Unicode;
"တကယ်ပဲ... ရူးသွားပြီထင်တယ်"
သူ့ဘေးက စောင်ထဲလုံးလုံးလေးအိပ်ပျော်နေတဲ့ကောင်လေးကို ထိုင်ကြည့်နေမိတယ်။
ခေါင်းထဲမှာလဲ ဗလာကျင်းလို့ ဘာဆက်လုပ်ရမယ်မှန်းမသိတော့အောင်ပဲ..
ဝမ်ရိပေါ်နုတ်ခမ်းက အနည်းငယ် ဖုဖောင်းပြီးထောင့်နားမှာပေါက်ရာသေးသေးလေးတစ်ခုရှိနေတယ်။
သူ အရက်ရှိန်နဲ့ သတိလက်လွတ်ပြီး ဘယ်လောက်ကြာအောင် နမ်းခဲ့မိမှန်းမသိတော့...
ရိပေါ် ရဲ့ နာကျင်သံကြားရပြီး ရုန်းလာတော့မှ လွှတ်ခဲ့မိတယ်ထင်တာပဲ...
အဲ့ဒီနောက် ဒီကောင်လေးကို ချော့ပြီးသိပ်ခဲ့သလား...
သူနိုးလာတဲ့အချိန်မှာ ရိပေါ်က တကယ့်ကို သူနဲ့နီးနီးကပ်ကပ်လေးရှိနေခဲ့တာ...
သူ့ဆံပင်တွေကို ခပ်ကြမ်းကြမ်း ထိုးဖွမိတော့တယ်...
ရှောင်းကျန့်ရာ... ရှောင်းကျန့်ရ...
အခုမှ ဆယ်ရှစ်နှစ်ပြည့်မဲ့ကလေးတစ်ယောက်ကို ဘာလုပ်လိုက်တာလဲ...
အသက်တောင် မပြည့်သေးတဲ့ကောင်လေးကိုလေ..
ဘယ်လိုစိတ်တွေအထိဖြစ်ခဲ့တာလဲ..
ဒီလိုဖြူဖြူစင်စင်လေးက သူ့ကိုသဘောကျပါတယ်ဆိုပြီး ခဏခဏပြောပေမဲ့ အချစ်ဆိုတဲ့အရာကို သေချာရောပိုင်းခြားတက်ရဲ့လား...
စဥ်းစားစမ်းပါ.. တွေးခေါ်စမ်းပါ..
မင်းရဲ့ဘဝလည်းရှိသေးတယ်လေ...
အမူးသမားရှောင်းကျန့်က ရူးနေရုံမက အသက်ပါမရှင်ချင်တော့တဲ့ပုံပဲ...
သက်ပြင်းချလို့ ခေါင်းဆေးဖို့ရာ အခန်းအပြင်ထထွက်လာလိုက်တော့ ဧည့်ခန်းမမှာ အတော်လေးရှုပ်ပွလို့နေတာကိုတွေ့လိုက်ရတယ်။
ချာချာလည်နေဆဲခေါင်းတွေဟာ ပိုတောင်နှောက်ကျိသွားတော့တာပဲ...
ဒီအခြေအနေကို ဆရာသာမြင်ရင်တော့ဖြင့်...
ဘီယာဘူးတွေ.. ပုလင်းတွေ.. မုန့်ထုတ်တွေရဲ့စားကြွင်းစားကျန်အမှိုက်တွေက ပျံ့ကျဲနေကာ ကျောင်းသားတစ်ချို့ကလည်း အခန်းအပြင်ဘက်မှာပဲ အိပ်ပျော်နေကြတယ်။
ညက သူမူးသွားတာအပြင် ဝမ်ရိပေါ်နဲ့အတူရှိနေခဲ့တာမို့ အပြင်ဘက်ကအခြေအနေဟာခေါင်းထဲလုံးဝရှိမနေခဲ့...
မူးသာမူးနေကြတာ စောင်တွေတော့ခြုံထားကြသေးလို့တော်သေးတယ်။
အပြင်ဘက်မှာကျန်နေသေးတဲ့ကလေးတစ်ချို့ကိုနိုးလို့အခန်းထဲဝင်အိပ်စေပြီး သူက သန့်ရှင်းရေးစလုပ်ရတယ်။
သူက ဦးဆောင်ပြီးခွင့်ပြုခဲ့တာဆိုတော့ သူပဲရှင်းလင်းရမှာပေါ့.
အမှိုက်တွေသိမ်းဆည်းပြီးတာနဲ့ ကိုယ်လက်သန့်စင်ပြီး ကလေးတွေစားဖို့ မနက်စာစီစဥ်တယ်။
မနေ့က တည်းခိုဆောင်ပိုင်ရှင်က ဆန်၊ ဆန်ခေါက်ဆွဲနဲ့ ကြက်ဥပေးထားသေးတယ်။
ရေခဲသေတ္တာထဲမှာလဲ အခြေခံ ချက်ပြုတ်စရာဟင်းခတ်တစ်ချို့ထည့်ထားပေးတာမို့ အဆင်ပြေတယ်။
ညက သောက်စားထားတာဆိုတော့ အမူးပြေအောင် ကြက်ဥကိုပဲ ကြက်သွန်မိတ်များများနဲ့ စွပ်ပြုတ်အရည်ကျဲကျဲလေးချက်လိုက်တယ်။
ဆန်ခေါက်ဆွဲကိုပြုတ်ထားလိုက်ပြီး စားခါနီးကျမှ စွပ်ပြုတ်ဟင်းရည်ထည့် ဟင်းခတ်အနည်းငယ်ထည့်လိုက်ရင် ပြည့်စုံတဲ့ ကြက်ဥခေါက်ဆွဲဖြစ်သွားမယ်...
ဒီတော့.. မနက်စာလဲပြီးပြီ...
အားလုံးပြီးလို့ အပြင်ဘက်ပြန်ထွက်လာတော့ ဝမ်ရိပေါ်တစ်ယောက် ဧည့်ခန်းဆိုဖာမှာ မလှုပ်မယှက်ငြိမ်နေတာကို တွေ့လိုက်ရတယ်။
သူရင်ထဲလေးလံသွားကာ ခြေလှမ်းတွေနှေးတုံ့သွားရဲ့...
ရိပေါ် သူ့ဖက်ကိုလှည့်ကြည့်လာတာနဲ့ သူ သတိအနေအထားဖြစ်သွားကာ ပြုံးပြလိုက်တယ်...
"ရိပေါ်.. နိုးနေပြီလား..."
ရိပေါ်ကတော့ မရယ်မပြုံးနဲ့ သူ့ကိုခေါင်းအစခြေအဆုံးကြည့်နေတော့တာ...
"ဗိုက်ဆာနေပြီလား... ကိုယ်ခေါက်ဆွဲချက်ထားတယ်...."
ဝမ်ရိပေါ်အနားရောက်သွားလေလေ စကားဆက်ပြောဖို့ရာ သူ့နုတ်ခမ်းနှစ်လွာကို အလိုလိုဖိပိတ်မိလေပဲ...
ရိပေါ်နုတ်ခမ်းတွေက ဖုဖောင်းနေကာ ပုံမှန်အချိန်တွေထက် သိသိသာသာနီစွေးလို့နေရဲ့...
ညကအဖြစ်အပျက်ကိုပြန်မြင်ယောင်မိတော့ စိတ်တွေလှုပ်ရှားလာတယ်...
"ဟို.. ရိပေါ်.."
"ဒါက.... အိပ်မက်မဟုတ်ဘူးလား.."
"...အာ... အဲ့တာက...."
ရိပေါ်ရဲ့ နက်ရှိုင်းရှိုင်းမျက်ဝန်းတွေက သူ့ကိုခံနိုင်ရည်မရှိအောင် စူးရှလို့နေတယ်။
သူနေရခက်စွာမျက်နှာလွဲလိုက်ပြီး ဘယ်လိုဖြေရမလဲဆိုတာကို စဥ်းစားတယ်။
သူဟာ ဖြူစင်တဲ့ကလေးကို မဖြူစင်တဲ့အပြုအမူတွေလုပ်ခဲ့မိတာမလား...
"အကို သိတယ်မလား.. "
"ကိုယ်.."
"အကိုမဟုတ်ဘူးဆိုရင်... ကျွန်တော်တခြားလူနဲ့ များလူမှားပြီး..."
"မဟုတ်ဘူး!!!!...မဟုတ်ဘူး.."
"...."
မဟုတ်ဘူးဆိုတဲ့ သူ့အသံက ကျယ်တောင်ကျယ်သွားတယ်။
ရိပေါ်က ဒီအခြေအနေကို ထိတ်လန့်နေပုံလဲပေါ်တယ်။
အဖြေရှာမရဖြစ်နေပုံကလည်း ထင်ရှားလို့နေရဲ့...
ဘယ်လိုတောင် တွေးလိုက်ရသလဲ... ရိပေါ်ရယ်...
တခြားသူတွေနိုးသွားလား သူတစ်ချက်အကဲခတ်လိုက်ပြီး ရိပေါ်ဘေး အသာအယာထိုင်လိုက်တယ်...
"တခြားသူမဟုတ်ပါဘူး........ ကိုယ်ပါပဲ..."
ဝမ်ရိပေါ်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားတယ်...
ရင်ထဲ အတော်လေး ဟာတာတာဖြစ်သွားတယ်...
အကိုက တကယ်ပဲ သူ့ကို...
"တောင်းပန်ပါတယ်.."
"...."
ရိပေါ်ရဲ့အံ့သြမှုဟာ ရှည်ကြာခြင်းမရှိဘူး..
သိသာပါတယ်....
ညက အကိုမူးနေခဲ့တာလေ...
ဒီအရာကိုရင်ခုန်ပြီး ဘာမျော်လင့်ချက်မှမထားရဲပါဘူး...
"ကျွန်တော်လူမှားတာမဟုတ်ဘူးဆိုတော့.. အကိုလူမှားတာပေါ့..."
"ဘယ်လို.."
"အကို မူးနေတာဆိုတော့ လူမှားမြင်ပြီး... အဲ့လိုမလား... ကျွန်တော်မဟုတ်ပဲ.."
"......"
ရိပေါ်စကားကို ရှောင်းကျန့်ထိတ်လန့်ရပြန်တယ်...
အတွေးက ထပ်ပြီး...
"ကိုယ်လည်း လူမှားတာမဟုတ်ဘူး... မင်းဆိုတာကိုယ်သိတယ်..."
ရှောင်းကျန့်ထင်လိုက်တာက သူဝန်ခံလိုက်ရင် သူ့စိတ်ကိုသိလိမ့်မယ်ပေါ့...
ဒါပေမဲ့ ဒီစကားက ဘယ်လိုလုပ်ပြီး...
"ရပါတယ်... ဒီလိုဆိုလည်း ကျွန်တော်ခဏကံကောင်းခဲ့တာပေါ့...ကျွန်တော်က လွယ်တယ်မလား.."
ဘာရယ်...
"မဟုတ်ဘူးလေ ရိပေါ်... အဲ့လိုမဟုတ်ပါဘူး....ကိုယ်မင်းအပေါ်တကယ်ပဲ..."
သူ့ရင်ထဲ အားနာစိတ်တွေပြည့်လျှံလာတယ်...
ဘာဆက်ပြောရမလဲမသိတော့ဘူး...
ဒီစကားလုံးတွေဟာသူနဲ့ကျွမ်းဝင်မှုမရှိပဲ ပြောလိုက်မိတဲ့စကားတွေက တစ်ဖက်လူကို အပေါစားဆန်သွားစေမှာ စိုးရိမ်မိတယ်...
သူဟာ ရိပေါ်ကို အလွယ်ရလို့ ထိပါးခဲ့တာ မဟုတ်ဘူး...
"အရက်ဆိုတာ လူကို ဆင်ခြင်ဉာဏ်နည်းစေတယ်တဲ့... ကျွန်တော့်ကို နှစ်သိမ့်ပေးမနေပါနဲ့..."
အမည်ဖော်မရတဲ့ ဝေဒနာတစ်ခုက သူ့ရင်ကိုပိုင်းခြားနေသလိုပဲ...
ရိပေါ်သူ့အပေါ် ယုံကြည်မှုတွေ ပျက်စီးသွားပြီလား...
သူ့စကားတွေကို မယုံတော့ဘူးလား...
"ကိုယ် တခြားလူနေရာမှာမင်းကိုအစားထိုးမှာမဟုတ်သလို မင်းနေရာကိုလည်း တခြားလူဝင်လို့မရဘူး... မင်းကို ဘယ်တုန်းကမှလွယ်တယ်လို့
သဘောမထားခဲ့ဖူးပါဘူး... ညတုန်းက ကိုယ်မူးနေပေမဲ့ အသိစိတ်ရှိပါတယ်... အကုန်မှတ်မိပြီး... အကုန်ခံစားမိပါတယ်..."
ရိပေါ်ရဲ့ရှောင်းကျန့်ကိုနားမလည်နိုင်မှုက အတိုင်းအဆမဲ့ပါပဲ...
ရှောင်းကျန့်က ဘာဖြစ်ချင်နေတာလဲ...
ဘယ်ရှောင်းကျန့်က တကယ့် အမှန်တရားလဲ...
အရင်က သူ့ကိုငြင်းဆန်နေတဲ့ရှောင်းကျန့်လား...
ညကမူးနေတဲ့ရှောင်းကျန့်လား.. ဒါမှမဟုတ်... ဒီမနက်မှာ သူ့ကိုတောင်းပန်နေတဲ့ ဒီရှောင်းကျန့်လား...
ရှောင်းကျန့်ကိုမသိတော့ပေမဲ့ သူသိတာတစ်ခုတော့ရှိတယ်...
အကိုက ဒီခရီးက ပြန်ရောက်တာနဲ့ ထွက်သွားတော့မှာ...
သူ စိတ်ယိုင်ပြီး မတွယ်တာသင့်တော့ဘူး...
ရှောင်းကျန့်ကို ခံစားချက်ရှိနေမိတာက သူ့ရဲ့ အတွင်းဒဏ်ရာတစ်ခုလိုဖြစ်နေပြီ...
ဒီအခြေအနေကို ရင်ခုန်ခဲ့မိပေမဲ့ မပျော်ရွှင်ရဲဘူး....
စိတ်လွတ်ပြီးပျော်ရွှင်မိရင် ပိုနာကျင်ရမယ်...
"ရိပေါ်... ကိုယ်လေ..."
"အကိုက မကြာခင်ထွက်သွားမှာပဲ... ဒါတွေပြန်ရှင်းပြနေတော့ရော ဘာထူးလို့လဲ... အဲ့ဒီအစား ကျွန်တော်စိတ်အေးအေးကျန်ခဲ့ပြီး ဖြတ်တောက်နိုင်မဲ့စကားမျိုးပဲ ပြောသင့်တယ်"
ရိပေါ်ဟာ သူမျော်လင့်ထားသည်ထက် ပိုပြီးတည်ငြိမ်နေပြီး အေးစက်လို့နေတယ်။
ရှောင်းကျန့်အတွေးမှာ ဒီကောင်လေးဟာ သူသိတဲ့ဝမ်ရိပေါ်ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်မိတယ်။
"ကိုယ်မင်းကို ရှင်းပြစရာတွေအများကြီးရှိတယ် ရိပေါ်ရဲ့... ဒါပေမဲ့ ဘယ်ကစပြောရမလဲ မသိဘူး"
ရိပေါ်က တစ်ဖက်ကိုမျက်နှာလွဲသွားတယ်။
"ကျွန်တော့်ကို အားနာနေတာမျိုးဆိုရင် အဲ့လိုမလုပ်ပါနဲ့... ကျွန်တော်လည်း နေရခက်တာမို့လို့.."
"...."
"ရေချိုးရဦးမယ်.. "
ထထွက်သွားတဲ့ရိပေါ်ကိုကြည့်ရင်း ဒီကောင်လေး ကျောပြင်တွေပိုကျယ်လာပါလားလို့တွေးမိတယ်။
လပိုင်းအတွင်း မြန်မြန်ဆန်ဆန်ကို ရင့်ကျက်လာတာပဲ...
သူ့အဝေးမှာနေဖို့ တကယ့်ကိုအဆင်သင့်ပြင်ထားပြီးပြီထင်ရဲ့...
ဝမ်ရိပေါ်ဟာ သူ့အပေါ် ဘယ်လောက်သဘောကျပြီး ဘယ်လောက်ယုံကြည်ခဲ့ပါသလဲ...
ဒီယုံကြည်မှုတွေကို သူအတိုင်းအတာဘယ်လောက်အထိဖျက်ဆီးခဲ့မိသလဲ....
ဒါက တစ်ချိန်တုန်းက သူရိပေါ်ကိုလုပ်ခဲ့တဲ့ ပုံစံတွေနဲ့ဆင်တူနေတာဖြစ်တယ်။
ရိပေါ်ခံစားချက်ကို အခုမှနားလည်မိတယ်။
သူ... အတော်လေး မှားယွင်းခဲ့တာပဲ....
.
.
ဒီနေ့က ခရီးစဥ်ရဲ့နောက်ဆုံးနေ့ဖြစ်ပြီး ဆရာက ကျောင်းသားတွေကို လွပ်လပ်ခွင့်ပေးလိုက်ကာ မြို့ထဲ စိတ်တိုင်းကျလည်ပတ်ခွင့်ပေးလိုက်တယ်။
ဒီမြို့ငယ်လေးက ထွေထွေထူးထူးလည်စရာတော့မရှိဘူး...
မြို့လယ်ခေါင်မှာနာရီစင်ကြီးရှိပြီး ရှုခင်းလှတဲ့ကော်ဖီဆိုင်တွေရှိမယ်... ကုန်တိုက်ကြီးတစ်ခုရှိမယ်... ဒေသထွက်ထုတ်ကုန်နဲ့ ဒေသထွက်အစားအသောက်တွေရောင်းတဲ့ စျေးတန်းတွေရှိမယ်... ပန်းခြံလိုလို ကစားကွင်းလိိုလိုနေရာတစ်ခုရှိမယ်... ဘုရားကျောင်း ဘုံကျောင်းတွေရှိမယ်...
ခရီးသွားလမ်းညွှန်ပြောတဲ့ လည်ပတ်စရာက ဒါပါပဲ...
ဆရာက စုရပ်တစ်ခုသတ်မှတ်လိုက်ပြီး ညနေလေးနာရီအရောက် အန္တရာယ်ကင်းကင်းပြန်လာရမယ်လို့ စည်းကမ်းချတယ်။
လူငယ်တွေအတွက်ကတော့ နေရာစိမ်းဖြစ်တာကတစ်ကြောင်း.. လွပ်လပ်မှုကိုရလိုက်တာကတစ်ကြောင်း... အကြောင်းကြောင်းဖြင့် လည်ပတ်ဖို့ရာ အထူးပျော်ရွှင်နေကြလေရဲ့...
ရှင်းလင်းတဲ့ခပ်ကျဥ်းကျဥ်းမြို့ငယ်လေးမို့လို့ စိတ်ပူစရာတော့ သိပ်မရှိဘူးရယ်...
အားလုံးက ကိုယ့်ဘာသာ ဂရုစိုက်နိုင်ရတော့မယ်အရွယ်လေးတွေမဟုတ်လား...
အားလုံးစည်းကမ်းသတ်မှတ်ပြီး မှာစရာရှိတာမှာပြီးနောက် ကျောင်းသားတွေ တစ်အုပ်စုဆီ ထွက်ခွာသွားကြတယ်....
နောက်ဆုံးကျန်တဲ့သူဆိုလို့ သူရယ် ဆရာရယ်.. ရိပေါ်တို့သုံးယောက်ရယ်...
"မင်းလည်း သွားလည်လေ... ဟိုသုံးယောက်က မင်းကလေးတွေမလား... မင်းကိုစောင့်နေကြတာထင်တယ်"
ဆရာက ဟိုကလေးသုံးယောက်ကိုမေးငေါ့လို့ ကလေးထိန်းဆိုကာ စနောက်တော့ သူ့မှာခပ်ရှက်ရှက်ရယ်...
ဆရာ့ကိုနုတ်ဆက်ပြီးထွက်လာတော့ ရိပေါ် ချိုးဟွာနဲ့ ရှင်းယီက တကယ်ပဲသူ့ကိုစောင့်နေကြတာဖြစ်တယ်။
အပြုံးလေးတွေတောက်ပလာရဲ့...
ရိပေါ်ကတော့ သူ့ကိုမျက်နှာလွဲထားတယ်..
သူအနားရောက်သွားတော့ ချိုးဟွာနဲ့ရှင်းယီက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ သူနဲ့ရိပေါ်ကို မျက်စပစ်ရင်း အသံတိတ်တိုက်ပွဲစဖြစ်တယ်။
ခဏအကြာ ရှင်းယီက ချိုးဟွာကိုလက်ဆွဲလို့ရှေ့ကအရင်သွားဖို့ဟန်ပြင်တယ်။
"အဲ.. ငါတို့ မုန့်စျေးတန်းအရင်သွားကြမလား... ငါစားကြည့်ချင်တဲ့မုန့်တွေအများကြီးပဲ.."
"အင်း...ကောင်းသားပဲ.."
သူခေါင်းခါရင်း ကြိတ်ရယ်မိပြန်တာပဲ..
ကလေးတွေများ... သိသာလိုက်တာ...
ရိပေါ်ကတော့ ဘာသံမှမထွက်ပဲ ခြေထောက်ထိပ်နဲ့မြေပြင်ကို ပေါက်လို့ခေါင်းငုံ့နေရဲ့...
"ရိပေါ်က ဘယ်သွားချင်လဲ.."
"ကျွန်တော်က ..ဘယ်ဖြစ်ဖြစ်... ရပါတယ်.."
"အဲ့တာဆိုလည်း မုန့်စျေးတန်းပဲသွားကြတာပေါ့..."
သူတို့တွေ ပထမရက်ကအတိုင်း စက်ဘီးနှစ်စီးငှားလိုက်တယ်။
ဒီနေ့မှာတော့ ချိုးဟွာက ရှင်းယီနောက်လိုက်စီးလိုက်တာမို့ ရိပေါ်က သူနဲ့အတူဖြစ်သွားတယ်....
"ပြိုင်နင်းဦးမလား ဆရာရှောင်း.."
ရှင်းယီက ခေါင်းမော့လို့ သူ့ကိုစိန်ခေါ်ပြန်တော့ သူမျက်ခုံးရှုံ့ကာ ခေါင်းခါပြရတယ်။
ရိပေါ်ကိုတင်ပြီးအမြန်နင်းနိုင်ဖို့က ခက်ခဲတယ်လေ...
သူဒီအတိုင်း အေးအေးဆေးဆေးလေးပဲ လည်ပတ်ချင်တယ်.... ရိပေါ်နဲ့...
.
.
ရှင်းယီနဲ့ချိုးဟွာက သူ့ကို Fighting ဆိုတဲ့ စာတစ်စောင်ပို့ပြီး တကယ့်ကိုပျောက်သွားတော့တာ...
ဘယ်နေရာတွေသွားလည်နေလည်းမသိတော့ဘူး...
ဒီနေရာမှာက ဒေသထွက်အစားအသောက်တွေများပါတယ်။
ဆန်တဲ့လုပ်တဲ့အစားအသောက်တွေ..
ဂျုံနဲ့လုပ်တဲ့မုန့်တွေ အသီးအနှံတွေ၊ အသားနဲ့ ပိုးကောင်အကြော်အလှော်တွေလည်းရှိတယ်။
အစားကြိုက်တဲ့ကောင်လေးကတော့ မုန့်စျေးတန်းမှာ တစ်မျိုးပြီးတစ်မျိုးလျောက်စားနေတော့တာပဲ...
အခုပဲ အာလူးတုတ်ထိုးကြော် စားနေရင်းကနေ အသားကင်ဘက်ရောက်သွားတယ်...
အသားကင်စားလို့မှမပြီးသေးဘူး မုန့်ကြိုးလိမ်ဝယ်စားပြန်တယ်...
အဲ့ဒီကနေ သကာရည်ဆမ်းတိုဖူးပျော့...
ဒေသထွက်ဆန်မုန့်တွေ.. အသီးဖျော်ရည်တွေ... အကြော်စုံတွေ ဖက်ထုပ်တွေ စုံလို့ပါပဲ...
စားသလောက်ဝင်တဲ့ဒီကောင်လေးကို သူအံ့သြမိတယ်။
ဗိုက်ပြည့်ပြီပြောပြီး ထပ်စားလည်းဝင်တာပဲ...
အစားတစ်ခုခုဝါးရင်များ နုတ်ခမ်းကိုချွန်လို့ ပါးကိုလုံးနေတာပဲ...
ဘယ်လိုလေးမှန်းကိုမသိဘူးရယ်...
စျေးတန်းကထွက်လာပြီးနောက် ဝမ်ရိပေါ် ပြည့်အင့်ပြီး မလှုပ်နိုင်တော့..
တစ်နေရာရာမှာနားဖို့လိုတာမို့ ရှောင်းကျန့်က အနီးနားက ကော်ဖီဆိုင်တစ်ဆိုင်ကို ဦးတည်လိုက်ရတယ်...
စားချင်တာစားလိုက်ရတော့ သူစိတ်ကြည်လင်သွားပြီဖြစ်တယ်။
ကော်ဖီဆိုင်ရောက်တော့အကိုက ကော်ဖီတစ်ခွက်မှာပါတယ်...
သူရေခဲမုန်စားချင်သေးပေမဲ့ အကိုက ခွင့်မပြုတော့ဘူး..
"ဗိုက်နာလိမ့်မယ် ရိပေါ်ရဲ့.."
ရိပေါ်က အကို့ကို တစ်ချက်ကြည့်တယ်။
"ကျွန်တော့်အိမ်မှာဆိုရင် ဒီလိုစားခွင့်ရတာမဟုတ်ဘူး... မားက မတည့်ဘူးဆိုပြီး ခွင့်မပြုဘူး.."
"အဲ့ဒီတော့ အခွင့်ရတုန်း စားချင်တာပေါ့.."
သူ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်လို့ တုံ့ပြန်လိုက်တယ်။
"ကိုယ်က မင်းတစ်ခုခုဖြစ်မှာစိတ်ပူလို့ပါ.."
"ဘာမှမဖြစ်ပါဘူးဆို..."
" အဲ့တာဆိုလည်း ဟုတ်ပြီ... ဒါနောက်ဆုံးပဲ.."
သူခေါင်းငြိမ့်ပြီး ကတိပေးသည့်ဟန် လက်ထောင်ပြတော့ အကိုက ရေခဲမုန့်မှာပေးတယ်။
ရှောင်းကျန့်က ရိပေါ်ကို ပြုံးလို့ထိုင်ကြည့်နေမိတော့တာပဲ...
ဒီရေခဲမုန့်ကိုလည်း ဝမ်ရိပေါ်တစ်ယောက် တစ်ကုတ်ကုတ်နဲ့စားနေပြန်တာပဲလေ....
ရေခဲမုန့်ဇွန်းကို နုတ်ခမ်းတွေချွန်နေအောင်ကိုက်ပြီး ပါးလုံးလုံးလေးကို လှုပ်စိလှုပ်စိနဲ့စားတာရယ်...
ချစ်စရာကောင်းပုံက တသဲတစ်ယားယားနဲ့ ဖျစ်ညစ်ပစ်ချင်စရာတောင်ကောင်းတယ်။
"အရသာရှိလား.."
"အင်း..ကောင်းတယ်"
ရိပေါ် ကိုကြည့်ရင်း ညက ထိတွေ့ခဲ့ရတဲ့နုတ်ခမ်းလုံးလုံးရဲ့ အိစက်စက်ခံစားချက်က ဖြတ်ကနဲ ခေါင်းထဲရောက်လာပြန်တယ်..
နွေးထွေးစိုစွတ်တဲ့ နုတ်ခမ်းသားတွေ...
ဒီနုတ်ခမ်းသားတွေက အခုတော့ ရေခဲမုန့်အေးအေးကို စိတ်လိုလက်ရ အရသာခံနေရဲ့...
အခုချိန်သာနမ်းလိုက်ရရင်.... အရမ်းချိုမှာပဲ...
ရုပ်တရက် ရိပေါ်ရဲ့မျက်လုံးတွေက သူ့မျက်လုံးတွေဆီရောက်လာတယ်...
"အကို.. "
"အာ.. အင်း.. ရိပေါ်.."
"ရေခဲမုန့်စားချင်လို့လား"
"အဲ... မဟုတ်ပါဘူး... မင်းအရသာရှိရှိစားနေတာ ကြည့်ကောင်းလို့.."
အသက်ရှုလမ်းကြောင်းက မူမမှန်ဖြစ်သွားတဲ့ပုံပဲ...
အသက်ရှုနေတဲ့လေတောင်ထသီးနေတယ်...
သူ့နုတ်ခမ်းရှေ့လက်နဲ့ကာပြီး လည်ချောင်းရှင်းတယ်။
"အဟမ်း..အဟမ်း..."
ရိပေါ်က သူ့ကို အူကြောင်ကြောင်ကြည့်လေလေ သူနေရခက်လေလေပဲ...
အချိန်ကိုက်စွာ ရောက်လာတဲ့ကော်ဖီခွက်ကို ယူမော့လိုက်တယ်...
"အွပ်.."
ပူလိုက်တာ.... ခါးတယ်.. တစ်ကိုယ်လုံးတုန်သွားတာပဲ...
"အဲ.. ပူတယ်လေ အကိုရဲ့"
သကြားမထည့်ရသေးတဲ့ အမေရိကာနို..
ပြင်းလိုက်တဲ့ အပူအရသာ...
အပူဓာတ်နဲ့အတူ ပူးတွဲပါတဲ့အခါးဓာတ်က ခေါင်းတစ်ခုလုံးတောင်ကျင်တက်သွားကာ မျက်ရည်ပါဝဲစေရဲ့...
"ရရဲ့လား အကို..."
ပြန်မဖြေနိုင်သေးဘူး... ရေသောက်ချင်နေပေမဲ့ အနားမှာရေမရှိ..
"အကို..."
ထိုအခိုက် သူ့ဆီဝင်ရောက်လာတဲ့ အအေးဓာတ်နဲ့အချိုဓာတ်ကလေး...
"..."
ရိပေါ်က ပူလောင်နေတဲ့သူ့ကို ရေခဲမုန့်အမြန်ခွံ့လိုက်တာဖြစ်တယ်...
သူငြိမ်သက်သွားကာ အေးမြသွားတယ်။
အလျှင်အမြန်ပျော်ဝင်သွားတဲ့ရေခဲမုန့်က ဘာလို့ဒီလောက်ကောင်းနေရတာလဲ...
"သက်သာပြီလား.."
ရေခဲမုန့်ဇွန်းလေးကိုင်လို့ သူ့ကိုပြူးကြည့်ရင်းမေးနေတဲ့ကောင်လေးကို သူ့ကယ်တင်ရှင်ပဲ...
သူ့စိတ်ထဲ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်သွားပြီး ကောင်လေးကပဲလင်းလက်သွားသလိုခံစားချက်လေး ဝင်ရောက်လာတယ်...
"အင်း.."
"တော်ပါသေးတယ်.."
ပြီးနောက် ရိပေါ်က ရေခဲမုန်ကိုပဲ ဆက်စားနေရဲ့...
သူသတိဝင်လာပြီးနောက် အရင်ဆုံးလုပ်မိတာက ခပ်ရှက်ရှက်နဲ့ပြုံးမိတာပဲ...
"သွေ့ပုချိ... ကိုယ်အရမ်းရယ်ရသွားတယ်မလား..."
"ဟင့်အင်း... နည်းနည်းပါ..."
ရိပေါ်ရဲ့အပြုံးကိုမြင်လေလေ သူမျက်နှာပူတက်လာလေလေပဲ...
ရိပေါ်က ပြုံးရုံမက ရယ်ပါရယ်လာသေးတာ...
"အာ... ရှက်လိုက်တာကွာ..."
"အကို ခဏ"
ရိပေါ်က တစ်ရှုးယူလို့ သူ့နုတ်ခမ်းနားကို လှမ်းသုတ်ပေးတယ်...
"ပေသွားလို့.."
"..."
သူငြိမ်သက်နေမိတာပါပဲ...
ရိပေါ်က သူ့ကို စက္ကန်ပိုင်းလောက်စိုက်ကြည့်လာတယ်။
ရုပ်တရက် နှလုံးခုန်သံတွေ ကြိမ်နှုန်းမြင့်လာရဲ့...
"ရေခဲမုန့်တွေ ပေသွားတာ.."
"အင်း.."
တစ်ရှုးကိုပြန်ဖယ်လိုက်ပြီး ရိပေါ်မျက်နှာတစ်ဖက်လှည့်တဲ့အချိန်မှာ နားရွက်ဖျားတွေနီရဲနေတာကို မြင်လိုက်ရတယ်။
"ကျေးဇူးပါ.."
သူပြုံးပြတော့ ရိပေါ်ကလည်း သူ့ကိုကြည့်လို့ ပြန်လိုက်ပြုံးပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်လို့ပြုံးမိတဲ့အခိုက်အတန့်ပါပဲ...
ဒီအခိုက်အတန့်လေးမှာ ရင်ခုန်မှုနဲ့စိတ်လှုပ်ရှားခြင်းလေးတွေပါဝင်တယ်...
ရှက်ကိုးရှက်ကန်းအကြည့်နဲ့အတူ ကြည်နူးခြင်းပါ ပေါက်ဖွားလာရဲ့...
------------------------------
Song : Dhruv - Double take
------------------------------
Zawgyi;
"တကယ္ပဲ... ႐ူးသြားၿပီထင္တယ္"
သူ႕ေဘးက ေစာင္ထဲလုံးလုံးေလးအိပ္ေပ်ာ္ေနတဲ့ေကာင္ေလးကို ထိုင္ၾကည့္ေနမိတယ္။
ေခါင္းထဲမွာလဲ ဗလာက်င္းလို႔ ဘာဆက္လုပ္ရမယ္မွန္းမသိေတာ့ေအာင္ပဲ..
ဝမ္ရိေပၚႏုတ္ခမ္းက အနည္းငယ္ ဖုေဖာင္းၿပီးေထာင့္နားမွာေပါက္ရာေသးေသးေလးတစ္ခုရွိေနတယ္။
သူ အရက္ရွိန္နဲ႕ သတိလက္လြတ္ၿပီး ဘယ္ေလာက္ၾကာေအာင္ နမ္းခဲ့မိမွန္းမသိေတာ့...
ရိေပၚ ရဲ႕ နာက်င္သံၾကားရၿပီး ႐ုန္းလာေတာ့မွ လႊတ္ခဲ့မိတယ္ထင္တာပဲ...
အဲ့ဒီေနာက္ ဒီေကာင္ေလးကို ေခ်ာ့ၿပီးသိပ္ခဲ့သလား...
သူနိုးလာတဲ့အခ်ိန္မွာ ရိေပၚက တကယ့္ကို သူနဲ႕နီးနီးကပ္ကပ္ေလးရွိေနခဲ့တာ...
သူ႕ဆံပင္ေတြကို ခပ္ၾကမ္းၾကမ္း ထိုးဖြမိေတာ့တယ္...
ေရွာင္းက်န့္ရာ... ေရွာင္းက်န့္ရ...
အခုမွ ဆယ္ရွစ္ႏွစ္ျပည့္မဲ့ကေလးတစ္ေယာက္ကို ဘာလုပ္လိုက္တာလဲ...
အသက္ေတာင္ မျပည့္ေသးတဲ့ေကာင္ေလးကိုေလ..
ဘယ္လိုစိတ္ေတြအထိျဖစ္ခဲ့တာလဲ..
ဒီလိုျဖဴျဖဴစင္စင္ေလးက သူ႕ကိုသေဘာက်ပါတယ္ဆိုၿပီး ခဏခဏေျပာေပမဲ့ အခ်စ္ဆိုတဲ့အရာကို ေသခ်ာေရာပိုင္းျခားတက္ရဲ႕လား...
စဥ္းစားစမ္းပါ.. ေတြးေခၚစမ္းပါ..
မင္းရဲ႕ဘဝလည္းရွိေသးတယ္ေလ...
အမူးသမားေရွာင္းက်န့္က ႐ူးေန႐ုံမက အသက္ပါမရွင္ခ်င္ေတာ့တဲ့ပုံပဲ...
သက္ျပင္းခ်လိဳ႕ ေခါင္းေဆးဖို႔ရာ အခန္းအျပင္ထထြက္လာလိုက္ေတာ့ ဧည့္ခန္းမမွာ အေတာ္ေလးရႈပ္ပြလို႔ေနတာကိုေတြ႕လိုက္ရတယ္။
ခ်ာခ်ာလည္ေနဆဲေခါင္းေတြဟာ ပိုေတာင္ေႏွာက္က်ိသြားေတာ့တာပဲ...
ဒီအေျခအေနကို ဆရာသာျမင္ရင္ေတာ့ျဖင့္...
ဘီယာဘူးေတြ.. ပုလင္းေတြ.. မုန့္ထုတ္ေတြရဲ႕စားႂကြင္းစားက်န္အမွိုက္ေတြက ပ်ံ့က်ဲေနကာ ေက်ာင္းသားတစ္ခ်ိဳ႕ကလည္း အခန္းအျပင္ဘက္မွာပဲ အိပ္ေပ်ာ္ေနၾကတယ္။
ညက သူမူးသြားတာအျပင္ ဝမ္ရိေပၚနဲ႕အတူရွိေနခဲ့တာမို႔ အျပင္ဘက္ကအေျခအေနဟာေခါင္းထဲလုံးဝရွိမေနခဲ့...
မူးသာမူးေနၾကတာ ေစာင္ေတြေတာ့ၿခဳံထားၾကေသးလို႔ေတာ္ေသးတယ္။
အျပင္ဘက္မွာက်န္ေနေသးတဲ့ကေလးတစ္ခ်ိဳ႕ကိုနိုးလို႔အခန္းထဲဝင္အိပ္ေစၿပီး သူက သန့္ရွင္းေရးစလုပ္ရတယ္။
သူက ဦးေဆာင္ၿပီးခြင့္ျပဳခဲ့တာဆိုေတာ့ သူပဲရွင္းလင္းရမွာေပါ့.
အမွိုက္ေတြသိမ္းဆည္းၿပီးတာနဲ႕ ကိုယ္လက္သန့္စင္ၿပီး ကေလးေတြစားဖို႔ မနက္စာစီစဥ္တယ္။
မေန႕က တည္းခိုေဆာင္ပိုင္ရွင္က ဆန္၊ ဆန္ေခါက္ဆြဲနဲ႕ ၾကက္ဥေပးထားေသးတယ္။
ေရခဲေသတၱာထဲမွာလဲ အေျခခံ ခ်က္ျပဳတ္စရာဟင္းခတ္တစ္ခ်ိဳ႕ထည့္ထားေပးတာမို႔ အဆင္ေျပတယ္။
ညက ေသာက္စားထားတာဆိုေတာ့ အမူးေျပေအာင္ ၾကက္ဥကိုပဲ ၾကက္သြန္မိတ္မ်ားမ်ားနဲ႕ စြပ္ျပဳတ္အရည္က်ဲက်ဲေလးခ်က္လိုက္တယ္။
ဆန္ေခါက္ဆြဲကိုျပဳတ္ထားလိုက္ၿပီး စားခါနီးက်မွ စြပ္ျပဳတ္ဟင္းရည္ထည့္ ဟင္းခတ္အနည္းငယ္ထည့္လိုက္ရင္ ျပည့္စုံတဲ့ ၾကက္ဥေခါက္ဆြဲျဖစ္သြားမယ္...
ဒီေတာ့.. မနက္စာလဲၿပီးၿပီ...
အားလုံးၿပီးလို႔ အျပင္ဘက္ျပန္ထြက္လာေတာ့ ဝမ္ရိေပၚတစ္ေယာက္ ဧည့္ခန္းဆိုဖာမွာ မလႈပ္မယွက္ၿငိမ္ေနတာကို ေတြ႕လိုက္ရတယ္။
သူရင္ထဲေလးလံသြားကာ ေျခလွမ္းေတြေႏွးတုံ႕သြားရဲ႕...
ရိေပၚ သူ႕ဖက္ကိုလွည့္ၾကည့္လာတာနဲ႕ သူ သတိအေနအထားျဖစ္သြားကာ ၿပဳံးျပလိုက္တယ္...
"ရိေပၚ.. နိုးေနၿပီလား..."
ရိေပၚကေတာ့ မရယ္မၿပဳံးနဲ႕ သူ႕ကိုေခါင္းအစေျခအဆုံးၾကည့္ေနေတာ့တာ...
"ဗိုက္ဆာေနၿပီလား... ကိုယ္ေခါက္ဆြဲခ်က္ထားတယ္...."
ဝမ္ရိေပၚအနားေရာက္သြားေလေလ စကားဆက္ေျပာဖို႔ရာ သူ႕ႏုတ္ခမ္းႏွစ္လြာကို အလိုလိုဖိပိတ္မိေလပဲ...
ရိေပၚႏုတ္ခမ္းေတြက ဖုေဖာင္းေနကာ ပုံမွန္အခ်ိန္ေတြထက္ သိသိသာသာနီေစြးလို႔ေနရဲ႕...
ညကအျဖစ္အပ်က္ကိုျပန္ျမင္ေယာင္မိေတာ့ စိတ္ေတြလႈပ္ရွားလာတယ္...
"ဟို.. ရိေပၚ.."
"ဒါက.... အိပ္မက္မဟုတ္ဘူးလား.."
"...အာ... အဲ့တာက...."
ရိေပၚရဲ႕ နက္ရွိုင္းရွိုင္းမ်က္ဝန္းေတြက သူ႕ကိုခံနိုင္ရည္မရွိေအာင္ စူးရွလို႔ေနတယ္။
သူေနရခက္စြာမ်က္ႏွာလြဲလိုက္ၿပီး ဘယ္လိုေျဖရမလဲဆိုတာကို စဥ္းစားတယ္။
သူဟာ ျဖဴစင္တဲ့ကေလးကို မျဖဴစင္တဲ့အျပဳအမူေတြလုပ္ခဲ့မိတာမလား...
"အကို သိတယ္မလား.. "
"ကိုယ္.."
"အကိုမဟုတ္ဘူးဆိုရင္... ကြၽန္ေတာ္တျခားလူနဲ႕ မ်ားလူမွားၿပီး..."
"မဟုတ္ဘူး!!!!...မဟုတ္ဘူး.."
"...."
မဟုတ္ဘူးဆိုတဲ့ သူ႕အသံက က်ယ္ေတာင္က်ယ္သြားတယ္။
ရိေပၚက ဒီအေျခအေနကို ထိတ္လန့္ေနပုံလဲေပၚတယ္။
အေျဖရွာမရျဖစ္ေနပုံကလည္း ထင္ရွားလို႔ေနရဲ႕...
ဘယ္လိုေတာင္ ေတြးလိုက္ရသလဲ... ရိေပၚရယ္...
တျခားသူေတြနိုးသြားလား သူတစ္ခ်က္အကဲခတ္လိုက္ၿပီး ရိေပၚေဘး အသာအယာထိုင္လိုက္တယ္...
"တျခားသူမဟုတ္ပါဘူး........ ကိုယ္ပါပဲ..."
ဝမ္ရိေပၚရဲ႕မ်က္လုံးေတြ ျပဴးက်ယ္သြားတယ္...
ရင္ထဲ အေတာ္ေလး ဟာတာတာျဖစ္သြားတယ္...
အကိုက တကယ္ပဲ သူ႕ကို...
"ေတာင္းပန္ပါတယ္.."
"...."
ရိေပၚရဲ႕အံ့ၾသမႈဟာ ရွည္ၾကာျခင္းမရွိဘူး..
သိသာပါတယ္....
ညက အကိုမူးေနခဲ့တာေလ...
ဒီအရာကိုရင္ခုန္ၿပီး ဘာေမ်ာ္လင့္ခ်က္မွမထားရဲပါဘူး...
"ကြၽန္ေတာ္လူမွားတာမဟုတ္ဘူးဆိုေတာ့.. အကိုလူမွားတာေပါ့..."
"ဘယ္လို.."
"အကို မူးေနတာဆိုေတာ့ လူမွားျမင္ၿပီး... အဲ့လိုမလား... ကြၽန္ေတာ္မဟုတ္ပဲ.."
"......"
ရိေပၚစကားကို ေရွာင္းက်န့္ထိတ္လန့္ရျပန္တယ္...
အေတြးက ထပ္ၿပီး...
"ကိုယ္လည္း လူမွားတာမဟုတ္ဘူး... မင္းဆိုတာကိုယ္သိတယ္..."
ေရွာင္းက်န့္ထင္လိုက္တာက သူဝန္ခံလိုက္ရင္ သူ႕စိတ္ကိုသိလိမ့္မယ္ေပါ့...
ဒါေပမဲ့ ဒီစကားက ဘယ္လိုလုပ္ၿပီး...
"ရပါတယ္... ဒီလိုဆိုလည္း ကြၽန္ေတာ္ခဏကံေကာင္းခဲ့တာေပါ့...ကြၽန္ေတာ္က လြယ္တယ္မလား.."
ဘာရယ္...
"မဟုတ္ဘူးေလ ရိေပၚ... အဲ့လိုမဟုတ္ပါဘူး....ကိုယ္မင္းအေပၚတကယ္ပဲ..."
သူ႕ရင္ထဲ အားနာစိတ္ေတြျပည့္လွ်ံလာတယ္...
ဘာဆက္ေျပာရမလဲမသိေတာ့ဘူး...
ဒီစကားလုံးေတြဟာသူနဲ႕ကြၽမ္းဝင္မႈမရွိပဲ ေျပာလိုက္မိတဲ့စကားေတြက တစ္ဖက္လူကို အေပါစားဆန္သြားေစမွာ စိုးရိမ္မိတယ္...
သူဟာ ရိေပၚကို အလြယ္ရလို႔ ထိပါးခဲ့တာ မဟုတ္ဘူး...
"အရက္ဆိုတာ လူကို ဆင္ျခင္ဉာဏ္နည္းေစတယ္တဲ့... ကြၽန္ေတာ့္ကို ႏွစ္သိမ့္ေပးမေနပါနဲ႕..."
အမည္ေဖာ္မရတဲ့ ေဝဒနာတစ္ခုက သူ႕ရင္ကိုပိုင္းျခားေနသလိုပဲ...
ရိေပၚသူ႕အေပၚ ယုံၾကည္မႈေတြ ပ်က္စီးသြားၿပီလား...
သူ႕စကားေတြကို မယုံေတာ့ဘူးလား...
"ကိုယ္ တျခားလူေနရာမွာမင္းကိုအစားထိုးမွာမဟုတ္သလို မင္းေနရာကိုလည္း တျခားလူဝင္လို႔မရဘူး... မင္းကို ဘယ္တုန္းကမွလြယ္တယ္လို႔
သေဘာမထားခဲ့ဖူးပါဘူး... ညတုန္းက ကိုယ္မူးေနေပမဲ့ အသိစိတ္ရွိပါတယ္... အကုန္မွတ္မိၿပီး... အကုန္ခံစားမိပါတယ္..."
ရိေပၚရဲ႕ေရွာင္းက်န့္ကိုနားမလည္နိုင္မႈက အတိုင္းအဆမဲ့ပါပဲ...
ေရွာင္းက်န့္က ဘာျဖစ္ခ်င္ေနတာလဲ...
ဘယ္ေရွာင္းက်န့္က တကယ့္ အမွန္တရားလဲ...
အရင္က သူ႕ကိုျငင္းဆန္ေနတဲ့ေရွာင္းက်န့္လား...
ညကမူးေနတဲ့ေရွာင္းက်န့္လား.. ဒါမွမဟုတ္... ဒီမနက္မွာ သူ႕ကိုေတာင္းပန္ေနတဲ့ ဒီေရွာင္းက်န့္လား...
ေရွာင္းက်န့္ကိုမသိေတာ့ေပမဲ့ သူသိတာတစ္ခုေတာ့ရွိတယ္...
အကိုက ဒီခရီးက ျပန္ေရာက္တာနဲ႕ ထြက္သြားေတာ့မွာ...
သူ စိတ္ယိုင္ၿပီး မတြယ္တာသင့္ေတာ့ဘူး...
ေရွာင္းက်န့္ကို ခံစားခ်က္ရွိေနမိတာက သူ႕ရဲ႕ အတြင္းဒဏ္ရာတစ္ခုလိုျဖစ္ေနၿပီ...
ဒီအေျခအေနကို ရင္ခုန္ခဲ့မိေပမဲ့ မေပ်ာ္႐ႊင္ရဲဘူး....
စိတ္လြတ္ၿပီးေပ်ာ္႐ႊင္မိရင္ ပိုနာက်င္ရမယ္...
"ရိေပၚ... ကိုယ္ေလ..."
"အကိုက မၾကာခင္ထြက္သြားမွာပဲ... ဒါေတြျပန္ရွင္းျပေနေတာ့ေရာ ဘာထူးလို႔လဲ... အဲ့ဒီအစား ကြၽန္ေတာ္စိတ္ေအးေအးက်န္ခဲ့ၿပီး ျဖတ္ေတာက္နိုင္မဲ့စကားမ်ိဳးပဲ ေျပာသင့္တယ္"
ရိေပၚဟာ သူေမ်ာ္လင့္ထားသည္ထက္ ပိုၿပီးတည္ၿငိမ္ေနၿပီး ေအးစက္လို႔ေနတယ္။
ေရွာင္းက်န့္အေတြးမွာ ဒီေကာင္ေလးဟာ သူသိတဲ့ဝမ္ရိေပၚဟုတ္ရဲ႕လားလို႔ ေမးခြန္းထုတ္မိတယ္။
"ကိုယ္မင္းကို ရွင္းျပစရာေတြအမ်ားႀကီးရွိတယ္ ရိေပၚရဲ႕... ဒါေပမဲ့ ဘယ္ကစေျပာရမလဲ မသိဘူး"
ရိေပၚက တစ္ဖက္ကိုမ်က္ႏွာလြဲသြားတယ္။
"ကြၽန္ေတာ့္ကို အားနာေနတာမ်ိဳးဆိုရင္ အဲ့လိုမလုပ္ပါနဲ႕... ကြၽန္ေတာ္လည္း ေနရခက္တာမို႔လို႔.."
"...."
"ေရခ်ိဳးရဦးမယ္.. "
ထထြက္သြားတဲ့ရိေပၚကိုၾကည့္ရင္း ဒီေကာင္ေလး ေက်ာျပင္ေတြပိုက်ယ္လာပါလားလို႔ေတြးမိတယ္။
လပိုင္းအတြင္း ျမန္ျမန္ဆန္ဆန္ကို ရင့္က်က္လာတာပဲ...
သူ႕အေဝးမွာေနဖို႔ တကယ့္ကိုအဆင္သင့္ျပင္ထားၿပီးၿပီထင္ရဲ႕...
ဝမ္ရိေပၚဟာ သူ႕အေပၚ ဘယ္ေလာက္သေဘာက်ၿပီး ဘယ္ေလာက္ယုံၾကည္ခဲ့ပါသလဲ...
ဒီယုံၾကည္မႈေတြကို သူအတိုင္းအတာဘယ္ေလာက္အထိဖ်က္ဆီးခဲ့မိသလဲ....
ဒါက တစ္ခ်ိန္တုန္းက သူရိေပၚကိုလုပ္ခဲ့တဲ့ ပုံစံေတြနဲ႕ဆင္တူေနတာျဖစ္တယ္။
ရိေပၚခံစားခ်က္ကို အခုမွနားလည္မိတယ္။
သူ... အေတာ္ေလး မွားယြင္းခဲ့တာပဲ....
.
.
ဒီေန႕က ခရီးစဥ္ရဲ႕ေနာက္ဆုံးေန႕ျဖစ္ၿပီး ဆရာက ေက်ာင္းသားေတြကို လြပ္လပ္ခြင့္ေပးလိုက္ကာ ၿမိဳ႕ထဲ စိတ္တိုင္းက်လည္ပတ္ခြင့္ေပးလိုက္တယ္။
ဒီၿမိဳ႕ငယ္ေလးက ေထြေထြထူးထူးလည္စရာေတာ့မရွိဘူး...
ၿမိဳ႕လယ္ေခါင္မွာနာရီစင္ႀကီးရွိၿပီး ရႈခင္းလွတဲ့ေကာ္ဖီဆိုင္ေတြရွိမယ္... ကုန္တိုက္ႀကီးတစ္ခုရွိမယ္... ေဒသထြက္ထုတ္ကုန္နဲ႕ ေဒသထြက္အစားအေသာက္ေတြေရာင္းတဲ့ ေစ်းတန္းေတြရွိမယ္... ပန္းၿခံလိုလို ကစားကြင္းလိိုလိုေနရာတစ္ခုရွိမယ္... ဘုရားေက်ာင္း ဘုံေက်ာင္းေတြရွိမယ္...
ခရီးသြားလမ္းၫႊန္ေျပာတဲ့ လည္ပတ္စရာက ဒါပါပဲ...
ဆရာက စုရပ္တစ္ခုသတ္မွတ္လိုက္ၿပီး ညေနေလးနာရီအေရာက္ အႏၲရာယ္ကင္းကင္းျပန္လာရမယ္လို႔ စည္းကမ္းခ်တယ္။
လူငယ္ေတြအတြက္ကေတာ့ ေနရာစိမ္းျဖစ္တာကတစ္ေၾကာင္း.. လြပ္လပ္မႈကိုရလိုက္တာကတစ္ေၾကာင္း... အေၾကာင္းေၾကာင္းျဖင့္ လည္ပတ္ဖို႔ရာ အထူးေပ်ာ္႐ႊင္ေနၾကေလရဲ႕...
ရွင္းလင္းတဲ့ခပ္က်ဥ္းက်ဥ္းၿမိဳ႕ငယ္ေလးမို႔လို႔ စိတ္ပူစရာေတာ့ သိပ္မရွိဘူးရယ္...
အားလုံးက ကိုယ့္ဘာသာ ဂ႐ုစိုက္နိုင္ရေတာ့မယ္အ႐ြယ္ေလးေတြမဟုတ္လား...
အားလုံးစည္းကမ္းသတ္မွတ္ၿပီး မွာစရာရွိတာမွာၿပီးေနာက္ ေက်ာင္းသားေတြ တစ္အုပ္စုဆီ ထြက္ခြာသြားၾကတယ္....
ေနာက္ဆုံးက်န္တဲ့သူဆိုလို႔ သူရယ္ ဆရာရယ္.. ရိေပၚတို႔သုံးေယာက္ရယ္...
"မင္းလည္း သြားလည္ေလ... ဟိုသုံးေယာက္က မင္းကေလးေတြမလား... မင္းကိုေစာင့္ေနၾကတာထင္တယ္"
ဆရာက ဟိုကေလးသုံးေယာက္ကိုေမးေငါ့လို႔ ကေလးထိန္းဆိုကာ စေနာက္ေတာ့ သူ႕မွာခပ္ရွက္ရွက္ရယ္...
ဆရာ့ကိုႏုတ္ဆက္ၿပီးထြက္လာေတာ့ ရိေပၚ ခ်ိဳးဟြာနဲ႕ ရွင္းယီက တကယ္ပဲသူ႕ကိုေစာင့္ေနၾကတာျဖစ္တယ္။
အၿပဳံးေလးေတြေတာက္ပလာရဲ႕...
ရိေပၚကေတာ့ သူ႕ကိုမ်က္ႏွာလြဲထားတယ္..
သူအနားေရာက္သြားေတာ့ ခ်ိဳးဟြာနဲ႕ရွင္းယီက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လို႔ သူနဲ႕ရိေပၚကို မ်က္စပစ္ရင္း အသံတိတ္တိုက္ပြဲစျဖစ္တယ္။
ခဏအၾကာ ရွင္းယီက ခ်ိဳးဟြာကိုလက္ဆြဲလို႔ေရွ႕ကအရင္သြားဖို႔ဟန္ျပင္တယ္။
"အဲ.. ငါတို႔ မုန့္ေစ်းတန္းအရင္သြားၾကမလား... ငါစားၾကည့္ခ်င္တဲ့မုန့္ေတြအမ်ားႀကီးပဲ.."
"အင္း...ေကာင္းသားပဲ.."
သူေခါင္းခါရင္း ႀကိတ္ရယ္မိျပန္တာပဲ..
ကေလးေတြမ်ား... သိသာလိုက္တာ...
ရိေပၚကေတာ့ ဘာသံမွမထြက္ပဲ ေျခေထာက္ထိပ္နဲ႕ေျမျပင္ကို ေပါက္လို႔ေခါင္းငုံ႕ေနရဲ႕...
"ရိေပၚက ဘယ္သြားခ်င္လဲ.."
"ကြၽန္ေတာ္က ..ဘယ္ျဖစ္ျဖစ္... ရပါတယ္.."
"အဲ့တာဆိုလည္း မုန့္ေစ်းတန္းပဲသြားၾကတာေပါ့..."
သူတို႔ေတြ ပထမရက္ကအတိုင္း စက္ဘီးႏွစ္စီးငွားလိုက္တယ္။
ဒီေန႕မွာေတာ့ ခ်ိဳးဟြာက ရွင္းယီေနာက္လိုက္စီးလိုက္တာမို႔ ရိေပၚက သူနဲ႕အတူျဖစ္သြားတယ္....
"ၿပိဳင္နင္းဦးမလား ဆရာေရွာင္း.."
ရွင္းယီက ေခါင္းေမာ့လို႔ သူ႕ကိုစိန္ေခၚျပန္ေတာ့ သူမ်က္ခုံးရႈံ႕ကာ ေခါင္းခါျပရတယ္။
ရိေပၚကိုတင္ၿပီးအျမန္နင္းနိုင္ဖို႔က ခက္ခဲတယ္ေလ...
သူဒီအတိုင္း ေအးေအးေဆးေဆးေလးပဲ လည္ပတ္ခ်င္တယ္.... ရိေပၚနဲ႕...
.
.
ရွင္းယီနဲ႕ခ်ိဳးဟြာက သူ႕ကို Fighting ဆိုတဲ့ စာတစ္ေစာင္ပို႔ၿပီး တကယ့္ကိုေပ်ာက္သြားေတာ့တာ...
ဘယ္ေနရာေတြသြားလည္ေနလည္းမသိေတာ့ဘူး...
ဒီေနရာမွာက ေဒသထြက္အစားအေသာက္ေတြမ်ားပါတယ္။
ဆန္တဲ့လုပ္တဲ့အစားအေသာက္ေတြ..
ဂ်ဳံနဲ႕လုပ္တဲ့မုန့္ေတြ အသီးအႏွံေတြ၊ အသားနဲ႕ ပိုးေကာင္အေၾကာ္အေလွာ္ေတြလည္းရွိတယ္။
အစားႀကိဳက္တဲ့ေကာင္ေလးကေတာ့ မုန့္ေစ်းတန္းမွာ တစ္မ်ိဳးၿပီးတစ္မ်ိဳးေလ်ာက္စားေနေတာ့တာပဲ...
အခုပဲ အာလူးတုတ္ထိုးေၾကာ္ စားေနရင္းကေန အသားကင္ဘက္ေရာက္သြားတယ္...
အသားကင္စားလို႔မွမၿပီးေသးဘူး မုန့္ႀကိဳးလိမ္ဝယ္စားျပန္တယ္...
အဲ့ဒီကေန သကာရည္ဆမ္းတိုဖူးေပ်ာ့...
ေဒသထြက္ဆန္မုန့္ေတြ.. အသီးေဖ်ာ္ရည္ေတြ... အေၾကာ္စုံေတြ ဖက္ထုပ္ေတြ စုံလို႔ပါပဲ...
စားသေလာက္ဝင္တဲ့ဒီေကာင္ေလးကို သူအံ့ၾသမိတယ္။
ဗိုက္ျပည့္ၿပီေျပာၿပီး ထပ္စားလည္းဝင္တာပဲ...
အစားတစ္ခုခုဝါးရင္မ်ား ႏုတ္ခမ္းကိုခြၽန္လို႔ ပါးကိုလုံးေနတာပဲ...
ဘယ္လိုေလးမွန္းကိုမသိဘူးရယ္...
ေစ်းတန္းကထြက္လာၿပီးေနာက္ ဝမ္ရိေပၚ ျပည့္အင့္ၿပီး မလႈပ္နိုင္ေတာ့..
တစ္ေနရာရာမွာနားဖို႔လိုတာမို႔ ေရွာင္းက်န့္က အနီးနားက ေကာ္ဖီဆိုင္တစ္ဆိုင္ကို ဦးတည္လိုက္ရတယ္...
စားခ်င္တာစားလိုက္ရေတာ့ သူစိတ္ၾကည္လင္သြားၿပီျဖစ္တယ္။
ေကာ္ဖီဆိုင္ေရာက္ေတာ့အကိုက ေကာ္ဖီတစ္ခြက္မွာပါတယ္...
သူေရခဲမုန္စားခ်င္ေသးေပမဲ့ အကိုက ခြင့္မျပဳေတာ့ဘူး..
"ဗိုက္နာလိမ့္မယ္ ရိေပၚရဲ႕.."
ရိေပၚက အကို႔ကို တစ္ခ်က္ၾကည့္တယ္။
"ကြၽန္ေတာ့္အိမ္မွာဆိုရင္ ဒီလိုစားခြင့္ရတာမဟုတ္ဘူး... မားက မတည့္ဘူးဆိုၿပီး ခြင့္မျပဳဘူး.."
"အဲ့ဒီေတာ့ အခြင့္ရတုန္း စားခ်င္တာေပါ့.."
သူ ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္လို႔ တုံ႕ျပန္လိုက္တယ္။
"ကိုယ္က မင္းတစ္ခုခုျဖစ္မွာစိတ္ပူလို႔ပါ.."
"ဘာမွမျဖစ္ပါဘူးဆို..."
" အဲ့တာဆိုလည္း ဟုတ္ၿပီ... ဒါေနာက္ဆုံးပဲ.."
သူေခါင္းၿငိမ့္ၿပီး ကတိေပးသည့္ဟန္ လက္ေထာင္ျပေတာ့ အကိုက ေရခဲမုန့္မွာေပးတယ္။
ေရွာင္းက်န့္က ရိေပၚကို ၿပဳံးလို႔ထိုင္ၾကည့္ေနမိေတာ့တာပဲ...
ဒီေရခဲမုန့္ကိုလည္း ဝမ္ရိေပၚတစ္ေယာက္ တစ္ကုတ္ကုတ္နဲ႕စားေနျပန္တာပဲေလ....
ေရခဲမုန့္ဇြန္းကို ႏုတ္ခမ္းေတြခြၽန္ေနေအာင္ကိုက္ၿပီး ပါးလုံးလုံးေလးကို လႈပ္စိလႈပ္စိနဲ႕စားတာရယ္...
ခ်စ္စရာေကာင္းပုံက တသဲတစ္ယားယားနဲ႕ ဖ်စ္ညစ္ပစ္ခ်င္စရာေတာင္ေကာင္းတယ္။
"အရသာရွိလား.."
"အင္း..ေကာင္းတယ္"
ရိေပၚ ကိုၾကည့္ရင္း ညက ထိေတြ႕ခဲ့ရတဲ့ႏုတ္ခမ္းလုံးလုံးရဲ႕ အိစက္စက္ခံစားခ်က္က ျဖတ္ကနဲ ေခါင္းထဲေရာက္လာျပန္တယ္..
ေႏြးေထြးစိုစြတ္တဲ့ ႏုတ္ခမ္းသားေတြ...
ဒီႏုတ္ခမ္းသားေတြက အခုေတာ့ ေရခဲမုန့္ေအးေအးကို စိတ္လိုလက္ရ အရသာခံေနရဲ႕...
အခုခ်ိန္သာနမ္းလိုက္ရရင္.... အရမ္းခ်ိဳမွာပဲ...
႐ုပ္တရက္ ရိေပၚရဲ႕မ်က္လုံးေတြက သူ႕မ်က္လုံးေတြဆီေရာက္လာတယ္...
"အကို.. "
"အာ.. အင္း.. ရိေပၚ.."
"ေရခဲမုန့္စားခ်င္လို႔လား"
"အဲ... မဟုတ္ပါဘူး... မင္းအရသာရွိရွိစားေနတာ ၾကည့္ေကာင္းလို႔.."
အသက္ရႈလမ္းေၾကာင္းက မူမမွန္ျဖစ္သြားတဲ့ပုံပဲ...
အသက္ရႈေနတဲ့ေလေတာင္ထသီးေနတယ္...
သူ႕ႏုတ္ခမ္းေရွ႕လက္နဲ႕ကာၿပီး လည္ေခ်ာင္းရွင္းတယ္။
"အဟမ္း..အဟမ္း..."
ရိေပၚက သူ႕ကို အူေၾကာင္ေၾကာင္ၾကည့္ေလေလ သူေနရခက္ေလေလပဲ...
အခ်ိန္ကိုက္စြာ ေရာက္လာတဲ့ေကာ္ဖီခြက္ကို ယူေမာ့လိုက္တယ္...
"အြပ္.."
ပူလိုက္တာ.... ခါးတယ္.. တစ္ကိုယ္လုံးတုန္သြားတာပဲ...
"အဲ.. ပူတယ္ေလ အကိုရဲ႕"
သၾကားမထည့္ရေသးတဲ့ အေမရိကာနို..
ျပင္းလိုက္တဲ့ အပူအရသာ...
အပူဓာတ္နဲ႕အတူ ပူးတြဲပါတဲ့အခါးဓာတ္က ေခါင္းတစ္ခုလုံးေတာင္က်င္တက္သြားကာ မ်က္ရည္ပါဝဲေစရဲ႕...
"ရရဲ႕လား အကို..."
ျပန္မေျဖနိုင္ေသးဘူး... ေရေသာက္ခ်င္ေနေပမဲ့ အနားမွာေရမရွိ..
"အကို..."
ထိုအခိုက္ သူ႕ဆီဝင္ေရာက္လာတဲ့ အေအးဓာတ္နဲ႕အခ်ိဳဓာတ္ကေလး...
"..."
ရိေပၚက ပူေလာင္ေနတဲ့သူ႕ကို ေရခဲမုန့္အျမန္ခြံ႕လိုက္တာျဖစ္တယ္...
သူၿငိမ္သက္သြားကာ ေအးျမသြားတယ္။
အလွ်င္အျမန္ေပ်ာ္ဝင္သြားတဲ့ေရခဲမုန့္က ဘာလို႔ဒီေလာက္ေကာင္းေနရတာလဲ...
"သက္သာၿပီလား.."
ေရခဲမုန့္ဇြန္းေလးကိုင္လို႔ သူ႕ကိုျပဴးၾကည့္ရင္းေမးေနတဲ့ေကာင္ေလးကို သူ႕ကယ္တင္ရွင္ပဲ...
သူ႕စိတ္ထဲ ပတ္ဝန္းက်င္တစ္ခုလုံး ေမွာင္သြားၿပီး ေကာင္ေလးကပဲလင္းလက္သြားသလိုခံစားခ်က္ေလး ဝင္ေရာက္လာတယ္...
"အင္း.."
"ေတာ္ပါေသးတယ္.."
ၿပီးေနာက္ ရိေပၚက ေရခဲမုန္ကိုပဲ ဆက္စားေနရဲ႕...
သူသတိဝင္လာၿပီးေနာက္ အရင္ဆုံးလုပ္မိတာက ခပ္ရွက္ရွက္နဲ႕ၿပဳံးမိတာပဲ...
"ေသြ႕ပုခ်ိ... ကိုယ္အရမ္းရယ္ရသြားတယ္မလား..."
"ဟင့္အင္း... နည္းနည္းပါ..."
ရိေပၚရဲ႕အၿပဳံးကိုျမင္ေလေလ သူမ်က္ႏွာပူတက္လာေလေလပဲ...
ရိေပၚက ၿပဳံး႐ုံမက ရယ္ပါရယ္လာေသးတာ...
"အာ... ရွက္လိုက္တာကြာ..."
"အကို ခဏ"
ရိေပၚက တစ္ရႈးယူလို႔ သူ႕ႏုတ္ခမ္းနားကို လွမ္းသုတ္ေပးတယ္...
"ေပသြားလို႔.."
"..."
သူၿငိမ္သက္ေနမိတာပါပဲ...
ရိေပၚက သူ႕ကို စကၠန္ပိုင္းေလာက္စိုက္ၾကည့္လာတယ္။
႐ုပ္တရက္ ႏွလုံးခုန္သံေတြ ႀကိမ္ႏႈန္းျမင့္လာရဲ႕...
"ေရခဲမုန့္ေတြ ေပသြားတာ.."
"အင္း.."
တစ္ရႈးကိုျပန္ဖယ္လိုက္ၿပီး ရိေပၚမ်က္ႏွာတစ္ဖက္လွည့္တဲ့အခ်ိန္မွာ နား႐ြက္ဖ်ားေတြနီရဲေနတာကို ျမင္လိုက္ရတယ္။
"ေက်းဇူးပါ.."
သူၿပဳံးျပေတာ့ ရိေပၚကလည္း သူ႕ကိုၾကည့္လို႔ ျပန္လိုက္ၿပဳံးပါတယ္။
တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္ၾကည့္လို႔ၿပဳံးမိတဲ့အခိုက္အတန့္ပါပဲ...
ဒီအခိုက္အတန့္ေလးမွာ ရင္ခုန္မႈနဲ႕စိတ္လႈပ္ရွားျခင္းေလးေတြပါဝင္တယ္...
ရွက္ကိုးရွက္ကန္းအၾကည့္နဲ႕အတူ ၾကည္ႏူးျခင္းပါ ေပါက္ဖြားလာရဲ႕...
------------------------------
Song : Dhruv - Double take
------------------------------