Out Of the Woods

By fireflyfiel

9.2K 1.2K 85

I remember thinking... Are we out of the woods yet ? Start date : 14.8.2023 End date :29.8.2023 More

'Breaking up'
'Are you fine?'
'False God'
'The Scar'
'Admire'
'I'd rather die'
'Falling apart'
'Him'
"We're clean now"

'Blue'

733 112 7
By fireflyfiel

" ဧည့်သည်ရှင့်မကြာခင်ဆိုင်ပိတ်ပါတော့မယ်ရှင် "

စားပွဲထိုးကောင်မလေးမှာ သူ့ရှေ့ကအရက်အလွန်
အကျွံမသောက်ထားပါသော်လည်း ခုံနဲ့မျက်နှာနဲ့
အပ်နေပြီဖြစ်သော ယောကျာ်းတစ်ဦးအား
အားနာနာနဲ့ဆိုမိသည် ။

အသက်အရွယ်အားဖြင့်လဲ လူလတ်ပိုင်းလောက်သာ
ရှိပုံရကာ ချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး
အတော်အတန်ရှည်တဲ့အရပ်ရှိသူဟာသေချာပေါက်
ဒီနားဝန်းကျင်ရှိတက္ကသိုလ်တွေမှကျောင်းသားမဖြစ်နိုင် ။ သို့သော်လည်း ဒီဆိုင်တွင်သောကြာနေ့တိုင်းဆိုင်ပိတ်
ချိန်ထိထိုင်လို့ အရက်နှစ်ခွက်လောက်သာသောက်ပြီး
ခုံပေါ်တွင်မှောက်နေတတ်သူဖြစ်ပါသည် ။

" အာ...တောင်းပန်ပါတယ် ဒီမှာပိုက်ဆံနော်
ပိုတာပြန်မအမ်းနဲ့တော့ "

ထိုယောကျာ်းဟာ နိုးလာလျှင်လည်းယခုကဲ့သို့ပင်
ပိုက်ဆံအတန်ကြီးတွေထုတ်ပေးလို့ ပြန်မအမ်းနဲ့
တော့ဟုဆိုကာ ဆိုင်ထဲကထွက်သွားတတ်ပါသည် ။

" သမီးဆိုင်သိမ်းလို့ရပြီနော် "

" မားမား အဲ့ဒီ့လူကိုသိလားဟင် "

" ခုဏထွက်သွားတဲ့တစ်ယောက်လား "

" ဟုတ် "

" သိတာပေါ့ သူကအရင်တုန်းကတော့ဟိုးနားက
ပုဂ္ဂလိကတက္ကသိုလ်က ပါမောက္ခလေခုတော့ထွက်သွား
ပြီလို့ပြောတယ် ၊ လူရည်မွန်လေးပါ ပုံမှန်ဆိုရင်တော့
လကုန်လောက်မှ နောက်ထပ်ကောင်လေးချောချော
တစ်ယောက်နဲ့လာတတ်တာ ၊ ခုနောက်ပိုင်းတော့
အပတ်တိုင်းတစ်ယောက်တည်းလာတာပဲတွေ့တော့တယ် "

" ဪ... "

ဟုတ်ပါသည် ထိုသားမိနှစ်ယောက်ပြောနေသော
သူမှာကား ကျန်းဟာအိုသာဖြစ်ပါသည် ။ လွန်ခဲ့တဲ့
နှစ်တွေကစလို့ ဘဝကိုပေပေတေတေဖြစ်သလို
ဖြတ်သန်းနေတဲ့ ကျန်းဟာအိုကိုသာဖြစ်ပါသည် ။

ကျန်းဟာအို အရက်တစ်ပုလင်းတောင်မကုန်ခဲ့ပါဘဲနဲ့
ယိုင်ထိုးနေတဲ့ခြေထောက်တွေကို ထိန်းလို့အိမ်သို့
ရောက်အောက်မနည်းထိန်းလျှောက်နေရပါသည် ။

တစ်ခါတစ်လေကျ သူ့ခြေထောက်တွေဟာသူ့အမိန့်ကို
မနာခံချင် လမ်းမကြီးပေါ်ကိုလဲရောက်ရောက်သွား
တတ်သည် ။

ညဘက်ကိုးနာရီခန့်သာရှိသေးသည့် ပေကျင်းမြို့ဟာ
အရင်နှစ်တွေတုန်းကတိုင်းမပြောင်းမလဲသာရှိနေဆဲ
ပြောင်းလဲသွားတာကတော့ လမ်းမီးတိုင်အောက်
ယိုင်တိယိုင်တိုင်ရပ်နေတဲ့ ကျန်းဟာအိုဖြစ်လိမ့်မည်

ကျန်းဟာအိုရှေ့နားတွင် ရှိသောခုံတန်းရှည်တစ်ခု
ပေါ်တွင် ကျောမှီလို့ထိုင်ချလိုက်သည် ။ နှစ်တွေ
ဘယ်လောက်ပဲကြာနေပါစေဦး သူ့ alcohol level
ကတော့နည်းနည်းလေးတောင်မြင့်မလာသေးပါပေ ။

ခေါင်းကိုနောက်သို့လှန်ချလိုက်သောအခါ သူ့မြင်ကွင်း
အတွင်းသို့ ကောင်းကင်ပေါ်ကကြယ်အစုအဝေးတွေက
အပြေးအလွှားဝင်ရောက်လာပါသည် ။ဒီညက လသာတဲ့ညတစ်ညဖြစ်ပုံပါပင် ။ ပြက္ခဒိန်ကိုပုံမှန်မကြည့် ရက်စွဲ
တွေကိုစိတ်ထဲမရှိတော့တာလဲ ကြာပြီဖြစ်ပါသည် ။

ညလေတွေကတိုက်ခတ်နေတာကြောင့်နွေဦး
ရာသီဖြစ်တာမလို့ အနည်းငယ်စိုစွတ်နေတဲ့
ရနံ့ကိုလေထုထဲကနေရလိုက်သည် ။

မင်းမရှိတဲ့ဘယ်နှခါမြောက်နွေဦးလဲမသိပေမဲ့
ငါခုထိတော့ကနေဒါကိုမရောက်ဖြစ်သေးဘူးဟန်ဘင်း ။
ထားခဲ့တဲ့လူတော့မသိပေမဲ့ မင်းချန်ခဲ့တဲ့နေရာမှာ
ကျန်ခဲ့တဲ့ငါ့အတွက်တော့ အပြင်ပိုင်းကျန်းမာနေပေမဲ့
အတွင်းပိုင်းကတော့ခုထက်ထိနေမကောင်းသေးဘူး ။

နှစ်နှစ်ရှိပြီ....မင်းငါ့ကိုထားသွားတာနှစ်နှစ်ရှိပြီ
နှစ်နှစ်အတွင်းဘာတွေပြောင်းလဲသွားတယ်ထင်လဲ
ဟန်ဘင်း....သေချာတာတော့ ငါမင်းပြောတဲ့တိုင်း
တစ်ခုမှမလုပ်ခဲ့ဘူး ။

Fujian ကိုလဲတစ်ခါပဲပြန်ဖြစ်ခဲ့သလို ၊ ငါမွေးနေ့တွေ
မကျင်းပဖြစ်တာလဲ နှစ်နှစ်ရှိပြီ ၊ မှတ်မှတ်ရရဆို
ဒီနေ့ကငါ့မွေးနေ့ထင်ပါတယ် ။ မနက်ကငါ့ကို
ကျောင်းသားဟောင်းအချို့မွေးနေ့လာဆုတောင်း
ပေးကြတယ်လေ ။ မျှော်နေသူဆီကတော့အဆက်
အသွယ်ပြတ်တာကပြတ်မြဲပြတ်ဆဲပါပဲ ။

လောကကြီးမှာအသက်ရှင်လျက်ရှိနေ
သေးရဲ့လားလို့တောင် သေချာမှုမရှိတဲ့
ဒီဘဝကနေသူတကယ်လွတ်မြောက်ချင်ပါသည် ။

ကျန်းဟာအိုဟာ နှုတ်ခမ်းတစ်ဖက်ကိုတွန့်ရုံ
ပြုံးမိကာ အိတ်ကပ်ထဲကအက်ကွဲရာတွေအပြည့်
ဖြစ်နေတဲ့ ဖုန်းကိုထုတ်လိုက်သောအခါလင်းလာသော
မျက်နှာပြင်၌ ကမ်းခြေတွင်ပြေးလွှားနေသော
ယောကျာ်းတစ်ယောက်ရဲ့လွတ်လပ်သော
ပုံရိပ်လေးဟာ အက်ကွဲစွာပေါ်လာပါသည် ။

အချိန်ကားဆယ်နာရီရောက်တော့မည်ဟုပြနေပြီ
ဖြစ်သော်လည်း သူကိုယ်တိုင်ကလဲဒီနေရာက
တစ်ဖဝါးခွါချင်စိတ်မရှိသေးသလို သူ့ခန္ဓာကိုယ်ကလဲ
သူ့ကိုသွားဖို့ခွင့်မပြုပါပေ ။

မကိုင်တာသိပေမဲ့လဲ သူဟာထိုဖုန်းလေးကိုပဲ
ခေါ်မိပြန်သည် ။ ပုံမှန်ဆက်တိုင်းလဲဖုန်းက
ပိတ်ထားတက်တာဖြစ်ပြီး အော်ပရေတာက
အသံတွေမကြားချင်တာမလို့ အသံကိုအဆုံးထိ
ပိတ်၍ တစ်ဖက်ကဖုန်းကိုင်လိုက်သလိုမျိုး
ဟန်ဆောင်ကာ ဖုန်းကိုတစ်ယောက်တည်းပြောနေ
မိသည် ။

" ဟန်ဘင်းလေး မင်းနေမကောင်းသေးဘူးလား
ငါ့ကိုပြန်လဲလာမရှာဘူးနော် ဒီနေ့ငါ့မွေးနေ့လေ
အရူးရဲ့ ၊ ငါ့မွေးနေ့တောင်မင်းကမင်းမပါဘဲ
ဖြတ်သန်းခိုင်းသေးတယ် တကယ့်အရူး
ငါမင်းပြောသလိုမွေးနေ့ကိုပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းနေတာသိလား ၊ ငါ့မိဘတွေကလဲ
ငါ့ကိုဆုတောင်းစကားတွေပို့ကြတယ် ၊ လက်ဆောင်
တွေလဲပေးကြပေမဲ့ ငါလိုအပ်နေတာမင်းကိုဟန်ဘင်းရဲ့

မင်းကိုငါတကယ်မုန်းတယ်ဟန်ဘင်း ငါတကယ်
မင်းကိုမုန်းလွန်းလို့ရူးတော့မှာသိရဲ့လား "

ကျန်းဟာအိုဟာ ပြောရင်းမျက်ရည်တွေဟာ
ကိုင်ထားတဲ့ဖုန်းမျက်နှာပြင်ပေါ်သို့တတောက်တောက်
ကျလာရသည် ။

" ငါ့အတွက်မင်းဘယ်လောက်အရေးပါလဲသိရဲ့နဲ့
ငါ့ကိုတစ်ခြားတစ်ယောက်ကို မင်းနေရာမှာ
အစားထိုးလိုက်ဖို့လဲပြောတယ် ၊ မင်းမှာရောဂါရှိနေ
တာကိုလဲ ဖုံးကွယ်ထားခဲ့တယ် ၊ မင်းတကယ်မကောင်း
ဘူးဟန်ဘင်း.... "

ကျန်းဟာအိုမှာရင်ဘတ်ထဲတွင်အောင့်လာရပြီး
စကားတောင်ဆက်မပြောနိုင်တော့ပေ ။ သူ့အတွက်
နေ့ရက်တွေတစ်ရက်ပြီးတစ်ရက်ပြောင်းသွားသော်လည်း
ဒဏ်ရာတွေကတော့ ဟောင်းမသွားတဲ့အပြင်ပိုပြီး
သစ်လွင်လာဆဲပင် ။

အမှတ်တမဲ့ခန္ဓာကိုယ်အချိုးအစားချင်းတူတဲ့
လူတွေ့တိုင်းမသိလိုက်ပါဘဲလှမ်းခေါ်မိသလို ၊
ညဘက်အိမ်မက်ဆိုးတွေမက်လို့လန့်နိုးလာတဲ့
ညတိုင်းလဲ ဘေးနားကလစ်လပ်နေတဲ့ အိပ်ယာခင်း
စလေးကိုဆွဲဆုပ်လို့အသက်ရှူရပ်မတန့်ငိုနေရဆဲ ။

ဘာမှမလုပ်နိုင်ဘဲမင်းထားခဲ့တဲ့နေရာမှာဘဲ
ကျန်နေခဲ့ရတဲ့ငါ့ကိုယ်ငါလဲမုန်းတယ် ။
အခုချိန်ထိမင်းကိုမမေ့နိုင်သေးတဲ့ ငါ့ကိုယ်ငါလဲ
မုန်းတယ် အကုန်လုံးကိုငါလွှတ်ချချင်နေပြီ ဟန်ဘင်း ။

ဒါပေမဲ့ငါဘာလို့စောင့်နေသေးလဲသိလား ။
မင်းကငါ့ကိုချစ်တယ်လို့ပြောဖို့ပြန်လာဦးမယ်ဆိုတာ
သိနေလို့ ၊ မင်းမှာထားတဲ့တိုင်းမလုပ်ဘဲ မင်းစိတ်ပူ
စေမဲ့အရာတွေပဲ လုပ်နေလို့ ၊ မင်းငါ့ကိုဒေါသထွက်ပြီး
ဆူမို့ ပြန်ရောက်လာမယ်ဆိုတာသိနေလို့ ငါအခုချိန်ထိ
ဒီနေရာလေးမှာ စောင့်နေခဲ့တာ ဟန်ဘင်း ။

မင်းမရှိတော့တာသေချာရင်တော့ငါလဲဒီကမ္ဘာမှာ
အသက်ရှင်နေစရာဘာအကြောင်းမှမရှိတော့ဘူး ။

ကျန်းဟာအိုဟာ နှုတ်ခမ်းကနေဘာစကားမှ
ထွက်မလာသော်လည်း ရင်ထဲကနေဘယ်သူမှ
မကြားနိုင်တဲ့ စကားတွေကိုဝမ်းနည်းစွာနဲ့ရေရွတ်
နေမိပါသည် ။

နောက်ဆုံးတော့လဲပြန်လည်ဖြေဆိုသူမရှိတဲ့
ဖုန်းလေးကိုသူ့ဘက်ကပဲ စကားအနည်းငယ်ပြောလို့
နှုတ်ဆက်ကာ ချရပြန်သည် ။

ရူးလိုက်တာ ကျန်းဟာအိုရယ် မင်းလောက်ရူးတဲ့သူ
တကယ်မရှိတော့ပါဘူး ။

~

Ding ~ Dong ~

ညကအိမ်ကိုမည်သို့မည်ပုံပြန်ရောက်လာခဲ့မှန်းမသိဘဲ
ဘဲလ်သံကြောင့်နိုးထလာသောအချိန်တွင်ဆိုဖာပေါ်မှာ
ညကအဝတ်တွေအတိုင်းရှိလျက်သား ။

" အာ......ခေါင်းတွေမူးလိုက်တာ "

ကျန်းဟာအိုခပ်တိုးတိုးညီးတွားလိုက်ပြီး
ခေါင်းကိုလက်တစ်ဖက်ဖြင့်ဖိကာ တံခါးဆီသို့
ဖြေးဖြေးချင်းသွားလိုက်သည် ။

တံခါးကိုဖွင့်လိုက်သောအခါ လူတစ်ယောက်မှ
ရှိမနေပေမဲ့ အဲ့ဒီ့အစားဗူးလေးတစ်ခုသာရှိနေပါသည် ။

အပြာရောင်ရှိသော ဗူးလေးအားဖဲကြိုးလေးဖြင့်
လှလှပပစည်းနှောင်းထားပြီး ဗူးပေါ်တွင်သူ့နာမည်
ရှိနေတာမလို့ ကျန်းဟာအိုများများစားစား
စဉ်းစားမနေတော့ဘဲ အိမ်ထဲသို့ယူလိုက်ပါတော့သည် ။

တစ်ညလုံးလဲ မနေ့ကအဝတ်တွေနဲ့ပဲရှိနေတာမလို့
လူကတစ်ကိုယ်လုံးနံစော်နေပြီဖြစ်ကာ ရေအရင်ချိုး
ဖို့သာဆုံးဖြတ်လိုက်သည် ။

အရမ်းအသန့်ကြိုက်ခဲ့တဲ့ကျန်းဟာအိုရဲ့ယခုပုံစံကို
တခြားသူတွေမြင်ရင် အံ့ဩနေမလားပါဘဲ ။

ရေချိုးပြီးသောအခါ ပါးစပ်ထဲသို့ပေါင်မုန့်တစ်ချပ်ကို
အလွယ်တကူထည့်ကိုက်ထားပြီး ဗူးကိုဖွင့်ဖောက်
ကြည့်ဖို့သာပြင်လိုက်သည် ။

" အား စိတ်တိုလာပြီဘယ်လိုဖွင့်ရတာလဲဒါက "

ကျန်းဟာအိုမှာ ဗူးပေါ်ကဖဲပြားကိုဖြေနေသည်မှာ
ဆယ့်ငါးမိနစ်ပင်ပြည့်တော့မည် ခုထက်ထိပြေမလာ
သေးတာမလို့စိတ်တိုစပြုလာပြီဖြစ်သည် ။

" နေတော့ကွာ မဖွင့်ဘူး "

ကျန်းဟာအိုဘေးက ဆိုဖာပေါ်သို့ပစ်တင်လိုက်သော
အခါဗူးကမှောက်ခုံဖြစ်သွားပြီး သူ့ဘာသာသူ
ပွင့်သွားတော့သည် ။

" အာ....ဒီလိုဖွင့်ရတာပဲ "

ကျန်းဟာအိုရှက်ရှက်နဲ့ပဲ ထိုဗူးရှိရာဆီသို့ပြန်သွား
လိုက်ပြီးဗူးကို အတည့်အနေအထားပြန်ယူကာ
ဗူးအတွင်းထဲသို့ဖွင့်ကြည့်လိုက်ရာ ဗူးလေးတစ်ခု
ထပ်ရှိနေတာကိုတွေ့လိုက်ရသည် ။ထိုဗူးလေးက
လက်ဝတ်ရတနာတွေထည့်သိမ်းရတဲ့ဗူးမျိုးပါဘဲ ။

ကျန်းဟာအိုဖွင့်ကြည့်လိုက်သောအခါ တယောပုံစံ
စိန်နားကပ်လေးတစ်ဖက်ကိုတွေ့လိုက်ရသည် ။
ထို့အတူအောက်တွင်စာအိတ်တစ်အိတ်ကျန်နေ
သေးတာမလို့ ဖွင့်ဖတ်ကြည့်လိုက်သည် ။

" ပျော်ရွှင်စရာမွေးနေ့ပါ "

ကျန်းဟာအိုမှာ ပထမစာကြောင်းဖတ်ပြီးပြီးချင်း
မှာတင် စာရွက်ကိုရောဗူးတွေကိုပါပစ်ချမိပြီး
မတ်တပ်ထရပ်မိသည် ။

ဒီလက်ရေးကိုသူမှားစရာဘာအကြောင်းမှမရှိပါ ။
အဲ့ဒီ့လူကို သူကိုယ်တိုင်တရုတ်ဘာသာစကား
သင်ပေးခဲ့တာမလို့ အဲ့ဒီ့လူရဲ့ရေးပုံရေးနည်းကို
သူအခုချိန်ထိမှတ်မိပါသေးသည် ။

သူမမှားဘူးဆိုရင် အဲ့ဒီ့လက်ရေးက
ဆောင်းဟန်ဘင်းလက်ရေးမဟုတ်လား ?

~

" လူနာရှင့် ဆရာဝန်ရောက်နေပါပြီ "

ပင်လယ်ဘက်ကိုမျက်မှာမူနေရာမှ သူနာပြုမလေး
အသံကြားသောအခါ ဆောင်းဟန်ဘင်းက
ခေါင်းငြိမ့်ပြလို့ သူနာပြုနောက်ကနေလိုက်သွား
လိုက်သည် ။

မှန်တံခါးကိုကျော်လို့အခန်းထဲဝင်လိုက်သောအခါ
ဆရာဝန်ဟာ သူ့အားပြုံးပြလို့ကြည့်နေပါသည် ။

" ဆောင်းဟန်ဘင်းရှီးဟုတ်ပါတယ်နော်
ထိုင်လို့ရပါပြီ ကျွန်တော်လဲကိုရီးယားလူမျိုး
ပဲမလို့ ပေါ့ပေါ့ပါးပါးပဲဆွေးနွေးလို့ရပါတယ် "

ဆရာဝန်ကသူ့ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုလာသော
အခါ ဆောင်းဟန်ဘင်းက ခပ်ဖျော့ဖျော့ပြုံးလို့
ရှေ့ကခုံလေးမှာဝင်ထိုင်ဖြစ်လိုက်ပါသည် ။

" ဓာတ်မှန်ရိုက်တာတွေ ဆေးစစ်တာတွေကို
ကျွန်တော်အကုန်ကြည့်ပြီးပါပြီ ကင်ဆာဆဲလ်တွေက
တော်တော်လေးပျံ့နေပြီရော် "

ဆရာဝန်ရဲ့စကားကိုကြားသောအခါ သူက
အသက်မပါပဲ တမင်လုပ်ယူလို့ပြုံးပြရပါသေးသည်
သူအခုချိန်မှာ တက်နိုင်တာကမျှော်လင့်တာလေးပါပဲ
နောက်ကျနေပြီမှန်းသိပေမဲ့ ဒီဆရာဝန်ကတော့
US မှာအတော်ဆုံးဆရာဝန်လို့ ထယ်ရယ်ပြောခဲ့တာ
မဟုတ်ပါလား ။ သူနဲ့ဆိုရင်တော့ ဆောင်းဟန်ဘင်းရဲ့
အသက်လမ်းကြောင်းကို နှစ်အနည်းငယ်လောက်
ထပ်ပြီး ဆွဲဆန့်နိုင်ပါသေးသည်တဲ့ ။

" ကျွန်တော်က ဟန်ဘင်းရှီးခွင့်ပြုမယ်ဆိုရင်
အချိန်အတော်လေးယူပြီး လုံးလုံးမပျောက်ရင်တောင်
ကင်ဆာဆဲလ်တွေအကုန်လုံးကိုသတ်ပေးနိုင်ပါတယ်
ဒီနည်းလမ်းက အန္တရာယ်များတယ်ဆိုပေမဲ့ပေါ့
အခုလိုလုပ်ပေးနိုင်တာကလဲ ဟန်ဘင်းရှီးရဲ့
ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်ရဲ့အဓိကအစိတ်
အပိုင်းတွေကို မရောက်သေးလို့ပါ ၊ ဒီထက်ပိုပြီး
အချိန်ဆွဲနေဦးမယ်ဆိုရင်တော့ တကယ်ကို
အသက်ဆက်ရှင်ဖို့ရာခိုင်နှုန်းနည်းသွားပါလိမ့်မယ် "

ဆရာဝန်ရဲ့ရှင်းပြသံအဆုံးမှာ ဆောင်းဟန်ဘင်းဟာ
လက်သီးကိုတင်းတင်းဆုပ်လို့ စကားတစ်လုံးချင်း
ဆီကိုအားယူ၍ပြောမိသည် ။

" အချိန်ကအရေးမကြီးပါဘူး...အဲ့ဒီ့လူကကျွန်တော့်
ကိုစောင့်နေမှာမလို့ ပျောက်သွားဖို့ပဲလိုတာပါ "

ဆရာဝန်ဟာသူ့စကားကြားသောအခါ ခပ်တိုးတိုး
ရယ်လာသည်မှာ သူဟာလဲသည်အတွေ့အကြုံ
တွေကိုရင်းနှီးနေသည့်အလား ။

" ကျွန်တော်တို့လိုလူမျိုးတွေက ဘယ်လိုပြောရမလဲ
သွေးအေးပြီးပြတ်သားတဲ့စိတ်ရှိပေမဲ့ အဲ့ဒီလိုမျိုး
ဆုံးဖြတ်ချက်တွေကို နှောင့်နှေးစေတဲ့အနှောင့်အပါး
လေးတစ်ခုကလဲ နောက်မှာကပ်ပါနေတာပဲလား "

" အင်း သူကအဲ့လိုမျိုးကျွန်တော့်ဘဝအတွက်
အရေးပါပါတယ် "

ထိုနေ့ကစလို့ ဆောင်းဟန်ဘင်းရဲ့လက်တွေဟာ
နေ့မနားညမနား ဆေးအပ်တွေနဲ့ထိတွေ့နေရပြီး
ပါးစပ်တွေထုံသွားလောက်အောင်ပင် ပိုးသတ်ဆေး
မျိုးစုံကိုသောက်ရသည် ။

မနက်ဘက်တွင်အိပ်ပျော်နေတက်ပြီး ညဘက်တွေဆို
မျက်လုံးကြောင်လို့ နိုးနေတက်သည်သူ့မှာ တရုတ်မှာ
ကျန်ခဲ့တဲ့ အနှောင့်အပါးလေးကိုလွမ်းရုံအပြင်
မရှိခဲ့ ။

တစ်ခါတစ်ခါဆိုရင်တော့ ကမ်းခြေမှာမိုးတွေအသည်း
အသန်ရွာတက်ပြီး တစ်ခါတစ်ခါတစ်လေဆိုရင်တော့
ကမ်းခြေမှာနှင်းတွေကျတတ်ပါသည် ။

တအားထူးဆန်းနေတာဆိုပေမဲ့လဲ အဲ့ဒီ့နှင်းတွေလိုမျိုး
သူ့ရဲ့ဘဝထဲမှာ ထူးဆန်းစွာဖြစ်ပေါ်လာခဲ့တဲ့
ဖြစ်တည်မှုလေးတစ်ခုလဲရှိပါသည် ။

သူ့အနေနဲ့ နှင်းကျတဲ့ရင်လဲနှင်းကျတဲ့အလျောက်
မိုးရွာရင်လဲရွာတဲ့အလျောက် အဲ့ဒီ့လူသားလေးကို
လွမ်းနေရဆဲပါပဲ ။

အခုဆိုရင်အချိန်တွေဘယ်လောက်ကြာသွားပြီလဲ
သူမသိဘူး ၊ သူ့မျက်လုံးတွေအလုပ်လုပ်တဲ့အချိန်က
ညဘက်တွေပဲများလာတဲ့အခါ သူဟာနေရောင်ခြည်
ကိုတောင်သိပ်မမှတ်မိချင်တော့ဘူး ။

ဒါပေမဲ့တစ်ခုသောတစ်မနက်ခင်းမှာတော့သူဟာ
တစ်ညလုံးလဲနိုးနေခဲ့ပြီး မနက်မိုးလင်းသည့်
အချိန်မှာလဲ အိပ်မပျော်နိုင်ရှိနေခဲ့သည် ။

သူရက်တွေမကြည့်ဖြစ်တော့ပေမဲ့ ရာသီဥတုကို
ခန့်မှန်းကြည့်ပြီး ဒီအချိန်ဟာတရုတ်ကလူသားလေးရဲ့
မွေးလမှန်းသူ့စိတ်ကအလိုလိုသိနေခဲ့ပါသည် ။

ဒါကြောင့်သူ့ကိုဆေးလာသွင်းပေးတဲ့ သူနာပြုမလေး
ကိုသူ့ရဲ့ တက္ကသိုလ်တတိယနှစ်မှာစတွဲဖြစ်ခဲ့တဲ့
ရည်းစားလေးအကြောင်းကို အထူးအဆန်းပါပဲ
ပြောပြဖြစ်ခဲ့သည် ။

သူနာပြုမလေးက သူ့ကိုပြုံးပြကာ မွေးနေ့မှာပျော်ရွှင်
ပါစေလို့ သူလဲဆုတောင်းပါတယ်ပြောသွားသေးတယ်

အဲ့ဒီ့နေ့ကတော့ ပျော်စရာတွေသူ့အတွက်များနေခဲ့တယ်
လို့ပဲပြောရမလား ဆရာဝန်ကလဲ သူ့အတွက်သတင်း
ကောင်းကိုယူဆောင်လာခဲ့ပါသည် ။

" ဟန်ဘင်းရှီးရဲ့ကင်ဆာဆဲလ်တွေကတဖြည်းဖြည်း
လျော့လာပါပြီ ၊ ဒါပေမဲ့ ဒီပုံတိုင်းပဲဆက်သွားမယ်
ဆိုရင်တော့ ကျွန်တော့်ရဲ့အသိသူငယ်ချင်းဆရာဝန်
တစ်ယောက်နဲ့ပါ ထပ်ပြရတော့မယ် ၊ အိပ်ချိန်တွေကို
အထူးဂရုစိုက်ပေးပါ " လို့ပြောသွားတယ် ။

သူအများကြီးမမှတ်ထားမိလို့ သေချာမမှတ်မိပေမဲ့
ဆရာဝန်ရဲ့သူငယ်ချင်းဟာ စိတ်ရောဂါဆရာဝန်
ဆိုတာကိုတော့ သူမရေမရာပါဘဲမှတ်မိနေသေးသည် ။

သူခုမှနေပြန်ကောင်းခါစကို နောက်တစ်ခါနေမကောင်း
ဖြစ်လို့ မဖြစ်တာမလို့ ကြိုးစားပြီးအိပ်ချိန်တွေကို
ပြင်လို့ ညဘက်တွေမှာအိပ်ဆေးတွေသောက်အိပ်
ဖြစ်ခဲ့သည် ။

အချိန်အတော်လောက်ကျင့်ယူလိုက်တဲ့အချိန်မှာတော့
သူ့အိပ်ချိန်တွေကပုံမှန်ပြန်ဖြစ်လာပြီး သူ့ကျန်းမာရေး
ဟာလဲအတော်လေးသက်သာလာပြီလို့ပြောရမလား ။
ဆေးထိုးပိုက်တွေ သိပ်မသုံးရတော့ပေမဲ့သောက်ဆေး
တွေကတော့ မပြတ်ပါပင် ။

" စောင့်နေပေးမယ်မလား ဟာအို ကိုယ်တကယ်
နေကောင်းသွားရင်မင်းဆီပြန်လာခဲ့မှာပါ "

ဘယ်လောက်နေမကောင်းဖြစ်နေခဲ့ပါစေ
သူ့ရဲ့မှတ်ဥာဏ်လေးဟာတော့အချိန်မှန်မှန်ပဲ
အဲ့ဒီ့တစ်စုံတစ်ယောက်ကိုသတိရဆဲပါပင် ။





~








Remember when we couldn't take the heat

I walked out and said "I'm setting you free "

But when the sun came up,

You were looking at me.....




















~
အပိုင်း () အဆုံး



















~

Author's note \\

တကယ်ကြီး SE မလုပ်ရက်ပါဘူး T.T

Continue Reading

You'll Also Like

2.5K 164 7
INCLUDES BOTH ZAWGYI AND UNICODE Re-Love Course CHAPTER-? START DATE-1.12.2022 END DATE-? FULLY CREDIT TO ORIGINAL WRITER English translation by lne...
35.7K 3.9K 38
#Writer's review# Type - BL/OC Tags- Comedy, Romance,Virtual Reality Warning โš ๏ธ - Violence Actions , Trauma, Bully, Cyber-bullying
15.8K 1.8K 11
Ricky Shen X Kim GyuVin Start Date-31/5/23 End Date- 29/7/23
192K 19K 24
"๐™๐™ค๐™ช๐™˜๐™ ๐™ฎ๐™ค๐™ช๐™ง๐™จ๐™š๐™ก๐™›, ๐™œ๐™ž๐™ง๐™ก. ๐™„ ๐™ฌ๐™–๐™ฃ๐™ฃ๐™– ๐™จ๐™š๐™š ๐™ž๐™ฉ" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...