အခုနေများတစ်စုံတစ်ယောက်ကKကိုကမ္ဘာပေါ်မှာ အမုန်းဆုံးမြင်ကွင်းကိုပြပါဆိုလျှင် သူ့ရှေ့ကမြင်ကွင်းကိုပင်လက်ညိုးထိုးပြရမည်။
အာဆာကူရာဂျိုက သူမသိတဲ့ယောက်ျားတစ်ယောက်ကိုပြုံးပြနေတယ်။သူ့ယောက်ျားဟောင်းကလေ။
Kစိတ်တွေလွတ်ထွက်သွားပြီး ရှေ့ကသူနှစ်ယောက်ကြားထဲသွားပြီး ဂျို အာဆာကူရာ တစ်ဖြစ်လည်း သူ့သူ့ယောက်ျားဟောင်းကိုသွားဆွဲမခေါ်မိခင် Fumaကရောက်လာသည်။
"Kei-kun လာလာ။ငါကမင်းကိုအရေးကြီးလို့သာ မခေါ်မဖြစ်ခေါ်လိုက်ရတာ။မင်းယောက်ျားဟောင်းရှိတဲ့တက္ကသိုလ်ကို မင်းခြေချဖို့ခက်မှန်းသိပါတယ်"
"သိလည်းပြီးရောကွာ။ဘယ်မှာလဲMaki။ဒီကောင်လေးလည်းကွာ ဘောလုံးပွဲကိုဘယ်လိုတောင်အားပေးလို့ ခုံပေါ်ကတောင်လိမ့်ကျရတာလဲမသိဘူး"
"မင်းညီကအစတည်းကအဆော့သန်တာကို တက္ကသိုလ်ကျောင်းသားတောင်ဖြစ်နေပြီ ဆော့တုန်း။ခုကျောင်းဆေးပေးခန်းထဲမှာ လိမ့်ကျတော့ လက်နဲ့ဖိပြီးကျတာမို့လက်တော့ထိသွားတယ်။ ကျိုးတော့မကျိုးပေမယ့် အတွင်းကြေတွေဘာတွေဖြစ်မှာစိုးလို့ ဆေးရုံကြီးကိုခေါ်သွားပြီးစစ်ပေးဖို့မင်းကိုခေါ်လိုက်တာ"
Fumaက Makiတို့ကျောင်းမှာ PEဆရာဖြစ်တာမို့ Makiတစ်ခုခုဖြစ်လျှင်သူ့ကိုလှမ်းပြီးဆက်သွယ်ပေးနေကြပင်။
"အင်း သွားကြမယ်မြန်မြန်၊ဒီမှာကြာကြာနေရင် မဖြစ်ပါဘူးကွာ"
ပြောပြီးတာနဲ့Kကေခြတံရှည်တွေကိုသုံးပြီး လျှင်လျှင်မြန်မြန်ပဲအနားကထွက်သွားတယ်။
Kပြောတာကို Fumaအပြည့်အ၀နားလည်ပါသည်။ သူကKလိုကြောင်တောင်တောင်ကိုနှစ်ပေါင်းများစွာပေါင်းလာလို့အကြောင်းသိနေတာ။
Kစိတ်ကမျောက်လိုပင်။သူ့ကိုယ်သူလည်းနားမလည် လုပ်ချင်ရာကိုရှေ့နောက်မစဉ်းစားပဲလုပ်ချ။ပြီးမှနောင်တရ။
ခုပဲကြည့် အာဆာကူရာမျိုးရိုးကိုငြီးငွေ့ပြီးမုန်းလာပါပြီဆိုပြီး သူပဲကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးကွာရှင်းခိုင်း။ပြီးတော့တစ်လတောင်မကြာဘူးလွမ်းလို့ဆိုပြီး တစ်မှိုင်တစ်တွေတွေ။ညဆိုအရက်ကိုမူးရူးနေအောင်သောက်ပြီး ဂျိုဂျိုရေ ဆိုပြီးအစချီပြီးငိုချင်းတွေချ။မနက်ကျ အာဆာကူရာမျိုးရိုးကို move onမယ်လို့ကြုံးဝါးပြီး သူ့အကြောင်းကြားတာနဲ့ဒေါသပုံတွေထ။သူတစ်ယောက်တည်းမျိုးစုံကြိုးခုန်နေတာ။ဒါတောင် လူတစ်ယောက်လုံးမမြင်ရသေးဘူး။ခုလိုအကောင်လိုက်မြင်ရပြီး တစ်ခြားတစ်ယောက်နဲ့ပါပြုံးပျော်နေတာကို မြင်နေရတော့ Kရင်ဖက်ထဲကဒေါသကုမ္မာန်ကထကြွသောင်းကျန်းနေမှာ Fumaကသိတယ်။
"Maki မင်းကလေးလည်းမဟုတ်တော့ဘူး။ဘောလုံးပွဲလေးအားပေးတာကို ခုံပေါ်ကတောင်လိမ့်ကျအောင် ဘယ်လိုများဆော့လဲ"
"ကိုကြီးကဘာသိလို့လဲ။သားကဘောလုံးပွဲကိုအားပေးတာမဟုတ်ဘူး သားရဲ့crushကိုအားပေးတာဗျ။သူကချောလွန်းလို့လေ ကြည့်နေရင်းကိုတအားချောလာတာဗျား။ခုံတွေ ကွင်းတွေမသိတော့ဘူး အရှိန်ပါသွားတာ ဟီးဟီး"
"နားရင်းအုပ်ချလို့ ဟီးဟီးဖြစ်သွားမယ်။ခုမှပထမနှစ်ရှိသေးတယ် ရည်းစားကထားချင်နေပြီ။တက်..ဆေးရုံသွားမယ်"
Kအတွက်Makiကကိုင်ပေါက်ချင်စရာညီငယ်လေးသာဖြစ်တယ်။Kကစိတ်ရှုပ်စရာတွေမကြိုက်ပေမယ့် ဒီအရှုပ်ထုတ်လေးကိုတော့ပိုက်ထားရတယ်။
သူ့အမေရဲ့ညီမဖြစ်တဲ့ တီငယ်ကသာ အမေရောအဖေရောမရှိတဲ့သူ့ကိုအနွံတာခံပြီးပြုစုပေးခဲ့တာမဟုတ်ဘူးဆို သူကဒီအရှုပ်ထုတ်ကိုသည်းခံနေမှာမဟုတ်ဘူး။ဒါပေမယ့် အရှုပ်ထုတ်လေးမာကီက တီငယ်ရဲ့သားလေးလေ။တီငယ့်မျက်နှာကြောင့် Kကဒီအရှုပ်ထုတ်ကလေးကို ဂရုစိုက်ပေးတယ်။
.................
Kကကော်ဖီအရမ်းကြိုက်တယ်ဆိုပေမယ့် ဂျိူ သူ့အတွက်ဖျော်ပေးတဲ့ကော်ဖီကိုအကြိုက်ဆုံးပဲ။ ဂျိုနဲ့ကွာရှင်းပြီးကတည်းက Kကကော်ဖီမသောက်ဖြစ်တာ တစ်လကျော်။
ဒါပေမယ့်အခု Cafeထဲကိုရောက်နေပါတယ်။
ကော်ဖီဆိုင်က Barista လေးဟာKရဲ့ယောက်ျားဟောင်းလေးဖြစ်တယ်။
အာဆာကူရာလေးက ဆိုးပါတယ်။ အရင်လိုKတစ်ယောက်တည်းအတွက်ကော်ဖီဖျော်မပေးတော့ပဲ ကော်ဖီဆိုင်မှာPart-timeလုပ်ပြီး လူတိုင်းကိုဖျော်တိုက်နေတယ်။
အဆိုးဆုံးကဘာလဲသိလား အနောက်မှာသူနဲ့တူတူအလုပ်လုပ်နေတဲ့နောက်တစ်ယောက်က ဟိုတစ်နေ့ကကျောင်းမှာတွေ့ခဲ့တဲ့သူနဲ့ တစ်ယောက်တည်းပဲ။
ဘယ်သူမှန်းမသိပေမယ့် ဂျို့အနားမှာတွေ့ရပြီး အကြည့်တွေကလည်းမရိုးသားမှန်း မြွေချင်းဖြစ်တဲ့Kကသိတာမို့ မျက်မုန်းကျိုးပါတယ်။
သူ့ရဲ့Joလေးက အဲ့တစ်ယောက်ကိုတစ်ခါတစ်ခါ လှလှလေးပြုံးပြနေတယ်။
အဲ့တစ်ေယာက်နဲ့ စကားပြောရင်းလည်း တစ်ချက်တစ်ချက်သွားတန်းစီစီလေးတွေပေါ်တဲ့အထိရယ်နေတက်တယ်။
Kမှာတိုစရာအူတောင်ရှိပါ့ဦးမလား။Kitchenနဲ့အနီးဆုံးဝိုင်းမှာထိုင်နေတဲ့Kက အထဲကနှစ်ယောက်ကိုမျက်မှောင်ကြုံ့ပြီး မှုန်ကုတ်စွာစိုက်ကြည့်နေခဲ့ပါတယ်။
"ဂျို ပါးမှာကော်ဖီမှုန့်တွေ"
"အယ် .. မသိဘူးရော"
"ကိုယ်ဖယ်ပေးမယ်"
"ရပါတယ်...ကိုယ်တိုင်ဖယ်လိုက်ပါ့မယ်"
"ဂျို့လက်အိတ်ချွတ်နေရဦးမှာကို အလုပ်ရှုပ်ပါတယ်"
ပြောပြောဆိုဆို တစ်ဖက်လူရဲ့လက်ဟာ ဂျို့ပါးမို့ထက်ရောက်သွားတဲ့အခါမှာ Kရဲ့ကမ္ဘာဟာစပျက်ပါတယ်။
တစ်ချိန်က သူမြတ်နိုးစွာထိတွေ့ခဲ့ရတဲ့ပါးမို့ နုနုထွေးလေးထက် တစ်ဖက်လူရဲ့လက်ကညှင်ညှင်သာသာ ထိတွေ့နေပုံက သူ့နှလုံးသားကိုတော့ ပြင်းပြင်းထန်ထန်ဆွဲကိုင်လှုပ်နေသလို ခံစားရပါတယ်။
"ကျေးဇူးပါ Nicholas-san အာ့"
Kitchenထဲက Baristaလေးကို ဧည့်သည်အမျိုးသားက အထဲထိ၀င်ပြီး လက်ဆွဲကာ ကြမ်းကြမ်းတမ်းတမ်းဆွဲခေါ်သွားတာမို့ ဆိုင်ထဲမှာရှိတဲ့သူတွေဆီက အသံခပ်စိပ်စိပ်ထွက်လာပေမယ့် ထိုအမျိုးသားရဲ့ခက်ထန်တဲ့မျက်နှာနဲ့ အရှိန်အဝါကြောင့် ဘယ်သူကမှတော့ထမဆွဲရဲခဲ့ပါဘူး။
ဆိုင်ရဲ့နောက်ဖက်က လမ်းကြားလေးထဲရောက်မှ လက်ကိုလွှတ်ပေးမိတဲ့အချိန်မှာ ဂျို့ရဲ့လက်ကောက်၀တ်ကလေးအရောင်ရဲနေတာကို ကြည့်ပြီး Kကသူ့ကိုယ်သူမကောင်းတဲ့ကောင်လို့ထပ်ပြီးခံစားလိုက်ရပြန်တယ်။တကယ်လည်းသူကမကောင်းမှန်းကိုယ့်ကိုယ်ကိုယ်သိပေမယ့်ပေါ့။
ဒါတောင်စကားတစ်လုံးမှမဟပဲ Kကိုအရိုးခံမျက်၀န်းလေးတွေနဲ့ကြည့်နေတော့တာ။Kတော့ရူးချင်တာပဲ။
တကယ်ဆိုအခုလေထုကအရမ်းကြောင်တောင်တောင်နိုင်တယ်။စိတ်တိုလို့သာဆွဲခေါ်လာပေမယ့် Kကအဲ့လိုလုပ်ပိုင်ခွင့်ရှိတဲ့ဆက်ဆံရေးမှ မဟုတ်တာ။ နှစ်ယောက်တည်းရှိတဲ့လမ်းကြားလေးထဲမှာ တစ်ယောက်စီကမှအသံမထွက်ပဲ တစ်ယောက်မျက်နှာသာတစ်ယောက်ကြည့်ပြီးတိတ်ဆိတ်နေခဲ့တယ်။Kကတော့ပိုကြည့်တာပေါ့။
Joမျက်နှာလေးကို ဒီလောက်နီးကပ်တဲ့အကွာအဝေးကနေ ငေးခွင့်ရတာကွာရှင်းပြီးတဲ့အချိန်ကစပြီးဒါပထမဆုံးပင်။
*ကလင် ကလင် ကလင်*
ဘဲလ်ကိုအလျှင်စလိုတီး၍ ရုတ်တရက်၀င်လာသော စက်ဘီးတစ်စီးကြောင့် ငေးနေတဲ့Kကို Joကတစ်ဖက်နံရံဆီတွန်းကာပို့ရင်း သူလည်းလိုက်ပြီး ရှောင်ရသည်။
ဒါပေမယ့် ခါးကိုဖက်တွယ်လာတဲ့Kလက်တွေကြောင့် ဒီအနေအထားကနေ ရုန်းမရပြုမရ။
အရပ်ကတိမ်းမယိမ်းအမျိုးသားနှစ်ဦးဖြစ်တာကြောင့် မျက်လုံးရှေ့တည့်တည့်မြင်နေရတဲ့မျက်၀န်းတွေဟာ ညှိ့ငင်ထားသလို အကြည့်မလွဲနိုင်တဲ့အတူ နှစ်ဦးစလုံးအာစေးမိနေကြသည်။
ရဲတက်လာတဲ့ လည်တိုင်ကစလို့ မျက်နှာနဲ့နားရွက်အဖျားလေးတွေနဲ့ဆန့်ကျင်စွာ Joရဲ့မျက်၀န်းတွေကတော့တည်ငြိမ်နေခဲ့ပါတယ်။
"ဟို .. "
Joရဲ့စကားလုံးတွေကထပ်ပြီးရှေ့မဆက်လိုက်ရခင် နှုတ်ခမ်းတစ်စုံရဲ့တားဆီးခြင်းကိုခံလိုက်ရတယ်။
Kကတော့ဇောင်းထဲအထည့်ခံထားရတဲ့ မြင်းတစ်ကောင်ရုတ်တရက်အလွှတ်ခံလိုက်ရသလို ထိန်းချုပ်ထားသမျှ အကုန်လွတ်ထွက်သွားတာမို့ ဘာမှမစဉ်းစားနိုင်တော့ပဲ လွမ်းနေခဲ့ရတဲ့ထိုနှုတ်ခမ်းပါးပါးလေးကိုသာအတိုးချလို့မွတ်သိပ်စွာ နမ်းရှိုက်တယ်။
ဆောင်းဦး၀င်ခါစ ညနေအေးအေး မှာ ကော်ဖီဆိုင်နောက်ပါးက လမ်းသွယ်ကျဉ်းကျဉ်းထဲကအမျိုးသားနှစ်ယောက်ကတော့ အစီအစဉ်မကျတဲ့ အနမ်းတွေကိုပုံဖော်နေကြလေရဲ့။
..........
29/August