"မင်း သဘောပဲ ချမ်းမြေ့ရောင်"
ဒေါ်မေမီ မျက်နှာထားက တည်ငြိမ်တင်းမာနေကာ အေးစက်စက်ဆိုသည်။ချမ်း မာမီရှေ့မှာပင် ကျောက်ရုပ်လေးလိုထိုင်နေမိသည်။မနက်ဖြန် မောင်လာ ခေါ်မည့်အကြောင်း မာမီ့ကို အကျိူးသင့်အကြောင်းသင့် လာပြောပြခြင်းဖြစ်သည်။ချမ်း မာမီ့ဒေါသနဲ့ ရင်ဆိုင်ရမည်ဟု ကြိုတွေးထားပါသော်လည်း မာမီက မထင်ထားအောင်ပင် အေးစက်တည်ငြိမ်နေသည်။
"မာမီ..သားက......"
"မင်း ငါ့ကို ဘာမှရှင်းပြစရာမလိုဘူး...ငါ့ထက် မင်းယောကျာ်းကို မင်း ပိုချစ်ခင်တယ် ပိုယုံကြည်အားကိုးတယ်ဆိုရင် သွားကြ!..သွားပြီးရင်တော့ မြတ်ကုဋေ အရိပ်ကိုတောင် နင်းဖို့တောင် မကြိုးစားနဲ့"
မာမီ့စကားကြောင့် ချမ်း မျက်နှာလေး ငုံ့ကျသွားသည်။ချမ်း ဝမ်းနည်းစိတ်တို့ မြင့်တက်လာပေမဲ့ မာမီ့ရှေ့တွေ မျက်ရည်မကျမိအောင်ထိန်းသည်။မာမီက မောင့်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ခါးခါးသီးသီးဖြစ်လွန်းလှသည်။မာမီ အတ်တကြီးလွန်းပေသည်။သူနဲ့ သားလေးရဲ့ ခံစားချက်ကို နည်းနည်းလေးတောင် ထည့်တွက်မကြည့်။
"ဟုတ်ကဲ့...မာမီ့သဘောပါ...သားကို ခွင့်ပြုပါအုံး"
ချမ်း ထိုမျှပင်ဆိုပြီး ဒေါ်မေမီရှေ့မှ ထွက်ခွာသွားလေသည်။ချမ်း ထွက်သွားပြီးမှ ဒေါ်မေမီ ပါးပြင်ထက် မျက်ရည်ကြောင်းတစ်ကြောင်းဖြတ်သန်းစီးဆင်းကျလာသည်။နောက်ဆုံးတော့ ဒီအချိန်ရောက်လာပြီပဲ။သားရော မြေးလေးရော သူမကို ချန်ထားခဲ့ကြတော့မည်။တွေးရင်း ဒေါ်မေမီ မထိန်းနိုင်တော့ဘဲ ငိုရှိုက်မိသည်။
"မီ"
ခေါ်သံနဲ့ အတူ ဦးကောင်းမြတ်က ဒေါ်မေမီနားရောက်လာသည်။သား အမိနှစ်ယောက် စာကြည့်ခန်းထဲ စကားပြောဆိုနေကြသည်ကို ဦးကောင်းမြတ်သိပါသည်။သား သူ့အမျိူးသားနဲ့ ပြန်ပေါင်းတော့မည်ဆိုတာကိုရော။မီ ဘယ်လိုခံစားနေရမလဲ သူ နားလည်နိုင်ပါသည်။သို့ပေမဲ့ သားတို့မိသားစုလေးကို ခွဲဖို့ဆိုတာ တကယ်မဖြစ်သင့်သည့် ကိစ်စလေ။ဦးကောင်းမြတ်ဝင်လာသည်နဲ့ ဒေါ်မေမီက ငိုရှိုက်နေခြင်း ရပ်တန့်သွားကာ ပါးပြင်ထက်က မျက်ရည်စတွေ လက်ဖြင့် အမြန်ပွတ်သပ်သည်။ဒေါ်မေမီက မာနကြီးကာ သူမပျော့ညံ့သည့်ပုံစံကို ဘယ်သူရှေ့မှာမှ ဖော်ထုတ်လိုခြင်း မရှိပေ။သို့ပေမဲ့ ဦးကောင်းမြတ်သည် နှစ်ရှည်လများပေါင်းသင်းလာသည့် ဇနီးဖြစ်သူအကြောင်းကို ကောင်းကောင်းသိပါသည်။
"ကိုယ်တို့သား..ကိုယ်တို့မြေးလေးရဲ့ ပျော်ရွှင်မှု၊စိတ်ချမ်းသာမှုကိုလည်း ကိုယ်တို့ငဲ့ရမယ်လေ မီ...သား က ကလေးလေးတောင် ရနေပြီကွာ..ကိုယ်တို့ရင်အုပ်အောက်မှာ တစ်သက်လုံး သိမ်းထားချင်လို့ ဘယ်ရပါ့မလဲ"
ဦးကောင်းမြတ်စကားကို နားထောင်နေရင်း ဒေါ်မေမီ မျက်ရည်တွေ စီးကျလာပြန်သည်။ဦးကောင်းမြတ်က သက်ပျင်းဖွဖွချကာ ဒေါ်မေမီပခုံးလေးကို နှစ်သိမ့်ပေးသလို ဖွဖွပွေ့ဖက်ပေးသည်။
"ကိုယ်တို့လည်း အသက်တွေကြီးလာပြီ...ဒေါသတွေ မောဟတွေ လျှော့ရမယ်လေ...ကိုယ် စိတ်ချမ်းသာအောင် ကိုယ်နေတတ်မှပေါ့"
ဒေါ်မေမီက ဦးကောင်းမြတ်စကားကို တုံ့ပြန်ပြောဆိုခြင်းမရှိဘဲ ဦးကောင်းမြတ်ရင်ခွင်ထဲတွင် တိုးဝှေ့ငိုရှိုက်နေလျက်။
<<<<<<<<>>>>>>>>
"သူဌေးကတော်နဲ့ သခင်လေးကို အိမ်တော်က ကြိုဆိုပါတယ်"
ချမ်း တို့ ကားပေါ်က ဆင်းဆင်းချင်းပင် တန်းစီရပ်ကာ စောင့်ကြိုနေကြသည့် The Sun အိမ်တော် အလုပ်သမားတွေက ခေါင်းညွတ်အရိုအသေပေးကာပြိုင်တူ ဆိုကြသည်။ချမ်း က အပြုံးလေးနဲ့ အားလုံးကို နှုတ်ဆက်ခေါင်းငြိမ့်ပြသည်။နေက ချမ်း လက်လေးကို ဆွဲကာ လက်တစ်ဖက်တွင် ဆန်းလေးကို ပွေ့ပိုက်ထားကာ အိမ်တော်ထဲ သို့ ခြေလှမ်းသည်။အလုပ်သမားတွေက ကားပေါ်မှ ချမ်းတို့ အထုပ်အပိုးတွေကို သယ်လာကြသည်။
"မြေးလေး.."
ဧည့်ခန်းထဲတွင် စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေသည့် ဒေါ်ငွေခင်က နေတို့ ရောက်လာသည်ကို မြင်သည်နဲ့ ထိုင်ရာမှထကာ နေ့လက်ထဲတွင် ပွေ့ပိုက်ထားသည့် ကလေးလေးကို ကြည့်ကာ ခပ်တိုးတိုးခေါ်ရင်း အနားရောက်လာသည်။ဆန်းလေးက ဒေါ်ငွေခင်ကို မျက်လုံးမလွှဲပဲ စူးစူးလေးကြည့်သည်။
"မြေးလေးလား....အဘွားပါကွယ်...မြေးလေးရဲ့ အဘွားပါ"
သား ဖြစ်သူနဲ့ချွတ်စွတ်တူလွန်းသည့် ကလေးလေးကိုကြည့်ပြီး ဒေါ်ငွေခင်ကြည်နူးဝမ်းသာမှုကြောင့် မျက်ရည်တို့စီးကျလာရသည်။ဒီမြေးလေးကို မြင်တွေ့ရဖို့ သူမဘယ်လောက်တောင် စောင့်နေခဲ့ရသလဲ။
" သား အဘွားလား"
"ဟုတ်တယ် သား"
ဆန်းလေး စကားကို နေ ကို အပြုံးဖြင့်ထောက်ခံအတည်ပြုပေးသည်။ဆန်းလေးက ဒေါ်ငွေခင်ကို တစ်ဖန်ပြန်ကြည့်ပြီး သူ့ဒယ်ဒီရင်ခွင်ထဲမှ အောက်သို့လျှောဆင်းသည်။ေန အလိုက်တသိ ဆန်းကိုယ်လုံးလေးကို အောက်ချပေးလိုက်သည်။
ဆံပင်ဖြူတို့ ဟိုတစ်စ ဒီတစ်စထိုးထွက်ကာ မျက်ရည်တွေဖြင့် ပြုံးနေသည့် အဘွားက ဆန်းလေး ရင်ထဲ ရင်းနှီးနေသလိုခံစားရသည်။ဒေါ်ငွေခင်က အနားရောက်လာသည့် ကလေးလေးရှေ့ ဒူးထောက်ထိုင်လိုက်ရင်း ဆန်းလေး လက်မောင်းနှစ်ဖက်ကိုကိုင်ကာ ဆန်းလေး မျက်နှာလေးက သေချာကြည့်သည်။ကြင်နာရိပ်တို့သမ်းနေသည့် အကြည့်တွေက ဘွားဘွားကြီးရဲ့ စိတ်ဆိုးနေသည့် မျက်လုံးတွေနဲ့မတူပေ။ဆန်းလေး ဒေါ်ငွေခင်ကို ကြည့်ပြီး နှစ်ခြိုက်စွာပြုံးပြလာသည်။
"အမယ်လေး...အဘွားမြေးလေးက လူချောကြီးပဲကွယ်"
"သားက ဒယ်ဒီနဲ့တူရို့ ချောတာ"
ဆန်းလေးက သွက်သွက်လက်လက်လေး ပြန်ချေပသည်မို့ မြေးအဘွားနှစ်ယောက်တွေ့ဆုံခန်းကို အတူယှဉ်တွဲကာ ရပ်ကြည့်နေကြသည့် နေနှင့်ချမ်း သဘောကျစွာ ရယ်မိကြတော့သည်။
"အဘွား မြေးက ပိုချောတာပါကွယ်...နေမင်းတာရာ ငါ့မြေးကို မမှီပါဘူး အေ့"
"ဟုတ်ရား"
သူ့ကိုမြှောက်ပြောသည်ကို သဘာကျသွားသည့် ဆန်းလေး မျက်နှာလေးကပြုံးဖြီးဖြီး။
"မြေးလေး ရောက်လာမှာသိလို့ အဘွားက မုန့်တွေ အများကြီး လုပ်ထားတယ် သွားစားကြမယ်"
"ရက်စ်..ဘွားဘွား"
ဆန်းလေးက ခေါင်းလေးငြိမ့်ပြီး သူ့အဘွားဆွဲခေါ်ရာ ထမင်းစားခန်းထဲ တုတ်တုတ် တုတ်တုတ်ဖြင့် လိုက်ပါသွားလေသည်။ဧည့်ခန်းကျယ်ကြီးထဲ နေနှင့်ချမ်း နှစ်ယောက်တည်း ရပ်ကျန်နေခဲ့လေသည်။
"ဘေဘီ့ကို...မောင် အများကြီး ကျေးဇူးတင်တယ် သိလား"
နေက ချမ်း မျက်နှာလေးကို စိုက်ကြည့်ကာ ချမ်း လက်ဖျားလေးတွေကို ဆုပ်ကိုင်ထားရင်းမှ ဆိုသည်။
"ချမ်းက ဘာလုပ်ပေးလို့ မောင်ကဘာတွေ ကျေးဇူးတင်နေတာလဲ"
"ကိုယ်တို့ သားလေးကို မွေးပေးလို့...ပြီးတော့ မောင့်ဘဝကို အဓိပယ်ပြည့်စုံအောင် ဒီဘေဘီလေးက ဖြည့်ဆည်းပေးလို့လေ"
နေက ချမ်း မျက်နှာဖွေးနုနုလေးကို စိုက်ကြည့်နေရင်း အသည်းယားလာသလို ချမ်း ခါးလေးကို လက်အစုံဖြင့် သိုင်းဖက်ကာ သူရင်ခွင်နဲ့ ပိုမိုနီးကပ်စေသည်။ချမ်းက နေ ပွေ့ဖက်ရာအတိုင်း နေ့ရင်ခွင်ထဲပူးကပ်ရောက်ရှိလာရင်းမှ နေ့ မျက်နှာကို မော့ကြည့်ကာ......
"မောင့်ကိုလည်း ချမ်း ကျေးဇူးအများကြီးတင်ပါတယ်...ဘယ်လိုပြဿနာတွေ ပဲ ရှိခဲ့ ရှိခဲ့ ချမ်းကို ချစ်ပေးနေခဲ့လို့လေ"
"ကျေးဇူးတင်ရင် မောင့်ကို နောက်ထပ် သမီးလေးတစ်ယောက်မွေးပေး!"
နေ့ စကားကြောင့် ချမ်း မျက်လုံးလေးပြူးသည်။
"နောက်ထပ်လား"
"အင်းပေါ့...မွေးပေးမှာလား"
"မောင့် သဘော"
ချမ်း ကနေ့မျက်နှာကို ချစ်စနိုးစိုက်ကြည့်ကာ ပြုံးပြုံးလေးဖြေတော့ နေ အသည်းယားစွာ ချမ်း နှုတ်ခမ်းလေးကို မွခနဲ တစ်ချက်နမ်းသည်။
"မောင်နော်...ဧည့်ခန်းကြီးထဲမှာ ဖယ်တော့"
ချမ်း ပြောကာနေ့ ရင်ခွင်ထဲမှာ ရုန်းထွက်သည်။သို့ပေမဲ့ နေ က လွှတ်မပေးသည့်အပြင် ချမ်း ခါးလေးကို တင်းတင်းတိုးဖက်သည်။
"မောင် နမ်း ချင်တယ်လေ"
"companyပြန် သွားရအုံးမှာ မလား သွားတော့ မောင်"
"နမ်းချင်တယ်လို့!"
နေက ချမ်း မျက်နှာလေးကိုကြည့်ရင်း မျက်နှာငယ်လေးလုပ်ကာ ပူဆာသည်။တစ်ခါတစ်လေ မောင်က ချမ်း အပေါ် ထိုသို့ချွှဲနွဲတတ်ပေသည်။အငယ်က အငယ်ပဲ မဟုတ်လား။ချမ်း မောင့်အပြုအမှုကို သဘောကျကာ ပြုံးပြုံးလေးဖြစ်သွားရပြီး မောင် နှုတ်ခမ်းရဲရဲတွေကို မွခနဲ တစ်ချက်မော့နမ်း လိုက်မိသည်။
"ဒါပဲလား"
"အင်း..တော်တော့..ညမှ ဆက်နမ်း"
ချမ်း စကားကြောင့် နေ ကချမ်း မျက်နှာလေးကို အပြုံးဖြင့် စိုက်ကြည့်လာကာ...
"ညကျရင်တော့ နမ်းရုံနဲ့ မရဘူးနော်..."
နေ့ စကားကြောင့် ချမ်း မျက်နှာလေး ရှိန်းခနဲဖြစ်သွားရသည်။နေက ပန်းရောင်သမ်းလာသည့် ချမ်း ပါးမို့မို့လေးတွေကို အသည်းယားစွာ ဖွဖွဖြစ်ညှစ်ရင်း....
"ညကျရင် မောင့်ကိုပြုစုပေးဖို့ သေချာပြင်ထား...မောင့် ညီက ဘေဘီချမ်းပေါက်လေးကို အရမ်းလွမ်းနေပြီတဲ့ဗျ"
"မောင် နော်...ပေါက်ကရတွေ ပြောမနေနဲ့...companyမြန်မြန်သွားတော့"
"အင်း...မသွားခင် မောင့်ကို ထပ်နမ်းပါအုံး"
ခွဲနေခဲ့ရသည့် အချိန်တွေ အစား နေ့မှာအလွမ်းသယ်၍ မဆုံးတော့ပေ။မနမ်းမချင်း သွားမှာ မဟုတ်သည်မို့ ချမ်း ခြေဖျားလေးထောက်ကာ မောင့် ပခုံးကို ကိုင်ပြီး မောင့်နှုတ်ခမ်းကို ထိကပ်နမ်းလိုက်သည်။ထိုအခါ နေက ချမ်း ခါးလေးကို လက်နှစ်ဖက်ဖြင့် ကိုင်လာပြီး ချမ်း နှုတ်ခမ်းဖူးလေးကို စုတ်ယူနမ်းရှိုက်လာပေသည်။ချမ်း အပေါ်နှုတ်ခမ်းလေး တစ်လှည့် အောက်နှုတ်ခမ်းလေး တစ်လှည့် နမ်းရှိုက်ပြီးမှ နေ ချမ်း ကိုယ်လေးကို လွှတ်ပေးသည်။နေ က ချမ်း မျက်နှာလေးကို အပြုံးဖြင့် စိုက်ကြည့်လာရင်း....
"မောင် ညနေ စောစော ပြန်လာမယ်...မောင့် ကို စောင့်နေနော်"
ရွှန်းစိုနေသည့် သူ့အကြည့်တွေရဲ့ အဓိပ်ပယ်ကို နားလည်စွာ ချမ်း ရှက်သွားရရင်းခေါင်းငြိမ့်သည်။
"အင်း...ဂရုစိုက် သွား မောင်"
"ဟုတ်ပါပြီဗျာ"
နေ က ချမ်းနဲ့မခွဲချင်သေးသလို ဆုပ်ကိုင်ထားသည့် ချမ်း လက်ဖျားနုနုလေးတွေကို တင်းခနဲ ဖျစ်ညှစ်ပြီးမှ ထွက်သွားလေသည်။ထွက်သွားသည့် မောင် ကျောပြင်ပျောက်ကွယ်သွားသည် အထိ ရပ်ကြည့်ကျန်နေခဲ့မိသည်။ချစ်ရသူနဲ့ အတူရှိရသည့် ခံစားချက်က တသိမ့်သိမ့်ကြည်နူးဖို့ ကောင်းလှသည်။
"သား...ချမ်း...အမေ ငှက်ပျောပေါင်း လုပ်ထားတယ်...လာစားလှည့်"
ဒေါ်ငွေခင်က ချမ်း နားရောက်လာကာ ခေါ်သည်။
"ဟုတ်ကဲ့...အမေ"
ချမ်း ဒေါ်ငွေခင် ခေါ်ရာ ထမင်းစားခန်းထဲ လိုက်ပါလာသည်။ဆန်းလေးက ထမင်းစားပွဲဝိုင်းတွင် ထိုင်ကာ ဇွန်းလေးဖြင့် ငှက်ပျောပေါင်း ထိုင်စားနေပြီဖြစ်သည်။
"ပါးပါး..လာ..ငှက်ကြောပေါင်း အရမ်း စားကောင်းရယ်"
သူ့ အဘွားလက်ရာ ငှက်ပျောပေါင်းကို အတော်ကြိုက်သွားပုံပေါ်ကာ အကြိုက်တွယ်နေသည့် ဆန်းလေးက ချမ်း ကိုမြင်သည်နဲ့ အားတက်သရော လှမ်းခေါ် သေးသည်။ချမ်း သားဘေး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ထမင်းစားခန်းထဲ အလုပ်သမားတစ်ယောက်မှ ခေါ်ထားခြင်းမရှိသလို ဒေါ်ငွေခင် ကိုယ်တိုင်ပင် ငှက်ပျောပေါင်းကို ပန်းကန်ထဲ ခူးခပ်ထည့်ကာ ချမ်း နား သယ်ယူလာသည်။အုန်းဆံတွေ ဖြူးထားသည့် နို့နှစ်ရောင် ငှက်ပျောပေါင်းက အနံ့လေးသင်းပျံ့နေကာ စားချင်စဖွယ်။
"ဘွားဘွား...နောက် တစ်လုံး..."
"ရပါမယ့်ရှင့်...အဘွားမြေးက အတော် စားနိုင်သားပဲ...မြန်မြန် ကြီးလာမှာ"
ဒေါ်ငွေခင် သူ့လက်ရာကို အကြိုက်စားနေသည့် မြေးဖြစ်သူကြောင့် သဘောကျစွာပြုံးကာ ဆန်းလေး ပန်းကန်လုံးလေးထဲ ငှက်ပျောပေါင်းထပ်ထည့်ပေးသည်။ချမ်း အသင့်ရှိသည့် ရေကရားထဲမှ ရေကို ဖန်ခွက်လေးထဲ ငှဲ့ကာ ဆန်းလေး အား နည်းနည်းမော့သောက်စေသည်။ဆန်းလေးက ရေသောက်ပြီးသည်နဲ့ ဇွန်းလေးဖြင့်ထိုးကော်ကာ ထပ်စားနေပြီဖြစ်သည်။ချမ်း လည်း စ စားသည်။
"စားကောင်းတယ်..အမေ"
"စားကောင်းရင် ပြီးတာပဲကွယ်......ကြည့်ပါအုံး သား ချမ်း တောင် တကယ့်လူကြီးလိုဖြစ်နေပါပြီလား....အင်းပေါ့လေ သား ကို အမေ မတွေ့ရတာလည်း မြေးလေး အသက်လောက်ရှိနေပြီဆိုတော့.."
ဒေါ်ငွေခင်က ချမ်းကို သေချာကြည့်လာရင်းပြောသည်။ချမ်း မောင့် အမေကို အားနာမိသလိုခံစားရသည်။ဒီ ကို ရောက်လာပြီးမှ ချမ်း မောင့်အမေနဲ့ တကူးတကတွေ့ဖို့ တစ်ခါမှ မစီစဥ်ခဲ့မိ။The Sunကကျင်းပသည့် ပွဲများတွင်သာ ခဏတဖြုတ်တွေ့ခဲ့ရသည် မဟုတ်လား။
"ခုကစပြီး အမေတို့အတူရှိတော့မှာပဲ.....အမေ့သားကို ချစ်ပေးတဲ့ သား ချမ်းကို အမေတကယ် ကျေးဇူးတင်ပါတယ်ကွယ်....နေ ကလေ မင်း ကို သိပ်ချစ်ရှာတာ...မင်း နိုင်ငံခြားထွက်သွားပြီး နောက်ပိုင်း သူ့ ဘဝပျက်မလိုပါပဲ...မင်းကို လွမ်းတိုင်း အရက်တွေ မူးအောင်သောက်တယ်...မူးလာပြီဆို မင်းကိုလွမ်းကြောင်းတွေ ပြောပြီး ယောကျာ်းကြီးတန်မဲ့ ငိုတယ်.... အမေတို့ ပြောလည်း မရဘူးလေ...ဆုံးသွားတဲ့ သူ့အဘွားတောင် လက်လျှော့ထားရသည့် အထိပဲ.....နောက်ပိုင်းမှ သူ့ဘာသာသူအမြင်မှန်ရလာတယ်ထင်ပါရဲ့....အလုပ်တွေ ဖိလုပ်တော့တာပဲ"
ဒေါ်ငွေခင် စကားတွေကို နားထောင်ရင်း ချမ်း မျက်ရည်ဝဲလာမိကာ စားလက်စ တောင် ဆက်မစားနိုင်ပေ။ချမ်း တကယ် တုံးခဲ့သည်ပဲ။မောင့်ကို အယုံအကြည်နည်းခဲ့သည်။မောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းဖို့ မကြိုးစားပဲ အဝေးသို့ ရှောင်ပြေးခဲ့မိသည်။ချမ်း မောင့်ကို ချန်မထားခဲ့ရင် မောင် ဘဝပျက်သလို ခံစားခဲ့ရမည်မဟုတ် သလို ချမ်း ကိုယ်တိုင်လည်း သား ကို တစ်ယောက်တည်း ဝမ်းနည်းအားငယ်စွာ မွေးဖွားခဲ့ရမည် မဟုတ်။မောင်သာ ချမ်း လို မာနတွေထားပြီး ချမ်းကို အလျှော့ မပေးခဲ့ဘူး ဆိုရင် ချမ်း တို့ မိသားစုလေး အခုလို ပြန်ဆုံစည်းနိုင်ဖို့ဆိုတာ လွယ်မည် မဟုတ်ပေ။
အတွေးနဲ့အတူ ငိုင်ကျသွားသည့် ချမ်း လက်လေးကို ဒေါ်ငွေခင်က ဖွဖွဆုပ်ကိုင်သည်။
"ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲ...ဝမ်းနည်းမနေနဲ့တော့...စားပြီးရင် အမေနဲ့အတူလိုက်ခဲ့ အမေ့ ချွေးမ အတွက် အမေ ပေးဖို့ စီစဉ်ထားတာရှိတယ်"
"ပါးပါး...သား ဝပြီ"
ဆန်းလေးက သုံးလုံးမြောက် ငှက်ပျောပေါင်းကုန်သွားသည့်အချိန်တွင်တော့ ဗိုက်လေးပွတ်ကာ ဆိုလာသည်။
"ဝပြီလား...ပါးစပ်ဟ!..မြေးလေး...ရင်မပြည့်အောင် လျက်ဆား လျက်ရမယ်"
ဒေါ်ငွေခင်က အသင့်ယူထားသည့် လျက်ဆားဘူးထဲက လက်ညှိုးတစ်ကော် ယူကာ ဆန်းလေး ပါးစပ်ထဲခွံ့သည်။ဆန်းလေးက တော့ သူ့အဘွားကျွေးသမျှ ဘာမှမငြင်းဘဲ စားလေသည်။ချမ်း စားပြီးသွားတော့ ပန်းကန်တွေ ယူကာ ဘေလ်စင် နားသွားဖို့ပြင်သည်။
"အမယ်လေး...ထားလိုက်ပါ..မင်းသားလေးရယ်..မဆေးနဲ့"
ဒေါ်ငွေခင်က ချမ်း လက်ထဲက ပန်းကန်တွေကိုပြန်ယူကာ စားပွဲပေါ်တင်သည်။အိမ်ရှေ့မှာတုန်းက အလုပ်သမားတွေ အများကြီး မြင်ခဲ့ပေမဲ့ ထမင်းစားခန်းထဲ မည်သူမျှမရှိသည်မို့ ချမ်း ကိုယ်တိုင်ဆေးဖို့ ကြံရွယ်လိုက်ခြင်းဖြစ်သည်။အိမ်မှာ ဆိုရင်တော့ ထမင်းစားနေချိန်တောင် မာမီက အလုပ်သမားတွေကို ရပ်စောင့်ခိုင်းထားတတ်သည် မဟုတ်လား။
"မင်း တို့ လင်မယား အဲ..မင်းတို့ နှစ်ယောက်နေဖို့ အခန်းက ဒုတိယထပ်မှာကွယ့်...မြေးလေး အတွက် အခန်းက မင်းတို့ အခန်းဘေးမှာ.....အမေ ဖြင့် မြေးလေး တစ်ယောက်တည်း အိပ်မှာ သဘောမကျပါဘူးကွယ်...ကလေးက ငယ်သေးတယ်..ည သန်းခေါင် လန့်နိုးလို့ ကြောက်နေရင် ဘယ်လိုလုပ်ပါ့မလဲ"
"သား ကြောက်ဘူး"
ဆန်းလေး က သူ့အဘွားစကားပြောသည်ကို ကြည့်နေရင်းမှ ဝင်ပြောသည်။ဆန်းလေး ပေါက်စလေးကတည်းက အခန်းသပ်သပ် သိပ်သည်မို့ ဆန်းလေးက တစ်ယောက်တည်း အိပ်တတ်ပေသည်။
"အဘွားမြေးက..သတ်တိခဲပဲ...လာပါအုံး...အဘွား ပိုက်ပါရစေ အုံး"
ဒေါ်ငွေခင်က ပြောပြောဆိုဆို ဆန်းလေးကို ပွေ့ချီသည်။ဒေါ်ငွေခင်က ဘုရားတရားလုပ်ကာ အေးအေးချမ်းချမ်း နေတတ်သည်မို့ ကျန်းမာရေးကောင်းကာ အရွယ်တင်သည်။
"အမေ..လေးနေပါ့မယ်"
သားက သူ့အရွယ်တူတွေကြား အရပ်ရှည်ကာ ထွားသည့် ဘက် ပါသည်မို့ ချမ်း မနေနိုင် ဝင်ပြောလိုက်သည်။
"မလေးပါဘူးအေ့.."
"ဟီး..ဟီး..ဘွားဘွားကို ချစ်..love tu"
သူ့အား ပွေ့ချီသည်ကို သဘောကျသွားသော ဆန်းလေးက ဒေါ်ငွေခင်လည်ပင်းကို လက်လေးဖြင့် သိုင်းဖက်လာကာ သဘောကျစွာရယ်ရင်းပြောသည်။
"အဘွားကလည်း ချစ်ပါ့တော်"
မြေး အဘွားနှစ်ယောက်အတိုင်အဖောက် ညီနေတော့ ချမ်း ဘာမှမပြောဘဲ သဘောကျစွာပြုံးကြည့်နေလိုက်တော့သည်။ထိုစဉ် တူညီဝတ်စုံ ဝတ်ထားသည့် ကောင်မလေးနှစ်ယောက်က ချမ်း တို့ရှိရာ ထမင်းစားခန်းထဲ ရောက်လာကြသည်။
"သခင်လေးကတော်..မဂ်လာပါရှင့်"
ချမ်း ကို နှုတ်ဆက်တော့ ချမ်းက ခေါင်းငြိမ့်ကာ နှစ်လိုဖွယ်ပြုံးပြသည်။ချစ်စရာကောင်းသည့် အပြုံးလေးကြောင့် အစေခံအလုပ်သမလေးနှစ်ယောက်ရဲ့ မျက်လုံးတွေ ဘလင်းဘလင်းဖြစ်ကုန်သည်။ချောလိုက်တာ။သခင်လေး တို့ သည်းသည်းလှုပ်လှုပ်ဖြစ်နေသည်မှာ အံ့ဩစရာမဟုတ်။သခင်လေး ကတော် က ထိရက်စရာမရှိအောင် ဖြူနုချောမောလွန်းလှသည်မဟုတ်လား။
"မေမေကြီး...သခင်လေးတို့ အခန်းထဲ ပါလာသည့် ပစ်စည်းတွေ နေရာချပြီးသွားပါပြီရှင့်"
"အင်း..မြေးလေး..မမတွေနဲ့ အတူ ခြံထဲ ခဏလောက် သွားကစားမလား"
"ဟုတ်!"
ဒေါ်ငွေခင်စကားကြောင့် ဆန်းလေးက ဒေါ်ငွေခင် ရင်ခွင်ထဲမှ လှစ်ခနဲဆင်းသွားလေသည်။ကောင်မလေး နှစ်ယောက်က ဆန်းလေးကို ခြံထဲသို့ အလိုက်တသိခေါ်သွားကြလေသည်။ချမ်း ဒေါ်ငွေခင်ခေါ်ရာ အခန်းတစ်ခုထဲ သို့ လိုက်ပါလာသည်။ဒေါ်ငွေခင်က သူမ ခုတင်ဘေးရှိ စားပွဲပုလေးရဲ့ အံဆွဲထပ်တစ်ခုကို သော့ဖြင့် ထိုးဖွင့်သည်။ပြီးသည်နဲ့ ထိုအံဆွဲထဲမှ ကတ်တီပါ ဘူးနီ boxကလေးတစ်လုံးကိုထုတ်ယူသည်။ချမ်း ဒေါ်မေမီ ဘေးတွင် ငြိမ်ငြိမ်လေးပင် ရပ်စောင့်နေသည်။
ဒေါ်ငွေခင်က ဘူးလေးကိုဖွင့်ပြီး အထဲမှ လက်စွပ်လေးတစ်ကွင်းကို ထုတ်ယူသည်။
"ဒီလက်စွပ်လေးက..နေတို့အဖေ အမေ့ကို လက်ထပ်ခွင့်တောင်းတုန်းက ပေးခဲ့တဲ့လက်စွပ်လေးလေ...အမေ ချွေးမရရင် ဒီလက်စွပ်လေး ပေးချင်ခဲ့တာ"
ဒေါ်ငွေခင်က လက်စွပ်လေးကို အမြတ်တနိုးကြည့်ရင်းမှ ဆိုသည်။
"အခု သား အတွက်ပေါ့"
ပြောပြီး ချမ်း လက်လေးကိုဆွဲယူကာ ချမ်း လက်ဖဝါးထဲ လက်စွပ်လေးထည့်သည်။ချမ်း ယောက်ခမဖြစ်သူရဲ့ အသိအမှတ်ပြု ချစ်ခင်ခြင်းကို ခံစားရသည်မို့ ဝမ်းသာမိသည်။
"ကျေးဇူးပါ အမေ..သား ဒီလက်စွပ်လေးကို မပျောက်မပျက်အောင် တစ်သက်လုံး သိမ်းထားပါ့မယ်"
"အေးကွယ်"
ချမ်း စကားကြောင့် ဒေါ်ငွေခင်က ပြုံးသည်။သူမ မြေးလေး လက်ထပ်သည့် အချိန်ကျရင်လည်း သူမ ရှိချင်မိသား။သို့ပေမဲ့ ဇရာကို ဘယ်သူက လွန်ဆန်နိုင်မည်လဲ။အချိန်တန်ရင် အို၊နာ၊သေးဘေး မလွဲမသွေပင် ကြုံရမည်မဟုတ်လား။သူမ မသေခင် သူမသားလေး သူ့မိသားစုနဲ့သူပျော်ရွှင်နေသည်ကို မြင်ရသည်နဲ့ပင် လုံလောက်ပါပြီလေ။
<<<<<<>>>>>>>
ချမ်း ရေချိူးခန်းထဲက ထွက်လာတော့ နေက bathrobeဝတ်စုံဖြင့် ခေါင်းရင်ခုတင်ကို မှီထိုင်ကာ laptopကို အာရုံစိုက်ဖြစ်နေခြင်းဖြစ်သည်။
"မောင်...အင်ကျီမဝတ်ဘူးလား"
ရေချိူးပြီး bathrobeဝတ်စုံနဲ့ပင် ထိုင်နေသူကြောင့် ချမ်း ပြောလိုက်တော့ နေ အကြည့်တွေက ချမ်း ထံရောက်လာသည်။နေ လက်တော့ကို ပိတ်လိုက်သည်။
"ဘာလို့ ဝတ်မှာလဲ...ပြီးရင် ပြန်ချွတ်ရမှာပဲ..ဘေဘီလည်း ဝတ်မနေနဲ့တော့"
နေ့ စကားကြောင့် ချမ်း မျက်နှာလေး ပူခနဲဖြစ်ကာ နေ့ စကားကိုတုံ့ပြန်ခြင်း မရှိတော့ပေ။အဝတ်ဗီရိုဖွင့်ကာ အင်ကျီလှည့်ရှာတော့သည်။မောင်နဲ့အတူ မနေဖြစ်သည်မှာ တစ်လနီးပါးရှိတော့မည်။ချမ်းတို့ ပြန်ဆုံကတည်းက တစ်ခါပဲ နေရသေးသည် မို့
ဒီည မောင့်ကို ငြင်းမရမှာ သိပေမဲ့လည်း....။
"အင်ကျီ မဝတ်နဲ့တော့လို့"
"မောင်"
ရုတ်တရက်ချမ်း နောက်ရောက်လာကာ ချမ်း ခါးလေးကို နောက်ကနေ တင်းတင်းပွေ့ဖက်ရင်း တိုးရှရှ ဆိုလာသူကြောင့် ချမ်း ရင်ခုန်သံတို့မြန်ဆန်လာရသည်။ချမ်း ပါးပြင်ထက် ရိုက်ခတ်နေသော မောင့် အသက်ရှုလေ နွေးနွေး၊ချမ်း ခါးလေးကိုတင်းကြပ်စွာဖက်ထားသည့် သန်မာသည့် လက် အစုံ၊ပြီးတော့ ချမ်း တင်သားလေးကို ဖိကပ်နေသည့် တင်းမာချင်နေသည့် မောင်အောက်ပိုင်းမှ တစ်စုံတစ်ရာ။ညဝတ် အင်ကျီရွေးယူနေသည့် ချမ်း လက်လေးတွေ ရပ်တန့်သွားရသည်။နေက နောက်ကနေ ချမ်း ကိုယ်လုံး အိအိလေးကို တင်းတင်းတိုးဖက်ရင်း ချမ်း ပါးပြင်လေးကို နမ်းရှိုက်သည်။
"မောင် သားလာအိပ်မယ် ထင်တယ်"
"သားက အခုချိန်ဆို သူ့အဘွားပုံပြင် နားထောင်ရင်း အိပ်နေလောက်ပြီ"
နေ ကစကားပြောနေရင်းပင် ချမ်း လည်တိုင်လေးကို နမ်းရှိုက်ကာ စတင်နေပြီဖြစ်သည်။နမ်း နေရင်း နေ့ လက်တွေ က ချမ်း ဝတ်ထားသည့် bathrobeဝတ်စုံကြိုးလေးကို ဖြည်ချသည်။ချမ်း နေ့အနမ်းတွေကြား မျက်လုံးလေးတွေ မှေးမှိတ်သွားရသည်။နေက ချမ်း ကိုယ်လုံးလေးကို ဆတ်ခနဲပွေ့ ချီကာ ခုတင်ထက်သို့ခေါ်လာသည်။ချမ်း ကို ခုတင်ထက် အသာအယာချပေးကာ နေ့ ကိုယ်ကြီးက ချမ်း အပေါ်ကနေ အုပ်မိုးလာသည်။နေက ချမ်း မျက်နှာလေးကို ငုံ့မိုးကြည့်ပြီး ချမ်း နှာခေါင်းလုံးလေးကို ချစ်မြတ်နိုးစွာ မွခနဲ ငုံ့နမ်းသည်။
ရေချိူးပြီးကားစ ချမ်း ကိုယ်လုံးအေးအေးလေးက တစ်ကိုယ်လုံးမွှေးပျံ့နေကာ ကိုက်စားချင်စရာ ကောင်းလှသည်။
နေက ချမ်း အပေါ်အုပ်မိုးနေရာမှ ထထိုင်ကာသူ့ကိုယ်တွင် ဝတ်ထားသည့်bathrobeဝတ်စုံကို ဆွဲချွတ်သည်။မီးရောင် ထိန်ထိန်အောက် ဗလာကျင်းနေသည့် နေ ခန်ဓာကိုယ်က အတိုင်းသားပေါ်လာသည်။ကျစ်လစ်သည့် ကိုယ်ဟန်နဲ့ ဝမ်းဗိုက်ကြွက်သားတွေက ဆွဲဆောင်မှုပြင်းသည်။နေ့ ဆံပင်တွေကနဖူးထက်ဝေ့ဝဲကျနေကာ လူငယ်ဆန်ဆန်ချောမောနေသည်။
ချမ်း နေ့ အောက်တွင် ပက်လက်လေးလှဲနေရင်းပင် ခင်ပွန်းဖြစ်သူရဲ့ ချောမောကြည့်ကောင်းခြင်းတွေကို ရှုစားနေသည်။နေက သူ့ကို စိုက်ကြည့်နေသည့် ချမ်း ကိုယ်လုံးလေးထက် ပြန်အုပ်မိုးလာကာ.....
"မောင့်ကို သမီးလေး မွေးပေး"
စကားသံအဆုံး နေ ချမ်း နှုတ်ခမ်းဖူးလေးကို စတင်စုပ်ယူနမ်းရှိုက်လာတော့သည်။
<<<<<<<<>>>>>>>>
နောက် တစ်ပိုင်းမှ ဆက်ကြတာပေါ့😁
Comments လေးတွေ မျှော်နေမယ်..
"မင္း သေဘာပဲ ခ်မ္းေျမ့ေရာင္"
ေဒၚေမမီ မ်က္ႏွာထားက တည္ၿငိမ္တင္းမာေနကာ ေအးစက္စက္ဆိုသည္။ခ်မ္း မာမီေရွ႕မွာပင္ ေက်ာက္႐ုပ္ေလးလိုထိုင္ေနမိသည္။မနက္ျဖန္ ေမာင္လာ ေခၚမည့္အေၾကာင္း မာမီ့ကို အက်ိဴးသင့္အေၾကာင္းသင့္ လာေျပာျပျခင္းျဖစ္သည္။ခ်မ္း မာမီ့ေဒါသနဲ႔ ရင္ဆိုင္ရမည္ဟု ႀကိဳေတြးထားပါေသာ္လည္း မာမီက မထင္ထားေအာင္ပင္ ေအးစက္တည္ၿငိမ္ေနသည္။
"မာမီ..သားက......"
"မင္း ငါ့ကို ဘာမွရွင္းျပစရာမလိုဘူး...ငါ့ထက္ မင္းေယာက်ာ္းကို မင္း ပိုခ်စ္ခင္တယ္ ပိုယုံၾကည္အားကိုးတယ္ဆိုရင္ သြားၾက!..သြားၿပီးရင္ေတာ့ ျမတ္ကုေဋ အရိပ္ကိုေတာင္ နင္းဖို႔ေတာင္ မႀကိဳးစားနဲ႔"
မာမီ့စကားေၾကာင့္ ခ်မ္း မ်က္ႏွာေလး ငုံ႔က်သြားသည္။ခ်မ္း ဝမ္းနည္းစိတ္တို႔ ျမင့္တက္လာေပမဲ့ မာမီ့ေရွ႕ေတြ မ်က္ရည္မက်မိေအာင္ထိန္းသည္။မာမီက ေမာင့္ကို ဘာအေၾကာင္းျပခ်က္မွ မရွိဘဲ ခါးခါးသီးသီးျဖစ္လြန္းလွသည္။မာမီ အတ္တႀကီးလြန္းေပသည္။သူနဲ႔ သားေလးရဲ႕ ခံစားခ်က္ကို နည္းနည္းေလးေတာင္ ထည့္တြက္မၾကည့္။
"ဟုတ္ကဲ့...မာမီ့သေဘာပါ...သားကို ခြင့္ျပဳပါအုံး"
ခ်မ္း ထိုမွ်ပင္ဆိုၿပီး ေဒၚေမမီေရွ႕မွ ထြက္ခြာသြားေလသည္။ခ်မ္း ထြက္သြားၿပီးမွ ေဒၚေမမီ ပါးျပင္ထက္ မ်က္ရည္ေၾကာင္းတစ္ေၾကာင္းျဖတ္သန္းစီးဆင္းက်လာသည္။ေနာက္ဆုံးေတာ့ ဒီအခ်ိန္ေရာက္လာၿပီပဲ။သားေရာ ေျမးေလးေရာ သူမကို ခ်န္ထားခဲ့ၾကေတာ့မည္။ေတြးရင္း ေဒၚေမမီ မထိန္းႏိုင္ေတာ့ဘဲ ငိုရႈိက္မိသည္။
"မီ"
ေခၚသံနဲ႔ အတူ ဦးေကာင္းျမတ္က ေဒၚေမမီနားေရာက္လာသည္။သား အမိႏွစ္ေယာက္ စာၾကည့္ခန္းထဲ စကားေျပာဆိုေနၾကသည္ကို ဦးေကာင္းျမတ္သိပါသည္။သား သူ႔အမ်ိဴးသားနဲ႔ ျပန္ေပါင္းေတာ့မည္ဆိုတာကိုေရာ။မီ ဘယ္လိုခံစားေနရမလဲ သူ နားလည္ႏိုင္ပါသည္။သို႔ေပမဲ့ သားတို႔မိသားစုေလးကို ခြဲဖို႔ဆိုတာ တကယ္မျဖစ္သင့္သည့္ ကိစ္စေလ။ဦးေကာင္းျမတ္ဝင္လာသည္နဲ႔ ေဒၚေမမီက ငိုရႈိက္ေနျခင္း ရပ္တန႔္သြားကာ ပါးျပင္ထက္က မ်က္ရည္စေတြ လက္ျဖင့္ အျမန္ပြတ္သပ္သည္။ေဒၚေမမီက မာနႀကီးကာ သူမေပ်ာ့ညံ့သည့္ပုံစံကို ဘယ္သူေရွ႕မွာမွ ေဖာ္ထုတ္လိုျခင္း မရွိေပ။သို႔ေပမဲ့ ဦးေကာင္းျမတ္သည္ ႏွစ္ရွည္လမ်ားေပါင္းသင္းလာသည့္ ဇနီးျဖစ္သူအေၾကာင္းကို ေကာင္းေကာင္းသိပါသည္။
"ကိုယ္တို႔သား..ကိုယ္တို႔ေျမးေလးရဲ႕ ေပ်ာ္႐ႊင္မႈ၊စိတ္ခ်မ္းသာမႈကိုလည္း ကိုယ္တို႔ငဲ့ရမယ္ေလ မီ...သား က ကေလးေလးေတာင္ ရေနၿပီကြာ..ကိုယ္တို႔ရင္အုပ္ေအာက္မွာ တစ္သက္လုံး သိမ္းထားခ်င္လို႔ ဘယ္ရပါ့မလဲ"
ဦးေကာင္းျမတ္စကားကို နားေထာင္ေနရင္း ေဒၚေမမီ မ်က္ရည္ေတြ စီးက်လာျပန္သည္။ဦးေကာင္းျမတ္က သက္ပ်င္းဖြဖြခ်ကာ ေဒၚေမမီပခုံးေလးကို ႏွစ္သိမ့္ေပးသလို ဖြဖြေပြ႕ဖက္ေပးသည္။
"ကိုယ္တို႔လည္း အသက္ေတြႀကီးလာၿပီ...ေဒါသေတြ ေမာဟေတြ ေလွ်ာ့ရမယ္ေလ...ကိုယ္ စိတ္ခ်မ္းသာေအာင္ ကိုယ္ေနတတ္မွေပါ့"
ေဒၚေမမီက ဦးေကာင္းျမတ္စကားကို တုံ႔ျပန္ေျပာဆိုျခင္းမရွိဘဲ ဦးေကာင္းျမတ္ရင္ခြင္ထဲတြင္ တိုးေဝွ႔ငိုရႈိက္ေနလ်က္။
<<<<<<<<>>>>>>>>
"သူေဌးကေတာ္နဲ႔ သခင္ေလးကို အိမ္ေတာ္က ႀကိဳဆိုပါတယ္"
ခ်မ္း တို႔ ကားေပၚက ဆင္းဆင္းခ်င္းပင္ တန္းစီရပ္ကာ ေစာင့္ႀကိဳေနၾကသည့္ The Sun အိမ္ေတာ္ အလုပ္သမားေတြက ေခါင္းၫြတ္အ႐ိုအေသေပးကာၿပိဳင္တူ ဆိုၾကသည္။ခ်မ္း က အၿပဳံးေလးနဲ႔ အားလုံးကို ႏႈတ္ဆက္ေခါင္းၿငိမ့္ျပသည္။ေနက ခ်မ္း လက္ေလးကို ဆြဲကာ လက္တစ္ဖက္တြင္ ဆန္းေလးကို ေပြ႕ပိုက္ထားကာ အိမ္ေတာ္ထဲ သို႔ ေျခလွမ္းသည္။အလုပ္သမားေတြက ကားေပၚမွ ခ်မ္းတို႔ အထုပ္အပိုးေတြကို သယ္လာၾကသည္။
"ေျမးေလး.."
ဧည့္ခန္းထဲတြင္ စိတ္လႈပ္ရွားစြာ ထိုင္ေစာင့္ေနသည့္ ေဒၚေငြခင္က ေနတို႔ ေရာက္လာသည္ကို ျမင္သည္နဲ႔ ထိုင္ရာမွထကာ ေန႔လက္ထဲတြင္ ေပြ႕ပိုက္ထားသည့္ ကေလးေလးကို ၾကည့္ကာ ခပ္တိုးတိုးေခၚရင္း အနားေရာက္လာသည္။ဆန္းေလးက ေဒၚေငြခင္ကို မ်က္လုံးမလႊဲပဲ စူးစူးေလးၾကည့္သည္။
"ေျမးေလးလား....အဘြားပါကြယ္...ေျမးေလးရဲ႕ အဘြားပါ"
သား ျဖစ္သူနဲ႔ခြၽတ္စြတ္တူလြန္းသည့္ ကေလးေလးကိုၾကည့္ၿပီး ေဒၚေငြခင္ၾကည္ႏူးဝမ္းသာမႈေၾကာင့္ မ်က္ရည္တို႔စီးက်လာရသည္။ဒီေျမးေလးကို ျမင္ေတြ႕ရဖို႔ သူမဘယ္ေလာက္ေတာင္ ေစာင့္ေနခဲ့ရသလဲ။
" သား အဘြားလား"
"ဟုတ္တယ္ သား"
ဆန္းေလး စကားကို ေန ကို အၿပဳံးျဖင့္ေထာက္ခံအတည္ျပဳေပးသည္။ဆန္းေလးက ေဒၚေငြခင္ကို တစ္ဖန္ျပန္ၾကည့္ၿပီး သူ႔ဒယ္ဒီရင္ခြင္ထဲမွ ေအာက္သို႔ေလွ်ာဆင္းသည္။ေန အလိုက္တသိ ဆန္းကိုယ္လုံးေလးကို ေအာက္ခ်ေပးလိုက္သည္။
ဆံပင္ျဖဴတို႔ ဟိုတစ္စ ဒီတစ္စထိုးထြက္ကာ မ်က္ရည္ေတြျဖင့္ ၿပဳံးေနသည့္ အဘြားက ဆန္းေလး ရင္ထဲ ရင္းႏွီးေနသလိုခံစားရသည္။ေဒၚေငြခင္က အနားေရာက္လာသည့္ ကေလးေလးေရွ႕ ဒူးေထာက္ထိုင္လိုက္ရင္း ဆန္းေလး လက္ေမာင္းႏွစ္ဖက္ကိုကိုင္ကာ ဆန္းေလး မ်က္ႏွာေလးက ေသခ်ာၾကည့္သည္။ၾကင္နာရိပ္တို႔သမ္းေနသည့္ အၾကည့္ေတြက ဘြားဘြားႀကီးရဲ႕ စိတ္ဆိုးေနသည့္ မ်က္လုံးေတြနဲ႔မတူေပ။ဆန္းေလး ေဒၚေငြခင္ကို ၾကည့္ၿပီး ႏွစ္ၿခိဳက္စြာၿပဳံးျပလာသည္။
"အမယ္ေလး...အဘြားေျမးေလးက လူေခ်ာႀကီးပဲကြယ္"
"သားက ဒယ္ဒီနဲ႔တူ႐ို႕ ေခ်ာတာ"
ဆန္းေလးက သြက္သြက္လက္လက္ေလး ျပန္ေခ်ပသည္မို႔ ေျမးအဘြားႏွစ္ေယာက္ေတြ႕ဆုံခန္းကို အတူယွဥ္တြဲကာ ရပ္ၾကည့္ေနၾကသည့္ ေနႏွင့္ခ်မ္း သေဘာက်စြာ ရယ္မိၾကေတာ့သည္။
"အဘြား ေျမးက ပိုေခ်ာတာပါကြယ္...ေနမင္းတာရာ ငါ့ေျမးကို မမွီပါဘူး ေအ့"
"ဟုတ္ရား"
သူ႔ကိုေျမႇာက္ေျပာသည္ကို သဘာက်သြားသည့္ ဆန္းေလး မ်က္ႏွာေလးကၿပဳံးၿဖီးၿဖီး။
"ေျမးေလး ေရာက္လာမွာသိလို႔ အဘြားက မုန႔္ေတြ အမ်ားႀကီး လုပ္ထားတယ္ သြားစားၾကမယ္"
"ရက္စ္..ဘြားဘြား"
ဆန္းေလးက ေခါင္းေလးၿငိမ့္ၿပီး သူ႔အဘြားဆြဲေခၚရာ ထမင္းစားခန္းထဲ တုတ္တုတ္ တုတ္တုတ္ျဖင့္ လိုက္ပါသြားေလသည္။ဧည့္ခန္းက်ယ္ႀကီးထဲ ေနႏွင့္ခ်မ္း ႏွစ္ေယာက္တည္း ရပ္က်န္ေနခဲ့ေလသည္။
"ေဘဘီ့ကို...ေမာင္ အမ်ားႀကီး ေက်းဇူးတင္တယ္ သိလား"
ေနက ခ်မ္း မ်က္ႏွာေလးကို စိုက္ၾကည့္ကာ ခ်မ္း လက္ဖ်ားေလးေတြကို ဆုပ္ကိုင္ထားရင္းမွ ဆိုသည္။
"ခ်မ္းက ဘာလုပ္ေပးလို႔ ေမာင္ကဘာေတြ ေက်းဇူးတင္ေနတာလဲ"
"ကိုယ္တို႔ သားေလးကို ေမြးေပးလို႔...ၿပီးေတာ့ ေမာင့္ဘဝကို အဓိပယ္ျပည့္စုံေအာင္ ဒီေဘဘီေလးက ျဖည့္ဆည္းေပးလို႔ေလ"
ေနက ခ်မ္း မ်က္ႏွာေဖြးႏုႏုေလးကို စိုက္ၾကည့္ေနရင္း အသည္းယားလာသလို ခ်မ္း ခါးေလးကို လက္အစုံျဖင့္ သိုင္းဖက္ကာ သူရင္ခြင္နဲ႔ ပိုမိုနီးကပ္ေစသည္။ခ်မ္းက ေန ေပြ႕ဖက္ရာအတိုင္း ေန႔ရင္ခြင္ထဲပူးကပ္ေရာက္ရွိလာရင္းမွ ေန႔ မ်က္ႏွာကို ေမာ့ၾကည့္ကာ......
"ေမာင့္ကိုလည္း ခ်မ္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္...ဘယ္လိုျပႆနာေတြ ပဲ ရွိခဲ့ ရွိခဲ့ ခ်မ္းကို ခ်စ္ေပးေနခဲ့လို႔ေလ"
"ေက်းဇူးတင္ရင္ ေမာင့္ကို ေနာက္ထပ္ သမီးေလးတစ္ေယာက္ေမြးေပး!"
ေန႔ စကားေၾကာင့္ ခ်မ္း မ်က္လုံးေလးျပဴးသည္။
"ေနာက္ထပ္လား"
"အင္းေပါ့...ေမြးေပးမွာလား"
"ေမာင့္ သေဘာ"
ခ်မ္း ကေန႔မ်က္ႏွာကို ခ်စ္စႏိုးစိုက္ၾကည့္ကာ ၿပဳံးၿပဳံးေလးေျဖေတာ့ ေန အသည္းယားစြာ ခ်မ္း ႏႈတ္ခမ္းေလးကို မြခနဲ တစ္ခ်က္နမ္းသည္။
"ေမာင္ေနာ္...ဧည့္ခန္းႀကီးထဲမွာ ဖယ္ေတာ့"
ခ်မ္း ေျပာကာေန႔ ရင္ခြင္ထဲမွာ ႐ုန္းထြက္သည္။သို႔ေပမဲ့ ေန က လႊတ္မေပးသည့္အျပင္ ခ်မ္း ခါးေလးကို တင္းတင္းတိုးဖက္သည္။
"ေမာင္ နမ္း ခ်င္တယ္ေလ"
"companyျပန္ သြားရအုံးမွာ မလား သြားေတာ့ ေမာင္"
"နမ္းခ်င္တယ္လို႔!"
ေနက ခ်မ္း မ်က္ႏွာေလးကိုၾကည့္ရင္း မ်က္ႏွာငယ္ေလးလုပ္ကာ ပူဆာသည္။တစ္ခါတစ္ေလ ေမာင္က ခ်မ္း အေပၚ ထိုသို႔ခႊၽဲႏြဲတတ္ေပသည္။အငယ္က အငယ္ပဲ မဟုတ္လား။ခ်မ္း ေမာင့္အျပဳအမႈကို သေဘာက်ကာ ၿပဳံးၿပဳံးေလးျဖစ္သြားရၿပီး ေမာင္ ႏႈတ္ခမ္းရဲရဲေတြကို မြခနဲ တစ္ခ်က္ေမာ့နမ္း လိုက္မိသည္။
"ဒါပဲလား"
"အင္း..ေတာ္ေတာ့..ညမွ ဆက္နမ္း"
ခ်မ္း စကားေၾကာင့္ ေန ကခ်မ္း မ်က္ႏွာေလးကို အၿပဳံးျဖင့္ စိုက္ၾကည့္လာကာ...
"ညက်ရင္ေတာ့ နမ္း႐ုံနဲ႔ မရဘူးေနာ္..."
ေန႔ စကားေၾကာင့္ ခ်မ္း မ်က္ႏွာေလး ရွိန္းခနဲျဖစ္သြားရသည္။ေနက ပန္းေရာင္သမ္းလာသည့္ ခ်မ္း ပါးမို႔မို႔ေလးေတြကို အသည္းယားစြာ ဖြဖြျဖစ္ညႇစ္ရင္း....
"ညက်ရင္ ေမာင့္ကိုျပဳစုေပးဖို႔ ေသခ်ာျပင္ထား...ေမာင့္ ညီက ေဘဘီခ်မ္းေပါက္ေလးကို အရမ္းလြမ္းေနၿပီတဲ့ဗ်"
"ေမာင္ ေနာ္...ေပါက္ကရေတြ ေျပာမေနနဲ႔...companyျမန္ျမန္သြားေတာ့"
"အင္း...မသြားခင္ ေမာင့္ကို ထပ္နမ္းပါအုံး"
ခြဲေနခဲ့ရသည့္ အခ်ိန္ေတြ အစား ေန႔မွာအလြမ္းသယ္၍ မဆုံးေတာ့ေပ။မနမ္းမခ်င္း သြားမွာ မဟုတ္သည္မို႔ ခ်မ္း ေျခဖ်ားေလးေထာက္ကာ ေမာင့္ ပခုံးကို ကိုင္ၿပီး ေမာင့္ႏႈတ္ခမ္းကို ထိကပ္နမ္းလိုက္သည္။ထိုအခါ ေနက ခ်မ္း ခါးေလးကို လက္ႏွစ္ဖက္ျဖင့္ ကိုင္လာၿပီး ခ်မ္း ႏႈတ္ခမ္းဖူးေလးကို စုတ္ယူနမ္းရႈိက္လာေပသည္။ခ်မ္း အေပၚႏႈတ္ခမ္းေလး တစ္လွည့္ ေအာက္ႏႈတ္ခမ္းေလး တစ္လွည့္ နမ္းရႈိက္ၿပီးမွ ေန ခ်မ္း ကိုယ္ေလးကို လႊတ္ေပးသည္။ေန က ခ်မ္း မ်က္ႏွာေလးကို အၿပဳံးျဖင့္ စိုက္ၾကည့္လာရင္း....
"ေမာင္ ညေန ေစာေစာ ျပန္လာမယ္...ေမာင့္ ကို ေစာင့္ေနေနာ္"
႐ႊန္းစိုေနသည့္ သူ႔အၾကည့္ေတြရဲ႕ အဓိပ္ပယ္ကို နားလည္စြာ ခ်မ္း ရွက္သြားရရင္းေခါင္းၿငိမ့္သည္။
"အင္း...ဂ႐ုစိုက္ သြား ေမာင္"
"ဟုတ္ပါၿပီဗ်ာ"
ေန က ခ်မ္းနဲ႔မခြဲခ်င္ေသးသလို ဆုပ္ကိုင္ထားသည့္ ခ်မ္း လက္ဖ်ားႏုႏုေလးေတြကို တင္းခနဲ ဖ်စ္ညႇစ္ၿပီးမွ ထြက္သြားေလသည္။ထြက္သြားသည့္ ေမာင္ ေက်ာျပင္ေပ်ာက္ကြယ္သြားသည္ အထိ ရပ္ၾကည့္က်န္ေနခဲ့မိသည္။ခ်စ္ရသူနဲ႔ အတူရွိရသည့္ ခံစားခ်က္က တသိမ့္သိမ့္ၾကည္ႏူးဖို႔ ေကာင္းလွသည္။
"သား...ခ်မ္း...အေမ ငွက္ေပ်ာေပါင္း လုပ္ထားတယ္...လာစားလွည့္"
ေဒၚေငြခင္က ခ်မ္း နားေရာက္လာကာ ေခၚသည္။
"ဟုတ္ကဲ့...အေမ"
ခ်မ္း ေဒၚေငြခင္ ေခၚရာ ထမင္းစားခန္းထဲ လိုက္ပါလာသည္။ဆန္းေလးက ထမင္းစားပြဲဝိုင္းတြင္ ထိုင္ကာ ဇြန္းေလးျဖင့္ ငွက္ေပ်ာေပါင္း ထိုင္စားေနၿပီျဖစ္သည္။
"ပါးပါး..လာ..ငွက္ေၾကာေပါင္း အရမ္း စားေကာင္းရယ္"
သူ႔ အဘြားလက္ရာ ငွက္ေပ်ာေပါင္းကို အေတာ္ႀကိဳက္သြားပုံေပၚကာ အႀကိဳက္တြယ္ေနသည့္ ဆန္းေလးက ခ်မ္း ကိုျမင္သည္နဲ႔ အားတက္သေရာ လွမ္းေခၚ ေသးသည္။ခ်မ္း သားေဘး ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။ထမင္းစားခန္းထဲ အလုပ္သမားတစ္ေယာက္မွ ေခၚထားျခင္းမရွိသလို ေဒၚေငြခင္ ကိုယ္တိုင္ပင္ ငွက္ေပ်ာေပါင္းကို ပန္းကန္ထဲ ခူးခပ္ထည့္ကာ ခ်မ္း နား သယ္ယူလာသည္။အုန္းဆံေတြ ျဖဴးထားသည့္ ႏို႔ႏွစ္ေရာင္ ငွက္ေပ်ာေပါင္းက အနံ႔ေလးသင္းပ်ံ႕ေနကာ စားခ်င္စဖြယ္။
"ဘြားဘြား...ေနာက္ တစ္လုံး..."
"ရပါမယ့္ရွင့္...အဘြားေျမးက အေတာ္ စားႏိုင္သားပဲ...ျမန္ျမန္ ႀကီးလာမွာ"
ေဒၚေငြခင္ သူ႔လက္ရာကို အႀကိဳက္စားေနသည့္ ေျမးျဖစ္သူေၾကာင့္ သေဘာက်စြာၿပဳံးကာ ဆန္းေလး ပန္းကန္လုံးေလးထဲ ငွက္ေပ်ာေပါင္းထပ္ထည့္ေပးသည္။ခ်မ္း အသင့္ရွိသည့္ ေရကရားထဲမွ ေရကို ဖန္ခြက္ေလးထဲ ငွဲ႔ကာ ဆန္းေလး အား နည္းနည္းေမာ့ေသာက္ေစသည္။ဆန္းေလးက ေရေသာက္ၿပီးသည္နဲ႔ ဇြန္းေလးျဖင့္ထိုးေကာ္ကာ ထပ္စားေနၿပီျဖစ္သည္။ခ်မ္း လည္း စ စားသည္။
"စားေကာင္းတယ္..အေမ"
"စားေကာင္းရင္ ၿပီးတာပဲကြယ္......ၾကည့္ပါအုံး သား ခ်မ္း ေတာင္ တကယ့္လူႀကီးလိုျဖစ္ေနပါၿပီလား....အင္းေပါ့ေလ သား ကို အေမ မေတြ႕ရတာလည္း ေျမးေလး အသက္ေလာက္ရွိေနၿပီဆိုေတာ့.."
ေဒၚေငြခင္က ခ်မ္းကို ေသခ်ာၾကည့္လာရင္းေျပာသည္။ခ်မ္း ေမာင့္ အေမကို အားနာမိသလိုခံစားရသည္။ဒီ ကို ေရာက္လာၿပီးမွ ခ်မ္း ေမာင့္အေမနဲ႔ တကူးတကေတြ႕ဖို႔ တစ္ခါမွ မစီစဥ္ခဲ့မိ။The Sunကက်င္းပသည့္ ပြဲမ်ားတြင္သာ ခဏတျဖဳတ္ေတြ႕ခဲ့ရသည္ မဟုတ္လား။
"ခုကစၿပီး အေမတို႔အတူရွိေတာ့မွာပဲ.....အေမ့သားကို ခ်စ္ေပးတဲ့ သား ခ်မ္းကို အေမတကယ္ ေက်းဇူးတင္ပါတယ္ကြယ္....ေန ကေလ မင္း ကို သိပ္ခ်စ္ရွာတာ...မင္း ႏိုင္ငံျခားထြက္သြားၿပီး ေနာက္ပိုင္း သူ႔ ဘဝပ်က္မလိုပါပဲ...မင္းကို လြမ္းတိုင္း အရက္ေတြ မူးေအာင္ေသာက္တယ္...မူးလာၿပီဆို မင္းကိုလြမ္းေၾကာင္းေတြ ေျပာၿပီး ေယာက်ာ္းႀကီးတန္မဲ့ ငိုတယ္.... အေမတို႔ ေျပာလည္း မရဘူးေလ...ဆုံးသြားတဲ့ သူ႔အဘြားေတာင္ လက္ေလွ်ာ့ထားရသည့္ အထိပဲ.....ေနာက္ပိုင္းမွ သူ႔ဘာသာသူအျမင္မွန္ရလာတယ္ထင္ပါရဲ႕....အလုပ္ေတြ ဖိလုပ္ေတာ့တာပဲ"
ေဒၚေငြခင္ စကားေတြကို နားေထာင္ရင္း ခ်မ္း မ်က္ရည္ဝဲလာမိကာ စားလက္စ ေတာင္ ဆက္မစားႏိုင္ေပ။ခ်မ္း တကယ္ တုံးခဲ့သည္ပဲ။ေမာင့္ကို အယုံအၾကည္နည္းခဲ့သည္။ေမာင္နဲ႔ ထိပ္တိုက္ရင္ဆိုင္ေျဖရွင္းဖို႔ မႀကိဳးစားပဲ အေဝးသို႔ ေရွာင္ေျပးခဲ့မိသည္။ခ်မ္း ေမာင့္ကို ခ်န္မထားခဲ့ရင္ ေမာင္ ဘဝပ်က္သလို ခံစားခဲ့ရမည္မဟုတ္ သလို ခ်မ္း ကိုယ္တိုင္လည္း သား ကို တစ္ေယာက္တည္း ဝမ္းနည္းအားငယ္စြာ ေမြးဖြားခဲ့ရမည္ မဟုတ္။ေမာင္သာ ခ်မ္း လို မာနေတြထားၿပီး ခ်မ္းကို အေလွ်ာ့ မေပးခဲ့ဘူး ဆိုရင္ ခ်မ္း တို႔ မိသားစုေလး အခုလို ျပန္ဆုံစည္းႏိုင္ဖို႔ဆိုတာ လြယ္မည္ မဟုတ္ေပ။
အေတြးနဲ႔အတူ ငိုင္က်သြားသည့္ ခ်မ္း လက္ေလးကို ေဒၚေငြခင္က ဖြဖြဆုပ္ကိုင္သည္။
"ၿပီးခဲ့တာေတြ ၿပီးခဲ့ၿပီပဲ...ဝမ္းနည္းမေနနဲ႔ေတာ့...စားၿပီးရင္ အေမနဲ႔အတူလိုက္ခဲ့ အေမ့ ေခြၽးမ အတြက္ အေမ ေပးဖို႔ စီစဥ္ထားတာရွိတယ္"
"ပါးပါး...သား ဝၿပီ"
ဆန္းေလးက သုံးလုံးေျမာက္ ငွက္ေပ်ာေပါင္းကုန္သြားသည့္အခ်ိန္တြင္ေတာ့ ဗိုက္ေလးပြတ္ကာ ဆိုလာသည္။
"ဝၿပီလား...ပါးစပ္ဟ!..ေျမးေလး...ရင္မျပည့္ေအာင္ လ်က္ဆား လ်က္ရမယ္"
ေဒၚေငြခင္က အသင့္ယူထားသည့္ လ်က္ဆားဘူးထဲက လက္ညႇိဳးတစ္ေကာ္ ယူကာ ဆန္းေလး ပါးစပ္ထဲခြံ႕သည္။ဆန္းေလးက ေတာ့ သူ႔အဘြားေကြၽးသမွ် ဘာမွမျငင္းဘဲ စားေလသည္။ခ်မ္း စားၿပီးသြားေတာ့ ပန္းကန္ေတြ ယူကာ ေဘလ္စင္ နားသြားဖို႔ျပင္သည္။
"အမယ္ေလး...ထားလိုက္ပါ..မင္းသားေလးရယ္..မေဆးနဲ႔"
ေဒၚေငြခင္က ခ်မ္း လက္ထဲက ပန္းကန္ေတြကိုျပန္ယူကာ စားပြဲေပၚတင္သည္။အိမ္ေရွ႕မွာတုန္းက အလုပ္သမားေတြ အမ်ားႀကီး ျမင္ခဲ့ေပမဲ့ ထမင္းစားခန္းထဲ မည္သူမွ်မရွိသည္မို႔ ခ်မ္း ကိုယ္တိုင္ေဆးဖို႔ ႀကံ႐ြယ္လိုက္ျခင္းျဖစ္သည္။အိမ္မွာ ဆိုရင္ေတာ့ ထမင္းစားေနခ်ိန္ေတာင္ မာမီက အလုပ္သမားေတြကို ရပ္ေစာင့္ခိုင္းထားတတ္သည္ မဟုတ္လား။
"မင္း တို႔ လင္မယား အဲ..မင္းတို႔ ႏွစ္ေယာက္ေနဖို႔ အခန္းက ဒုတိယထပ္မွာကြယ့္...ေျမးေလး အတြက္ အခန္းက မင္းတို႔ အခန္းေဘးမွာ.....အေမ ျဖင့္ ေျမးေလး တစ္ေယာက္တည္း အိပ္မွာ သေဘာမက်ပါဘူးကြယ္...ကေလးက ငယ္ေသးတယ္..ည သန္းေခါင္ လန႔္ႏိုးလို႔ ေၾကာက္ေနရင္ ဘယ္လိုလုပ္ပါ့မလဲ"
"သား ေၾကာက္ဘူး"
ဆန္းေလး က သူ႔အဘြားစကားေျပာသည္ကို ၾကည့္ေနရင္းမွ ဝင္ေျပာသည္။ဆန္းေလး ေပါက္စေလးကတည္းက အခန္းသပ္သပ္ သိပ္သည္မို႔ ဆန္းေလးက တစ္ေယာက္တည္း အိပ္တတ္ေပသည္။
"အဘြားေျမးက..သတ္တိခဲပဲ...လာပါအုံး...အဘြား ပိုက္ပါရေစ အုံး"
ေဒၚေငြခင္က ေျပာေျပာဆိုဆို ဆန္းေလးကို ေပြ႕ခ်ီသည္။ေဒၚေငြခင္က ဘုရားတရားလုပ္ကာ ေအးေအးခ်မ္းခ်မ္း ေနတတ္သည္မို႔ က်န္းမာေရးေကာင္းကာ အ႐ြယ္တင္သည္။
"အေမ..ေလးေနပါ့မယ္"
သားက သူ႔အ႐ြယ္တူေတြၾကား အရပ္ရွည္ကာ ထြားသည့္ ဘက္ ပါသည္မို႔ ခ်မ္း မေနႏိုင္ ဝင္ေျပာလိုက္သည္။
"မေလးပါဘူးေအ့.."
"ဟီး..ဟီး..ဘြားဘြားကို ခ်စ္..love tu"
သူ႔အား ေပြ႕ခ်ီသည္ကို သေဘာက်သြားေသာ ဆန္းေလးက ေဒၚေငြခင္လည္ပင္းကို လက္ေလးျဖင့္ သိုင္းဖက္လာကာ သေဘာက်စြာရယ္ရင္းေျပာသည္။
"အဘြားကလည္း ခ်စ္ပါ့ေတာ္"
ေျမး အဘြားႏွစ္ေယာက္အတိုင္အေဖာက္ ညီေနေတာ့ ခ်မ္း ဘာမွမေျပာဘဲ သေဘာက်စြာၿပဳံးၾကည့္ေနလိုက္ေတာ့သည္။ထိုစဥ္ တူညီဝတ္စုံ ဝတ္ထားသည့္ ေကာင္မေလးႏွစ္ေယာက္က ခ်မ္း တို႔ရွိရာ ထမင္းစားခန္းထဲ ေရာက္လာၾကသည္။
"သခင္ေလးကေတာ္..မဂ္လာပါရွင့္"
ခ်မ္း ကို ႏႈတ္ဆက္ေတာ့ ခ်မ္းက ေခါင္းၿငိမ့္ကာ ႏွစ္လိုဖြယ္ၿပဳံးျပသည္။ခ်စ္စရာေကာင္းသည့္ အၿပဳံးေလးေၾကာင့္ အေစခံအလုပ္သမေလးႏွစ္ေယာက္ရဲ႕ မ်က္လုံးေတြ ဘလင္းဘလင္းျဖစ္ကုန္သည္။ေခ်ာလိုက္တာ။သခင္ေလး တို႔ သည္းသည္းလႈပ္လႈပ္ျဖစ္ေနသည္မွာ အံ့ဩစရာမဟုတ္။သခင္ေလး ကေတာ္ က ထိရက္စရာမရွိေအာင္ ျဖဴႏုေခ်ာေမာလြန္းလွသည္မဟုတ္လား။
"ေမေမႀကီး...သခင္ေလးတို႔ အခန္းထဲ ပါလာသည့္ ပစ္စည္းေတြ ေနရာခ်ၿပီးသြားပါၿပီရွင့္"
"အင္း..ေျမးေလး..မမေတြနဲ႔ အတူ ၿခံထဲ ခဏေလာက္ သြားကစားမလား"
"ဟုတ္!"
ေဒၚေငြခင္စကားေၾကာင့္ ဆန္းေလးက ေဒၚေငြခင္ ရင္ခြင္ထဲမွ လွစ္ခနဲဆင္းသြားေလသည္။ေကာင္မေလး ႏွစ္ေယာက္က ဆန္းေလးကို ၿခံထဲသို႔ အလိုက္တသိေခၚသြားၾကေလသည္။ခ်မ္း ေဒၚေငြခင္ေခၚရာ အခန္းတစ္ခုထဲ သို႔ လိုက္ပါလာသည္။ေဒၚေငြခင္က သူမ ခုတင္ေဘးရွိ စားပြဲပုေလးရဲ႕ အံဆြဲထပ္တစ္ခုကို ေသာ့ျဖင့္ ထိုးဖြင့္သည္။ၿပီးသည္နဲ႔ ထိုအံဆြဲထဲမွ ကတ္တီပါ ဘူးနီ boxကေလးတစ္လုံးကိုထုတ္ယူသည္။ခ်မ္း ေဒၚေမမီ ေဘးတြင္ ၿငိမ္ၿငိမ္ေလးပင္ ရပ္ေစာင့္ေနသည္။
ေဒၚေငြခင္က ဘူးေလးကိုဖြင့္ၿပီး အထဲမွ လက္စြပ္ေလးတစ္ကြင္းကို ထုတ္ယူသည္။
"ဒီလက္စြပ္ေလးက..ေနတို႔အေဖ အေမ့ကို လက္ထပ္ခြင့္ေတာင္းတုန္းက ေပးခဲ့တဲ့လက္စြပ္ေလးေလ...အေမ ေခြၽးမရရင္ ဒီလက္စြပ္ေလး ေပးခ်င္ခဲ့တာ"
ေဒၚေငြခင္က လက္စြပ္ေလးကို အျမတ္တႏိုးၾကည့္ရင္းမွ ဆိုသည္။
"အခု သား အတြက္ေပါ့"
ေျပာၿပီး ခ်မ္း လက္ေလးကိုဆြဲယူကာ ခ်မ္း လက္ဖဝါးထဲ လက္စြပ္ေလးထည့္သည္။ခ်မ္း ေယာက္ခမျဖစ္သူရဲ႕ အသိအမွတ္ျပဳ ခ်စ္ခင္ျခင္းကို ခံစားရသည္မို႔ ဝမ္းသာမိသည္။
"ေက်းဇူးပါ အေမ..သား ဒီလက္စြပ္ေလးကို မေပ်ာက္မပ်က္ေအာင္ တစ္သက္လုံး သိမ္းထားပါ့မယ္"
"ေအးကြယ္"
ခ်မ္း စကားေၾကာင့္ ေဒၚေငြခင္က ၿပဳံးသည္။သူမ ေျမးေလး လက္ထပ္သည့္ အခ်ိန္က်ရင္လည္း သူမ ရွိခ်င္မိသား။သို႔ေပမဲ့ ဇရာကို ဘယ္သူက လြန္ဆန္ႏိုင္မည္လဲ။အခ်ိန္တန္ရင္ အို၊နာ၊ေသးေဘး မလြဲမေသြပင္ ႀကဳံရမည္မဟုတ္လား။သူမ မေသခင္ သူမသားေလး သူ႔မိသားစုနဲ႔သူေပ်ာ္႐ႊင္ေနသည္ကို ျမင္ရသည္နဲ႔ပင္ လုံေလာက္ပါၿပီေလ။
<<<<<<>>>>>>>
ခ်မ္း ေရခ်ိဴးခန္းထဲက ထြက္လာေတာ့ ေနက bathrobeဝတ္စုံျဖင့္ ေခါင္းရင္ခုတင္ကို မွီထိုင္ကာ laptopကို အာ႐ုံစိုက္ျဖစ္ေနျခင္းျဖစ္သည္။
"ေမာင္...အင္က်ီမဝတ္ဘူးလား"
ေရခ်ိဴးၿပီး bathrobeဝတ္စုံနဲ႔ပင္ ထိုင္ေနသူေၾကာင့္ ခ်မ္း ေျပာလိုက္ေတာ့ ေန အၾကည့္ေတြက ခ်မ္း ထံေရာက္လာသည္။ေန လက္ေတာ့ကို ပိတ္လိုက္သည္။
"ဘာလို႔ ဝတ္မွာလဲ...ၿပီးရင္ ျပန္ခြၽတ္ရမွာပဲ..ေဘဘီလည္း ဝတ္မေနနဲ႔ေတာ့"
ေန႔ စကားေၾကာင့္ ခ်မ္း မ်က္ႏွာေလး ပူခနဲျဖစ္ကာ ေန႔ စကားကိုတုံ႔ျပန္ျခင္း မရွိေတာ့ေပ။အဝတ္ဗီ႐ိုဖြင့္ကာ အင္က်ီလွည့္ရွာေတာ့သည္။ေမာင္နဲ႔အတူ မေနျဖစ္သည္မွာ တစ္လနီးပါးရွိေတာ့မည္။ခ်မ္းတို႔ ျပန္ဆုံကတည္းက တစ္ခါပဲ ေနရေသးသည္ မို႔
ဒီည ေမာင့္ကို ျငင္းမရမွာ သိေပမဲ့လည္း....။
"အင္က်ီ မဝတ္နဲ႔ေတာ့လို႔"
"ေမာင္"
႐ုတ္တရက္ခ်မ္း ေနာက္ေရာက္လာကာ ခ်မ္း ခါးေလးကို ေနာက္ကေန တင္းတင္းေပြ႕ဖက္ရင္း တိုးရွရွ ဆိုလာသူေၾကာင့္ ခ်မ္း ရင္ခုန္သံတို႔ျမန္ဆန္လာရသည္။ခ်မ္း ပါးျပင္ထက္ ႐ိုက္ခတ္ေနေသာ ေမာင့္ အသက္ရႈေလ ေႏြးေႏြး၊ခ်မ္း ခါးေလးကိုတင္းၾကပ္စြာဖက္ထားသည့္ သန္မာသည့္ လက္ အစုံ၊ၿပီးေတာ့ ခ်မ္း တင္သားေလးကို ဖိကပ္ေနသည့္ တင္းမာခ်င္ေနသည့္ ေမာင္ေအာက္ပိုင္းမွ တစ္စုံတစ္ရာ။ညဝတ္ အင္က်ီေ႐ြးယူေနသည့္ ခ်မ္း လက္ေလးေတြ ရပ္တန႔္သြားရသည္။ေနက ေနာက္ကေန ခ်မ္း ကိုယ္လုံး အိအိေလးကို တင္းတင္းတိုးဖက္ရင္း ခ်မ္း ပါးျပင္ေလးကို နမ္းရႈိက္သည္။
"ေမာင္ သားလာအိပ္မယ္ ထင္တယ္"
"သားက အခုခ်ိန္ဆို သူ႔အဘြားပုံျပင္ နားေထာင္ရင္း အိပ္ေနေလာက္ၿပီ"
ေန ကစကားေျပာေနရင္းပင္ ခ်မ္း လည္တိုင္ေလးကို နမ္းရႈိက္ကာ စတင္ေနၿပီျဖစ္သည္။နမ္း ေနရင္း ေန႔ လက္ေတြ က ခ်မ္း ဝတ္ထားသည့္ bathrobeဝတ္စုံႀကိဳးေလးကို ျဖည္ခ်သည္။ခ်မ္း ေန႔အနမ္းေတြၾကား မ်က္လုံးေလးေတြ ေမွးမွိတ္သြားရသည္။ေနက ခ်မ္း ကိုယ္လုံးေလးကို ဆတ္ခနဲေပြ႕ ခ်ီကာ ခုတင္ထက္သို႔ေခၚလာသည္။ခ်မ္း ကို ခုတင္ထက္ အသာအယာခ်ေပးကာ ေန႔ ကိုယ္ႀကီးက ခ်မ္း အေပၚကေန အုပ္မိုးလာသည္။ေနက ခ်မ္း မ်က္ႏွာေလးကို ငုံ႔မိုးၾကည့္ၿပီး ခ်မ္း ႏွာေခါင္းလုံးေလးကို ခ်စ္ျမတ္ႏိုးစြာ မြခနဲ ငုံ႔နမ္းသည္။
ေရခ်ိဴးၿပီးကားစ ခ်မ္း ကိုယ္လုံးေအးေအးေလးက တစ္ကိုယ္လုံးေမႊးပ်ံ႕ေနကာ ကိုက္စားခ်င္စရာ ေကာင္းလွသည္။
ေနက ခ်မ္း အေပၚအုပ္မိုးေနရာမွ ထထိုင္ကာသူ႔ကိုယ္တြင္ ဝတ္ထားသည့္bathrobeဝတ္စုံကို ဆြဲခြၽတ္သည္။မီးေရာင္ ထိန္ထိန္ေအာက္ ဗလာက်င္းေနသည့္ ေန ခန္ဓာကိုယ္က အတိုင္းသားေပၚလာသည္။က်စ္လစ္သည့္ ကိုယ္ဟန္နဲ႔ ဝမ္းဗိုက္ႂကြက္သားေတြက ဆြဲေဆာင္မႈျပင္းသည္။ေန႔ ဆံပင္ေတြက နဖူးထက္ေဝ့ဝဲက်ေနကာ လူငယ္ဆန္ဆန္ေခ်ာေမာေနသည္။
ခ်မ္း ေန႔ ေအာက္တြင္ ပက္လက္ေလးလွဲေနရင္းပင္ ခင္ပြန္းျဖစ္သူရဲ႕ ေခ်ာေမာၾကည့္ေကာင္းျခင္းေတြကို ရႈစားေနသည္။ေနက သူ႔ကို စိုက္ၾကည့္ေနသည့္ ခ်မ္း ကိုယ္လုံးေလးထက္ ျပန္အုပ္မိုးလာကာ.....
"ေမာင့္ကို သမီးေလး ေမြးေပး"
စကားသံအဆုံး ေန ခ်မ္း ႏႈတ္ခမ္းဖူးေလးကို စတင္စုပ္ယူနမ္းရႈိက္လာေတာ့သည္။
<<<<<<<<>>>>>>>>
ေနာက္ တစ္ပိုင္းမွ ဆက္ၾကတာေပါ့😁
Comments ေလးေတြ ေမွ်ာ္ေနမယ္..