Out Of the Woods

By fireflyfiel

10K 1.2K 85

I remember thinking... Are we out of the woods yet ? Start date : 14.8.2023 End date :29.8.2023 More

'Breaking up'
'Are you fine?'
'False God'
'The Scar'
'Admire'
'I'd rather die'
'Falling apart'
'Blue'
'Him'

"We're clean now"

1.4K 138 5
By fireflyfiel

ကျန်းဟာအို သူ့ရှေ့တွင်ကျန်းကျန်းမာမာနှင့်မတ်တပ်
ရပ်နေခဲ့သော ဆောင်းဟန်ဘင်းအားမျက်တောင်
မခတ်တမ်းငေးကြည့်နေဖြစ်သည် ။ သေချာပေါက်တော့
သူ့မျက်တောင်စွန်းလေးတွေမှာ မျက်ရည်စတွေ
ငြိတွယ်နေခဲ့မှာပင် ။

အကြာကြီးစောင့်နေခဲ့ရလားတဲ့.....
သေချာစီစဉ်ပြီးထားသွားခဲ့လားတောင်မှတ်ရတယ်
ဟန်ဘင်းရယ်...။

ကျန်းဟာအိုအောက်နှုတ်ခမ်းကိုဖိကိုက်ထားမိပြီး
မျက်ရည်တွေထပ်မကျလာမိစေရန် ထိန်းထားသော်
လည်း ကျလုဆဲမျက်ရည်တွေကိုခံစားမိသောအခါ
ဆောင်းဟန်ဘင်းကိုကျော်ပြီး ကားထဲပြေးဝင်မိတော့
တာပါဘဲ ။

ကားထဲရောက်မှ ကားစီယာတိုင်ပေါ်ခေါင်းမှောက်ချလို့
တင်းထားသမျှစိတ်တွေကိုလျှော့ချမိသည် ။ အသည်း
အသန်ငိုကြွေးနေမိတဲ့ ကျန်းဟာအိုဟာသူ့ကားပေါ်ကို
ဆောင်းဟန်ဘင်း တက်လာမှသာလျှင်မျက်ရည်တွေ
နှင့်ခေါင်းထောင်ကြည့်မိသည် ။

" ကိုယ်စိတ်မကောင်းဖြစ်အောင်လို့.. " ဟုဆိုကာ
သူ့ပါးပြင်ပေါ်ကမျက်ရည်တွေကို ဖွဖွလေး
သုတ်ပေးလာသူ ။

လက်နှစ်ဖက်ဖြင့် ကျန်းဟာအိုမျက်နှာလေးကို
တယုတယ ကိုင်ပြီးမျက်နှာအနှံ့ကိုကြည့်နေလိုက်
တာများ ကျန်းဟာအိုကိုအခုမှမြင်ဖူးသလိုပါပင် ။

ကျန်းဟာအိုကလဲ ဆောင်းဟန်ဘင်းရဲ့မတွေ့ရတဲ့
နှစ်တွေအတွင်း ပိုပြီးခန့်လာခဲ့တဲ့မျက်နှာချောချော
ကိုမျက်တောင်တစ်ချက်မခတ်မိဘဲစိုက်ကြည့်
နေမိတာ ဆောင်းဟန်ဘင်းလက်တွေထဲကရုန်းထွက်
ဖို့တောင်သတိမရ ။

" ဘယ်လိုလုပ်ပြီး မျက်နှာလေးကသေးသေးလေးပဲ
ရှိရတော့တာလဲ "

" အခုကအဲ့ဒါတွေမေးဖို့အချိန်လား ဟန်ဘင်း.. "

ကျန်းဟာအိုရဲ့ စကားကိုကြားသော်ဆောင်းဟန်ဘင်း
ကခဏတော့ တည်တံ့သွားပါသည် ။

" တောင်းပန်ပါတယ်ဆိုတာ ငါကြားချင်တဲ့စကား
မဟုတ်မှန်းမင်းသိမှာပါ ၊ ငါအရာအားလုံးနားလည်
ပေးနိုင်တာမလို့ ငါ့ပုံစံကမင်းအမြင်မှာဘယ်လောက်
တောင်အားနည်းနေတဲ့ပုံပေါက်နေခဲ့လို့ လျှို့ဝှက်ထားခဲ့
ရတာလဲဆိုတာပဲ သိချင်တယ် "

ဆောင်းဟန်ဘင်းဟာ သက်ပြင်းဖွဖွချပြီးကျန်းဟာအို
ရဲ့မခြောက်သေးတဲ့ မျက်ရည်စတွေကို လက်မလေးဖြင့်
ဖိသုတ်ပေးလာသည် ။ ထို့နောက်တော့ ဘာမှမပြောလာ
ကျန်းဟာအိုရဲ့ မျက်နှာလေးကိုသာရီဝေဝေ
မျက်လုံးတွေဖြင့်စိုက်ကြည့်လို့နေပြန်သည် ။

" ငါ...အစားပုံမှန်စားပါတယ် ဒါ..ဒါပေမဲ့ ဘယ်လိုပဲ
စားစား ငါကကျန်းမာနေပြီးမင်းကတော့နေမကောင်း
ဖြစ်နေတာပဲဆိုပြီး တွေးလိုက်မိရင်ငါဘာမှစားလို့
မဝင်တော့ဘူး ၊ မင်းမှာထားသလိုနေဖို့ကြိုးစားပေမဲ့
အကယ်၍ ငါကများမင်းမရှိဘဲအဆင်ပြေနေတာကို
သိသွားရင် ငါ့ဆီမင်းဘယ်တော့မှပြန်မလာမှာကို
ငါကြောက်နေခဲ့မိတယ် ၊ အဲ့..အဲ့ဒါကြောင့်
ငါ့မိဘဆီလဲ တစ်ခါပဲပြန်ခဲ့သလို ၊ မွေးနေ့တွေလဲ
တစ်နှစ်မှမကျင်းပခဲ့ဘူး ၊ အရက်ဆိုင်တွေထဲမှာဘဲ
မင်းကိုလွမ်းတဲ့စိတ်ကိုမေ့နိုင်တာမလို့ အဲ့နေရာတွေက
ငါ့အတွက်ပုံမှန်သွားနေကျနေရာဘဲ ၊ ပြီးတော့မင်းကို
မေ့ဖို့မကြိုးစားခဲ့သလို မင်းမှာခဲ့တဲ့အတိုင်း...မင်းကို
အစားထိုးဖို့လဲ ငါမကြိုးစားခဲ့ဘူး ဟန်ဘင်း....
မင်းငါ့ဆီပြန်လာမယ်ဆိုတာ ငါယုံကြည်နေခဲ့
တာကြောင့် "

ကျန်းဟာအိုနှုတ်ခမ်းပါးတွေက တုန်ရီနေပြီး
သူ့အိပ်ခန်းထောင့်မှာ တစ်ယောက်တည်းဝမ်းနည်း
ကြေကွဲစွာဖြတ်သန်းခဲ့ရတဲ့ အတိတ်တွေကိုပြောပြ
မိတဲ့အခါ သူ့ပုခုံးပေါ်ရောက်နေခဲ့တဲ့လက်တွေဟာ
အနည်းငယ်တင်းကျပ်သွားကြောင်းခံစားရလေသည်

" ဟာအိုရယ်... "

ဟန်ဘင်းရဲ့မချိတင်ကဲ ရေရွတ်သံအဆုံးမှာ
ဟာအိုဘာမှများများစားစား မစဉ်းစားတော့ဘဲ
ဆောင်းဟန်ဘင်း ရင်ခွင်ထဲသို့ဝင်ခိုမိပါတော့သည် ။
ဟန်ဘင်းကလဲ သူ့အားတင်းတင်းကျပ်ကျပ်ပြန်လည်
ပွေ့ဖက်လို့ ရင်ခွင်နားကပ်ထားသည်မှာ ဟာအို့အား
လွတ်ထွက်သွားမှာဆိုးသည့်အလား ။

မခိုလှုံဖြစ်တာကြာတဲ့ ဆောင်းဟန်ဘင်းရဲ့ရင်ခွင်ဟာ
အရင်အတိုင်းဘာမျှပြောင်းလဲမသွားဘဲ ကျန်းဟာအို
အတွက် နွေးထွေးနေဆဲဖြစ်ပြီး ကိုယ်သင်းနံ့လေးသာ
လျှင်အရင်ကနှင့်မတူတော့တာဖြစ်သည် ။ အရင်က
သစ်သီးရေမွှေးနံ့ကို သုံးတတ်တဲ့သူဟာဘာကြောင့်များ ပင်လယ်နံ့ဖျော့ဖျော့လေးကို ပြောင်းသုံးလိုက်လဲကတော့
နောက်မှမေးမည်ဟုသာ တေးထားမိသည် ။

သူ့ရင်ခွင်ထဲက ကိုယ်သေးသေးလးကို ဖက်ထားရင်း
နဲ့မှအလွန်သေးငယ်သွားတဲ့ ဟာအိုကြောင့်
ဆောင်းဟန်ဘင်းစိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်
တွေကျမလာခင် နှာခေါင်းတွေနစ်ဝင်သည်အထိ ခေါင်းလုံးလုံးလေးအား နမ်းနေမိပါသည် ။

အတန်ကြာသည်အထိ ဖက်ထားမိတဲ့သူတို့နှစ်ယောက်
မှာအသက်ရှူကျပ်လာမှသာ တင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားရာမှလွှတ်ဖို့သတိရကြတော့သည် ။

" ကိုယ့်မှာဟာအို့ကိုဆူစရာတွေတော့အများကြီးဘဲ
အခုတော့ အိမ်ပြန်ရအောင်နောက်ကျနေပြီ "

ကျန်းဟာအိုက ဆောင်းဟန်ဘင်းပြောတာကို
အသာတကြည်လက်ခံပြီး ကားပေါ်ကဆင်းလို့
ထိုင်လိုက်တဲ့သူနေရာဆီသို့ ကူးပြောင်းရပါတော့သည်
သူကမောင်းမည်ဆိုလျှင် ဆောင်းဟန်ဘင်းကတားဆီး
လာဦးမယ်ဆိုတာ ကြိုသိလင့်နေတာမလို့ဟာအို့ဘက်က
အလိုက်သိပေးရုံသာဖြစ်ပါသည် ။

အချိန်အတော်ကြာကြာခွဲပြီးမှ ပြန်လည်တွေ့ဆုံခဲ့ရတာ
ကြောင့်ကျန်းဟာအိုဟာ ဆောင်းဟန်ဘင်းနဲ့ထပ်ခွဲခွါရမှာ
ကိုအတော်လေးကြောက်လန့်နေမိပြီဖြစ်ပါသည် ။

ထိုင်ခုံကိုမှီလို့ ဆောင်းဟန်ဘင်းအားဘေးတစောင်း
ကြည့်နေသူကြောင့် ဆောင်းဟန်ဘင်းကကားမောင်း
နေရင်းမှနှုတ်ခမ်းတွန့်ရုံလေးပြုံးမိသည် ။ ဟာအိုရဲ့
လက်တစ်ဖက်ဟာ ကျန်းဟာအိုရဲ့လက်ကလေး
တစ်ဖက်ကိုဆုပ်ကိုင်ထားပြီး ဟာအိုကတော့
ဆောင်းဟန်ဘင်းရဲ့ ကော့တက်သွားတဲ့နှုတ်ခမ်းစွန်း
လေးကအစ လိုက်ကြည့်ရင်း တစ်ခါမှမတက်စဖူး လောဘတွေတက်လာရတော့တာပါဘဲ ။

" တက္ကသိုလ်တုန်းကခင်ခဲ့တဲ့ပါမောက္ခတစ်ယောက်ရဲ့
စျာပနကိုသွားမိရာကနေ မင်းနဲ့ပြန်တွေ့ရလိမ့်မယ်လို့
မထင်ခဲ့ဖူးဘူး "

ကျန်းဟာအိုလေးက တစ်ခုခုကိုပြောပြလာမှာမလို့
အစချီနေသည့်အခါ ဆောင်းဟန်ဘင်းကတိတ်ဆိတ်
နေရင်းပဲ ဆက်၍နားထောင်ဖြစ်သည် ။

" သူကလဲ ကင်ဆာရောဂါနဲ့ဆုံးသွားခဲ့တာတဲ့... "

ဆုတ်ကိုင်ခံထားရတဲ့လက်လေးတစ်ဖက်က တင်း
ကျပ်သွားတာကို ဟာအိုကသိပေမဲ့လဲသူ့ရဲ့အကြည့်
တွေကို ဆောင်းဟန်ဘင်းဆီကနေမခွါမိသေးပါဘူး ။

" အချိန်ရရက်နဲ့ကုသမှုမခံယူခဲ့တာဘာကြောင့်
များဖြစ်နိုင်လဲလို့ တခြားသူတွေကမေးတော့
သေရမှာထက် တစ်စုံတစ်ခုကိုဆုံးရှုံးရမှာကို
ပိုကြောက်တာမလို့ ချစ်ရတဲ့သူတွေနဲ့ခွဲရမဲ့နေ့တွေကို
တစ်ယောက်တည်းထိုင်ရေတွက်ရင်း ဘဝကူးသွား
ခဲ့တာလို့ ပြန်ပြောတယ် "

" ... "

" တစ်လျှောက်လုံးမင်းကိုအထင်လွဲနေမိတဲ့ငါက
အဲ့တော့မှ အတွေးဝင်မိတယ် ။ အကယ်၍ငါသာ
ဆိုရင်လဲ ငါ့ကြောင့်နဲ့အများကြီးစိတ်ပင်ပန်းနေရမဲ့
မင်းကိုမြင်ယောင်လာရင် ဒီဆုံးဖြတ်ချက်ကိုပဲ
ချမိမှာထင်တယ် "

" အများကြီးတွေးမနေတော့ဘဲ
လက်ရှိကိုပဲ အာရုံစိုက်ကြရအောင်လေ "

ဆောင်းဟန်ဘင်းက ကားမောင်းနေရင်းနဲ့မှ
ကျန်းဟာအိုရဲ့ လက်ဖမိုးလေးကိုငုံ့နမ်း၍ပြော
လာသောအခါ ကျန်းဟာအိုက မထိန်းနိုင်စွာနဲ့
မျက်ရည်တစ်ပေါက်ကိုလွတ်လပ်စွာကျဆင်းခွင့်
ပေးလိုက်ပါသည် ။

" ကြိုးစားရှင်သန်ခဲ့ပေးလို့ကျေးဇူးတင်ပါတယ်
ဟန်ဘင်း..."

အဆုံးသတ်မှာ တိုးဝင်သွားတဲ့အသံနဲ့အတူဟာအို့ရဲ့
မျက်နှာဟာလဲ ပြတင်းပေါက်ရှိရာဘက်သို့လှည့်
သွားသောအခါမှသာ ဆောင်းဟန်ဘင်းက
ကျန်းဟာအိုဘက်ကို လှည့်ကြည့်ဖြစ်လိုက်သည် ။

ကိုယ်မင်းကိုဆုံးရှုံးရမှာထက် မင်းနဲ့ခွဲရမှာကို
ကြောက်နေမိခဲ့လို့ပါ....

သူ့ပါးပြင်ပေါ်ကိုလဲ ရေစက်တစ်ချို့ကဖြတ်ပြေး
သွားသည်ဟု သူလဲခံစားမိလိုက်ပါသည် ။

~

နိုးနေရက်နဲ့တောင်မထဘဲ ဆောင်းဟန်ဘင်းရင်ဘတ်
ပေါ်မေးထောက်လို့ မျက်နှာအနှံ့လိုက်ထိတွေ့နေသူဟာ
ဆောင်းဟန်ဘင်းနိုးနေတာကိုလဲ သတိထားမိပုံမပေါ်ပါ

လက်ညှိုးတစ်ချောင်းဟာ ဆောင်းဟန်ဘင်းမျက်နှာ
ပေါ်နေရာယူနေခဲ့သည်မှာ အတော်ကြာနေပြီဖြစ်သည်
မျက်လုံးမှတဆင့် ဆောင်းဟန်ဘင်းရဲ့မျက်တောင်တွေ
ကိုတစ်ခုချင်းရေတွက်နေလားမှတ်ရအောင် ထိတွေ့
နေသူမှာ အတန်ကြာမှ နှာတံတစ်လျှောက်ဆင်းလာ
ခဲ့သည် ။

နှာတံမှတဆင့် နှုတ်ခမ်းနားသို့ လက်ညှိုးလေးက
ဝေ့ဝဲလာသောအခါ ဆောင်းဟန်ဘင်းက ထိုလက်ညှိုး
ကိုနှုတ်ခမ်းလေးဖြင့် အသာဖမ်းလိုက်လေသည် ။

" အ နိုးနေတာလား ဟန်ဘင်း "

ဆောင်းဟန်ဘင်းရဲ့ရုတ်တရက်အပြုအမူကြောင့်
လန့်သွားပုံရတဲ့ ကျန်းဟာအိုမှာမျက်လုံးအပြူသား
ဖြင့်မေးလာခဲ့သည် ။

" လူတစ်ယောက်ရင်ဘတ်ပေါ်မေးတင်ပြီး
ခိုးငိုနေတည်းက နိုးနေတာလေ "

" အာ...မငိုပါဘူး ဘယ်သူကငိုလို့လဲ "

ကျန်းဟာအိုက သူမသိလောက်ဘူးထင်ပြီးမျက်ရည်
လေးတွေ တိတ်တိတ်လေးကျနေခဲ့တာကို သိနေသည်
ဟုပြောလိုက်သောအခါ နားရွက်ဖျားလေးများက
နီဆွေးသွားလေသည် ။

" ဒါဆိုဘာလို့ဒီနားရွက်လေးတွေကနီသွားရတာလဲ "

ဆောင်းဟန်ဘင်းကပြောပြီး နားရွက်လေးကိုငုံထွေး
လိုက်သောအခါ ကျန်းဟာအိုလေးကခပ်သော့သော့
ရယ်လေသည် ။

သူ့ရင်ဘတ်ပေါ်မေးတင်ထားတဲ့ ကျန်းဟာအိုရဲ့
နဖူးလေးကိုနမ်းလိုက်ပြီး အသာလေးဆွဲထူလို့
မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် နေရာချကာ ပွနေသောဆံပင်လေးများကိုသပ်သပ်ရပ်ရပ်လေး
ဖြစ်အောင် လက်ဖြင့်သတ်တင်ပေးလိုက်သည်

" ဒီနှစ်တွေအတွင်း သဘောကျတယ်လို့လာပြောတဲ့
လူတစ်ယောက်တောင်မရှိခဲ့ဘူးလား "

" တစ်ယောက်တောင်ကပါ့မလားဘဲ "

" ဒါဆိုဘာလို့လက်မခံခဲ့တာလဲ "

" သူတို့ကဆောင်းဟန်ဘင်းမှမဟုတ်တာ "

" ဒါဆိုဆောင်းဟန်ဘင်းကပြောရင်ရောလက်ခံ
မှာလား "

" လက်ခံမှာ..အယ် "

အငိုက်မိသွားသူ ကျန်းဟာအိုလေးမှာသူ့လက်ညှိုးလေး
သူပြန်ကိုက်ပြီး ဆောင်းဟန်ဘင်းအားမျက်စောင်းလေး
ဖြင့်ကြည့်လာခဲ့သည် ။

" ကိုယ်တို့လမ်းခွဲထားတာလေမဟုတ်ဘူးလား "

ကျန်းဟာအိုလေးက ထိုအခါမှအတိတ်ကိုပြန်တွေး
မိသွားပုံပေါ်ကာ မျက်လုံးလေးတွေကထိုင်းမှိုင်းသွား
ပြန်သည် ။

" အဲ့တုန်းကဟာအို့အပေါ်လုပ်ခဲ့မိတာတွေအတွက်
တောင်းပန်ပါတယ် "

" တောင်းပန်စကားမလိုချင်ဘူးလို့ပြောခဲ့တယ်လေ "

ဆောင်းဟန်ဘင်းက ခပ်ဖွဖွပြုံးပြီးကျန်းဟာအို
ရဲ့မျက်နှာလေးနှစ်ဖက်ကိုနူးနူးညံ့ညံ့လေးထိတွေ့
လာသည် ။

" ကိုယ်အရမ်းလွမ်းနေခဲ့တာ ဒီမျက်နှာလေးကို
ပြီးတော့ ဘယ်တော့မှထပ်မတွေ့ရတော့မှာကို
အရမ်းကြောက်နေခဲ့မိတယ် ၊ ပြီးတော့ကိုယ်ပြောသလို
ကိုယ့်နေရာကို အစားထိုးမဲ့သူရှာတွေ့သွားမှာကိုလဲ
စိုးရိမ်နေခဲ့မိတယ် ၊ ကိုယ်တစ်ယောက်တည်းရှိနေခဲ့တဲ့
အချိန်တွေထက် ဟာအိုတစ်ယောက်တည်းရှိနေမဲ့
အချိန်တွေကို တွေးမိပြီးကိုယ်တော်တော်လေးစိတ်ပူ
ခဲ့ရတဲ့ နေ့တွေလဲ ရှိခဲ့တယ် "

" ... "

" ဒီအတောအတွင်း ဟာအို့ကိုကိုယ်ပြောဖို့
ကျန်နေခဲ့တဲ့....ချန်ခဲ့မိတဲ့ စကားတစ်ခွန်း
ရှိနေခဲ့တယ် ဟာအို "

ကျန်းဟာအိုလေးရဲ့ မျက်တောင်တွေမှာပုပ်ခက်ပုပ်ခက်
ဖြစ်သွားပြီး လက်လေးတွေကအေးစက်လာတာကို
လဲဆောင်းဟန်ဘင်းက ခံစားလို့ရနေသည် ။ တုန်လှုပ်
နေတဲ့နှလုံးသားငယ်ကြောင့် လက်ဖဝါးလေးတွေကို
တယုတယနမ်းပေးမိတော့ အေးစက်မှုဟာအနည်းငယ်
ပါးသွားသယောင် ။

" ကိုယ်ဟာအို့ကိုချစ်တယ်...ဆိုပြီးဘာလို့မပြောနိုင်
ခဲ့လဲ သိလားဟာအို "

ခေါင်းအသာခါပြလာသောသူမှာ မြတ်နိုးချင်စရာအတိ

" ဟာအိုနဲ့အတူရှိနေခဲ့တဲ့ လေးနှစ်အတွင်းမှာကိုယ့်ဘက်
တွေးမိတာတွေ အများကြီးရှိတယ် ကိုယ့်ဘက်က
ချစ်ပေး ဂရုစိုက်ပေးတာတွေက ဟာအို့အပေါ်လုံလောက်
ပါ့မလား လိုအပ်တဲ့နေရာတွေများရှိနေမလားပေါ့
ထပ်ပြီး ဟာအိုကိုယ့်ကိုချစ်တာတွေလောက်ကိုယ်
မချစ်ပေးနိုင်မှာကိုရောပဲ အဲ့ဒါတွေထက်အပိုဆုံးက
ဟာအိုက ကိုယ့်ရဲ့ darkside ကိုမသိခဲ့တာကြောင့်ပဲ "

ဆောင်းဟန်ဘင်းရဲ့ စကားကြောင့်ကျန်းဟာအိုရဲ့
မျက်လုံးလေးများမှာ ကလယ်ကလယ်ဖြစ်သွားရသည်
ဆောင်းဟန်ဘင်းက တက္ကသိုလ်တုန်းကအရမ်းကြီး
လိမ္မာခဲ့တဲ့လူမဟုတ်ပေမဲ့ လူဆိုးတစ်ယောက်လည်း
ဟုတ်မနေခဲ့ပါဘူး ၊ ဒါပေမဲ့သူနဲ့တွဲနေတဲ့တစ်လျှောက်
လုံးမှာတော့ မိန်းကလေးကိစ္စကစလို့ အဘက်ဘက်က
တည်ငြိမ်ပြီး သူ့တစ်ယောက်တည်းကိုသာရှေးရှုနေခဲ့
တာမလား ၊ ဒါနဲ့များဘယ်လို darkside ကရှိနေရတာလဲ

" ကိုယ့်ရဲ့အပြောင်းအလဲမြန်တဲ့ စိတ်ကြောင့်ဟာအို
မတိုင်ခင်ဘယ်သူနဲ့မှ ကိုယ်အတည်မတွဲဖြစ်ခဲ့ဘူး
ထပ်ပြီး ဟာအိုနဲ့ရည်းစားတွေဖြစ်လာတော့ ကိုယ့်
နောက်ကြောင်းတွေကို နည်းနည်းလေးတောင်ဂရုမစိုက်
ဘဲကိုယ်ဘေးမှာ ရှိနေရုံနဲ့ကျေနပ်နေတဲ့ ဟာအို့ကို
မြင်လာရတော့ ကိုယ်အားနာလာတယ် ၊ ပိုပြီးဂရုစိုက်
ပေးချင်လာတယ် ၊ အဲ့ဒါတွေကအချစ်လားဆိုတာ
ကိုယ့်ဘာသာလဲ သေချာမသိခဲ့ဘူး ၊ အဲ့ဒါတွေထက်
အဆိုးဆုံးကတော့ ကိုယ်ကဟာအို့ကိုချစ်နေမိတာ
မဟုတ်ဘူးဆိုရင် ကိုယ်တကယ်ချစ်မိတဲ့သူကိုတွေ့
သွားလို့ ကိုယ်တို့လမ်းခွဲကြရမှာကိုပဲ အဲ့လိုတွေ
ကိုယ့်အတွေးတွေနဲ့ကိုယ်ရှုပ်နေခဲ့မိလို့
ကိုယ်ဟာအို့ကို ဒီနှစ်တွေအတွင်းချစ်တယ်ဆိုတဲ့
စကားကို အလွယ်တကူမပြောနိုင်ခဲ့တာပါ "

" ... "

" ကိုယ့်ဆီမှာ...အင်း အဲ့ဒီ့ရောဂါရှိလာပြီဆိုတာ
သိလိုက်ရတဲ့နေ့မှာ ကိုယ့်ခေါင်းပေါ်ကိုမိုးကြိုးပစ်ချ
လိုက်သလိုပါဘဲ ။ ကင်ဆာဆိုတာသေချာအဖြေထွက်
လာတဲ့နေ့မှာ ကိုယ်တိုင်ထက် ဟာအို့ကိုအရင်ဆုံး
တွေးပူခဲ့မိတာ...ရယ်တော့ရယ်ရသား ဟာအိုအဲ့ချိန်ထိ
ကိုယ်က မင်းကိုချစ်နေမိတယ်ဆိုတာ ဝန်မခံနိုင်ခဲ့ဘူး
တစ်ဖက်မှာလဲ ကိုယ်မရှိဘဲပြိုလဲနေမဲ့မင်းကိုမမြင်ချင်
ခဲ့ဘူး အဲ့ဒါကြောင့်ဘဲ မင်းကိုလမ်းခွဲဖို့ကိုယ့်ဘာသာ
တစ်ဖက်သတ်ဆုံးဖြတ်ခဲ့မိတယ် ။

ထုံးစံအတိုင်း ကျန်းဟာအိုကတော့ လမ်းခွဲပြီးလဲ
ပုံမှန်လိုဘဲ နေသားကျအောင်ဟန်ဆောင်ကောင်းခဲ့
တယ်လေ ။ ဟန်ဆောင်နေမှန်းသိရက်နဲ့တောင်
ကိုယ့်မှာ မင်းကိုယ်မရှိလဲနေနိုင်သွားမှာကိုကြောက်
လာပြန်တယ် ၊ နေသားကျသွားပြီးကိုယ်မရှိတော့ရင်
ကိုယ့်ကိုမေ့သွားမှာ ကြောက်လာပြန်တယ် ၊ ကိုယ့်ရဲ့
သေဆုံးမှုထက်မင်းနဲ့ခွဲရမှာကိုပိုကြောက်ခဲ့မိတာပါ
ဟာအို... "

စကားအရှည်ကြီးကိုပြောပြီးသောအခါ ဆောင်းဟန်ဘင်း
ကကျန်းဟာအိုရဲ့ ပုခုံးလေးတစ်ဖက်ပေါ်မျက်နှာအပ်
လာခဲ့တယ် ။ ကျန်းဟာအိုကတော့ သူ့ဘဝမှာတစ်ခါမှ
မမြင်ဖူးတဲ့ ဆောင်းဟန်ဘင်းရဲ့ပုံစံကြောင့်အခြေအနေ
တွေကို လက်ခံရမှာတောင် ခက်ခဲနေသည် ။ ဘာလို့ဆို
ဟန်ဘင်း ကတစ်ခါမှ တစ်ခါလေးတောင်နော်...သူ့ကို
အခုလို စကားအရှည်ကြီးပြောပြီး မရှင်းပြဖူးခဲ့ဘူး ။
ဟန်ဘင်း နေမကောင်းဖြစ်နေခဲ့တာကိုပဲ သူကျေးဇူး
တင်သင့်သည်လား ။ မကောင်းတဲ့အတွေးမလို့
ကျန်းဟာအိုအမြန်ပဲ သူ့ခေါင်းကိုခါထုတ်လိုက်ရသည် ။

" ကိုယ်မင်းကိုချစ်တယ် ဟာအို "

ကျန်းဟာအိုရဲ့ ရင်ထဲမှာရုတ်တရက်ပဲလေပြင်း
တစ်ချက်တိုက်ခတ်သွားခဲ့ပြီး ထိုလေပြင်းက
ပန်းပွင့်လေးတွေနဲ့လိပ်ပြာလေးတွေကို သူ့ရင်ထဲ
ဖန်တီးပေးလိုက်သယောင် ။ သူ့အနီးနားပတ်ဝန်းကျင်
တစ်ခုလုံးကလဲ ပန်းရောင်သန်းလာသယောင် ။

ပုခုံးကိုမျက်နှာအပ်နေရာမှ ဟန်ဘင်းကခေါင်းထောင်
လာခဲ့ပြီး ကျန်းဟာအိုရဲ့မျက်လုံးခပ်ချွန်ချွန်လေးတွေ
ကိုစိုက်ကြည့်လာခဲ့သည် ။

" ကိုယ့်ဘဝအတွက်မင်းကိုလိုအပ်တယ် ဟာအို
အရမ်းနောက်ကျနေပြီမှန်းသိပေမဲ့ ကိုယ့်ကောင်လေး
ပြန်ဖြစ်ပေးနိုင်မလား ဟာအို... "

သူ့ရဲ့လက်ဖဝါးလေးတွေကို ဖြစ်ညှစ်ပြီးပြောတော့
ကျန်းဟာအိုမှာ မျက်နှာတွေပူတက်လာရသည် ။
ဘယ်လိုဖြစ်ပြီး အခုအခြေအနေကရုတ်တရက်ကြီး
တက္ကသိုလ်ကျောင်းသာအချိန်ကိုပြန်ရောက်သွား
ရတာလဲ ။

ရှက်သည်းနေတဲ့ ကျန်းဟာအိုရဲ့မျက်နှာလေးကို
ကြည့်ကာ ခပ်တိုးတိုးရယ်လာသူက ဆိုလာပြန်သည် ။

" ကိုယ်မင်းနဲ့တွဲနေခဲ့တုန်းက တွေးနေမိတာကို
မှတ်မိသေးတယ်.....
ကိုယ်တို့ပြဿနာတွေကနေ ဘယ်လောက်ကြာမှ
လွတ်မြောက်နိုင်မှာလဲပေါ့

အခုတော့သိပြီ ပြဿနာက ကိုယ်တိုင်ဖြစ်နေခဲ့တာလေ
အရင်ကဆောင်းဟန်ဘင်းကမရှိတော့ဘူး ဒီနေ့ကစပြီး
ကျန်းဟာအိုကို အရမ်းချစ်တဲ့ဆောင်းဟန်ဘင်းပဲ
ရှိတော့မှာမလို့ ကိုယ့်ကိုယုံကြည်ပေးပါ "

ကျန်းဟာအိုက မျက်လွှာတွေချလို့ခပ်တိုးတိုးနဲ့
လက်ခံစကားဆိုမိသော် သူ့ကိုရင်ခွင်ထဲသို့
တင်းတင်းကျပ်ကျပ်ထည့်ဖက်လာကာ သူ့ရဲ့
ဆံနွယ်တွေထဲ အနမ်းတွေခိုးယူနေပြန်သည် ။

" အခုဆိုငါတို့ကြားမှာ အကုန်ရှင်းပြီပေါ့နော်... "

" ဟင့်အင်း ဟာအို့ပေါ်မကျေနပ်တာတွေကျန်သေးတယ်
ဒါတော့ နောက်မှပဲ အခုတော့နမ်းချင်တယ်မျက်နှာလေး
မော့ပါဦး "

မော့ပါဦး ဆိုသော်လည်း အပြောထက်လက်ကအရင်
ရောက်တဲ့သူဟာ ကျန်းဟာအိုမေးဖျားလေးကို
ပင့်တင်လို့ နှုတ်ခမ်းတွေကို နမ်းနှင့်ပြီးပါပြီ ။

ကျန်းဟာအိုကလဲ အလိုက်သင့်လေးတုံ့ပြန်တော့
သဘောကျသွားပုံရသူက အနမ်းတွေကြားထဲကပင်
ပြုံးယောင်သမ်းသွားတာ ခံစားလို့နေပါသေးသည် ။

သည်လိုနဲ့ပဲ သူ့ရဲ့မနက်ခင်းဟာ အကြာကြီးနေမှ
ပထဆုံးအနေနဲ့ ပြန်ပြီးနေရောင်ခြည်ကိုလက်ခံရရှိ
ခဲ့သလို အရင်က သစ်သီးမွှေးနံ့လေးတွေစွဲနေလေ့
ရှိတဲ့ မိုးပြာရောင်တွေပြည့်နှက်နေတဲ့ အခန်းလေးကလဲ
ပင်လယ်ဖျော့ဖျော့အနံ့လေးတွေ ကူးလူးဝင်ရောက်
နေခဲ့ပါသည် ။

ရေမွှေးပြောင်းလိုက်ခြင်းက တကယ်ဘဲ ဟန်ဘင်းက
သူ့ဆီကို စိတ်သစ်ကိုယ်သစ်အနေနဲ့ပြန်ရောက်လာခဲ့
တယ်ဆိုတာရဲ့အဓိပ္ပာယ်ပဲ ဖြစ်လိမ့်မည်ဟု ကျန်းဟာအိုကတစ်ဖက်သတ်မှတ်လိုက်ပါတော့သည် ။














~

And I remember thinking

Are we out of the woods yet?




















~
ဇာတ်သိမ်းပါပြီရှင် ။

ထပ်ပြီးနောက်အလုပ်လေးတစ်ခုလဲပြီးသွားပြန်ပါပြီ
ဒါလေးပြီးရင်တော့ ရက်လေးနည်းနည်းလောက်တော့
နောက်တစ်ခုစဖို့ကို အချိန်ယူရဦးမယ်ရှင် ကိုယ့်အရေး
အသားတွေက ဒီဘောင်ထဲကပဲဖြစ်နေလို့ကြာရင်
စာဖတ်သူတွေရော ကိုယ်ပါပျင်းသွားမှာမလို့ drop
လိုက်တဲ့ ကိစ္စတွေဖြစ်လာမှာဆိုးလို့ စာရေးနည်း
Style အသစ်တစ်ခုလောက်ကြိုးစားကြည့်ပါဦးမယ်
ဒီကြားထဲ အိုင်နဲ့စကားပြောချင်တဲ့သူရှိရင် NGL link
လေးချထားပေးမယ်နော် ။ သိချင်တာလေးဘာညာ
ရှိရင်မေးလို့ရအောင်ပါ အိုင်စာလာပြန်ပေးပါ့မယ် ><

အခုလိုဘာပဲတင်တင်ဖတ်ပေးကြတဲ့တစ်ယောက်ချင်း
ဆီတိုင်းကိုကျေးဇူးပါရှင် ။ မပြည့်မစုံ work လေး
နောက်ထပ်တစ်ခု ပြီးသွားခဲ့ပြန်ပါပြီ <3

Continue Reading

You'll Also Like

2M 57.3K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
109K 1.4K 22
Y/N moves to LA trying to restart Started: July 31, 2020
11.9K 430 23
Photographer and horse rider Rowan Miller goes to summer camp for the first time. She makes new friends, and starts liking a guy named Joshua "Josh"...
1M 32.9K 78
"π™Ύπš‘, πš•πš˜πš˜πš” 𝚊𝚝 πšπš‘πšŽπš–! πšƒπš πš˜ πš•πš’πšπšπš•πšŽ πš—πšžπš–πš‹πšŽπš› πšπš’πšŸπšŽπšœ! π™Έπš'𝚜 πš•πš’πš”πšŽ πšπš‘πšŽπš’'πš›πšŽ...πšπš˜πš™πš™πšŽπš•πšΓ€πš—πšπšŽπš›πšœ 𝚘𝚏 πšŽπšŠπšŒπš‘...