My Harukyu, My OTP( one shot...

By Meh_jane

3K 277 44

Harukyu one shot collection More

Yes to Heaven
Be Mine
I'm in love with hyper boy
You Da One
My protector "Kim Junkyu"
Sunflower
I'm willing to be by your side
ကြော်ညာ

Wanna live 24/7 with KOKO

363 40 8
By Meh_jane

Unicode...

"ဟာရုတို!!မင်းဂျွန်ဂယူ့ကိုကြိုက်နေတာလား"

ပတ်ဂျီဟွန်းရဲ့အစ်မေးတဲ့အသံဆုံးတော့ အတန်းသားတွေအကုန်လုံးရဲ့အာရုံက ကျောပေးလျက်မတ်တပ်ရပ်နေတဲ့ဟာရုတိုဆီကိုရောက်ကုန်ကြတော့တယ်။

ဆံပင်နောက်မှီးရှည်လေးတွေကဟာရုတိုရဲ့ဂုတ်ပေါ်မှာထောက်နေသည်။ခန္ဓာကိုယ်ကိုဂျီဟွန်းရှိရာဘက်လှည့်လိုက်တဲ့အခါ ပေါ်လာတဲ့မျက်နှာချောချော။ဆံပင်ခပ်တိုတိုညပ်ထားပြီးကတည်းက သေချာပိုမြင်လာရတဲ့ပါးဖောင်းဖောင်းတွေကချစ်ဖို့ကောင်းနေပေမဲ့ အခုလိုမျိုးတည်တံ့နေချိန်မှာတော့သိပ်ကိုစွဲဆောင်မှုအားကောင်းလွန်းနေပြန်တယ်။

သိချင်စိတ်တွေများနေတဲ့အတန်းထဲကလူတွေအကုန်လုံးကလဲ ဟာရုတိုရဲ့အဖြေကိုစူးစမ်းနေကြတော့တာ။

"မင်းဝန်ခံလားဟာရုတို နေ့တိုင်းမုန့်တွေလာလာပို့တယ် ဓာတုဗေဒအဆောင်ကမင်းတို့ဗိသုကာအဆောင်နဲ့ဆို၁၅မိနစ်လောက်လျှောက်ရတာ!သာမန်လူသာဆိုအပင်ပမ်းခံပြီးလာမနေ..."

"ဟုတ်တယ်!!"

ကြားဖြတ်ပြောလိုက်တဲ့ဟာရုတိုကြောင့် ဂျီဟွန်းစကားစပြတ်သွားတော့တယ်။အံ့ဩလွန်းလို့အာမေဠိတ်သံတောင်ထွက်ဖို့မေ့နေကြတဲ့လူတွေကြားထဲမှာဟာရုတိုရဲ့လေသံကခပ်ပြတ်ပြတ်ပဲ။

"ကျနော်ကိုကို့ကိုကြိုက်တယ်!!"

ထိုတခွန်းအား လူအုပ်ကြီးထဲမှာမျက်လုံးအဝိုင်းသားနဲ့အံ့အားသင့်နေရှာတဲ့ဂျွန်ဂယူကိုစူးစိုက်ကြည့်ပြီး အရဲစွန့်ပြောလိုက်တဲ့စကားဖြစ်သည်။ထိုစကားပြောပြီးချင်းပဲ ဟာရုတိုခြေလှမ်းခပ်ကြဲကြဲနဲ့အခန်းထဲကနေထွက်လာလိုက်တော့တယ်။

ဖွင့်ပြောဖို့ဘယ်တုန်းကမတွေးဖူးပေမဲ့ သိမဲ့သိတော့လဲတခန်းလုံးလိုလိုပါပဲလား။
ချစ်နေတာကိုထုတ်မပြောရင်နှစ်ယောက်စလုံးအတွက်နေရမခက်ဖူးအထင်နဲ့တဖက်သတ်ကလေးကိုကို့အနားမှာနေသွားဖို့တွေးထားတဲ့ဟာကို...။

"ငါကွာ!!"

ကိုယ်တိုင်ကလဲ ပထမနှစ်ရဲ့ kingတယောက်ဖြစ်တာမို့ popularဖြစ်တာနဲ့အညီနောက်နေ့မနက်ဆိုရင်တကျောင်းလုံးကလူတွေပါးစပ်ဖျားမှာဟာရုတို့သတင်းတွေပြန့်ကုန်တော့မှာမလွဲပေ။

အာ့တာထက်ကိုကိုကသူ့ကိုမုန်းသွားရင် ဟာရုတိုဘယ်လိုလုပ်ရပါ့မလဲ။အိမ်နီးချင်းဖြစ်တာနဲ့အညီ ငယ်ငယ်ထဲကသူ့ကိုညီလေးတယောက်လိုမျိုးချစ်ပေးလာတဲ့ကိုကို့အပေါ်မှာ ဟာရုတိုရဲ့နှလုံးသားကအရောင်တွေပြောင်းလဲနေခဲ့တယ်။

အထက်တန်းကျောင်းပြီးသွားတဲ့ကိုကိုကဆိုလ်းတက္ကသိုလ်တက်ဖို့ရွေးချယ်တော့ ဟာရုတိုစိတ်ပူခဲ့ရတာ။သူတယောက်ထဲသာမြင်ရလေ့ရှိတဲ့ကိုကို့ရဲ့မျက်နှာလှလှလေးအားတခြားဘယ်သူတွေကများတစိမ့်စိမ့်ငေးကြည့်နေကြမလဲဆိုတဲ့အတွေးတွေကနှိပ်စက်လှတာမို့ ဟာရုတိုစာကိုအသေအလဲကြိုးစားပြီးကိုကိုရှိတဲ့တက္ကသိုလ်ဆီအရောက်လာခဲ့သည်။

နီးစပ်ဖို့ဘဝတလျှောက်ကြိုးစားလာခဲ့သမျှက အခုမိနစ်ပိုင်းလေးအတွင်းမှာပဲပျက်သုန်းသွားခဲ့ရတယ်တဲ့လေ။

လေပူတွေအားမှုတ်ထုတ်လိုက်ရင်း ကျောင်းခေါင်းမိုးထပ်ကခုံတန်းလျားလေးမှာဝင်ထိုင်လိုက်သည်။စိတ်ရှုပ်လွန်းတာမို့ဆံပင်ကိုဆွဲဖွပစ်လိုက်ရင်း ဘောင်းဘီအိတ်ထဲကဆေးလိပ်ဗူးလေးကိုထုတ်ယူလိုက်သည်။
ဆေးလိပ်မီးကိုငြိလိုက်ပြီးနောက် တချက်ရှိုက်လိုက်ရင်းမီးမသေအောင်ဖွာနေလိုက်တော့ အငွေ့တွေနဲ့အတူမီးဖွာရဲရဲတွေကဆေးလိပ်ဖင်မှာထွက်လာတော့တယ်။

ထိုတော့မှ စိတ်တိုင်းကျဖွာပြီး မီးခိုးတွေကိုနှာခေါင်းထဲကလွှင့်ထုတ်လိုက်ရင်းသက်ပြင်းအသာချလိုက်မိတော့တယ်။

ကျနော့်ကိုအမုန်းတွေပေးပြီးပစ်ပစ်ခါခါကြီးတွေတော့မလုပ်ပါနဲ့ ကိုကိုရာ။

****************************************

ထွက်ခွါသွားပြီဖြစ်တဲ့ထိုကောင်လေးကြောင့်တတန်းလုံးအကြည့်တွေကဂျွန်ဂယူ့ဆီစုပုံလာတော့တယ်။

သူတို့မပြောနဲ့။ကိုယ်တိုင်တောင်အိမ်နီးနားချင်းညီလေးတယောက်ဆီကနေအခုလိုမျိုးပိုးပမ်းခံရလိမ့်မယ်လို့ယောင်လို့တောင်အိပ်မက်ထဲမမက်ဖူးခဲ့တာရယ်ပါ။

အခုသူ့ခံစားချက်တွေကရောထွေးနေတယ်။ရှက်စိတ်နဲ့အံ့ဩနေတဲ့စိတ်ကြောင့် ခေါင်းကိုသာငုံ့ချလိုက်ရင်း ကိုယ့်စာကိုယ်အာရုံစိုက်ချင်ယောင်ဆောင်ထားလိုက်ရတော့တယ်။

အာ့လိုမှန်းသိရင်ငယ်ငယ်တုန်းက ကိုယ်တုံးလုံးချွတ်ပြီးရေတူတူမချိုးခဲ့ပါဖူး။

ကိုယ့်အတွေးတွေကပေါက်ကရတွေဖြစ်နေမှန်းသိပေမဲ့ ရပ်တန့်ဖို့မကြိုးစားမိခဲ့။
ဟာရုတိုရဲ့စိတ်ရင်းအမှန်ကိုသိလိုက်ရတဲ့အခါ ဂျွန်ဂယူရဲ့အတွေးတွေကပေါက်ပမ်းလေးဆယ်တွေဖြစ်ကာယောက်ယက်ခတ်လာရတော့တာ။ဒေါသစိတ်တွေရှိမနေပဲ ဒီအတိုင်းအရှက်အကြောက်ကြီးနေတဲ့စိတ်ကြောင့်မျက်နှာတဝိုက်မှာလဲရဲပတောင်းခတ်နေရှာသည်။

ပိုဆိုးတာကတကျောင်းလုံးရဲ့kingဖြစ်တဲ့ထိုကလေးရဲ့ကောင်းမှုကြောင့်ဒီသတင်းကအနှေးနဲ့အမြန်တကျောင်းလုံးနီးပါးသိကုန်တော့မှာပဲလေ။
ဝေးလားဝါးလားလုပ်ပြီးပျော်ပါးတတ်တဲ့သူမလို့ ထိုသတင်းကြောင့်အာရုံစိုက်ခံရရင်တပတ်လောက်ကငြိမ်ကုပ်နေရမှာဖြစ်သည်။

ပူထူလာတာမို့ဆံပင်တွေကိုဖွပစ်လိုက်ရင်း ဒီကိစ္စတွေကိုစတင်ခဲ့တဲ့ပတ်ဂျီဟွန်းကိုသာမေတ္တာထိုင်ပို့နေလိုက်တော့တယ်။

မျက်နှာကြီးနီမြန်းနေပြီး ပွစိပွစိလုပ်နေတဲ့သူ့ကိုကြည့်ပြီးအတန်းထဲကကျောင်းသားတွေကမှတ်ချက်ကိုယ်စီပေးကြတော့တယ်။

"ဂျွန်ဂယူတော်တော်ဒေါသထွက်နေတာမလား မျက်နှာကနီရဲနေတာပဲ"

"သူလဲအံ့ဩသွားမှာပေါ့"

"ငါတော့ဒီသတင်းကိုကျောင်းpageမှာတင်စေချင်နေပြီ"

အစရှိတဲ့မှတ်ချက်တွေနဲ့တင် ဂျွန်ဂယူ့ခေါင်းကိုဆင်းနင်းနေတဲ့ခံစားချက်ကြီးကိုရရှိနေပြီဖြစ်သည်။

"အာမင်~ ဒါတွေအားလုံးအိပ်မက်ပဲဖြစ်ပါစေ"

****************************************

ညစာစားဖို့အောက်ဆင်းတော့ အမေကဂျွန်ဂယူ့ကိုအံ့ဩတကြီးကြည့်နေရှာသည်။အမှန်ဆိုဒီအချိန်က ဟာရုတို့အိမ်မှာစာလုပ်ဖို့ဆိုတဲ့အကြောင်းပြချက်ဖြင့်ရှိနေရမှာမလား။

ဒါပေမဲ့ အခုချိန်အထိမသွားတဲ့အပြင်ညစာကိုတောင်ဒီမှာစားဖို့လုပ်နေတဲ့သူ့ကြောင့်သတင်းစာဖတ်နေတဲ့အဖေကတောင်သူ့ကိုတချက်လှမ်းကြည့်ကာအကဲခတ်နေလေရဲ့။

"ဟာရုတို့အိမ်မသွားဖူးလား"

"မသွားတော့ဖူး"

မုန်လာဟင်းရည်ကိုခပ်သောက်ရင်း ဂျွန်ဂယူ့အဖြေပြန်ပေးလိုက်တော့ အမေကခေါင်းတငြိမ့်ငြိမ့်။

"ရန်ဖြစ်ထားကြပြန်ပြီလား ညီကိုနှစ်ယောက်"

"မ မဖြစ်ပါဖူး "

ညီကိုနှစ်ယောက်ဆိုတဲ့စကားကြောင့်ဂျွန်ဂယူစကားတွေတောင်မှားကုန်တော့မလို့။ဒီနေ့ပဲသူ့ညီလေးလို့သဘောထားတဲ့ကလေးက ညီလေးမဖြစ်ချင်ကြောင်းသွယ်ဝိုက်ပြောသွားတာမလား။

"ရန်မဖြစ်ကြနဲ့နော် မေမေမကြိုက်ဖူး ကိုယ့်ညီလေးကိုလဲအလိုလိုက်..."

"မေမေ!!"

ဂျွန်ဂယူအော်လိုက်တာမို့ အမေကစကားစပြတ်သွားတော့တယ်။ဂျွန်ဂယူစိတ်တိုလာပြီ။အခုမေမေကဟာရုတို့အမေလား၊သူ့အမေလားမသဲကွဲဖူး။

"မေမေကဟာရုတို့မေမေလား သားမေမေလား"

"အန်တီ~"

ရုတ်ချည်းအရှေ့ဘက်တံခါးဝကနေကြားလိုက်ရတဲ့ဟာရုတိုရဲ့အသံ။

အသံကြားရုံနဲ့တင် ဂျွန်ဂယူမနေတတ်မထိုင်တတ်တွေဖြစ်လာကာ စားလတ်စထမင်းကိုသာအမြန်ပါးစပ်ထဲထိုးသွတ်နေလိုက်သည်။မျက်နှာနီမြန်းနေမယ်ဆိုတာသိပေမဲ့ ပါးစပ်ထဲထည့်နေတဲ့ထမင်းတွေကိုမရပ်တန့်မိ။

"ဟော ဟာရုလေး ကိုကို့ကိုလာခေါ်တာလားသားကိုကိုကဒီနေ့ဘာဖြစ်နေတာလဲမသိပါဖူး ဆက်ဆက်ထိမခံနဲ့"

"မေမေ!!"

ထမင်းပလုတ်ပလောင်းနဲ့ပြန်အော်နေတဲ့ဂျွန်ဂယူကချစ်ဖို့ကောင်းတာမို့ ဟာရုတိုပြုံးမိသွားတော့တယ်။ကိုကိုကသူ့အပြုံးတွေကိုအသက်ဝင်စေတဲ့လူသားတစ်ဉီးများလားလေ။

"ခေါက်လိုက်ရင်နာတော့မယ်ကင်ဂျွန်ဂယူ!!"

အပြောကနောက်ကျသည်။လက်ကဂျွန်ဂယူခေါင်းပေါ်ကိုရောက်နှင့်ပြီးနေပြီ။

"ခေါက်ပြီးနေပါပြီမေမေရာ"

နာသွားတဲ့ခေါင်းကိုပွတ်ရင်းမျက်စောင်းတထိုးထိုးနဲ့ရန်တွေ့နေလိုက်တော့တယ်။

သူ့အဖြစ်ကိုကြည့်ပြီးရီနေတဲ့ဟာရုတိုကြောင့် အဆစ်အနေနဲ့မျက်စောင်းပိတ်ထိုးပြီးအပေါ်ထပ်ကိုပြေးတက်သွားလိုက်တော့တယ်။

"ဟဲ့ထမင်းကုန်အောင်စားသွားလေ!!"

"မစားဖူးဗျာ အာ့မှာမွေးစားသားကိုပဲကျွေးလိုက်တော့"

ကိုကိုဟာလေ။ဟာရုတိုမယ်ကိုကို့စကားကြောင့်အော်ရီပစ်ချင်တော့တာပဲ။စကားကိုဘယ်လိုတွေပြောချနေသလဲဗျာ။

"သားထမင်းစားသွားပါလား"

"ကျနော်စားခဲ့ပြီးပါပြီအန်တီ"

"အေးပါအေးပါ!စားပြီးရင်လဲ၊ ဒါနဲ့သားတို့ညီကိုတွေရန်ဖြစ်ထားကြတာလား"

"မဖြစ်~ဖြစ်ပါဖူး"

ညီကိုဆိုတဲ့အန်တီ့စကားကြီးကြောင့် ရုတ်တရက်ဘာပြန်ပြောရမှန်းမသိပဲစွံ့အသွားချင်တဲ့အထိပဲ။ကိုကို့ကိုစမြင်ကတည်းက ကိုယ့်ရဲ့အကိုတယောက်လို့တခါမှမတွေးခဲ့ဖူးတာမို့ ကိုယ့်အတွေးကိုယ်မလုံမလဲဖြစ်သွားတော့တယ်။ရှက်ကိုးရှက်ကမ်းဖြင့်နားရွက်နောက်ကဆံပင်တွေကိုပွတ်ဆွဲနေလိုက်တော့တယ်။

"ကျနော်အပေါ်သွားလိုက်ပါအုံးမယ်"

"ဟုတ်ပါပြီ မုန့်စားချင်တယ်ဆိုလဲပြောနော်အန်တီလာပို့ပေးမယ်"

"ဟုတ်"

အရိုအသေပြုလိုက်ရင်း ကိုကို့အိပ်ခန်းရှိရာအပေါ်ထပ်ကိုလိုက်သွားလိုက်တော့တယ်။

အခန်းတံခါးကိုသုံးချက်ခေါက်လိုက်တော့တံခါးဖွင့်ပေးလာတဲ့ကိုကို။သူ့ကိုမြင်တော့အကြည့်ချက်ချင်းလွှဲချသွားတော့တယ်။

"ကိုကိုဘာလို့ကျနော့်ကိုမစောင့်တာလဲ ခါတိုင်းလဲအိမ်အတူတူပြန်နေကြပဲကို ပြီးတော့ဘာလို့ကျနော့်အိမ်မလာတာလဲ"

"အာ အာ့တာ ဟိုပတ်ဂျီဟွန်းနဲ့မုန့်သွားစားလိုက်လို့ပါကွာ မင်းအိမ်မလာတာကလဲဒီနေ့ငါ ~ငါနေသိပ်မကောင်းလို့"

ရှေ့နောက်အဆီအလျော်ရှိမဲ့ဆင်ခြေတခုကိုပေးလိုက်တော့အရှေ့ကကောင်လေးကဆံပင်နောက်မှီးကိုပွတ်သပ်နေကာနားရွက်တွေကနီရဲနေတာ။

"ကျနော်~ကျနော်ကဟိုကိစ္စကြောင့်ကိုကိုစိတ်ဆိုးသွားတယ်ထင်နေတာ တော်~တော်သေးတာပေါ့နော်"

"အာ အင်း~အင်း"

နှစ်ယောက်သား စကားအထစ်ထစ်နဲ့ပြောပြီးနောက် ဘာမှဆက်ပြောစရာစကားမရှိတော့သလိုမျိုးတိတ်ဆိတ်သွားရတော့တယ်။သေချာပေါက်ဂျွန်ဂယူ့အတွက်နေရခက်လွန်းတယ်။

အရင်ကဆိုနှစ်ယောက်သားအတူတူရှိနေလိုက်တာနဲ့ ဂိမ်းအကြောင်းဖြစ်ဖြစ်၊ကျောင်းမှာpopularဖြစ်တဲ့လူတွေအကြောင်းဖြစ်ဖြစ်အရေမရအဖတ်မရစကားတွေနဲ့အခန်းကိုဆူညံစေခဲ့တာ။

အခုအခြေအနေကြီးကသေချာပေါက်နှစ်ယောက်လုံးနေရခက်လွန်းကာထွက်ပါပြေးချင်မိတဲ့အထိပဲ။

"အာ့တာဆိုကျနော်ပြန်တော့မယ်နော် ကိုကို"

"အင်း"

အခန်းတံခါးကိုဆွဲဖွင့်ပြီးထွက်သွားဖို့လုပ်ပေမဲ့ ဒီအတိုင်းရေမျောနေသလိုမျိုးအခြေအနေကရှေ့လျှောက်နှစ်ယောက်လုံးကိုဝေးကွာစေလိမ့်မယ်လို့ထင်မြင်မိတယ်။

ထို့ကြောင့်အခန်းတံခါးကိုပြန်ပိတ်လိုက်ကာ ဟာရုတိုပြန်လှည့်လာတော့ ကိုကိုကကုတင်ပေါ်ထိုင်ရက်သားလေးသူ့ကိုကြည့်နေရှာတယ်။မပြန်သေးဖူးလားဆိုတဲ့အကြည့်လေး။

အသည်းယားလာတဲ့စိတ်ကြောင့်ကိုကိုထိုင်နေတဲ့ကုတင်ရှေ့မှာဒူးတဖက်ထောင်ကာထိုင်ချလိုက်တော့တယ်။ သိပ်မကွာတော့တဲ့အကွာအဝေးမှာကိုကိုရဲ့မျက်နှာလှလှလေးအားရှင်းလင်းစွာတွေ့မြင်နေရသည်။

မျက်လုံးပြူးပြူးလေးဖြင့်ကြည့်နေတဲ့ကိုကိုကြောင့်ဟာရုတိုရဲ့မြတ်နိုးစိတ်တွေကယိုဖိတ်လာတော့တယ်။

"ဆိုလ်းတက္ကသိုလ်မှာတက်ရတဲ့အကြောင်းပြချက်ကအမှတ်ကောင်းလို့လဲမဟုတ်သလို၊ကောင်မလေးတွေထားချင်လို့လဲမဟုတ်ဖူး ကိုကို့ကိုစိတ်မချလို့"

"..."

"ကျနော်ငယ်ငယ်ထဲကကိုကို့အနားမှာအရိပ်အခြေကြည့်ပြီးနေခဲ့တာက ကိုကို့မျက်စိအရှေ့မှာကျနော်ကလိမ်လိမ်မာမာနဲ့ကြီးပြင်းလာတဲ့လူတယောက်လို့မြင်စေချင်လို့..."

"ကျနော်ဒီစကားတွေပြောနေလို့ကိုကို့အပေါ်အထင်သေးတာလဲမဟုတ်ရပါဖူး ကိုကိုကကျနော့်အတွက်အများကြီးတန်ဖိုးရှိပါတယ်
.
.
.
ပြီးတော့ကျနော်ဒီစကားပြောဖို့အတွက်အများကြီးအားတင်းထားခဲ့ရတာမို့"

"ကျနော့်ကိုမချစ်နိုင်ရင်တောင်မုန်းတော့မမုန်းလိုက်ပါနဲ့"

ဒူးထောက်ထိုင်နေရင်း သူ့ရင်ဘတ်ထဲကခံစားချက်တွေကိုလေးနက်စွာပြောပြနေတော့ ကိုကိုကမျက်လုံးတွေရီဝေနေကာဟာရုတို့စကားတွေကိုနားထောင်ပေးလေရဲ့။

အမြဲတမ်းနမ်းရှိုက်ချင်ခဲ့မိတဲ့ကိုကို့ရဲ့ပါးဖောင်းဖောင်းလေးဆီကိုနှာဖျားလေးထိကပ်ရုံတိုးဝင်လိုက်ရင်း လာဗင်ဒါအနံ့လေးကိုရှုရှိုက်နေမိတော့တယ်။

ငါးစက္ကန့်လောက်ထိကပ်ရုံနမ်းပြီး ဖြည်းဖြည်းသာသာခွါလိုက်တော့ကိုကိုကမျက်လုံးမှိတ်ထားရကနေတဖြည်းဖြည်းဖွင့်လာတော့တယ်။

"ချစ်တယ်ကိုကို"

ကျနော့်ရဲ့စိတ်နှလုံးသားလေးဆက်ရှင်သန်ဖို့ မခါးသပ်တဲ့ဆေးကုထုံးလေးပဲပေးပါ...နော်။

****************************************

"ငါပြောပါတယ် မင်းကိုကရိုးသားလွန်းနေတာ အာ့ကောင်လေးမင်းကိုကြိုက်နေတယ်ဆိုတာမင်းပဲမသိတာ"

"အေးလေ မြွေမြွေချင်းခြေမြင်တာပေါ့"

ဂျွန်ဂယူမကျေမနပ်ပြောလိုက်တော့ အရှိုက်ထိသွားတဲ့ပတ်ဂျီဟွန်းမှာ ဆက်တောင်မပြောနိုင်တော့ပဲအရှေ့က sodaကိုမော့ချလိုက်တော့တယ်။

ပတ်ဂျီဟွန်းက အားကစားနည်းပြဆရာဟျွန်းဆော့ကိုကြိုက်နေတာလူတိုင်းသိတဲ့ကိစ္စမဟုတ်ပါလား။

ကိုယ့်ဘာကိုယ်တောင်မနေ့ကတုန်းက ဟာရုတိုပြောသွားတဲ့စကားတွေကြောင့်ကော်ဖီမသောက်ပဲနဲ့ရင်တုန်သလိုမျိုးခံစားနေရတာ။

ခံစားချက်တွေကိုနားဝင်အောင်ဖြည်းဖြည်းချင်းပြောပြနေတဲ့ ဟာရုတိုရဲ့မျက်လုံးတွေကတစိမ့်စိမ့်ငေးချင်စရာကောင်းလောက်အောင်စွဲဆောင်မှုရှိခဲ့တာ။သူ့ပါးပြင်ကိုနမ်းလိုက်တဲ့အချိန်မှာရလာတဲ့ သစ်ခွပန်းအနံ့လေးကြောင့်သူ့ရင်ဘတ်ထဲကတဒိတ်ဒိတ်ဖြင့်ခုန်ပေါက်နေတာ။

သူကိုယ်တိုင် ထိုကောင်လေးရဲ့အချစ်တွေကိုခံစားမိနေခဲ့တာမို့ အချစ်ဆိုတဲ့အရာကိုနားလည်သယောင်ရှိလာပြီထင်ပါရဲ့။

"ဟိုဟာက queenမီနာမလား ဟာရုတိုကိုဘာပေးနေတာလဲ"

ကန်တင်းထဲကလူတွေအကုန်လုံးကလဲ အပြင်မှာမတ်တပ်ရပ်နေတဲ့ kingနဲ့queenကိုတလှည့်၊တလောကမှနာမည်ကြီးသွားတဲ့ဂျွန်ဂယူကိုတလှည့်ကြည့်ကာ တီးတိုးပြောနေကြတော့တယ်။

ဂျွန်ဂယူအာ့တာတွေကိုအာရုံမထားမိသေး။စကားရပ်ပြောနေကြတုန်းဖြစ်တဲ့ဟာရုတိုနဲ့မီနာတို့ကိုသာ ကြည့်နေမိသည်။

သူ့ရင်ဘတ်ထဲနေလို့မကောင်းဖူး။ဟာရုတိုနဲ့အာ့ဒီမိန်းကလေးကသိပ်ကိုလိုက်ဖက်လွန်းနေတာမို့ ဂျွန်ဂယူ့စိတ်ထဲဝမ်းသာပေးရမဲ့အစား စိတ်တွေရှုပ်လာမိတော့တယ်။

"ဟေ့ကောင် မင်းသဝန်တိုနေတာလား"

"တိုစရာလား သူ့ဘာသူဘာဖြစ်ဖြစ်ငါနဲ့ဘာမှမဆိုင်ဖူး"

"အော် အော် ပြောနေတဲ့ပုံကိုကသိပ်သဝန်မတိုရှာပါဖူး"

ပတ်ဂျီဟွန်းရေသိနေရင်လဲတိတ်နေလိုက်ပါတော့လားကွာ။ဟုတ်တယ်လို့ ဟိုအရှေ့ကငတုံးလေးရေ၊ငါသဝန်တိုနေတာဟ။

ဟင်း~သဝန်တိုတဲ့ခံစားချက်ကဒီလိုမျိုး ကသိကအောက်ဖြစ်စရာကြီးတဲ့လား။

"ဟိုမှာလာနေပြီ"

ကန်တင်းထဲဝင်လာတဲ့ဟာရုတိုကြောင့်ဂျွန်ဂယူထသွားဖို့ပြင်ပေမဲ့ ပတ်ဂျီဟွန်းကအားဖြင့်ဆွဲထားတာမို့သူ့မှာဖင်နဲ့ခုံကဆက်ထားတဲ့အတိုင်းကြွလို့တောင်မရပေ။

"ဟာရုတို ဒီလာထိုင်လေကွာ"

ဂျီဟွန်းခေါ်လိုက်တော့မှတွေ့သွားတဲ့ကောင်လေးက သူ့ကိုတချက်မော့ကြည့်ရင်း နားရွက်တွေကရဲပတောင်းခတ်လာတော့တာ။

နေပါအုံး၊အခုသူကဘာတွေရှက်နေတာလဲ။

"ကျနော်ထိုင်မယ်နော် ကိုကို"

ထိုင်ဖို့အရေးသူ့ကိုခွင့်တောင်းနေတဲ့သူ့ကြောင့် ဂျွန်ဂယူအမြင်ကပ်လာရသည်။ဘာစကားမဆိုပဲ မှာထားတဲ့ chocolate milkဗူးကိုပဲအာရုံစိုက်သောက်နေလိုက်သည်။

ထိုင်ခွင့်မပေးသေးတဲ့ကိုကို့ကြောင့်ဟာရုတိုမတ်တပ်ရပ်လျက်သားဖြင့်ဘာလုပ်ရမလဲမသိဖြစ်နေတုန်း အကိုဂျီဟွန်းကလက်ကိုဆွဲချလိုက်တာမို့ခုံပေါ်ထိုင်လျက်သားဖြစ်သွားရတော့တယ်။

"ဘာသောက်မလဲဟာရုတို မှာလေ"

"ကိုလာ"

"ကိုကိုလာအောင်ကိုလာတဗူး!!!!"

အသံကျယ်ကြီးနဲ့အော်ချလိုက်တဲ့အကိုဂျီဟွန်းကြောင့်ဟာရုတိုမယ်မျက်လုံးအဝိုင်းသားဖြစ်ပြီးကျောက်ရုပ်လိုတောင့်တင်းသွားတော့တယ်။ မျက်စိအရှေ့ကကိုကိုကလဲမျက်နှာကိုဖော်မလာတော့ပဲနားရွက်ကလေးတွေကတော့နီရဲနေတော့တယ်။

သူကဒီအတိုင်းသဘောရိုးနဲ့သောက်နေကျ ကိုလာကိုပဲမှာလိုက်တာပါ။အကိုဂျီဟွန်းကအခုလိုပြောလိုက်တော့...။

မျက်နှာငယ်လေးဖြစ်သွားတဲ့ဟာရုတိုကိုကြည့်ပြီး ဂျီဟွန်းမယ်ရီပစ်ချင်တာ။အာ့လောက်တောင်မှကင်ဂျွန်ဂယူ့ကိုကြောက်ရသလားလေ။

"ပတ်ဂျီဟွန်း မင်းနောက်မှသေဖို့ပြင်!!"

နို့ဗူးကိုဆွဲပြီးပြေးထွက်သွားတဲ့ဂျွန်ဂယူကမျက်နှာကြီးနီရဲနေကာအနောက်ကိုလုံးဝလှည့်မကြည့်။

မျက်နှာငယ်လေးနဲ့ကျန်ခဲ့တဲ့ဟာရုတိုအားကြည့်ရင်းသနားလာတာမို့ဂျီဟွန်းကူညီပေးဖို့ဆုံးဖြတ်လိုက်သည်။

"ဟေ့ကောင် လိုက်သွားလိုက်လေ"

"မလိုက်တော့ပါဖူး ကျနော်လာကတည်းကကိုကိုကသဘောကျပုံမရတာ"

ဒူလိုက်တဲ့ကောင်လေးပါလားလို့ဂျီဟွန်းတွေးလိုက်မိတယ်။

သူတို့နှစ်ယောက်ကြားကိုယ်တိုင်ဝင်မကူညီလို့မဖြစ်တော့ဖူးလို့ထင်မိလိုက်တာမို့ဟာရုတိုကိုပခုံးကဆွဲဖက်ကာ...

"ငါပြောတာနားထောင် သူမင်းကိုကြိုက်နေတာသေချာတယ်ကွာ ခုနကမင်းနဲ့မီနာစကားပြောနေတုန်းကသဝန်တွေတိုပြီးမှုန်ကုပ်နေတာ"

"ဗျာ"

"မဗျာနဲ့ သွား အခုလိုက်သွားပြီးအဖြေတခါထဲတောင်းခဲ့လိုက် သွား!!"

သူ့ကိုတွန်းလိုက်တာမို့ဟာရုတိုမတ်တပ်ရပ်လျက်ဖြင့်ကြောင်တောင်တောင်ဖြစ်သွားရတော့တယ်။
ဒါကိုမှသူ့ကိုသွားလေဆိုပြီး မျက်နှာရိပ်မျက်နှာကဲပြနေတာမို့ ဟာရုတိုလေပူတွေကိုမှုတ်ထုတ်လိုက်ကာကန်တင်းထဲကပြေးထွက်သွားတော့သည်။

အရှိန်နဲ့ပြေးလာတာမို့ ခဏလေးနဲ့တင် တလှုပ်လှုပ်ဖြင့်လမ်းလျှောက်နေတဲ့ကိုကို့ကိုအားကစားကွင်းနားမှာတွေ့လိုက်ရတော့တယ်။

"ကိုကိုခဏနေပါအုံး!!"

သူ့အသံကြားတော့လှည့်ကြည့်လာတဲ့ကိုကိုကမျက်မှောင်အော်တိုကြုံ့သွားကာရှေ့ကိုဆက်လျှောက်သွားသည်မို့ဟာရုတိုခြေထောက်တွေကိုပိုပြီးအလုပ်ပေးလိုက်တော့တယ်။

မှီသွားတော့မှပုခုံးကနေဆွဲလှည့်လိုက်ကာ မျက်နှာချင်းဆိုင်ဖြစ်အောင်လုပ်ပြီး....

"ခုနကမီနာနဲ့စကားပြောနေတာကလေ~သူကြိုက်နေတဲ့ကောင်လေးကကျနော်တို့အတန်းထဲကမို့လို့တဲ့၊ ကျနော့်ကိုဒီစာပေးခိုင်းလို့ကျနော်လဲကူပေးမယ်လို့ပြောပြီးကိုကိုတို့ဆီရောက်လာတာ ကိုကိုကျနော့်ကိုအထင်မလွဲပါ..."

တရစက်ဖြေရှင်းနေတဲ့ဟာရုတိုကြောင့်ဂျွန်ဂယူဟာရုတိုရဲ့ပါးစပ်ကိုလက်ဖြင့်ပိတ်ထားလိုက်တော့တယ်။

"ငါမမေးပဲဘာလို့ဖြေနေတာလဲ"

လက်ကိုပြန်ရုတ်လိုက်တော့ တဖန်ပြန်ဆွဲယူလိုက်တဲ့ဟာရုတိုရဲ့လက်တွေ။

"ကိုကိုကသဝန်တိုသွားတာတဲ့ အကိုဂျီဟွန်းကပြောတယ်"

ဒီပတ်ဂျီဟွန်းကတော့အကုန်လုံးကိုလိုက်ပြောပြနေမှဖြစ်မှာလားမသိ။
မျက်စိအရှေ့ကကောင်လေးကလဲသူစိတ်မဆိုးဖူးလို့မဖြေမချင်းလက်ကိုလွှတ်ပေးမည့်ပုံမရ။အတင်းဆွဲထားတဲ့အပြင် နူးနူးညံံ့ညံ့တွေကြည့်နေတာမို့ ဂျွန်ဂယူအကြည့်တွေကတသမတ်ထဲမရှိနေပဲ ဟိုငေးဒီငေးဖြင့်လွှဲထားရတော့တယ်။

တော်သေးတာကအားကစားကွင်းကိုလူအလာနည်းတာကြောင့် ဖြတ်သွားဖြတ်လာတယောက်စ၊နှစ်ယောက်စလောက်ကသာသူတို့အဖြစ်ကိုမြင်ကြမှာဖြစ်သည်။

"စိတ်မဆိုးဖူး သဝန်လဲမတိုလို့လွှတ်ပေးတော့"

"ကျနော့်ကိုဟိုမရောက်၊ဒီမရောက်အခြေအနေကြီးတော့မလုပ်နဲ့လေကိုကိုရာ တိကျတဲ့အဖြေတခုခုလောက်တော့ပေးပါနော် ကိုကို့ဆုံးဖြတ်ချက်တိုင်းကိုကျနော်အလေးထားပါ့မယ်"

သူ့လက်ကိုဆုတ်ကိုင်ထားရင်းအလေးအနက်ပြောနေတဲ့ဟာရုတိုကြောင့်ဂျွန်ဂယူရင်တွေခုန်လာကာ မျက်နှာဖောင်းဖောင်းလေးကနီရဲလာတော့တယ်။

"ကောင်း~ကောင်းပြီလေ မင်းရဲ့အပြုအမူပေါ်ကြည့်ပြီးအဖြေပေးသင့်မပေးသင့်စဉ်းစားပေးမယ်"

သူ့အဖြေကိုသဘောကျသွားတဲ့ဟာရုတိုကပြုံးပြလာပြီး ကျေကျေနပ်နပ်ကြီးခေါင်းငြိမ့်ကာလက်ကိုလွှတ်ပေးလာတော့တယ်။

"ကိုကိုကျနော့်ကိုချစ်လာဖို့ကြိုးစားပါ့မယ်"

"ဒါကတော့မင်းအပိုင်းပဲ ငါသွားပြီ"

"လိုက်ပို့ပေးမယ်"

သဘောပဲဆိုပြီးအရှေ့ကထွက်သွားတဲ့ကိုကို့ရဲ့အနောက်ကနေအနည်းငယ်ခွါလျှောက်ပြီးလိုက်လာခဲ့တော့သည်။အတန်းထဲကထိုင်ခုံတွင်ဝင်ထိုင်ပြီဆိုတော့မှသူ့အတန်းဆီကိုပြန်သွားတော့တယ်။

အာ့ကစလို့ သာမန်နေ့တွေကလိုလုပ်နေကြအတိုင်း မုန့်နဲ့အအေးတွေပို့ပေးတယ်။ညဘက်တွေဆိုကိုကို့အိမ်မှာစာအမြဲလုပ်ဖြစ်တယ်။ဆေးလိပ်တွေတအားမသောက်နဲ့ဆိုတဲ့ကိုကို့ကြောင့်တလနေလို့မှတလိပ်၊နှစ်လိပ်သောက်ဖြစ်တော့တယ်။

ပြောစကားနားထောင်တဲ့ဟာရုတိုအားသိသိသာသာအခွင့်အရေးပေးခဲ့တဲ့ကိုကို့ကြောင့်ပိုပြီးသတ္တိရှိလာတယ်။

ဒီလိုနဲ့ပဲ ပထမဆုံးချစ်သူဖြစ်ခွင့်ရတဲ့နိုဝင်ဘာ၂၃ရက်နေ့မှာကိုကိုကသူ့အား လိပ်ပြာဆွဲကြိုးလေးလက်ဆောင်ပေးခဲ့တယ်။

တစ်လပြည့်အထိန်းအမှတ်နေ့မှာဟာရုတိုကကိုကို့အတွက်လွယ်အိတ်လေးကိုလက်ဆောင်ပေးခဲ့တယ်။

၅နှစ်ပြည့်တဲ့နေ့မှာတော့ဟာရုတို ကိုကို့ကိုလက်ထပ်ခွင့်တောင်းခဲ့ပြီးနှစ်ဖက်မိဘတွေကဉီးဆောင်လို့လက်ထပ်ပေးခဲ့ကြတယ်။

၁၀နှစ်ပြည့်တဲ့နေ့မှာ Rubyလို့ခေါ်တဲ့ကြောင်လေးတကောင်ကိုမွေးထားခဲ့တယ်။ပန်းပင်လေးတွေကြိုက်တတ်တဲ့ကိုကို့အတွက်ဟာရုတိုကိုယ်တိုင်နေကြာပန်းတွေကိုစိုက်ပျိုးပေးခဲ့တယ်။

ယုန်ကလေးတွေမွေးချင်တယ်ပြောတော့ ခြံထဲမှာပဲယုန်တွေနေဖို့အိမ်ကလေးကို ကိုယ်တိုင်ဆောက်ပေးခဲ့ပြီးဖြည့်ဆည်းပေးခဲ့တယ်။

ညနေတိုင်းကားဖြင့်လျှောက်လည်ရတာကြိုက်တဲ့ကိုကို့အတွက်ဟာရုတိုအလုပ်ကပြန်လာတိုင်း မြို့ပြင်ဘက်အထိကားထွက်မောင်းပေးတတ်တယ်။

တခါတလေကတောက်ကဆဖြစ်ရတဲ့အခိုက်အတန့်တွေရှိတတ်တယ်။ကိုကိုထမင်းမစားပဲညအိပ်သွားရင် စိတ်ပူတဲ့ဟာရုတိုကဆူပြီး ၂ရက်လောက်စကားမပြောပဲနေတတ်တယ်။အာ့အခါကျရင်ကိုကိုကခါးတူးနေတဲ့ကော်ဖီတခွက်ကိုဖျော်တတ်သလိုလေးဖျော်ပြီး ချော့တော့တာပဲ။

ကော်ဖီခါးတူးနေလဲချစ်တယ်။တပတ်လုံးကြက်ဉအတူးလေးတွေကြော်ကျွေးလဲချစ်တယ်။ဆံပင်ရွှေဝါရောင်လေးတွေကိုလဲမြတ်နိုးမိတယ်။

သဘောမကျရတဲ့အရာတွေက ကိုကို့ဆီမှာဖြစ်တည်လာခဲ့ရင်တော့ ကျနော်အကြိမ်ကြိမ်ကြိုက်နှစ်သက်ဖို့ကြိုးစားမိမှာ...။

ကိုကိုပေးတဲ့မေတ္တာတွေကိုလဲယူထားမယ်။ကိုကို့ကိုပေးတဲ့မေတ္တာနွေးနွေးတွေကိုလဲလက်ခံပေးပါ။

****************************************

တစ်ဉီးက တစ်ဉီးကိုချစ်တယ်ဆိုတာ ဘုရားစိုက်တဲ့ပန်းကလေးပွင့်လာတာပါ။

တာရာမင်းဝေ
***************************************

The End...


Zawgyi...

"ဟာ႐ုတို!!မင္းဂြၽန္ဂယူ႕ကိုႀကိဳက္ေနတာလား"

ပတ္ဂ်ီဟြန္းရဲ႕အစ္ေမးတဲ့အသံဆုံးေတာ့ အတန္းသားေတြအကုန္လုံးရဲ႕အာ႐ုံက ေက်ာေပးလ်က္မတ္တပ္ရပ္ေနတဲ့ဟာ႐ုတိုဆီကိုေရာက္ကုန္ၾကေတာ့တယ္။

ဆံပင္ေနာက္မွီးရွည္ေလးေတြကဟာ႐ုတိုရဲ႕ဂုတ္ေပၚမွာေထာက္ေနသည္။ခႏၶာကိုယ္ကိုဂ်ီဟြန္းရွိရာဘက္လွည့္လိုက္တဲ့အခါ ေပၚလာတဲ့မ်က္ႏွာေခ်ာေခ်ာ။ဆံပင္ခပ္တိုတိုညပ္ထားၿပီးကတည္းက ေသခ်ာပိုျမင္လာရတဲ့ပါးေဖာင္းေဖာင္းေတြကခ်စ္ဖို႔ေကာင္းေနေပမဲ့ အခုလိုမ်ိဳးတည္တံ့ေနခ်ိန္မွာေတာ့သိပ္ကိုစြဲေဆာင္မႈအားေကာင္းလြန္းေနျပန္တယ္။

သိခ်င္စိတ္ေတြမ်ားေနတဲ့အတန္းထဲကလူေတြအကုန္လုံးကလဲ ဟာ႐ုတိုရဲ႕အေျဖကိုစူးစမ္းေနၾကေတာ့တာ။

"မင္းဝန္ခံလားဟာ႐ုတို ေန႕တိုင္းမုန့္ေတြလာလာပို႔တယ္ ဓာတုေဗဒအေဆာင္ကမင္းတို႔ဗိသုကာအေဆာင္နဲ႕ဆို၁၅မိနစ္ေလာက္ေလွ်ာက္ရတာ!သာမန္လူသာဆိုအပင္ပမ္းခံၿပီးလာမေန..."

"ဟုတ္တယ္!!"

ၾကားျဖတ္ေျပာလိုက္တဲ့ဟာ႐ုတိုေၾကာင့္ ဂ်ီဟြန္းစကားစျပတ္သြားေတာ့တယ္။အံ့ဩလြန္းလို႔အာေမဠိတ္သံေတာင္ထြက္ဖို႔ေမ့ေနၾကတဲ့လူေတြၾကားထဲမွာဟာ႐ုတိုရဲ႕ေလသံကခပ္ျပတ္ျပတ္ပဲ။

"က်ေနာ္ကိုကို႔ကိုႀကိဳက္တယ္!!"

ထိုတခြန္းအား လူအုပ္ႀကီးထဲမွာမ်က္လုံးအဝိုင္းသားနဲ႕အံ့အားသင့္ေနရွာတဲ့ဂြၽန္ဂယူကိုစူးစိုက္ၾကည့္ၿပီး အရဲစြန့္ေျပာလိုက္တဲ့စကားျဖစ္သည္။ထိုစကားေျပာၿပီးခ်င္းပဲ ဟာ႐ုတိုေျခလွမ္းခပ္ႀကဲႀကဲနဲ႕အခန္းထဲကေနထြက္လာလိုက္ေတာ့တယ္။

ဖြင့္ေျပာဖို႔ဘယ္တုန္းကမေတြးဖူးေပမဲ့ သိမဲ့သိေတာ့လဲတခန္းလုံးလိုလိုပါပဲလား။
ခ်စ္ေနတာကိုထုတ္မေျပာရင္ႏွစ္ေယာက္စလုံးအတြက္ေနရမခက္ဖူးအထင္နဲ႕တဖက္သတ္ကေလးကိုကို႔အနားမွာေနသြားဖို႔ေတြးထားတဲ့ဟာကို...။

"ငါကြာ!!"

ကိုယ္တိုင္ကလဲ ပထမႏွစ္ရဲ႕ kingတေယာက္ျဖစ္တာမို႔ popularျဖစ္တာနဲ႕အညီေနာက္ေန႕မနက္ဆိုရင္တေက်ာင္းလုံးကလူေတြပါးစပ္ဖ်ားမွာဟာ႐ုတို႔သတင္းေတြျပန့္ကုန္ေတာ့မွာမလြဲေပ။

အာ့တာထက္ကိုကိုကသူ႕ကိုမုန္းသြားရင္ ဟာ႐ုတိုဘယ္လိုလုပ္ရပါ့မလဲ။အိမ္နီးခ်င္းျဖစ္တာနဲ႕အညီ ငယ္ငယ္ထဲကသူ႕ကိုညီေလးတေယာက္လိုမ်ိဳးခ်စ္ေပးလာတဲ့ကိုကို႔အေပၚမွာ ဟာ႐ုတိုရဲ႕ႏွလုံးသားကအေရာင္ေတြေျပာင္းလဲေနခဲ့တယ္။

အထက္တန္းေက်ာင္းၿပီးသြားတဲ့ကိုကိုကဆိုလ္းတကၠသိုလ္တက္ဖို႔ေ႐ြးခ်ယ္ေတာ့ ဟာ႐ုတိုစိတ္ပူခဲ့ရတာ။သူတေယာက္ထဲသာျမင္ရေလ့ရွိတဲ့ကိုကို႔ရဲ႕မ်က္ႏွာလွလွေလးအားတျခားဘယ္သူေတြကမ်ားတစိမ့္စိမ့္ေငးၾကည့္ေနၾကမလဲဆိုတဲ့အေတြးေတြကႏွိပ္စက္လွတာမို႔ ဟာ႐ုတိုစာကိုအေသအလဲႀကိဳးစားၿပီးကိုကိုရွိတဲ့တကၠသိုလ္ဆီအေရာက္လာခဲ့သည္။

နီးစပ္ဖို႔ဘဝတေလွ်ာက္ႀကိဳးစားလာခဲ့သမွ်က အခုမိနစ္ပိုင္းေလးအတြင္းမွာပဲပ်က္သုန္းသြားခဲ့ရတယ္တဲ့ေလ။

ေလပူေတြအားမႈတ္ထုတ္လိုက္ရင္း ေက်ာင္းေခါင္းမိုးထပ္ကခုံတန္းလ်ားေလးမွာဝင္ထိုင္လိုက္သည္။စိတ္ရႈပ္လြန္းတာမို႔ဆံပင္ကိုဆြဲဖြပစ္လိုက္ရင္း ေဘာင္းဘီအိတ္ထဲကေဆးလိပ္ဗူးေလးကိုထုတ္ယူလိုက္သည္။
ေဆးလိပ္မီးကိုၿငိလိုက္ၿပီးေနာက္ တခ်က္ရွိုက္လိုက္ရင္းမီးမေသေအာင္ဖြာေနလိုက္ေတာ့ အေငြ႕ေတြနဲ႕အတူမီးဖြာရဲရဲေတြကေဆးလိပ္ဖင္မွာထြက္လာေတာ့တယ္။

ထိုေတာ့မွ စိတ္တိုင္းက်ဖြာၿပီး မီးခိုးေတြကိုႏွာေခါင္းထဲကလႊင့္ထုတ္လိုက္ရင္းသက္ျပင္းအသာခ်လိဳက္မိေတာ့တယ္။

က်ေနာ့္ကိုအမုန္းေတြေပးၿပီးပစ္ပစ္ခါခါႀကီးေတြေတာ့မလုပ္ပါနဲ႕ ကိုကိုရာ။

****************************************

ထြက္ခြါသြားၿပီျဖစ္တဲ့ထိုေကာင္ေလးေၾကာင့္တတန္းလုံးအၾကည့္ေတြကဂြၽန္ဂယူ႕ဆီစုပုံလာေတာ့တယ္။

သူတို႔မေျပာနဲ႕။ကိုယ္တိုင္ေတာင္အိမ္နီးနားခ်င္းညီေလးတေယာက္ဆီကေနအခုလိုမ်ိဳးပိုးပမ္းခံရလိမ့္မယ္လို႔ေယာင္လို႔ေတာင္အိပ္မက္ထဲမမက္ဖူးခဲ့တာရယ္ပါ။

အခုသူ႕ခံစားခ်က္ေတြကေရာေထြးေနတယ္။ရွက္စိတ္နဲ႕အံ့ဩေနတဲ့စိတ္ေၾကာင့္ ေခါင္းကိုသာငုံ႕ခ်လိဳက္ရင္း ကိုယ့္စာကိုယ္အာ႐ုံစိုက္ခ်င္ေယာင္ေဆာင္ထားလိုက္ရေတာ့တယ္။

အာ့လိုမွန္းသိရင္ငယ္ငယ္တုန္းက ကိုယ္တုံးလုံးခြၽတ္ၿပီးေရတူတူမခ်ိဳးခဲ့ပါဖူး။

ကိုယ့္အေတြးေတြကေပါက္ကရေတြျဖစ္ေနမွန္းသိေပမဲ့ ရပ္တန့္ဖို႔မႀကိဳးစားမိခဲ့။
ဟာ႐ုတိုရဲ႕စိတ္ရင္းအမွန္ကိုသိလိုက္ရတဲ့အခါ ဂြၽန္ဂယူရဲ႕အေတြးေတြကေပါက္ပမ္းေလးဆယ္ေတြျဖစ္ကာေယာက္ယက္ခတ္လာရေတာ့တာ။ေဒါသစိတ္ေတြရွိမေနပဲ ဒီအတိုင္းအရွက္အေၾကာက္ႀကီးေနတဲ့စိတ္ေၾကာင့္မ်က္ႏွာတဝိုက္မွာလဲရဲပေတာင္းခတ္ေနရွာသည္။

ပိုဆိုးတာကတေက်ာင္းလုံးရဲ႕kingျဖစ္တဲ့ထိုကေလးရဲ႕ေကာင္းမႈေၾကာင့္ဒီသတင္းကအေႏွးနဲ႕အျမန္တေက်ာင္းလုံးနီးပါးသိကုန္ေတာ့မွာပဲေလ။
ေဝးလားဝါးလားလုပ္ၿပီးေပ်ာ္ပါးတတ္တဲ့သူမလို႔ ထိုသတင္းေၾကာင့္အာ႐ုံစိုက္ခံရရင္တပတ္ေလာက္ကၿငိမ္ကုပ္ေနရမွာျဖစ္သည္။

ပူထူလာတာမို႔ဆံပင္ေတြကိုဖြပစ္လိုက္ရင္း ဒီကိစၥေတြကိုစတင္ခဲ့တဲ့ပတ္ဂ်ီဟြန္းကိုသာေမတၱာထိုင္ပို႔ေနလိုက္ေတာ့တယ္။

မ်က္ႏွာႀကီးနီျမန္းေနၿပီး ပြစိပြစိလုပ္ေနတဲ့သူ႕ကိုၾကည့္ၿပီးအတန္းထဲကေက်ာင္းသားေတြကမွတ္ခ်က္ကိုယ္စီေပးၾကေတာ့တယ္။

"ဂြၽန္ဂယူေတာ္ေတာ္ေဒါသထြက္ေနတာမလား မ်က္ႏွာကနီရဲေနတာပဲ"

"သူလဲအံ့ဩသြားမွာေပါ့"

"ငါေတာ့ဒီသတင္းကိုေက်ာင္းpageမွာတင္ေစခ်င္ေနၿပီ"

အစရွိတဲ့မွတ္ခ်က္ေတြနဲ႕တင္ ဂြၽန္ဂယူ႕ေခါင္းကိုဆင္းနင္းေနတဲ့ခံစားခ်က္ႀကီးကိုရရွိေနၿပီျဖစ္သည္။

"အာမင္~ ဒါေတြအားလုံးအိပ္မက္ပဲျဖစ္ပါေစ"

****************************************

ညစာစားဖို႔ေအာက္ဆင္းေတာ့ အေမကဂြၽန္ဂယူ႕ကိုအံ့ဩတႀကီးၾကည့္ေနရွာသည္။အမွန္ဆိုဒီအခ်ိန္က ဟာ႐ုတို႔အိမ္မွာစာလုပ္ဖို႔ဆိုတဲ့အေၾကာင္းျပခ်က္ျဖင့္ရွိေနရမွာမလား။

ဒါေပမဲ့ အခုခ်ိန္အထိမသြားတဲ့အျပင္ညစာကိုေတာင္ဒီမွာစားဖို႔လုပ္ေနတဲ့သူ႕ေၾကာင့္သတင္းစာဖတ္ေနတဲ့အေဖကေတာင္သူ႕ကိုတခ်က္လွမ္းၾကည့္ကာအကဲခတ္ေနေလရဲ႕။

"ဟာ႐ုတို႔အိမ္မသြားဖူးလား"

"မသြားေတာ့ဖူး"

မုန္လာဟင္းရည္ကိုခပ္ေသာက္ရင္း ဂြၽန္ဂယူ႕အေျဖျပန္ေပးလိုက္ေတာ့ အေမကေခါင္းတၿငိမ့္ၿငိမ့္။

"ရန္ျဖစ္ထားၾကျပန္ၿပီလား ညီကိုႏွစ္ေယာက္"

"မ မျဖစ္ပါဖူး "

ညီကိုႏွစ္ေယာက္ဆိုတဲ့စကားေၾကာင့္ဂြၽန္ဂယူစကားေတြေတာင္မွားကုန္ေတာ့မလို႔။ဒီေန႕ပဲသူ႕ညီေလးလို႔သေဘာထားတဲ့ကေလးက ညီေလးမျဖစ္ခ်င္ေၾကာင္းသြယ္ဝိုက္ေျပာသြားတာမလား။

"ရန္မျဖစ္ၾကနဲ႕ေနာ္ ေမေမမႀကိဳက္ဖူး ကိုယ့္ညီေလးကိုလဲအလိုလိုက္..."

"ေမေမ!!"

ဂြၽန္ဂယူေအာ္လိုက္တာမို႔ အေမကစကားစျပတ္သြားေတာ့တယ္။ဂြၽန္ဂယူစိတ္တိုလာၿပီ။အခုေမေမကဟာ႐ုတို႔အေမလား၊သူ႕အေမလားမသဲကြဲဖူး။

"ေမေမကဟာ႐ုတို႔​ေမမလား သားေမေမလား"

"အန္တီ~"

႐ုတ္ခ်ည္းအေရွ႕ဘက္တံခါးဝကေနၾကားလိုက္ရတဲ့ဟာ႐ုတိုရဲ႕အသံ။

အသံၾကား႐ုံနဲ႕တင္ ဂြၽန္ဂယူမေနတတ္မထိုင္တတ္ေတြျဖစ္လာကာ စားလတ္စထမင္းကိုသာအျမန္ပါးစပ္ထဲထိုးသြတ္ေနလိုက္သည္။မ်က္ႏွာနီျမန္းေနမယ္ဆိုတာသိေပမဲ့ ပါးစပ္ထဲထည့္ေနတဲ့ထမင္းေတြကိုမရပ္တန့္မိ။

"ေဟာ ဟာ႐ုေလး ကိုကို႔ကိုလာေခၚတာလားသားကိုကိုကဒီေန႕ဘာျဖစ္ေနတာလဲမသိပါဖူး ဆက္ဆက္ထိမခံနဲ႕"

"ေမေမ!!"

ထမင္းပလုတ္ပေလာင္းနဲ႕ျပန္ေအာ္ေနတဲ့ဂြၽန္ဂယူကခ်စ္ဖို႔ေကာင္းတာမို႔ ဟာ႐ုတိုၿပဳံးမိသြားေတာ့တယ္။ကိုကိုကသူ႕အၿပဳံးေတြကိုအသက္ဝင္ေစတဲ့လူသားတစ္ဉီးမ်ားလားေလ။

"ေခါက္လိုက္ရင္နာေတာ့မယ္ကင္ဂြၽန္ဂယူ!!"

အေျပာကေနာက္က်သည္။လက္ကဂြၽန္ဂယူေခါင္းေပၚကိုေရာက္ႏွင့္ၿပီးေနၿပီ။

"ေခါက္ၿပီးေနပါၿပီေမေမရာ"

နာသြားတဲ့ေခါင္းကိုပြတ္ရင္းမ်က္ေစာင္းတထိုးထိုးနဲ႕ရန္ေတြ႕ေနလိုက္ေတာ့တယ္။

သူ႕အျဖစ္ကိုၾကည့္ၿပီးရီေနတဲ့ဟာ႐ုတိုေၾကာင့္ အဆစ္အေနနဲ႕မ်က္ေစာင္းပိတ္ထိုးၿပီးအေပၚထပ္ကိုေျပးတက္သြားလိုက္ေတာ့တယ္။

"ဟဲ့ထမင္းကုန္ေအာင္စားသြားေလ!!"

"မစားဖူးဗ်ာ အာ့မွာေမြးစားသားကိုပဲေကြၽးလိုက္ေတာ့"

ကိုကိုဟာေလ။ဟာ႐ုတိုမယ္ကိုကို႔စကားေၾကာင့္ေအာ္ရီပစ္ခ်င္ေတာ့တာပဲ။စကားကိုဘယ္လိုေတြေျပာခ်ေနသလဲဗ်ာ။

"သားထမင္းစားသြားပါလား"

"က်ေနာ္စားခဲ့ၿပီးပါၿပီအန္တီ"

"ေအးပါေအးပါ!စားၿပီးရင္လဲ၊ ဒါနဲ႕သားတို႔ညီကိုေတြရန္ျဖစ္ထားၾကတာလား"

"မျဖစ္~ျဖစ္ပါဖူး"

ညီကိုဆိုတဲ့အန္တီ့စကားႀကီးေၾကာင့္ ႐ုတ္တရက္ဘာျပန္ေျပာရမွန္းမသိပဲစြံ႕အသြားခ်င္တဲ့အထိပဲ။ကိုကို႔ကိုစျမင္ကတည္းက ကိုယ့္ရဲ႕အကိုတေယာက္လို႔တခါမွမေတြးခဲ့ဖူးတာမို႔ ကိုယ့္အေတြးကိုယ္မလုံမလဲျဖစ္သြားေတာ့တယ္။ရွက္ကိုးရွက္ကမ္းျဖင့္နား႐ြက္ေနာက္ကဆံပင္ေတြကိုပြတ္ဆြဲေနလိုက္ေတာ့တယ္။

"က်ေနာ္အေပၚသြားလိုက္ပါအုံးမယ္"

"ဟုတ္ပါၿပီ မုန့္စားခ်င္တယ္ဆိုလဲေျပာေနာ္အန္တီလာပို႔ေပးမယ္"

"ဟုတ္"

အရိုအေသျပဳလိုက္ရင္း ကိုကို႔အိပ္ခန္းရွိရာအေပၚထပ္ကိုလိုက္သြားလိုက္ေတာ့တယ္။

အခန္းတံခါးကိုသုံးခ်က္ေခါက္လိုက္ေတာ့တံခါးဖြင့္ေပးလာတဲ့ကိုကို။သူ႕ကိုျမင္ေတာ့အၾကည့္ခ်က္ခ်င္းလႊဲခ်သြားေတာ့တယ္။

"ကိုကိုဘာလို႔က်ေနာ့္ကိုမေစာင့္တာလဲ ခါတိုင္းလဲအိမ္အတူတူျပန္ေနၾကပဲကို ၿပီးေတာ့ဘာလို႔က်ေနာ့္အိမ္မလာတာလဲ"

"အာ အာ့တာ ဟိုပတ္ဂ်ီဟြန္းနဲ႕မုန့္သြားစားလိုက္လို႔ပါကြာ မင္းအိမ္မလာတာကလဲဒီေန႕ငါ ~ငါေနသိပ္မေကာင္းလို႔"

ေရွ႕ေနာက္အဆီအေလ်ာ္ရွိမဲ့ဆင္ေျခတခုကိုေပးလိုက္ေတာ့အေရွ႕ကေကာင္ေလးကဆံပင္ေနာက္မွီးကိုပြတ္သပ္ေနကာနား႐ြက္ေတြကနီရဲေနတာ။

"က်ေနာ္~က်ေနာ္ကဟိုကိစၥေၾကာင့္ကိုကိုစိတ္ဆိုးသြားတယ္ထင္ေနတာ ေတာ္~ေတာ္ေသးတာေပါ့ေနာ္"

"အာ အင္း~အင္း"

ႏွစ္ေယာက္သား စကားအထစ္ထစ္နဲ႕ေျပာၿပီးေနာက္ ဘာမွဆက္ေျပာစရာစကားမရွိေတာ့သလိုမ်ိဳးတိတ္ဆိတ္သြားရေတာ့တယ္။ေသခ်ာေပါက္ဂြၽန္ဂယူ႕အတြက္ေနရခက္လြန္းတယ္။

အရင္ကဆိုႏွစ္ေယာက္သားအတူတူရွိေနလိုက္တာနဲ႕ ဂိမ္းအေၾကာင္းျဖစ္ျဖစ္၊ေက်ာင္းမွာpopularျဖစ္တဲ့လူေတြအေၾကာင္းျဖစ္ျဖစ္အေရမရအဖတ္မရစကားေတြနဲ႕အခန္းကိုဆူညံေစခဲ့တာ။

အခုအေျခအေနႀကီးကေသခ်ာေပါက္ႏွစ္ေယာက္လုံးေနရခက္လြန္းကာထြက္ပါေျပးခ်င္မိတဲ့အထိပဲ။

"အာ့တာဆိုက်ေနာ္ျပန္ေတာ့မယ္ေနာ္ ကိုကို"

"အင္း"

အခန္းတံခါးကိုဆြဲဖြင့္ၿပီးထြက္သြားဖို႔လုပ္ေပမဲ့ ဒီအတိုင္းေရေမ်ာေနသလိုမ်ိဳးအေျခအေနကေရွ႕ေလွ်ာက္ႏွစ္ေယာက္လုံးကိုေဝးကြာေစလိမ့္မယ္လို႔ထင္ျမင္မိတယ္။

ထို႔ေၾကာင့္အခန္းတံခါးကိုျပန္ပိတ္လိုက္ကာ ဟာ႐ုတိုျပန္လွည့္လာေတာ့ ကိုကိုကကုတင္ေပၚထိုင္ရက္သားေလးသူ႕ကိုၾကည့္ေနရွာတယ္။မျပန္ေသးဖူးလားဆိုတဲ့အၾကည့္ေလး။

အသည္းယားလာတဲ့စိတ္ေၾကာင့္ကိုကိုထိုင္ေနတဲ့ကုတင္ေရွ႕မွာဒူးတဖက္ေထာင္ကာထိုင္ခ်လိဳက္ေတာ့တယ္။ သိပ္မကြာေတာ့တဲ့အကြာအေဝးမွာကိုကိုရဲ႕မ်က္ႏွာလွလွေလးအားရွင္းလင္းစြာေတြ႕ျမင္ေနရသည္။

မ်က္လုံးျပဴးျပဴးေလးျဖင့္ၾကည့္ေနတဲ့ကိုကိုေၾကာင့္ဟာ႐ုတိုရဲ႕ျမတ္နိုးစိတ္ေတြကယိုဖိတ္လာေတာ့တယ္။

"ဆိုလ္းတကၠသိုလ္မွာတက္ရတဲ့အေၾကာင္းျပခ်က္ကအမွတ္ေကာင္းလို႔လဲမဟုတ္သလို၊ေကာင္မေလးေတြထားခ်င္လို႔လဲမဟုတ္ဖူး ကိုကို႔ကိုစိတ္မခ်လိဳ႕"

"..."

"က်ေနာ္ငယ္ငယ္ထဲကကိုကို႔အနားမွာအရိပ္အေျခၾကည့္ၿပီးေနခဲ့တာက ကိုကို႔မ်က္စိအေရွ႕မွာက်ေနာ္ကလိမ္လိမ္မာမာနဲ႕ႀကီးျပင္းလာတဲ့လူတေယာက္လို႔ျမင္ေစခ်င္လို႔..."

"က်ေနာ္ဒီစကားေတြေျပာေနလို႔ကိုကို႔အေပၚအထင္ေသးတာလဲမဟုတ္ရပါဖူး ကိုကိုကက်ေနာ့္အတြက္အမ်ားႀကီးတန္ဖိုးရွိပါတယ္
.
.
.
ၿပီးေတာ့က်ေနာ္ဒီစကားေျပာဖို႔အတြက္အမ်ားႀကီးအားတင္းထားခဲ့ရတာမို႔"

"က်ေနာ့္ကိုမခ်စ္နိုင္ရင္ေတာင္မုန္းေတာ့မမုန္းလိုက္ပါနဲ႔"

ဒူးေထာက္ထိုင္ေနရင္း သူ႕ရင္ဘတ္ထဲကခံစားခ်က္ေတြကိုေလးနက္စြာေျပာျပေနေတာ့ ကိုကိုကမ်က္လုံးေတြရီေဝေနကာဟာ႐ုတို႔စကားေတြကိုနားေထာင္ေပးေလရဲ႕။

အၿမဲတမ္းနမ္းရွိုက္ခ်င္ခဲ့မိတဲ့ကိုကို႔ရဲ႕ပါးေဖာင္းေဖာင္းေလးဆီကိုႏွာဖ်ားေလးထိကပ္႐ုံတိုးဝင္လိုက္ရင္း လာဗင္ဒါအနံ႕ေလးကိုရႈရွိုက္ေနမိေတာ့တယ္။

ငါးစကၠန့္ေလာက္ထိကပ္႐ုံနမ္းၿပီး ျဖည္းျဖည္းသာသာခြါလိုက္ေတာ့ကိုကိုကမ်က္လုံးမွိတ္ထားရကေနတျဖည္းျဖည္းဖြင့္လာေတာ့တယ္။

"ခ်စ္တယ္ကိုကို"

က်ေနာ့္ရဲ႕စိတ္ႏွလုံးသားေလးဆက္ရွင္သန္ဖို႔ မခါးသပ္တဲ့ေဆးကုထုံးေလးပဲေပးပါ...ေနာ္။

****************************************

"ငါေျပာပါတယ္ မင္းကိုကရိုးသားလြန္းေနတာ အာ့ေကာင္ေလးမင္းကိုႀကိဳက္ေနတယ္ဆိုတာမင္းပဲမသိတာ"

"ေအးေလ ေႁမြေႁမြခ်င္းေျချမင္တာေပါ့"

ဂြၽန္ဂယူမေက်မနပ္ေျပာလိုက္ေတာ့ အရွိုက္ထိသြားတဲ့ပတ္ဂ်ီဟြန္းမွာ ဆက္ေတာင္မေျပာနိုင္ေတာ့ပဲအေရွ႕က sodaကိုေမာ့ခ်လိဳက္ေတာ့တယ္။

ပတ္ဂ်ီဟြန္းက အားကစားနည္းျပဆရာဟြၽန္းေဆာ့ကိုႀကိဳက္ေနတာလူတိုင္းသိတဲ့ကိစၥမဟုတ္ပါလား။

ကိုယ့္ဘာကိုယ္ေတာင္မေန႕ကတုန္းက ဟာ႐ုတိုေျပာသြားတဲ့စကားေတြေၾကာင့္ေကာ္ဖီမေသာက္ပဲနဲ႕ရင္တုန္သလိုမ်ိဳးခံစားေနရတာ။

ခံစားခ်က္ေတြကိုနားဝင္ေအာင္ျဖည္းျဖည္းခ်င္းေျပာျပေနတဲ့ ဟာ႐ုတိုရဲ႕မ်က္လုံးေတြကတစိမ့္စိမ့္ေငးခ်င္စရာေကာင္းေလာက္ေအာင္စြဲေဆာင္မႈရွိခဲ့တာ။သူ႕ပါးျပင္ကိုနမ္းလိုက္တဲ့အခ်ိန္မွာရလာတဲ့ သစ္ခြပန္းအနံ႕ေလးေၾကာင့္သူ႕ရင္ဘတ္ထဲကတဒိတ္ဒိတ္ျဖင့္ခုန္ေပါက္ေနတာ။

သူကိုယ္တိုင္ ထိုေကာင္ေလးရဲ႕အခ်စ္ေတြကိုခံစားမိေနခဲ့တာမို႔ အခ်စ္ဆိုတဲ့အရာကိုနားလည္သေယာင္ရွိလာၿပီထင္ပါရဲ႕။

"ဟိုဟာက queenမီနာမလား ဟာ႐ုတိုကိုဘာေပးေနတာလဲ"

ကန္တင္းထဲကလူေတြအကုန္လုံးကလဲ အျပင္မွာမတ္တပ္ရပ္ေနတဲ့ kingနဲ႕queenကိုတလွည့္၊တေလာကမွနာမည္ႀကီးသြားတဲ့ဂြၽန္ဂယူကိုတလွည့္ၾကည့္ကာ တီးတိုးေျပာေနၾကေတာ့တယ္။

ဂြၽန္ဂယူအာ့တာေတြကိုအာ႐ုံမထားမိေသး။စကားရပ္ေျပာေနၾကတုန္းျဖစ္တဲ့ဟာ႐ုတိုနဲ႕မီနာတို႔ကိုသာ ၾကည့္ေနမိသည္။

သူ႕ရင္ဘတ္ထဲေနလို႔မေကာင္းဖူး။ဟာ႐ုတိုနဲ႕အာ့ဒီမိန္းကေလးကသိပ္ကိုလိုက္ဖက္လြန္းေနတာမို႔ ဂြၽန္ဂယူ႕စိတ္ထဲဝမ္းသာေပးရမဲ့အစား စိတ္ေတြရႈပ္လာမိေတာ့တယ္။

"ေဟ့ေကာင္ မင္းသဝန္တိုေနတာလား"

"တိုစရာလား သူ႕ဘာသူဘာျဖစ္ျဖစ္ငါနဲ႕ဘာမွမဆိုင္ဖူး"

"ေအာ္ ေအာ္ ေျပာေနတဲ့ပုံကိုကသိပ္သဝန္မတိုရွာပါဖူး"

ပတ္ဂ်ီဟြန္းေရသိေနရင္လဲတိတ္ေနလိုက္ပါေတာ့လားကြာ။ဟုတ္တယ္လို႔ ဟိုအေရွ႕ကငတုံးေလးေရ၊ငါသဝန္တိုေနတာဟ။

ဟင္း~သဝန္တိုတဲ့ခံစားခ်က္ကဒီလိုမ်ိဳး ကသိကေအာက္ျဖစ္စရာႀကီးတဲ့လား။

"ဟိုမွာလာေနၿပီ"

ကန္တင္းထဲဝင္လာတဲ့ဟာ႐ုတိုေၾကာင့္ဂြၽန္ဂယူထသြားဖို႔ျပင္ေပမဲ့ ပတ္ဂ်ီဟြန္းကအားျဖင့္ဆြဲထားတာမို႔သူ႕မွာဖင္နဲ႕ခုံကဆက္ထားတဲ့အတိုင္းႂကြလို႔ေတာင္မရေပ။

"ဟာ႐ုတို ဒီလာထိုင္ေလကြာ"

ဂ်ီဟြန္းေခၚလိုက္ေတာ့မွေတြ႕သြားတဲ့ေကာင္ေလးက သူ႕ကိုတခ်က္ေမာ့ၾကည့္ရင္း နား႐ြက္ေတြကရဲပေတာင္းခတ္လာေတာ့တာ။

ေနပါအုံး၊အခုသူကဘာေတြရွက္ေနတာလဲ။

"က်ေနာ္ထိုင္မယ္ေနာ္ ကိုကို"

ထိုင္ဖို႔အေရးသူ႕ကိုခြင့္ေတာင္းေနတဲ့သူ႕ေၾကာင့္ ဂြၽန္ဂယူအျမင္ကပ္လာရသည္။ဘာစကားမဆိုပဲ မွာထားတဲ့ chocolate milkဗူးကိုပဲအာ႐ုံစိုက္ေသာက္ေနလိုက္သည္။

ထိုင္ခြင့္မေပးေသးတဲ့ကိုကို႔ေၾကာင့္ဟာ႐ုတိုမတ္တပ္ရပ္လ်က္သားျဖင့္ဘာလုပ္ရမလဲမသိျဖစ္ေနတုန္း အကိုဂ်ီဟြန္းကလက္ကိုဆြဲခ်လိဳက္တာမို႔ခုံေပၚထိုင္လ်က္သားျဖစ္သြားရေတာ့တယ္။

"ဘာေသာက္မလဲဟာ႐ုတို မွာေလ"

"ကိုလာ"

"ကိုကိုလာေအာင္ကိုလာတဗူး!!!!"

အသံက်ယ္ႀကီးနဲ႕ေအာ္ခ်လိဳက္တဲ့အကိုဂ်ီဟြန္းေၾကာင့္ဟာ႐ုတိုမယ္မ်က္လုံးအဝိုင္းသားျဖစ္ၿပီးေက်ာက္႐ုပ္လိုေတာင့္တင္းသြားေတာ့တယ္။ မ်က္စိအေရွ႕ကကိုကိုကလဲမ်က္ႏွာကိုေဖာ္မလာေတာ့ပဲနား႐ြက္ကေလးေတြကေတာ့နီရဲေနေတာ့တယ္။

သူကဒီအတိုင္းသေဘာရိုးနဲ႕ေသာက္ေနက် ကိုလာကိုပဲမွာလိုက္တာပါ။အကိုဂ်ီဟြန္းကအခုလိုေျပာလိုက္ေတာ့...။

မ်က္ႏွာငယ္ေလးျဖစ္သြားတဲ့ဟာ႐ုတိုကိုၾကည့္ၿပီး ဂ်ီဟြန္းမယ္ရီပစ္ခ်င္တာ။အာ့ေလာက္ေတာင္မွကင္ဂြၽန္ဂယူ႕ကိုေၾကာက္ရသလားေလ။

"ပတ္ဂ်ီဟြန္း မင္းေနာက္မွေသဖို႔ျပင္!!"

နို႔ဗူးကိုဆြဲၿပီးေျပးထြက္သြားတဲ့ဂြၽန္ဂယူကမ်က္ႏွာႀကီးနီရဲေနကာအေနာက္ကိုလုံးဝလွည့္မၾကည့္။

မ်က္ႏွာငယ္ေလးနဲ႕က်န္ခဲ့တဲ့ဟာ႐ုတိုအားၾကည့္ရင္းသနားလာတာမို႔ဂ်ီဟြန္းကူညီေပးဖို႔ဆုံးျဖတ္လိုက္သည္။

"ေဟ့ေကာင္ လိုက္သြားလိုက္ေလ"

"မလိုက္ေတာ့ပါဖူး က်ေနာ္လာကတည္းကကိုကိုကသေဘာက်ပဳံမရတာ"

ဒူလိုက္တဲ့ေကာင္ေလးပါလားလို႔ဂ်ီဟြန္းေတြးလိုက္မိတယ္။

သူတို႔ႏွစ္ေယာက္ၾကားကိုယ္တိုင္ဝင္မကူညီလို႔မျဖစ္ေတာ့ဖူးလို႔ထင္မိလိုက္တာမို႔ဟာ႐ုတိုကိုပခုံးကဆြဲဖက္ကာ...

"ငါေျပာတာနားေထာင္ သူမင္းကိုႀကိဳက္ေနတာေသခ်ာတယ္ကြာ ခုနကမင္းနဲ႕မီနာစကားေျပာေနတုန္းကသဝန္ေတြတိုၿပီးမႈန္ကုပ္ေနတာ"

"ဗ်ာ"

"မဗ်ာနဲ႕ သြား အခုလိုက္သြားၿပီးအေျဖတခါထဲေတာင္းခဲ့လိုက္ သြား!!"

သူ႕ကိုတြန္းလိုက္တာမို႔ဟာ႐ုတိုမတ္တပ္ရပ္လ်က္ျဖင့္ေၾကာင္ေတာင္ေတာင္ျဖစ္သြားရေတာ့တယ္။
ဒါကိုမွသူ႕ကိုသြားေလဆိုၿပီး မ်က္ႏွာရိပ္မ်က္ႏွာကဲျပေနတာမို႔ ဟာ႐ုတိုေလပူေတြကိုမႈတ္ထုတ္လိုက္ကာကန္တင္းထဲကေျပးထြက္သြားေတာ့သည္။

အရွိန္နဲ႕ေျပးလာတာမို႔ ခဏေလးနဲ႕တင္ တလႈပ္လႈပ္ျဖင့္လမ္းေလွ်ာက္ေနတဲ့ကိုကို႔ကိုအားကစားကြင္းနားမွာေတြ႕လိုက္ရေတာ့တယ္။

"ကိုကိုခဏေနပါအုံး!!"

သူ႕အသံၾကားေတာ့လွည့္ၾကည့္လာတဲ့ကိုကိုကမ်က္ေမွာင္ေအာ္တိုႀကဳံ႕သြားကာေရွ႕ကိုဆက္ေလွ်ာက္သြားသည္မို႔ဟာ႐ုတိုေျခေထာက္ေတြကိုပိုၿပီးအလုပ္ေပးလိုက္ေတာ့တယ္။

မွီသြားေတာ့မွပုခုံးကေနဆြဲလွည့္လိုက္ကာ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လုပ္ၿပီး....

"ခုနကမီနာနဲ႕စကားေျပာေနတာကေလ~သူႀကိဳက္ေနတဲ့ေကာင္ေလးကက်ေနာ္တို႔အတန္းထဲကမို႔လို႔တဲ့၊ က်ေနာ့္ကိုဒီစာေပးခိုင္းလို႔က်ေနာ္လဲကူေပးမယ္လို႔ေျပာၿပီးကိုကိုတို႔ဆီေရာက္လာတာ ကိုကိုက်ေနာ့္ကိုအထင္မလြဲပါ..."

တရစက္ေျဖရွင္းေနတဲ့ဟာ႐ုတိုေၾကာင့္ဂြၽန္ဂယူဟာ႐ုတိုရဲ႕ပါးစပ္ကိုလက္ျဖင့္ပိတ္ထားလိုက္ေတာ့တယ္။

"ငါမေမးပဲဘာလို႔ေျဖေနတာလဲ"

လက္ကိုျပန္႐ုတ္လိုက္ေတာ့ တဖန္ျပန္ဆြဲယူလိုက္တဲ့ဟာ႐ုတိုရဲ႕လက္ေတြ။

"ကိုကိုကသဝန္တိုသြားတာတဲ့ အကိုဂ်ီဟြန္းကေျပာတယ္"

ဒီပတ္ဂ်ီဟြန္းကေတာ့အကုန္လုံးကိုလိုက္ေျပာျပေနမွျဖစ္မွာလားမသိ။
မ်က္စိအေရွ႕ကေကာင္ေလးကလဲသူစိတ္မဆိုးဖူးလို႔မေျဖမခ်င္းလက္ကိုလႊတ္ေပးမည့္ပုံမရ။အတင္းဆြဲထားတဲ့အျပင္ ႏူးႏူးညံံ့ညံ့ေတြၾကည့္ေနတာမို႔ ဂြၽန္ဂယူအၾကည့္ေတြကတသမတ္ထဲမရွိေနပဲ ဟိုေငးဒီေငးျဖင့္လႊဲထားရေတာ့တယ္။

ေတာ္ေသးတာကအားကစားကြင္းကိုလူအလာနည္းတာေၾကာင့္ ျဖတ္သြားျဖတ္လာတေယာက္စ၊ႏွစ္ေယာက္စေလာက္ကသာသူတို႔အျဖစ္ကိုျမင္ၾကမွာျဖစ္သည္။

"စိတ္မဆိုးဖူး သဝန္လဲမတိုလို႔လႊတ္ေပးေတာ့"

"က်ေနာ့္ကိုဟိုမေရာက္၊ဒီမေရာက္အေျခအေနႀကီးေတာ့မလုပ္နဲ႕ေလကိုကိုရာ တိက်တဲ့အေျဖတခုခုေလာက္ေတာ့ေပးပါေနာ္ ကိုကို႔ဆုံးျဖတ္ခ်က္တိုင္းကိုက်ေနာ္အေလးထားပါ့မယ္"

သူ႕လက္ကိုဆုတ္ကိုင္ထားရင္းအေလးအနက္ေျပာေနတဲ့ဟာ႐ုတိုေၾကာင့္ဂြၽန္ဂယူရင္ေတြခုန္လာကာ မ်က္ႏွာေဖာင္းေဖာင္းေလးကနီရဲလာေတာ့တယ္။

"ေကာင္း~ေကာင္းၿပီေလ မင္းရဲ႕အျပဳအမူေပၚၾကည့္ၿပီးအေျဖေပးသင့္မေပးသင့္စဥ္းစားေပးမယ္"

သူ႕အေျဖကိုသေဘာက်သြားတဲ့ဟာ႐ုတိုကၿပဳံးျပလာၿပီး ေက်ေက်နပ္နပ္ႀကီးေခါင္းၿငိမ့္ကာလက္ကိုလႊတ္ေပးလာေတာ့တယ္။

"ကိုကိုက်ေနာ့္ကိုခ်စ္လာဖို႔ႀကိဳးစားပါ့မယ္"

"ဒါကေတာ့မင္းအပိုင္းပဲ ငါသြားၿပီ"

"လိုက္ပို႔ေပးမယ္"

သေဘာပဲဆိုၿပီးအေရွ႕ကထြက္သြားတဲ့ကိုကို႔ရဲ႕အေနာက္ကေနအနည္းငယ္ခြါေလွ်ာက္ၿပီးလိုက္လာခဲ့ေတာ့သည္။အတန္းထဲကထိုင္ခုံတြင္ဝင္ထိုင္ၿပီဆိုေတာ့မွသူ႕အတန္းဆီကိုျပန္သြားေတာ့တယ္။

အာ့ကစလို႔ သာမန္ေန႕ေတြကလိုလုပ္ေနၾကအတိုင္း မုန့္နဲ႕အေအးေတြပို႔ေပးတယ္။ညဘက္ေတြဆိုကိုကို႔အိမ္မွာစာအၿမဲလုပ္ျဖစ္တယ္။ေဆးလိပ္ေတြတအားမေသာက္နဲ႕ဆိုတဲ့ကိုကို႔ေၾကာင့္တလေနလို႔မွတလိပ္၊ႏွစ္လိပ္ေသာက္ျဖစ္ေတာ့တယ္။

ေျပာစကားနားေထာင္တဲ့ဟာ႐ုတိုအားသိသိသာသာအခြင့္အေရးေပးခဲ့တဲ့ကိုကို႔ေၾကာင့္ပိုၿပီးသတၱိရွိလာတယ္။

ဒီလိုနဲ႕ပဲ ပထမဆုံးခ်စ္သူျဖစ္ခြင့္ရတဲ့နိုဝင္ဘာ၂၃ရက္ေန႕မွာကိုကိုကသူ႕အား လိပ္ျပာဆြဲႀကိဳးေလးလက္ေဆာင္ေပးခဲ့တယ္။

တစ္လျပည့္အထိန္းအမွတ္ေန႕မွာဟာ႐ုတိုကကိုကို႔အတြက္လြယ္အိတ္ေလးကိုလက္ေဆာင္ေပးခဲ့တယ္။

၅ႏွစ္ျပည့္တဲ့ေန႕မွာေတာ့ဟာ႐ုတို ကိုကို႔ကိုလက္ထပ္ခြင့္ေတာင္းခဲ့ၿပီးႏွစ္ဖက္မိဘေတြကဉီးေဆာင္လို႔လက္ထပ္ေပးခဲ့ၾကတယ္။

၁၀ႏွစ္ျပည့္တဲ့ေန႕မွာ Rubyလို႔ေခၚတဲ့ေၾကာင္ေလးတေကာင္ကိုေမြးထားခဲ့တယ္။ပန္းပင္ေလးေတြႀကိဳက္တတ္တဲ့ကိုကို႔အတြက္ဟာ႐ုတိုကိုယ္တိုင္ေနၾကာပန္းေတြကိုစိုက္ပ်ိဳးေပးခဲ့တယ္။

ယုန္ကေလးေတြေမြးခ်င္တယ္ေျပာေတာ့ ၿခံထဲမွာပဲယုန္ေတြေနဖို႔အိမ္ကေလးကို ကိုယ္တိုင္ေဆာက္ေပးခဲ့ၿပီးျဖည့္ဆည္းေပးခဲ့တယ္။

ညေနတိုင္းကားျဖင့္ေလွ်ာက္လည္ရတာႀကိဳက္တဲ့ကိုကို႔အတြက္ဟာ႐ုတိုအလုပ္ကျပန္လာတိုင္း ၿမိဳ႕ျပင္ဘက္အထိကားထြက္ေမာင္းေပးတတ္တယ္။

တခါတေလကေတာက္ကဆျဖစ္ရတဲ့အခိုက္အတန့္ေတြရွိတတ္တယ္။ကိုကိုထမင္းမစားပဲညအိပ္သြားရင္ စိတ္ပူတဲ့ဟာ႐ုတိုကဆူၿပီး ၂ရက္ေလာက္စကားမေျပာပဲေနတတ္တယ္။အာ့အခါက်ရင္ကိုကိုကခါးတူးေနတဲ့ေကာ္ဖီတခြက္ကိုေဖ်ာ္တတ္သလိုေလးေဖ်ာ္ၿပီး ေခ်ာ့ေတာ့တာပဲ။

ေကာ္ဖီခါးတူးေနလဲခ်စ္တယ္။တပတ္လုံးၾကက္ဉအတူးေလးေတြေၾကာ္ေကြၽးလဲခ်စ္တယ္။ဆံပင္ေ႐ႊဝါေရာင္ေလးေတြကိုလဲျမတ္နိုးမိတယ္။

သေဘာမက်ရတဲ့အရာေတြက ကိုကို႔ဆီမွာျဖစ္တည္လာခဲ့ရင္ေတာ့ က်ေနာ္အႀကိမ္ႀကိမ္ႀကိဳက္ႏွစ္သက္ဖို႔ႀကိဳးစားမိမွာ...။

ကိုကိုေပးတဲ့ေမတၱာေတြကိုလဲယူထားမယ္။ကိုကို႔ကိုေပးတဲ့ေမတၱာေႏြးေႏြးေတြကိုလဲလက္ခံေပးပါ။

****************************************

တစ္ဉီးက တစ္ဉီးကိုခ်စ္တယ္ဆိုတာ ဘုရားစိုက္တဲ့ပန္းကေလးပြင့္လာတာပါ။

တာရာမင္းေဝ
***************************************

The End...

Continue Reading

You'll Also Like

74.6K 3.3K 19
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
791K 29.5K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
169K 17.7K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
158K 5.6K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...