To My Girlfriend💛

By AveryYintHan

8.9K 400 18

(For Her🐼💛) ဒီမှာရှိနေမယ့်စာမျက်နှာလေးတွေမှာကောင်မလေးတစ်ယောက်က သူရရှိပိုင်ဆိုင်ထားတဲ့ချိုမြိန်ခြင်းလေးနဲ့ပတ... More

Sleep💛
Poem💛
Coincidence💛
Missingly💛
Sick💛
Jealous💛
Waiting💛
Rumor💛
Possessive💛
Chain💛
Bae.....!!💛
Tear💛
Raining💛
Darkness💛
Cigarette💛
Art💛
Honey💛
Kiss💛
Hides💛
Fear💛
Suicide💛
Prayer💛
Anger💛
Piano💛
Promise💛
Scared💛
Name💛
Uncover💛
Yesterday.......!!💛
Mine💛
Encounter💛
Agua💛
Shirt💛
Only💛
Apologize💛⛈️
Judas💛⛈️
Price💛⛈️
Eternal💛⛈️
Mad💛⛈️
Expectantion💛⛅🌞
Dreamland💛
Ice-cream💛
Hurtful💛
Ending💛
Surprise💛
Nightmare💛
White💛
Black💛
Nothing💛
Cardiac💛
SELENA GOMEZ💛
GYM💛
Pardon💛
Fan(🐼)💛
Doubt💛
Alcohol💛
Accident💛
Past💛
Present💛
Future💛

Radio💛

60 2 0
By AveryYintHan

Radio

သူမကိုမနေ့ကထက်ဒီနေ့ပိုလွမ်းတယ်။မနက်ဖြန်ရောက်ရင် ဒီနေ့ထက်ပိုလွမ်းလိမ့်ဦးမယ်။နောက်နေ့......နောက်နေ့တွေဆိုရင်ရော.....တစ်နေ့ထက်တစ်နေ့ပိုပိုလွမ်းနေမိဦးမယ်ထင်ပါရဲ့။ကျွန်မတစ်ယောက်ထဲတီးတိုးရေရွတ်နေမိတယ်။

အဲ့ဒီစကားတွေကြောင့်ညနေအလုပ်ကပြန်လာတဲ့အခါ သူမကကျွန်မကိုရယ်မောလှောင်ပြောင်တော့မှာပဲ။"ဒီမှာ....ကလေးမ.....ကိုယ်ဟာဆိုရင်ဖြင့် မင်းအနားကပျောက်မသွားပါဘူးကွာ။မင်းလေးအနားမှာအမြဲတမ်းရှိနေတာကို....။အခုကိုယ်သွားနေတာလည်း မင်းလေးအတွက်ကြိုးစားနေတာလေ။ကိုယ်တို့နှစ်ယောက်ရဲ့အနာဂတ်အတွက် အလုပ်တွေကြိုးစားနေတာကိုကွာ။မငိုရဘူးလေ ကလေးရဲ့"သူမကအဲ့လိုပြောတော့မှာလေ။

အရမ်းလွမ်းလာတော့ ရေဒီယိုလေးကိုဖွင့်လိုက်တယ်။သီချင်းတွေနားထောင်ရင်း စိတ်တည်ငြိမ်အောင်ကြိုးစားရဦးမယ်လေ Honey ရယ်။ရှင်ကကျွန်မငိုတာမကြိုက်ဘူးလေ။သီချင်းတွေနားထောင်ရင်း မငိုမိအောင်ကြိုးစားကြည့်ရဦးမှာ။

အင်း....ဒီနေ့ခေတ်လူငယ်တစ်ယောက်အနေနဲ့ဆိုရင် ရှေးရိုးဆန်တယ်ဆိုပြီးဟာသဖြစ်နေမလားမသိဘူး။ကျွန်မက ခေတ်မှီပစ္စည်းတွေအများကြီးရှိနေတာတောင် ရေဒီယိုနဲ့သီချင်းနားထောင်ရတာကိုပိုနှစ်သက်တတ်တာ။

ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းထဲကသီချင်းတွေနားထောင်တာမျိုး၊အခြားသော သီချင်းဖွင့်လို့ရတဲ့စက်ပစ္စည်း ဘယ်လိုအရာမျိုးဖြစ်နေပါစေ....အဲ့ဒါတွေနဲ့သီချင်းနားထောင်ရတာသိပ်မကြိုက်ဘူး။ကွန်ပျူတာနဲ့အလုပ်လုပ်နေရင်းတောင် ကွန်ပျူတာနဲ့သီချင်းမဖွင့်ပဲကျွန်မအနားမှာရေဒီယိုလေးဖွင့်ထားတတ်တာကျွန်မရဲ့အကျင့်တစ်ခုပါ။

ရေဒီယိုက ကျွန်မအတွက်သူငယ်ချင်းတစ်ယောက်အဖြစ်ရှိခဲ့တာ ကျွန်မရဲ့ဘဝတစ်လျှောက်လုံးပဲလေ။ကျွန်မအထီးကျန်ခဲ့တဲ့အချိန်တိုင်း ရေဒီယိုလေးကိုအဖော်ပြုခဲ့ရတာ။ကျွန်မဘဝမှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့သိပ်ပြီးအချိန်ဖြုန်းလေ့မရှိခဲ့ဘူး။တစ်ယောက်ထဲအလုပ်လုပ်ရင်း ရေဒီယိုလေးနားထောင်ရတာကိုပိုသဘောကျမိတယ်။

သီချင်းအမျိုးမျိုးကိုနားထောင်ရသလို အစီအစဉ်တင်ဆက်သူတွေရဲ့စကားသံအမျိုးမျိုးကိုနားထောင်ရတာကျွန်မရဲ့စိတ်ကိုပျော်ရွှင်ငြိမ်းချမ်းစေတယ်။တစ်ခြားသူစိမ်းတစ်ယောက်စီက ကောင်းမွန်‌ချိုသာသောစကားချိုချိုလေးတွေကို ရေဒီယိုမှာပဲကြားရတတ်တာ။သူတို့ကအမြဲတမ်းတက်ကြွပျော်ရွှင်နေပုံရပြီး အင်အားရှိစေမယ့်အကြောင်းအရာတွေပြောတတ်ကြတယ်။အထူးသဖြင့် သီချင်းအမျိုးမျိုးကိုနားထောင်နေရတာကလည်း ကျွန်မအတွက်ခံစားချက်အသစ်အဆန်းတွေဖြစ်ပေါ်စေတယ်။

အထီးကျန်တာမျိုး၊ကြေကွဲနေတာမျိုး၊ပျော်ရွှင်နေတာမျိုး၊ဘာမှန်းမသိတဲ့ခံစားချက်အမျိုးမျိုးနဲ့ရှုပ်ထွေးနေတဲ့အချိန်တွေမှာ အကောင်းဆုံးမိတ်ဆွေအဖြစ်ရှိပေးတတ်တာမို့လို့ ရေဒီယို‌လေးကိုကျွန်မသိပ်သဘောကျတယ်။

ကျွန်မကရေဒီယိုနားထောင်တတ်တယ်လို့Honeyကိုပြောဖူးတယ်ဆိုပေမယ့် ရေဒီယိုကိုအရမ်းမြတ်နိုးသဘောကျကြောင်း Honeyသေချာမသိသေးဘူးလေ။ကျွန်မရေဒီယိုနားထောင်တယ်ဆိုပြီးပဲ သူမသိထားတာ။အခုလိုရေဒီယိုကိုမြတ်နိုးကြောင်းသဘောကျကြောင်းစာတွေသီဖွဲ့နေရင် သူမကရေဒီယိုနဲ့တောင်သဝန်တိုနေဦးမှာ....။သူမကကျွန်မကိုအရမ်းချစ်တာ။သက်ရှိသက်မဲ့အားလုံးနဲ့ကျွန်မကိုကြံဖန်ပြီးသဝန်တိုတတ်တာလေ။

"အခုလေ ရှင့်ကိုရှင့်ကလေးလေး အရမ်းလွမ်းနေတယ် Honeyရယ်။အိမ်ကိုမြန်မြန်ပြန်လာခဲ့တော့။မိန်းမရှင့်ကိုတမ်းတနေမိတယ် Honeyရယ်" တစ်ယောက်ထဲရေရွတ်နေမိပြန်တယ်။Honeyပြန်လာရင် အပြေးလေးဆီးကြိုရဦးမှာလို့စိတ်ထဲမှာတွေးရင်း.......။

အခုလောလောဆယ်ကျွန်မရဲ့လွမ်းဆွတ်ခြင်းတွေကို ရေဒီယိုနဲ့ရင်ဆိုင်ဖြတ်သန်းမိတဲ့အခိုက်အတန့်ကခံစားချက်တွေကိုအေးစက်ခြောက်ကပ်ရူးသွပ်စေတယ် Honey။

ဘာပဲဖြစ်ဖြစ်.....ကျွန်မရယ်....Honeyရယ်.....အညိုဖျော့ဖျော့ ရေဒီယိုလေးတစ်လုံးရယ်....ဒီတစ်သက်တာအတူတူရှိခွင့်ရမယ်ဆိုရင် ကျွန်မအသက်ရှင်ရတာပြီးပြည့်စုံနေပြီသိလား Honey.....။

Avery Yint Han

Continue Reading

You'll Also Like

9.3K 173 21
🍓မ..ကိုချစ်တာ ရင်ထဲကမို့ အသည်းလေးကွဲအောင် မရက်စက်နဲ့နော်
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
98.9K 6K 32
ဘဝမှာတစ်စုံတစ်ယောက်ကိုချစ်မိသွားရင် အဲ့ဒီတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားမိကြမယ်မဟုတ်လား။ကျွန်မလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်မ တစ်စုံတစ်ယောက်ကိုပိ...
26.1K 652 21
မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ