ကွန်ကြောင်တစ်ယောက်ရဲ့ချစ်ခြင်း

By MollyHtoo

15 0 0

ကွန်ကြောင်တွေလည်းအသည်းနဲ့ပါဆိုတာကို ပြသပေးမယ့်တစ်ခုထဲသော ဝတ္ထု ကွန်ကြောင်တွေရဲ့လူနေမှုဘဝတွေကို ကိုယ်တိုင် ကွင... More

အပိုင်း တစ်

15 0 0
By MollyHtoo




ကတောင်...

ရုတ်ချည်းဝင်ရောက်လာသည့် မက်ဆေ့ချ်ဝင်သံတစ်ခုကြောင့် လူတစ်ဦး(တစ်နည်း လူငယ်တစ်ယောက်၊ ဆံပင်ခပ်ဖွဖွဖြင့်အသားညိုညို၊ ဝတ်တာကြာ၍လော... လမ်းဘေထုပ်ဖြစ်သည်လော မသိရသည့် Versity တစ်ပတ်နွမ်းတစ်ထည်အား ခပ်မိုက်မိုက်ဖြစ်နေသည့်အထင်ဖြင့် ဝတ်ဆင်ထားသည့် ခပ်ကြောင်ကြောင်ကောင်လေးတစ်ဦး)သည် ဖုန်းအား လျင်မြန်စွာ ကြည့်ရှုလိုက်၏။

"ဆျာ ဟိုနာဇီကွန်က ပွဲတောင်းနေတယ်၊ ဆျာမှာထားသလို တဗဲ့ ကောမန့်မှာ လည်း ဖြဲပြီးပြီး၊ ဝိုင်းဆဲဖို့ လူလည်းစုထားပြီ၊ မက်ဆင်ဂျာ ဂရုတစ်ခုလည်း ဖွဲ့ထားပြီးပြီ၊ ဟိုကောင်ကလည်း သူ့လူတွေခေါ်လာပြီး ဒီဘိတ်မယ် တော့ပစ်(ခေါင်းစဉ်) ရွေးခိုင်းနေတယ်။ အဲ့တာ လာပါဦး"

ဟူသော စာမတိုမရှည် တစ်စောင်အားတွေ့ရှိခဲ့သည်။

ထိုအချိန်၌ ဤလူငယ်သည် တောက်ပသောမျက်လုံးများဖြင့်

"အေးတဗဲ့ မနိုင်ရင် အောက်လုံးသုံးဖို့အတွက်အကွက်စေ့တယ်။ ဂရု နာမည်ကိုရော နာဇီခွေးများအား ရိုက်ရာ ဌာနလို့ ပေးလိုက်ဦး ထည့်လိုက်တော့ ဆျာ ဝင်ခဲ့မယ်။" ဟူသောစာအား လျင်မြန်စွာ ရိုက်လိုက်သည်။

ဤသို့သော လူငယ်များသည် ယခင် ၂၀၁၇ လောက်ကပင် ကြီးစိုးနေခဲ့သည် ဆိုရှယ်မှ ကီးဘုတ်ဖိုက်တာများဖြစ်ကြသည်။ ပုံမှန်သိနေကြ ကီးဘုတ်ဖိုက်တာများ မှာ အဆင့်တန်းရှိရှိ စကားရည်လုကြခြင်းသာ ဖြစ်သော်လည်း ယခုကဲ့သို့ လူငယ်များမှာမူ မနိုင်လျှင် ဝိုင်းဆဲတတ်ကြသော ကီးဘုတ်ဖိုက်တာများဖြစ်သည်။ ထိုကဲ့သို့သော အောက်အတန်းစား ကီးဘုတ်ဖိုက်တာများကို ယနေ့ခေတ်စကားဖြင့် ဆိုပါက "ကွန်ကြောင်၊ ဂန်းကြောင်"များလို့ခေါ်ကြတတ်ပါသေးသည်။ ယနေ့မျက်မှောက်ခေတ်တွင် စတီဖင်ဟော့ကင်းကဲ့သို့သော ပညာရှိလူငယ်များအလွန်ပေါများလာသည့်ဟန်ရှိ ပြီး ယခုကဲသို့ "ကွန်ကြောင်ကောင်လေး"များသည် ဆိုရှယ်တွင် သိသမျှတတ်သမျှ(တစ်နည်း ဂူးဂဲလ်မှရှာဖွေတွေ့ရှိထားခြင်းများ သို့တည်းမဟုတ် ၎င်းတို့မနိုင်၍ အုပ်လိုက်ဝိုင်းဆဲခဲ့သူများထံမှ မှတ်ယူထားသော အချက်အလက်များ) အား အာပေါင်အာရင်း သန်သန် စာပြိုင်စီကြသူများ ဖြစ်ကြ ပြန်၏။ မွေးရကျိုးနပ်လွန်းလှသည်ဟုပင် ဆိုရမည်လော၊ ယခုကဲ့သို့ ပညာဖြင့် မိဘကျေးဇူးဆပ်နိုင်ရန်ကြိုးစားနေသူများမှာ စကိတ်စီးခြင်း၊ ဓာတ်ပုံအား ခေါင်းငုံ့၍ ဓာတ်ဖမ်းခြင်းနှင့်အတူ အနိုင်ရရှိလာသော(မနိုင်လျှင် ဝိုင်းဆဲပြီး အရှုံးပေးရန်ပြောဆိုခိုင်း)စာများကို ဘယ်လှည့်ညာလှည့်ကာ ရောင်ခြည်တော်များ ပွင့်ဖူးသည်နှယ် အပြိုင်အဆိုင် ဗီဒီယို များပြုလုပ်၍ တင်ဆက် တတ်ကာ မိဘ လုပ်စာကို ဒူးနှံ့စားနေသူများဖြစ်ပါသည်။ ဤကား ကွန်ကြောင်/ဂန်းကြောင် ဆိုသူများ၏ ပုံစံအကျဉ်းချုပ်ဖြစ်ပါသည်။ မူရင်းဇာတ်ကြောင်းအား ပြန်ဆပ်ကြပါစို့။

"အေးတဗဲ့ မနိုင်ရင် အောက်လုံးသုံးဖို့အတွက်အကွက်စေ့တယ်။ ဂရု နာမည်ကိုရော နာဇီခွေးများအား ရိုက်ရာ ဌာနလို့ ပေးလိုက်ဦး ထည့်လိုက်တော့ ဆျာ ဝင်ခဲ့မယ်။" ဟူသောစာကို ရိုက်ပြီးသည့်နောက်တွင် ထိုကောင်လေးအား သူ၏ တဗဲ့(တပည့်) ဆိုသူမှ မက်ဆင်ဂျာဂရုထဲသို့ထည့်လိုက်လေသည်။

ထည့်လိုက်သည်နှင့် ချက်ချင်းပင် မက်ဆင်ဂျာမှာမက်ဆေ့ချ်ဝင်သည်ကို အသိပေးသော အချက်ပြ အသံကို ပိတ်လိုက်လေသည်။

ဤသည်ကား ကွန်ကြောင်တို့၏ မတိုင်ပင်ပဲ သဘောတူထားသည့် စည်းကမ်း ချက်တစ်ခုသာဖြစ်သည်။


ထို့နောက် အခြေအနေအားသုံးသပ်သည်။ သူ့လူ၊ ကိုယ့်လူ ခွဲခြားရသည်။

ထို့နောက်တွင်

"နာဇီက တဗဲ့တွေ ဖေဖေခေါ်လိုက်၊ ပညာသင်ပေးဖို့ သခင်မျိုးမင်းတို့ဖေဖေ ရောက်လာပြီ" ဟူသော စာတစ်ကြောင်းဖြင့် စကားရည်လုသော စာစီပွဲစတင်လိုက်လေသည်။


တစ်ဖက်မှလည်း

"အော်ဘယ်သူများလဲလို့ ဖာပိန်းမသား အမောင် လူးကပ်စ်ဖာနန်ဒင်ဟိုကြီးကိုး၊ မင်းပညာသင်ပေးရအောင် မင်းတို့လို များထင်သလား အကြောင်းအရာတစ်ခုကို ချက်လက်ကျကျ ဂူးဂဲလ်ကနေ ကြည့်ပြီးပြောတာလောက်တော့ တဗဲ့တွေ မင်းတို့ ဆျာကိုယ်တိုင်တောင် လုပ်နိုင်ပါတယ်လေ" ဟူသော စာဖြင့်ခွန်းတုံ့ပြန်လေသည်။

ထိုအခါ ကောင်လေးမှာလည်း အနာထိသွားသည့် မျောက်ကြီးတစ်ကောင်နှယ် ချဉ်ပုပ်သွားပြီး

"ဖာပိန်းမသား အောက်လုံးသုံးပြီးပြောဖို့လောက်တတ်တယ်။ မင်းဒို့ နောက်ပေါက်လေးတွေများ သိပ်ခက်တယ်၊ မနေ့တနေ့ကမှ ဒီဘိတ်လုပ်ပြီး ဖာပိန်းစကားတွေပြော မင်းတို့ဆျာက ဖေဖေခေါ်ပေးရင်သက်ညှာမလို့ကို ဟျောင့် မင်းတော့ပစ်ရွှေး သုံးပွဲချမယ်။ မင်းတို့မနိုင်တဲ့အခါ ရေငုပ်သွားရင် ဖေဖေ ချားလ်စ် ကို သွားပြေးမတိုင်နဲ့နော်" ဟူ၍ ပြန်ကာပက်ပြန်သည်။


"သောက်ဆင့်ကြည့်တော့ လက်တောက်လောက်၊ ဖာပိန်းမသားကများ မင်းတို့အမေ ပဲပြုတ်သည်များကြီးကိုသာ ပဲပြုတ်တောင်း ကူတင်ပေးလိုက်စမ်းပါ။ ငါတို့ဆျာ ချားလ်စ်နာမည်ပြောရလောက်အောင် မင်းလို ဆင်းရဲသားပါးစပ်နဲ့ ရွှေနာမည်ကိုမပြောစမ်းနဲ့ ဆင်းရဲသားဖာပိန်းပဲပြုတ်သည်မသားရဲ့"
ဟူ၍ တစ်ဖက်မှ ပြန်ပက်ပြန်သည်။

"ဘာတွေရောချနေတာလဲ့၊ ဘာလဲ တဗဲ့က ဖေဖေ့ကိုကြောက်လို့ ဒီဘိတ်တော့ပစ်မရွှေးပဲ ဝေ့နေတာလား၊ မရှက်ပါနဲ့ ရေမငုပ်သွားနဲ့နော်
ဖေဖေရှိတယ်"

တစ်ဖက်မှ

"ပညာမတူလို့မယှဉ်တာကို ဖာပိန်းမသားက စအိုဝယားနေတဲ့ပုံပဲ၊ ကဲ "ပတ်ဝန်းကျင်နဲ့ ဘစ်ဘန်းသီအိုရီ" ဆိုတာကို ဘယ်လိုနားလည်လဲ"

လူငယ်ကြောင်အသွားလေပြီ။

ခက်လေသည်...

"ဘစ်ဘန်းသီအိုရီ" ဆိုသည့်အရာကြီးမှာ သင်္ချာ ဖော်မြူလာကြီးလော။
ဘာမှန်းမသိသဖြင့် အားကိုးရာအဘိဓာန် ဂူးဂဲလ်သို့လျင်မြန်စွာသွားရောက်ရှာဖွေလိုက်သည်။

ထို့နောက် ကမ္ဘာစွယ်စုံကျမ်းဖြစ်သော "ဝီကီပီးဒီးယား" မှ အင်္ဂလိပ်လိုရေးထားသည့် စာများကို လျင်မြန်စွာ ကော်ပီကူးပြီး
ဂူးဂဲလ်ထရန်စလေးရှင်းတွင် ပြန်ဖြည်ချလိုက်သည်။

ထိုနောက် အကြမ်းဖျဉ်းသိရှိသွားသည့်အခါ မက်ဆင်ဂျာဂရုထဲသို့ပြန်လည်ဝင်ရောက်ပြီး

"မင်းသိတာဒါအကုန်ပဲလား၊ ပြောမင်းအရင် ငါမင်းကိုအလျှော့ပေးလိုက်မယ်။
အေး ရေငုပ်ဖို့တော့မတွေးနဲ့ ရေငုပ်တာနဲ့ မင်းတို့နာဇီတဗဲ့အကုန် အဖေလို့ခေါ်လိုက်သလိုပဲနော်" ဟု လျင်မြန်စွာ စာပြန်လိုက်၏

ထိုအချိန်တွင်

မီးရုတ်ချည်းပြတ်တောက်သွားလေသည်။

ထိုကောင်လေး၏ စိတ်ထဲတွင်တော့

"ဟာ ဟိုကောင်တွေငါ့ကိုရေငုပ်ပြီထင်တော့မှာပဲ၊ မီးလည်းပျက်သွားပြီ၊ ဖုန်းဘေလ်ကလည်း မနေ့ကမှ ချေးထားတာ အမေ့ဆီကပဲ မုန့်ဖိုးတောင်းမှပဲ"
ဟူ၍ အလောတကြီးတွေးနေမိလေသည်။


အပိုင်းတစ် ပြီး။

Continue Reading

You'll Also Like

191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
77.5K 1.6K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
35.2K 2.5K 42
people read the book trust me on this one