SKIP TIME
တရွေ့ရွေ့နှင့် ကုန်ဆုံးလာခဲ့သည့်အချိန်ကား လိပ်ခုံးကျောင်း (ဆေး၁ )ကြီးကို ခွဲခွာရတော့မည်တဲ့..........
Campus lifeကို အပြည့်အဝခံစားမိစေခဲ့တဲ့ကျောင်းတော်ကြီးက Lobbyထဲရှိ သူငယ်ချင်း၃ယောက်၏ ရယ်မောပျော်ရွှင်သံတွေနဲ့ အမှတ်တရလေးတွေကို သိမ်းထားပေးနိုင်မည်ထင်မိပါ၏......
ဆေးတက္ကသိုလ်တတိယနှစ်သို့ ရောက်ပြီဖြစ်သောကြောင့် လမ်းမတော် ဆေးတက္ကသိုလ် အမှတ်၁ သို့ ပြောင်းရမှာတော့ MBBS Studentတိုင်းတစ်နေ့နေ့ ကြုံတွေ့ရမည့် အခိုက်အတန့်လေးပင်ဖြစ်သည်............
"ရှိုင်းရေ ကျောင်းနောက်ကျတော့မယ် မြန်မြန်လာတော့"
"လာပြီ လာပြီ "
အချိန်ကာလ အားဖြင့် ၁နှစ်နီးပါး ကြာခဲ့လေပြီ ..
မိသားစု၏ နွေးထွေးမှုဆိုသည့် ခံစားချက်လေးက အခုချိန်မှာ အသက်ဝင်စ ကာလအနေအထား၌သာရှိသေး၏....
မိဘ နှစ်ယောက်ရှေ့တွင်သာ တစ်ယောက်နှင့် တစ်ယောက် စိတ်တူကိုယ်တူ ညီအကိုများကဲ့သို့ နေထိုင်ကြရန် သတ်မှတ်ထားခဲ့ကြသော်လည်း အချိန်ကာလ၏ တိုက်စားမှုအရ ထိုသတ်မှတ်ချက်များ ကြာရှည် မတည်မြဲခဲ့ပါ ...ကြာလာသည့် အချိန်ကိုလိုက်၍ တစ်ယောက်နှင့်တစ်ယေက်ညှင်သာစွာ သုံးနှုန်းမှုများက နေရာစိပ်လာ၏....
တစ်ယောက်သောသူ၏ ရန်ငြိုးများကိုတော့ အချိန်ကာလတို့က မတိုက်စားနိုင်ခဲ့ပါ
အရင်ကလို ရန်အမြဲဖြစ်နေသည့် ညီအစ်ကို ၂ယောက် မရှိသောကြောင့်လားတော့မသိ ဒေါ်စန္ဒာမြတ်၏ ရောဂါအခြေအနေမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာ၏.....တစ်ချက်တစ်ချက် မူမမှန်သည်ကလွဲ၍ ဆေးရုံသွားပြနေရသည့် အခြေအနေမျိုးကပါလွတ်မြောက်နိုင်ချေ များလာ၏...
အိမ်ထဲမှ ပြေးထွက်လာသည့် ကလေးငယ်ကာ ခါတိုင်းကဲ့သို့ အလျင်စလိုပင်......
လမ်းမတော် ဆေး၁သို့ပထမဆုံးတက်ရမည့် နေ့ဖြစ်သောကြောင့် ရှိုင်းသော်တာ တစ်ယောက်ပုံမှန်ထက် တက်ကြွနေ၏......
"မြန်မြန်လာ ပထမဆုံးနေ့မှာသာ ကျောင်းနောက်ကျလိုက်ရင် နာမည်ကတော့ လှလိုက်မယ့်ဖြစ်ခြင်း"
"ဟုတ်ပါပြီ ပူညံပူညံလုပ်မယ်ဆိုလည်း ကားမောင်းရင်းလုပ် လောလောဆယ် အိမ်က ထွက်ဖို့အစီစဉ်ရောရှိရဲ့လား"
"ခါးပတ်သေချာပတ် ရှိုင်း"
"အင်း"
ခရေတန်းလေးနှင့်တွဲမြင်မိမှာ သထုံ (ဆေး၁)
Campus lifeအပြည့်အဝ ခံစားရမှာက လိပ်ခုံးကျောင်း (ပြည်လမ်း ဆေး၁)
အုတ်နံရံ နီနီတို့နှင့် နာမည်ကြီးတာ လမ်းမတော် ဆေးတက္ကသိုလ်ပင်ဖြစ်သည်.....
"ဘယ်လိုလဲ ရင်ခုန်နေတာလား ရှိုင်း"
"နည်းနည်းပါ ကျွန်တော်နဲ့ ဒီအငွေ့အသက်တွေက စိမ်းမှ မစိမ်းဘဲ"
" ရှိုင်း တောင် အရွယ်ရောက်လာပြီဘဲ"
" ကျွန်တော် တစ်ယောက်တည်း အရွယ်ရောက်လာတာလား ကို ဟိန်းစက္က"
"ဆိုလိုတာက"
"က်ိုယ်ကိုယ်ကို ရော အသက်ကြီးလာပြီလို့ မထင်ဘူးလား လို့ပြောချင်တာ"
"ကိုယ်ကတော့ ၁နှစ်လောက်လေးနဲ့ အသက်ကြီးလာတယ်လို့ မခံစားရပါဘူး"
"ဒါဆို ကျွန်တော်လည်းဘာမှ မထူးပါဘူး "
"ရှိုင်းက ကျောင်းသားဘဝလေ သိသာတာပေါ့"
"အော် ဟုတ်ပါပြီ ကျွန်တော်ကဘဲ အသက်ကြီးလာတာပါ"
မိမိအား ရွဲ့စောင်းပြောလာသည့် ကလေးငယ်ကြောင့် ခပ်ဟဟ ရယ်မိ၏....ဘာကြောင့်ရယ်မသိ
ထိုကလေးနှင့် အတူရှိနေချိန်တိုင်းတွင် ရန်ရှာ စနောက်ခြင်းများမရှိတော့ သော်လည်း စိတ်ထဲတွင်တော့ အမြဲတမ်းဆွဲချဖို့သာ စဉ်းစားနေမိတုန်းပါဘဲ ...
ထိုကလေး၏ ဆွဲဆောင်လွန်းသည့် နှုတ်ခမ်းဖျားမှ မိမိကြောင့် ပြုံးသွားရသည်ကို မြင်လျှင် ရင်ထဲ၌ အမည်နာမ မရှိသည့် ခံစားချက်လှိုင်းလေးက မိမိ ရုပ်အသွင်၌ ပြုံးရောင်ဟပ်စေ၏.....ထိုသို့ခံစားနေရသည်မှာ လအနည်းငယ်ကြာခဲ့လေပြီ.....
' ငါ ပျော့ညံ့သွားပြီလား ဒီကလေးကို သံယောဇဉ်တွဲမိနေပြီလား
မဖြစ်ဘူး လောကကြီး မှာ ငါသံယောဇဉ် တွယ်လို့မရတာ သူတစ်ယောက်တည်းဘဲ ဖြစ်ခဲ့တာတွေအကုန် ပြန်စဉ်းစားလိုက် ငယ်ငယ်ကတည်းက သူ့ကြောင့် မင်းရဲ့ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာငယ်လေးပျက်ခဲ့ရတာ အခုထိလည်း မင်းဆီက ပျော်ရွှင်မှုတွေ မင်းပိုင်တာတွေ အကုန်လုံးကို တဖြည်းဖြည်းနဲ့ လုနေတာ ဆုံးရှုံးခဲ့တာတွေကို သံယောဇဉ်ဆိုတဲ့ ကြိုးတစ်ချောင်းတည်းနဲ့ ချုပ်တည်းလိုက်နိုင်တာမျိုး မဖြစ်စေရဘူး 'စိတ်ထဲတွင်တော့ မိမိကိုယ်ကို ယုတ်ညံ့သော အတွေးတို့ဖြင့်သာ စိုးမိုးထားသော်လည်း အပြင်ပန်းကတော့ ဆန့်ကျင်ဘက်ပင် . .
"ဟိတ် နေအုံး "
လက်တဖက်အား လှမ်းဆွဲခြင်း ခံလိုက်ရသောကြောင့် အောက်သို့ ဆင်းမည့် ခြေလှမ်းတို့က ရပ်တန့်လျက်
"ရော့ မုန့်ဖိူးယူသွားအုံး"
"ဆေးသောက်မှားလာတာလား ခများ"
"ပေးတာမယူဘဲနဲ့ မေးခွန်းထူနေသေးတယ် မယူဘူးလားပြော"
"မယူတော့ဘူး ခများဘာသာပြန်ယူထားလိုက်တော့"
"ဘာလို့လဲ ကိုယ်က ရှိုင်းတတိယနှစ်ရောက်သွားလို့ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာ"
"တော်ပါဗျာ အရမ်းသဘောကောင်းပြနေရင် ကျွန်တော်မွန်းကြပ်တယ် ပုံမှန်အတိုင်းသာ နေပါဗျာ"
"ဒါဆိုလည်း နေသားကျသွားအောင် နေ့တိုင်းဒီလိုပေးမယ်လေ"
"တော်စမ်းပါဗျာ"
"အဲ့လိုဆိုတော့ ကိုယ် စိတ်တောင်မကောင်းဘူး"
" စိတ်ထဲကမပါတဲ့ စကားတွေ ပြောရတာ ဘယ်တုန်းက အကြိုက်တွေ့သွားတာ "
"ပြောရရင်....
"တော်တော့ ကျွန်တော် ကျောင်းဝန်းထဲဝင်တော့မယ်"
"ဟုတ်ပြီ ညနေကျကိုယ်လာကြိုမယ် ရှိုင်း"
"အင်း သဘောဘဲ"
ဒီလိုပါဘဲ မေးခွန်းမေးပြီး အဖြေပေးချိန်မရလိုက်ဘဲ ဟစိကြီး ကျန်ခဲ့ရတဲ့ အချိန်တွေမှ ကျွန်တော်နဲ့ သူ့ကြားမှာ တစ်ပုံကြီး.......
..............
"ရှိုင်း ...."
ခေါ်သံလာရာလှည့်ကြိုက်တော့ ရင်ထဲအေးမြစေသည့်ရူပကာပိုင်ရှင် ကျက်သရေရှိ အမျိုးသမီးလေးပင်......
ပိတ်ဖောက်ဇာအဖြူလေးနှင့် ချိတ်ထမိန် လိမ္မော်ဖျော့လေးတို့ကို ရိုးရှင်းစွာ တွဲဖက်ဝတ်ဆင်ထားပြီး ဖဲပြားဖြူဖြူက ဖြာကျနေသည့်ပိတုန်းရောင် ကေသာထက်တွင်နေရာယူထား၏....မြင်ရခဲသည့် အပြုံးလှလှက Nikနှင့်ကျွန်တော့်အတွက်သာ ဖြစ်ပေမည်.....
ထိုအမျိုးသမီးလေးက ကျွန်တော့်နှလုံးသား၏ တစ်နေရာတွင်နေရာယူထားနိုင်ခဲ့ပြီထင်ပါရဲ့ .....
အချစ်ဟုသာ နာမည် ပေးလိုက်တော့မည်...ချစ်နေမိပြီ 'ဖြူ'
May Loon Phyu🤍
" ရှိုင်း Nikကို တွေ့မိသေးလား ဖြူ စောစောကတည်းက ရှာနေတာ မတွေ့မိလို့"
"ကိုယ်က အခုမှ ရောက်တာ ဖြူ ရဲ့"
"ဟုတ်လား ဒါဆိုဖြူတို့ အတူရှာကြရအောင်"
"Nik ကကျောင်းကို မရောက်သေးတာရော မဖြစ်နိုင်ဘူးလား "
"မဟုတ်ဘူး ဖြူ ကျောင်းထဲရောက်ခါစက တွေ့လိုက်တယ် "
"ဘယ်တွေ သဝေထိုးနေပြီလဲမသိဘူး"
"ဖြူတို့လည်း ကျောင်းဝန်းထဲ လျှောက်ကြည့်ကြမလား"
"အင်း ကောင်းသားဘဲ ဟိုကောင်နဲ့လည်း တွေ့ရင်တွေ့မှာ"
"လာ သွားကြမယ် "
ကှမ်းပေးလာသည့် လက်တစ်စုံက ကျွန်တော်နှလုံးခုန်သံတွေအား ကမောက်ကမဖြစ်အောင်လုပ်လိုက်လေသလား ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်အထိ....
ခါတိုင်းလည်း ထိုကဲ့သို့ လက်တွဲသွားလာနေကျဖြစ်သော်လည်း ဒီနေ့ကျမှ ဘာလို့ ရင်ဘက်ထဲကအကောင်က အဖြစ်သည်းနေမှန်းကိုတော့ ကျွန်တော်မသိ....ကျွန်တော် ချစ်မိနေပြီထင်ပါရဲ့...
မတုံ့ဆိုင်းဘဲ သူမ လက်လေးကို လှမ်းကိုင်လိုက်ရင်း လမ်းမတော်ဝင်းကြီးထဲ ခြေရာထပ်အောင်လှည့်ပတ်စူးစမ်းခဲ့ရင်း ကိုယ့်နှလုံးခုန်သံလည်း ကိုယ်နားထောင်ရင်းပေါ့......
......................
ကျောင်းပို့ပြီး ဇော်လွင်သန့် နှင့် ချိန်းထားသော နေရာသိူ့ သွားမည်အလုပ် တပည့်ကျော် ရှိန်း ထံမှ ဝင်လာသည့်Message တစ်စောင်ကြောင့် Companyဘက်သို့ လှည့်ပြန်ခဲ့ရတော့၏.....
"တောက်ခ်! ဒီတခါလည်း ဘာထဖြစ်ရပြန်ပြီလဲ"
"မန္တလေးက သံလွင် Project ကို ဆောက်လုပ်ရေးတွေ ရပ်ထားရတယ်Boss ဟိုတစ်ခေါက်က NSဆိုတဲ့လူ ပါလာပြန်ပြီ Boss"
"အဲ့ကောင် ဘာစောက်ဇယားတွေ လာရှုပ်ပြန်ပြီလဲကွာ"
"အဲ့လူက အခု Projectမှာ ရှယ်ယာ အများဆုံး ပိုင်ထားတဲ့လူလို့ပြောတာဘဲBoss "
"ဘာကွ ရှယ်ယာအများဆုံးပိုင်ထားတဲ့လူက ငါလေ ဘယ်လိုလုပ် အဲ့ကောင်ဖြစ်သွားရတာလဲ"
"ကျွန်တော် စုံစမ်းရသလောက်ကတော့ ပထမတုန်းက သူ့ရှယ်ယာတွေက 15%ဘဲပါတာ project စပြီး လအနည်းငယ်ကြာမှ တခြားရှယ်ယာရှင်တွေဆီကနေ ဈေးကောင်းပေးပြီးပြန်ဝယ်လိုက်တာ အခုသူက ရှယ်ယာ အများဆုံး ပိုင်ထားတဲ့လူ ဖြစ်သွားပြီတဲ့ BOSS သူက အခုProjectကို သဘောမတူနိုင်ဘူးတဲ့ "
"နေပါအုံး ရှယ်ယာရှင်တွေကရော ဒီလောက်ကြီးတဲ့ Projectကို သူတို့ရှယ်ယာတွေ လွယ်လွယ်လေးနဲ့ထုတ်ရောင်းတယ်ပေါ့"
"မဟုတ်ဘူး Boss အဲ့လူ ပေးတဲ့စျေးက ပုံမှန်စျေးထက် ၃ဆပိုများလို့ ထုတ်ရောင်းလိုက်ကြတာတဲ့"
"တောက်ခ် ! စောက်ရေးမပါတာကွာ"
"အဲ့ကောင်အကြောင်း ခရေစေ့တွင်းကျ စုံစမ်းလာခဲ့ ရှိန်း "
"ဟုတ်ကဲ့ Boss"
"နေအုံး အဲ့ကောင်က Thaw Won နဲ့ ပက်သတ်မှုရှိလားဆိုတာပါ စုံစမ်းလာခဲ့ "
"ဟုတ်ကဲ့ပါ Boss"
ထိုလူမှာ အရင်တစ်ခေါက်က လေလံပွဲတုန်းကလည်း မိမိတို့ကို ကျော်တက်အနိုင်ယူသွားသောကြောင့် ကောင်းကောင်းကြီးမှတ်မိ၏...
ဘာရန်ငြိုးရှိလို့ ငါ့လုပ်တဲ့အရာတိုင်း ရှေ့ကကန့်လန့်ကန့်လန့် လာဖျက်ဆီးနေရတာလဲ...
ဖြစ်နိုင်ချေ အရှိဆုံးကတော့ တော်ဝင်သွေးဆိုတဲ့ မိန်းမပင်......ငါနဲ့ ပက်သတ်ချင်နေတာ သူတစ်
ယောက်တည်းရှိတာ......
ဟူးးးးးးး
...................
ကျောင်းဆင်းချိန်ဖြစ်သည်မို့ မပြီးပြတ်သေးသည့် အလုပ်တစ်ပုံတစ်ပင်ကို ရုံးခန်းထဲတွင်သာ ချန်ထားခဲ့ပြီး ကလေးအဖေ လုပ်ရန် Companyမှ ထွက်ခွာခဲ့ရတော့သည်........
ကျောင်းရှေ့ရောက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆုံမှတ်တခု၌ ထပ်တူကျသွားရသည့် မျက်ခုံးတန်းများက အတန်ကြာသည်အထိ ဝေးကွာမသွားခဲ့....
"အား ဖြူ ကိုယ်နာတယ်လို့"
" ဘာနာတာလဲအခုမှ •• ဖြူ ကို့စနေတုန်းက ဒီအသံမဟုတ်ဘူး"
"အား Nik ဖြူ့ကို ထိန်းအုံးဟ"
စိတ်နဲ့လူနဲ့ မကပ်သည့်ပုံနှင့် လမ်းလျှောက်နေသည့် Nik ကတော့ ဝဋ်ကျေ တန်းကျေသာ မမာမတင်းသော အသံဖြင့် လှမ်းအော်လိုက်၏
"တော်ကြပါတော့ကွာ ကလေးတွေလည်း မဟုတ်တော့တာကို "
Nik၏ ပုံမှန်မဟုတ်သော အသံကိုကြားမှ ရှိုင်းသော်တာ၏ နားရွက်တို့ကလည်း ဖြူ ၏ လက်ချောင်းများကြားမှ လွတ်မြောက်ခွင့်ရတော့သည်......ပုံမှန်ဆို ကိုယ်တွေထက် ပိုပျော်တတ်သည့် Nikက မနက်ကကျောင်းသို့ရောက်ကတည်းက သိပ်မျက်နှာမကောင်းပေ...
ရှိုင်းသော်တာကား သူဘာဖြစ်နေတာလဲ သိလားဆိုသည့် အထာနှင့် ဖြူ အားမေးငေါ့ပြလိုက်၏
တစ်ဖက်က မိန်းကလေးမှာလည်း ငါလည်း မသိဘူးဟူသော အထာနှင့် ခေါင်းတချက် ရမ်းကာ ပုခုံးတွန့်ပြလာ၏....
"ဘာဖြစ်တာလဲ Nik မနက်ကတည်းက မျက်နှာလည်း မကောင်းပါလား"
ကိုယ့်အတွေးနှင့်ကိုယ် နစ်မြောနေချိန် ဘယ်အချိန်က ရောက်လာမှန်းမသိသည့် ရှိုင်းမှာ သူ့လက်တဖက်ကို မိမိပုခုံးထက်တွင် နေရာယူခိုင်းထားပြီး ကျန် လက်ဖဝါးနု တစ်ဖက်က မိမိပါးတွင်နေရာ ယူထားလျက် ......
"ဘာလဲကွာ စိတ်ကညစ်နေရတဲ့ကြားထဲ"
ပါးပြင်ပေါ်က လက်က အငြိမ်မနေသောကြောင့် စိတ်ရှုပ်လာသဖြင့် သူ့အပေါ် မဆိုဖူးသည့် လေသံမာမာဖြင့် ပြော၍ ထိုလက်ဖဝါးလေးအား ဖယ်ချမိလိုက်ခြင်း.........
သူစိတ်ဆိုးသွားတာလား......
ပုခုံးထက်က လက်ကလေးကပါ အလိုက်တသိနေရာဖယ်ပေးလာသောကြောင့် နောက်လှည့်မကြည့်ဘဲ ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်မိတော့သည်.........
"Nik နေအုံး...Nik
"နေပါစေ ရှိုင်းရယ် သူဘာဖြစ်နေလဲမှ မသိ ခနလောက် လွှတ်ထားပေးလိုက်ပါ"
"ဖြူလည်း ကြားလိုက်တယ်မလား သူကိုယ့်ကို အော်သွားတာ ကိုယ် သူ့ဆီမှာ တခါမှ ဒီလို မဆက်ဆံံရဖူးဘူး"
"အင်းပါ ရှိုင်းရယ် သူလည်း တော်တော်မွန်းကြပ်နေလို့ နေမှာပါ ၀မ်းနည်းမနေပါနဲ့ တော့"
"............."
"လာပါ ရှိုင်း ရယ်"
ကားထဲမှ လူကတော့ အဖြစ်အပျက်တခုချင်းစီကို မျက်တောင်မခတ် ကြည့်နေလိုက်၏ ...
တဖြည်းဖြည်းနှင့် မိမိကားနားသို့ ရောက်လာပေမယ့် ထိုကလေးက မိမိကားကိုပင် မြင်ပုံမပေါ် ဖြူဆိုသည့် မိန်းကလေးနှင့် စကားတအေးအေးပင် သူ့ကိုကြည့်ရတာစိတ်မရှည်တော့ပေ ကိုယ့်ကားကိုတောင် ကျော်သွားလေပြီ အခုချိန်ထိ မိမိရှိနေတာကို သတိမထားမိသေး....
"ရှိုင်း.."
ဖြူနှင့် စကားပြောနေရာမှ နောက်ကနေ ကျောပိုးအိတ်အား လှမ်းဆွဲခြင်းခံလိုက်ရသောကြောင့် ဟန်ပျက်ကာ နောက်သို့ လဲကျသွားမည် ထင်ထားသော်လည်း မိမိကျောပြင်ကား မြေကြီးနှင့်ကပ်နေသည် မဟုတ်တာကိုတော့ မတ်တပ်အနေအထားဖြစ်နေသေးသည့် ကိုယ့်ကိုယ်ကို ကြည့်၍ သိလိုက်၏...
"ဘယ်ကောင်လက်ကမြင်းပြီး ငါ့ကျောပိုးအိတ်ကို လှမ်းဆွဲ.....
ရန်လုပ်ဖို့ လှည့်ကြည့်လိုက်သော် တည်ငြိမ်အေးဆေးနေသည့် မျက်နှာထားက ကျွန်တော့်စကားလုံးများကို နှုတ်ခမ်းဝတွင် ရပ်တန့်သွားစေ၏......
"ဆက်ပြောလေ"
"ခများ ဘယ်တုန်းက ရောက်နေတာလဲ ကျွန်တော်လဲမသိလိုက်.....
"မင်းတို့ ချစ်ကြည်နူး တစ်တီတူးနေကတည်းက ငါရောက်နေတာ"
စကားပြောတာက ခါတိုင်းနှင့်မတူ အေးတိအေးစက်နိုင်လွန်း၏....
"ဟိန်း....
နာမည်တောင် ဆုံးအောင်ခေါ်ခွင့်မရလိုက် သူ့လက်က မိမိနှုတ်ခမ်းပေါ်တွင် ပိတ်ပင် တားဆီးခြင်းကို ခံလိုက်ရ၏...
"ရှင် ဘာလုပ်တာလဲ"
ထိုလူ ၏ လုပ်ရက်ကြောင့် ဖြူ ကတော့ တော်တော်လေး အံ့သြသွားပုံပင် ဒေါသသံအနည်းငယ် စွတ်ကာ ပြောလာသည့် စကားက ဟိန်းစက္ကကို မျက်ခုံးတဖက် ပင့်သွားစေ၏..
"ရှိုင်းက ငါ့ညီလေ မင်းမသိသေးဘူးထင်တယ် မိန်းကလေး"
"ရှင့်ညီ ဆိုပေမယ့် ရှင့်လုပ်ရက်က အကြမ်းဖက်နေသလိုဘဲ အခုချက်ချင်းလွှတ်ပေးလိုက် ရှိုင်းကို"
"အဟက် စကားပြောတာ မာလှချေလား ငါ့ကို အမိန့်လာပေးရအောင်မင်းကိုမင်း ဘာထင်နေတာလဲ"
မိမိရုန်းရင် ရုန်းသလို ပို၍ တင်းကြပ်စွာ ဖိအုပ်ထားခြင်းခံလိုက်ရသလို တဖြည်းဖြည်းနှင့် လူက သူ့ရင်ခွင်ထဲသို့ လုံးလုံးရောက်နေလေပြီ....
"ကျွန်မက ရှိုင်း သူငယ်ချင်း ရှိုင်းကို အနိုင်ကျင့်နေတာကို ဒီအတိုင်း ငြိမ်ကြည့်မနေနိုင်ဘူး"
"ဘာကွ အနိုင်ကျင့်တယ် ဟုတ်လား ငါ့ညီကို ငါက အနိုင်ကျင့်နေတယ်လို့ မင်း ထင်ရင်တော့ ဒီနေရာမှာတင် လဲသေလိုက်တော့ "
"မိုက်ရိုင်းလိုက်တာ"
"ဒီထက်ပိုရိုင်းတာ မကြားချင်ရင် မင်းလစ်လိုက်တော့"
"ရှိုင်းကို လွှတ်လိုက်စမ်း"
"တောက်ခ်! ဘယ်သူ့ကိုလာပြီး အထက်ဆီးသံနဲ့ လာပြောနေတာလဲ အရမ်းကို သတ္တိကောင်းနေတာပေါ့ ဟုတ်လား"
"ရှင်လွှတ်ပေးမှာလား မလွှတ်ပေးဘူးလား"
"မလွှတ်ပေး......အာ့
အခြေအနေက တော်တော်ဆိုးနေပြီဖြစ်သောကြောင့် ကြံရာမရသည့်အဆုံး မိမိပါးစပ်ကိုအုပ်ထားသည့် လူ၏ လက်ဖဝါးအား အားထည့်၍ ကိုက်လိုက်တော့မှ သူ့လက်သူပြန်ရုပ်သိမ်းသွားကာ သွားကာ အကွင်းလိုက်နှင့်သွေးစို့နေသည့် သူ့လက်ဖဝါးသူ ပြန်ကြည့်နေလေ၏
'သွေးတွေ ငါကိုက်လိုက်တာ အရမ်းအားပါသွားလို့လား သွားပြီငါတော့' စိတ်ထဲတွင်တော့ ဘုရားသာ တနေမိတော့၏......
"ရှိုင်း ရရဲ့လား"
ဖြူ ကတော့ စိုးရိမ်တကြီးနှင့်ကျွန်တော့် လက်ကို လှမ်းဆွဲကာ သူ့ဘက်ဆွဲခေါ်လိုက်၏
သူ့လက်ဖဝါးမှ အကြည့်တို့လွှဲ ကာ ကျွန်တော့်ကို ပြန်ကြည့်လာသည့် အကြည့်တို့က ဒေါသ ထွက်ဟန် အနည်းငယ်မှမပါ
'ဘာလဲဟ ဒီပုံစံက သူ့ရဲ့ စိတ်တိုပုံ တစ်မျိုးလား'
"ရှိုင်း ပေါက်စ ကိုယ့်ကို ပြန်ကိုက်တယ်ပေါ့ "
"ဗျာ အဲ့လိုမဟုတ်.......
"လာ ကိုယ့်ဆီကို "
"ဗျာ.....
ပြောရင်းဆိုရင်း သူ့လက်တဖက်က ကျွန်တော့်လက်ကို လှမ်းဆွဲထားလေပြီ ဖြူ ဘက့်ကလည်း ကျွန်တော့်လက်ကို လွှတ်မပေး ...
အခြေအနေက လူနှစ်ယောက်ကြား လက်ဆန့်လျက် အနေအထားကြီးနှင့် လမ်းသွားလမ်းလာ ကျောင်းသူကျောင်းသားများကလည်း ကွက်ကြည့် ကွက်ကြည့်နှင့် .......
"မသွားရဘူး ရှိုင်း"
"ကိုယ့် ဘက်ကိုလာ ရှိုင်း"
"မရဘူးနော် ရှိုင်း"
"လာပါ ကိုယ့်ကလေးလေးက လိမ္မာပါတယ်"
"အ့ နာတယ် လွှတ်ကြပါတော့"
"မင်းလွှတ်ပေးလိုက် ငါ့ညီ လက်နာနေပြီ"
"မလွှတ်ဘူး ရှင့်လက်ထဲ အပါမခံနိုင်ဘူး"
"မင်း ကအပါမခံနိုင်လည်း ငါ့ညီက ငါနဲ့အတူအိမ်ပြန်ရမှာဘဲ"
"မရ......
"တော်ကြပါတော့ "
နှစ်ယောက်လုံးထံမှ ကျွန်တော့်လက်၂ဖက်လုံးကို အားကုန် ဆွဲယူလိုက်ကာ အော်ပြောလိုက်သောကြောင့် နှစ်ယောက်လုံးငြိမ်သက်သွား၏.....
"ဖြူ လည်းအိမ်ပြန်တော့နော် "
"ခများလည်းလာ အိမ်ပြန်ကြမယ်လာတော့"
"ရှိုင်း တခုခုဆို ငြိမ်ခံမနေနဲ့နော် ရဲတိုင်သင့်ရင် တိုင်လိုက်"
"ကျစ်! ဒီစောက်...
"တော်ပါတော့ ကိုကိုရယ် အိမ်ပြန်ကြရအောင်လာ"
ဖြူ၏စကားအား အသိအမှတ်ပြုဟန် ခေါင်းတချက်သာ ညိမ့်ပြလိုက်ပြီး မိမိလူဘက်မှ ကြမ်းတမ်းသော စကားများထွက်မလာစေရန် ဉာဏ်သုံးကာ မရင်းနှီးသည့် အခေါ်အဝေါ်ဖြင့် အချိုသပ်ကာ နှုတ်ပိတ်လိုက်ခြင်းကြောင့် ထွက်လာမည့် စကားလုံးတို့က ရပ်တန့်သွား၏
'တော်ပါသေးရဲ့ ဒီနည်းလေး အသုံးဝင်ပေလို့'
"ဖြူ သွားပြီနော် ရှိုင်း ဖြူပြောတဲ့အတိုင်း....
"အာ ဒီစောက်ကလေးတော့ ပြန်စရာရှိတာ မပြန်ဘဲ စောက်ဇယားလာရှုပ်နေပြန်ပြီ"
ဒီတခါတော့ ပိတ်ချိန်မရလိုက် သူ့ပါးစပ်က စကားလုံးတို့က တရစပ်ပင် ပြောလိုက်သောကြောင့် ဖြူကို အားနာမိ၏ .....ဖြူကတော့ မျက်စောင်းတချက်ထိုးကာ ထွက်သွားလေ၏...
"ပေး လွယ်အိတ်"
"ဗျာ "
"ကိုယ့်ကို မင်းလွယ်အိတ်ပေးလို့ ပြောတာ"
"ဘာဖြစ်လို့လဲ"
"သယ်ပေးမလို့ ပေးခဲ့"
"ရပါ.....
"ပေးမှာသာ ပေးစမ်းပါ"
ကျောပြင်ထက်က ကျောပိုးအိတ်လေးက ထိုလူ၏ လက်ထဲတွင် ဆွဲယူခြင်း ခံလိုက်ရ၏....
"ခါးပတ်သေချာပတ်"
"အင်းပါ "
"အဲ့မိန်းကလေးနဲ့ ထပ်မပက်သတ်နဲ့ ကိုယ်မကြိုက်ဘူး"
"ခများထင်သလို.....
"ဘာ ခများလဲ ခနတုန်းကလိုဘဲ ခေါ်"
"ဘာ..
"ချက်ချင်းကြီး အတိတ်မေ့သွားတာတော့ မဟုတ်ဘူးမလား ကြောင်တောင်တောင် လုပ်မနေနဲ့ ခနကလိုပြန်ခေါ်"
"ခနက ခများပါးစပ် မြန်မြန်ပိတ်အောင်လို့ ကျွန်တော်က တမင်ရွဲ့ခေါ်တာ "
"ကျစ် ရွဲ့တာတွေ စောင်းတာတွေ ငါမသိဘူး ခနကလိုပြန်ခေါ်ဆို ပြန်ခေါ်လိုက်"
"ဟာကွာ အရေးထဲ လာရစ်နေပြန်ပြီ"
"ငါ ဘယ်မှာ ရစ်လို့လဲ မင်းသာ အချိုးမပြေတာ"
"နေပါအုံး ငါကဘာလုပ်နေလို့ မင်းကအချိုးမပြေဘူး ပြောရတာတုန်း"
"မင်းနဲ့ အဲ့ကောင်မလေး ဖြစ်ပျက်နေတာက ကျောင်းဝင်းထဲမှာ ဆိုတာရော သတိထားမိလား ကျောင်းသားတွေရဲ့ အမြင်မှာ မင်းတို့နှစ်ယောက်က ဘာလိုလို ဘာလိိုလိုနဲ့ နာမည် ထွက်မှာမရှက်ဘူးလား"
"ထွက်ပါစေပေါ့ ဒီအရွယ်မှာ ချစ်သူရည်းစားထားလို့ နာမည်ဆိူးထွက် စရာမှ မဟုတ်တာ"
"တောက်ခ် မင်းဘာမင်းကြိုက်တဲ့ကောင်မနဲ့ တွဲနိုင်တယ် တခုဘဲ အဲ့မိန်းကလေးနဲ့တော့ ကင်းအောင်နေ"
"နေပါအုံး မင်းက ဘာလို့ ဖြူ့ကို အဲ့လောက်မုန်းနေရတာလဲ အခုမှ တွေ့ဖူးတဲ့လူကို"
"မိန်းကလေးဖြစ်ပြီး ကိုယ့်နေရာကိုယ်မနေဘဲ လျှာရှည်မြို့ပတ်လွန်းလို့ "
"အဲ့တာကတော့ ငါကလည်း သူ့သူငယ်ချင်းလေ သူရှေ့မှာ ငါ့ကို အဲ့လိုအကြမ်းဖက်တော့ ဘယ်သူက လက်ပိုက်ကြည့်ချင်မှာလဲ"
"ရှိုင်းသော်တာ ငါကမင်းကိုအကြမ်းဖက်တယ်ဆိုတဲ့ စကားကို မင်းပါးစပ်က နောက်တခါပြန်ထွက်မလာစေနဲ့ အဲ့စကားထပ်ပြောမိရင် မင်းကို ငါကိုယ်တိုင်သတ်ပစ်မယ်"
"မဟုတ်လို့လား မင်းလုပ်ရက် ဘယ်လောက်ထိ ကြမ်းတမ်းရိုင်းစိုင်းလဲ ဆိုတာရော ကိုယ့်ကိုယ်ကို သတိထားမိရဲ့လား"
"င့ါလုပ်ရက်တိုင်းက တခြားလူတွေအပေါ်မှာသာ အကြမ်းဖက်တဲ့ ပုံံစံ ဖြစ်ရင် ဖြစ်နေလိမ့်မယ် ငါမင်းအပေါ်မှာ မေတ္တာတရားထားပေးဖို့ စဉ်းစားထားပြီးသား ရှိုင်း ငါကိုယ်ငါလည်း အဲ့လိုနေနိုင်အောင် ငါ့အပြုအမူတွေအားလုံးကို ပြင်ဆင်နိုင်အောင် ကြိုးစားနေတာ မင်းစကားတွေက ဘောင်ကျော် မလာနဲ့ "
( အပြောအဆိုကတော့ မသိရင် သူကဘဲ အကောင်း သူကဘဲ တစ်ဖက်သတ် အရမ်းတွေကောင်းနေပြီး ရှိုင်းသော်တာဘက်ကဘဲ သူ့မေတ္တာ တရားတွေကို မသိတာလိုလို နဲ့ ကိုယ်တိုင်ကအတွင်းစိတ်ပုတ်နေတာကိုရော သတိမှထားမိရဲ့လားမသိ )
"မေတ္တာ တရားဟုတ်လား ပြောစမ်းပါအုံး မင်းရဲ့ မေတ္တာတရားက ငါ့ကို မိုးရွာထဲမှာ ရပ်နေစေတာလား ....ဒါမှ မဟုတ် တညလုံးခြံတံခါးမဖွင့်ပေးဘဲ အိမ်ပြင်မှာ ရပ်စောင့်နေခိုင်းတာလား..အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကို ရေကန်ထဲတွန်းချတာလား"
"ဖြစ်ပြီးသားကိစ္စတွေ လာပြန်အစဖော်မနေနဲ့တော့ ငါလည်းအခု အတတ်နိုင်ဆုံး မင်းအပေါ် ကောင်းပေးနေဘဲလေကွာ"
"ငါကတော့ ဒီတသက်မမေ့ဘူး မင်းလုပ်......
!တော်ပါတော့ကွာ ငါ့လုပ်ရပ်တွေ အကုန်လုံးအတွက် ငါတောင်းပန်ပါတယ် မင်းလည်း အတိတ်ဆိုးအားလုံးကို မေ့ပစ်လိုက်ပါတော့ကွာ အရင်ကလုပ်ရပ်တွေ အကုန်လုံးအတွက် ငါအခုကစပြီး မင်းအပေါ် ကောင်းပေးပါ့မယ်ကွာ"
"..............."
"ကိုယ်က မင်းအပေါ် အရင်ကမပေးနိုင်ခဲ့တဲ့ မေတ္တာတရားတွေ နွေးထွေးမှုတွေကို အခုကစပြီး မင်းတစ်ယောက်တည်းကိုဘဲ အတိုင်းအတာမရှိပေးလိုက်ချင်တာမို့ ကျေးဇူးပြုပြီး ကိုယ့်အပေါ်အရမ်းမဆိုးပါနဲ့ ရှိုင်းရာ ကိုယ်တောင်းပန်ပါတယ်"
မိမိမျက်စိနှစ်လုံးကိုပင် မယုံနိုင် ဟိန်းစက္ကက ကျွန်တော့်ရှေ့မှာ ငိုနေသည်တဲ့လား....
အသံကလည်း ကြားဖူးသမျှထဲတွင် အချိနဲ့ဆုံးသော အားငယ်သံနှင့် ... သူထိုင်နေရာDriver seatမှ ကျွန်တော့်ဘက်သို့ လှည့်ကာ ကျွန်တော့်လက်၂ဖက်ကိုလည်း တင်းကြပ်စွာ ဆုပ်ကိုင်ထားသေး၏...........
"ကျွန်တော် တောင်းပန်ပါတယ် ကို"
ကိုယ်သရုပ်ဆောင်တာ ပီပြင်သွားပုံပင် ဟိုကောင်လေး၏ သနားစဖွယ် မိမိအား အားနာနေသည့် အသံက တိုးညှင်းစွာပင် . .
"............."
"ကျွန်တော် စကားလွန်သွားမိတယ် ကျွန်တော်တစ်ကယ် တောင်းပန်ပါတယ် ကိိုကို"
"ရတယ် မလိုဘူး"
အသံက ခနတုန်းကနှင့်မတူ အေးဆေးပြတ်သားလွန်း၏...ထို့နောက် အချိန်အတန်ကြာ ရပ်ထားသည့် ကားလေးမှာ လည်း တရွေ့ရွေ့နဲ့ မောင်းနှင်လာခဲ့တော့၏.......
.................
"ဒေါက်ခ်........"
အခန်းတံခါးအား ကိုယ်တိုင်လာဖွင့်ပေးသည့် လူမှာ အပေါ်ပိုင်းဗလာဖြင့် ရေချိုးပြီးခါစ ဖြစ်မည်ထင်ပါရဲ့ ဆံပင်များကြားတွင်တွဲခိုနေသည့် ရေစက်ကလေးများက ပုခုံးထက်မှ တံဘက်ပေါ်သို့တပေါက်ပေါက် ကျဆဲပင်......
"ဘာပြောစရာရှိလို့လဲ"
"ဟိုလေ .... ကျွန်တော် ကိုကို့လက် ဆေးထည့်ပေးမလို့ပါ "
"ရတယ် မလိုပါဘူး"
"ကိုကို ညကျရင် သွားဆိပ်တက်ပြီး ဒဏ်ရာက ကိုက်မှာစိုးလို့ပါ"
"ရတယ် ကိုယ်အဲ့လောက်ကတော့ ခံနိုင်ရည် ရှိတယ်"
"မဟုတ်ဘူး ဆေးမထည့်ဘဲထားရင် လက်ကပိုးဝင်ပြီး နောက်နေ့ကျ အပြင်းဖျားလိမ့်မယ် အဲ့အချိန်ကျရင်Companyက အလုပ်တွေ ပျက်ကွက်သွားမှာနော် ကိုကို"
"ကျစ် ပြီးရောကွာ ဝင်ခဲ့"
"နေအုံး"
"ဗျာ"
"ကိုယ့်အခန်း ခနရှင်းလိုက်အုံးမယ် အပြင်မှာ ခနနေ"
"ရပါတယ် ကိုကိုရဲ့"
"မင်းက အသန့်ကြိုက်တော့ ရှုပ်ပွနေတဲ့ ငါ့အခန်းထဲမှာ ၃မိနစ်တောင် ထိုင်နိုင်မှာ မဟုတ်ဘူး"
.
.
.
.
.
.
.
.
.
"ရပြီ ဝင်ခဲ့တော့"
"ဟုတ်ကဲ့ ကိုကို"
"ပြီးစလွယ် ရှင်းထားမို့ မင်းအခန်းလောက်တော့ သန့်ရှင်းနေမှာမဟုတ်ဘူး "
"အာ ကျွန်တော့်အခန်းလည်း တော်တော်ရှုပ်နေပြီ ကျောင်းစာတွေနဲ့ မအားလို့မရှင်းဖြစ်ဘူး ဟီး"
"အင်း..."
"နာနေသေးလားဟင်"
"မနာဘူး နည်းနည်းလေးမှ"
"ကျွန်တော် တောင်းပန်ပါတယ် ကိုကို နောက်တခါထပ်မဖြစ်စေရဘူးလို့လည်း ကျွန်တော် ကတိပေးပါတယ် "
"ကျစ် ရတယ် မလိုဘူးလို့"
"ဟိုလေ ဖြူ့ကိုယ်စား......
"တောက်ခ် တော်တော့ ရှိုင်းသော်တာ မင်းကိုအခန်းကို ပြန်လိုက်တော့"
"ဟို.....
"တော်တော့လို့ မိုးချုပ်နေပြီ သွားပြန်အိပ်လိုက်တော့"
ညကြီးမိုးချုပ် တကူးတက ကိုယ့်အခန်းထဲထိ ဆေးလာထည့်ပေးခြင်းက ဟိုမိန်းကလေးကိုယ်စား တောင်းပန်ပေးဖို့တဲ့လား
တကယ်စိတ်ကုန်ချင်စရာ......
ဒေါသထွက်လွန်းသဖြင့် စိတ်ထဲရှိရာအတိုင်း အော်ပြောလိုက်သည်မို့ ထိုကလေးငယ် ခန္ဓာကိုယ်လေးမှာ တုန်တက်သွား၏.....
"မသွားသေးဘူးလား ရှိုင်းသော်တာ"
"ဟင့်..မသွားဘူး ကျွန်တော် တကယ်တောင်းပန်ချင်လို့ပါ"
လက်တဖက်ကဆွဲပြီး အပြင်ထုတ်မယ် လုပ်တော့မျက်ရည်များသွင်သွင်ကျကာ မိမိကို လှမ်းဖက်လာသောကြောင့် အခန်းဝမရောက်မှီ ခြေလှမ်းတို့က ရပ်တန့်သွားရတော့၏.....
"ကျွန်တော်....ကျွန်တော်လေ ကိုကို မကြိုက်နောက်မလုပ်တော့ပါဘူးဗျာ ဒါကြောင့် စိတ်ဆိုးပြေပါတော့နော်"
သူစကားအရဆို ကိုယ်ကဘဲ စိတ်ဆိုးနေသလို တကယ်တော့ စိတ်လည်းမဆိုးသလို သူ့ရဲ့စကားကို စိတ်ထဲလည်းမရှိပါ ကိုယ့်ထောင်ချောက်ထဲ ဝင်လာစေချင်ရုံသာ အခုတော့ ကိုယ့်နည်းလမ်းက အသုံးဝင်သား ထောင်ချောက်ထဲကို တိုက်ရိုက်ဝင်လာလေပြီသို့သော် မိန်းကလေးတစ်ယောက်နှင့် လမ်းလယ်ခေါင်မှာ ပုတ်လိုက်ခတ်လိုက် လုပ်နေသည်ကိုတော့ တစ်ကယ်မကြိုက်ပါ
မိမိကို တင်းကြပ်စွာ ဖက်ထားသော ကလေးငယ်၏ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးမိ၏...
"ကိုယ်က စိတ်မဆိုးပါဘူး မိုးချုပ်နေပြီမို့ ရှိုင်း ကိုယ့်အခန်းကို ပြန်ပြီးအိပ်လိုက်တော့နော် မနက်ကျ ကျောင်းသွားရအုံးမှာ မလား"
"တစ်ကယ်စိတ်မဆိုးတာလား "
"အင်း တကယ်ပေါ့"
"အာ့ဆို ကျေနပ်ပြီ"
"သွား အိပ်တော့နော် "
"ဟုတ် Good Night ပါ ကိုကို"
"အင်း Good Night"
ဟူးးးးးးးး
မာမီသိလား ရှိုင်းမရောက်ခင်က မာမီကကျွန်တော့်ကိုအချစ်ဆုံးဆိုတာကို.........
မာမီချစ်တဲ့သားအဖြစ်နဲ့ ဆက်လက်ရှင်သန်ချင်ခဲ့ပေမယ့် ကံစပ်ပြီး ရောက်လာတဲ့ ရှိုင်းက သားနေရာကို ဝင်ယူသွားခဲ့တယ်.....
မုန်းတယ် ကျွန်တော်ရှိုင်းသော်တာဆိုတဲ့ ကောင်လေးကို အရမ်းမုန်းတယ်.....မနှစ်ကအထိပေါ့ သူ့ကို ကိုယ်ထိလက်ရောက် မကြမ်းတမ်းလိုက်ရရင် ကျွန်တော့်ကိုယ် ကျွန်တော် ပျော့ညံ့လာတဲ့သူလို့ တွေးနေမိတယ် ......
အခုတော့ ကျွန်တော်ရင့်ကျက်လာပုံပါဘဲ ကျွန်တော်ကိုယ်တိုင်အရှက်ကွဲ အကျိုးနည်းမခံရတဲ့ နည်းနဲ့ဘဲ သူ့ကို ဆွဲချဖို့စဉ်းစားလိုက်ပြီ မာမီတို့လည်း ကျွန်တော့်ကို မမုန်းတော့ဘူးပေါ့.....
သြော် ငယ်ငယ်တုန်းက ဒဏ်ရာတိုင်းက ဒီအသက်ဒီအရွယ်ထိ တွေးမိတိုင်း နာကျင်စေရတုန်း ..................
#4602_words
#Thway_Myat_Nwae
#2.9.2023 (SAT)
#AT10:33PM