ကြင်သူသို့... ( Completed)

By Chitlay84

39K 1.6K 78

အချစ်ဆိုတာ တကယ်ရှိတယ်။ More

Intro❤
Part- 1
Part- 2
Part- 3
Part - 4
Part- 5
Part- 6
Part- 7
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part- 14
Part- 15
Part- 16
Part- 17
Part- 18
Part- 19
Part- 20
ဇာတ်သိမ်းပိုင်း❤

Part- 13

946 47 0
By Chitlay84

Part- 13




ၾကယ္ေလးေျပာလိုက္တဲ့ ထိုစကားတစ္ခြန္းက အခ်ိန္ေတြအၾကာႀကီးၿငိမ္သက္ေနခဲ့တဲ့ သူ႕ႏွလုံးသားကို ပထမဆုံးအႀကိမ္အျဖစ္ျပန္လည္ ႏွိုးဆြေပးလိုက္သလိုပါပင္... သူ႕ရင္ခုန္သံေတြျမန္လာရသည္။

သူအခုရင္ေတြခုန္ေနတာလား....။ ဒီကေလးရဲ႕စကားေလးတစ္ခြန္းအတြက္နဲ႕ေလ...။

မဟုတ္ဘူး...မျဖစ္နိုင္ဘူး... သူ႕စိတ္ထဲမွာတစ္ခ်ိန္လုံး ဒီကေလးကိုမင္းမိုရ္နဲ႕ဆင္တူတယ္လို႔ျမင္ေနမိလို႔ ျဖစ္မွာပါ...။ သူ႕အေနနဲ႕ မင္းမိုရ္ကို သစၥာေဖာက္ၿပီးအျခားတစ္ေယာက္အေပၚ အခုလို စိတ္ယိုင္ပစ္လိုက္ဖို႔ ဘယ္တုန္းကမွမေတြးခဲ့ဖူးပါ...။ ၿပီးေတာ့ တစ္သက္လုံးလည္းအဲ့ဒီလိုျဖစ္လာမွာမဟုတ္ဘူး...။ လုံးဝကိုမျဖစ္နိုင္ဘူး။

ႏွလုံးသားကေျပာလာတဲ့စကားလုံးေတြကို သူ႕စိတ္ခံစားခ်က္... သစၥာတရားေတြနဲ႕ခ်က္ခ်င္းဖုံးကြယ္ပစ္လိုက္သည္။

ၾကယ္ေလးရဲ႕ေခါင္းေပၚမွာၿငိမ္သက္ေနမိတဲ့သူ႕လက္ကိုလည္း ခ်က္ခ်င္းဖယ္ရွားပစ္လိုက္ၿပီး အားနာသလိုၿပဳံးလိုက္မိသည္။

" ဟား... Sorry ကြာ... ဦး အဲ့ဒီလိုမလုပ္သင့္ဘူး...တကယ္ကို ေတာင္းပန္ပါတယ္... "

ထိုစကားကိုေျပာရင္းႏွင့္ပင္ သူ သိမ္းစရာရွိသည့္ပစၥည္းမ်ားကိုေကာက္သိမ္းေနမိသည္။ ၾကယ္ေလးမ်က္ႏွာကိုထပ္မၾကည့္ရဲေတာ့ပါ...။

ထိုအခ်ိန္မွာပဲ ၾကယ္ေလးကေျပာလာသည္။

" ဖုန္း.... ဝယ္မလာပါနဲ႕... က်ေနာ္ဖြားကိုပဲဝယ္ခိုင္းလိုက္ပါ့မယ္... ဒါေပမယ့္ က်ေနာ့္ကိုေပးထားတဲ့ကတိကိုေတာ့ တည္ေပးမယ္မွတ္လားဟင္..."

ဒီအေမးစကားအတြက္ကိုေတာ့ သူၾကယ္ေလးနဲ႕မ်က္ႏွာခ်င္းဆိုင္ၿပီး ျပန္ေျဖေပးျဖစ္သည္။

" ဦးကေပးထားၿပီးသားကတိကိုဘယ္ေတာ့မွ ျပန္မဖ်က္တက္ဘူးကေလး... ဦးေသခ်ာေပါက္ ကတိတည္မွာပါ... ကေလးဘက္ကဦးနဲ႕မဆက္သြယ္ခ်င္လို႔ အဆက္သြယ္ျဖတ္ခ်င္ၿပီဆိုမွ... "

" ဘယ္ေတာ့မွ အဲ့ဒီလို ျဖစ္လာမွာမဟုတ္ပါဘူး"

သူ႕စကားပင္မဆုံးလိုက္... ခ်က္ခ်င္း ပိတ္ေျပာလာတဲ့ၾကယ္ေလးစကားေၾကာင့္ ေျမမိုး ေနာက္တစ္ႀကိမ္ထပ္ၿပီးရင္ခုန္သြားခဲ့သည္။

ဒီတစ္ႀကိမ္မွာေတာ့ သူခုဏကလိုမ်က္ႏွာမလႊဲျဖစ္ေတာ့ပါ...။ သူ႕ ဆီကေနနည္းနည္းမွ အၾကည့္မလႊဲနိုင္ေသးတဲ့ ၾကယ္ေလးရဲ႕မ်က္ဝန္းလွလွေလးေတြကို သူျပန္ၾကည့္ေနမိခဲ့သည္။

ဒါဟာဒုတိယအႀကိမ္ပါပဲ... ။

ထပ္ၿပီး သက္ေသျပစရာမလိုေတာ့ေလာက္ေအာင္ေသခ်ာသြားတဲ့အခိုက္အတန့္အတြက္ သူ႕ရင္ထဲမွာ ဘယ္လိုမွမသာယာနိုင္ေတာ့ပါ...။

သူ ၾကယ္ေလးအေပၚ သာမာန္ထက္ပိုတဲ့ခံစားခ်က္ရွိေနခဲ့ၿပီပဲ... ။ ဒီလောက်အချိန်တ်ိုတိုလေးနဲ့လေ...။

အျပစ္ရွိစိတ္ေၾကာင့္ ေျမမိုး သူထပ္မၿပဳံးနိုင္ေတာ့ပါ...။

ၾကယ္ေလးကေတာ့ ေျမမိုးအေပၚအၾကည့္မခြာေတာ့ဘဲ သူ႕ရင္ထဲကခံစားခ်က္ေလးေတြကို အေျဖညွိေနမိခဲ့သည္။

သူတစ္လလုံလုံးေျမမိုးနဲ႕မ်က္ႏွာခ်င္းမဆိုင္မိေအာင္ႀကိဳးစားခဲ့တယ္... ။ ဒါေပမယ့္ အထိအေတြ႕ေတြကသူ႕ကိုရင္ခုန္ေအာင္ လုပ္ေနတုန္းျဖစ္ သလို... ေျမမိုးရဲ႕စကားသံေတြဟာလည္း သူ႕ႏွလုံးသားကိုလႊမ္းမိုးခ်ဳပ္ကိုင္ထားသလိုမ်ိဳးသက္ေရာက္မႈ႕ ရွိေနတုန္းပင္ျဖစ္သည္။

ဒါကိုသူဘယ္လိုမွမေရွာင္လႊဲနိုင္ခဲ့ပါ...။ ဒါေၾကာင့္လည္း သူရဲရဲႀကီးမ်က္ႏွာခ်င္းဆိုင္ကာ ရင္ထဲကေျပာခ်င္ေနတဲ့စကားလုံးေတြကိုေျပာခ်ပစ္လိုက္သည္။

သူက ဒီလိုခံစားရပါတယ္ ဆိုၿပီးေတာ့ေပါ့...။

သိေစခ်င္သည္။ သူဟာကေလးတစ္ေယာက္မဟုတ္ဘဲ ခ်စ္ျခင္းေမတၱာကိုခံစားတက္ေနၿပီျဖစ္တဲ့ လူငယ္ေလးတစ္ေယာက္ဆိုတာကိုေပါ့...။

စိတ္ခ်ပါ... က်ေနာ္ဘယ္ေတာ့မွ အဆက္သြယ္မျဖတ္ပါဘူး... တစ္သက္လုံး...။

ၾကယ္ေလးဆီမွာအခ်ိန္ေစ့တာနဲ႕ ေျမမိုးၾကယ္ေလးကိုႏႈတ္ဆက္ကာ ျပန္သြားသည္။

ေျမမိုးျပန္တာနဲ႕ၾကယ္ေလး ခ်က္ခ်င္းပဲေဒၚေစာအိမ္စည္ဆီေျပးသြားၿပီး သူ႕ကိုအခုခ်က္ခ်င္းဖုန္းဝယ္ေပးဖို႔ေျပာသည္။

" ဖြား က်ေနာ္အခုခ်က္ခ်င္းဖုန္းတစ္လုံးလိုခ်င္တယ္..."

ေမာေနသလိုပုံစံမ်ိဳးျဖဴဖပ္ေနေပမယ့္ အရင္တုန္းကသူမေတြ႕မျမင္ဖူးခဲ့တဲ့ အၿပဳံးေလးေတြနဲ႕
လန္းဆန္းေနတဲ့ၾကယ္ေလးမ်က္ႏွာကို ျမင္ေတာ့ ေဒၚေစာအိမ္စည္ သူ႕အနားမွာရပ္ေနတဲ့ ေမာင္ဟိန္းကိုေတာင္ ဘာျဖစ္တာလဲဆိုတဲ့ အၾကည့္မ်ိဳးနဲ႕ေမာ့ၾကည့္လိုက္မိသည္။

ၿပီးမွ ၾကယ္ေလးကိုစူးစမ္းသလိုမ်ိဳးအၾကည့္နဲ႕ၾကည့္ကာ...

" သားကဘာလို႔အခုမွ႐ုတ္တရက္ႀကီးဖုန္းလိုခ်င္လာရတာလဲ... "

" အခုက်ေနာ့္ကိုဆက္သြယ္မယ့္သူရွိၿပီေလ..."

" ဘယ္သူလဲ... "

" ဘယ္သူက မလဲ ဦးမိုးေပါ့..."

" ေဒါက္တာ ခေျမမိုးကိုေျပာတာလား... ေဒါက္တာကသားကိုဖုန္းကိုင္ဖို႔တိုက္တြန္းတာလား... "

ေဒၚေစာအိမ္စည္မယုံၾကည္နိုင္စြာေမးလိုက္မိျခင္းပါပင္...။ အရင္ေန႕ကအထိေတာင္ ၂ေယာက္ၾကားမွာ ဘာထူးျခားမႈ႕မွမရွိခဲ့ဘဲ ေျမးျဖစ္သူဘက္ကတင္းမာေနေသးတယ္လို႔ သူမထင္မွတ္ထားခဲ့သမွ် အခုအားလုံးတစ္လြဲစီျဖစ္ေနခဲ့သည္မဟုတ္ပါလား...။

ေဒါက္တာက ဂ႐ုဏာပိုတာထက္ သူ႕ေျမးဘက္ကအရမ္းသံေယာစဥ္တြယ္လြန္းသလိုျဖစ္ေနတာကို အခုမွသူ ျမင္ေတြ႕လိုက္ရတာျဖစ္သည္။

အရင္ကတစ္ႀကိမ္တစ္ခါမွမေတာင္းဆိုခဲ့ဖူးတဲ့ကေလးမို႔ အခုေတာင္းဆိုမႈ႕ကိုသူမ မျငင္းရက္... ခ်က္ခ်င္းပဲ ေမာင္ဟိန္းကို ေနာက္ဆုံးေပၚဖုန္းတစ္လုံးသြားဝယ္ခိုင္းလိုက္ကာ ၾကယ္ေလးလက္ထဲထည့္ေပးလိုက္သည္။

ဖုန္းရတာနဲ႕ ၾကယ္ေလးဟာ ေဒၚေစာအိမ္စည္ဆီက ေျမမိုးဖုန္းနံပတ္ေတာင္းၿပီး အေပၚထပ္ကို ဓာတ္ေလွကားကေနေတာင္မတက္... ေျခက်င္ပဲေျပးတက္သြားခဲ့သည္။

အခန္းထဲေရာက္ေတာ့လည္း တစ္ခ်က္ကေလးေတာင္မေမာမေျဖဘဲ ခေျမမိုးဆီဖုန္းေခၚေလေတာ့သည္။

" ဟယ္လို... ဦးမိုးလား... "

" ဟင္... အခုေျပာေနတာ ၾကယ္ေလးလား... "

" ဟုတ္...က်ေနာ္ပဲ... "

ေျပာရင္း ကုတင္ေပၚမွာပလက္လွန္ရက္ေလးလွဲအိပ္လိုက္ကာ ေျမမိုးနဲ႕စကားေတြအၾကာႀကီးေျပာျဖစ္ၾကသည္။

ေျပာလို႔လည္းဝေရာ ဖုန္းကိုခ်လိဳက္ကာ ေနာက္ထပ္အေရးႀကီးတဲ့အလုပ္တစ္ခုကိုလုပ္သည္။

ေျမမိုးဖုန္းနံပတ္ကို Contact မွာ ပထမဆုံးေသာ နံပတ္ေလးအျဖစ္ သူမွတ္သားထားလိုက္သည္။

ဦးေျမမိုး ဆိုတဲ့နာမည္ေလးေနာက္တြင္ အနီေရာင္အသဲႏွလုံးပုံေလးက ေသခ်ာေပါက္ထည့္ျဖစ္ေအာင္ထည့္ထားပါေသးသည္။

ၿပီးတာနဲ႕ ကမၻာႀကီးတစ္ခုလုံးကိုပိုင္ဆိုင္သြားသလိုမ်ိဳး... တစ္ေလာကလုံးမွာသူ႕အလုပ္ကိစၥေတြၿပီးေျမာက္သြားသလိုမ်ိဳး ...သက္ျပင္းရွည္တစ္ခ်က္ကိုခ်ကာ မ်က္လုံးေတြေမွးမွိတ္ထားလိုက္ေတာ့သည္။

တင္းခံမထားဘဲ စိတ္လြတ္လက္လြတ္ လႊတ္ခ်ပစ္လိုက္တာဘယ္ေလာက္အထိ ခံစားလို႔ေကာင္းသလဲဆိုတာ အခုမွသိေတာ့တယ္... ဦးရယ္...။

က်ေနာ္ႏွလုံးသားေလး အခုမွပဲလြတ္လပ္သြားေတာ့တယ္...။

.................

ေနာက္တစ္ေန႕မွာေခါင္ ၾကယ္ေလးဆီေရာက္လာသည္။

အေပၚထပ္ကို မတက္ခင္မွာပဲ ေခါင္နဲ႕သိပ္ၿပီးဆက္ဆံေရးမေျပလည္တဲ့ ေဒၚေစာအိမ္စည္က ေခါင့္ကိုေခၚေျပာသည္။

" ထိုင္ပါအုံး ေခါင္... "

" ေျပာပါဖြား... "

ေခါင္စကားေတြရစ္ဖြဲ႕မေန... သူတို႔၂ေယာက္ၾကားမွာသိပ္ၿပီး အျမင္ၾကည္ေနတာမ်ိဳးမရွိတာေၾကာင့္ေခါင္ လိုရင္းပဲေျပာျဖစ္သည္။

ေဒၚေစာအိမ္စည္ကလည္းေခါင့္လိုပါပင္... သြယ္ဝိုက္ၿပီးေျပာမေန... မေန႕ကဖုန္းကိစၥကိုေျပာျပလိုက္သည္။

" ၾကယ္ေလး ငါ့ကိုမေန႕ကဖုန္းဝယ္ခိုင္းတယ္... သူေျပာတာေတာ့ ေဒါက္တာနဲ႕ဆက္သြယ္ဖို႔တဲ့... အဲ့ဒီကိစၥနဲ႕ပက္သက္ၿပီး မင္းသိထားတာရွိလား..."

" ၾကယ္က ဖုန္းဝယ္ခိုင္းတယ္???..."

မယုံၾကည္နိုင္စြာျပန္ေမးလာတဲ့ေခါင့္စကားေၾကာင့္ ေဒၚေစာအိမ္စည္မဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္ၿပီး... ေခါင့္ကိုၾကည့္ကာ ျပန္ေျပာလိုက္သည္။

" ၾကည့္ရတာ မင္းကသူ႕အတြက္ ပထမဆုံးလူမဟုတ္ေတာ့ဘူးနဲ႕တူတယ္... "

ေဒၚေစာအိမ္စည္ေျပာလိုက္တဲ့စကားက ေခါင့္ႏွလုံးသားကိုဓားထက္ထက္နဲ႕ထိုးလိုက္သလိုပါပင္... ။ ေခါင္ မခံမရပ္နိုင္ျဖစ္ၿပီး ခ်က္ခ်င္းထိုင္ရာမွထကာ ၾကယ္ေလးရွိရာဆီသို႔ထြက္လာခဲ့လိုက္ေတာ့သည္။

အခန္းေရွ႕ေရာက္ေတာ့လည္းအရင္လိုတံခါးေခါက္တာဘာညာလုပ္မေနဘဲ အထဲတန္းဝင္သြားလိုက္သည္။

သူအထဲေရာက္ေတာ့ ၾကယ္ေလးဟာအရင္ကအတိုင္းေအးေအးေဆးေဆးပဲစာအုပ္ဖတ္လို႔ေနသည္။ သူ႕ကိုေတြ႕တာနဲ႕ စာအုပ္ကိုပိတ္ကာ အၿပဳံးေလးႏွင့္ႀကိဳဆိုသည္။

" ေခါင္...မင္းေရာက္လာၿပီလား... "

ၾကယ္ေလးက ေအးခ်မ္းေနေပမယ့္ သူကေတာ့ဘယ္လိုမွမေအးခ်မ္းနိုင္ပါ...။ ၾကယ္ေလးအနားကိုေျခလွမ္းက်ဲႀကီးႏွင့္ေရာက္သြားကာ ဖုန္းအေၾကာင္းေမးေတာ့သည္။

" ၾကယ္... မင္း ဖုန္းဝယ္လိုက္တယ္ဆို... ဘာလို႔ငါ့ကိုမေျပာတာလဲ...ၿပီးေတာ့ ငါ့ဆီလည္းဖုန္းမေခၚဘူး... ဘာျဖစ္လို႔လဲ... မင္းအတြက္ငါကအေရးမပါေတာ့လို႔လား...ဟုတ္လား...ၾကယ္... ေျပာပါအုံး... "




ဆက္ရန္

#########################


Part- 13




ကြယ်လေးပြောလိုက်တဲ့ ထိုစကားတစ်ခွန်းက အချိန်တွေအကြာကြီးငြိမ်သက်နေခဲ့တဲ့ သူ့နှလုံးသားကို ပထမဆုံးအကြိမ်အဖြစ်ပြန်လည် နှိုးဆွပေးလိုက်သလိုပါပင်... သူ့ရင်ခုန်သံတွေမြန်လာရသည်။

သူအခုရင်တွေခုန်နေတာလား....။ ဒီကလေးရဲ့စကားလေးတစ်ခွန်းအတွက်နဲ့လေ...။

မဟုတ်ဘူး...မဖြစ်နိုင်ဘူး... သူ့စိတ်ထဲမှာတစ်ချိန်လုံး ဒီကလေးကိုမင်းမိုရ်နဲ့ဆင်တူတယ်လို့မြင်နေမိလို့ ဖြစ်မှာပါ...။ သူ့အနေနဲ့ မင်းမိုရ်ကို သစ္စာဖောက်ပြီးအခြားတစ်ယောက်အပေါ် အခုလို စိတ်ယိုင်ပစ်လိုက်ဖို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးပါ...။ ပြီးတော့ တစ်သက်လုံးလည်းအဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူး...။ လုံးဝကိုမဖြစ်နိုင်ဘူး။

နှလုံးသားကပြောလာတဲ့စကားလုံးတွေကို သူ့စိတ်ခံစားချက်... သစ္စာတရားတွေနဲ့ချက်ချင်းဖုံးကွယ်ပစ်လိုက်သည်။

ကြယ်လေးရဲ့ခေါင်းပေါ်မှာငြိမ်သက်နေမိတဲ့သူ့လက်ကိုလည်း ချက်ချင်းဖယ်ရှားပစ်လိုက်ပြီး အားနာသလိုပြုံးလိုက်မိသည်။

" ဟား... Sorry ကွာ... ဦး အဲ့ဒီလိုမလုပ်သင့်ဘူး...တကယ်ကို တောင်းပန်ပါတယ်... "

ထိုစကားကိုပြောရင်းနှင့်ပင် သူ သိမ်းစရာရှိသည့်ပစ္စည်းများကိုကောက်သိမ်းနေမိသည်။ ကြယ်လေးမျက်နှာကိုထပ်မကြည့်ရဲတော့ပါ...။

ထိုအချိန်မှာပဲ ကြယ်လေးကပြောလာသည်။

" ဖုန်း.... ဝယ်မလာပါနဲ့... ကျနော်ဖွားကိုပဲဝယ်ခိုင်းလိုက်ပါ့မယ်... ဒါပေမယ့် ကျနော့်ကိုပေးထားတဲ့ကတိကိုတော့ တည်ပေးမယ်မှတ်လားဟင်..."

ဒီအမေးစကားအတွက်ကိုတော့ သူကြယ်လေးနဲ့မျက်နှာချင်းဆိုင်ပြီး ပြန်ဖြေပေးဖြစ်သည်။

" ဦးကပေးထားပြီးသားကတိကိုဘယ်တော့မှ ပြန်မဖျက်တက်ဘူးကလေး... ဦးသေချာပေါက် ကတိတည်မှာပါ... ကလေးဘက်ကဦးနဲ့မဆက်သွယ်ချင်လို့ အဆက်သွယ်ဖြတ်ချင်ပြီဆိုမှ... "

" ဘယ်တော့မှ အဲ့ဒီလို ဖြစ်လာမှာမဟုတ်ပါဘူး"

သူ့စကားပင်မဆုံးလိုက်... ချက်ချင်း ပိတ်ပြောလာတဲ့ကြယ်လေးစကားကြောင့် မြေမိုး နောက်တစ်ကြိမ်ထပ်ပြီးရင်ခုန်သွားခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ သူခုဏကလိုမျက်နှာမလွှဲဖြစ်တော့ပါ...။ သူ့ ဆီကနေနည်းနည်းမှ အကြည့်မလွှဲနိုင်သေးတဲ့ ကြယ်လေးရဲ့မျက်ဝန်းလှလှလေးတွေကို သူပြန်ကြည့်နေမိခဲ့သည်။

ဒါဟာဒုတိယအကြိမ်ပါပဲ... ။

ထပ်ပြီး သက်သေပြစရာမလိုတော့လောက်အောင်သေချာသွားတဲ့အခိုက်အတန့်အတွက် သူ့ရင်ထဲမှာ ဘယ်လိုမှမသာယာနိုင်တော့ပါ...။

သူ ကြယ်လေးအပေါ် သာမာန်ထက်ပိုတဲ့ခံစားချက်ရှိနေခဲ့ပြီပဲ... ။ ဒီလောက်အချိန်တ်ိုတိုလေးနဲ့လေ...။

အပြစ်ရှိစိတ်ကြောင့် မြေမိုး သူထပ်မပြုံးနိုင်တော့ပါ...။

ကြယ်လေးကတော့ မြေမိုးအပေါ်အကြည့်မခွာတော့ဘဲ သူ့ရင်ထဲကခံစားချက်လေးတွေကို အဖြေညှိနေမိခဲ့သည်။

သူတစ်လလုံလုံးမြေမိုးနဲ့မျက်နှာချင်းမဆိုင်မိအောင်ကြိုးစားခဲ့တယ်... ။ ဒါပေမယ့် အထိအတွေ့တွေကသူ့ကိုရင်ခုန်အောင် လုပ်နေတုန်းဖြစ် သလို... မြေမိုးရဲ့စကားသံတွေဟာလည်း သူ့နှလုံးသားကိုလွှမ်းမိုးချုပ်ကိုင်ထားသလိုမျိုးသက်ရောက်မှု့ ရှိနေတုန်းပင်ဖြစ်သည်။

ဒါကိုသူဘယ်လိုမှမရှောင်လွှဲနိုင်ခဲ့ပါ...။ ဒါကြောင့်လည်း သူရဲရဲကြီးမျက်နှာချင်းဆိုင်ကာ ရင်ထဲကပြောချင်နေတဲ့စကားလုံးတွေကိုပြောချပစ်လိုက်သည်။

သူက ဒီလိုခံစားရပါတယ် ဆိုပြီးတော့ပေါ့...။

သိစေချင်သည်။ သူဟာကလေးတစ်ယောက်မဟုတ်ဘဲ ချစ်ခြင်းမေတ္တာကိုခံစားတက်နေပြီဖြစ်တဲ့ လူငယ်လေးတစ်ယောက်ဆိုတာကိုပေါ့...။

စိတ်ချပါ... ကျနော်ဘယ်တော့မှ အဆက်သွယ်မဖြတ်ပါဘူး... တစ်သက်လုံး...။

ကြယ်လေးဆီမှာအချိန်စေ့တာနဲ့ မြေမိုးကြယ်လေးကိုနှုတ်ဆက်ကာ ပြန်သွားသည်။

မြေမိုးပြန်တာနဲ့ကြယ်လေး ချက်ချင်းပဲဒေါ်စောအိမ်စည်ဆီပြေးသွားပြီး သူ့ကိုအခုချက်ချင်းဖုန်းဝယ်ပေးဖို့ပြောသည်။

" ဖွား ကျနော်အခုချက်ချင်းဖုန်းတစ်လုံးလိုချင်တယ်..."

မောနေသလိုပုံစံမျိုးဖြူဖပ်နေပေမယ့် အရင်တုန်းကသူမတွေ့မမြင်ဖူးခဲ့တဲ့ အပြုံးလေးတွေနဲ့
လန်းဆန်းနေတဲ့ကြယ်လေးမျက်နှာကို မြင်တော့ ဒေါ်စောအိမ်စည် သူ့အနားမှာရပ်နေတဲ့ မောင်ဟိန်းကိုတောင် ဘာဖြစ်တာလဲဆိုတဲ့ အကြည့်မျိုးနဲ့မော့ကြည့်လိုက်မိသည်။

ပြီးမှ ကြယ်လေးကိုစူးစမ်းသလိုမျိုးအကြည့်နဲ့ကြည့်ကာ...

" သားကဘာလို့အခုမှရုတ်တရက်ကြီးဖုန်းလိုချင်လာရတာလဲ... "

" အခုကျနော့်ကိုဆက်​သွယ်မယ့်သူရှိပြီလေ..."

" ဘယ်သူလဲ... "

" ဘယ်သူက မလဲ ဦးမိုးပေါ့..."

" ဒေါက်တာ ခမြေမိုးကိုပြောတာလား... ဒေါက်တာကသားကိုဖုန်းကိုင်ဖို့တိုက်တွန်းတာလား... "

ဒေါ်စောအိမ်စည်မယုံကြည်နိုင်စွာမေးလိုက်မိခြင်းပါပင်...။ အရင်နေ့ကအထိတောင် ၂ယောက်ကြားမှာ ဘာထူးခြားမှု့မှမရှိခဲ့ဘဲ မြေးဖြစ်သူဘက်ကတင်းမာနေသေးတယ်လို့ သူမထင်မှတ်ထားခဲ့သမျှ အခုအားလုံးတစ်လွဲစီဖြစ်နေခဲ့သည်မဟုတ်ပါလား...။

ဒေါက်တာက ဂရုဏာပိုတာထက် သူ့မြေးဘက်ကအရမ်းသံယောစဥ်တွယ်လွန်းသလိုဖြစ်နေတာကို အခုမှသူ မြင်တွေ့လိုက်ရတာဖြစ်သည်။

အရင်ကတစ်ကြိမ်တစ်ခါမှမတောင်းဆိုခဲ့ဖူးတဲ့ကလေးမို့ အခုတောင်းဆိုမှု့ကိုသူမ မငြင်းရက်... ချက်ချင်းပဲ မောင်ဟိန်းကို နောက်ဆုံးပေါ်ဖုန်းတစ်လုံးသွားဝယ်ခိုင်းလိုက်ကာ ကြယ်လေးလက်ထဲထည့်ပေးလိုက်သည်။

ဖုန်းရတာနဲ့ ကြယ်လေးဟာ ဒေါ်စောအိမ်စည်ဆီက မြေမိုးဖုန်းနံပတ်တောင်းပြီး ​အပေါ်ထပ်ကို ဓာတ်လှေကားကနေတောင်မတက်... ​ခြေကျင်ပဲပြေးတက်သွားခဲ့သည်။

အခန်းထဲရောက်တော့လည်း တစ်ချက်ကလေးတောင်မမောမဖြေဘဲ ခမြေမိုးဆီဖုန်းခေါ်လေတော့သည်။

" ဟယ်လို... ဦးမိုးလား... "

" ဟင်... အခုပြောနေတာ ကြယ်လေးလား... "

" ဟုတ်...ကျနော်ပဲ... "

ပြောရင်း ကုတင်ပေါ်မှာပလက်လှန်ရက်လေးလှဲအိပ်လိုက်ကာ မြေမိုးနဲ့စကားတွေအကြာကြီးပြောဖြစ်ကြသည်။

ပြောလို့လည်းဝရော ဖုန်းကိုချလိုက်ကာ နောက်ထပ်အရေးကြီးတဲ့အလုပ်တစ်ခုကိုလုပ်သည်။

မြေမိုးဖုန်းနံပတ်ကို Contact မှာ ပထမဆုံးသော နံပတ်လေးအဖြစ် သူမှတ်သားထားလိုက်သည်။

ဦးမြေမိုး ဆိုတဲ့နာမည်လေးနောက်တွင် အနီရောင်အသဲနှလုံးပုံလေးက သေချာပေါက်ထည့်ဖြစ်အောင်ထည့်ထားပါသေးသည်။

ပြီးတာနဲ့ ကမ္ဘာကြီးတစ်ခုလုံးကိုပိုင်ဆိုင်သွားသလိုမျိုး... တစ်လောကလုံးမှာသူ့အလုပ်ကိစ္စတွေပြီးမြောက်သွားသလိုမျိုး ...သက်ပြင်းရှည်တစ်ချက်ကိုချကာ မျက်လုံးတွေမှေးမှိတ်ထားလိုက်တော့သည်။

တင်းခံမထားဘဲ စိတ်လွတ်လက်လွတ် လွှတ်ချပစ်လိုက်တာဘယ်လောက်အထိ ခံစားလို့ကောင်းသလဲဆိုတာ အခုမှသိတော့တယ်... ဦးရယ်...။

ကျနော်နှလုံးသားလေး အခုမှပဲလွတ်လပ်သွားတော့တယ်...။

.................

နောက်တစ်နေ့မှာခေါင် ကြယ်လေးဆီရောက်လာသည်။

အပေါ်ထပ်ကို မတက်ခင်မှာပဲ ခေါင်နဲ့သိပ်ပြီးဆက်ဆံရေးမပြေလည်တဲ့ ဒေါ်စောအိမ်စည်က ခေါင့်ကိုခေါ်ပြောသည်။

" ထိုင်ပါအုံး ခေါင်... "

" ပြောပါဖွား... "

ခေါင်စကားတွေရစ်ဖွဲ့မနေ... သူတို့၂ယောက်ကြားမှာသိပ်ပြီး အမြင်ကြည်နေတာမျိုးမရှိတာကြောင့်ခေါင် လိုရင်းပဲပြောဖြစ်သည်။

ဒေါ်စောအိမ်စည်ကလည်းခေါင့်လိုပါပင်... သွယ်ဝိုက်ပြီးပြောမနေ... မနေ့ကဖုန်းကိစ္စကိုပြောပြလိုက်သည်။

" ကြယ်လေး ငါ့ကိုမနေ့ကဖုန်းဝယ်ခိုင်းတယ်... သူပြောတာတော့ ဒေါက်တာနဲ့ဆက်သွယ်ဖို့တဲ့... အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး မင်းသိထားတာရှိလား..."

" ကြယ်က ဖုန်းဝယ်ခိုင်းတယ်???..."

မယုံကြည်နိုင်စွာပြန်မေးလာတဲ့ခေါင့်စကားကြောင့် ဒေါ်စောအိမ်စည်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး... ခေါင့်ကိုကြည့်ကာ ပြန်ပြောလိုက်သည်။

" ကြည့်ရတာ မင်းကသူ့အတွက် ပထမဆုံးလူမဟုတ်တော့ဘူးနဲ့တူတယ်... "

ဒေါ်စောအိမ်စည်ပြောလိုက်တဲ့စကားက ခေါင့်နှလုံးသားကိုဓားထက်ထက်နဲ့ထိုးလိုက်သလိုပါပင်... ။ ခေါင် မခံမရပ်နိုင်ဖြစ်ပြီး ချက်ချင်းထိုင်ရာမှထကာ ကြယ်လေးရှိရာဆီသို့ထွက်လာခဲ့လိုက်တော့သည်။

အခန်းရှေ့ရောက်တော့လည်းအရင်လိုတံခါးခေါက်တာဘာညာလုပ်မနေဘဲ အထဲတန်းဝင်သွားလိုက်သည်။

သူအထဲရောက်တော့ ကြယ်လေးဟာအရင်ကအတိုင်းအေးအေးဆေးဆေးပဲစာအုပ်ဖတ်လို့နေသည်။ သူ့ကိုတွေ့တာနဲ့ စာအုပ်ကိုပိတ်ကာ အပြုံးလေးနှင့်ကြိုဆိုသည်။

" ခေါင်...မင်းရောက်လာပြီလား... "

ကြယ်လေးက အေးချမ်းနေပေမယ့် သူကတော့ဘယ်လိုမှမအေးချမ်းနိုင်ပါ...။ ကြယ်လေးအနားကိုခြေလှမ်းကျဲကြီးနှင့်ရောက်သွားကာ ဖုန်းအကြောင်းမေးတော့သည်။

" ကြယ်... မင်း ဖုန်းဝယ်လိုက်တယ်ဆို... ဘာလို့ငါ့ကိုမပြောတာလဲ...ပြီးတော့ ငါ့ဆီလည်းဖုန်းမခေါ်ဘူး... ဘာဖြစ်လို့လဲ... မင်းအတွက်ငါကအရေးမပါတော့လို့လား...ဟုတ်လား...ကြယ်... ပြောပါအုံး... "




ဆက်ရန်

Continue Reading

You'll Also Like

373K 21.4K 40
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
366K 43K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
996K 89.2K 39
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
115K 2.7K 21
"I only fuck girls who want to be fucked, flipped over and banged, Sunshine and..." "And that's what I want, daddy. Exactly what I want from you." * ...