The Greatest Love story(Compl...

By Rhythm-Jeon

8K 906 103

Orpheus Jeon X Eurydice Kim More

1
2
3
4
5
7
Ending

6

565 81 11
By Rhythm-Jeon

Hymenois၏မိန့်ကြားချက်ကြောင့် Orpheusဟာ အမြတ်ဒေါသထွက်လျက် Eurydice၏လက်ကိုဆွဲကာထိုနေရာမှ ချက်ချင်းထွက်ခွာခဲ့လေသည်။

လမ်းတစ်လျှောက်လုံးEurydice၏မျက်နှာဟာ မရွှင်မပြ။Hymenois၏စကားဟာ သူ့ကိုစိတ်အနှောင့်အယှက်အများကြီးဖြစ်စေခဲ့၏။

အိမ်သို့ရောက်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက်စကားမပြောဖြစ်ကြသေးချေ။

Orpheus၏ ဤမျှကဲ့သို့ ဒေါသထွက်နေသောပုံစံအားလည်းတစ်ခါမှမမြင်ဖူးပေ။Orpheusသည် ပုံမှန်အားဖြင့်ဒေါသထွက်ခဲ၏။ဂီတသံစဥ်တို့ကို နှစ်သက်ခုံမင်သူဖြစ်ပြီး သူသည်အမြဲရွှင်ပြသောမျက်နှာထားရှိ၏။သူ၏စိတ်နှလုံးသည်လည်း နူးညံံ့ကာ သနားကြင်နာတတ်သေး၏။

မရွှင်မလန်းဖြစ်နေသော Eurydiceကြောင့် Orpheusမှာမနေသာတော့။ချော့မော့ကာဖြောင်းဖျရတော့သည်။

"မောင့်အသက်ရယ်...Hymenoisပြောတဲ့စကားတွေကို စိတ်ထဲထားမနေပါနဲ့ကွာ...မောင်တို့က သိပ်ချစ်ကြတာကို...မောင်တို့ကို ဘယ်သူတွေက ခွဲနိုင်မှာတဲ့လဲကွာ..."

သူဟာ Eurydice၏ကိုယ်လုံးလေးအား ရင်ခွင်ထဲပွေ့ဖက်ကာနှစ်သိမ့်စကားဆိုလိုက်သည်။Eurydiceက သက်ပြင်းခပ်သဲ့သဲ့ချရင်းမှ...

"ကျွန်ုပ်စိတ်တွေလေးလံနေတယ် မောင်ရယ်...."

သူသည်လည်းစိုးရိမ်သောကမကင်းပေမယ့် ချစ်ရသူရှေ့၌ သန်မာနေမှဖြစ်မှာကြောင့် သူ၏ပူပန်မှုတစ်ချို့အားဖုံးကွယ်ထားလိုက်လေသည်။

"အရမ်းမစိုးရိမ်ပါနဲ့မောင့်အသက်ရယ်...ဘာအကြောင်းအရာကမှ မောင်တို့ကိုမခွဲနိုင်စေရဘူး..."

Eurydice၏လက်သွယ်သွယ်လေးများသည်Orpheus၏ခါးထက်သို့ သိုင်းဖက်ကာ သူ့ပုခုံးပေါ်၌ ခေါင်းလေးမှီလာခဲ့သည်။Orpheusသည်လည်း Eurydice၏ ရွှေရောင်ဆံနွယ်လေးများအား ခပ်ဖွဖွလေးနမ်းရှိုက်လိုက်ပါ၏။နှစ်ဦးစလုံး၏ ရင်ထဲမှာတော့ ပူပန်မှုကိုယ်စီဖြင့်သာ။

ထိုအချိန်မှစ၍ Orpheusက Eurydiceအား မျက်စိအောက်ကအပျောက်မခံတော့ချေ။သူတို့၏မင်္ဂလာပွဲလေးဟာလည်း Hymenoisကြောင့် အထမမြောက်လိုက်သည်ကြောင့် နှစ်ဦးတည်းသာ မင်္ဂလာပွဲလေးကျင်းပခဲ့ကြသည်။

ဦးခေါင်းထက်၌ ပန်းသရဖူကိုပန်ဆင်ထားသော Eurydiceက လက်ထဲ၌ တောပန်းလေးများဖြင့်စုစည်းထားသော ပန်းစည်းကို ကိုင်ဆောင်လျက် Orpheusဆီသို့လျှောက်လာလေသည်။

Orpheusသည် တစ်လှမ်းချင်းလျှောက်လာနေသော Eurydiceအား မြတ်နိုးမဝသော ချစ်မျက်ဝန်းတို့ဖြင့် ရွှန်းရွှန်းစားစားကြည့်ပါ၏။

ကောင်းကင်ယံထက်က အလှနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အတိုင်း Eurydiceဟာ သိပ်ကိုလှပလွန်းတယ်...။

Eurydiceဟာ သူ့ဘဝမှာ တစ်ဦးတည်းသောမြတ်နိုးရာလေးဖြစ်၏။Eurydiceကို ချစ်လွန်းအားကြီးလို့ သူ့အချစ်တွေဟာ စာဖွဲ့၍ မမှီနိုင်အောင်ပါပဲ..။Eurydiceသည် သူ့ဘဝ။သူ့အသက်ရှင်ရာ အကြောင်းပြချက်လေး။Eurydiceမရှိသည့် ဘဝဆိုတာတွေးတောင်မတွေးကြည့်ရဲ...။အဲ့ဒီအခါကျရင် သူ့ဘဝလည်းနိဂုံးချုပ်သွားမည်ဖြစ်သည်။သူသည် Eurydiceအား ရိုးတွင်းချဥ်ဆီထဲစိမ့်အောင် ချစ်ရပါသည်။နောက်ဘဝဆက်တိုင်းဆက်တိုင်းလည်း Eurydiceကိုသာချစ်နေမည်ဖြစ်သည်။

Eurydiceကိုကြည့်ရင်းမှ ပါးပြင်ပေါ်သို့မျက်ရည်တစ်စက်ဟာ ဖြတ်သန်းစီးဆင်းသွားပါ၏။အဲ့ဒီမျက်ရည်က ပျော်လွန်းလို့ကျတဲ့မျက်ရည်တွေပါ။ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရတဲ့အခါ ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်တွေပေါ့။

"ဟင်...ေမာင် ငိုနေတယ်..."

Eurydiceဟာ သူ့မျက်ရည်တွေကိုမြင်သောအလာ အလန့်တကြားဘေးဖြစ်သွား၏။မျက်ဝန်းလေးတွေကလည်း စိုးရိမ်နေဟန်။သူဟာ မျက်ရည်စက်တွေကို ကပြာကယာပွတ်ဆွဲသုတ်လိုက်ရင်းမှ...

"မောင်...ငိုနေတာဟာ မောင့်အသက်ကို ပိုင်ဆိုင်နေရတယ်လို့ တွေးလိုက်မိတိုင်း ဝမ်းသာလွန်းလို့ကျရတဲ့မျက်ရည်တွေပါ..."

"မောင်...ကျွန်ုပ်ကို အဲ့ဒီလောက်တောင်ချစ်သလား..."

"မောင့်ရဲ့အသက်ထက် ချစ်မြတ်နိုးရပါတယ် Eurydiceရယ်....မင်းဟာမောင့်ရဲ့ရှင်သန်မှုလေးပါပဲ.."

"ကျွန်ုပ်လည်း မောင့်ကိုသိပ်ချစ်ပါတယ်....."

Orpheusဟာ Eurydice၏လက်နှစ်ဖက်ကို မြဲမြံစွာဆူပ်ကိုင်ရင်းမှ ကတိသစ္စာပြုခဲ့သည်။

"ကျွန်ုပ် Orpheus Jeonသည် Eurydice Kimအား အသက်ထက်ပင်ချစ်မြတ်နိုးပါသည်။ဘယ်လိုအခြေ
နေမျိုးသို့ရောက်ရှိနေပါစေ Eurydice Kimအား စွန့်ခွာမသွားဘဲ သက်ဆုံးတိုင်ချစ်မြတ်နိုးပါမည်ဟူ၍ ဤကမ္ဘာမြေကြီးအား တိုင်တည်၍ သစ္စာပြုပါသည်..."

Eurydiceသည်လည်း Orpheusနည်းတူအပြန်အလှန်ကတိသစ္စာပြုလေသည်။ထို့နောက် Orpheusဟာ Eurydice၏ နှုတ်ခမ်းများထက်သို့ အကြင်နာအနမ်းခြွေကာ မင်္ဂလာပွဲလေးဟာ ပြီးဆုံးသွားခဲ့သည်။

ချီးမြှောက်မည့်သူတစ်ဦးတစ်ယောက်မှမရှိလည်း သူတို့အတွက်ကအဆင်ပြေပါသည်။တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ချစ်ခြင်းမေတ္တာများဖြင့် အရာရာဟာပြည့်စုံပါ၏။

.................
"လပြည့်ဝန်းကြီးက လှလိုက်တာနော် မောင်..."

လပြည့်ညဖြစ်တာကြောင့် သူတို့၏ကျောက်အိမ်လေးထဲအထိအလင်းများဖြာကျနေလေသည်။Eurydiceက ပြတင်းပေါက်မှနေ၍ လမင်းကြီးအားငေးကြည့်နေပြီး Orpheusက Eurydiceအားအနောက်မှ သိုင်းဖက်ကာ ပုခုံးပေါ်သို့ မေးတင်ထားသော အနေအထားဖြစ်သည်။

လရောင်အောက်၌ စမ်းချောင်လေးအတွင်းသို့ရေသောက်ဆင်းသော သမင်၊ဒရယ်လေးများကိုပါလှမ်းမြင်နေရသည်။ပိုးစုန်းကြူးလေးများဟာလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် ဟိုဒီပြေးလွှားနေလေသည်။

Orpheusဟာ တစောင်းမြင်နေရသော Eurydice၏လည်တိုင်ဖွေးဖွေးအား ခပ်ဖွဖွလေးနမ်းရင်းမှ...

"ဟော့ဒီက မောင့်အသက်လောက်မလှပါဘူးဗျာ...ဒီစကြာဝဠာတစ်ခုလုံးမှာ မောင့်အသက်ကအလှဆုံး....."

"မောင်ကကွာ....စကားအကောင်းပြောနေတာကို..."

"ဟောဗျာ မောင်ကလည်းအကောင်းပြောနေတာပါနော်...ကောင်ကင်ကလမင်းကြီးဘယ်လောက်လှလှ မောင့်ဘဝ မောင့်စကြာဝဠာမှာတော့ ဟော့ဒီက မောင့်ရဲ့လမင်းငယ်လေးက အလှဆုံးနဲ့ အမြတ်နိုးရဆုံးပါပဲ..."

"ဂီတစာဆိုကြီးက သိပ်ကိုဖွဲ့နွဲ့တာပဲနော်..."

"သိပ်ချစ်လို့ပါ မောင့်ရဲ့လမင်းလေးရယ်....."

မောင့်ဆီက ဤကဲ့သို့ချစ်စကားတွေကြားလိုက်ရတိုင်း သူဟာအတိုင်းဆမဲ့စွာရင်ခုန်မြဲပင်။

"ေဟာ....မောင့်ရဲ့လမင်းလေးဖြစ်သွားပြန်ပြီလား..."

"မင်းက မောင့်ဘဝကို အလင်းရောင်ပေးတဲ့လမင်းလေးဆိုလည်းဟုတ်တယ်.....မောင့်အသက်ထက်ချစ်မြတ်နိုးရသူမို့ မောင့်အသက်ကလေးဆိုလည်းဟုတ်တယ်...."

မောင်၏စကားများကြောင့်သူ့မျက်နှာလေးဟာ အလိုလိုပြုံးမိလျက်သား။မောင်ကအမြဲသူ့ကိုပျော်ရွှင်မှုတွေသာဆောင်ကြဥ်းပေးသူ။ဆူပူကြိမ်းမောင်းဖို့နေနေသာသာ သူ့မျက်နှာတစ်ချက်အညှိုးမခံတတ်သူဖြစ်သည်။မောင်က သူ့ကိုသိပ်ချစ်သည်ဆိုတာ လက်တွေ့ခံစားမိသလို မောင့်အချစ်တွေကိုလည်း အကြွင်းမဲ့ယုံပါသည်။

သူဟာ ကျောခိုင်းထားရင်းမှ မောင့်ဘက်သ်ုမျက်နှာချင်းဆိုင်လှည့်ကာ ...

"မောင့်ကို သိပ်ချစ်တာပဲ...."

မောင့်နှုတ်ခမ်းတွေကိုသူ့ဘက်မှစတင်၍နမ်းရှိုက်လိုက်၏။သူ့ဘက်က ချစ်စကားပြောပြီး စနမ်းတန်သည့်အခိုက်အတန့်ဟာအလွန်ရှားပါးပါ၏။မောင်က ချစ်ကြောင်းကိုစာတွေကဗျာတွေဖွဲ့ကာ တဖွဖွပြောတတ်သူဖြစ်ပြီး သူကတော့မောင့်လိုမျိုး ဖွဲ့ဖွဲ့နွှှဲ့နွှဲ့မပြောတတ်။

သူ့ဘက်က ဦးဆောင်ခဲ့ပေမယ့် ခဏအကြာ၌ သူဟာ မောင့်နှုတ်ခမ်းတွေ၏ခြယ်လှယ်ခြင်းကိုခံလိုက်ရလေသည်။လရောင်အောက်၌ ပူလောင်ပြင်းပြအနမ်းများနှင့်အတူ သူတို့သည် တစ်စုံတစ်ရာများ ပြင်းပြစွာတောင့်တလာခဲ့သည်။

လက်ထပ်ထားသည်မှန်ပေမယ့် မောင်က ဖက်တာ နမ်းတာလောက်သာလုပ်သည်။နမ်းတာတောင်သူ့ကိုခွင့်တောင်းပြီးမှနမ်းသည်။သူမကြိုက်လျှင်အတင်းအကြပ်မလုပ်။

နှုတ်ခမ်းတွေကိုနမ်းရှိုက်ရင်းမှ မောင့်နှုတ်ခမ်းတွေဟာ သူ့လည်တိုင်ကျော့ကျော့ပေါ် သက်ဆင်းလာတော့သည်။

"အင်း....မောင်..."

သူဟာမထိန်းနိုင်ဘဲ နှုတ်မှထုတ်၍ညည်းမိသွားသည်အထိ။

မောင်ကအနမ်းတွေကို ရပ်ရင်းမှ သူ့မျက်လုံးတွေအားတည့်တည့်စိုက်ကြည့်လာ၏။

"အဆင်ပြေရဲ့လား မောင့်အသက်....အဆင်မပြေဘူးဆိုရင် မောင် ဒီမှာပဲရပ်လိုက်မယ်......"

မောင်ဟာ သူ့အတွက်​ကြောင့်နဲ့အများကြီးထိန်းချုပ်ထားပုံပေါ်ပါသည်။ဒီလိုအခြေနေမျိုးမှာတောင် မောင်ကသူ့ဆန္ဒထက် မိမိ၏ဆန္ဒကိုသာ အလေးထားမေးမြန်းသည်။

"ကျွန်ုပ်ရဲ့အရာရာဟာ မောင့်အပိုင်မို့ ခွင့်တောင်းနေစရာမလိုပါဘူးမောင်....ကျွန်ုပ်ဟာ မောင့်အပိုင်ပါ......"

"မင်းကို နာကျင်အောင်မလုပ်ဘူးလို့ မောင်ကတိပေးပါတယ်......"

"အင်း....မောင့်ကိုယုံပါတယ်......"

ထို့နောက် မောင်ဟာ သူ့အားပွေ့ချီလျက်အိပ်ယာထက်သို့ခေါ်ဆောင်ခဲ့သည်။နူးညံ့ယစ်မူးစေသော မောင့်အနမ်းတွေဟာ တမေ့တမော။နှုတ်ခမ်းများအား အကြိမ်ကြိမ်နမ်းရှိုက်နေပြီး ထိုမှတစ်ဆင့် လည်တိုင်သို့ဆင်းသက်ကာ နမ်းရှိုက်သည်။နှစ်ဦးစလုံး၏ ဝတ်ရုံစတွေဟာ လျော့တိလျော့ရဲအခြေအနေ။မောင့်နှုတ်ခမ်းတွေဟာ ပုခုံးသားများပေါ်သို့ပါ ဆင်းသက်လာလေသည်။ထို့နောက် တစ်စဆီဖယ်ခွာခြင်းခံလိုက်ရသည့် သူ၏ဝတ်ရုံစတွေ...။မောင်က သူ့ခန္ဓာကိုယ်အနှံ့အနမ်းခြွေလျက်။သူကတော့ ရှက်ရွံ့မှုကြောင့်မျက်လုံစုံမှိတ်လျက်သာ။

"မျက်လုံးတွေကို မှိတ်မထားနဲ့...မောင့်ကိုပဲကြည့်နေ..."

ခပ်ရှရှနှင့်မောင့်အသံဟာ သြဇာအာဏာအပြည့်ဖြင့် နာခံချင်စရာကောင်းလှသည်။မျက်လုံးတွေကိုဖွင့်ကြည့်တော့ ဗလာကျင်းနေသည့် မောင်၏ရင်အုပ်ကျယ်ကျယ်၊ကြွက်သားများဖြင့်ကြည့်ကောင်းလှသော ဝမ်းဗိုက်နှင့် ကျစ်လစ်သော ခါး၊သန်မာသော ကြွက်သားများဖြင့်ဖွဲ့စည်းထားသော မောင်၏ခန္ဓာကိုယ်မှာ ကြည့်ကောင်းထာတက်ပိုသည်။

"မင်းခင်ပွန်းကို အဲ့လောက်ငေးမနေနဲ့...အရာအားလုံးကမင်းအပိုင်ပဲ..."

ရဲတင်းကာဒဲ့တိုးဆန်သောမောင့်စကားများကြောင့်သူ့ပါးပြင်နှစ်ဖက်ဟာ ပန်းသီးကဲ့သို့ရဲတက်သွားချေ၏။ဒါကိုမောင်က သဘောတကျရယ်ပြန်ပါသည်။

"မောင်က ညင်သာစွာကြင်နာမှာမို့ မောင်ခေါ်ဆောင်ရာ နိဗ္ဗာန်ဘုံကို မောင်နဲ့အတူလိုက်ခဲ့ပေးပါ.."

နားရှက်ဖွယ်စကားတို့ကိုဆိုရင်းမောင်က ပြတ်လပ်သွားသောအနမ်းတို့ကိုပြန်ဆက်ကာ ချစ်ခြင်းတိူ့ကိုအစပျိုးခဲ့သည်။

မောင်၏လှုပ်ရှားမှုတိုင်းသည် ညင်သာလွန်းနေပြီး သူ့ကိုလည်းတဖွဖွနမ်းပါ၏။မောင်ခေါ်ဆောင်ရာ နိဗ္ဗာန်ဘုံသို့ ပျော်ပျော်ကြီး လိုက်ပါစီးမျောရင်းသာ...။

[ဖတ်ရတာ အဆင်ပြေလားမသိဘူး..]

Hymenois၏မိန့္ၾကားခ်က္ေၾကာင့္ Orpheusဟာ အျမတ္ေဒါသထြက္လ်က္ Eurydice၏လက္ကိုဆြဲကာထိုေနရာမွ ခ်က္ခ်င္းထြက္ခြာခဲ့ေလသည္။

လမ္းတစ္ေလွ်ာက္လုံးEurydice၏မ်က္ႏွာဟာ မ႐ႊင္မျပ။Hymenois၏စကားဟာ သူ႕ကိုစိတ္အႏွောင့္အယွက္အမ်ားႀကီးျဖစ္ေစခဲ့၏။

အိမ္သို႔ေရာက္သည့္တိုင္ေအာင္ တစ္ေယာက္ႏွင့္တစ္ေယာက္စကားမေျပာျဖစ္ၾကေသးေခ်။

Orpheus၏ ဤမွ်ကဲ့သို႔ ေဒါသထြက္ေနေသာပုံစံအားလည္းတစ္ခါမွမျမင္ဖူးေပ။Orpheusသည္ ပုံမွန္အားျဖင့္ေဒါသထြက္ခဲ၏။ဂီတသံစဥ္တို႔ကို ႏွစ္သက္ခုံမင္သူျဖစ္ၿပီး သူသည္အၿမဲ႐ႊင္ျပေသာမ်က္ႏွာထားရွိ၏။သူ၏စိတ္ႏွလုံးသည္လည္း ႏူးညံံ့ကာ သနားၾကင္နာတတ္ေသး၏။

မ႐ႊင္မလန္းျဖစ္ေနေသာ Eurydiceေၾကာင့္ Orpheusမွာမေနသာေတာ့။ေခ်ာ့ေမာ့ကာေျဖာင္းဖ်ရေတာ့သည္။

"ေမာင့္အသက္ရယ္...Hymenoisေျပာတဲ့စကားေတြကို စိတ္ထဲထားမေနပါနဲ႕ကြာ...ေမာင္တို႔က သိပ္ခ်စ္ၾကတာကို...ေမာင္တို႔ကို ဘယ္သူေတြက ခြဲနိုင္မွာတဲ့လဲကြာ..."

သူဟာ Eurydice၏ကိုယ္လုံးေလးအား ရင္ခြင္ထဲေပြ႕ဖက္ကာႏွစ္သိမ့္စကားဆိုလိုက္သည္။Eurydiceက သက္ျပင္းခပ္သဲ့သဲ့ခ်ရင္းမွ...

"ကြၽန္ုပ္စိတ္ေတြေလးလံေနတယ္ ေမာင္ရယ္...."

သူသည္လည္းစိုးရိမ္ေသာကမကင္းေပမယ့္ ခ်စ္ရသူေရွ႕၌ သန္မာေနမွျဖစ္မွာေၾကာင့္ သူ၏ပူပန္မႈတစ္ခ်ိဳ႕အားဖုံးကြယ္ထားလိုက္ေလသည္။

"အရမ္းမစိုးရိမ္ပါနဲ႕ေမာင့္အသက္ရယ္...ဘာအေၾကာင္းအရာကမွ ေမာင္တို႔ကိုမခြဲနိုင္ေစရဘူး..."

Eurydice၏လက္သြယ္သြယ္ေလးမ်ားသည္Orpheus၏ခါးထက္သို႔ သိုင္းဖက္ကာ သူ႕ပုခုံးေပၚ၌ ေခါင္းေလးမွီလာခဲ့သည္။Orpheusသည္လည္း Eurydice၏ ေ႐ႊေရာင္ဆံႏြယ္ေလးမ်ားအား ခပ္ဖြဖြေလးနမ္းရွိုက္လိုက္ပါ၏။ႏွစ္ဦးစလုံး၏ ရင္ထဲမွာေတာ့ ပူပန္မႈကိုယ္စီျဖင့္သာ။

ထိုအခ်ိန္မွစ၍ Orpheusက Eurydiceအား မ်က္စိေအာက္ကအေပ်ာက္မခံေတာ့ေခ်။သူတို႔၏မဂၤလာပြဲေလးဟာလည္း Hymenoisေၾကာင့္ အထမေျမာက္လိုက္သည္ေၾကာင့္ ႏွစ္ဦးတည္းသာ မဂၤလာပြဲေလးက်င္းပခဲ့ၾကသည္။

ဦးေခါင္းထက္၌ ပန္းသရဖူကိုပန္ဆင္ထားေသာ Eurydiceက လက္ထဲ၌ ေတာပန္းေလးမ်ားျဖင့္စုစည္းထားေသာ ပန္းစည္းကို ကိုင္ေဆာင္လ်က္ Orpheusဆီသို႔ေလွ်ာက္လာေလသည္။

Orpheusသည္ တစ္လွမ္းခ်င္းေလွ်ာက္လာေနေသာ Eurydiceအား ျမတ္နိုးမဝေသာ ခ်စ္မ်က္ဝန္းတို႔ျဖင့္ ႐ႊန္း႐ႊန္းစားစားၾကည့္ပါ၏။

ေကာင္းကင္ယံထက္က အလွနတ္ဘုရားတစ္ပါး ဆင္းသက္လာသည့္အတိုင္း Eurydiceဟာ သိပ္ကိုလွပလြန္းတယ္...။

Eurydiceဟာ သူ႕ဘဝမွာ တစ္ဦးတည္းေသာျမတ္နိုးရာေလးျဖစ္၏။Eurydiceကို ခ်စ္လြန္းအားႀကီးလို႔ သူ႕အခ်စ္ေတြဟာ စာဖြဲ႕၍ မမွီနိုင္ေအာင္ပါပဲ..။Eurydiceသည္ သူ႕ဘဝ။သူ႕အသက္ရွင္ရာ အေၾကာင္းျပခ်က္ေလး။Eurydiceမရွိသည့္ ဘဝဆိုတာေတြးေတာင္မေတြးၾကည့္ရဲ...။အဲ့ဒီအခါက်ရင္ သူ႕ဘဝလည္းနိဂုံးခ်ဳပ္သြားမည္ျဖစ္သည္။သူသည္ Eurydiceအား ရိုးတြင္းခ်ဥ္ဆီထဲစိမ့္ေအာင္ ခ်စ္ရပါသည္။ေနာက္ဘဝဆက္တိုင္းဆက္တိုင္းလည္း Eurydiceကိုသာခ်စ္ေနမည္ျဖစ္သည္။

Eurydiceကိုၾကည့္ရင္းမွ ပါးျပင္ေပၚသို႔မ်က္ရည္တစ္စက္ဟာ ျဖတ္သန္းစီးဆင္းသြားပါ၏။အဲ့ဒီမ်က္ရည္က ေပ်ာ္လြန္းလို႔က်တဲ့မ်က္ရည္ေတြပါ။ကိုယ္ခ်စ္တဲ့သူကို ပိုင္ဆိုင္ရတဲ့အခါ ဝမ္းသာလြန္းလို႔ က်တဲ့မ်က္ရည္ေတြေပါ့။

"ဟင္...ေမာင္ ငိုေနတယ္..."

Eurydiceဟာ သူ႕မ်က္ရည္ေတြကိုျမင္ေသာအလာ အလန့္တၾကားေဘးျဖစ္သြား၏။မ်က္ဝန္းေလးေတြကလည္း စိုးရိမ္ေနဟန္။သူဟာ မ်က္ရည္စက္ေတြကို ကျပာကယာပြတ္ဆြဲသုတ္လိုက္ရင္းမွ...

"ေမာင္...ငိုေနတာဟာ ေမာင့္အသက္ကို ပိုင္ဆိုင္ေနရတယ္လို႔ ေတြးလိုက္မိတိုင္း ဝမ္းသာလြန္းလို႔က်ရတဲ့မ်က္ရည္ေတြပါ..."

"ေမာင္...ကြၽန္ုပ္ကို အဲ့ဒီေလာက္ေတာင္ခ်စ္သလား..."

"ေမာင့္ရဲ႕အသက္ထက္ ခ်စ္ျမတ္နိုးရပါတယ္ Eurydiceရယ္....မင္းဟာေမာင့္ရဲ႕ရွင္သန္မႈေလးပါပဲ.."

"ကြၽန္ုပ္လည္း ေမာင့္ကိုသိပ္ခ်စ္ပါတယ္....."

Orpheusဟာ Eurydice၏လက္ႏွစ္ဖက္ကို ၿမဲၿမံစြာဆူပ္ကိုင္ရင္းမွ ကတိသစၥာျပဳခဲ့သည္။

"ကြၽန္ုပ္ Orpheus Jeonသည္ Eurydice Kimအား အသက္ထက္ပင္ခ်စ္ျမတ္နိုးပါသည္။ဘယ္လိုအေျခ
ေနမ်ိဳးသို႔ေရာက္ရွိေနပါေစ Eurydice Kimအား စြန့္ခြာမသြားဘဲ သက္ဆုံးတိုင္ခ်စ္ျမတ္နိုးပါမည္ဟူ၍ ဤကမၻာေျမႀကီးအား တိုင္တည္၍ သစၥာျပဳပါသည္..."

Eurydiceသည္လည္း Orpheusနည္းတူအျပန္အလွန္ကတိသစၥာျပဳေလသည္။ထို႔ေနာက္ Orpheusဟာ Eurydice၏ ႏႈတ္ခမ္းမ်ားထက္သို႔ အၾကင္နာအနမ္းေႁခြကာ မဂၤလာပြဲေလးဟာ ၿပီးဆုံးသြားခဲ့သည္။

ခ်ီးျမႇောက္မည့္သူတစ္ဦးတစ္ေယာက္မွမရွိလည္း သူတို႔အတြက္ကအဆင္ေျပပါသည္။တစ္ေယာက္ကိုတစ္ေယာက္အျပန္အလွန္ခ်စ္ျခင္းေမတၱာမ်ားျဖင့္ အရာရာဟာျပည့္စုံပါ၏။

.................
"လျပည့္ဝန္းႀကီးက လွလိုက္တာေနာ္ ေမာင္..."

လျပည့္ညျဖစ္တာေၾကာင့္ သူတို႔၏ေက်ာက္အိမ္ေလးထဲအထိအလင္းမ်ားျဖာက်ေနေလသည္။Eurydiceက ျပတင္းေပါက္မွေန၍ လမင္းႀကီးအားေငးၾကည့္ေနၿပီး Orpheusက Eurydiceအားအေနာက္မွ သိုင္းဖက္ကာ ပုခုံးေပၚသို႔ ေမးတင္ထားေသာ အေနအထားျဖစ္သည္။

လေရာင္ေအာက္၌ စမ္းေခ်ာင္ေလးအတြင္းသို႔ေရေသာက္ဆင္းေသာ သမင္၊ဒရယ္ေလးမ်ားကိုပါလွမ္းျမင္ေနရသည္။ပိုးစုန္းၾကဴးေလးမ်ားဟာလည္း မွိတ္တုတ္မွိတ္တုတ္ျဖင့္ ဟိုဒီေျပးလႊားေနေလသည္။

Orpheusဟာ တေစာင္းျမင္ေနရေသာ Eurydice၏လည္တိုင္ေဖြးေဖြးအား ခပ္ဖြဖြေလးနမ္းရင္းမွ...

"ေဟာ့ဒီက ေမာင့္အသက္ေလာက္မလွပါဘူးဗ်ာ...ဒီစၾကာဝဠာတစ္ခုလုံးမွာ ေမာင့္အသက္ကအလွဆုံး....."

"ေမာင္ကကြာ....စကားအေကာင္းေျပာေနတာကို..."

"ေဟာဗ်ာ ေမာင္ကလည္းအေကာင္းေျပာေနတာပါေနာ္...ေကာင္ကင္ကလမင္းႀကီးဘယ္ေလာက္လွလွ ေမာင့္ဘဝ ေမာင့္စၾကာဝဠာမွာေတာ့ ေဟာ့ဒီက ေမာင့္ရဲ႕လမင္းငယ္ေလးက အလွဆုံးနဲ႕ အျမတ္နိုးရဆုံးပါပဲ..."

"ဂီတစာဆိုႀကီးက သိပ္ကိုဖြဲ႕ႏြဲ႕တာပဲေနာ္..."

"သိပ္ခ်စ္လို႔ပါ ေမာင့္ရဲ႕လမင္းေလးရယ္....."

ေမာင့္ဆီက ဤကဲ့သို႔ခ်စ္စကားေတြၾကားလိုက္ရတိုင္း သူဟာအတိုင္းဆမဲ့စြာရင္ခုန္ၿမဲပင္။

"ေဟာ....ေမာင့္ရဲ႕လမင္းေလးျဖစ္သြားျပန္ၿပီလား..."

"မင္းက ေမာင့္ဘဝကို အလင္းေရာင္ေပးတဲ့လမင္းေလးဆိုလည္းဟုတ္တယ္.....ေမာင့္အသက္ထက္ခ်စ္ျမတ္နိုးရသူမို႔ ေမာင့္အသက္ကေလးဆိုလည္းဟုတ္တယ္...."

ေမာင္၏စကားမ်ားေၾကာင့္သူ႕မ်က္ႏွာေလးဟာ အလိုလိုၿပဳံးမိလ်က္သား။ေမာင္ကအၿမဲသူ႕ကိုေပ်ာ္႐ႊင္မႈေတြသာေဆာင္ၾကဥ္းေပးသူ။ဆူပူႀကိမ္းေမာင္းဖို႔ေနေနသာသာ သူ႕မ်က္ႏွာတစ္ခ်က္အညွိုးမခံတတ္သူျဖစ္သည္။ေမာင္က သူ႕ကိုသိပ္ခ်စ္သည္ဆိုတာ လက္ေတြ႕ခံစားမိသလို ေမာင့္အခ်စ္ေတြကိုလည္း အႂကြင္းမဲ့ယုံပါသည္။

သူဟာ ေက်ာခိုင္းထားရင္းမွ ေမာင့္ဘက္သ္ုမ်က္ႏွာခ်င္းဆိုင္လွည့္ကာ ...

"ေမာင့္ကို သိပ္ခ်စ္တာပဲ...."

ေမာင့္ႏႈတ္ခမ္းေတြကိုသူ႕ဘက္မွစတင္၍နမ္းရွိုက္လိုက္၏။သူ႕ဘက္က ခ်စ္စကားေျပာၿပီး စနမ္းတန္သည့္အခိုက္အတန့္ဟာအလြန္ရွားပါးပါ၏။ေမာင္က ခ်စ္ေၾကာင္းကိုစာေတြကဗ်ာေတြဖြဲ႕ကာ တဖြဖြေျပာတတ္သူျဖစ္ၿပီး သူကေတာ့ေမာင့္လိုမ်ိဳး ဖြဲ႕ဖြဲ႕ႏႊွဲ႕ႏႊဲ႕မေျပာတတ္။

သူ႕ဘက္က ဦးေဆာင္ခဲ့ေပမယ့္ ခဏအၾကာ၌ သူဟာ ေမာင့္ႏႈတ္ခမ္းေတြ၏ျခယ္လွယ္ျခင္းကိုခံလိုက္ရေလသည္။လေရာင္ေအာက္၌ ပူေလာင္ျပင္းျပအနမ္းမ်ားႏွင့္အတူ သူတို႔သည္ တစ္စုံတစ္ရာမ်ား ျပင္းျပစြာေတာင့္တလာခဲ့သည္။

လက္ထပ္ထားသည္မွန္ေပမယ့္ ေမာင္က ဖက္တာ နမ္းတာေလာက္သာလုပ္သည္။နမ္းတာေတာင္သူ႕ကိုခြင့္ေတာင္းၿပီးမွနမ္းသည္။သူမႀကိဳက္လွ်င္အတင္းအၾကပ္မလုပ္။

ႏႈတ္ခမ္းေတြကိုနမ္းရွိုက္ရင္းမွ ေမာင့္ႏႈတ္ခမ္းေတြဟာ သူ႕လည္တိုင္ေက်ာ့ေက်ာ့ေပၚ သက္ဆင္းလာေတာ့သည္။

"အင္း....ေမာင္..."

သူဟာမထိန္းနိုင္ဘဲ ႏႈတ္မွထုတ္၍ညည္းမိသြားသည္အထိ။

ေမာင္ကအနမ္းေတြကို ရပ္ရင္းမွ သူ႕မ်က္လုံးေတြအားတည့္တည့္စိုက္ၾကည့္လာ၏။

"အဆင္ေျပရဲ႕လား ေမာင့္အသက္....အဆင္မေျပဘူးဆိုရင္ ေမာင္ ဒီမွာပဲရပ္လိုက္မယ္......"

ေမာင္ဟာ သူ႕အတြက္​ေၾကာင့္နဲ႕အမ်ားႀကီးထိန္းခ်ဳပ္ထားပုံေပၚပါသည္။ဒီလိုအေျခေနမ်ိဳးမွာေတာင္ ေမာင္ကသူ႕ဆႏၵထက္ မိမိ၏ဆႏၵကိုသာ အေလးထားေမးျမန္းသည္။

"ကြၽန္ုပ္ရဲ႕အရာရာဟာ ေမာင့္အပိုင္မို႔ ခြင့္ေတာင္းေနစရာမလိုပါဘူးေမာင္....ကြၽန္ုပ္ဟာ ေမာင့္အပိုင္ပါ......"

"မင္းကို နာက်င္ေအာင္မလုပ္ဘူးလို႔ ေမာင္ကတိေပးပါတယ္......"

"အင္း....ေမာင့္ကိုယုံပါတယ္......"

ထို႔ေနာက္ ေမာင္ဟာ သူ႕အားေပြ႕ခ်ီလ်က္အိပ္ယာထက္သို႔ေခၚေဆာင္ခဲ့သည္။ႏူးညံ့ယစ္မူးေစေသာ ေမာင့္အနမ္းေတြဟာ တေမ့တေမာ။ႏႈတ္ခမ္းမ်ားအား အႀကိမ္ႀကိမ္နမ္းရွိုက္ေနၿပီး ထိုမွတစ္ဆင့္ လည္တိုင္သို႔ဆင္းသက္ကာ နမ္းရွိုက္သည္။ႏွစ္ဦးစလုံး၏ ဝတ္႐ုံစေတြဟာ ေလ်ာ့တိေလ်ာ့ရဲအေျခအေန။ေမာင့္ႏႈတ္ခမ္းေတြဟာ ပုခုံးသားမ်ားေပၚသို႔ပါ ဆင္းသက္လာေလသည္။ထို႔ေနာက္ တစ္စဆီဖယ္ခြာျခင္းခံလိုက္ရသည့္ သူ၏ဝတ္႐ုံစေတြ...။ေမာင္က သူ႕ခႏၶာကိုယ္အႏွံ႕အနမ္းေႁခြလ်က္။သူကေတာ့ ရွက္႐ြံ႕မႈေၾကာင့္မ်က္လုံစုံမွိတ္လ်က္သာ။

"မ်က္လုံးေတြကို မွိတ္မထားနဲ႕...ေမာင့္ကိုပဲၾကည့္ေန..."

ခပ္ရွရွႏွင့္ေမာင့္အသံဟာ ၾသဇာအာဏာအျပည့္ျဖင့္ နာခံခ်င္စရာေကာင္းလွသည္။မ်က္လုံးေတြကိုဖြင့္ၾကည့္ေတာ့ ဗလာက်င္းေနသည့္ ေမာင္၏ရင္အုပ္က်ယ္က်ယ္၊ႂကြက္သားမ်ားျဖင့္ၾကည့္ေကာင္းလွေသာ ဝမ္းဗိုက္ႏွင့္ က်စ္လစ္ေသာ ခါး၊သန္မာေသာ ႂကြက္သားမ်ားျဖင့္ဖြဲ႕စည္းထားေသာ ေမာင္၏ခႏၶာကိုယ္မွာ ၾကည့္ေကာင္းထာတက္ပိုသည္။

"မင္းခင္ပြန္းကို အဲ့ေလာက္ေငးမေနနဲ႕...အရာအားလုံးကမင္းအပိုင္ပဲ..."

ရဲတင္းကာဒဲ့တိုးဆန္ေသာေမာင့္စကားမ်ားေၾကာင့္သူ႕ပါးျပင္ႏွစ္ဖက္ဟာ ပန္းသီးကဲ့သို႔ရဲတက္သြားေခ်၏။ဒါကိုေမာင္က သေဘာတက်ရယ္ျပန္ပါသည္။

"ေမာင္က ညင္သာစြာၾကင္နာမွာမို႔ ေမာင္ေခၚေဆာင္ရာ နိဗၺာန္ဘုံကို ေမာင္နဲ႕အတူလိုက္ခဲ့ေပးပါ.."

နားရွက္ဖြယ္စကားတို႔ကိုဆိုရင္းေမာင္က ျပတ္လပ္သြားေသာအနမ္းတို႔ကိုျပန္ဆက္ကာ ခ်စ္ျခင္းတိူ႕ကိုအစပ်ိဳးခဲ့သည္။

ေမာင္၏လႈပ္ရွားမႈတိုင္းသည္ ညင္သာလြန္းေနၿပီး သူ႕ကိုလည္းတဖြဖြနမ္းပါ၏။ေမာင္ေခၚေဆာင္ရာ နိဗၺာန္ဘုံသို႔ ေပ်ာ္ေပ်ာ္ႀကီး လိုက္ပါစီးေမ်ာရင္းသာ...။

[ဖတ္ရတာ အဆင္ေျပလားမသိဘူး..]

Continue Reading

You'll Also Like

333K 51.5K 87
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
TPITWOHEF By Aduwei

Historical Fiction

102K 1.4K 200
NOT MY WORK, NOR MY TRANSLATION! For Offline Reading Only The Princess's Inner Thoughts Were Overheard by Her Emperor Father Author(s) 红豆煮水
34.1K 1.5K 51
what will happen when a 28 years old woman travelled back in time in body of a 15 year old girl . Her name is Pari . she was a bigshot in her timel...
297K 33.2K 46
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...