A Valiant Life 81
အပိုင်း ( ၈၁ ) တတိယမြောက် စာရွက်ပွင့်
သွားခြင်း
ဘာသာပြန် = စနိုးဝှိုက်
ဝူတန်ဟီဟာ သူ့သမီးကို ကယ်နိုင်မလား လို့ လင်းဖန်ကို စိတ်အား ထက်သန်စွာ ကြည့်နေခဲ့ပါတယ်။
မာစတာ လင်း စဥ်းစား နေတယ်ဆိုတာ ကိုသူသိပါတယ်။ဒါက တစ်မုထူးခြားတဲ့ ဇာတ်လမ်းတစ်ခုပါ။ဒါက ပုံမှန် ကံကြမ္မာကို ပြောင်းလဲတာနဲ့ မတူပဲ လူတစ်ယောက်ရဲ့ မွေးဖွားမူ ဇယားတွေကို ပါပြောင်းလဲရမှာပါ။
တကယ်လို့ မာစတာလင်းရဲ့ မွေးဖွားမူ ဇယားသာ လုံလောက်အောင် မခိုင်မြဲရင် သူ့သမီးကြောင့် မာစတာ လင်း သေတုံးသွားနိုင်ပါတယ်။
နောက်ဆုံးတော့ လင်းဖန် စတင်ပြီး စကားပြောလာခဲ့သည်။
"ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်တာ ခင်ဗျား သိသင့်တယ်"
ဝူတန်ဟီဟာ ခေါင်းညိမ့်ပြီး ပြောလိုက်ပါတယ်။
"မာစတာ လင်း ဒါက မရိုးရှင်းဖူးဆိုတာ ကျွန်တော် သိပါတယ်။"
လင်းဖန် ထပ်ပြောလိုက်သည်။
"ခငိဗျား သမီးရဲ့ မွေးဖွားမူ ဇယားက အတော်ကို ဆိုးရွားတာ။ဒါက တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲတာထက်တောငိ ပိုပြီးခက်ခဲသေးတယ်"
"ကျွန်တော် ဒါကို သိပါတယ်။ဒါက အတော်ကို ခက်ခဲတယ်"
ဝူတန်ဟီ ဟာ ခေါင်းညိမ့်လိိုက်ပြီး သူ့ကံတရားကို စမ်းသပ်လိုက်ပါတယ်။ဒီမာစတာ လင်းဆီမှာ ကျိန်းသေ အဖြေတစ်ခုရှိတယ် လို့ သူခံစားနေရသည်။
"ထပ်ပြောရရင် ကျွန်တော်က ခင်ဗျားနဲ့ဆွေမျိုးလည်း မတော် စပ်ဘူးလေ။ဒါကို နားလည် မယ်လို့ ထင်ပါတယ်"
လင်းဖန်ဟာ ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပါတယ်။အမှန်တကယ်တော့ သူ့မှာ သူမကို ကူညီဖို့ နည်းလမ်းတစ်ခုရှိပြီးသားပါ။သူ့ရဲ့ ကောင်းမွန်လွန်းတဲ့ ကံတရားက သူမကို မျှခြေဖြစ်စေဖို့ လုံလောက်ပါတယ်။ဒါပေမဲ့ သူမက သူ့အနားမှာပဲ နေရမှာပါ။
ဝူတန်ဟီဟာ ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်သည်။သူနဲ့ ဘာမှ မသက်ဆိုင်တဲ့ တစိမ်းတစ်ယောက်ကို ဒီလို အသက်အန္တရာယ် ရှိတဲ့ ကိစ္စမှာ အကူညီပေးခိုင်းတာက ခက်ခဲတယ် ဆိုတာကို သူသိပါတယ်။
အဲ့အချိန်မှာပဲ ဝူယူလန် ဟာ စိတ်ဓာတ်ကျနေခဲ့သည်။နောက်ဆုံးတော့ သူမအဖေ ဘာလို့ ရှန်ဟိုင်းကို လာခဲ့တာလဲ ဆိုတာ သူမနားလည် ခဲ့ပါပြီ။
သူမရဲ့ မွေးဖွားမူဇယား ဟာ အတော်ဆိုးရွားပြီး တော့ သူမရဲ့ နောက်ပိုင်းဘဝတွေဟာ အခက်ခဲဆုံးတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိထားပါတယ်။အစကတော့ သူမ မှတ်ဥာဏ်ကောင်းတွေအဖြစ်သိမ်းထားပြီး ကိုယ့်ကိုကို သတ်သေဖို့ စိတ်ကူးထားတာပါ။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သူမသေရမှာကို ကြောက်ပါတယ်။သူမ ဒီလောကကြီးကနေ ထွက်မသွားချင်ပါဘူး။
လူလိမ်ဟထျန်ဟာနောက် ဆုံးတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ နားလည်သွားခဲ့သည်။သူဟာ သူ့ရှေ့က မိန်းမလှလေးကို ကြည့်လိုက်ပြီး ဒီလို ဒီကို ကံတရားမျိုး ပါလာလို့ စိတ်မကောင်း ဖြစ်မိပါတယ်။
ဝူယူလန်ဟာ လင်းဖန်ကို အရင်က မတွေ့ဖူးပဲ ဝိုက်ဘိုပေါ်မှာ မြင်ယုံနဲ့ မာနကြီး တဲ့ လူအဖြစ်သတ်မှတ်ထားခဲ့ပါ။
သို့ပေမဲ့ သူမ နောက်ဆုံးမှာတော့ မာစတာ လင်းရဲ့ အစွမ်းအစကို သိလိုက်ရပါပြီ။အဲလို မဟုတ်ရင် သူမအဖေက ဒီကို လာပြီး အကူညီတောင်းဖို့နေနေသာသာ ဒီလောက်ထိယဥ်ကျေးနေမှာ မဟုတ်ပါဘူး။
"အဖေ ဒါက သမီးရဲ့ ကံတရားပဲလေ၊မာစတာ လင်းကို ခက်ခဲအောင် မလုပ်ပါနဲ့"
ဝူယူလန် ပြောလိုက်သည်။
လင်းဖန် သူ့ရဲ့ ရှိုးပွဲကို ပိုပြီး စိတ်ဝင်စားအောင် လုပ်ချင်ခဲ့တာပါ။သိူ့ပေမဲ့ ဝူယူလန်ရဲ့ စကားကြောင့် အရှိန်ပျက်သွားခဲ့သည်။
သူဟာ သူမကို ကြည့်ပြီး ပြောလိုက်ပါတယ်။
"ငါမင်းကို အဲ့မှာပဲနေဖို့ ပြောထားတယ်လေ၊ကျေးဇူးပြုပြီး ဘာမှ ဝင်မပြောပါနဲ့"
ဝူတန်ဟီဟာ သူ့ရဲ့ သမီးကို ကြည့်ပြီး ပြောလိုကိသည်။
"မာစတာ လင်းပြောတာ နားထောင်"
ဝူယူလန်ဟာ တည်ငြိမ်နေပြီး ဒါကိုကြားတဲ့အချိန်မှာ ဘာခံစားချက်မှ မထွက်ပေါ် လာခဲ့ပါဘူး။သူမဟာ တိတ်ိတ်စွာသာ ထိုင်နေလိုက်သည်။
"မာစတာ ကျွန်တော်ဘဝရဲ့ အရာရာတိုင်းကို ကျွန်တော် သမီးလေး ပျော်ရွှင်စွာနေနိုင်ဖို့အတွက် လဲလှယ်ပေးဖို့တောင် ဆန္ဒရှိပါတယ်"
ဝူတန်ဟီဟာ လေးနက်စွာပြောလိုက်သည်။
လင်းဖန် သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်ပါတယ်။
"ကျုပ်က ခင်ဗျားရဲ့ ပိုက်ဆံတွေကို မလိုချင်ပါဘူး။ဒါက ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ အရာမဟုတ်ဘူးဆိုတာတော့ ခင်ဗျား သိထားသင့်တယ်"
ဝူတန်ဟီဟာ ရှက်ရွံ့စွာဖြင့် ပြောလိုကိသည်။
"ကျွန်တော် နားလည်ပါပြီ"
သူ့စိတ်ထဲမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို ကြုံနေရပါပြီ။မာစတာ လင်းပြောတာ တွေကို သူနားမလည်ပဲ မနေပါဘူး။
သူ့တစ်ဘဝလုံးကို ရှေးဖြစ်ဟော အတွေးအခေါ်မှာပဲ မြုပ်နှံ့ထားခဲ့ပေမဲ့လည်း သူ့သမီးကို ကယ်တင်ဖို့ မစွမ်းဆောင် နိုင်ဘူး ဖြစ်နေခဲ့ပါတယ်။
အဆုံးမှာတော့ သူ လေ့လာခဲ့သမျှတွေဟာ သဲထဲရေသွန်သလို အသုံးမဝင်ခဲ့ပေ။
ဘယ်လောက် ဝမ်နည်းပြီး ကြေကွဲဖို့ ကောင်းလဲ.....????
သို့ပေမဲ့ သူမာစတာ လင်းရဲ့ စကားကို ကြားတဲ့အချိန်မှာ မျှော်လင့်ချက်တွေ ပြန်ရောက်လာခဲ့ပါတယ်။
မာစတာ လင်းဟာ လဘက်ရည်ကို တစ်ငုံသောက်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ မိုးကောင်းကင်ကတော့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ပေးထားတုန်းပဲ။သူမက အခုမှ ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးပြီး ဘဝမှာ ရှေ့ဆက်ဖို့ အချိန်တွေ အများကြီးရှိသေးတယ်လေ။အရင်မျိူးဆက်တွေ မကောင်းခဲ့လို့ သူမ အပြစ်ခံရမယ် ဆိုရင် ဘယ်တရားပါ့မလဲ။ လက်ခံတယ်မလား"
,´
ဝူတန်ဟီဟာ ခေါင်းညိမ့်ပြီး ပြောလိုကိသည်။
"ဟုတ်တယ် ဟုတ်တယ် ၊ ကိုယ်လုပ်တဲ့ အကုသိုလ်ကို ကိုယ်ပဲ ခံသင့်တယ်"
လင်းဖန်ဟာ မေးလိုက်သည်။
"ခင်ဗျား ရှန်ဟိုင်းမှာ လာနေရမယ် ဆိုပြသနာရှိလား"
"မရှိဘူး"
"ဒီမှာ ကျွန်တော် အတွက် အလုပ်လာလုပ်ရမယ် ဆိုရင်ရော၊"
လင်းဖန်မေးလိုက်သည်။
"ပြသနာ မရှိဘူး"
လင်းဖန် ကျေနပ်သွားပြီး ထပ်မေးလိုက်သည်။
"မနက် ၉ ညနေ ၅ နေ့တိုင်း အဆင်ပြေတယ် မလား"
"ပြသနာမရှိဘူး ၊ ကျွနိတော် သမီးကို ကယ်နိုင်မယ်ဆိုရင် ဘာပဲပြောပြော လုပ်ပါမယ်"
အမှန်တကယ်တော့ ဝူတန်ဟီ လင်းဖန်ကို စောင့်ကန်ချင်နေခဲ့သည်။သူ လင်းဖန်လိုချင်တာကို ရိပ်မိပါတယ်။သို့ပေမဲ့ ဘာမှမတတ်နိုင်ပေ။
"ထောက်ပံ့ကြေးမရဘူး၊ လစာမရဘူး၊ အကျိုးကျေးဇူးမရဘူး အကုန်လုံး အခမဲ့ ကူညီရင် အဆင်ပြေမလား"
လင်းဖန် သေချာအောင် ထပ်မေးလိုက်ပါတယ်။
ဒါက တကယ်ကောင်းတဲ့ အပေးအယူတစ်ခုပါ။
ဝူတန်ဟီက တကယ့်စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ လူဖြစ်ပြီး သူသာ ဒီဆိုင်မှာ အလုပ်လာလုပ်ရင် အတော် ကောင်းမွန်မှာပါ။အရေးကြီး ပြသနာ မရှိလျင် သူအေးအေးဆေးဆေး သွားလာနိုင်ပြီ ဖြစ်သည်။
ဝူတန်ဟီဟာတော့ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"မာစတာ လင်း ပြသနာ မရှိပါဘူ။ကျွန်တော် သမီးကိုသာ ကယ်တင်ပေးပါ"
မာစတာ လင်းက သူ့ကို မျော်လင့်ချက်ပေးထားမှန်း သူသိပါတယ်။သူ့သမီးသာ ဒီအဖြစ်က လွတ်မြောက်နိုင်မယ် ဆိုရင် သူဘာပဲ လုပ်ရလုပ်ရ အဆင်ပြေပါတယ်။
လင်းဖန် ဝုယူလန်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းလညိး ပြောလို့ရပြီ ၊ မင်းအဖေ နဲ့အတူတူ ဒီမှာ လာကူညီရမယ်။လဘက်ရည် ငှဲ့တာတို့ ဘာတို့၊ ပြသနာ ရှိလား"
ဝူတန်ဟီဟာ သူ့သမီး ပြန်ဖြေမှာတောင် မစောင့်တော့ ပဲ ဝင်ပြောလိုက်ပါတယ်။
"မာစတာ လင်း ပြသနာ မရှိဘူး၊ သူလည်း တူတူလုပ်လိမ့်မယ်"
"သူဖြေပါစေ"
လင်းဖန် ပြောလိုက်သည်။
ဝူယူလန်ဟာ အပြင်ဘက်မှာ ရှိနေပြီး ဘာပြောရမှန်းတောင် မသိတော့ပါဘူး။သူမ အဖေကို ကြည့်လိုက်တဲ့ အချိန်မှာတော့ မျက်လုံးထဲတွင် မျှော်လင့်ချက် တွေရှိနေတာကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ သူမလည်း ဒီဆိုး ရွားလှတဲ့ ကံတရားကို ပြောင်းလဲ ပစ်ချင်ပါတယ်။
"ပြသနာ မရှိပါဘူး"
ဝူယူလန်ဟာ ဖြေလိုကိသည်။
လူလိမ် ထျန်ကတော့ အတော် ပျော်ရွှင်နေခဲ့ပါတယ်။အနာဂတ်မှာ ဒီဆိုင်လေးက ထပ်ပြီး ပျင်းစရာ ကောင်းတော့မှာ မဟုတ်ပါဘူး။သူသာ တစ်ခြားလူတွေကို ဒီအကြောင်းပြောပြရင် မနာလိုတောငိ ခံရမှာပါ။
သူ့တွင် ဒီလို လုပ်ဖော်ကိုင်ဖက် အသစ်တွေ ရှိလာတာကို ဝမ်းသားနေမိသည်။ထပ်ပြောရရင် လျန်ကျုံးရဲ့နံပါတ် ၁ မာစတာ ဝူတန်ဟီ က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ။သူ့ရဲ့ ဂုဏ်သိက္ခာ ကတော့ တစ်ဟုန်ထိုး ထိုးတက်လာတော့မည် ဖြစ်သည်။
ဒီကောင်လေး ငါ့ကိုမလိမ်ဘူး။သူ့ဆီမှာ အလုပ်လုပ်ရတာ တကယ်ကောင်းတာပဲ.......
လင်းဖန်လည်း ပျော်ရွှင်နေခဲ့ပါတယ်။သူဟာ အနာဂတ်မှာ အလုပ်မများတော့ပဲ လွတ်လွတ်လပ်လပ် နေခွင့်ရပါပြီ။
ယင်းနောက် သူပြောလိုက်သည်။
"ဒါဆိုလည်း ပြန်လို့ရပြီ ၊ လျန်ကျုံးမှာ ပြန်ဆင်ပြီး နောက်သုံးရက် နေမှ ပြန်လာခဲ့လေ"
ဝူတန်ဟီဟာ မတ်တပ်ရပ်ပြီး လင်းဖန်ကို လေးစားစွာ ဂါရဝပြုလိုက်ပါတယ်။
"မာစတာ လင်း ကျေးဇူးတင်ပါတယ်။ကျွန်တော် ဝူတန်ဟီ ပြောပြီးတဲ့ စကားကို ပြန်မရုတ်သိမ်းပါဘူး"
လင်းဖန်လည်း ပြုံးပြီး ခေါင်းညိမ့်လိုက်ပါတယ်။အဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ အရာဟာ ဖြစ်လာခဲ့သည်။
ဒင်!!
"ဒုတိယ မြောက် စမ်းသပ်ချက် ပြည့်သွားခဲ့ပါပြီ"
ဘယ်လောက် အံ့သြဖို့ကောင်းလည်း နောက်ဆုံးတော့ ဒုတိယမြောက် မစ်ရှင်က ပြီးမြောက်သွားခဲ့ပြီ.....
အောင်မြင်ပြီ ...
လေးစားရတဲ့ မာစတာ လင်းဖြစ်ဖို့က ဒီလောက်ထိ မခက်ခဲခဲ့ပါဘူး။သူနောက်ဆုံးလုပ်ဖို့ ကျန်နေတာက ဝူတန်ဟီရဲ့အသိအမှတ်ပြုမူကို လက်ခံရရှိဖို့ပါ။
ဝူတန်ဟီက လျန်ကျုံးမှာ နံပါတ် ၁ မာစတာ ဖြစ်ပြီး ရုပ်လွန် ဒသနိက ဗေဒ မှာလည်း အအောင်မြင်ဆုံး လူတစ်ယောက်ပါ။ဝူတန်ဟီ ရဲ့ အသိအမှတ်ပြုမူဟာ အတော် အရေးပါခဲ့သည်။
လင်းဖန်ဟာ အပျော်တွေကို ထိန်းချုပ်လိုက်ပြီး ဝူတန်ဟီနဲ့ သူ့သမီးကို ပြောလိုက်ပါတယ်။
"လျန်ကျုံးကို ပြန်ပြီး အကုန်အဆငိသင့်ဖြစ်မှ ပြန်လာခဲ့လေ"
ဝူတန်ဟီရဲ့ စိတ်လှုပ်ရှားမူဟာလည်း လင်းဖန်ထက်မနည်းပေ။သူခေါင်းညိမ့်ပြီး သူ့သမီးနဲ့ အတူပြန်သွားခဲ့သည်။
သူတို့ပြန်သွားပြီးတဲ့ အချိန်မှာတော့ လင်းဖန်ဟာ စွယ်စုံကျမ်းကို စစ်ဆေးနေခဲ့ပါတယ်။
"ဘယ်လောက် ထူးဆန်းလိုက်လဲ၊ ငါ အပြင်ကို သွားရင် အကုန်ပတ်ကြွား လို့ရပြီ"
လူလိမ် ထျန်ဟာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။
လင်းဖန်ဟာ ပြုံးနေခဲ့ပြီးနောက် သူ့အမူအရာဟာ ပြောင်းလဲသွားခဲ့ပါတယ်။စွယ်စုံကျမ်းက သူနဲ့ နီးစပ်တဲ့ လူရဲ့ ကျွမ်းကျင်မူကို ပဲ ဖွင့်လှစ်ပေးတာပါ။
အခုလည်း လူလိမ် ထျန်နဲ့ ဆက်စပ်နေနိုင်ပါတယ်။သူဒါကို ပြောင်းလဲဖို့ လွယ်ကူမယ့်ပုံ မပေါ်ပေ။
"လူလိမ် ထျန် ..ခင်ဗျား.."
သူလူလိမ် ထျန်ကို တစ်ခုခုပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ စွယ်စုံကျမ်းဟာ တတိယမြောက် စာမျက်နှာကို ဖွင့်လှစ်လိုက်ပါတယ်။
ဒုတိယမြောက်စာရွက်ဟာတော့ အမြည်မသိအားတစ်ခုကြောင့် အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွာခဲ့သည်။
"တတိယမြောက် အသိပညာကို ဖွင့်လှစ်လိုက်ပါပြီ၊ အဲတာကတော့...."
လင်းဖန်ဟာ စွယ်စုံကျမ်းရဲ့ ရင်းနှီးတဲ့ အသံကို ကြားတဲ့ အချိန်မှာ ကြောင်အသွာခဲ့သည်။
အဲတာကတော့ လာပြန်ပြီလား တစ်ခြား စကားလုံး သုံးစမ်းပါ.....
#
A Valiant Life 82
အပိုင်း ( ၈၂ ) မတော်တဆ စွမ်းအား
ဘာသာပြန် = စနိုးဝှိုက်
"တတိယမြောက် စာမျက်နှာပွင့်သွားခဲ့ပါပြီ၊ တတိယမြောက်စာမျက်နှာ အတွက်၊သင်နှင့်ရင်းနှီးတဲ့ လူတစ်ယောက်၏ ကျွမ်းကျင်မူတစ်ခုကို ရွေးချယ်လိုက်သည်။"
"ထျန်ဟန်မင် ဟာ သင်နဲ့ အတော်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ဒါ့ကြောင့် တရုတ်ကိုယ်ခံပညာသိုင်းပညာ များထဲမှ "စွမ်းအားရှစ်မျိုး လက်သီးသိုင်း" ကိုဖွင့်လှစ်ပေးလိုက်သည်။"
စမ်းသပ်ချက် :: ထုံးစံအတိုင်း ၊ ကျော်ကြားတဲ့ မာစတာ လင်းဖြစ်လာရန်။
ဆုလာဒ် ::: စွယ်စုံအမှတ် ၂၀ မှတ်ရရှိပြီးနောက်ထပ်စာမျက်နှာတစ်ခု ဖွင့်လှစ်နိုင်မည်။
မှတ်ချက် :: အသိပညာ အခန်းအသေးဖြစ်တာကြောင့် ပရိုအဆင့်များ မပါဝင်ပေ။
လင်းဖန်ဟာတော့ ဆွံ့အနေခဲ့သည်။လူလိမ် ထျန်ဟာ လင်းဖန်သူ့ကို ထူးဆန်းစွာ ကြည့်နေတာ မြင်တဲ့ အချိန်မှာ ကျောချမ်းသွားခဲ့ပါတယ်။
"မင်းဘာလိုချင်လို့ လဲ"
လူလိမ် ထျန်ဟာ တစ်ခုခုမှားနေတာကို သတိထားမိလိုကိပြီး မေးလိုက်သည်။
လင်းဖန်ဟာ တော့စိတ်ညစ်စွာခေါင်းခါယမ်းလိုက်ပါတယ်။သူ လူလိမ် ထျန်လို လူမျိုးနဲ့ ဘယ်လို တွေ့ခဲ့လဲ ဆိုတာ မသိတော့ပါဘူး။ပထမဆုံး မစ်ရှငိ နှစ်ခုကတင် သူနဲ့ မကင်းတော့ပေ။
"ကျုပ်ကို ရိုးရိုးသားသား ပြောစမ်းပါ၊ စွမ်းအားရှစ်မျိုး လက်သီးသိုင်း အပြင် ခင်ဗျား ဘာတွေ သိထားသေးလဲ"
လင်းဖန်ဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်နေတဲ့ အတွက် မေးလိုက်ပါတယ်။
လူလိမ် ထျန်ဟာ ဒီမေးခွန်းကို ကြားလိုက်တဲ့ အချိန်မှာတော့ ပြုံးလိုက်သည်။
"မင်းက ငါကိုကြောက်နေတာလား၊ ငါက မင်းထူးဆန်းနေပါတယ်လို့ ထင်နေတာ ဒီမေးခွန်းမေးချင်နေတာကို။စွမ်းအား ရှစ်မျိုးလက်သီးသိုင်းအပြင် ငါ ဟင်းချက်တာမှာလည်း တော်တယ်"
"ခနလေး ၊ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ အလုပ်အကိုင်တွေ ပြောကြည့်ပါလား"
"အိုး ဒါက အများကြီးပဲ။ငါ သော့ပြင်ဆရာလည်း တစ်နှစ်ခွဲလောက် လုပ်ဖူးတယ်၊ လမ်းသန့်ရှင်းရေးကို တစ်နှစ် ၊ စာဖိုမှူး ၊ အရောင်းမြင့်တင်ရေး ၊ အနှိပ်သည်......."
လင်းဖန် လူလိမ် ထျန်ရဲ့ အလုပ်တွေကို ကြားတဲ့အချိန်မှာ မေ့လဲမလို တောင် ဖြစ်သွားခဲ့ပါတယ်။
ဒါတကယ်ကြောက်ဖို့ကောင်းတယ် ၊ တကယ်လို့ နောက်စာမျက်နှာကျရင်လည်း လူလိမ် ထျန်ဟာကိုပဲ ကျရင် ငါတော့ အဆုံးသတ်ပြီ......
လင်းဖန် လူလိမ်ထျန်ကို ထပြီး ရိုက်နှက်လိုက်ချင်ပေမယ့် လည်း ၊ မရိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အခန်းခွဲက အသိပညာ "စွမ်အားရှစ်မျိုး လက်သီးသိုင်း " ဟုတ်လား...????
ငါက အဲဒါနဲ့ ဘာသွားလုပ်ရမှာလဲ.....
ကျော်ကြားတဲ့ မာစတာ လင်းဖြစ်လာဖို့ ဆိုရင် သူအနာဂတ်မှာ တိုက်ပွဲတွေ ဆင်နွဲရတော့မှာပါ။သူ ဂိုဏ်းတွေနဲ့တောင် ရန်သူဖြစ်လာနိုင်ပါတယ်။
စွမ်အားရှစ်မျိုး လက်သီးသိုင်းက လေ့ကျင့်ရတာသိပ်မခက်ပေ။သို့ပေမဲ့ ဒီဘက်ခေတ်ကြီးမှာ ကိုယ်ခံပညာဆိုတာက သိပ်ပြီးအသုံးမဝင်ပါဘူး။
ယင်းနောက် လင်းဖန် သူ့ရဲ့ စွယ်စုံကျမ်းကို စစ်ကြည့်လိုက်သည့် အချိန်တွင် စွယ်စုံ အမှတ် ၆၇ မှတ်ရှိနေတာကို တွေ့လိုက်ရသည်။ဒါက တကယ်မဆိုးပေမယ့်လည်း သူကြိုးစားပြီး စုဆောင်းဖို့ လိုအပ်ပါသေးတယ်။
"မေ့လိုက်တော့ ၊ စွမ်းအားရှစ်မျိုး လက်သီးသိုင်းကလည်း မဆိုးပါဘူးလေ။ဒါက ငါ အလျင်မြန်ဆုံး ကိုယ်ခံပညာရှင် ဖြစ်လာမယ့် အခွင့်အရေးပဲ"
အနာဂတ်မှာ သူ ဂန်းစတားတွေကို ကြောက်ဖို့ မလိုတော့ပါဘူး။အရင်တစ်ခါကလို ထပ်ဖြစ်လာရင် အနည်းဆုံးတော့ သူကိုယ့်ကိိုကို ကာကွယ်လို့ ရပါတယ်။
..........
ညအချိန်။
လင်းဖန် ဆိုင်လေးကို ပိတ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။
ရှန်ဟိုင်းရဲ့ စားကောင်းသောက်ဖွယ် ပေ့ချ် တစ်ခုတွင်တော့။
လိုင်းပေါ်ရောက်နေတဲ့ လူတွေ အကုန်လုံး လင်းဖန်ရဲ့ ပန်ကိတ်ကိုပဲ ဆွေးနွေးနေကြပါတယ်။
ကမ္ဘာ့အကောင်းဆုံး ပန်ကိတ်.. မင်းမစားဖူးသ၍ မင်းဘဝမှာ ဘာလိုအပ်နေလဲ သိမှာမဟုတ်ဘူး။
ကြက်ဥနှင့်ပေါက်သူ :: ကြောက်စရာပဲ ၊ ဘယ်ကောင်ကများ လက်သရမ်းပြီး ရေးလိုက်တာလဲ။
အဆုံးသတ် သတ်ဖြတ်သူ :: ဘယ်လိုဟာသလဲ?ပန်ကိတ်တစ်ခုက အဲလောက်တောင် ဖြစ်စေပါ့မလား?ဆိုင်ပိုင်ရှင်က ပွဲစီစဥ်သူတွေကို ကြော်ညာခ ဘယ်လောက်တောင် ပေးလိုက်ရလဲ မသိဘူး။
အေးစက်တဲ့ လူကြီး :: ငါတို့က ကမ္ဘာပေါ်မှာနော် ဂိမ်းကစားနေကြတာ မဟုတ်ဘူး။ဒီမှာ ဘာမှော်ဝင် စားသောက်ကုန်မှ မရှိဘူး။ဒါပေမဲ့ မင်းရဲ့ အမူအရာအတွက်လေးစား ပါတယ်။
အိပ်ပျော်နေတဲ့ စောက်ရူးလေး :: ပွဲစီစဥ်တဲ့ လူတွေစားဖူးလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ဒီပန်ကိတ်တွေက တကယ်အရသာရှိလွန်းတယ်။စကားနဲ့ ပြောလို့ရတဲ့ အရာမဟုတ်ဘူး။တစ်ခါစားတာနဲ့ တစ်ဘဝလုံး မှတ်မိသွားလိမ့်မယ်။ငါလည်း တစ်ခါပဲ စားဖူးပြီး ထပ်အရွေးမခံရတော့ဘူး။
အဆုံးသတ် သတ်ဖြတ်သူ ::: အိပ်ပျော်နေတဲ့ စောက်ရူးလေး ငါမင်းကို တစ်ဒေါ်လာပေးမယ် ၊ပါးစပ်ပိတ်ထားတော့။
အိပ်ပျော်နေတဲ့ စောက်ရူးလေး :: အဆုံးသတ် သတ်ဖြတ်သူ , မင်းမစားဖူးရင် ဖင်လာမယားနဲ့၊ ပုံတွေကိုကြည့် မာစတာ လင်းရဲ့ ပန်ကိတ်ကို သားပြီးတဲ့ လူတိုင်း ဒီအမူအရာအတိုင်း ဖြစ်ကုန်ကြတာ ချည်းပဲ။
နောက်ထပ်တစ်ပုံဟာ မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ တန်းစီနေကြတဲ့ လူအုပ်ကြီးရဲ့ပုံပါ။ဒါက တကယ်ပဲ မယုံကြည်နိုင်စရာ ကောင်းပါတယ်။
"မင်းမြင်လား မာစတာ လင်းက တစ်နေ့ကို ပန်ကိတ် ၁၀ လုံးပဲ ရောင်းတာတောင် စားချင်လို့ တန်းစီနေတဲ့ လူတွေ တစ်ပုံကြီး"
အိပ်ပျော်နေတဲ့ စောက်ရူးလေးဟာ ပြန်ပြောလိုက်သည်။
အင်မော်တယ် ဝိညာဥ် :: ဒါတစ်ကယ်ကြီးလားး?ဘယ်လောက်တောင် အရသာရှိလို့လဲ။ငါအဲ့ဆိုင်နဲ့နီးတယ် မနက်ဖြန်သွားကြည့်ရမယ်။
အိပ်ပျော်နေတဲ့ စောက်ရူးလေးဟာ အင်မော်တ
ယ် ဝိညာဥ် ကို စာပြန်လိုက်သည်။
"ဒါပေါ့ အစစ်အမှန်ပဲ၊ကံကောင်းပါစေ။ငါလည်းမစားရတာ ခုနှစ်ရက်လောက်ရှိပြီ။အခုပိုက်ဆံစုပြီး ပွဲစားတွေဆီက ဝယ်နိုင်အောင် လုပ်နေတာ"
("666"
"ဟေး အစားအသောက် စီစဥ်တဲ့ အဖွဲ့က မာစတာ လင်းရဲ့ ပန်ကိတ်ကို ထောက်ခံလိမ့်မယ် လို့ မထင်ထားမိခဲ့ဘူး။မာစတာ လင်းရဲ့ ပန်ကိတ်က ကမ္ဘာမြေကြီးရဲ့ ကောင်းကင်ဘုံပဲ"
.....
လင်းဖန် သူ့ရဲ့ ပန်ကိတ်က ရှန်ဟိုင်းရဲ့ အစားသောက်ကောင်းများ ပေ့ချ်မှာ ဒီလောက်အထိ တွင်ကျယ်နေတာ ကို မသိခဲ့ပေ။
လင်းဖန်သာ သိရင် ရယ်မှာလား ငိုမှာလား ဆိုတာ မပြောနိုင်တော့ပါဘူး။အခုအချိန်မှာ ပန်ကိတ် လုပ်ငန်းက အရံစီးပွားရေးပါ။
မြေအောက် ကားပါကင် တစ်ခုတွင်။
လင်းဖန် သူ့ကားကို ပါကင်ထိုးပြီးနောက်မှာ ဓာလှေကားဆီကို ပျော်ပါးစွာ လမ်းလျောက်နေခဲ့ပါတယ်။
တီတီ တီတီ တီတီ တီတီ...........
အဲ့အချိန်မှာပဲ ဟွန်းတီးသံ အဆက်အပြတ် ထွက်လာခဲ့ပါတယ်။လင်းဖန်ဟာ ဘေးဘက်ကို အလျင်အမြန်ခုန်ရှောင် လိုက်ရသည်။
အနက်ရောင်ကားတစ်စီးဟာ အရှိန်လျင်မြန်စွာဖြင့် လင်းဖန် အနားမှ ဖြတ်မောင်းသွားခဲ့သည်။
"မင်းရူးနေလား? မင်းတို့ နောက်ဘဝမှာ ပြန်မွေးချင်နေတာလား"
လင်းဖန် ကျိန်ဆဲလိုက်သည်။
ဒါက မြေအောက်ကားပါကင် ဆိုတာတောငိ ဒီကောင်တွေက ကားကို အမြန်မောင်းနေကြပါသေးတယ်။
ကားဟာ လုံးဝ အရှိန်မလျော့ပဲ သိပ်မကြာခင်မှာ ပါကင်ထိုးပြီး ရပ်လိုက်ပါတယ်။
လင်းဖန် အလွန်အမင်း စိတ်မကြည်မလင် ဖြစ်သွားခဲ့သည်။သူချက်ချင်းပဲ ကားဆီကို လျောက်သွားလိုက်ပြီး ကားတံခါးကို အားနဲ့ခေါက်လိုက်ပါတယ်။
"ဘာလဲ ??"
ကြွက်သားတွေနဲ့ တောင့်တောင့်တင်းတင်း လူသုံးယောက်ဟာ ကားပေါ်ကနေဆင်း ခဲ့ပါတယ်။
သူတို့ဟာ အနည်းဆုံး အရပ် ၁.၈ မီတာခန့်ရှည်ပြီး စွတ်ကျယ် အက်ျီအနက်ကိုယ်စီ ဝတ်ထားကြသည်။
ဒါဟာ သူတို့ရဲ့ ကြွက်သားများကို ပေါ်နေစေခဲ့ပါသည်။သူတို့ဟာ အတော် ကြောက်ဖို့ကောင်းနေကြသည်။
"မင်းတို့ ဘာလို့ မြေအောက် ကားပါကင်မှာ အမြန်မောင်းနေတာလဲ။ငါ့ကို တိုက်မိတော့မလို့ ဆိုတာ မမြင်ဘူးလား?"
ကားမောင်းတဲ့ လူဟာ မာနကြီးစွာ ပြန်ပြောလိုက်သည်။
"အခု မင်း ဒီမှာ ဘာမှမဖြစ်ပဲ ရပ်နေတာ မဟုတ်ဘူးလား? လစ်တော့ "
လင်းဖန်ဟာ မျက်မှောင်ကျုတ်ကာ ပြန်ပြောလိုက်သည်။
"မင်းလေသံက ဘာဖြစ်နေတာလဲ"
"ခွေးသားမင်းက လာရှုပ်ချင်နေတာလား?"
ကားမောင်းတဲ့ လူကြီးဟာ လက်ကို မြောက်ပြီး လင်းဖန်ကို ရိုက်ဖို့ လုပ်လိုက်ပါတယ်။
ယင်းနောက်တွင် လင်းဖန်ဟာ သူ့ခန္တာကိုယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။သူ့လက်ကို လွှဲယမ်းလိုက်ပြီး လူကြီးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ပါတယ်။
ဘန်းးးး
လူကြီးဟာ ချက်ချင်း မြေကြီးပေါ် ပစ်လဲကျသွားခဲ့သည်။ လင်းဖန် ရိုက်လိုက်တဲ့ အရှိန်က လျင်မြန်လွန်းလှပြီး လူကြီးရဲ့ ပါးပေါ်ကို မိုးကြိုးပစ်ချလိုက်သလို အားပါလွန်းလှပါတယ်။
လင်းဖန် သူ့ကိုယ်သူ အံ့သြနေခဲ့သည်။
ကျန်တဲ့ နှစ်ယောက်ဟာ ရှေ့ကို တက်လာကြပေမယ့် လင်းဖန်ဟာ စူပါပါဝါ ရနေသလို ခံစားရပါတယ်။
နှစ်ထပ် နှစ်ချက် ဖြတ်ရိုက် လိုက်တဲ့အချိန်မှာ ကျန်တဲ့ နှစ်ယောက်ပါ မြေကြီးပေါ် လဲကျသွားခဲ့သည်။
လင်းဖန်ဟာ မယုံကြည်နိုင်ခဲ့ပေ။အရင်တုန်းက သူ့လက်တွေမှာ ဘာခွန်အားမှ မရှိပေမယ့် အခု အတော်သန်မာ လာခဲ့ပါတယ်။
လင်းဖန်ဟာ အနည်းငယ် ဘဝင်မြင့်သလို ဖြစ်သွားခဲ့သည်။
ငါက အခုဆရာတစ်ဆူဖြစ်သွားပြီ ၊ ဘယ်ကောင့် စောက်ဂရုစိုက်ရမှာလဲ......
စွမ်းအားရှစ်မျိုး လက်သီးသိုင်းက အတော်ကို စွမ်းအားကြီးပါတယ်။သူ့ရဲ့လက်ရှိပညာဟာ လူလိမ် ထျန်ထက် သာလား ဆိုတာတော့ သူမသိပေ။
မြေကြီးပေါ်က သုံးယောက်ဟာ ကြောက်ရွံ့စွာတောင်းပန်နေကြသည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
လင်းဖန် သူတို့ကို ပြောလိုက်သည်။
"မင်းတို့ နောက်တစိခါ ဂရုစိုက်မောင်းသင့်တယ်။ဒီနေ့ ငါဖြစ်နေလို့ မင်းတို့ကံကောင်းသွားတာ ၊နောက်တစ်ခါဆို မင်းတို့ အသက်ရှင်မှာ မဟုတ်ဘူး"
"ဟုတ် ဟုတ် နောက်တစ်ခါ ဂရုစိုက်ပါ့မယ်"
လင်းဖန် ဒီသုံးကောင်နဲ့ ငြင်းခုန်မနေတော့ပါဘူး။သူဟာ စွယ်စုံကျမ်း ဆီကိုသာ စိတ်ကရောက်နေခဲ့သည်။
ကြည့်ရတာ သူက စွမ်းအားရှိတဲ့ လူတစ်ယောက် ဖြစ်လာတဲ့ ပုံပါပဲ.......
#
A Valiant Life 83
အပိုင်း ( ၈၃ ) မီးတောက်စစ်ပွဲ အင်ပါယာ
ဘာသာပြန် = စနိုးဝှိုက်
အိမ်တွင်။
လင်းဖန်ဟာ ဆိုဖာ ပေါ်မှာ ဇိမ်နဲ့ထိုင်နေခဲ့ပြီး ပျော်ရွှင်နေခဲ့ပါတယ်။
အရင် အိမ်အဟောင်း နဲ့ယှဥ်ရင် ဒီလိုနေရာမျိုးကသာ လူနေသင့်တဲ့ အိမ်မျိုးပါ။ ဆိုဖာ ၊ TV ပြီးတော့ ရေချိုးခန်း အစုံအလင်ရှိပါတယ်။
စောက်ကျိုးနဲ့ အရင်က ငါ ဘယ်လိုနေရာမှာ နေခဲ့တာလဲ?
မီတာ အနည်းငယ်သာ ကျယ်ဝန်းပြီးတော့ ၊ သန့်စင်ခန်းလည်း မရှိပေ။အခန်းအကျယ်က ခြေလှမ်းအနည်းငယ် လှမ်းရင် ပြည့်နေပါပြီ။သူလုပ်ချင်တာ လုပ်လို့တောင် မရပါဘူး။
နောက်ဆုံးတော့ သူ့ဘဝဟာ ပြောင်းလဲလာခဲ့ပြီး လူလတ် တန်းစား ဘဝကိုရောက်လာခဲ့ပါပြီ။သူ့ရှေ့က TV တွင်တော့ သတင်းများလာနေခဲ့သည်။
"တရုတ်ရဲ့ ထိပ်တန်း MMA ကိုယ်ခံပညာရှင် ဟန်လု ဟာ စွမ်းအားရှစ်မျိုး လက်သီးသိုင်း ပညာရှင် မာစတာ လိုင်လိုင် အား အနိုင်ယူခဲ့ခြင်း"
အဲ့အချိန်မှာတော့ လင်းဖန်ဟာ စွယ်စုံကျမ်းကို စစ်ဆေးနေခဲ့သည်။
ပိုင်ရှင် :: လင်းဖန်
အလုပ်အကိုင် :: ပန်ကိတ်အရောင်းသမားလေး၊ရှေးဖြစ်ဟော မာစတာ ၊ စွမ်းအားရှစ်မျိုး လက်သီးသိုင်း ကိုယ်ခံပညာရှင်။
မစ်ရှင် :: လူထင်ရှားသော ကိုယ်ခံပညာရှင် မာစတာ ဖြစ်လာရန်။
ဆုလာဒ် ::: စွယ်စုံအမှတ် + 20
လက်ရှိ စွယ်စုံအမှတိ :: + 67
သူဟာ တတိယ စာမျက်နှာရှိ ရှင်းပြနိုင်သည့် စာသားကို ကြည့်လိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့သည်။
ငါ ဒါကို တစ်ခြားလူတွေ ကို ဘယ်လို ရှင်းပြရမှာလဲ???
ထပ်ပြောရရင် သူရှငိးပြရင်တောင် လက်တစ်ဆုပ်စာ လူလောက်သာ နားလည် နိုင်မှာပါ။
ဝိုက်ဘို တွင်။
လင်းဖန် ဝိုက်ဘို ကို ဖွင့်လိုက်တဲ့ အချိန်မှာ တစ်ခုခုဖြစ်နေပြီ ဆိုတာ နားလည် လိုက်ပါတယ်။လူတွေ အများကြီးဟာ ဟန်လုနဲ့ လိန်လိန် အကြောင်းကို ဆွေးနွေးနေကြပြီး လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပါသည်။
လိမ္မော်ခွံ :: ဒီ ဟန်လု ကစောက်ကြမ်းးကြီးနော်။သူက လိုင်လိုင်ကို ၁၁ စက္ကန့် အတွင်း အလဲထိုး သွားတာ။
ဆင်းရဲသူရဲ့ အခွင့်အရေး :: ဒီကောင်က အရမ်းမောက်မာ လွန်းတယ်။လိုင်လိုင် က တစ်ခြားလူကို အပြင်းအထန် ခံစားရမှာ မလိုလားလို့ အတွင်းအားကို မသုံးခဲ့ဘူး။သူသာ သုံးခဲ့ရင် ဟန်လု လိူ အမှိုက်ကို ရိုက်ချနိုင်မှာ။
ဂေါ်ဖီထုပ် :: လျောက်ပြောမနေနဲ့တော့ ဟန်လုက လူတွေအများကြီးကို ရိုက်ချလာတဲ့ ဖိုက်တာကောင်း တစ်ယောက်။ဒီလူက သူ့အတွက်တော့ ပြိုင်ဘက်မဟုတ်ဘူး။
ဝိုက်ဘိုမှာ ဒီအကြောင်းအရာ တွေကိုပဲ ဆွေးနွေးနေကြပါတယ်။လင်းဖန်ဟာတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ စိတ်ဝင်စားနေခဲ့သညိ။
ယင်းနောက်တွင် သူဟာ ဗီဒီယို တစ်ခုကိုတွေ့လိုက်ရပါတယ်။ဗီိယိုကို ကြည့်ပြီးနောက် တွင် သူ့ဦးနှောက်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။
ကြမ်းတမ်းပြီး ရက်စက်မူ။
ဟန်လု က လိုင်လိုင် ကို လျင်မြနိပြီး လွယ်ကူစွာ အဆုံးသတ် ခဲ့ပါတယ်။တကယ်လို့ သူသာ ဟန်လုနဲ့ တိုက်ခိုက်ရရင် သူလဲ အကြုံးခံရမှာပါ။
ပထမ ခေါင်းစဥ်ကို မြင်ခါစတော့ သူမှာ ယုံကြည်မူရှိပါသေးတယ်။တတိယ မြောက်စာမျက်နှာက စွမ်းအားရှစ်မျိုး လက်သီး သိုင်းပါ။
သူဟန်လု ကို ရိုက်ချနိုင်လိမ့်မယ် တောင် ထင်ထားခဲ့တာပါ။သို့ပေမဲ့ ဗီဒီယို ကြည့်ပြီး တဲ့အချိန်မှာ ဟန်လုနဲ့ မတိုက်ခိုက် ချင်တော့ပေ။
ဒီလက်သီးမျိုးသာ သူကိုယ်ပေါ်ကို ရောက်လာရင် အတော် နာကျင်မှာပါ။ဒီအကြောင်း ထပ်မတွေး ခြင်းကသာ အကောင်းဆုံးဖြစ်သည်။
ယင်းနောက် တွင် လင်းဖန်ဟာ သူ့ပရိတ်သတ်တွေ ပိုမို တိုးပွားလာအောင် ပို့စ်တစ်ခုတင်လိုက်သည်။
"တကယ်တော့ ငါက စွမ်းအား ရှစ်မျိုးလက်သီး သိုင်းကိုလည်း တတ်ကျွမ်းထားတဲ့ မာစတာ တစ်ယောက်ပါ"
ခနလေး အတွင်းမှာပဲ မှတ်ချက်များစွာဟာ တက်လာခဲ့သည်။
ရှင်းမင် ကိုရင်လေး :: -မာစတာ ဗေဒင်ဟော တာကိုပဲ အာရုံစိုက်သင့်တယ်နော်။တို့ ဒီလို ကိစ္စတွေမှာ ဝင်မပါသင့်ဘူး။
မသေချာတဲ့ ကံတရား :: မပြောနဲ့တော့ ၊ မာစတာ လင်း ဗေဒင်ဟောတာ မှန်တယ် ဆိုတာ ဝန်ခံပါတယ်။ ကျွန်တော် သူငယ်ချင်းရဲ့ စလွန်းကို သွားတာ သူက ဆံပင် အစိမ်းရောင်ကြီး ဆိုးပေးလိုက်တယ်။သူဒီလို ဆိုးပေးလိုက်တာ ကျွန်တော်ကို တစ်ခုခု ပြောချင်တာလား?"
"666 ..... မင်းသူငယ်ချင်းက မင်းရဲ့အချစ်ကို မျှော်နေတဲ့ သူငယ်ချင်းကောင်းပဲ ဖြစ်လိမ့်မယ်ဟားဟားး"
လင်းဖန်ဟာ ဒီမှတ်ချက်တွေကို ကြည့်ရင်း တကယ် ဆွံ့အနေခဲ့ပါတယ်။တတိယ မြောက် မစ်ရှင် က လူသိများတဲ့ ကိုယ်ခံပညာရှင် ဖြစ်လာဖို့ပါ။
ငါဒီပုံစံ နဲ့ ဘယ်လို လုပ်ရမှာလဲ,,,?
မေ့လိုက်တော့။သူဒီလောက်အထိ စိုးရိမ် မနေသင့်ပါဘူး။အဆုံးသတ်မှာ အရာရာအဆင်ပြေ သွားမှာပါ။သို့ပေမယ့် တစ်ခြားလူတွေနဲ့ တိုက်ခိုက်ရင် နာကျင်မှာ ကိုတော့ သူ အနည်းငယ် ကြောက်မိသည်။
လင်းဖန် သူ့ဖုန်းကို ပိတ်ဖို့ လုပ်လိုက်တဲ့ အချိန်မှာ ဆောင်းဦးဓားရဲ့ မှတ်ချက်ကို တွေ့လိုက်ရပါတယ်။
ဆောင်းဦးဓား :: မင်းက စွမ်းအားရှစ်မျိုး လက်သီးသိုင်းရဲ့ မာစတာ လား? စောက်ရှက်ကို မရှိဘူး။
ဆောင်းဦးဓား :: ဟန်လုက လက်သီးတစ်ချက်ထိုး လိုက်တာနဲ့ မင်းမျက်နှာ စုတ်ပြတိသွားမယ်။
"အားလုံးပဲ စားစရာ နဲ့ ရေဗူးဆောင်ထား ကြဟေ။မီးတောက် စစ်ပွဲ အင်ပါယာ ဒီကို ရောက်လာနေပြီ ။တိုက်ပွဲဖြစ်တော့မယ် ထင်တယ်"
"ဒီ အင်ပါယာ က စကားလုံးတွေ မဆုံးနိုင်အောင် သုံးနိုင်တယ်။သူနဲ့ ယှဥ်ပြောရင် ဘယ်သူမှ မနိုင်ဘူး။ခနကြာရင် သူ့အကြောင်း မသိသေးတဲ့ လူသစ်တွေနဲ့ တိုက်ပွဲ့ဖြစ်လောက်တယ်"
ဆောင်းဦးဓား :: ဟေးး အရင်ကဟာတွေ မေ့လိုက်ကြတော့။ ဘဝကို နွေရာသီ ပန်းပွင့်လေးလို သာသာယာယာ ရှင်သန်ပြီး ၊ ဆောင်းဦးက သစ်ရွက်လေးလို သေဆုံးကြမယ်။ငါ မင်းတို့ကို မတိုက်ခိုက်ဘူး အမှန်တရားကို ပဲပြောပြနေတာ။
"666 အင်ပါယာ ခေါင်းဆောင်ကြီး တိုက်ပွဲမရှိတော့ အချစ်ရဲ့ ဒသနတွေကို ရေးနေပြီဟေ့။ဒီအခြေအနေက ကြုံရခဲတယ်နော်"
"စစ်ပွဲ မီးတောက် အင်ပါယာကြီးမှာ ဒီလိုနှလုံးသားလည်း ရှိတာပဲ ။ငါတို့ သူ့ကို ဂုဏ်ပြုသင့်တယ်နော်"
ဆောင်းဦးဓားက လင်းဖန်ရဲ့ အေကာင့်ထဲမှာ လူသိများတဲ့ လူတစ်ယောက်ပါ။လင်းဖန် အကောင့် စဖွင့်ကတည်းက သူဒီမှာ ရောက်နေခဲ့တာ ဖြစ်ပြီး တိုက်ခိုက်နေတာ ဖြစ်သည်။
တိုက်ပွဲတိုင်းက ကြမ်းတမ်းခဲ့ပါတယ်။
လင်းဖန်လညိး ဒီကောင် ထူးထူးဆန်းဆန်း တွေဖြစ်နေတယ် လို့ တွေးလိုက်မိပါသည်။သူ ခနကြာအောင် တွေဝေပြီးတဲ့ နောက်မှာတော့ သီးသန့် စာကြောင်း ပို့ရန် ဆုံးဖြတ်လိုက်သည်။
"ဆောင်းဦးဓား မင်းက လူကောင်းလေးပဲ။ငါမင်းအတွက် ဗေဒင်တွက်ပေး ပါရစေ။မင်းကို အမြဲတမ်း ဂရုစိုက်ပေးနေတဲ့ သူနာပြုလေးက မင်းနဲ့ နီးစပ်ဖို့ ကံပါလာတယ်။ဒီနေ့ည ကိုးနာရီ မှာ မင်း သူနဲ့ နီးစပ်အောင် ကြိုးစားကြည့်ပါ။ငါ့ကို ယုံကြည်လိုက် မင်းဘဝ ပြောင်းလဲ သွားလိမ့်မယ်"
ဆောင်းဦးဓားဟာ အိပ်ယာထဲမှာ လှဲနေခဲ့ပြီး မျက်နှာကျတ်ကို ကြည့်ကာ မင်မင် နဲ့ ဖြစ်ခဲ့တဲ့ မတော်တဆ မူကို ပြန်တွေးနေခဲ့ပါတယ်။
သူ့ဆီ စာကျလာတာ တွေ့လိုက်ရတဲ့ အချိန်မှာ လှမ်းကြည့်လိုက်သည်။သူ မာစတာ လင်းမှာ အစွမ်းအစ ရှိမှန်း သိပါတယ်။ဒါပေမယ့် သူကလည်း ဆောင်းဦးဓားပါ။
သူတစ်ခါမှ ဘဝမှာ နောင်တရတဲ့ ကိစ္စမျိုးမလုပ်ဖူးပါဘူး။အနာဂတ်မှာ လည်း လုပ်လိမ့်မည်မဟုတ်ပေ။သူတစ်စုံတစ်ယောက်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီး ရင် အဆုံးထိ တိုက်ခိုက် သွားမှာပါ။
ဆောင်းဦးဓား :: လစ်လိုက်။
ဒီစကားလုံး နှစ်လုံးက ဆောင်းဦးဓားရဲ့ သဘောထားကို ဖော်ပြဖို့ လုံလောက်ပါတယ်။
သူ့ဖုန်းထဲက နာရီကို ကြည့်လိုက်တဲ့ အချိန်မှာ ၈: ၃၀ ဖြစ်သည်။သူဝိုက်ဘို လည်း ထပ်မသုံးချင်တော့ပါဘူး။သူ ဘိုင်တု ဆော့ဝဲကို ဖွင့်လိုက်ပြီး အချစ်နှင့် ပတ်သက်တဲ့ အကြောင်းအရာ များကို ရှာဖွေနေခဲ့သည်။
သူ အချစ်နဲ့ ပတ်သက် ဝန်ခံချက် များကို ဖတ်ပြီးသွားတဲ့ အချိန်မှာ လှုပ်ရှားလာခဲ့သည်။
"လူလိမ် တကယ်လို့ ငါ့နဲ့ သူနာပြုမလေးသာ ချစ်သူဖြစ်သွားရင် ၊ မင်းကို လျော့ပေါ့ပြီး တိုက်ခိုက်ပေးမယ်"
ဆောင်းဦးဓားကို လာလာပြုစုပေးနေတဲ့ဟသူနာ ပြုမလေး တစ်ယောက်ရှိပါတယ်။သူမဟာ ငယ်ရွယ် ချောမောလှပပြီး ၊ တည်ငြိမ်မူရှိပါသည်။သူမရဲ့ ညင်သာတဲ့ စကားလုံးလေးတွေ က သူ့နှလုံးသားကို အရည်ပျော်စေပါတယ်။
၉ နာရီ။
သူနာပြုမလေး ဟာ ဆောင်းဦးဓားကို ပုလင်းချိတ်ပေးပြီး အခန်းပြင် မထွက်ခင် ပြုံးပြသွားခဲ့ပါတယ်။
သူမထွက်သွားတဲ့ အချိန်မှာ ဆောင်းဦးဓားဟာ အပ်ကို ဆွဲနှုတ်လိုက်သည်။
သူ မာစတာ လင်းနဲ့ မတည့်ပေမဲ့လည်း အရင်အဖြစ်အပျက်တွေအရ မာစတာလင်းက စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပါ။
ကြည့်ရတာ မာစတာ လင်းက သူနဲ့ တကယ်အဆင်ပြေ ချင်တဲ့ပုံပါပဲ။သူ့ ဘဝ က ၉ နာရီမှာ ပြောင်းလဲမယ် ဆိုကတည်းက သူဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
ဆောင်းဦးဓားဟာ သူနာပြုမလေး နဲ့ ချစ်သူတွေ ဖြစ်မဲ့အရေးကို တွေးပြီး စိတ်လှုပ်ရှားလာခဲ့သည်။
သူအခန်းတံခါးကို ဖွင့်ပြီး အမြန်လိုက်သွားလိုက်ပါတယ်။ကြီးမားတဲ့ လူနာဝတ်စုံဟာ သူ့ကို မတားဆီးနိုင်ပေ။
"ဂျင်ဂျင် ခနလေး"
ဆောင်းဦးဓားဟာ လှမ်းအော်လိုက်သည်။
ယင်းနောက်တွင် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ ပိုပြီးတောငိ တိတ်ဆိတ်သွားခဲ့ပါတယ်။တစ်ချို့ သူနာပြုတွေဟာ ဆောင်းဦးဓားကို ကြည့်နေခဲ့သည်။
ဂျင်ဂျင် ဟာလည်း ဆောင်းဦးဓားကို လှည့်ကြည့်လိုက်ပါသည်။
**တီးတိုး ပြောသံများ**
ဆောင်းဦးဓားဟာ ဒူးထောက်ချလိုက်ပြီး ပြောလိုက်ပါတယ်။
"ဂျင်ဂျင် မင်းက ကောင်းကင်ကြီးဆိုရင် ငါက လေပြေညှင်းလေး ပါပဲ။ရာသီဥတု တွေဟာ ပြောင်းလဲပေမယ့် မင်းအတွက်တော့ ကိုယ့်ရဲ့ အချစ်က မပြောင်းလဲ ပါဘူး။ဂျင်ဂျင် မင်းကိုယ့်ရဲ့ မိန်းကလေး ဖြစ်ပေးနိုင်မလား"
** ဘေးနားရှိ လူများ အော့အန်သည့် အသံ**
ဒါကိုကြားပြီးတဲ့ နောက်မှာ ဂျင်ဂျင်ဟာ မျက်နှာဖြူဖျော့သွား ပြီး ပြန်လှည့်ပြေးသွားခဲ့ပါသည်။ဆောင်းဦးဓားဟာတော့ ဆွံ့အနေခဲ့သည်။သူ့ရဲ့ မျက်လုံးနဲ့ ပါးစပ်ကတော့ ပွင့်နေခဲ့ပါတယ်။
ယင်းနောက် သူဟာ စိတ်ဆိုးစွာ အခန်းထဲ ပြန်ဝင် သွားခဲ့ပြီး လင်းဖန်ဆီ စာရိုက်လိုက်သည်။
"မင်း#လိုး ၊ လူလိမ် ငါ ဆောင်းဥိးဓား ဘာမှ မလုပ်တော့ ဘူး မင်းကိုပဲ လိုက်တိုက်ခိုက်မယ် "
လင်းဖန် အိပ်ဖို့ ပြင်ဆင်နေသည့် အချိန်တွင် စာတစ်စောင်ကျလာခဲ့သည်။သူ ချက်ချင်း စာပြန်လိုက်ပါတယ်။
"ဟီးဟီး မင်းမှာ အစွမ်းအစရှိရင် လုပ်လိုက်လေ၊ မီးတောက် စစ်ပွဲ အင်ပါယာကြီး။ငါ ဂုဏ်ယူစွာ စောင့်နေမယ်"
ဆောင်းဦးဓား
"မင်း တကယ့် ခွေးသားပဲ ။စောင့်နေလိုက် ငါ့ စစ်တပ်ကို ခေါ်လာပြီး မင်းဝိုက်ဘို ကိုဖျက်ဆီးပြမယ်"
ဆောင်းဦးဓားဟာ အလွန် ဒေါသထွက်နေခဲ့သည်။သူ ဒေါသ ကို မထိန်းချုပ်နိုင်တော့ပါဘူး။
သို့ပေမဲ့ လင်းဖန်ကတော့ ဆောင်းဦးဓားလို ဦးတည်ရာ လျောက်လုပ်တတ်တဲ့ လူမျိုးကို ပညာပေးပြီးတာကို တွေးပြီး သဘောကျနေခဲ့ပါတယ်။ဒါက တကယ်ထိုက်တန်ပါတယ်။
ဒီလို ကောင်မျိုး ငရဲမကျရင် ဘယ်သူ ကျမှာလဲ......?
ဒီကောင် ငရဲကျကျ မကျကျ သူအိပ်ရပါဦးမယ်။ယင်းနောက် သူ ဖုန်လေးကို ပိတ်ကာ အိပ်ယာဝင်လိုက်တော့သည်။
#
A Valiant Life 84
အပိုင်း ( ၈၄ ) မြို့သားတစ်ယောက်ကို ငြင်း
ပယ်လို့ မရဘူး
ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်။
တိမ်ဖြူလမ်း။
ဒီအချိန်ဟာ နေ့သစ်တစ်ခုရဲ့ အစဖြစ်ပြီး လူအားလုံးဟာ လှုပ်ရှားတက်ကြွနေခဲ့ကြပါတယ်။
"မာစတာ လင်း ရောက်လာပြီ ၊ မာစတာ လင်း ရောက်လာပြီဟေ့"
လူလိမ် ထျန်နားမှာ ဝိုင်းနေတဲ့ လူအုပ်ကြီးဟာ လင်းဖန်ကို တွေ့ပြီး ပြေးလာခဲ့ကြပါတယ်။
"ဘာတွေ ဖြစ်နေတာလဲ?"
လင်းဖန်ဟာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကို စိတ်ရှုပ်သွားခဲ့သည်။ဒါက အခုမှ အစောကြီးရှိသေးပြီး အကုန်လုံးက ထူးဆန်းနေခဲ့ပါတယ်။
ငယ်ရွယ်တဲ့ လူငယ်တွေရော ၊ လူကြီး ၊ မိန်းကလေးများဟာ လင်းဖန်ဆီကို ဝိုင်းလာခဲ့ကြပါတယ်။
"မာစတာ မြန်မြန် မြန်မြန် ၊ ကျွန်တော် အလုပ်နောက်ကျတော့ မယ်။တုန်ကင် လက်မှတ်လဲ ရထားပြီးပြီ"
"ငါ မာစတာ ကို ကုန်းပိုးပေးမယ် ၊ သူလျောက်နေတာ က အရမ်းနှေးတာပဲ"
လူလိမ် ထျန်ဟာလည်း နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။လင်းဖန် လာတာက အတော်နောက် ကျလွန်းပါတယ်။တုန်ကင် နံပါတ်များဟာ ဝေပြီးသားဖြစ်ပြီး ဒီလူတွေ စောင့်နေတာ ကြာပြီ ဖြစ်သည်။
"မင်းက နောက်ကျနေတာကို ၉ ၃၀ ရှိနေပြီ"
လူလိမ် ထျန်ဟာ လင်းဖန် နောက်ကျနေတာ ကို ကွန်ပလိန်း တက်လိုက်သည်။လင်းဖန် နောက်ကျနေတဲ့ အချိန် လူတွေက သူ့အနားမှာ ဝိုင်းနေကြပြီး ၊ သူတောင် မနည်းရှင်းပြနေ ရပါတယ်။
လင်းဖန်သာ ဒီတက် ထပ်ပြီးနောက်ကျနေရင် ဒီလူတွေ သူ့ခေါင်းပေါ် တောင် တက်ထိုင်ကြတော့မှာပါ။သူ မြေကြီးထဲ ရောက်သွားမှာတောင် ဖြစ်နိင်ပါတယ်။
လင်းဖန် နောက်ကို အနည်းငယ် ဆုတ်ပြီး ပြောလိုက်သည်
"မဖြစ်နိုင်တာ ၊ ငါ မနက် ၈ နာရီကနိုးတာ အခု ၈ ၃၀ ပဲ ရှိသေးတာလေ"
လူလိမ် ထျန် မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ပြောလိုက်သည်။
"အချိန်ကို လည်းကြည့်ဦး ၉ နာရီခွဲနေပြီ"
လင်းဖန် သူ့ဖုန်းကို ထုတ်လိုက်ပြီး အားလုံးကို ပြလိုက်ပါတယ်။
"ကြည့် ၈ နာရီ ခွဲ ပဲရှိသေးတယ်"
လူအုပ်ကြီးဟာ သူတို့ ဖုန်းတွေကို စိတ်မရှည်စွာနဲ့ ထုတ်ပြီး ပြိုင်တူ ပြောလိုက်ပါတယ်။
"မာစတာ ဒီမှာကြည့်ဦး ၉ နာရီ ခွဲနေပြီ"
"ဟမ် ဒါဆို ငါ့ဖုန်းက ဖြစ်နေတာပေါ့"
လင်းဖန် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။သူ ဆိုင်နားကို အလျင်အမြန်သွားလိုက်ပြီး ကာစတန်မာတွေကို ပြောလိုက်ပါတယ်။
"အားလုံးပဲ တောင်းပန်ပါတယ်။ မကြာခင် ရစေရမယ်"
သူ့ရဲ့ လျင်မြန်လှတဲ့ ကျွမ်းကျင်မူတွေ နဲ့ လင်းဖန် အလျင်အမြန်ပဲ ပန်ကိတ်တွေ လူပ်လိုက်ပါတယ်။
သူ့ ပန်ကိတ်ကို စားပြီး ဒီလူတွေ ကျေနပ်သွားတာ မြင်ရတဲ့ အချိန်မှာ သူကိုယ်တိုင်လည်း ဝမ်းသာ သလို ခံစားလိုက်ရသည်။
ပန်ကိတ်စားခွင့် မရတဲ့ သူတွေကတော့ စိတ်ပျက်နေကြပါတယ်။သို့ပေမဲ့ သူတို့မှာ လက်လျော့ လိုစိတ်မရှိပဲ မနက်ဖြန် ပြန်လာဖို့ အတွက်သာ တွေးတော နေခဲ့ကြသည်။
လင်းဖန် လက်ကို ခါလိုက်သည်။ယင်းနောက် သူ ထိုင်လိုက်ကာ လဘက်ရည် သောက်ပြီး ဖုန်းသုံးနေလိုက်ပါတယ်။
"လူလိမ် ထျန် ဒီ ဗီဒီယိုကို လာကြည့်ပါဦး။ခင်ဗျား ဒီကောင်ကို အနိုင်တိုက်နိုင်လား?"
လင်းဖန် လူလိမ် ထျန်ကို ဗီဒီယို ပြလိုက်သည်။
လူလိမ် ထျန်ဟာ ဝိုက်ဘို ပေါ်က ဗီဒီယို ကို စိတ်ဝင်စားစွာ ကြည်လိုက်ပြီး မျက်မှောင် ကျုတ်လိုက်ပါတယ်။
"ငါ ဒီကောင်ကို တစ်ချက်ထဲနဲ့ ပြန်မထ နိုင်အောင် လုပ်လို့ရတယ်"
တကယ်လို့ လင်းဖန်သာ လူလိမ် ထျန်ရဲ့ အကျင့်ကို မသိဘူးဆိုရင် ဒီစကားကို ယုံကြည် မိမှာပါ။
"အမှန်ကို ပြောစမ်းပါ သိချင်လို့"
လူလိမ် ထျန်ဟာ လင်းဖန်ကို ကြည့်ကာ ခေါင်းယမ်းပြီး ပြောလိုက်သည်။
"ဒါက ပြောဖို့ ခက်တယ်။ဒီကောင်က ခွန်အားကြီးပြီး မြန်လည်း မြန်တယ်။သူ့ လက်သီးတွေက မြန်ဆန်ပြီး ခန္တာကိုယ် အောက်ပိုင်းကလည်း တောင့်တယ်။ငါသာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် ဒီကောင်လေးကို ရိုက်နိုင်ဖို့ ၈၀ ရာခိုင်နှုန်းသေချာတယ်။အခုချိန်မှာတော့ ၅၀ = ၅၀ လို့ပဲ ပြောရမယ်။ဒါပေမဲ့ ဒီ မာစတာ လိုင်လိုင် က စက္ကန့်ပိုင်းအတွင်း ရှုံးတာ ရှက်စရာကောင်းလွန်းတယ်"
"မင်းက ဘာလို့ သိချင်တာလဲ ၊ ဒီကောင်လေးက စစ်မှန်တဲ့ ခန္တာကိုယ် နည်းစနစ်တွေကို လေ့ကျင့်ထားတာ။ပုံမှန် ကိုယ်ခံပညာရှင်တွေ ယှဥ်နိုင်မှာ မဟုတ်ဘူး"
လင်းဖန် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
"အဲလောက်တောင် ကွာခြားလို့လား? ဒါဆိုရင် ကိုယ်ခံပညာရှင်တွေ ဒီကောင်ကို အနိုင်မတိုက်နိုင်တော့ ဘူးပေါ့"
လူလိမ် ထျန်ဟာ ရယ်မောပြီး ပြောလိုက်သည်။
"ကွဲတော့ ကွဲပြားတယ် ဒါပေမဲ့ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး။လွန်ခဲ့တဲ့ နှစ် တစ်ရာ နှစ်ရာ ၊ မဟုတ်ဘူး ငါပြောချင်တာ လွန်ခဲ့တဲ့ နှစ် ခုနှစ်ဆယ် ရှစ်ဆယိ တုန်းက ဆို ဒီကောင်လေး အခုလောက်ဆို ဆေးရုံပေါ်ရောက်နေလောက်ပြီ"
"အခုက ဘာဖြစ်သွားလို့လဲ?"
လင်းဖန် မေးလိုက်သည်။
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ငါတို့ နေတဲ့ ခေတ်ကိုပဲ ကြည့်လေ ကိုယ်ခံပညာမှာက ရိုးရှင်းတဲ့ အချက်အလက်တွေရှိတယ်။မင်းကိုယ်ခံပညာ တစ်ခုခုကို လေ့ကျင့်ရင် မင်းကိုမင်း လေ့ကျင့်သူလို့ပဲ ပြောလို့ရတယ် မာစတာ လို့ မပြောရဘူး။မင်း မာစတာ ဖြစ်လာဖို့ ဆိုတာက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ ကျော်ဖြတ်ပြီး မှ ရတာ"
"ဒါပေမဲ့ အဲလို တစ်ခြားလူတွေနဲ့ သွားချနေရင် မင်းထောင်ထဲ ရောက်သွားလိမ့်မယ်။ဒါက ဘာလို့ မာစတာ ဖြစ်လာဖို့ ခက်ခဲတယ် ဆိုတဲ့ အချက်ပဲ"
လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်သည်။
"ကြည့်ရတာ ခင်ဗျား အကြိမ်များစွာ တိုက်ခိုက်ဖူးတယ် ထင်တယ်"
လူလိမ် ထျန်ဟာ မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။
"ဒါပေါ့ အရင်တုန်းက ငါတစ်နှစ်ကို အကြိမ် ခြောက်ရာ ခုနှစ်ရာ လောက်တိုက်ခိုက်ခဲ့တာ၊ မင်းကိုယ်ခံပညာ မသိရင်တောင်မှ ကျွမ်းကျင်မူတွေနဲ့ ကြိုးစားလို့ရတယ်"
လင်းဖန် ဒါကို ကြားပြီး အနည်းငယ် ကြောက်ရွံ့သွားခဲ့ပါတယ်။ဒါကြောင့် သူတစ်ခြားလူတွေကို စိန်ခေါ်ပြီး နာမည်ကြီးအောင်လုပ်မယ့် အစီစဥ်ကို စွန့်လွတ်လိုက်သည်။
အခု ဒီအကြံမရှိတော့ ၊ ငါဘယ်လို တတိယ မစ်ရှင်ပြည့် အောင် လုပ်ရမှာလဲ??
ယင်းနောက် သူ ဘိုင်ဒူ ဆော့ဝဲ ကို ဖွင့်ကာ မေးခွန်းမေးလိုက်သည်။(ဂူဂဲ လိုထင်တယ်)
"ငါ ကိုယ်ခံပညာကို လေ့ကျင့်တယ်။လူတွေလေးစားတဲ့ မာစတာ ဖြစ်အောင် ဘယ်လို လုပ်ရမလဲ"
ဒီလို အခြေအနေမှာ ဘိုင်ဒူ ကသာ သံသယ တွေကို အဖြေရှာဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။တစ်စုံတစ်ယောက်မှာ မေးခွန်းရှိသ၍ ဘိုင်ဒူ မှာ ကျေနပ်လောက်တဲ့ အဖြေရှိပါတယ်။
ယင်းနောက် သူ စာကျနေတာ တွေ့လိုက်ရသည်။
ဝုရွှန်းယွဲ့ :: မာစတာ လိုင်းပေါ်မှာ ရှိလား?
လင်းဖန် :: အင်း
ခနကြာတဲ့ အချိန်မှာ စာပြန်လာခဲ့သည်။
"မာစတာ သဘက်ခါကျရင် အားလား?(စိတ်လှုပ်ရှားတဲ့ အီမိုဂျီ)"
ဒီကောင်မလေး ငါနဲ့ ဒိတ်လုပ်ချင်နေတာလား?
ငါလည်း စိတ်မပန်းမဖြေ ရတာကြာပြီ.......
လင်းဖန် :: အားပါတယ်၊ ဘာဖြစ်လို့လဲ?
ဝုရွှနိးယွဲ့ :: "အသံသစ်" ပြိုင်ပွဲမှာ လူ ၂၄ ယောက်ပဲ ကျန်တော့တယ်လေ။အချိန်ရှိရင် လာအားပေးနိုင်မလားလို့(ရှက်ရွံ့သည့် အီမိုဂျီ)။
ထူးဆန်းလှချည်လား....
လင်းဖန် ဒီ ပြိုင်ပွဲကို ဒီလောက်ထိ စိတ်မဝင်စားခဲ့ပေမယ့် ပြိုင်ပွဲ ဒီလောက်မြန်မြန် ကျင်းပ လာလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး။
"ကောင်းပြီလေ ပြသနာ မရှိဘူး၊ မင်းက ငါတို့မြို့က ဆိုတော့ ကျိန်းသေ အားပေးရမှာပေါ့၊ ဘယ်အချိန်လဲ"
"ည ၇ နာရီ"
"ကောင်းပြီ အဲ့အချိန်အမှီလာခဲ့မယ်"
စကားပြောပြီးတဲ့ နောက်မှာ လင်းဖန် ပြိုင်ပွဲကို ဝင်ကြည့်လိုက်ပါတယ်။ဒီ မိန်းကလေးဟာ အတော်ကျော်ကြားပြီး ပရိတ်သတ်တွေတောငိ ရှိနေပြီ ဖြစ်သည်။
ဝမ်မင်ယန် ရဲ့ အဖွဲ့ဟာလည်း သူမကို ထောက်ပံ့ပေးနေကြပါတယ်။
သို့ပေမဲ့ လည်း ထင်သလောက်တော့ မဖြစ်မြောက်သေးပေ။အောင်မြင်မူက ဝုရွှန်းယွဲ့ "အသံသစ်" ပြိုင်ပွဲ ချန်ပီယံ ဆုကို ယူပြီး မှ ဖြစ်လာနိုင်ပါတယ်။
လင်းဖန် ဒီပြိုင်ပွဲမှာ ဘာ လိမ်လည်မူတွေ ၊ လာဘ်ထိုးမူ တွေမှ မရှိလောက်ဖူး လို့ ယုံကြည်ပါတယ်။ပါဝင်သည့် ဒိုင် များမှာလည်း ကျော်ကြားပြီး အောင်မြင်နေသည့် လူများ ဖြစ်ကြသည်။အထူးသဖြင့် မစ္စတာ ချီမင် က လာဘ်ထိုး တာကို အပြင်းအထန် ရှုတ်ချတဲ့ လူတစ်ယောက်ပါ။
တစ်ခါတုန်းက ကုမ္ပဏီ တစ်ခုက မစ္စတာ ချီမင် ကို ပြိုင်ပွဲတစ်ခုမှာ ဒီုင် အဖြစ်ဖိတ်ကြားခဲ့ပါတယ်။နောက်ကွယ် မှာ လာဘ်ပေးမူတွေ ရှိနေတယ် ဆိုတာကို မစ္စတာ ချင်းမင် သိတဲ့အချိန်မှာ
သူ ဖိုင်နယ် ရောက်မှ အကုန်လုံးကို ဝိုက်ဘိုက တဆင့် ဖွင့်ချပစ်ခဲ့ပါသည်။
သူ အသေးစိတ် အချက်အလက် တွေကအစဖော်ထုတ်ပစ်ခဲ့တာပါ။အဲ့အစီအစဥ်ဟာ အတော် ထိခိုက် နစ်နာ သွားခဲ့ရသည်။
အဲ့ မတော်တဆ မူအပြီးမှာ မစ္စတာ ချီမင်ကို ဖိတ်တဲ့ အစီအစဥ်တိုင်း ဟာ ရိုးရိုးသားသားရှိကြပြီး လာဘ်ထိုးမူတွေ မရှိကြတော့ပေ။
မစ္စတာ ချီမင် ဒီလောက် အကြောက်အလန့် ကင်းနေတာလဲ မေးခွန်းထုတ်စရာ ရှိပါတယ်။
ဒါဟာ သူ့ဘေးနားမှာ ဘော်ဒီဂတ်တွေ အချိန်ပြည့် ရှိနေလို့ပါ။သူကို တိုက်ခိုက်ဖို့ မပြောနဲ့ ဘယ်သူမှ မချေမငန် မပြောရဲကြပေ။
လင်းဖန် ဝုရွှန်းယွဲ့ ပြိုင်ထားတဲ့ သူချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပြီး မျက်လုံးပိတ်ကာ နားထောင်လိုက်ပါတယ်။
"ဒိုင်များ အားလုံး မဂ်လာပါ။ကျွန်မက ဝုရွှန်းယွဲ့ပါ"
လင်းဖန်ဟာ သူမရဲ့ ချိုမြတဲ့ အသံကို ခေါင်းညိမ့်ပြီး အသိအမှတ်ပြုလိုက်ပါတယ်။
ဝမ်မင်ယန် ဒီမိန်းကလေးကို ပျိုးထောင်ပေးချင်တာ နည်းလမ်းကျပါတယ်။ဒီမိန်းကလေးဟာ လှပတဲ့ ချိုမြတယ် ၊ နားဝင်ချိုတဲ့ အသံမျိုးကိူ ပိုင်ဆိုင်ထားပါတယ်။
သူမက တကယ်စွမ်းဆောင်နိုင်စွမ်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။သူမ တကယ် မအောင်မြင်သေးပေမဲ့ လည်း ကျိန်းသေ အောင်မြန်လာမယ် ဆိုတာ သူသိနေပါတယ်။
လူလိမ် ထျန်ဟာ ခေါင်းညိမ့်လိုက်ပြီး လင်းဖန် ဖုန်းထဲက ထွက်လာတဲ့ အသံကို အသိအမှတ်ပြုလိုက်ပါတယ်။
"ဒီမိန်းကလေး အသံတစ်ကယ်ကောင်းတယ်"
"တိတ်တိတ်နေ"
လင်းဖန်ပြောလိုက်သည်။
လူလိမ် ထျန်ဟာ မျက်လုံးကို မှိတ်ကာ ဘာမှထပ်မပြောတော့ပဲ သူမရဲ့ လှပတဲ့ အသံကို ခံစားနေခဲ့သည်။
.......
နေ့လည်ဘက်အချိန်။
လင်းဖန်ဟာ ဗေဒင်ဟောရင်းနဲ့ အလုပ်တွေ ပြန်ရှုပ်လာခဲ့ပါတယ်။
လင်းဖန်ဟာ ဝူတန်ဟီ အကြောင်းကို တွေးမိလိုက်ပြီး ဘယ်ချိန်ပြန်လာမလဲ စဥ်းစားလိုက်ပါတယ်။
တကယ်လို့ ဝူတန်ဟီသာ စောစောပြန်လာရင် ရှေ့လျောက်သူ ပိုပြီး သက်သာတော့မှာပါ....
#
A Valiant Life 85
အပိုင်း ( ၈၅ ) မရပ်နဲ့ ပြေးသာပြေး
ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက် နေ့လည်ခင်းတွင်။
လင်းဖန်အခုလို ချမ်းသာလာတဲ့ အချိန်မှာ ဖုန်းလေးတစ်လုံးလောက်တော့ လိုချင်ပါတယ်။ပိုက်ဆံတွေ ရှိလာပြီ ဆိုမှတော့ သုံးရတော့မှာပါ။
သူ့မှာရှိတဲ့ အိုက်ဖုန်း ၄ အစုတ်လေးဟာ အတော်ကို အခြေအနေဆိုးနေပါပြီ။သူ လူကြားထဲမှာ ဖုန်းသုံးလိုက်တဲ့အချိန်တိုင်း လူတွေဝိုင်းဝိုင်း ကြည့်တာကို သူမခံစားနိုင်တော့ပါဘူး။
လူငယ်တစ်ယောက်အတွက် အဝတ်အစားနဲ့ ဖုန်းကောင်းကောင်းတစ်လုံးက အဓိကပါ။
သူအရင်တုန်းက ဖုန်းမလဲဖြစ်ခဲ့တဲ့ တာက သူ့မှာ ပိုက်ဆံ မရှိလို့ပါ။သူ အရင် လက်ရှိ အိုင်ဖုန်းအဟောင်းလေး ကိုဝယ်တုန်းက ဒေါ်လာ ၂၀၀ ၊ ၃၀၀ လောက်သာ တတ်နိုင်ခဲ့ပါတယ်။ဘာပဲ ဖြစ်ဖြစ် ဒါဟာ ပန်သီး တံဆိပ်ဖြစ်သည်။
ရှောက်မီ ဖုန်း လက်လီအရောင်းစင်တာ တစ်ခုတွင်။
"ကလေး ဒီဖုန်းက ဘယ်လောက်ပေးရမလဲ?"
လင်းဖန် ကောင်တာပေါ်က ဖုနး်တစ်လုံးကို ညွှန်ပြပြီး ပြောလိုက်ပါတယ်။ဒီဖုန်းလေးက လှပပြီး သူနဲ့ တော်တော် အဆင်ပြေမဲ့ ပုံပါပဲ။
မိန်းကလေးဟာ ပြုံးပြီး ပြောလိုက်သည်။
"ဆျာ ဒါက ရှောက်မီ 6 128 GB လေ။အရောင်းစျေးက ဒေါ်လာ ၃၉၉၉ ပြီးတော့ ဒါက ဒေါ်လာ ၃၀၀ ဖိုး အခမဲ့ဖုန်းပြောခွင့်ပါပါတယ်"
"ကောင်းပြီး ဒီအမျိုးအစားကို ယူမယ် ၊ အနက်ရောင်လေး ပေးပါလား"
လင်းဖန်ပြန်ပြောလိုက်သည်။အခု သူ့မှာ ပိုက်ဆံရှိနေပြီး ဖြစ်တဲ့ အတွက် လိုအပ်တာတွေကိုတော့ ဝယ်ရမှာပါ။ထပ်ပြောရရင် သူ ဝုယန်ဂန် ပေးထားတဲ့ ကတ်ကိုတောင် မသုံးရသေးပေ။
အခုချိန်မှာ သူဟာ ဆင်းရဲတဲ့ လူတစ်ယောက် မဟုတ်တော့ပါဘူး။
"ဆျာ ဖုန်း နေရာလွတ်တွေရှင်းသွားအောင် အကုန်လုံးကို သန့်ရှင်းရေးလုပ်ပေးပါ့မယ်။ဆျာ ဘယ် ဆော့ဝဲတွေသုံးသေးလဲ? တစ်ခါထဲ ဒေါင်းလော့ဆွဲပေးလိုက်မယ်လေ"
မိန်းကလေး ဟာ ရည်မွန်စွာ မေးလိုက်သည်။
"ကောင်းပြီလေ ဝိုက်ဘို ၊ ဝီချပ် ၊ QQ အဲတာတွေ ထည့်ပေးပါ"
လင်းဖန် ပြုံးပြီး အကူညီတောင်း လိုက်သည်။
"ကောင်းပါပြီ"
မိန်းကလေးဟာ ခေါင်းညိမ့်ပြီး စတင်လုပ်ဆောင် လိုက်သည်။ယင်းနောက် သူဟာ ဖုန်းအဟောင်းကနေ အသစ်ကို ပြောင်းစရာ ရှိတာတွေ ပြောင်းးထည့် လိုက်ပါတယ်။
ဒီ ရှောက်မီ ဖုန်းအရောင်း စင်တာဟာ အဆင့်အတန်းရှိပြီး ကာစတန်မာ ဆားဗစ် အတော်ကောင်းမွန်လှပေသည်။ခနကြာတဲ့ အချိန်မှာ လင်းဖန်လက်ထဲကို ဖုန်အသစ်လေး ရောက်လာခဲ့သည်။
ဒါက လက်ထဲမှာကိုင်ရတာ အတော် အဆင်ပြေပြီး အရင်ဖုန်း အစုတ်လေးထက် အဆင်ပြေလှသည်။
သူဖုန်းအတွက် ငွေပေးချေလိုက်ပြီး ဖြတ်ပိုင်းကို ပြန်ယူလာလိုက်ပါတယ်။ယင်းနောက် သူဟာ ဆိုင် အပြင်ဘက်ကို ထွက်လာလိုက်သည်။
လင်းဖန် မလှမ်းမကမ်းမှာ လူအုပ်ကြီး တစ်ခု ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာ တွေ့လိုက်ရပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်ကသာ အပြင်ဘက်မှာ နေပြီး အထဲကို လှမ်ကြည့်ရင် အထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ မြင်ရမှာ မဟုတ်ပါဘူး။ရုတ်တရက် လူအုပ်ကြီးဟာ နောက်ကို ဆုတ်ဆုတိလာခဲ့သည်။
လူများဟာ ရှုပ်ထွေးနေခဲ့သည်။
ယင်းနောက် လူအုပ်ကြီးဟာ ပြန့်ကျဲခဲ့ပါတယ်။လင်းဖန် သူ့ဘက်ကို နှာခေါင်းမှာ သွေးတွေ လျှံထွက်နေတဲ့ အဖိုးကြီး တစ်ယောက် ပြေးလာနေတာ ကို တွေ့လိူက်ရပါတယ်။
"မပြေးနဲ့"
အသံဟာ အဖိုးကြီးရဲ့ နောက်ကနေ ထွက်လာခဲ့သည်။လင်းဖန် လည်း ဘာတွေ ဖြစ်နေလဲ ဆိုတာ ကြည့်နေခဲ့ပါတယ်။
နှာခေါင်းမှာ သွေးတွေထွက်နေတဲ့ အဖိုးကြီးဟာသူ့ရှေ့ကနေ ဖြတ်ပြေးသွားခဲ့သည်။ယင်းနောက် အဖိုးကြီးနောက် ကလိုက်လာတဲ့ ကြွက်သားတွေအမြောင်း အမြောင်းလိုက် ရှိသည့် လူဟာ အော်လိုက်သည်။
"ဘေးကိုဖယ်"
လင်းဖန် အခြေအနေကို သိလိုက်ပြီး ဆွံ့အသွားခဲ့ပါတယ်။သို့ပေမဲ့ သူဘေးကို မဖယ်သင့်ဘူးလို့ ခံစားလိုက်ရသည်။
အခုအချိန်ဟာ နေ့ဘက်ကြီး ဖြစ်နေပြီး ဒီလူတွေက တိုက်ခိုက်နေကြပါတယ်။ထပ်ပြောရရင် တိုက်ခိုက်တာထက် ဒီလူက အဖိုးကြီးကို အနိုင်ကျင့်နေသလိုပါပဲ။
တရားမျှတမူကို မြတ်နိုးတဲ့ လူတစ်ယောက်အတွက် ကတော့ ဘေးနားမှာ ရှောင်မနေသင့်ပေ။
လင်းဖန်အခြေအနေကို နားလည်လိုက်ပြီး ခန္တာကိုယ်ကို ဖြည်းညှင်းစွာ ပြင်ဆင်လိုက်ပါတယ်။သူ့ရဲ့ဘယ်ဘက် ခြေထောက်ကို နောက်ကိုအနည်းငယ် ဆုတ်လိုက်ပြီး ဘယ်ဘက် လက်သီးကို ကျစ်ကျစ် ဆုတ်ထားလိုက်ပါတယ်။
နောက်ကလူ သူ့အနားကို ရောက်လာတဲ့ အချိန်မှာ ရုတ်တရက် သူ့ဘယ်ဘက်လက်နဲ့ ဝမ်းဗိုက်ကိုထိုးလိုက်ပြီး ညာဘက်လက် နဲ့ ညှပ်ရိုးကို ထပ်ထိုးလိုက်ပါတယ်။
လင်းဖန် ပြင်းထန်တဲ့ တွဲလုံးကို ပေးလိုက်ပြီး တာနဲ့ ညာဘက်ခြေထောက်ကို လျှင်မြန်စွာ ပြန်ရုတ်လိုက် ပါတယ်။သူ့ လှုပ်ရှားမူများဟာ အတော် မြနိဆန်ပြီး အလျင်အမြန် နောက်ကို ပြန်ရောက်သွားခဲ့သည်။
ဒီအကွက်ဟာ ရိုးရှင်း လျင်မြန်ပြီး ၊ လူအိုကြီးနောက်ကို လိုက်နေတဲ့ လူကို ကြောက်လန့်သွားစေခဲ့သည်။
အဖိုးကြီးနောက် လိုက်နေတဲ့ လူသန်ကြီးဟာတော့ ချွေးတွေထွက်နေခဲ့ပြီး ဒူးတစ်ဖက်ထောက်ကျသွားပါတယ်။နာကျင်မူဟာတော့ နံရိုးမှတဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့နေခဲ့သည်။
လင်းဖန်လည်း သူ့ကိုယ်သူ ဒီလောက် ကျွမ်းကျသ် လိမ့်မယ်လို့ မထင်ထားမိခဲ့ပေ။လင်းဖန် သူ့ရှေ့က လူကို မပြစ်တင်ပြီး ဆုံးမစကား ပြောဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ သူ့တို့ဆီကို အရိပ်တွေ ပြေးလာနေတာကို တွေ့လိုက်ရပါတယ်။
"ချီးပဲ အုပ်စုလိုက်ကြီးလား"
လင်းဖန် တွေဝေမနေတော့ပဲ ထွက်ပြေးလိုက်သည်။လက်ရှိသူလုပ်နိုင်တာက ထွက်ပြေးဖို့ပါပဲသူကူညီနိုင်သလောက် ကူညီပေးခဲ့ပြီးပါပြီ။
သို့ပေမဲ့ လင်းဖန် အဝေးကို ရောက် သွားတဲ့ အချိန်မှာ ကင်မရာနဲ့ လူအုပ်ကြီးဟာ ရောက်လာခဲ့သည်။
"ဘယ်ရောက်သွားတာလဲ ? ခုနက ချနေတဲ့ လူဘယ်ရောက် သွားတာလဲ?"
ရန်လိုနေတဲ့ လူကြီးတစ်ယောက်ဟာ ကျယ်လောင်စွာ မေးလိုက်သည်။
"သူပြေးသွားပြီ ထင်တယ်"
"ချီးပဲ အဲတာဘယ်က ကောင်လဲ? ဟန်လုနဲ့များ လာရှုပ်ရဲရတယ်လို့၊ မင်းတို့ ဗီဒီယို ရိုက်ထားမိလိုက်လား?"
"ဘယ်လိုလုပ် ရိုက်နိုင်မှာလဲ၊ ဟန်လု က ပြေးလိုက်ပြီး ရိုက်ချင်နေတာလေ။ငါတို့က သူ့လောက်မှ အပြေးမမြန်တာ"
ယင်းနောက်တွင် နှာခေါင်းမှာ သွေးတွေ ထွက်နေတဲ့ အဖိုးကြီးဟာ ဘာတွေဖြစ်နေလဲ ဆိုတာ သိသွားပြီး ပြန်ရောက်လာခဲ့သည်။
"ကောင်လေး မင်းက အတော် ဘဝင်မြင့်တဲ့ကောင်ပဲ။ငါက အတွင်းအားတွေနဲ့ မင်းကို အားကုန်အောင် လုပ်နေတာ အခုကြည့် ဘေးနားက ဖြတ်သွားတဲ့ လူကတောင် မင်းကို အတွင်းဒဏ်ရာရအောင် ရိုက်နိုင်တယ်။မင်းက ငါထွက်ပြေးနေတယ် ထင်နေတာလား ဟမ့်"
"ခုနက ကောင်လေး မင်းကို ရိုးရိုးလေးပဲ ထိုးသွားတာ တွေ့လား အဲတာ ငါမင်းရဲ့ ခွန်အားတွေကို ဖြုန်းတီးပေးထားလို့ပဲ"
စွမ်းအားရှစ်မျိုး လက်သီးသိုင်းကို ကျွမ်းကျင်တဲ့ မာစတာ ရှင်းကျန်း ဟာ အရှက်မရှိစွာ ကြွားဝါနေခဲ့သည်။
"သူက တော်တော် အကြွားသန်တာပဲ"
"ငါ ဘာဖြစ်လည်း မြင်လိုက်တယ်။ကောင်လေးက တကယ်တော်တာ။သူက တော်တော် အတွေ့အကြုံရှိတယ် ထင်တယ် တိုက်ခိုကိနေတုန်း တစ်ချက်မှ ရပ်မသွားဘူး"
"နောက်တစ်လှမ်းဆုတ် ၊ ပြင်းထန်တဲ့ တွဲလုံး ၊ ခုန်လိုက်တယ်။ငါဆိုရင် ဒါတွေကို တစ်ချိန်တည်း လုပ်နိုင်မှာ မဟုတ်ဘူး"
ကင်မရာ ကိုင်ထားတဲ့ လူတွေဟာ မရိုက်နိုင်ခဲ့လို့ နောင်တ ရနေကြပါတယ်။ဒါ က သတင်းကြီးဖြစ်နိုင်လောက်တဲ့ အခွင့်အရေးပါ။
သူတို့ဟာ သတင်းကြီးတစ်ခုကို ယူပြီး သူတို့နဲ့ သက်ဆိုင်တဲ့ သတင်းဌာနကို ပြန်တင်ပြဖို့ပဲ အာရုံစိုက်ကြတာပါ။သို့ပေမယ့် သူတို့ရဲ့ အတွင်းစိတ်ထဲမှာတော့ တရုတ် ယဥ်ကျေးမူကို သာ ခေါင်းကြီးပိုင်းမှာ တင်ချင်ကြပါသည်။
တရုတ်ရဲ့ အဓိက ယဥ်ကျေးမူကြီး လေးမျိုးရှိပါတယ်။ ကိုယ်ခံပညာ ၊ တရုတ်တိုင်းရင်းဆေး ၊ဘေဂျင်း ပြဇာတ် ၊ တရုတ် လက်ရေးလှ တို့ဖြစ်သည်။
တရုတ် တိုင်းရင်းဆေးဟာတော့ အားလုံးရဲ့ မယုံကြည်ရဆုံးအရာတစ်ခုဖြစ်သည်။တကယ်လို့ ဘိုးဘေး တွေကသာ ဒီအကြောင်းကို သိကြရင် သေရာကနေ ပြန်ရှင်လာပြီး ရိုက်နှက်ကြမှာပါ။
သူတို့ဟာ အသက်ရှည်ကြာအောင် လေ့လာကြပြီးတာတောင် သူတို့ကို သူတို မာစတာ လို့မ ခေါ်ခဲ့ကြပါဘူး။အခုချိန်မှာတော့ လူတွေဟာ ဆယိနှစ်လောက် လေ့လာပြီးရင် မာစတာ လို့ သူတို့ကို သူတို့ သတ်မှတ်ချင်နေကြပါပြီ။
ထပ်ပြောရရင် သူတို့ သွားတဲ့ နေရာတိုင်းမှာ အရူးတွေလိုပဲ ငြင်းခုန် ရန်ဖြစ်ကြပါသေးတယ်။
"ဘယ်သူ ရိုက်နိင် လိုက်လဲ"
ဗလတောင့်တောင့် နဲ့ လူကြီးဟာ အော်ပြောလိုက်သည်။ကျန်တဲ့ လူများဟာ လည်း ဆွံ့အသွားကြပါတယ်။
ဘယ်သူ ရိုက်ကူးနိုင်လိုက်လဲ....?
"ကျွန်တော် ရိုက်မိလိုက်တယ်"
ဆံပင်ကို ဆေးဆိုးထားတဲ့ လူငယ်လေးဟာ ပြောလိုကိသည်။
"ကြည့်ရအောင်"
ခေါငိးဆောင် လူကြီးဟာ ရှေ့ကို လျောက်လာလိုက်ပါတယ်။
"ကြည့်"
လူငယ်လေးဟာ ဗီိဒီယို ကိုပြန်ဖွင့်ပြလိုကိသည်။
အစောတုန်းက လူအုပ်ကြီးဟာ အမြနိပြေးလာကြရပြီး သေချာ မမြင်လိုကိကြရပါဘူး။
ဗီဒီယို ထဲတွင်။
ဟန်လုဟာ အော်လိုကိသည်။
"ဘေးကိုဖယ်"
လူငယ်လေးဟာ မတ်တတ်ရပ်နေရင်းကနေ ဟန်လုကို ရုတ်တရက် တိုက်ခိုက် လိုက်ပါတယ်။လူငယ်လေး အကြိမ်အနည်းငယ် လှုပ်ရှားပြီးနောက်တွင် ဟန်လု လဲကျသွားခဲ့သည်။
"ဒါက"
ခေါင်းဆောင် လူကြီးဟာ ဗီဒီယို ကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ယင်းနောက် သူကောင်လေးရဲ့ လက်ကို ကိုင်ပြီးပြောလိုကိပါတယ်။
"ငါ့ဆီပို့ပေးပါ"
"ဒေါ်လာတစ်ထောင် လိုချင်တယ်"
"ပြသနာ မရှိဘူး"
ဒါက တစ်ကယ်ကို သတင်းထူးဖြစ်မယ့် အရာပါ။သူတို့ ဗီဒီယို မရိုက်နိုင်လိုက်ပေမယ့် ဘေးနားက ဖြတ်သွားတဲ့ ကောင်လေးဟာ အလျင်အမြန်ရိုက်ကူး လိုက်နိုင်ခဲ့ပါတယ်။
သူဒေါ်လာ တစ်ထောင် မပြောနဲ့ ဒေါ်လာ တစ်သောင်း ဆိုရင် တောင် သဘောတူဦးမှာပါ။သို့ပေမဲ့ ဗီဒီယို ထဲက မာစတာ ဟာ ဘာလို့ ထွက်ပြေးလဲ ဆိုတာ စဥ်းစား လို့မရပါဘူး။
သူ့ကို ပြန်ရှာဖွေဖို့ ဆိုတာ က အတော်ကို ခက်ခဲလှပေသည်။
ဟန်လုဟာ အလွန်နာကျင်စွာနဲ့ အောက်မှာ ထိုင်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ သူဆွံ့အနေခဲ့သည်။သူ့ရဲ့ ခွန်အားတွေနဲ့ ဒီလူငယ်လေး သူ့ကို ရုတ်တရက် တိုက်ခိုက်ရင် တောင် ဒီလောက်မနာကျင်နေသင့်ပါဘူး။ဒါဟာ သူမမျှော်လင့် ထားတဲ့ အရာတစ်ခု ဖြစ်သည်။
.......
အဲ့အချိန်မှာတော့ လင်းဖန်ဟာ ဆက်တိုက်ပြေးနေတာ တော်တော် ဝေးဝေးတောင် ရောက်နေခဲ့ပါပြီ။သူဟာ နောက်မှာ လူတွေပါလာသေးလား တစ်ချက်တစ်ချက် ပြန်လှည့် ကြည့်နေခဲ့သည်။
သူ့နောက်ကနေ လိုက်လာတဲ့ လူ မရှိတာမြင်မှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။သူ ကိုယ်ခံပညာကို ကျွမ်းကျင်နေတယ် ဆိုပေမယ့် လည်း လူအများကြီး ကို ရိုက်နိုင်ဖို့ ယုံကြည်မူမရှိပါဘူး။
သူတို့မှာ တုတ်တွေ ဓားတွေ မပါလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။တကယ်လို့ သူ့ကိုသာ ဝိုင်းရိုက်ကြရင် မသေရင်တောင် ဆေးရုံရောက်ရမှာ ကျိန်းသေပါတယ်။