သန့်စင်ခန်းရှေ့ရပ်ရင်း ဟန်သစ်အကြာကြီးတွေဝေနေခဲ့မိသည်။
သိသိသာသာပဲ သူ၏အောက်ပိုင်းတစ်နေရာဟာ ဖောင်းကြွနေခဲ့သည်။
ဟန်သစ်က စိတ်လွတ်လွယ်သူမဟုတ်ရပါချေ။
သို့ပေမယ့် အိမ်ထောင်ရေးမှာ စိတ်ပိုင်းဆိုင်ရာဖိအားတွေများလာချိန်၊ တစ်ဝက်တစ်ပျက်နဲ့ အာသာဆန္ဒမှာ ခဏခဏနှောင့်ယှက်ခံရပြီး အကြာကြီးမဖွင့်ထုတ်ရသေးချိန်၌ သူ့ရှေ့ကမြင်ကွင်းကိုလျစ်လျူမပြုနိုင်ခဲ့ပေ။
အိမ်ထောင်သည်တစ်ယောက်ဆိုရင်တောင် pornကြည့်ပြီးထန်လာတတ်သေးတာပဲမလား။ စစ်မှန်တဲ့ သူ့ရှေ့ကမြင်ကွင်းက အကြာကြီးငုပ်လျှိုးတိမ်မြှုပ်နေခဲ့တဲ့ ရမ္မက်စိတ်ကိုနှိုးဆွလာခဲ့သည်။
ဇာတ်ကားတစ်ကားသာဆို သူ့ဘောင်းဘီဇစ်ကို ချက်ချင်းဆွဲချပစ်နိုင်သည်။ သို့သော် သူစိတ်ကြွလာရခြင်းအကြောင်းတရားက သူ့ရှေ့ကကျောင်းသားကြောင့် ဖြစ်လာခဲ့တာမို့ စိတ်ကမလုံမလဲဖြစ်၏။
ဒီကျောင်းသားကိုတပ်မက်တာ မဟုတ်တဲ့တိုင် ဒီကျောင်းသားရဲ့လုပ်ပုံကြောင့် သူထန်လာခဲ့တာမို့ မသိုးမသန့်ဖြစ်မိတာဧကန်။
အိမ်ထောင်သည်တစ်ယောက်သည် အိမ်ထောင်ဘက်မဟုတ်သော တခြားတစ်ယောက်ကြောင့် စိတ်ထလာတာမဖြစ်သင့်ဟူသော အသိစိတ်ကား သူ့အားတိုက်စားနေသည်။
"ကျွတ်..... ကျွတ်..... ကျွတ်!"
မျက်နှာကို ရေအေးဖြင့်ဖြန်းပက်နေချိန် စုတ်သပ်သံကိုကြားလိုက်ရသည်။
လှည့်မကြည့်ဘဲနဲ့တောင် ဘယ်သူမှန်း ဟန်သစ်သိ၏။
သူ့ကိုမွှေလိုက်တဲ့ ဟိုဂြိုဟ်ဆိုးကောင်။
......
......
ထွက်ပေါက်နားမှာ တံခါးဘောင်ကိုမှီ၍ ဘောင်းဘီအိတ်ထဲလက်ထည့်ထားတဲ့Alexက သူ့ရှေ့ရှိ ကျောင်းဆရာကိုကြည့်ကာ......
"hmmm? ကျွန်တော့်ကိုစိတ်ဆိုးနေတာလား"
"မင်းကိုယ်မင်း အထင်ကြီးနေမိပြီ"
မျက်မှန်ကိုဆွဲချွတ်ပြီး ပဝါစနဲ့သုတ်ရင်း အသာတကြည်ပြန်ဖြေလာတဲ့ပုံက Alexအတွက် အသည်းယားချင်စရာ။
ရှပ်အဖြူကို နက်ပြာရောင်pantsကြား ထိုးထည့်ထားပြီး နဖူးကျဥ်းကျဥ်းပေါ်အောင် လှန်သိမ်းထားတဲ့ဆံပင်ကြောင့် လူကြီးလူကောင်းတစ်ယောက်ဟု မျက်မှန်းတန်းမိစေသည်။
အသက်သုံးဆယ်ကျော်သော်ငြား ခန္ဓာကိုယ်အချိုးအစားက မြင်သူတိုင်းမက်လောက်စရာ။
အထူးသဖြင့် လက်တစ်ပွေ့စာခါးသိမ်သိမ်နဲ့ ထို့အောက်က ခပ်ကျစ်ကျစ်တင်ပါး။ ခါးကတအားသေးလွန်းတာမို့ တင်ပါးနှစ်ဖက်က သိသိသာသာစွင့်ကားနေပြီး ဖြောင့်တင်းသွယ်တန်းသော ခြေတံရှည်တို့ဖြင့် ပနံသင့်သည်။
ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းလှလှကိုကြည့်ရင်း လီးကတောင်လာပြန်သည်။
ကျစ်! သူများအပိုင်ဖြစ်နေတာတော့ နှမျောစရာပဲ.........။
သိသိသာသာဖြစ်လာတဲ့ သူ့အကြည့်ရိုင်းကြောင့်ထင်၏။ ဦးဟန်သစ်တို့များ ချာခနဲလှည့်ကြည့်လာကာ မျက်မှောင်ကိုကြုတ်သည်။
"လုပ်စရာမရှိရင်လည်း ငါ့ကိုလာနှောင့်ယှက်မနေနဲ့"
"ကျွတ်! ကျွန်တော့်ဘာသာသန့်စင်ခန်းလာတာပါ"
"ဟွန်း!"
ဟန်သစ်က ပြောင်ပြောင်တင်းတင်းနှာရှုတ်ပြ၏။
လုပ်လည်းလုပ်ချင်စရာပါပဲ။ ဒီသန့်စင်ခန်းက ဆရာတွေအတွက် သီးသန့်ကိုး။
........
........
ဟန်သစ်တကယ်ပဲ ထိုကောင်လေးကိုမကြည်ပေ။
လွန်ခဲ့သောနာရီဝက်....... စာမေးပွဲဖြေချိန်ပြီးလို့ Alexကို ရုံးခန်းဆွဲခေါ်သွားချိန်၊ သူကောင့်သားက သူ့အတွက် တွင်းတစ်တွင်းတူးပေးလာခဲ့သည်။
ကျောင်းအုပ်ရှေ့မှာ သူဆူသမျှ နာနာခံလေးနဲ့ခေါင်းညိတ်နေတော့ သူအံ့ဩသွားသေးတာ။
နောက်တော့မှ သူနားလည်သဘောပေါက်သွားခဲ့သည်။
"ဆရာဟန်သစ်သာ ကျွန်တော့်ကို ထိန်းသိမ်းပြုပြင်ပေးဖို့ဆန္ဒရှိနေသရွေ့ ကျွန်တော်လိမ်မာပါ့မယ်"တဲ့။
ပြောစကားကိုက ရှေ့နောက်မလွတ် ရိသဲ့သဲ့နိုင်၏။ သို့ပေသိ အဖြောင့်ကောင်ကျောင်းအုပ်မှာ တခြားအတွေးဆန်းများမရှိဘဲ ဝမ်းသာအယ်လဲနဲ့ Alexဆိုတဲ့ကောင်ကို သူ့လက်ထဲထိုးထည့်လာသည်။
"ကလေးက တခြားဆရာတွေနဲ့မရပေမယ့် မင်းနဲ့အဆင်ပြေတဲ့ပုံပေါ်တော့ မင်းလက်ထဲ ရဲရဲကြီးအပ်လိုက်ပြီနော်"တဲ့။
ထိုကောင်ဘယ်လောက် ဆိုဆုံးမရခက်သလဲ လူတိုင်းအသိ။ ရှားရှားပါးပါး သူ့အပေါ်နာခံတဲ့ပုံပြတော့ မျှော်လင့်ချက်တွေတသီကြီးနဲ့ ယုံစားခံလိုက်ရ၏။
ဟန်သစ် မငြင်းဆန်နိုင်သဖြင့် စိတ်မပါလက်မပါနဲ့သာ အင်း'လိုက်ရတော့သည်။
ပြဿနာကား ထိုသို့အစပြုခဲ့သည်ပင်။
.......
.......
"ကိုယ်တာဝန်ခံထားတဲ့ကျောင်းသားကို ဒီတိုင်းထားခဲ့တော့မှာလား"
သန့်စင်ခန်းကနေပြန်ထွက်ဖို့လုပ်တာနဲ့ အမြင်ကပ်စရာမေးခွန်းက နားထဲဝင်လာသည်။
"Oh!........ အဲ့တော့?"
"ခင်ဗျားပြောကြည့်...... ခုလေးတင်ကျောင်းအုပ်ရှေ့မှာ ကတိပြုခဲ့ပေမယ့် ကွယ်ရာမှာကျွန်တော်ဘာလုပ်လုပ် ဘာဖြစ်ဖြစ်ဂရုမစိုက်တော့ဘူး ဒီအကြောင်းကိုသာ ကျွန်တော်ပြန်တိုင်မယ်ဆိုရင်....."
"မင်းက တကယ့်ဂြိုဟ်ကောင်ပဲ"
"ခင်ဗျားကမှ ကိုယ့်စကားကိုယ် တာဝန်ယူမှုမရှိတဲ့ ဆရာတစ်ယောက်ပါ"
ဟန်သစ်ကား သွေးတက်ချင်ချင်ဖြစ်လို့နေတော့သည်။
သူသိနေတယ်........
ဒီကောင် သောက်ပြဿနာရှာ ရှာနိုင်လွန်းတယ်ဆိုတာကို.......
သူဟာ ကတိမတည်တဲ့သူတော့မဖြစ်ချင်။ ထိုမျှသာမက Alexက အပိုတွေနဲ့ရွှီးလိုက်ရင် ဘယ်လိုဖြစ်ဖြစ်သူပဲအပြောခံရမည်။
"ငါ့နောက်ကိုလိုက်ခဲ့"
Alex၏နှုတ်ခမ်းထောင့်မှာ ထပ်မံ၍ တွန့်ကော့သွားပြန်လေသည်။
........
........
စာမေးပွဲပြီးနောက် ကျောင်းပိတ်ရက်ရရှိခဲ့သော်လည်း ဟန်သစ် အိမ်မှာမနေဖြစ်။ ကျောင်းရုံးခန်းထဲထိုင်ကာ အဖြေလွှာများကို စစ်ဆေးနေလျက်ရှိ၏။
ခင်ပွန်းဖြစ်သူလည်း အိမ်၌ရှိမည်မဟုတ်ချေ။ သူ့အလုပ်ကိုယ့်အလုပ်နဲ့မို့ အတူရှိနေရသည့်အချိန်တွေက ပိုမိုနည်းပါးလာမှန်းသတိထားမိသော်လည်း ၎င်းကို မဖြေရှင်းနိုင်။
ချိန်ညှိဖို့အတွက်ကလည်း နှစ်ယောက်စလုံး ဆန္ဒရှိပေဦးမှ။
အနီရောင်မှင်စက်များက စာရွက်ပေါ်ပြေးလွှားနေပြီး ဟန်သစ်မှာ အထူးသဖြင့်တည်ငြိမ်နေလျက်ရှိသည်။
သို့သော် တစ်စုံတစ်ယောက်ဖုန်းဆက်နှောင့်ယှက်မလာခင်အထိသာ။
"Hello......"
အမည်မသိနံပါတ်တစ်ခုကို ကိုင်ဆောင်ရင်း ဟန်သစ်ပြန်ဖြေလိုက်သည်။
နှစ်စက္ကန့်မျှကြာပြီးနောက်......
"Hello....."
"Alex?"
ငယ်ရွယ်သောအသံက ဖုန်းစပီကာကိုဖြတ်၍ ထွက်ပေါ်လာသည်။
"အွန်ဟွန်...... အံ့ဩသွားလား"
"အံ့ဩစရာမရှိပါဘူး"
Alexလိုလူက သူ့ဖုန်းနံပါတ်ကိုသိချင်ရင် အလွယ်လေးဖြစ်နေမှာပဲ။
သူ၏အဖြေကို Alexမျှော်လင့်ထားပုံရပြီး ခပ်သဲ့သဲ့ရယ်သည်။
"ခင်ဗျားခန့်မှန်းကြည့် ကျွန်တော်အခုဘယ်ကိုရောက်နေပြီး ဘယ်သူ့ကိုတွေ့လိုက်ရသလဲဆိုတာ"
ဟန်သစ် သက်ပြင်းအသာချကာ ရလိုရငြားနားသွင်းမိသည်။
"ကောင်လေး အားနေရင်လည်းအိမ်ပြန်ပြီးစာလုပ်နေ okay?"
"အာ...... ကျွန်တော်မှစာလုပ်ချင်မနေဘဲ"
"ဒါဆိုလည်း ငါ့ကိုဒုက္ခလာမပေးနဲ့"
ဟန်သစ် စိတ်မောစွာနဲ့ဖုန်းကိုချဖို့ပြင်လေလျှင် တစ်ဖက်ကသိနေတဲ့အတိုင်း တားဆီးလာခဲ့၏။
"ဆရာ...... ခင်ဗျားတာဝန်ယူထားတဲ့ကျောင်းသားက ဘားမှာမူးရူးပြီး အိမ်မပြန်နိုင်တော့ဘူး ခင်ဗျားဘာလို့လာမကြိုရမှာလဲ"
"မင်းကလား....."
ဟန်သစ်သရော်လိုက်သည်။
"ငါနားထောင်ကြည့်ရသလောက်ကတော့ မင်းအကောင်းတိုင်းရှိနေပါသေးတယ်"
ထိုအခါ Alexက ချက်ချင်းကို အရက်မူးနေသလို အာလေးလျှာလေးသံဖြင့်......
"ကျွန်တော် တကယ်မူးနေတာ...... သောက်ထားတဲ့အတွက် ကားငှားပြန်ရင် မကောင်းတဲ့လူတွေရဲ့ကြံစည်တာခံရနိုင်သလို ကျွန်တော်သောက်ပြီးမူးနေမှန်းသာ ကျောင်းအုပ်သိရင် ကျွန်တော့်ကိုတာဝန်ယူထားတဲ့ခင်ဗျားကို ဘယ်လိုထင်မြင်မလဲ ခင်ဗျားက ကျောင်းဆရာကောင်းမဟုတ်ဘူးလား......
မင်းအတွက်တော့ တကယ်မဟုတ်ဘူးဟု ဟန်သစ်ပြောလိုက်ချင်သော်လည်း လက်က ကားသော့ဆွဲကာ ထမိပြီဖြစ်၏။
သူက သူ့အလုပ်အကိုင်ကို အလေးထားပြီး အထက်လူများကိုလေးစားနေဆဲဖြစ်ကာ တာဝန်မယူနိုင်သူဟု ထင်မြင်မခံချင်ပေ။ ထိုနေ့က ကျောင်းအုပ်ပေးခဲ့တဲ့တာဝန်က သာမန်ဆိုးသွမ်းတဲ့ကျောင်းသားကို စောင့်ကြည့်ဆုံးမတာမျိုးပဲမဟုတ်။
Alexနဲ့ပတ်သက်သမျှ သူ့အပေါ်မူတည်နေသော တာဝန်ပေးအပ်မှုဖြစ်လေ၏။
.........
.........
Alexပို့ပေးလာသည့်တည်နေရာမှာ ချောင်ကျကျနေရာတွင်ရှိသော ဘားတစ်ခုဖြစ်သည်။
မီးရောင်မှိန်ပြပြနဲ့ ဘားသည် သန့်ရှင်းသပ်ရပ်ကာ တိတ်ဆိတ်ငြိမ်သက်၏။
ဟန်သစ် အထဲကိုဝင်သွားချိန်၌ ထောင့်တစ်နေရာတွင်ထိုင်ကာ လူအချို့နဲ့ ဝိုင်သောက်နေသောAlexကိုမြင်လိုက်ရသည်။ Alexက သူဝင်လာတာကိုတွေ့တာနဲ့ ပြုံးပြလာပုံက သာမာန်အသိတစ်ယောက်ကို လှမ်းနှုတ်ဆက်လိုက်သည့်အလား။
ဟန်သစ် ခြေလှမ်းကြဲတို့ဖြင့်အနားလျှောက်သွားတော့.......
"ခင်ဗျားရောက်လာတာမြန်လိုက်တာ......"
"Alex သူက......."
ဟန်သစ်ကို စိတ်ဝင်စားသည့်မျက်လုံးဖြင့် စူးစူးရဲရဲကြည့်လာပုံက သားကောင်ကိုတွေ့လိုက်သည့် မုဆိုးနှယ်။ ဟန်သစ် မနှစ်မြို့မိသော်လည်း Alexကိုလာခေါ်ယုံပဲမို့ လျစ်လျူရှုထားလိုက်သည်။
"ငါ့ဆရာ........ ပြီးတော့ အိမ်ထောင်သည်"
"အိုး......."
ဟန်သစ်အား စိတ်ဝင်တစားကြည့်လာတဲ့ထိုကောင်က စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့်.......
"ငါက မင်းအကြိုက်ပြောင်းပြီးခေါ်ထားတဲ့ဘဲကြီးထင်နေတာ မင်းသုံးပြီးရင်ငှားချင်လို့"
"ပေါက်ကရတွေပြောမနေနဲ့....... ငါပြန်ပြီ"
ခုံပေါ်လွှားတင်ထားတဲ့ဂျက်ကက်ကို ဆွဲပြီး Alexမတ်တပ်ရပ်လိုက်သည်။
အပြင်ကိုပြန်ရောက်ချိန်အထိ ဟန်သစ် စကားတစ်ခွန်းတောင်မပြောမိသေး။ မပြောချင်တာဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။
"ခင်ဗျား......."
Alexက တိတ်ဆိတ်မှုကိုဖြိုခွင်းချင်နေပြီး အကြောင်းပြချက်ကိုမူမသိရချေ။ ထို့ကြောင့် သူမေးလိုက်သည်။
"ခင်ဗျားဒီကိုရောက်ဖူးလား......."
ဦးဟန်သစ်၏ အထင်သေးသည့်အကြည့်က သူ့ဆီကျရောက်လာသည်။
"ငါ့ကိုဘယ်လိုလူမျိုးလို့ထင်လဲ"
"ဘားထိုင်ယုံလောက်နဲ့ ခင်ဗျားထင်သလို ပျက်စီးနေတဲ့လူဖြစ်မသွားပါဘူး"
"ဒါပေမယ့် မင်းတို့ကတော့ တကယ်ပျက်စီးနေတဲ့လူတွေပဲမဟုတ်ဘူးလား"
Alex ပါးစောင်ကိုလျှာနဲ့ထိုးပြီးနောက် မျက်ဆန်လှန်လိုက်သည်။
ဦးဟန်သစ်တို့များ ကံကောင်းနေတာ။ သူစိတ်ကြည်တဲ့နေ့မို့လို့သာပေါ့။ သာမန်အချိန် သူ့ကိုဒီလိုလေသံမျိုးနဲ့လာဝေဖန်ရင် ရိုက်ပွဲတွေဖြစ်သွားမှာ အသေချာ။
"ခင်ဗျားယောကျာ်းမလား......."
Alex၏အကြည့်က နောက်ဖေးလမ်းကြားတစ်ခုဆီသို့ ရောက်ရှိသွားသည်။
အဆောက်အဦးနဲ့ကွယ်နေတာမို့ ဆရာဖြစ်သူကတော့မြင်နိုင်မှာမဟုတ်။
ဟန်သစ်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး Alexအကြည့်လားရာဆီ ခေါင်းလှည့်လာသော်ငြား တစ်ဝက်မှာတင်ရပ်တန့်သွားခဲ့သည်။
"ကျွန်တော်ခင်ဗျားကိုဖုန်းမဆက်ခင်တုန်းက သူ့ကိုတွေ့လိုက်သေးပေမယ့် အနားမှာဘယ်သူမှမရှိဘူး...... ခင်ဗျားမသိချင်ဘူးလား သူ့ဘေးမှာမိန်းကလေးတစ်ယောက်ပါနေတာကို........ ဒါမှမဟုတ်....."
မျက်မှန်အောက်ကမျက်ဝန်းသည် Alexရှိရာရွေ့လျားလာခဲ့ပြီး အတက်အကျမရှိသောအသံဖြင့်......
"မင်းငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို စိတ်မဝင်စားဖို့မျှော်လင့်တယ်"
"ခင်ဗျားရဲ့မျှော်လင့်ချက်ကို ပျက်စီးစေမိပြီ"
ထို့နောက်.......
"စိတ်မကောင်းပါဘူး"ဟုဆိုကာ လမ်းကြားဘက်ကိုကြည့်၍ လေချွန်လိုက််လေသည်။
သိပ်မကြာလိုက်ချေ။ ဒီဘက်ကိုလျှောက်လာနေတဲ့ခြေသံများနဲ့အတူ ဟန်သစ်၏မျက်နှာ ပျက်ယွင်းသွားပြီး ကားထဲအလျင်စလိုဝင်ရန်ပြင်လိုက်သည်။
"ခင်ဗျားယောကျာ်းပါမလာဘူး"
Alexက သူ့လက်ကောက်ဝတ်ကိုဆွဲပြီးတားလာပုံက ပိုင်စိုးပိုင်နင်းနိုင်စွာ။
"Alex?"
လမ်းကြားထဲကနေ ထွက်လာပြီး ဟန်သစ်၏အမြင်အာရုံထဲဝင်လာသည်က ခပ်ဟော့ဟော့မိန်းကလေးတစ်ယောက်။ Alexပြောသလိုပင် သူမနောက်ကနေ ဘယ်သူကမှပါမလာချေ။
ဟန်သစ် ရင်ထဲကအပူလုံးကိုမှုတ်ထုတ်လိုက်မိလေ၏။
..........
..........
"ကျွန်တော့် အစ်မဝမ်းကွဲ"
အပြန်လမ်းတွင် Alexကပြောလာခဲ့သည်။ ဟန်သစ်စိတ်မဝင်စားသလိုပြသနေသော်ငြား သူတကယ်စိတ်မဝင်စားဘူးဟုဆိုပါလျှင် အလိမ်အညာသာဖြစ်ပေလိမ့်မည်။
ကိုယ်ချစ်လို့ယူထားတဲ့ယောကျာ်းက တခြားမိန်းကလေးတစ်ယောက်နဲ့ဘားလာတာ ဘယ်သူကများ စိတ်အေးလက်အေးရှိနေနိုင်မှာလဲ။
Mikeကတော့ မိန်းကလေးနဲ့အတူလိုက်မလာဘဲ ကျန်နေခဲ့သဖြင့် ဟန်သစ်ကိုမမြင်သွားခဲ့။ အကယ်၍ နှစ်ယောက်သားဆုံသွားခဲ့ရင်ရော......?
သေချာတာတစ်ခုက အနေခက်ရမည်မှာမလွဲမသွေ။
အိမ်ကမထွက်ခင် ဆေးရုံမှာအစားထိုးဝင်စရာရှိလို့ဟုဆိုသွားခဲ့တဲ့စကားကို အတိုင်းသားကြားယောင်နေမိဆဲ။
သူသိပါသည်။ သူတို့အိမ်ထောင်ရေးဟာ နှစ်တွေကြာလာပြီးနောက် အပေါ်ယံနွေးထွေးမှုသာကျန်နေခဲ့တယ်ဆိုတာ။ သို့ပေမယ့် သူရော Mikeကပါ ရင်မဆိုင်ရဲဘဲ ရှောင်လွဲနေမိသည်။
ထိုနေ့ကို သူရင်ဆိုင်ဖို့အားမရှိသေးချေ။ အဆုံး၌မူ သူတို့ကြားမှာ ဆယ်စုနှစ်တစ်ခုစာမျှ သံယောဇဥ်လက်ကျန်တရားတွေ ကျန်ရှိနေသေးပေ၏။
......
......
"ဟေး....... ဘာလို့စကားမပြောတော့တာလဲ အဲ့လောက်ထိခံစားေနဖို့မလိုပါဘူး"
"ငါဘာကိုမှမခံစားရဘူး"
"ကျွန်တော်တော့အဲ့လိုမမြင်မိပါဘူး"
ကားမောင်းနေသောဟန်သစ်က သူ့ဘေးမှာထိုင်နေတဲ့ Alexကို ဖျတ်ခနဲစွေစောင်းကြည့်လိုက်၏။
"ငါခံစားရသည်ဖြစ်စေ မခံစားရသည်ဖြစ်စေ ငါ့အကြောင်းနဲ့ငါ့ကိစ္စမို့ မဆိုင်တဲ့လူက ဝင်ဝေဖန်နေစရာမလိုဘူး"
ကားသည် လမ်းခွဲတစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။
"ဆင်းတော့........"
"ကျွန်တော့်အိမ်မရောက်သေးဘူး"
"မင်းကိစ္စ"
"ဟားးး! သဘောထားကလည်း ကျဥ်းမြောင်းလိုက်တာ"
"မင်းတစ်ယောက်တည်းအပေါ်မှာပါပဲ"
Alexက ခါးပတ်ကိုဖြုတ်ပြီးနောက် ဆရာဖြစ်သူရဲ့အနားကို တိုးကပ်ကာ လေသံနိမ့်ဖြင့်.......
"ကျွန်တော့်အတွက်သီးသန့်ပေါ့ ဟမ်?"
Alex၏မျက်နှာက ပို၍ပို၍နီးကပ်လာခဲ့သည်။ လေးလံသော အသက်ရှူသံမှာ ဟန်သစ်၏နားရွက်နားတဝိုက် ဝေ့ဝဲလာပြီး Alexကနှုတ်ခမ်းဖွင့်လိုက်တိုင်း စိုစွတ်ပူလောင်တဲ့လေက အနီးကပ်ရိုက်ခတ်သည်။
သူ့ကိုဆို စကားကောင်းကောင်းသုံးနှုန်းဖို့ မလိုလားတဲ့ ခပ်ပါးပါးနှုတ်ခမ်းအား Alexကြည့်လိုက်သည်။
အကြည့်နဲ့တင် အရသာရှိမယ့်ပုံ။
အစကတော့ သူ့စိတ်ဝင်စားမှုတွေကိုလွှတ်ချလိုက်မလို့ပဲ။
ဒါပေမယ့်........ ဒီသက်လတ်ပိုင်းကျောင်းဆရာက ထိန်းချုပ်ဖို့ကြိုးစားထားတဲ့သူ့စိတ်ကို ခဏခဏဆွရတာသဘောကျပြီး အထိန်းအကွပ်မဲ့စေဖို့ လှုံ့ဆော်နေ၏။
အိမ်ထောင်ရေးဆိုရင်တော့လား?
ဦးဟန်သစ်က လက်ရှိအရတော့ ပျော်ရွှင်နေတဲ့ပုံမပေါ်။ အကြောင်းရင်းကတော့ ဦးဟန်သစ်ရဲ့ယောကျာ်းပဲ ဖြစ်ပေလိမ့်မည်။
သူ့အစ်မဝမ်းကွဲ အယ်လင်နာနဲ့တွဲတွေ့ရကတည်းက သူမှန်းဆမိပြီးသား။
အယ်လင်နာက တော်တန်ရုံလူကိုသဘောမကျတတ်သလို သူသဘောကျတဲ့အရာပေါ်ဆိုရင်လည်း အလိုလောဘကြီးသည်။
အရာရာတိုင်းမှာ သူမက ဦးစားပေးဖြစ်နေရမှာမို့ ထိုလူဆီက ဦးဟန်သစ်ရမယ့်အချိန်နဲ့ဂရုစိုက်ခံရမှုအများစုကို သူမက သေချာပေါက်လုယူမည်ပင်။
ဤသို့နှင့် ခင်ပွန်းနှစ်ယောက်ကြားအကွာအဝေးက ပိုပိုများလာပြီး တစ်ဖက်လူကပျော်ပါးနေချိန် တစ်ဖက်လူကတော့ ဆိတ်ငြိမ်လာသည်။
Alex သူ့ရှေ့ကလူကိုစိုက်ကြည့်ရင်း လိုချင်တပ်မက်စိတ်တို့ထွက်ပေါ်လာသည်။
သူ့ကိုဆွဲဆောင်နိုင်တဲ့ အပြောအဆိုအပြုအမူကိုဖယ်လိုက်ရင်တောင် ဦးဟန်သစ်၏ရုပ်ရည်နဲ့ ခန္ဓာကိုယ်က သူ့ပစ္စည်းအား ထောင်မတ်စေနိုင်ပြီဖြစ်သည်။
........
........
ကားပေါ်ရှိလေထုသည် ပူနွေးလာပြီး အနေအထားကမှားယွင်းလာ၏။
အဆစ်များဖြင့်ထင်းနေတဲ့လက်ချောင်းတို့က သူ၏ပေါင်အတွင်းသားနား ရောက်ရှိလာပြီး ဆွဲဆောင်မှုရှိသောအသံနဲ့ မေးလာသည်ကို ဟန်သစ်ကြားလိုက်ရသည်။
"ဆရာ....... ခင်ဗျားလိုချင်လား"
-
"ကျွတ်..... ကျွတ်..... ကျွတ်!"
......
......
"ဟွန်း!"
........
........
.......
.......
"Oh!........ အဲ့တော့?"
သူသိနေတယ်........
"ငါ့နောက်ကိုလိုက်ခဲ့"
........
........
"Hello......"
"Hello....."
"Alex?"
"အွန်ဟွန်...... အံ့ဩသွားလား"
"အံ့ဩစရာမရှိပါဘူး"
"မင်းကလား....."
ဟန်သစ်သရော်လိုက်သည်။
.........
.........
"Alex သူက......."
"အိုး......."
"ခင်ဗျား......."
"ခင်ဗျားယောကျာ်းမလား......."
ထို့နောက်.......
"စိတ်မကောင်းပါဘူး"ဟုဆိုကာ လမ်းကြားဘက်ကိုကြည့်၍ လေချွန်လိုက်လေသည်။
"Alex?"
..........
..........
......
......
"ဟေး....... ဘာလို့စကားမပြောတော့တာလဲ အဲ့လောကျထိခံစားနေဖို့မလိုပါဘူး"
"ငါဘာကိုမှမခံစားရဘူး"
"ဆင်းတော့........"
"မင်းကိစ္စ"
........
........