ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပ...

By MelMoRii

131K 19.7K 510

စာရေးသူ : အားချင်အားချင် အမျိုးအစား : romance,yaoi,Amnesia,possessive,M preg I own nothing. This is belongs t... More

Description
Chapter 1: Part 1
Chapter 1 : Part 2
Chapter 1 : Part 3
Chapter 2 : Part 1
Chapter 2 : Part 2
Chapter 2 : Part 3
Chapter 3 : Part 1
Chapter 3 : Part 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10 : Part 1
Chapter 10 : Part 2
Chapter 11
Chapter 12.1
Chapter 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22 + 23
Chapter 24.1
Chapter 24.2
Chapter 25
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35

Chapter 26

2K 323 8
By MelMoRii

Unicode

          
ကုယွမ်းထင်၏ အကြည့်တို့က မှောင်မဲနေသော ပြတင်းပေါက် အပြင်ဘက်ထံ၌ ရည်ရွယ်ချက်မဲ့ ကျရောက်နေသည်။ သူ လက်ကို ထပ်မံမြှောက်ကာ သောက်လိုက်ချိန်မှာမူ ခွက်ထဲ၌ အရက်မရှိလေပြီ။ မသိလိုက်စွာပင် အကုန်သောက်မိသွားပြီ ဖြစ်၏။

သူ ရှန်ပိန်ဖန်ခွက်အလွတ်ကို ဘေးနားရှိပြတင်းပေါက်ဘောင်ပေါ် တင်ထားလိုက်သည်။မတ်တပ်ထရပ်လိုက်ချိန် ဖန်ခွက်ကို တိုက်မိသွား၏။ရှန်ပိန်ခွက်က ကလွမ်ခနဲ မြည်ကာ ပြတင်းပေါက်ဘောင်ပေါ်ကနေ ပြုတ်ကျလာပြီး အခန်းထဲရှိ ထူထဲကာ အသံလုံသော ပါရှန်းကော်ဇော်ပေါ်သို့ တိတ်ဆိတ်စွာ ပြုတ်ကျလာကာ မှောင်မဲပြီး ဘာမျှမရှိသော အခန်းထဲသို့ ဖြည်းညင်းစွာ လိမ့်ဝင်သွားပြီးမှ ရပ်တန့်သွားလေသည်။

 ကုယွမ်းထင်သည် ကော်ဇောပေါ်ကျနေသော ရှန်ပိန်ဖန်ခွက်အား တစ်ချက်ကြည့်လိုက်ကာ အာရုံမထားဘဲ လျစ်လျူရှုကာဖြတ်သွားလိုက်၏။

သူ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်သည်။နောက်,အခန်းထဲပြန်ဝင်ကာ အခန်းတွင်းရှိမီးကိုဖွင့်လိုက်၏။ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရုတ်ခြည်းဆိုသလို "ကလစ်" ဟူသော အသံထွက်လာပေါ်လေသည်။

 အခန်းထဲ၌ တစ်မဟုတ်ချင်း ထိန်လင်းသွားသည်။ဖြာထွက်လာသောအလင်းရောင်ဟာ အမှောင်နှင့်ကျင့်သားရနေသောသူ့မျက်လုံးများကို စူးကျိန်းသွားစေသည်။

 နေ့ခင်းအလင်းအလား ထိန်လင်းနေသောမီးရောင်အောက်မှာ အခန်းဟာ အလွန်ကြီးမားလှပေ၏။

အခန်းထဲမှာတော့ တခြားမည်သူမျှ ရှိမနေခဲ့ပါချေ။

ကုယွမ်းထင်၏လက်က မီးခလုတ်ပေါ်၌တင်ထားဆဲဖြစ်ကာ သူလက်ညိုးက တုန်ယင်သွားရင်း မီးပြန်ပိတ်လိုက်တော့သည်။

မနက်ဖြန်၌ လုပ်ရမည့်ကိစ္စများစွာရှိ၏။လူအများကြီးနှင့်လည်း တွေ့ရဦးမည်။ ​ကိစ္စအများကြီးကိုလည်း ကိုင်တွယ်ရဦးမည်။ဖြေရှင်းရမည့် ပြဿနာအများကြီးလည်း ရှိသည်။ ဖြေရှင်းရမည့် အကျပ်အတည်းအများကြီးလည်း ရှိပေသေး၏။တိုတိုပြောရလျှင်ဖြင့် မနက်ဖြန်ဟာ သည်နေ့ထက် အလုပ်များမည်ပဲ ဖြစ်လေသည်။

ကုယွမ်းထင်သည် ကုတင်ပေါ်တွင်လှဲလျောင်းကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။

တိတ်ဆိတ်မှုထဲ၌ အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးလာကာ မသိလိုက်ခင်မှာပင် Dနိုင်ငံ၏ သန်းခေါင်အချိန်သို့ရောက်ရှိသွားပြီဖြစ်၏။

 ရုတ်တရက်ပင် ကုယွမ်းထင်သည် ထထိုင်မိသွားရင်း ဖုန်းကိုယူ၍ လော့ခ်ဖွင့်ကာ ဝီချတ်ကိုတစ်ချက်ထိ၍ ထိပ်ဆုံးရှိ chat conversation အားတစ်ချက်ထိလိုက်သည်။ တစ်ဖန် conversation ကွက်ရှိ plus sign ကို ထိလိုက်ကာ video call ကို ထိလိုက်တော့ video call လား၊ voice call လား ဟူသော ရွေးချယ်စရာနှစ်ခုက ပေါ်လာသည်။

သူ့လက်မက စခရင်ပေါ်ရှိ video call ဆီသို့ထိရန်ရွေ့သွားပေမဲ့ ရပ်တန့်သွား၏။

ထိုသို့ တွေဝေရပ်တန့်နေခဲ့သည်မှာ အလွန်ကြာမြင့်သွားသည့်တိုင်အောင်ပင်။

video call ခေါ်မည့်အစား သူက function key ကို ဖိ၍ စခရင်ထက်သို့ ပြန်သွားလိုက်ရင်း ဖုန်းကို ဘေးသို့လွှင့်ပစ်လိုက်သည်။ဖုန်းလေးခမျာ အိပ်ရာပေါ်သို့ ဘုတ် ဟူသော အသံအုပ်အုပ်ဖြင့် ထိမှန်သွားလေသည်။

ကုယွမ်းထင် အမှောင်ထဲတွင်ငြိမ်သက်စွာ ထိုင်နေမိ၏။

အချိန်မည်မျှကြာသွားသည်မသိလိုက်။ သူဟာ ပစ်ချလိုက်သည့် ဖုန်းကိုထပ်မံကောက်ယူကာ ဝီချတ်ကိုဖွင့်လိုက်သည်။ chat conversation ထဲဝင်ကာ video call နှိပ်ဖို့ လက်မကိုရွေ့လိုက်ပေမဲ့ အချိန်အတော်ကြာအောင် မလှုပ်မယှက် ဖြစ်နေမိပြန်သည်။

ချက်တင်း စခရင်၏ အပေါ်တစ်ဝက်လောက်၌ အပြန်အလှန်ပြောထားသည့် စာများ ရှိနေသေးပြီး သူဟာ အပေါ်တစ်ချက်ဆွဲကြည့်လိုက်သည်။
   
[ယမန်နေ့ ညနေ 3 : 13 ]

[ကိုယ့်ရဲ့ ရန်ရန်] : ခင်ဗျား လေယာဉ်ပေါ်ကဆင်းပြီလား

[ယမန်နေ့ ညနေ 4 : 20 ]

[သူ] : အွန်း

[ကိုယ့်ရဲ့ရန်ရန်] : အခု ကုမ္ပဏီရဲ့တိုက်ခန်းကို ရောက်ပြီလား

[ယမန်နေ့ ညနေ 5 : 11 ]

 [သူ] : ရောက်ပြီ

 [ကိုယ့်ရဲ့ရန်ရန်] : မြန်မြန် ကောင်းကောင်း အနားယူ။ ခရီးပန်းတာကို ကျော်လွှားနိုင်ဖို့ ကောင်းကောင်းအိပ်နော်။မနက်ဖြန်အတွက် အလုပ်ကြိုးစားထား!

[မျက်နှာကိုပွတ်သပ်ကာ ပွေ့ဖက်ပြနေသော ယုန်လေး အီမိုဂျီ]
 
 [ယမန်နေ့ည 6 : 13]

 [သူ] : အွန်း

[ကိုယ့်ရဲ့ရန်ရန်] : အခုအိမ်မှာဆယ့်နှစ်နာရီထိုးနေပြီ။ကျွန်တော် အရမ်းအိပ်ချင်နေပြီ။အိပ်တော့မယ်။ ခင်ဗျားလည်း မြန်မြန်အနားယူတော့။ကောင်းသောညပါ။

 [မျက်နှာကိုပွတ်သပ်ကာ ပွေ့ဖက်ပြနေသော ယုန်လေး အီမိုဂျီ]

သူ စာပြန်ထားတာ မရှိခဲ့။
     
 ကုယွမ်းထင်သည် မျက်နှာကိုပွတ်သပ်ကာ ပွေ့ဖက်ပြနေသော ယုန်လေး အီမိုဂျီအား စိုက်ကြည့်ကာ လက်မဖြင့် ဖွဖွလေး ပွတ်သပ်ရင်း စခရင်ကို အကြာကြီး စိုက်ကြည့်နေမိလေသည်။

အချိန်သည်မသိလိုက်ခင်မှာပင် ကုန်ဆုံးသွားကာ ကောင်းကင်သည်လည်း ဖျော့တော့စွာတောက်ပလာခဲ့သည်။

 ကုယွမ်းထင်ကား တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပါချေ။

~~~~~~~~~

တစ်ရက်တည်းမှာပင် Cနိုင်ငံ မြို့တော် A ၌..........

စူးယိရန်သည် ဆိုင်အလုပ်တွေကို ညပိုင်း၌ အပြီးသတ်ချိန်ဝယ် မားကတ်တင်းကုမ္ပဏီ၏ စီမံချက်ရေးဆွဲသူနှင့် ခဏတာဆက်သွယ်ဆွေးနွေးနေလိုက်သည်။ ထိုကိစ္စပြီးသည့်နောက် အချိန်ကိုကြည့်လိုက်တော့ ည ၉နာရီထိုးနေပြီဖြစ်တာကြောင့် သူဟာ ထင်ကောတစ်ယောက် လေယာဉ်ပေါ်မှဆင်းလောက်ပြီဟု မှန်းဆကာ ဝီချတ်ကနေ မေးလိုက်သည်။

အချိန်ကွာခြားချက်အရ D နိုင်ငံတွင် နေ့လည် သုံးနာရီခွဲလောက် ရှိလောက်မည်ပင်။

 ကုယွမ်းထင်က ခဏမျှကြာသည်အထိ စာမပြန်တာကြောင့် သူက ဝေးပေါ် မှာ အထက်အောက်ဆွဲကြည့်လိုက်၊ TV ကြည့်လိုက်လုပ်ကာ သူဝယ်ထားသည့် hot search က list မှာ တက်လာမည်ကိုစောင့်ဆိုင်းနေလိုက်သည်။

 မားကတ်တင်းကုမ္ပဏီက သူ့အတွက် ခေါင်းစီး စီစဥ်ပေးကာ ထိုအကြောင်းအရာအား သန်းခေါင်ယံ ၁၂နာရီကနေ နောက်တစ်နေ့မနက် ၆နာရီထိ Hot search ထဲဝင်နေစေဖို့ သဘောတူထားခဲ့တာ ဖြစ်သည်။

ထိုအချိန်ကာလအပိုင်းအခြားက အတိုင်းအတာတစ်ခုထိ ရှည်လျားကာ ညသန်းခေါင်ယံဆို ကောင်းမွန်သည့်အစားအသောက်တွေကို သွားပုတ်လေလွင့်ပြောတတ်ကြသည့်အချက်ကလည်း လူတွေကို ဆွဲဆောင်နိုင်စေကာ ဈေးနှုန်းမှာလည်းတွက်ခြေအကိုက်ဆုံးဖြစ်၏။

 မနက်က ထင်ကောကို လေဆိပ်လိုက်ပို့ဖို့ စောစောထရသည်။ခုလည်း TV ကြည့်ရင်း ည၁၂နာရီ ကျော်အောင် စောင့်နေရသည့် စူးဟိရန်မှာ အပေါ်မျက်ခွံနှင့် အောက်မျက်ခမ်းတို့ ဖိုက်တင်ပလေးနေကြသည့်အထိ အိပ်ချင်နေပြီဖြစ်၏။

သူ ဝေးပေါ်ကို လှန်လှောကြည့်လိုက်ချိန် သူ၏ ခေါင်းစီးက "အချိန်နှင့်တပြေးညီ မြင့်တက်လာသည့် ဟော့စပေါ့" ၏အောက်ခြေသို့ ရောက်ရှိနေပြီကို တွေ့လိုက်ရသည်။ မားကတ်တင်းကုမ္ပဏီဟာ လှုပ်ရှားမှုဆောင်ရွက်နေပြီဖြစ်ကြောင်း သူသိလိုက်ပေသည်။ အဆင့်သတ်မှတ်ချက်ဟာ သဘောတူထားသည့်အနေထားသို့မရောက်မချင်း ဆက်တက်နေဦးမည်ပင် ဖြစ်၏။

 ထိုအတောအတွင်း သူဟာ ထင်ကောနှင့်လည်း စကားစမြည် ပြောဖြစ်သည်။ထင်ကောဟာ လေယာဥ်ကဆင်းသည်နှင့် ကုမ္ပဏီမှစီစဉ်ပေးသည့် တိုက်ခန်းသို့အပြေးအလွှားသွားရကာ ခရီးဆောင်အိတ်တွေကို နေရချရသည့်အပြင် ခရီးပန်းနေမှာကြောင့် ဖြစ်လောက်မည်။ သူ၏ပြန်စာများဟာ နောက်ကျပြီး တိုတိုတုတ်တုတ်ဖြစ်နေ၏။

စူးယိရန်ကတော့ စိတ်ထဲ သိပ်မထား။ သူကိုယ်တိုင်လည်း တောင့်မထားနိုင်လောက်အောင် အိပ်ငိုက်နေပြီဖြစ်သည်။ မူလက သဘောတူထားသော အနေအထားရောက်သည်ထိ hot search ကို စောင့်ကြည့်ဖို့ စီစဥ်ထားသော်လည်း မလုပ်နိုင်ပါလေတော့။

သူ ထင်ကောကို ကောင်းသောညပါဟုပြောကာ ကောင်းကောင်းအနားယူဖို့ မှာပြီးသည်နှင့် TV ပိတ်ကာ အိပ်ခန်းထဲပြန်ဝင်လိုက်သည်။ ကုတင်ပေါ်ရှိခေါင်းအုံးနှင့် ထိလိုက်သည်နှင့်  အိပ်ပျော်သွားသည်မှာ တစ်ရေးပင် နိုးမလာခဲ့ပါချေ။

နောက်တစ်နေ့ စူးယိရန် အိပ်ရာမှနိုးလာပြီး အချိန်ကြည့်လိုက်ချိန်တွင် ရှစ်နာရီထိုးခါနီးပြီဖြစ်၏။

 အချိန်ကိုကြည့်လိုက်ပြီးနောက်သူ ကိုယ့်ဟာကိုယ် စိတ်တိုသွားသည်။ မူလက မနက် ၅ခွဲ နှိုးစက်ပေးကာ hot search ထကြည့်ဖို့ လုပ်ခဲ့ပေမဲ့ နှိုးစက်မြည်လာချိန်မှာ မသိလိုက်စွာဖြင့် ပိတ်မိသွားသည်။ ခုတော့ သူ အိပ်ရာထနောက်ကျသွားပြီ ဖြစ်လေသည်။

ထင်ကောလည်း ဟိုဘက်မှာ ဘာလုပ်နေသလဲ မသိချေ။စူးယိရန်က အချိန်ကွာခြားချက်အားတွက်ကြည့်လိုက်တော့ Dနိုင်ငံ၌ ဤအချိန်ဟာ ညဥ့်နက်နေပြီဆိုတာ သိလိုက်သည်။ထင်ကောသည်လည်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလောက်ချေပြီ။

အိပ်ရာကနေ နိုးသည်နှင့် စူးယိရန်ဟာ ဖုန်းကိုယူကာ ဝေးပေါ်သို့ဝင်လိုက်သည်။ တစ်ညတာ hot search ဝင်အပြီးမှာ ဖောလိုဝါတွေ တိုးလာမလာကို သူသိချင်နေမိ၏။

ဝေးပေါ်ဖွင့်လိုက်သည်နှင့် hot search ပေ့ချ်မှာ "ရှာဖွေမှု"ဟူသည်က တန်းပေါ်လာသည်။ သူ မသိစိတ်အရ ထိုနေရာကို အရင်ဆုံးနှိပ်ကြည့်ကာ တန့်ခနဲဖြစ်သွားလေသည်။

Hot search နံပါတ်ကိုး၌ #ကျန်းကျန်းပေါင်း။

Hot search 27 နေရာမြောက်၌ #ယိထင်အချိုပွဲဆိုင်။

Hot search 32 နေရာမြောက်၌ #ပဲနို့ကြက်ဥပေါင်း။

ဘယ်လိုဖြစ်ရတာလဲ။ သူဝယ်ထားတာက ညသန်းခေါင်ကနေ မနက် ၆နာရီထိပဲလေ။ ပြီးတော့ hot search နောက်ဆုံးနားက ၃၀ ၊ ၄၀ နေရာတွေလောက်ပဲ ဝယ်ခဲ့တာလေ။ မားကတ်တင်းကုမ္ပဏီက သူ့ကို ပိုပြီးပေးခဲ့တာများလား။

စူးယိရန်က #ကျန်းကျန်းပေါင်း #hot search ဆိုတာကိုကလစ်နှိပ်ကာ ဝေးပေါ်ပေါ်က ရှာဖွေမှုစာရင်းကို ကြည့်ကြည့်လိုက်သည်။
    
[ချီချီဖက်ရှင်]#ကျန်းကျန်းပေါင်း #နဖူးလက်ထောက်ထားရ ငါက အသစ်ထွက်တဲ့အိတ်လို့ထင်တာ။ စိတ်တွေလှုပ်ရှားပြီး လာလိုက်တာ လက်စသတ်တော့ မုန့်တဲ့[မျက်ရည်ထွက်အောင်ရယ်သောအီမိုဂျီ]

ပေါ်ပြူလာဖြစ်နေသော အနှီဝေးပေါ်ပို့စ်မှာ Like အများဆုံးနှင့် Reply အများဆုံးရနေပြီး အောက်ကလူတွေအကုန်လုံးက အဆင့်အတန်းမှာဆို  1 သမားတွေဖြစ်သည်။ မည်သို့ဆိုစေ ဖက်ရှင်သည် အစားအသောက်နှင့်ယှဥ်ပါက ဝေးပေါ်တွင် ပိုမိုအာရုံစိုက်ခံရသည်ပင်။

ကျန်သည့် ပေါ်ပြူလာဖြစ်နေသော ဝေးပေါ်ပို့စ်အကုန်လုံးကလည်း သည်လိုဆင်တူမျိုးတွေချည်းသာ။

[ရှဲရှဲ] : ဒါက ပေါင်မုန့်လား။ ထူးဆန်းလိုက်တဲ့နာမည်။ ညစ်ပတ်နေတဲ့ပေါင်မုန့်ကို ဘယ်လိုစားမတုန်း။ဘယ်သူကများ ဒီလိုစဥ်းစားပြီး ထုတ်လိုက်တာလဲ #ကျန်းကျန်းပေါင်း#
     
[တပိုင်ရန်] : #ကျန်းကျန်းပေါင်း #ယိထင်အချိုပွဲ #ပဲနို့ကြက်ဥပေါင်း Ahhhhhhhhhhhh ငါ့ရဲ့ရှောင်ကောကောက hot search ဝင်နေပြီ! Ahhhhhhh ရှောင်ကောကောကြောင့် အရူးအမူးကို Call နေပြီ ! ! ညီအစ်မတို့ရေ လာဝုန်းပေးကြဦး ! ! !
 
[ဒီနှစ်မှာ ကြောင်မွေးချင်တယ်] : #ကျန်းကျန်းပေါင်း# ဒါကဘယ်လိုတောင် ထူးဆန်းတဲ့ Hot search ကြီးတုန်း။ ပြီးတော့ ငါကရော ဘာလို့ ဖွင့်ဖွင့်ချင်း ဒါကြီးကို ကြည့်မိသွားရတာလဲ။

 [နင့်ခွေးခေါင်းကို တူနဲ့ထု] : #ကျန်းကျန်းပေါင်း# ငါ ဒါကိုသိတယ် ! ! တစ်မြန်နေ့လောက်က ၁၀သန်းတန် ကျီရုံလီ(စန္ဒကူးအမျိုးအစား)ကို လေလံဆွဲပြီး ပေါက်ကရလုပ်ပစ်တဲ့ သူဌေးလက်သစ်လေးကို မှတ်မိသေးလား။ဒါက သူ့ဆိုင်မှာ မကြာခင်ဖြန့်မဲ့ ပစ္စည်းသစ်ပေါ့ #ယိထင်အချိုပွဲ#

[သစ်သားငါးလေးကလဲ ငါးတစ်မျိုးပါပဲ ] : #ကျန်းကျန်းပေါင်း#ယိထင်အချိုပွဲ#ပဲနို့ကြက်ဥပေါင်း# Ahhhhhhhh ယိယိကို hot search ထဲမှာ ထပ်တွေ့ရပြန်ပြီ။တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးယိယိ @ယိထင်အချိုပွဲ။

[ဒီ user လေး လော့ဂ်အောက်သွားပြီ] :  #ကျန်းကျန်းပေါင်း #ယိထင်အချိုပွဲ#သူဌေးလက်သစ်။ ဒီလိုရှက်စရာကောင်းတဲ့ Hot search ဝယ်ဖို့ ပိုက်ဆံအများကြီးသုံးလိုက်တယ်ပေါ့။

[မနက်ပိုင်း ၅နာရီ ၁၉မိနစ် ] : #ကျန်းကျန်းပေါင်း# ပုံကိုကြည့်ရတာတကယ် ညစ်ပတ်မဲ့ပုံပဲ။ဒါပေမဲ့ အဆင်ပြေသားပဲ။ ချောကလက်ရယ်၊ ကိုကိုးမှုန့်နဲ့ရယ် လုပ်ထားတဲ့ ပေါင်မုန့်နဲ့တူသားပဲ။ဘာမှထူးထူးခြားခြား မဟုတ်ပါဘူး။ဘာလို့ Hot search ထဲဝင်နေရတာလဲ။

[Food blogger လုပ်ချင်တဲ့ ရှောင် C ] : #ပဲနို့ကြက်ဥပေါင်း# ငါအဲ့ဒါစားဖူးတယ်။မယုံနိုင်စရာကောင်းအောင် အရသာရှိတယ်။ ဆိုင်မှာ ပစ္စည်းအသစ်တင်တော့မယ်ဆိုတော့ စောင့်မျှော်နေပါတယ်။#ကျန်းကျန်းပေါင်း#
 
စူးယိရန်သည် Hot topic က listတွေကို  အပေါ်အောက်ဆွဲကြည့်ရင်းဖြင့် နားလည်သွားသည်။မာကတ်တင်းကုမ္ပဏီက မနေ့ည၌ hot search မှာ ခေါင်းစီးသုံးခု တင်ပေးပြီးနောက် #ကျန်းကျန်းပေါင်း ဟူသော ထူးဆန်းသည့်နာမည်က လူအများ၏ အာရုံကို ဆွဲဆောင်မိသွားသည်။သိချင်စိတ်ကြောင့် သူတို့ဟာ ကလစ်တွေနှိပ်မိကြကာ မသိလိုက်စွာဖြင့် ဖြန့်ဝေလိုက်သလိုဖြစ်သွားပြီး တဖြည်းဖြည်း အဆင့်တက်လာကာ လူတွေက အာရုံပိုစိုက်မိသွားကြခြင်း ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် သူ့ဆိုင်ကိုသိသော big V အကောင့်ပိုင်ရှင်အများအပြားက ပိုလူသိအောင်လုပ်ပေးကာ တခြားခေါင်းစီးနှစ်ခုဖြစ်သည့် #ယိထင်အချိုပွဲ နှင့် #ပဲနို့ကြက်ဥပေါင်းကိုပါ ထပ်ဖြည့်ပေးလိုက်ကြသည်။ သူ၏ ဖန်အနည်းငယ်နှင့် ဆိုင်လာဖူးသော ဧည့်သည်တချို့ကလည်း hot search ကို အခွင့်အားလျော်စွာတွေ့ဆုံချိန်၌ လမ်းကြုံအားပေးသွားကြခြင်းပဲ ဖြစ်လေသည်။

hot search၏ ရလာဒ်ဟာ မျှော်လင့်ထားသည်ထက် များစွာကျော်လွန်သွားတာကြောင့် စူးယိရန် အလွန်ပျော်ရွှင်နေတော့သည်။

သို့သော်လည်း ယခုချိန်ကမနက်အစောပိုင်းပင် ရှိသေးကာ တစ်နေ့တာ၏ ရေပန်းအစားဆုံးချိန် မဟုတ်သေးပေ။ အကယ်၍ နောက်ဆက်တွဲအစီအစဥ်တွေ ဆက်မလုပ်ပါက လူကြိုက်များသည့်ပို့စ်တွေ ဝေးပေါ်မှာ တိုးလာပြီး အခြားပို့စ်တွေက ကျော်တက်သွားလိမ့်မည်မည်ပင်။သည်မနက်စောစောက ရေပန်းစားနေသည့် ခေါင်းစီး၃ခုသည်လည်း အလျင်အမြန်ပင်အောက်သို့ ရောက်သွားပေမည်။

 အခွင့်အရေးက မိမိရှေ့သို့ ရောက်လာချိန် အမြန်အဆန်ဖမ်းဆုပ်ရမည်ဖြစ်၏။ စူးယိရန်သည် မူလအစီအစဥ်ကို ရှေ့တိုးဖို့ဆုံးဖြတ်ကာ နောက်ဆက်တွဲစျေးကွက်ချဲ့ထွင်မှုကို မြန်ဆန်စွာ လုပ်ဆောင်၍ကောင်းမွန်စွာလည်ပတ်နိုင်ရန် လက်ရှိ သွေးပူနေဆဲကာလကိုအသုံးချဖို့ ဆုံးဖြတ်လိုက်သည်။

ဝေးပေါ်တွင်သာမကဘဲ ပင်မဝဘ်ဆိုဒ်ပလက်ဖောင်းတွေ၊ ဝီချတ်ပါ့ဘလစ်အကောင့်တွေ၊ local ဖိုရမ်တွေ စသဖြင့် လူသိများသော ကဏ္ဍများမှာ အမြန်ဖြန့်ရမည်ပင်။
     
ထို့ပြင် သူ့ဆိုင်က အလုပ်များတော့မည်ဖြစ်၍ ဝန်ထမ်းအသစ်ငှားရပေတော့မည်။ ဝန်ထမ်းနည်းနေပါက နောက်ပိုင်းအလုပ်ရှုပ်ချိန်မှာ ဝန်နှင့်အား မမျှဖြစ်လာနိုင်၍ ငွေဝင်သော်ငြား အမြတ်မရ ဆိုတာမျိုး ဖြစ်လာနိုင်သည်။

 ဤကိစ္စနှင့်တနေကုန် အလုပ်ရှုပ်နေရတာကြောင့် စူးယိရန်မှာ မနေ့က ထင်ကော ထွက်သွား၍ စိတ်ဓာတ်ကျမှိုင်တွေနေသည့် ခံစားချက်မျိုးမဖြစ်တော့ဘဲ ယခုချိန်မှာ အလွန်တရာကို တက်ကြွလှုပ်ရှားနေတော့သည်။

ထင်ကောအကြောင်းကိုတောင် မေ့လုနီးပါးပင်။

×××××××××

Dနိုင်ငံ။

ကုယွမ်းထင်သည် လိုက်ကာတွေ ဆွဲစေ့မထားတာကြောင့် နေရောင်ခြည်က မှန်ပြတင်းပေါက်များကိုဖြတ်၍ တိုက်ရိုက်ဖြာကျနေသည်။

  သူအနည်းငယ်လှုပ်ရှားကာ နိုးလာချိန်၌  သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး အခန်းက ထိန်လင်းနေတာကို တွေ့လိုက်ရသည်။

မနက်ခြောက်နာရီထိုးနေချေလေပြီ။သူ ဖုန်းကိုချလိုက်ရင်း နေ့သစ်တစ်ခုစတင်ပြီဖြစ်ကြောင်းသိလိုက်လေသည်။

တစ်ယောက်တည်းထ၊ တစ်ယောက်တည်း ရေချိုး၊ တစ်ယောက်တည်း အဝတ်စား၀တ်ကာ နက်ခ်တိုင်ချည်ရသည်။ အခန်းထဲမှ ထွက်လာချိန်ကစ၍ သူဟာ လူပေါင်းများစွာ၊ ဟန်ဆောင်မျက်နှာဖုံးအမျိုးမျိုးရှိသော လူများစွာဖြင့် ရင်ဆိုင်ရတော့မည်ပင်။

တစ်နေ့တာ၏အလုပ်များမှုအဆုံးတွင်သူဟာ ပို၍သာယာလှပသောတိုက်ပွဲအချို့ကိုအနိုင်ရခဲ့၏။

စိတ်လှုပ်ရှားမှုများ မခံစားရသလို ပင်ပန်းမှုကိုလည်း မခံစားရပေ။ဒါဟာ သူ၏နေ့စဉ်ဘဝပင် ဖြစ်သည်မို့။

တစ်နေ့လုံး၏အရာအားလုံးကုန်ဆုံးပြီးနောက် ညဘက် တံခါးပိတ်ပြီး သူ၏အခန်းသို့ပြန်သွားချိန်၌မူ ဖြည့်လို့မရသော ဗလာနတ္ထိခံစားချက်အား ခံစားလိုက်ရရုံသာ ဖြစ်သည်။

 အခန်းထဲရှိနေရာတိုင်းဟာ အလွတ်ချည်းသာ။

 ကုတင်ပေါ်၌ လှဲတော့လည်း ကုတင်က အလွတ်ကြီးဖြစ်နေပြန်သည်။

 ကုယွမ်းထင်သည် မှောင်မည်းနေသည့်မျက်နှာကျက်ကိုကြည့်ကာ ကုတင်တစ်ဖက်ကို မသိစိတ်အရ ညာဖက်လက်ဖြင့် ပွတ်သပ်နေမိ၏။

ပြည်တွင်းသုံးဖုန်းကို သူ့ခေါင်းအုံးဘေးတွင်ထား,ထားသော်ငြား ယနေ့အဖို့ဖုန်းဟာ တနေကုန်မမြည်သေးပါချေ။

ရုတ်တရက် ကုယွမ်းထင် ဆေးလိပ်သောက်ချင်လာ၍ အိပ်ရာကနေ ထလိုက်သည်။

သူ  စီးကရက်တစ်လိပ်ကို ပါးစပ်မှာခဲကာ ခေါင်းငုံ့၍ မီးညှိလိုက်သည်။မီးခြစ်၏မီးတောက် ပျောက်သွားချိန်၌ စီးကရက်ထိပ်ရှိအနီရောင်မီးတောက်လေးက အမှောင်ထဲမှာ တလက်လက်တောက်နေလေသည်။

ကုယွမ်းထင် ရုတ်တရက် တစ်စုံတစ်ရာကိုတွေးမိသွားကာ ပါးစပ်ထဲက စီးကရက်ကို ထုတ်၍ လက်ချောင်းကြား၌ ညှပ်ထားလိုက်သည်။ သူ ဆိုဖာပေါ် နောက်မှီလှဲရင်း စိတ်ပျံ့လွင့်စွာဖြင့် မီးခြစ်ကို ဘေးသို့ ပစ်ချလိုက်သည်။

 အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာကာ စီးကရက်မီးထိပ်ဟာ တဖြည်းဖြည်းလောင်ကျွမ်းလာပြီး လက်ချောင်းကိုထိမိမတက် ဖြစ်လာ၏။

ရုတ်တရက်ဆိုသလို ကုတင်ပေါ်ရှိဖုန်းဆီကနေ  "တင်း တောင် "ဟူသော ဝီချတ်နိုတီသံက ထွက်ပေါ်လာသည်။

ကုယွမ်းထင် ရုတ်ချည်းပင် မတ်တပ်ထရပ်လိုက်ရာ လက်ချောင်းကြား၌ညှပ်ထားသည့် စီးကရက်မီးက သူ့လက်အား လောင်သွတော့သည်။သူ ဆေးလိပ်ကိုလွှင့်ပစ်ရင်း ကုတင်ဘေးသို့ ခပ်သွက်သွက်လျှောက်သွားကာ ဖုန်းကိုကောက်ကိုင်လိုက်ရင်း လော့ဖြည်၍ ဝီချတ်ကိုဖွင့်လိုက်သည်။

[ ရှောင်ကျူး ] :  ဥက္ကဋ္ဌကု....ကျွန်တော် Dနိုင်ငံကိုရောက်ပါပြီ။အခုပဲဟိုတယ်ကိုရောက်ပါတယ်။ မကြာခင် ဥက္ကဋ္ဌကို လာတွေ့ပါမယ်။

 ဒါက ခင်ဗျားလိုချင်တဲ့ အချက်အလက်တွေပါ။

[စာရွက်စာတမ်းပုံ] [စာရွက်စာတမ်းပုံ] [စာရွက်စာတမ်းပုံ]

ကုယွမ်းထင် : "......"

___________

Zawgyi


Unicode

          
ကုယြမ္းထင္၏ အၾကည့္တို႔က ေမွာင္မဲေနေသာ ျပတင္းေပါက္ အျပင္ဘက္ထံ၌ ရည္႐ြယ္ခ်က္မဲ့ က်ေရာက္ေနသည္။ သူ လက္ကို ထပ္မံေျမႇာက္ကာ ေသာက္လိုက္ခ်ိန္မွာမူ ခြက္ထဲ၌ အရက္မရွိေလၿပီ။ မသိလိုက္စြာပင္ အကုန္ေသာက္မိသြားၿပီ ျဖစ္၏။

သူ ရွန္ပိန္ဖန္ခြက္အလြတ္ကို ေဘးနားရွိျပတင္းေပါက္ေဘာင္ေပၚ တင္ထားလိုက္သည္။မတ္တပ္ထရပ္လိုက္ခ်ိန္ ဖန္ခြက္ကို တိုက္မိသြား၏။ရွန္ပိန္ခြက္က ကလြမ္ခနဲ ျမည္ကာ ျပတင္းေပါက္ေဘာင္ေပၚကေန ျပဳတ္က်လာၿပီး အခန္းထဲရွိ ထူထဲကာ အသံလုံေသာ ပါရွန္းေကာ္ေဇာ္ေပၚသို႔ တိတ္ဆိတ္စြာ ျပဳတ္က်လာကာ ေမွာင္မဲၿပီး ဘာမွ်မရွိေသာ အခန္းထဲသို႔ ျဖည္းညင္းစြာ လိမ့္ဝင္သြားၿပီးမွ ရပ္တန္႔သြားေလသည္။

 ကုယြမ္းထင္သည္ ေကာ္ေဇာေပၚက်ေနေသာ ရွန္ပိန္ဖန္ခြက္အား တစ္ခ်က္ၾကည့္လိုက္ကာ အာ႐ုံမထားဘဲ လ်စ္လ်ဴရႈကာျဖတ္သြားလိုက္၏။

သူ ေရခ်ိဳးခန္းထဲဝင္ကာ မ်က္ႏွာသစ္လိုက္သည္။ေနာက္,အခန္းထဲျပန္ဝင္ကာ အခန္းတြင္းရွိမီးကိုဖြင့္လိုက္၏။ တိတ္ဆိတ္ၿငိမ္သက္ေနရာမွ ႐ုတ္ျခည္းဆိုသလို "ကလစ္" ဟူေသာ အသံထြက္လာေပၚေလသည္။

 အခန္းထဲ၌ တစ္မဟုတ္ခ်င္း ထိန္လင္းသြားသည္။ျဖာထြက္လာေသာအလင္းေရာင္ဟာ အေမွာင္ႏွင့္က်င့္သားရေနေသာသူ႔မ်က္လုံးမ်ားကို စူးက်ိန္းသြားေစသည္။

 ေန႔ခင္းအလင္းအလား ထိန္လင္းေနေသာမီးေရာင္ေအာက္မွာ အခန္းဟာ အလြန္ႀကီးမားလွေပ၏။

အခန္းထဲမွာေတာ့ တျခားမည္သူမွ် ရွိမေနခဲ့ပါေခ်။

ကုယြမ္းထင္၏လက္က မီးခလုတ္ေပၚ၌တင္ထားဆဲျဖစ္ကာ သူလက္ညိဳးက တုန္ယင္သြားရင္း မီးျပန္ပိတ္လိုက္ေတာ့သည္။

မနက္ျဖန္၌ လုပ္ရမည့္ကိစၥမ်ားစြာရွိ၏။လူအမ်ားႀကီးႏွင့္လည္း ေတြ႕ရဦးမည္။ ​ကိစၥအမ်ားႀကီးကိုလည္း ကိုင္တြယ္ရဦးမည္။ေျဖရွင္းရမည့္ ျပႆနာအမ်ားႀကီးလည္း ရွိသည္။ ေျဖရွင္းရမည့္ အက်ပ္အတည္းအမ်ားႀကီးလည္း ရွိေပေသး၏။တိုတိုေျပာရလွ်င္ျဖင့္ မနက္ျဖန္ဟာ သည္ေန႔ထက္ အလုပ္မ်ားမည္ပဲ ျဖစ္ေလသည္။

ကုယြမ္းထင္သည္ ကုတင္ေပၚတြင္လွဲေလ်ာင္းကာ မ်က္လုံးမ်ားကို မွိတ္ထားလိုက္သည္။

တိတ္ဆိတ္မႈထဲ၌ အခ်ိန္ေတြဟာ တေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာကာ မသိလိုက္ခင္မွာပင္ Dႏိုင္ငံ၏ သန္းေခါင္အခ်ိန္သို႔ေရာက္ရွိသြားၿပီျဖစ္၏။

 ႐ုတ္တရက္ပင္ ကုယြမ္းထင္သည္ ထထိုင္မိသြားရင္း ဖုန္းကိုယူ၍ ေလာ့ခ္ဖြင့္ကာ ဝီခ်တ္ကိုတစ္ခ်က္ထိ၍ ထိပ္ဆုံးရွိ chat conversation အားတစ္ခ်က္ထိလိုက္သည္။ တစ္ဖန္ conversation ကြက္ရွိ plus sign ကို ထိလိုက္ကာ video call ကို ထိလိုက္ေတာ့ video call လား၊ voice call လား ဟူေသာ ေ႐ြးခ်ယ္စရာႏွစ္ခုက ေပၚလာသည္။

သူ႔လက္မက စခရင္ေပၚရွိ video call ဆီသို႔ထိရန္ေ႐ြ႕သြားေပမဲ့ ရပ္တန္႔သြား၏။

ထိုသို႔ ေတြေဝရပ္တန္႔ေနခဲ့သည္မွာ အလြန္ၾကာျမင့္သြားသည့္တိုင္ေအာင္ပင္။

video call ေခၚမည့္အစား သူက function key ကို ဖိ၍ စခရင္ထက္သို႔ ျပန္သြားလိုက္ရင္း ဖုန္းကို ေဘးသို႔လႊင့္ပစ္လိုက္သည္။ဖုန္းေလးခမ်ာ အိပ္ရာေပၚသို႔ ဘုတ္ ဟူေသာ အသံအုပ္အုပ္ျဖင့္ ထိမွန္သြားေလသည္။

ကုယြမ္းထင္ အေမွာင္ထဲတြင္ၿငိမ္သက္စြာ ထိုင္ေနမိ၏။

အခ်ိန္မည္မွ်ၾကာသြားသည္မသိလိုက္။ သူဟာ ပစ္ခ်လိုက္သည့္ ဖုန္းကိုထပ္မံေကာက္ယူကာ ဝီခ်တ္ကိုဖြင့္လိုက္သည္။ chat conversation ထဲဝင္ကာ video call ႏွိပ္ဖို႔ လက္မကိုေ႐ြ႕လိုက္ေပမဲ့ အခ်ိန္အေတာ္ၾကာေအာင္ မလႈပ္မယွက္ ျဖစ္ေနမိျပန္သည္။

ခ်က္တင္း စခရင္၏ အေပၚတစ္ဝက္ေလာက္၌ အျပန္အလွန္ေျပာထားသည့္ စာမ်ား ရွိေနေသးၿပီး သူဟာ အေပၚတစ္ခ်က္ဆြဲၾကည့္လိုက္သည္။
   
[ယမန္ေန႔ ညေန 3 : 13 ]

[ကိုယ့္ရဲ႕ ရန္ရန္] : ခင္ဗ်ား ေလယာဥ္ေပၚကဆင္းၿပီလား

[ယမန္ေန႔ ညေန 4 : 20 ]

[သူ] : အြန္း

[ကိုယ့္ရဲ႕ရန္ရန္] : အခု ကုမၸဏီရဲ႕တိုက္ခန္းကို ေရာက္ၿပီလား

[ယမန္ေန႔ ညေန 5 : 11 ]

 [သူ] : ေရာက္ၿပီ

 [ကိုယ့္ရဲ႕ရန္ရန္] : ျမန္ျမန္ ေကာင္းေကာင္း အနားယူ။ ခရီးပန္းတာကို ေက်ာ္လႊားႏိုင္ဖို႔ ေကာင္းေကာင္းအိပ္ေနာ္။မနက္ျဖန္အတြက္ အလုပ္ႀကိဳးစားထား!

[မ်က္ႏွာကိုပြတ္သပ္ကာ ေပြ႕ဖက္ျပေနေသာ ယုန္ေလး အီမိုဂ်ီ]
 
 [ယမန္ေန႔ည 6 : 13]

 [သူ] : အြန္း

[ကိုယ့္ရဲ႕ရန္ရန္] : အခုအိမ္မွာဆယ့္ႏွစ္နာရီထိုးေနၿပီ။ကြၽန္ေတာ္ အရမ္းအိပ္ခ်င္ေနၿပီ။အိပ္ေတာ့မယ္။ ခင္ဗ်ားလည္း ျမန္ျမန္အနားယူေတာ့။ေကာင္းေသာညပါ။

 [မ်က္ႏွာကိုပြတ္သပ္ကာ ေပြ႕ဖက္ျပေနေသာ ယုန္ေလး အီမိုဂ်ီ]

သူ စာျပန္ထားတာ မရွိခဲ့။
     
 ကုယြမ္းထင္သည္ မ်က္ႏွာကိုပြတ္သပ္ကာ ေပြ႕ဖက္ျပေနေသာ ယုန္ေလး အီမိုဂ်ီအား စိုက္ၾကည့္ကာ လက္မျဖင့္ ဖြဖြေလး ပြတ္သပ္ရင္း စခရင္ကို အၾကာႀကီး စိုက္ၾကည့္ေနမိေလသည္။

အခ်ိန္သည္မသိလိုက္ခင္မွာပင္ ကုန္ဆုံးသြားကာ ေကာင္းကင္သည္လည္း ေဖ်ာ့ေတာ့စြာေတာက္ပလာခဲ့သည္။

 ကုယြမ္းထင္ကား တစ္ညလုံး အိပ္မေပ်ာ္ႏိုင္ခဲ့ပါေခ်။

~~~~~~~~~

တစ္ရက္တည္းမွာပင္ Cႏိုင္ငံ ၿမိဳ႕ေတာ္ A ၌..........

စူးယိရန္သည္ ဆိုင္အလုပ္ေတြကို ညပိုင္း၌ အၿပီးသတ္ခ်ိန္ဝယ္ မားကတ္တင္းကုမၸဏီ၏ စီမံခ်က္ေရးဆြဲသူႏွင့္ ခဏတာဆက္သြယ္ေဆြးေႏြးေနလိုက္သည္။ ထိုကိစၥၿပီးသည့္ေနာက္ အခ်ိန္ကိုၾကည့္လိုက္ေတာ့ ည ၉နာရီထိုးေနၿပီျဖစ္တာေၾကာင့္ သူဟာ ထင္ေကာတစ္ေယာက္ ေလယာဥ္ေပၚမွဆင္းေလာက္ၿပီဟု မွန္းဆကာ ဝီခ်တ္ကေန ေမးလိုက္သည္။

အခ်ိန္ကြာျခားခ်က္အရ D ႏိုင္ငံတြင္ ေန႔လည္ သုံးနာရီခြဲေလာက္ ရွိေလာက္မည္ပင္။

 ကုယြမ္းထင္က ခဏမွ်ၾကာသည္အထိ စာမျပန္တာေၾကာင့္ သူက ေဝးေပၚ မွာ အထက္ေအာက္ဆြဲၾကည့္လိုက္၊ TV ၾကည့္လိုက္လုပ္ကာ သူဝယ္ထားသည့္ hot search က list မွာ တက္လာမည္ကိုေစာင့္ဆိုင္းေနလိုက္သည္။

 မားကတ္တင္းကုမၸဏီက သူ႔အတြက္ ေခါင္းစီး စီစဥ္ေပးကာ ထိုအေၾကာင္းအရာအား သန္းေခါင္ယံ ၁၂နာရီကေန ေနာက္တစ္ေန႔မနက္ ၆နာရီထိ Hot search ထဲဝင္ေနေစဖို႔ သေဘာတူထားခဲ့တာ ျဖစ္သည္။

ထိုအခ်ိန္ကာလအပိုင္းအျခားက အတိုင္းအတာတစ္ခုထိ ရွည္လ်ားကာ ညသန္းေခါင္ယံဆို ေကာင္းမြန္သည့္အစားအေသာက္ေတြကို သြားပုတ္ေလလြင့္ေျပာတတ္ၾကသည့္အခ်က္ကလည္း လူေတြကို ဆြဲေဆာင္ႏိုင္ေစကာ ေဈးႏႈန္းမွာလည္းတြက္ေျခအကိုက္ဆုံးျဖစ္၏။

 မနက္က ထင္ေကာကို ေလဆိပ္လိုက္ပို႔ဖို႔ ေစာေစာထရသည္။ခုလည္း TV ၾကည့္ရင္း ည၁၂နာရီ ေက်ာ္ေအာင္ ေစာင့္ေနရသည့္ စူးဟိရန္မွာ အေပၚမ်က္ခြံႏွင့္ ေအာက္မ်က္ခမ္းတို႔ ဖိုက္တင္ပေလးေနၾကသည့္အထိ အိပ္ခ်င္ေနၿပီျဖစ္၏။

သူ ေဝးေပၚကို လွန္ေလွာၾကည့္လိုက္ခ်ိန္ သူ၏ ေခါင္းစီးက "အခ်ိန္ႏွင့္တေျပးညီ ျမင့္တက္လာသည့္ ေဟာ့စေပါ့" ၏ေအာက္ေျခသို႔ ေရာက္ရွိေနၿပီကို ေတြ႕လိုက္ရသည္။ မားကတ္တင္းကုမၸဏီဟာ လႈပ္ရွားမႈေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း သူသိလိုက္ေပသည္။ အဆင့္သတ္မွတ္ခ်က္ဟာ သေဘာတူထားသည့္အေနထားသို႔မေရာက္မခ်င္း ဆက္တက္ေနဦးမည္ပင္ ျဖစ္၏။

 ထိုအေတာအတြင္း သူဟာ ထင္ေကာႏွင့္လည္း စကားစျမည္ ေျပာျဖစ္သည္။ထင္ေကာဟာ ေလယာဥ္ကဆင္းသည္ႏွင့္ ကုမၸဏီမွစီစဥ္ေပးသည့္ တိုက္ခန္းသို႔အေျပးအလႊားသြားရကာ ခရီးေဆာင္အိတ္ေတြကို ေနရခ်ရသည့္အျပင္ ခရီးပန္းေနမွာေၾကာင့္ ျဖစ္ေလာက္မည္။ သူ၏ျပန္စာမ်ားဟာ ေနာက္က်ၿပီး တိုတိုတုတ္တုတ္ျဖစ္ေန၏။

စူးယိရန္ကေတာ့ စိတ္ထဲ သိပ္မထား။ သူကိုယ္တိုင္လည္း ေတာင့္မထားႏိုင္ေလာက္ေအာင္ အိပ္ငိုက္ေနၿပီျဖစ္သည္။ မူလက သေဘာတူထားေသာ အေနအထားေရာက္သည္ထိ hot search ကို ေစာင့္ၾကည့္ဖို႔ စီစဥ္ထားေသာ္လည္း မလုပ္ႏိုင္ပါေလေတာ့။

သူ ထင္ေကာကို ေကာင္းေသာညပါဟုေျပာကာ ေကာင္းေကာင္းအနားယူဖို႔ မွာၿပီးသည္ႏွင့္ TV ပိတ္ကာ အိပ္ခန္းထဲျပန္ဝင္လိုက္သည္။ ကုတင္ေပၚရွိေခါင္းအုံးႏွင့္ ထိလိုက္သည္ႏွင့္  အိပ္ေပ်ာ္သြားသည္မွာ တစ္ေရးပင္ ႏိုးမလာခဲ့ပါေခ်။

ေနာက္တစ္ေန႔ စူးယိရန္ အိပ္ရာမွႏိုးလာၿပီး အခ်ိန္ၾကည့္လိုက္ခ်ိန္တြင္ ရွစ္နာရီထိုးခါနီးၿပီျဖစ္၏။

 အခ်ိန္ကိုၾကည့္လိုက္ၿပီးေနာက္သူ ကိုယ့္ဟာကိုယ္ စိတ္တိုသြားသည္။ မူလက မနက္ ၅ခြဲ ႏႈိးစက္ေပးကာ hot search ထၾကည့္ဖို႔ လုပ္ခဲ့ေပမဲ့ ႏႈိးစက္ျမည္လာခ်ိန္မွာ မသိလိုက္စြာျဖင့္ ပိတ္မိသြားသည္။ ခုေတာ့ သူ အိပ္ရာထေနာက္က်သြားၿပီ ျဖစ္ေလသည္။

ထင္ေကာလည္း ဟိုဘက္မွာ ဘာလုပ္ေနသလဲ မသိေခ်။စူးယိရန္က အခ်ိန္ကြာျခားခ်က္အားတြက္ၾကည့္လိုက္ေတာ့ Dႏိုင္ငံ၌ ဤအခ်ိန္ဟာ ညဥ့္နက္ေနၿပီဆိုတာ သိလိုက္သည္။ထင္ေကာသည္လည္းႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေလာက္ေခ်ၿပီ။

အိပ္ရာကေန ႏိုးသည္ႏွင့္ စူးယိရန္ဟာ ဖုန္းကိုယူကာ ေဝးေပၚသို႔ဝင္လိုက္သည္။ တစ္ညတာ hot search ဝင္အၿပီးမွာ ေဖာလိုဝါေတြ တိုးလာမလာကို သူသိခ်င္ေနမိ၏။

ေဝးေပၚဖြင့္လိုက္သည္ႏွင့္ hot search ေပ့ခ်္မွာ "ရွာေဖြမႈ"ဟူသည္က တန္းေပၚလာသည္။ သူ မသိစိတ္အရ ထိုေနရာကို အရင္ဆုံးႏွိပ္ၾကည့္ကာ တန္႔ခနဲျဖစ္သြားေလသည္။

Hot search နံပါတ္ကိုး၌ #က်န္းက်န္းေပါင္း။

Hot search 27 ေနရာေျမာက္၌ #ယိထင္အခ်ိဳပြဲဆိုင္။

Hot search 32 ေနရာေျမာက္၌ #ပဲႏို႔ၾကက္ဥေပါင္း။

ဘယ္လိုျဖစ္ရတာလဲ။ သူဝယ္ထားတာက ညသန္းေခါင္ကေန မနက္ ၆နာရီထိပဲေလ။ ၿပီးေတာ့ hot search ေနာက္ဆုံးနားက ၃၀ ၊ ၄၀ ေနရာေတြေလာက္ပဲ ဝယ္ခဲ့တာေလ။ မားကတ္တင္းကုမၸဏီက သူ႔ကို ပိုၿပီးေပးခဲ့တာမ်ားလား။

စူးယိရန္က #က်န္းက်န္းေပါင္း #hot search ဆိုတာကိုကလစ္ႏွိပ္ကာ ေဝးေပၚေပၚက ရွာေဖြမႈစာရင္းကို ၾကည့္ၾကည့္လိုက္သည္။
    
[ခ်ီခ်ီဖက္ရွင္]#က်န္းက်န္းေပါင္း #နဖူးလက္ေထာက္ထားရ ငါက အသစ္ထြက္တဲ့အိတ္လို႔ထင္တာ။ စိတ္ေတြလႈပ္ရွားၿပီး လာလိုက္တာ လက္စသတ္ေတာ့ မုန္႔တဲ့[မ်က္ရည္ထြက္ေအာင္ရယ္ေသာအီမိုဂ်ီ]

ေပၚျပဴလာျဖစ္ေနေသာ အႏွီေဝးေပၚပို႔စ္မွာ Like အမ်ားဆုံးႏွင့္ Reply အမ်ားဆုံးရေနၿပီး ေအာက္ကလူေတြအကုန္လုံးက အဆင့္အတန္းမွာဆို  1 သမားေတြျဖစ္သည္။ မည္သို႔ဆိုေစ ဖက္ရွင္သည္ အစားအေသာက္ႏွင့္ယွဥ္ပါက ေဝးေပၚတြင္ ပိုမိုအာ႐ုံစိုက္ခံရသည္ပင္။

က်န္သည့္ ေပၚျပဴလာျဖစ္ေနေသာ ေဝးေပၚပို႔စ္အကုန္လုံးကလည္း သည္လိုဆင္တူမ်ိဳးေတြခ်ည္းသာ။

[ရွဲရွဲ] : ဒါက ေပါင္မုန္႔လား။ ထူးဆန္းလိုက္တဲ့နာမည္။ ညစ္ပတ္ေနတဲ့ေပါင္မုန္႔ကို ဘယ္လိုစားမတုန္း။ဘယ္သူကမ်ား ဒီလိုစဥ္းစားၿပီး ထုတ္လိုက္တာလဲ #က်န္းက်န္းေပါင္း#
     
[တပိုင္ရန္] : #က်န္းက်န္းေပါင္း #ယိထင္အခ်ိဳပြဲ #ပဲႏို႔ၾကက္ဥေပါင္း Ahhhhhhhhhhhh ငါ့ရဲ႕ေရွာင္ေကာေကာက hot search ဝင္ေနၿပီ! Ahhhhhhh ေရွာင္ေကာေကာေၾကာင့္ အ႐ူးအမူးကို Call ေနၿပီ ! ! ညီအစ္မတို႔ေရ လာဝုန္းေပးၾကဦး ! ! !
 
[ဒီႏွစ္မွာ ေၾကာင္ေမြးခ်င္တယ္] : #က်န္းက်န္းေပါင္း# ဒါကဘယ္လိုေတာင္ ထူးဆန္းတဲ့ Hot search ႀကီးတုန္း။ ၿပီးေတာ့ ငါကေရာ ဘာလို႔ ဖြင့္ဖြင့္ခ်င္း ဒါႀကီးကို ၾကည့္မိသြားရတာလဲ။

 [နင့္ေခြးေခါင္းကို တူနဲ႔ထု] : #က်န္းက်န္းေပါင္း# ငါ ဒါကိုသိတယ္ ! ! တစ္ျမန္ေန႔ေလာက္က ၁၀သန္းတန္ က်ီ႐ုံလီ(စႏၵကူးအမ်ိဳးအစား)ကို ေလလံဆြဲၿပီး ေပါက္ကရလုပ္ပစ္တဲ့ သူေဌးလက္သစ္ေလးကို မွတ္မိေသးလား။ဒါက သူ႔ဆိုင္မွာ မၾကာခင္ျဖန္႔မဲ့ ပစၥည္းသစ္ေပါ့ #ယိထင္အခ်ိဳပြဲ#

[သစ္သားငါးေလးကလဲ ငါးတစ္မ်ိဳးပါပဲ ] : #က်န္းက်န္းေပါင္း#ယိထင္အခ်ိဳပြဲ#ပဲႏို႔ၾကက္ဥေပါင္း# Ahhhhhhhh ယိယိကို hot search ထဲမွာ ထပ္ေတြ႕ရျပန္ၿပီ။တစ္ကမာၻလုံးမွာ အေကာင္းဆုံးယိယိ @ယိထင္အခ်ိဳပြဲ။

[ဒီ user ေလး ေလာ့ဂ္ေအာက္သြားၿပီ] :  #က်န္းက်န္းေပါင္း #ယိထင္အခ်ိဳပြဲ#သူေဌးလက္သစ္။ ဒီလိုရွက္စရာေကာင္းတဲ့ Hot search ဝယ္ဖို႔ ပိုက္ဆံအမ်ားႀကီးသုံးလိုက္တယ္ေပါ့။

[မနက္ပိုင္း ၅နာရီ ၁၉မိနစ္ ] : #က်န္းက်န္းေပါင္း# ပုံကိုၾကည့္ရတာတကယ္ ညစ္ပတ္မဲ့ပုံပဲ။ဒါေပမဲ့ အဆင္ေျပသားပဲ။ ေခ်ာကလက္ရယ္၊ ကိုကိုးမႈန႔္နဲ႔ရယ္ လုပ္ထားတဲ့ ေပါင္မုန႔္နဲ႔တူသားပဲ။ဘာမွထူးထူးျခားျခား မဟုတ္ပါဘူး။ဘာလို႔ Hot search ထဲဝင္ေနရတာလဲ။

[Food blogger လုပ္ခ်င္တဲ့ ေရွာင္ C ] : #ပဲႏို႔ၾကက္ဥေပါင္း# ငါအဲ့ဒါစားဖူးတယ္။မယုံႏိုင္စရာေကာင္းေအာင္ အရသာရွိတယ္။ ဆိုင္မွာ ပစၥည္းအသစ္တင္ေတာ့မယ္ဆိုေတာ့ ေစာင့္ေမွ်ာ္ေနပါတယ္။#က်န္းက်န္းေပါင္း#
 
စူးယိရန္သည္ Hot topic က listေတြကို  အေပၚေအာက္ဆြဲၾကည့္ရင္းျဖင့္ နားလည္သြားသည္။မာကတ္တင္းကုမၸဏီက မေန႔ည၌ hot search မွာ ေခါင္းစီးသုံးခု တင္ေပးၿပီးေနာက္ #က်န္းက်န္းေပါင္း ဟူေသာ ထူးဆန္းသည့္နာမည္က လူအမ်ား၏ အာ႐ုံကို ဆြဲေဆာင္မိသြားသည္။သိခ်င္စိတ္ေၾကာင့္ သူတို႔ဟာ ကလစ္ေတြႏွိပ္မိၾကကာ မသိလိုက္စြာျဖင့္ ျဖန္႔ေဝလိုက္သလိုျဖစ္သြားၿပီး တျဖည္းျဖည္း အဆင့္တက္လာကာ လူေတြက အာ႐ုံပိုစိုက္မိသြားၾကျခင္း ျဖစ္ေလသည္။

တစ္ခ်ိန္တည္းမွာပင္ သူ႔ဆိုင္ကိုသိေသာ big V အေကာင့္ပိုင္ရွင္အမ်ားအျပားက ပိုလူသိေအာင္လုပ္ေပးကာ တျခားေခါင္းစီးႏွစ္ခုျဖစ္သည့္ #ယိထင္အခ်ိဳပြဲ ႏွင့္ #ပဲႏို႔ၾကက္ဥေပါင္းကိုပါ ထပ္ျဖည့္ေပးလိုက္ၾကသည္။ သူ၏ ဖန္အနည္းငယ္ႏွင့္ ဆိုင္လာဖူးေသာ ဧည့္သည္တခ်ိဳ႕ကလည္း hot search ကို အခြင့္အားေလ်ာ္စြာေတြ႕ဆုံခ်ိန္၌ လမ္းႀကဳံအားေပးသြားၾကျခင္းပဲ ျဖစ္ေလသည္။

hot search၏ ရလာဒ္ဟာ ေမွ်ာ္လင့္ထားသည္ထက္ မ်ားစြာေက်ာ္လြန္သြားတာေၾကာင့္ စူးယိရန္ အလြန္ေပ်ာ္႐ႊင္ေနေတာ့သည္။

သို႔ေသာ္လည္း ယခုခ်ိန္ကမနက္အေစာပိုင္းပင္ ရွိေသးကာ တစ္ေန႔တာ၏ ေရပန္းအစားဆုံးခ်ိန္ မဟုတ္ေသးေပ။ အကယ္၍ ေနာက္ဆက္တြဲအစီအစဥ္ေတြ ဆက္မလုပ္ပါက လူႀကိဳက္မ်ားသည့္ပို႔စ္ေတြ ေဝးေပၚမွာ တိုးလာၿပီး အျခားပို႔စ္ေတြက ေက်ာ္တက္သြားလိမ့္မည္မည္ပင္။သည္မနက္ေစာေစာက ေရပန္းစားေနသည့္ ေခါင္းစီး၃ခုသည္လည္း အလ်င္အျမန္ပင္ေအာက္သို႔ ေရာက္သြားေပမည္။

 အခြင့္အေရးက မိမိေရွ႕သို႔ ေရာက္လာခ်ိန္ အျမန္အဆန္ဖမ္းဆုပ္ရမည္ျဖစ္၏။ စူးယိရန္သည္ မူလအစီအစဥ္ကို ေရွ႕တိုးဖို႔ဆုံးျဖတ္ကာ ေနာက္ဆက္တြဲေစ်းကြက္ခ်ဲ႕ထြင္မႈကို ျမန္ဆန္စြာ လုပ္ေဆာင္၍ေကာင္းမြန္စြာလည္ပတ္ႏိုင္ရန္ လက္ရွိ ေသြးပူေနဆဲကာလကိုအသုံးခ်ဖို႔ ဆုံးျဖတ္လိုက္သည္။

ေဝးေပၚတြင္သာမကဘဲ ပင္မဝဘ္ဆိုဒ္ပလက္ေဖာင္းေတြ၊ ဝီခ်တ္ပါ့ဘလစ္အေကာင့္ေတြ၊ local ဖိုရမ္ေတြ စသျဖင့္ လူသိမ်ားေသာ က႑မ်ားမွာ အျမန္ျဖန္႔ရမည္ပင္။
     
ထို႔ျပင္ သူ႔ဆိုင္က အလုပ္မ်ားေတာ့မည္ျဖစ္၍ ဝန္ထမ္းအသစ္ငွားရေပေတာ့မည္။ ဝန္ထမ္းနည္းေနပါက ေနာက္ပိုင္းအလုပ္ရႈပ္ခ်ိန္မွာ ဝန္ႏွင့္အား မမွ်ျဖစ္လာႏိုင္၍ ေငြဝင္ေသာ္ျငား အျမတ္မရ ဆိုတာမ်ိဳး ျဖစ္လာႏိုင္သည္။

 ဤကိစၥႏွင့္တေနကုန္ အလုပ္ရႈပ္ေနရတာေၾကာင့္ စူးယိရန္မွာ မေန႔က ထင္ေကာ ထြက္သြား၍ စိတ္ဓာတ္က်မႈိင္ေတြေနသည့္ ခံစားခ်က္မ်ိဳးမျဖစ္ေတာ့ဘဲ ယခုခ်ိန္မွာ အလြန္တရာကို တက္ႂကြလႈပ္ရွားေနေတာ့သည္။

ထင္ေကာအေၾကာင္းကိုေတာင္ ေမ့လုနီးပါးပင္။

×××××××××

Dႏိုင္ငံ။

ကုယြမ္းထင္သည္ လိုက္ကာေတြ ဆြဲေစ့မထားတာေၾကာင့္ ေနေရာင္ျခည္က မွန္ျပတင္းေပါက္မ်ားကိုျဖတ္၍ တိုက္႐ိုက္ျဖာက်ေနသည္။

  သူအနည္းငယ္လႈပ္ရွားကာ ႏိုးလာခ်ိန္၌  သူ႔ခႏၶာကိုယ္က ေတာင့္တင္းေနၿပီး အခန္းက ထိန္လင္းေနတာကို ေတြ႕လိုက္ရသည္။

မနက္ေျခာက္နာရီထိုးေနေခ်ေလၿပီ။သူ ဖုန္းကိုခ်လိုက္ရင္း ေန႔သစ္တစ္ခုစတင္ၿပီျဖစ္ေၾကာင္းသိလိုက္ေလသည္။

တစ္ေယာက္တည္းထ၊ တစ္ေယာက္တည္း ေရခ်ိဳး၊ တစ္ေယာက္တည္း အဝတ္စား၀တ္ကာ နက္ခ္တိုင္ခ်ည္ရသည္။ အခန္းထဲမွ ထြက္လာခ်ိန္ကစ၍ သူဟာ လူေပါင္းမ်ားစြာ၊ ဟန္ေဆာင္မ်က္ႏွာဖုံးအမ်ိဳးမ်ိဳးရွိေသာ လူမ်ားစြာျဖင့္ ရင္ဆိုင္ရေတာ့မည္ပင္။

တစ္ေန႔တာ၏အလုပ္မ်ားမႈအဆုံးတြင္သူဟာ ပို၍သာယာလွပေသာတိုက္ပြဲအခ်ိဳ႕ကိုအႏိုင္ရခဲ့၏။

စိတ္လႈပ္ရွားမႈမ်ား မခံစားရသလို ပင္ပန္းမႈကိုလည္း မခံစားရေပ။ဒါဟာ သူ၏ေန႔စဥ္ဘဝပင္ ျဖစ္သည္မို႔။

တစ္ေန႔လုံး၏အရာအားလုံးကုန္ဆုံးၿပီးေနာက္ ညဘက္ တံခါးပိတ္ၿပီး သူ၏အခန္းသို႔ျပန္သြားခ်ိန္၌မူ ျဖည့္လို႔မရေသာ ဗလာနတၳိခံစားခ်က္အား ခံစားလိုက္ရ႐ုံသာ ျဖစ္သည္။

 အခန္းထဲရွိေနရာတိုင္းဟာ အလြတ္ခ်ည္းသာ။

 ကုတင္ေပၚ၌ လွဲေတာ့လည္း ကုတင္က အလြတ္ႀကီးျဖစ္ေနျပန္သည္။

 ကုယြမ္းထင္သည္ ေမွာင္မည္းေနသည့္မ်က္ႏွာက်က္ကိုၾကည့္ကာ ကုတင္တစ္ဖက္ကို မသိစိတ္အရ ညာဖက္လက္ျဖင့္ ပြတ္သပ္ေနမိ၏။

ျပည္တြင္းသုံးဖုန္းကို သူ႔ေခါင္းအုံးေဘးတြင္ထား,ထားေသာ္ျငား ယေန႔အဖို႔ဖုန္းဟာ တေနကုန္မျမည္ေသးပါေခ်။

႐ုတ္တရက္ ကုယြမ္းထင္ ေဆးလိပ္ေသာက္ခ်င္လာ၍ အိပ္ရာကေန ထလိုက္သည္။

သူ  စီးကရက္တစ္လိပ္ကို ပါးစပ္မွာခဲကာ ေခါင္းငုံ႔၍ မီးညႇိလိုက္သည္။မီးျခစ္၏မီးေတာက္ ေပ်ာက္သြားခ်ိန္၌ စီးကရက္ထိပ္ရွိအနီေရာင္မီးေတာက္ေလးက အေမွာင္ထဲမွာ တလက္လက္ေတာက္ေနေလသည္။

ကုယြမ္းထင္ ႐ုတ္တရက္ တစ္စုံတစ္ရာကိုေတြးမိသြားကာ ပါးစပ္ထဲက စီးကရက္ကို ထုတ္၍ လက္ေခ်ာင္းၾကား၌ ညႇပ္ထားလိုက္သည္။ သူ ဆိုဖာေပၚ ေနာက္မွီလွဲရင္း စိတ္ပ်ံ႕လြင့္စြာျဖင့္ မီးျခစ္ကို ေဘးသို႔ ပစ္ခ်လိုက္သည္။

 အခ်ိန္ေတြက တေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာကာ စီးကရက္မီးထိပ္ဟာ တျဖည္းျဖည္းေလာင္ကြၽမ္းလာၿပီး လက္ေခ်ာင္းကိုထိမိမတက္ ျဖစ္လာ၏။

႐ုတ္တရက္ဆိုသလို ကုတင္ေပၚရွိဖုန္းဆီကေန  "တင္း ေတာင္ "ဟူေသာ ဝီခ်တ္ႏိုတီသံက ထြက္ေပၚလာသည္။

ကုယြမ္းထင္ ႐ုတ္ခ်ည္းပင္ မတ္တပ္ထရပ္လိုက္ရာ လက္ေခ်ာင္းၾကား၌ညႇပ္ထားသည့္ စီးကရက္မီးက သူ႔လက္အား ေလာင္သြေတာ့သည္။သူ ေဆးလိပ္ကိုလႊင့္ပစ္ရင္း ကုတင္ေဘးသို႔ ခပ္သြက္သြက္ေလွ်ာက္သြားကာ ဖုန္းကိုေကာက္ကိုင္လိုက္ရင္း ေလာ့ျဖည္၍ ဝီခ်တ္ကိုဖြင့္လိုက္သည္။

[ ေရွာင္က်ဴး ] :  ဥကၠ႒ကု....ကြၽန္ေတာ္ Dႏိုင္ငံကိုေရာက္ပါၿပီ။အခုပဲဟိုတယ္ကိုေရာက္ပါတယ္။ မၾကာခင္ ဥကၠ႒ကို လာေတြ႕ပါမယ္။

 ဒါက ခင္ဗ်ားလိုခ်င္တဲ့ အခ်က္အလက္ေတြပါ။

[စာ႐ြက္စာတမ္းပုံ] [စာ႐ြက္စာတမ္းပုံ] [စာ႐ြက္စာတမ္းပုံ]

ကုယြမ္းထင္ : "......"



     


     

Continue Reading

You'll Also Like

908K 22.3K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
5K 243 24
My newfound obsession💙🖤 I know there are other Gweoff shippers out there, so please unite and don't let this book flop😭♥️
2.6M 146K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 87.2K 76
"Just fight a little while longer baby boy." "I'm tired."