၇၀ ခုနှစ်ကမင်းခင်ပွန်းဆီ ကံကေ...

By NyeinHlaingZin123

50K 5.3K 76

အရင်တစ်ခုက လုံးဝဝင်မရတော့လို့ ခွဲလိုက်တာပါ အရင္တစ္ခုက လုံးဝဝင္မရေတာ့လို႔ ခြဲလိုက္တာပါ More

အပိုင်း ၆၉ - ကိုယ်အလေးချိန်ကျခြင်းနှင့် သွေးခုန်နှုန်းစမ်းသပ်ခြင်း
အပိုင်း ၇၀ - ကလေးနှစ်ယောက်
အပိုင်း ၇၁ - တာ၀န်
အပိုင်း ၇၂ - ရန်ဖြစ်ခြင်း
အပိုင်း ၇၃ - နောက်ကွယ်မှလူ၊ မီးဖွားခြင်း
အပိုင်း ၇၄ - တာ့ပေါင်နဲ့ ရှောင်ပေါင်
အပိုင်း ၇၅ - နာမည်ပေးခြင်း၊ တစ်လပြည့်ပွဲ
အပိုင်း ၇၆ - ရာထူးတိုးခြင်း၊ ကိတ်မုန့်ပြန်လုပ်ခြင်း
အပိုင်း ၇၇ - နှစ်သစ်ကူး၌ ၀င်ငွေရှာခြင်း၊ အိမ်ပြန်လာပြီ
အပိုင်း ၇၈ - နှစ်သစ်ကူး၊ ကိုယ်၀န်
အပိုင်း ၈၀ - ယောက္ခမနှင့်ချွေးမ၊ ရှက်ရွံ့ခြင်း
အပိုင်း ၈၁ - အိမ်တွင်းအကြမ်းဖက်မှု၊ တွန်းလှည်း
အပိုင်း ၈၂ - တွန်းလှည်းကျိုးသွားခြင်း၊ ညီငယ်လေး
အပိုင်း ၈၃ - စစ်ဆေးခြင်း
အပိုင်း ၈၄ - သတိရလာခြင်း၊ နောက်ဆက်တွဲ
အပိုင်း ၈၅ -ရွှေ့ပြောင်းခြင်း၊ ကျောင်းတက်ခြင်း
အပိုင်း ၈၆ - ခရိုင်မြို့သို့ အလည်တစ်ခေါက်
အပိုင်း ၈၇ - အိမ်နီးချင်းအသစ်
အပိုင်း ၈၈ - ကောလိပ်၀င်ခွင့်စာမေးပွဲများ ပြန်စတင်ခြင်း
အပိုင်း ၈၉ - ထိပ်တန်းတက္ကသိုလ်
အပိုင်း ၉၀ (ဇာတ်သိမ်း)

အပိုင်း ၇၉ - ငှားပေးလို့ ကျေးဇူးတင်ပါတယ်

1.8K 248 6
By NyeinHlaingZin123

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၇၉ - ငှားပေးလို့ ကျေးဇူးတင်ပါတယ်

အပ်ချုပ်စက်ကို သယ်လာပေးသူတွေက တတိယထပ်အထိ တစ်ခါတည်းသယ်လာပေးကာ စုယွဲ့တို့အိမ်ရှေ့တွင် ချပေးခဲ့သည်။ ထို့ကြောင့် တတိယထပ်၌ လာကြည့်ကြသူများနှင့် ပြည့်နေတော့သည်။ ခေါင်းဆောင်ယွီကတော်ကိုယ်တိုင် ၀ယ်ပေးတာဖြစ်သောကြောင့် ယခင်တစ်ခေါက်ထပ် ပိုစည်းကားခဲ့သည်။

အများစုက အားကျနေကြကာ အပ်ချုပ်စက်ကိုကိုင်ကြည့်နေကြပြီး သူတို့အိမ်မှာလည်း ရှိရင်ကောင်းမှာပဲလို့ တွေးနေကြသည်။ အိမ်မှာ အပ်ချုပ်စက်ရှိရင် အဆင်ပြေလွယ်ကူတာကြောင့် အားကျနေကြသည်မှာ မထူးဆန်းပေ။

ယနေ့ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖန်းရှောင်းလီ၏ နားရက်ဖြစ်နေခဲ့သည်။ ထို့ကြောင့် တတိယထပ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို သူမလည်း ကြားသဖြင့် ထွက်ကြည့်သောအခါ စုယွဲ့တို့ အိမ်ရှေ့ရှိ အသစ်ချက်ချွတ် အပ်ချုပ်စက်တစ်လုံးကို မြင်လိုက်ရပြီး အံ့သြသွားခဲ့သည်။

လာစပ်စုသော ၀မ်လျန်ယင်းကလည်း ဖန်းရှောင်းလီထွက်လာတာကို မြင်တဲ့အခါ သူမဘေးကိုသွားပြီး ဘာတွေဖြစ်နေလဲဆိုတာကို ကပ်ပြောပြခဲ့သည်။ " ဒီအပ်ချုပ်စက်က ခေါင်းဆောင်ယွီရဲ့မိန်းမက စုယွဲ့ကိုပေးတာတဲ့။ သူတို့မိသားစုက်ို ကူညီပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာလို့ပြောတာပဲ။ တကယ်ပဲ ဘယ်လိုကူညီခဲ့တာမို့လို့ ဒီလိုလက်ဆောင်ကြီးကို ပေးရတာလဲဆိုတာ ကျွန်မတော့ နားမလည်နိုင်တော့ဘူး .... ဘာလို့ ဒီလောက် ကံကောင်းနေရတာလဲ။ ကျွန်မက်ိုကြ အဲ့လိုပေးမယ့်သူမရှိဘူး။ အဲ့ဒီ့ စုယွဲ့ဆိုတဲ့မိန်းမက သေကိုမသေနိုင်ဘူး။ "

၀မ်လျန်ယင်းရဲ့ စကားတွေက ချဥ်စူးနေကာ မျက်၀န်းထဲရှိ အားကျမနာလိုနေမှုများကလည်း ဖုံးကွယ်ထား၍ပင် မရနိုင်တော့ပေ။ သူမက တိုးတိုးလေးကပ်ကာ ထပ်ပြောပြန်သည်။ " ခေါင်းဆောင်ယွီရဲ့မိန်းမနဲ့ ဆက်ဆံရေးကောင်းတော့ ကောင်းလိုက်တာနော်။ အပ်ချုပ်စက်ကိုတောင် လက်ဆောင်ရတယ်။ ကျွန်မလည်း အဲ့လိုသာ ဆက်ဆံရေးကောင်းမယ်ဆိုရင် အဲ့ဒီ့အပ်ချုပ်စက်က ကျွန်မအပိုင်ဖြစ်နေမလား မသိဘူး။ "

ဖန်းရှောင်းလီ မျက်နှာပျက်သွားခဲ့သည်။ အပ်ချုပ်စက်အသစ်ကို ကြည့်နေသော မျက်လုံးများက မီး၀င်း၀င်းတောက်နေကာ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။

ဒီတစ်လျှောက်လုံး ဖန်းရှောင်းလီက စုယွဲ့ဆီမှ အနိုင်ယူခံနေခဲ့ရသည်။ စုယွဲ့ ယောက်ျားဖြစ်သူကလည်း ရာထူးတိုးသွားကာ သူမတို့အတွက် ကိတ်မုန့်လုပ်ပေးဖို့ကိုလည်း တိုက်ရိုက်ငြင်းဆိုလိုက်သည့်အတွက် သားဖြစ်သူက နေ့တိုင်းဆိုသလို ငိုယိုနေပြီး မိသားစုကို စိတ်ဆင်းရဲနေရစေအောင် လုပ်ထားခဲ့သည်။ အဲ့ဒါတွေအားလုံးကို စုယွဲ့ တမင်လုပ်ထားတာလို့ ဖန်းရှောင်းလီက တွေးနေခဲ့တာဖြစ်သည်။

ဖန်းရှောင်းလီ အနိုင်ရတယ်လို့ ခံစားရသည့် တစ်ခုတည်းသော က်ိစ္စမှာ သူမ၏ ညွှန်ကြားမှုကြောင့် စုယွဲ့ အပ်ချုပ်စက်မ၀ယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပိုက်ဆံနဲ့ လက်မှတ်ရှိနေလည်း သူမ မ၀ယ်နိုင်အောင် လုပ်လိုက်နိုင်သဖြင့် ဂုဏ်ယူနေခဲ့တာဖြစ်ပြီး သူမကိုဆန့်ကျင်ပါက ဘယ်လိုကြုံတွေ့ရမည်ကို သိအောင်လုပ်ပေးချင်ခဲ့တာပင်။ ပြေလည်မှုလိုချင်သူက ပထမဆုံး သူမကို စိတ်ကျေနပ်အောင်လုပ်ရန် လာတောင်းပန်ရမည်ဟု သိစေချင်ခဲ့တာဖြစ်သည်။

သို့သော်လည်း ယခုအခါ ခေါင်းဆောင်ယွီကတော်ရဲ့ ကြား၀င်မှုကြောင့် စုယွဲ့က ၀မ်ရှန့်ဌာနကို သွားစရာမလိုဘဲ အပ်ချုပ်စက်အသစ်ကို ရသွားခဲ့သည်။ ဖန်းရှောင်းလီ ဒေါသမထွက်ဘဲ နေနိုင်ပါ့မလား။

ဖန်းရှောင်းလီမှာ အဆုတ်တွေတောင် နာလာသလိုပင်။ တံခါးရှေ့က ထိုအပ်ချုပ်စက်ကို သွားဖျက်ဆီးပစ်လိုက်ချင်သော်လည်း ခေါင်းဆောင်ယွီကို စော်ကားမိသလိုဖြစ်သွားမည်စိုး၍ လုပ်လို့မဖြစ်နိုင်ချေ။

ဖန်းရှောင်းလီက ကြိတ်မနိုင်ခဲမရဖြစ်ကာ ၀မ်လျန်ယင်းကို လျစ်လျူရှု၍ အံကြိတ်ကာ အိမ်ထဲသို့လှည့်၀င်သွားတော့သည်။ တံခါးကိုလည်း ဒုန်းခနဲမြည်အောင့် ဆောင့်ပိတ်သွားသေးသည်။

သို့သော်လည်း လူအများအာရုံက အပ်ချုပ်စက်ပေါ်တွင်သာ ရှိနေကြသဖြင့် သူမကို အဖက်လုပ်သူတစ်ယောက်မှ မရှိပေ။ ရွှီးချန် တစ်ယောက်ကသာ ထိုသည်ကို သတိထားမိကာ ပြုံးသွားခဲ့သည်။ ထို့နောက် လာစပ်စုသူများလည်း ကြည့်လို့၀သွားကာ အိမ်ပြန်သွားကြသည်။ ထိုအခါမှသာ အပ်ချုပ်စက်ကို အိမ်ထဲသို့ရွှေ့စေလိုက်ကာ ရွှီးချန် စုယွဲ့ကို ပြုံးပြီးပြောလိုက်သည်။ " ခုနက ဖန်းရှောင်းလီရဲ့ မျက်နှာကိုတွေ့လိုက်လား၊ ဒေါသထွက်သွားတဲ့ပုံပဲ "

စုယွဲ့က အာရုံများနေသဖြင့် သတိမထားမိလိုက်ချေ။ ရွှီးချန်၏ စကားကိုကြားမှသာ အိမ်ရှေ့တွင် ခဏချခိုင်းလိုက်သည့် ရည်ရွယ်ချက်ကို စုယွဲ့ သဘောပေါက်သွားတော့သည်။ ဖန်းရှောင်းလီကို ဒေါသထွက်သွားရန် တမင်လုပ်လိုက်တာဖြစ်နိုင်သည်။ ယခင်လိုသာဆို စုယွဲ့လည်း ၀မ်းသာမိသော်လည်း ယခုတွင်တော့ ထိုသို့လုပ်ရန် စိတ်ကူးမရှိချေ။ အပ်ချုပ်စက်ကို လက်ညှိုးထိုးကာ စုယွဲ့ ရွှီးချန်ကို မေးခွန်းထုတ်လိုက်သည်။ " အစ်မရွှီးချန် ဘာတွေလုပ်နေတာလဲ "

" ဘာလုပ်ရမှာလဲ။ ညီမကို ပေးတာလေ " ထိုသို့ပြန်ဖြေကာ ရွှီးချန်က အပ်ချုပ်စက်ကို ပုတ်ပြခဲ့သည်။ " ဒီတစ်ခေါက် စုယွဲ့က အစ်မကို အကြီးကြီးကူညီပေးထားတာ။ လောင်ယွီနဲ့ အစ်မလည်း ကျေးဇူးတင်ချင်ပေမယ့် ဘယ်လိုကျေးဇူးတင်ရမလဲကို မသိတော့လို့ တိုင်ပင်နေကြရင်း ညီမ အပ်ချုပ်စက်လိုချင်ပေမယ့် ဖန်းရှောင်းလီ နှောင့်ယှက်လို့ ၀ယ်မရဘူးလို့ ပြောဖူးတာကို သတိရသွားလို့။ အဲ့ဒါနဲ့ အစ်မအမေကို ပြောပြီး၀ယ်ခိုင်းလိုက်တာ။ ညီမကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးချင်လို့။ "

" အစ်မရွှီးချန် အဲ့လိုမလုပ်ပါနဲ့ ။ ညီမက ကျေးဇူးအတင်ခံချင်လို့ ကူညီပေးတာ မဟုတ်ပါဘူး။ ပြန်ယူသွားလိုက်ပါ။ စျေးကြီးလွန်းလို့ ညီမ လက်မခံနိုင်ဘူး "

ရွှီးချန်က သဘောမတူပေ။ " ဘယ်လောက် စျေးကြီးကြီး ညီမ အစ်မကို ကူညီပေးခဲ့တာလောက် အဖိုးတန်ပါ့မလား။ အစ်မဗိုက်ထဲက ကလေးလေးလောက် တန်ဖိုးရှိပါ့မလား။ ဒီကလေးက အစ်မတို့လင်မယားအတွက် တကယ် တန်ဖိုးရှိတာ။ အစ်မတို့ကတော့ အပ်ချုပ်စက်လေးတစ်လုံးနဲ့ပဲ ကျေးဇူးတင်ကြောင်း ပြန်ပြနိုင်တယ်။ တကယ်ဆို ဒါက စုယွဲ့ကူညီပေးတာနဲ့ ယှဥ်လိုက်ရင် မပြောပလောက်ဘူး။ ဒါကြောင့် အားနာမနေနဲ့။ ငြင်းမယ်ဆိုရင် အစ်မ စိတ်ဆိုးပြီး နောက်လည်း မိတ်ဆွေတွေ မလုပ်တော့ဘဲ နေလိုက်မှာ။ "

" အာ....ဒါက..." ဒါပေမယ့်လည်း အပ်ချုပ်စက်က စျေးကြီးလွန်းတယ်လို့ စုယွဲ့ ထင်နေတုန်းပင်။

" အာ မနေနဲ့တော့၊ အစ်မပြောတာကို နားထောင်လိုက် စိတ်ဖြောင့်ဖြောင့်နဲ့ လက်ခံလိုက်လို့ရတယ်။ ဒါပဲနော်။ စကားမပြောတော့ဘူး၊ အစ်မ ပြန်တော့မယ်။ " ရွှီးချန်က ပြောပြီးသည်နှင့် စုယွဲ့ အပ်ချုပ်စက်ကို ပြန်ပေးလိုက်မှာကို ကြောက်နေသည့်အလား အလျင်စလို ပြန်သွားတော့သည်။

စုယွဲ့ အပ်ချုပ်စက်ကိုကြည့်ကာ ရယ်ရမလား၊ ငိုရမလားကို မသိတော့ပေ။ လောလောဆယ်တော့ ဒီအတိုင်းပဲထားကာ ဟန်အိုက်ကောပြန်လာမှ လက်ခံသင့် လက်မခံသင့်ကို တိုင်ပင်ကြည့်တော့မယ်လို့ တွေးထားလိုက်တော့သည်။

အမေဟန်က ဘာတစ်ခွန်းမှ ၀င်မပြောခဲ့ဘဲ ရွှီးချန်ပြန်သွားမှသာ ဘာတွေဖြစ်နေတာလဲလို့ မေးခဲ့သည်။

စုယွဲ့ အကြမ်းဖျင်း ရှင်းပြလိုက်သည်။ အားဆေးရလာသည့်နေရာကိုတော့ သူမ မွေးရပ်မြေမှ ရလာတာလို့သာ ပြောလိုက်သည်။ အမေဟန်ကလည်း သံသယမ၀င်ချေ။ " ဒါကြောင့် ဒီလိုလက်ဆောင်ပေးတာပေါ့လေ။ ဒီလိုဆိုရင်တော့ ဟုတ်ပါတယ်လေ။ နှစ်တွေအကြာကြီး ကလေးမရတာကနေ ရုတ်တရက် ရသွားတာဆိုတော့ ကျေးဇူးတော်တော်လေးတင်သွားမှာပေါ့။ ဒါပေမယ့်လည်း ဒါကစျေးကြီးလွန်းတယ်မလား။ ယွမ်တစ်ရာ​ကျော်လောက် ကျမယ်ထင်တယ်။ ယွဲ့ယွဲ့ လက်ခံမှာလား။ "

စုယွဲ့ - " အိုက်ကော ပြန်လာမှပဲ တိုင်ပင်ကြည့်မလို့ အခုတော့ ဒီအပ်ချုပ်စက်ကို အခန်းထဲကို အရင်ရွှေးထားကြရအောင် "

ချွေးမဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို အမေဟန်က ဘာမှတ်ချက်မှမပေးပေ။ စုယွဲ့ စကားကြောင့် အမေဟန်က အပ်ချုပ်စက်ကို စုယွဲ့တို့အခန်းထဲသို့ ၀ိုင်းရွှေ့ပေးခဲ့သည်။ စုယွဲ့က အမေဟန်ရဲ့ အခန်းထဲတွင် ထားစေချင်သော်လည်း အမေဟန်က ဒီလောက်စျေးကြီးတဲ့ဟာကြီးကို သားနှင့်ချွေးမအခန်းထဲမှာပဲ ထားသင့်တယ်လို့သာ ပြောနေခဲ့သည်။ အမေဟန်က ကောင်းသည့်အရာမှန်သမျှကို စုယွဲ့တို့အခန်းထဲ၌သာ ထားချင်တာဖြစ်သည်။

အမေဟန်ရဲ့ အတွေးကို စုယွဲ့ သဘောကျမိသော်လည်း သူမက ယောက္ခမဖြစ်သူအခန်းထဲတွင်သာ ထားချင်တာဖြစ်သည်။

သို့သော်လည်း ယောက္ခမဖြစ်သူကို နိုင်အောင်မပြောနိုင်သဖြင့် နောက်ဆုံး သူမတို့လင်မယားခန်းထဲ၌သာ ထားလိုက်ရတော့သည်။

ဟန်အိုက်ကောက ည ၉နာရီခွဲမှသာ ပြန်ရောက်လာကာ ရွှံ့ထဲလူးလာသည့်လူလိုပင် မျက်နှာထက်၌ ရွှံ့များပေကျံနေခဲ့သည်။

စုယွဲ့ သန့်ရှင်းရေးလုပ်ဖို့ ရေနွေးနွေးလေး ပြင်ဆင်ပေးပြီး မေးလိုက်သည်။ " ဒီနေ့ ဘယ်သွားခဲ့လို့ ဒီလိုတွေဖြစ်လာရတာလဲ။ ညစ်ပတ်နေတာပဲ။ " တပ်ရင်းမှုးအဖြစ် ရာထူးတိုးပြီးကတည်းက ဟန်အိုက်ကောက ယခင်နှင့်မတူတော့ချေ။ နေ့တိုင်းဆိုသလို အစောကြီးထွက်သွားရကာ ညဆိုလည်း နောက်ကျမှ ပြန်လာသည်။ ညသန်းခေါင်မှ ပြန်လာတာတွေလည်းရှိတက်သည်။ တောတောင်ထဲသို့သွား၍ လေ့ကျင့်ရေးဆင်းရကာ နှစ်ရက်သုံးရက်နေမှ အိမ်သို့ပြန်လာတက်သည့်အခါများလည်းရှိသည်ပင်။

ရေနွေးပြင်ပေးပြီးသွားသည့်အခါ ဟန်အိုက်ကောက အင်္ကျီ ချွတ်လိုက်ပြီး စုယွဲ့ရှေ့မှာတင် ရေချိုးဇလုံထဲ၀င်ပြီး ရေချိုးကာ ပြန်ဖြေပေးခဲ့သည်။ " ဒီည တပ်သားတွေကိုခေါ်ပြီး တောထဲမှာ လေ့ကျင့်ရေးဆင်းနေတာ။ မိုးရွာလာတော့ အကုန်ဗွက်တွေချည်း ဖြစ်ကုန်တာ။ "

စုယွဲ့ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ ထို့နောက် မီးဖိုခန်းထဲ၀င်ပြီး ပေါက်စီနှစ်လုံးနှင့် ဟန်အိုက်ကောအတွက် ချန်ထားတဲ့ညစာကို ပန်းကန်ထဲ ထည့်လိုက်ကာ ရေချိုးခန်းထဲသို့ယူသွားလိုက်ကာ ရေချိုးဇလုံဘေးရှိ ခုံလေးပေါ်တွင် ၀င်ထိုင်လိုက်ပြီး ပေါက်စီတစ်လုံးကိုယူလျက် ဟန်အိုက်ကောကို ခွံ့ကျွေးလိုက်သည်။

ဟန်အိုက်ကောက ရေချိုးနေရင်းနဲ့ ပါးစပ်ဟပေးကာ ပေါက်စီကိုစားလိုက်သည်။ ရေချိုးရင်း စားလိုက်တော့ အချိန်ခြွေတာရာရောက်သည်။ သူတို့ လင်မယားနှစ်ယောက်က ဤသို့ ခဏခဏလုပ်လေ့ရှိနေပြီ ဖြစ်သည်။

" ဖြည်းဖြည်းစားဦး၊ နင်နေဦးမယ် " စုယွဲ့က ရေခွက်ကိုတေ့ပေးကာ ဟန်အိုက်ကောကို သောက်စေခဲ့သည်။ ဟန်အိုက်ကောက အသည်းအသန်မျိုချနေသည်ကိုကြည့်ရင်း စုယွဲ့ စိတ်ပူမိလာသည်။ ဟန်အိုက်ကောက လေ့ကျင့်ရေးကြောင့် အသားများလည်း ညိုလာသလို ပိန်လည်းပိန်သွားသည်။ တပ်သားများနှင့်အတူ ပြင်းထန်သော လေ့ကျင့်ခန်းများကို လုပ်နေရသဖြင့် ဟန်အိုက်ကော မခံနိုင်ဘဲ လဲသွားမှာစိုးရိမ်တာကြောင့် စုယွဲ့က အစားအသောက်က်ို ဂရုတစ်ိုက် ကျွေးနေတာဖြစ်သည်။

တော်သေးတာတစ်ခုက စုယွဲ့က အခု ကိတ်မုန့်တွေကိုလည်းလုပ်နေသလို ဟန်အိုက်ကော လစာလည်းတိုးလာသဖြင့် မိသားစုအတွက် မခက်ခဲတော့ပေ။

ဟန်အိုက်ကောက ဖြည်းဖြည်းချင်းစားနေရင်းဖြင့် ချစ်ရည်ရွှန်းလဲ့နေသော မျက်၀န်းများဖြင့် စုယွဲ့ကိုကြည့်နေခဲ့သည်။ ကလေးတွေက နံဘေး၌မရှိဘဲ နှစ်ယောက်တည်းနေရတဲ့ အချိန်ကရှားသောကြောင့် ဟန်အိုက်ကောအတွက် နေ့တိုင်းဆိုသလို ရေချိုးသည့်အချိန်က အမျှော်လင့်မိဆုံးအချိန် ဖြစ်လို့နေသည်။

ထိုသည်ကို စုယွဲ့လည်း သဘောပေါက်သဖြင့် ဘယ်လောက်ပဲ နောက်ကျနေပါစေ ဟန်အိုက်ကော ပြန်လာမှာကို စောင့်နေတက်ကာ ရေချိုးဖို့ပြင်ဆင်ပေးပြီး ညစာပါတစ်ခါတည်း ကျွေးတာဖြစ်သည်။ ကလေးများကို ဂရုစိုက်ပေးဖို့ လိုအပ်သလို ခင်ပွန်းဖြစ်သူကိုလည်း ဂရုစိုက်ပေးရမည်ပင်။ သို့ဖြစ်၍ တစ်ဖက်ကိုမှ လျစ်လျူရှုထားခြင်းမဖြစ်ရအောင် စုယွဲ့ ကြိုးစားမိသည်။

သို့သော်လည်း နှစ်ယောက်တည်း အတူရှိချိန်များက ရွှေလိုရှားလှသည်။ နာရီ၀က်ခန့်ကြာသောအခါ ဟန်ရှောင်ပေါင်ရဲ့ အိပ်ခန်းထဲမှ အော်ငိုသံကို ကြားလိုက်ရသည်။ ကြည့်ရတာ အမေဟန်လည်း ထိန်းမနိုင်တော့ဘူး ထင်တယ်။

ယခုဆို ရှောင်ပေါင်က မားဟု ခေါ်တက်နေပြီဖြစ်၍ စုယွဲ့ကိုမြင်သည်နှင့် မား မား ဟု အော်နေတက်ကာ မကြားချင်ယောင်ဆောင်၍လည်း မရပါ။

ဟန်အိုက်ကောက ပြုံးကာ ပြောခဲ့သည်။" တော်ပြီ၊ ကိုယ် ဗိုက်၀နေပြီ ၊ ကလေးတွေကိုပဲ သွားကြည့်လိုက်တော့ "

စုယွဲ့ ဟန်အိုက်ကောကို လဲဖို့အ၀တ်များပေးခဲ့ကာ အိပ်ခန်းထဲ ပြန်သွားလိုက်သည်။ သူမ ၀င်လာတာကိုမြင်သည်နှင့် ဟန်ရှောင်ပေါင်က လှမ်းအော်ခဲ့သည်။ " မား..."

စုယွဲ့ သားဖြစ်သူကိုချီကာ တင်ပါးလေးကို ရိုက်ပေးလိုက်သည် ။ "'မားမားလေ၊ မဟုတ်ဘူးလား ငတုံးကောင်လေးရဲ့ "

" မား~ " ရှောင်ပေါင်က တခစ်ခစ်ရယ်ကာ ပြန်ပြောပြီးနောက် ခြေထောက်လေးများကို ကန်ကာကစားနေခဲ့သည်။

ဟန်အိုက်ကော ဆံပင်ရေသုတ်ကာ ထွက်လာသည်ကိုမြင်သောအခါ ရှောင်ပေါင်က လက်ဆန့်ပေးကာ သူ့ကိုချီခိုင်းခဲ့သည်။

ရှောင်ပေါင်က မားဟုခေါ်တက်နေပြီဖြစ်သော်လည်း အဖေဖြစ်သူကိုတော့ မခေါ်တက်သေးဘဲ အာ အာ ဟူ၍သာ အသံပေးပြီး သူ့ကို ခေါ်ခိုင်းတက်သည်။

ဟန်အိုက်ကော ပြုံးလိုက်ပြီး ရှောင်ပေါင်ကို ချီလိုက်ကာ ပါးလေးကို နမ်းလိုက်ပြီး ယခင်နေ့များလိုပင် စကားပြောသင်ပေးခဲ့သည်။ " ရှောင်ပေါင်၊ ပါးပါးလို့ခေါ်။ ပါးပါး၊ ပါးပါး "

ရှောင်ပေါင်က လက်ခုပ်လေးတီးကာ " အာ အာ  -- " ဟုသာ ပြောခဲ့သည်။

ဟန်အိုက်ကော လက်လျှော့လိုက်ရတော့သည်။

အမေဟန်၏ လက်ထဲရှိ တာ့ပေါင်က အ​ဖေဖြစ်သူ ညီငယ်လေးကို ချီထားသည်ကိုတွေ့သောအခါ မျက်နှာငယ်လေးဖြစ်နေခဲ့သည်။ လက်တုတ်တုတ်လေးများကို စုယွဲ့ထံ ဆန့်ကာ သူ့ကိုချီခိုင်းခဲ့သည်။

ငြိမ်တယ်ဆိုပြီး အထင်မသေးသင့်ပေ။ တာ့ပေါင်ကလည်း တကယ်ကို လူလည်ကောင်လေးပဲ ဖြစ်သည်။ အမေဖြစ်သူရဲ့ လက်အားပြီဆိုတာနဲ့ ချီခိုင်းတက်ကာ စုယွဲ့က ရှောင်ပေါင်ကိုချီထားလျှင်တော့ အမေဟန်၏ လက်ထဲတွင်သာ ငြိမ်ငြိမ်လေးနေတက်သည်။

စုယွဲ့ တာ့ပေါင်ကိုခေါ်လိုက်ကာ ပါးလေးကို နမ်းလိုက်မိသည်။ တာ့ပေါင်ကလည်း အမေဖြစ်သူ၏ ရင်ခွင်ထဲသို့ ပါးဖောင်းဖောင်းလေးများဖြင့် ပွတ်သပ်ကာ ချွဲနေသည်။

စုယွဲ့ သူမ သားကြီးရဲ့ ပါးလေးတွေကို ညှစ်လိုက်မိသည်။ " တာ့ပေါင်လည်း မားမားလို့ခေါ်လေ၊ ညီလေးတောင် ခေါ်တက်နေပြီ။ လာပါဦး ခေါ်ပါဦး မားမားလို့၊ မား မား၊ မား မား "

တာ့ပေါင်က စုယွဲ့ ရင်ခွင်ထဲမှနေကာ ဘာမှမပြောဘဲ အတော်ကြာ မော့ကြည့်နေခဲ့သည်။ စုယွဲ့ လက်လျှော့လိုက်တော့မယ့်အချိန်တွင် တာ့ပေါင်က " မားမား " ဟုခေါ်လိုက်သည်။

စုယွဲ့ အံ့သြသွားမိသည်။ တာ့ပေါင်က အရင်က ဘာမှမပြောခဲ့ဖူးပဲ သူမကိုသာ မားမားဟု ပထမဆုံးခေါ်လိုက်တာဖြစ်သည်။ စကားမပြောတက်လောက်သေးဘူးလို့ ထင်ခဲ့သော်လည်း တာ့ပေါင်က မားမားလို့ ခေါ်တက်နေကာ ရှောင်ပေါက်ထက်ပင် ပိုပီသသေးသည်။

စုယွဲ့ တာ့ပေါင်ရဲ့ နဖူးကို နမ်းကာ ချီးကျူးပေးလိုက်သည်။ " မားမားရဲ့ တာ့ပေါင်လေးက တော်လိုက်တာ "

အမေဟန်ကလည်း ပြုံးနေခဲ့သည်။ " တကယ်တမ်းကြ တာ့ပေါင်က အကုန်သိနေလောက်တယ်၊ ထုတ်မပြောတာဘဲ နေမှာ "

တာ့ပေါင်က မားမားလို့ ခေါ်လိုက်သဖြင့် ဟန်အိုက်ကောက တာ့ပေါင်ကိုလည်း သင်ပေးခဲ့သည်။ " တ့ပေါင် ပါးပါးကိုလည်း ခေါ်ပါဦး၊ ပါးပါးလို့လေ။ ပါး ပါး ~ "

သို့သော်လည်း တာ့ပေါင်က သမ်းဝေပြကာ စုယွဲ့ အင်္ကျီကြားထဲ မျက်နှာအပ်သွားပြီး အဖေဖြစ်သူကို လျစ်လျူရှုသွားခဲ့သည်။

ဟန်အိုက်ကော - " ...... ငဆိုးလေးနှစ်ကောင် "

စုယွဲ့နဲ့ အမေဟန်လည်း ရယ်လိုက်မိကြသည်။ ကလေးနှစ်ယောက်လုံးက ပါးပါးလို့ မခေါ်ကြတာကြောင့် ဟန်အိုက်ကောက မကျေမနပ်ဖြစ်ကာ နေ့တိုင်းသင်ပေးနေသော်လည်း ကလေးနှစ်ယောက်က မခေါ်တက်ကြသေးပေ။

ခဏဆော့ပြီးနောက်တွင် ကလေးနှစ်ယောက်က ပင်ပန်းသွားကာ အိပ်ပျော်သွားကြသည်။ အမေဟန်ကလည်း အိပ်ချင်နေတာကြောင့် ပြောခဲ့သည်။" ဒါဆိုလည်း အမေ အခန်းထဲသွားတော့မယ်နော်၊ ကလေးတွေကိုတော့ နှစ်ယောက်သားပဲ ကြည့်ထားလိုက်တော့ "

စုယွဲ့ - " ရတယ်လေ၊ အမေ စောစောအိပ်လိုက်။ မနက်ကြရင်လည်း အစောကြီးမထနဲ့တော့၊ သမီးပဲ မနက်စာပြင်လိုက်မယ်။ "

" ဟုတ်ပြီ ဟုတ်ပြီ " အမေဟန်က ပြန်ဖြေကာ သူမတို့အခန်းထဲမှ ထွက်သွားပြီး တံခါးကိုပြန်ပိတ်ပေးသွားသည်။

ကလေးတွေက အိပ်သွားကြပြီဖြစ်ကာ အခန်းထဲ၌ အပ်ချုပ်စက်တစ်လုံး ရောက်နေသဖြင့် ဟန်အိုက်ကောက မေးခဲ့သည်။

စုယွဲ့ ရှင်းပြလိုက်ကာ တိုင်ပင်ကြည့်လိုက်သည်။ " ဒါကို လက်ခံလိုက်ရင် ရှင့်ကို မထိခိုက်ဘူးမလား "

စုယွဲ့ ဘာကို စိုးရိမ်နေလဲ ဟန်အိုက်ကောသိသည်။ " ခေါင်းဆောင်ယွီတို့က ပေးချင်နေမှတော့ လက်ခံထားလိုက်ပါ။ လက်မခံဘဲနေရင် သူတို့က ကျေးဇူးကြွေးတင်နေတယ်ထင်ပြီး အားနာနေလိမ့်မယ်၊ အဲ့တော့ လက်ခံထားလိုက်။ တစ်ခြားအရာတွေကတော့ ပူမနေနဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့က သူများကို ပေးတာမှမဟုတ်တာ။ ဘယ်သူမှ ဘာမှမပြောကြလောက်ပါဘူး။ "

စုယွဲ့လည်း ခေါင်းညိတ်ပြလိုက်ကာ တွေးပူမနေတော့ပေ။ ဒါဆိုလည်း အပ်ချုပ်စက်ကို လက်ခံလိုက်တာပေါ့၊ အစ်မရွှီးချန်လည်း စိတ်သက်သာရာရသွားလိမ့်မယ်။

အပ်ချုပ်စက်လည်း ရပြီဖြစ်သဖြင့် စုယွဲ့ ချုပ်လုပ်မှုဆိုင်ရာလက်မှတ်ကို ထုတ်ပေးလိုက်ကာ ဟန်အိုက်ကော ချေးလာသည့် ရဲဘော်လေးဆီ ပြန်ပေးခိုင်းလိုက်သည်။ " အပ်ချုပ်စက်လည်း ရှိနေပြီဆိုတော့ ဒါကိုမလိုအပ်တော့ဘူး။ ရှင် ချေးလာတဲ့သူကို ပြန်ပေးလိုက်ပါ "

ဟန်အိုက်ကော လက်မှတ်ကို ယူနီဖောင်းထဲ ထည့်ထားလိုက်သည်။ ညလည်း နက်နေပြီဖြစ်သောကြောင့် မီးများကိုပိတ်ကာ လင်မယားနှစ်ယောက် အိပ်ရာ၀င်လိုက်ကြသည်။

 
နောက်တစ်နေ့တွင် အပြင်ဘက်မှ အသံအကျယ်ကြီးကြောင့် စုယွဲ့လန့်နိုးလာမိသည်။ မျက်လုံးများကို ဖွင့်လိုက်မိကာ ခဏအကြာတွင် အပြင်ဘက်မှ စကားသံများကိုပါ ခပ်ရေးရေးကြားလိုက်ရသည်။

" အစ်မကြီး၊ အစ်မကြီးရဲ့ ချွေးမရော? သူမကို မတွေ့ပါလား "

အမေဟန် -" အိပ်နေတုန်းမို့လို့လေ၊ ခဏစောင့်လိုက်ပါဦး "

အပြင်မှလူက အံ့သြသွားခဲ့သည်။ " ရှစ်နာရီတောင်ကျော်နေပြီကို အိပ်တုန်းပဲလား။ နောက်ကျနေပြီလေ။ ကျွန်မချွေးမဆိုရင် ငါးနာရီလောက်ဆို ထပြီး အခင်းထဲသွားနေပြိီ "

အမေဟန် - " ကလေးနှစ်ယောက်က ညဘက်ဆို နို့စို့ကြတော့ ညဘက်တွေ မအိပ်ရလို့။ အဲ့ဒါကြောင့် မနက်ဘက်ကို ပိုအိပ်ခိုင်းထားတာ "

" ဪ၊ ကျွန်မတို့တုန်းကတော့ ဒီလိုပါပဲ။ မီးတွင်းမှာတောင် အလုပ်လုပ်နေခဲ့ရတာ။ ကလေးမွေးထားလည်း လုပ်စရာတွေ ပုံနေတော့ စောစောမထရင် ယောက္ခမက သေအောင် ဆူတော့တာပဲ "

အမေဟန် - " အဲ့ဒါတွေက အရင်ကလေ ၊ အခုတော့ အဲ့လိုလုပ်ဖို့မလိုပါဘူး။ ကလေးမွေးရတာလွယ်တာမှ မဟုတ်တာ၊ ယွဲ့ယွဲ့လို တစ်ခါတည်း နှစ်ယောက်သာဆို ပိုဆိုးတာပေါ့ "

"အစ်မကြီးကို ယောက္ခမတော်ရတာ ချွေးမဖြစ်သူက တကယ်ကံကောင်းတာပဲ။ ဒါပေမယ့်လည်း အစ်မကြီး အဲ့လောက် အလိုလိုက်နေလို့ မဖြစ်ဘူး။ မဟုတ်ရင် ယောက္ခမကို မလေးစားဘဲ ခေါင်းပေါ်တက်ထိုင်လာလိမ့်မယ်။ အနာဂတ်ဆိုတာက ပြောမရဘူးလေ "

အမေဟန်က ဘာမှပြန်မပြောတော့ဘဲ အခြားအကြောင်းများကိုသာ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

ထိုအခါမှသာ အပြင်မှစကားပြောနေသူက မာချွေ့ယွင်၏ ယောက္ခမဖြစ်သည်ကို စုယွဲ့သိလိုက်သည်။ နှစ်ကူးပြန်ချိန်တုန်းက ဘာဖြစ်လာလို့လဲတော့မသိ၊ မာချွေ့ယွင်၏ ယောက္ခမပါ တပ်ထဲသို့ပါလာကာ သူမတို့မိသားစုနှင့် အတူလာနေခဲ့သည်။

အမေဟန် ဧည့်မခံနိုင်တော့မှာစိုး၍ စုယွဲ့အမြန်ထကာ အင်္ကျီလဲပြီး အပြင်ထွက်လိုက်သည်။ အဖွားစွန်းကို မြင်သောအခါ စုယွဲ့ပြုံးပြီး နှုတ်ဆက်လိုက်သည်။  " မင်္ဂလာပါ ဒေါ်လေးစွန်း "

အဖွားစွန်းက စုယွဲ့ကိုမြင်သောအခါ ခုနကပြောနေသလို နောက်ကျမှထတယ် ဘာညာပြောမနေတော့ဘဲ မေးခဲ့သည်။  " ရှောင်စု နိုးပြီးလား "

စုယွဲ့ အဖွားစွန်းလက်ထဲရှိမှ အရာများကို တစ်ချက်ကြည့်လိုက်ကာ ပြန်မေးလိုက်သည်။ " ဒေါ်လေးစွန်း ဒီလောက်အစောကြီး ဘာကိစ္စရှိလို့လဲ "

အဖွားစွန်းက သူမလက်ထဲရှိ အ၀တ်များကို ပြကာပြန်ဖြေခဲ့သည်။ " မနေ့က အပ်ချုပ်စက်အသစ်၀ယ်လာတာကို တွေ့လိုက်လို့ ငှားသုံးချင်လို့လေ။ အိမ်က အင်္ကျီတွေက ပြဲနေတော့ ပြန်ချုပ်ဖို့လိုနေတာ။ စက်နဲ့ချုပ်တာက လက်နဲ့ချုပ်တာထက်တော့ ပိုကောင်းတယ် မဟုတ်ဘူးလား။ အဒေါ့်ချွေးမနဲ့လည်း ခင်နေတာဆိုတော့ စိတ်မရှိဘူးမလား "

ဒိီအဖွားကြီးကတော့ တကယ်ပါပဲ ....

စုယွဲ့ ပြုံးကာ ပြန်ဖြေလိုက်သည်။ " စိတ်မရှိပါဘူး ဒေါ်လေးစွန်းရယ်။ လာလေ အပ်ချုပ်စက်က အခန်းထဲမှာ။ "

အဖွားစွန်းက ပျော်သွားကာ စုယွဲ့နောက်သို့ လိုက်သွားခ​ြသည်။ အခန်းထဲသို့ ၀င်လိုက်သည်နှင့် လှည့်ပတ်ကြည့်နေကာ အားကျနေဟန်ဖြင့် ပြောခဲ့သည်။ " ရှောင်စုတို့အခန်းက လှလှပပလေး ပြင်ဆင်ထားတာပဲ။ ဒေါ်လေးတို့ အိမ်ထက်တောင် ကောင်းသေးတယ်။ အဒေါ့်ချွေးမကိုလည်း ဘယ်လိုလုပ်ရမလဲ သင်ပေးလိုက်ပါဦးအေ "

စုယွဲ့ ပြုံးပြရုံသာ ပြုံးပြလိုက်ကာ ပြန်မဖြေပေးဖြစ်ချေ။

ထို့နောက်လည်း ပုခတ်ထဲတွင် အိပ်နေကြသည့် တာ့ပေါင်နှင့် ရှောင်ပေါင်ကို တွေ့သွားကာ မျက်နှာလေးများကို ကိုင်ကြည့်ပြန်သည်။ " ဪ ကံကောင်းလိုက်တာ၊ ၀၀တုတ်တုတ် ကောင်လေးနှစ်ယောက်တောင်ပဲ။ အဲ့လိုသာဆို အဒေါ်လည်း ပျော်နေရမှာ။ ခက်ချင်တော့ အဒေါ့်ချွေးမက သားလေးတွေ မွေးမပေးနိုင်ဘူး။"

ထိုသို့စကားများကို မကြားချင်တော့သဖြင့် စုယွဲ့မျက်မှောင်ကြုံ့လိုက်မိကာ အပ်ချုပ်စက်အဖုံးကို ဖွင့်ပေးလိုက်ပြီး ခုံလေးတစ်ခုံ ချပေးလျက် မေးခဲ့သည်။ " ဒေါ်လေးစွန်း အပ်ချုပ်စက်နဲ့ ချုပ်တက်တယ်မလား "

ထိုစကားများကြောင့် အဖွားစွန်းလည်း အာရုံပြောင်းသွားကာ ခုံပေါ်၌ စိတ်အားထက်သန်စွာ ၀င်ထိုင်လိုက်သည်။ " ရွာမှာတုန်းကတော့ အပ်ချုပ်စက်၀ယ်လာတဲ့ မိသားစုတစ်စုရှိလို့ သင်ထားဖူးတယ်၊ ချုပ်တက်တယ် "

ပြောပြီးနောက်တွင် ခြေနင်းကိုနင်းပြသဖြင့် စက်နင်းသံအသံထွက်လာခဲ့သည်။

အသံက အတော်လေးကျယ်သောကြောင့် ကလေးများ နိုးသွားမည်စိုးသဖြင့် စုယွဲ့ ကလေးနှစ်ယောက်ကို အမေဟန်၏ အခန်းထဲသို့ ပြောင်းသိပ်လိုက်သည်။

အမေဟန်က ကလေးနှစ်ယောက်ကို စောင်ခြုံပေးကာ စုယွဲ့က်ို ကပ်ပြောခဲ့သည်။ " မနက်က ထထချင်းပဲရှိသေးတယ်၊ တံခါးလာခေါက်ပြီး အပ်ချုပ်စက်သုံးချင်လို့လို့ ပြောတာပဲ။ ဒီမှာ ဘယ်သူမှတောင် မသုံးရသေးဘူး။ သူက အရင်ဆုံးလာသုံးရတယ်လို့။ မာချွေ့ယွင်ရဲ့ ယောက္ခမကတော့ တကယ်ကိုပဲ ..."

အမေဟန်က ဘယ်လိုစကားလုံးသုံးကာ ဖော်ပြရမည်ကိုပင် မသိတော့ချေ။

စုယွဲ့လည်း ဖျောင်းဖြလိုက်သည်။ " အမေရယ် စိတ်ထဲထားမနေပါနဲ့၊ သုံးပါစေ "

အမေဟန်က ဘာမှထပ်မပြောတော့ပေ။

ခဏအကြာတွင် မာချွေ့ယွင်က အလောတကြီး ရောက်လာခဲ့သည်။ သူမက စုယွဲ့ကို မြင်တော့ မေးခဲ့သည်။" စုယွဲ့ အစ်မရဲ့ ယောက္ခမက ညီမတို့အိမ်မှာလား။ အစ်မက ဟင်းရွက်ခင်းထဲ သွားနေတာ၊ ပြန်လာတော့ ရှောင်ထောင်းဇီက အ၀တ်တွေကိုင်ပြီး ထွက်သွားတာတွေ့လိုက်တယ်ဆိုလို့။ ညီမတို့ အိမ်ရောက်နေတာလားလို့ "


••••••••••

Zawgyi

၇၀ ခုႏွစ္က မင္းခင္ပြန္းဆီ ကံေကာင္းျခင္းေတြ ယူေဆာင္သြားပါ

အပိုင္း ၇၉ - ငွားေပးလို႔ ေက်းဇူးတင္ပါတယ္

အပ္ခ်ဳပ္စက္ကို သယ္လာေပးသူေတြက တတိယထပ္အထိ တစ္ခါတည္းသယ္လာေပးကာ စုယြဲ႕တို႔အိမ္ေ႐ွ႕တြင္ ခ်ေပးခဲ့သည္။ ထို႔ေၾကာင့္ တတိယထပ္၌ လာၾကည့္ၾကသူမ်ားႏွင့္ ျပည့္ေနေတာ့သည္။ ေခါင္းေဆာင္ယြီကေတာ္ကိုယ္တိုင္ ၀ယ္ေပးတာျဖစ္ေသာေၾကာင့္ ယခင္တစ္ေခါက္ထပ္ ပိုစည္းကားခဲ့သည္။

အမ်ားစုက အားက်ေနၾကကာ အပ္ခ်ဳပ္စက္ကိုကိုင္ၾကည့္ေနၾကၿပီး သူတို႔အိမ္မွာလည္း ႐ွိရင္ေကာင္းမွာပဲလို႔ ေတြးေနၾကသည္။ အိမ္မွာ အပ္ခ်ဳပ္စက္႐ွိရင္ အဆင္ေျပလြယ္ကူတာေၾကာင့္ အားက်ေနၾကသည္မွာ မထူးဆန္းေပ။

ယေန႔ တိုက္တိုက္ဆိုင္ဆိုင္ပင္ ဖန္းေ႐ွာင္းလီ၏ နားရက္ျဖစ္ေနခဲ့သည္။ ထို႔ေၾကာင့္ တတိယထပ္မွာ ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနတာကို သူမလည္း ၾကားသျဖင့္ ထြက္ၾကည့္ေသာအခါ စုယြဲ႕တို႔ အိမ္ေ႐ွ႕႐ွိ အသစ္ခ်က္ခြၽတ္ အပ္ခ်ဳပ္စက္တစ္လုံးကို ျမင္လိုက္ရၿပီး အံ့ၾသသြားခဲ့သည္။

လာစပ္စုေသာ ၀မ္လ်န္ယင္းကလည္း ဖန္းေ႐ွာင္းလီထြက္လာတာကို ျမင္တဲ့အခါ သူမေဘးကိုသြားၿပီး ဘာေတြျဖစ္ေနလဲဆိုတာကို ကပ္ေျပာျပခဲ့သည္။ " ဒီအပ္ခ်ဳပ္စက္က ေခါင္းေဆာင္ယြီရဲ႕မိန္းမက စုယြဲ႕ကိုေပးတာတဲ့။ သူတို႔မိသားစုက္ိဳ ကူညီေပးလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ ေပးတာလို႔ေျပာတာပဲ။ တကယ္ပဲ ဘယ္လိုကူညီခဲ့တာမို႔လို႔ ဒီလိုလက္ေဆာင္ႀကီးကို ေပးရတာလဲဆိုတာ ကြၽန္မေတာ့ နားမလည္ႏိုင္ေတာ့ဘူး .... ဘာလို႔ ဒီေလာက္ ကံေကာင္းေနရတာလဲ။ ကြၽန္မက္ိဳၾက အဲ့လိုေပးမယ့္သူမ႐ွိဘူး။ အဲ့ဒီ့ စုယြဲ႕ဆိုတဲ့မိန္းမက ေသကိုမေသႏိုင္ဘူး။ "

၀မ္လ်န္ယင္းရဲ႕ စကားေတြက ခ်ဥ္စူးေနကာ မ်က္၀န္းထဲ႐ွိ အားက်မနာလိုေနမႈမ်ားကလည္း ဖုံးကြယ္ထား၍ပင္ မရႏိုင္ေတာ့ေပ။ သူမက တိုးတိုးေလးကပ္ကာ ထပ္ေျပာျပန္သည္။ " ေခါင္းေဆာင္ယြီရဲ႕မိန္းမနဲ႔ ဆက္ဆံေရးေကာင္းေတာ့ ေကာင္းလိုက္တာေနာ္။ အပ္ခ်ဳပ္စက္ကိုေတာင္ လက္ေဆာင္ရတယ္။ ကြၽန္မလည္း အဲ့လိုသာ ဆက္ဆံေရးေကာင္းမယ္ဆိုရင္ အဲ့ဒီ့အပ္ခ်ဳပ္စက္က ကြၽန္မအပိုင္ျဖစ္ေနမလား မသိဘူး။ "

ဖန္းေ႐ွာင္းလီ မ်က္ႏွာပ်က္သြားခဲ့သည္။ အပ္ခ်ဳပ္စက္အသစ္ကို ၾကည့္ေနေသာ မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္ေနကာ လက္သီးကိုလည္း က်စ္က်စ္ပါေအာင္ ဆုပ္ထားခဲ့သည္။

ဒီတစ္ေလွ်ာက္လုံး ဖန္းေ႐ွာင္းလီက စုယြဲ႕ဆီမွ အႏိုင္ယူခံေနခဲ့ရသည္။ စုယြဲ႕ ေယာက်္ားျဖစ္သူကလည္း ရာထူးတိုးသြားကာ သူမတို႔အတြက္ ကိတ္မုန္႔လုပ္ေပးဖို႔ကိုလည္း တိုက္႐ိုက္ျငင္းဆိုလိုက္သည့္အတြက္ သားျဖစ္သူက ေန႔တိုင္းဆိုသလို ငိုယိုေနၿပီး မိသားစုကို စိတ္ဆင္းရဲေနရေစေအာင္ လုပ္ထားခဲ့သည္။ အဲ့ဒါေတြအားလုံးကို စုယြဲ႕ တမင္လုပ္ထားတာလို႔ ဖန္းေ႐ွာင္းလီက ေတြးေနခဲ့တာျဖစ္သည္။

ဖန္းေ႐ွာင္းလီ အႏိုင္ရတယ္လို႔ ခံစားရသည့္ တစ္ခုတည္းေသာ က္ိစၥမွာ သူမ၏ ၫႊန္ၾကားမႈေၾကာင့္ စုယြဲ႕ အပ္ခ်ဳပ္စက္မ၀ယ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ ပိုက္ဆံနဲ႔ လက္မွတ္႐ွိေနလည္း သူမ မ၀ယ္ႏိုင္ေအာင္ လုပ္လိုက္ႏိုင္သျဖင့္ ဂုဏ္ယူေနခဲ့တာျဖစ္ၿပီး သူမကိုဆန္႔က်င္ပါက ဘယ္လိုၾကဳံေတြ႕ရမည္ကို သိေအာင္လုပ္ေပးခ်င္ခဲ့တာပင္။ ေျပလည္မႈလိုခ်င္သူက ပထမဆုံး သူမကို စိတ္ေက်နပ္ေအာင္လုပ္ရန္ လာေတာင္းပန္ရမည္ဟု သိေစခ်င္ခဲ့တာျဖစ္သည္။

သို႔ေသာ္လည္း ယခုအခါ ေခါင္းေဆာင္ယြီကေတာ္ရဲ႕ ၾကား၀င္မႈေၾကာင့္ စုယြဲ႕က ၀မ္႐ွန္႔ဌာနကို သြားစရာမလိုဘဲ အပ္ခ်ဳပ္စက္အသစ္ကို ရသြားခဲ့သည္။ ဖန္းေ႐ွာင္းလီ ေဒါသမထြက္ဘဲ ေနႏိုင္ပါ့မလား။

ဖန္းေ႐ွာင္းလီမွာ အဆုတ္ေတြေတာင္ နာလာသလိုပင္။ တံခါးေ႐ွ႕က ထိုအပ္ခ်ဳပ္စက္ကို သြားဖ်က္ဆီးပစ္လိုက္ခ်င္ေသာ္လည္း ေခါင္းေဆာင္ယြီကို ေစာ္ကားမိသလိုျဖစ္သြားမည္စိုး၍ လုပ္လို႔မျဖစ္ႏိုင္ေခ်။

ဖန္းေ႐ွာင္းလီက ႀကိတ္မႏိုင္ခဲမရျဖစ္ကာ ၀မ္လ်န္ယင္းကို လ်စ္လ်ဴ႐ႈ၍ အံႀကိတ္ကာ အိမ္ထဲသို႔လွည့္၀င္သြားေတာ့သည္။ တံခါးကိုလည္း ဒုန္းခနဲျမည္ေအာင့္ ေဆာင့္ပိတ္သြားေသးသည္။

သို႔ေသာ္လည္း လူအမ်ားအာ႐ုံက အပ္ခ်ဳပ္စက္ေပၚတြင္သာ ႐ွိေနၾကသျဖင့္ သူမကို အဖက္လုပ္သူတစ္ေယာက္မွ မ႐ွိေပ။ ႐ႊီးခ်န္ တစ္ေယာက္ကသာ ထိုသည္ကို သတိထားမိကာ ျပဳံးသြားခဲ့သည္။ ထို႔ေနာက္ လာစပ္စုသူမ်ားလည္း ၾကည့္လို႔၀သြားကာ အိမ္ျပန္သြားၾကသည္။ ထိုအခါမွသာ အပ္ခ်ဳပ္စက္ကို အိမ္ထဲသို႔ေ႐ႊ႕ေစလိုက္ကာ ႐ႊီးခ်န္ စုယြဲ႕ကို ျပဳံးၿပီးေျပာလိုက္သည္။ " ခုနက ဖန္းေ႐ွာင္းလီရဲ႕ မ်က္ႏွာကိုေတြ႕လိုက္လား၊ ေဒါသထြက္သြားတဲ့ပုံပဲ "

စုယြဲ႕က အာ႐ုံမ်ားေနသျဖင့္ သတိမထားမိလိုက္ေခ်။ ႐ႊီးခ်န္၏ စကားကိုၾကားမွသာ အိမ္ေ႐ွ႕တြင္ ခဏခ်ခိုင္းလိုက္သည့္ ရည္႐ြယ္ခ်က္ကို စုယြဲ႕ သေဘာေပါက္သြားေတာ့သည္။ ဖန္းေ႐ွာင္းလီကို ေဒါသထြက္သြားရန္ တမင္လုပ္လိုက္တာျဖစ္ႏိုင္သည္။ ယခင္လိုသာဆို စုယြဲ႕လည္း ၀မ္းသာမိေသာ္လည္း ယခုတြင္ေတာ့ ထိုသို႔လုပ္ရန္ စိတ္ကူးမ႐ွိေခ်။ အပ္ခ်ဳပ္စက္ကို လက္ညိႇဳးထိုးကာ စုယြဲ႕ ႐ႊီးခ်န္ကို ေမးခြန္းထုတ္လိုက္သည္။ " အစ္မ႐ႊီးခ်န္ ဘာေတြလုပ္ေနတာလဲ "

" ဘာလုပ္ရမွာလဲ။ ညီမကို ေပးတာေလ " ထိုသို႔ျပန္ေျဖကာ ႐ႊီးခ်န္က အပ္ခ်ဳပ္စက္ကို ပုတ္ျပခဲ့သည္။ " ဒီတစ္ေခါက္ စုယြဲ႕က အစ္မကို အႀကီးႀကီးကူညီေပးထားတာ။ ေလာင္ယြီနဲ႔ အစ္မလည္း ေက်းဇူးတင္ခ်င္ေပမယ့္ ဘယ္လိုေက်းဇူးတင္ရမလဲကို မသိေတာ့လို႔ တိုင္ပင္ေနၾကရင္း ညီမ အပ္ခ်ဳပ္စက္လိုခ်င္ေပမယ့္ ဖန္းေ႐ွာင္းလီ ေႏွာင့္ယွက္လို႔ ၀ယ္မရဘူးလို႔ ေျပာဖူးတာကို သတိရသြားလို႔။ အဲ့ဒါနဲ႔ အစ္မအေမကို ေျပာၿပီး၀ယ္ခိုင္းလိုက္တာ။ ညီမကို ေက်းဇူးတင္တဲ့အေနနဲ႔ ေပးခ်င္လို႔။ "

" အစ္မ႐ႊီးခ်န္ အဲ့လိုမလုပ္ပါနဲ႔ ။ ညီမက ေက်းဇူးအတင္ခံခ်င္လို႔ ကူညီေပးတာ မဟုတ္ပါဘူး။ ျပန္ယူသြားလိုက္ပါ။ ေစ်းႀကီးလြန္းလို႔ ညီမ လက္မခံႏိုင္ဘူး "

႐ႊီးခ်န္က သေဘာမတူေပ။ " ဘယ္ေလာက္ ေစ်းႀကီးႀကီး ညီမ အစ္မကို ကူညီေပးခဲ့တာေလာက္ အဖိုးတန္ပါ့မလား။ အစ္မဗိုက္ထဲက ကေလးေလးေလာက္ တန္ဖိုး႐ွိပါ့မလား။ ဒီကေလးက အစ္မတို႔လင္မယားအတြက္ တကယ္ တန္ဖိုး႐ွိတာ။ အစ္မတို႔ကေတာ့ အပ္ခ်ဳပ္စက္ေလးတစ္လုံးနဲ႔ပဲ ေက်းဇူးတင္ေၾကာင္း ျပန္ျပႏိုင္တယ္။ တကယ္ဆို ဒါက စုယြဲ႕ကူညီေပးတာနဲ႔ ယွဥ္လိုက္ရင္ မေျပာပေလာက္ဘူး။ ဒါေၾကာင့္ အားနာမေနနဲ႔။ ျငင္းမယ္ဆိုရင္ အစ္မ စိတ္ဆိုးၿပီး ေနာက္လည္း မိတ္ေဆြေတြ မလုပ္ေတာ့ဘဲ ေနလိုက္မွာ။ "

" အာ....ဒါက..." ဒါေပမယ့္လည္း အပ္ခ်ဳပ္စက္က ေစ်းႀကီးလြန္းတယ္လို႔ စုယြဲ႕ ထင္ေနတုန္းပင္။

" အာ မေနနဲ႔ေတာ့၊ အစ္မေျပာတာကို နားေထာင္လိုက္ စိတ္ေျဖာင့္ေျဖာင့္နဲ႔ လက္ခံလိုက္လို႔ရတယ္။ ဒါပဲေနာ္။ စကားမေျပာေတာ့ဘူး၊ အစ္မ ျပန္ေတာ့မယ္။ " ႐ႊီးခ်န္က ေျပာၿပီးသည္ႏွင့္ စုယြဲ႕ အပ္ခ်ဳပ္စက္ကို ျပန္ေပးလိုက္မွာကို ေၾကာက္ေနသည့္အလား အလ်င္စလို ျပန္သြားေတာ့သည္။

စုယြဲ႕ အပ္ခ်ဳပ္စက္ကိုၾကည့္ကာ ရယ္ရမလား၊ ငိုရမလားကို မသိေတာ့ေပ။ ေလာေလာဆယ္ေတာ့ ဒီအတိုင္းပဲထားကာ ဟန္အိုက္ေကာျပန္လာမွ လက္ခံသင့္ လက္မခံသင့္ကို တိုင္ပင္ၾကည့္ေတာ့မယ္လို႔ ေတြးထားလိုက္ေတာ့သည္။

အေမဟန္က ဘာတစ္ခြန္းမွ ၀င္မေျပာခဲ့ဘဲ ႐ႊီးခ်န္ျပန္သြားမွသာ ဘာေတြျဖစ္ေနတာလဲလို႔ ေမးခဲ့သည္။

စုယြဲ႕ အၾကမ္းဖ်င္း ႐ွင္းျပလိုက္သည္။ အားေဆးရလာသည့္ေနရာကိုေတာ့ သူမ ေမြးရပ္ေျမမွ ရလာတာလို႔သာ ေျပာလိုက္သည္။ အေမဟန္ကလည္း သံသယမ၀င္ေခ်။ " ဒါေၾကာင့္ ဒီလိုလက္ေဆာင္ေပးတာေပါ့ေလ။ ဒီလိုဆိုရင္ေတာ့ ဟုတ္ပါတယ္ေလ။ ႏွစ္ေတြအၾကာႀကီး ကေလးမရတာကေန ႐ုတ္တရက္ ရသြားတာဆိုေတာ့ ေက်းဇူးေတာ္ေတာ္ေလးတင္သြားမွာေပါ့။ ဒါေပမယ့္လည္း ဒါကေစ်းႀကီးလြန္းတယ္မလား။ ယြမ္တစ္ရာ​ေက်ာ္ေလာက္ က်မယ္ထင္တယ္။ ယြဲ႕ယြဲ႕ လက္ခံမွာလား။ "

စုယြဲ႕ - " အိုက္ေကာ ျပန္လာမွပဲ တိုင္ပင္ၾကည့္မလို႔ အခုေတာ့ ဒီအပ္ခ်ဳပ္စက္ကို အခန္းထဲကို အရင္ေ႐ႊးထားၾကရေအာင္ "

ေခြၽးမျဖစ္သူရဲ႕ ဆုံးျဖတ္ခ်က္ကို အေမဟန္က ဘာမွတ္ခ်က္မွမေပးေပ။ စုယြဲ႕ စကားေၾကာင့္ အေမဟန္က အပ္ခ်ဳပ္စက္ကို စုယြဲ႕တို႔အခန္းထဲသို႔ ဝိုင္းေ႐ႊ႕ေပးခဲ့သည္။ စုယြဲ႕က အေမဟန္ရဲ႕ အခန္းထဲတြင္ ထားေစခ်င္ေသာ္လည္း အေမဟန္က ဒီေလာက္ေစ်းႀကီးတဲ့ဟာႀကီးကို သားႏွင့္ေခြၽးမအခန္းထဲမွာပဲ ထားသင့္တယ္လို႔သာ ေျပာေနခဲ့သည္။ အေမဟန္က ေကာင္းသည့္အရာမွန္သမွ်ကို စုယြဲ႕တို႔အခန္းထဲ၌သာ ထားခ်င္တာျဖစ္သည္။

အေမဟန္ရဲ႕ အေတြးကို စုယြဲ႕ သေဘာက်မိေသာ္လည္း သူမက ေယာကၡမျဖစ္သူအခန္းထဲတြင္သာ ထားခ်င္တာျဖစ္သည္။

သို႔ေသာ္လည္း ေယာကၡမျဖစ္သူကို ႏိုင္ေအာင္မေျပာႏိုင္သျဖင့္ ေနာက္ဆုံး သူမတို႔လင္မယားခန္းထဲ၌သာ ထားလိုက္ရေတာ့သည္။

ဟန္အိုက္ေကာက ည ၉နာရီခြဲမွသာ ျပန္ေရာက္လာကာ ႐ႊံ႕ထဲလူးလာသည့္လူလိုပင္ မ်က္ႏွာထက္၌ ႐ႊံ႕မ်ားေပက်ံေနခဲ့သည္။

စုယြဲ႕ သန္႔႐ွင္းေရးလုပ္ဖို႔ ေရေႏြးေႏြးေလး ျပင္ဆင္ေပးၿပီး ေမးလိုက္သည္။ " ဒီေန႔ ဘယ္သြားခဲ့လို႔ ဒီလိုေတြျဖစ္လာရတာလဲ။ ညစ္ပတ္ေနတာပဲ။ " တပ္ရင္းမႈးအျဖစ္ ရာထူးတိုးၿပီးကတည္းက ဟန္အိုက္ေကာက ယခင္ႏွင့္မတူေတာ့ေခ်။ ေန႔တိုင္းဆိုသလို အေစာႀကီးထြက္သြားရကာ ညဆိုလည္း ေနာက္က်မွ ျပန္လာသည္။ ညသန္းေခါင္မွ ျပန္လာတာေတြလည္း႐ွိတက္သည္။ ေတာေတာင္ထဲသို႔သြား၍ ေလ့က်င့္ေရးဆင္းရကာ ႏွစ္ရက္သုံးရက္ေနမွ အိမ္သို႔ျပန္လာတက္သည့္အခါမ်ားလည္း႐ွိသည္ပင္။

ေရေႏြးျပင္ေပးၿပီးသြားသည့္အခါ ဟန္အိုက္ေကာက အက်ႌ ခြၽတ္လိုက္ၿပီး စုယြဲ႕ေ႐ွ႕မွာတင္ ေရခ်ိဳးဇလုံထဲ၀င္ၿပီး ေရခ်ိဳးကာ ျပန္ေျဖေပးခဲ့သည္။ " ဒီည တပ္သားေတြကိုေခၚၿပီး ေတာထဲမွာ ေလ့က်င့္ေရးဆင္းေနတာ။ မိုး႐ြာလာေတာ့ အကုန္ဗြက္ေတြခ်ည္း ျဖစ္ကုန္တာ။ "

စုယြဲ႕ ကူကယ္ရာမဲ့စြာ ေခါင္းခါလိုက္မိသည္။ ထို႔ေနာက္ မီးဖိုခန္းထဲ၀င္ၿပီး ေပါက္စီႏွစ္လုံးႏွင့္ ဟန္အိုက္ေကာအတြက္ ခ်န္ထားတဲ့ညစာကို ပန္းကန္ထဲ ထည့္လိုက္ကာ ေရခ်ိဳးခန္းထဲသို႔ယူသြားလိုက္ကာ ေရခ်ိဳးဇလုံေဘး႐ွိ ခုံေလးေပၚတြင္ ၀င္ထိုင္လိုက္ၿပီး ေပါက္စီတစ္လုံးကိုယူလ်က္ ဟန္အိုက္ေကာကို ခြံ႕ေကြၽးလိုက္သည္။

ဟန္အိုက္ေကာက ေရခ်ိဳးေနရင္းနဲ႔ ပါးစပ္ဟေပးကာ ေပါက္စီကိုစားလိုက္သည္။ ေရခ်ိဳးရင္း စားလိုက္ေတာ့ အခ်ိန္ေႁခြတာရာေရာက္သည္။ သူတို႔ လင္မယားႏွစ္ေယာက္က ဤသို႔ ခဏခဏလုပ္ေလ့႐ွိေနၿပီ ျဖစ္သည္။

" ျဖည္းျဖည္းစားဦး၊ နင္ေနဦးမယ္ " စုယြဲ႕က ေရခြက္ကိုေတ့ေပးကာ ဟန္အိုက္ေကာကို ေသာက္ေစခဲ့သည္။ ဟန္အိုက္ေကာက အသည္းအသန္မ်ိဳခ်ေနသည္ကိုၾကည့္ရင္း စုယြဲ႕ စိတ္ပူမိလာသည္။ ဟန္အိုက္ေကာက ေလ့က်င့္ေရးေၾကာင့္ အသားမ်ားလည္း ညိဳလာသလို ပိန္လည္းပိန္သြားသည္။ တပ္သားမ်ားႏွင့္အတူ ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ားကို လုပ္ေနရသျဖင့္ ဟန္အိုက္ေကာ မခံႏိုင္ဘဲ လဲသြားမွာစိုးရိမ္တာေၾကာင့္ စုယြဲ႕က အစားအေသာက္က္ိဳ ဂ႐ုတစ္ိဳက္ ေကြၽးေနတာျဖစ္သည္။

ေတာ္ေသးတာတစ္ခုက စုယြဲ႕က အခု ကိတ္မုန္႔ေတြကိုလည္းလုပ္ေနသလို ဟန္အိုက္ေကာ လစာလည္းတိုးလာသျဖင့္ မိသားစုအတြက္ မခက္ခဲေတာ့ေပ။

ဟန္အိုက္ေကာက ျဖည္းျဖည္းခ်င္းစားေနရင္းျဖင့္ ခ်စ္ရည္႐ႊန္းလဲ့ေနေသာ မ်က္၀န္းမ်ားျဖင့္ စုယြဲ႕ကိုၾကည့္ေနခဲ့သည္။ ကေလးေတြက နံေဘး၌မ႐ွိဘဲ ႏွစ္ေယာက္တည္းေနရတဲ့ အခ်ိန္က႐ွားေသာေၾကာင့္ ဟန္အိုက္ေကာအတြက္ ေန႔တိုင္းဆိုသလို ေရခ်ိဳးသည့္အခ်ိန္က အေမွ်ာ္လင့္မိဆုံးအခ်ိန္ ျဖစ္လို႔ေနသည္။

ထိုသည္ကို စုယြဲ႕လည္း သေဘာေပါက္သျဖင့္ ဘယ္ေလာက္ပဲ ေနာက္က်ေနပါေစ ဟန္အိုက္ေကာ ျပန္လာမွာကို ေစာင့္ေနတက္ကာ ေရခ်ိဳးဖို႔ျပင္ဆင္ေပးၿပီး ညစာပါတစ္ခါတည္း ေကြၽးတာျဖစ္သည္။ ကေလးမ်ားကို ဂ႐ုစိုက္ေပးဖို႔ လိုအပ္သလို ခင္ပြန္းျဖစ္သူကိုလည္း ဂ႐ုစိုက္ေပးရမည္ပင္။ သို႔ျဖစ္၍ တစ္ဖက္ကိုမွ လ်စ္လ်ဴ႐ႈထားျခင္းမျဖစ္ရေအာင္ စုယြဲ႕ ႀကိဳးစားမိသည္။

သို႔ေသာ္လည္း ႏွစ္ေယာက္တည္း အတူ႐ွိခ်ိန္မ်ားက ေ႐ႊလို႐ွားလွသည္။ နာရီ၀က္ခန္႔ၾကာေသာအခါ ဟန္ေ႐ွာင္ေပါင္ရဲ႕ အိပ္ခန္းထဲမွ ေအာ္ငိုသံကို ၾကားလိုက္ရသည္။ ၾကည့္ရတာ အေမဟန္လည္း ထိန္းမႏိုင္ေတာ့ဘူး ထင္တယ္။

ယခုဆို ေ႐ွာင္ေပါင္က မားဟု ေခၚတက္ေနၿပီျဖစ္၍ စုယြဲ႕ကိုျမင္သည္ႏွင့္ မား မား ဟု ေအာ္ေနတက္ကာ မၾကားခ်င္ေယာင္ေဆာင္၍လည္း မရပါ။

ဟန္အိုက္ေကာက ျပဳံးကာ ေျပာခဲ့သည္။" ေတာ္ၿပီ၊ ကိုယ္ ဗိုက္၀ေနၿပီ ၊ ကေလးေတြကိုပဲ သြားၾကည့္လိုက္ေတာ့ "

စုယြဲ႕ ဟန္အိုက္ေကာကို လဲဖို႔အ၀တ္မ်ားေပးခဲ့ကာ အိပ္ခန္းထဲ ျပန္သြားလိုက္သည္။ သူမ ၀င္လာတာကိုျမင္သည္ႏွင့္ ဟန္ေ႐ွာင္ေပါင္က လွမ္းေအာ္ခဲ့သည္။ " မား..."

စုယြဲ႕ သားျဖစ္သူကိုခ်ီကာ တင္ပါးေလးကို ႐ိုက္ေပးလိုက္သည္ ။ "'မားမားေလ၊ မဟုတ္ဘူးလား ငတုံးေကာင္ေလးရဲ႕ "

" မား~ " ေ႐ွာင္ေပါင္က တခစ္ခစ္ရယ္ကာ ျပန္ေျပာၿပီးေနာက္ ေျခေထာက္ေလးမ်ားကို ကန္ကာကစားေနခဲ့သည္။

ဟန္အိုက္ေကာ ဆံပင္ေရသုတ္ကာ ထြက္လာသည္ကိုျမင္ေသာအခါ ေ႐ွာင္ေပါင္က လက္ဆန္႔ေပးကာ သူ႕ကိုခ်ီခိုင္းခဲ့သည္။

ေ႐ွာင္ေပါင္က မားဟုေခၚတက္ေနၿပီျဖစ္ေသာ္လည္း အေဖျဖစ္သူကိုေတာ့ မေခၚတက္ေသးဘဲ အာ အာ ဟူ၍သာ အသံေပးၿပီး သူ႕ကို ေခၚခိုင္းတက္သည္။

ဟန္အိုက္ေကာ ျပဳံးလိုက္ၿပီး ေ႐ွာင္ေပါင္ကို ခ်ီလိုက္ကာ ပါးေလးကို နမ္းလိုက္ၿပီး ယခင္ေန႔မ်ားလိုပင္ စကားေျပာသင္ေပးခဲ့သည္။ " ေ႐ွာင္ေပါင္၊ ပါးပါးလို႔ေခၚ။ ပါးပါး၊ ပါးပါး "

ေ႐ွာင္ေပါင္က လက္ခုပ္ေလးတီးကာ " အာ အာ  -- " ဟုသာ ေျပာခဲ့သည္။

ဟန္အိုက္ေကာ လက္ေလွ်ာ့လိုက္ရေတာ့သည္။

အေမဟန္၏ လက္ထဲ႐ွိ တာ့ေပါင္က အ​ေဖျဖစ္သူ ညီငယ္ေလးကို ခ်ီထားသည္ကိုေတြ႕ေသာအခါ မ်က္ႏွာငယ္ေလးျဖစ္ေနခဲ့သည္။ လက္တုတ္တုတ္ေလးမ်ားကို စုယြဲ႕ထံ ဆန္႔ကာ သူ႕ကိုခ်ီခိုင္းခဲ့သည္။

ၿငိမ္တယ္ဆိုၿပီး အထင္မေသးသင့္ေပ။ တာ့ေပါင္ကလည္း တကယ္ကို လူလည္ေကာင္ေလးပဲ ျဖစ္သည္။ အေမျဖစ္သူရဲ႕ လက္အားၿပီဆိုတာနဲ႔ ခ်ီခိုင္းတက္ကာ စုယြဲ႕က ေ႐ွာင္ေပါင္ကိုခ်ီထားလွ်င္ေတာ့ အေမဟန္၏ လက္ထဲတြင္သာ ၿငိမ္ၿငိမ္ေလးေနတက္သည္။

စုယြဲ႕ တာ့ေပါင္ကိုေခၚလိုက္ကာ ပါးေလးကို နမ္းလိုက္မိသည္။ တာ့ေပါင္ကလည္း အေမျဖစ္သူ၏ ရင္ခြင္ထဲသို႔ ပါးေဖာင္းေဖာင္းေလးမ်ားျဖင့္ ပြတ္သပ္ကာ ခြၽဲေနသည္။

စုယြဲ႕ သူမ သားႀကီးရဲ႕ ပါးေလးေတြကို ညႇစ္လိုက္မိသည္။ " တာ့ေပါင္လည္း မားမားလို႔ေခၚေလ၊ ညီေလးေတာင္ ေခၚတက္ေနၿပီ။ လာပါဦး ေခၚပါဦး မားမားလို႔၊ မား မား၊ မား မား "

တာ့ေပါင္က စုယြဲ႕ ရင္ခြင္ထဲမွေနကာ ဘာမွမေျပာဘဲ အေတာ္ၾကာ ေမာ့ၾကည့္ေနခဲ့သည္။ စုယြဲ႕ လက္ေလွ်ာ့လိုက္ေတာ့မယ့္အခ်ိန္တြင္ တာ့ေပါင္က " မားမား " ဟုေခၚလိုက္သည္။

စုယြဲ႕ အံ့ၾသသြားမိသည္။ တာ့ေပါင္က အရင္က ဘာမွမေျပာခဲ့ဖူးပဲ သူမကိုသာ မားမားဟု ပထမဆုံးေခၚလိုက္တာျဖစ္သည္။ စကားမေျပာတက္ေလာက္ေသးဘူးလို႔ ထင္ခဲ့ေသာ္လည္း တာ့ေပါင္က မားမားလို႔ ေခၚတက္ေနကာ ေ႐ွာင္ေပါက္ထက္ပင္ ပိုပီသေသးသည္။

စုယြဲ႕ တာ့ေပါင္ရဲ႕ နဖူးကို နမ္းကာ ခ်ီးက်ဴးေပးလိုက္သည္။ " မားမားရဲ႕ တာ့ေပါင္ေလးက ေတာ္လိုက္တာ "

အေမဟန္ကလည္း ျပဳံးေနခဲ့သည္။ " တကယ္တမ္းၾက တာ့ေပါင္က အကုန္သိေနေလာက္တယ္၊ ထုတ္မေျပာတာဘဲ ေနမွာ "

တာ့ေပါင္က မားမားလို႔ ေခၚလိုက္သျဖင့္ ဟန္အိုက္ေကာက တာ့ေပါင္ကိုလည္း သင္ေပးခဲ့သည္။ " တ့ေပါင္ ပါးပါးကိုလည္း ေခၚပါဦး၊ ပါးပါးလို႔ေလ။ ပါး ပါး ~ "

သို႔ေသာ္လည္း တာ့ေပါင္က သမ္းေဝျပကာ စုယြဲ႕ အက်ႌၾကားထဲ မ်က္ႏွာအပ္သြားၿပီး အေဖျဖစ္သူကို လ်စ္လ်ဴ႐ႈသြားခဲ့သည္။

ဟန္အိုက္ေကာ - " ...... ငဆိုးေလးႏွစ္ေကာင္ "

စုယြဲ႕နဲ႔ အေမဟန္လည္း ရယ္လိုက္မိၾကသည္။ ကေလးႏွစ္ေယာက္လုံးက ပါးပါးလို႔ မေခၚၾကတာေၾကာင့္ ဟန္အိုက္ေကာက မေက်မနပ္ျဖစ္ကာ ေန႔တိုင္းသင္ေပးေနေသာ္လည္း ကေလးႏွစ္ေယာက္က မေခၚတက္ၾကေသးေပ။

ခဏေဆာ့ၿပီးေနာက္တြင္ ကေလးႏွစ္ေယာက္က ပင္ပန္းသြားကာ အိပ္ေပ်ာ္သြားၾကသည္။ အေမဟန္ကလည္း အိပ္ခ်င္ေနတာေၾကာင့္ ေျပာခဲ့သည္။" ဒါဆိုလည္း အေမ အခန္းထဲသြားေတာ့မယ္ေနာ္၊ ကေလးေတြကိုေတာ့ ႏွစ္ေယာက္သားပဲ ၾကည့္ထားလိုက္ေတာ့ "

စုယြဲ႕ - " ရတယ္ေလ၊ အေမ ေစာေစာအိပ္လိုက္။ မနက္ၾကရင္လည္း အေစာႀကီးမထနဲ႔ေတာ့၊ သမီးပဲ မနက္စာျပင္လိုက္မယ္။ "

" ဟုတ္ၿပီ ဟုတ္ၿပီ " အေမဟန္က ျပန္ေျဖကာ သူမတို႔အခန္းထဲမွ ထြက္သြားၿပီး တံခါးကိုျပန္ပိတ္ေပးသြားသည္။

ကေလးေတြက အိပ္သြားၾကၿပီျဖစ္ကာ အခန္းထဲ၌ အပ္ခ်ဳပ္စက္တစ္လုံး ေရာက္ေနသျဖင့္ ဟန္အိုက္ေကာက ေမးခဲ့သည္။

စုယြဲ႕ ႐ွင္းျပလိုက္ကာ တိုင္ပင္ၾကည့္လိုက္သည္။ " ဒါကို လက္ခံလိုက္ရင္ ႐ွင့္ကို မထိခိုက္ဘူးမလား "

စုယြဲ႕ ဘာကို စိုးရိမ္ေနလဲ ဟန္အိုက္ေကာသိသည္။ " ေခါင္းေဆာင္ယြီတို႔က ေပးခ်င္ေနမွေတာ့ လက္ခံထားလိုက္ပါ။ လက္မခံဘဲေနရင္ သူတို႔က ေက်းဇူးေႂကြးတင္ေနတယ္ထင္ၿပီး အားနာေနလိမ့္မယ္၊ အဲ့ေတာ့ လက္ခံထားလိုက္။ တစ္ျခားအရာေတြကေတာ့ ပူမေနနဲ႔။ ဘာပဲျဖစ္ျဖစ္ ကိုယ္တို႔က သူမ်ားကို ေပးတာမွမဟုတ္တာ။ ဘယ္သူမွ ဘာမွမေျပာၾကေလာက္ပါဘူး။ "

စုယြဲ႕လည္း ေခါင္းညိတ္ျပလိုက္ကာ ေတြးပူမေနေတာ့ေပ။ ဒါဆိုလည္း အပ္ခ်ဳပ္စက္ကို လက္ခံလိုက္တာေပါ့၊ အစ္မ႐ႊီးခ်န္လည္း စိတ္သက္သာရာရသြားလိမ့္မယ္။

အပ္ခ်ဳပ္စက္လည္း ရၿပီျဖစ္သျဖင့္ စုယြဲ႕ ခ်ဳပ္လုပ္မႈဆိုင္ရာလက္မွတ္ကို ထုတ္ေပးလိုက္ကာ ဟန္အိုက္ေကာ ေခ်းလာသည့္ ရဲေဘာ္ေလးဆီ ျပန္ေပးခိုင္းလိုက္သည္။ " အပ္ခ်ဳပ္စက္လည္း ႐ွိေနၿပီဆိုေတာ့ ဒါကိုမလိုအပ္ေတာ့ဘူး။ ႐ွင္ ေခ်းလာတဲ့သူကို ျပန္ေပးလိုက္ပါ "

ဟန္အိုက္ေကာ လက္မွတ္ကို ယူနီေဖာင္းထဲ ထည့္ထားလိုက္သည္။ ညလည္း နက္ေနၿပီျဖစ္ေသာေၾကာင့္ မီးမ်ားကိုပိတ္ကာ လင္မယားႏွစ္ေယာက္ အိပ္ရာ၀င္လိုက္ၾကသည္။

 
ေနာက္တစ္ေန႔တြင္ အျပင္ဘက္မွ အသံအက်ယ္ႀကီးေၾကာင့္ စုယြဲ႕လန္႔ႏိုးလာမိသည္။ မ်က္လုံးမ်ားကို ဖြင့္လိုက္မိကာ ခဏအၾကာတြင္ အျပင္ဘက္မွ စကားသံမ်ားကိုပါ ခပ္ေရးေရးၾကားလိုက္ရသည္။

" အစ္မႀကီး၊ အစ္မႀကီးရဲ႕ ေခြၽးမေရာ? သူမကို မေတြ႕ပါလား "

အေမဟန္ -" အိပ္ေနတုန္းမို႔လို႔ေလ၊ ခဏေစာင့္လိုက္ပါဦး "

အျပင္မွလူက အံ့ၾသသြားခဲ့သည္။ " ႐ွစ္နာရီေတာင္ေက်ာ္ေနၿပီကို အိပ္တုန္းပဲလား။ ေနာက္က်ေနၿပီေလ။ ကြၽန္မေခြၽးမဆိုရင္ ငါးနာရီေလာက္ဆို ထၿပီး အခင္းထဲသြားေနၿပိီ "

အေမဟန္ - " ကေလးႏွစ္ေယာက္က ညဘက္ဆို ႏို႔စို႔ၾကေတာ့ ညဘက္ေတြ မအိပ္ရလို႔။ အဲ့ဒါေၾကာင့္ မနက္ဘက္ကို ပိုအိပ္ခိုင္းထားတာ "

" ဪ၊ ကြၽန္မတို႔တုန္းကေတာ့ ဒီလိုပါပဲ။ မီးတြင္းမွာေတာင္ အလုပ္လုပ္ေနခဲ့ရတာ။ ကေလးေမြးထားလည္း လုပ္စရာေတြ ပုံေနေတာ့ ေစာေစာမထရင္ ေယာကၡမက ေသေအာင္ ဆူေတာ့တာပဲ "

အေမဟန္ - " အဲ့ဒါေတြက အရင္ကေလ ၊ အခုေတာ့ အဲ့လိုလုပ္ဖို႔မလိုပါဘူး။ ကေလးေမြးရတာလြယ္တာမွ မဟုတ္တာ၊ ယြဲ႕ယြဲ႕လို တစ္ခါတည္း ႏွစ္ေယာက္သာဆို ပိုဆိုးတာေပါ့ "

"အစ္မႀကီးကို ေယာကၡမေတာ္ရတာ ေခြၽးမျဖစ္သူက တကယ္ကံေကာင္းတာပဲ။ ဒါေပမယ့္လည္း အစ္မႀကီး အဲ့ေလာက္ အလိုလိုက္ေနလို႔ မျဖစ္ဘူး။ မဟုတ္ရင္ ေယာကၡမကို မေလးစားဘဲ ေခါင္းေပၚတက္ထိုင္လာလိမ့္မယ္။ အနာဂတ္ဆိုတာက ေျပာမရဘူးေလ "

အေမဟန္က ဘာမွျပန္မေျပာေတာ့ဘဲ အျခားအေၾကာင္းမ်ားကိုသာ စကားလမ္းေၾကာင္းလႊဲလိုက္ေတာ့သည္။

ထိုအခါမွသာ အျပင္မွစကားေျပာေနသူက မာေခြၽ႕ယြင္၏ ေယာကၡမျဖစ္သည္ကို စုယြဲ႕သိလိုက္သည္။ ႏွစ္ကူးျပန္ခ်ိန္တုန္းက ဘာျဖစ္လာလို႔လဲေတာ့မသိ၊ မာေခြၽ႕ယြင္၏ ေယာကၡမပါ တပ္ထဲသို႔ပါလာကာ သူမတို႔မိသားစုႏွင့္ အတူလာေနခဲ့သည္။

အေမဟန္ ဧည့္မခံႏိုင္ေတာ့မွာစိုး၍ စုယြဲ႕အျမန္ထကာ အက်ႌလဲၿပီး အျပင္ထြက္လိုက္သည္။ အဖြားစြန္းကို ျမင္ေသာအခါ စုယြဲ႕ျပဳံးၿပီး ႏႈတ္ဆက္လိုက္သည္။  " မဂၤလာပါ ေဒၚေလးစြန္း "

အဖြားစြန္းက စုယြဲ႕ကိုျမင္ေသာအခါ ခုနကေျပာေနသလို ေနာက္က်မွထတယ္ ဘာညာေျပာမေနေတာ့ဘဲ ေမးခဲ့သည္။  " ေ႐ွာင္စု ႏိုးၿပီးလား "

စုယြဲ႕ အဖြားစြန္းလက္ထဲ႐ွိမွ အရာမ်ားကို တစ္ခ်က္ၾကည့္လိုက္ကာ ျပန္ေမးလိုက္သည္။ " ေဒၚေလးစြန္း ဒီေလာက္အေစာႀကီး ဘာကိစၥ႐ွိလို႔လဲ "

အဖြားစြန္းက သူမလက္ထဲ႐ွိ အ၀တ္မ်ားကို ျပကာျပန္ေျဖခဲ့သည္။ " မေန႔က အပ္ခ်ဳပ္စက္အသစ္၀ယ္လာတာကို ေတြ႕လိုက္လို႔ ငွားသုံးခ်င္လို႔ေလ။ အိမ္က အက်ႌေတြက ၿပဲေနေတာ့ ျပန္ခ်ဳပ္ဖို႔လိုေနတာ။ စက္နဲ႔ခ်ဳပ္တာက လက္နဲ႔ခ်ဳပ္တာထက္ေတာ့ ပိုေကာင္းတယ္ မဟုတ္ဘူးလား။ အေဒၚ့ေခြၽးမနဲ႔လည္း ခင္ေနတာဆိုေတာ့ စိတ္မ႐ွိဘူးမလား "

ဒိီအဖြားႀကီးကေတာ့ တကယ္ပါပဲ ....

စုယြဲ႕ ျပဳံးကာ ျပန္ေျဖလိုက္သည္။ " စိတ္မ႐ွိပါဘူး ေဒၚေလးစြန္းရယ္။ လာေလ အပ္ခ်ဳပ္စက္က အခန္းထဲမွာ။ "

အဖြားစြန္းက ေပ်ာ္သြားကာ စုယြဲ႕ေနာက္သို႔ လိုက္သြားခ​ျသည္။ အခန္းထဲသို႔ ၀င္လိုက္သည္ႏွင့္ လွည့္ပတ္ၾကည့္ေနကာ အားက်ေနဟန္ျဖင့္ ေျပာခဲ့သည္။ " ေ႐ွာင္စုတို႔အခန္းက လွလွပပေလး ျပင္ဆင္ထားတာပဲ။ ေဒၚေလးတို႔ အိမ္ထက္ေတာင္ ေကာင္းေသးတယ္။ အေဒၚ့ေခြၽးမကိုလည္း ဘယ္လိုလုပ္ရမလဲ သင္ေပးလိုက္ပါဦးေအ "

စုယြဲ႕ ျပဳံးျပ႐ုံသာ ျပဳံးျပလိုက္ကာ ျပန္မေျဖေပးျဖစ္ေခ်။

ထို႔ေနာက္လည္း ပုခတ္ထဲတြင္ အိပ္ေနၾကသည့္ တာ့ေပါင္ႏွင့္ ေ႐ွာင္ေပါင္ကို ေတြ႕သြားကာ မ်က္ႏွာေလးမ်ားကို ကိုင္ၾကည့္ျပန္သည္။ " ဪ ကံေကာင္းလိုက္တာ၊ ၀၀တုတ္တုတ္ ေကာင္ေလးႏွစ္ေယာက္ေတာင္ပဲ။ အဲ့လိုသာဆို အေဒၚလည္း ေပ်ာ္ေနရမွာ။ ခက္ခ်င္ေတာ့ အေဒၚ့ေခြၽးမက သားေလးေတြ ေမြးမေပးႏိုင္ဘူး။"

ထိုသို႔စကားမ်ားကို မၾကားခ်င္ေတာ့သျဖင့္ စုယြဲ႕မ်က္ေမွာင္ၾကဳံ႕လိုက္မိကာ အပ္ခ်ဳပ္စက္အဖုံးကို ဖြင့္ေပးလိုက္ၿပီး ခုံေလးတစ္ခုံ ခ်ေပးလ်က္ ေမးခဲ့သည္။ " ေဒၚေလးစြန္း အပ္ခ်ဳပ္စက္နဲ႔ ခ်ဳပ္တက္တယ္မလား "

ထိုစကားမ်ားေၾကာင့္ အဖြားစြန္းလည္း အာ႐ုံေျပာင္းသြားကာ ခုံေပၚ၌ စိတ္အားထက္သန္စြာ ၀င္ထိုင္လိုက္သည္။ " ႐ြာမွာတုန္းကေတာ့ အပ္ခ်ဳပ္စက္၀ယ္လာတဲ့ မိသားစုတစ္စု႐ွိလို႔ သင္ထားဖူးတယ္၊ ခ်ဳပ္တက္တယ္ "

ေျပာၿပီးေနာက္တြင္ ေျခနင္းကိုနင္းျပသျဖင့္ စက္နင္းသံအသံထြက္လာခဲ့သည္။

အသံက အေတာ္ေလးက်ယ္ေသာေၾကာင့္ ကေလးမ်ား ႏိုးသြားမည္စိုးသျဖင့္ စုယြဲ႕ ကေလးႏွစ္ေယာက္ကို အေမဟန္၏ အခန္းထဲသို႔ ေျပာင္းသိပ္လိုက္သည္။

အေမဟန္က ကေလးႏွစ္ေယာက္ကို ေစာင္ျခဳံေပးကာ စုယြဲ႕က္ိဳ ကပ္ေျပာခဲ့သည္။ " မနက္က ထထခ်င္းပဲ႐ွိေသးတယ္၊ တံခါးလာေခါက္ၿပီး အပ္ခ်ဳပ္စက္သုံးခ်င္လို႔လို႔ ေျပာတာပဲ။ ဒီမွာ ဘယ္သူမွေတာင္ မသုံးရေသးဘူး။ သူက အရင္ဆုံးလာသုံးရတယ္လို႔။ မာေခြၽ႕ယြင္ရဲ႕ ေယာကၡမကေတာ့ တကယ္ကိုပဲ ..."

အေမဟန္က ဘယ္လိုစကားလုံးသုံးကာ ေဖာ္ျပရမည္ကိုပင္ မသိေတာ့ေခ်။

စုယြဲ႕လည္း ေဖ်ာင္းျဖလိုက္သည္။ " အေမရယ္ စိတ္ထဲထားမေနပါနဲ႔၊ သုံးပါေစ "

အေမဟန္က ဘာမွထပ္မေျပာေတာ့ေပ။

ခဏအၾကာတြင္ မာေခြၽ႕ယြင္က အေလာတႀကီး ေရာက္လာခဲ့သည္။ သူမက စုယြဲ႕ကို ျမင္ေတာ့ ေမးခဲ့သည္။" စုယြဲ႕ အစ္မရဲ႕ ေယာကၡမက ညီမတို႔အိမ္မွာလား။ အစ္မက ဟင္း႐ြက္ခင္းထဲ သြားေနတာ၊ ျပန္လာေတာ့ ေ႐ွာင္ေထာင္းဇီက အ၀တ္ေတြကိုင္ၿပီး ထြက္သြားတာေတြ႕လိုက္တယ္ဆိုလို႔။ ညီမတို႔ အိမ္ေရာက္ေနတာလားလို႔ "


#2.8.2023

Continue Reading

You'll Also Like

4K 254 7
🚨18+Warning🚨 #just fan translation #all credit to original authur and Eng translator #wakeupastheCinderella'sstepsister
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.7M 71K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...