You loved Me first

By aeenaa_

2.4K 79 23

xx Teenfiction xx x Romance, friendship x လူငယ် စိတ်ကူးယဥ် ဇာတ်လမ်းလေးပါပဲရှင့်🌷 ပထမဆုံးficလေးမို့ အမှားပါရ... More

Intro ♡
part 1 - Meet
part 2 - Rain
part 3 - Home
part 4 - Falling star
part 5 - Study
part 6 - Ice cream
part 7 - Birthday
part 9 - Heartbeat
part 10 - Coupon
Part 11 - Fireworks
Part 12 - Necklace
Part 13 - First Kiss
Part 14 - Neighbour
Part 15 - Transfer Student
Part 16 - Choose
Part 17 - Fight

part 8 - Basketball

103 4 1
By aeenaa_


ကျောင်းဆင်း bellသံ ထွက်ပေါ်လာတာနဲ့ ကျောင်းသူကျောင်းသားတွေ စာသင်ခန်းမှ အလျှိုလျှိုထွက်လာကြသည်

"ရားး မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့ ဒီနေ့ pc roomသွားမလား "

JaeHoon ပခုံးကိုဖက်ပြီး DongMin ဆိုလာချိန်

"ငါ မနက်ကဖြေထားတဲ့မေးခွန်းတွေ အဖြေပြန်တိုက်ရဦးမယ် " -JaeHoon

"မငြီးငွေ့ဘူးလား ဦးနှောက်လေးအနားပေးစမ်းပါ " -DongMin

" ဟုတ်တယ် JaeHoon အဖြေနောက်မှတိုက်လို့ရတာပဲ နှစ်ယောက်ဂိမ်းသွားဆော့ကြနော် " -Wonhee

"ဘာလဲ ဘာလို့ပထုတ်နေသလိုခံစားရတာလဲ" -DongMin

DongMin သူ့ကောင်မလေး သံယောင်လိုက်ပေးတဲ့စကားကို ထူးဆန်းသလိုပြောလာတော့

" ဟို ငါတို့နှစ်ယောက်လဲသွားစရာရှိလို့ အရင်ပြန်နှင့်ပြီ "

Wonhee တစ်ယောက် တစ်နေရာသွားဖို့ အစီအစဥ်ရှိသည့်ပုံနှင့် Dabinလက်ကို တွဲချိတ်ရင်းဆိုလာသည်

"ဘယ်ကို "-Dabin

Dabinမှာ မသိသေးသည့်ပုံစံနဲ့မေးလာချိန် Wonhee ပြန်မဖြေပဲ သူမကိုအတင်းဆွဲခေါ်သွားသည်

"နှစ်ယောက်ဘယ်သွားမို့လဲ? "

DongMinမေးသံကို မကြားချင်ယောင်ဆောင်ရင်း ပြေးလုနီး ခြေလှမ်းအမြန်လျှောက် သွားလို့

"Yrr! Ji Wonhee!!!" *shout*

DongMin အော်ခေါ်ပေမဲ့ အရာမရောက်ပေ

"သူတို့နှစ်ယောက် မသင်္ကာစရာမကောင်းဘူးလား" -DongMin

သူ စဥ်းစားဟန်နဲ့ ရေရွတ်လိုက်ချိန် ဘေးက JaeHoon ကတော့

" မိန်းကလေးချင်း အချိန်လိုမှာပေါ့ "

"မင်း နဂိုတည်းကအဲ့လို နားလည်ပေးတတ်တဲ့ typeလား" -Dongmin

" အခု pc roomသွားမှာမလား "

JaeHoon သူပါဂိမ်းဆိုင်လိုက်ခဲ့မဲ့ပုံစံနဲ့ မေးလာသော်လည်း

"ဘယ်လိုပဲတွေးတွေး သူတို့နှစ်ယောက် တစ်ခုခုပဲ" -DongMin

" ဘာလဲ မင်းလိုက်သွားမို့လား " -JaeHoon

" အွန်း ဂိမ်းဆိုင်မသွားတော့ဘူး " -DongMin

" ကောင်းပြီလေ ငါ စာကြည့်တိုက်ပဲသွားတော့မယ်"

JaeHoon ပြောပြီး နေရာမှလှည့်ထွက်မလို အလုပ်

" မဟုတ်မှ KangDabin ကို ဘလိုင်းဒိတ်ခေါ်သွားဖို့လား "

DongMin ခန့်မှန်းသလို ဆိုလာတဲ့စကားကြောင့် သူရပ်သွားသည်

" အာာ.....သိပြီ အဲ့ကိုသွားတာပဲနေမယ်"

DongMin တစ်နေရာရာကို တွေးမိသလိုနဲ့ တစ်ယောက်တည်း ရေရွတ်ပြီး လျှောက်သွားချိန်

စာကြည့်တိုက်သွားမဲ့ JaeHoon ခြေလှမ်းတွေလဲ သူ့နောက်သို့ကပ်ပါလာခဲ့ပါသည်

ထို့နောက် မြို့ထဲက တခြား အထက်တန်း ကျောင်းတစ်ခုရဲ့ အနောက်ဘက် ဘတ်စကတ်ဘောကွင်းလေးဆီ Wonhee နဲ့ Dabin ရောက်လာချိန်

" ဒီကိုဘာလို့လဲ? ?" -Dabin

" ဘာလို့ရမှာလဲ နင့်အတွက်ပေါ့ "

ဘတ်စကတ်ဘောကစားနေတဲ့ ကောင်လေးအချို့ကို တောက်ပနေတဲ့မျက်လုံး ဝိုင်းဝိုင်းလေးဖြင့်ကြည့်ရင်း Wonhee ဆိုလိုက်သည်

" ဘာကိုငါ့အတွက်ရမှာလဲ နင်ငမ်းချင်လို့မလား " -Dabin

"စေတနာကို စော်ကားနေတာကြည့်ပါဦး...
ငါကြည့်ချင်လို့ကြည့်တယ်ထင်နေလား
နင့်အတွက် အဆင်ပြေတဲ့သူရှာပေးမလို့ " - Wonhee

" *aish* တော်ပြီ ပြန်ရအောင်... " -Dabin

"ရားး... Cha JaeHoon ကို ခေါင်းထဲကထုတ်လိုက်တော့... သူနင့်ကို သူငယ်ချင်းလိုပဲနေမယ်လို့ အပြတ်ငြင်းထားတယ်ဆို " -Wonhee

" အဲ့တာတော့ ဟုတ်ပေမဲ့ ... ငါ့ဘက်က အဲ့လောက် လွယ်ကူမနေဘူးလေ လူတစ်ယောက်ကို အကြာကြီးကြိုက်လာတာ ရပ်ချင်တိုင်းရပ်လို့မှမရတာ " -Dabin

"ဘာလို့မရရမှာလဲ နင့်စိတ်ထဲက စွဲလမ်းနေတဲ့ခံစားချက်ကိုဖယ်လိုက်ရင်ရပြီ "- Wonhee

"ဘယ်လိုလဲ"-Dabin

" သူမဟုတ်ပဲ တခြားသူတွက်နှလုံးသားကို
ဖွင့်ကြည့်လို့... အထက်တန်းကျောင်းသူဘဝကို တဖက်သတ်အချစ်နဲ့ပဲအဆုံးသတ်မလို့လား " -Wonhee

"ဘာလို့အတည်ကြီးပြောနေတာလဲ ဝမ်းနည်းစရာကောင်းအောင် "-Dabin

"JaeHoon က သူနင့်ကိုလုံးဝပြန်မကြိုက်နိုင်ဘူးလို့ တိုက်ရိုက်မငြင်းပဲ သူငယ်ချင်းဆက်ဆံရေးနဲ့ သွယ်ဝိုက်ငြင်းလိုက်တာ သဘောမပေါက်ဘူးလား ခနခနအငြင်းခံရလို့အရေထူသွားပြီလား" -Wonhee

" ဘာလို့ငါ့ကိုဆူနေတာလဲ!!! " -Dabin

သဘောကျတဲ့သူ ငြင်းတာထက် သူငယ်ချင်းပြောမှပဲ ရစရာမရှိအောင် အားလျော့ချင်သွားသည်

"aigooo....အမှန်တရားကိုလက်ခံလိုက်တော့"

Wonhee ရေရွတ်ပြီး ကွင်းဘက်ကို
ပြန်အကြည့် တစ်ယောက်သောသူက သူမအမြင်အာရုံကို ဖမ်းစားသွားသည်

"ရားးး...ဘတ်စကတ်ဘော အင်္ကျီအနီနဲ့တစ်ယောက်ကိုကြည့်ပါဦး မခန့်လွန်းဘူးလား " -Wonhee

Dabin သူမသူငယ်ချင်း အကြည့်ရှိရာဆီ လှမ်းကြည့်လိုက်ချိန် အရပ်ရှည်ရှည် body ခပ်တောင့်တောင့် နဲ့ ကောင်လေးတစ်ယောက် လက်ထဲကရေဘူးကိုဖွင့်သောက်ဟန်ပြင်နေသည်

"ဒယ်ဂယောင်းကျောင်းကပဲထင်တယ်နော် ...
ဝါးးး ရေသောက်နေတဲ့ပုံတောင် တကယ်မိုက်တာပဲ"

ညနေခင်းနေရောင်ခပ်ဖျော့ဖျော့ ဖြာကျနေတဲ့အောက် ရေဘူးမော့နေတဲ့ပုံမှာ ဘာလို့များဆွဲဆောင်မှုရှိနေရတာလဲဟု Wonhee တွေးနေတုန်း ထိုကောင်လေးက သူမတို့ဘက်ကြည့်လာသည်

"ဟဲ့...ဟဲ့ အခုငါတို့ဆီကြည့်နေတာမလား"

Dabin လက်မောင်းကိုတဖက်ဖက်ရိုက်ရင်း Wonhee မေးလိုက်ချိန် ထိုကောင်လေးကလဲ ရေဘူးအဖုံးပိတ်ပြီး သူမတို့ဘက်လျှောက်လာတာကို မြင်လိုက်ရသည်

" အခုငါတို့ဆီလာနေတာ ဟုတ်တယ်မလား" -Wonhee

"နင်ဘာလို့စိတ်လှုပ်ရှားနေတာလဲ... DongMin ကိုမေ့သွားပြီလား" -Dabin

"DongMin ကဘယ်သူလဲ??"

Wonhee အတိတ်မေ့သလို ဟန်ဆောင်ရင်း Dabin ကိုပြန်ဖြေနေတုန်း

"Dabin ssi? ဟုတ်တယ်မလား..."

သူမတို့ထက်ခေါင်းတစ်လုံးလောက် အရပ်ပိုရှည်သည့် ကောင်လေးက အရှေ့မှာရပ်ရင်း ဝမ်းမြောက်ဝမ်းသာ ဆိုလာသည်

" နင်နဲ့သိတာလား??"

Wonhee အံ့အားသင့်သွားကာ ဘေးက Dabin ကို မေးလိုက်သော်လည်း

" ကျွန်မတို့အရင်ဆုံဖူးလား "

Dabin ကတော့ မျက်နှာရင်းနှီးနေဟန်ဖြစ်ပေမဲ့ သေချာ မမှတ်မိသည့်ပုံနှင့် ထိုကောင်လေးကို ပြန်မေးလာသည်

" r..မမှတ်မိဘူးပဲ... ကျွန်တော်ကတော့ ထပ်တွေ့ချင်နေခဲ့တာကို "

မျက်နှာလေးအနည်းငယ်ညိုးကာ ပြောလာတဲ့စကားအဆုံး Dabin မျက်ဝန်းတွေ အနည်းငယ်ဝိုင်းစက်သွားသည်

"ဟင်?! ဘာလဲ ဘယ်လိုအခြေအနေလဲ " -Wonhee

" အသာနေစမ်းပါ!" *whisper*

Dabin သူမသူငယ်ချင်း Wonheeကိုတီးတိုးရေရွတ်နေခိုက်

"ပလာစတာကပ်ထားတာပဲ...ခြေထောက်သက်သာတယ်မလား "

သူမ ဒူးမှာကပ်ထားဆဲ ခရမ်းရောင် ပလာစတာလေးကို တွေ့မှ ထိုကောင်လေးမျက်နှာ ပြန်ဝင်းတက်သွားကာ မေးလာချိန် Dabin လဲအခုမှ မှတ်မိသွားပုံဖြင့်

"အော်...အဲ့နေ့က ရေခဲမုန့် လား!?" -Dabin

"ရေခဲမုန့်ဟုတ်လား.... ဒါဆို လိမ်းဆေးပေးတဲ့သူပေါ့"

ဘေးက Wonhee ပါ သတိရသွားပုံဖြင့် နှုတ်က လွတ်ခနဲထွက်သွားတော့

"nae...ကျွန်တော်ပါ..."

ထိုကောင်လေးက သဘောကျဟန်ဖြင့် ပြုံးရယ်လာပြီး ခေါင်းငြိမ့်သည်

"အဲ့နေ့က... ကျေးဇူးတင်ပါတယ်...လိမ်းဆေးကောင်းကောင်းလိမ်းလိုက်ရပါတယ် " -Dabin

" သက်သာရင်ရပါပြီ "

Dabin ဆီကအကြည့်မခွာတဲ့ ကောင်လေးမှာ
ရူပါက ဖြောင့်တဲ့အပြင် စိတ်ထားပါ ကောင်းလွန်းနေသေးသည်

Wonhee လည်ချောင်းတချက်ရှင်းလိုက်ရင်း

" ငါက Dabin သူငယ်ချင်း Ji Wonhee ပါ...
အဲ့ဒီဘက်ကနာမည်က??"

Wonhee ဝင်မေးမှ ထိုကောင်လေးလဲ သူ့ကိုယ်သူမိတ်ဆက်ဖို့မေ့နေရာက

"ah..ကျွန်တော့်နာမည်က - "

"ဟျောင့် Du Seok ! ဘာတွေကြောင်နေတာလဲ? ပွဲတော့မယ်! "

အဝေးကသူငယ်ချင်း လှမ်းခေါ်သံကြောင့်
သူစကားစပြတ်သွားပြီး ကွင်းထဲပြန်မသွားခင်

" Dabinမှာ ချစ်သူရှိလား "

အသံသြရှရှဖြင့် ခပ်ဘွင်းဘွင်းပဲ မေးလာသည်

"အမ်??" -Dabin

" သူ့မှာမရှိဘူး တခါမှမရှိဖူးဘူး"

Dabin ကိုမေးတာဆိုပေမဲ့ Dabin ထက်နှုတ်သွက်တဲ့ Wonhee ကပဲ သူငယ်ချင်းကို
အရောက်ပို့တော့မဲ့ပုံဖြင့်ချက်ချင်း ဖြေလာသည်

ထိုကောင်လေးမျက်နှာ ဟန်မဆောင်နိုင် ပြုံးပန်းဝေလာတုန်းရှိသေး

"ဟျောင့် DuSeok ဘာလုပ်နေတာလဲ! ဘောလုံးလှမ်းပစ်လိုက် "

သူ့နား ရောက်လာတဲ့ ဘောလုံးကို ကောက်ယူလိုက်ကာ

" နောက်တစ်ကြိမ် ထပ်တွေ့ရင် သေချာပေါက် ဖုန်းနံပါတ်တောင်းပါ့မယ်"

အသင်းဖော်တွေ ထပ်မအော်ခင် DuSeok ဆိုတဲ့ ထိုကောင်လေး က ခပ်မြန်မြန်စကားတစ်ခွန်းဆိုပြီး ကွင်းထဲပြန်ပြေးသွားသည်

"ဘာလဲဟ..ဒီလူ... " -Dabin

"မိုက်လိုက်တာ!! ရားး Kang dabin နင်အတွေးမမှားနဲ့နော် " -Wonhee

တဖက်မှာတော့ သူတို့နှစ်ယောက်နောက်ကျောကို အဝေးတစ်နေရာမှ ကြည့်နေတဲ့ DongMin နဲ့ JaeHoon

"ထင်တယ်....ငါမပြောဘူးလား
သူတို့ဒီကိုလာမယ်ဆိုတာ....."

သူ့ကောင်မလေးကို စိတ်မချလို့လိုက်လာတဲ့ DongMin တစ်ယောက်

စာကြည့်တိုက်သွားမယ်ဆိုပြီး ဘာလို့လိုက်လာမှန်းမသိတဲ့ JaeHoon ကိုပြောလိုက်ပေမဲ့ တုံ့ပြန်သံမရ

"သစ်ကုလားအုပ်လိုကောင်ကဘာလဲ ဘာတွေပြောသွားလို့ နှစ်ယောက်နေရာမှာရပ်နေသေးတာလဲ "

DongMin နှုတ်ကသာရေရွတ်ပေမဲ့
သူ့ဘေးက တစ်ယောက်ကတော့ မီးတောက်နေတဲ့မျက်လုံးအစုံဖြင့် ကွင်းဆီကိုကြည့်နေသည်

" JaeHoon na မင်းရောဘယ်လိုထင်လဲ "

သူ့အမြင်သိချင်လို့ မေးလိုက်သော်လည်း DongMin စကားအား ကြားပုံမရပေ

" Cha JaeHoon ဘာတွေအတွေးလွန်နေ- yarr!! စောင့်ဦးလေ " -DongMin

သူမေးတာ ပြန်မဖြေတဲ့အပြင်
Dabin တို့ရှိရာဆီ တန်းတန်းမတ်မတ်လျှောက်သွားတဲ့ JaeHoon နောက် DongMin အမှီလိုက်ရကာ...

တခြားကျောင်းက ကောင်လေးတွေ
ဘတ်စကတ်ဘော ကစားတာ ကြည့်နေတဲ့ Dabin တို့အနားရောက်တာနဲ့

' ကစားတာလဲ တော်လိုက်တာ .... ပွဲပြီးတဲ့ထိစောင့်ပြီး နင်ဖုန်းနံပါတ်ပေး-- '

Wonhee ပြောနေတဲ့စကားမဆုံးလိုက်ပါ ။

Dabin ကျောကလွယ်အိတ်ကို ဆွဲပြီး အထွက်လမ်းဆီ ခေါ်သွားတဲ့ ကောင်လေး ကိုမြင်လိုက်ရသည်

"ဘယ်သူ -- "

ရုတ်တရက် အနောက်ကနေ ဆွဲခေါ် ခံရလို့ Dabin လန့်ပြီး လှည့်ကြည့်လိုက်ချိန်

"ဟင်!! JaeHoon !! " -Dabin

"ဘာလို့လန့်သွားတာလဲ? အပြစ်လုပ်ထားလို့လား" -JaeHoon

"ဟမ် မဟုတ်...မဟုတ်ဘူးလေ... ဘာလို့ဒီကို ဘယ်လိုရောက်- "-Dabin

"လာလို့မရဘူးလား??" -JaeHoon

"အဲ့လိုမဟုတ်--"

မျက်နှာထားခပ်တည်တည်ဖြစ်နေတဲ့ JaeHoonကို တွေ့ပြီး ရှိန်သွားကာ စကားတွေပျောက်ရှကုန်သည်

ဒီလိုနဲ့ ကျန်ခဲ့တဲ့ Wonheeတို့အတွဲလဲ
တကျွတ်ကျွတ်ရန်ဖြစ်ရင်း ကွင်းထဲမှထွက်လာရတော့သည်

" နေပါဦး နင်တို့နှစ်ကောင်ဂိမ်းဆိုင်မသွားပဲ ဘာလို့ငါတို့နောက်လိုက်လာတာလဲ"

Wonhee မကျေမနပ်ဖြင့် အပြန်လမ်းမှာ ခါးထောက်ပြီး ဆိုလာချိန်

" ရည်းစားရှိရဲ့သားနဲ့ တခြားကောင်လေးတွေကိုကြည့်နေတဲ့ ကောင်မလေးကိုဖမ်းဖို့ပေါ့" -DongMin

" ဒီကောင်တော့ ! ငါနင့်ကိုရှင်းပြပြီးပြီလေ ယုံချင်ယုံ မယုံချင်နေ " -Wonhee

" ရားး...နှစ်ယောက်ရန်မဖြစ်တော့နဲ့ ဘာပြဿနာမှလဲမဟုတ်ပဲ " -Dabin

Dabin ဝင်တားမှ Wonhee ဒေါသထွက်နေရာက အတွေးပြောင်းသွားကာ

"Dabin na မနက်ဖြန်ထပ်လာရအောင်!
သူနင့်ကိုဖုန်းနံပါတ်တောင်း --"

Wonhee စကားမဆုံးခင် Dabin မှာ ပါးစပ်ကို အမြန်လှမ်းအုပ်လိုက်ရသည်

"yarr...ဘာလို့လဲ... "-Wonhee

JaeHoon ရှိနေလို့ Dabin မျက်နှာရိပ် မျက်နှာကဲပြသော်လည်း

"ဟဲ့ Cha JaeHoon... နင်Dabin ကိုမကြိုက်ဘူးမလား" -Wonhee

"yarr!!! Ji Wonhee ဘာလို့မဆိုင်တဲ့--" -Dabin

" ငါတို့ Dabin ကောင်လေးရတော့မှာနော် အဲ့တော့မှနောင်တမရနဲ့ "

Wonhee ပြောပြီး Dabin လက်မောင်းကိုတွဲ ကာ အရှေ့မှအရင်လျှောက်သွားလိုက်သည်

"ဒီနှစ်ယောက်!! တကယ်မလွယ်တဲ့မိန်းကလေးတွေ"

အနောက်မှာကျန်ခဲ့တဲ့ DongMin ခေါင်းတခါခါနှင့် ရေရွတ်လိုက်ပြီး

"ဒါနဲ့ မင်းခုနက ဘယ်လိုဖြစ်တာလဲ" -DongMin

"ဘာဖြစ်လို့လဲ" -JaeHoon

" KangDabin ကို ဆွဲခေါ်သွားတာလေ " - DongMin

" ဒီတိုင်း.. မျက်စိရှုပ်လို့" -JaeHoon

"ဘာကိုရှုပ်တာလဲ... မင်း Jဝင်နေတာလား" -DongMin

"ငါကဘာလို့လဲ " -JaeHoon

သူ့စိတ်သူမသိသေးသည့် JaeHoon ပခုံးကို DongMin တချက်ပုတ်လိုက်ကာ

" မဟုတ်လဲပြီးတာပဲ " -DongMin

အရှေ့ခပ်လှမ်းလှမ်းမှာရောက်နေပြီဖြစ်တဲ့ Dabin ကတော့ တချက်လှည့်လာပြီး

"နှစ်ယောက်လိုက်မလာပဲ ဘာလုပ်နေတာလဲ" *shout*

>>>>>>>>>>

အဲ့ဒီနောက် ၄ယောက်သား အိမ်မပြန်သေးပဲ အကင်ဆိုင်ရောက်လာသည်

Wonhee ကတော့ ဘတ်စကတ်ဘောကွင်းက ကောင်လေးအကြောင်း တတွတ်တွတ်
ဖြင့်ပြောလို့မပြီးနိုင်သေးပါ

"သူက နင့်ကို ကံကြမ္မာလိုမျိုးမှတ်ထားပုံရတယ် ဘာတဲ့ ထပ်တွေ့ရင် ဖုန်းနံပါတ် တောင်းပါ့မယ်တဲ့ နင့်ကိုကြည့်နေတဲ့ သူ့မျက်လုံးတွေက လုံးဝ အသည်းပုံအပြည့်ပါဆို-"

"ဒီတိုင်းစားပါတော့ "

Dabin ကျက်ပြီးသားအသားတစ်ဖက်ကို wonhee ပါးစပ်ထဲလှမ်းထည့်ပြီး ပါးစပ်ပိတ်ဖို့ အချက်ပြလိုက်သည်

"အ! ပူလိုက်တာ..."-Wonhee

" ငါ့အထင် Dabinထက် နင်ကပိုတက်ကြွနေသလိုပဲ"

Dongmin ခွက်ထဲရေထည့်ပေးကာ သူမရှေ့
ချပေးရင်း ပြောလိုက်သည်

" ဒါပေါ့ ငါ့သူငယ်ချင်းလူကောင်းနဲ့တွဲရတော့မှာကို" -Wonhee

" လူကောင်းမှန်းဘယ်လိုပြောနိုင်လဲ" -DongMin

" Dabin နဲ့အရင်ဆုံဖူးတယ်တဲ့ " -Wonhee

"ဟုတ်လား "

DongMin သိချင်စိတ်ဖြင့် Dabin ဘက်
ကြည့်ပြီးမေးလာတော့

" မတော်တဆပါ.... ပြီးတော့ Ji Wonhee ဘယ်သူကတွဲမယ်ပြောနေလို့လဲ! "

Wonhee အတင်းသဘောတူနေရာက Dabin မှာ JaeHoonကိုပင် စိတ်မလုံမလဲဖြစ်ပြီး ရဲရဲမကြည့်နိုင်တော့ပေ

"ဒိတ်ကြည့်ပေါ့ အဆင်ပြေတဲ့သူဖြစ်နိုင်တာပဲ" -DongMin

"အဲ့တာပြောတာ.... "- Wonhee

စကားဝိုင်းမှာ တချိန်လုံး အသံတိတ်နေတဲ့ JaeHoon ကတော့

"ထပ်မှာချင်တာရှိသေးလား " -JaeHoon

"ဘာလဲ မင်းဝယ်ကျွေးမို့လား"

DongMin နောက်ပြီးမေးလိုက်သော်လည်း သူက အတည်ဖြေလာသည်

"အင်း... ငါ မွေးနေ့တုန်းကကျွေးဖို့အချိန်မရလိုက်လို့ " -JaeHoon

"woww...ဒါဆို ကိုရီးယား အဆင့် ၁ အမဲသား မှာလို့ရမလား " -DongMin

" အင်း တခြားရော? " -JaeHoon

" ကျောက်ပုဇွန် မှာလို့ရမလား " -Wonhee

" ရတယ် ကြိုက်တာမှာ " -JaeHoon

" မင်း မသိရင် သူဋ္ဌေးသားကျနေတာပဲ " -DongMin

JaeHoon မိသားစုအကြောင်းမသိပဲ DongMin ခပ်ပေါ့ပေါ့ပဲ ဆိုလိုက်ကာ

" သုံးထပ်သားတစ်ပွဲထပ်ယူမယ် Ahjuma
(အဒေါ်ကြီး) " *loudly*

" အမဲသားမှာမယ်ဆို... " -JaeHoon

" ငါတို့က သုံးထပ်သားပိုကြိုက်တယ် " -Dabin

"ahh..."

JaeHoon ကတေ့ာ သူ့ကိုအားနာမှာစိုးပြီး နေရာမှထကာ ကျောက်ပုဇွန်နဲ့ စျေးအကြီးဆုံး အမဲသားကို သွားမှာလိုက်သည်

စားပွဲမှာချလာတဲ့ အကောင်းဆုံး အမဲသား setအကြီး နဲ့ လတ်ဆက်သည့် ကျောက်ပုဇွန်ဗန်းကိုတွေ့ပြီး Wonheeနဲ့ DongMin ဆွံ့အကုန်သည်

"မင်းတကယ် သူဋ္ဌေးသားလား" -DongMin

" ကောင်းကောင်းစားပါ့မယ် " -Wonhee

နှစ်ယောက်သားကင်လိုက်ပြုတ်လိုက်နဲ့ အရသာရှိစွာစားနေကြပေမဲ့ JaeHoonကတော့ အစားနှေးပြီး သိပ်မစားနိုင်ပေ Dabin အသားကျက်တာလေးတွေကို JaeHoonဘက်ရွှေ့ပေးလိုက်ကာ

"JaeHoon na များများစားလေ " -Dabin

" နင်ရော မှာချင်တာမရှိဘူးလား" -JaeHoon

" ဟင့်အင်း...အခုတောင်များနေပြီ " -Dabin

ဒီလိုနဲ့ စားပြီးသောက်ပြီး ဆိုင်ထဲမှထွက်လာကြချိန်

" ဗိုက်ပြည့်သွားပြီ တခါမှဒီလောက်မစားဖူးဘူး " -DongMin

"ဂိုးမားဝေါ JaeHoon na ငါတို့ဒီဘက်လမ်းက ပြန်ရမှာမို့ " - Wonhee

"အင်း ဖြေးဖြေး " - JaeHoon

" ကျောင်းမှာ တွေ့မယ် byee! " -DongMin

" သွားပြီနော် Dabin ! မနက်ဖြန်ညနေ ငါနင့်အိမ်လာခေါ်မယ်" -Wonhee

"*ကျစ်* မသွားဘူးလို့ အမြန်ပြန်တော့!!" -Dabin

DongMin နဲ့ Wonhee ထွက်သွားမှ သူတို့နှစ်ယောက်လဲ busမှတ်တိုင်ဆီ လျှောက်လာခဲ့သည်

"Wonhee ပြောတာ အတည်မယူနဲ့ ငါတောင်အာရုံထဲမထည့်ဘူး " -Dabin

" ဘယ်သူကစိတ်ဝင်စားနေလို့လဲ " -JaeHoon

" r.. မနက်ဖြန် study cafeသွားမယ်မလား " -Dabin

" ဘတ်စကတ်ဘောကွင်းသွားချင်လို့လား" -JaeHoon

JaeHoon ရဲ့ ကလန့်တိုက် ပြောလာတဲ့ပုံကို Dabin ပထမဆုံးမြင်ဖူးခြင်းပင်

" ဘယ်က ဘတ်စကတ်ဘော ပါလာတာလဲ !ပြောတော့ စိတ်မဝင်စားဘူးဆို "

Dabin ခြေလှမ်းတွေရပ်ပြီးဆိုလိုက်ချိန် သူကတော့ ပုံမှန်တိုင်း ရှေ့ကိုဆက်လျှောက်သွားသည်

JaeHoon စိတ်ထဲ ဘဝင်မကျဖြစ်နေမှန်း
ကိုယ့်ကိုသိပေမဲ့ ဘာလို့မှန်းတော့အဖြေရှာမရပေ

တခြားကောင်လေးတစ်ယောက်နဲ့ Dabin ကို အတူတွဲမြင်ချိန်ကစပြီး ရင်ထဲ စတင်လာတဲ့ သဘောမတွေ့သည့် ရှုပ်ထွေးပြီးပူပန်နေတဲ့ ခံစားချက်မျိုးပင်

" ဘာလို့ဘာမှမပြောတာလဲ "-Dabin

" ပြောစရာမှမရှိတာ " -JaeHoon

"အမြဲအေးစက်စက်နဲ့ " *whisper*

Dabin သူ့အနောက်မှလျှောက်ရင်း
တစ်ကိုယ်စာကြားရုံရေရွတ်လိုက်တာကို

"ကြားတယ် " -JaeHoon

ဘတ်စ်ရောက်တော့ ကားပေါ် လူအနည်းငယ်သာရှိပြီး သူတို့နှစ်ယောက် ညာဘက်တန်း ခုံအလွတ်ရှိရာဆီ အတူဝင်ထိုင်လိုက်သည်

"ဒါဆို ဘာလို့စိတ်တိုနေတာလဲ " -Dabin

"ငါက စိတ်တိုနေလို့လား?? " -JaeHoon

"အွန်း အသက်မပါသလိုကြီး ပြန်ဖြေနေတာကို " -Dabin

JaeHoon စကားမဆက်တော့ပဲ ကားမှန်အပြင်ဘက်ကို အကြည့်လွဲလိုက်တော့

" တွေ့လား ထပ်ပြီး လျစ်လျူရှုပြန်ပြီ " -Dabin

" ငါ့ကိုဘာပြောစေချင်လို့လဲ " -JaeHoon

" ကောင်းပြီလေ ငါ တစ်ခေါက်ပဲ မေးမယ် နင်အမှန်တိုင်း ဖြေရမယ်နော် " -Dabin

အမေးကိုစောင့်နေဟန်ဖြင့်သာ JaeHoon နှုတ်ဆိတ်နေသည်

" ငါ...တစ်ယောက်ယောက်နဲ့တွေ့လဲ နင်တကယ်အဆင်ပြေလား " -Dabin

သူမအပေါ် သူ့ရဲ့ခံစားချက်ကို ထပ်သိချင်စိတ်ကြောင့် မျှော်လင့်ချက်သေးသေးလေးဖြင့် မေးလိုက်သော်လည်း

" အဆင်မပြေစရာရှိလို့လား... "

တွေဝေခြင်းမရှိတဲ့အဖြေကြောင့် Dabin ရင်ထဲ ဝမ်းနည်းသွားရပါသည်

" အင်းလေ အဆင်မပြေစရာမှမရှိတာ "

သူမ ခပ်တိုးတိုးလေးရေရွတ်လိုက်ကာ ကားရပ်သည့်အချိန်ထိ နှစ်ယောက်ကြား တိတ်ဆိတ်နေခဲ့ပါသည်

ကားပေါ်ကဆင်းတော့ အိမ်အပြန်လမ်းမခွဲခင်

"JaeHoon na..."

မနေနိုင်တဲ့သူကပဲ အရင် ပြန်စခေါ်ရပါသည်

" ငါမနက်ဖြန် နင်နဲ့ study cafeလိုက်ခဲ့လို့ရမလား" -Dabin

JaeHoon ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး

" ညနေမှဆို အဆင်ပြေလား "

"အင်း ဘယ်ချိန်ဖြစ်ဖြစ်.."

"သူနဲ့သွားမတွေ့ဘူးလား "

"ဘယ်သူ?"

"Wonhee ပြောတဲ့ တစ်ယောက် "

အခုမှပဲ JaeHoon စိတ်ခုနေသည့် အကြောင်းရင်းကို Dabin နားလည်သွားသလိုဖြင့် ပြုံးစိစိဖြစ်မိသည်

" ဘာလို့ ပြုံးနေတာလဲ"

" ငါ့ကိုဂရုမစိုက်ဘူးလို့ထင်ထားတာ မဟုတ်ဘူးပဲ"

Dabin ရဲ့ စိတ်ကူးအပျော်လေးကြာရှည်မခံလိုက်ပါ

" အထင်မမှားနဲ့ နင်ဘယ်သူနဲ့တွေ့တွေ့ ငါအာရုံစိုက်မှာ မဟုတ်လို့ "

* ဟောလ် *

သဝန်တိုတာ ဝန်မခံချင်
စိတ်ထဲမပါပဲ ကလန့်ပြောလာသေးသည့် JaeHoon စကားကြောင့်

" ပြီးရောလေ.... ငါလဲ တွေ့ဖို့စဥ်းစားထားတယ် အရပ်လဲရှည်ပြီး ရုပ်လဲသန့်ပြီး သဘောမနောကောင်း ကြင်နာတတ်လို့ တချို့တချို့ လို နှလုံးသားမရှိတဲ့သူမဟုတ်ဘူး "

Dabin စိတ်ပေါက်ပေါက်နဲ့ တရစပ် ပြန်ပြောပစ်ပြီး အရင်လှည့်ထွက်သွားချိန် JaeHoon ကြောင်ပြီး လမ်းမှာ ရပ်ကျန်ခဲ့သည်

< ငါ့ကို နှလုံးသားမရှိဘူးလို့ပြောလိုက်တာလား ??? >

" Kang DaBin !!! ပြန်လာခဲ့ " *shout*

ခြေလှမ်းဝေးဝေး ရောက်နေပြီဖြစ်တဲ့ Dabin ကတော့ လမ်းအကွေ့နားအရောက် လျှာထုတ်ပြောင်ပြပြီး ပြေးထွက်သွားသည်

[ အာရုံမစိုက်ရင်ဘာလို့များ သွားမေးလဲနော် Cha JaeHoon ssi >< အခုတော့
ပြည့်ပြည့်စုံစုံ သိလိုက်ရပြီထင်ပါတယ် xD ]

              ꔛ┈┈┈┈ꔛ┈┈┈┈ꔛ┈┈┈┈
















TBC <333

Continue Reading

You'll Also Like

97.9K 1.4K 49
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
1.8K 53 12
This is a Hermitcraft Prison Au I came up with at 1 am. Feedback is always helpful and yes, I'm still doing oneshots. Updates will vary based on how...
297K 20.8K 156
Tác phẩm: Toàn thế giới đều đang đợi người động tâm. Tác giả: Tố Tây Người gõ: Mia của bạn nè Beta: Hoa Hoa của bạn đây Ý là truyện này gõ nhanh quá...
51.4K 723 20
၁၀နှစ်လောက် ဝေးကွာပြီးမှ အမှတ်မထင် ပြန်ဆုံတွေ့ရတဲ့ ‌အချစ်ဦးကို ပြန်ရင်ခုန်မိသွားတဲ့ မေသက်လျာ အချစ်ရဆုံးမိန်းကလေးနဲ့ လမ်းခွဲပြီးမှ ပြန်ဆုံတွေ့ရတဲ့ ငယ်...