A Valiant Life 66
အပိုင်း ( ၆၆ ) သန့်စင်ခန်းသွားဖို့ အဆင်မပြေ
ဘူးနော်
သာသာပြန် = စနိုးဝှိုက်
နောက်တစ်နေ့တွင်။
လင်းဖန်ဟာ ကားလေးကို တောင်ကုန်းတွေ ၊ ချိုင့်တွေပါ မရှောင်ပဲ မောင်းနေခဲ့ပါတယ်။
သူဟာ ဗေဒင်ဟောစားပြီး ၊ ပန်ကိတ်လေးရောင်းနေပေမယ့် ဒီလိုကားလေးကို ပြင်ဖို့ ၊ ဝယ်ဖိူ့ အတွက်တော့ တတ်နိုင်ပါသေးတယ်။
ဒီကားဟာသိပ်ပြီးမသစ်တော့ပါဘူး။သို့ပေမယ့်လင်းဖန်အတွက်တော့ ဒီကားဟာ လှပပြီး ၊ေဒါ်လာသိန်းဂဏန်းလောက် တန်ပါသေးတယ်။
ဝမ်မင်ယန်သာ လင်းဖန် ကားကို ဒီလိုမောင်းနေတာမြင်လို့ရှိရင် သွေးအန်သွားနိုင်ပါတယ်။ကားက အနည်းဆုံးတော့ ဒေါ်လာ သိန်းချီတန် သေးပြီး အမှိုက်မဟုတ်ပေ။
အချိန်တွေဟာ အစောကြီးသာရှိနေသေးပြီး လင်းဖန်ကားကို လမ်းကြို လမ်းကြားကနေ ကွေ့ပတ်မောင်းနေခဲ့သည်။လတ်ဆတ်တဲ့ လေထုဟာ သူ့အရည်ပြားကို ထိုးဖောက်ဝင်ရောက်နေပြီး ဒါဟာ ခံစားလို့ အလွန်ကောင်းနေခဲ့သည်။
တိမ်ဖြူလမ်း။
လူလိမ်ထျန်ဟာ ဒီနေ့အစောကြီးနိုးနေပြီး ဆိုင်ကို အစောလာဖွင့် ထားခဲ့ပါတယ်။
လင်းဖန်ဟာ ဆိုင်ရှေ့ကို ရောက်သည့်အချိန်တွင် အံ့သြသွားခဲ့ပါသည်။သူ့ဆိုင်ရှင့်မှာ တန်းစီတဲ့ လူတွေဟာ လူအုပ်ကြီး ဖြစ်နေခဲ့ပါပြီ။
ဒါက သူမျော်လင်းမထားတဲ့ အရာပါ။
လင်းဖန်ရောက်လာတဲ့ အချိန်မှာ အနီးအနားရှိ ဆိုင်ပိုင်ရှင်များဟာ မိတ်ဆက်လိုက်ကြသည်။
"မာစတာ အလုပ်အကိုင်တွေ ကောင်းနေတယ်နော်"
"အင်း အတော်ကောင်းနေတယ်"
လင်းဖန်ဟာ ရယ်မောကာခေါင်းယမ်းလိုကိသည်။သို့ပေမဲ့ သူ့နှလုံးသားမှာတော့ ဂုဏ်ယူမူတွေ ပြည့်နေခဲ့ပါတယ်။
သူ့အလုပ်အကိုင်ဟာ အတော်ကို ကောင်းမွန်နေပြီး ပတ်ဝန်းကျင်မှ ဆိုင်များ၏ မနာလိုချင်းကို ခံနေရပါသည်။
"သူဌေးလေး ရောက်လာပြီ"
လူအုပ်ကြီးဟာ လင်းဖန်ကို မြင်တဲ့အချိန်မှာ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်ကြပါတယ်။
လူအုပ်ကြီးရဲ့ မျက်လုံးထဲမှာတော့ လင်းဖန်က သူတို့ရဲ့ အိုင်ဒေါ ပါပဲ။
"အားလုံးပဲ မောနင်း"
လင်းဖန်ဟာ ပြုံးလိုက်ကာ အားလုံးကို နှုတ်ဆက်လိုက်သည်။
"သူဌေးလေး နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ကျွန်တော်တို့ အကုန်လုံး ဒီမှာစောင့်နေကြတာ"
"မင်းရဲ့ ပန်ကိတ်က ကမ္ဘာ့အကောင်းဆုံးပဲ ပြီးခဲ့တဲ့နေ့က ငါပန်ကိတ်အကြောင်းပဲ စဥ်းစားနေတာ"
...........
ဘေးနားဝန်ူကျင်မှ ဆိုင်ပိုင်ရှင်များဟာ လင်းဖန်
တို့ဆိုင်ဘက်ကို မနာလိုစွာနဲ့ ကြည့်နေကြပါတယ်။သူတို့ ဆိုင်မှာဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးပါဘူး။
ဒီလိုမျိုး ကာစတန်မာတွေကို ဆွဲဆောင်နိုင်ဖို့ဆိုရင် တစ်စုံတစ်ယောက်ဟာ လုံလောက်တဲ့ အရည်အချင်းနဲ့ စွမ်းဆောင်နိုင်စွမ်းတွေ ရှိဖို့ လိုအပ်ပါတယ်။
"မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့။ဒီမှာ အဓိကရုဏ်း တောင်ဖြစ်တော့မလို့"
လူလိမ်ထျန်ဟာ ရယ်မောကာပြောလိုက်သည်။
သူတို့ ဗေဒင်ဟောကတည်းက ဒီလောက်ကြီးမားတဲ့ လူအုပ်ကြီးကို မတွေ့ဖူးပါဘူး။
"တုန်ကင် နံပါတ်တွေပေးပြီးပြီလား"
လင်းဖန်ဟာ မေးလိုက်သည်။
"ငါလွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက ဝေပေူပြီးသွားပြီ မင်းလာဖို့ကို စောင့်နေတာ"
လူလိမ်ထျန်ဟာ ပြန်ဖြေလိုက်သည်။
"ဒါဆို စလုပ်လိုက်ရအောင်"
လင်းဖန်ဟာ ပန်ကိတ်ကောင်တာ မှာရပ်ပြီး ပါဝင်ပစ္စည်းများကို ကိုင်ကြည့်ကာ ပြောလိုကိပါတယ်။
"အလျင်မလိုကြနဲ့ တန်းစီပြီး ကိုယ့်အလှည့်ကို စောင့်လိုက်ရအောင်"
"နံပါတ် ၁"
"နံပါတ် ၁၈"
"နံပါတ် ၃၆"
..........
"ရက်စ် ငါအရွေးခံရပြီ"
လူငယ်လေးတစ်ယောက်ဟာ တုန်ကင်ကတ်ကို ကိုက်ပြီး အောိဟစ်လိုကိပါတယ်။သူ့ပန်ကိတ်ကို စားရဖို့ မစောင့်နိုင်တော့ပါဘူး။
"ငါလည်း အရွေးခံရပြီ နောက်ဆုံးတော့ မာစတာ လင်းရဲ့ ပန်ကိတ်ကို စားရတော့မယ်"
"မနေ့က ငါစားလိုက်တဲ့ ပန်ကိတ်က တကယ်ကိုနိဗ္ဗာန်ဘုံလိုပဲ၊ မာစတာ လင်းက ဗေဒင်ဟောတာတင် တိကျတာ မဟုတ်ဘူး၊ နတ်ဘုရားလို ပန်ကိတ်တွေလည်း လုပ်နိုင်တယ်၊ပန်ကိတ်သာရှိရင် တစ်ယောက်တည်း နေဆိုရင်လည်း နေနိုင်တယ်"
ဒီမှာ တန်းစီးနေတဲ့ လူတွေအားလုံးဟာ မာစတာ လင်းရဲ့ ပန်ကိတ် ဘယ်လောက်ကောင်းလဲ သိကြပါတယ်။
တန်းစီနေတဲ့ လူတစ်ယောက်ဟာ မိန်းမလှလေး ပြောတာကို ကြားပြီး ရယ်မောလိုက်သည်။
!ဟေးအစ်မ မနေ့ကလည်း ဒီစကားပဲ ပြောတာ မဟုတ်ဘူးလား"
မိန်းကလေးဟာ ရှက်ကိုးရှက်ကန်းဖြင့် လက်ကိုဝေ့ယမ်းကာ ပြောလိုကိသည်။
"ဟုတ်တယ် ငါလညိး မတတ်နိုင်ဘူး"
.........
အလုပ်သွားဖို့ ထွက်လာကြသည့် သူများဟာ လည်း လူအုပ်ကြီးကို မြင်ပြီး သံသယ ဖြစ်စွာကြည့်လိုက်ကြပါတယ်။
"ဒါက ဗေဒင်ဟောတဲဆိုင်မဟုတ်ဘူးလား၊ ပန်ကိတ်လည်း ရောင်းတာပဲလား?"
"ပန်ကိတ်ဆိုင် သေးသေးလေးမှာ လူတွေအများကြီး တန်းစီနေကြတယ်၊ ဒါအမှန်တကယ် မဖြစ်နိုင်ဘူး"
"အမှန် အဖြစ်နိုင်ဘူးဟုတ်လား? ဒါက ကျော်ကြားတဲ့ ဗေဒင်ဆရာ မာစတာ လင်းလေ၊ ပြီးခဲ့တဲ့ ညက ဝိုက်ဘို ဆော့ဝဲကို မသုံးဘူးလား?မာစတာ လင်းကပန်ကိတ်လည်း ရောင်းနေပြီ အရသာကအအရမ်းကောင်းတယ်တဲ့"
အလုပ်သွားဖို့ လူပ်နေကြတဲ့ လူအနည်းငယ်ဟာ လည်း တန်းစီနေကြတဲ့ လူအုပ်ကြီးနဲ့ အတူဝင်ရောပြီး တန်းစီလိူက်ကြပါတယ်။
သို့ပေမဲ့ သူတို့ ဒီမှာ စစ်စတန် ဘယ်လိူအလုပ်လုပ်လဲဆိုတာ ကို မသိကြပါဘူး။
ကောင်လေးတစ်ယောက်ဟာ သူ့ရှေ့မှာ အမျိုးသမီးတစ်ယောက် တန်းစီနေတာတွေပြီး မေးလိူက်သည်။
"အန်တီ ဟိုကပိုစတာက ဘာအတွက်လဲ?"
"မင်း တုန်ကင်ကတ်ပြားရဖို့ အရင်တန်းစီရတာ၊ ပြီးတော့ မင်းအလှည့်ရောက်ရင် ပိုစတာ ကိုကြည့်ပြီး ပန်ကိတ်ရ မရ ဆုံးဖြတ်ပေးမှာ"
မိန်းမကြီးဟာ ရှင်းပြလိုက်သည်။
"ဟားဟား ပန်ကိတ်စားရဖို့ အဲလိုစည်းမျဥ်းရှိသေးတာလား?"
ကောင်လေးဟာ ခေါင်းခါယမ်းပြီး ထွက်သွားခဲ့ပါတယ်။သူပန်ကိတ် ဘယ်လိုအရသာရှိလဲ သိချင်ခဲ့တာပါ။သို့ပေမဲ့ ဒီက စည်းမျဥ်းတွေကို ကြည့်ပြီး ပန်ကိတ်စားဖို့ စိတ်မဝင်စားတော့ပေ။ဒါက ကမ္ဘာ့အဆင့်မှီ ပန်ကိတ်ဆိုရင်တောင် သူအလှုပ်ရှုပ်ခံမှာ မဟုတ်ပါဘူး။
လင်းဖန် ကောင်တာနောက်မှာ ရပ်နေခဲ့ပြီး ၊ ပန်ကိတ် ဆယိခုလုပ်လိူ့ ပြီးသွားပါပြီ။ပန်ကိတ်ရဲ့ ရနံ့ဟာ တိမ်ဖြူလမ်း တစ်လျောက်လုံးကို ပျံ့နှံ့နေပြီး တစ်ခြားလူများကို အရေပျော်ကျသွားခဲ့သည်။
"ဒါဘာ ရနံ့လဲ"
"ရနံ့က အရမ်းဆွဲဆောင်နိုင်လွန်းတယ်"
........
လင်းဖန် လက်နှက်ဖက်ကို ရိုက်လိုက်ပါသည်။
"ဒီေန့အတွက် ပန်ကိတ် ဆယ်လုံးကတော့ ပြည့်ပြီး အားလုံးပဲ အလှည့်ကျ ပိုစတာ ကိုကြည့်ကြပါဦး"
ဒီမှာရှိနေကြတဲ့ လူတွေ အကုန်လုံးပုံမှန်ဖောက်သည်တွေပါ။သူတို့ ဟာ အလှည့်ကျပိုစတာ ကိုကြည့်လိုက်ကြသည်။
သူတို့ကြည့်ပြီးတဲ့ အချိန်မှာ အရွေးခံရတဲ့ လူများဟာ ပန်ကိတ်များရလိုက်ကြပါတယ်။
တစ်ချို့ သစ္စာရှိပရိသတ်များထဲမှ ချမ်းသာတဲ့ လူများဟာ ပန်ကိတ်ရဖို့အရေး ပိုက်ဆံအမြောက်အများ သုံးချင်နေကြပါသည်။
"ကောင်လေး ပန်ကိတ်ရောင်းပေးလို့ရမလား၊စျေးကို မင်းပဲ ဆုံးဖြတ်လေ"
သက်လတ်ပိုင်း လူကြီးဟာ ပြောလိုက်သည်။သူက ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာ တစ်ယောက်ဖြစ်ပြီး ဝင်ငွေ အတော်ကောင်းပါတယ်။သူလင်းဖန်ရဲ့ ပန်ကိတ်ကို တစ်ခါစားပြီးကတည်းက ထပ်စားချင်နေခဲ့သည်။
သူမနေ့က ကံကောင်းပြီး အရွေးခံခဲ့ရပါတယ်။သူစားပြီးတဲ့နောက်မှာ ပန်ကိတ်အကြောင်းပဲ တွေးနေခဲ့ပြီး ပိုပိုစားချင်နေခဲ့သည်။
"မရောင်းဘူး"
လင်းဖန်အလျင်အမြန်ပဲ ကန်ကွတ်လိုက်သည်။
"ပန်ကိတ် တစ်ခြမ်းအတွက် ဒေါ်လာတစ်ထောင်ပေးမယ်"
ဘးနားကဖြတ်သွား နေကြတဲ့ လူများဟာ ဒါကိုကြားပြီး ဆွံ့အသွာခဲ့ကြပါတယ်။ဒါမဖြစ်နိုင်ဘူးပန်ကိတ်တစ်ခုအတွက် ဒေါ်လာတစ်ထောင် လား။
"ကောင်းပြီလေ"
လင်းဖန် အချိန်အနည်းငယ် စဥ်းစားပြီးတဲ့နောက်မှာ ဒီပိုက်ဆံကို လက်လွတ်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူဟာ နောက်ထပ်ပန်ကိတ် တစ်ခြမ်းကို ပြုလုပ်လိုက်သည်။
လက်တစ်ဖက်က ပန်ကိတ်ကို ပေးတဲ့ အချိန်မှာ ကျန်တဲ့ လက်တစ်ဖက်နဲ့ ဒေါ်လာတစ်ထောင်ကို ယူလိုက်ပါတယ်။
တကယ်အလုပ်ကောင်းပဲ......
လူလိမ် ထျန်ဟာ လင်းဖန်အနား လာပြီးး ပြောလိုက်ပါသည်။
"ပန်ကိတ် ရောင်းတာက ဗေဒင်ဟောတာထက်ကောင်းနေသလိုပဲနော် ၊မင်းပန်ကိတ် တစ်ခုကို ဒေါ်လာ ငါးရာနဲ့ရောင်းရင်တောင် သူတို့ဝယ်ကြဦးမှာပဲ"
လူလိမ်ထျန်ဟာ လင်းဖန်အတွက် အလုပ်လုပ်ပေးတဲ့ အချိန်က စပြီးအလုပ်နဲ့ လက်နဲ့ မပြတ်ခဲ့ပါဘူး။
ပန်ကိတ်တစ်ခြမ်း အတွက် ဒေါ်လာတစ်ထောင်၊ ဒီဟာကို သူ့မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင် ယုံကြည်နိုင်မှာ မဟုတ်ပေ။
လင်းဖန် လဘက်ရည်ကို သောက်ကာ ရယ်မော
လိုက်ပါတယ်။ပန်ကိတ်စားနေကြတဲ့ လူများရဲ့ ခံစားချက်ကိုကြည့်ပြီး ဂုဏ်ယူနေခဲ့သည်။
တိမ်ဖြူလမ်းတွင် ကျေနပ်သည့် အသံများဖြင့် ဖုံးလွမ်းနေခဲ့သည်။
"ဝိုး အရသာက အရမ်းကောင်းလွန်းတယ်"
"ဒီအရသာ နဲ့ ဒီရနံ့က ဖော်ပြလို့တောင် မရနိုင်တော့ဘူး"
သူတို့ ရဲ့မျက်နှာတွေဟာ ပန်ကိတ်ကို ကိုက်လိုက်တဲ့ အချိန်မှာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။
နဂါးပုံတက်တူးတွေ အပြည့်နဲ့ လူမိုက်ကြီးတစ်ယောက်ဟာ သူ့ခေါင်းပေါ်က သံကြိုးကို ဖယ်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်ပါတယ်။
သူ့ရဲ့ ပါးနှစ်ဖက်တွင်တော့ မျက်ရည်များစီးကျလာခဲ့သည်။သူဟာ အလွန်အမင်းဝမ်းသာနေခဲ့ပြီး ပြောလိုက်ပါတယ်။
"အပူအပင်ကင်းတဲ့ ငယ်ဘဝအချိန်တွေ ကို ပြန်ရောက်သွားသလိုပဲ။ငါနောက်တစ်ခါပန်ကိတ်မစားရပဲ မနေနိုင်တော့ဘူး"
ဘေးနားက ဖြတ်သွားဖြတ်လာများဟာ ဒီလိုဆေးစွဲသလို ဖြစ်နေတဲ့ လူများကို မြင်နေကြရပါတယ်။
သူတို့က ဘာလို့ဒီလို ဖြစ်နေကြတာလဲ?ဒါက ပန်ကိတ်လေးပဲလေ...
"မာစတာ လင်းအခုကစပြီး ပန်ကိတ်ရောင်း ပေးပါလား?"
မြို့သားများဟာ တိုက်တွန်ူလိုက်ကြပါသည်။
"ဟုတ်တယ် ဗေဒင်ဟောတာကို အပျင်းပြေလောက်ပဲ လုပ်လေ။ပန်ကိတ်ရောင်းတာက တကယ့်စီးပွားရေးကောင်းပဲ"
လင်းဖန်ဟာရယ်မောလိုက်သည်။သူဒီလို လုပ်လို့မရပါဘူး.....
စွယ်စုံအမှတ် + 1
စွယ်စုံအမှတ် + 1
စွယ်စုံအမှတ်ဟာ ဆက်တိုက်တက်နေ ခဲ့ပြီး ၈ မှတ်အထိ မြင့်တက်လာခဲ့သည်။
အခုဆိုရင် လင်းဖန်မှာ စုစုပေါင်း စွယ်စုံအမှတ်၃၁ မှတ်ရှိနေခဲ့ပါပြီ။ဒါက သူ့အတွက်တော့ တိုးတက်မူကြီးပါပဲ။
အဲ့အချိန်မှာပဲ လင်းဖန်ရဲ့ ဗိုက်ဟာ ရုတ်တရက် နာလာခဲ့သည်။
"ငါကို ခနလောက် အချိန်ပေးကြပါဦး၊ငါဗိုက်နာလာလို့ သန့်စင်ခန်းသွားမှ ရတော့မယ်"
လင်းဖန်ဟာ သူ့ဗိုက်ကို ကိုင်ထားကာ အလျင်အမြန်ပြောလိုက်သည်။
"မာစတာ မြန်မြန်သွားလေ"
"ဒီနေရာက မကောင်းဘူး၊ ဒီနေရာမှာ သန့်စင်ခန်း မရှိဘူး၊ ရှော့ပင်းမော ကိုသွားမှရလိမ့်မယ်"
ဒီနားမှာ သန့်စင်ခန်းတစ်ခုမှ မရှိပဲ လင်းဖန်ဟာတော့ အလျင်လို နေခဲ့ပါပြီ။
လင်းဖန် ကြိုးစားပြုံးလိုက်ပြီး ဆိုင်ကို လူလိမ်ထျန်နဲ့ လွှဲပေးခဲ့လိုက်ပါတယ်။သူဗိုက်နာတာက ရပ်တန့်လို့ရတဲ့ အရာမဟုတ်ပေ။
#
A Valiant Life 67
အပိုင်း ( ၆၇ ) မင်းနည်းလမ်းတကျ နားလည်
ရင်အကောင်းဆုံးပဲ
ဘာသာပြန် = စနိုးဝှိုက်
ရှော့ပင်း စင်တာ ။
ပထမထပ်....ယောက်ျားလေး သန့်စင်ခန်းတွင်။
"အားး ခံစားလို့ကောင်းလိုက်တာ"
လင်းဖန်ရဲ့ လက်တွေခြေထောက်တွေဟာ အနည်းငယ် အကြောသေသလိူဖြစ်နေခဲ့ပါတယ်။သူဟာ ဆိုင်ရှေ့မှာ မိနစ်နှစ်ဆယ်ခန့် ဟမတ်တတ်ရပ်နေခဲ့ခြင်းဖြစ်သည်။
သူ့ခြေထောက်တွေဟာ အနည်းငယ်ပူနေခဲ့ပြီး သူဒါကို ဖြေဖျောက်ဖို့ လိုအပ်ပါတယ်။
ဒီရှော့ပင်း စင်တာဟာ အမှန်တကယ်ပင်နေရာကောင်းတစ်ခုဖြစ်သည်။ လင်းဖန်သူ့ရဲ့ ဗေဒင်ဟော ဆိုင်ခန်းလေးကို ဒီမှာဖွင့်နိုင်ဖို့မျှော်လင့်ပေမယ့် လည်း သူ့မှာ လုံလောက်တဲ့ ငွေကြေးမရှိပါဘူး။
အဲ့အချိန်မှာ ပဲတစ်စုံတစ်ယောက်ဟာ လင်းဖန်ရဲ့ နာမည်ကို ခေါ်သံကြားလိုက်ရသည်။
"ကောင်လေး ဖန်"
လင်းဖန်ကြောင်အ သွားခဲ့ပါတယ်။ဘယ်သူလဲ??
သူ့နာမည်ပြောင် " ကောင်လေး ဖန်" ဆိုတာက အထက်တန်းကျောင်းတုန်း ကနာမည်ပါ။လင်းဖန် လှည့်ကြည့်လိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့ရသည်။
"သစ်ပင်ကြီး..."
သူ့ရှေ့မှာတွေ့လိုက်ရတဲ့ ကောင်လေးဟာ အရပ်ရှည် အသားညိုပြီး ရုပ်ရည်ချောမောပါတယ်။
အထက်တန်းကျောင်းတုန်းက သူနဲ့အတော်ခင်ခဲ့တဲ့ သူငယ်ချင်းကို ဒီလို ရှောပင်းမောမှာ ချီးလာပါရင်း တွေ့ရမယ်လို့ မထင်ထားမိခဲ့ပါဘူး။
"အာ ကောင်လေးဖန် !! တကယ်ပဲ မင်းလား..ငါပထမဆုံး မြင်တဲ့အချိန်မှာ သိပ်တောင်မမှတ်မိဘူး"
ယန်ရှုရန် ဟာ စိတ်လှုပ်ရှားစွာပြောလိာက်သည်။ဒါသူ့ရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းဆိုတာတောင် မယုံကြည်နိုင်ခဲ့ပါဘူး။
သူတို့နှစ်ယောက်စလုံးဟာ အထက်တန်းကျောင်းမှာတုန်းက သူငယ်ချင်းကောင်းတွေပါ။သို့ပေမဲ့ တက္ကသိုလ်တက်တဲ့ အချိန်မှာ အရင်ကလောက် မရင်းနှီးကြတော့ပေ။
သူတို့ အမြဲတမ်းမတွေဖြစ်ပေမယ့်လည်း လင်းဖန်အိမ်မှာ ပိတ်ရက်တိုင်း တစ်ပတ်တစ်ခါတာ့ စုခဲ့ကြပါသည်။
"သစ်ပင်ကြီး မင်းရှန်ဟိုင်းလာမယ် ဆိုရင်လည်း ငါ့ကိုတော့ပြောသင့်တယ်လေ။ ငါမင်းကို နေရာအနှံ့လိုက်ပြမှာပေါ့"
လင်းဖန်ရယ်မောကာ ပြောလိုက်သည်။ယင်းနောက်တွင် သစ်ပင်ကြီးနောက်မှ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ကို သတိထားမိလိုက်ပါတယ်။
"သူတို့က ဘယ်သူတွေလဲ?"
လင်းဖန်မေး လိုက်သည်။
"ကောင်လေးဖန် ဒါက ငါ့ရဲ့ကောင်မလေး ချန်မိုင်တုန် ၊မိန်းကလေးက သူမရဲ့ သူငယ်ချင်း ပြီးတော့ ကောင်လေးက သူမရဲ့ ရည်းစား"
"အကုန်ကြည့်ကောင်းတာပဲ"
လင်းဖန်ပြောလိုက်သည်။
"ဟေး ငါ့ကိုပြောစမ်းပါဥိီး၊ မင်းရှန်ဟိုင်းမှာ ဘာတွေ လုပ်နေတာလဲ?"
ယန်ရှုရန် ဟာ ရယ်မောကာ မေးလိုက်သည်။
"ထွေထွေထူးထူးမဟုတ်ပါဘူး တိမ်ဖြူလမ်းမှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။မင်းက ဒီကို အားလပ်ရက် လာခဲ့တာလား?"
လင်းဖန် သိချင်စွာမေးလိုက်သည်။
"အဲလိုပြောလို့ရပါတယ်"
ယန်ရှုရန် ဟာလင်းဖန်ကို ဆက်ပြောလိုကိသည်။
"ငါစာမေးပွဲကို သေချာမဖြေလိုက်နိုင်ဘူးလေ၊ အခုဒီမှာ အလုပ်တစ်ခု ရှာမလို့။ငါ့ကောင်မလေး သူငယ်ချင်းရဲ့ ကောင်လေးက မြို့နဲ့ အတော်ရင်းနှီးတယ်လေ"
လင်းဖန်ဟာ ဒီအကြောင်းကို ကြားပြီး အတော်စိတ်လှုပ်ရှား သွားခဲ့သည်။
"ရှောင်ယန် ငါတို့သွားသင့်ပြီထင်တယ်"
ကျန်းဂေါင်ယန်ဟာ ဒီမှာရပ်နေရတာကို စိတ်ကုန်လာပြီး ပြောလိုက်ပါတယ်။သူဟာလင်းဖန်ကို စိတ်ပျက်စွာတစ်ချက်ကြည့်လိုက်သည်။
ဝမ်ရှောင်ယန် နဲ့ ချန်းမိုင်တုန်ဟာ သူငယ်ချင်းတွေပါ။သူမဟာ ကားနဲ့ တိုက်နဲ့ရှိသည့် ကောင်လေးတစ်ယောက်ကို ရှာနိုင်ခဲ့သည်။သူမဟာ သူဘယ်နေရာရာသွားသွားတစ်ကောက်ကောက် လိုက်ခဲ့ပါတယ်။
သူမဟာ သူမကောင်လေး စိတ်ဆိုးမှာကိုကြောက်ကာ ချန်မိုင်တုန်ရဲ့ လက်ကို ဆွဲလိုက်ပြီး သွားကြရန် အချက်ပြလိုက်သည်။
"သစ်ပင်ကြီး မင်းတို့တစ်ခုခုလုပ်စရာ ရှိသေးရင်သွားကြလေ။ငါမင်းကို ဖုန်းနံပါတ်ပေးထားခဲ့မယ် ကြိုက်တဲ့အချိန်သာ ဆက်လိုက်"
လင်းဖန်ဟာ ပြောလိုကသည်။
"ကောင်းပြီလေ ငါတို့အခြေကျသွားမှ ထပ်တွေ့ကြရအောင်"
ယန်ရှုရန် ဟာ သူ့သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ပြီး ခနလေးအတွင်းမှာ ထွက်သွားရတော့မှာကို စိတ်ပျက်နေခဲ့ပါတယ်။
ဘာတွေ အလျင်လိုနေတာလဲ?
ယန်ရှုရန်ဟာ လင်းဖန်ကို သူ့ဖုန်းနံပါတ် ပေးလိုက်သည်။
"ကောင်လေးဖန် ငါသွားတော့မယ်"
ယန်ရှုရန်ဟာ လက်ပြလိုက်ကာ ထွက်သွားခဲ့သည်။
လင်းဖန်သူ့ကို ပြုံးပြလိုက်ပါတယ်။သစ်ပင်ကြီးတို့ ထွက်သွားတဲ့ အချိန်မှ လင်းဖန်ဟာလည်းထွက်လာခဲ့လိုက်သည်။
.......
"သစ်ပင်ကြီး ရှင့်သူငယ်ချင်းကဘယ်သူလဲ?"
ချန်းမိုင်တုန်ဟာ ညင်သာစွာ မေးလိုက်သည်။သူမ သစ်ပင်ကြီးနဲ့ တက္ကသိုလ်မှာ တွေ့ကြတာဖြသ်ပြီး လင်းဖန်ကို စိတ်မဝင်စားပါဘူး။သို့ပေမဲ့ သူမ ချစ်သူရဲ့ သူငယ်ချင်းဟာ လူကောင်းလားဆိုတာတော့ သိချင်မိသည်။
ချန်းမိုင်တုန် သူမရဲ့ သူငယ်ချင်းကို ယန်ရှုရန် ကိုကူညီဖို့အကူညီ တောင်းခဲ့တာပါ။သူမဟာ အစကဒီကိစ္စကို သိပ်အလေးနက် မထားခဲ့ပေ သို့ပေမယ့် အခုတော့သိပ်ပြီး ခံစားချက်မကောင်းတော့ပါဘူး။
ဝမ်ရှောင်ယန် ရဲ့ ကောင်လေးဟာ ယန်ရှုရန်ကို ဆက်ဆံတဲ့ ပုံစံတွေဟာ အထင်အမြင်သေးနေသလိုပါပဲ။
သူမတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပေမယ့်လညိး ချန်မိုင်တုန် ဟာ ဝမ်ရှောင်ယန်က သူမချစ်သူကို ကြောက်ရတယ်လို့ ခံစားမိပါတယ်။ဒါဟာ သူမကို သိပ်ပြီး သက်တောင့်သက်သာ မဖြစ်စေပေ။
"သူပြောခဲ့တယ်လေ တိမ်ဖြူလမ်းမှာ ဆိုင်ဖွင့်ထားတယ်တဲ့"
ယန်ရှုရန်ဟာပြန်ဖြေလိုက်သည်။
ချန်မိုင်တုန် ဟာဘာမှ ထပ်မမေးတော့ပါဘူး။
"သစ်ပင်ကြီး မင်းက တက္ကသိုလ်မှာ ဘွဲ့ရထားပေမဲ့လညိး ရှန်ဟိုင်မှာက ဘောလုံးဂိမ်း ကစားနေရသလိုပဲ။ငါမင်းကို နေရာအနှံ့ပြပေးမယ် သေချာကြည့်ထား"
ကျန်းဂေါင်ယန်ဟာ ဂုဏ်ယူစွာပြောလိုက်သည်။
ယန်ရှုရန် ဟာ ရှက်ကိုရှက်ကန်း ရယ်လိုက်ပါတယ်။
ချန်မိုင်တုန် ရဲ့ အခြေအနေကတော့ သိပ်စိတ်မကြည်လင်တော့ပေ။
ဝမ်ရှောင်ယန် ဟာတော့ သူ့ကောင်လေးကို ဂုဏ်ယူနေခဲ့ပါတယ်။
.............
မြို့သူ မြို့သားများဟာ လင်းဖန် ကို သိပ်စိတ်မရှည်နိုင်စွာ စောင့်နေခဲ့ ကြပါတယ်။တကယ်လို့ လင်းဖန်သာ သိပ်မကြာခင် ပြန်မလာတော့ ဘူးဆိုရင် သူတို့ ရှောပင်းမော ကိုလိုက်ပြီး ဆွဲခေါ်လာကြတော့မယ့် ပုံပါပဲ။
သို့ပေမဲ့ သိပ်မကြာခင်တွင် လင်းဖန်ဟာ ပြန်ရောက်လာခဲ့သည်။လင်းဖန်ဟာ ကောင်တာရှေ့မှာ ရပ်လိုက်ပြီး ကျန်နေတဲ့ ပစ္စည်းတွေနဲ့ ပြင်ဆင်လိုက်ပါတယ်။
အနက်ရောင်ကားလေးဟာ တိမ်ဖြူလမ်းကို ဖြတ်မောင်း သွားခဲ့ပါတယ်။
ဝမ်ရှောင်ယန်ဟာ ရှေ့နားက ဆိုင်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
"သစ်ပင်ကြီး ၊ ကြည့်လိုက်ဦး ရှင့်သူငယ်ချင်းမလား?သူက ပန်ကိတ်ရောင်းနေတယ်"
"ဟားဟား ဒီကောင် ဘယ်လိူစောက်ကြီးစောက်ကျယ် ပြောရမလဲဆိုတာ သိတာပဲ။ပန်ကိတ်ရောင်းနေပြီးတော့ တိမ်ဖြူလမ်းမှာ ဆိုင်ဖွင့်ထားတယ် လာလုပ်နေတယ်"
ကျန်းဂေါင်ယန်ဟာ မာနကြီးစွာပြောလိုက်ပြီး ကားကို တိမ်ဖြူလမ်းမှ မောင်းထွက်သွားခဲ့ပါတယ်။
"မိုင်ဒန် နင်နဲ့ နင့်ချစ်သူနဲ့ ငါတို့နှစ်ယောက်ကို ညစာကောင်းကောင်း ကျွေးရမယ်နော်။UV ဆိုင်မှာ ကျွေးရမယ်"
"ကောင်းပြီ ကောင်းပြီ"
ချန်မိုင်တုန်ရဲ့ အခြေအနေက သိပ်မကောင်းတော့ပါဘူး။သူမဟာ UV ဆိုင်ဘယ်နားမှာ တောင်မသိပဲ ခေါင်း ညိတ်လိုက်ပါသည်။
...........
ညအချိန်။
ဒီနေ့ဟာ နောက်ထပ် အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ နေ့တစ်နေ့ပါပဲ။လင်းဖန် ဒီမြို့သားတွေ ဘာလို့ ပန်ကိတ်ပဲ ဆက်တိုက်စားချင်နေရတာလဲ ဆိုတာ မသိတော့ပါဘူး။
ငါ့ရဲ့ ဗေဒင်ပညာတွေက ဒီလောက်တိကျတာကို၊ ဒီလူတွေက ဘယ်လိုစားရမလဲ ဆိုတာပဲ သိတယ် ဒါက ဝမ်းနည်းစရာပဲ.......
အဲ့အချိန်မှာပဲ သူ့ဖုန်းလေးဟာ မြည်လာခဲ့ပါတယ်။နံပါတ်ကတော့ ဝမ်ရှုယန် ဆီကပါ။
"အေး သစ်ပင်ကြီး?"
လင်းဖန် ဝမ်းသာစွာ ပြန်ဖြေလိုကိသည်။
"ကောင်လေးဖန် ငါမင်းကို ညစာကျွေးချင်လို့"
ယန်ရှုရန်ဟာ ပြောလိုက်သည်။
"အိုး မဟုတ်တာ ၊ ငါကကျွေးရမှာပေါ့"
လင်းဖန် ပြန်ပြောလိုက်သည်။
"မင်းက နောက်တစ်ခါမှကျွေး၊ ငါကို UV ဆိုင်မှာ လာတွေ့လိုက် အဲတာက အလယ်တောင်ကုန်းလမ်းမှာ။ငါလည်းအခု လမ်းမှာ ..ငါအဲ့ဆိုင်ကိုသေချာ မသိပေမယ့် လည်း မင်းအရင်လာခဲ့လိုက် ငါပြီးမှ ဖုန်းပြန်ဆက်လိုက်မယ်"
"အိုး? UV မှာ ညစာစားမှာလား? ငါ အဲ့ဆိုင်သိတယ် ငါလာခဲ့မယ်"
လင်းဖန် ပြီးခဲ့တဲ့ အခေါက်က စားခဲ့တဲ့ စားသောက်ဆိုင် ကို မှတ်မိလိုက်ပါတယ်။
"ငါ့ကို စိတ်မပူနဲ့ ငါဆိုင်ပိတ်ပြီး လာခဲ့မယ်"
တီ
"လူလိမ် ထျန် ကျွန်တော် အရင်သွားနှင့်မယ် ဆိုင်ပိတ်ဖို့ ကူညီပေးပါဦး"
လင်းဖန် ပြောလိုကိသည်။
"အာ မင်းသူငယ်ချင်းနဲ့ ပျော်ခဲ့ကြပါ။မင်း ဘုရင်ကြီး လိုစားသောက်နေတဲ့အချိန်မှာ ငါအိမ်ကိုတစ်ယောက်ထဲပြန်ပြီး ဆန်ပြုတ်လေး သောက်နေပါ့မယ်"
လူလိမ်ထျန် လင်းဖန်နဲ့ သူ့သူငယ်ချင်း ဖုန်းပြောနေတာတွေကို အကုန်ကြားပါတယ်။သူက လင်းဖန် သူ့ကိုခေါ်သွားမယ်လို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။
"အနည်းဆုံးတော့ ခင်ဗျား အချိန်အခါကိုနားလည်သေးတာပဲ။အနည်းဆုံးတော့ ခင်ဗျား မတုံးသေးဘူးပေါ့။ဆိုင်ပိတ်ဖို့ သတိရဦးနော် ကျုပ်သွားတော့မယ်"
လင်းဖန် ကားသော့ကို ယူကာ ကားဆီ လျောက်သွားလိုက်ပါတယ်။
အဲ့ဆိုင်က ဝိုင်အနီရောင်နဲ့ စပရိုက် ကော့တေးက တကယ်မဆိုးပါဘူး။သို့ပေမဲ့ ပြီးခဲ့တဲ့အခေါက် သူသောက်တုန်းကလို ကောင်းကောင်းခံစားရမယ် လို့မတွေးထားပါဘူး။
ဒီတစ်ခါက သူ့သူငယ်ချင်း က ညစာဝယ်ကျွေးတာဖြစ်ပြီး အလွန်အကျွံမကုန်အောင် ထိန်းပြီး စားသောက်ရပါလိမ့်မယ်......
#
A Valiant Life 68
အပိုင်း ( ၆၈ ) အသုံးမဝင်တဲ့ လှည့်စားမူ
ဘာသာပြန် = စနိုးဝှိုက်
ကောင်းကင်ဟာ ပိုပြီး မဲမှောင်လာခဲ့ပါတယ်။
ဒီနေရာဟာ သူအရင်တစ်ခေါက်က လာတုန်းကလို သိပ်ပြီး အရင်းနှီးသလိုပါပဲ။
သူအစတုန်းကတော့ သတိမထားမိပါဘူး၊ သို့ပေမဲ့ သူကားပါကင်ထိုးပြီးတဲ့ နောက်မှာ ကားအကောင်းစားတွေ ပြည့်နေတာကို သတိထားမိလိုက်ပါတယ်။
လင်ဖန် သူ့ကားနဲ့တစ်ခြားကားတွေကို ယှဥ်ပြီးကြည့်လိုက်ပါတယ်။သူ့ကားဟာ တစ်ခြားကားတွေနဲ့ ယှဥ်လိုက်ရင် နိမ့်ကျမနေပဲ အဆင်ပြေပါသည။
လင်းဖန်ရဲ့ သူငယ်ချင်းဟာ အတော်ပျူငှာပါတယ်။သူတို့ မတွေ့ရတာ အချိန်အတော်ကြာပေမဲ့လည်း သူတို့က သူငယ်ချင်းကောင်း အဖြစ်ရှိနေပါသေးတယ်။
လင်းဖန်ဟာ သူငယ်ချင်းဟောင်းနဲ့ ဆုံသည့်အချိန်တွင် အထက်တန်းတုန်းက အကြာင်းတွေတောင် ပြန်သတိရမိပါတယ်။
သူဟာ အဲ့တုန်းက မိန်းကလေးများစွာနဲ့ တွဲခဲ့ပြီးနောက်ဆုံးမှာ သူဒါက အမှာတစ်ခုကျူးလွန်မိသလိူ အမြဲတမ်း နောင်တရနေမိသည်။
အဲ့အချိန်မှာပဲ သူ့ဖုန်းလေးဟာ မြည်လာခဲ့ပါတယ်။
"ကောင်လေး ဖန် မင်းရောက်ပြီလား?"
ယန်ရှုရန်ဟာ မေးလိုက်သည်။
"ငါရောက်နေပြီ"
လင်းဖန် ဝမ်းသာစွာပြောလိုက်ပါတယ်။သို့ပေမယ့် သူတစ်ခုခု လွဲနေတာခံစားမိလိုက်ပါသည်။
သစ်ပင်ကြီး အသံတွေက ဘာဖြစ်လို့ တုန်နေတာလဲ..?
"ဒါဆို ဝင်လာခဲ့လေ"
"ကောင်းပြီ"
ဖုန်းချလို့ အပြီးမှာ လင်းဖန်ဟာ ဆိုင်ပေါက်ဝကို ဝင်လာခဲ့ပါတယ်။သူ သစ်ပင်ကြီးရဲ့ စားပွဲကို ရှာကြည့်လိုက်သည်။
"မာစတာ လင်း ..ဆာ"
မန်နေဂျာ ဟာလင်းဖန်ကို မြင်ပြီး ကောင်တာကနေ ထွက်လာခဲ့သည်။သူချက်ချင်းပဲ လင်းဖန်ကို နှုတ်ဆက်လိုက်ပါတယ်။
ဝမ်မင်ယန်ဟာ ဒီဆိုင်ရဲ့ ပုံမှန်ဖောက်သည် တစ်ယောက်ပါ။မန်နေဂျာ ဟာ ဝမ်မင်ယန်နဲ့ အတော်ရင်းနှီးပါတယ်။ ဝမ်မင်ယန် ဟာစီးပွားရေး အပေးအယူများကို ဒီဆိုင်မှာ လုပ်လေ့ရှိပါသည်။
မန်နေဂျာ ပြီးခဲ့တဲ့ အခေါက် လင်းဖန် နဲ့ဝမ်မင်ယန် လာကတည်းက လင်းဖန်နဲ့ပါ ရင်းနှီးသွားခဲ့သည်။စီအီးအို ဝမ်ရဲ့ အမူအရာက လင်းဖန်ကို ဆက်ဆံတဲ့အချိန်မှာ စီးပွားရေး အပေးအယူ လုပ်တုန်းကနဲ့ မတူပါဘူး။
"ဆျာ, တစ်ယောက်ယောက်ကို စောင့်ဦးမလား၊ ဒါမှ မဟုတ် ထိုင်နှင့်မလား"
မန်နေဂျာ ဟာယဥ်ကျေးစွာ မေးလိုက်သည်။
"ကျွန်တော် သူငယ်ချင်းက အထဲမှာ"
လင်းဖန်ဟာ မန်နေဂျာ သူ့ကို ဆျာ လို့ခေါ်တဲ့အချိန်မှာ အမည်မသိ ခံစားချက်တစ်ခုကို ခံသားလိုက်ရပါတယ်။ဒါက အတော်ကျေနပ်ဖို့ ကောင်တဲ့ ခံစားချက်ပါ။
"မာစတာ လင်းအရင်တစ်ခေါက်တုန်းက လိုဖြစ်မှာကြောင့် ကျွန်တော်တို့ စပရိုက်ကို လေယာဥ်နဲ့မှာထားတယ်။ စပရိုက်ကို ဝိုင်နဲ့ ရောသောက်ရင် အမှန်တကယ်ပဲ အရသာထူးခြားလှတယ်။မြည်းကြည့်ချင်သေးလား?"
"ကောင်းတာပေါ့"
လင်းဖန်ပြန်ပြောလိုက်သည်။စပရိုက်ကို လေယာဥ်နဲ့ မှာယူတယ် ဆိုတာကြားပြီး လင်းဖန်အနည်းငယ် စိတ်ဝင်စားသွားခဲ့ပါသည်။
"မစ္စတာ လင်း စောင့်ပါဦး ကျွန်တော် အခုပဲ အထူးအော်ဒါ သွားလုပ်ပေးပါမယ်"
မန်နေဂျာဟာ လင်းဖန်ကို ပြောလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
..........
ယန်ရှုရန်ဟာ နေရထိုင်ရတာ သိပ်အဆငိမပြေတော့ပါဘူး။ချန်မိုင်တုန်ဟာလည်း အတူတူပင်ခံစားနေရသည်။
သူတို့ စားသောက်ဆိုင်ထဲဝင်လာတဲ့ အချိန်မှာ ဒီဆိုင်က ပုံမှန်စားသောက် ဆိုင်တစ်ခုမဟုတ်ဘူး ဆိုတာ သိလိုက်ပါတယ်။
ဝမ်ရှောင်ယန် သူမကို UV စားသောက်ဆိုင်မှာ ဝယ်ကျွေးရမယ်လို့ ပြောတုန်းက ဒီလိုနေရာဖြစ်မယ် လို့မထင်ထားမိခဲ့ပေ။
သူဒီက အခြေအနေကို ကြည့်လိုက်တဲ့အချိန်မှာ ပုံမှန် သိပ်မစားမသောက်ပဲ နေတဲ့ လူတောင်ဒေါ်လာ ခြောက်ထောင်လောက် ကုန်ကျပါတယ်။
သာမန် ဟင်းတစ်ပွဲက ဒေါ်လာတစ်သောင်းလောက် ကုန်ကျပါတယ်။ထပ်ပြောရရင် ဒီမှာ စျေးနှုန်းတွေကိုလည်း ရေးမထားခဲ့ပါဘူး။ဒီကို လာတဲ့ လူတိုင်းဟာ နောက်ဆုံးကျသင့်သည့် ပမာဏကို ဘာမှမမေးပဲ ရှင်းခဲ့ကြသည်။
"သစ်ပင်ကြီး"
လင်းဖန်သူ့ သူငယ်ချင်းရဲ့ ပုခုံးကို နောက်ကနေပုတ်လိုက်ပါတယ်။
ယန်ရှုန်ရန်ဟာ ငွေကြေးအကြောင်းကို တွေးပြီးစိတ်ပူနေခဲ့တာပါ။သူ လင်းဖန်ကို မြင်တဲ့အချိန်မှာတော့ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ကာ ပြန်ပြုံး ပြလိုက်သည်။
ကျန်းဂေါင်ယန် ကတော့ ဘဝင်လေဟပ်နေတဲ့ ပုံစံမျိုးနဲ့ ထိုင်နေခဲ့ပါတယ်။သူလင်းဖန်ကို နှစ်ခေါက်တောင် ပြန်မကြည့်ခဲ့ပေ။
ဝမ်ရှောင်ယန်ဟာ ဂုဏ်ယူစွာပြောလိုက်ပါတယ်။
"ငါဒီကို ဂေါင်ယန်နဲ့ အကြိမ်အနည်းငယ် လာဖူးတယ်၊ ဒီကအစားအသောက်တွေက တကယ်ကိုကောင်းမွန်တယ်"
"ဘာဖြစ်လို့လဲ မိုင်ဒန် ၊ ငါဒီနေရာကို အကြံပေးတာ နင်သဘောတူရဲ့လား တောင်သေချာမမေးခဲ့ရဘူး။ငါနဲ့ ဂေါင်ယန်ပဲ ဝယ်ကျွေးမယ် ဆိုရင်ရောဘယ်လိုလဲ။ သစ်ပင်ကြီးက အလုပ်မရှိသေးတော့ နင်တို့ ပိုက်ဆံချွေတာသင့်တယ်။နင်တို့ ပိုက်ဆံ မရှင်းနိုင်ဘူးဆိုရင် အရမ်းတွန်းအားပေးဖို့ မလိုပါဘူး"
"ဟင်အင် အဆင်ပြေပါတယ်၊ ငါတို့ပဲ ဝယ်ကျွေးပါမယ်"
ယန်ရှုရန်ဟာ ပြောလိုက်သည်။
"မိုက်တယ်"
ဝမ်ရှောင်ယန် ဟာ ပြုံးပြီးတော့ လက်မထောင်ပြလိုက်ပါတယ်။သို့ပေမယ့် သူမမျက်လုံးထဲမှာ အမှန်အကန်ပြော နေတာကတော့
"ဆက်ပြီး သရုပ်ဆောင်နေလိုက်စမ်းပါ ဘေလ်ရှင်းတဲ့အချိန်မှ ဘယ်လိူနေမလဲ စောင့်ကြည့်ဦးမယ်"
ချန်မိုင်တုန်ဟာ ပြုံးလိုက်သသည်
"ငါတို့ပဲ ကျွေးသင့်ပါတယ်။ဘာပဲဖြစ်ဖြစ် ဂေါင်ယန်က ငါတို့ကို ကူညီထားတာတွေ များနေပြီလေ"
လင်းဖန်သူ့ရှေ့မှာ ဖြစ်နေတာတွေကို ကြည့်နေပြီး ဘာတွေဖြစ်နေတာလဲ ဆိုတာ နားလည်လိုက်ပါတယ်။သူဟာ သစ်ပင်ကြီးရဲ့ ပခုံးကို လက်တစ်ဖက်ဖြင့် ပုတ်ပြီး နောက်တစ်ဖက်ကို သစ်ပင်ကြီး လက်ကို ကိုင်ကာပြောလိုကိသည်။
"သစ်ပင်ကြီး မင်းစိတ်မရှိရင် ငါအများကြီးမှာလိုက်မှာနော် စိတ်မရှိဘူးမဟုတ်လား"
လင်းဖန် သူ့ ခရက်ဒက် ကတ်ကို သစ်ပင်ကြီးလက်ထဲထည့်ပေးလိုကိပြီး ပြောလိုက်ပါတယ်။
သစ်ပင်ကြီးဟာ ကြောင်အသွားပြီး လင်းဖန်ကို အထင်ကြီးစွာကြည့် မိသည်။လင်းဖန်က သူ လူအများရှေ့မှာ မျက်နှာမပျက်ရအောင် ကူညီပေးဖို့ လုပ်နေတာပါ။
ဘယ်လို သူငယ်ချင်းကောင်းလဲ.....
"စိတ်မပူနဲ့ ငါ့မှာ ပိုက်ဆံအလုံအလောက်ရှိပါသေးတယ်။မင်းစိတ်ကြိုက်သာ မှာလိုက်"
သစ်ပင်ကြီးဟာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့ပြီး ၊ သူ့မျက်နှာလည်း ပိုတောင်ပလာခဲ့ပါတယ်။
ချန်မိုင်ဟာ သစ်ပင်ကြီးရဲ့ ဘေးနားမှာထိုင်နေပြီး သူ့လက်ထဲက လင်းဖန်ရဲ့ ကတ်ကို မြင်လိုက်ပါတယ်။သူမလည်း အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။
သစ်ပင်ကြီးမှာ ဒီလို သူငယ်ချင်းကောင်းရှိလိမ့်မယ် လို့မထင်ထားမိခဲ့ပါဘူး။
ကျန်းဂေါင်ယန်ဟာ စိတ်ထဲကနေ အေးစက်စွာရယ်လိုက်သည်။သူမျကိနှာကတော့ ဘဝင်မြင့်နေတဲ့ မျက်နှာထားနဲ့ပါ။သူဟာ ဒီစားပွဲမှာ လူတိုင်းထက်မြင့်တယ်လို့ ထင်နေမိခဲ့သည်။
ဒီစားပွဲဝိုင်းက လေထုဟာ သိပ်ပြီးတော့ မကောင်းပါဘူး။
ဝမ်ရှောင်ယန်နဲ့ ချန်မိုင်တုန် တို့ဟာ မိတ်ကပ်တွေ အိပ်တွေ အကြောင်းကို ပြောနေကြသည်။
အဲ့အချိန်မှာပဲ ဝမ်ရှောင်ယန် ဟာ အသံကျယ်လာခဲ့ပါတယ်။
"မိုင်ဒန် နင်အဲဒီစျေးပေါတဲ့ တံဆိတ်တွေ သုံးနေတုန်းပဲလား"
"သစ်ပင်ကြီး နင်နေ့လည်တုန်းက လုရှောင်ဟန် နဲ့ အင်တာဗျူးတာ အခြေနေဘယ်လိုရှိလဲ"
လုရှောင်ဟန် ဟာ ကြယ်လေးပွင့်ဆိုင်က မန်နေဂျာ တစိယောက်ပါ။
"ငါ အစမ်းခန့်သုံးလ လုပ်ရမယ်၊ အစမ်းခန့်ကာလအတွင်းမှာ လစာက ဒေါ်လာနှစ်ထောင်၊အစမ်းခန့်ကာလပြီးသွားရင် စစ်ဆေးချက်ကို ဖြေဆိုရမယ် အောင်သွားရင် နှစ်ကုန်ဘောနပ်အပါအဝင် တစ်လကို ဒေါ်လာ သုံးထောင်ရမယ်"
"အာာ လစာကလည်း နည်းလိုက်တာ"
ဝမ်ရှောင်ယန်ဟာ မှတ်ချက်ပြုလိုကိသည်။
ကျန်းဂေါင်ယန်ဟာ ဝမ်ရှောင်ယန် ကိုပြုံးပြီး ပြောလိုကိပါတယ်။
"အခုမှ အလုပ်စလုပ်တဲ့ လူအတွက်ကတော့ အဲ့ပမာဏ ကမဆိုးပါဘူး"
"ဒါက ဘယ်လိုလုပ်လောက်မှာလဲ? ရှင့်လစာနဲ့ ဆိုရင် တစ်ခြားစီပဲ"
ဝမ်ရှောင်ယန်ဟာ နှာခေါင်းရှုတ်လိုက်သည်။သူမ ရည်ရွယ်ချက်ရှိရှိလုပ်တာလား ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။
အဲ့အချိန်မှာပဲ အစားအသောက်တွေဟာ ရောက်လာခဲ့သည်။
"အာာ ငါတို့ ဝိုင်မမှာထားဘူးလေ?"
ဝမ်ရှောင်ယန် ဟာ သူမရှေ့မှ စျေးကြီးတဲ့ ဝိုင်ကို မြင်ကာ အလျင်အမြန်ပြောလိုက်သည်။
"ငါမှာထားတာ"
လင်းဖန်ဟာ စပရိုက်ဘူးကို လှမ်းယူလိုက်ပြီး ပြောလိုက်ပါတယ်။
ဝမ်ရှောင်ယန်ဟာ လင်းဖန်ကို နားမလည်နိုင်စွာကြည့်နေခဲ့သည်။
ဒီလို အထက်တန်းကျတဲ့ စားသောက်ဆိုင်မှာ စပရိုက်မှာ မှာလိုက်တာလား.......
ဝမ်ရှောင်ယန် ဟာ လင်းဖန် အနီရောင် ဝိုင်နဲ့ စပရိုက်ကို ရောနေတာကို ကြောင်ပြီး ကြည့်နေခဲ့ပါတယ်။
စောက်ရူးလား......
"သစ်ပင်ကြီး မင်းရဲ့ မေဂျာက ငွေကြေးစီမံခန့်ခွဲမူပိုင်းမှာ ဆိုတာ မှတ်မိပါသေးတယ်။မင်းဘာလို့
ဘဏ်မှာ သွားမလျောက်တာလဲ?"
လင်းဖန် ဝမ်ရှောင်ယန် နဲ့ ကျန်းဂေါင်ယန် သူ့ကိုကြောင်ကြည့်နေတာ အစောကြီးကတည်းက သတိပြုမိပါတယ်။
ယန်ရှုရန် ပြောမလိုလုပ်လိုက်သည့် အချိန်တွင် ကျန်းဂေါင်ယန်ရဲ့ ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။
"ရှန်ဟိုင်းက ဘဏ်တွေမှာ သွားယှဥ်ပြိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။သူ့အရည်အချင်းနဲ့ ဆိုရင်တကယ်မလုံလောက်ဘူး။ဟိုက အလုပ်သမား
တွေက နှစ်ခါပြန်ကြည့်မှာတောင် မဟုတ်ဘူး"
ကျန်းဂေါင်ယန် ပြောလိုက်သည်။
ယန်ရှုရန်ဟာ ရှက်ကိုးရှက်ကန်း ရယ်လိုကိပါတယ်။
လင်းဖန် ကျန်းဂေါင်ယန် ကိုကြည့်ကာ မေးလိုကိသည်။
"အိုး ကြည့်ရတာ မင်းက ကြယ်တာရာတွေကို အထူးပြုတဲ့ ဘွဲ့ရထားတာ ထင်တယ်"
လင်းဖန် သူဒီ ကျန်းဂေါင်ယန်ကို တစ်ခုခုတော့ ပြန်တုန်ူပြန်ဖို့ လိူတယ်လို့ ခံစားလိုက်ရပါတယ်။တစ်ခါနှစ်ခါဆို သူသည်းခံလို့ ရပါသေးသည်။သို့ပေမဲ့ ဒီ ဂေါင်ယန် က တစ်ခြားလူတွေကို နိမ့်ချပြီး ဆက်ဆံတတ်ပါတယ်။
"အာ ငါ့ ဂေါင်ယန်က ပိုပြီးစွမ်းဆောငိနိုင်တယ်။သူက နိုင်ငံခြားက တက္ကသိုလ်တစ်ခုမှာ နိုင်ငံကိုယ်စားပြုပြီး ဘွဲ့ရခဲ့တာ"
ဝမ်ရှောင်ယန်ဟာ ဂုဏ်ယူစွာပြောလိုကိသည်။
"ဂေါင်ယန် တက္ကသိုလ် နာမည်က ဘာဖြစ်တယ်"
ဝမ်ရှောင်ယန်ဟာ မေးလိုကိသည်။သို့ပေမဲ့ သူမဟာ ကျန်းဂေါင်ယန်ရဲ့ အကြည့်တွေကို သတိထားမိလိုက်ပါတယ်။သူမဟာ သူကြည့်နေတဲ့ နေရာကို ကြည့်လိုက်သည်။
"ဂေါင်ယန် ဘာဖြစ်လို့လဲ?"
ကျန်းဂေါင်ယန်ဟာ သူ့ရှေ့က လူကို လက်ညိုးထိုးပြလိုက်ပါတယ်။
"သူဘယ်သူလဲ သိလား?"
လင်းဖန်ဟာ လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့သြသွားခဲ့သည်။
"သူကဘယ်သူလဲ?"
ဝမ်ရှောင်ယန်ဟာ ခေါင်းကို ခါယမ်းပြီးမေးလိုက်ပါတယ်။
သစ်ပင်ကြီးနဲ့ ချန်မိုင်တုန် တို့ဟာလည်း မသိကြပေ။
"သူက..သူက ဝမ်မင်ယန်ပဲ ရှန်ဟိုင်းရဲ့ စီးပွားရေးလုပ်ငန်း တွေကို ဦးဆောင်နေတဲ့သူ။သူက ဘီလီယံနဲ့ ချီပြီးတော့ကို ချမ်းသာတယ်။ပိုပြီး အံ့သြဖို့ကောင်းတာက သူကအသက်အရမ်း မကြီးသေးဘူး"
ဝမ်ရှောင်ယန်ဟာ အံ့သြသင့်စွာ ကြည့်နေခဲ့သည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလီယံနာ ဖြစ်အောင်ကြိုးစားခဲ့တာ ၊ ဘယ်လောက်တောင် တော်လိုက်လဲ.....
"ဂေါင်ယန် ရှင်သူ့ကို မှတ်မိတယ်လား?"
သူမဟာ သူမရဲ့ ချစ်သူကို စိတ်လှုပ်ရှားစွာကြည့်လိုကိသည်။သူမချစ်သူအတွက် သူမဂုဏ်ယူရပါတယ်။
"ငါလည်း သူနဲ့ ညစာစားပွဲတစ်ခုမှာ တွေ့ဖူးခဲ့တာ"
ဂေါင်ယန်ဟာ ပြောလိုက်သည်။
"သူ့ကို ပုဂ္ဂိုလ်ရေးအရ တွေ့ခွင့်ရရင် တကယ်ကောင်းတဲ့ အရာပဲ"
,
ချန်မိုင်တုန်နဲ့ ယန်ရှုရန်ဟာ ခေါင်းကို နိမ့်ထားကြပါတယ်။ဒီလို လူမျိုးက သူတို့နဲ့ ဆိုရင် ကမ္ဘာတွေ ခြားနေသလိုပါပဲ။
"သူက အဲလောက်တောင် ကောင်းလို့လာ?"
လင်းဖန်လည်း အနည်းငယ်အံ့သြသွားခဲ့သည်။သူသစ်ပင်ကြီး ဘက်လှည့်ကာ လေးနက်စွာကြည့်လိုက်ပါတယ်။
ဂေါင်ယန်ဟာ လင်းဖန်ကို ကြည်ပြီး ဝံ့ကြွားစွာပြောလိုက်သည်။
"သူက လက်ရှိရင်းနှီးမြုပ်နှံ့ ထားတာတောင် သုံးဘီလီယံ ဒေါ်လာလောက်ရှိတယ်"
"သူ့လက်အောက်မှာလည်း ကုမ္ပဏီတွေ အများကြီးရှိသေးတယ်၊ သူ့ရဲ့အရည်အချင်းတွေက သာမန်မဟုတ်ဘူး"
ဂေါင်ယန်ဟာ ဂုဏ်ယူစွာပြောနေခဲ့ပါတယ်။သူက ဝမ်မင်ယန်အကြောင်း ပြောနေခဲ့ပေမယ့်လည်း မသိရင် သူ့ကြောင်းသူ ပြောနေတဲ့ ပုံစံနဲ့ပါ။
"အိုး ဒါကောင်းတာပေါ့ သစ်ပင်ကြီးသာ သူ့ရဲ့ ငွေကြေးပိုင်း ဌာနတစ်ခုမှာ အလုပ်ရရင် ပိုပြီးကောင်းလိမ့်မယ်"
,
လင်းဖန်ဟာ ရယ်မောပြီး ပြောလိုကိပါတယ်။
"ဟားဟား"
ကျန်းဂေါင်ယန်ဟာ လှောင်ရယ်လိုကိသည်။
"အိမ်မက်တောင် မမက်နဲ့ ပရောဖက်ဆာ တစ်ယောက်သွားလျောက်တာတောင် ပယ်ချခံရတယ်။သူ ကြယ်လေးပွင့် ဆိုင်မှာ လုပ်တာပဲ ကောင်းမယ် လို့ ငါအကြံဥာဏ်ပေးချင်တယ်"
"သစ်ပင်ကြီး မင်းသူ့ဆီမှာ အလုပ်လုပ်ချင်လား"
လင်းဖန် တည်ငြိမ်စွာပြောလိုက်သည်။
"ကောင်လေး ယန် ငါ့ကို မနောက်ပါနဲ့ကွာ ငါ့မှာ အဲလိုအရည်အချင်းမရှိပါဘူး"
ယန်ရှုရန်ဟာ ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။
"သူ့မှာ အရည်အချင်းရှိရင် တောင် အဆက်အသွယ်မရှိရင် အဲ့မှာသွားလုပ်ဖို့ အဖြစ်နိုင်ဘူး အိပ်မက်မက်မနေနဲ့။မင်းကတော့ နောက်နေတာပဲ တစ်ခြားလူတွေ ကြားရင် အခြေအနေေတွ ဆိုးရွားသွားလိမ့်မယ်"
ကျန်းဂေါင်ယန်ဟာ ပြောလိုက်သည်။
ဝမ်ရှောင်ယန်ဟာ လည်း ချန်မိုင်တုန် ရှက်ကိုးရှက်ကန်း ရယ်မောနေတာကို ကြည့်ပြီး ရယ်မောနေတာကို တွေ့တဲ့အချိန်မှာ ပြောလိုက်ပါတယ်။
"သစ်ပင်ကြီး သူငယ်ချင်းက တကယ်နောက်တတ်တာပဲ"
ချန်မိုင်တုန်ဟာ ရှက်ရွံ့စွာ ရယ်မောလိုက်သည်။ဒီအခြေအနေက အတော်နေရတာ ဆိုးရွားပြီး သူမဖြစ်နိုင်သ၍ အမြန်ဆုံးထွက်သွား ချင်နေပါပြီ။
"ဟားးဟားး"
လင်းဖန် ရယ်မောလိုက်ပြီး ယုံကြည်မူရှိစွာ နောက်လှည့်ပြီး အော်ခေါ်လိုက်ပါတယ်။
"ဝမ်မင်ယန်"
"မင်းရူးနေတာလား..."
ကျန်းဂေါင်ယန် ဆွံ့အသွားခဲ့သည်။သူ့အမူအရာဟာ ပြောင်းလဲသွားခဲ့ပါတယ်။
အဲ့အချိန်မှာပဲ အမျှော်လင့် ထားတဲ့ အရာဟာဖြစ်ပျက်လာခဲ့သည်။
ဝမ်မင်ယန်ဟာ လှည့်ကြည့်လာခဲ့ပါတယ်။သူလင်းဖန်ကို မြင်လိုက်သည့် အချိန်တွင် သူ့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ မျက်နှာ အမူအရာမှာ ရင်းနှီးမူများ ပေါ်လာခဲ့သည်။
"အိုး ..ညီအစ်ကို မင်းဒီမှာရောက်နေတာ ငါမမြင်လိုက်ဘူး"
ကျန်းဂေါင်ယန် ဟာရှုပ်ထွေး သွားခဲ့သည်။
ညီအစ်ကိုလား..........?????
#
A Valiant Life 69
အပိုင်း ( ၆၉ ) ငါတက္ကသိုလ်တွေက ကမ်း
လှမ်းမူတွေ အများကြီးရခဲ့တယ်
ဘာသာပြန် = စနိုးဝှိုက်
"ခင်ဗျားက ကျုပ်ကိုတောင် မဖိတ်တော့ဘူးလား?"
လင်းဖန်ပြောလိုက်သည်။
"ငါ မတွေ့လိုက်လိို့ပါ"
ဝမ်မင်ယန်ဟာ ထိုင်ခုံတစ်လုံးကို ဆွဲကာ လင်းဖန်ဘေးမှာဝင်ထိုက်လိုက်ပါတယ်။
ကျန်းဂေါင်ယန်ဟာ သူ့မြင်နေရတာကို သူမယုံကြည်နိုင်ခဲ့ပေ။သူ့ခန္တာကိုယ်ဟာ လှုပ်တောင် မလှုပ်တောင်နိုင်တော့ပါဘူး။အစက မာနကြီးနေတဲ့ ဂေါင်ယန်ဟာ အခုတော့ တိတ်ဆိတ်ပြီး ရိုးအေးတဲ့ လူတစ်ယောက်ဖြစ်သွားခဲ့သည်။
ယန်ရှုရန်နဲ့ ချန်မိုင်တုန်ဟာ သူတို့ရဲ့ ခေါင်းကို ငုံ့ထားလိုက်ကြပါတယ်။သူတို့ ဝမ်မင်ယန် ဘယ်သူလဲ ဆိုတာမသိကြပေမဲ့လည်း ဂေါင်ယန်ရဲ့ ရှင်းပြမူကနေတဆင့် သူတို့ဟာ ဒီလူရှေ့မှာ အမှိုက်တစ်စ ထက်မပိုဘူးဆိုတာ နားလည်ထားကြပါတယ်။
"ခင်ဗျားက တကယ်တစ်ခုခုပဲ၊ မပြောမဆိုနဲ့ ဝင်ထိုင်ပြီးတော့ ကျုပ်တို့အစားအစာတွေကို စားဖို့လုပ်နေတယ် ဟားးဟားး"
"ဒီနေ့ကတော့ ငါဂုဏ်ယူရမယ့်နေပဲ"
ဝမ်မင်ယန်ဟာ လင်းဖန်ရဲ့ ပုခုံးကိုပုတ်လိုက်ပြီး ပြုံးလိုက်ပါတယ်။
"ခင်ဗျားနဲ့ ပါလာတဲ့ မိန်းကလေးရော၊ သူ့ကိုတစ်ယောက်ထဲထားခဲ့တာလား? ဘယ်လောက်တောင် လူကြီးလူကောင်းမဆန်လိုက်လဲ"
လင်းဖန်ခေါင်းကို လှည့်ပြီးကြည့်လိုက်ပါတယ်။ဝမ်မင်ယန်ရဲ့ မိန်းကလေးဟာ တစ်ယောက်ထဲထိုင်နေခဲ့သည်။သူမဟာ ဝမ်မင်ယန်ရဲ့သူငယ်ချင်း ဘယ်သူမှန်း မသိတာကြောင့် တစ်ယောက်ထဲ ထိုင်နေခဲ့ခြင်းဖြစ်သည်။
"သူမက လှပတာပဲ"
လင်းဖန် မှတ်ချက်ချလိုက်သည်။
ဝမ်မင်ယန်ဟာ ထောက်ခံစွာနဲ့ခေါင်းညိမ့်လိုက်ပါတယ်။သူမက တစ်ကယ်ကို မျက်လုံးဖမ်းစားနိုင်သည်။
"သူမ အဆင်ပြေလား၊ ငါသူမကို ဒီကို လာခိုင်းလိုက်ရမလား"
ဝမ်မင်ယန်ဟာ ပြုံးပြီး မေးလိုက်သည်။
"သေချာတာပေါ့"
လင်းဖန် ခေါင်းညိမ့်ကာပြောလိုကိသည်။
ကျန်းဂေါင်ယန်ရဲ့ နှလုံးခုန်သံတွေဟာ ရပ်တန်သွားသလိုခံစား လိုက်ရပါတယ်။ ဒီစားပွဲမှာ လင်းဖန်နဲ့ ဝမ်မင်ယန် နှစ်ယောက်ထဲသာ စကားပြောနေကြတဲ့ သူတွေပါ။
သုတို့ ပြောနေတဲ့ စကားများဟာ အလွန်နွေးထွေးကြပေမဲ့လည်း ကျန်းဂေါင်ယန်ဟာ အခုထိမယုံကြည်နိုင်သေးပေ။
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှငိက သူမိန်းကလေးအပေါ် ထင်မြင်ချက်ကို လင်းဖန်ကို မေးတယ် ဆိုပါလား.........
ကျန်းဂေါင်ယန် ဟာ အခုချိန်မှာ မျက်နှာပျက်ရမယ်ဆိုရင် တောင်ဒီထိုင်ခုံကနေ ထွက်သွားချင်နေပါပြီ။သို့ပေမဲ့ သူ့ခြေထောက်များးဟာ မလှုပ်နိုင်ခဲ့ပေ။
"ဟေးး အချစ်လေး ဒီဘက်ကို လာခဲ့လေ"
ဝမ်မင်ယန် လှမ်းပြောလိုက်သည်။
မိန်းမလှလေးဟာ ပြုံးလိုက်ပါတယ်။ယင်းနောက် သူမရဲ့ အိတ်ကို ယူကာ ဝမ်မင်ယန်ရဲ့ ဘေးမှာ ပြောင်းပြီးလာထိုင်လိုက်သည်။
လင်းဖန်နဲ့ မိန်းမလှလေးတို့ဟာ အကြည့်ခြင်း ဆုံသွားခဲ့ပါတယ်။သူမရဲ့ မျက်နှာဟာ ပြုံးနေပေမဲ့လည်း သူမတွင် သံသယအနည်းငငယ်တော့ ရှိတေခဲ့သည်။ဒီစားပွဲမှာ ထိုင်နေကြတဲ့ လူတွေအကုန်လုံးဟာ ခေါင်းကိုငုံ့ထားခဲ့ကြပြီး တစ်ယောက်ကတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ပါတယ်။
"ဇီလီ ဒါက ငါ့ရဲ့ ညီအစ်ကို လင်းလေ၊ သူကို အစ်ကို လင်း လို့ခေါ်လို့ရတယ်"
ဝမ်မင်ယန်ဟာ မိတ်ဆက်ပေးလိုက်သည်။
"အစ်ကို လင်း"
ဇီလီဟာ ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ်။
"ဘယ်လိုထင်လဲ?"
ဝမ်မင်ယန်ဟာ မေးလိုက်သည်။
"အလျင်လိုဖို့ မလိုပါဘူး ၊ နောက်မှ ပြောလည်းရပါတယ်"
"ကောင်းပြီ ငါမင်းကို ယုံတယ်"
ဝမ်မင်ယန်ဟာ ပြောပြီး ရယ်လိုကိပါတယ်။သူ့ရဲ့လေသံအရ လင်းဖန်ကသာ ဒီမိန်းကလေးက သူ့အတွက် မသင့်တော်ဘူးဆိုရင် ချက်ချင်း လမ်းခွဲတော့မယ့်ပုံပါပဲ။
ရှုဇီလီဟာ လင်းဖန်ကို အံ့သြစွာကြည့်လိုက်သည်။သူတို့နှစ်ယောက်ဘာကို ဆိုလိုတာလဲ ဆိုတာ သူမနားလည်ပါတယ်။
ဝမ်မင်ယန် ဒီကောင်လေးကို ဒီလောက်ထိ အလေးထားလိမ့်မယ် လို့ မထင်ထားခဲ့ပေ။
"ဒီတစ်ယောက်က ယန်ရှုရန် ၊ အထက်တန်းတုန်းက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်း ၊ ဟိုဘက်က သူ့မိန်းကလေး ချန်းမိုင်တုန်"
လင်းဖန် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ကျန်တဲ့ နှစ်ယောက်ကိုတော့ သူ မိတ်ဆက်ပေးဖို့ လုံးဝစိတ်မဝင်စားပါဘူး။
"ခေါင်းဆောင် ၊ မဂ်လာပါ"
ယန်ရှုရန် ဟာ ကြောက်ရွံ့စွာ မတ်တတ်ရပ်ပြီးလက်ဆန့်တန်းကာ နှုတ်ဆက်လိုက်သည်။
ဝမ်မင်ယန် ရယ်မောလိုက်ကာလက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။
"အဲလောက်ထိ ရိုသေနေဖို့ မလိုဘူး ၊ လင်းဖန်ရဲ့ သူငယ်ချင်းက ငါရဲ့ သူငယ်ချင်းပဲ အစ်ကိုဝမ်လို့ပဲခေါ်"
"အစ်ကို ဝမ်"
ယန်ရှုရန်ဟာ အလျင်အမြန်ပဲ ခေါင်းညိမ့်လိုက်သည်။ဝမ်မင်ယန် ရဲ့ ပတ်ဝန်းကျင်မှာတော့ တည်ကြည် ခံညားတဲ့ လေထုတစ်ခုရှိနေခဲ့ပါတယ်။
သစ်ပင်ကြီးဟာ အခုမှ ဘွဲ့ရခါစဖြစ်ပြီး ကြောက်လန့်နေခဲ့သည်။
"အစ်ကို ဝမ် "
ချန်မိုင်တုန် ဟာလည်း တုန်လှုပ်စွာ နှုတ်ဆက်လိုက်သည်။
သူမရဲ့ ဥိီးနှောက်က အခုချိန်မှာ နားလည်နိုင်စွမ်းထက်ပိုနေခဲ့ပါပြီ။ယင်းနောက် သူမဟာ ဘေးမှ မိန်းမလှလေးကို ကြည့်လိုက်တဲ့အချိန်မှာ အလွန်အမင်းအံ့သြသွားခဲ့သည်။
" ချမ်းသာသော မိသားစု ဇာတ်ကားထဲက သမီးအဖြစ်သရုပ်ဆောင် တဲ့ မင်းသမီးလား?"
သူမက TV စီးရီးတွေကို ကြည့်ရတာကို သဘောကျပါတယ်။သူမ ရှုဇီလီကို အရင်ကမြင်ဖူးတယ် လို့တွေးနေခဲ့တာပါ။အခုသေချာကြည့်မှ သူမမှတ်မိပြီး အံ့သြသွားခဲ့သည်။
တကယ် ဆယိလီ အကြီးစားပဲ.....
ရှုဇီလီဟာ ရယ်မောပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ် အဲ့ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့သေးတယ်"
လင်းဖန်ဟာ လေထုက အခြေအနေသိပ်မကောင်းတော့ တာကို ကြည့်ပြီး ဝမ်မင်ယန်ကို အချက်ပြလိုက်ပါတယ်။
ဝမ်မင်ယန်ဟာ လည်း နားလည်ကာ ဝင်ပြောလိုက်သည်။
"တစ်ခြားတစ်ခုခု ပြောကြရအောင်၊ ငါဒီဝိုင်းကို ရှင်းပေမယ်။ငါိဒီမှာ ဘုရင်တစ်ပါးလို မစားနိုင်ဘူးလေ"
"မန်နေဂျာ"
မန်နေဂျာဟာ ပြေးလာခဲ့သည်။
"စားပွဲရှင်းပေးပါဦး ငါတို့ ဟင်းပွဲ တွေထပ်မှာမလို့"
"ကောင်းပါပြီ အကြီးအကဲ ဝမ်"
မန်နေဂျာ ဟာ ခေါင်းငြိမ့်လိုက်သည်။
........
ကျန်းဂေါင်ယန်ဟာ အေးအေးဆေးဆေး မထိုင်နိုင်တော့ပေ။သူ့ခြေထောက်တွေဟာ ချွေးထွက်နေခဲ့ပါတယ်။ဝမ်ရှောင်ယန်ဟာလည်း သူ့လိုပဲ ခံစားနေခဲ့ရသည်။
သူမဟာ သစ်ပင်ကြီးမှာ ဒီလို သူငယ်ချင်းကောင်း ရှိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ဒါကို သူမမျက်လုံးနဲ့ သာမမြင်ရရင် သူမကို ရိုက်နှက်ပြီး အတင်းယုံခိုင်းရင်တောငိ ယုံကြည်မှာ မဟုတ်ပေ။
လင်းဖန်ဟာ ကျန်းဂေါင်ယန်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်မှ အနည်းငယ် ပြုံးလိုက်သည်။သူပြောချင်တာကတော့ ရှင်းပါတယ်။
မင်းအရင်ကလို မောက်မာဦးလေ...
ကျန်းဂေါင်ယန်ဟာ ဒီအခြေအနေမှာ အသက်တောင် ကျယ်ကျယ်မရူရဲတော့ပါဘူး။သူဟာ ဘောလုံတစ်လုံးလို နေရာမှာပဲ ငြိမ်ငြိမ်ဆိတ်ဆိတ်ထိုင်နေခဲ့သည်။
လင်းဖန်ဟာ သစ်ပင်ကြီး ရဲ့ပုခုံးကို ပုတ်ပြီး မေးလိုက်ပါတယ်။
"မင်ယန် ,ခင်ဗျားတို့ ကုမ္ပဏီမှာ အလုပ်နေရာလေး ဘာလေးရှိသေးလား?"
လင်းဖန်ဟာ မေးလိုက်သည်။
ယန်ရှုရန်ဟာ လင်းဖန်ရဲ့ စကားကို ကြားလိုက်တဲ့အချိန်မှာ ခန္တာကိုယ်တစ်ခုလုံးလှုပ်မရဖြစ်သွားသည်။သူ့ရှေ့မှာ ဖြစ်နေတာတွေကို သူ မယုံကြည်နိုင်တော့ပါဘူး။
ချန်မိုင်တုန် ဟာလည်း မျက်တောင်မခတ်ပဲ ကြည့်နေခဲ့သည်။သစ်ပင်ကြီးရဲ့ သူငယ်ချင်းက အမှန်တကယ် အလုပ်ရဖို့ ကြိုးစားပေးလိမ့်မယ်လို့ မထင်ထားမိခဲ့ပေ။
"နေရာလွတ် ရှိတော့မှာတော့ မဟုတ်ဘူး.... ဒါပေမဲ့ မေးတဲ့လူက မင်းဖြစ်နေတော့ ငါဖန်တီးပေးလို့ရပါတယ် ဘယ်လိုထင်လဲ"
ညစားစားပွဲတွေအများကြီးတက်ပြီး အလုပ်တွေအများကြီးလုပ်ကိုင်လာခဲ့တဲ့ ဝမ်မင်ယန် အတွက်ကတော့ အလုပ်တစ်ခုကို ဖန်တီးပေးချင်ရင် အလွယ်လေးပါ။
ဝမ်မင်ယန် ပထမ တစ်ခွန်းကို ပြောလိုက်သည့်အချိန်တွင် ချန်မိုင်တုန်ဟာ လုံးဝ စိတ်ပျက်သွားခဲ့ပါတယ်။ဝမ်မင်ယန် ဒုတိယတစ်ခွန်းကို ဆက်ပြောလိုက်တဲ့အချိန်မှာတော့ သူမရဲ့ ဝိညာဥ်ကို တစ်ယောက်ယောက် ထုတ်ယူသွားသလို ခံစားလိုက်ရသည်။
ကျန်းဂေါ်ယန်ဟာ ပထမ တစ်ခွန်းကိုကြားသည့် အချိန်တွင် သူ့နှလုံးသားထဲကနေ ကြိတ်ရယ်လိုက်ပါတယ်။ဝမ်မင်ယန်က အလုပ်ခေါ်ဖို့ ပြောရင်တောင် အဲ့လိုနေရာမှာလုပ်ဖို့အရည်အချင်းလိုအပ်ပါသေးတယ်။
သို့ပေမဲ့ ဝမ်မင်ယန်ရဲ့ ဒုတိယစကားဟာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။
ဒီခွေးသားက ဝမ်မင်ယန်ကို ဘာဆေးတွေ သွားကျွေးထားတာလဲ???
သူတို့က သူငယ်ချင်းတွေ ဆိုရင်တောင် အလုပ်ကိစ္စနဲ့ ပတ်သက်လာရင် လေးလေးနက်နက်ရှိဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် ဒီလိုအောင်မြင်နေတဲ့ ကုမ္ပဏီကြီးမှာပါ။လူခေါ်တာ ဒီလိုမျိုးကြုံရာလူ ကိုခေါ်လေ့မရှိကြပါဘူး။
"ဟားဟား ဒီညီအစ်ကိုက အခုမှ ဘွဲ့ရလာခဲ့တာလေ။သူရှန်ဟိုင်းကို အလုပ်လာရှာတာ ကျွန်တော် ကိုတောင်မပြောဘူး။သူ ကြယ်လေးပွင့် ဆိုင်မှာ ဒေါ်လာနှစ်ထောင်နဲ့ အရောင်းဝန်ထမ်းအဖြစ် နေရာရခဲ့တယ်။ဒါက သု့အရည်အချင်းကို ဖြုန်းတီးလိုက်သလိုပဲ။တကယ်လို့ အစ်ကိုဝမ်ရဲ့ ကုမ္ပဏီ မှာသာခန့်ထားနိုင်ရင် ကျွနိတော် တော့ အစ်ကို ဝမ်ကို အကြွေး အကြီးကြီးတင်သွားပြီ"
"သစ်ပင်ကြီး အကြီးအကဲဝမ်ကို သေချာရှင်းပြလိုက်ဦး၊ မင်းဘယ်မှာ ဘွဲ့ရခဲ့လဲ ၊ ဘာမေဂျာလဲဆိုတာ"
လင်းဖန် ယန်ရှုရန်ကို ပြောလိုကိသည်။
"အိုကေ ကောင်းပြီ"
ယန်ရှုရန် လင်းဖန်စကားကို ကြားကာမှ ကြောင်အနေတာက နေနိုးထလာခဲ့ပါတယ်။ယန်ရှုရန်ဟာ သူ့ကိုသူ မိတ်ဆက်ဖို့ ကြောက်ရွံ့စွာ မတ်တတ်ထရပ်လိုက်ပါတယ်။သူ့ ခန္တာကိုယ်ဟာတော့ ယိမ်းယိုင်နေခဲ့သည်။
ဝမ်မင်ယန်ဟာ ဒါကိုမြင်ပြီး ရယ်မောလိုက်ပါတယ်။သူဟာ ခေါင်းကို ယမ်းလိုက်ပြီး ယန်ရှုရန်ကို ထိုင်ဖို့ အချက်ပြ လိုက်သည်။
"ညီအစ်ကို တစ်ယောက်ကို တစ်ယောက်အကြွေးတင်တယ်လို့ မပြောနဲ့ ၊ မင်းအကူညီတောင်းတာကိုသာ ငါမကူညီခဲ့ရင် နေလို့ထိုင်လိူ့ အဆငိပြေမှာ မဟုတ်ဘူး"
"ဒါပေမဲ့ အမှန်တကယ်ပြောရရင် ပညာအရည်အချင်း ဘွဲ့လက်မှတ်က သိပ်အရေးမပါဘူး။အခု အကုန်လုံးလုပ်နေကြတာက နိုင်ငံခြားကို ပိုက်ဆံအကုန်ခံသွားပြီး ၊ ဘွဲ့လေးရ ပြန်လာ လာလုပ်နေကြတာ။ဘာမှ အသုံးမဝင်ဘူး။ငါဆို ဂျူနီယာ ကျောင်းကနေ ဘွဲ့ရခဲ့တာ ပြီးတော့ တက္ကသိုလ် ကမ်းလှမ်းချက်တွေ အများကြီးရခဲ့တယ်။ငါအဲတာတွေ ဘယ်ကို လွင့်ပစ်လိုက်လဲတောင် မမှတ်မိတော့ဘူး"
လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်ပါတယ်။ယင်းနောက် ကျန်းဂေါင်ယန်ကို အဓိပါယ်ပါပါ တစ်ချက်လှမ်း ကြည့်လိုက်သည်။
ကျန်းဂေါင်ယန်ကတော့ အခုချိန်မှာ တွင်းတစ်ခုကို အလျင်အမြန်တူးပြီး ပုန်းအောင်းနေချင်ခဲ့ပါပြီ။
ငါက နေရာတစ်ခုပဲ ရခဲ့တာလေ........
အခုချိန်မှာ သူ့ရဲ့တည်ရှိမူကို လုံးဝ ဖျက်ဆီးခံလိုက်ရသလို ခံစားနေရပါတယ်။
#
A Valiant Life 70
အပိုင်း ( ၇၀ ) ထပ်မကြွားနိင်တော့ဘူးမလား
ဘာသာပြန် = စနိုးဝှိုက်
"ငါ့မှာက ကုမ္ပဏီတွေ အများကြီးရှိတယ် ၊ မင်းကဘာကို အထူးပြုတာလဲ"
ဝမ်မင်ယန်ဟာ မေးလိုက်သည်။
"အစ်ကို ဝမ် ကျွန်တော် ငွေကြေးစီမံမူပိုင်းနဲ့ ဘွဲ့ရထားတာပါ"
ယန်ရှုရန် အလျင်အမြန်ပဲ ပြန်ဖြေလိူက်သည်။
"ပြသနာ မရှိဘူးမလား"
လင်းဖန်လည်း သိချင်စွာမေးလိုက်သည်။
"ဘာပြသနာရှိရမှာလဲ? ဒါကအသေးအမွှားလေးတွေ ။ရော့ ဒါက ငါ့ နာမည်ကတ် ငါ့ဖုန်းနံပါတ် လည်း အဲ့မှာပါတယ်။မင်းဒီမှာ အထိုင်ကျသွားရင် ဖုန်းဆက်လိုက် ငါအကူန်စီစဥ်ပေးမယ်။မင်းကျေနပ်မှာပါ"
ဝမ်မင်ယန်ဟာ ပြုံးပြီးပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်"
သစ်ပင်ကြီးဟာ ကောင်းပင်ဘုံရောက်နေသလို ခံစားလိုက်ရပါတယ်။ဒါက ဘယ်လိုမှ ထင်မှတ်မထားတဲ့ ခံစားချက်ပါ။သူလေထဲမှာ လမ်းလျောက်နေရသလိုပါပဲ။
သူ့လက်ထဲက နာမည်ကတ်သာ အစစ်အမှနိမဟုတ်ဘူးဆို သူအိပ်မက်မက်နေတယ် လိုပဲ ထင်မိမှာပါ။
"ငါကုမ္ပဏီမှာ တစ်ယောက်ယောက်ကို ပြောထားလိုက်မယ်။မင်းသူ့ဆီကနေ သင်ယူပေါ့ ၊ အချိန်ကျလာတဲ့ အချိန်ကျရင် ငါမင်းကို ရာထူးတိုးပေးမယ်။ငါအသေးစိတိတော့ မပြောတော့ ဘူး၊ တကယ်လို့မင်းကြိုးစားရင် တစ်နှစ်ကုန်တိုင်း ဆုကြေးအဖြစ် ဒေါ်လာတစ်သန်း ရစေရမယ်"
ဒါက လင်းဖန်ရဲ့ သူငယ်ချင်းပါ။ဒါကြောင့် ဝမ်မင်ယန် ဟာ ဒီကောင်လေးကို ပစ်ထားလို့မရပါဘူး။သူဟာ ဒီကောင်လေးကို ပျိုးထောင်ပေးပြီး လူယုံအဖြစ် ထားရန် တွေးလိုက်မိသည်။
လင်းဖန် ခေါင်းညိမ့်ပြီး သစ်ပင်ကြီးရဲ့ ပုခုံးကို ပုတ်လိုက်ပါတယ်။
"သစ်ပင်ကြီး မင်းကြိုးစားဖို့လိုတယ်နော်။မင်းက ငါနာမည်ကို ကိုယ်စားပြုထားတာ။အောင်မြင်အောင် ကြိုးစားပြီး နှစ်ကုန်တိုင်း ဘောနပ်တွေ ယူလိုက်စမ်းပါ"
ယန်ရှုရန်ရဲ့ မျက်နှာဟာ ခံစားချက်တွေကြောင့်နီရဲနေခဲ့ပါတယ်။သူနှစ်ကုန်ဘောနပ် ဒေါ်လာတစ်သန်းကို မမျှော်မှန်းရဲပေမယ့်လည်း ခေါင်းညိမ့်လိုက်ပါတယ်။
"စိတ်မပူပါနဲ့ မင်းမျက်နှာပျက်ရအောင် ငါဘယ်တော့မှ မလုပ်ပါဘူး"
အဲ့အချိန်မှာပဲ ဝမ်မင်ယန် ဟာ လင်းဖန်မျက်လုံးထဲမှ ထူးဆန်းသည့် အကြည့်ကို မြင်လိုက်ရသည်။
ဝမ်မင်ယန် လင်းဖန်ရဲ့ မျက်လုံးထဲက ပြောချင်တဲ့ အဓိပါယ်ကို ချက်ချင်းနားလည်လိုက်ပါတယ်။လင်းဖန်က သူ့ကိုအခု ထွက်သွားသင့်ပြီလို့ အချက်ပြနေခဲ့တာပါ။
သူဒီမှာ အကြာကြီးနေရင် လေထုက မပျော်မရွှင်ဖြစ်ရပါလိမ့်မယ်။သို့ပေမယ့် သူ့စိတ်ထဲမှာတော့သိပ်နားမလည် နိုင်ဖြစ်နေခဲ့သည်။
ငါတို့အခု အရာရာအဆင်ပြေနေတာပဲလေ..ဘာလို့ငါ့ကို အလျင်အမြန်ထွက်သွားစေချင်နေတာလဲ...
သို့ပေမယ့် ဝမ်မင်ယန်ဟာ သူလာကတည်းက လေထုကို သတိထားမိခဲ့ပါတယ်။ဒီနေရာမှာလင်းဖန်ကလွဲပြီး ဘယ်သူမှ သူနဲ့စကားပြောဖို့ အဆင့်မမှီပါဘူး။
ဒါကြောင့် သူအလျင်အမြန်ပဲ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။
"ကောင်းပြီ ငါတို့အခုသွားတော့မယ် ၊ ငါတို့နှစ်ယောက် သွားစရာတစ်ခုရှိသေးလို့"
"ကောင်းပြီလေ နောက်မှပဲ ကျွန်တော် ဖုန်းဆက်လိုက်တော့မယ်"
လင်းဖန်ဟာ ပြောလိုက်သည်။
"ငါသွားတော့မယ် ပြောတာတောင် မင်းက ထပ်နေဦးလို့ တစ်ခွန်းမှမပြောဘူး။မင်းက ဘယ်လို ညီအစ်ကို မျိုးလဲ ဟားဟားး"
ဝမ်မင်ယန်ဟာ သဘောကျစွာပြောလိုက်သည်။
"ဒီလောက်ထိ ရိုးရှငိးနေဖို့ မလိုဘူးလေ"
လင်းဖန် ပြောလိုက်သည်။
ဝမ်မင်ယန် ပြန်ဖို့ လုပ်တဲ့အချိန်မှာ ယန်ရှုရန်နဲ့ ချန်မိုင်တုန်တို့ဟာ လိုက်ပို့ဖို့ ထရပ်လိုက်ပါတယ်။
"ငါ့ကို လိုက်ပို့ဖို့ မလိုတော့ဘူး၊ အေးဆေးပဲ စကားဆက်ပြောကြ"
ဝမ်မင်ယန်ဟာ ပြောလိုက်ပြီး သူ့မိန်းကလေးနဲ့ ထွက်သွားခဲ့ပါတယ်။
.........
စားပွဲမှာ လူငါးယောက်ပဲ ကျန်ခဲ့တဲ့ အချိန်မှာတော့ လေထုဟာ ပြန်အသက်ဝင်လာခဲ့ပါပြီ။
အစတုန်းကတော့ ကျန်းဂေါင်ယန် နဲ့ဝမ်ရှောင်ယန် တို့ကို မကြာခန နိမ့်ချပြောဆို နေခဲ့တာပါ။သို့ပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်သည်။
ကျန်းဂေါင်ယန် နဲ့ ဝမ်ရှောင်ယန် တို့ဟာ တိတ်ဆိတ်နေပြီး သူတို့ဟာ ရှက်ရွံ့စွာ ထိုင်နေခဲ့ကြသည်။
ကျန်းဂေါင်ယန်ဟာ သူဘယ်လို ခံစားနေရမှန်းတောင် မသိတော့ပါဘူး။သူ့ခေါင်းထဲတွင် အတွေးများဟာ ရှုပ်ထွေးနေခဲ့သည်။
ပန်ကိတ်သည် က ဝမ်မင်ယန်နဲ့ သူငယ်ချင်းတွေလို့ ဘယ်သူက ထင်မှတ်မှာလဲ?
ထပ်ပြောရရင် သူတို့ ဆက်ဆံရေးက သာမှန်ထက် အတော်ပိုပါတယ်။သူတို့ စကားပြောနေတဲ့ အနေအထားရ သူတို့က သာမန်သူငယ်ချင်းတွေတော့ မဟုတ်ပါဘူး။
မလိုအပ်တဲ့ ပညာရေးလား?
ဝမ်မင်ယန် ဆီမှာအလုပ်ရဖို့ အပြိုင်အဆိုင်တွေ အများကြီးရှိတယ်လား?
ဒေါ်လာ နှစ်ထောင် လစာ???
နိုင်ငံခြားက ဘွဲ့လက်မှတ်???
ကျန်းဂေါင်ယန် သူ့မျက်နှာကို ဘယ်နှကြိမ်လောက် အရိုက်ခံရမှန်းတောင် မသိတော့ပါဘူး။သူ့မျက်နှာ တကယ်မနာကျင်ရပေမဲ့ လည်း သူ့အသည်းနှလုံးထဲက နာကျင်နေရပါတယ်။
"လင်းဖန် ရှင်က တကယ့်အကောင်းဆုံး သူငယ်ချင်းပဲ ရှင့်ကို ဘယ်လိုကျေးဇူးတင်ရမယ် မှန်းတောင် မသိတော့ဘူး။ရှင်နဲ့ ခွက်ချင်းတိုက်ပါရစေ"
ပထမဆုံးစပြီး လှုပ်ရှားလိုက်တာက ယန်ရှုရန် မဟုတ်ပါဘူး။သူမရဲ့ ချစ်သူဖြစ်တဲ့ ချန်းမိုင်တုန်ပါ။
ချန်မိုင်တုန်ဟာ သစ်ပင်ကြီး စွမ်းဆောင်နိုင်စွမ်းရှိတယ် လို့ယုံကြည်ထားပေမယ့် လည်း ၊ ဒီလောက်မြန်မြန် အောင်မြင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
အမှန်တကယ်တော့ သူမရဲ့ သူငယ်ချင်းက သူ့မရဲ့ ရည်းစား အကြောင်းပြောတိုင်း ဝမ်းနည်းခဲ့ရတာပါ။
အခာအခြေအနေတွေ ဟာပြောင်းလဲသွားတဲ့ အချိန်မှာတော့ ချန်မိုင်တုန်ဟာ ဘယ်လို တုန့်ပြန်ရမလဲတောင် မစဥ်းစားတတ်တော့ပေ။
"ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး၊ မသောက်နဲ့ ဦး ဝိုင်က စပရိုက်နဲ့ ရောမှသောက်လို့ ကောင်းတာ။ဒီအရသာက ပိုကောင်းတယ်"
လင်းဖန်ဟာ ယန်ရှုရန် တို့အတွက် ဝိုင်ကို စပရိုက်နဲ့ရောလိုက်ပြီး ကျန်းဂေါင်ယန်ကို ကြည့်လိုက်ပါတယ်။
"အရသာ မြည်းကြည့်ဦးမလား"
အရင်တုန်းက ဆိုရင်တော့ ကျန်းဂေါင်ယန် လင်းဖန် ဒီလိုလုပ်တာကို မြင်ရင် အထင်အမြင်သေးမိမှာပါ။အခုတော့ ပြောင်းလဲသွားခဲ့သည်။
"ငါ ကိုယ့်ဟာကို လုပ်လိုက်မယ်"
ကျန်းဂေါင်ယန် အလျင်အမြန်ထလိုက်ပြီး စပရိုက်ကို ယူလိုက်သည်။သူ လင်းဖန်အတွက် အရင်ထည့်လိုက်ပြီး ဝမ်ရှောင်ယန် နဲ့ သူ့အတွက်ပါ ထည့်လိုက်ပါတယ်။
ဒီအပြုအမူက သိပ်အကြာခင်က သူပြုမူခဲ့တဲ့ ပုံစံနဲ့ အတော်ကွာခြားနေခဲ့ပါတယ်။
သစ်ပင်ကြီးနဲ့ ချန်မိုင်တုန်ဟာ မျက်လုံးချင်း ဆက်သွယ်လိုက်သည်။သူတို့နှစ်ယောက်လုံးဟာ ဝမ်းသာနေကြပြီး အနာဂတ်ကောင်းတွေကို မျှော်လင့်နေကြပါတယ်။
"ညီအစ်ကိုတို့ သစ်ပင်ကြီး သစ်ပင်ကြီး ကြုံခဲ့ရတာတွေအတွက် ငါစိတ်မကောင်းဖြစ်ရပါတယ်။သစ်ပင်ကြီး ကို ဒီ ကြယ်လေးပွင့်ဆိုင်မှာ အလုပ်လုပ်ဖို့ ငြင်းပယ်ခိုင်းဖို့ ပြောမလို့ပါ။ဘာပဲဖြစ်ဖြစ် သစ်ပင်ကြီးရဲ့ ကြီးမားလှတဲ့ အရည်အချင်းတွေက ဘာမဟုတ်တဲ့ ကြယ်လေးပွင့်ဆိုင်မှာ လုပ်ဖို့မဟုတ်ဘူးလေ။ ဟုတ်တယ်မလား???"
လင်းဖန် ရယ်မောကာပြောလိုက်သည်။
"ဒါမှန်တယ် ငါတစ်ခုလောက်ပြောပါရစေ ၊ သစ်ပင်ကြီးက ယုံကြည်ရတဲ့ လူတစ်ယောက်ဖြစ်ပြီး စွမ်းဆောင်နိုင်စွမ်းတွေလညိးရှိတယ် တစ်လဒေါ်လာ နှစ်ထောင် ဆိုတာက သူ့အတွက်တော့ အမှိုက်လိုပဲ"
ကျန်းဂေါင်ယန် ဟာ ချော်လဲရောထိုင် ဝင်ချီးကျူးလိုက်သည်။
သို့ပေမဲ့လည်း သူ့ရဲ့ အပြုံးမှာရှက်ရွံ့ မူတွေ ပြည့်နေခဲ့ပါတယ်။သူ့ရဲ့ မောက်မာတဲ့ စိတ်တွေ ၊ ကြွားဝါချင်တဲ့ စိတ်တွေဟာလည်း အခုချိန်မှာ မရှိတော့ပါဘူ။
သူသာ အခုချိန်ထိ ထပ်ကြွားနေဦးမယ်ဆိုရင် သူ့ကို စောက်ရူးလို့ သတ်မှတ်ကြပါလိမ့်မယ်။
သူ့ရှေ့မှာ ရှိတဲ့လူဟာ ဝမ်မင်ယန်နဲ့ ပခုံးချင်းဖက်ပြီး ပြောနိုင်တဲ့ လူတစ်ယောက်ဖြစ်သည်။
"သစ်ပင်ကြီး မင်းက အခုချိန်ကစပြီး ငွေကြေးပိုင်းဆိုင်ရာမှာ အင်ပါယာပဲ။ငါ့ကို မေ့မသွားနဲ့နော်"
လင်းဖန် နောက်လိုက်သည်။
"ကောင်လေး ဖန် မင်းငါကို နောက်နေတာပဲ"
သစ်ပင်ကြီး ရဲ့ မျက်နှာမှာတော့ အပြုံးအကြီးကြီးတစ်ခုရှိနေခဲ့ပါတယ်။ဒါတွေအကုန်ပြီး သွားတဲ့အချိန်ကြရင် သူ့မိဘတွေကို သတင်းကောင်း ပြောပြရပါမယ်။
"လင်းဖန် ရှင့်ကို လေးစားမူပြပါရစေ၊ ကျေးဇူးတင်ပါတယ်"
ချန်မိုင်တုန်ဟာ မတ်တတ်ရပ်ပြီး ခွက်ကို မြောက်ကာ ပြောလိုက်သည်။
သူမစိတ်ထဲမှာ လင်းဖန်ကို တကယ်ကျေးဇုးတင်နေခဲ့တာပါ။သစ်ပင်ကြီးမှာ ဒီလို သူငယ်ချင်းကောင်း ရှိတာ အတော်ကံကောင်းပါတယ်။
သူမနားလည်လိုက်တာက ပိုပြီး ကြီးမြတ်တဲ့လူတွေဟာ ရိုးရိုးရှင်းရှင်းပဲ နေထိုင်ကြပါတယ်။မောက်မာပြီး ကြွားဝါတတ်တဲ့ လူတွေဟာ အဆိုးဆုံးပါပဲ။
သူမ သစ်ပင်ကြီးရဲ့ သူငယ်ချင်းကို ပထမဆုံးမြင်တဲ့အချိန်မှာ အနည်းငယ် အထင်သေးမိခဲ့သည်။
အခုတော့ ကြီးမြတ်တဲ့ လူတွေဟာ ပကာသနတွေ မရှိပဲ နေတယ် ဆိုတာသ ဘောပေါက်ခဲ့ပါပြီ။
"ကောင်းပြီး ငါလည်း မင်းတို့ကို လေးစားပါတယ် နောက်နှစ်အနည်းငယ်မှာ သစ်ပင်ကြီး အင်ပါယာ ထောင်နိုင်တဲ့ အထိအောင်မြင်ပါစေ"
"ကျေးဇူးပဲ ကောင်လေးဖန်"
သစ်ပင်ကြီးဟာ မျက်ရည်တောင် ကျခါနီးနေပါပြီ။သူဟာ ဝိုက်ကို တစ်ချိုင့်တည်း အကုန်သောက်လိုက်သည်။
ကျန်းဂေါင်ယန် ဟာ ရှက်ကိုးရှက်ကန်းထိုင်နေပြီး သူ့မျက်နှာဟာတော့ နီရဲနေခဲ့သည်။
လူတိုင်းဟာ သူတို့နှလုံးသားထဲကနေ ပြီးခံစားကာ သောက်နေကြပါတယ်။
လင်းဖန်ဟာ အများကြီး မသောက်ခဲ့ပေ။ဘာပဲဖြစ်ဖြစ် ဝိုင်ကို စပရိုက်နဲ့ ရောလိုက်တဲ့အချိန်မှာ အတော် ပျော့သွားခဲ့ပါတယ်။
"ဝိတ်တာ ဘေလ်ရှင်းမယ်"
သစ်ပင်ကြီးဟာ အော်လိုက်သည်။
"ငါရှင်းမယ် ငါရှင်းမယ်"
ကျန်းဂေါင်ယန်ဟာ အလျင်အမြန်မတ်တတ်ရပ်ပြီး ဘေလ်ရှင်းဖို့ ပြန်ဆငိလိုက်ပါတယ်။သူ့ပုံစံက သူသာ ဘေလ်မရှင်းရရင် အကုန်လုံးကို စိတ်ဆိုးတော့မယ့်ပုံပါပဲ။
ဒီနေ့ကစပြီး ကျန်းဂေါင်ယန်ဟာ သစ်ပင်ကြီးရှေ့မှာ မောက်မာလို့ ရတော့မှာ မဟုတ်တော့ပါဘူး။
သစ်ပင်ကြီး ကုမ္ပဏီမှာ အလုပ်ရပြီးသွားရင် အရာရာပြောင်း လဲသွားတော့မှာပါ။သစ်ပင်ကြီးရဲ့ အနာဂတ်က ကြီးမားပါတယ်။သူ့ရဲ့ အပြုအမူတွေက သစ်ပင်ကြီးကို စိတ်အနှောက်အယှက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ သစ်ပင်ကြီးနဲ့ ဆက်ဆံရေးကောင်း ကိုထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။
အဲ့အချိန်မှာပဲ မန်နေဂျာဟာ လင်းဖန်အနားကို ရောက်လာခဲ့သည်။
"မစ္စတာ လင်း ဒီဝိုင်းရဲ့ စုစုပေါင်း ဘေလ်က ဒေါ်လာ ၆၈၀၀၀ ပါ။ဒါပေမဲ့ အကြီးအကဲ ဝမ်က သူမသွားခင် ရှင်းပေးသွားခဲ့တယ်"
မန်နေဂျာဟာ စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
"အိုး သူပေးသွားတာလား? ဒါဆိုရင်လည်း သွားကြရအောင်လေ"
လင်းဖန် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
ကျန်းဂေါင်ယန်က တော့ ကြောင်အပြီး ကြည့်နေခဲ့ပါတယ်။
ဒီကောင်က ဝမ်မင်ယန် ကို ဘယ်လိုတွေတောင် ပေါင်းသင်းထားတာလဲ????
သူက ဝမ်မင်ယန်ကို အကူညီတောင်းခဲ့ပေမဲ့လည်း ဝမ်မင်ယန်ကပဲ သူ့ကို ပြန်ဝယ်ကျွေးသွားခဲ့ပါတယ်။လင်းဖန် ရဲ့ ဝမ်မင်ယန်အပေါ် လွှမ်းမိုးနိုင် စွမ်း က စောက်ဆန်းကြီးပါ။
ယန်ရှုရန် နဲ့ ချန်မိုင်တုန် တို့နှစ်ယောက်ဟာ ကျသင့်သည့်ဘေလ်ကို ကြားလိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့သည်။
ဘယ်လောက်တောင် စျေးကြီးလိုက်လဲ...
သစ်ပင်ကြီးဟာ လင်းဖန်ကို ကြည့်လိုက်ပါတယ်။သူ့ရင်ထဲမှာ ရှိတဲ့ လင်းဖန်ရဲ့ပုံရိပ်က ပိုပိုပြီး ကြီးလာနေခဲ့ပါပြီ။သူ့ရဲ့ မျက်လုံးထောင့်မှာတော့ မျက်ရည်များတောင် ရောက်လာခဲ့သည်။
"ဒီနေ့က စပြီး ဒီညီအစ်ကို အတွက်ဆို ငါဘာမဆို လုပ်မယ်"
တင့်တယ်မူ ဆိုတာ တစ်ခြား နည်းလမ်းတွေနဲ့ ပေးခြေလို့ ရတဲ့ အရာမဟုတ်ပါဘူး။
ဒါဟာ ဘဝရဲ့ တင့်တယ်မူတစ်ခုပါ......