နွေဦးရဲ့ တိမ်တိုက်လေး

By jazzy_autumn_breez

1K 85 1

GyuJinရဲ့ ချိုမြိန်တဲ့ ကမ္ဘာသေးသေးလေး☁️ More

မိတ်ဆက်
ဒီအတိုင်း...ဖက်ထားပေးပါ ကိုကိုရေ။
သွားကျိုးပါစေ..ဟွန့်
တောင်းပန်ပါတယ်....နမ်းလိုက်ကြပါတော့။
~moring glory~

🤍🐬

165 13 0
By jazzy_autumn_breez

တစ်ခုသော တနင်္ဂနွေမနက်ခင်း...။
ဘုရားကျောင်းတစ်ခုတွင် ဂယူဘင်းတစ်ယောက် စိတ်ညစ်ညစ်နှင့် ဝတ်ပြုရန်စောင့်နေခဲ့သည်။
ဘာသာရေးကိုင်းရှိုင်းသော မိခင်ဖြစ်သူသည်
ယခုအပတ်မှ ဘုရားကျောင်းမတက်လျှင်
ကဒ်ပိတ်ပစ်မည်ဟု
Edinburghမှ လှမ်းခြိမ်းခြောက်သောကြောင့်
ဘုရားကျောင်းလာတက်ရခြင်းဖြစ်သည့်အတွက်ပင်။

မိဘနှစ်ပါးလုံးသည် ကိုရီးယားလူမျိုးများဖြစ်သော်လည်း Englandတွင် ကျောင်းတက်ရင်း ချစ်ကျွမ်းဝင်ကြကာ အခြေကျပြီး
ဂယူဘင်းကို မွေးသောကြောင့် ဂယူဘင်းမှာ
ကိုရီးယားစကားပြောတက်ရုံသာရှိကာ
အရေးအဖတ် မကျွမ်းကျင်ပေ။
Churchတက်ရန် ပျင်းခြင်းမှာလည်း
ကိုရီးယားဘာသာနှင့် ဝတ်ပြုသဖြင့်
ဂယူဘင်းအတွက် အခက်တွေ့သောကြောင့်ပင်။
ရုတ်တရက် ဂယူဘင်းဘေးတွင် ကောင်လေးတစ်ယောက်ဝင်ထိုင်လိုက်သည်။
ယောကျာ်းလေးတစ်ယောက်အား လှသည်ဟု
သုံးရသည်မှာ သိပ်မသင့်တော်သော်လည်း
အနှီကောင်လေးမှာ အလွန်ကိုလှပသော
ကောင်လေးပင်။
အထူးသဖြင့် ထိုကောင်လေး၏ မျက်လုံးများသည် အလွန်လှပကာ ကြယ်စင်အစုအဝေးများ
မြှုပ်နှံထားသကဲ့သို့ပင်။
ဂယူဘင်းတစ်ယောက် အနှီကောင်လေး၏
မျက်နှာအား ဘေးမှကြည့်ရင်း ခွဲခြမ်းစိတ်ဖြာနေစဥ်
ထိုကောင်လေးသည် ဓမ္မသီချင်းစာအုပ်အား
ဂယူဘင်းအားထိုးပြလာ၍ ဂယူဘင်းတစ်ယောက် ကြောင်သွားလေသည်။
ကိုရီးယားစကားအား လိပ်ပတ်လည်အောင်
ပြောနေရသော ဂယူဘင်း၏ စာဖတ်skillမှာ
သူငယ်တန်းအဆင့်သာရှိသည့်အတွက်
ဂယူဘင်းမှာ ကောင်လေးပြသော
ဓမ္မသီချင်းစာအုပ်အား  ကြည့်ရုံသာ ကြည့်နိုင်တော့သည်။

ဘုရားကျောင်းမှ အထွက်တွင် ဂယူဘင်းသည်
အနှီချစ်စရာကောင်လေးအား ကျေးဇူးတင်စကားပြောကာ မိတ်ဆက်ရန် ပြင်သော်လည်း
ကောင်လေးမှာ လူအုပ်ကြားထဲ ဖြတ်ခနဲ ပျောက်သွားလေသည်။
ဤသို့နှင့် ဂယူဘင်းတစ်ယောက် ဘုရားကျောင်းမှ အပြန်တွင် ဆုံးဖြတ်ချက်ချလိုက်သည်။
နောက်အပတ်မှ စ၍ ဘုရားကျောင်းလည်း မှန်မှန်သွားတော့မည် ဖြစ်သလို၊ ကိုရီးယားစာလည်း ဖတ်တက်အောင်ကြိုးစားတော့မည်ဖြစ်သည်။

Continue Reading

You'll Also Like

526K 8.1K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
204K 9.6K 31
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
192K 6.8K 96
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
718K 26.4K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...