သန်းကြွယ်ခြေလှမ်း (လင်းဖန်)
Door Miracle_Phyu97
64.9K 5K 46
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... Meer
Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180
Ch-9
812 83 0
Door Miracle_Phyu97
သန်းကြွယ်ခြေလှမ်း
အခန်း(၉) ယွမ် သန်း ၂၀တန် ကျောင်းနယ်မြေက အိမ်
အနားယူပြီး နိုးလာသောအခါ လင်းဖန်က စားသောက်ဆိုင်သို့ Bugatti ဖြင့် မောင်းမသွားတော့ပါ။ မဟုတ်ပါက အဒေါ်ကြီးများ ဓာတ်ပုံဝိုင်းရိုက်တာခံရဦးမည်။
ထို့အပြင် Bugatti က ပြိုင်ကားဖြစ်သဖြင့် ဟင်းချက်ပစ္စည်း များများစားစား ထည့်သယ်ဖို့ မလွယ်ကူပါ။ သူ့ သုံးဘီးဆိုင်ကယ်လောက် သက်တောင့်သက်သာ မရှိသဖြင့် လင်းဖန် သူ့သုံးဘီးဆိုင်ကယ်ပေါ်သို့သာ တက်စီးလာခဲ့ပါသည်။
လင်းဖန်က သူဌေးတစ်ယောက်၏ ဘဝကို တကယ်ဂရုမစိုက်ပါ။ သက်တောင့်သက်သာ နေချင်ရုံသာ ရှိသည်။ သူ့ကြွယ်ဝမှုကို ကြွားဖို့ ပြိုင်ကားကြီး ပတ်မမောင်းချင်ပါ။ သူ ပြိုင်ကား မောင်းချင်ရင် ပြိုင်ကားမောင်းနိုင်သည်။ သုံးဘီးဆိုင်ကယ် စီးချင်ရင်လည်း စီးနိုင်၏။ ဘယ်အရာဖြစ်ဖြစ် လင်းဖန်၏ စိတ်အခြေအနေပေါ်သာ မူတည်ပါသည်။
နှစ်စဥ်ဝင်ငွေ သန်းဆယ်ချီရသည့် အလုပ်တစ်ခုရှိပါက လင်းဖန် တစ်ပတ်ကို ၆ ရက် တစ်ရက်ကို မနက် ၉ နာရီမှ ည ၉ နာရီအထိ အလုပ်လုပ်ရသော အလုပ်မျိုးကို မလုပ်လိုပါ။ ထို့ကြောင့်လည်း လင်းဖန်က နာမည်ကျော် မဖြစ်လိုခြင်းဖြစ်ပါသည်။
လင်းဖန်နယ်မြေဝင်ပေါက်သို့ ရောက်သောအခါ လုံခြုံရေး အစောင့်များစွာက အံ့အားသင့်သွားကြသည်။
လင်းဖန်တွင် ယွမ် သန်း ၁၀၀ ကျော်တန်သည့် Bugatti ပြိုင်ကားကြီးတစ်စီးရှိပြီး အလွန်ချမ်းသာမှန်း သူတို့သိသည်။ သို့သော် ဒီနေ့တော့ လင်းဖန်က သုံးဘီဆိုင်ကယ်လေး စီးလာ၏။
"ဂွတ်မောနင်းပါ ညီလေးလင်း" လုံခြုံရေး ခေါင်းဆောင်က သူ့ထံလျှောက်လာပြီး ပြုံးပြလိုက်သည်။
"မောနင်းပါ" လင်းဖန်က ခေါင်းငြိမ့်လိုက်၏။
"ညီလေးလင်း ဒီနေ့ဘာလို့ သုံးဘီးဆိုင်ကယ် စီးလာတာလဲ" လုံခြုံရေး ခေါင်းဆောင်က စပ်စုစွာ မေးလိုက်ပါသည်။
လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်၏။ "သုံးဘီးဆိုင်ကယ်စီးရတာ မကောင်းဘူးလားဗျ။ ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်ပြီးသားဖြစ်တယ်။ တစ်ချိန်တည်းမှာ ကျွန်တော့် စားသောက်ဆိုင်ကိုသွားပြီး ကြည့်လို့ရတယ်။ ဟင်းချက်ပစ္စည်းတွေ ဝယ်ဖို့လည်း ပိုပြီး အဆင်ပြေတာပေါ့ဗျာ။"
"ဟုတ်ပါပြီ။ ဂရုစိုက်ပါ ညီလေးလင်း။ သတိထားပြီးသွား" လုံခြုံရေး ခေါင်းဆောင်က လင်းဖန်အတွက် တံခါးဖွင့်ပေးလိုက်ပါသည်။
လင်းဖန်ထွက်သွားသောအခါ လုံခြုံရေး အစောင့်တစ်စုက ဝင်ပေါက်အနားတွင် တတွတ်တွတ် ရေရွတ်နေကြသည်။
"လခွမ်းပဲ။ ညီလေးလင်းက တကယ်ပဲ ဘဝအကြောင်း နားလည်အောင် လေ့လာနေတဲ့ ဒုတိယမျိုးဆက် သူဌေးလေးပဲ။ သူ့ပြိုင်ကားကြီးကိုတောင် ထုတ်မစီးဘဲ သုံးဘီးဆိုင်ကယ်ပဲ စီးသွားတယ်တဲ့။ ဘယ်လောက်တောင် နှိမ့်ချတတ်လိုက်သလဲ"
"ဘုရားရေ မင်းတို့ကောင်တွေ ချမ်းသာခြင်းဆိုရဲ့ အဓိပ္ပာယ်ကို အခုနားလည်ကြပြီလား။ တကယ်ချမ်းသာတဲ့လူဆိုတာ ပြိုင်ကားတွေ မောင်းနေမှာမဟုတ်ဘူး။ ညီလေးလင်းက ရိုးရိုးရှင်းရှင်း အဝတ်အစားတွေပဲ ဝတ်ထားတာ။ သုံးဘီးဆိုင်ကယ်လည်း စီးတယ်။ ဒါပေမယ့် ငါတို့နယ်မြေထဲက နှလုံးသား ရေကန် ဗီလာကြီးရဲ့ ပိုင်ရှင်ပဲမဟုတ်လား"
"ဒါ ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ရဲ့ ဘဝလား။ သုံးဘီးဆိုင်ကယ်စီးရင်း မနက်ခင်း နေရောင်ခြည်ကို ခံစားနေတာ။ ညီလေးလင်းမှာ စားသောက်ဆိုင်လေး တစ်ဆိုင်ရှိတယ်လို့လည်း ငါကြားတယ်။ သူက တကယ်ကြီး ဘဝအကြောင်း နားလည်အောင် ကြိုးစားနေတာပဲ"
"တစ်နေ့ကျရင် ဟယ်လီကော်ပတာတွေ အများကြီး ရောက်လာပြီး ညီလေးလင်းကို ဒီလိုလာပြောမယ်ထင်တယ်။ ဘော့စ်လင်း အိမ်ပြန်ပြီး ဘီလီယံဆယ်ချီတဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံပေးပါဆိုပြီးတော့လေ..."
"မင်းကလည်းကွာ ဝတ္ထုဖတ်တာတွေ များနေပြီထင်တယ်။ ညီလေးလင်းက အဲ့လိုလူမျိုးမဟုတ်ပါဘူး။ သူက ဘဝအတွေ့အကြုံ ယူနေပေမယ့် မိန်းကလေး လှလှပပလေးတွေ အိမ်ခေါ်မလာတတ်ဘူး။ ညီလေးလင်းက အဲ့ကိစ္စကို ဂရုမစိုက်မှာတောင် စိုးရတယ်"
နေ့တစ်ဝက်လောက် အလုပ်လုပ်ပြီးသွားသောအခါ ရှားဝမ်ချွေ့ ရောက်မလာခဲ့ပေ။ သို့သော်လည်း စားသောက်ဆိုင်သို့ လာသော ဧည့်သည်တချို့ ရှိသေးသဖြင့် သူဝင်ငွေတချို့တော့ ရှိနေပါသေးသည်။
ရှားဝမ်ချွေ့က ရောက်မလာခဲ့ပါ။ လင်းဖန်က သူငယ်ချင်းမေတ္တာထက် အချစ်ကို တန်ဖိုးထားတတ်သည့် ကြောင်ကိုလည်း မတွေ့မိပါ။ ဒီကြောင်က ရှားဝမ်ချွေ့ရောက်လာမှ ပေါ်လာတတ်တာကိုး။
သူအလုပ်ပြီးသွားသောအခါ Sign-in မလုပ်ရသေးမှန်း လင်းဖန် သတိရသွားပါသည်။
"ဒင်... အောင်မြင်စွာ Sign-in ဝင်ပြီးပါပြီ။ ကြွေပန်း ဥယျာဥ်ကျောင်းဒေသမှ အိမ်တစ်လုံးကို ရရှိခဲ့သည့်အတွက် သခင်လေးကို ဂုဏ်ပြုပါတယ် [ပြန်လည်ပြုပြင် မွမ်းမံပြီးပြီဖြစ်သဖြင့် ချက်ချင်း ပြောင်းရွှေ့နေထိုင်နိုင်ပါပြီ]"
"သတိပေးချက်: ပိုင်ဆိုင်မှုစာချုပ်နှင့် တခြား သက်ဆိုင်ရာ စာရွက်စာတမ်းများအားလုံးကို စနစ် သိုလှောင်ခန်းထဲတွင် သိုလှောင်ထားပြီးပါပြီ။ သခင်လေးက အချိန်မရွေး ထုတ်ကြည့်နိုင်ပါတယ်။"
စနစ်အသံထွက်လာသောအခါ လင်းဖန်၏ မျက်လုံးများ ဝိုင်းစက်သွား၏။
ကြွေပန်း ဥယျာဥ်။ ကျောင်းနယ်မြေအတွင်းရှိ အိမ်။
ကျောင်းနယ်မြေများမှ အိမ်စျေးများမှာ အလွန်မြင့်မားသည်။ အထူးသဖြင့် ရှန်ဟိုင်းတွင် ကျောင်းနယ်မြေများထဲက အိမ်စျေးများက သာမန် နယ်မြေများထက် အစပေါင်းများစွာ ပိုစျေးကြီးပါသည်။
ကြွေပန်း ဥယျာဥ်က ရှန်ဟိုင်းမြို့တွင် ကျယ်ပြန့်သည့် ကျောင်းနယ်မြေတစ်ခုဖြစ်၏။ ရှန်ဟိုင်းမြို့ရှိ အကောင်းတကာ့ အကောင်းဆုံး အထက်တန်းကျောင်းများက ဝိုင်းရံထားသည်။ မရေမတွက်နိုင်သော မိဘများက ကြွေပန်း ဥယျာဥ်မှ ကျောင်းနယ်မြေ အိမ်များကို ဝယ်ယူချင်ကြသည်။
သို့သော်လည်း ကြွေပန်း ကျောင်းနယ်မြေထဲက အိမ်စျေးမှာ ၁ စတုရန်းမီတာကို အနည်းဆုံး ၁၀၀,၀၀၀ တန်၏။ တချို့နေရာကောင်းများဆိုလျှင် ၁ စတုရန်းမီတာကို ယွမ် ၂၀၀,၀၀၀ တောင်ရှိနေပြီဖြစ်သည်။
သာမန်လူတွေအတွက်တော့ မိုးထိုးနေသည့် စျေးဖြစ်သည်။ သို့သော် ထိုမိုးထိုးနေသည့် စျေးအား ထိပ်တန်းကျောင်းတစ်ကျောင်းတွင် ဝင်ခွင့်ရနိုင်ခြေနှင့် လဲလှယ်နိုင်၏။ မိဘများစွာက သူတို့ကလေးများ တာအထွက်ကတည်းက မရှုံးနိမ့်ဖို့ကို ကာကွယ်ချင်နေကြသည်။
လင်းဖန်က ပိုင်ဆိုင်မှုစာချုပ်ကို ထုတ်လိုက်ပြီး အချက်အလက်များကို ဖတ်ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချပြီး ပြောလိုက်ပါသည်။ "ငါတော့ ချက်ကောင်းထိပြန်ပြီဟေ့။"
ကြွေပန်း ဥယျာဥ် ကျောင်းနယ်မြေမှ သူ့အိမ်မှာ စုစုပေါင်း စတုရန်းမီတာ ၁၀၀ ကျော်ကျယ်သည်။ ထို့အပြင် ဒီနှစ် အိမ်စျေးက ၁ စတုရန်းမီတာကို ၂၀၀,၀၀၀ ဖြစ်၏။ တစ်နည်းအားဖြင့် ထိုအိမ်က သန်း ၂၀ ကျော် တန်ဖိုးရှိပါသည်။
ရှန်ဟိုင်းမြို့က အိမ်စျေးများမှာ တဖြည်းဖြည်း တက်လာရုံသာရှိသည်။ ကျောင်းနယ်မြေများမှ အိမ်စျေးများဆို ပြောဖို့ပင် မလိုတော့ပါ။ လင်းဖန်က သူ့အိမ်ကို မထိရင်တောင် နောက်ထပ် နှစ်အနည်းငယ်လောက် ကြာသောအခါ အိမ်စျေးကနှစ်ဆ တက်သွားနိုင်၏။
ထို့အပြင် လောလောဆယ် လင်းဖန်အတွက် အရေးကြီးဆုံးက ပိုက်ဆံဖြစ်၏။
နှလုံးသားရေကန် ဗီလာကော Bugatti ကားကြီးကော လင်းဖန် ပိုက်ဆံရအောင် ကူညီမပေးနိုင်ပါ။ စနစ်က သူ့ကို ပြန်ရောင်းဖို့ တားမြစ်ထားသော်လည်း ကျောင်းနယ်မြေ အိမ်ကို ငှားရမ်းဖို့တော့ မတားမြစ်ထားပါ။
ကျောင်းနယ်မြေအိမ်ကိုသာ သူငှားရမ်းနိုင်ပါက တစ်နှစ်ကို အနည်းဆုံး အိမ်ငှားခက ယွမ် ၁ သန်းရနိုင်၏။
လင်းဖန် မနေ့က အဝတ်အစား ယွမ် တစ်သိန်းဖိုးဝယ်ခဲ့ပြီး သူ့ဘဏ်အကောင့်ထဲက ပိုက်ဆံအားလုံး ပြောင်လုနီးပါးဖြစ်ခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပဲ နောက်ထပ် သန်း ၂၀ တန်ကျောင်းနယ်မြေ အိမ်တစ်လုံးကို ရရှိခဲ့ပြန်သည်။
သိပ်ပြီး စဥ်းစားမနေတော့ဘဲ သုံးဘီးဆိုင်ကယ်စီးကာ အိမ်ပြန်လာခဲ့သည်။
သူပထမဆုံးလုပ်သည့်အရာက Bugatti ကားကြီးဖြင့် ကြွေပန်းဥယျာဥ်နယ်မြေသို့ သွားကာ အိမ်ကို သွားကြည့်ခြင်းဖြစ်သည်။
သုံးဘီးဆိုင်ကယ် စီးမသွားရသည့် အကြောင်းအရင်းက ကီလိုမီတာ ၁၀ ကျော်ကွာဝေးသောကြောင့်ဖြစ်ပါသည်။
ခပ်မိုက်မိုက် Bugatti ကားကြီး လမ်းမပေါ်တွင် ပြေးနေပြန်ပါပြီ။ လင်းဖန်က ကြွေပန်း ကျောင်းနယ်မြေဝင်ပေါက်နားသို့ တန်းမောင်းလာခဲ့သည်။
လုံခြုံရေးအစောင့်က လင်းဖန်ကို လုံးဝ မတားဆီးပါ။ လေးစားစွာဖြင့် လင်းဖန်ကို တံခါးဖွင့်ပေးပြီး ဝင်ခွင့်ပေးလိုက်ပါသည်။
အိမ်ရာစီမံရေးကို ဆက်သွယ်ပြီးနောက် ငယ်ငယ်ချောချော မိန်ကလေးတစ်ယောက် ရောက်လာပါသည်။
ထို့အပြင် ထိုမိန်းကလေးက လှိုင်းပြာပင်လယ်အော် နယ်မြေတွင် သူဆုံခဲ့ရသည့် အိမ်ရာအေးဂျင့် ရှားရန်ရန်ပဲဖြစ်ပါသည်။
လှိုင်းပြာပင်လယ်အော်ဒေသ၏ နောက်ကွယ်က ကုမ္ပဏီက တစ်ချိန်းတည်းမှာပင် အိမ်ရာများစွာကို ဖွံ့ဖြိုးတည်ဆောက်ခဲ့၏။ ရှားရန်ရန်က ကြွေပန်း ဥယျာဥ် နယ်မြေတွင်လည်း အိမ်ရာအေးဂျင့်တစ်ယောက် ဖြစ်နေပါသည်။
"အစ်ကိုချော။ ရှင်ပဲလား" ရှားရန်ရန်က ပြေးလာပြီး လင်းဖန်ကို မြင်လိုက်သောအခါ မျက်လုံးများဝိုင်းစက်သွားခဲ့သည်။
လင်းဖန်၏ Bugatti ကားကြီးကို မြင်လိုက်ရသောအခါ ပို၍ပင် မနာလိုဖြစ်မိသွား၏။
လင်းဖန်က ချောလည်းချော ချမ်းလည်း ချမ်းသာသည်။ မီလီယံ ရာကျော်တန်ဖိုးရျိသည့် ဗီလာနှင့် ပြိုင်ကားကြီးကို မောင်းသည်။ ကြွေပန်းဥယျာဥ်နယ်မြေတွင် အိမ်တစ်လုံးတောင် ရှိနေပါသေးသည်။
"ဟယ်လို" လင်းဖန်က ပြုံလိုက်၏။ သူလည်း ရှားရှန်ရှန်ကို ဒီမှာတွေ့ရလိမ့်မည်ဟု ထင်မထားပေ။
"ကျွန်တော် မကြာသေးခင်ကမှ ဝယ်ထားတဲ့ အိမ်ကို လာကြည့်တာပါ။ ပြီးတော့ ဒီက အိမ်တွေက တော်တော်လေး ကောင်းတယ်နော်" လင်းဖန်က ပြောလိုက်၏။
"ဟုတ်တာပေါ့။ ဘယ်ဆိုးပါ့မလဲ။ ကြွေပန်းဥယျာဥ်နယ်မြေက အိမ်ရာတွေ၊ လုံခြုံရေးတွေနဲ့ ဝန်ဆောင်မှုတွေအားလုံးက အရမ်းကောင်းကြတယ်။ ရှင်ဝယ်ထားတဲ့ အိမ်ကို ပြန်လည်ပြုပြင်ထားပြီး ၁၀၀ စတုရန်း မီတာ ကျယ်ပါတယ်။။ ကြွေပန်း ဥယျာဥ် နယ်မြေထဲမှာ ကြီးတဲ့ အိမ်တွေထဲ ပါတယ်။ ပျမ်းပျစျေးနှုန်းက အနည်းဆုံး ယွမ် ၂၀၀,၀၀၀ လောက်ရှိတယ်လေ" ရှားရန်ရန်က တစ်ခုချင်းဆီ ရှင်းပြပေးလိုက်သည်။ ဒီနေရာက အိမ်များက မဆိုးလှပါဟု ထင်သည်။ ဘာပဲဖြစ်ဖြစ် ဒီက အိမ်တစ်လုံးကို ယွမ် သန်း ၂၀ကျော် တန်သည်မဟုတ်ပါလား။
သူမအတွက်တော့ ယွမ် သန်း ၂၀ဆိုတာ အလွန် ကြီးမားသော ပမာဏဖြစ်သည်။ လင်းဖန်ကျတော့ ဘာလို့ ဘာမှမဟုတ်သလို ပြုမူနေတာလဲ။
ဒါက သူဌေးတစ်ယာက်ရဲ့ ဘဝပဲလား။ သူမ နားမလည်နိုင်ပါ။
အိမ်ထဲသို့ ဝင်လာပြီးနောက် လင်းဖန်က အပြင်အဆင်များကို လိုက်ကြည့်လိုက်သည်။ ဧည့်ခန်းထဲတွင် ဧရာမသလင်းကျောက် မီးဆိုင်းကြီးတစ်ခုရှိ၏။ အခန်း၏ အတွင်းဘက်ဒီဇိုင်းက အလွန်နူးညံ့သည်။ ပြည်ပမှ တင်သွင်းထားသည့် သားရည်ဆိုဖာများ၊ LCD တီဗီကြီးများ၊ ဒက်စ်တော့ ကွန်ပျူတာ တစ်လုံးနှင့်နံရံပေါ်တတွင် ပန်းချီကားတချို့ ရှိပါသည်။ ပရိဘေားလည်း များစွာ ရှိ၏။
အနှစ်ချုပ်ပြောရလျှင် တစ်ခွန်းတည်းသာ။ ချမ်းသာပါသည်။
"အင်း မဆိုးပါဘူး။ ကျွန်တော့်ကို အိမ်ငှား ကြော်ညာထုတ်ဖို့ ကူညီပေးပါဦး" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ ဒီနေရာကြီးကိုသာ ငှားရမ်းလိုက်လျှင် သူ့တွင် ဝင်ငွေရှိလာနိုင်၏။
"ကောင်းပါပြီ" ရှားရန်ရန်က လင်းဖန်နောက်သို့လိုက်လာကာ အနည်းငယ် အံ့အားသင့်နေသည်။ ဒီနေရာက အပြင်အဆင်များက အလွန်တန်ဖိုးကြီးသည်။ သို့သော် လင်းဖန်၏ မျက်လုံးထဲတွင်တော့ အလွန်သာမန် ဆန်နေ၏။ လင်းဖန်က သားရေဆိုဖာကြီးတွင် ဇိမ်ကျကျပင် ဝင်မထိုင်ခဲ့ပါ။
ဒါက သူဌေးတွေရဲ့ ကမ္ဘာလား။
Ga verder met lezen
Dit interesseert je vast
976K 75.9K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
1.4M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
591K 15.2K 77