A chance to change the past (...

By Maihsu-97

131K 7.5K 234

ဟမ်!!.. ငါ​​သေသွားပြီမဟုတ်ဘူးလား... ဘယ်လို​ဖြစ်ပြီးဒီအိမ်ကိုပြန်ရောက်နေတာလည်း!! ဘုရားသခင်က ဝမ်ရိပေါ်ဆိုတဲ့လူမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25 (Final)

Part-18

3.2K 206 4
By Maihsu-97

"..မြန်မာစံတော်ချိန်ညနေ5နာရီ.."
ရှင်းရှင်းတစ်ယောက် ကြယ်စင်နဲ့အတူ ဆရာ မ​နေ့ကယူလာခိုင်းတဲ့အတိုင်းဖယောင်းတိုင်အမဲ​ရောင်ကိုလက်ထဲမှာကိုင်ကာ ထိုအိမ်ရှေ့သို့တစ်ဖန်ပြန်ရောက်လာခဲ့လေသည်။

"ဝင်ကြရအောင် ကြယ်စင်"

"နင်တကယ်စိတ်ဆုံးဖြတ်ပြီးပြီပေါ့ ရှင်းရှင်း"

"ဟုတ်တယ် ငါသေချာဆုံးဖြတ်ပြီးပြီ ငါ့လုပ်ရက်ကမှားနေပါစေအုံး ငါဒီလမ်းကိုဘဲဆက်ရွေးမှာ ငါ့ဘက်မှာဘာမှမကျန်တော့ဘူးကြယ်စင်"

"အင်း..နင်ကစိတ်ဆုံးဖြတ်ထားတော့လည်း ငါမတားတော့ပါဘူး ဒါပင်မဲ့သတိတော့ထားနော်ရှင်းရှင်း ငါနင့်ကိုစိတ်ပူတယ်"

"အင်းပါငါနားလည်ပါတယ်..အရမ်းလည်းစိတ်မပူပါနဲ့ ငါတို့ဝင်ကြရအောင်"

ဒီလိုနှင့်သူတို့သူငယ်ချင်းနှစ်ယောက် ထိုအိမ်ထဲသို့တစ်ဖန်ပြန်ဝင်ကြလေသည်။
သူတို့အိမ်ထဲကိုဝင်တော့လည်း မနေ့ကအတိုင်းဘဲ တစ်အိမ်လုံးမှာရှိတဲ့ပြတင်းပေါက်တွေတံခါးပေါက်တွေကို ပိတ်ထားကာဆီမီးခွက်တွေကို ဖိနပ်ချွတ်စင်ကစလို့ အထဲအထိထွန်းထားလေသည်။
သူတို့လည်း မနေ့ကဆရာနဲ့တွေ့ခဲ့တဲ့အခန်းကိုဘဲပြန်သွားကြည့်တော့ ဆရာကအခန်းထဲမှာ မနေ့ကအတိုင်းသူတို့ကိုကျောပေးကာထိုင်နေလေသည်။

"ရောက်လာကြပြီလား"
ဆရာဆိုသူက နောက်ကျောပေးထားလျက်ပင်သူတို့ကိုမေးလာလေသည်။

"ဟုတ်ကဲ့ ရောက်ပါပြီဆရာ"
ရှင်းရှင်းပြောရင်း ကြယ်စင်နဲ့အတူ ခင်းထားတဲ့ဖျာပေါ်မှာဝင်ထိုင်လိုက်လေသည်။

"မှာထားတဲ့ဖယောင်းတိုင်ပါခဲ့လား"
ဆရာက ကျောပေးထားရာကနေ သူတို့ဖက်ကိုမျက်နှာချင်းဆိုင်လှည့်လာပြီးမေးလေသည်။

"ဟုတ်ကဲ့ ပါပါတယ်ဆရာ ကျွန်မကိုယ်တိုင်ဝယ်လာတာပါ"

"ကောင်းတယ် ဒါဆိုအစီအရင်စကြတာပေါ့"
အစီအရင်မစခင် မင်းကိုရွေးချယ်စရာနှစ်ခုပေးမယ် မင်းဖြစ်စေချင်တဲ့ပုံစံကိုရွေးပါ ပြီးရင်အဲဲဒီအတိုင်းလုပ်ကြတာပေါ့...
(1)ရှောင်းကျန့်ဆိုတဲ့ကောင်လေးကို သူ့စိတ်ကိုထွေသွားအောင်လုပ်ပြီး သူ့အိမ်ထောင်ရေးကိုပြိုကွဲစေချင်လား

ဒါမှမဟုတ်....

(2)အဲ့ဒီကောင်လေးကို ကျန်းမာရေးအရ အားနည်းလာအောင်​​ပြုစား​ပြီး မှသူ့အိမ်ထောင်ရေးကိုပြိုကွဲစေချင်လား..
မင်းနှစ်ခုထဲကကြိုက်တာတစ်ခုရွေးပါ...

"ပထမအချက်ကိုဘဲရွေးပါမယ်ဆရာ"
ရှင်းရှင်းတွေဝေချင်းမရှိဘဲ နံပါတ်1ကိုရွေးလိုက်လေသည်။
သူဘာ​ကြောင့်နံပါတ်1ကိုရွေးရလည်းဆိုတော့ သူ့အနေနဲ့ဒုတိယအချက်ကိုရွေးလျှင်ဘာမှသိပ်​ပြီးအကျိုးမတက်​ရောက်ဘူးဟုထင်မိကာ နောက်တစ်ချက်အနေနှင့်ကတော့သူရှောင်းကျန့်ကိုစိတ်ရူပ်စေချင်​သောကြောင့်ဖြစ်သည်။

"တစ်ခုလောက်မေးလို့ရမလားဆရာ ဆရာပြောတဲ့ပထမအချက်ကိုရွေးမယ်ဆိုရင်ရှောင်းကျန့်ကဘယ်လို့ဖြစ်သွားမှာလည်းဆရာ"

"သူ့ကိုစိတ်ထွေသွားအောင်လုပ်မှာ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်သူ့ခေါင်းရှုပ်သွားလိမ့်မယ် ဒီအစီအရင်ကိုလုပ်မယ်ဆိုရင်သူ့စိတ်ကစပြီးပြောင်းလဲလာမယ် အရင်ကသူ့ရဲ့အမူအကျင့်ဟောင်းတွေနဲ့လုံးဝမသက်ဆိုင်တော့တဲ့အပြုအမူအသစ်တွေသူစလုပ်လာမယ် ဥပမာ-အရင်ကသူကအရက်တွေဘာတွေသောက်ရတာလုံးဝမကြိုက်တဲ့လူဆိုပါတော့ ငါတို့ဒီအစီအရင်လုပ်တာအောင်မြင်တာနဲ့သူအရက်တွေကြိုက်လာမယ်သောက်လာမယ်အဲ့ဒီလိုပြောင်းလဲခြင်းတွေဖြစ်ပေါ်လာပြီးတော့ နောက်ပိုင်းအခြေအနေကပိုးဆိုးလာပြီးစိတ်ညစ်စရာတွေဖြစ်ကုန်လိမ့်မယ်"

ရှင်းရှင်းတစ်ယောက်ကတော့ဆရာပြောတာတွေကြားပြီး နှုတ်ခမ်းကိုတစ်ဖက်တွန့်ကာပြုံးလိုက်မိလေသည်။ဒီလိုပုံစံကသူရှောင်းကျန့်ကိုဖြစ်စေချင်တာနဲ့တစ်ပုံစံထဲဖြစ်သည်။ ရှောင်းကျန့်ပုံစံ,စရိုက်​တွေပြောင်းလဲသွားပြီဆိုလျှင် ကိုကို​ရှောင်းကျန့်ကိုစိတ်ကုန်လာ​ပြီး သူမဘက်ကိုစိတ်ပြန်ယိမ်းလာနိုင်သည်မဟုတ်လား။ တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီအစဥ်မို့သူမ ကြိုက်မိလေသည်။

"ပထမအစီအရင်ဘဲလုပ်ကြတာပေါ့ဆရာ "

"ကောင်းပြီလေအစီအရင်စကြတာပေါ့ ဘယ်မှာလည်းမင်းဝယ်လာတဲ့ဖယောင်းတိုင်ပေး"

"ဒီမှာပါ ဆရာ"
ရှင်းရှင်းလက်ထဲမှာကိုင်လာတဲ့ဖယောင်းတိုင်အမဲရောင်ကို ဆရာကိုပေးလိုက်လေသည်။

ဆရာဆိုသူက ရှင်းရှင်းပေးတဲ့ဖယောင်းတိုင်ကိုယူလိုက်ကာ သူစီရင်ထားတဲ့ အင်းပေါ်မှာထွန်းလိုက်လေသည်။
ပါးစပ်ကလည်း ဘာမှန်းမသိတဲ့ဂါထာတွေကိုဆက်တိုက်ရွတ်နေ​​​သေးလေသည်။

ခဏလောက်အချိန်ခဏအကြာအထိဂါထာတွေရွတ်လို့ပြီးချိန်မှာတော့ဆရာက မျက်လုံးဖွင့်လာလေသည်။
ပြီးတော့ရှင်းရှင်းရဲ့လက်ထဲကို ဖယောင်းတိုင်အမဲတစ်ချောင်းနဲ့ ခုနကပုံစံတူအင်းကိုပေးလာလေသည်။

"ရော့ ဒီအင်းပေါ်ကိုဒီဖယောင်းတိုင်နဲ့ခုနကငါထွန်းသလိုလိုက်ထွန်း ပြီးရင်မျက်စိမှိတ်ပြီး မင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်ဖို့ဆုတောင်း"

ရှင်းရှင်းလည်းဆရာပြောသည့်အင်း​ပေါ်ကိုဖ​ယောင်းတိုင်ထွန်း​ပြီးမျက်စိမှိတ်ကာဆုတောင်းလိုက်လေသည်။

သူဆုတောင်းပြီးလို့မျက်စိဖွင့်တော့ ဆရာကသူ့လက်ထဲကို ဆေးမူန့်တစ်ထုတ်ထည့်ပေးလေသည်။

"ဒီဆေးမှုန့်က ငါအစီအရင်နဲ့စီစဥ်ထားတဲ့ဆေးမှုန့်ဘဲ ဘယ်နည်းနဲ့ဘဲဖြစ်ဖြစ်ရှောင်းကျန့်ဆိုတဲ့ကောင်လေးကိုဒီဆေးကျွေးရမယ် ပြီးရင်မင်းဆုတောင်းထားတဲ့အင်းနဲ့ဒီ ထွန်းထားတဲ့ဖယောင်းတိုင်ကို သူတို့အိမ်ခြံဝန်းထဲကတစ်နေရာရာမှာသွားမြုပ်ရမယ်..ဒါကလည်းတခြားသူကိုခိုင်းလို့မရဘူး မင်းကိုယ်တိုင်လုပ်ရမယ်"

"ဆရာဆေးကျွေးတာတော့အဆင်ပြေပါတယ် ဒီအင်းနဲ့ဖယောင်းတိုင်ကိုကျွန်မကိုယ်တိုင်​မြုပ်ဖို့က အဆင်မပြေလောက်ဘူးထင်တယ်"

"မပြေလည်းဒါကိုမင်းတခြားသူကိုလုပ်ခိုင်းလို့မရဘူး ဒါမင်းပြုလုပ်ချင်တဲ့အစီအရင်ဖြစ်တဲ့အတွက်မင်းကိုယ်တိုင်လုပ်မှရမယ် တကယ်လို့မင်းကအစီအရင်တိုင်းမလုပ်ဘဲတခြားသူကိုလုပ်ခိုင်းမယ်ဆိုရင် တကယ်ဒုက္ခရောက်တဲ့သူကရှောင်းကျန့်မဟုတ်ဘဲမင်းဖြစ်သွားလိမ့်မယ်"

"ကျွန်မနားလည်ပါ​ပြီဆရာ ကျွန်မကိုယ်တိုင်လုပ်ပါ့မယ်"

"ဒါဆိုကျွန်မတို့ပြန်လိုက်ပါအုံးမယ် ဒါကဆရာအတွက်ပါ"
မနေ့ကလိုဘဲ ရှင်းရှင်းကဆရာ့ကိုကိုသောင်းတန်အထပ်လိုက်တွေပေးခဲ့လေသည်။

ရှင်းရှင်းနဲ့ကြယ်စင်တို့လည်း​ပြီးတာနဲ့ ထိုအိမ်ထဲကထွက်လာခဲ့ကြလေသည်။

"အစီအရင်ကခက်တော့ခက်တယ်နော် ရှင်းရှင်း"

"ဟုတ်တယ် ဒါပင်မဲ့ငါရအောင်လုပ်မှာကြယ်စင် ငါရအောင်လုပ်မှာသူတို့အိမ်ထောင်ရေးပြိုကွဲအောင်လို့ ငါရအောင်လုပ်မှာ..."

............

ဒီနေ့တော့အိမ်မှာတစ်ယောက်ထဲမို့ရှောင်းကျန့်ပျင်းနေလေသည်။
အကြောင်းကတော့ ရိပေါ်ကုမဏီသွားပြီးကျန်းချန်ကပါရိပေါ်ရဲ့ကုမဏီကိုလိုက်လေ့လာဖို့လိုက်သွားလေသည်။ သားကလည်းကျောင်းသွားသောကြောင့်အိမ်မှာ ရှောင်းကျန့်တစ်ယောက်ထဲကျန်ခဲ့လေသည်။

တစ်ယောက်ထဲမို့ ရှောင်းကျန့်အိမ်အလုပ်တွေ ကော လုပ်စရာရှိတာတွေ​​ကောတ​ခြားလုပ်​စရာရှိတာ​တွေပါလုပ်နေလေသည်။

ရှောင်းကျန့်လုပ်စရာရှိတာတွေလုပ်ပြီးတဲ့အချိန်မှာတော့ နေ့လည်ထမင်းစားချိန်တောင်ရောက်နေပြီဖြစ်သည်။
ဒါ​ကြောင့် ရှောင်းကျန့်ထမင်းစားဖို့ပြင်နေချိန်မှာဘဲအိမ်ရှေ့ကနေ ခြံထဲကိုကားဝင်လာသံကိုကြားလိုက်ရလေသည်။
ကြည့်ရတာ ရိပေါ်နှင့်ကျန်းချန်တို့ပြန်လာတာဖြစ်မည်။

ရှောင်းကျန့်ထွက်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းရိပေါ်တို့ဖြစ်လေသည်။

"နေ့လည်စာလာပြန်စားတာလားရိပေါ်"

"ဟုတ်တယ်ရှောင်းကျန့် ပြီးတော့ဒီကောင်ကျန်းချန်က သူ့ဗိုက်နေလို့သိပ်မကောင်းလို့တဲ့လေ အဲ့ဒါနေ့လည်တော့ကုမဏီမသွားတော့ဘူး သူ့ကိုကြည့်ပေးရအုံးမယ်"

ရှောင်းကျန့်ရိပေါ်ဘေးက ကျန်းချန်ကိုကြည့်လိုက်တော့လည်းဗိုက်ကိုဖိကာ မျက်နှာမဲ့နေလေသည်။

"ကျန်းချန် အဆင်ပြေရဲ့လားဗိုက်အောင့်နေလို့လား အဆင်မပြေရင်ဆေးခန်းသွားလိုက်ပါလား"

"ကျွန်တော်အဆင်ပြေပါတယ် ရှောင်းကျန့်ဆေးခန်းအထိသွားစရာမလိုပါဘူး ပြီးတော့ ရိပေါ်မင်းငါ့အတွက်နဲ့ အလုပ်ပျက်စရာမလိုပါဘူးမင်းသွားပါ အိမ်မှာရှောင်းကျန့်တစ်ယောက်လုံးရှိနေတာဘဲ မင်းငါ့ကိုစိတ်မပူပါနဲ့"

"မင်းကိုငါစိတ်ပူနေတာမဟုတ်ဘူးကွ ငါ့ယောကျာ်းကိုစိတ်ပူတာ"...
ဒီစကားကိုတော့ ရိပေါ်စိတ်ထဲတွင်သာပြောလိုက်လေသည်။

"မလိုဘူးကျန်းချန် ငါနေ့တစ်ပိုင်းမသွားလည်းဖြစ်တယ် ငါ့သူငယ်ချင်းနေမကောင်းတာငါကဘယ်လိုအလုပ်သွားရက်မှာလည်း ဟုတ်တယ်မလား"

ကျန်းချန် ရိပေါ်ပြောနေတဲ့ပုံစံကိုကြည့်ပြီးသိလိုက်ပါပြီ သူ့သူငယ်ချင်းငါ့ကိုစိတ်ပူနေတာမဟုတ်ဘဲ သူ့ယောကျာ်းရှောင်းကျန့်ကိုစိတ်မချတာဆိုတာ....

"အေးပါ အေးပါ မင်းသဘောဘဲမသွားချင်လည်းမသွားနဲ့နော် ချစ်သူငယ်ချင်းလေး"
ပြောပြီးရိပေါ်ဖက်ကိုလှည့်ကာ ကျန်းချန်မျက်နှာကိုမဲ့ပြလိုက်လေသည်။

"ကဲ ကဲ ကဲ ဒီမှာဘဲရပ်​ပြီးစကားပြောမနေကြတော့နဲ့လေ ထမင်းစားကြရအောင် ပြီးရင်ကျန်းချန်ဆေးသောက်ပြီးနားလိုက်တော့"
ရှောင်းကျန့်​ဝင်ပြောလိုက်မှဘဲ သူတို့တွေအိမ်ထဲဝင်ကြကာထမင်းစားဖို့ပြင်ရတော့သည်။

...........

ထမင်းစားပြီးတော့ ကျန်းချန်ကတော့ဆေး​သောက်ကာ သူ့အခန်းထဲဝင်ပြီးအနားယူနေလေသည်။

အပြင်မှာ ရိပေါ်နှင့်ရှောင်းကျန့်ကျန်ခဲ့ကာ ဆေးကြောစရာရှိတာဆေးကြော သိမ်းစရာရှိတာ​တွေသိမ်းနေလေသည်။

"ပင်ပန်းသွားပြီ ကျွန်တော့်အမျိုးသားလေး"

"မပင်ပန်းပါဘူးရိပေါ်ရဲ့ မင်းကငါ့ထပ်တောင်ပိုပင်ပန်းအုံးမယ်ကုမဏီကအလုပ်ကလည်းတစ်ဖက်နဲ့"

"မပင်ပန်းပါဘူးဗျာ ကျွန်တော်ကခင်ဗျားမျက်နှာလေးကိုမြင်လိုက်ရရင်ကိုဘဲ ပင်ပန်းသမျှအကုန်ပျောက်သွားတာ"

"မင်းစကားတက်တိုင်းလျှောက်ပြောမနေနဲ့ရိပေါ်"

"ဟောဗျာ တကယ်ပြောနေတာလေ မယုံဘူးလား"

"မယုံဘူး"

"မယုံရင် ယုံအောင်သက်သေပြပေးမယ်လာခဲ့"
ပြောပြောဆိုဆိုနဲ့ရိပေါ်ကရှောင်းကျန့်ကိုလက်က​နေဆွဲ​ပြီးသူ့ရင်ခွင်ထဲဆွဲထည့်လိုက်ကာ မျက်နှာအနှံ့အနမ်းမိုးတွေ ရွှာသွန်းလေတော့သည်။

.................

"နင်နည်းလမ်းစဥ်းစားကြည့်ပြီးပြီလား ရှင်းရှင်း"

"အင်း ​စဥ်းစားထားတာတော့ရှိတယ်မနက်ဖြန်အစီအစဥ်စမယ် ဆေးကျွေးတာကငါကြည့်စီစဥ်လိုက်လို့ရတယ် ခြံဝန်းထဲအင်းနဲ့ဖယောင်းတိုင်မြုပ်ဖို့က ငါကိုယ်တိုင်လုပ်ရမှာဆိုတော့ညဖက်သွားမြုပ်မှဘဲ အဆင်ပြေမှာလေ"

"အင်းပါသတိလည်းထား စလုပ်တော့မယ်ဆိုငါ့ကိုလည်းပြောအုံးနော်"

"အင်းပါစိတ်ချ ငါဖုန်းချပြီနော် ကြယ်စင်"

"အင်းအင်း ဟုတ်ပြီ"

ရှင်းရှင်းဖုန်းချပြီးတာနဲ့ သူမနက်ဖြန်စလုပ်မဲ့အစီအစဥ်ကိုတွေးနေလေသည်။ မနက်ဖြန်မြန်မြန်ရောက်လေ ရှောင်းကျန့်တို့မိသားစုမြန်မြန်ပျက်စီးလေ ဖြစ်လို့ ဒီနေ့တစ်ရက်ကိုသူမြန်မြန်သာကုန်ဆုံးစေချင်လေတော့သည်။

TBC....
မနေ့ကupdateပေးမလို့ကိုလုံးဝမအားတာနဲ့မပေးလိုက်ရဘူးရယ်...
ဖတ်ပေးကြတဲ့သူတွေVoteပေးကြတဲ့သူတစ်ယောက်ဆီတိုင်းကျေးဇူးအများကြီးတင်ပါတယ် 💓
(မနက်ဖြန် တစ်ပိုင်းUpdateပေးမယ်နော်စာဖတ်သူတို့💓)

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Continue Reading

You'll Also Like

1.7M 63.1K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
81K 2.1K 30
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
133K 7.8K 94
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
434K 15.1K 163
Sevyn and Von hung around the same people but did not like each other. But they were just cordial. Until Von's birthday came up and Sevyn was the onl...