာေပါက္ အေဆာင္အေယာင္ ေငြအင္အား အေပးအယူမ်ားစြာပါဝင္ေလသည္.. သို႔ေသာ္ မည္သို႔ပင္စည္း႐ုံးေစကာမူ ဖခင္ျဖစ္သူမွာလက္သင့္မခံသည့္အတြက္ နန္းတြင္းမွလူမ်ားသည္ " မယ္မယ္၏ အဲ့ဒီကေလးကိုမရရတဲ့နည္းနဲ႕ ေခၚလာခဲ့ " ဆိုသည့္အမိန့္စကားကိုလိုက္နာကာ ဖခင္ျဖစ္သူကိုသတ္ျဖတ္၍ ကေလးကိုေခၚေဆာင္ခဲ့ေတာ့ေလသည္..

​ထိုအခါမွစ၍ ႏွောင္းပိုင္းကာလမ်ား၌ ထိုကေလးသည္ နန္းေတာ္၏ဧခရာျဖစ္လာေလသည္ ။ နန္းေတာ္ထဲ၌ မင္းသားတစ္ပါးလို ျပဳစုပ်ိဳးေထာင္မႉမ်ားျဖင့္ ႀကီးျပင္းခဲ့ရၿပီး အသက္သုံးႏွစ္အ႐ြယ္ေမြးေန႕အထိန္းအမတ္ေန႕တြင္ တိုင္းခန္းလွည့္လည္ရာ၌ မယ္မယ္မွ ျပည္သူမ်ားထံသို႔ ထီးနန္းဆက္ခံသူအျဖစ္ေၾကညာအသိေပးခဲ့ေလသည္ ။ ကြယ္လြန္သြားခဲ့ၿပီးျဖစ္ေသာဘုရင္ဆိုသူ၏ သာမန္အရပ္သားမိဖုရား၏ ေျမးအျဖစ္ ျပည္သူမ်ားကိုသိေစ၍ မင္းသား JeonJungkook က အသက္ ၁၂ ႏွစ္ျပည့္ပါက ထီးနန္းဆက္ဆံရမည္ဟု အတိအလင္းထုတ္ျပန္ထားေလသည္..

အရာအားလုံးသည္ လက္ရွိနန္းတြင္း၌အာဏာအရွိဆုံး​​အမ်ိဳးသမီးျဖစ္သည့္ ဘုရင္ Junshin ၏ မယ္ေတာ္, LeeWon မယ္မယ္၏ လုပ္ႀကံဇာတ္လမ္းတစ္ပုဒ္သာသာျဖစ္သည္..

တေ႐ြ႕ေ႐ြ႕ႏွင့္ သူတေလွ်ာက္လုံးျမင္လာရသည့္ပုံရိပ္ေယာင္မ်ားသည္ မည္မွ်ခရီးေရာက္ခဲ့သလဲဆိုလွ်င္ မင္းသား Jeon Jungkook သည္ပင္ ထီးနန္းအရိုက္အရာကိုဆက္ခံရ၍ ဘုရင္ Jeon Jungkook အျဖစ္သို႔ေရာက္ရွိခဲ့ၿပီးျဖစ္သည္.. တိုင္းျပည္တြင္ပြဲေတာ္တစ္ခုကဲ့သို႔ စည္ကားခဲ့သည့္ ဘုရင္ Jeon ၏ထီးနန္းဆက္ခံသည့္တိုင္းခန္းလွည့္လွည္သည့္အခမ္းအနား.. ဘုရင္ မရွိတာၾကာခဲ့ၿပီးျဖစ္သည့္ ဤတိုင္းျပည္တြင္ ႏွစ္ေတြအၾကာႀကီးေနမွ နန္းတက္လာသည့္ဘုရင္မို႔ လူေတြကပိုၿပီးစိတ္ဝင္စားသည္ကပါေလသည္.. ျမင္းႏွင့္စစ္မတ္ေတြ ကာကြယ္ေရးစစ္သူႀကီးေတြရဲ႕ၾကားမွ အၿခံအရံမ်ား ထမ္းပိုးထားေသာ စီးေတာ္ယဥ္ႏွင့္ပုလႅင္ထက္မွ ပထမဦးဆုံးမ်က္ႏွာျပလာသည့္ ဘုရင္ Jeon ..စီးေတာ္ယဥ္၏ ေအာက္ေျခမွစ၍ ျမင္ေနရသည္က က်က္သေရရွိ၍အဆင့္အတန္းျမင့္လွေသာ အနက္ေရာင္ရိုးရာဖိနပ္, ဂုဏ္အရွိန္အဝါအျပည့္ရွိၿပီး ခမ္းနားလွေသာ ေ႐ႊေရာင္နဂါးပုံႂကြင္းပါသည့္ အနီေရာင္ပိုးထည္ဝတ္႐ုံႏွင့္ ေ႐ႊေရာင္ခါးပတ္, ထိုမွတစ္ဆင့္ ျမင့္ျမတ္ျခင္း၏ထိပ္ေခါင္ အနက္ေရာင္ဘုရင့္ေခါင္းေဆာင္းႏွင့္လိုက္ဖက္ညီလွေသာမ်က္ႏွာ, ၾကည္လင္ၿပီးေျဖာင့္မတ္ေသာမ်က္လုံးဝိုင္း, ႏွာတံျမင့္ျမင့္လုံးလုံးႏွင့္ တိက်ေသသပ္ေသာ ႏႈတ္ခမ္းပါးတင္းတင္း ,ေမးရိုးထင္းထင္းႏွင့္မ်က္ႏွာသြယ္လ်လ်က ရဲရင့္ေသာျခေသၤ့၏အသြင္အျပင္ႏွင့္ ပညာရွိၿပီး ေအးခ်မ္းဟန္သေကၤတ ဇီးကြက္ျဖဴတို႔၏အသြင္ကိုေပါင္းစပ္ထားသည့္ အရွိန္အဝါမ်ိဳးျဖစ္ေလသည္..

Jeonranto သည္ ဤျမင္ကြင္းကို ရပ္ၾကည့္ေနရာကေန႐ုတ္ခ်ည္းဆိုသလို အံ့ၾသဘနမ္းျဖစ္ရေလသည္.. အေၾကာင္းမွာေတာ့ တေလွ်ာက္လုံးဝိုးတဝါးပုံရိပ္မ်ား၌ တိက်ရွင္းလင္းစြာမျမင္ခဲ့ရေသာ Jeon ဘုရင္၏ မ်က္ႏွာမွာ သူ၏မ်က္ႏွာႏွင့္ တပုံစံတည္းျဖစ္ေနတာေၾကာင့္ပင္.. ဘယ္လိုလုပ္ သူက ႏွစ္ေယာက္ျဖစ္ေနရသနည္း ..ဒါမွမဟုတ္ သူတစ္ေယာက္ထဲလား

သူတို႔က ဘယ္လိုဆက္စပ္ေနသနည္း.. အိပ္မက္မ်ားလား

ဒါမွမဟုတ္ တျခားကမၻာမ်ားလား...

တေ႐ြ႕ေ႐ြ႕ႏွင့္ ေရွးေဟာင္းလမ္းမႀကီးတစ္ခုမွ မႉးမတ္မ်ား၏ေၾကညာသံ ျမင္းခြာသံေတြ အရပ္သားျပည္သူမ်ား၏ စကားတီးတိုးသံတို႔ႏွင့္ ေဝးကြာလာေတာ့ေလသည္..
............................................................................

​" Ranto! ! Ranto "

နားထဲစူးစူးရွရွၾကားေနရသည္က မမ၏ ေခၚသံက်ယ္က်ယ္.. မ်က္လုံးဖြင့္လိုက္ေတာ့ တကယ္ဘဲ မမက သူ႕ကိုေခၚႏွိုးေနတာျဖစ္သည္

" ဘာလဲ မမ "

" မနက္စာစားဖို႔လာႏွိုးတာ...ဟိုမွာဖုန္းကလည္းျမည္ေနတာၾကာၿပီး ။ ဒါဆိုႏွိုးၿပီးမဟုတ္လား မမတို႔ထမင္းစားခန္းမွာေစာင့္ေနမယ္ေနာ္ ဆင္းလာခဲ့လိုက္ "

​ထို႔ေနာက္ မမ ထြက္သြားေတာ့ ဖုန္းကိုေကာက္ယူၿပီးၾကည့္လိုက္ေလေတာ့ ဧကရာဇ္အိမ္ေတာ္က သက္ေတာ္ေစာင့္၏ေခၚဆိုမႈမ်ားကိုေတြ႕ရေလသည္ ။ Private ေလယာဥ္ျဖင့္လာႀကိဳမည္ကိစၥေၾကာင့္ထင္သည္.. ထို႔ေၾကာင့္ ဖုန္းျပန္ေခၚ၍ ညေနမွေလယာဥ္လြတ္လိုက္ဖို႔ျပန္ေျပာလိုက္ေလသည္.. ၿပီးေနာက္ မ်က္ႏွာသစ္ သန့္ရွင္းေရးလုပ္ၿပီးေတာ့ ထမင္းစားခန္းကိုဆင္းၿပီးထမင္းစားရေလသည္ ။အိမ္အကူရယ္လို႔မရွိသည့္ ပါပါး၏အိမ္သည္ ေတာ္ေတာ္ေလးကိုေနလို႔ေကာင္းေလသည္.. ဟိုအိမ္ကေတာ့ အိမ္အကူေတြ သက္ေတာ္ေစာင့္ေတြ တခါတေလဝင္ထြက္ေလ့ရွိသည့္ ေတာ္ဝင္လက္ေထာက္ေတြ, လုပ္ငန္းအတြက္ မန္ေနဂ်ာေတြ စသျဖင့္အမ်ိဳးစုံစြာျဖင့္ ရႈတ္ယွက္ခက္ေနေတာ့သည္ ။မနက္စာ စားၿပီးေတာ့ မမကသိမ္းဆည္းကာ ေဆးေၾကာေနခ်ိန္၌ Jeonranto သည္ အလုပ္သြားေတာ့မည့္ပါပါးထံသို႔ တစ္စုံတစ္ရာကိုျမန္ျမန္ဆန္ဆန္ေမးရေလသည္.. အထူးသျဖင့္ မမ မသိေစရန္ရည္႐ြယ္ေလသည္.. ထိုေနာက္တြင္ေတာ့ ပါပါးတို႔လည္း ကိုယ္စီအလုပ္သို႔ထြက္သြားၾကၿပီျဖစ္သည္..

ထိုအခါမွ Jeonranto သည္ အိမ္​ေပၚထပ္ရွိျပတင္းေပါက္မွေန၍ အိမ္အေနာက္ဘက္ကိုေငးၾကည့္လိုက္ေလသည္.. အိမ္အေနာက္ဘက္တြင္ အရိပ္ရေစရန္ ပန္းပင္ႀကီးေတြ, ျမက္ပင္အခင္းေတြႏွင့္ အပင္ပုေလးေတြစိုက္ထားၿပီး သစ္သား bed chair တို႔ကိုအနားယူရန္ထားထားေလသည္ ။သို႔ေသာ္ သူမေန႕ညက ေတြ႕ခဲ့သလို ထြက္ေပါက္ျဖစ္သည့္ တံခါးခ်ပ္လည္းမရွိေပ.. အိပ္မက္ေတြကိုအယုံအၾကည္မရွိေသာ္ျငားလည္း ထိုအျဖစ္အပ်က္ေတြကို မ်က္ဝါးထင္ထင္ျမင္ခဲ့ရေတာ့ တစ္စုံတစ္ဦးကို မုန္းတီးသည္အထိစိတ္နာသလို ဝမ္းနည္းသလိုကို ခံစားခ်က္တို႔ေရာေထြးေနေလသည္.. ထိုအိပ္မက္ထဲက ဇာတ္ေကာင္ကသူျဖစ္ခဲ့သလို သူကိုယ္တိုင္တျခားကမၻာတစ္ခုမွာရွင္သန္ေနခဲ့သလိုကို ခံစားရတာျဖစ္သည္.. ဘာအဓိပၸါယ္မွန္းလည္းသူပုံမေဖာ္နိုင္ ..ဒီအတိုင္း ရိုးရိုးအိပ္မက္လို႔ယူဆလိုက္ခ်င္ေပမဲ့ သူ႕ႏွလုံးသားကဘာလို႔မေပါ့ပါးရသနည္း..

" က်စ္! ! မသိေတာ့ဘူးကြာ "

အေျဖမရွိသည့္​အိပ္မက္တစ္ခုကို သူက ဘာကိစၥအခ်ိန္ကုန္ခံၿပီး ေခါင္းစားေနရမည္နည္း အဓိပၸါယ္မရွိလိုက္ေလျခင္း

ထို႔ေၾကာင့္​ တျခားကိစၥတစ္ခုကိုလိုက္ဖို႔ရန္သာအာ႐ုံစိုက္လိုက္ေလသည္ ။ ဒီေန႕ သြားေတြ႕စရာလူလည္းရွိသည္မို႔ Korea တြင္အသုံးျပဳရန္အတြက္ US Dollar 3.8 Million ေပးရေသာ Bugatti ထဲမွ Bugatti Chiron Super Sport တစ္စီးကို ဝယ္ယူလိုက္ေလသည္ ..

ထို႔ေနာက္ ဝတ္စားေနက်ပဳံစံအတိုင္း ​Gucci Muscle Shirt အနက္ႏွင့္ Jean Pant အရွည္အပြကိုမွ အနက္ေရာင္ကိုတြဲဝတ္လိုက္သည္..ၿပီးေနာက္ခုနကမွ ေရာက္လာသည့္ မွာထားေသာ မီးခိုေရာင္ Bugatti Chiron Super Sport ကားထဲသို႔ဝင္၍ ေမာင္းထြက္လိုက္ေတာ့ေလသည္..

Jeonranto ေမာင္းထြက္သြားသည္ကတျခားေတာ့မဟုတ္ေပ ..မမ ရည္းစားဆိုသည့္ Han SeokBin ၏အိမ္သို႔ပင္..  သို႔ေသာ္ ထိုအိမ္အနားေရာက္ေတာ့ ၿခံထဲကေန ျဖဴစြတ္စြတ္လူႏွင့္ တစ္ေနရာရာသို႔သြားမည့္ဟန္ျဖင့္ ကားျဖင့္ထြက္လာၾကသည္ကိုေတြ႕ရေလသည္.. Han SeokBin ဆိုသည့္လူက ကားကိုၿခံျပင္ေမာင္းထြက္ၿပီးေတာ့ ဟိုတစ္ေယာက္က ၿခံတံခါးကိုေသခ်ာပိတ္ေလသည္ ၿပီးမွကားေပၚသို႔တက္သြားေလသည္.. ထိုအေရွ႕က အနက္ေရာင္ကားထြက္သြားသည့္အတိုင္း Jeonranto အေနာက္ကေန လိုက္ေမာင္းေလသည္..

​ထိုအေရွ႕မွကား ေနာက္ဆုံးဆိုက္ရပ္သြားသည္က ေဆး႐ုံတစ္ခု၏ေရွ႕တြင္ျဖစ္ေလသည္..ထိုစဥ္ Jeonranto သည္ ခ်က္ခ်င္းဖုန္းေခၚလိုက္ေလသည္..တစ္ဖက္ကဖုန္းလက္ခံ၍ " ဘယ္သူလဲ " ဟုေမးလာေသာအခါ Jeonranto သည္

" Jeonranto ဘဲ! Yuina မွာငယ္ငယ္ထဲကကြဲကြာသြားတဲ့ေမာင္တစ္ေယာက္ရွိတာသိတယ္မဟုတ္လား "

ထိုသို႔ေျပာရ​ျခင္းမွာ ခုနကပါပါးကိုလိပ္စာေမးရင္း Han SeokBin ဆိုသူကလည္း မမေျပာျပထား၍သူ႕ကိုသိေနသည္ကိုၾကားသိရ၍ျဖစ္သည္.. ​
ခဏၾကာေတာ့တစ္ဖက္ဖုန္းကေန အသံျပန္ထြက္လာကာ

" ​Yuina ဆီကေန အစ္ကိုခဏခဏၾကားဖူးထားလို႔ ညီေလးကိုသိေနပါတယ္ "

" ဟုတ္လား ! ဒါဆို ႀကဳံတုန္းေလး တစ္ခါေလာက္မိတ္ဆက္ၾကတာေပါ့ ..ဒီဘက္ကအခ်ိန္သိပ္မရလို႔ အခုဆိုရင္ အဲ့ဒီဘက္ကအဆင္ေျပရဲ႕လား "

တစ္ဖက္ကေန ​အသံတစ္ခ်က္တိတ္သြားပုံက စဥ္းစားေနသည့္ဟန္ရွိၿပီး ကားအျပင္ကိုထြက္သြားၿပီးျဖစ္တဲ့ ဟိုျဖဴစြတ္စြတ္နဲ႕တစ္ေယာက္ကို လွမ္းေမးေနသည္ကို အျပင္ကေနျမင္ေနရေလသည္.. ၿပီးမွ ကားကိုေဆး႐ုံဝင္းအျပင္ဘက္သို႔ျပန္ေမာင္းထြက္လာေလသည္..

" ​ဒါဆို အစ္ကိုတို႔ဘယ္မွာဆုံၾကမလဲ "

" ဒီအနီးနားက အဆင္ေျပမဲ့တစ္ေနရာကိုေ႐ြးလိုက္ပါ "

ထိုလူက အသံ​ျပန္တိတ္သြားကာ နားမလည္သည့္ဟန္ရွိေန​ေလသည္..ထို႔ေၾကာင့္

" က်ဳပ္ Han SeokBin ရဲ႕ကားအေနာက္မွာပါလာတယ္ "

ေျပာရင္းဆိုရင္းျဖင့္​ ေနာက္ကေန ဟြန္းသုံးခ်က္ေလာက္တီးၿပီး အခ်က္ျပလိုက္ေလသည္ ..ထိုလူက Back မွန္ကေနၾကည့္လာကာ မ်က္လုံးေတြတစ္မ်ိဳးတစ္ဖုံျဖစ္သြားေလသည္.. စိတ္ထဲတစ္မ်ိဳး​ျဖစ္သြားမည္ဆိုေပမဲ့ သူလိုခ်င္တာလည္းဒါဘဲမဟုတ္လား ။ သူတို႔ကိုမလုံမလဲျဖစ္ေစခ်င္တာျဖစ္သည္..

" ဒါဆို အေနာက္ကလိုက္ခဲ့လိုက္ေနာ္ ညီေလး "

ထိုေမာင္းထြက္သြားသည့္ကားက ေဆး႐ုံ၏တစ္ဖက္လမ္းရွိ Coffee ဆိုင္ေလးေရွ႕ထိုးရပ္သြားေလသည္.. ထိုအခါ Jeonranto လည္းကားရပ္ၿပီးဆင္းသြားလိုက္ေလသည္..

သိပ္မၾကာခင္မွာ မ်က္ႏွာခ်င္းဆိုင္အ​ေနအထားတစ္ခုကိုေရာက္လာေလသည္.. စားပြဲတစ္ခုမွာ အတူတူထိုင္ရင္း မမွိတ္မသုန္အကဲခက္ေနမိသည္က Jeonranto တစ္ေယာက္ထဲသာျဖစ္သည္.. ထိုလူသည္ ဖုန္းထဲမွာျမင္ဖူးေနသလိုပင္ ၾကည့္ေကာင္းသည့္႐ုပ္ရည္ရွိၿပီး ၾကင္နာတတ္သည့္အၿပဳံးတို႔ရွိေလသည္.. အရပ္ကေတာ့ ၅ ေပ ၁၀ ေလာက္ရွိကာ ငယ္႐ြယ္ေခ်ာေမာေသာေက်ာင္းဆရာတစ္ေယာက္၏အသြင္အျပည့္ရွိေလသည္..စိတ္ပ်က္စရာကေတာ့ ဒီလူသည္မိဘအသိုင္းအဝိုင္း ပညာအရည္အခ်င္း ႐ုပ္ရည္အသြင္အျပင္ အားလုံးျပည့္စုံေနေသာ္လည္း ေဖာက္ျပန္တတ္ၿပီးလွည့္စားတတ္သည့္ေအာက္တန္းက်သည့္စိတ္ဓာတ္ရွိေနျခင္းပင္

​" အစ္ကို ဟိုေန႕ကပြဲမွာ ေတြ႕ေပမဲ့ သက္ေတာ္ေစာင့္ေတြလည္းပါေတာ့ လာမႏႈတ္ဆက္ေတာ့တာ ။ အခုမွတရားဝင္ မိတ္ဆက္ျဖစ္ေတာ့တယ္.. "

" က်ဳပ္လည္း Han SeokBin အေၾကာင္းေတြစုံစမ္းလာခဲ့ေပမဲ့ အခုမွဘဲ အျပင္မွာေတြ႕ခြင့္ရေတာ့တယ္ ။ Han SeokBin ကေတာ့မိတ္ဆက္တဲ့သေဘာေပမဲ့ က်ဳပ္ကေတာ့အသိေပးတဲ့သေဘာနဲ႕ ေတြ႕ခ်င္ခဲ့တာပါ "

" တဆိတ္ေလာက္ အစ္ကို႔ကို ပြင့္ပြင့္လင္းလင္းေျပာေပးလို႔ရမလား "

သူတစ္ခ်က္ ႏႈတ္ခမ္းတစ္ဖက္ကိုတြန့္ခနဲေကြးလိုက္ကာ​​ျဖင့္

" ပြင့္ပြင့္လင္းလင္းဘဲေျပာေနတာပါ,ညီေလးလို႔ ေခၚရေလာက္ေအာင္ က်ဳပ္ဘက္ကေန မမ နဲ႕ Han SeokBin ကိုသေဘာတူနိုင္တဲ့အေနအထားမဟုတ္ဘူးဆိုတာ သိေစခ်င္တယ္ "

ထိုအခါ Han SeokBin ဆိုသည့္လူက မသိမသာမ်က္ေမွာင္ၾကဳတ္သြားကာ နားမလည္သလိုၾကည့္လာေလသည္မို႔

" ​ေယာကၤ်ားလွလွေလးတစ္ေယာက္နဲ႕ မရွင္းမရွင္းဆက္ဆံေရးရွိေနတဲ့ ခင္ဗ်ားလိုလူကိုဘာေတြယုံၾကည္ၿပီး က်ဳပ့္အစ္မ​ကိုေပးရမွာလဲ ေျပာၾကည့္ေလ "

" ဒီကိစၥေၾကာင့္ဆိုရင္ေတာ့ နားလည္မႈလြဲေနတယ္လို႔ဘဲ အစ္ကိုေျပာပါရေစ ။ Tae hyung နဲ႕ အစ္ကိုက ရိုးရိုးမိတ္ေဆြေတြပါ..Tae hyung နဲ႕သိကြၽမ္းကတည္းကေန အ​ေျခအေနတစ္ခုေၾကာင့္ အခုအစ္ကို႔အိမ္မွာေခၚထားတဲ့အထိ Yuina ကအလုံးစုံသိပါတယ္..ၿပီးေတာ့ ကိစၥအားလုံးကိုအစ္ကိုတစ္ေယာက္ထဲဆုံးျဖတ္ၿပီး လုပ္ေနတာေတာ့မဟုတ္ဘူး, Yuina ကအစ္ကိုေစ့စပ္ထားတဲ့မိန္းကေလးမို႔ သူမ ခြင့္ျပဳ၏ , မခြင့္ျပဳ၏ကို အစ္ကိုအၿမဲတမ္းခြင့္ေတာင္းေနၾကပါ ။ Yuina ကခြင့္မျပဳရင္ေတာင္ အစ္ကိုကသူမစကားကိုအေလးထားမွာပါ ။Yuina နဲ႕ Tae hyung တို႔ကအခ်င္းခ်င္းလည္းရင္းႏွီးၾကပါတယ္ ။ အစ္ကိုတို႔အားလုံးက စိတ္ရွင္းၾကပါတယ္ "

ထိုလူ Han SeokBin ၏ စကားအရွည္ႀကီးသည္ သူ,မမဆီကေန အထပ္ထပ္ၾကားေနၾကစကားေတြပင္ျဖစ္ေလသည္မို႔ ..Jeonranto ႏႈတ္ခမ္းထိပ္ကိုလွ်ာျဖင့္သပ္လိုက္ၿပီး စားပြဲေပၚရွိ Apple Iced Tea ကို တစ္ငုံေမာခ်လိဳက္သည္ ..ၿပီးမွ​

" ခင္ဗ်ားေျပာေနတာေတြအကုန္လုံးက က်ဳပ္သိၿပီးသား​​ေတြခ်ည္းဘဲေလ ။ က်ဳပ္အစ္မကို ဦးႏွောက္ေဆးထားတဲ့ အေၾကာင္းျပခ်က္လွလွေလးေပါ့ ။ ခင္ဗ်ားတို႔က သာမန္ရင္းႏွီးတဲ့မိတ္ေဆြပုံစံမ်ိဳးနဲ႕ အယုံစသြင္းတယ္ ၿပီးေတာ့ ပိုယုံၾကည္ေအာင္ ခင္ဗ်ားက ဟိုလူကိုရိုးသားဟန္ေဆာင္ၿပီး က်ဳပ္အစ္မကိုရင္းႏွီးေစ​ၿပီးထပ္လွည့္စားတယ္ အဲ့ဒီကေနအဆင့္တက္လာေတာ့ အိမ္ေပၚေခၚတင္ထားလို႔ရေအာင္အထိ အခြင့္အေရးယူလာတယ္ ! ခင္ဗ်ားတို႔က တရားဝင္ေဖာက္ျပန္ခြင့္ရထားသလိုကို ျဖစ္ေနၾကတာေလ! အခုေတာင္ ေဆး႐ုံလာရတဲ့အေျခအေနဆိုေတာ့ ဘယ္အထိခရီးေရာက္ေနၾကၿပီးလဲဆိုတာ ေမးစရာေတာင္မလိုေတာ့တဲ့အဆင့္ !! ဒါေတြကို က်ဳပ္အစ္မကဘာအျပစ္ရွိလို႔ ဒီလိုေနာက္ေက်ာဓားနဲ႕ထိုးတာကိုခံရမွာလဲ! ! ခင္ဗ်ားတို႔က ဘာမို႔လို႔လဲ? !?"

Jeonranto ထိုႏွစ္ေယာက္ကိုအတြဲလိုက္ စေတြ႕ကတည္းက စိတ္ထဲကလိကလိျဖစ္ေနတာျဖစ္သည္ ။အခုေတာ့ ကိုယ့္အစ္မက သူတို႔ကလိမ္ကက်စ္က်သမွ် ခံလာရသည္ကို သူ႕ပါးစပ္ကထုတ္ေျပာလာရေတာ့ ထိန္းထားခဲ့တဲ့စိတ္ေတြက ငယ္ထိပ္ေရာက္ကုန္ေလသည္ ။ ထိုကေန တျဖည္းျဖည္းစကားသံေတြက်ယ္လာကာ မတ္တပ္ထရပ္လိုက္ရာမွ လစ္ခနဲအေရွ႕က Juice ဖန္ခြက္ကိုနံရံတစ္ဖက္သို႔ေကာက္ေပါက္မိေလသည္ ..က်စ္ ေဒါသထြက္မိၿပီး !!

ထိုစဥ္ ျမန္ဆန္လြန္းသည့္သူ႕လုပ္ရပ္ေတြၾကားမွ တစ္ဖက္ကလူသည္လည္း ေဒါသသံခပ္ႀကိတိႀကိတ္ျဖင့္စကားတို႔ကိုဆိုကာ မတ္တပ္ထရပ္လာေလသည္

" ေတာ္ေတာ့..မင္းသိပ္ကိုေစာ္ကားလြန္းေနၿပီး ။ ငါနဲ႕ Tae ​hyung ရဲ႕သိကၡာကိုေအာက္ဆုံးထိေရာက္ေအာင္ ဆြဲခ်ေနတာဘဲ ။ မင္းထင္တိုင္း ျမင္တိုင္း စြပ္စြဲေျပာဆိုလို႔ရတဲ့အထဲမွာ လူတစ္ေယာက္ရဲ႕ဂုဏ္သိကၡာမပါဘူး "

" က်ဳပ္ကစြပ္စြဲတယ္ !! အဲ့ဒီပြဲေန႕က​ ခင္ဗ်ားရဲ႕ခ်စ္ရည္႐ြမ္းေနတဲ့မ်က္လုံးေတြနဲ႕ ဟိုလူကေနတာကို ေငးေနတဲ့မ်က္လုံးေတြ က်ဳပ္မ်က္လုံးနဲ႕တပ္အက္ေတြ႕ခဲ့တာ! ! ခင္ဗ်ား ေျဗာင္ျငင္းခ်င္ေသးလား! ! "

Han SeokBin ၏ အကၤ်ီလည္ပင္းအစကို ခ်က္ခ်င္းဆိုသလိုဆြဲလာ၍ မ်က္ေမွာင္ၾကဳတ္ထားကာ မ်က္လုံးစူးစူးတို႔ျဖင့္ၾကည့္၍ ေျပာလာေလေတာ့ သူကိုယ္တိုင္ပင္ ဇေဝဇဝါျဖစ္ရေလသည္ ။ သူသည္ Tae hyung ရိုးရာအကမ်ား ကေနသည့္အခ်ိန္မ်ိဳးေတြဆိုႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႏွင့္သေဘာတက်ၾကည့္တတ္ေလသည္.. အဲ့ဒါႏွင့္ပင္ သူ႕မ်က္လုံးေတြကခ်စ္ရည္႐ြမ္းသည္ျဖစ္ရေရာလားေလ.. ဒါ့အ​ျပင္အမွန္အတိုင္းေျပာရလွ်င္ Tae hyung က ခ်စ္စရာေကာင္းၿပီးအၾကည္ဓာတ္ရေလသည္ ..ထို႔ေၾကာင့္ သူသေဘာက်ေလသည္ ဒါကလည္း လွလည္းလွၿပီး တမူထူးျခားသည့္ အမူအက်င့္ေလးေတြရွိသည့္ Tae hyung ကိုသိကြၽမ္းသည့္လူတိုင္း၏ ျဖစ္ေနက် သာမန္ခံစားခ်က္ေလးတစ္ခုဟုသာ သူထင္ေလသည္

" ​အဟြန္းး!  အသံတိတ္သြားပါလား ။ ရွင္းရွင္းေျပာမယ္ က်ဳပ္အစ္မနဲ႕ ခင္ဗ်ားေစ့စပ္ပြဲကို က်ဳပ္တို႔မိသားစုဘက္က စဖ်က္ေအာင္က်ဳပ္လုပ္မယ္ !! မမ နဲ႕ေနာက္ထပ္လာမပတ္သတ္နဲဲ့ေတာ့! ! မဟုတ္ရင္ေတာ့ ခင္ဗ်ားတို႔ႏွစ္ေယာက္ကို ေတြ႕တဲ့ေနရာမွာ ေစာက္ရွက္ခြဲမွာ မယုံမရွိနဲ႕ "

ထိုသို႔ေျပာၿပီး​ေနာက္ အကၤ်ီစဆြဲထားေသာလက္ျဖင့္အေနာက္သို႔ေဆာင့္တြန္းကာ ထြက္သြားေလသည္ ။ထိုစဥ္တြင္ သူရပ္က်န္ေနခဲ့တုန္းမွာဘဲ မွန္ထဲကေနျမင္ေနရသည့္ ဆိုင္အျပင္ဘက္မွ ဒီဘက္သို႔လမ္းကူးလာေနေသာ Tae hyung ကိုေတြ႕ရသျဖင့္ မ်က္လုံးတို႔ကအလန့္တၾကားျဖစ္သြားေလသည္.. သို႔ေသာ္ ဆိုင္ျပင္သို႔ခပ္ျမန္ျမန္ထြက္ခဲ့ေပမဲ့ မမွီလိုက္ေပ Tae hyung က Jeonranto ႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနေလၿပီျဖစ္သည္..

" ေမာင္ "

​ေဆး႐ုံဝင္းအေရွ႕မွ တစ္ဖက္လမ္းရွိ SeokBin ၏ကားကိုေတြ႕ရသျဖင့္ လမ္းျဖတ္လာရင္း ပလက္ေဖာင္းေပၚတြင္ ေျခလွမ္းက်ဲမ်ားျဖင့္လမ္းေလွ်ာက္လာေသာ လူတစ္ေယာက္ႏွင့္တိုက္မိေလသည္..အားျပင္းသလားဆိုရင္ Taevender အေနာက္သို႔အရွိန္နဲ႕ျပန္ဆုတ္မိၿပီး ဖင္ထိုင္လ်က္ျပဳတ္က်သည္အထိပင္.. သို႔ေသာ္ ထိုင္လ်က္သားကေန႐ုတ္တရက္ေမာ့ၾကည့္မိေတာ့ ဦးထုတ္အနက္ေရာင္နဲ႕ ဆံႏြယ္ေခြေခြ ရွည္ရွည္ေတြၾကားမွ မ်က္ႏွာက သူ႕ကိုၿပဳံးမိေစေလသည္.. သူ႕ရဲ႕တစ္ဦးတည္းေသာ ခ်စ္ရသူျဖစ္ေလသည္ ..ဂမန္းကတမ္း ေကာက္ကပ္ထလိုက္ရင္း ဝမ္းသာအားရထပ္ေခၚမိျပန္သည္

" ​ေမာင္ "

" ေတာ္ေသးတာေပါ့ ငါတို႔ထပ္ဆုံခြင့္ရလို႔ ။ငါမေန႕ကစိတ္လႈပ္ရွားေနတာနဲ႕ေမာင္ေနတဲ့ေနရာေမးမလို႔ေမ့သြားတာ..အခုလိုမွအေၾကာင္းမဖန္ရင္ ငါ,ေမာင့္ကို ထပ္ၿပီးဘယ္မွာလိုက္ရွာရမွန္းသိမွာမဟုတ္ဘူး ။

Jeonranto ဦးထုပ္လွ်ာထိုး၏ေအာက္မွ သူ႕ကိုျမင္တာႏွင့္တလတ္လတ္ျဖင့္သြားေသာ ခရမ္းေရာင္မ်က္လုံးတို႔၏ပိုင္ရွင္ကို မ်က္လုံးမ်ားေမွးစင္းကာၾကည့္မိလိုက္ေလသည္

" က်စ္ !! ​.."

" ခဏေနအုံး !! " ​

Jeonranto ဟိုလူ႕ကို ပစ္ပစ္နစ္နစ္ေျပာဖို႔ရန္ရွိေသး အေနာက္ကေန Han SeokBin ၏အသံကခပ္က်ယ္က်ယ္ထြက္လာေလသည္.. Jeonranto လွည့္ၾကည့္လိုက္ေတာ့ မ်က္လုံးေတြက ဂဏာမၿငိမ္ ဟိုလူကိုတစ္ခုခုေျပာလိုက္မွာကိုေၾကာက္ေနသည့္ဟန္

" ​hyung ကိုဆြဲမထည့္နဲ႕ ! "

" ​hyung ကားထဲခဏဝင္ေနပါ "

ဘာရယ္ ဒီတစ္ေယာက္ကိုထိမွာ​ေတာ့ နာတတ္တယ္ေပါ့ေလ..

" လိပ္စာ​ေလး... "

​ Han SeokBin ဆြဲေခၚေနသည့္ၾကားမွ 'လိပ္စာေလး 'ဆိုၿပီးေလသံျဖင့္ေျပာကာ ျဖတ္ခနဲသူ႕အကၤ်ီစကိုပါဆြဲ၍ ပီတီတီလုပ္ေနေသးေလသည္..

ေတာက္ 💢

ဒီလူ ဒါေတာ့မ်က္ႏွာေျပာင္လြန္းသြားၿပီး ..သူနဲ႕လက္ရွိတြဲခုတ္ေနတဲ့လူရဲ႕အေရွ႕မွာပင္ ေနာက္တစ္ေယာက္၏လိပ္စာကို တိုးတိုးျဖင့္ေတာင္းေနတာျဖစ္သည္..႐ုတ္ခ်ည္း မႊန္တက္လာသည့္ေဒါသေၾကာင့္ ေျခလွမ္းအနည္းငယ္စာသာေဝးေသးေသာ HanSeokBin ၏ေနာက္သို႔လိုက္ကာ ထိုျဖဴစြတ္စြတ္လူ၏ ေမးရိုးတစ္ခုလုံးကို သူ႕လက္ဖဝါးျဖင့္ခပ္ၾကမ္းၾကမ္းဆုပ္ကိုင္လိုက္ရင္း ဆြဲေမာ့လိုက္ေလသည္..

" က်ဳပ္ကို ခင္ဗ်ား​ျမဴဆြယ္ေနၾကေကာင္ေတြလို လာမရိနဲ႕! ! ခင္ဗ်ားလိုဟာမ်ိဳးကို ႐ြံလြန္းလို႔ တစ္ေလထဲေတာင္မရႉခ်င္ဘူး !! က်ဳပ္အေရွ႕ထပ္ေပၚလာရင္ က်ဳပ္အေၾကာင္းခင္ဗ်ားသိမယ္ မွတ္! ေတာက္ "

သြားႀကိတ္ထားကာ ေဒါသကိုျပန္ထိန္းခ်ဳပ္ရင္းေျပာကာ ထြက္သြားသည့္ ေမာင္ေၾကာင့္ Taevender ေတာ္ေတာ္ကိုလန့္သြားေလသည္.. ေမာင္က သူ႕ကိုစကားၾကမ္းၾကမ္းႀကီးေတြနဲ႕ေျပာသြားကာ ေဒါသလည္းထြက္ေနသည္မို႔ သူဘာမွနားမလည္နိုင္ဘဲ ငိုခ်င္လာေလသည္..

​ထို႔ေနာက္လူသြားေလွ်ာက္လမ္းမွာမို႔ Han SeokBin သည္ခပ္ျမန္ျမန္သာ ကားေမာင္းကာထြက္ရေလသည္..Jeonranto ေၾကာင့္ခုနကဆိုင္အထဲတြင္သာမက လမ္းမေပၚတြင္ပါသူအရွက္မကြဲခ်င္ေပ ..ခုနကဆိုင္ကဖြင့္ကာစမို႔ လူမရွိလို႔ေတာ္ေသးေပမဲ့ အခုက hyung လည္းပါသည္မို႔ေရွာင္ထြက္လိုက္တာအေကာင္းဆုံးပင္ျဖသ္သည္ .ကားစထြက္မွာ သူ Tae hyung ၏အရိပ္အကဲကိုၾကည့္ရေလသည္..

" hyung အဆင္ေျပရဲ႕လား "

" ​ေျပပါတယ္.. ဟို SeokBin နဲ႕ ေမာင္.. အဲ့ Ranto နဲ႕ကျပသာနာတစ္ခုခုရွိလို႔လား "

ထိုသို႔​ေမးရျခင္းမွာ ခုနကသူေတြ႕ခဲ့ရသည့္အေျခအေနမွာ ေမာင္သာမက SeokBin ပါ ေဒါသထြက္ေနသည့္ဟန္.. သူ႕မွာ ေမာင္နဲ႕ျပန္ေတြ႕ရလို႔ဝမ္းသာေနတုန္းရွိေသး ေဒါသထြက္ေနသည့္ SeokBin က လာဆြဲေခၚသျဖင့္ ဘာမွျပန္မေျပာနိုင္ဘဲ ပါသြားရတာျဖစ္ေလသည္

​" ဒီတိုင္းပါဘဲ စိတ္ထဲမထားနဲ႕ hyung,  ဒါနဲ႕ Tae hyung က Jeonranto နဲ႕သိေနတာလား "

ထိုသို႔ေမးရျခင္းမွာ သူမလွမ္းမကမ္းကေနၾကားလိုက္ရေသာ " ေမာင္ " ဟူသည့္နာမ္စားေၾကာင့္ျဖစ္ေလသည္.. ခုနကလည္း ေယာင္ၿပီး Tae hyung ကေခၚေသးသည္မဟုတ္လား.. တကယ္ဘဲ Tae hyung နဲ႕ Jeonranto ကဘယ္လိုဆက္ဆံေရးမ်ိဳးပါလိမ့္

" ​အင္း ငါတို႔အၾကာႀကီးသိကြၽမ္းခဲ့ၾကတာေပါ့.. "

Han SeokBin သူ႕ေဘးနားထိုင္၍ ကားလမ္းမႀကီးကိုသာေငး၍ ခပ္ေဆြးေဆြးေလးေျပာေနေသာ Tae hyung ကိုၾကည့္၍ သူ႕ရင္ထဲ တစ္မ်ိဳးတစ္မည္ခံစားလိုက္ရေလသည္.. သူေတြးသည္က Tae hyung ႏွင့္ Jeonranto ကသာမန္ထက္ပိုတဲ့ဆက္ဆံေရးရွိခဲ့သည္ဟုပင္.. ထိုအခ်က္သာမက ေမာင္ ဟုေခၚသည့္အခ်က္ကိုပင္ သူဘာေၾကာင့္ဘဝင္မက်ျဖစ္ေနရသနည္း သူကိုယ္တိုင္ပင္မသိ..ေသခ်ာသည္က ျဖဴစင္သည့္ Tae hyung ကို Jeonranto လိုခပ္ဆိုးဆိုးလူငယ္ႏွင့္ သေဘာမတူနိုင္၍ဘဲျဖစ္မည္ထင္သည္..

" ဒါနဲ႕ Yumi က အခ်ိန္ပိုင္းအလုပ္ေတြရဲ႕ဒဏ္ေၾကာင့္ပင္ပန္းၿပီးအားနည္းတာေလာက္ဘဲျဖစ္တာဆိုေတာ့ ဒီညေနေဆး႐ုံကဆင္းေလာက္မယ္ထင္တယ္.. အကူအညီလိုတယ္ေျပာေသးလား hyung "

" ေန႕လယ္ေလာက္က်ရင္ သူ႕အိမ္ကလာႀကိဳမယ္ေျပာတယ္ ။ ေတာ္ေသးတာေပါ့ ဒီေလာက္ဘဲေဆး႐ုံမွာေနရလို႔ "

Yumi တို႔က ႐ုန္းကန္ေနရသည့္လူေတြမို႔ မဟုတ္ရင္ႏွစ္ဆပိုပူရပါလိမ့္မည္..

#Update ​ေပးလိုက္ၿပီေနာ္
အရင္လကလည္း မ Up ျဖစ္လိုက္တဲ့အတြက္ စာဖတ္သူေတြကိုအားနာရပါတယ္
အခုတေလာ မ်က္လုံးအ​ေျခအေနကသိပ္မေကာင္းလို႔ပါ.. ဒါေၾကာင့္ တစ္ေန႕နည္းနည္းခ်င္းစီဘဲေရးခဲ့ရပါတယ္ ..
​ေနာက္အပိုင္းကေတာ့ အေျခအေနၾကည့္ၿပီး Up ေပးပါ့မယ္

crd pic

Continue Reading

You'll Also Like

78.3K 9.9K 25
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
7.7K 324 20
puffinx. Other ppl too streamers in highschool much wow much fun. does it get sad at one point? Maybe.... possibly... thus the title
48.7K 6.9K 64
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း
8.2K 652 49
Following a brutal and tortured death, a former assassin, known only by his codename Kuro, is given the opportunity to reincarnate in another world...