A chance to change the past (...

By Maihsu-97

111K 6.8K 233

ဟမ်!!.. ငါ​​သေသွားပြီမဟုတ်ဘူးလား... ဘယ်လို​ဖြစ်ပြီးဒီအိမ်ကိုပြန်ရောက်နေတာလည်း!! ဘုရားသခင်က ဝမ်ရိပေါ်ဆိုတဲ့လူမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25 (Final)

Part-14

3.5K 263 9
By Maihsu-97

"ရှောင်းကျန့် ဒီနေ့ညကျွန်တော်အိမ်ပြန်နည်းနည်းနောက်ကျမယ်နော် စောင့်မနေဘဲညစာစားနှင့်"

"မင်းမှာအလုပ်ကိစ္စရှိလို့လားရိပေါ်"

"အင်းဟုတ်တယ် ပြီးတော့သားလေးကိုလည်းညနေကျောင်းဆင်းချိန်ခင်ဗျားဘဲသွားကြိုပေးလိုက်ပါ အခုသွားရင်တော့ကျွန်တော်ဝင်ပို့ခဲ့လိုက်မယ်"

"ဟုတ်ပါပြီ မနက်စာစားကြရအောင်"

"သားနွားနို့သောက်လေ"

"ပါပါးကလည်း သားနွားနို့ မကြိုက်ပါဘူးဆို"

"နွားနို့သောက်မှသားဥာဏ်ကောင်းပြီးမြန်မြန်ကြီးလာမှာပေါ့သားရဲ့ သောက်လိုက်ပါသားကလိမ်မာတယ်"
ဝမ်ကျန့်လေးနွားနို့သောက်ဖို့အ​ရေးကို ရှောင်းကျန့်အတင်းပြောယူရလေသည် ။ဝမ်ကျန့်လေးသည်ငယ်စဥ်ကတည်းကတခြားကလေးများနှင့်မတူဘဲ နွားနို့သောက်ရသည်ကိုမကြိုက်ပေ။ လုံးဝမသောက်တာမျိုးမဟုတ်ပင်မဲ့သောက်ခိုင်းတိုင်းငြင်းတက်လေသည်။

"ဟင့်အင်း မသောက်ချင်ဘူး သားနွားနို့​သောက်ရတာမကြိုက်ဘူး"

"ဝမ်ကျန့် ဂျီးမများနဲ့ နွားနို့သောက်လိုက် "
ရိပေါ်ကပါဝမ်ကျန့်လေးကိုဝင်ပြောလေသည်။

"သားတကယ်မသောက်ချင်ဘူးဒယ်ဒီ"

"သောက်လိုက် သားနေ့တိုင်းနွားနို့သောက်ရင်ဒယ်ဒီ နောက်ပိတ်ရက်ကျရင် ပင်လယ်လိုက်ပို့ပေးမယ်"

"တကယ်ပြောတာလားဒယ်ဒီ!!"
မညာရဘူးနော်...

"ဒယ်ဒီကမင်းကိုညာစရာလားကွာ မင်းနေ့တိုင်းနွားနို့သောက်လိမ်လိမ်မာမာနဲ့စကားနားထောင်ရင် တကယ်လိုက်ပို့ပေးမယ် ကတိပေးတယ်"

ရေး!!!
"အဲ့တာဆို သားသောက်မယ်"
ပြောပြီးဝမ်ကျန့်လေးကနွားနို့ကိုလိမ်လိမ်မာမာသောက်လေသည်။

အဲ့ဒီအချိန်မှာရိပေါ်ကရှောင်းကျန့်ကိုကြည့်ရင်းမျက်စိတစ်ဖက်မှိတ်ရင်း​ပြုံးပြကာ.....
"တွေ့တယ်မလား သားနွားနို့သောက်နေပြီဆိုတဲ့ပုံစံမျိုးကို အမူအယာနဲ့ပြောလေသည်"

ရှောင်းကျန့်လည်း ရိ​ပေါ်ကိုခေါင်းအသာငြိမ့်ပြလိုက်ကာ မနက်စာ ကိုဆက်စားကြလေတော့သည်။






-
"သားရေ ကျောင်းမှာလိမ်လိမ်မာမာနေနော် ပါပါးလွယ်အိတ်ပြင်ပြီးပြီမုန့်တွေလည်းထည့်ပေးလိုက်တယ် သူငယ်ချင်းတွေနဲ့တူတူစားနော်. ပါပါးလိုက်မပို့တော့ဘူး"

"ဟုတ်ကဲ့ အဲ့တာဆိုသားနဲ့ဒယ်ဒီသွားတော့မယ်နော်ပါပါး"

"ဟုတ်ပါပြီဗျာ"

"အော်..သားမေ့တော့မလို့"
ဘာမေ့ခဲ့လည်းမသိပင်မဲ့ ဝမ်ကျန့်လေးကအိမ်ထဲကိုပြန်ပြေးလာလေသည်။

"ဘာမေ့ခဲ့တာလည်း သားရဲ့"

"ပြွတ်စ် "
ပါးပါးကိုနမ်းဖို့ လေ...

"လူလည်လေး"
ပြုံးပြီးရှောင်းကျန့်ပြောလိုက်ကာ သားပါးနှစ်ဖက်စလုံးကိုလည်း နှင့်နေအောင်​ပြန်နမ်းလိုက်လေသည်။

ထို့နောက်ရှောင်းကျန့် သားကိုပွေ့ကာကားပေါ်ထိရောက်အောင်တင်ပေးလိုက်လေသည်။

"ကျောင်းမှာလိမ်လိမ်မာမာနေနော် သားလေး ပါပါးစိတ်ချမယ်"
နောက်တစ်ကြိမ်အနေနဲ့သားရဲ့ပါးလေးကို​ရှောင်းကျန့်ထပ်နမ်းလိုက်ကာ အမှာတမ်းခြွေလိုက်လေသည်။

"ဟုတ်ကဲ့ပါဗျ"



"ခင်ဗျားကဘက်လိုက်တယ်နော်ရှောင်းကျန့်"

စကားအဆက်အဆက်မရှိဘဲနဲ့ထပြောလာတဲ့ ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်ကြောင်သွားခဲ့ရလေသည်။

"ဘာကိုဘက်လိုက်တာလည်း ရိပေါ်"

"ခင်ဗျားသားကိုကျနမ်းပြီး ကျွန်တော့်ကိုကျမနမ်းဘူးလေ အဲ့တာဘက်လိုက်တာဘဲရှောင်းကျန့်"

"..........."

"ဒီဘက်ကိုခဏလာခဲ့ရှောင်းကျန့်"

"ဘာ..ဘာဖြစ်လို့လည်း ရိပေါ်"

"လာခဲ့စမ်းပါဆို"

ရှောင်းကျန့်လည်းအူလည်လည်နဲ့ ရိပေါ်ပြောတဲ့အတိုင်းသွားလိုက်လေသည်။

"ဘာလုပ်မလို့လည်း ရိပေါ်"

"အနားတိုးခဲ့"

"ဘာ..ဘာလုပ်မလို့လည်းရိပေါ်"

ကျစ်!!
"စကားများလိုက်တာဗျာ..အနားတိုးခဲ့ပါဆို"

ရှောင်းကျန့်အနားတိုးတိုးသွားချင်းမှာဘဲ.....

'ပြွတ်စ် '
"အရမ်းချစ်တယ်နော် ကျွန်တော့်အမျိုးသားလေး.."
ရိပေါ်ကပြီတီတီအပြုံး​ကြီးနှင့်ပြုံးကာပြောလေသည်။

"ရိပေါ်.. မင်း..မင်းနော် ကလေးရှေ့မှာ!!!"

"သားဘာမှမြင်ဘူးနော် "
ဝမ်ကျန့်လေးကသူ့မျက်စိနှစ်ဖက်ကိုလက်နှင့်ပိတ်ကာ ရီပြီးပြောလေသည်။
ပိတ်ထားတဲ့လက်နှစ်ဖက်ကလည်း မလုံ့တလုံနှင့်လက်ချောင်းလေးတွေကြားထဲမှခိုးကြည့်နေသေးလေသည်။

"ကျွန်တော့်ကိုလည်းပြန်နမ်းလေ ရှောင်းကျန့်"

"........"

"ပါပါးကလည်း နမ်းလိုက်ပါဒယ်ဒီတောင်နမ်းသေးတာဘဲ"

"ဝမ်ကျန့်ရေ မင်းပါပါးကရှက်နေတာထင်တယ် မျက်နှာတွေတောင်နီနေပြီ "
ရိပေါ်က ရယ်ကာပြောလေသည်။

"မင်း မင်းနော်ငါကဘာလို့ရှက်ရမှာလည်း မရှက်ဘူး"

"မရှက်တာကောင်းပါတယ် ကိုယ့်ယောကျာ်းကနမ်းတာရှက်စရာမှမလိုတာဟုတ်တယ်မလား"

"ရိပေါ် မင်းကလေးရှေ့မှာဘယ်လိုပြောလိုက်တာလည်း!!!"

"ဟားဟားးဟားး စတာပါဗျာ"
အစမခံချင်ရင် ကျွန်တော့်ကိုပြန်နမ်းလေ မဟုတ်ရင်တော့ခင်ဗျားရှက်နေလို့ဘဲကျွန်တော်ကတော့အဲ့လိုဘဲသတ်မှတ်တယ်...

"မရှက်ပါဘူးဆို"

"အဲ့တာဆိုနမ်း...အင့်!"
ရိပေါ်က​ပြောပြီး သူ့ပါးတစ်ဖက်ကိုရှောင်းကျန့်ဖက်ထိုးပေးလေသည်။

"......"

"နမ်းလိုက်ပါ ပါပါးရယ် သားကျောင်းနောက်ကျတော့မယ်"
သားကပါစိတ်မရှည်သလိုဝင်ပြောလေသည်။

ရှောင်းကျန့်လည်းစိတ်ကို​ဆုံးဖြတ်ပြီး မျက်စိကိုမှိတ်ချလိုက်ကာ......
'ပြွတ်စ် '

ပါးတစ်ဖက်ကိုနမ်းပြီးပြီးချင်းဘဲ.......
ငါ ငါသွားပြီနော်ရိပေါ် သား ပါပါးသွားပြီကျောင်းမှာဂရုစိုက်"
ပြောပြီးတာနဲ့ရှောင်းကျန့်ပြန်လှည့်မကြည့်တော့ဘဲ အိမ်ထဲကိုအမြန်ဝင်သွားလေသည်။

ရိပေါ်နှင့်သားကတော့ရှက်ပြီးအိမ်ထဲဝင်ပြေးသွားတဲ့ရှောင်းကျန့်ကိုကြည့်ရင်းရယ်မိကြကာခဏနေတော့ကားနှင့်ထွက်သွားကြလေတော့သည်။

ရှောင်းကျန့်ကတော့အခုချိန်ထိရိပေါ်ကိုနမ်းမိလိုက်တဲ့သူ့နှုတ်ခမ်းလေးကိုကိုင်ကာ ရှက်လည်းရှက်နေသလို ကြည်နှုးမဆုံးလည်းဖြစ်နေလေတော့သည်။

......................







"ညနေ4နာရီထိုးဖို့10မိနစ်အလို...."
အန်းယွမ်တစ်ယောက်ချိန်းထားသည့်နေရာသို့ရောက်ရှိနေပြီဖြစ်သည်။
လက်မှာပတ်ထားတဲ့နာရီကိုတကြည့်ကြည့်နဲ့ ကြည့်နေမိရင်း ချိန်းထားတဲ့သူတွေရောက်လာမှာကိုမျှော်နေလေသည်။

"4နာရီ 10မိနစ်"
အန်းယွမ်နာရီကိုကြည့်နေမိတုန်းမှာဘဲ...

"နောက်ကျသွားလို့ တောင်းပန်ပါတယ် ကိုအန်းယွမ်"
လူနှစ်ယောက်ကသူ့ရှေ့ကိုလျှောက်လာနေလေသည်။

"အော်..ရပါတယ်ဗျ..."
ဟင်!!"
"ဝမ်လုပ်ငန်းစုရဲ့ သား ဝမ်ရိပေါ်မဟုတ်လား"

"ဟုတ်ပါတယ် ကျွန်တော်တို့ဆွေးနွေးစရာရှိတာဆွေးနွေးကြရအောင်"

အန်းယွမ်တော်တော်အံသြနေမိတာအမှန်ပေ..ဝမ်အိမ်တော်ရဲ့အရှိန်အဝါကိုမသိတဲ့လူဆိုတာမရှိသလောက်ပေ..ဒီလိုလူမျိုးနှင့်ရှင်းရှင်း ဘာတွေရူပ်ထားလည်းအန်းယွမ်စဥ်းစားမရအောင်ဖြစ်နေလေသည်။

"ပထမဆုံးအနေနဲ့တွေ့ရတာ ဝမ်းသာပါတယ်ကိုအန်းယွမ် ကျွန်တော်ကခင်ဗျားကိုဖုန်းဆက်နေတဲ့တစ်ယောက်ပါ ဒီဘက်ကသခင်​လေးကိုတော့မမိတ်ဆက်​ပေးလည်းသိမယ်နဲ့တူပါတယ်"

"ဟုတ် ဟုတ်ကဲ့သိပါတယ် ကျွန်တော်တို့ဆွေးနွေးကြရအောင်"

"ကျွန်တော်ခင်ဗျားနဲ့ရှင်းရှင်း ဘယ်လိုအခြေအနေမှာရောက်နေပြီလည်းဆိုတာသိတယ် ခင်ဗျားတို့နဲ့ပက်သက်တဲ့ကိစ္စမှန်သမျှသိတယ်"

"ဝမ်သခင်လေး ဘာကိုပြောချင်တာလည်း ကျွန်တော့်ကိုတိုက်ရိုက်ပြောလို့ရပါတယ်"

"ဟမ့်! ကောင်းပြီလေ"
ခင်ဗျားဆီကရှင်းရှင်းနဲ့ခင်ဗျားရဲ့ video ကိုလိုချင်တယ်။

"ဗျာ သခင်လေးဝမ်ကဘာလို့လိုချင်ရတာပါလည်း ကျွန်တော့်ကိုပြောပြပါလား"

"ကောင်းပြီလေ"
ရိပေါ်ပြန်ဖြေလိုက်ကာ ပြသာနာအကျဥ်းချုပ်ကိုအန်းယွမ်ကိုပြောပြလိုက်လေသည်။

သခင်​​​လေးဝမ်ပြောတာကြားပြီး ​အန်းယွမ်တကယ်ကိုအံံသြသွားရတာအမှန်ပင် ရှင်းရှင်းရူပ်တာသိပင်မဲ့ ဒီလောက်အထိ​ကြီး...သူများအိမ်ထောင်ရေးပျက်စီးရတဲ့အထိ ရူပ်မယ်မှန်းတော့ သူမထင်ခဲ့ပေ...

"အဲ့တာကြောင့် ကျွန်တော်ကိုအန်းယွမ်နဲ့ပူးပေါင်းချင်ရတာပါ ဒီလိုပူးပေါင်းလို့လည်းကိုအန်းယွမ်ဖက်ကမနှစ်နာစေရဘူးလို့ကျွန်တော်အာမခံပါတယ်"
ပြောရရင်အဲ့ဒီVideoကို ကျွန်တော်ဝယ်ချင်တယ်ဆိုတဲ့သဘောပါ ဒါပင်မဲ့ခင်ဗျားဆိုတာကိုဘယ်သူမှမသိစေရဘူးလို့လည်းအာမခံပါတယ်....

"ကျွန်...ကျွန်တော်..."

"ဘာမှတွေဝေမနေပါနဲ့ကိုအန်းယွမ် "
ခင်ဗျားအတွက်ဘဲ ခင်ဗျားစဥ်းစား​ကြည့်ပါ...
ခင်ဗျားတို့မိသားစုမှာအကြွေးတွေအများကြီးတင်နေတယ်လို့သိရတယ်...တကယ်လို့ခင်ဗျားပူးပေါင်းမယ်ဆိုအဲ့တာတွေကျွန်တော့်တာဝန်ထားလိုက်ပါကျွန်တော်ဖြေရှင်းပေးမယ်...

"သခင်လေးဝမ် တကယ်​ ပြောနေတာလား"

"ကျွန်တော်နောက်နေတယ်ထင်လို့လား"
ဒါပင်မဲ့အပေးအယူတော့ရှိတာပေါ့...

"ဘာများလည်း သခင်လေးဝမ်"

"ခင်ဗျားအနေနဲ့ ဒီကိစ္စကိုဘယ်သူမှမသိစေရအောင်လျှို့ဝှက်ထားရမယ်..​ပြီး​တော့ခင်ဗျားကကျွန်တော့်စေခိုင်းချက်အတိုင်းလိုက်လုပ်ရမယ် ဒါတွေကိုတော့သဘောတူထားဖို့လိုပါတယ်"
အဲ့ဒီအတွက်ကျွန်တော်တို့ဖက်က စာချုပ်စာတန်းနဲ့ပြင်ဆင်လာပါတယ်..

ရှေ့နေတွေနဲ့သေချာလုပ်ထားတဲ့စာချုပ်ပါ ခင်ဗျားသဘောတူရင်လက်မှတ်ထိုးလို့ရပါတယ်..စာချုပ်မှာလက်မှတ်ထိုးပြီးလို့မှဖောက်ဖျက်ခဲ့ရင်တော့...
ကျွန်တော်ချိန်းခြောက်တာတော့မဟုတ်ပါဘူး ဒါပင်မဲ့ခင်ဗျားရော..ခင်ဗျားမိသားစုတွေပါ ဘာဖြစ်သွားမယ်ဆိုတာကျွန်တော်အာမ မခံနိုင်ဘူး....တကယ်လို့သဘောတူမယ်ဆိုအခုထဲကရှင်းရှင်းနဲ့လည်းလုံးဝအဆက်အသွယ်ဖြတ်လိုက်ပါ သူခင်ဗျားကိုဆက်သွယ်လာလိမ့်မယ် ခင်ဗျားဘက်ကသူနဲ့လုံးဝမဆက်သွယ်ပါနဲ့..

"ကျွန်တော်နားလည်ပါပြီ သခင်လေးဝမ်"
ကျွန်တော်လက်မှတ်ထိုးပါမယ်....

အန်းယွမ်အနေနဲ့နှစ်ခါတောင်မစဥ်းစားလိုက်ရပေ..ရှင်းရှင်းနဲ့သူဒီလိုအခြေအနေနဲ့ဆက်သွားတော့လည်း သူ့အတွက်ကောင်းလာနိုင်စရာမှမရှိဘဲ...ရှင်းရှင်းနှင့်သူပြီးပြတ်လိုက်ပြီးဝမ်သခင်လေးဝမ်နှင့်ပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့မိသားစုအကြွေးတွေကျေပြီး သူဘဝအတွက်လည်းကောင်းသွားနိုင်လေသည်။ လောကကြီးမှာမိန်းမချောချောလှလှတွေမှအများကြီးပင် အန်းယွမ်အနေနဲ့ဒီကိစ္စပြီးလျှင် ရှင်းရှင်းနဲ့ထပ်ပြီးမပက်သက်ဖို့လည်းဆုံးဖြတ်ထားလေသည်။

"ဒါဆို စာချုပ်မှာလက်မှတ်ထိုးရအောင်"

"ဟုတ်ကဲ့ သခင်လေးဝမ်"

အန်းယွမ်နဲ့ဝမ်သခင်လေးတို့စကားပြောစရာရှိတာပြော ပြီးလက်မှတ်ထိုးပြီးကြကာအချိန်ကိုကြည့်တော့ ည6နာရီထိုးခါနီးပြီဖြစ်သည်။

"ကျွန်တော် Videoကို သခင်လေးဝမ်ဆီပို့ပေးလိုက်ပါပြီ"

ရိပေါ်လည်းသူ့ဆီကိအန်းယွမ်ပို့လိုက်တဲ့ Videoကိုသေချာကြည့်လိုက်ပြီး တစ်ခြမ်းစောင်းအပြုံးဖြင့်ရွဲ့ပြုံး​ပြုံးကာတွေးမိလေသည်။
ရှင်းရှင်းဆိုတဲ့မိန်းမကတကယ့်ကိုရွံစရာကောင်းတဲ့မိန်းမဘဲ....

"ကောင်းပါပြီ ခင်ဗျားတို့မိသားစုလည်းမနက်ဖြန်ကစပြီးအကြွေးရှင်တွေကိုပတ်ရှောင်နေစရာမလိုတော့ဘူး ကျွန်တော်စီစဥ်ပေးမယ် ကတိတော့တည်ပါစေကိုအန်းယွမ် မဟုတ်ရင်ကျွန်တော့်အကြောင်းသိစေရမယ်"

"ဟုတ်ကဲ့ ကျွန်တော့်ကလွဲပြီးဒီကိစ္စဘယ်သူမှမသိစေရပါဘူးကျွန်တော့်မိဘတွေကိုတောင်ပြန်မပြောပါဘူး ကူညီ​​ပေးလို့ကျေးဇူးတင်ပါတယ်သခင်လေးဝမ် "

"မလိုပါဘူး ကျွန်တော်တို့ကအပေးအယူလုပ်တာဘဲ"

"ကျွန်တော်တကယ်ဝမ်းသာလို့ပါသခင်လေးဝမ် ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံးကျွန်တော်ပြန်လိုက်ပါအုံးမယ်"

"ကောင်းပါပြီ"

အန်းယွမ်တစ်ယောက်ကတော့ အကြွေးတွေကိုဝမ်သခင်လေးဆပ်ပေးမည်ဟုပြောသောကြောင့် တင်းနေတဲ့စိတ်တို့ဖြေလျှော့သွားရကာ အိမ်ကိုပြန်နေတဲ့သူ့ခြေလှမ်းတွေကပေါ့ပါးနေလေတော့သည်။တဆက်ထဲမှာဘဲဝမ်သခင်လေးပြောသလိုအဆက်အသွယ်ဖြတ်ဖို့ရှင်းရှင်းဖုန်းနံပါတ်တွေကိုလည်း blacklistထဲထည့်လိုက်လေသည်။ ဝမ်သခင်လေးအကြောင်းကိုသူသိသည်။ ဝမ်သခင်​​လေးသည်ပြောရင်ပြောတဲ့အတိုင်းလုပ်​ပြီးကတိတည်တဲ့လူစားမျိုးဆိုတာ...

"ကျွန်တော်တို့ကော ပြန်ကြတော့မလားသခင်လေး"

"မပြန်သေးဘူး ဒီနေ့ညကတည်းက မင်းတစ်ခါထဲအန်းယွမ်အတွက်အဆင်ပြေအောင်လုပ်ပေးထားလိုက်ပါ သူသစ္စာဖောက်ရဲမှာ​တော့မဟုတ်ဘူး"

"ကောင်းပါပြီ သခင်လေး"

"ငါလည်းရှင်းရှင်းဆိုတဲ့မိန်းမကိုနဲနဲ​လေးအမြည်းကျွေးလိုက်အုံးမယ်"






ည7 နာရီ....

ရှင်းရှင်းတစ်ယောက်သူငယ်ချင်းတွေနှင့်Club မှာရောက်နေလေသည်။
ရောက်ခါစမို့ ဝိုင်လေးသောက်နေကာ ဖွင့်ထားတဲ့သီချင်းသံစဥ်လေးတွေနဲ့အတူငြိမ့်ငြိမ့်လေးစီးမြောနေလေသည်။

"ကလင်"
ရုတ်တရက်ဆန်စွာသူ့ဖုန်းထဲကိုအမည်မသိဖုန်းနံပါတ်တစ်ခုကနေ Message လှမ်းမို့လာလေသည်။

ရှင်းရှင်းလည်း Message ကိုကြည့်လိုက်ချိန်မှာတော့....

ဟင်!!!!!
လက်ထဲကသူသောက်နေတဲ့ဝိုင်ခွက်ကကြကွဲသွားရလေသည်။ ထို့ကြောင့်Clubထဲကလူတွေ သူ့သူငယ်ချင်း​တွေအကြည့်ကလည်းရှင်းရှင်းဆီသို့ရောက်လာရလေသည်။

"ဘာဖြစ်တာလည်း ရှင်းရှင်း"

ရှင်းရှင်းက​တော့​ကြယ်စင်ရဲ့အမေးကိုလည်း ဂရုစိုက်မအား​​​တော့ပေ...သူနဲ့အန်းယွမ်တို့ရဲ့ Video....
ရှင်းရှင်းအံ့သြနေတုန်းမှာအောက်ကစာတစ်ကြောင်းပို့လာလေသည်။

"Video ထဲမှာမင်းအရမ်းသာယာနေပုံဘဲ မင်းနဲ့အဲ့ဒီကောင်လေးသာယာနေတာငါဖြန့်ပေးလိုက်ရမလား"

ရှင်းရှင်းထိုစာကိုဖတ်ပြီးခေါင်းနပန်းကြီးသွားရလေသည်။
ဒါကိုပို့တာဘယ်သူလည်း!! အန်းယွမ်တော့မဖြစ်နိုင်မှန်းသူသိသည်။ ဒါပင်မဲ့ဒီVideoက အန်းယွမ်ဆီမှာဘဲရှိနေရမှာလေ..အန်းယွမ်သူ့ကိုသစ္စာဖောက်ပြီဟူသောအသိကြောင့် ချက်ခြင်းClub အပြင်ထွက်ကာ အန်းယွမ်ကိုဖုန်းဆက်ဖို့ပြင်တော့သည်။
ဖုန်းကလည်းအန်းယွမ်ကိုဆက်မရနေပေ...

ရှင်းရှင်းစိတ်ရူပ်ရူပ်နဲ့ခုနကmessageပို့လာသောဖုန်းကိုဆက်လိုက်သော်လည်းဖုန်းမကိုင်သည့်အပြင် သူ့နံပါတ်ကိုပါblacklistထဲထည့်သွားဟန်တူလေသည်။

ရှင်းရှင်းခေါင်းတွေအရမ်းရူပ်ကာ စိတ်တိုလာရပြီး သူငယ်ချင်း​တွေကိုလည်းမပြောတော့ဘဲ ​Clubထဲလည်းပြန်မဝင်တော့ကာ သူ့အိမ်ကိုဘဲမောင်းပြန်လာကာ ခေါင်းတွေကိုက်နေ​တော့​လေသည်။


ရိပေါ်ကတော့ ရှင်းရှင်းကိုအနိုင်ပိုင်းလိုက်ရသဖြင့်ဝမ်းသာနေတော့သည်။
ဒီအချိန်ဆိုရှင်းရှင်းဆိုတဲ့မိန်းမဘယ်လောက်တောင် ခေါင်းကိုက်နေရမလည်း....

.......

ရိပေါ်အိမ်ပြန်ရောက်တဲ့အချိန်ဟာည7နာရီ​ခွဲကျော်​နေပြီဖြစ်သည်။
အိမ်ထဲကိုဝင်လာချင်းချင်းဘဲ မွှေးနေတဲ့ပူတင်းနံလေးကိုရလိုက်လေသည်။

"ဒယ်ဒီပြန်လာပြီလား"

" ဒယ်ဒီရဲ့ဝမ်ကျန့်လေးကမအိပ်သေးဘူးလား"
ရိပေါ်သားကိုချီလိုက်ကာ ပါးတစ်ဖက်ကိုမွေးကြူလိုက်ပြီးချစ်စဖွယ်ပြောလိုက်လေသည်။

"အိပ်သေးဘူးဗျ သားဗိုက်ဆာတာနဲ့ပါပါးကပူတင်းလုပ်ကျွေးမယ်ဆိုလို့စောင့်နေတာ"

"ပြန်လာပြီလား ရိပေါ် အလုပ်ကိစ္စအဆင်ပြေခဲ့လား"

"ပြေတာမှလွန်ရောဗျာ..."

"သားအရုပ်သွားဆော့ရင်းစောင့်နေမယ်နော်.."
ပြောပြီးဝမ်ကျန့်လေးက ရိပေါ်ကိုယ်ပေါ်ကဆင်းကာ အရုပ်သွားထိုင်ဆော့နေလေသည်။

"ပူတင်းလုပ်နေတာလား"

"ဟုတ်တယ် သားစားချင်တယ်ဆိုလို့လေ"

အင့်!
ရုတ်တရက်ရိပေါ်ကရှောင်းကျန့်ရဲ့အနောက်ဖက်ကနေခါးသိမ်သိမ်လေးကိုတိုးဖက်လိုက်ကာ....

"ကျွန်တော်လည်းစားချင်တယ် ပူတင်းမဟုတ်တဲ့ခင်ဗျားနှုတ်ခမ်းလေးကို"

TBC.......
ဖတ်ပေးကြတဲ့သူတွေ Vote ပေးကြတဲ့လူတွေတစ်ယောက်ဆီတိုင်းကိုချစ်ပါတယ်နော်💓

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Zawgyi.....





"သားနွားနို့သောက်လေ"







"တကယ်ပြောတာလားဒယ်ဒီ!!"
မညာရဘူးနော်...


ရေး!!!
"အဲ့တာဆို သားသောက်မယ်"





-


"ဟုတ်ပါပြီဗျာ"

"အော်..သားမေ့တော့မလို့"


"ပြွတ်စ် "
ပါးပါးကိုနမ်းဖို့ လေ...

"လူလည်လေး"



"ဟုတ်ကဲ့ပါဗျ"





"..........."



"လာခဲ့စမ်းပါဆို"



"အနားတိုးခဲ့"


ကျစ်!!


'ပြွတ်စ် '


"သားဘာမှမြင်ဘူးနော် "


"........"






"ဟားဟားးဟားး စတာပါဗျာ"

"မရှက်ပါဘူးဆို"

"အဲ့တာဆိုနမ်း...အင့်!"

"......"


'ပြွတ်စ် '




......................





"4နာရီ 10မိနစ်"


"အော်..ရပါတယ်ဗျ..."
ဟင်!!"







"ဟမ့်! ကောင်းပြီလေ"


"ကောင်းပြီလေ"

သခင်လေးဝမ်ပြောတာကြားပြီး အန်းယွမ်တကယ်ကိုအံသြသွားရတာအမှန်ပင် ရှင်းရှင်းရူပ်တာသိပင်မဲ့ ဒီလောက်အထိကြီး...သူများအိမ်ထောင်ရေးပျက်စီးရတဲ့အထိ ရူပ်မယ်မှန်းတော့ သူမထင်ခဲ့ပေ...


"ကျွန်...ကျွန်တော်..."










"ဟုတ်ကဲ့ သခင်လေးဝမ်"








"ကောင်းပါပြီ"




"ကောင်းပါပြီ သခင်လေး"




ည7 နာရီ....


"ကလင်"


ဟင်!!!!!








.......

အိမ်ထဲကိုဝင်လာချင်းချင်းဘဲ မွေးနေတဲ့ပူတင်းနံလေးကိုရလိုက်လေသည်။

"ဒယ်ဒီပြန်လာပြီလား"




"ပြေတာမှလွန်ရောဗျာ..."


"ပူတင်းလုပ်နေတာလား"


အင့်!


TBC.....

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
































Continue Reading

You'll Also Like

617K 18.6K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
113K 3.4K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
81.5K 1.8K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
242K 8.6K 99
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...