ကြင်သူသို့... ( Completed)

By Chitlay84

39K 1.6K 78

အချစ်ဆိုတာ တကယ်ရှိတယ်။ More

Intro❤
Part- 1
Part- 2
Part- 3
Part - 4
Part- 5
Part- 6
Part- 7
Part- 8
Part- 9
Part- 10
Part- 11
Part- 13
Part- 14
Part- 15
Part- 16
Part- 17
Part- 18
Part- 19
Part- 20
ဇာတ်သိမ်းပိုင်း❤

Part- 12

1K 53 0
By Chitlay84

Part- 12




ညေန ၆နာရီ...။

ၾကယ္ေလးအိပ္ေနရာမွ နိုးလာခဲ့သည္။
မ်က္လုံးအစုံကိုဖြင့္လိုက္တာနဲ႕ ဦးဆုံးျမင္ေတြ႕လိုက္ရတာကသူ႕ကိုေဆးတိုက္ေနက် အေဒၚႀကီး၏မ်က္ႏွာပင္ျဖစ္သည္။

" ၾကယ္ေလး နိုးလာၿပီလား... "

အေဒၚႀကီးရဲ႕အေမးကို သူျပန္မေျဖနိုင္... ဒီအတိုင္းပလက္လွန္ရက္အေနအထားႏွင့္ပင္ သူ႕မ်က္ႏွာတည့္တည့္အေပၚက အခန္း မ်က္ႏွာၾကက္ကိုၾကည့္ရင္း အေတြးကမၻာထဲေရာက္ရွိသြားခဲ့သည္။

သူငိုမိခဲ့တာပဲ...။

ဘာလို႔ သူမ်ားအေၾကာင္းကိုနားေထာင္ေနရင္းနဲ႕ အရွက္မရွိငိုမိရတာလဲ...။ ၿပီးေတာ့ ဘာေၾကာင့္မ်ား ခေျမမိုးဘက္ကေနေတြးၿပီး သူကနာက်င္ေနရတာလဲ...။

ဒီအတြက္ ဆင္တူတဲ့အေၾကာင္းအရာတိုက္ဆိုင္မႈ႕နဲ႕ အေျဖတစ္ခုေတာ့သူ႕မွာရွိေနပါသည္။

သူ႕တစ္သက္တာလုံးမွာ ဘယ္သူ႕ကိုမွမေျပာျပခဲ့ဖူးတဲ့အေၾကာင္းအရာတစ္ခုေပါ့...။ အိမ္မက္လို႔ေျပာရင္ ပိုမွန္ပါမည္။

ေတြးရင္းနဲ႕ေတာင္နာက်င္ရတဲ့ အဲ့ဒီအိမ္မက္ကသူ႕ရဲ႕အရင္ဘဝကမွတ္ဉာဏ္ေတြမ်ားလားလို႔ေတာင္ထင္မွတ္ရတဲ့အထိ သူ႕အေပၚထိခ်က္ျပင္းလြန္းလွပါသည္။

လူေတြရဲ႕မ်က္ႏွာကိုမျမင္ရဘဲ စကားသံေတြကိုသာ ဝိုးတဝါးၾကားေနရၿပီး သူဟာခြဲစိတ္ခန္းနဲ႕တူတဲ့အခန္းတစ္ခုမွာေရာက္ေနသည္။ ၿပီးေတာ့ လူတစ္ေယာက္ကသူ႕လက္ကိုဆုတ္ကိုင္ရင္းနဲ႕ငိုေႂကြးေနသည္...။ အဲ့ဒီလူရဲ႕မ်က္ႏွာကိုသူမျမင္ရေပမယ့္ သူ႕အတြက္နဲ႕ နင့္နင့္နဲနဲခံစားေနရတယ္ဆိုတာကိုေတာ့ သူ႕ရင္ထဲကအလိုလို သိေနရပါသည္။ ၿပီးေတာ့ သူကိုယ္တိုင္လည္းအိမ္မက္ထဲမွာငိုေႂကြးေနခဲ့သည္။

ႏွလုံးသားတစ္ခုလုံးကြဲေၾကသြားရေတာ့မတက္ နာက်င္ခံစားေနရၿပီး သူ႕ကိုဆုတ္ကိုင္ထားတဲ့လက္တစ္စုံကို သူကျပန္လည္ဆုတ္ကိုင္ခ်င္ခဲ့သည္။

ဒါေပမယ့္ သူဟာဝိညာဥ္တစ္ေကာင္လိုပါပဲ... ထိေတြ႕လို႔မရ... ဆုတ္ကိုင္လို႔မရဘဲ သူ႕အတြက္ငိုေႂကြးေနသူကိုလည္းႏွစ္သိမ့္ေပးခြင့္မရခဲ့ပါ....။

ဒီလိုဆိုး႐ြားလြန္းတဲ့ အိမ္မက္တစ္ခုလုံးမွာ သူထင္ထင္ရွားရွားၾကားမိတဲ့စကားက တစ္ခြန္းထဲပဲ။

ေနာက္ဘဝမွာျပန္ဆုံၾကမယ္...။

ေသခ်ာေပါက္ဒီစကားတစ္ခြန္းတည္းပါပဲ...။

ဒါကိုပဲ သူထပ္ခါထပ္ခါၾကားၿပီး လန့္လန့္နိုးလာရသည္။  အဲဲ့ဒီလို နိုးထလာတိုင္း သူ႕မွာေရလည္းမေသာက္နိုင္ စကားလည္းမေျပာနိုင္... ရင္ဘက္ထဲကစူးစူးနစ္နစ္နာက်င္ခံစားရၿပီး မ်က္ရည္မ်ားသာစီးက်လာခဲ့ရသည္။ ပုံမွန္အတိုင္းျပန္ျဖစ္ဖို႔ကို မနည္းႀကိဳးစားေမ့ေျပာက္ယူရသည္အထိပါပင္...။

အခုေတြးေနရင္းနဲ႕ေတာင္ အသက္ရႈေတြၾကပ္လာရသည္။

ဒီလိုမ်ိဳး သူ႕အေပၚဆိုး႐ြားတဲ့သက္ေရာက္မႈ႕မ်ိဳးရွိေနတဲ့ အိမ္မက္မ်ိဳးကို သူဘယ္သူ႕ဘယ္သူကိုမွထုတ္မေျပာရဲပါ...။ ေျပာရင္လည္း ဘယ္သူကမွ စိတ္ခ်မ္းသာနိုင္မွာမဟုတ္...။ အဓိကက သူ႕အဖြားပါပဲ...။ လူဝင္စားဆိုတဲ့စကားကိုေျပာမိတိုင္း ဘာမွန္းမသိတဲ့ သူ႕ အရင္ဘဝကိုအၿမဲက်ိန္ဆဲေနတက္သည္။

သူအခုလို ခ်ိဳ႕ယြင္းရတာ အရင္ဘဝနဲ႕မ်ားသက္ဆိုင္ေနမလားဆိုၿပီး အခ်ိန္တိုင္းယူႀကဳံးမရျဖစ္ေနတက္သည္။

ဒါေၾကာင့္လည္း သူျပန္မေျပာျဖစ္ခဲ့တာ... ဖြားကိုေရာ ေခါင့္ကိုေရာ... ။ သူ႕အတြက္နဲ႕အလုပ္မပိုေစခ်င္လို႔ တစ္ေယာက္တည္းႀကိတ္မွိတ္ၿပီးဖုံးကြယ္ထားခဲ့တာအခုခ်ိန္ထိျဖစ္သည္။

ေန႕လည္က အျဖစ္အပ်က္က ဒီအိမ္မက္နဲ႕ ဆင္တူေနသည္။ ခေျမမိုးက ထြက္သြာတဲ့ခ်စ္သူကိုေမ့မရသလို သူ႕အိမ္မက္ထဲကလူကလည္း သူ႕အတြက္နဲ႕နာက်င္ေနခဲ့ရသည္မဟုတ္ပါလား...။

ဘဝမွာ မတရားမႈ႕ဆိုတာ လုယက္မွ သတ္ျဖတ္မွမတရားမႈ႕မဟုတ္ပါဘူး...။
ကိုယ့္အေပၚ အသက္ေလာက္ခ်စ္တဲ့သူကို စြန့္ပစ္ၿပီး တစ္ကိုယ္ေကာင္းဆန္စြာ ထြက္ခြာသြားျခင္းဟာလည္း ... မတရားမႈ႕တစ္ခုပါပဲ...။

အဲ့ဒီလိုပဲ... ေလာကႀကီးထဲကေန ထြက္ခြာသြားၿပီျဖစ္တဲ့ ခ်စ္သူကိုေမ့မရနိုင္ေသးတဲ့
ခေျမမိုးအတြက္... တရားမွ်တမႈ႕ဆိုတာ မရွိခဲ့ပါ...။

ခ်စ္ခဲ့ရင္း... ဆက္ ခ်စ္ေပးရင္းနဲ႕ သာ နစ္မြန္းသြားခဲ့ရသည္ မဟုတ္ပါလား။

ေတြးရင္း သူမ်က္ရည္ေတြ စီးက်လာခဲ့ရျပန္ပါသည္။ ဒီတစ္ႀကိမ္မွာေတာ့ ဘယ္သူ႕ကိုမွမျမင္ေစခ်င္လို႔ အေဒၚႀကီးကိုအခန္းထဲကေနထြက္သြားခိုင္းလိုက္ၿပီး သူတစ္ေယာက္တည္းသာ တိတ္တိတ္ေလးငိုေႂကြးမိသည္။

ေနာက္ဆုံးပဲ... ဒါေနာက္ဆုံးပဲ...။

ေနာက္တစ္ခါ အျခားတစ္ေယာက္ရဲ႕ဘယ္လိုခံစားခ်က္ျဖစ္စဥ္ကိုမွမေမးေတာ့ဘူး... ။ ဘယ္ေတာ့မွလည္း သူစိမ္းေတြအတြက္ မငိုေတာ့ဘူး...။

လုံးဝမငိုေတာ့ဘူး....။

ထိုဆုံးျဖတ္ခ်က္ႏွင့္အတူ သက္ျပင္းတစ္ခ်က္ကိုခ်လိဳက္မိရင္း စီးက်ေနဆဲမ်က္ရည္ေတြကိုသူထိန္းခ်ဳပ္သည္။

မင္းအိမ္မက္နဲ႕ သူနဲ႕ကဘာမွမသက္ဆိုင္ဘူး ၾကယ္ေရာင္မိုးရင့္...။

မ႐ူးစမ္းနဲ႕....။

ထိုအခ်ိန္ကစၿပီး ၾကယ္ေလး သူ ေျမမိုးမ်က္ႏွာကိုေစ့ေစ့မၾကည့္ေတာ့...။ ေျမမိုးနဲ႕မ်က္လုံးခ်င္းဆုံဖို႔ကိုေရွာင္သည္။ စကားအေခ်အတင္ျဖစ္ရင္ မ်က္ႏွာခ်င္းဆိုင္ၿပီးစကားေျပာရမွာစိုးလို႔ ေျမမိုးေျပာစကားေတြကိုနားေထာင္ျဖစ္သည္။

အရာအားလုံးကိုအေကာင္းဘက္က အတင္းျမင္ၿပီး စကားနားေထာင္ေနမိလို႔လားမသိ... သူေျမမိုးအေပၚကို အရင္ကလိုမရိုမေသအျပဳအမူမ်ိဳးေတြမလုပ္ျဖစ္ေတာ့ပါ...။

အေခၚအေဝၚကအစ ခင္မ်ား ကေန ဦးမိုး အထိေျပာင္းလဲလာခဲ့သည္။

ဒါအခ်ိန္၁လအတြင္းမွာျဖစ္ခဲ့တာ ျဖစ္သည္။

အခုလည္း ေျမမိုးနဲ႕ၾကယ္ေလး အခန္းထဲမွာအတူရွိေနၾကၿပီး ၾကယ္ေလးက ကာတြန္းစာအုပ္ေလးဖတ္ေနကာ ေျမမိုးကေတာ့ ၾကယ္ေလးကိုၾကည့္လိုက္ ၾကယ္ေလးရဲ႕အခန္းထဲကိုေဝွ႕ၾကည့္လိုက္ႏွင့္တစ္စုံတစ္ခုကို ရွာေဖြေနခဲ့သည္။

လုံးဝလက္ေလ်ာ့လိုက္ရၿပီဆိုတဲ့အေျခအေနကိုေရာက္မွသာ...

" ဦးဒီကိုလာတိုင္း ကေလးဖုန္းကိုင္တာလည္းမေတြ႕မိဘူး... မဟုတ္မွ ကေလးမွာ ဖုန္းမရွိလို႔မ်ားလား..."

ေျမမိုးအေမးကို ၾကယ္ေလးက ကာတြန္းစာအုပ္ေလးဖတ္ေနရင္းျပန္ေျဖေပးလိုက္သည္။

" အင္း... မရွိဘူး..."

" ဘာျဖစ္လို႔လဲ... ေျပာက္သြားတာလား..."

" မဟုတ္ဘူး က်ေနာ္အရင္တည္းက ဖုန္းမသုံးတာ..."

" ဘာ...ဘာလို႔ မသုံးရတာလဲ..."

ဘယ္ေလာက္ပဲေရာဂါသည္ျဖစ္ေနပါေစ ၾကယ္ေလးဟာေခတ္လူငယ္ေလးတစ္ေယာက္ပဲမို႔ ဖုန္းသုံးခ်င္စိတ္မရွိဘူးဆိုတာကို သူဘယ္လိုမွမယုံၾကည္နိုင္ပါ... ထို႔ေၾကာင့္ သူအံ့ၾသစြာျဖင့္ ေနာက္တစ္ႀကိမ္ ထပ္ေမးလိုက္မိေတာ့ ၾကယ္ေလးဆီက ျပန္ၾကားလိုက္ရတာက...

" က်ေနာ့္ဆီဖုန္းေခၚမယ့္သူမရွိဘူး... ၿပီးေတာ့ ေခါင္အျပင္ က်ေနာ့္ကိုေပါင္းခ်င္တဲ့သူငယ္ခ်င္းမရွိဘူး... က်ေနာ္ကိုယ္တိုင္လည္း ဘယ္အခ်ိန္ေသသြားမလဲဆိုတာ မသိနိုင္လို႔ ဘာကိုမွအစြဲမထားခ်င္ဘူး... ထြက္သြားရမယ္ဆိုရင္ေတာင္ သံေယာစဥ္ကင္းကင္းနဲ႕ထြက္သြားခ်င္လို႔ေလ... "

ေျမမိုး ၾကယ္ေလးမ်က္ႏွာကိုသာေငးၾကည့္ေနမိခဲ့သည္။

အခုမွ သူၾကယ္ေလးရဲ႕ စိတ္ကိုေတြ႕ျမင္သြားခဲ့တာ...။ တကယ္ေတာ့ ၾကယ္ေလးဟာ သူ႕ကိုယ္သူပိတ္ဆို႔ထားတဲ့ ကေလးတစ္ေယာက္ပဲ...။

ခံစားခ်က္ေတြကိုဖြင့္ထုတ္ျပရမွာေၾကာက္တဲ့သူ... ။ အျခားသူေတြသူ႕အတြက္နာက်င္ရမွာေၾကာက္သလိုမ်ိဳးေပါ့...။

သံေယာစဥ္ကင္းကင္းနဲ႕ထြက္သြားခ်င္သတဲ့...။

ေခါင္းမာတဲ့ ဒီကေလးေလးကေတာ့ေလ...။

" ဦးအခ်ိန္တိုင္းဖုန္းေခၚမယ္ေလ... ၿပီးေတာ့ ဦးကမင္းနဲ႕အရင္ကတည္းကရင္းႏွီးခ်င္ခဲ့တာဆိုေတာ့ မင္းနဲ႕နီးကပ္ခြင့္ရဖို႔ ႀကိဳးစားေနတဲ့သူငယ္ခ်င္းပဲေပါ့... မဟုတ္ဘူးလား"

လက္ကေလးကိုဆုတ္ကိုင္ၿပီးေျပာလိုက္ေတာ့ ၾကယ္ေလးက သူ႕လက္ကိုမမွိတ္မသုံစိုက္ၾကည့္ေနခဲ့သည္။ 

" မနက္ျဖန္ဦးဒီကိုလာတဲ့လမ္းမွာ ကေလး အတြက္ဖုန္းတစ္လုံးဝယ္လာခဲ့မယ္...လက္ေဆာင္ေပါ့... လက္ခံေပးေနာ္... "

ေျပာရင္းေခါင္းေလးကိုပါဖြဖြပြတ္သပ္ေပးမိေတာ့ ၾကယ္ေလးဆီက ပင့္သက္ရွိုက္သံေလးကိုသူၾကားလိုက္ရသည္။ ၿပီးေတာ့ ဒီတစ္လလုံးရဲ႕ ပထမဆုံးအႀကိမ္အျဖစ္ သူ႕မ်က္လုံးေတြကိုတည့္တည့္ၾကည့္လာခဲ့ၿပီး...

" အေၾကာင္းျပခ်က္မရွိဘဲ က်ေနာ့္ကိုမထိပါနဲ႕လား... က်ေနာ့္ႏွလုံးသားက မခံစားနိုင္လို႔ပါ..."




ဆက္ရန္

##########################


Part- 12




ညနေ ၆နာရီ...။

ကြယ်လေးအိပ်နေရာမှ နိုးလာခဲ့သည်။
မျက်လုံးအစုံကိုဖွင့်လိုက်တာနဲ့ ဦးဆုံးမြင်တွေ့လိုက်ရတာကသူ့ကိုဆေးတိုက်နေကျ အဒေါ်ကြီး၏မျက်နှာပင်ဖြစ်သည်။

" ကြယ်လေး နိုးလာပြီလား... "

အဒေါ်ကြီးရဲ့အမေးကို သူပြန်မဖြေနိုင်... ဒီအတိုင်းပလက်လှန်ရက်အနေအထားနှင့်ပင် သူ့မျက်နှာတည့်တည့်အပေါ်က အခန်း မျက်နှာကြက်ကိုကြည့်ရင်း အတွေးကမ္ဘာထဲရောက်ရှိသွားခဲ့သည်။

သူငိုမိခဲ့တာပဲ...။

ဘာလို့ သူများအကြောင်းကိုနားထောင်နေရင်းနဲ့ အရှက်မရှိငိုမိရတာလဲ...။ ပြီးတော့ ဘာကြောင့်များ ခမြေမိုးဘက်ကနေတွေးပြီး သူကနာကျင်နေရတာလဲ...။

ဒီအတွက် ဆင်တူတဲ့အကြောင်းအရာတိုက်ဆိုင်မှု့နဲ့ အဖြေတစ်ခုတော့သူ့မှာရှိနေပါသည်။

သူ့တစ်သက်တာလုံးမှာ ဘယ်သူ့ကိုမှမပြောပြခဲ့ဖူးတဲ့အကြောင်းအရာတစ်ခုပေါ့...။ အိမ်မက်လို့ပြောရင် ပိုမှန်ပါမည်။

တွေးရင်းနဲ့တောင်နာကျင်ရတဲ့ အဲ့ဒီအိမ်မက်ကသူ့ရဲ့အရင်ဘဝကမှတ်ဉာဏ်တွေများလားလို့တောင်ထင်မှတ်ရတဲ့အထိ သူ့အပေါ်ထိချက်ပြင်းလွန်းလှပါသည်။

လူတွေရဲ့မျက်နှာကိုမမြင်ရဘဲ စကားသံတွေကိုသာ ဝိုးတဝါးကြားနေရပြီး သူဟာခွဲစိတ်ခန်းနဲ့တူတဲ့အခန်းတစ်ခုမှာရောက်နေသည်။ ပြီးတော့ လူတစ်ယောက်ကသူ့လက်ကိုဆုတ်ကိုင်ရင်းနဲ့ငိုကြွေးနေသည်...။ အဲ့ဒီလူရဲ့မျက်နှာကိုသူမမြင်ရပေမယ့် သူ့အတွက်နဲ့ နင့်နင့်နဲနဲခံစားနေရတယ်ဆိုတာကိုတော့ သူ့ရင်ထဲကအလိုလို သိနေရပါသည်။ ပြီးတော့ သူကိုယ်တိုင်လည်းအိမ်မက်ထဲမှာငိုကြွေးနေခဲ့သည်။

နှလုံးသားတစ်ခုလုံးကွဲကြေသွားရတော့မတက် နာကျင်ခံစားနေရပြီး သူ့ကိုဆုတ်ကိုင်ထားတဲ့လက်တစ်စုံကို သူကပြန်လည်ဆုတ်ကိုင်ချင်ခဲ့သည်။

ဒါပေမယ့် သူဟာဝိညာဥ်တစ်ကောင်လိုပါပဲ... ထိတွေ့လို့မရ... ဆုတ်ကိုင်လို့မရဘဲ သူ့အတွက်ငိုကြွေးနေသူကိုလည်းနှစ်သိမ့်ပေးခွင့်မရခဲ့ပါ....။

ဒီလိုဆိုးရွားလွန်းတဲ့ အိမ်မက်တစ်ခုလုံးမှာ သူထင်ထင်ရှားရှားကြားမိတဲ့စကားက တစ်ခွန်းထဲပဲ။

နောက်ဘဝမှာပြန်ဆုံကြမယ်...။

သေချာပေါက်ဒီစကားတစ်ခွန်းတည်းပါပဲ...။

ဒါကိုပဲ သူထပ်ခါထပ်ခါကြားပြီး လန့်လန့်နိုးလာရသည်။  အဲဲ့ဒီလို နိုးထလာတိုင်း သူ့မှာရေလည်းမသောက်နိုင် စကားလည်းမပြောနိုင်... ရင်ဘက်ထဲကစူးစူးနစ်နစ်နာကျင်ခံစားရပြီး မျက်ရည်များသာစီးကျလာခဲ့ရသည်။ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ကို မနည်းကြိုးစားမေ့ပြောက်ယူရသည်အထိပါပင်...။

အခုတွေးနေရင်းနဲ့တောင် အသက်ရှုတွေကြပ်လာရသည်။

ဒီလိုမျိုး သူ့အပေါ်ဆိုးရွားတဲ့သက်ရောက်မှု့မျိုးရှိနေတဲ့ အိမ်မက်မျိုးကို သူဘယ်သူ့ဘယ်သူကိုမှထုတ်မပြောရဲပါ...။ ပြောရင်လည်း ဘယ်သူကမှ စိတ်ချမ်းသာနိုင်မှာမဟုတ်...။ အဓိကက သူ့အဖွားပါပဲ...။ လူဝင်စားဆိုတဲ့စကားကိုပြောမိတိုင်း ဘာမှန်းမသိတဲ့ သူ့ အရင်ဘဝကိုအမြဲကျိန်ဆဲနေတက်သည်။

သူအခုလို ချို့ယွင်းရတာ အရင်ဘဝနဲ့များသက်ဆိုင်နေမလားဆိုပြီး အချိန်တိုင်းယူကြုံးမရဖြစ်နေတက်သည်။

ဒါကြောင့်လည်း သူပြန်မပြောဖြစ်ခဲ့တာ... ဖွားကိုရော ခေါင့်ကိုရော... ။ သူ့အတွက်နဲ့အလုပ်မပိုစေချင်လို့ တစ်ယောက်တည်းကြိတ်မှိတ်ပြီးဖုံးကွယ်ထားခဲ့တာအခုချိန်ထိဖြစ်သည်။

နေ့လည်က အဖြစ်အပျက်က ဒီအိမ်မက်နဲ့ ဆင်တူနေသည်။ ခမြေမိုးက ထွက်သွာတဲ့ချစ်သူကိုမေ့မရသလို သူ့အိမ်မက်ထဲကလူကလည်း သူ့အတွက်နဲ့နာကျင်နေခဲ့ရသည်မဟုတ်ပါလား...။

ဘဝမှာ မတရားမှု့ဆိုတာ လုယက်မှ သတ်ဖြတ်မှမတရားမှု့မဟုတ်ပါဘူး...။
ကိုယ့်အပေါ် အသက်လောက်ချစ်တဲ့သူကို စွန့်ပစ်ပြီး တစ်ကိုယ်ကောင်းဆန်စွာ ထွက်ခွာသွားခြင်းဟာလည်း ... မတရားမှု့တစ်ခုပါပဲ...။

အဲ့ဒီလိုပဲ... လောကကြီးထဲကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ချစ်သူကိုမေ့မရနိုင်သေးတဲ့
ခမြေမိုးအတွက်... တရားမျှတမှု့ဆိုတာ မရှိခဲ့ပါ...။

ချစ်ခဲ့ရင်း... ဆက် ချစ်ပေးရင်းနဲ့ သာ နစ်မွန်းသွားခဲ့ရသည် မဟုတ်ပါလား။

တွေးရင်း သူမျက်ရည်တွေ စီးကျလာခဲ့ရပြန်ပါသည်။ ဒီတစ်ကြိမ်မှာတော့ ဘယ်သူ့ကိုမှမမြင်စေချင်လို့ အဒေါ်ကြီးကိုအခန်းထဲကနေထွက်သွားခိုင်းလိုက်ပြီး သူတစ်ယောက်တည်းသာ တိတ်တိတ်လေးငိုကြွေးမိသည်။

နောက်ဆုံးပဲ... ဒါနောက်ဆုံးပဲ...။

နောက်တစ်ခါ အခြားတစ်ယောက်ရဲ့ဘယ်လိုခံစားချက်ဖြစ်စဥ်ကိုမှမမေးတော့ဘူး... ။ ဘယ်တော့မှလည်း သူစိမ်းတွေအတွက် မငိုတော့ဘူး...။

လုံးဝမငိုတော့ဘူး....။

ထိုဆုံးဖြတ်ချက်နှင့်အတူ သက်ပြင်းတစ်ချက်ကိုချလိုက်မိရင်း စီးကျနေဆဲမျက်ရည်တွေကိုသူထိန်းချုပ်သည်။

မင်းအိမ်မက်နဲ့ သူနဲ့ကဘာမှမသက်ဆိုင်ဘူး ကြယ်ရောင်မိုးရင့်...။

မရူးစမ်းနဲ့....။

ထိုအချိန်ကစပြီး ကြယ်လေး သူ မြေမိုးမျက်နှာကိုစေ့စေ့မကြည့်တော့...။ မြေမိုးနဲ့မျက်လုံးချင်းဆုံဖို့ကိုရှောင်သည်။ စကားအချေအတင်ဖြစ်ရင် မျက်နှာချင်းဆိုင်ပြီးစကားပြောရမှာစိုးလို့ မြေမိုးပြောစကားတွေကိုနားထောင်ဖြစ်သည်။

အရာအားလုံးကိုအကောင်းဘက်က အတင်းမြင်ပြီး စကားနားထောင်နေမိလို့လားမသိ... သူမြေမိုးအပေါ်ကို အရင်ကလိုမရိုမသေအပြုအမူမျိုးတွေမလုပ်ဖြစ်တော့ပါ...။

အခေါ်အဝေါ်ကအစ ခင်များ ကနေ ဦးမိုး အထိပြောင်းလဲလာခဲ့သည်။

ဒါအချိန်၁လအတွင်းမှာဖြစ်ခဲ့တာ ဖြစ်သည်။

အခုလည်း မြေမိုးနဲ့ကြယ်လေး အခန်းထဲမှာအတူရှိနေကြပြီး ကြယ်လေးက ကာတွန်းစာအုပ်လေးဖတ်နေကာ မြေမိုးကတော့ ကြယ်လေးကိုကြည့်လိုက် ကြယ်လေးရဲ့အခန်းထဲကိုဝှေ့ကြည့်လိုက်နှင့်တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည်။

လုံးဝလက်လျော့လိုက်ရပြီဆိုတဲ့အခြေအနေကိုရောက်မှသာ...

" ဦးဒီကိုလာတိုင်း ကလေးဖုန်းကိုင်တာလည်းမတွေ့မိဘူး... မဟုတ်မှ ကလေးမှာ ဖုန်းမရှိလို့များလား..."

မြေမိုးအမေးကို ကြယ်လေးက ကာတွန်းစာအုပ်လေးဖတ်နေရင်းပြန်ဖြေပေးလိုက်သည်။

" အင်း... မရှိဘူး..."

" ဘာဖြစ်လို့လဲ... ပြောက်သွားတာလား..."

" မဟုတ်ဘူး ကျနော်အရင်တည်းက ဖုန်းမသုံးတာ..."

" ဘာ...ဘာလို့ မသုံးရတာလဲ..."

ဘယ်လောက်ပဲရောဂါသည်ဖြစ်နေပါစေ ကြယ်လေးဟာခေတ်လူငယ်​လေးတစ်ယောက်ပဲမို့ ဖုန်းသုံးချင်စိတ်မရှိဘူးဆိုတာကို သူဘယ်လိုမှမယုံကြည်နိုင်ပါ... ထို့ကြောင့် သူအံ့သြစွာဖြင့် နောက်တစ်ကြိမ် ထပ်မေးလိုက်မိတော့ ကြယ်လေးဆီက ပြန်ကြားလိုက်ရတာက...

" ကျနော့်ဆီဖုန်းခေါ်မယ့်သူမရှိဘူး... ပြီးတော့ ခေါင်အပြင် ကျနော့်ကိုပေါင်းချင်တဲ့သူငယ်ချင်းမရှိဘူး... ကျနော်ကိုယ်တိုင်လည်း ဘယ်အချိန်သေသွားမလဲဆိုတာ မသိနိုင်လို့ ဘာကိုမှအစွဲမထားချင်ဘူး... ထွက်သွားရမယ်ဆိုရင်တောင် သံယောစဥ်ကင်းကင်းနဲ့ထွက်သွားချင်လို့လေ... "

မြေမိုး ကြယ်လေးမျက်နှာကိုသာငေးကြည့်နေမိခဲ့သည်။

အခုမှ သူကြယ်လေးရဲ့ စိတ်ကိုတွေ့မြင်သွားခဲ့တာ...။ တကယ်တော့ ကြယ်လေးဟာ သူ့ကိုယ်သူပိတ်ဆို့ထားတဲ့ ကလေးတစ်ယောက်ပဲ...။

ခံစားချက်တွေကိုဖွင့်ထုတ်ပြရမှာကြောက်တဲ့သူ... ။ အခြားသူတွေသူ့အတွက်နာကျင်ရမှာကြောက်သလိုမျိုးပေါ့...။

သံယောစဥ်ကင်းကင်းနဲ့ထွက်သွားချင်သတဲ့...။

ခေါင်းမာတဲ့ ဒီကလေးလေးကတော့လေ...။

" ဦးအချိန်တိုင်းဖုန်းခေါ်မယ်လေ... ပြီးတော့ ဦးကမင်းနဲ့အရင်ကတည်းကရင်းနှီးချင်ခဲ့တာဆိုတော့ မင်းနဲ့နီးကပ်ခွင့်ရဖို့ ကြိုးစားနေတဲ့သူငယ်ချင်းပဲပေါ့... မဟုတ်ဘူးလား"

လက်ကလေးကိုဆုတ်ကိုင်ပြီးပြောလိုက်တော့ ကြယ်လေးက သူ့လက်ကိုမမှိတ်မသုံစိုက်ကြည့်နေခဲ့သည်။ 

" မနက်ဖြန်ဦးဒီကိုလာတဲ့လမ်းမှာ က​လေး အတွက်ဖုန်းတစ်လုံးဝယ်လာခဲ့မယ်...လက်ဆောင်ပေါ့... လက်ခံပေးနော်... "

ပြောရင်းခေါင်းလေးကိုပါဖွဖွပွတ်သပ်ပေးမိတော့ ကြယ်လေးဆီက ပင့်သက်ရှိုက်သံလေးကိုသူကြားလိုက်ရသည်။ ပြီးတော့ ဒီတစ်လလုံးရဲ့ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးတွေကိုတည့်တည့်ကြည့်လာခဲ့ပြီး...

" အကြောင်းပြချက်မရှိဘဲ ကျနော့်ကိုမထိပါနဲ့လား... ကျနော့်နှလုံးသားက မခံစားနိုင်လို့ပါ..."




ဆက်ရန်

Continue Reading

You'll Also Like

2.2M 128K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
223K 3.2K 29
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
2.8M 40K 13
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
714K 59.4K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...