နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိ...

By Enri_k

28.3K 2.8K 155

နေရာတိုင်းက အေးခဲနေရင်တောင် ခင်ဗျားနဲ့ပတ်သတ်တဲ့ ကျွန်တော့နှလုံးသားကတော့ အမြဲတမ်းနွေဦးရပ်ဝန်းပဲဗျ.... ေနရာတို... More

prologue
Ep. 1
Ep. 2
ep. 3
ep.4
ep.5
ep.6
ep.7
ep.8
ep. 9
ep. 10
ep. 11
ep. 12
ep. 13
ep. 14
ep. 15
ep . 17
ep. 18
ep. 19
ep. 20
ep. 21
ep. 22
ep. 23
ep. 24
ep. 25
ep. 26
ep. 27
ep 28
ep.29
ep. 30 Final

ep. 16

789 95 5
By Enri_k

နွေးထွေးတဲ့ အရိပ်အမြုံတစ်ခု...
နူးညံ့အိစက်တဲ့အထိအတွေ့...
မျက်လုံးပွင့်လာပြီး တစ်ချက်နှစ်ချက်ပုတ်ခတ်လိုက်တဲ့မျက်ခွံတွေဟာလေးလံနေတုန်းပဲ...
သူ ဘယ်လောက်တောင်အိပ်ပျော်သွားတာလဲ...
ထထိုင်လိုက်ပြီး ကုတင်အောက်ဆီ ခြေချလိုက်တာနဲ့ သူ့ရဲ့အစိမ်းခပ်ဖျော့ဖျော့ အမွေးစွပ်ဖိနပ်ကလေးက သူခြေချရာမှာ နေရာတကျရှိနေတယ်။

တိတ်ဆိတ်နေတာပဲ....
ကုတင်ဘေးကစားပွဲတင်နာရီမှာ ညကိုးနာရီကို ညွှန်ပြနေတယ်။
အချိန်ကျတာနဲ့အလိုအလျောက်နိုးလာတဲ့မျက်လုံးတွေပဲ...
မက်လက်စအိပ်မက်ဟာ တစ်ပိုင်းတစ်စဖြစ်သွားရပြီ...

အခန်းတံခါးပွင့်လာတယ်။
လင်ဗန်းငယ်တစ်ခုကိုင်လို့ အထဲဝင်လာတဲ့ အကို့ရဲ့ပုံရိပ်ဟာ သူမြင်နေကျမြင်ကွင်းတစ်ခု...

"နိုးနေပြီလား.."

"အင်း.."

အနားရောက်လာတဲ့အကိုက လင်ဗန်းကို စားပွဲပေါ်တင်လိုက်ပြီး သူ့နဖူးကို စမ်းတယ်။

"နေသာရဲ့လား.."

ထိုင်လျက်သားနဲ့အကို့ကိုမော့ကြည့်မိတော့ အကိုက သူ့ဆံပင်တွေကိုခပ်ဖွဖွ ထိုးဖွတယ်။

"ကျွန်တော် အိပ်မက်အရှည်ကြီးမက်တယ်"

အကိုက ပြုံးလိုက်ရင်း...

"ဘာတွေများမက်တာလဲ.."

သူတစ်ချက်စဉ်းစားတယ်။
အိပ်မက်က ရှည်လွန်းလို့ဘယ်ကစပြောရမလဲ...

"အိပ်မက်ထဲမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကိုပြန်ရောက်သွားတယ်... ကျွန်တော်က အထက်တန်းကျောင်းသားဖြစ်ပြီး အကိုက ကျောင်းကိုအချိန်ပိုင်းစာလာသင်ပေးခဲ့တာလေ.."

"အဝေးကြီးရောက်သွားခဲ့တာပဲ.."

သူ့မျက်နှာကို အကိုဝမ်းဗိုက်ဆီထိကပ်လိုက်ရင်း လက်တွေက အကို့ခါးတွေကို တွယ်ဖက်လိုက်တယ်။
အကို့ဆီက ရယ်သံခပ်တိုးတိုးထွက်ပေါ်လာရဲ့...

"ဘာဖြစ်လို့လဲ.."

"အဲ့ဒီတုန်းက အကိုက ကျွန်တော့ကို ဒီလိုအကြာကြီး ဖက်ထားခဲ့တာလေ..."

"အင်း... ဘယ်တုန်းကလဲ.."

ဘာရယ်...
သူဆတ်ကနဲခေါင်းမော့လိုက်ပြီး

"မမှတ်မိဘူးလား.."

အကိုက မျက်ခုံးတွေတွန့်ချိုးလို့ စဉ်းစားနေတယ်။

တကယ်ပဲ မေ့သွားတာလား...
ရှောင်းကျန့်ကအခုမှ အသက်သုံးဆယ့်ငါးပဲ ရှိသေးတာလေ...
မှတ်ဉာဏ်မကောင်းတော့ဘူးလား...

"တကယ်ကြီးလား.."

အကိုက သူ့ကို မျက်ခုံးပင့်ကြည့်လို့ တစ်ချက်ပြုံးပြတယ်။

"ကိုယ်မင်းကိုဖက်ခဲ့တာ ဘယ်နှစ်ကြိမ်တောင်မို့လဲ.... အရိပ်အမြွက်လေးပေးသင့်တယ်မဟုတ်ဘူးလား... "

ဖက်တဲ့ပုံစံက အရိပ်အမြွက်မဟုတ်ဘူးလား...

သူ မကျေနပ်စွာ နုတ်ခမ်းစူသွားတယ်။

"ပထမဆုံးဟာကို.."

"အဲ့တုန်းက ကိုယ်မူးနေတာလို့ မင်းပြောဖူးသလားလို့..."

ဖက်ထားတာကို ပြန်လွတ်လိုက်ပြီး

"တော်ပြီ... သက်ကျားအိုတွေက စကားပြောလို့မကောင်းဘူး..."

ရှောင်းကျန့်က အသံထွက်အောင်ရယ်တယ်။

"ကိုယ်ကသက်ကြားအိုဆိုရင် မင်းကဘာလေးလဲ.."

သူ ဘာမှပြန်မဖြေပဲ စားပွဲပေါ်ကဗန်းထဲက ဆေးလုံးတွေနဲ့ရေကိုယူသောက်လိုက်တယ်။

ဆေးသောက်ပြီးမှ ရှောင်းကျန့်ကိုတစ်ချက်ကြည့်လိုက်ပြီး..

"ခင်ဗျားရဲ့အမျိုးသားလေး.."

ရှောင်းကျန့်ကပြုံးလို့ ရိပေါ်ရဲ့နဖူးကို တစ်ချက်ငုံ့နမ်းလိုက်တယ်။

"ကိုယ့်အမျိုးသားလေးက ပြန်အိပ်သင့်နေပြီ.... မနက်ဖြန် ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်မလား.."

ဝမ်ရိပေါ်ခေါင်းငြိမ့်ပြလိုက်ရင်း ပြန်လှဲချလိုက်တယ်။
အကိုက စောင်သေချာခြုံပေးပြီး ပြန်ထွက်ဖို့ပြင်တော့ သူလက်လှမ်းဆွဲလိုက်တယ်။

"အကိုကရော... မအိပ်သေးဘူးလား.."

"ကိုယ် လုပ်လက်စ စာတမ်းလေး လက်စသတ်ရဦးမယ်.... အိပ်နှင့်ဦးနော်.."

"မြန်မြန်လုပ်နော်... "

"ဟုတ်ကဲ့ပါဗျာ.."

အကိုအခန်းထဲက ထွက်သွားပြီးနောက် တစ်ဖက်လှည့်က မျက်လုံးတွေပြန်မှိတ်လိုက်တယ်။
အိပ်မက်လေးဆက်မက်ရင်ကောင်းမှာပဲ...

.
.

နောက်ဆုံးစာပိုဒ်ကိုလက်စသတ်လိုက်ပြီးနောက် စိတ်တွေလျော့ကျသွားတယ်။

"အား.."

ညှောင်းချိနေတာပဲ...

နာရီကိုလှမ်းကြည့်မိတော့ တစ်နာရီ လေးဆယ်မိနစ်...
ထပ်ပြီး အရမ်းနောက်ကျသွားပြန်ပြီပဲ...
သူ့ရှေ့က စာတမ်းဖိုင်အထပ်လိုက်ကိုမြင်တော့လည်း စိတ်ကျေနပ်မိတယ်။
ဘာပဲဖြစ်ဖြစ် နောက်ရက်တွေတော့ ညမိုးချုပ်အလုပ်လုပ်စရာမလိုသေးပဲ ရိပေါ်ကိုအချိန်ပိုပေးနိုင်ပြီပဲ...

မီးပိတ်လိုက်ပြီး စာကြည့်ခန်းထဲကထွက်တယ်။
ပြီးတော့ ခြေလှမ်းတွေကို မီးဖိုခန်းဆီဦးတည်ရတယ်။

ရိပေါ်က အရမ်းအအိပ်ဆတ်တယ်။
ခဏခဏနိုးတက်ပြီး စိတ်ကူးပေါက်သလိုအစားထစားတက်တဲ့ကောင်လေး...

ရေနွေးတည်လိုက်ပြီး ထမင်းအိုးခလုပ်နှိပ်တယ်။
ရေခဲသေတ္တာဘေးကစင်ထဲမှာ မုန့်အချို့တန်းစီထည့်ထားတယ်။
ရေခဲသေတ္တာထဲက ရိပေါ်စားလောက်မဲ့ အသီးအနှံတစ်ချို့ကို ယူရလွယ်တဲ့နေရာမှာထားပေးလိုက်ပြီးမနက်ခင်းချက်ပြုတ်ရမဲ့ အသီးအရွက်တွေကိုအဆင်သင့်ပြင်ဆင်ထားလိုက်တယ်။
ရေလည်းဖြည့်ရဦးမယ်။
ဒီကောင်လေးက ရေကိုလည်းနှစ်နှစ်ခြိုက်ခြိုက်သောက်တက်တယ်။

အားလုံးပြီးသွားတော့ နှစ်နာရီကျော်နေပြီ...
အခန်းဆီပြန်ဝင်တော့ ကုတင်ထက်မှာ ချစ်ရသူက အိပ်မောကျနေလေရဲ့...
ကုတင်အောက်က အစိမ်းရောင်အမွေးပွဖိနပ်ကလေးကို နေရာတကျပြန်စီလိုက်ပြီး ကုတင်ပေါ်တက်ကာ ရိပေါ်ဘေးကို တိုးဝင်လိုက်တယ်။

နွေးထွေးနေတာပဲ...
ပင်ပန်းမှုအလုံးစုံပြေပျောက်သွားပြီး ရင်ထဲငြိမ်းအေးသွားသလို ခံစားချက်လေး...
ဒီလူသားလေးက သူပြေးလွားနေသမျှပန်းတိုင်ရဲ့ အဆုံးသတ်ကလေး...
ဝမ်ရိပေါ်... သူ့ရဲ့ပြီးပြည့်စုံခြင်းပြယုဒ်... သူ့ရဲ့ အမက်မောဆုံးသောပိုင်ဆိုင်မှု...

"အင်း... အကို..."

"နိုးသွားပြီလား.."

"အလုပ်တွေပြီးသွားပြီလား..."

"အင်း... အကုန်ပြီးသွားပြီ.."

အိပ်ချင်မူးတူးနဲ့တောင် ပြုံးတဲ့အပြုံးက ရင်အေးစဖွယ်...

"ကောင်းလိုက်တာ... အရမ်းကောင်းတာပဲ.."

ဆွဲယူပွေ့ဖက်လိုက်တော့ အလိုက်သင့်ကလေးတိုးဝင်လာတဲ့ ကလေးငယ်....
နောက်ကျောကိုခပ်ဖွဖွပုတ်ပေးရင်း မှေးစက်စေတော့ အသက်ရှုသံတွေမှန်သွားကာပြန်အိပ်ပျော်သွားလေရဲ့...

သူအိပ်လို့မရသေး...
သူ့ခေါင်းထဲအတွေးတစ်ချို့ရစ်ဝဲလို့နေတယ်။

ပထမဆုံး ပွေ့ဖက်ခြင်းတဲ့...

သူမမှတ်မိခဲ့တာမဟုတ်ဘူး...
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်သူ့ကိုယ်သူ ပြန်မမှတ်မိချင်ရုံသာ...
လွန်ခဲ့တဲ့အချိန်တွေက သူဟာ မိမိကိုယ်ကို အားမလိုအားမရ သတ္တိနည်းခဲ့ပြီး တစ်ယောက်သောသူကို အကြိမ်ကြိမ်နာကျင်အောင်လုပ်နေမိတဲ့ သူတစ်ယောက်သာ...
သူ တစ်ယုတစ်ယသိမ်းဆည်းထားတဲ့အတိတ်ဆိုတာ ဝမ်ရိပေါ်တစ်ယောက်တည်းရဲ့ပုံရိပ်တွေချည်းပဲ...

--------------------------------

“ကိုယ်မှားပါတယ်... တောင်းပန်ပါတယ်”

စိုစွတ်နေတဲ့ သူ့ခန္ဓာကရော အေးစက်စက်ရာသီကရော သူ့ရဲ့ ပူလောင်မှုကို မလျော့ပါးစေဘူး...

ဝမ်ရိပေါ်...
သူ့အနားကို အပြေးရောက်လာတဲ့ ဆန်းကျယ်မှုလေး...
အကြိမ်ကြိမ်ထွက်ပြေးနေရဲ့နဲ့တောင် ပြန်ပြန်လှည့်လာမိနေတဲ့ သူရေးဆွဲတဲ့သံသရာ...
သူ့ရဲ့ မလွတ်မြောက်နိုင်တဲ့ ဝင်္ကပါတစ်ခု...

ဒီသံသရာဟာ စင်္ကြန်လမ်းမှာ ချော်လဲသွားတဲ့သူ့ကို ကြောင်တောင်တောင်ရပ်ကြည့်နေတဲ့ မျက်ပေတုံးလေးဆီကစသလား..
သူ့ကိုခဏခဏငေးစိုက်နေတက်တဲ့ ဖြူစင်မှုတွေကပဲ စခဲ့သလား...

မသိလိုက်မသိဘာသာနဲ့ သူဟာ ဒီကောင်လေးရဲ့အကြည့်တွေကို စတင်နှစ်သက်နေခဲ့ပါတယ်...
အချိန်အတော်ကြာတဲ့အထိ ဒီကောင်လေးရဲ့ အကြည့်တွေအောက်မှာ နေထိုင်ရတာကို အသားကျနေခဲ့တယ်။
ဒီအတိုင်းပဲ သမာရိုးကျစွာဖြတ်သန်းနေရခြင်းလို့ သူယူဆခဲ့ပြီး ပျော်ရွှင်ခဲ့တယ်။
ရယ်မောခဲ့တယ်။
ဒါဟာဘာလဲ သူ သေချာမသိ...
ဝမ်ရိပေါ်ဟာ အထက်တန်းကျောင်းသားအရွယ်ကိုစတင်ရောက်လာသည့်တိုင်အောင် အဆင်ပြေနေခဲ့ပါသေးတယ်။

တစ်နေ့မှာ သူ သတိထားမိလာတယ်။
သူ့ကိုကြည့်နေတက်တဲ့ ဒီမျက်ဝန်းတွေက တခြားလူကိုကြည့်နေရင် မကြိုက်တဲ့အတ္တတစ်ခု စွဲကပ်လာတဲ့အချိန်မှာပဲ သူ့ရင်ထဲကြောက်စိတ်တွေတိုးဝင်လာခဲ့တယ်။

မှတ်မိသေးတယ်။

သူ့ကျောင်းကို ဝမ်ရိပေါ်ရောက်လာတဲ့နေ့...
ဝမ်ရိပေါ် သူ့ကျောင်းက မိန်းကလေးတစ်ယောက်ကို ကြည့်ပြီးပြုံးပြတဲ့မြင်ကွင်းကိုမြင်ပြီးနောက် ဘာရယ်မဟုတ် အကြီးအကျယ်စိတ်ဆိုးမိခဲ့တယ်။
အကြောင်းအရင်းမရှိပါပဲ ဒီကောင်လေးကို အောဟစ်ပြီး မောင်းထုတ်မိခဲ့တဲ့ နေ့လည်ခင်းတစ်ခုရယ်ပါ....

အဲ့ဒီနောက် သူ့ရင်ထဲခံစားမိတဲ့ ပထမဆုံးအရာက ရှက်စိတ်...
ဒုတိယက မယုံကြည်စိတ်နဲ့ လက်မခံနိုင်စိတ်...
တတိယက ယှဉ်တွဲရန်မဖြစ်နိုင်တဲ့ သူတို့ရဲ့ဖြစ်တည်မှုမှာ ဒီလိုခံစားချက်ဖြစ်မိတဲ့အခြေအနေကို နားမလည်နိုင်တဲ့စိတ်....

*မဖြစ်နိုင်ဘူး.. ငါက ဘာလို့လဲ...*

ဒါဟာ သူတွေးမိတဲ့ အဆုံးစွန်သော အတွေးဖြစ်တယ်။
အဲ့ဒီအချိန်မှာသူလုပ်မိတဲ့အရာဟာ ကောင်လေးဆီက အကြည့်တွေကို ရှောင်ပြေးခြင်းပဲ...
ဒါဟာ ပထမဆုံးအကြိမ် ရှောင်ပြေးမိခြင်းပါ...

သူနဲ့ရိပေါ်ရဲ့ဆက်ဆံရေးဟာ ဒီနေရာမှာပဲစတင်အက်ကြောင်းထင်လာတယ်။
သူကလည်း ရှေ့လျောက် ခပ်တန်းတန်းနေရင် အချိန်တန်ရင် ရပ်တန့်သွားမဲ့အရာလို့ထင်ခဲ့တယ်။
အချိန်အကြာကြီးအသားကျခဲ့တဲ့အရာမို့ တွယ်တာနေတာဖြစ်မယ်လို့ ယူဆခဲ့ပါတယ်။

ဒါပေမဲ့ ဒါတွေဟာ သူထင်သလိုမရပ်တန့်နိုင်ခဲ့ဘူး...

ရိပေါ်ဟာ အရွယ်ရောက်လာတာနဲ့အမျှ ဆန့်ကျင်တက်တဲ့ကောင်လေးဖြစ်လာတော့တာပဲ...
ဒီကောင်လေးကို သူအရောင်မဆိုးရက်ဘူး...
အရင်အတိုင်း ဖြူဖြူစင်စင်ရိုးရိုးရှင်းရှင်းပဲ ရှိနေစေချင်တာက သူ့အတ္တတစ်မျိုးပါပဲ...

"အကိုက လှတယ်.."

ဒုတ်ကနဲခုန်လှုပ်သွားတဲ့ ရင်အစုံကိုမသိကျိုးကျွံပြုလို့ ဆူသော ဆုံးမသောစကားကိုသာအထပ်ထပ်ပြောရင်း သူ့ကိုယ်သူထိန်းချုပ်နေခဲ့ရတယ်။
သူရဲ့ဆုံးမမှုက ဝမ်ရိပေါ်ကိုလား ၊ သူ့ကိုယ်သူကိုလားတောင် မသိတော့အောင် ရောထွေးလို့နေပြီ...

"အကို့ကို သဘောကျတယ်...

"....."

ထိုအခိုက် လောကကြီးတစ်ခုလုံးရပ်တန့်သွားသလိုခံစားချက်...
ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတဲ့ ထုံထိုင်းမှုတစ်ခု...

မဟုတ်ဘူး...

မဟုတ်ဘူး...

ကြောက်စိတ်က ထပ်ပြီးကြီးစိုးလာတယ်။

မရဘူး... အဲ့ဒီလိုဖြစ်လို့မရဘူးလေ...

အဲ့ဒီအချိန်မှာ သူလုပ်တက်တဲ့အရာက ထွက်ပြေးတာပါပဲ...

ဝမ်ရိပေါ်ကပြောတယ်။

"လူတစ်ယောက်က လူတစ်ယောက်ကိုသဘောကျတာ ဘာမှားလို့လဲ.." တဲ့...

မင်းမမှားပါဘူး... ငါကိုက မှားနေတာပါ...
မင်းဆီမှာနစ်မြောပြီး နေထိုင်နေတဲ့ငါကိုက ဒီအမှားတွေဖြစ်စေခဲ့တာ....

အဲ့ဒီအချိန်မှာ ရုပ်တရက် လဲပြိုကျသွားတဲ့ ဝမ်ရိပေါ်ဟာ အတော်လေး ပျော့ခွေနေခဲ့တယ်
ရိပေါ်ကိုပွေ့ဖက်ကာ အတင်းပိုးလို့အိမ်ကိုပြန်ပြေးခဲ့တာလဲသူပဲ...
ဆေးရုံမှာမိုးလင်းပေါက်ထိုင်စောင့်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့တာလဲ သူပဲ...

သူ့အတွက် ပထမဆုံးအကြိမ် ဝမ်ရိပေါ်ကိုပွေ့ဖက်ခဲ့ခြင်းက ဒီအချိန်ဖြစ်တယ်။
အဲ့ဒီညမှာပဲ ရိပေါ်ရဲ့ကျမ်းမာရေးအခြေအနေကို သိခဲ့ရတယ်။
ဝမ်ရိပေါ်လက်ဖျားကို မဝံ့မရဲတို့ထိမိရင်း တုန်ယင်နေခဲ့တဲ့ မိနစ်တွေဖြစ်တယ်။

အဲ့ဒီနေ့က သူအိမ်ကိုပြန်တဲ့အချိန်ဟာ အာရုံတက်နေခဲ့ပြီ...
ရပ်ကွက်ထဲက ဈေးသည်တွေ လုပ်ငန်းစလို့ သွားလာနေကြပြီ...
ဆိုင်ငန်းငယ်လေးတွေ တစ်ကျွီကျွီမြည်လို့ဖွင့်လှစ်နေကြပြီ...

ဒီလိုရှုပ်ထွေးကျဉ်းကျပ်တဲ့ရပ်ကွက်...

သူ့အိမ်ရှေ့ကိုရောက်လာတယ်။

တန်ဖိုးနည်းတိုက်ခန်းတွဲတွေကြားထဲက တစ်ခုတည်းသောသူ့မိဘရဲ့ပိုင်ဆိုင်မှုလေး...
ခြံဝန်းသေးသေးလေးနဲ့ အိမ်သေးသေးတစ်လုံး...
အရောင်လွင့်နေတဲ့နံရံနဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့အုတ်ကြွပ်တွေ...

ဒီလို သေးငယ်တဲ့ သူ့ရဲ့ဖြစ်တည်မှု...

သူဘာတက်နိုင်မှာလဲ...
သူဟာ ရိပေါ်မိဘဆီမှာ အခကြေးယူပြီး စာသင်နေတဲ့သူ...
ရိပေါ်နဲ့ တစ်မိသားစုလုံးဟာ သူ့အပေါ်ကောင်းတယ်။
သူဟာ သူ့ကိုယ်သူတောင် အားတင်းစောင့်ရှောက်နေရတဲ့သူတစ်ယောက်...
သူဘယ်လိုလုပ်ပြီး ဒီအတွေးတွေးရဲမှာလဲ...

ပြီးတော့ သူဟာ ယောက်ျားတစ်ယောက်...
ရိပေါ်ဟာလည်း ယောက်ျားလေးတစ်ယောက်...
ဒီအခြေအနေကို လက်ခံလိုက်တာနဲ့ သူရောရိပေါ်ရော နှစ်ဦးလုံးဟာ ရင်ဆိုင်ရခက်ခဲတဲ့ အနာဂတ်ကိုကြုံတွေ့ရတော့မှာ...
ဒီဆုံးဖြတ်ချက်က တက်လမ်းတွေရှာဖွေရမဲ့ သူတို့ရှေ့ရေးကို ပိတ်ပင်သွားမှာ...

ရိပေါ်ဟာငယ်သေးတယ်။
အချိန်တစ်ခုရောက်ရင် သူ့အပေါ်ဖြစ်နေတဲ့စိတ်တွေပျောက်ပြီး မေ့သွားကောင်းမေ့နိုင်တယ်။

ဒါဟာ သူ မရွေးချယ်သင့်တဲ့ လမ်းဖြစ်တယ်။
ဒီလိုဖြူစင်တဲ့ကောင်လေးရဲ့ဘဝကို သူဘယ်လိုနှောက်ယှက်နိုင်ပါ့မလဲ....
သူဘယ်လိုအင်အားနဲ့ သတ္တိရှိနိုင်ပါ့မလဲ....
ဘယ်လိုစိတ်နဲ့ မိုက်ရူးရဲဆန်နိုင်ပါ့မလဲ....

သူ့အိမ်ရှေ့မှာ မတ်တပ်ရပ်လို့ ဘဝမှာ ပထမဆုံးအကြိမ် မျက်ရည်ပြိုဆင်းခဲ့တယ်။

ဟုတ်တယ်... သူ့ဘဝမှာ ပထမဆုံးအရာဆိုတာ ဝမ်ရိပေါ်နဲ့ပတ်သတ်သမျှချည်း...

.
.

ရုပ်တရက်လန့်နိုးလာတယ်။
အသိဝင်ဝင်ချင်းမှာ အရင်ဆုံးခံစားလိုက်ရတာက ဦးခေါင်းကိုက်ခဲမှု...
ခေါင်းထဲ ညတုန်းက အကြောင်းအရာတွေ ပြန်ဝင်လာတယ်။
အစပိုင်းတုန်းက စီစဉ်ထားတာ ဘီယာတစ်မျိုးပဲ...
ကျောင်းသားတွေအချိုရည်ထဲခိုးထည့်လာတဲ့ အရက်တွေကို သောက်မိရာက သူမူးသွားခဲ့ပုံပဲ...
မှန်ပြတင်းငယ်လေးကနေ အပြင်ဘက်ကိုအနည်းငယ်မြင်ရတယ်။
မိုးတော့မလင်းသေးဘူး...

"အင်း... အေးတယ်.."

သူ့ဘေးနားက အသံတိုးတိုးလေး...
အမြန်လှည့်ကြည့်မိတယ်။

ရိပေါ်...

သူ့ဘေးနား ကွေးကွေးလေး အိပ်ပျော်နေတဲ့ရိပေါ်...
စောင်လည်းမခြုံထားဘူး...
သူအမြန်ထထိုင်လိုက်ပြီး ကြည့်လိုက်တော့ သူ့ကိုယ်ပေါ်မှာလွမ်းခြုံထားတာက ရိပေါ်ရဲ့စောင်ဖြစ်နေတယ်။

"....."

သူလေးပင်စွာ သက်ပြင်းချလိုက်ပြီး စောင်ကို ရိပေါ်ဆီပြန်ခြုံပေးလိုက်တယ်။
ခန္ဓာကိုယ်ကိုကွေးပြီးနေနေတာမို့ စောင်ခြုံပေးလိုက်တဲ့အခါမှာ လုံးတုံးတုံးလေးဖြစ်သွားတယ်။
ခေါင်းလေးကလည်းလုံးလုံးလေး နှာခေါင်းလည်းလုံးလုံးလေး..အခု ခန္ဓာကိုယ်လည်း လုံးလုံးလေးဖြစ်သွားပြီ...

သူရိပေါ်ဘေးပြန်လှဲချလိုက်ပြီး လက်ထောက်ခေါင်းမှီကာ ဒီကောင်လေးကိုကြည့်နေမိတယ်။
နိုးသွားမှာစိုးလို့ ထိတောင်မထိရဲဘူး...

အရင်ကလည်း အိမ်မှာစာသင်ရင်း အိပ်ပျော်သွားတက်တဲ့သူကို ဒီလို ခဏခဏ ကြည့်နေခဲ့ဖူးတယ်ဆိုတာ ဒီကောင်လေးမသိလောက်ဘူး...
သိဖို့လည်း မလိုပါဘူးလေ...

အကြိမ်ကြိမ်ထွက်ပြေးပြီး အကြိမ်ကြိမ်ဒဏ်ရာပေးနေခဲ့တာလည်း သူပဲမဟုတ်လား...

တကယ်ဆို ရိပေါ်သူ့ကိုစိတ်ပျက်သွားပြီး ကျောခိုင်းသွားဖို့ကိုလည်း သူပဲမျော်လင့်ခဲ့တာပါ။
ဒါပေမဲ့ တကယ်တမ်း ဒီကျောခိုင်းမှုတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ သူ ခံနိုင်ရည်မရှိခဲ့ဘူး...
သည်းခံနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အရာတွေထဲမှာ ရိပေါ်ရဲ့ စိမ်းကားသွားမှုတွေ မပါဝင်ခဲ့ပါဘူး...

သူ့အနားမလာချင်တော့တဲ့ကောင်လေးကို အကြိမ်ကြိမ်အာရုံစိုက်ပြီး အကြိမ်ကြိမ်စောင့်ကြည့်နေမိတယ်။
အချိန်နဲ့အမျှ ပူပန်စိတ်ဝင်နေပြီး ဒီလိုကနေ သူ့အနားကတကယ်ပျောက်ကွယ်သွားမှာကို အပြင်းအထန်ကြောက်နေမိတယ်။
သူ့ကို ရိပေါ်မျက်နှာလွဲလာလေလေ သူနဲ့ဝမ်ရိပေါ်ဟာ တကယ်ပဲသူစိမ်းတွေဖြစ်သွားရင်ဆိုတဲ့အတွေးဟာ နှိပ်စက်လေလေပဲ..

သူကိုယ်တိုင်ကိုက ရိပေါ်ဆီက မရုန်းထွက်နိုင်ခဲ့တာ....
ဘယ်လောက်ထွက်ပြေးထွက်ပြေး ရိပေါ်ဆီပဲ ပြန်ပြန်လှည့်လာမိနေတဲ့ သူ့ခြေလှမ်းတွေကို ဘယ်လိုမှ မထိန်းချုပ်တက်တော့ဘူး...

အိပ်ပျော်နေတဲ့ကောင်လေးရဲ့ ဆံစဖျားတွေကိုထိတွေ့မိတဲ့လက်ဖျားက ခပ်ဖွဖွလေး...

နေ့လည်က မထင်မှတ်တာကိုကြားခဲ့ရတယ်။

"အနှောက်အယှက်မပေးချင်တာပါတဲ့..."

သူနဲ့ လျန်ချိုးဟွာက ဘာမှမဟုတ်တဲ့အကြောင်းကို ရှင်းပြချင်သေးတယ်။
အရင်ကနည်းခဲ့တဲ့သတ္တိကို အခုပြန်မွေးချင်မိတယ်။
နောက်ကျသွားပြီလား မသိပေမဲ့ ကိုယ်လည်းမင်းကို သဘောကျတဲ့အကြောင်း အသိပေးချင်တယ်။
တောင်းပန်ချင်တယ်။
ရှောင်ပြေးနေမိတာတွေအတွက်...

ချိုးဟွာကပြောတယ်...
သဘောကျတဲ့အရာကို ဖမ်းဆုပ်ထားရမှာပေါ့တဲ့...
သူတို့တွေက ဘာတွေများ ပိုင်ဆိုင်နေရလို့လဲတဲ့...
ဟုတ်ပါရဲ့....
သူဟာ ရင့်ကျက်ဟန်ဆောင်နေတဲ့ သူတစ်ယောက်ပဲ...

သူ့မျက်စိရှေ့ကကောင်လေးက ဖျက်ကနဲမျက်လုံးပွင့်လာတယ်။

"...."

ဝမ်ရိပေါ်က တကယ့်ကိုအအိတ်ဆတ်တဲ့ကောင်လေး..
သူ့လက်ဖျားက ဝမ်ရိပေါ်ရဲ့မေးဖျားမှာ ထိရုံသာထိနေတဲ့ အနေအထား...

ဝမ်ရိပေါ်က သူ့ကို မျက်တောင်မခတ်စတမ်းကြည့်နေတယ်။

ခဏအကြာ လက်တစ်ဖက်ကလှုပ်ရှားလာပြီး သူ့ရဲ့မျက်ခုံးတွေကိုလာထိတယ်။

"...."

အသက်အောင့်မိလိုက်ပြီး မမှိတ်မသုံကြည့်နေမိတော့ လက်ချောင်းတွေကလှုပ်ရှားနေပြီး မျက်ခုံးကနေ ပါးပြင်..
အဲ့ဒီကနေ နုတ်ခမ်းတစ်လျောက်ပွတ်သပ်နေပြီး နုတ်ခမ်းအောက်နားထောင့်လေးမှာ ရပ်တန့်သွားတယ်။

ရယ်သံမျှင်းမျှင်းထွက်ပေါ်လာကာ တိုးတိုးလေးရေရွတ်လာတယ်။

"အိပ်မက်က ကောင်းလိုက်တာ.."

အိပ်မက်တဲ့လား...

အိပ်မက်လို့ထင်နေတာလား...

"မြင်လည်းမြင်ရပြီး ထိလို့လည်းရတယ်... ဘာလို့ ဒီလောက်ပီပြင်နေတာလဲ...."

စကားတွေရပ်သွားပြီး တစ်ဖန်စိုက်ကြည့်နေပြန်တယ်။

ရိပေါ်ဘာဆက်လုပ်မလဲ သူစိတ်ဝင်စားမိတာမို့ဘာမှမလုပ်ပဲ ငြိမ်နေပြီး ဒီအတိုင်းဆက်ကြည့်နေမိတော့ အနားကိုတိုးကပ်လာတယ်။

"ဒါက အိပ်မက်ပဲ... တကယ့် အကိုသာဆိုရင် ခွင့်ပြုမှာမဟုတ်ဘူး... ဟုတ်တယ်မလား..."

သူအသာအယာခေါင်းငြိမ့်ပြလိုက်တယ်။

"အဲ့ဒါဆို တစ်ခုလောက်ထပ်ပြီးခွင့်ပြုပါလား..."

သူရင်တွေအရမ်းခုန်လာတယ်။
ပိုပြီးနီးကပ်လာတဲ့ရိပေါ်က ဘာကိုရည်ညွှန်းနေလဲဆိုတာ သူသိနေတယ်။
ပိုပြီးနီးကပ်လာပြီး စင်တီမီတာအနည်းငယ်အကွာမှာပဲပြန်ရပ်တန့်သွားကာ သူ့မျက်လုံးတွေကိုပြန်ကြည့်လာတယ်။

ဝမ်ရိပေါ်က ဒီလိုမျိုးလည်း ရဲဝံ့တာပဲလား...

သူ ခေါင်းအသာညှိမ့်လိုက်တယ်။

သူနုတ်ခမ်းအောက်မှဲ့နေရာကို အလျှင်အမြန်ထိကပ်လာတဲ့နုတ်ခမ်းနွေးနွေးလေး...
စိုစွတ်ပြီး နူးညံ့နေတာပဲ...

သူ့ရင်ဘတ်ထဲအရမ်းကိုပြောင်းဆန်နေပြီ...
လက်တွေခြေတွေပါ တောင့်ခဲနေတယ်။

ဝမ်ရိပေါ်လေးက မျက်လုံးမှိတ်လျက် လှုပ်စိလှုပ်စိနဲ့ သူနုတ်ခမ်းကို တို့ထိတို့ထိနမ်းနေတယ်။
နမ်းတာတောင် ဒီလိုဖြူဖြူစင်စင်လေးတဲ့...

သူ့ရင်ထဲ ချစ်မြတ်နိုးစိတ်တွေ ပိုပြီးတိုးထွက်လာတယ်။
မသိတော့ဘူး... သူ ထိန်းချုပ်ပြီးမနေနိုင်တော့ဘူး...

တောင့်နေတဲ့လက်တွေကိုဖြေလျော့လိုက်ပြီး ရိပေါ်ရဲ့ပါးပြင်နဲ့ခေါင်းလုံးလုံးကို ထိကိုင်လိုက်ကာ အနမ်းတွေကို တုန့်ပြန်မိတော့တယ်။

နူးညံအိစက်တဲ့ နုတ်ခမ်းလုံးလုံး...
အပေါ်နုတ်ခမ်းလွာကချိုမြသလို အောက်နုတ်ခမ်းလွာကယစ်မူးစရာ... 
ပြန်မလွတ်ချင်တော့ဘူး...
တစ်စပြီးတစ်စ တုံ့ပြန်ရာက ဦးဆောင်မိတဲ့အထိ သူရူးသွပ်လို့သွားတယ်။

သူဒီကောင်လေးကို သဘောကျနေခဲ့ရုံမဟုတ်ဘူး... ချစ်မိနေခဲ့တာ...
တကယ်တော့အရူးအမူးချစ်နေတာ...
ဟုတ်တယ် .. သူရူးသွားပြီ....
ဘယ်သူ့ကိုမှ မပေးချင်ဘူး
ဝမ်ရိပေါ်ကို ပိုင်ဆိုင်ချင်တယ်။

တကယ်လို့ရိပေါ်သာ တားမယ်ဆိုရင် သူဘယ်ကိုမှ မသွားတော့ဘူး...

----------------------------------------------

မဖြစ်နိုင်ဘူးဆိုပြီးအတင်းငြင်းနေတဲ့အကိုကြီးက ကလေးကို အသားယူသွားပါပြီ..😑

----------------------------------------------

Zawgyi;

ေႏြးေထြးတဲ့ အရိပ္အၿမဳံတစ္ခု...
ႏူးညံ့အိစက္တဲ့အထိအေတြ႕...
မ်က္လုံးပြင့္လာၿပီး တစ္ခ်က္ႏွစ္ခ်က္ပုတ္ခတ္လိုက္တဲ့မ်က္ခြံေတြဟာေလးလံေနတုန္းပဲ...
သူ ဘယ္ေလာက္ေတာင္အိပ္ေပ်ာ္သြားတာလဲ...
ထထိုင္လိုက္ၿပီး ကုတင္ေအာက္ဆီ ေျခခ်လိဳက္တာနဲ႕ သူ႕ရဲ႕အစိမ္းခပ္ေဖ်ာ့ေဖ်ာ့ အေမြးစြပ္ဖိနပ္ကေလးက သူေျခခ်ရာမွာ ေနရာတက်ရွိေနတယ္။

တိတ္ဆိတ္ေနတာပဲ....
ကုတင္ေဘးကစားပြဲတင္နာရီမွာ ညကိုးနာရီကို ၫႊန္ျပေနတယ္။
အခ်ိန္က်တာနဲ႕အလိုအေလ်ာက္နိုးလာတဲ့မ်က္လုံးေတြပဲ...
မက္လက္စအိပ္မက္ဟာ တစ္ပိုင္းတစ္စျဖစ္သြားရၿပီ...

အခန္းတံခါးပြင့္လာတယ္။
လင္ဗန္းငယ္တစ္ခုကိုင္လို႔ အထဲဝင္လာတဲ့ အကို႔ရဲ႕ပုံရိပ္ဟာ သူျမင္ေနက်ျမင္ကြင္းတစ္ခု...

"နိုးေနၿပီလား.."

"အင္း.."

အနားေရာက္လာတဲ့အကိုက လင္ဗန္းကို စားပြဲေပၚတင္လိုက္ၿပီး သူ႕နဖူးကို စမ္းတယ္။

"ေနသာရဲ႕လား.."

ထိုင္လ်က္သားနဲ႕အကို႔ကိုေမာ့ၾကည့္မိေတာ့ အကိုက သူ႕ဆံပင္​ေတြကိုခပ္ဖြဖြ ထိုးဖြတယ္။

"ကြၽန္ေတာ္ အိပ္မက္အရွည္ႀကီးမက္တယ္"

အကိုက ၿပဳံးလိုက္ရင္း...

"ဘာေတြမ်ားမက္တာလဲ.."

သူတစ္ခ်က္စဥ္းစားတယ္။
အိပ္မက္က ရွည္လြန္းလို႔ဘယ္ကစေျပာရမလဲ...

"အိပ္မက္ထဲမွာ လြန္ခဲ့တဲ့ဆယ္ႏွစ္​ေက်ာ္ကိုျပန္ေရာက္သြားတယ္... ကြၽန္ေတာ္က အထက္တန္းေက်ာင္းသားျဖစ္ၿပီး အကိုက ေက်ာင္းကိုအခ်ိန္ပိုင္းစာလာသင္ေပးခဲ့တာေလ.."

"အေဝးႀကီးေရာက္သြားခဲ့တာပဲ.."

သူ႕မ်က္ႏွာကို အကိုဝမ္းဗိုက္ဆီထိကပ္လိုက္ရင္း လက္ေတြက အကို႔ခါးေတြကို တြယ္ဖက္လိုက္တယ္။
အကို႔ဆီက ရယ္သံခပ္တိုးတိုးထြက္ေပၚလာရဲ႕...

"ဘာျဖစ္လို႔လဲ.."

"အဲ့ဒီတုန္းက အကိုက ကြၽန္ေတာ့ကို ဒီလိုအ​ၾကာ​ႀကီး ဖက္ထားခဲ့တာေလ..."

"အင္း... ဘယ္တုန္းကလဲ.."

ဘာရယ္...
သူဆတ္ကနဲေခါင္းေမာ့လိုက္ၿပီး

"မမွတ္မိဘူးလား.."

အကိုက မ်က္ခုံးေတြတြန့္ခ်ိဳးလို႔ စဥ္းစားေနတယ္။

တကယ္ပဲ ေမ့သြားတာလား...
ေရွာင္းက်န့္ကအခုမွ အသက္သုံးဆယ့္ငါးပဲ ​ရွိေသးတာေလ...
မွတ္ဉာဏ္မေကာင္း​ေတာ့ဘူးလား...

"တကယ္ႀကီးလား.."

အကိုက သူ႕ကို မ်က္ခုံးပင့္ၾကည့္လို႔ တစ္ခ်က္ၿပဳံးျပတယ္။

"ကိုယ္မင္းကိုဖက္ခဲ့တာ ဘယ္ႏွစ္ႀကိမ္ေတာင္မို႔လဲ.... အရိပ္အ​ႁမြက္ေလးေပးသင့္တယ္မဟုတ္ဘူးလား... "

ဖက္တဲ့ပုံစံက အရိပ္အ​ႁမြ​က္မဟုတ္ဘူးလား...

သူ မေက်နပ္စြာ ႏုတ္ခမ္းစူသြားတယ္။

"ပထမဆုံးဟာကို.."

"အဲ့တုန္းက ကိုယ္မူးေနတာလို႔ မင္းေျပာဖူးသလားလို႔..."

ဖက္ထားတာကို ျပန္လြတ္လိုက္ၿပီး

"ေတာ္ၿပီ... သက္က်ားအိုေတြက စကားေျပာလို႔မေကာင္းဘူး..."

ေရွာင္းက်န့္က အသံထြက္ေအာင္ရယ္တယ္။

"ကိုယ္ကသက္ၾကားအိုဆိုရင္ မင္းကဘာေလးလဲ.."

သူ ဘာမွျပန္မေျဖပဲ စားပြဲေပၚကဗန္းထဲက ေဆးလုံးေတြနဲ႕ေရကိုယူေသာက္လိုက္တယ္။

ေဆးေသာက္ၿပီးမွ ေရွာင္းက်န့္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး..

"ခင္ဗ်ားရဲ႕အမ်ိဳးသားေလး.."

ေရွာင္းက်န့္ကၿပဳံးလို႔ ရိေပၚရဲ႕နဖူးကို တစ္ခ်က္ငုံ႕နမ္းလိုက္တယ္။

"ကိုယ့္အမ်ိဳးသားေလးက ျပန္အိပ္သင့္ေနၿပီ.... မနက္ျဖန္ ကုမၸဏီမွာ အစည္းအေဝးရွိတယ္မလား.."

ဝမ္ရိေပၚေခါင္းၿငိမ့္ျပလိုက္ရင္း ျပန္လွဲခ်လိဳက္တယ္။
အကိုက ေစာင္ေသခ်ာၿခဳံေပးၿပီး ျပန္ထြက္ဖို႔ျပင္ေတာ့ သူလက္လွမ္းဆြဲလိုက္တယ္။

"အကိုကေရာ... မအိပ္ေသးဘူးလား.."

"ကိုယ္ လုပ္လက္စ စာတမ္းေလး လက္စသတ္ရဦးမယ္.... အိပ္ႏွင့္ဦးေနာ္.."

"ျမန္ျမန္လုပ္ေနာ္... "

"ဟုတ္ကဲ့ပါဗ်ာ.."

အကိုအခန္းထဲက ထြက္သြားၿပီးေနာက္ တစ္ဖက္လွည့္က မ်က္လုံးေတြျပန္မွိတ္လိုက္တယ္။
အိပ္မက္ေလးဆက္မက္ရင္ေကာင္းမွာပဲ...

.
.

ေနာက္ဆုံးစာပိုဒ္ကိုလက္စသတ္လိုက္ၿပီးေနာက္ စိတ္ေတြေလ်ာ့က်သြားတယ္။

"အား.."

ေညွာင္းခ်ိေနတာပဲ...

နာရီကိုလွမ္းၾကည့္မိေတာ့ တစ္နာရီ ေလးဆယ္မိနစ္...
ထပ္ၿပီး အရမ္းေနာက္က်သြားျပန္ၿပီပဲ...
သူ႕ေရွ႕က စာတမ္းဖိုင္အထပ္လိုက္ကိုျမင္ေတာ့လည္း စိတ္ေက်နပ္မိတယ္။
ဘာပဲျဖစ္ျဖစ္ ေနာက္ရက္ေတြေတာ့ ညမိုးခ်ဳပ္အလုပ္လုပ္စရာမလိုေသးပဲ ရိေပၚကိုအခ်ိန္ပိုေပးနိုင္ၿပီပဲ...

မီးပိတ္လိုက္ၿပီး စာၾကည့္ခန္းထဲကထြက္တယ္။
ၿပီးေတာ့ ေျခလွမ္းေတြကို မီးဖိုခန္းဆီဦးတည္ရတယ္။

ရိေပၚက အရမ္းအအိပ္ဆတ္တယ္။
ခဏခဏနိုးတက္ၿပီး စိတ္ကူးေပါက္သလိုအစားထစားတက္တဲ့ေကာင္ေလး...

ေရေႏြးတည္လိုက္ၿပီး ထမင္းအိုးခလုပ္ႏွိပ္တယ္။
ေရခဲေသတၱာေဘးကစင္ထဲမွာ မုန့္အခ်ိဳ႕တန္းစီထည့္ထားတယ္။
ေရခဲေသတၱာထဲက ရိေပၚစားေလာက္မဲ့ အသီးအႏွံတစ္ခ်ိဳ႕ကို ယူရလြယ္တဲ့ေနရာမွာထားေပးလိုက္ၿပီးမနက္ခင္းခ်က္ျပဳတ္ရမဲ့ အသီးအ႐ြက္ေတြကိုအဆင္သင့္ျပင္ဆင္ထားလိုက္တယ္။
ေရလည္းျဖည့္ရဦးမယ္။
ဒီေကာင္ေလးက ေရကိုလည္းႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေသာက္တက္တယ္။

အားလုံးၿပီးသြားေတာ့ ႏွစ္နာရီေက်ာ္ေနၿပီ...
အခန္းဆီျပန္ဝင္ေတာ့ ကုတင္ထက္မွာ ခ်စ္ရသူက အိပ္ေမာက်ေနေလရဲ႕...
ကုတင္ေအာက္က အစိမ္းေရာင္အေမြးပြဖိနပ္ကေလးကို ေနရာတက်ျပန္စီလိုက္ၿပီး ကုတင္ေပၚတက္ကာ ရိေပၚေဘးကို တိုးဝင္လိုက္တယ္။

ေႏြးေထြးေနတာပဲ...
ပင္ပန္းမႈအလုံးစုံေျပေပ်ာက္သြားၿပီး ရင္ထဲၿငိမ္းေအးသြားသလို ခံစားခ်က္ေလး...
ဒီလူသားေလးက သူေျပးလြားေနသမွ်ပန္းတိုင္ရဲ႕ အဆုံးသတ္ကေလး...
ဝမ္ရိေပၚ... သူ႕ရဲ႕ၿပီးျပည့္စုံျခင္းျပယုဒ္... သူ႕ရဲ႕ အမက္ေမာဆုံးေသာပိုင္ဆိုင္မႈ...

"အင္း... အကို..."

"နိုးသြားၿပီလား.."

"အလုပ္ေတြၿပီးသြားၿပီလား..."

"အင္း... အကုန္ၿပီးသြားၿပီ.."

အိပ္ခ်င္မူးတူးနဲ႕ေတာင္ ၿပဳံးတဲ့အၿပဳံးက ရင္ေအးစဖြယ္...

"ေကာင္းလိုက္တာ... အရမ္းေကာင္းတာပဲ.."

ဆြဲယူေပြ႕ဖက္လိုက္ေတာ့ အလိုက္သင့္ကေလးတိုးဝင္လာတဲ့ ကေလးငယ္....
ေနာက္ေက်ာကိုခပ္ဖြဖြပုတ္ေပးရင္း ေမွးစက္ေစေတာ့ အသက္ရႈသံေတြမွန္သြားကာျပန္အိပ္ေပ်ာ္သြားေလရဲ႕...

သူအိပ္လို႔မရေသး...
သူ႕ေခါင္းထဲအေတြးတစ္ခ်ိဳ႕ရစ္ဝဲလို႔ေနတယ္။

ပထမဆုံး ေပြ႕ဖက္ျခင္းတဲ့...

သူမမွတ္မိခဲ့တာမဟုတ္ဘူး...
လြန္ခဲ့တဲ့ဆယ္ႏွစ္​ေက်ာ္သူ႕ကိုယ္သူ ျပန္မမွတ္မိခ်င္႐ုံသာ...
လြန္ခဲ့တဲ့အခ်ိန္ေတြက သူဟာ မိမိကိုယ္ကို အားမလိုအားမရ သတၱိနည္းခဲ့ၿပီး တစ္ေယာက္ေသာသူကို အႀကိမ္ႀကိမ္နာက်င္ေအာင္လုပ္ေနမိတဲ့ သူတစ္ေယာက္သာ...
သူ တစ္ယုတစ္ယသိမ္းဆည္းထားတဲ့အတိတ္ဆိုတာ ဝမ္ရိေပၚတစ္ေယာက္တည္းရဲ႕ပုံရိပ္ေတြခ်ည္းပဲ...

--------------------------------

“ကိုယ္မွားပါတယ္... ေတာင္းပန္ပါတယ္”

စိုစြတ္ေနတဲ့ သူ႕ခႏၶာကေရာ ေအးစက္စက္ရာသီကေရာ သူ႕ရဲ႕ ပူေလာင္မႈကို မေလ်ာ့ပါးေစဘူး...

ဝမ္ရိေပၚ...
သူ႕အနားကို အေျပးေရာက္လာတဲ့ ဆန္းက်ယ္မႈေလး...
အႀကိမ္ႀကိမ္ထြက္ေျပးေနရဲ႕နဲ႕ေတာင္ ျပန္ျပန္လွည့္လာမိေနတဲ့ သူေရးဆြဲတဲ့သံသရာ...
သူ႕ရဲ႕ မလြတ္ေျမာက္နိုင္တဲ့ ဝကၤပါတစ္ခု...

ဒီသံသရာဟာ စၾကၤန္လမ္းမွာ ေခ်ာ္လဲသြားတဲ့သူ႕ကို ေၾကာင္ေတာင္ေတာင္ရပ္ၾကည့္ေနတဲ့ မ်က္ေပတုံးေလးဆီကစသလား..
သူ႕ကိုခဏခဏေငးစိုက္ေနတက္တဲ့ ျဖဴစင္မႈေတြကပဲ စခဲ့သလား...

မသိလိုက္မသိဘာသာနဲ႕ သူဟာ ဒီေကာင္ေလးရဲ႕အၾကည့္ေတြကို စတင္ႏွစ္သက္ေနခဲ့ပါတယ္...
အခ်ိန္အေတာ္ၾကာတဲ့အထိ ဒီေကာင္ေလးရဲ႕ အၾကည့္ေတြေအာက္မွာ ေနထိုင္ရတာကို အသားက်ေနခဲ့တယ္။
ဒီအတိုင္းပဲ သမာရိုးက်စြာျဖတ္သန္းေနရျခင္းလို႔ သူယူဆခဲ့ၿပီး ေပ်ာ္႐ႊင္ခဲ့တယ္။
ရယ္ေမာခဲ့တယ္။
ဒါဟာဘာလဲ သူ ေသခ်ာမသိ...
ဝမ္ရိေပၚဟာ အထက္တန္းေက်ာင္းသားအ႐ြယ္ကိုစတင္ေရာက္လာသည့္တိုင္ေအာင္ အဆင္ေျပေနခဲ့ပါေသးတယ္။

တစ္ေန႕မွာ သူ သတိထားမိလာတယ္။
သူ႕ကိုၾကည့္ေနတက္တဲ့ ဒီမ်က္ဝန္းေတြက တျခားလူကိုၾကည့္ေနရင္ မႀကိဳက္တဲ့အတၱတစ္ခု စြဲကပ္လာတဲ့အခ်ိန္မွာပဲ သူ႕ရင္ထဲေၾကာက္စိတ္ေတြတိုးဝင္လာခဲ့တယ္။

မွတ္မိေသးတယ္။

သူ႕ေက်ာင္းကို ဝမ္ရိေပၚေရာက္လာတဲ့ေန႕...
ဝမ္ရိေပၚ သူ႕ေက်ာင္းက မိန္းကေလးတစ္ေယာက္ကို ၾကည့္ၿပီးၿပဳံးျပတဲ့ျမင္ကြင္းကိုျမင္ၿပီးေနာက္ ဘာရယ္မဟုတ္ အႀကီးအက်ယ္စိတ္ဆိုးမိခဲ့တယ္။
အေၾကာင္းအရင္းမရွိပါပဲ ဒီေကာင္ေလးကို ေအာဟစ္ၿပီး ေမာင္းထုတ္မိခဲ့တဲ့ ေန႕လည္ခင္းတစ္ခုရယ္ပါ....

အဲ့ဒီေနာက္ သူ႕ရင္ထဲခံစားမိတဲ့ ပထမဆုံးအရာက ရွက္စိတ္...
ဒုတိယက မယုံၾကည္စိတ္နဲ႕ လက္မခံနိုင္စိတ္...
တတိယက ယွဥ္တြဲရန္မျဖစ္နိုင္တဲ့ သူတို႔ရဲ႕ျဖစ္တည္မႈမွာ ဒီလိုခံစားခ်က္ျဖစ္မိတဲ့အေျခအေနကို နားမလည္နိုင္တဲ့စိတ္....

*မျဖစ္နိုင္ဘူး.. ငါက ဘာလို႔လဲ...*

ဒါဟာ သူေတြးမိတဲ့ အဆုံးစြန္ေသာ အေတြးျဖစ္တယ္။
အဲ့ဒီအခ်ိန္မွာသူလုပ္မိတဲ့အရာဟာ ေကာင္ေလးဆီက အၾကည့္ေတြကို ေရွာင္ေျပးျခင္းပဲ...
ဒါဟာ ပထမဆုံးအႀကိမ္ ေရွာင္ေျပးမိျခင္းပါ...

သူနဲ႕ရိေပၚရဲ႕ဆက္ဆံေရးဟာ ဒီေနရာမွာပဲစတင္အက္ေၾကာင္းထင္လာတယ္။
သူကလည္း ေရွ႕ေလ်ာက္ ခပ္တန္းတန္းေနရင္ အခ်ိန္တန္ရင္ ရပ္တန့္သြားမဲ့အရာလို႔ထင္ခဲ့တယ္။
အခ်ိန္အၾကာႀကီးအသားက်ခဲ့တဲ့အရာမို႔ တြယ္တာေနတာျဖစ္မယ္လို႔ ယူဆခဲ့ပါတယ္။

ဒါေပမဲ့ ဒါေတြဟာ သူထင္သလိုမရပ္တန့္နိိုင္ခဲ့ဘူး...

ရိေပၚဟာ အ႐ြယ္ေရာက္လာတာနဲ႕အမွ် ဆန့္က်င္တက္တဲ့ေကာင္ေလးျဖစ္လာေတာ့တာပဲ...
ဒီေကာင္ေလးကို သူအေရာင္မဆိုးရက္ဘူး...
အရင္အတိုင္း ျဖဴျဖဴစင္စင္ရိုးရိုးရွင္းရွင္းပဲ ရွိေနေစခ်င္တာက သူ႕အတၱတစ္မ်ိဳးပါပဲ...

"အကိုက လွတယ္.."

ဒုတ္ကနဲခုန္လႈပ္သြားတဲ့ ရင္အစုံကိုမသိက်ိဳးကြၽံျပဳလို႔ ဆူေသာ ဆုံးမေသာစကားကိုသာအထပ္ထပ္ေျပာရင္း သူ႕ကိုယ္သူထိန္းခ်ဳပ္​​ေနခဲ့ရတယ္။
သူရဲ႕ဆုံးမမႈက ဝမ္ရိေပၚကိုလား ၊ သူ႕ကိုယ္သူကိုလားေတာင္ မသိေတာ့ေအာင္ ေရာေထြးလို႔ေနၿပီ...

"အကို႔ကို သေဘာက်တယ္...

"....."

ထိုအခိုက္ ေလာကႀကီးတစ္ခုလုံးရပ္တန့္သြားသလိုခံစားခ်က္...
ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္သြားတဲ့ ထုံထိုင္းမႈတစ္ခု...

မဟုတ္ဘူး...

မဟုတ္ဘူး...

ေၾကာက္စိတ္က ထပ္ၿပီးႀကီးစိုးလာတယ္။

မရဘူး... အဲ့ဒီလိုျဖစ္လို႔မရဘူးေလ...

အဲ့ဒီအခ်ိန္မွာ သူလုပ္တက္တဲ့အရာက ထြက္ေျပးတာပါပဲ...

ဝမ္ရိေပၚကေျပာတယ္။

"လူတစ္ေယာက္က လူတစ္ေယာက္ကိုသေဘာက်တာ ဘာမွားလို႔လဲ.." တဲ့...

မင္းမမွားပါဘူး... ငါကိုက မွားေနတာပါ...
မင္းဆီမွာနစ္ေျမာၿပီး ေနထိုင္ေနတဲ့ငါကိုက ဒီအမွားေတြျဖစ္ေစခဲ့တာ....

အဲ့ဒီအခ်ိန္မွာ ႐ုပ္တရက္ လဲၿပိဳက်သြားတဲ့ ဝမ္ရိေပၚဟာ အေတာ္ေလး ေပ်ာ့ေခြေနခဲ့တယ္
ရိေပၚကို​ေပြ႕ဖက္ကာ အတင္းပိုးလို႔အိမ္ကိုျပန္ေျပးခဲ့တာလဲသူပဲ...
ေဆး႐ုံမွာမိုးလင္းေပါက္ထိုင္ေစာင့္ၿပီး ကိုယ့္ကိုယ္ကို အျပစ္တင္ေနခဲ့တာလဲ သူပဲ...

သူ႕အတြက္ ပထမဆုံးအႀကိမ္ ဝမ္ရိေပၚကိုေပြ႕ဖက္ခဲ့ျခင္းက ဒီအခ်ိန္ျဖစ္တယ္။
အဲ့ဒီညမွာပဲ ရိေပၚရဲ႕က်မ္းမာေရးအေျခအေနကို သိခဲ့ရတယ္။
ဝမ္ရိေပၚလက္ဖ်ားကို မဝံ့မရဲတို႔ထိမိရင္း တုန္ယင္ေနခဲ့တဲ့ မိနစ္ေတြ​ျဖစ္တယ္။

အဲ့ဒီေန႕က သူအိမ္ကိုျပန္တဲ့အခ်ိန္ဟာ အာ႐ုံတက္ေနခဲ့ၿပီ...
ရပ္ကြက္ထဲက ေစ်းသည္ေတြ လုပ္ငန္းစလို႔ သြားလာေနၾကၿပီ...
ဆိုင္ငန္းငယ္ေလးေတြ တစ္ကြၽီကြၽီျမည္လို႔ဖြင့္လွစ္ေနၾကၿပီ...

ဒီလိုရႈပ္ေထြးက်ဥ္းက်ပ္တဲ့ရပ္ကြက္...

သူ႕အိမ္ေရွ႕ကိုေရာက္လာတယ္။

တန္ဖိုးနည္းတိုက္ခန္းတြဲေတြၾကားထဲက တစ္ခုတည္းေသာသူ႕မိဘရဲ႕ပိုင္ဆိုင္မႈေလး...
ၿခံဝန္းေသးေသးေလးနဲ႕ အိမ္ေသးေသးတစ္လုံး...
အေရာင္လြင့္ေနတဲ့နံရံနဲ႕ ေဟာင္းႏြမ္းေနၿပီျဖစ္တဲ့အုတ္ႂကြပ္ေတြ...

ဒီလို ေသးငယ္တဲ့ သူ႕ရဲ႕ျဖစ္တည္မႈ...

သူဘာတက္နိုင္မွာလဲ...
သူဟာ ရိေပၚမိဘဆီမွာ အခေၾကးယူၿပီး စာသင္ေနတဲ့သူ...
ရိေပၚနဲ႕ တစ္မိသားစုလုံးဟာ သူ႕အေပၚေကာင္းတယ္။
သူဟာ သူ႕ကိုယ္သူေတာင္ အားတင္းေစာင့္ေရွာက္ေနရတဲ့သူတစ္ေယာက္...
သူဘယ္လိုလုပ္ၿပီး ဒီအေတြးေတြးရဲမွာလဲ...

ၿပီးေတာ့ သူဟာ ေယာက္်ားတစ္ေယာက္...
ရိေပၚဟာလည္း ေယာက္်ားေလးတစ္ေယာက္...
ဒီအေျခအေနကို လက္ခံလိုက္တာနဲ႕ သူေရာရိေပၚေရာ ႏွစ္ဦးလုံးဟာ ရင္ဆိုင္ရခက္ခဲတဲ့ အနာဂတ္ကိုႀကဳံေတြ႕ရေတာ့မွာ...
ဒီဆုံးျဖတ္ခ်က္က တက္လမ္းေတြရွာေဖြရမဲ့ သူတို႔ေရွ႕ေရးကို ပိတ္ပင္သြားမွာ...

ရိေပၚဟာငယ္ေသးတယ္။
အခ်ိန္တစ္ခုေရာက္ရင္ သူ႕အေပၚျဖစ္ေနတဲ့စိတ္ေတြေပ်ာက္ၿပီး ေမ့သြားေကာင္းေမ့နိုင္တယ္။

ဒါဟာ သူ မေ႐ြးခ်ယ္သင့္တဲ့ လမ္းျဖစ္တယ္။
ဒီလိုျဖဴစင္တဲ့ေကာင္ေလးရဲ႕ဘဝကို သူဘယ္လိုေႏွာက္ယွက္နိုင္ပါ့မလဲ....
သူဘယ္လိုအင္အားနဲ႕ သတၱိရွိနိုင္ပါ့မလဲ....
ဘယ္လိုစိတ္နဲ႕ မိုက္႐ူးရဲဆန္နိုင္ပါ့မလဲ....

သူ႕အိမ္ေရွ႕မွာ မတ္တပ္ရပ္လို႔ ဘဝမွာ ပထမဆုံးအႀကိမ္ မ်က္ရည္ၿပိဳဆင္းခဲ့တယ္။

ဟုတ္တယ္... သူ႕ဘဝမွာ ပထမဆုံးအရာဆိုတာ ဝမ္ရိေပၚနဲ႕ပတ္သတ္သမွ်ခ်ည္း...

.
.

႐ုပ္တရက္လန့္နိုးလာတယ္။
အသိဝင္ဝင္ခ်င္းမွာ အရင္ဆုံးခံစားလိုက္ရတာက ဦးေခါင္းကိုက္ခဲမႈ...
ေခါင္းထဲ ညတုန္းက အေၾကာင္းအရာေတြ ျပန္ဝင္လာတယ္။
အစပိုင္းတုန္းက စီစဥ္ထားတာ ဘီယာတစ္မ်ိဳးပဲ...
ေက်ာင္းသားေတြအခ်ိဳရည္ထဲခိုးထည့္လာတဲ့ အရက္ေတြကို ေသာက္မိရာက သူမူးသြားခဲ့ပုံပဲ...
မွန္ျပတင္းငယ္ေလးကေန အျပင္ဘက္ကိုအနည္းငယ္ျမင္ရတယ္။
မိုးေတာ့မလင္းေသးဘူး...

"အင္း... ေအးတယ္.."

သူ႕ေဘးနားက အသံတိုးတိုးေလး...
အျမန္လွည့္ၾကည့္မိတယ္။

ရိေပၚ...

သူ႕ေဘးနား ေကြးေကြးေလး အိပ္ေပ်ာ္ေနတဲ့ရိေပၚ...
ေစာင္လည္းမၿခဳံထားဘူး...
သူအျမန္ထထိုင္လိုက္ၿပီး ၾကည့္လိုက္ေတာ့ သူ႕ကိုယ္ေပၚမွာလြမ္းၿခဳံထားတာက ရိေပၚရဲ႕ေစာင္ျဖစ္ေနတယ္။

"....."

သူေလးပင္စြာ သက္ျပင္းခ်လိဳက္ၿပီး ေစာင္ကို ရိေပၚဆီျပန္ၿခဳံေပးလိုက္တယ္။
ခႏၶာကိုယ္ကိုေကြးၿပီးေနေနတာမို႔ ေစာင္ၿခဳံေပးလိုက္တဲ့အခါမွာ လုံးတုံးတုံးေလးျဖစ္သြားတယ္။
ေခါင္းေလးကလည္းလုံးလုံးေလး ႏွာေခါင္းလည္းလုံးလုံးေလး..အခု ခႏၶာကိုယ္လည္း လုံးလုံးေလးျဖစ္သြားၿပီ...

သူရိေပၚေဘးျပန္လွဲခ်လိဳက္ၿပီး လက္ေထာက္ေခါင္းမွီကာ ဒီေကာင္ေလးကိုၾကည့္ေနမိတယ္။
နိုးသြားမွာစိုးလို႔ ထိေတာင္မထိရဲဘူး...

အရင္ကလည္း အိမ္မွာစာသင္ရင္း အိပ္ေပ်ာ္သြားတက္တဲ့သူကို ဒီလို ခဏခဏ ၾကည့္ေနခဲ့ဖူးတယ္ဆိုတာ ဒီေကာင္ေလးမသိေလာက္ဘူး...
သိဖို႔လည္း မလိုပါဘူးေလ...

အႀကိမ္ႀကိမ္ထြက္ေျပးၿပီး အႀကိမ္ႀကိမ္ဒဏ္ရာေပးေနခဲ့တာလည္း သူပဲမဟုတ္လား...

တကယ္ဆို ရိေပၚသူ႕ကိုစိတ္ပ်က္သြားၿပီး ေက်ာခိုင္းသြားဖို႔ကိုလည္း သူပဲေမ်ာ္လင့္ခဲ့တာပါ။
ဒါေပမဲ့ တကယ္တမ္း ဒီေက်ာခိုင္းမႈေတြကို ရင္ဆိုင္ရတဲ့အခ်ိန္မွာ သူ ခံနိုင္ရည္မရွိခဲ့ဘူး...
သည္းခံနိုင္မယ္လို႔ ယုံၾကည္ခဲ့တဲ့အရာေတြထဲမွာ ရိေပၚရဲ႕ စိမ္းကားသြားမႈေတြ မပါဝင္ခဲ့ပါဘူး...

သူ႕အနားမလာခ်င္ေတာ့တဲ့ေကာင္ေလးကို အႀကိမ္ႀကိမ္အာ႐ုံစိုက္ၿပီး အႀကိမ္ႀကိမ္ေစာင့္ၾကည့္ေနမိတယ္။
အခ်ိန္နဲ႕အမွ် ပူပန္စိတ္ဝင္ေနၿပီး ဒီလိုကေန သူ႕အနားကတကယ္ေပ်ာက္ကြယ္သြားမွာကို အျပင္းအထန္ေၾကာက္​ေနမိတယ္။
သူ႕ကို ရိေပၚမ်က္ႏွာလြဲလာေလေလ သူနဲ႕ဝမ္ရိေပၚဟာ တကယ္ပဲသူစိမ္းေတြျဖစ္သြားရင္ဆိုတဲ့အေတြးဟာ ႏွိပ္စက္ေလေလပဲ..

သူကိုယ္တိုင္ကိုက ရိေပၚဆီက မ႐ုန္းထြက္နိုင္ခဲ့တာ....
ဘယ္ေလာက္ထြက္ေျပးထြက္ေျပး ရိေပၚဆီပဲ ျပန္ျပန္လွည့္လာမိေနတဲ့ သူ႕ေျခလွမ္းေတြကို ဘယ္လိုမွ မထိန္းခ်ဳပ္တက္ေတာ့ဘူး...

အိပ္ေပ်ာ္ေနတဲ့ေကာင္ေလးရဲ႕ ဆံစဖ်ားေတြကိုထိေတြ႕မိတဲ့လက္ဖ်ားက ခပ္ဖြဖြေလး...

ေန႕လည္က မထင္မွတ္တာကိုၾကားခဲ့ရတယ္။

"အေႏွာက္အယွက္မေပးခ်င္တာပါတဲ့..."

သူနဲ႕ လ်န္ခ်ိဳးဟြာက ဘာမွမဟုတ္တဲ့အေၾကာင္းကို ရွင္းျပခ်င္ေသးတယ္။
အရင္ကနည္းခဲ့တဲ့သတၱိကို အခုျပန္ေမြးခ်င္မိတယ္။
ေနာက္က်သြားၿပီလား မသိေပမဲ့ ကိုယ္လည္းမင္းကို သေဘာက်တဲ့အေၾကာင္း အသိေပးခ်င္တယ္။
ေတာင္းပန္ခ်င္တယ္။
ေရွာင္ေျပးေနမိတာေတြအတြက္...

ခ်ိဳးဟြာကေျပာတယ္...
သေဘာက်တဲ့အရာကို ဖမ္းဆုပ္ထားရမွာေပါ့တဲ့...
သူတို႔ေတြက ဘာေတြမ်ား ပိုင္ဆိုင္ေနရလို႔လဲတဲ့...
ဟုတ္ပါရဲ႕....
သူဟာ ရင့္က်က္ဟန္ေဆာင္ေနတဲ့ သူတစ္ေယာက္ပဲ...

သူ႕မ်က္စိေရွ႕ကေကာင္ေလးက ဖ်က္ကနဲမ်က္လုံးပြင့္လာတယ္။

"...."

ဝမ္ရိေပၚက တကယ့္ကိုအအိတ္ဆတ္တဲ့ေကာင္ေလး..
သူ႕လက္ဖ်ားက ဝမ္ရိေပၚရဲ႕ေမးဖ်ားမွာ ထိ႐ုံသာထိေနတဲ့ အေနအထား...

ဝမ္ရိေပၚက သူ႕ကို မ်က္ေတာင္မခတ္စတမ္းၾကည့္ေနတယ္။

ခဏအၾကာ လက္တစ္ဖက္ကလႈပ္ရွားလာၿပီး သူ႕ရဲ႕မ်က္ခုံးေတြကိုလာထိတယ္။

"...."

အသက္ေအာင့္မိလိုက္ၿပီး မမွတ္မသုံၾကည့္ေနမိေတာ့ လက္ေခ်ာင္းေတြကလႈပ္ရွားေနၿပီး မ်က္ခုံးကေန ပါးျပင္..
အဲ့ဒီကေန ႏုတ္ခမ္းတစ္ေလ်ာက္ပြတ္သပ္ေနၿပီး ႏုတ္ခမ္းေအာက္နားေထာင့္ေလးမွာ ရပ္တန့္သြားတယ္။

ရယ္သံမွ်င္းမွ်င္းထြက္ေပၚလာကာ တိုးတိုးေလးေရ႐ြတ္လာတယ္။

"အိပ္မက္က ေကာင္းလိုက္တာ.."

အိပ္မက္တဲ့လား...

အိပ္မက္လို႔ထင္ေနတာလား...

"ျမင္လည္းျမင္ရၿပီး ထိလို႔လည္းရတယ္... ဘာလို႔ ဒီေလာက္ပီျပင္ေနတာလဲ...."

စကားေတြရပ္သြားၿပီး တစ္ဖန္စိုက္ၾကည့္ေနျပန္တယ္။

ရိေပၚဘာဆက္လုပ္မလဲ သူစိတ္ဝင္စားမိတာမို႔ဘာမွမလုပ္ပဲ ၿငိမ္ေနၿပီး ဒီအတိုင္းဆက္ၾကည့္ေနမိေတာ့ အနားကိုတိုးကပ္လာတယ္။

"ဒါက အိပ္မက္ပဲ... တကယ့္ အကိုသာဆိုရင္ ခြင့္ျပဳမွာမဟုတ္ဘူး... ဟုတ္တယ္မလား..."

သူအသာအယာေခါင္းၿငိမ့္ျပလိုက္တယ္။

"အဲ့ဒါဆို တစ္ခုေလာက္ထပ္ၿပီးခြင့္ျပဳပါလား..."

သူရင္ေတြအရမ္းခုန္လာတယ္။
ပိုၿပီးနီးကပ္လာတဲ့ရိေပၚက ဘာကိုရည္ၫႊန္းေနလဲဆိုတာ သူသိေနတယ္။
ပိုၿပီးနီးကပ္လာၿပီး စင္တီမီတာအနည္းငယ္အကြာမွာပဲျပန္ရပ္တန့္သြားကာ သူ႕မ်က္လုံးေတြကိုျပန္ၾကည့္လာတယ္။

ဝမ္ရိေပၚက ဒီလိုမ်ိဳးလည္း ရဲဝံ့တာပဲလား...

သူ ေခါင္းအသာညွိမ့္လိုက္တယ္။

သူႏုတ္ခမ္းေအာက္မွဲ႕ေနရာကို အလွ်င္အျမန္ထိကပ္လာတဲ့ႏုတ္ခမ္းေႏြးေႏြးေလး...
စိုစြတ္ၿပီး ႏူးညံ့ေနတာပဲ...

သူ႕ရင္ဘတ္ထဲအရမ္းကိုေျပာင္းဆန္ေနၿပီ...
လက္ေတြေျခေတြပါ ေတာင့္ခဲေနတယ္။

ဝမ္ရိေပၚေလးက မ်က္လုံးမွိတ္လ်က္ လႈပ္စိလႈပ္စိနဲ႕ သူႏုတ္ခမ္းကို တို႔ထိတို႔ထိနမ္းေနတယ္။
နမ္းတာေတာင္ ဒီလိုျဖဴျဖဴစင္စင္ေလးတဲ့...

သူ႕ရင္ထဲ ခ်စ္ျမတ္နိုးစိတ္ေတြ ပို​ၿပီးတိုးထြက္လာတယ္။
မသိေတာ့ဘူး... သူ ထိန္းခ်ဳပ္ၿပီးမေနနိုင္ေတာ့ဘူး...

ေတာင့္ေနတဲ့လက္ေတြကိုေျဖေလ်ာ့လိုက္ၿပီး ရိေပၚရဲ႕ပါးျပင္နဲ႕ေခါင္းလုံးလုံးကို ထိကိုင္လိုက္ကာ အနမ္းေတြကို တုန့္ျပန္မိေတာ့တယ္။

ႏူးညံအိစက္တဲ့ ႏုတ္ခမ္းလုံးလုံး...
အေပၚႏုတ္ခမ္းလြာကခ်ိဳျမသလို ေအာက္ႏုတ္ခမ္းလြာကယစ္မူးစရာ... 
ျပန္မလြတ္ခ်င္​ေတာ့ဘူး...
တစ္စၿပီးတစ္စ တုံ႕ျပန္ရာက ဦးေဆာင္မိတဲ့အထိ သူ႐ူးသြပ္လို႔သြားတယ္။

သူဒီေကာင္ေလးကို သေဘာက်ေနခဲ့႐ုံမဟုတ္ဘူး... ခ်စ္မိေနခဲ့တာ...
တကယ္​ေတာ့​အ႐ူးအမူးခ်စ္ေနတာ...
ဟုတ္တယ္ .. သူ႐ူးသြားၿပီ....
ဘယ္သူ႕ကိုမွ မေပးခ်င္ဘူး
ဝမ္ရိေပၚကို ပိုင္ဆိုင္ခ်င္တယ္။

တကယ္လို႔ရိေပၚသာ တားမယ္ဆိုရင္ သူဘယ္ကိုမွ မသြားေတာ့ဘူး...

----------------------------------------------

မျဖစ္နိုင္ဘူးဆိုၿပီးအတင္းျငင္းေနတဲ့အကိုႀကီးက ကေလးကို အသားယူသြားပါၿပီ..😑

----------------------------------------------

Continue Reading