နွေဦးရဲ့ တိမ်တိုက်လေး

By jazzy_autumn_breez

1.1K 89 1

GyuJinရဲ့ ချိုမြိန်တဲ့ ကမ္ဘာသေးသေးလေး☁️ More

မိတ်ဆက်
🤍🐬
သွားကျိုးပါစေ..ဟွန့်
တောင်းပန်ပါတယ်....နမ်းလိုက်ကြပါတော့။
~moring glory~

ဒီအတိုင်း...ဖက်ထားပေးပါ ကိုကိုရေ။

265 27 1
By jazzy_autumn_breez

ဆောင်းရာသီရဲ့ ညနေခင်းတစ်ခုမှာ အညိုရောင်စောင်လေးနဲ့ တစ်ကိုယ်လုံးပတ်ပြီး
အိပ်ယာပေါ်မှာ ကွေးကွေးလေးနေနေတဲ့ ယုန်ကလေးတစ်ကောင်ရှိနေခဲ့သည်။

ထိုအချိန် အလုပ်မှ ပြန်လာသော
ကင်မ်ဂယူဘင်းတစ်ယောက်
ယုန်ပျောက်ရှာပုံတော် ဖွင့်နေရသည်။
ပုံမှန်ဆိုရင် ယုန်ကလေး ယူဂျင်းသည်
ဂယူဘင်းပြန်လာချိန်တိုင်း စောင့်ကြိုကာ
ပြေးလာပြီး ဖက်လေ့ရှိသောကြောင့်ပင်...။

ဧည့်ခန်းမှ အိပ်ခန်းထဲသို့ ဝင်ခဲ့သည့်အခါတွင်တော့ အညိုရောင်ရေညှိလိပ်ဘဝရောက်နေသည့် ယုန်ကလေးအား တွေ့လိုက်ရ၍ ဂယူဘင်းတစ်ယောက် စိတ်ထဲ သက်သာသွားကာ ပြုံးမိလိုက်သည်။
လူတစ်ယောက်လုံးဝင်လာတာတောင် အဖတ်မလုပ်သည့် အနှီယုန်ကလေးနှင့် စကားပြောမှ ဖြစ်မည်ဟုတွေးကာ အပေါ်ဝတ်ကုတ်ကို ချွတ်ပြီး ယုန်ကလေးယူဂျင်း ဘေးသို့ ဝင်ကာ ဖက်ထားလိုက်သည်။
သို့သော် ချစ်စရာကလေးဆီမှ တုံ့ပြန်မှုရှိမလာပေ။

ဂယူဘင်းလည်း စိတ်ပူသွားတာ ကလေးမြှူသည့်လေသံလေးဖြင့် ယူဂျင်းနီး အားမေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ ကိုကို့ ချန်ချန်လေးရဲ့
ကိုကို ပြန်လာတာလည်း မကြိုဘူး။
ကိုကို့ကိုလည်း စကားတလုံးမှ မပြောဘူး။
ကိုကိုက
ချန်ချန် မကြိုက်တာ
တစ်ခုခု လုပ်ခဲ့မိလို့လားဗျ။"

သို့သော် ယူဂျင်းမှာခေါင်းတစ်ချက်သာ ခါပြပြီး အဖြေပြန်မလာခဲ့ပေ။ ထိုအစား သူ့အား တိုးလို့သာဖက်လာခဲ့ပြီး ခဏအကြာတွင်မှ ယူဂျင်းဆီမှ
အသံတိုးတိုးလေးထွက်လာခဲ့သည်။

"ကိုကို့ကို စိတ်ဆိုးနေတာမဟုတ်ရပါဘူး။
ယူဂျင်းနီးက ချန်ချန်က ဒီအတိုင်း.....ဒီအတိုင်း.....
Arrr.....နောက်ကျမှ ပြောလို့မရဘူးလား ကိုကိုရေ။
အခုတော့ ဒီအတိုင်းလေး
ဖက်ထားကြရအောင်လေ....နော်......။

ပြောရင်းနှင့် ပိုပိုဖက်လာသည့် ကလေးငယ်အား GyuVinလည်း တင်းတင်းကြပ်ကြပ်ပြန်ဖက်ထားလိုက်သည်။

"အိုခေပါဗျား။ အဲ့တာဆိုရင် ကိုကိုက ယူဂျင်းနီးပြောချင်တဲ့ အချိန်အထိစောင့်ပေးမှာမလို့။ ခဏလောက် ဖက်ထားပြီးရင် တစ်ခုခုစားရအောင်လေ။
ညစာမစားရသေးဘူးမလား။

"အွန်း..."

Continue Reading

You'll Also Like

1.4M 32.2K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
1.7M 99.4K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
131K 2.3K 48
Alexis Piastri is Oscar Piastri's older sister. After feeling unfulfilled with her life, Alexis decides to drop everything to take a gap year and joi...
81.1K 2.1K 30
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...