Out Of the Woods

Galing kay fireflyfiel

9.1K 1.1K 85

I remember thinking... Are we out of the woods yet ? Start date : 14.8.2023 End date :29.8.2023 Higit pa

'Breaking up'
'Are you fine?'
'False God'
'The Scar'
'Admire'
'I'd rather die'
'Blue'
'Him'
"We're clean now"

'Falling apart'

710 104 7
Galing kay fireflyfiel

အလွန်မှောင်မဲနေတဲ့မြင်ကွင်းတစ်ခု
သူခံစားလို့ရသမျှဟာဗလာချည်းသက်သက်
ခန္ဓာကိုယ်ကြီးတစ်ခုလုံးက လေပေါ်မှာလွင့်နေတယ်လို့
ခံစားနေရတဲ့ခံစားချက်က ဘာကြောင့်များလဲ ။

သူဝေးဝေးကိုကြည့်လဲမမြင်ရ အနီးကိုကြည့်တော့လဲ
အမှောင်ထုသာ သူ့နားကြီးစိုးနေပြန်သည် ။
လက်တွေကိုယ်တွေကို လှုပ်ရှားသော်လည်း
သူဖမ်းဆုပ်လို့သမျှဟာ လေထုသာဖြစ်သည် ။

" ဟာအို... "

ခပ်ဆွေးဆွေးခေါ်သံတစ်ခုဟာ သူ့နားစည်ကို
ဖြတ်တိုက်သွားသောအခါ နားထင်တစ်ခုလုံးက
နွေးထွေးသွားရသည် ။

" ဟာအို ကိုယ့်ကိုကြည့်ပါဦး "

ပိုပြီးပြတ်သားလာတဲ့ မြင်ကွင်းတို့နှင့်အတူ
ထင်ရှားလာတဲ့ ဆောင်းဟန်ဘင်းအသံ

" ဟန်ဘင်းမင်းဘယ်မှာလဲ "

သူကမေးသောအခါ ခပ်တိုးတိုးရယ်သံတစ်ခုကို
ကြားရသည် ။

" ကိုယ့်ကိုဟာအိုမမြင်ရဘူးလေ ၊ ဘာလို့ဆိုကိုယ်တို့က
ဘဝတွေခြားသွားပြီ "

ဟင် !

ဟန်ဘင်းကဘာကိုဆိုလိုတာလဲ ?
ဘဝခြားသွားတယ်ဆိုတာ ဘာကိုပြောချင်တာလဲ ?
သူခုဏလေးတင်ပဲ ဟန်ဘင်းအိမ်ရှေ့မှာ
ရှိနေခဲ့တာလေ ၊ ခုချက်ချင်းပဲ ဟန်ဘင်းက
မဖြစ်နိုင်တာ....

" ဟန်ဘင်း ! မင်းဘယ်မှာလဲ မင်းငါ့နားမှာရှိနေတာကို
ငါသိတယ် ကျေးဇူးပြုပြီးငါ့မြင်ကွင်းရှေ့ကို
ပေါ်လာပေးပါ "

ဟာအိုဟာ လေထုထဲမှာရုန်းကန်ရင်းဦးတည်ရာမဲ့
သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားနေမိပင်မဲ့ ဘာတစ်ခုမှ
ထူးခြားမလာပါပေ ။

" ဟာအို....သေချာမှတ်ထားနော် ၊ ဒီနေ့ကစပြီး
ဆောင်းဟန်ဘင်းဆိုတာ ဟာအို့ဘဝထဲမှာမရှိတော့ဘူး
ကျေးဇူးပြုပြီးဘဝကို ကောင်းကောင်းမွန်မွန်
ဖြတ်သန်းသွားပါ "

တဖြည်းဖြည်းနဲ့ တိမ်မြုပ်ပျောက်ကွယ်လာတဲ့
အသံလေးလားရာကိုပဲ သူကဦးတည်လို့ရွေ့လျား
မိပေမဲ့ သူလုပ်သမျှအားလုံးကအချည်းနှီးသာ

သူ့ရဲ့လက်တွေကိုဆန့်တန်းလို့ ဟန်ဘင်းရှိရာကို
လက်လှမ်းမိပေမဲ့ သူတစ်လှမ်းရွေ့လျားလိုက်တိုင်း
ဟန်ဘင်းရဲ့ အသံဟာပိုလို့ပင်တိုးလျသွားပါ
သေး၏။

အဲ့လိုမဖြစ်ရဘူးလေ ဟန်ဘင်းကျေးဇူးပြုပြီး
ငါ့ကိုထားမသွားပါနဲ့ !

" ကော ! ဟာအိုကော သတိထားပါဦး ! "

မျက်နှာတစ်ခုလုံးချွေးတွေပျံလာပြီး အသက်ရှူ
တွေပြင်းထန်လာတဲ့ ဟာအို့ပုံစံမှာအိမ်မက်ဆိုး
တစ်ခုမက်နေဟန် ။ မက်သရူးလှုပ်နှိုးပါသော်လည်း
နိုးမလာသေးပါပေ ။

" မောင့်ဘယ်လိုလုပ်ကြမလဲ ကောကိုနှိုးမရဘူး "

" ခဏလေး မောင်ဆရာဝန်သွားခေါ်ပေးမယ် "

ပြောပြောဆိုဆိုနဲ့ အခန်းပြင်ကိုပြေးထွက်သွားတဲ့
ထယ်ရယ်ကို တစ်ချက်ကြည့်ပြီး သူ့ရှေ့ကကုတင်
ပေါ်မှာလဲနေတဲ့ ကျန်းဟာအိုကိုပြန်ကြည့်တော့
နိုးမလာသေးဘဲ ငြိမ်ကျသွားပြန်သည် ။

ဆော့မက်သရူးမှာ သက်ပြင်းကိုသာ ခပ်လေးလေး
ချမိရပြန်သည် ။ ဒီတစ်ညတည်းနဲ့ဘယ်နှခါမြောက်
သက်ပြင်းလဲမသိပေမဲ့ သေချာတာတော့ သူဆေးရုံမှာ
ကောကို စောင့်ပေးနေခဲ့တာ သုံးရက်တိတိရှိခဲ့ပါပြီ ။

ထိုညက ဟန်ဘင်းဟျောင်းခေါ်လို့ ဟျောင်းကွန်ဒိုကို
ရောက်သွားသောအချိန်တွင် အခန်းရှေ့တွင်ခွေခွေ
လေးလဲနေခဲ့သော ကျန်းဟာအိုကိုထွေးပွေ့လို့
မျက်ရည်တွင်တွင်ကျနေတဲ့ ဟန်ဘင်းဟျောင်းကို
တွေ့ခဲ့ရသည် ။

အချိန်မှီရောက်လာသော မက်သရူးကိုမြင်သောအခါ
ဟန်ဘင်းမှာ ကယ်တင်ရှင်တွေ့သွားသလိုမျိုး
အားကိုးတကြီး ကြည့်လာကာ ဟာအိုကောအား
ဆေးရုံခေါ်သွားရန် ဒူးဖက်မတက်တောင်းဆိုခဲ့သည့်
ပုံစံအား ခုထက်ထိ မျက်လုံးထဲကမထွက်သေးပါပေ ။

သူ့ဘဝတစ်လျှောက်လုံး ဟန်ဘင်းဟျောင်းနဲ့
အများကြီးရင်းရင်းနှီးနှီးရှိခဲ့ပေမဲ့ ဒီလောက်ထိ
သွေးပျက်မတက်ရူးတော့မဲ့ ပုံစံမျိုးကိုတော့
ထိုညမှသာ ပထမဆုံးအကြိမ်မြင်ဖူးခြင်းသာဖြစ်သည်

" ငါ့မှာအခု ဟာအို့ကိုပွေ့ချီပြီးဆေးရုံလိုက်ပို့ဖို့တောင်
အားမရှိတော့လို့ သူနေကောင်းတဲ့ထိသူ့ဘေးနားမှာ
နေပေးပါ မက်သရူး "

" ဟျောင်းကရော "

" ငါ့ကိုစိတ်မပူပါနဲ့ ငါမှာထားတဲ့အတိုင်းသာ
သူ့ကိုဂရုစိုက်ပေးပါ "

မက်သရူးမျက်နှာကိုစေ့စေ့ကြည့်လို့ စကားလုံးတွေကို
တစ်ခွန်းချင်းဆီပြောလာခဲ့တဲ့ ဆောင်းဟန်ဘင်းဟာ
သူကိုယ်တိုင်လဲ ဘယ်လောက်နာကျင်နေမလဲဆိုတာ
နီရဲနေတဲ့ မျက်ဝန်းတွေကသက်သေခံနေခဲ့သည်လေ ။

ခဏအကြာ ထယ်ရယ်နှင့်အတူဆရာဝန်တစ်ဦးက
အခန်းထဲရောက်လာခဲ့ပြီး ကျန်းဟာအိုအား
စမ်းသပ်လေသည် ။

" သူမနိုးလာသေးဘဲ အဲ့လိုတွေယောင်နေတာ
ဘယ်လောက်ကြာပြီလဲ "

" တနေ့မနက်ကနောက်ဆုံးနိုးလာတာပါ ။ အဲ့နေ့ရဲ့
နေ့လည်တည်းက အိပ်ပျော်သွားတာခုထက်ထိ
အဲ့လိုမျိုး အော်ငိုလာလိုက် ပြန်အိပ်သွားလိုက်ပါဘဲ "

" အဖျားတွေလဲ နည်းနည်းတော့တက်နေတယ်
ဒီထက်ပိုပြီး အများကြီးဂရုစိုက်ရလိမ့်မယ်
လူနာက အသွေးအသားနုနယ်တဲ့အပြင် တစ်ခုခု
ကြီးကြီးမားမားစိတ်ဒဏ်ရာရထားလို့ ပြန်မနိုးလာချင်
တဲ့ပုံစံမျိုးဖြစ်နေတာ "

ဆရာဝန်ရဲ့စကားအဆုံးမှာ ထယ်ရယ်ရောမက်သရူး
ရောပါ ကျန်းဟာအိုမျက်နှာဆီလှမ်းကြည့်မိကြပါသည်

နဂိုတည်းက အစားပုံမှန်မစားလို့ပိန်ကျနေတဲ့
ခန္ဓာကိုယ်ဟာအခုဆို အရိုးပေါ်အရေတင်လို့တောင်
နေပေပြီ ။ လိုတာထက်ပိုပြီးလျော့ကျနေတဲ့
ကိုယ်ခံအားကြောင့်လဲ အဖျားပိုးတွေကို
အလွယ်တကူမတိုက်ထုတ်နိုင်ခြင်းဖြစ်ပါလိမ့်မည်

" ဆေးတွေပိုတိုးပေးထားတာမလို့ အစာသေချာ
ကျွေးပြီး ဆေးတိုက်ဖို့တော့လိုပါလိမ့်မယ် "

" ဟုတ်ကဲ့သေချာလေးဂရုစိုက်ပေးလိုက်ပါ့မယ် "

ဆရာဝန်က မှာကြားစရာရှိတာတွေမှာကြားပြီးသော
အခါအခန်းထဲက ထွက်သွားလေသည် ။

မက်သရူးနဲ့ထယ်ရယ်မှာ အနီးနားရှိဆိုဖာပေါ်တွင်
ထိုင်ချလိုက်ကျသည် ။ အမှန်တိုင်းပြောရရင်
သူတို့နှစ်ယောက်လဲပင်ပန်းနေပါပြီ ။
ဟာအိုကောကို သုံးရက်တိတိကြည့်ရှူထားရသည့်
အပြင် အဆက်အသွယ်ဖြတ်သွားတဲ့ ဟန်ဘင်းဟျောင်း
ကိုလိုက်ရှာရသည်မှာလဲ တစ်လုပ် ။

ထယ်ရယ်ကတော့ သူ့ထက်ပိုဆိုးပါလိမ့်မည်
အဘယ်ကြောင့်ဆို သူကဟန်ဘင်းဟျောင်းရဲ့
ကုမ္ပဏီကိုပါ ကြည့်ရှူပေးနေရခြင်းကြောင့်လေ ။

" မောင်အဆင်ပြေရဲ့လား "

" အင်းမပြေစရာမရှိပါဘူး ၊ မောင့်သူငယ်ချင်းတွက်
ပဲဟာ ဒီလောက်တောင်သည်းခံနိုင်ပါတယ် "

" ဟျောင်းနဲ့ရော အဆက်အသွယ်ရလား "

ထယ်ရယ်ဟာ ခေါင်းအသာခါပြလျက် ။
မက်သရူးကုတင်ပေါ်မှာလှဲနေတဲ့ ကျန်းဟာအိုကို
ကြည့်သောအခါ လူကသေးလွန်းလို့အိပ်ယာခင်းတွေ
ကြားထဲမှာတောင် ပျောက်ကွယ်လုနီးပါးဖြစ်နေ
ခဲ့ပါပြီ ။

ထယ်ရယ်ပြောခဲ့သလို ဒီလိုဆို နှစ်ယောက်လုံးဟာ
တကယ်ကိုမလွယ်တော့ပါပေ ။

~
ဒီလိုနဲ့ပဲ နောက်ထပ်နှစ်ရက်လောက်ကြာတဲ့အခါမှာ
တော့ ကျန်းဟာအိုဟာပြန်နိုးလာခဲ့သည် ။

နိုးနိုးခြင်း အလွန်ပြင်းထန်တဲ့စစ်ပွဲတစ်ခုကို
တိုက်လာခဲ့ရတဲ့ စစ်သူကြီးပမာမောဟိုက်နေသူဟာ
သူဆေးရုံဘာကြောင့်ရောက်နေလဲ မမေးဘဲ
ဆောင်းဟန်ဘင်းဘယ်မှာလဲဆိုတဲ့မေးခွန်းကိုသာ
တတွတ်တွတ်မေးတော့သည် ။

" ကော သတိထားပါဦးဗျာ အခုအရင်ဆုံး
စိတ်ပူရမှာကောကိုယ်တိုင်ကိုလေ "

" ဟင့်အင်း မရဘူး မက်သရူး ဟန်ဘင်းက
ငါ့ထက်ပိုပြီးနေမကောင်းဖြစ်နေတာ သူ့ကိုရှာပေးကြပါ
ငါတောင်းပန်ပါတယ် "

ပြောလို့ ကျန်းဟာအိုဟာ ဆော့မက်သရူး
လက်ဖမိုးလေးပေါ်တွင်ငိုကြွေးပြန်သည် ။

ဒီလူသားနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်
အသက်ကိုတောင် ပဓနမထားဘဲ ချစ်ပါရဲ့
ဘာကြောင့်များ မိုးနတ်မင်းဟာ မျက်နှာသာ
မပေးပါလဲလေ ။

" ဟာအို....ကျွန်တော့်ကိုသိချင်မှသိပါလိမ့်မယ်
ကျွန်တော်က ဆောင်းဟန်ဘင်းရဲ့လုပ်ဖော်ကိုင်ဖက်
သူငယ်ချင်း ကင်မ်ထယ်ရယ်ပါ တစ်ခါမှမတွေ့ဖူး
လောက်ပေမဲ့ စားသောက်ဆိုင်တစ်ခုမှာတော့
ဟာအိုနဲ့ဆုံဖူးပါတယ် ၊ ဟန်ဘင်းက သူ့ကောင်လေးကို
ဘယ်သူနဲ့မှမဆုံခိုင်းခဲ့ပေမဲ့ ကုမ္ပဏီတစ်ခုလုံးမှာ
စီအီးအိုဆောင်းရဲ့ကောင်လေး ကျန်းဟာအိုဆိုတာ
မသိတဲ့လူ မရှိလောက်အောင်ပါဘဲ "

ကျန်းဟာအိုဟာ ငိုကြွေးနေရာမှထယ်ရယ့်ဆီသို့
အကြည့်တွေကိုပို့လွှတ်လာပါသည် ။ သူနဲ့ထယ်ရယ်
ဆုံဖူးတာတော့ သေချာလောက်ပေမဲ့ သူထယ်ရယ့်ကို
တော့တစ်ခါမှမမြင်ဖူးပါပေ ။ သို့သော်သည်အသံ
ကိုတော့ သူသေချာပေါက်ကြားဖူးပါသည် ။

" ဒါဖြင့် ဟန်ဘင်းဘယ်မှာရှိလဲဆိုတာ ထယ်ရယ်
ကရော မသိဘူးလားဟင် "

ကျန်းဟာအိုဟာ မျက်ရည်တွေပေပွနေသော
မျက်နှာငယ်လေးဖြင့် ထယ်ရယ်အားမေးမိသည် ။
ယခုနေသူ့အခြေအနေဟာ စိတ်ရောဂါသည်
တစ်ယောက်နှင့်မခြားမနားဆိုပေမဲ့ သူ့နှလုံးသား
လေးပိုင်ရှင်က သူ့ထက်ပိုဆိုးတဲ့အခြေအနေနဲ့
လူမလား သူဘယ်လိုလုပ်စိတ်အေးနိုင်မလဲလေ ။

မက်သရူးဟာ သူ့ရှေ့က ကျန်းဟာအိုကိုကြည့်ရင်း
မျက်ရည်တွေဝဲလာရသည် ။ အကယ်လို့များ
ကျန်းဟာအိုရဲ့ ဆေးပိုက်တွေတန်းလန်းဖြင့်
အလွန်ပိန်ကျနေတဲ့ ခန္ဓာကိုယ်ရယ် အရူးမီးဝိုင်း
သလို မျက်ရည်တွေနဲ့ ဟာအိုကောပုံစံကိုသာ
ဟန်ဘင်းဟျောင်းမြင်ရင် သေချာပေါက်ရင်
တွေနာနေလိမ့်မည်ပင် ။

ထယ်ရယ်ဟာ သူ့အိတ်ထောင်ထဲက ထည့်ထားတဲ့
စာအိတ်ကလေးအား ဟာအို့ဆီသို့ယူလာကာ
ပေးလိုက်သည် ။

" ဟန်ဘင်းအိမ်မှာထားခဲ့တဲ့စာပါ ဘယ်သူ့တွက်ရယ်
လို့ခေါင်းစဉ် မတပ်ထားပေမဲ့ သူဘာပဲလုပ်လုပ်
နောက်ဆံတင်းစရာက ဟာအိုပဲရှိတာမလို့
ဟာအိုပဲ အရင်ဖတ်သင့်တယ်လို့ထင်ပါတယ်
မက်သရူး မောင်တို့အပြင်ခဏထွက်ရအောင် "

ထယ်ရယ်ဟာ လက်ထဲကစာအိတ်ကိုဟာအို့ကို
ပေးပြီးသော မျက်ရည်တွေရစ်ဝိုင်းနေတဲ့သူ့ချစ်သူ
လေးကို နှစ်သိမ့်ပေးဖို့ရန်အလို့ဌာ အပြင်ကိုခတ္တ
ခေါ်ထုတ်သွားရသည် ။ နောက်ပြီးတော့ ဟာအိုလည်း
တစ်ယောက်တည်းအချိန်လေးလိုအပ်သည်
မဟုတ်ပါလား ။

ကျန်းဟာအိုဟာ ထယ်ရယ်ထားသွားပေးခဲ့သော
စာကိုဖွင့်ရန်အလွန်ပင် ထိတ်လန့်နေမိသည် ။
အကယ်၍များဒါက ဟန်ဘင်းသူ့အတွက်ချန်ထား
ပေးခဲ့တဲ့ နောက်ဆုံးစာများဖြစ်နေရင်ဆိုတဲ့
အတွေးက သေမလိုပါပင် ။

သို့သော် သည်စာဟာ သူ့အတွက်နောက်ဆုံး
မျှော်လင့်ချက်လဲဖြစ်နေသည့်အခါ ကျန်းဟာအိုမှာ
တုန်တုန်ချိချိဖြင့်ပင် စာအိတ်အားဖွင့်ဖောက်ကြည့်
မိတော့သည် ။

Letter ~

" ဟာအို....ကိုယ့်ကလေးလေးဒီစာဖတ်ပြီဆိုတော့
နိုးလာပြီလို့ထင်ပါတယ် ။ တောင်းပန်ပါတယ် မျက်လုံး
ပွင့်ပွင့်လာခြင်းမှာ မြင်ရတဲ့သူက ကိုယ်မဟုတ်နေခဲ့တဲ့
အတွက်....စာကိုရသွားပြီဆိုတော့ ကိုယ်မင်းဘေးနား
မှာမရှိတော့ဘူးဆိုတာ သေချာသွားပြီပေါ့ ။

ရှေ့ဆက်မပြောခင် ကိုယ့်ကိုကတိပေးပါ ကိုယ်က
သေချာပေါက် မမြင်နိုင်ဘူးဆိုပေမဲ့လဲ ကိုယ့်ကလေးက
ကိုယ့်စကားကိုနားထောင်နေဦးမယ်ဆိုတာ ယုံကြည်တယ်

ဒီစာကိုဖတ်ပြီးရင် ကိုယ်တောင်းဆိုတာတွေကို
လိုက်လျောပေးပါမယ်ဆိုတဲ့ ကတိကိုပေးပါ ဟာအို ။
ပေးနိုင်ပြီဆိုရင်တော့ ဒီစာကိုအဆုံးထိဆက်ဖတ်ပေးပါ ။

ဒီလကဆောင်းရာသီဆိုတော့ မကြာခင်နွေဦးကို
ရောက်တော့မှာ မှတ်မှတ်ရရဆိုဒီနှစ်နွေဦးမှာ
ကနေဒါကို လိုက်ပို့ပေးမယ်လို့ပြောခဲ့တာနော်
တောင်းပန်ပါတယ် အခုတော့လိုက်မပို့ပေးနိုင်တော့
ဘူးထင်တယ် ၊ ဒါပေမဲ့ ဟာအိုအရမ်းသွားချင်နေခဲ့တဲ့
နေရာမလား သေချာပေါက်ရောက်အောင်သွားပါ
ကိုယ်တို့နှစ်ယောက်အတူမသွားနိုင်ပေမဲ့ ဟာအိုကတော့
သွားပြီး အရမ်းပျော်နေမယ်ဆိုရင်ကိုယ်လဲကျေနပ်
မိမှာဘဲ ။

နောက်တစ်ခုက ကိုယ့်ကလေးလေးက အရက်သောက်
ရရင် အရမ်းပျော်တဲ့သူမလား ၊ ဒီနှစ်ထဲမှာအသက်
နှစ်ဆယ့်ငါးပြည့်တော့မှာဆိုတော့ ဘုံဆိုင်တွေထဲမှာ
တက္ကသိုလ်ကျောင်းသားတွေနဲ့ ရန်မဖြစ်မိအောင်
ထိန်းပြီးသောက်နော် ၊ ဟာအိုအရမ်းမူးသွားလို့
အိမ်မပြန်နိုင်တာမျိုးဆိုလဲ တစ်ယောက်ယောက်က
လိုက်ပို့ပေးတဲ့အခါ သေချာပေါက်ကောင်းကောင်း
မွန်မွန်လိုက်သွားလိုက်ပါ ၊ ကိုယ်ကအရင်ကလို
ကျောပိုးပြီး လိုက်မပို့နိုင်တော့ဘူးဆိုပေမဲ့ မင်းဘေး
ကင်းနေသ၍ ကိုယ်အဆင်ပြေပါတယ် ။

မွေးနေ့တွေမှာလဲ သူငယ်ချင်းတွေနဲ့အတူလျှောက်သွား
အရင်လို မွေးနေ့ဆိုတာအသက်တစ်နှစ်ကြီးလာ
တာပဲဆိုပြီး အိမ်ထဲမှာပဲမနေနဲ့ ။

မိသားစုဆီကိုလဲ ပုံမှန်အလည်သွားပြီး နွေးနွေး
ထွေးထွေးနေ ၊ မိုးရာသီဆိုထီးယူဖို့ကို အမြဲသတိရပါ
လစာထုတ်တဲ့ရက်တွေဆိုလဲ ကျောင်းသားလေးတွေကို
မုန့်ဝယ်ကျွေးဖို့မမေ့နဲ့ ၊ အလုပ်ကိုပုံမှန်ထက်ပိုမလုပ်နဲ့
အိပ်ချိန်ကိုတော့ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ မေ့ပစ်
လို့မဖြစ်ဘူးနော် ၊ ရေချိုးရင်လဲမကြာစေနဲ့ ၊
အစားအသောက်ကိုလဲ ပုံမှန်စား ၊ အခုဆိုရင်တော့
ပိုပြီး အစားအသောက်ကိုဂရုစိုက်စားရမယ်
ထင်တယ် ၊ ကိုယ်စိတ်ပူရမဲ့အရာတွေအကုန်ရှောင်
ပေးပါကွာ

အဲ့ဒါပြီးရင် ဟာအို့ကိုကျောင်းလာလာကြိုနေကျ
ကားနံပါတ်တစ်ခုကိုမေ့ပစ်ပါ ၊ ညပြန်မအိပ်ဖြစ်တဲ့
အခါမျိုးမှာခေါ်လာတက်တဲ့ ဖုန်းနံပါတ်ကိုမေ့ပြီး
နေနိုင်အောင်ကြိုးစား ၊ ညဘက်လေတအားခံတဲ့
အခါမှာလဲ ထွေးပွေ့ပေးနေကြရင်ခွင်တစ်ခုကို
သတိမရဖို့....အစားထိုးနိုင်ဖို့ကြိုးစားကြည့်ပါ

ကိုယ့်ဟာအိုလေးက လုပ်နိုင်မယ်ဆိုတာကိုယ်သိတယ်
နောက်ဆုံးတစ်ခုကတော့ မင်းဘဝထဲက
ဆောင်းဟန်ဘင်း ဆိုတဲ့ ဆေးလိပ်ထက်မင်းကို
ဖြတ်ဖို့ရွေးချယ်သွားခဲ့တဲ့ အရူးသာသာခပ်
ကြောင်ကြောင်လိုလူ တစ်ကိုယ်ကောင်းဆန်တဲ့
ကိုယ့်ကို မေ့ပစ်ပြီးဘဝကိုပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းသွားရုံပါပဲ ။

ကိုယ့်ကိုလိုက်ရှာဖို့မကြိုးစားပါနဲ့ ဟာအို
မင်းကိုယ့်ကြောင့်နာကျင်နေတာကိုမြင်ရတာက
ကိုယ်သေသွားတာကမှ ပိုကောင်းနေဦးမှာမလို့ ။

ဒီနေ့တစ်ရက်တော့ ကိုယ့်ကိုလွမ်းလိုက်ပါ ။
နောက်နေ့ကျရင်တော့ ကိုယ်တောင်းဆိုထားတာတွေ
လိုက်လျောပြီး ဘဝကိုဆက်ရှင်သန်သွားပါနော် "

~

ကျန်းဟာအိုဟာ ချောက်ကမ်းပါးစွန်းတစ်ခုကနေ
ကန်ချခံလိုက်ရသလို ရုတ်တရက်ကြီးသူပိုင်ဆိုင်
ထားသမျှ အရာတွေအကုန်လုံး လက်လွှတ်ဆုံးရှုံး
ခံလိုက်ရသလို ၊ သူ့မှာဘာမှမရှိတာ့တဲ့ ဗလာသက်သက်
ခံစားချက်ကြီးပါဘဲ ။

လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်ကလေးဟာမြေပြင်
ပေါ်ကို တဖြည်းဖြည်းလွတ်ကျသွားသလို ဟာအို့ရဲ့
ဘာမျှမကျန်တော့သည့် ရင်ဘတ်ဟာလဲလုံးလုံး
ခံစားချက်မဲ့သွားသလို ၊ ခုနေတစ်ယောက်ယောက်
လောက်ကများ ကျန်းဟာအိုကို ကန်ကျောက်လာလျှင်
တောင်သူက ဘာမှခံစားရမည်မဟုတ် ။

စာဖတ်ဖတ်ပြီးချင်းမှာ အားအင်တွေကုန်ခမ်း
သွားလို့ အနောက်ကကုတင်ကျောမှီပေါ်သို့ အရုပ်
ကြိုးပျက်လှဲချမိသည်အထိပါဘဲ ။

ဘာကြောင့်လဲမသိပေမဲ့ သူ့ရဲ့မျက်လုံးအိမ်ကနေ
မျက်ရည်တွေကလဲ ထွက်မလာတော့ပါဘူး ။ ဘာကြောင့်
အခုလောက်ထိ သူ့ပေါ်လုပ်ရက်ရတာလဲဆိုပြီးလဲ
မမေးနိုင်တော့ပါဘူး ။

သူလက်မြှောက်အရှုံးပေးလိုက်ပါပြီ ၊ မဟုတ်လဲ
ဆောင်းဟန်ဘင်းနဲ့ သူနဲ့ဟာ တစ်ဘဝလုံးစာ
တကယ်ကိုဝေးသွားကြပြီထင်ပါတယ် ။

" မင်းတကယ်လုပ်ရက်တယ် ဟန်ဘင်း... "












~
When you started crying,

Baby I did too

When the sun came up

I was looking at you...




















~
အပိုင်း (၇) အဆုံး













Author's Note \\

တစ်ခါမှဒီလိုမျိုးမရေးဖူးလို့သေချာပေါက်အများကြီး
လိုအပ်ချက်တွေရှိနေပါလိမ့်မယ်ရှင် သည်းခံပြီး
နားလည်ပေးကြပါလို့တောင်းဆိုပါတယ် ။
နောက်နှစ်ပိုင်းလောက်ဆိုရင်တော့ပြီးပြီလို့
ခန့်မှန်းထားပါတယ် ။

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

13.2K 1.7K 15
𝗚𝘆𝘂𝗿𝗶𝗰𝗸𝘆 × 𝗝𝗲𝗼𝗻𝗴𝗿𝗶 // 𝙗𝙪𝙧𝙢𝙚𝙨𝙚 𝗮𝘂 [ongo] ➳ angst • hurt/comfort ➳ cheating & feeling realization ➳ love triangle ➳ written...
1.3M 57.4K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
4.6K 217 11
I told you don't push my limits but you dint listen and now you have to payback for what you have done😏
4.4K 479 13
' 𝘩𝘦 𝘸𝘢𝘴 𝘯𝘦𝘷𝘦𝘳 𝘳𝘦𝘢𝘥𝘺 𝘧𝘰𝘳 𝘩𝘪𝘮 𝘵𝘰 𝘭𝘦𝘢𝘷𝘦 .. ' [ 𝗀𝗈𝗇𝗀𝖿𝗈𝗎𝗋𝗓 𝖿𝖺𝗇𝖿𝗂𝖼𝗍𝗂𝗈𝗇 ]